ru
Feedback
News Of Myanmar

News Of Myanmar

Открыть в Telegram

📈 Аналитический обзор Telegram-канала News Of Myanmar

Канал News Of Myanmar (@newsofmyanmar) языкового сегмента Бирманский является активным участником. Сейчас сообщество объединяет 12 379 подписчиков, занимая 15 949 место в категории Новости и СМИ и 10 127 место в регионе Мьянма.

📊 Показатели аудитории и динамика

С момента создания невідомо проект демонстрирует стремительный рост, собрав аудиторию из 12 379 подписчиков.

Согласно последним данным от 12 июля, 2026, канал показывает стабильную активность. За последние 30 дней изменение числа участников составило -219, а за последние 24 часа — -14, при этом общий охват остаётся высоким.

  • Статус верификации: Не верифицирован
  • Уровень вовлечённости (ER): Средний показатель вовлечённости аудитории составляет 8.12%. В первые 24 часа после публикации контент обычно набирает 5.53% реакций от общего числа подписчиков.
  • Охват публикаций: В среднем каждый пост получает 1 005 просмотров. В течение первых суток публикация набирает 684 просмотров.
  • Реакции и взаимодействия: Аудитория активно поддерживает контент: среднее количество реакций на один пост — 14.

📝 Описание и контентная политика

Автор описывает ресурс как площадку для выражения субъективного мнения:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

Благодаря высокой частоте обновлений (последние данные получены 13 июля, 2026) канал поддерживает актуальность и высокий уровень охвата публикаций. Аналитика показывает, что аудитория активно взаимодействует с контентом, что делает его важной точкой влияния в категории Новости и СМИ.

12 379
Подписчики
-1424 часа
-587 дней
-21930 день
Архив постов
ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာအား PDF အကြမ်းဖက်အဖွဲ့က ဒရုန်းဖြင့် Drop Bomb များပစ်ချတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူနှစ်ဦ
ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာအား PDF အကြမ်းဖက်အဖွဲ့က ဒရုန်းဖြင့် Drop Bomb များပစ်ချတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာရ NOM ဒီဇင်ဘာ ၄၊ ၂၀၂၅ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာအား ဒီဇင်ဘာလ ၂ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်၌ PDF အကြမ်းဖက်အဖွဲ့ကအများပြည်သူ ထိခိုက်စေရန် ရည်ရွယ်၍ Drone ဖြင့် Drop Bomb များပစ်ချတိုက်ခိုက်ခဲ့ရာ အဆိုပါကျေးရွာနေ ဦးဇော်နိုင် (ခ) ဦးမင်းလွင် (၄၁) နှစ်၏ ရာဘာခြံအတွင်းသို့ Drop Bomb ဗုံးသီးနှစ်လုံးနှင့် ကျေးရွာ အလယ်ပိုင်းရှိ တိုက်နယ်ဆေးရုံဝင်းအတွင်းသို့ Drop Bomb ဗုံးသီးတစ်လုံးကျရောက်ပေါက်ကွဲခဲ့မှုကြောင့် တိုက်နယ်ဆေးရုံဝင်းအတွင်းရှိ RC ၁ ထပ်/သွပ်မိုး ၂ခန်းတွဲ ဆရာဝန်နေအိမ်လိုင်းခန်း၏ အမိုးသွပ် ၂ ချပ်နှင့် မျက်နှာကြက်များပျက်စီးဆုံးရှုံးခဲ့ပြီး ကျေးရွာနေသူများဖြစ်ကြသည့် ဦးဇော်နိုင် (ခ) မင်းလွင်နှင့် ၎င်း၏ဇနီးဖြစ်သူ ဒေါ်ပိုင်သက် (၃၄) နှစ်တို့နှစ်ဦးတွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့၍ ကျေးရွာရှိ တိုက်နယ်ဆေးရုံတွင်ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။ News Of Myanmar NOM

