ru
Feedback
News Of Myanmar

News Of Myanmar

Открыть в Telegram

📈 Аналитический обзор Telegram-канала News Of Myanmar

Канал News Of Myanmar (@newsofmyanmar) языкового сегмента Бирманский является активным участником. Сейчас сообщество объединяет 12 430 подписчиков, занимая 15 927 место в категории Новости и СМИ и 10 104 место в регионе Мьянма.

📊 Показатели аудитории и динамика

С момента создания невідомо проект демонстрирует стремительный рост, собрав аудиторию из 12 430 подписчиков.

Согласно последним данным от 06 июля, 2026, канал показывает стабильную активность. За последние 30 дней изменение числа участников составило -221, а за последние 24 часа — -9, при этом общий охват остаётся высоким.

  • Статус верификации: Не верифицирован
  • Уровень вовлечённости (ER): Средний показатель вовлечённости аудитории составляет 7.42%. В первые 24 часа после публикации контент обычно набирает 6.20% реакций от общего числа подписчиков.
  • Охват публикаций: В среднем каждый пост получает 922 просмотров. В течение первых суток публикация набирает 771 просмотров.
  • Реакции и взаимодействия: Аудитория активно поддерживает контент: среднее количество реакций на один пост — 15.

📝 Описание и контентная политика

Автор описывает ресурс как площадку для выражения субъективного мнения:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

Благодаря высокой частоте обновлений (последние данные получены 07 июля, 2026) канал поддерживает актуальность и высокий уровень охвата публикаций. Аналитика показывает, что аудитория активно взаимодействует с контентом, что делает его важной точкой влияния в категории Новости и СМИ.

12 430
Подписчики
-924 часа
-627 дней
-22130 день
Архив постов
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ တပင်ရွှေထီးရပ်ကွက်နေ အပြစ်မဲ့အရပ်သားပြည်သူတစ်ဦး​၏ နေအိမ်ပေါ်သို့ KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က ပစ်ခတ်လိုက်သည့် ရှော့တိုက်ဒုံးတစ်လုံးကျရောက် NOM ဇန်နဝါရီ ၁၅၊ ၂၀၂၆ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ တပင်ရွှေထီးရပ်ကွက်နေ ဦးမိုးနိုင် (၄၃) နှစ်၏ နေအိမ်ပေါ်သို့ ဇန်နဝါရီလ ၁၂ ရက်နေ့ နံနက် ၅ နာရီ ၄၅ မိနစ်အချိန်၌ KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ ပစ်ခတ်လိုက်သည့် ရှော့တိုက်ဒုံးသီးတစ်လုံးကျရောက်ခဲ့ပြီး ပေါက်ကွဲခဲ့ခြင်းမရှိသဖြင့် နေအိမ်ခေါင်မိုးပေါက်ပြဲပျက်စီးခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းသိရသည်။ News Of Myanmar NOM

ဇန်နဝါရီလ၁၅ရက်နိုင်ငံတကာသတင်းတိုများ NOM ၁။အမေရိကန်ကအီရန်ကိုအချိန်မရွေးတိုက် ခိုက်နိုင်သောကြောင့်ခရီးသည်တင်လေယာဥ်အားလုံးသည်အီ
+2
ဇန်နဝါရီလ၁၅ရက်နိုင်ငံတကာသတင်းတိုများ NOM ၁။အမေရိကန်ကအီရန်ကိုအချိန်မရွေးတိုက် ခိုက်နိုင်သောကြောင့်ခရီးသည်တင်လေယာဥ်အားလုံးသည်အီရန်လေပိုက်နက်ကိုရှောင်ကွင်းသွားလာနေကြရသည်။အီရန်ကလည်းသူ၏လေပိုင်နက်ကိုပိတ်လိုက်ကြောင်းကြေညာလိုက်သည်။(ဓါတ်ပုံ) ၂။ရုရှားကဗြိတိန်သံတမန်တစ်ဦးကိုသူလျိုလုပ်မှုဖြင့်နိုင်ငံမှနှင်ထုတ်လိုက်သည်။ ၃။တရုတ်၏၂၀၂၅ခုနှစ်ကုန်သွယ်မှုပိုငွေသည်စံချိန်တင်ပြီး၁.၂ထရီလီယံအထိရောက်ခဲ့သည်။ ၄။ရုရှား၌အမေရိကန်ကြက်ကြော်KFCနေရာတွင်ရုရှားကြက်ကြော် Rosticကအစားထိုးဝင်ရောက်လိုက်သည်။(ဓါတ်ပုံ) ၅။ဇန်နဝါရီပထမနှစ်ပတ်အတွင်းယူကရိန်းပိုင်နက်၃၀၀စတုရန်းကီလိုမီတာကိုရုရှားကသိမ်းပိုက်နိုင်ခဲ့ကြောင်းစုရှားစစ်ဦးစီးချုပ်ကကြေညာသည်။(ဓါတ်ပုံ)

