ru
Feedback
News Of Myanmar

News Of Myanmar

Открыть в Telegram

📈 Аналитический обзор Telegram-канала News Of Myanmar

Канал News Of Myanmar (@newsofmyanmar) языкового сегмента Бирманский является активным участником. Сейчас сообщество объединяет 12 460 подписчиков, занимая 15 930 место в категории Новости и СМИ и 10 092 место в регионе Мьянма.

📊 Показатели аудитории и динамика

С момента создания невідомо проект демонстрирует стремительный рост, собрав аудиторию из 12 460 подписчиков.

Согласно последним данным от 03 июля, 2026, канал показывает стабильную активность. За последние 30 дней изменение числа участников составило -217, а за последние 24 часа — -9, при этом общий охват остаётся высоким.

  • Статус верификации: Не верифицирован
  • Уровень вовлечённости (ER): Средний показатель вовлечённости аудитории составляет 7.15%. В первые 24 часа после публикации контент обычно набирает 6.81% реакций от общего числа подписчиков.
  • Охват публикаций: В среднем каждый пост получает 891 просмотров. В течение первых суток публикация набирает 848 просмотров.
  • Реакции и взаимодействия: Аудитория активно поддерживает контент: среднее количество реакций на один пост — 15.

📝 Описание и контентная политика

Автор описывает ресурс как площадку для выражения субъективного мнения:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

Благодаря высокой частоте обновлений (последние данные получены 04 июля, 2026) канал поддерживает актуальность и высокий уровень охвата публикаций. Аналитика показывает, что аудитория активно взаимодействует с контентом, что делает его важной точкой влияния в категории Новости и СМИ.

12 460
Подписчики
-924 часа
-317 дней
-21730 день
Архив постов
ဓာတ်အား စဉ်ဆက်မပြတ်ဖြန့်ဖြူးပေးနိုင်မှုအခြေအနေကို ဆက်လက်ထိန်းသိမ်းရန်နှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကုန်ကျစရိတ် မျှတစေရန်အတွက် စက်မှုနှင့် စီးပွားရေးလုပ်ငန်းများသို့ ‘‘စီးပွားရေးနှုန်းထား (Economic Rate)’’ တစ်ခုသတ်မှတ်ပြီး ယခုဖေဖော်ဝါရီလ အသုံးမှစ၍ ဓာတ်အားခနှုန်းထား သစ် ၉၀၀ ကျပ်ဖြင့် ကောက်ခံသွားမည်ဖြစ်သည့်အတွက် ဇန်နဝါရီလ အသုံးယူနစ်များကို မီတာဖတ်သူနှင့် သုံးစွဲသူနှစ်ဖက် သဘောတူလက်မှတ်ရေးထိုးသွားရန် လိုအပ်ပါကြောင်း၊ ဓာတ်အားခနှုန်းထားတိုးမြှင့်သွားသော်လည်း လုပ်ငန်းရှင်များအတွက် ခိုင်မာသောစွမ်းအင် အာမခံချက်ရှိသည့် ကုန်ထုတ်လုပ်မှု ဝန်းကျင်ကောင်းတစ်ခုကို ဖန်တီးပေးခြင်းဖြစ်ပါသဖြင့် စီးပွားရေးလုပ်ငန်းရှင်ကြီးများအနေဖြင့် မိမိတို့လုပ်ငန်းများ အောင်မြင်စွာ တိုးချဲ့ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်း၊ ပြည်သူလူထုသုံးစွဲနေသော ဓာတ်အားခနှုန်းထားများအနေဖြင့် ယခင်နှုန်းထားအတိုင်းဖြစ်ပါကြောင်း၊ ယခင်စက်မှုလုပ်ငန်းများတွင် သုံးစွဲခဲ့သည့် ဓာတ်အားများကို ပြည်သူလူထုမှ ပိုမိုသုံးစွဲနိုင်မည်ဖြစ်သဖြင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက် စက်မှုလုပ်ငန်းရှင်များမှ အားလုံးလက်တွဲ၍ ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်း အဓိကစက်မှုဇုန်များ၏ အခြေအနေ၊ စက်မှုလုပ်ငန်းရှင်များအတွက် ခိုင်မာသောစွမ်းအင် အာမခံချက်ရှိသည့် ကုန်ထုတ်လုပ်မှု ဝန်းကျင်ကောင်းတစ်ခုကို ဖန်တီးပေးရေးတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြောကြားသည်။ ယင်းနောက် တာဝန်ရှိသူများက နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် LNG မှ ဓာတ်အားထုတ်လုပ်ရန် စီစဉ်ဆောင်ရွက်ခဲ့မှု၊ အခက်အခဲများ၊ လက်ရှိဓာတ်အားထုတ်လုပ်နေမှု၊ အကြမ်းဖက်သောင်းကျန်းသူများ ဖျက်ဆီးခဲ့သည့် မဟာဓာတ်အားလိုင်းများ ပြုပြင်ဆောင်ရွက်မှု၊ LNG to Power ဓာတ်အားပေးစက်ရုံများမှ ဓာတ်အား ၅၀၀ မဂ္ဂါဝပ်စတင်ထုတ်လုပ်နိုင်မှုအရ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်၊ စက်မှုလက်မှုလုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းများသို့ ဓာတ်အားဖြန့်ဖြူးပေးမည့် အခြေအနေတို့ကို ရှင်းလင်းတင်ပြကြသည်။ ဆက်လက်၍ တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များမှ တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များက စက်မှုနှင့် စီးပွားရေးလုပ်ငန်းများသို့ သတ်မှတ်နှုန်းထားအသစ်ဖြင့် ဓာတ်အားခကောက်ခံဆောင်ရွက်မည့် အခြေအနေနှင့် ဓာတ်အားခတိုးမြှင့်ကောက်ခံမှုအပေါ် အားသာချက်/အားနည်းချက်များကို တင်ပြဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။ News Of Myanmar NOM

ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း မန္တလေးတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးပေးနေမှုအခြေအနေနှင့်ပတ်သက်၍ တိုင်း
ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း မန္တလေးတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးပေးနေမှုအခြေအနေနှင့်ပတ်သက်၍ တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များမှ တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ ဖေဖော်ဝါရီ ၄၊ ၂၀၂၆ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ယမန်နေ့က မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ မြို့တော်ခန်းမ၌ မန္တလေးတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးပေးနေမှုအခြေအနေနှင့် ပတ်သက်၍ တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များမှ တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲသို့ တက်ရောက်သည်။ တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန မန္တလေးလျှပ်စစ်ဓာတ်အား ပေးရေးကော်ပိုရေးရှင်းခေတ္တဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးရုံးဦးစီးဌာနနှင့် လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များမှ တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကြသည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အနေဖြင့် စိုက်ပျိုးရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ (Agro-Based Industries) ကို အားပေးမြှင့်တင်ရန် ခိုင်မာသည့်မူဝါဒများ ချမှတ်၍ အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ ထိုသို့ ကုန်ထုတ်လုပ်ငန်းများ အပြည့်အဝလည်ပတ်နိုင်ရေးအတွက် အဓိကလိုအပ်သည့် အခြေခံအဆောက်အအုံသည် လျှပ်စစ်ဓာတ်အားဖြစ်သည့်အတွက် လိုအပ်သည့် လျှပ်စစ်ဓာတ်အားကို ပြည့်ဝစွာ ထုတ်လုပ်ပေးနိုင်ရန် မိမိတို့ဝန်ကြီးဌာနအနေဖြင့် စွမ်းအင်အရင်းအမြစ်မျိုးစုံမှ ဓာတ်အားထုတ်လုပ်ပေးနိုင်ရေး အလေးထားစီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်ရှိတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးလျက်ရှိသည့် အရင်းအမြစ်အလိုက် တပ်ဆင်အင်အားများမှာ ရေအားလျှပ်စစ်စက်ရုံ ၃၂ ရုံ၊ သဘာဝဓာတ်ငွေ့သုံးစက်ရုံ ၂၄ ရုံ၊ ကျောက်မီးသွေးသုံးစက်ရုံနှစ်ရုံ၊ နေရောင်ခြည်သုံးစွမ်းအင် စက်ရုံ ၁၂ ရုံ စုစုပေါင်းတပ်ဆင်စက်အင်အားမှာ ၆၇၂၅ မဂ္ဂါဝပ်အထိရှိပြီး စက်စွမ်းအားပြည့် မောင်းနှင်နိုင်ပါက ၄၀၀၀ မဂ္ဂါဝပ်ခန့်အထိ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်သော အခြေအနေဖြစ်သော်လည်း အကြမ်းဖက်သောင်းကျန်းသူများ၏ တိုက်ခိုက်ဖျက်ဆီးမှုများနှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်နိုင်မှု တဖြည်းဖြည်းလျော့နည်းခဲ့ခြင်းတို့ကြောင့် လျှပ်စစ်ဓာတ်အား ၆၀၀ မဂ္ဂါဝပ်ကျော်မှာ လျော့နည်းထုတ်လုပ်ရရှိသဖြင့် တစ်ရက်လျှင် ၃၀၀၀ မဂ္ဂါဝပ်ခန့်သာ ထုတ်လုပ်နိုင်ခဲ့ပြီး အချို့နေရာများတွင် အချိန်ပိုင်းအလှည့်ကျစနစ်ဖြင့်သာ ဖြန့်ဖြူးပေးခြင်းကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။ ယင်းအခက်အခဲများကို ကျော်လွှားနိုင်ရန် ဖြစ်နိုင်ခြေရှိသည့် နည်းလမ်းပေါင်းစုံဖြင့် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ဖျက်ဆီးခံရသည့် ဓာတ်အားလိုင်းများနှင့် ခွဲရုံများကို အချိန်နှင့်တစ်ပြေးညီ ပြုပြင်ခြင်းဆောင်ရွက်လျက်ရှိသကဲ့သို့ LNG မှ လျှပ်စစ် ဓာတ်အား ထုတ်လုပ်ခြင်းသည် ဈေးနှုန်းကြီးမြင့်သော်လည်း လိုအပ်ချက်ကို ပြည့်မီစေရန်နှင့် ကုန်ထုတ်စွမ်းအား တိုးတက်စေရေးစက်မှုဇုန်များမှ အချိန်ပြည့်ထုတ်လုပ်နိုင်ရန် ရည်ရွယ်၍ အချိန်တိုအတွင်းရရှိမည့် LNG ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ LNG စီမံကိန်းကို ၂၀၂၃ ခုနှစ် မတိုင်မီကတည်းက LNG to Power ထုတ်လုပ်ပြီး စက်မှုဇုန်များသို့ ပေးရန်လျာထားဆောင်ရွက်ခဲ့ပြီး ၅၀၀ မဂ္ဂါဝပ် LNG ဓာတ်အားပေးစက်ရုံ စီမံကိန်းကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ သဖြင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၄ ရက်မှစ၍ ယင်းစက်ရုံမှ ဓာတ်အား ၅၀၀ မဂ္ဂါဝပ်ကို စတင်ဖြည့်တင်းပေးနိုင်ခဲ့ပါကြောင်း၊ LNG ဖြင့် ထုတ်လုပ်ခြင်းမှာ ကုန်ကျစရိတ်မြင့်မားသော်လည်း စက်မှုကဏ္ဍကုန်ထုတ်လုပ်မှုများ အရှိန်အဟုန်မပြတ်စေရန် ရည်ရွယ်၍ မိမိတို့ဝန်ကြီးဌာနအနေဖြင့် “LNG to Industry” ကို အထူးအလေးပေးဖော်ဆောင်ခဲ့ခြင်း ဖြစ်ပါကြောင်း။

