ru
Feedback
News Of Myanmar

News Of Myanmar

Открыть в Telegram

📈 Аналитический обзор Telegram-канала News Of Myanmar

Канал News Of Myanmar (@newsofmyanmar) языкового сегмента Бирманский является активным участником. Сейчас сообщество объединяет 12 539 подписчиков, занимая 16 068 место в категории Новости и СМИ и 10 064 место в регионе Мьянма.

📊 Показатели аудитории и динамика

С момента создания невідомо проект демонстрирует стремительный рост, собрав аудиторию из 12 539 подписчиков.

Согласно последним данным от 17 июня, 2026, канал показывает стабильную активность. За последние 30 дней изменение числа участников составило -265, а за последние 24 часа — -4, при этом общий охват остаётся высоким.

  • Статус верификации: Не верифицирован
  • Уровень вовлечённости (ER): Средний показатель вовлечённости аудитории составляет 7.37%. В первые 24 часа после публикации контент обычно набирает 10.05% реакций от общего числа подписчиков.
  • Охват публикаций: В среднем каждый пост получает 925 просмотров. В течение первых суток публикация набирает 1 262 просмотров.
  • Реакции и взаимодействия: Аудитория активно поддерживает контент: среднее количество реакций на один пост — 16.

📝 Описание и контентная политика

Автор описывает ресурс как площадку для выражения субъективного мнения:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

Благодаря высокой частоте обновлений (последние данные получены 18 июня, 2026) канал поддерживает актуальность и высокий уровень охвата публикаций. Аналитика показывает, что аудитория активно взаимодействует с контентом, что делает его важной точкой влияния в категории Новости и СМИ.

12 539
Подписчики
-424 часа
-517 дней
-26530 день
Архив постов
အီရန်နိုင်ငံ၏ အဓိက သန့်စင်ပြီး ယူရေနီယံ သိုလှောင်မှုများကို မည်သည့် ပြည်ပနေရာသို့မဆို လွှဲပြောင်းပေးပို့ခြင်း မပြုရန် အီရန်အဓ
အီရန်နိုင်ငံ၏ အဓိက သန့်စင်ပြီး ယူရေနီယံ သိုလှောင်မှုများကို မည်သည့် ပြည်ပနေရာသို့မဆို လွှဲပြောင်းပေးပို့ခြင်း မပြုရန် အီရန်အဓိပတိ အယာတိုလာ မိုတာဘာ ခါမေနီ (Ayatollah Mojtaba Khamenei) က ပိတ်ပင်လိုက်ကြောင်း ရိုက်တာ (Reuters) သတင်းဌာနက ဖော်ပြထားသည်။ NOM

တနိုင်းမြို့နယ်တွင် KIA သောင်းကျန်းသူအဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါ
တနိုင်းမြို့နယ်တွင် KIA သောင်းကျန်းသူအဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲမှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရ မေ ၂၁၊ ၂၀၂၆ ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ မေလ ၂၀ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်အချိန်၌ မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာဖြင့် အမျိုးသားတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန်၌ တနိုင်းမြို့နယ်၊ ကင်ဆားရပ်ကွက်နေ ဦးဂလောင်းနော်မိုင် (၅၆) နှစ်သည် နမ်ဖျက်ယန် ကျေးရွာနှင့် တိန်ကောက်ကျေးရွာကြားရှိ မီးသွေးလုပ်ငန်းလုပ်ကိုင်သည့်နေရာသို့ သွားရောက်စဉ် အဆိုပါနေရာအနီးအရောက် KIA သောင်းကျန်းသူအဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင်ထိခိုက်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H. E. Ms. Ma Jia အား လက်ခံတွေ့ဆုံ မေ ၂၀၊
ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H. E. Ms. Ma Jia အား လက်ခံတွေ့ဆုံ မေ ၂၀၊ ၂၀၂၆ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H. E. Ms. Ma Jia အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး ဧည့်တွေ့ခန်းမ၌ လက်ခံတွေ့ဆုံသည်။ တွေ့ဆုံစဉ် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးနှင့် အေးအတူပူအမျှ အသိုက်အဝန်းပိုမိုခိုင်မြဲစေရေး၊ ပညာရေးနှင့်ကျန်းမာရေးကဏ္ဍ ပိုမိုတိုးမြှင့်ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ နိုင်ငံ့ဝန်ထမ်းများနှင့် လူငယ်များအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းများ ပူးပေါင်းဆောင်ရွက်သွားနိုင်ရေး၊ အမျိုးသမီးကဏ္ဍ ပိုမိုမြှင့်တင်ဆောင်ရွက်နိုင် ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။ တွေ့ဆုံပွဲသို့ ဒုတိယသမ္မတနှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးနှင့်အတူ တာဝန်ရှိသူများ တက်ရောက်ကြသည်။