မော်လမြိုင်မြို့‌ဒေသခံပရဟိတအဖွဲ့ (၈) ဖွဲ့ ပူးပေါင်းပြီးကတုံးပေါ်ကျေးရွာမီးဘေးပြန်လည်ထူထောင်ရေးအတွက် တစ်အိမ်ထောင်ကို လေးသိန်းက
မော်လမြိုင်မြို့‌ဒေသခံပရဟိတအဖွဲ့ (၈) ဖွဲ့ ပူးပေါင်းပြီးကတုံးပေါ်ကျေးရွာမီးဘေးပြန်လည်ထူထောင်ရေးအတွက် တစ်အိမ်ထောင်ကို လေးသိန်းကျပ်လှူဒါန်း NOM၊ဇန်နဝါရီ၁၅၊၂၀၂၆ မွန်ပြည်နယ်၊ မုဒုံမြို့၊ ကတုံးပေါ်ကျေးရွာ မီးဘေးပြန် လည်ထူထောင်ရေးအတွက် မော်လမြိုင်မြို့‌ဒေသခံပရဟိ တအဖွဲ့ (၈) ဖွဲ့ ပူးပေါင်းပြီး အလှူခံထွက်ကာ ရရှိလာသည့်ငွေများကိုယနေ့ ဇန်နဝါရီ (၁၅) ရက်တွင် တစ်အိမ်ထောင်ကို ကျပ်လေးသိန်း စီလှူဒါန်းပေးခဲ့သည့်ဟု မော်လမြိုင်လူမှုကူညီရေးအ သင်းမှကိုဇင်မိုး ကပြောသည်။ မုဒုံမြို့၊ ကတုံးပေါ်ကျေးရွာတွင်ဇန်နဝါရီ (၈) ရက် မွန်းလွဲပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာစုစုပေါင်း အိမ်ခြေ (၅၇) လုံးဆုံးရှူံးခဲ့ပြီး လူဦးရေ (၂၁၃) ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပြီး လက်ရှိတွင်ကျေးရွာ ဓမ္မာရုံနှင့် စေတနာရှင်လူမှုကယ်ဆယ် ရေးရုံး၌ ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားကြောင်းသိရသည်။

Repost from MyanmarDigitalNews
"စိတ်ရော လူရော ပင်ပန်းပေမယ့် ပြည်သူလူထုရဲ့ အားပေးထောက်ခံမှုနဲ့ အားအင်တွေဖြစ်ပြီး ရင်ဆိုင်နေတယ်" ဟု Agent of Myanmar အဖွဲ့ခေါင်းဆောင် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ပြောကြား... အပိုင်း (၂)

ဇန်နဝါရီလ ၁၄ ရက်နေ့မှာ PDF အကြမ်းဖက်သောင်းကျန်းသူများ ယာယီထိန်းချုပ်ထားတဲ့ သပိတ်ကျင်း-မိုးကုတ် ဆက်သွယ်ရေးလမ်းကြောင်းပေါ်ရှိ စ
+5
ဇန်နဝါရီလ ၁၄ ရက်နေ့မှာ PDF အကြမ်းဖက်သောင်းကျန်းသူများ ယာယီထိန်းချုပ်ထားတဲ့ သပိတ်ကျင်း-မိုးကုတ် ဆက်သွယ်ရေးလမ်းကြောင်းပေါ်ရှိ စစ်ဗျူဟာအရေးကြီးနေရာများကို တပ်မတော်က ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး ရန်သူ့ထံမှ PDF အကြမ်းဖက်အလောင်း ၁၅ လောင်း၊ လက်နက်မျိုးစုံ ၃၄ လက်အပါအဝင် ခဲယမ်းနဲ့ ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်... - ဆက်လက်ပြီးလည်း တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး PDF အကြမ်းဖက်သောင်းကျန်းသူများကို ခွေးမောင်းသလို ချေမှုန်းမောင်းထုတ်လျက်ရှိတယ်လို့ သိရပါတယ်။ - တိုက်ပွဲသတင်းစုံ