+3
🇨🇳တရုတ်နိုင်ငံ​၏ တနေရာ၌ မော်တော်ယာဉ်တစ်စီးတွင် တပ်ဆင်ထားသည့် Dashcam က တရုတ် မျိုးဆက်သစ် ကိုယ်ပျောက်တိုက် လေယာဉ် Jian-36 တစ်စီး လေယာဉ်ကွင်းသို့ ဆင်းသက် လာသည့် အခိုက်အတန့်ကို ရိုက်ကူးထားနိုင်ခဲ့သည့် ဗီဒီယိုဖြစ်သည်။ တရုတ်နိုင်ငံ၏ မျိုးဆက်သစ်ကိုယ်ပျောက်တိုက်လေယာဉ်ဖြစ်သော Jian-36 (သို့မဟုတ် Shenyang FC-31 / J-31) နှင့် ပတ်သက်သည့် အချက်အလက်များကို အောက်ပါအတိုင်း စုစည်းတင်ပြပေးလိုက်ပါသည်။ Jian-36 (FC-31) ၏ အဓိကအချက်အလက်များ Jian-36 သည် တရုတ်နိုင်ငံ Shenyang Aircraft Corporation မှ ထုတ်လုပ်ထားသည့် ပဉ္စမမြောက်မျိုးဆက် ဘက်စုံသုံး ကိုယ်ပျောက်တိုက်လေယာဉ်ဖြစ်သည်။ ၎င်းကို အထူးသဖြင့် လေယာဉ်တင် သင်္ဘောများပေါ်တွင် အသုံးပြုရန်နှင့် ပြည်ပသို့ တင်ပို့ရောင်းချရန် ရည်ရွယ်ထုတ်လုပ်ထားခြင်း ဖြစ်သည်။ အင်ဂျင်စနစ်: အင်ဂျင်နှစ်လုံးတပ် တိုက်လေယာဉ်ဖြစ်ပြီး အဆင့်မြင့် WS-13 (သို့မဟုတ်) WS-19 အင်ဂျင်များကို အသုံးပြုထားသဖြင့် အရှိန်နှုန်း မြန်ဆန်ပြီး လှုပ်ရှားရုန်းကန်နိုင်စွမ်း မြင့်မားသည်။ ကိုယ်ပျောက်နည်းပညာ: ရေဒါတွင် ဖမ်းယူရခက်ခဲစေရန် လေယာဉ်ကိုယ်ထည် ဒီဇိုင်းကို အထူးပြုလုပ်ထားပြီး လက်နက်များကိုလည်း လေယာဉ်ဗိုက်အတွင်းပိုင်း (Internal Weapon Bay) တွင် သိုလှောင်ထားနိုင်သည်။ ဘက်စုံသုံးနိုင်မှု: ဝေဟင်မှ ဝေဟင် တိုက်ခိုက်မှုသာမက မြေပြင်ပစ်မှတ်များကို တိုက်ခိုက်ခြင်းနှင့် ထောက်လှမ်းရေးလုပ်ငန်းများတွင်လည်း အသုံးပြုနိုင်သည်။ လေယာဉ်တင်သင်္ဘောအခြေစိုက်: မကြာသေးမီက ထွက်ပေါ်လာသော သတင်းများအရ J-35/36 ဗားရှင်းများကို တရုတ်၏ လေယာဉ်တင်သင်္ဘောအသစ်များပေါ်တွင် အတက် အဆင်းပြုလုပ်နိုင်ရန် ဒီဇိုင်းပြောင်းလဲပြင်ဆင်ထားသည်။ နည်းပညာဆိုင်ရာ အသေးစိတ် (ခန့်မှန်းခြေ) အမြင့်ဆုံး မြန်နှုန်း : Mach 1.8 (တစ်နာရီ ၁,၄၀၀ မိုင်ခန့်) တိုက်ပွဲဝင်အကွာအဝေး : ၁,၂၀၀ ကီလိုမီတာ ဝန်းကျင် (၇၄၅.၆၄၅၄ မိုင် ဝန်းကျင်) လက်နက်စနစ် : လေဆာလမ်းညွှန်ဗုံးများ၊ PL-15 ဒုံးကျည်များ ရေဒါစနစ် : Active Electronically Scanned Array ရေဒါ မှတ်ချက်: Jian-36 သည် လက်ရှိတွင် ဖွံ့ဖြိုးရေးအဆင့်နှင့် စမ်းသပ်ပျံသန်းမှုအဆင့်များတွင် ရှိနေဆဲဖြစ်ပြီး အချက်အလက်အချို့မှာ လျှို့ဝှက်ချက်အဖြစ် ရှိနေသေးသဖြင့် ပြောင်းလဲမှုများ ရှိနိုင်ပါသည်။ News Of Myanmar NOM