မဟာအောင်မြေမြို့နယ်ရှိ ပေါက်ကျိုင်းလက်ဖက်ရည်ဆိုင်မီးလောင်မှုဖြစ်ပွား အလုပ်သမားတစ်ဦးဒဏ်ရာပြင်းထန် NOM၊ဒီဇင်ဘာ၄၊၂၀၂၅ မန္တလေးတိ
မဟာအောင်မြေမြို့နယ်ရှိ ပေါက်ကျိုင်းလက်ဖက်ရည်ဆိုင်မီးလောင်မှုဖြစ်ပွား အလုပ်သမားတစ်ဦးဒဏ်ရာပြင်းထန် NOM၊ဒီဇင်ဘာ၄၊၂၀၂၅ မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၊ ၅၈လမ်း၊ ၁၀၁ လမ်းနှင့် ၄၃ လမ်းကြား ပေါက်ကျိုင်းလက်ဖက်ရည်ဆိုင်ယနေ့နံနက်၇နာရီ၄၁မိနစ်ခန့်က level 1 မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဆိုင်အလုပ် သမားတစ်ဦးဒဏ်ရာပြင်းထန်ခဲ့ကြောင်း မန္တလေးတိုင်းမီးသတ်ဦးစီးမှူးရုံမှတာဝန်ရှိသူတစ်ဦးက ပြောသည်။ ဖြစ်စဉ်မှာ ပေါက်ကျိုင်းလက်ဖက်ရည်ဆိုင် စာဖိုးဆောင်အတွင်းရှိဂတ်မီးဖိုး၏ ဂတ်ခေါင်းမှဂတ်စ်များယိုစိမ့်ရာမှမီးဖိုမှတစ်ဆင့်မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။ "မီးလောင်မှုကများပါတယ်ဆိုင်တစ်ခုလုံးနီပါးကုန်သွား ပါတယ်ဘေးကူးစက်မှုမရှိပါဘူးဆိုင်ကအသက်၁၆နှစ် ရှိမောင်အောင်ငြိမ်းချမ်းတစ်ဦးဘဲဒဏ်ရာပြင်းထန် စွာရရှိခဲ့ပါတယ် သေဆုံးတာတွေတော့မရှိပါဘူး"ဟု မန္တလေးတိုင်းမီးသတ်ဦးစီးမှူးရုံမှတာဝန်ရှိသူတစ်ဦးက ပြောသည်။ မီးလောင်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် level 1 ယာဉ်အုပ်စုထွက်ခွာငြိမ်းသက်ခဲ့ရာနံနက်၈း၀၃နာရီတွင်မီးငြိမ်း  သွားခဲ့ပြီးလက်ရှိဆုံးရှူံးမှုတန်ဖိုးအားစစ်ဆေးပြီးဒဏ်ရာရရှိသူကိုလည်းမန္တလေးပြည်သူဆေရုံ သို့ပို့ဆောင်ထားကြောင်းသိရသည်။

အမေရိကန်တိုက်လေယာဉ်ပျက်ကျ NOM အမေရိကန်လေတပ်၊သန်းဒါးဘော့အလှပြကျွမ်းထိုးလေယာဉ်အုပ်မှ F-16တိုက်လေယာဉ်တစ်စီးသည်ကယ်လီဖိုးနီးယားပြည်နယ်ထရွန်နာလေဆိပ်အနီးပျက်ကျခံ့သည်။လေယာဉ်မှူးသည်လေထီးဖြင့်ခုန်ထွက်လွတ်မြောက်သွားသည်။

အကယ်ဒမီရွှေကြိုလျောက်သူများအတွက်လျောက်လွှာတင်ရက်တိုးပေး
အကယ်ဒမီရွှေကြိုလျောက်သူများအတွက်လျောက်လွှာတင်ရက်တိုးပေး