Repost from NOM
ဂရင်းလန်းကို သိမ်းပိုက်မယ်လို့ ထရမ့်က ခြိမ်းခြောက်နေချိန်အတွင်း ဥရောပတပ်တွေဟာ ဂရင်းလန်းကို ပထမဆုံးအကြိမ် ရောက်ရှိလာခဲ့ကြပါတယ်။ ဒီ ဒေသကို ကာကွယ်ဖို့ အင်အားကြီးမားတဲ့ ဥရောပမဟာမိတ်အဖွဲ့ဟာ လက်ရှိအချိန်ထိ စစ်သား ၂၀ ကနေ ၃၀ အထိသာ စေလွှတ်မယ်လို့ ကတိပေးထားကြောင်းလည်း သိရပါတယ်။ NOM

Repost from NOM
နိုင်ငံခြားငွေ ပေးချေမှုကို လက်ခံရရှိထားတဲ့ အဓိကရုဏ်းသမားတွေရဲ့ ရက်စက်ကြမ်းကြုတ်တဲ့အကြောင်းတွေကို အီရန်သံရုံးက တရားဝင်သတင်းထု
နိုင်ငံခြားငွေ ပေးချေမှုကို လက်ခံရရှိထားတဲ့ အဓိကရုဏ်းသမားတွေရဲ့ ရက်စက်ကြမ်းကြုတ်တဲ့အကြောင်းတွေကို အီရန်သံရုံးက တရားဝင်သတင်းထုတ်ပြန်ခဲ့ပါတယ်။ - ရဲအရာရှိအများအပြား ခေါင်းဖြတ်ခံရ - ဗလီ ၅၃ လုံး တိုက်ခိုက်ခံရ - လူနာတင်ယာဉ် ၁၈၀ စီး မီးရှို့ခံရ - လူများအရှင်လတ်လတ် မီးရှို့ခံရ ရဲစခန်းကို တိုက်ခိုက်မှုအတွက် အဓိကရုဏ်းသမားတွေဟာ ဒေါ်လာ ၆၀၀ ၊ အစိုးရကားကို မီးရှို့မှုအတွက် ဒေါ်လာ ၃၀၀ အထိ ရရှိခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ပါဝင်ခဲ့ပါတယ်။ NOM

ဒဂုံမြို့သစ်တောင်ပိုင်း ၊ ၆၆ ရပ်ကွက် အုပ်ချုပ်ရေးမှူး မြင့်အောင်နှင့်အဖွဲ့က လူငယ်များကို လိုက်လံ ဖမ်းဆီးပြီး စစ်မှုထမ်းလိုအပ်
ဒဂုံမြို့သစ်တောင်ပိုင်း ၊ ၆၆ ရပ်ကွက် အုပ်ချုပ်ရေးမှူး မြင့်အောင်နှင့်အဖွဲ့က လူငယ်များကို လိုက်လံ ဖမ်းဆီးပြီး စစ်မှုထမ်းလိုအပ်နေသော ရပ်ကွက်များသို့ စစ်မှုထမ်းလူစားထိုးအဖြစ် လူငယ် ၁ ဦးလျှင် သိန်း ၆၀ နှုန်းဖြင့် စီးပွားဖြစ် ရောင်းချနေဟု ကောလာဟလသတင်းများ ရေးသားဖြန့်ဝေလျက်ရှိ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၅

Repost from NOM
အမေရိကန်က အီရန်ကို တိုက်ခိုက်လာမယ်ဆိုရင် Al-Udeid လေတပ်အခြေစိုက်စခန်းကို တိုက်ခိုက်မယ်လို့ အီရန်က ကာတာကို မကြာသေးခင်က အကြောင်
အမေရိကန်က အီရန်ကို တိုက်ခိုက်လာမယ်ဆိုရင် Al-Udeid လေတပ်အခြေစိုက်စခန်းကို တိုက်ခိုက်မယ်လို့ အီရန်က ကာတာကို မကြာသေးခင်က အကြောင်းကြားခဲ့တယ်လို့ Washington Post က ဖော်ပြခဲ့ပါတယ်။ NOM

