ru
Feedback

Не попадитесь на канал ботавода! Telemetrio находит и помечает такие каналы 👉 Хотите видеть метку — оформите подписку

News Of Myanmar

News Of Myanmar

Открыть в Telegram

📈 Аналитический обзор Telegram-канала News Of Myanmar

Канал News Of Myanmar (@newsofmyanmar) языкового сегмента Бирманский является активным участником. Сейчас сообщество объединяет 11 418 подписчиков, занимая 16 330 место в категории Новости и СМИ и 9 947 место в регионе Мьянма.

📊 Показатели аудитории и динамика

С момента создания невідомо проект демонстрирует стремительный рост, собрав аудиторию из 11 418 подписчиков.

Согласно последним данным от 27 ноября, 2026, канал показывает стабильную активность. За последние 30 дней изменение числа участников составило -136, а за последние 24 часа — -9, при этом общий охват остаётся высоким.

  • Статус верификации: Не верифицирован
  • Уровень вовлечённости (ER): Средний показатель вовлечённости аудитории составляет 5.67%. В первые 24 часа после публикации контент обычно набирает 4.32% реакций от общего числа подписчиков.
  • Охват публикаций: В среднем каждый пост получает 648 просмотров. В течение первых суток публикация набирает 493 просмотров.
  • Реакции и взаимодействия: Аудитория активно поддерживает контент: среднее количество реакций на один пост — 10.

📝 Описание и контентная политика

Автор описывает ресурс как площадку для выражения субъективного мнения:
“News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ”

Благодаря высокой частоте обновлений (последние данные получены 28 ноября, 2026) канал поддерживает актуальность и высокий уровень охвата публикаций. Аналитика показывает, что аудитория активно взаимодействует с контентом, что делает его важной точкой влияния в категории Новости и СМИ.

11 418
Подписчики
-924 часа
-317 дней
-13630 дней
Архив постов
သမ္မတ ထရမ့်သည် အိမ်ဖြူတော်မှနေ၍ မိန့်ခွန်းပြောကြားနေသော်လည်း အိမ်ဖြူတော်သတင်းထောက်အဖွဲ့ (press pool) က ၎င်းကို သပိတ်မှောက်ထားသည့်အတွက် မိန့်ခွန်းပြောကြားသည့် ဗီဒီယိုတွင် ထရမ့်အသံပါဝင်လာခြင်းမရှိပါ။ ထရမ့်၏ သတင်းမီဒီယာများအပေါ် တိုက်ခိုက်မှုများသည် "၎င်းကို ပြန်လည်ရိုက်ခတ်မှု အနည်းငယ်ရှိလာခြင်း" ၏ ဥပမာတစ်ခုဖြစ်ကြောင်း Newsmax ရုပ်သံအစီအစဉ်တင်ဆက်သူက ထောက်ပြပြောဆိုသွားသည်။
21 сент., 22:42

ABC၊ CBS၊ Fox News နှင့် NBC တို့သည် ကုလသမဂ္ဂအထွေထွေညီလာခံ (UNGA) တွင် ပြောကြားမည့် သမ္မတ ထရမ့်၏ မိန့်ခွန်းအပါအဝင် ၎င်း၏လှုပ်
ABC၊ CBS၊ Fox News နှင့် NBC တို့သည် ကုလသမဂ္ဂအထွေထွေညီလာခံ (UNGA) တွင် ပြောကြားမည့် သမ္မတ ထရမ့်၏ မိန့်ခွန်းအပါအဝင် ၎င်း၏လှုပ်ရှားမှုများကို ပူးပေါင်းသတင်းယူတင်ဆက်ခြင်းကို စုပေါင်းဆိုင်းငံ့လိုက်ကြပြီ ဖြစ်သည်။ ယခုကဲ့သို့ ဆိုင်းငံ့လိုက်ခြင်းမှာ CNN၊ MS NOW နှင့် Politico တို့အား အိမ်ဖြူတော်သို့ သတင်းဝင်ရောက်ယူခွင့်ကို ထရမ့်က ပိတ်ပင်လိုက်ခြင်းကြောင့် ဖြစ်သည်။ အဆိုပါ သတင်းဌာနသုံးခုကလည်း သမ္မတကို တရားစွဲဆိုသွားမည်ဟု ကြေညာထားသည်။ White House Pool (အိမ်ဖြူတော်သတင်းအဖွဲ့) ဆိုသည်မှာ သမ္မတ သွားလေရာသို့ အမြဲမပြတ်လိုက်ပါပြီး ကမ္ဘာတစ်ဝန်းရှိ အခြားသတင်းဌာနများအတွက် သမ္မတ၏ လှုပ်ရှားမှု သတင်းများကို တာဝန်ယူရယူပေးရသည့် သတင်းဌာန ၅ ခုပါဝင်သော သတင်းအဖွဲ့ငယ်တစ်ခု ဖြစ်သည်။ ထိုအဖွဲ့တွင် လက်ရှိအားဖြင့် CNN၊ ABC၊ CBS၊ Fox News နှင့် NBC တို့ ပါဝင်ကြသည်။ ကုလသမဂ္ဂ အထွေထွေညီလာခံ၌ ပူးပေါင်းသတင်းယူရန် တာဝန်ကျထားသူမှာ CNN ဖြစ်သော်လည်း အိမ်ဖြူတော် သတင်းအဖွဲ့တစ်ခုလုံးက ထိုပွဲကို သပိတ်မှောက်လိုက်ကြပြီ ဖြစ်သည်။
21 сент., 22:40