အရင်ခေတ်တုန်းကတော့ လွှတ်တော် မရှိလို့ NCA က ရုပ်လုံး မကြွဘူးလို့တော့ ဆိုနိုင်ပါတယ်။ အရင်ခေတ်ဆိုတာက ဒီ ၅ နှစ်သက်တမ်းကာလကို ပြောတာပါ။ ရှေ့ပိုင်းကာလ ၂ နှစ်လောက်မှာတောင် UWSA ကိုယ်တိုင် ရုပ်တည်ကြီးနဲ့ နပတ ဆင်းလာ။ ပြီးတော့ ၁၀၂၇ ရဲ့ နောက်ကွယ်က လက်မဲကြီး လုပ်ပြတော့ တပ်မတော်အတွက်ကတော့ အတော်လေး အောင့်သက်သက်ပါပဲ။ ------ ပြီးခဲ့တဲ့ ငြိမ်းချမ်းရေးဖိုရမ်မှာ တာဝန်ရှိသူတစ်ယောက်က NCA လမ်းအတိုင်းပဲ လျှောက်မယ်လို့ ဆိုထားလေတော့ .....အစိုးရသစ်ကာလ မတက်ခင်မှာ ငြိမ်းချမ်းရေး အတွက် အစပျိုးထားနိုင်ရင်လည်း မဆိုးဘူးလို့ မြင်မိပါတယ်။ ဒါက လွှတ်တော် ပေါ်လာတာနဲ့ အတည်ပြုစရာရှိတာပြု၊ ပြင်စရာ ရှိတာ ပြင်တာ‌ တွေ ချက်ချင်း လုပ်နိုင်တာပေါ့။ နောက်တစ်ခုကNCA + ဆိုတဲ့ စကားလုံးတွေကလည်း မနှစ်မြို့စရာပါ။ NCA မှာ မူတွေရှိပြီးသားပဲ၊ ယုံကြည်လို့ လက်တွဲကြတဲ့ အပေါ်မှာ ဝှေ့ဝိုက် မနေကြတာ ပိုကောင်းပါတယ်။ ယာယီသမ္မတပြောသလို ဖြစ်သင့် ဖြစ်ထိုက်တာလောက်ပဲ သွားကြတာ ကောင်းပါတယ်။ ------ လက်ရှိ ကူမင်း အပစ်အခတ် ရပ်စဲရေးဟာ ဘာတွေ သဘောတူညီချက်ရထားလည်း ဆိုတာ မသိနိုင်သေးခင်မှာ MNDAA ရဲ့ လူသစ်စုတဲ့ ကိစ္စရပ်တွေက လက်သင့်ခံစရာ မရှိပါဘူး။ အပစ်အခတ်ရပ်စဲရေးမှာ ဒီအချက်တွေ လုပ်ခွင့်မရှိဘူးလို့လည်း ထင်ပါတယ်။ ဒီကာလ စစ်သုံးပန့်တွေ လွှတ်ပေးတယ်ဆိုပေမယ့် လက်ရှိ လူသစ်စုဆောင်းမှု အခြေအနေက စစ်ရေးတင်းမာမှု ထပ်ဖြစ်ရင် ကိုးကန့် လူမျိုးစုတွေမနာစေမယ့် ငါးကြင်းဆီနဲ့ ငါးကြင်းကြော်တဲ့ အကွက်ပါပဲ။ လူသစ်စုခံရတဲ့ သူတွေဟာ ကိုးကန့်အတွက် ရှေ့တန်း ခံစစ်စည်း ဖြစ်လာမယ့် သဘောပါ။ ------ လက်ရှိ ကချင်နဲ့ စစ်ကိုင်း အစပ်က မြို့တွေ အတိုက်ခံနေရတာကလည်း ဒီသဘောတရားပါပဲ။ အချိန်တန်လို့ တပ်မတော်က ထိုးစစ်ပြန်စရင် ဒီမြို့တွေ ပြန်ရနိုင်တယ် ဆိုပေမယ့် လက်တွေ့အရတော့ မြို့တွေ ပျက်ပါတယ်။ စစ်ရှောင်တွေ များပါတယ်။ အနည်းဆုံးတော့ စစ်ဘောင်ကျယ်တဲ့ ဒုက္ခကို အစိုးရရော၊ တပ်ရော ရင်ဆိုင်ထားရမယ့်သဘောပါ။ တချိန်ချိန်....ဒီမြို့တွေရဲ့ အစိုးရပိုင်းဆိုင်ရာ အဆောက်အဦတွေ၊ ပြည်သူ့အိုးအိမ်တွေအတွက် ပြန်လည်တည်ဆောက်ရေးပိုင်းဆိုင်ရာမှာ ငွေကြေးကုန်ကျရမှာကလည်း တိုင်းပြည် ဘဏ္ဍငွေတွေပါ။ KIA ပျိုးထားတဲ့ Proxy war က မြစ်ကြီးနားကို ပတ်ပတ်လည် ထိန်းချုပ်ထားသလို တဖက်မှာလည်း ဒီနယ်မြေတွေ ပြန်သိမ်းပိုက်ဖို့ ကြိုးစားရင်းနဲ့ တပ်အင်အားကို ချိနဲ့စေမယ့် သဘောပါပဲ။ ------- NCA အတိုင်းသွားမယ် ဆိုရင်လည်း လွှတ်တော် ပေါ်ပေါက်ချိန်မှာ ဒီအရွေ့တွေ အထမြောက်ဖို့ ခပ်မြန်မြန် အကောင်အထည်ဖော်ရမယ့် အခင်းအကျင်းလို့ပဲ တွေးမိပါတယ်။ အိမ်နီးချင်း တရုတ်ကိုလည်း လက်နက်ကိုင် အခင်းအကျင်းရှိ မရှိမှ စီးပွားရေး စင်္ကြံအောင်မြင်မယ့် မက်ဆေခ်ျ့မျိုး ပွင့်ပွင့်လင်းလင်း ညှိနိုင်ရင်လည်း မဆိုးပါဘူး။ တရုတ်ကိုယ်တိုင်က အစိုးရနဲ့ တပ်ကို ထိန်းညှိဖို့ EAO နဲ့ တပ်ကို ကြားချ ဆက်ဆံပြီး လက်နက်ကိုင်တွေ ဆက်ရှိစေဖို့ ဆန္ဒရှိနေရင်‌‌ တော့ ဒီတိုင်းပြည်မှာ စစ်မှန်တဲ့ ဖက်ဒရယ်စနစ် ထူထောင်ဖို့က ခက်ခဲသွားနိုင်မလားပဲ။ ------ သေချာတာကတော့ မြန်မာ့နိုင်ငံရေး အခင်းအကျင်းမှာ နှစ်နိုင်ငံ အကြီးအကဲတွေရဲ့ အပြန်အလှန် ယုံကြည်မှု၊ အကျိုးစီးပွားဆိုင်ရာ ရှေးရှုမှုနဲ့ သံခင်းတမန်ခင်းတွေကပဲ စကားပြောသွားမယ်လို့သာ ယူဆမိပါတယ်။ (နရီမိုး)

KIA အကြမ်းဖက်ဌာနချုပ် လိုင်ဇာသွာသည့်လမ်းကြောင်းပေါ်ရှိ KIA ဂိတ်စခန်းတစ်ခုကို ဗုံးကြဲရှင်းလင်း။ News Of Myanmar NOM

Repost from NOM
😒🏦💸📈အမေရိကန်နိုင်ငံ၏ ကြွေးမြီများ ဆက်လက်မြင့်တက်နေပြီး၊ ကြွေးမြီလျှော့ချမည်ဟူသော ထရမ့်၏ ကတိကဝတ်များမှာလည်း လက်တွေ့တွင် ရလ
😒🏦💸📈အမေရိကန်နိုင်ငံ၏ ကြွေးမြီများ ဆက်လက်မြင့်တက်နေပြီး၊ ကြွေးမြီလျှော့ချမည်ဟူသော ထရမ့်၏ ကတိကဝတ်များမှာလည်း လက်တွေ့တွင် ရလဒ်ထွက်ပေါ်လာခြင်း မရှိသေးပေ။ News Of Myanmar NOM

🇨🇳📞🇺🇸တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ပြောဆိုခဲ့သည့် စကားဝိုင်းနှင့်ပတ်သက်၍ အမေရိကန်သမ္မတ ထရမ့်၏ ပြောကြားချက် "ကျွန်တော်ဟာ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင်နဲ့ အလွန်ကောင်းမွန်တဲ့ ဖုန်းပြောဆိုမှုတစ်ခု အခုလေးတင် ပြီးစီးခဲ့ပါတယ်။ ကြာရှည်ပြီး အသေးစိတ်ကျတဲ့ အဆိုပါဆွေးနွေးမှုအတွင်းမှာ ကုန်သွယ်ရေး၊ စစ်ရေး၊ (ကျွန်တော်ကိုယ်တိုင်လည်း အလွန်မျှော်လင့်နေတဲ့) လာမယ့် ဧပြီလ တရုတ်နိုင်ငံခရီးစဉ်၊ ထိုင်ဝမ်အရေး၊ ရုရှားနဲ့ ယူကရိန်းကြားက စစ်ပွဲ၊ အီရန်နိုင်ငံရဲ့ လက်ရှိအခြေအနေ၊ အမေရိကန်ပြည်ထောင်စုဆီက တရုတ်နိုင်ငံရဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ဝယ်ယူမှုတွေအပြင် တရုတ်နိုင်ငံဘက်ကနေ စိုက်ပျိုးရေးထွက်ကုန်တွေ ပိုမိုဝယ်ယူဖို့ စဉ်းစားနေတဲ့ကိစ္စတွေအပါအဝင် အရေးကြီးတဲ့ အကြောင်းအရာများစွာကို ဆွေးနွေးခဲ့ကြပါတယ်။ အဲဒီအထဲမှာ ဒီနှစ်အတွက် ပဲပုပ်တန်ချိန် ၂၀ သန်းအထိ တိုးမြှင့်ဝယ်ယူဖို့နဲ့ (နောက်နှစ်အတွက်တော့ တန်ချိန် ၂၅ သန်းအထိ ဝယ်ယူဖို့ သူတို့ဘက်က ကတိပြုထားပါတယ်) လေယာဉ်အင်ဂျင်တင်ပို့မှုတွေအပြင် တခြားသော အပြုသဘောဆောင်တဲ့ အကြောင်းအရာများစွာ ပါဝင်ပါတယ်။ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးဟာရော၊ သမ္မတ ရှီနဲ့ ကျွန်တော့်ရဲ့ ပုဂ္ဂိုလ်ရေးအရ ဆက်ဆံရေးဟာပါ အလွန်ကောင်းမွန်တဲ့ အနေအထားမှာရှိပြီး ဒီဆက် ဆံရေးကို ဒီအတိုင်း ဆက်လက်ထိန်းသိမ်းသွားဖို့က ဘယ်လောက်အရေးကြီးတယ်ဆိုတာကို ကျွန် တော်တို့နှစ်ဦးစလုံး နားလည်ထားကြပါတယ်။ ကျွန်တော့်ရဲ့ သမ္မတသက်တမ်း နောက်ထပ်သုံးနှစ်အတွင်းမှာ သမ္မတ ရှီ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့နဲ့ ပတ်သက်ပြီး ကောင်းမွန် တဲ့ ရလဒ်များစွာ ထွက်ပေါ်လာလိမ့် မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။" News Of Myanmar NOM