Repost from NOM
အမေရိကန်ဟာ ဗင်နီဇွဲလားရဲ့ ရေနံတွေကို ဒေါ်လာသန်း ၅၀၀ ဖိုး ရောင်းချခဲ့ပြီးပြီလို့ အစိုးရအရာရှိတဦးက ပြောဆိုလိုက်ပါတယ်။ ပထမဆုံးအက
အမေရိကန်ဟာ ဗင်နီဇွဲလားရဲ့ ရေနံတွေကို ဒေါ်လာသန်း ၅၀၀ ဖိုး ရောင်းချခဲ့ပြီးပြီလို့ အစိုးရအရာရှိတဦးက ပြောဆိုလိုက်ပါတယ်။ ပထမဆုံးအကြိမ် ရောင်းချမှုဖြစ်ပြီး လာမယ့်ရက်တွေနဲ့ ရက်သတ္တပတ်တွေအတွင်းမှာ နောက်ထပ် ရောင်းချမှုတွေ ရှိလာမယ်လို့လည်း အဆိုပါအရာရှိက ဆက်လက်ပြောဆိုခဲ့ပါတယ်။ ဒီရောင်းချရရှိတဲ့ ငွေကြေးတွေကိုလည်း အမေရိကန်သာက ရယူထားမှာဖြစ်ပြီး ဗင်နီဇွဲလားကို ဘယ်လိုမျိုးပေးချေမလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပါဘူး။ NOM

Repost from NOM
အီရန်အရေးကို အမေရိကန်က ဝင်ရောက်စွက်ဖက်နိုင်တယ်လို့ သတင်းတွေမြင့်တက်နေချိန်မှာ အမေရိကန်နဲ့ ဗြိတိန်ဟာ ကာတာက Al-Udeid အခြေစိုက်စ
အီရန်အရေးကို အမေရိကန်က ဝင်ရောက်စွက်ဖက်နိုင်တယ်လို့ သတင်းတွေမြင့်တက်နေချိန်မှာ အမေရိကန်နဲ့ ဗြိတိန်ဟာ ကာတာက Al-Udeid အခြေစိုက်စစ်စခန်းက ဝန်ထမ်းအရေအတွက်ကို လျှော့ချလိုက်ပါတယ်။ အမေရိကန်ရဲ့ တစိတ်တပိုင်းထွက်ခွာမှုဟာ ကြိုတင်ကာကွယ်မှုတခုဖြစ်တယ်လို့ CBS သတင်းဌာနကို ကန်အရာရှိတွေက ပြောဆိုခဲ့ပြီး ဗြိတိန်ကလည်း တီဟီရန်က သံရုံးကို ပိတ်ထားကာ အဝေးကနေသာ လည်ပတ်မယ်လို့ ပြောရေးဆိုခွင့်ရှိသူတဦးက ပြောကြားခဲ့ပါတယ်။ NOM

ဗန်းမော်မြို့သို့ ချဉ်းကပ်လာသည့် အကြမ်းဖက် KIA/PDF/AA သူပုန်အဖွဲ့များအား သုတ်သင်ရှင်းလင်း (VOX) - တိုက်ပွဲသတင်းစုံ

မန္တလေးတွင် လျှပ်စစ်ထမင်းပေါင်းအိုးတည်ရာမှ မီးလောင်မှုဖြစ်ပွား နေအိမ်(၇)လုံး မီးလောင်ဆုံးရှုံး NOM၊ဇန်နဝါရီ၁၅၊၂၀၂၆ မန္တလေးမြိ
+1
မန္တလေးတွင် လျှပ်စစ်ထမင်းပေါင်းအိုးတည်ရာမှ မီးလောင်မှုဖြစ်ပွား နေအိမ်(၇)လုံး မီးလောင်ဆုံးရှုံး NOM၊ဇန်နဝါရီ၁၅၊၂၀၂၆ မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအရှေ့ရပ်ကွက်၊ ၈၂လမ်းနှင့်၈၃လမ်းကြား ၊၃၄လမ်းနှင့်၃၅လမ်းကြား၊ အရှေ့အပ်ချုပ်ဝင်း၊အကွက်(၅၅၃) တွင် ယမန်နေ့ ဇန်နဝါရီလ၁၄ရက်ညနေ၅း၂၀နာရီကLevel 1 အဆင့်မီး လောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ်(၇)လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း မှသတင်းထုတ်ပြန်ထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောင်နန်းရိပ်သာအရှေ့ရပ်ကွက်၊ ၈၂လမ်းနှင့်၈၃လမ်းကြား ၊၃၄လမ်းနှင့် ၃၅လမ်းကြား၊ အရှေ့အပ်ချုပ်ဝင်း၊အကွက်(၅၅၃) ၏နေအိမ်တွင် ထမင်းပေါင်အိုးတည်ထား ရာမှ အပူလွန်ကဲပြီး ဝါယာရှော့ဖြစ်ရာမှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ညနေ ၅း၄၈နာရီ အချိန်၌ မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။ “ညစာအတွက် လျှပ်စစ်ထမင်းပေါင်းအိုးတည်ထားရာကနေ မီးလောင်မှုဖြစ်တယ်ဆိုတာဘဲသိရတယ်ဒဏ်ရာရ ရှိတာတော့မရှိပါဘူး အိမ်တွေကနည်းနည်းစိတ်တော့မီးများပြီး Level 1 အဆင့် ဖြစ်သွားတာပါ"ဟု မီးသတ်မှတာဝန်ရှိသူတစ်ဦးကပြောသည်။