ဘာသာရေးမြင့်မြတ်သည့်မက္ကါမြို့ကိုဟူသီများကတိုက်ခိုက်ရန်ကြံစည်နေကြောင်းဆော်ဒီကစွပ်စွဲ NOM ဆော်ဒီထောက်လှမ်းရေးကအီရန်ကျောထောက်နောက်ခံပေးထားသောယီမင်ဟူသီများသည်ဘာသာရေးအထွတ်အမြတ်မြို့ဖြစ်သောမက္ကါကိုတိုက်ခိုက်ရန်ကြံစည်နေကြောင်း The Global Eye သတင်းဌာနသို့ပြောကြားလိုက်သည်။ဆော်ဒီအစိုးရသည်လွန်ခဲ့သော၁၀နှစ်ကစပြီးယီမင်ဟူသီများကိုချေမှုန်းနေသော်လည်းဟူသီများသည်အင်အားပိုကေါင်းလာကါဆော်ဒီကိုပဲ့ထိန်းဒုံးကျည်များဖြင့်တိုက်ခိုက်လာနိုင်ရုံသာမကယီမင်နိုင်ငံ၏ကမ်းရိုးတန်းဒေသများကိုပါထိန်းချုပ်လာနိုင်သည်အထိအင်အားကြီးထွားလာခဲ့သည်။
21 сент., 13:07

AIမီားယွင်းမှုကအမေရိကန်နှင့်တရုတ်စစ်ဖြစ်လုနီးပါးဖြစ်ခဲ့ NOM ဥာဏ်ရည်တု AI၏မှားယွင်းမှုက အမေရိကန်တပ်များကို တရုတ်သင်္ဘောတစ်စင်းပေါ်သို့ စေလွှတ်လုနီးပါးဖြစ်ခဲ့ကြောင်း CNN သတင်းဌာနက ဖော်ပြခဲ့သည်။ ယခုနွေဦးရာသီတွင် အီရန်နှင့်စစ်ပွဲအတွင်း အမေရိကန်ထောက်လှမ်းရေးအစီရင်ခံစာတစ်စောင်က တရုပ်သင်္ဘောသည် နျူကလီးယားလက်နက်အစီအစဉ်အတွက် အစိတ်အပိုင်းများကို သယ်ဆောင်လာကြောင်း စွပ်စွဲခဲ့သည်။ လက်နက်ကိုင်တပ်ဖွဲ့ဝင်များသည် သင်္ဘောပေါ်သို့တက်ရန် ပြင်ဆင်နေကြပြီး အမေရိကန်လေယာဉ်များသည်လည်း လေ ထဲတွင်ရှိနှင့်ပြီးဖြစ်သည်။ ထို့နောက် စစ်ဆင်ရေးမစတင်မီတွင် အရာရှိများက ထောက်လှမ်းရေးမှားယွင်းနေကြောင်း တွေ့ရှိခဲ့သည်။ အစီရင်ခံစာကို AI အကူအညီဖြင့် ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး chatbot သည် ကုန်တင်ကုန်ချမှုကို မှားယွင်းစွာဖော်ပြခဲ့သည်။ ရင်းမြစ်တစ်ခုက ၎င်းကို “လုံးဝမှားယွင်းသည်” ဟုခေါ်ဆိုပြီး “စစ်ပွဲတစ်ခုစတင်လုနီးပါး” ဟု ပြောကြားခဲ့သည်။ အရာရှိများကို စိုးရိမ်စေခဲ့သည်မှာ အမှားမည်မျှရောက်ရှိသွားပြီဖြစ်သည်။ AI သည် open-source ပစ္စည်းများကို လျှို့ဝှက်ထောက်လှမ်းရေးနှင့် ပေါင်းစပ်ပြီးနောက် မှားယွင်းသောနိဂုံးချုပ်ချက်ကို ပုံမှန်စစ်ရေးအစီရင်ခံစာတစ်ခုအဖြစ် ဖော်ပြရန်ကူညီပေးခဲ့သည်။ ပင်တဂွန်သည် ထောက်လှမ်းရေးခွဲခြမ်းစိတ်ဖြာမှုနှင့် ပစ်မှတ်ထားတိုက်ခိုက်မှုတွင် AI အသုံးပြုမှုကို အလျင်အမြန်တိုးချဲ့လာသည်နှင့်အမျှ အခြားနေရာများတွင် အလားတူ AI အလွဲများ ပေါ်ပေါက်လာကြောင်း CNN သတင်းဌာနက ပြောကြားခဲ့သည်။ ထိုကဲ့သို့သော AIထောက်လှမ်းရေးမှားယွင်းမှုများသည် အီရန်နိုင်ငံ၊ မီနက်မြို့ရှိ ကျောင်းတစ်ကျောင်းကို ဗုံးကြဲတိုက်ခိုက်မှုကို ဖြစ်ပေါ်စေခဲ့ပြီး အနည်းဆုံး ကျောင်းသား ၁၂၀ သေဆုံးခဲ့ရသည်။
21 сент., 12:02