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၆၇) သင်တန်းဆင်းစစ်ရေး
+2
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၆၇) သင်တန်းဆင်းစစ်ရေးပြအခမ်းအနားကို တက်ရောက် ချီးမြှင့် NOM၊ဒီဇင်ဘာ၃၊၂၀၂၅ ပြင်ဦးလွင်မြို့ရှိ စစ်တက္ကသိုလ်တွင် ဒီဇင်ဘာ ၃ ရက် ယနေ့ နံနက်ပိုင်းက စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၆၇) သင်တန်းဆင်းစစ်ရေးပြအခမ်းအနားကျင်းပရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်ချီးမြှင့်ခဲ့သည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မှ ကျောင်းဆင်းဗိုလ်လောင်းတပ်ခွဲကိုစစ်ဆေးပြီးနောက် အလံတော်အဖွဲ့၊ ကျောင်းဆင်းတပ်ခွဲနှင့်အရန်တပ်ခွဲများက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား အနှေးလျှောက်၊ အမြန်လျှောက်တို့ဖြင့် ချီတက်အလေးပြုခဲ့ကြ ကြောင်းသိရသည်။

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရွာငံမြို့နယ်၊ တောင်ကြားကျေးရွာနေ ဆယ်အိမ်မှူးတစ်ဦးကို PDF အကြမ်းဖက်သမားများက ဓါးများဖြင့် ထိုးခုတ
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရွာငံမြို့နယ်၊ တောင်ကြားကျေးရွာနေ ဆယ်အိမ်မှူးတစ်ဦးကို PDF အကြမ်းဖက်သမားများက ဓါးများဖြင့် ထိုးခုတ်သတ်ဖြတ်သွား NOM ဒီဇင်ဘာ ၃၊ ၂၀၂၅ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရွာငံမြို့နယ်၊ တောင်ကြားကျေးရွာနေ ဆယ်အိမ်မှူး ဦးခင်ဇော်ဌေး (ခ) ဝမ်ချူး (၃၈) နှစ်သည် ဒီဇင်ဘာလ ၂ ရက်နေ့ နံနက် ၁ နာရီခွဲအချိန်၌ ၎င်း၏နေအိမ်တွင်ရှိနေစဉ် PDF အကြမ်းဖက်သမားငါးဦးခန့်ရောက်လာပြီး ၎င်းအားဖမ်းဆီးခေါ်ဆောင်ကာ နေအိမ်၏ အနောက်တောင်ဘက် ၃ ဖာလုံခန့်အကွာ ရွာအဝင်လမ်းမပေါ်အရောက် ဓားများဖြင့် ထိုးခုတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးခင်ဇော်ဌေး (ခ) ဝမ်ချူးတွင် ဓားဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်းသိရသည်။ News Of Myanmar NOM