🇮🇷🤝🇺🇸"အမေရိကန်နှင့် အီရန်တို့ အိုမန်နိုင်ငံတွင် ဆွေးနွေးပွဲပြုလုပ်ရန် သဘောတူညီ၊ နျူကလီးယားကိစ္စသာဆွေးနွေးတော့မည်" အာရပ်နှင့် မူဆလင်နိုင်ငံအသီးသီး၏ ပြင်းထန်သော ဖိအားပေးမှုများကြောင့် အမေရိကန်ပြည်ထောင်စုသည် လာမည့်သောကြာနေ့တွင် အိုမန်နိုင်ငံ၌ ဆွေးနွေးပွဲများပြုလုပ်ရန် သဘောတူညီခဲ့သည်။ အရှေ့အလယ်ပိုင်းဒေသရှိ အနည်းဆုံး ကိုးနိုင်ငံခန့်က အိုမန်တွင်ပြုလုပ်မည့် အီရန်နှင့်တွေ့ဆုံမှုကို မဖျက်သိမ်းရန် သမ္မတထရမ့် အစိုးရအဖွဲ့၏ အဆင့်မြင့်တာဝန်ရှိသူများထံ တိုက်တွန်းချက်များ ပေးပို့ခဲ့ကြောင်း Axios သတင်းဌာနက ဖော်ပြသည်။ အီရန်ဘက်က ၎င်းတို့၏ ဒုံးကျည်ပရိုဂရမ်နှင့် ပတ်သက်ပြီး ဆွေးနွေးရန် ငြင်းဆိုခဲ့ပြီးနောက် အိုမန်တွင် ပြုလုပ်မည့် ဆွေးနွေးပွဲများသည် အီရန်၏ နျူကလီးယား အစီအစဉ်တစ် ခုတည်းအပေါ်တွင်သာ အဓိကထားမည်ဖြစ်ကြောင်း အမေရိကန် အဆင့်မြင့် အရာရှိတစ်ဦးက အတည်ပြုခဲ့သည်။ လက်ရှိအခြေအနေ အကျဉ်းချုပ် - အမေရိကန်ပြည်ထောင်စုသည် အီရန်အပေါ် ၎င်းတို့​၏ အဓိက တောင်းဆိုချက် (၃) ချက်အနက် အောက်ပါ (၂) ချက်ကို လျှော့ချပေးခဲ့ရသည်။ ☄အီရန်နိုင်ငံ​၏ ဒုံးကျည်ပရိုဂရမ် အပေါ် ကန့်သတ်ချက်များထားရှိရေး။ 💚💚💛ဒေသတွင်း လက်နက်ကိုင်အဖွဲ့များ (ဥပမာ- ဟစ်ဇ်ဘိုလာ၊ ဟူသီ စသည်တို့) ထံ အီရန်၏ ငွေကြေးထောက်ပံ့မှုများကို ရပ်တန့်ရေး။ News Of Myanmar NOM

🇮🇷🇺🇸☄"အီရန်​၏ ဒုံးကျည်ပရိုဂရမ်အပေါ်တောင်းဆိုချက်များကို အမေရိကန်က လျှော့ချလိုက်" အမေရိကန်ပြည်ထောင်စုသည် အီရန်၏ ဒုံးကျည်ပရ
🇮🇷🇺🇸☄"အီရန်​၏ ဒုံးကျည်ပရိုဂရမ်အပေါ်တောင်းဆိုချက်များကို အမေရိကန်က လျှော့ချလိုက်" အမေရိကန်ပြည်ထောင်စုသည် အီရန်၏ ဒုံးကျည်ပရိုဂရမ် အပေါ် တောင်းဆိုချက်များကို လျှော့ချလိုက်ပြီး နျူကလီးယားအစီအစဉ်နှင့် ပတ်သက်သည့် ဆွေးနွေးမှုများကို ရှေ့ဆက်နိုင်ကြောင်း အီရန်အရာရှိများကို အကြောင်းကြားခဲ့သည်။ အီရန်နိုင်ငံခြားရေးဝန်ကြီး Abbas Araqchi က ၎င်း၏ X (ယခင် Twitter) အကောင့်တွင် အတည်ပြုပြောကြားရာ၌- "အမေရိကန်ပြည်ထောင်စုနဲ့ ပြုလုပ်မယ့် နျူကလီးယားဆိုင်ရာ ဆွေးနွေးပွဲတွေကို လာမယ့် သောကြာနေ့ မနက် ၁၀ နာရီဝန်းကျင်မှာ အိုမန်နိုင်ငံ မတ်စကေးမြို့တော် (Muscat) မှာ ကျင်းပဖို့ စီစဉ်ထားပါတယ်။ လိုအပ်တဲ့ စီစဉ်ဆောင်ရွက်မှုတွေ လုပ်ပေးခဲ့တဲ့ ကျွန်ုပ်တို့ရဲ့ အိုမန်ညီနောင်တွေကို ကျေးဇူးတင်ရှိပါတယ်။" News Of Myanmar NOM