ဆော်ဒီအာဏာပိုင်များကလိင်သူဌေးကြီးဂျက်ဖရီစတိန်းကိုမက္ကါရှိမြင့်မြတ်သောနေရာကိုဖုံးအုပ်သည့်အဝတ်စသုံးခုပေးခဲ့ဟုဟူသီခေါင်းဆောင်ကပြော NOM ယီမင်ဟူသီခေါင်းဆောင် အဗ္ဗဒူလ်-မာလစ် အယ်လ်-ဟူသီသည် ထူးခြားသော ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့ပြီး ဆော်ဒီအာဏာပိုင်များသည် ထောင်အတွင်းသတ်သေသွားသောလိင်ကုန်သည်သူဌေးဂျက်ဖရီ အက်ပ်စတိန်းအား မက္ကါရှိမြင့်မြတ်သောနေရာ(ကအ်ဘာကိုဖုံးအုပ်သည့်အဝတ်စတစ်စ(ကစ်ဝါဟ်အပိုင်းအစတစ်ခု)ကို ပေးအပ်ခဲ့ပြီး နောက်ပိုင်းတွင် ဂျက်ဖရီစတိန်းက“ဆိုးယုတ်သော ကိစ္စများ” တွင် အသုံးပြုခဲ့သည်ဟု ပြောကြားခဲ့သည်။ မှတ်တမ်းများအရ အက်ပ်စတိန်းသည် ကအ်ဘာနှင့် ဆက်စပ်နေသော ပစ္စည်းသုံးမျိုးကို လက်ခံရရှိခဲ့ပြီး ၎င်းတွင် ၎င်း၏ အပြင်ဘက်ကို ဖုံးအုပ်ထားသော ကစ်ဝါဟ်တစ်ခု ပါဝင်ကြောင်း ဧပြီလတွင် နယူးယောက်တိုင်းမ်သတင်းစာက ဖော်ပြခဲ့သည်။
21 сент., 11:52

အွန်လိုင်းလိမ်လည်မှု (Telecom Fraud)နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် အင်ဒိုနီးရှားနိုင်ငံသား တစ်ဦး မြန်
+2
အွန်လိုင်းလိမ်လည်မှု (Telecom Fraud)နှင့်  ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့်  အင်ဒိုနီးရှားနိုင်ငံသား တစ်ဦး မြန်မာ - ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ ထပ်မံလွှဲပြောင်းပေးအပ် NOM
21 сент., 11:05

တပ်မတော်အရာရှိကြီးများအား တွေ့ဆုံ၍ လုပ်ငန်းတာဝန်များကို စိတ်ဓာတ်၊ စည်းကမ်း၊ ခံယူချက်ကောင်းမွန်စွာဖြင့် ထမ်းဆောင်ရန် မှာကြား စ
+2
တပ်မတော်အရာရှိကြီးများအား တွေ့ဆုံ၍ လုပ်ငန်းတာဝန်များကို စိတ်ဓာတ်၊ စည်းကမ်း၊ ခံယူချက်ကောင်းမွန်စွာဖြင့် ထမ်းဆောင်ရန် မှာကြား စက်တင်ဘာ ၂၁၊ ၂၀၂၆ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းသည် စက်တင်ဘာ ၂၁ ရက် မွန်းလွဲပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဝန်းအတွင်းရှိ ရုံးဌာနအသီးသီးမှ တပ်မတော်အရာရှိကြီးများအား နေပြည်တော် ဇေယျာသီရိဗိမာန်ခန်းမ၌ တွေ့ဆုံ၍ အမှာစကားပြောကြားသည်။ အမှာစကားပြောကြားရာတွင် တပ်မတော်အရာရှိကြီးများအနေဖြင့် လုပ်ငန်းတာဝန်များကို စိတ်ဓာတ်၊ စည်းကမ်းနှင့် ခံယူချက်ကောင်းမွန်စွာဖြင့် ကြိုးပမ်းထမ်းဆောင်ကြရန်၊ မိမိတို့အဖွဲ့အစည်းနှင့်သက်ဆိုင်သည့် ဘာသာရပ်များနှင့် လုပ်ငန်းများကို Professional ကျကျ ကျွမ်းကျင်ပိုင်နိုင်စေရန် အမြဲမပြတ် လေ့လာဆည်းပူးကြရန် မှာကြားခဲ့ကြောင်းသိရသည်။
21 сент., 11:01