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဘီးလင်း-နတ်ကြီး-ဖာပွန်သွားကားလမ်းပေါ်ရှိ ပျဉ်သာတံတားအား KNLA လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့က ထပ်
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဘီးလင်း-နတ်ကြီး-ဖာပွန်သွားကားလမ်းပေါ်ရှိ ပျဉ်သာတံတားအား KNLA လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့က ထပ်မံမိုင်းထောင်ဖောက်ခွဲဖျက်ဆီး NOM ဒီဇင်ဘာ ၃၊ ၂၀၂၅ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဘီးလင်း-နတ်ကြီး-ဖာပွန် သွားကားလမ်း၊ မိုင်တိုင်အမှတ် ၁၇ မိုင် ၇ ဖာလုံနှင့် ၁၈ မိုင်အကြား ပျဉ်သာကျေးရွာအနီးရှိ တံတား အမှတ် (၆/၁၈)၊ အလျား ၁၂၀ ပေ၊ အကျယ် ၂၄ ပေ၊ ခံနိုင်ဝန် ၄၅ တန်ခန့်ရှိ သံကူကွန်ကရစ်အမျိုးအစား ဒေသအခေါ် ပျဉ်သာတံတားအား ဒီဇင်ဘာလ ၂ ရက်နေ့ နံနက် ၈ နာရီအချိန်၌ KNLA လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့မှုကြောင့် တံတားထိပ်ပိုင်းတွင် အကျယ် ၅ ပေခန့်ရှိ ကွန်ကရစ်ကြမ်းခင်းနှင့် ကွန်ကရစ်ထိန်းသံတိုင်များပြိုကျပျက်စီးသွားခဲ့သည်။ ၂၀၂၄ ခုနှစ်၊ မတ်လ ၆ ရက်နေ့ကလည်း အဆိုပါတံတားအား အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ရာ တံတားအရှည်ပေ ၃၀ ခန့်ပျက်စီးခဲ့ပြီး အများပြည်သူသွားလာရေး အခက်အခဲများဖြစ်ပေါ်ခဲ့၍ ဒေသခံပြည်သူများမှ ဆက်သွယ်သွားလာမှုများ လွယ်ကူစေရေးအတွက် သံကူကွန်ကရစ်ဖြင့် ကိုယ်ထူကိုယ်ထပြန်လည်ပြုပြင်မွမ်းမံထားရှိသည့် တံတားအား ယခုအခါ ထပ်မံ၍ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းဖြစ်ကြောင်းသိရှိရသည်။ News Of Myanmar NOM

ကလောမြို့နယ်တွင် PDF အကြမ်းဖက်သမားသုံးဦးက ရာအိမ်မှူးတစ်ဦးနှင့် အပြစ်မဲ့ပြည်သူတစ်ဦးတို့ကို မေးမြန်းစရာရှိသည်ဟုဆို၍ ငွေကျပ်ကိုးသိန်း၊ လက်ကိုင်ဖုန်းငါးလုံး၊ ဆိုင်ကယ်နှစ်စီးတို့နှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွား NOM ဒီဇင်ဘာ ၃၊ ၂၀၂၅ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကလောမြို့နယ်၊ ပွေးလှရွှေကုန်းကျေးရွာနေ ရာအိမ်မှူး ဦးညွန့်တင် (၅၄) နှစ်နှင့် ကလောမြို့၊ အမှတ် (၃) ရပ်ကွက်နေ ဦးမျိုးအောင် (၅၀) နှစ်တို့သည် ဒီဇင်ဘာလ ၁ ရက်နေ့ ည ၉ နာရီအချိန်၌ ၎င်းတို့၏နေအိမ် အသီးသီးတွင်ရှိနေစဉ်PDF အကြမ်းဖက်သမားသုံးဦးခန့်ရောက်လာပြီး "စစ်ဆေး မေးမြန်းစရာရှိသည်" ဟုပြောဆို၍ ၎င်းတို့နှစ်ဦးအား ငွေကျပ်ကိုးသိန်း၊ လက်ကိုင်ဖုန်းငါးလုံး၊ ဆိုင်ကယ်နှစ်စီးတို့နှင့်အတူ အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရသည်။ News Of Myanmar NOM

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရွာငံမြို့နယ်၊ ဝက္ကဘူးကျေးရွာနေ အပြစ်မဲ့ပြည်သူတစ်ဦးကို PDF အကြမ်းဖက်သမားခြောက်ဦးက ဓါးများဖြင့် ထိ
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရွာငံမြို့နယ်၊ ဝက္ကဘူးကျေးရွာနေ အပြစ်မဲ့ပြည်သူတစ်ဦးကို PDF အကြမ်းဖက်သမားခြောက်ဦးက ဓါးများဖြင့် ထိုးခုတ်သတ်ဖြတ်သွား NOM ဒီဇင်ဘာ ၃၊ ၂၀၂၅ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွာငံမြို့နယ်၊ ဝက္ကဘူးကျေးရွာနေ ဦးမျိုးဟိန်း (၅၂) နှစ်သည် ဒီဇင်ဘာလ ၂ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်၌ ၎င်း၏နေအိမ်တွင်ရှိနေစဉ် PDF အကြမ်းဖက်အဖွဲ့ အင်အားခြောက်ဦးခန့်က ဆိုင်ကယ်သုံးစီးဖြင့် ရောက်လာပြီး ဓားများဖြင့် ထိုးခုတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင် ဓားဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်းသိရသည်။ News Of Myanmar NOM