လျှပ်စစ်ဓာတ်အားသုံးစွဲသူပြည်သူများသို့ အသိပေးတင်ပြခြင်း
+3
လျှပ်စစ်ဓာတ်အားသုံးစွဲသူပြည်သူများသို့ အသိပေးတင်ပြခြင်း

အကယ်၍ အမေရိကန်၊ အစ္စရေးတို့နှင့် ပဋိပက္ခ တစ်ကျော့ပြန် ပြင်းထန်လာပါက ဂရိ၊ ရိုမေးနီးယားနှင့် ဂျာမနီနိုင်ငံတို့ရှိ အမေရိကန် စစ်အခြေစိုက်စခန်းများကို ပစ်မှတ်ထား တိုက်ခိုက်ရန် အီရန်နိုင်ငံက ထည့်သွင်းစဉ်းစားသွားမည် ဖြစ်သည်။ NOM

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ဦးဆောင်သည့် မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့ (၂၃) ကြိမ်မြောက် အာဆီယံတပ်မတ
+5
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ဦးဆောင်သည့် မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့ (၂၃) ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များအစည်းအဝေး (23rd ACDFM) သို့ Video Conferencing စနစ်ဖြင့် ပါဝင်တက်ရောက် မေ ၂၁၊ ၂၀၂၆

တောင်ငူမြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦး သေဆုံးကာ လေးဦးထိခိုက်
+4
တောင်ငူမြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦး သေဆုံးကာ လေးဦးထိခိုက်ဒဏ်ရာရရှိ မေ ၂၁၊ ၂၀၂၆ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်ပြည်သူ့ဆေးရုံသို့ မေလ ၁၉ ရက်နေ့ ည ၁၁ နာရီ ၅၀ မိနစ်အချိန်၌ မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာဖြင့် သေဆုံး/ဒဏ်ရာ ရရှိသူများရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ တောင်ငူမြို့နယ်၊ အမှတ် (၁၉) ရပ်ကွက်နေ ဦးခွန်ထိုက်အောင် (ခ) ခယ်ပေ (၃၁) နှစ်၊ အမှတ် (၂၃) ရပ်ကွက်နေသူများဖြစ်ကြသည့် ဦးစောစိမ်းမင်း (၃၅) နှစ်၊ ဦးစောယိုအေးလ (၃၂) နှစ်၊ မနော်ဟဲနေစေး (၃၀) နှစ်နှင့် မွန်ကုန်းကျေးရွာနေ မနော်ယွာဟေးလဲဘွယ် (၃၃) နှစ်တို့သည် မွန်ကုန်းကျေးရွာမှ တောင်ငူမြို့သို့ မော်တော်ယာဉ်ဖြင့် ထွက်ခွာလာစဉ် တောင်ငူ-လိပ်သိုကားလမ်း မိုင်တိုင်အမှတ် ၅ မိုင် ၆ ဖာလုံနှင့် ၇ ဖာလုံကြားအရောက် လမ်းဘေးမှ PDF အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် မိုင်းတစ်လုံးပေါက်ကွဲခဲ့မှုကြောင့် ဦးခွန်ထိုက်အောင် (ခ) ခယ်ပေတွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ဦးစောစိမ်းမင်းပါလေးဦးတို့တွင် ထိခိုက် ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ NOM

ဟစ်ဇ်ဘိုလာ ဒရုန်းတစ်စင်းသည် ရေဒါ (သို့မဟုတ်) ရန်သူ့ကာကွယ်ရေးစနစ်များ​၏ ရှာဖွေတွေ့ရှိခြင်းမခံရဘဲ နယ်စပ်ကို ဖြတ်ကျော်လာပြီးနောက် အစ္စရေးတို့သိမ်းပိုက်ထားသည့် ပါလက်စတိုင်းနယ်မြေအတွင်းရှိ ရှိုမဲရာ (Shomera) အခြေချနေထိုင်ရာဒေသရှိ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့၏ အိုင်းရွန်းဒုမ်း (Iron Dome) လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်ပစ်စင်ကို တိုက်ရိုက်ထိမှန်ဖျက်ဆီးနိုင်ခဲ့သည်။ NOM