လားရှိုးမြို့တွင် ငွေကျပ် ၁,၆၂၅.၈၅ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ စက်တင်ဘာ ၂၁၊ ၂၀၂၆ စက်တင်ဘာလ ၁၇ ရက်နေ့ ၁၉၁၅ အချ
လားရှိုးမြို့တွင် ငွေကျပ် ၁,၆၂၅.၈၅ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ စက်တင်ဘာ ၂၁၊ ၂၀၂၆ စက်တင်ဘာလ ၁၇ ရက်နေ့ ၁၉၁၅ အချိန် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ လားရှိုးမြို့၊ ရပ်ကွက်(၁၂)၊ ဈေးတန်းလမ်းနေ စိုင်းရွှေအောင်(ခ)စိုင်းလုံ ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ မနန်းအုန်းကြည်(ခ)အေးအောင် အားတွေ့ရှိပြီး နေအိမ်အတွင်းမှ ဘိန်းဖြူ အလေးချိန် ၅ ဂရမ်(ဒေသကာလတန်ဖိုးငွေကျပ် ၁ သိန်း)၊ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် Happy Water အလေးချိန် ၂.၉၀၅ ကီလို(ဒေသကာလတန်ဖိုးငွေကျပ် ၁,၃၀၇.၂၅ သိန်း)၊ အိုက်စ်(မက်သ်အဖက်တမင်း)အလေးချိန် ၉၀၀ ဂရမ်(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၁၈၀)၊ အက်တက်စီဆေးပြား ၅၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ် ၁၂၅ သိန်း)၊ Happy Water ပြုလုပ်ရာတွင်အသုံးပြုသည့် အဖြူရောင်အမှုန့် ၃၆၀ ဂရမ်(ဒေသကာလတန်ဖိုးငွေကျပ် ၁၂.၆ သိန်း)၊ လက်ကိုင်ဖုန်း ၁ လုံး၊ ဆက်စပ်ပစ္စည်းများနှင့်အတူ တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် စိုင်းရွှေအောင်(ခ)စိုင်းလုံ (၆၄) နှစ် နှင့် မနန်းအုန်းကြည်(ခ)အေးအောင် (၆၀) နှစ်တို့အား လားရှိုးနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိသည်။
21 сент., 10:58

ရန်ကင်းမြို့နယ် အုတ်စီကန်(သဘာဝရေကန်)တွင်အမျိုးသားနှစ်ဦးရေနစ်သေဆုံး NOM၊စက်တင်ဘာ၂၁၊၂၀၂၆ ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်၊ (၁၁)ရ
ရန်ကင်းမြို့နယ် အုတ်စီကန်(သဘာဝရေကန်)တွင်အမျိုးသားနှစ်ဦးရေနစ်သေဆုံး NOM၊စက်တင်ဘာ၂၁၊၂၀၂၆ ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်၊ (၁၁)ရပ်ကွက်၊ ညောင်ပင်သာလမ်းရှိ အုတ်စီကန်(သဘာဝရေကန်)တွင် ယနေ့စက်တင်ဘာ၂၁ရက်ညနေ ၄နာရီ၁၈မိနစ်ခန့်ကအမျိုးသား နှစ်ဦးရေနစ်သေဆုံးခဲ့ကြောင်းမီးသတ်တပ်ဖွဲ့မှသတင်းထုတ်ပြန်ထား သည်။ အမျိုးသား(၂)ဦး ရေနစ်ပျောက်ဆုံးနေကြောင်း သတင်းရရှိသဖြင့် ရန်ကင်းမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာညနေ၄နာရီ၃၆မိနစ်တွင်အမျိုးသားတစ်ဦးရုပ်အလောင်းအားရှာဖွေတွေ့ရှိခဲ့ပြီးကျန်တစ်ဦးအားဆက်လက်ရှာဖွေရာညနေ ၅နာရီ ၃၁မိနစ်တွင်တွေ့ရှိခဲ့ကြောင်းသိရသည်။ သေဆုံးသူ၏ရုပ်အလောင်းများအားမိုးစေတနာပရဟိတအသင်းယာဉ်နှင့်မြတ်မေတ္တာလူမှုကူညီရေးအသင်းမှယာဉ်တို့ဖြင့်သင်္ဃန်းကျွန်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
21 сент., 08:13

ပါမောက္ခချုပ်ဆရာတော်ကြီး၏ ဘွဲ့အမည်ကိုအလွဲသုံး စားပြု၍ ငွေကြေးလိမ်လည်ကောက်ခံမှုများရှိနေ သတိပြုကြရန် အနီးကပ်ကပ္ပိယအဖွဲ့သတိပေး
ပါမောက္ခချုပ်ဆရာတော်ကြီး၏ ဘွဲ့အမည်ကိုအလွဲသုံး စားပြု၍ ငွေကြေးလိမ်လည်ကောက်ခံမှုများရှိနေ သတိပြုကြရန် အနီးကပ်ကပ္ပိယအဖွဲ့သတိပေး NOM
21 сент., 07:48

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ဟားခါးမြို့ ပင်စင်လာရောက်ထုတ်ယူသော နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအား ဆေးကုသ
+5
ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ဟားခါးမြို့ ပင်စင်လာရောက်ထုတ်ယူသော နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအား ဆေးကုသမှုဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေး   စက်တင်ဘာ ၂၁၊ ၂၀၂၆   ဟားခါးမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ယနေ့တွင် ပင်စင်လာရောက် ထုတ်ယူသော နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအား ချင်းပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနမှူး ဒေါက်တာချမ်းငြိမ်းမောင် ဦးဆောင်မှုဖြင့် ဟားခါးမြို့ ခုတင် (၃၀၀) ဆံ့ ပြည်သူ့ဆေးရုံးကြီးမှ အထူးကုဆရာဝန်ကြီးများပါဝင်သော ဆေးကုသမှုအဖွဲ့က ဆေးကုသမှုဆောင်ရွက်ပေးသည်။   ကျန်းမာရေးဝန်ကြီးဌာနနှင့် ချင်းပြည်နယ်အစိုးရအဖွဲ့တို့၏ လမ်းညွှန်ချက်အရ ချင်းပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ယခုကဲ့သို့ ဟားခါးမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက်ထုတ်ယူကြသော နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအား ကွင်းဆင်း၍ ဆေးကုသပေးခြင်းဖြစ်ပြီး ထိုသို့ ဆေးကုသပေးနေမှုကို ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ဒိမ်ခန့်လွင်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက အဖွဲ့ဝင်က သွားရောက်ကြည့်ရှုအားပေးကာ ပင်စင်လာရောက်ထုတ်ယူနေကြသည့် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအား ကြက်ဥများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
21 сент., 07:18