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ရွာသစ်ကျေးရွာသို့ PDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ Drone ဖြင့် Drop
မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ရွာသစ်ကျေးရွာသို့ PDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ Drone ဖြင့် Drop Bomb များပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် ဘုန်းကြီးကျောင်းဝင်းအတွင်းရောက်နေသည့် အသက် ၅ နှစ်အရွယ်ကလေးငယ်အပါအဝင် အပြစ်မဲ့ပြည်သူလေးဦးထိခိုက်ဒဏ်ရာရ NOM ဇန်နဝါရီ ၁၅၊ ၂၀၂၆ မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ရွာသစ်ကျေးရွာသို့ ဇန်နဝါရီလ ၁၃ ရက်နေ့ ညနေ ၄ နာရီအချိန်၌ PDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ Drone ဖြင့် Drop Bomb များပစ်ချတိုက်ခိုက်ခဲ့ရာ အဆိုပါကျေးရွာရှိ ဘုန်းကြီးကျောင်းဝင်းအတွင်း Drop Bomb ဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ကျောင်းဝင်းအတွင်း ရောက်ရှိနေသော ရွာသစ်ကျေးရွာနေသူများဖြစ်သည့် ဒေါ်ငွေရှင် (၅၀) နှစ်၊ မမေမြတ်နိုးခင် (၅) နှစ်၊ ဦးမြတ်သူ (၅၂) နှစ်နှင့် ဦးချမ်းငြိမ်းကို (၃၈) နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစထိမှန် ဒဏ်ရာများရရှိခဲ့၍ ဒဏ်ရာရရှိသူများအား ရေစကြိုမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်းသိရသည်။ News Of Myanmar NOM

အွန်လိုင်းလိမ်လည်မှု (Telecom Fraud)လုပ်ငန်းများအား ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိပြီး ပြည်ပနိုင်ငံသား ၁၆ ဦး ထပ်မံဖော်ထုတ်ထိန်
+3
အွန်လိုင်းလိမ်လည်မှု (Telecom  Fraud)လုပ်ငန်းများအား ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိပြီး ပြည်ပနိုင်ငံသား ၁၆ ဦး ထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ပြည်နှင်နိုင်ရေး စစ်ဆေးနိုင်ခဲ့ NOM ဇန်နဝါရီ ၁၄၊ ၂၀၂၆ နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများ၌ တရားမဝင် ဝင်ရောက်နေထိုင်ပြီး အွန်လိုင်း လောင်းကစားမှု၊ အွန်လိုင်းလိမ်လည်မှုအပါအဝင် ဒုစရိုက်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ ကြသည့် ပြည်ပနိုင်ငံသားများကို စုံစမ်းစစ်ဆေးဖော်ထုတ်၍ သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ  ပြည်နှင်လွှဲပြောင်း ပေးအပ်လျက်ရှိသည်။ ထိုသို့ ပြည်နှင်လွှဲပြောင်းပေးလျက်ရှိရာ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ ကရင်ပြည်နယ်၊ မြဝတီမြို့ဝန်းကျင်ရှိ ဆိုဒ်များအတွင်းသို့တရားမဝင် လမ်းကြောင်းများမှတစ်ဆင့် ဝင်ရောက်နေကြသည့် တရုတ်နိုင်ငံသား ကိုး ဦး၊ သီရိလင်္ကာနိုင်ငံသား  သုံး ဦး၊ အီသီယိုးပီးယားနိုင်ငံသား နှစ် ဦး၊ ဗီယက်နမ်နိုင်ငံသား တစ်ဦးနှင့် မလေးရှားနိုင်ငံသား တစ် ဦး၊ စုစုပေါင်း ပြည်ပနိုင်ငံသား ၁၆ ဦး ထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီး ပြည်နှင်နိုင်ရေး စစ်ဆေး နိုင်ခဲ့သည်။ အဆိုပါ ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြန်လည်လွှဲပြောင်း ပေးနိုင်ရေးအတွက် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များ၏ လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို မြဝတီခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်း နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်အထိ မြဝတီမြို့နယ် အတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၁၄၁၅၁ဦး ထိန်းသိမ်းနိုင်ခဲ့ ကြောင်းနှင့် ယင်းနိုင်ငံသားအားလုံးကိုစစ်ဆေးပြီးစီးခဲ့ပြီး ၎င်းတို့အနက်မှ ၁၂၁၀၇ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ လုပ်ထုံး လုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၂၀၄၄ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက် ထားရှိသည်။ နိုင်ငံတော်အနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက် နေသူများနှင့် နောက်ကွယ်မှကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန်အရေးယူနိုင်ရေး အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက် ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခ ရောက်နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့်  နိုင်ငံခြားသားများကို သက်ဆိုင်ရာ နိုင်ငံများသို့ အမြန်ဆုံး ပြည်နှင်လွှဲပြောင်းပေးနိုင်ရေး ထိရောက်စွာညှိနှိုင်း ဆောင်ရွက်လျက် ရှိကြောင်းသတင်းရရှိသည်။ News Of Myanmar NOM