ပါရှန်ပင်လယ်ကွေ့ ရေလက်ကြားအာဏာပိုင်အဖွဲ့ (PGSA) သည် ဟော်မုဇ်ရေလက်ကြားအပေါ် အီရန်နိုင်ငံ၏ ကြီးကြပ်ကွပ်ကဲမှု နယ်မြေပြ တရားဝင်မြ
ပါရှန်ပင်လယ်ကွေ့ ရေလက်ကြားအာဏာပိုင်အဖွဲ့ (PGSA) သည် ဟော်မုဇ်ရေလက်ကြားအပေါ် အီရန်နိုင်ငံ၏ ကြီးကြပ်ကွပ်ကဲမှု နယ်မြေပြ တရားဝင်မြေပုံတစ်ခုကို ထုတ်ပြန်ကြေညာလိုက်သည်။ NOM

ပါရှန်ပင်လယ်ကွေ့ ရေလက်ကြားအာဏာပိုင်အဖွဲ့ (PGSA) ထံ ဆက်သွယ်ခဲ့သည့် သင်္ဘော အစီး ၃၀ သည် လိုအပ်သော ဖြတ်သန်းခများ ပေးဆောင်ပြီး သက
ပါရှန်ပင်လယ်ကွေ့ ရေလက်ကြားအာဏာပိုင်အဖွဲ့ (PGSA) ထံ ဆက်သွယ်ခဲ့သည့် သင်္ဘော အစီး ၃၀ သည် လိုအပ်သော ဖြတ်သန်းခများ ပေးဆောင်ပြီး သက်ဆိုင်ရာ စာရွက်စာတမ်းများတွင် လက်မှတ်ရေးထိုးပြီးနောက် ယနေ့တွင် ဟော်မုဇ်ရေလက်ကြား ဖြတ်သန်းခွင့် လက်မှတ်များ ထုတ်ပေးခြင်း ခံခဲ့ရသည်။ အဆိုပါ သင်္ဘောများကို အစ္စလာမ်မစ်သမ္မတ အီရန်နိုင်ငံ၏ လမ်းညွှန်ချက်များနှင့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဟော်မုဇ်ရေလက်ကြားအတွင်း ဘေးကင်းလုံခြုံစွာ လမ်းညွှန်ပို့ဆောင်ပေးသွားမည် ဖြစ်သည်။ ရေလက်ကြား ဖြတ်သန်းသွားလာမှုကို အီရန်နိုင်ငံ၏ ရေကြောင်းသွားလာမှု ခွဲခြားသတ်မှတ်ခြင်းဆိုင်ရာ စီမံချက်နှင့်အညီ အဆင့်လိုက် ခွဲခြားလုပ်ဆောင်သွားမည် ဖြစ်သည်။ NOM