Repost from MRTV
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၆၇) သင်တန်းဆင်းဂုဏ်ပြု စစ်ရေးပြအခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်း

+1
ဒီဇင်ဘာလ၃ရက်နိုင်ငံတကာသတင်းတိုများ NOM ၁။ရုရှားသမ္မတပူတင်နှင့်အမေရိကန်ကိုယ်စားလှယ်ဝစ်ကော့ဗ့်တို့ယူကရိန်းစစ်ရပ်စဲရေးအတွက်ငါးနာရီကြာဆွေးနွေးပွဲပြီးဆုံးသည်။(ဗီဒီယို) ၂။အမေရိကန်စစ်ဝန်ကြီးပိတ်ဟက်ဆက်ဂ်ကစျေးပေါသောရန်သူ့ဒရုန်းများကိုဒေါ်လာ၂သန်းတန်သောအမေရိကန်ဒုံးပျံများကပစ်မချနိုင်ကြောင်းဝန်ခံလိုက်သည်။(ဗီဒီယို) ၃။ဆီးရီးယား၏ဂိုလန်ကုန်းမြကိုအစ္စရေးက၅၈နှစ်ကြာသိမ်းပိုက်ထားခြင်းသည်တရားမဝင်ကြောင်းကုလသမဂ္ဂအထွေထွေညီလာခံကထောက်ခံမဲ၁၂၃မဲကန့်ကွက်မဲ၇မဲပျက်ကွက်မဲ၄၁မဲဖြင့်ကြေညာလိုက်သည်။ ၄။သြစတေလျအစိုးရသည်ဒေါ်လာ၁.၂၉ဘီလီယံတန်ဖိုးရှိတိုက်ဂါးရဟတ်ယာဥ်၂၉စီးကိုယူကရိန်းသို့လက်ဆောင်ပေးလိုက်သည်။ ၅။အီရန်သည်အဇာဘိုင်ဂျန်နယ်စပ်တွင်ရှန်ဟဲပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင်နိုင်ငံများနှင့်အတူအကြမ်းဖက်နှိမ်နှင်းရေးလေ့ကျင့်ခန်းကို၅ရက်ကြာပြုလုပ်လျက်ရှိသည်။