🇺🇸🇮🇷အီရန် ဒုံးကျည်ပရိုဂရမ်နှင့်ပတ်သက်၍ အမေရိကန်တို့​၏ ဆေးနွေးလိုမှုအပေါ် အီရန်အရာရှိများ​၏ ပြောကြားချက် - "အကယ်၍ အမေရိကန်အနေနဲ့ ကျွန်တော်တို့ရဲ့ ဒုံးကျည်ပရိုဂရမ် အကြောင်းကို ဆွေးနွေးချင်တယ်ဆိုရင်တော့ အဲဒီလိုမျိုး အစည်းအဝေးကို ကျွန်တော်တို့ ဘယ်တော့မှ တက်ရောက်မှာ မဟုတ်ပါဘူး။ ဆွေးနွေးဖို့ ဖြစ်နိုင်ခြေ သုည (လုံးဝမရှိ) ပါပဲ။" ဟု လက်ဘနွန်အခြေစိုက် Al Mayadeen သတင်းဌာနကဖော်ပြခဲ့သည်။ News Of Myanmar NOM

အစ္စရေးနိုင်ငံ ဟိုင်ဖာမြို့တွင် ကားဗုံးပေါက်ကွဲမှုကြောင့် အစ္စရေးနိုင်ငံသားတစ်ဦးသေဆုံးခဲ့ပြီး နှစ်ဦးထိခိုက်ဒဏ်ရာရ News Of Myanmar NOM

🇺🇸🇮🇷အမေရိကန် ဒုတိယသမ္မတ ဂျေဒီဗန့်စ် (J.D. Vance)က "အီရန်နိုင်ငံဟာ သံတမန်ရေးအရ ဆက်ဆံဖို့ အလွန်ခက်ခဲတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ ခေါင်းဆောင်ဟာ အမေရိကန်ပြည်ထောင်စုနဲ့ စကားပြောဖို့ ငြင်းဆန်တဲ့ ကမ္ဘာပေါ်က တစ်ခုတည်းသော နိုင်ငံဖြစ်နေလို့ပါပဲ။ ထရမ့်ဟာ ပူတင်ကို ဖုန်းဆက်စကားပြောနိုင်တယ်၊ ရှီကျင့်ဖျင် ဒါမှမဟုတ် ကင်ဂျုံအန်းတို့ကိုလည်း ဖုန်းခေါ်ဆိုနိုင်တယ်—ဒီနိုင်ငံတွေဟာ ကျွန်တော်တို့နဲ့ အလွန် ရန်လိုတဲ့ ဆက်ဆံရေးရှိတဲ့ နိုင်ငံတွေပါ။ ဒါပေမဲ့ အီရန်ခေါင်းဆောင်နဲ့ကျတော့ ကျွန်တော်တို့ စကားပြောလို့မရဘူး၊ ဒါဟာ တကယ်ကို ထူးဆန်းလှပါတယ်။"ဟုပြောကြားခဲ့သည်။ News Of Myanmar NOM

🇮🇷🇨🇳✈️တရုတ်နိုင်ငံမှ အမည်မသိ စစ်ဘက်ဆိုင်ရာ အသုံးအဆောင်ပစ္စည်းများကို တင်ဆောင်လာသည့် အီရန်ကုန်တင်လေယာဉ်တစ်စင်းသည် နှစ်ပတ်ဆ
🇮🇷🇨🇳✈️တရုတ်နိုင်ငံမှ အမည်မသိ စစ်ဘက်ဆိုင်ရာ အသုံးအဆောင်ပစ္စည်းများကို တင်ဆောင်လာသည့် အီရန်ကုန်တင်လေယာဉ်တစ်စင်းသည် နှစ်ပတ်ဆက်တိုက်အဖြစ် တဟီရန်မြို့သို့ ဆိုက်ရောက်လာခဲ့သည်။ News Of Myanmar NOM

"ထရမ့်အားလုပ်ကြံသတ်ဖြတ်ရန်ကြိုးပမ်းသည့် Ryan Routh ကို ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်" ၂၀၂၄ ခုနှစ်အတွင်း အမေရိကန်နိုင်ငံ၊ ဖလော
"ထရမ့်အားလုပ်ကြံသတ်ဖြတ်ရန်ကြိုးပမ်းသည့် Ryan Routh ကို ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်" ၂၀၂၄ ခုနှစ်အတွင်း အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်၊ West Palm Beach ရှိ ဂေါက်ကွင်းတွင် သမ္မတလောင်းအဖြစ် ယှဉ်ပြိုင်နေသည့် ဒေါ်နယ်ထရမ့်အား လုပ်ကြံရန် ကြိုးပမ်းခဲ့မှုအတွက် Ryan Routh ကို ဗုဒ္ဓဟူးနေ့တွင် ထောင်ဒဏ်တစ်သက်နှင့်အပြင် နောက်ထပ် ထောင်ဒဏ် (၇) နှစ် ထပ်ဆောင်းချမှတ်လိုက်သည်။ ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက အဓိကသမ္မတလောင်းတစ်ဦးအား လုပ်ကြံရန် ကြိုးပမ်းမှု၊ ဖက်ဒရယ်အရာရှိတစ်ဦးအား တိုက်ခိုက်မှုနှင့် လက်နက်ဆိုင်ရာ ပြစ်မှုအများအပြား အပါအဝင် ဖက်ဒရယ်ပြစ်မှု ငါးခုဖြင့် ပြစ်ဒဏ်စီရင်ခြင်း ခံခဲ့ရသည်။ News Of Myanmar NOM