ပြီးခဲ့သည့် စစ်ပွဲအတွင်း ဆုံးရှုံးခဲ့ရသော စစ်ရေးစွမ်းဆောင်ရည်များကို အီရန်နိုင်ငံက အရှိန်အဟုန်ဖြင့် ပြန်လည်တည်ဆောက်နေပြီဖြစ်က
ပြီးခဲ့သည့် စစ်ပွဲအတွင်း ဆုံးရှုံးခဲ့ရသော စစ်ရေးစွမ်းဆောင်ရည်များကို အီရန်နိုင်ငံက အရှိန်အဟုန်ဖြင့် ပြန်လည်တည်ဆောက်နေပြီဖြစ်ကြောင်း အမေရိကန် ထောက်လှမ်းရေး အကဲဖြတ်ချက်များအရ သိရသည်။ အမေရိကန် ထောက်လှမ်းရေး အကဲဖြတ်ချက်များကို သိရှိနားလည်သည့် ရင်းမြစ်နှစ်ခု၏ အဆိုအရ အီရန်သည် ဧပြီလအစောပိုင်းတွင် စတင်ခဲ့သည့် ခြောက်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး ကာလအတွင်း ၎င်းတို့၏ ဒရုန်းထုတ်လုပ်မှုအချို့ကို ပြန်လည်စတင်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ အီရန်စစ်တပ်သည် ကနဦး ခန့်မှန်းထားသည်ထက် ပိုမိုမြန်ဆန်သောနှုန်းဖြင့် ပြန်လည်အင်အားဖြည့်တင်းနေကြောင်း အမေရိကန်ထောက်လှမ်းရေးက ဖော်ပြနေသည်ဟု ရင်းမြစ်လေးခုက CNN သတင်းဌာနသို့ ပြောကြားခဲ့သည်။ လက်နက် အစိတ်အပိုင်းအမျိုးမျိုး၏ ထုတ်လုပ်မှုကို ပြန်လည်စတင်ရန် ကြာမြင့်မည့်အချိန်ချင်း မတူညီသော်လည်း အချို့သော ခန့်မှန်းချက်များအရ အီရန်သည် ၎င်း၏ ဒရုန်းဖြင့် တိုက်ခိုက်နိုင်စွမ်းကို အစောဆုံး ခြောက်လအတွင်း အပြည့်အဝ ပြန်လည်ဖြည့်တင်းနိုင်မည်ဟု အမေရိကန် အရာရှိတစ်ဦးဖြစ်သည့် အဆိုပါ ရင်းမြစ်များထဲမှ တစ်ဦးက CNN သို့ ပြောကြားခဲ့သည်။ NOM

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းခတ်မြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူများနှင့် အသုံ
+5
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းခတ်မြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူများနှင့် အသုံးပြုသည့်ပစ္စည်းများအား ထပ်မံဖမ်းဆီးရမိ မေ ၂၁၊ ၂၀၂၆

ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့နယ်၊ ဒါရ်ဒေသတွင် မေလ ၁၈ ရက်နေ့၌ ခရစ်ယာန် တရားတော်ဟောဆရာတစ်ဦးကို အကြမ်းဖက် CDF-Daai အဖွဲ့က
ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့နယ်၊ ဒါရ်ဒေသတွင် မေလ ၁၈ ရက်နေ့၌ ခရစ်ယာန် တရားတော်ဟောဆရာတစ်ဦးကို အကြမ်းဖက် CDF-Daai အဖွဲ့က ရိုက်နှက်နှိပ်စက်

လွှတ်တော်အစည်းအဝေးများကျင်းပရေး ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၆) ကျင်းပ မေ ၂၁၊ ၂၀၂၆
+3
လွှတ်တော်အစည်းအဝေးများကျင်းပရေး ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၆) ကျင်းပ မေ ၂၁၊ ၂၀၂၆

ဆင်ပေါင်ဝဲမြို့နယ်၊ အင်ပင်လှကျေးရွာနေ အပြစ်မဲ့အရပ်သား ပြည်သူနှစ်ဦးကို PDF အကြမ်းဖက်သမား ၁၀ ဦးခန့်က ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ် မေ
+1
ဆင်ပေါင်ဝဲမြို့နယ်၊ အင်ပင်လှကျေးရွာနေ အပြစ်မဲ့အရပ်သား ပြည်သူနှစ်ဦးကို PDF အကြမ်းဖက်သမား ၁၀ ဦးခန့်က ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ် မေ ၂၁၊ ၂၀၂၆ မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်၊ အင်ပင်လှကျေးရွာနေ ဦးမြင့်ဌေး (၅၆) နှစ်နှင့် ဦးမြင့်စိုးခိုင် (ခ) ကုလား (၄၉) နှစ်တို့သည် မေလ ၂၀ ရက်နေ့ နံနက် ၃ နာရီအချိန်၌ ၎င်းတို့၏ နေအိမ်များတွင်ရှိနေစဉ် PDF အကြမ်းဖက်သမား ၁၀ ဦးခန့်က ဆိုင်ကယ်ငါးစီးဖြင့် ရောက်ရှိလာပြီး ဖမ်းဆီးခေါ်ဆောင်၍ ကျေးရွာ၏တောင်ဘက် ၁ မိုင်ခန့်အကွာ၌ သေနတ်ဖြင့်ပစ်ခတ် သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတို့နှစ်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်းသိရသည်။   NOM