အောင်မြေသာစံမြို့နယ်ရှိ နန်းမြေဘုံသာစန္ဒာမုနိစေတီတော် အတွင်း လိုင်းကျင်းတူးဖော်ရာမှ ဖရုံသီးပုံသဏ္ဍာန် အရိုးအိုးတွေ့ရှိ NOM၊ဒီ
+1
အောင်မြေသာစံမြို့နယ်ရှိ နန်းမြေဘုံသာစန္ဒာမုနိစေတီတော် အတွင်း လိုင်းကျင်းတူးဖော်ရာမှ ဖရုံသီးပုံသဏ္ဍာန် အရိုးအိုးတွေ့ရှိ NOM၊ဒီဇင်ဘာ၃၊၂၀၂၅ မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်အတွင်းရှိ နန်းမြေ ဘုံသာ စန္ဒာမုနိဘုရားပရိဝုဏ်အတွင်း နိုဝင်ဘာ၃၀ရက်ညနေကလိုင်းကျင်းတူးရာမှ  ငွေဖြင့်ပြုလုပ်ထားသည့် ဖရုံသီးပုံသဏ္ဍာန် အရိုးအိုးတွေ့ရှိခဲ့ကြောင်း ဂေါကပအဖွဲ့မှသတင်းထုတ်ပြန်ထား ကြောင်း သိရသည်။ ယင်းသို့ တွေ့ရှိမှုနှင့် ပတ်သက်၍ ရှေးဟောင်း အကြံပေးပညာရှင်များ ၊ ဒုညွှန်ကြားရေးမှူး နှင့်ရှေးဟောင်း သုတေသနမှတာဝန်ရှိသူများ၊ ခရိုင်ကြီးကြပ်ရေးအဖွဲ့ခေါင်းဆောင်၊ဂေါပကအတွင်းရေးမှူး/တွဲဘက်အတွင်းရေးမှုးနှင့် ဆောက် လုပ်ရေးတာဝန်ခံများ၊ ဆွေတော်မျိုးတော်များ လာရောက်ကြည့်ရှုဆွေးနွေးခဲ့ကြကြောင်းလည်း  ဂေါပကအဖွဲ့မှ မှတ်တမ်းထုတ်ပြန်ထားသည်။ အဆိုပါ အရိုးအိုးအားလက်ရှိ ဘုရားဂေါပကအဖွဲ့မှထိန်း သိမ်း ထားပြီး အရိုးအိုးတွင် မြန်မာသက္ကရာဇ် ၁၂၇၅ ခုနှစ် ကဆုန်လဆန်း (၂) ရက်ဟု ကမ္ဗည်းထိုးထားကြောင်းသိရ သည်။

အောင်မြင့်မိုရ် လူမှူကူညီရေးအသင်း ဥက္ကဌယာဉ်တိမ် မှောက်သည့်ဒဏ်ရာများဖြင့်ကွယ်လွန် NOM၊ဒီဇင်ဘာ၃၊၂၀၂၅ အောင်မြင့်မိုရ် လူမှူကူညီရ
အောင်မြင့်မိုရ် လူမှူကူညီရေးအသင်း ဥက္ကဌယာဉ်တိမ် မှောက်သည့်ဒဏ်ရာများဖြင့်ကွယ်လွန် NOM၊ဒီဇင်ဘာ၃၊၂၀၂၅ အောင်မြင့်မိုရ် လူမှူကူညီရေးအသင်း ဥက္ကဌဦးစိုးနိုင် အသက် (၆၆)နှစ် ယမန်နေ့ ‌ နိုဝင်ဘာ၂ရက်နံနက် ၁၁း၂၀နာရီတွင်ယာဉ်တိမ်း မှောက်သည့်ဒဏ်ရာများဖြင့်ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင်ကွယ်လွန်သွားကြောင်းလူမှုကူညီကယ်ဆယ်ရေးအဖွဲ့(ရန်ကုန်) (YRO)မှတာဝန်ရှိသူတစ်ဦးကပြောသည်။ အောင်မြင့်မိုရ် လူမှူကူညီရေးအသင်း ဥက္ကဌဦးစိုးနိုင်အပါဝင်အသင်းသားအချို့နှင့် နိုဝင်ဘာ၂၉ရက်ကမကွေးမြို့သို့လူနာသွားရောက်ပို့ဆောင်ပြီးအပြန် နက်မောက်မြို့နယ် ကမ်းဖျာလမ်းတွင်လမ်းပြင်နေ သည့်နေရာတွင်တစ်ဖက်မှမောင်းနှင်လာသည့်ယာဉ်ကိုရှောင်လိုက်ရာတွင်လမ်းဘေး ကျောက်တုံးကိုတိုက်မိပြီးယာဉ်တိမ်မှောက်ကါဒဏ်ရာများရရှိပြီးရန်ကုန်ဆေးရုံကြီးသို့သယ်ဆောင်ကာဆေးဝါးကုသနေစဉ်သေဆုံးသွားကြောင်းသိရသည်။