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် “ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု မှသည် နိုင်ငံထုတ်ကုန် တိ
+9
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် “ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု မှသည် နိုင်ငံထုတ်ကုန် တိုးတက်မှုသို့” အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြား ပထဝီအနေအထားအရ ရရှိထားသည့် အားသာချက်များကို ထိရောက်စွာအသုံးချပြီး ပြည်တွင်းစားရေရိက္ခာ ဖူလုံရေးအပြင် အရည်အသွေးမြင့် လယ်ယာထွက်ကုန်များ ထုတ်လုပ်ကာ ဒေသတွင်းနှင့် ကမ္ဘာ့ ဈေးကွက်များကို ထိုးဖောက်နိုင်ရေးကို အလေးထား ဆောင်ရွက်ကြရန်လိုအပ်ကြောင်းထည့်သွင်းပြောကြား နေပြည်တော်၊စက်တင်ဘာ-၂၁ “ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု မှသည် နိုင်ငံထုတ်ကုန် တိုးတက်မှုသို့” အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်းဗင်းရှင်း ဗဟိုဌာန-၁ (MICC-1) ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက် အမှာစကား ပြောကြားသည်။
21 сент., 06:47

ဒုတိယဝန်ကြီး ဦးခင်လတ်ကြီး တောင်ကြီးမြို့ရှိ သတ္တုတွင်းဦးစီးဌာန ရုံးအဆောက်အအုံ ပြိုကျပျက်စီးမှု သွားရောက်ကြည့်ရှုစစ်ဆေး စက်တင်
ဒုတိယဝန်ကြီး ဦးခင်လတ်ကြီး တောင်ကြီးမြို့ရှိ သတ္တုတွင်းဦးစီးဌာန ရုံးအဆောက်အအုံ ပြိုကျပျက်စီးမှု သွားရောက်ကြည့်ရှုစစ်ဆေး စက်တင်ဘာ ၂၁၊ ၂၀၂၆ စက်တင်ဘာ ၁၉ ရက်က မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ သတ္တုတွင်းဦးစီးဌာန ရုံးဝင်း၏ နောက်ကျောဘက်တောင် ကမ်းပါးပေါ်မှ ခန့်မှန်းအလျား ပေ ၆၀၊ အနံ ပေ ၂၀၊ အမြင့် ၁၂ ပေရှိသည့် ကျောက်တုံးသည် မြေသားမတည်ငြိမ်မှုကြောင့် အောက်ဖက်သို့ လိမ့်ကျခဲ့ပြီး အဆိုပါရုံးမှ အုပ်ညှပ်တစ်ထပ်ရုံးကို ဝင်ရောက်တိုက်မိကာ ရုံးအတွင်းရှိ ရုံးသုံးကွန်ပျူတာနှင့် ရုံးသုံးပစ္စည်းများ အပါအဝင် ရုံးအဆောက်အအုံ တစ်ခုလုံး ပြိုကျပျက်စီးမှု ဖြစ်ပေါ်ခဲ့သည်။ အဆိုပါရုံး ပြိုကျပျက်စီးခဲ့မှု အခြေအနေကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်လတ်ကြီးသည် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဘူမိဗေဒပညာရှင်များနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှုစစ်ဆေးသည်။ ထိုသို့သွားရောက်ကြည့်ရှုစဉ် ရုံးပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် စပ်လျဉ်း၍ ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်းပြီး အဆိုပါရုံးရှိ ဝန်ထမ်းများနှင့် မိသားစုဝင်များကိုလည်း တွေ့ဆုံအားပေးစကား ပြောကြားခဲ့သည်။ ဆက်လက်၍ ဒုတိယဝန်ကြီးသည် ကျောက်တုံးပြိုကျမှုဖြစ်ခဲ့သည့် နေရာကို သွားရောက်ကြည့်ရှုပြီး မြေသားကြံ့ခိုင်မှု အားနည်းသောနေရာများကို ဘူမိဗေဒပညာရှင်များက မြေပြင်ကွင်းဆင်း တိုင်းတာစစ်ဆေး၍ တွေ့ရှိချက်နှင့် သုံးသပ်အကြံပြုချက်များ ဆောလျင်စွာတင်ပြသွားရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
21 сент., 02:13

ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် တွင်ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည်နောက်၁၈ နာရီတွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်ရောက်ရှိနိုင် NOM၊စက်တင်ဘာ၂၁၊၂၀၂၆ မြန်မာနိုင်ငံ၊ မြစ်ဝကျွန်းပေါ် ကမ်းလွန်အနီး (ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်း)တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည်နောက် ၁၈ နာရီ အတွင်း ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်(Depression)အဖြစ် သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝ သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့(စက်တင်ဘာ ၂၁ရက်) နံနက်၁၀နာရီခွဲတွင် သတင်းထုတ်ပြန်ထားကြောင်းသိရသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် အနောက် မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး နောက် ၁၈ နာရီအတွင်း ပိုမိုအားကောင်းလာကာ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် မုန်တိုင်းငယ် (Depression) အဖြစ်သို့လည်းကောင်း၊ နောက် ၃၆ နာရီအတွင်း ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် အားကောင်းသော မုန်တိုင်းငယ် (Deep Depression) အဖြစ်သို့လည်းကောင်းရောက်ရှိနိုင်ပြီး အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ကာ နောက် ၇၂ နာရီ အတွင်းဘင်္ဂလားပင်လယ်အော်အနောက်အလယ် ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်း (အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်တောင်ပိုင်း - အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်းကမ်းခြေ)တို့သို့ ရောက်ရှိနိုင်သည်ဟုသတင်းထုတ်ပြန်ထားကြောင်းသိရသည်။ မုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုနိုင် ပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုရှောင်ရှား နိုင်ပါရန်လည်း အဆိုပါဌာနက အသိပေးနှိုးဆော်ထားကြောင်းသိရသည်။
21 сент., 02:13

ဟူသီတို့က အယ်လ်-တာဘား မှ ၁၅ ကီလိုမီတာကွာရှိ မဟာဗျူဟာမြောက် တောင်ကုန်းကို သိမ်းပိုက် — တာအိဇ် မြို့ ပိတ်ဆို့ဝိုင်းရံခံရတော့မည်
+1
ဟူသီတို့က အယ်လ်-တာဘား မှ ၁၅ ကီလိုမီတာကွာရှိ မဟာဗျူဟာမြောက် တောင်ကုန်းကို သိမ်းပိုက် — တာအိဇ် မြို့ ပိတ်ဆို့ဝိုင်းရံခံရတော့မည် ဟူသီတပ်ဖွဲ့များသည် တာအိဇ်–အေဒင် (Taizz–Aden) လမ်းမကြီးပေါ်ရှိ အဓိကမြို့ကြီးတစ်မြို့ဖြစ်သော အယ်လ်-တာဘား (Al-Turbah) ၏ အနောက်ဘက် ၁၅ ကီလိုမီတာအကွာတွင် တည်ရှိသည့် မဟာဗျူဟာမြောက် စခန်းတစ်ခုဖြစ်သော ဂျာဘယ် ရာဆင်း (Jabal Rasin) တောင်ကုန်းကို သိမ်းပိုက်လိုက်ပြီဖြစ်သည်။ ဟူသီအဖွဲ့သည် အယ်လ်-တာဘား အထိ ဆက်လက် ထိုးစစ်ဆင်နိုင်ပါက တာအိဇ် မြို့သို့ သွားရာ နောက်ဆုံးကျန်ရှိသော လမ်းကြောင်း ပိတ်ဆို့သွားမည်ဖြစ်သည်။ ထိုသို့ ဖြစ်လာပါက တာအိဇ် မြို့မှာ ဝိုင်းရံခံရမည်ဖြစ်ပြီး မြို့တွင်းရှိ ဆော်ဒီ ကျောထောက်နောက်ခံပြု တပ်ဖွဲ့များအတွက် ထောက်ပံ့ရေး လမ်းကြောင်းလုံးဝ မရှိတော့ဘဲ ပြတ်တောက်သွားမည်ဖြစ်သည်။ ယခု ဖြစ်စဉ်သည် ဂျာဘယ် ဟာဘာရှီ (Jabal Habashi) တွင် ထိုးဖောက်အောင်မြင်ခဲ့မှုနှင့် နောက်ဆုံးဝင်ပေါက်ကို ခြိမ်းခြောက်ထားပြီးဖြစ်သည့် ဂျာဘယ် ဂျာဒတ် (Jabal Jirdad) ကို ဆက်လက်ထိန်းချုပ်ထားနိုင်ခဲ့မှုတို့၏ နောက်ဆက်တွဲ ဖြစ်ရပ်ဖြစ်သည်။
21 сент., 02:12

ဗန်းမော်မှ စုန်ဆင်းလာသော ရေယာဉ်အုပ်စု မန္တလေးဆိပ်ကမ်းသို့ဆိုက်ကပ် စက်တင်ဘာ ၂၁၊ ၂၀၂၆
+9
ဗန်းမော်မှ စုန်ဆင်းလာသော ရေယာဉ်အုပ်စု မန္တလေးဆိပ်ကမ်းသို့ဆိုက်ကပ် စက်တင်ဘာ ၂၁၊ ၂၀၂၆
21 сент., 02:08