မတ္တရာမြို့နယ်၊ တံငါမြောက်ကျေးရွာအနီးတွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအားနင်းမိပေါက်ကွဲမှုကြောင့် ပြည်သူ့စစ်အ
မတ္တရာမြို့နယ်၊ တံငါမြောက်ကျေးရွာအနီးတွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအားနင်းမိပေါက်ကွဲမှုကြောင့် ပြည်သူ့စစ်အဖွဲ့ဝင်လေးဦး ထိခိုက်ဒဏ်ရာရ NOM ဇန်နဝါရီ ၁၄၊ ၂၀၂၆ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်ပြည်သူ့ဆေးရုံသို့ ဇန်နဝါရီလ ၁၃ ရက်နေ့ မွန်းလွဲ ၃ နာရီ ၂၀ မိနစ်အချိန်၌ မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများဖြင့် အမျိုးသားလေးဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ မွန်းလွဲ ၂ နာရီ ၄၀ မိနစ်အချိန်၌ မတ္တရာမြို့နယ်နေ ပြည်သူ့စစ်အဖွဲ့ဝင်များဖြစ်သည့် ဦးသီဟ (၅၀) နှစ်၊ ကိုညီမင်းကို (၂၇) နှစ်၊ ဦးအောင်ဝင်းမြင့် (၄၇) နှစ် နှင့် ဦးသန့်ဇင်ဦး (၄၂) နှစ်တို့သည် တံငါမြောက်ကျေးရွာအနီးတွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအား ဦးသီဟမှ နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတို့လေးဦးတွင် မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ News Of Myanmar NOM

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့၊ မြို့မ (၁) ရပ်ကွက်နေ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို PDF အကြမ်းဖက်သမားလေ
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့၊ မြို့မ (၁) ရပ်ကွက်နေ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို PDF အကြမ်းဖက်သမားလေးဦးက သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်သွား NOM ဇန်နဝါရီ ၁၄၊ ၂၀၂၆ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့၊ မြို့မ (၁) ရပ်ကွက်နေ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးလှသောင်း (၆၈) နှစ်သည် ဇန်နဝါရီလ ၁၂ ရက်နေ့ နံနက် ၅ နာရီအချိန်၌ ၎င်း၏နေအိမ်တွင်ရှိနေစဉ် KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့ မှ အင်အားလေးဦးက ဆိုင်ကယ်သုံးစီးဖြင့် ရောက်လာပြီး သေနတ်ဖြင့် ပစ်ခတ်သွားခဲ့သဖြင့် ဦးလှသောင်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့၍ ပြွန်တန်ဆာတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ဆေးကုသပေးနေစဉ် သေဆုံးသွားခဲ့ကြောင်းသိရသည်။ News Of Myanmar NOM