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို ပျက်ပြားစေရန်ရည်ရွယ်၍ နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်း ပြုလုပ်သူများအား အရေးယူ
+3
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို ပျက်ပြားစေရန်ရည်ရွယ်၍ နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်း ပြုလုပ်သူများအား အရေးယူ

Repost from MRTV
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြင်ဦးလွင်မြို့၊ စစ်မှုထမ်းဟောင်းအိမ်ရာ တည်ဆောက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး၊ ပြင်ဦးလွင်မြို့ဘူတာကြီး ထိန်းသိမ်းဆောင်ရွက်ထားရှိမှုအား သွားရောက်ကြည့်ရှုစစ်ဆေး

ပူတင်ကယူကရိန်းကိုကုန်းတွင်းပိတ်နိုင်ငံဖြစ်သွားချင်သလားဟုခြိမ်းခြောက် NOM ရုရှားသမ္မတပူတင်ကယူကရိန်းအနေဖြင့်ပင်လယ်ဓါးမြဆန်ဆန်ရုရှားသင်္ဘောများကိုတိုက်ခိုက်သည့်အတွက်ယူကရိန်းဆိပ်ကမ်းများနှင့်ယူကရိန်းသို့ဝင်ထွက်နေသည့်သင်္ဘောများကိုရုရှားကလက်တုန့်ပြန်မည့်အပြင်ရုရှားသင်္ဘောများကိုဆက်လက်တိုက်ခိုက်နေပါကယူကရိန်းကိုကုန်းတွင်းပိတ်နိုင်ငံဖြစ်အောင်လုပ်ပစ်မည်ဟုပြောလိုက်သည်။

မတ္တရာမြို့နယ်၊ လက္ကောင်းကြီးကျေးရွာထိပ်ရှိ ရေကန်အနီးတွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းအားနင်းမိပေါက်ကွဲမှုကြောင့် အပ
+1
မတ္တရာမြို့နယ်၊ လက္ကောင်းကြီးကျေးရွာထိပ်ရှိ ရေကန်အနီးတွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းအားနင်းမိပေါက်ကွဲမှုကြောင့် အပြစ်မဲ့ပြည်သူတစ်ဦးထိခိုက်ဒဏ်ရာရ NOM ဒီဇင်ဘာ ၂၊ ၂၀၂၅ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်ပြည်သူ့ဆေးရုံသို့ နိုဝင်ဘာလ ၃၀ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်၌ မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာဖြင့် အမျိုးသားတစ်ဦးရောက်ရှိနေကြောင်း သတင်းအရလုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ မွန်းလွဲ ၂ နာရီခွဲအချိန်၌ မတ္တရာမြို့နယ်၊ လက္ကောင်းကြီးကျေးရွာနေ ကိုသန့်ဇင်ဖြိုး (၂၂) နှစ်သည် ၎င်း၏နေအိမ်မှ ကျေးရွာထိပ်ရှိ ရေကန်သို့တစ်ဦးတည်းခြေလျင်ထွက်ခွာလာစဉ် အဆိုပါရေကန်အနီးအရောက် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ News Of Myanmar NOM

ဥရောပကစစ်တိုက်ချင်သပဆိုရင်ရုရှားကအဆင်သင့် NOM ရုရှားသမ္မတ ဗလာဒီမီမာ ပူတင် က ဥရောပပနေဖြင့် စစ်ဖြစ်ချင်သည်ဆိုပါက ရုရှား အနေဖြင်
ဥရောပကစစ်တိုက်ချင်သပဆိုရင်ရုရှားကအဆင်သင့် NOM ရုရှားသမ္မတ ဗလာဒီမီမာ ပူတင် က ဥရောပပနေဖြင့် စစ်ဖြစ်ချင်သည်ဆိုပါက ရုရှား အနေဖြင့်အသင့် ဖြစ်နေတယ် လို့ အင်္ဂါနေ့ က ပြောလိုက် ပါတယ်။ ပူတင် က ဥရောပ က ယူကရိန်း ပဋိပက္ခ ဆိုင်ရာ သဘောတူညီချက် ကို ဖျက်ဆီးဖို့ ကြိုးစားနေတယ် လို့လည်း စွပ်စွဲ ခဲ့ပါတယ်။ သူက အမေရိကန် ကိုယ်စားလှယ် Steve Witkoff နဲ့ သမ္မတ ထရမ့်၏သားမက် ဂျားကပ်ရှ်နာ တို့နှင့် မတွေ့ဆုံမီပြောကြားခဲ့ခြင်းဖြစ်သည်။