မကြာမီကာလတွင် 5G စနစ်များ စတင်အသုံးပြုနိုင်တော့မည် စက်တင်ဘာ ၂၁၊ ၂၀၂၆ မကြာမီကာလတွင် 5G စနစ်များ စတင်အသုံးပြုနိုင်တော့မည်ဖြစ်ကြ
မကြာမီကာလတွင် 5G စနစ်များ စတင်အသုံးပြုနိုင်တော့မည် စက်တင်ဘာ ၂၁၊ ၂၀၂၆ မကြာမီကာလတွင် 5G စနစ်များ စတင်အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသက်ဝင်းအောင်က စက်တင်ဘာ ၁၉ ရက်က ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ် ဟံသာဝတီရုံး၌ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေသည့် မိုဘိုင်းတယ်လီဖုန်း အော်ပရေတာများ၊ အင်တာနက်ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။ ထို့ပြင် ရန်ကုန်မြို့ရှိ ရှုပ်ထွေးကေဘယ်လ်များကို အဆင့်အလိုက် ရှင်းလင်းဆောင်ရွက်နေသည့် လုပ်ငန်းတွင် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားခဲ့သည်။ တွေ့ဆုံပွဲအပြီးတွင် တယ်လီဖုန်းအော်ပရေတာ MyTel ရုံးတွင် ဒေတာစင်တာလုပ်ငန်းများ ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့အတူ စက်တင်ဘာ ၂၀ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ ပျဉ်ထောင်ကျောင်းကျေးရွာရှိ ဂြိုဟ်တုဆက်သွယ်ရေးမြေပြင်စခန်း၊ အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်း ရေဒီယိုစခန်းများ၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေ၊ ပုဇွန်တောင်မြို့နယ် ဆက်သွယ်ရေးသင်တန်းကျောင်း၌ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ဝန်ထမ်းများ၏ လုပ်ငန်းကျွမ်းကျင်မှု အရည်အသွေး မြင့်မားစေရေးအတွက် နှစ်အလိုက် သင်တန်းအစီအစဉ်များ စနစ်တကျရေးဆွဲ ဆောင်ရွက်မှု၊ လက်တွေ့လေ့ကျင့်သည့် စက်ပစ္စည်းများ၊ သင်တန်းတွင် ဒီဂျစ်တယ် အွန်လိုင်းနည်းပညာများဖြင့် သင်ကြားပို့ချမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆိုင်ရာများ မှာကြားသည်။ ဆက်လက်၍ ဗိုလ်တထောင်မြို့နယ်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ဗဟိုပစ္စည်းသိုလှောင်ရေးစခန်းကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး စက်ပစ္စည်းများ စနစ်တကျ သိုလှောင်ထားရှိရေး၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြန့်ဖြူးပို့ဆောင်သုံးစွဲရေးတို့နှင့် စပ်လျဉ်း၍ မှာကြားခဲ့ကြောင်း သိရသည်။
21 сент., 02:05

ထရန့် စိတ်တိုဒေါသထွက်နေ Wall Street Journal သတင်းဌာန၏ ဖော်ပြချက်အရ သမ္မတ ထရန့်သည် နိုင်ငံရေးနှင့် ဥပဒေရေးရာ အခက်အခဲများကြောင့
ထရန့် စိတ်တိုဒေါသထွက်နေ Wall Street Journal သတင်းဌာန၏ ဖော်ပြချက်အရ သမ္မတ ထရန့်သည် နိုင်ငံရေးနှင့် ဥပဒေရေးရာ အခက်အခဲများကြောင့် စိတ်ပျက်အားလျော့မှုများ တိုးပွားနေပြီး၊ ၎င်း၏ ဆောင်ရွက်ချက်များကို လူအများရှေ့တွင် လာရောက်ကာကွယ်ပေးသည့် မဟာမိတ် အရေအတွက် နည်းပါးလွန်းသည်ဟု ယူဆနေသည်။ ၎င်း၏ ကိုယ်ပိုင် အုပ်ချုပ်ရေးအဖွဲ့အပေါ် အပျက်သဘောဆောင်သည့် ရုပ်မြင်သံကြား သတင်းများကို ကြည့်ရှုခဲ့ရပြီးနောက် ၎င်း၏ ဒေါသများ ပိုမိုပြင်းထန်လာခဲ့ပြီး၊ နာရီပိုင်းအကြာတွင် MS NOW၊ CNN နှင့် Politico သတင်းဌာနများကို အိမ်ဖြူတော်သို့ သတင်းယူခွင့် တားမြစ်ပိတ်ပင်ခဲ့သည်။ ဒေါသထွက်ရသည့် အကြောင်းအရင်းများ - ထောက်ခံမှုနှုန်းထားများ ကျဆင်းလာခြင်းနှင့် ကြားဖြတ်ရွေးကောက်ပွဲတွင် ရီပတ်ဘလစ်ကန်ပါတီ၏ စွမ်းဆောင်ရည်အပေါ် စိုးရိမ်မှုများရှိနေခြင်း။ အီရန်စစ်ပွဲနှင့် စွမ်းအင်စျေးနှုန်းများ မြင့်တက်လာမှုအပေါ် မဲဆန္ဒရှင်များ၏ စိတ်ပျက်ဒေါသထွက်မှုများ။ ကနေဒီစင်တာ (Kennedy Center) ကို ပြန်လည်ပြုပြင်မွမ်းမံရန် ကြိုးပမ်းခဲ့မှုအတွက် ထင်ရှားသူများက ၎င်းအား ကျေးဇူးတင်စကား မပြောဆိုကြဟု ငြီးတွားမှုများ။ ၎င်း၏ ဒုတိယသက်တမ်း အုပ်ချုပ်ရေးမှတ်တမ်းကို မဟာမိတ်များက လူအများရှေ့တွင် မကာကွယ်ပေးကြဆိုသည့် ယူဆချက်များ။ ၎င်း၏ အုပ်ချုပ်ရေးအဖွဲ့သည် နိုဝင်ဘာ ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ ကြွားလုံးထုတ်စရာ နိုင်ငံခြားရေးမူဝါဒ အောင်မြင်မှုများကို လိုက်လံရှာဖွေနေပြီး၊ လွန်ခဲ့သော သီတင်းပတ်အနည်းငယ်အတွင်း ထိုပုံစံကို ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ရသည် - အမေရိကန်အား လုံခြုံရေးဆိုင်ရာ အမြဲတမ်းထိန်းချုပ်ခွင့် ပေးအပ်သည့် ဂရင်းလန်း သဘောတူညီချက်နှင့် နောက်ဆက်တွဲ စစ်တပ်ဖြန့်ကျက်မှု — ဒါဟာ တကယ် မဟာဗျူဟာမြောက် ပြောင်းလဲမှုထက်စာရင် နိုင်ငံရေးအရ ဟန်ပြလုပ်ဆောင်မှုတစ်ခုသာ ဖြစ်သည်။ အီရန်နိုင်ငံ ပျက်စီးသွားပြီဆိုသော ထပ်မံကြွေးကြော်မှုများ — သို့သော် အီရန်၏ ပိတ်ဆို့ထားမှုက တည်ရှိနေဆဲ၊ ရေလက်ကြားမှာ ပိတ်ထားဆဲဖြစ်ပြီး အီရန်ကပင် ဆွေးနွေးပွဲများအတွက် စည်းကမ်းချက်များ သတ်မှတ်နေသည်။ ဟူသီတို့၏ ထိုးစစ်ဆင်မှုများကြောင့် စိုးရိမ်ပူပန်မှုများ တိုးပွားလာခြင်း — ထရန့်သည် စစ်ရှုံးနေသော ဆော်ဒီမဟာမိတ်ကို ကူညီနိုင်မည့် နည်းလမ်းများ ရှာဖွေရန်အတွက် Camp David ကမ့်ပ်ဒေးဗစ် စစ်စခန်းတွင် သွားရောက်တည်းခိုမှုကို ခပ်စောစော ရပ်တန့်ခဲ့ရသည်။ ထရန့်အုပ်ချုပ်ရေးအဖွဲ့နှင့် ၎င်း၏ ပါတီအတွက် အခြေအနေများ ပိုမိုဆိုးရွားလာခြင်းကို မည်သည့်အရာကမျှ တားဆီးနိုင်ခြင်း မရှိပါ။ လောင်စာဆီစျေးနှုန်းများ စံချိန်တင် မြင့်တက်လာပြီး ပြည်ပတွင် အမေရိကန်၏ စစ်ရေးသဩဇာ ပုံရိပ်ကျဆင်းလာသည်နှင့်အမျှ သမ္မတ၏ ထောက်ခံမှုနှုန်းထားများသည်လည်း ထိုအတိုင်းပင် လိုက်ပါကျဆင်းလျက်ရှိသည်။ ဆိုးရွားသည့် သံသရာစက်ဝိုင်းသည် ပိုမိုတင်းကြပ်လာနေပြီး ထိုအချက်ကို ၎င်းကိုယ်တိုင်လည်း သိရှိနေသည်။
21 сент., 02:04