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို ပျက်ပြားစေရန်ရည်ရွယ်၍ နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်း ပြုလုပ်သူများအား အရေးယူ NOM ဇန်နဝါရီ ၁၄၊ ၂၀၂၆ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပမှုကိုပျက်ပြားစေရန် ရည်ရွယ်၍ လူမှုကွန်ရက်စာမျက်နှာများ၊ အများပြည်သူဆိုင်ရာနေရာများ၌ ဟောပြောခြင်း၊ ပြောဆိုခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်း၊ ဆန္ဒပြခြင်း၊ စာရေးသားခြင်း၊ ရုပ်ပုံပိုစတာများ ချိတ်ဆွဲခြင်း စသည်တို့ဖြင့် နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းများ၊ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များအား ထိခိုက်ပျက်စီးအောင် နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်း ပြုလုပ်သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားခြင်းမှ ကာကွယ်ပေးရေး ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ မြဝတီရပ်ကွက်နေ ဦးခင်မောင်မောင်သွင် (၄၂)နှစ်သည် ၎င်းအသုံးပြုသည့် “Khin Mg Mg Thwin” Facebook အကောင့်ဖြင့် လူမှုကွန်ရက် စာမျက်နှာ၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား အများပြည်သူအထင်အမြင်လွဲမှားစေသည့် စာသားများအား ပြန်လည် မျှဝေထားသည်ကို စိစစ်တွေ့ရှိရသဖြင့် ခင်မောင်မောင်သွင်အား ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့တွင် ကန်ကြီးထောင့်မြို့မရဲစခန်း(ပ)၇/၂၀၂၆၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ များကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃(က)/၂၈ ဖြင့်လည်းကောင်း။ အလားတူ ဒီဇင်ဘာလ ၄ ရက်နေ့တွင် ဟင်္သာတမြို့နယ်၊ ကနောင်စုရပ်ကွက်နေ ဒေါ်မြသီတာ (၄၁)နှစ်သည် ၎င်းအသုံးပြုသည့် “Mya Thida” Facebook အကောင့်ဖြင့် လူမှုကွန်ရက်စာမျက်နှာ၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား အများပြည်သူအထင်အမြင်လွဲမှားစေသည့် စာသား များအား ပြန်လည်မျှဝေထားသည်ကို စိစစ်တွေ့ရှိရသဖြင့် မြသီတာအား ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့တွင် ဟင်္သာတမြို့မရဲစခန်း (ပ)၁၀/ ၂၀၂၆၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃(က)/၂၈ ဖြင့်လည်းကောင်း။ အလားတူ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက် ၉ နာရီ ၁၀ မိနစ်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ အမှတ်(၁)ရပ်ကွက်ရှိ မြို့တော်ခန်းမရှေ့၌ အမျိုးသားတစ်ဦး ဆန္ဒပြနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး ခဲ့ရာ တာမွေမြို့နယ်၊ နတ်မောက်ရပ်ကွက်နေ မင်းထက်(ခ) ကိုမင်း (၂၂) နှစ်သည် မြို့တော်ခန်းမရှေ့ ဝင်ပေါက်အနီး၌ “Reject the illegal election” ဟု ရေးသားထားသည့် အဖြူရောင်ကတ္ထူ စက္ကူအား ကိုင်ဆောင်ကာ ဆန္ဒပြနေသည်ကိုတွေ့ရှိရသဖြင့် ၎င်းအား ကျောက်တံတားမြို့မရဲစခန်း (ပ)၅/၂၀၂၆၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃(က)ဖြင့်လည်းကောင်း။ အလားတူ ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက် ၇ နာရီ ၄၅ မိနစ်အချိန်တွင် မွန်ပြည်နယ်‌၊ ပေါင်မြို့နယ်၊ ကျုံကကျေးရွာနေ ကိုမျိုး (၄၇)နှစ်သည် အရက်သေစာသောက်စားမူးယစ်၍ ရွေးကောက်ပွဲမဲရုံအဖြစ်ဖွင့်လှစ်ထားရှိသည့် အခြေခံပညာမူလတန်းကျောင်းရှေ့သို့ ရောက်ရှိလာပြီး မဲပေးရန်လာရောက်ကြသူများအား ဆန္ဒမဲမပေးနိုင်စေရန် ပြောဆိုဟန့်တားနှောင့်ယှက်ခြင်းများ ပြုလုပ်ခဲ့သဖြင့် ၎င်းအား ဇန်နဝါရီလ ၁၁ ရက်နေ့တွင် မုတ္တမနယ်မြေရဲစခန်း (ပ)၄/၂၀၂၆၊ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေပုဒ်မ ၂၄(က) ဖြင့်လည်းကောင်း အသီးသီးအမှုဖွင့်ဖမ်းဆီးပြီး တရားခံများအား ပါတီစုံဒီမို ကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။ News Of Myanmar NOM

ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ကရင်နီကုန်းကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းခွဲ အတွင်းသို့ KNU အကြမ်းဖက်အဖွဲ့နှင့် PD
ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ကရင်နီကုန်းကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းခွဲ အတွင်းသို့ KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က အများပြည်သူထိခိုက်စေရန်ရည်ရွယ်၍ လက်နက်ကြီး၊ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက် NOM ဇန်နဝါရီ ၁၄၊ ၂၀၂၆ ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ကရင်နီကုန်းကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းခွဲ အတွင်းသို့ ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက် ၁၁ နာရီအချိန်၌ KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့ကအများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ ပစ်ခတ်လိုက်သည့် လက်နက်ကြီးဗုံးသီးများ၊ Drop Bomb များ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျောင်းဝင်းအတွင်းရှိ အလျား ၉၀ ပေ၊ အနံ ၃၀ ပေရှိ ရုံးခန်းနှင့် အလျား ၂၈ ပေ၊ အနံ ၁၈ ပေရှိ ကျောင်းဆောင်အမိုး၊ နံရံများပြိုကျပျက်စီးဆုံးရှုံးခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်းသိရသည်။ News Of Myanmar NOM

ဇန်နဝါရီလ၁၄ရက်နိုင်ငံတကာသတင်းတိုများ NOM ၁။အီရန်အစိုးရကိုဆန္ဒပြမှုအတွင်းဆန္ဒပြသူများနှင့်လုံခြုံရေးတပ်ဖွဲ့ဝင်၂၆၀၀၀ သေဆုံးကြော
ဇန်နဝါရီလ၁၄ရက်နိုင်ငံတကာသတင်းတိုများ NOM ၁။အီရန်အစိုးရကိုဆန္ဒပြမှုအတွင်းဆန္ဒပြသူများနှင့်လုံခြုံရေးတပ်ဖွဲ့ဝင်၂၆၀၀၀ သေဆုံးကြောင်းအီရန်ကကြေညာသည်။ ၂။အမေရိကန်ကအီဂျစ်၊လက်ဘနွန်နှင့်ဂျော်ဒန်ရှိမူဆလင်ညီနောင်များအဖွဲ့ကိုအကြမ်းဖက်အဖွဲ့အဖြစ်ကြေညာ သည်။ ၃။အမေရိကန်ကကျူးကျော်တိုက်ခိုက်ဖွယ်ရှိသဖြင့်ဒိန်းမတ်သည်ဂရင်းလန်းကျွန်းတွင်စစ်အင်အားတိုးမြှင့်ချထားလျက်ရှိသည်။(ဓါတ်ပုံ) ၄။အမေရိကန်သည်ရုရှား၊ထိုင်း၊ဘရာဇီး၊အီရန်၊အီရန်၊အီဂျစ်အပါအ ဝင်နိုင်ငံပေါင်း၇၅နိုင်ငံတွင် ပြည်ဝင်ခွင့်ဗီဇာဝန်ဆောင်မှုကိုရပ်တန့်လိုက်သည်။ ၄။ မြောက်ကိုရီးယားနိုင်ငံ၏ ခေါင်းဆောင် ကင်မ်ဂျုံအမ်သည် လုံခြုံရေးနှင့်ကာကွယ် ရေးအတွက် တာဝန်ယူထားသော အဖွဲ့အစည်း လေးခုအနက် သုံးခု၏ ခေါင်းဆောင်များနှင့်သူ၏လုံခြုံရေးအကြီးအကဲ တို့ကိုအစားထိုးလဲလှယ်ခဲ့သည်။ ၅။စစ်အုပ်ချုပ်ရေးမာရှယ်လောထုတ်ခဲ့သည့်တောင်ကိုးရီးယားသမ္မတဟောင်းယွန်ဆောက်ယိုကိုသေဒဏ်ပေးရန်တောင်ကိုးရီးယားရှေ့နေချုပ်ကတောင်းဆိုလိုက်သည်။