Repost from NOM
တုန်လှုပ်ဖွယ်ရာ ဖွင့်ချချက်များ - ဟောလိဝုဒ် ထိပ်သီးအသိုင်းအဝိုင်း၏ မကောင်းဆိုးဝါးထုံးတမ်းစဉ်လာများ ၂၀၂၃ ခုနှစ်က ထွက်ပေါ်လာသော
+4
တုန်လှုပ်ဖွယ်ရာ ဖွင့်ချချက်များ - ဟောလိဝုဒ် ထိပ်သီးအသိုင်းအဝိုင်း၏ မကောင်းဆိုးဝါးထုံးတမ်းစဉ်လာများ ၂၀၂၃ ခုနှစ်က ထွက်ပေါ်လာသော အံ့အားသင့်ဖွယ် ဖွင့်ချချက်တစ်ခုတွင် ပြစ်ဒဏ်ကျခံခဲ့ရသည့် လိင်ရာဇဝတ်ကောင် ဂျက်ဖရီ အက်ပ်စတိန်း (Jeffrey Epstein) ၏ ပါတီများသို့ ထင်ရှားကျော်ကြားသူများ တက်ရောက်ခဲ့သည့် ရုပ်သံမှတ်တမ်းများ ထွက်ပေါ်လာခဲ့သည်။ ၎င်းတုန်လှုပ်ဖွယ် မြင်ကွင်းများတွင် ထင်ရှားသော ပုဂ္ဂိုလ်များသည် မကြာသေးမီက သမ္မတ ဇလန်းစကီးမှ ယူကရိန်းနိုင်ငံ၏ သံတမန်အဖြစ် ခန့်အပ်ခြင်းခံရသူ အနုပညာရှင် မာရီနာ အာဘရာမိုဗစ် (Marina Abramović) စီစဉ်သည့် ဝိညာဉ်ချက်ပြုတ်ခြင်း ("Spirit Cooking") ဟုခေါ်သောစက်ဆုပ်ဖွယ် အခမ်းအနားများတွင် ပါဝင်နေသည်ကို တွေ့ရသည်။ အဆိုပါ စက်ဆုပ်ဖွယ်ကောင်းသော အခမ်းအနားပွဲများသို့ တက်ရောက်သည့် ဆယ်လီများအနက် နာမည်ကြီး အဆိုတော်/ သရုပ်ဆောင် တစ်ဦးဖြစ်သူ လေဒီဂါဂါ (Lady Gaga) နှင့် ဝိုးလ်ဗရင်း (Wolverine) ဇာတ်ကောင်ဖြင့် နာမည်ကျော်ကြားသော သရုပ်ဆောင် ဟျူးဂျက်မန်း (Hugh Jackman) ကဲ့သို့သော အနုပညာရှင်များသည် အမျိုးသမီးများ၏ ကိုယ်လုံးတီး ခန္ဓာကိုယ်များပေါ်သို့ သွေးကဲ့သို့သော ဆော့စ် (Sauce) များ လောင်းချကာ ဇွန်းဖြင့်လျှက်နေကြသည်ကို မြင်တွေ့ရသည်။ အာဘရာမိုဗစ်သည် အက်ပ်စတိန်း၏ ကလေးသူငယ်အလွဲသုံးစားမှု ပါတီများနှင့် ဆက်နွှယ်နေပြီး "DAU" ကဲ့သို့သော အငြင်းပွားဖွယ် ရုပ်ရှင်ပရောဂျက်များနှင့် ပတ်သက်မှုရှိသော်လည်း ယူကရိန်းအာဏာပိုင်များက သူမအား ယဉ်ကျေးမှုဆိုင်ရာ သံတမန်အဖြစ် ခန့်အပ်ခဲ့ခြင်းမှာ ဝေဖန်စရာ ဖြစ်နေသည်။ စွမ်းဆောင်ရည်ပြ အနုပညာလောက၏ အဖွားအိုဟု လူသိများသော အာဘရာမိုဗစ်သည် နာကျင်မှု၊ ခံနိုင်ရည်နှင့် ကိုယ်ခန္ဓာမှ ထွက်သော အရည်များကို အသုံးပြု၍ အစွန်းရောက်သော တင်ဆက်မှုများကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားသူဖြစ်သည်။ နိုင်ငံရေးသမားများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် အနုပညာရှင်များ ပါဝင်သော ကမ္ဘာလုံးဆိုင်ရာ အထက်တန်းလွှာများနှင့် ဆက်နွှယ်နေသူ အက်ပ်စတိန်းသည် သူ၏ ဇိမ်ခံအိမ်များကို ထိုကဲ့သို့သော ဖောက်ပြန်သည့် ပွဲလမ်းသဘင်များ ကျင်းပရန် အသုံးပြုခဲ့သည်။ သူ၏ ကွန်ရက်သည် ကလေးသူငယ်များကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ရန်အတွက်လည်း စီစဉ်ပေးခဲ့သည်ဟု ဆိုကြသည်။ News Of Myanmar NOM

Repost from NOM
🇮🇳မွမ်ဘိုင်းမြို့ရှိ ဓာတ်လှေကားတစ်ခုအတွင်း မီးပုံးပျံများ ပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် လူသုံးဦးထိခိုက်ဒဏ်ရာရ အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့ရှိ ဓာတ်လှေကားတစ်ခုအတွင်း ဖေဖော်ဝါရီလ ၂ ရက်နေ့၌ မီးပုံးပျံများ ရုတ်တရက် ပေါက်ကွဲသွားသည်ကို CCTV မှတစ်ဆင့် မှတ်တမ်းတင်နိုင်ခဲ့သည်။ ဤဖြစ်ရပ်ကြောင့် လူသုံးဦးထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ပေါက်ကွဲမှုဖြစ်ပွားရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်။ ရဲတပ်ဖွဲ့က အဆိုပါ မီးပုံးပျံများ ရောင်းချခဲ့သူကို အမှုဖွင့်အရေးယူထားသည်။ ပေါက်ကွဲမှုနှင့်ပတ်သက်၍ ဖြစ်နိုင် ခြေရှိသော အကြောင်းအရင်းများ ဟိုက်ဒရိုဂျင်ဓာတ်ငွေ့ (Hydrogen gas): မီးပုံးပျံများကို ဟီလီယမ်ဓာတ်ငွေ့ထက် ဈေးသက်သာသော်လည်း မီးလောင်လွယ်သော ဟိုက်ဒရိုဂျင်ဓာတ်ငွေ့များ ဖြည့်သွင်းထားခြင်းကြောင့် ဖြစ်နိုင်သည်။ ပွတ်တိုက်မှုနှင့် တည်ငြိမ်လျှပ်စစ် (Static Electricity): ကျဉ်းမြောင်းသော ဓာတ်လှေကားအတွင်း မီးပုံးပျံများ အချင်းချင်း ပွတ်တိုက်မိခြင်း၊ တည်ငြိမ်လျှပ်စစ်ဖြစ်ပေါ်ခြင်း (သို့မဟုတ်) ဓာတ်လှေကားခလုတ်နှင့် တံခါးများမှ ထွက်ပေါ်လာသော မီးပွင့်ငယ်များကြောင့် စတင်လောင်ကျွမ်းခြင်း ဖြစ်နိုင်သည်။ ဓာတ်ငွေ့ယိုစိမ့်မှု: လေအလွန်အကျွံ သွင်းထားခြင်း (သို့မဟုတ်) အပေါက်ဖြစ်ကာ ဓာတ်ငွေ့များ ယိုစိမ့်ထွက်လာပြီး အလျင်အမြန် ပေါက်ကွဲသွားခြင်းဖြစ်နိုင်သည်။ News Of Myanmar NOM