ရွာငံမြို့နယ်၊ ကျောက်ငှက်ကျေးရွာနေ အပြစ်မဲ့အရပ်သားပြည်သူနှစ်ဦးကို PDF အကြမ်းဖက်သမား ၁၀ ဦးခန့်က သတ်ဖြတ်သွား မေ ၂၁၊ ၂၀၂၆ ရှမ်းပ
+1
ရွာငံမြို့နယ်၊ ကျောက်ငှက်ကျေးရွာနေ အပြစ်မဲ့အရပ်သားပြည်သူနှစ်ဦးကို PDF အကြမ်းဖက်သမား ၁၀ ဦးခန့်က သတ်ဖြတ်သွား မေ ၂၁၊ ၂၀၂၆ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရွာငံမြို့နယ်၊ ကျောက်ငှက်ကျေးရွာနေ ဦးထိန်ဦး (၃၄) နှစ်နှင့် ဦးခန်းထက်ဇော် (၅၀) နှစ်တို့သည် မေလ ၂၀ ရက်နေ့ နံနက် ၂ နာရီအချိန်၌ ၎င်းတို့၏နေအိမ် အသီးသီးတွင် ရှိနေစဉ် PDF အကြမ်းဖက်အဖွဲ့ အင်အား ၁၀ ဦးခန့်ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ် သွားခဲ့သဖြင့် ၎င်းတို့နှစ်ဦးတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးခဲ့ကြောင်းသိရသည်။ NOM

သံဖြူဇရပ်မြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့က မော်တော်ယာဉ်တစ်စီးကို တားဆီးကာ ယာဉ်ပေါ်ပါ အပြစ်မဲ့ အရပ်သား ပြည်သူနှစ်ဦးကို သေနတ်ဖြင
+1
သံဖြူဇရပ်မြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့က မော်တော်ယာဉ်တစ်စီးကို တားဆီးကာ ယာဉ်ပေါ်ပါ အပြစ်မဲ့ အရပ်သား ပြည်သူနှစ်ဦးကို သေနတ်ဖြင့်ပစ်သတ်သွား မေ ၂၁၊ ၂၀၂၆ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ အောင်ဇေယျရပ်ကွက်နေ ဦးမိုးမင်းသန့် (၃၃) နှစ်နှင့် ကိုမိုးမင်းထက် (၂၉) နှစ်တို့သည် မေလ ၁၉ ရက်နေ့ နေ့လယ် ၁၂ နာရီအချိန်၌ ဝဲခမီကျေးရွာသို့ သံဖြူဇရပ်-ကရုပ္ပိ-ထင်းရူး-အနင်းသွားကားလမ်းအတိုင်း မော်တော်ယာဉ်တစ်စီးဖြင့် ထွက်ခွာလာစဉ် ကော့လေးကျေးရွာအနီးအရောက် PDF အကြမ်းဖက်အဖွဲ့က မော်တော်ယာဉ်အား တားဆီးပြီး ယာဉ်ပေါ်ပါ အမျိုးသားနှစ်ဦးကိုဖမ်းဆီး၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ် သွားခဲ့သဖြင့် ၎င်းတို့နှစ်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်းသိရသည်။ NOM

မုံရွာမြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့က ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် သာသနာ့အနွယ်ဝင် ကိုရင်တစ်ပါးပျံလွန်တေ
+1
မုံရွာမြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့က ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် သာသနာ့အနွယ်ဝင် ကိုရင်တစ်ပါးပျံလွန်တော်မူကာ အပြစ်မဲ့အရပ်သား ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိ မေ ၂၁၊ ၂၀၂၆ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ဗန္ဓုလရပ်ကွက်သို့ မေလ ၁၉ ရက်နေ့ ည ၁၀ နာရီ ၂၀ မိနစ်အချိန်၌ PDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ ပစ်ခတ်လိုက်သည့် ရှော့တိုက်ဒုံးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါရပ်ကွက်နေ ကိုရင် ရှင်ပညာဝံသ (ခ) မောင်မင်းခန့်အောင် (၁၁) နှစ်နှင့် မောင်သူရအောင် (၁၇) နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့၍ မုံရွာမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ဆေးကုသပေးနေစဉ် ကိုရင် ရှင်ပညာဝံသ (ခ) မောင်မင်းခန့်အောင်မှာ ပျံလွန်တော်မူသွားခဲ့ကြောင်းသိရသည်။ NOM