System Breakdown ဖြစ်စဉ်များနှင့်စပ်လျဉ်း၍ မိဘပြည်သူများသို့ အသိပေး မေတ္တာရပ်ခံခြင်း
+5
System Breakdown ဖြစ်စဉ်များနှင့်စပ်လျဉ်း၍ မိဘပြည်သူများသို့ အသိပေး မေတ္တာရပ်ခံခြင်း
20 сент., 10:51

ဖလမ်းနေရပ်ပြန်ပြည်သူများ ဂုဏ်ပြုဖျော်ဖြေပွဲ အောင်မြင်စွာကျင်းပ စက်တင်ဘာ ၂၀၊ ၂၀၂၆ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား
+5
ဖလမ်းနေရပ်ပြန်ပြည်သူများ ဂုဏ်ပြုဖျော်ဖြေပွဲ အောင်မြင်စွာကျင်းပ စက်တင်ဘာ ၂၀၊ ၂၀၂၆ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် ဦးဆောင်မှုဖြင့် ဖလမ်းမြို့ နေရပ်ပြန်ပြည်သူများ၏ စိတ်ဒဏ်ရာများ ကုစားနိုင်ရန် ရည်ရွယ်သည့် ကြိုဆိုဂုဏ်ပြုဖျော်ဖြေပွဲကို စက်တင်ဘာ ၁၉ ရက်တွင် ဖလမ်းမြို့ ကျင်မှာလ်ရပ်ကွက်ရှိ မိုးလုံလေလုံအားကစားရုံ၌ ကျင်းပခဲ့သည်။ အခမ်းအနားတွင် နိုင်ငံကျော်တေးသံရှင် ထူးအယ်လင်းနှင့် ဒေသခံအဆိုရှင်များက တေးသီချင်းများဖြင့် ဖျော်ဖြေခဲ့ကြပြီး ဒေသခံယဉ်ကျေးမှုအဖွဲ့များက ဝါးညှပ်အက၊ ဇာန်ညက်ရိုးရာ ကောက်သစ်စားဒေါင်းပွီးအက၊ အမဲလိုက်အောင်ပွဲခံအကများနှင့် ကျောင်းသူလေးများက ခေတ်ပေါ်အကများဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။
20 сент., 10:51