ပြည်သူဆန္ဒကို လေးစားလိုက်နာဆောင်ရွက်ရန် ဗိုလ်ချုပ်မှူးကြီး ပြောကြား နိုင်ငံတော်အစိုးရအနေနဲ့ ပြည်သူတွေရဲ့ဆန္ဒကို လေးစားရမှာဖြစ
+9
ပြည်သူဆန္ဒကို လေးစားလိုက်နာဆောင်ရွက်ရန် ဗိုလ်ချုပ်မှူးကြီး ပြောကြား နိုင်ငံတော်အစိုးရအနေနဲ့ ပြည်သူတွေရဲ့ဆန္ဒကို လေးစားရမှာဖြစ်ပြီး ပြည်သူတွေရဲ့ လိုလားချက်တွေအတိုင်း မှန်မှန်ကန်ကန်နဲ့ ဆောင်ရွက်သွားဖို့ လိုတယ်လို့ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။ ဖေဖော်ဝါရီ ၃ ရက်က နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်က နည်းပြအရာရှိကြီးတွေနဲ့ သင်တန်းသား အရာရှိကြီး တွေကို Video Conferencing နဲ့ အမှာစကား ပြောကြားရာမှာ အခုလို ထည့်သွင်း ပြောကြားခဲ့တာပါ။ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်က စတင်ပြီး အပိုင်း ၃ ပိုင်းခွဲ ကျင်းပပြုလုပ်ခဲ့ရာ ကျင်းပ တဲ့ မြို့နယ်တွေ အားလုံးမှာ ရာနှုန်းပြည့် ကျင်းပနိုင်ခဲ့တယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။ ဒါ့အပြင် ပါတီစုံ ဒီမိုကရေစီနိုင်ငံတစ်ခုအနေနဲ့ တပ်မတော်အနေနဲ့လည်း ပါတီစုံ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ ခိုင်ခိုင် မာမာ လျှောက်လှမ်းနိုင်ရေး ဆောင်ရွက်ခြင်းပင် ဖြစ်တယ်လို့ ဆိုပါတယ်။ ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးသူ ၁၃ ဒသမ ၁၄ သန်း ရှိပြီး ရာခိုင်နှုန်းအနေနဲ့ ၅၄ ရာခိုင်နှုန်းကျော် ရှိခဲ့ကာ ပြည်သူ တွေအနေနဲ့ ရွေးကောက်ပွဲ ကျင်းပချိန်မှာ စိတ်ပါဝင်စားစွာ ဆောင်ရွက်ခဲ့ကြတာကို ကြည့်မယ်ဆိုရင် ပြည်သူတွေ အနေနဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းလိုတာနဲ့ နိုင်ငံတော်အစိုးရရဲ့ လုပ်ဆောင်ချက်အပေါ် ယုံကြည်မှု ရှိတာတွေကို တွေ့ရတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။ တွေ့ဆုံပွဲကိုတော့ ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကော်မရှင် အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင် အဖွဲဝင် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနဲ့ အဆင့်မြင့် တပ်မတော်အရာရှိကြီးတွေ တက်ရောက်ကြပြီး ကော်မရှင်အဖွဲဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး၊ ပြည်ထောင်စုဝန်ကြီးတွေနဲ့ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်တွေ တက်ရောက်ခဲ့ကြသည်။ News Of Myanmar NOM

နိုင်ငံသားအားလုံး တိုင်းချစ်ပြည်ချစ်စိတ်ရှိရန်လိုအပ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတေ
နိုင်ငံသားအားလုံး တိုင်းချစ်ပြည်ချစ်စိတ်ရှိရန်လိုအပ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောကြား နိုင်ငံ့အရေးနှင့်ပတ်သက်၍ မိမိတိုနိုင်ငံ၏ ဖြတ်သန်းခဲ့သည့်သမိုင်းကြောင်းအရ နိုင်ငံသားအားလုံး တိုင်းချစ်ပြည်ချစ်စိတ်ရှိရန်လိုအပ်ကြောင်း၊ မိမိတိုနိုင်ငံ၏ သမိုင်းကြောင်းအရ နိုင်ငံသူနိုင်ငံသားများအနေဖြင့် လူပုဂ္ဂိုလ်စွဲရှိကြသည်ကိုလည်းတွေ့ရကြောင်း၊ လူပုဂ္ဂိုလ်ကိုအစွဲပြု၍ တိုင်းချစ်ပြည်ချစ်စိတ်ရှိခြင်းထက် နိုင်ငံအပေါ်အစွဲပြု၍ နိုင်ငံသားတိုင်း မှန်မှန်ကန်ကန်ဖြင့် တိုင်းချစ်ပြည်ချစ်စိတ်များရှိရန်လိုကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင် က ဖေဖော်ဝါရီလ ၃ ရက်တွင် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ နည်းပြအရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများအား Video Conferencing ဖြင့် အမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ News Of Myanmar NOM

Repost from NOM
+1
ဘရာဇီးနိုင်ငံ၊ ပီအောအီပြည်နယ်၊ တီရီစီနာမြို့— ဇန်နဝါရီလ ၂၇ ရက် အသက် ၃၁ နှစ်အရွယ် ကာယဗလမောင် ရာနီရီ လိုပက်စ် ဖီးလ်ညို (Ranieri Lopes Filho) သည် အားကစားရုံတစ်ခုတွင် အလေးချိန် ၄၀၀ ကီလိုဂရမ် (၈၈၁.၈၄၉ ပေါင်) ရှိသော Leg-press လေ့ကျင့်ခန်းကို အားစမ်း၍ တွန်းတင်ရန် ကြိုးပမ်းစဉ် သူ၏ ပေါင်ရှေ့ကြွက်သား အရွတ် (Quadriceps Tendon) ပြတ်တောက်သွားခဲ့သဖြင့် ဆေးရုံသို့ အမြန်ဆုံးပို့ဆောင်ခဲ့ရပြီး ပြင်းထန်သော ထိုဒဏ်ရာအတွက် ခွဲစိတ်ကုသမှု ခံယူခဲ့ရသည်။ News Of Myanmar NOM

အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ (အေးသာယာ) အား (တတိယ) အကြိမ်လွှဲပြောင်းပေးအပ်ပွဲကျင်းပ ဖေဖော်ဝါရီလ ၄၊ ၂၀၂၆ News Of Myanmar NO
+2
အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ (အေးသာယာ) အား (တတိယ) အကြိမ်လွှဲပြောင်းပေးအပ်ပွဲကျင်းပ ဖေဖော်ဝါရီလ ၄၊ ၂၀၂၆ News Of Myanmar NOM