အယ်လ်နီညို ဖြစ်ပေါ်နိုင်သော အခြေအနေ များကို တွေ့ရှိ ရသည့်ဟု မိုး/ဇလ ထုတ်ပြန် NOM၊မေ၂၁၊၂၀၂၆ အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ(Tropical Pacific Ocean)၏ ပင်လယ်ရေ မျက်နှာပြင်အပူချိန်နှင့် လေထုဖြစ်စဉ်များမှာ အယ်လ်နီညို ဖြစ်ပေါ်နိုင်သော အခြေအနေ များကို တွေ့ရှိရသည့်ဟု မိုးလေဝသာနှင့်ဇလဗေဒညွန်ကြားမှုဦးစီးမှုဌာနက ယနေ့(မေ ၂၁ )ရက်နေ့က ထုတ်ပြန်ထားကြောင်းသိရသည်။ နိုင်ငံတကာမိုးလေဝသဌာနများ၏ သင်္ချာပုံစံပြုမော်ဒယ်များ ခန့်မှန်းချက်အရ လာမည့် ဇွန်လမှစတင်၍ အားအနည်းငယ်ရှိသော အယ်လ်နီညို အခြေအနေသို့ ရောက်ရှိနိုင်ပြီး ၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် အားကောင်းသော အယ်လ်နီညို အခြေအနေသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းထားသည်။ အယ်လ်နီညိုဖြစ်စဉ်ကြောင့် အကျိုးသက်ရောက်မှုမှာ ယေဘုယျအားဖြင့် မိုးရွာသွန်းမှု မူမမှန်ခြင်း၊ နေ့အပူချိန်များ မြင့်မားခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှုများ မူမမှန်ခြင်း၊ မိုးခေါင် ရေရှားခြင်းစသည့် အစွန်းရောက် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သည်။ သို့ဖြစ်ပါ၍ မိမိတို့သက်ဆိုင်ရာ ကဏ္ဍများအလိုက် ကြိုတင်ပြင်ဆင်နိုင်ကြပါရန်၊ အယ်လ်နီ ညိုဖြစ်ပေါ်မှုနှင့် ပတ်သက်သည့် အခြေအနေများအား အချိန်နှင့်တစ်ပြေးညီ ဆက်လက်ထုတ်ပြန်ပေးပို့သွားမည် မိုးလေဝသာနှင့်ဇလဗေဒညွန်ကြားမှုဦးစီးမှုဌာန ကထုတ်ပြန် ထားသည်။

အခြေခံပညာကျောင်းများ ကျောင်းအပ်နှံသည့်အချိန် မည်သည့်အခကြေးငွေမျှ လုံးဝမကောက်ခံဘဲ သင်ကြားရေးပစ္စည်းများအခမဲ့ ထောက်ပံ့မည် NOM၊မေ၂၁၊၂၀၂၆ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ ကျောင်းအပ်နှံသည့်အချိန် မည်သည့်အခ ကြေးငွေမျှ လုံးဝမကောက်ခံဘဲ အခမဲ့ထောက်ပံ့မည်ဟု ယနေ့ မေလ (၂၁ ရက်)နေ့တွင် အသိပေးထုတ် ပြန်ထား ကြောင်းသိရသည်။ သူငယ်တန်း(KG) က နေ GRADE 12 ထိကျောင်းလခ၊မိဘဆရာအသင်းကြေး၊အားကစားကြေး၊စာရေးကိရိယာကြေးနှင့် စာကြေးတိုက်ကြေးအပါအဝင် မည်သည့် အခကြေးငွေကိုမျှ လုံးဝမကောက်ခံကြောင်းနှင့် သင်ရိုးစာအုပ်များ၊ ဗလာစာအုပ်များ၊ ခဲတံများ ၊ဘောပင်များ အခမဲ့ထောက်ပံ့မည်ဖြစ်ကြောင်း အသိပေးချက်တွင် ဖော်ပြထားသည်။ မိဘအုပ်ထိန်းသူပြည်သူများ အနေဖြင့် ငွေကြေးသို့မဟုတ် လက်ဆောင်ပစ္စည်းများကို ကျောင်းအုပ်၊ဆရာ၊ဆရာမများ ဝန်ထမ်းများကို ပေးအပ်ခြင်းမပြုရန်လည်း ပညာရေးဝန်ကြီးဌာနက မေတ္တာရပ်ခံထားသည်။