စဉ့်ကူးမြို့နယ်၊ ရက္ကန်းစင်တောင်ကျေးရွာအနီးရှိ ငါးကန်တစ်ခုတွင် အလုပ်လုပ်ကိုင်နေသည့် အပြစ်မဲ့ပြည်သူတစ်ဦးကို PDF အကြမ်းဖက်အဖွဲ့
စဉ့်ကူးမြို့နယ်၊ ရက္ကန်းစင်တောင်ကျေးရွာအနီးရှိ ငါးကန်တစ်ခုတွင် အလုပ်လုပ်ကိုင်နေသည့် အပြစ်မဲ့ပြည်သူတစ်ဦးကို PDF အကြမ်းဖက်အဖွဲ့က ဒလန်ဟု စွပ်စွဲ၍ သေနတ်ဖြင့်ပစ်ခတ်သွား NOM ဒီဇင်ဘာ ၂၊ ၂၀၂၅ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်ပြည်သူ့ဆေးရုံသို့ နိုဝင်ဘာ ၃၀ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်၌ ကျည်ထိမှန်ဒဏ်ရာဖြင့် အမျိုးသားတစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ ညနေ ၅ နာရီအချိန်၌ စဉ့်ကူးမြို့နယ်၊ ရက္ကန်းစင်တောင်ကျေးရွာနေ ဦးဝင်းဦး (၆၄) နှစ်သည် ကျေးရွာအနီးရှိ ငါးကန်တွင် အလုပ်လုပ်ကိုင်နေစဉ် PDF အကြမ်းဖက်အဖွဲ့ အင်အား (စိစစ်ဆဲ)ရောက်လာပြီး "ဒလန်" ဟု စွပ်စွဲပြောဆို၍ သေနတ်ဖြင့် ပစ်ခတ်သွားခဲ့သဖြင့် ၎င်းတွင်ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ News Of Myanmar NOM

နောင်ချိုမြို့နယ်တွင် TNLA အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းအားနင်းမိပေါက်ကွဲမှုကြောင့် ကျွဲကျောင်းနေသည့် အပြစ်မဲ့ပြည်သူတစ်ဦး
+1
နောင်ချိုမြို့နယ်တွင် TNLA အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းအားနင်းမိပေါက်ကွဲမှုကြောင့် ကျွဲကျောင်းနေသည့် အပြစ်မဲ့ပြည်သူတစ်ဦး မိုင်းစထိမှန်ဒဏ်ရာများဖြင့် သေဆုံး NOM ဒီဇင်ဘာ ၂၊ ၂၀၂၅ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊နောင်ချိုမြို့နယ်၊ မက်လွှတ်ကျေးရွာနေ ဦးထွန်းဝင်း (၅၄) နှစ်သည် ဒီဇင်ဘာလ ၁ ရက်နေ့ ည ၆ နာရီခွဲအချိန်၌ ကျေးရွာ၏အနောက်ဘက် ၁ မိုင်ခန့်အကွာရှိ မြက်ခင်းတွင် ကျွဲကျောင်းနေစဉ် TNLA အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ဦးထွန်းဝင်းတွင် မိုင်းပေါက်ကွဲစထိမှန် ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ပြင်ဦးလွင်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားခဲ့ကြောင်းသိရသည်။ News Of Myanmar NOM