ru
Feedback

Не попадитесь на канал ботавода! Telemetrio находит и помечает такие каналы 👉 Хотите видеть метку — оформите подписку

News Of Myanmar

News Of Myanmar

Открыть в Telegram

📈 Аналитический обзор Telegram-канала News Of Myanmar

Канал News Of Myanmar (@newsofmyanmar) языкового сегмента Бирманский является активным участником. Сейчас сообщество объединяет 11 494 подписчиков, занимая 16 799 место в категории Новости и СМИ и 10 308 место в регионе Мьянма.

📊 Показатели аудитории и динамика

С момента создания невідомо проект демонстрирует стремительный рост, собрав аудиторию из 11 494 подписчиков.

Согласно последним данным от 12 ноября, 2026, канал показывает стабильную активность. За последние 30 дней изменение числа участников составило -154, а за последние 24 часа — -7, при этом общий охват остаётся высоким.

  • Статус верификации: Не верифицирован
  • Уровень вовлечённости (ER): Средний показатель вовлечённости аудитории составляет 5.61%. В первые 24 часа после публикации контент обычно набирает 4.65% реакций от общего числа подписчиков.
  • Охват публикаций: В среднем каждый пост получает 645 просмотров. В течение первых суток публикация набирает 534 просмотров.
  • Реакции и взаимодействия: Аудитория активно поддерживает контент: среднее количество реакций на один пост — 10.

📝 Описание и контентная политика

Автор описывает ресурс как площадку для выражения субъективного мнения:
“News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ”

Благодаря высокой частоте обновлений (последние данные получены 13 ноября, 2026) канал поддерживает актуальность и высокий уровень охвата публикаций. Аналитика показывает, что аудитория активно взаимодействует с контентом, что делает его важной точкой влияния в категории Новости и СМИ.

11 494
Подписчики
-724 часа
-267 дней
-15430 дней
Архив постов
ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ကျော်ဟန် ဖလမ်းမြို့ ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများနှင့်တွေ့ဆုံ၊ ကလေး-ဖလမ်း-ဟားခါး လမ်း
+7
ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ကျော်ဟန် ဖလမ်းမြို့ ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများနှင့်တွေ့ဆုံ၊ ကလေး-ဖလမ်း-ဟားခါး လမ်းပိုင်း လမ်းဘေးဝဲယာ ချုံနွယ်များရှင်းလင်းမှုနှင့် ဌာနဆိုင်ရာရုံးပြုပြင်နေမှုများကို ကြည့်ရှုစစ်ဆေး

အခြားအကျဉ်းသားများကိုလည်း ဖုန်းဆက်ခွင့်ပြုနိုင်ရေး လူ့အခွင့်အရေးကော်မရှင်က ထောက်ပြသင့်ဟု ဦးလှဆွေ အကြံပြု နိုဝင်ဘာ ၅၊ ၂၀၂၆ ယနေ့ နိုဝင်ဘာ ၅ ရက်တွင် ကျင်းပသည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး နဝမနေ့၌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက အခြားသော အကျဉ်းသားများကိုလည်း ဖုန်းဆက်ခွင့်ရရှိစေရေးအတွက် လူ့အခွင့်အရေးကော်မရှင်အနေဖြင့် ထောက်ပြသင့်ကြောင်း အကြံပြုဆွေးနွေးပြောကြားခဲ့သည်။

ကိုရီးယားရောက် မြန်မာများ တရားမဝင်ဟွန်ဒီအသုံးပြုလျှင် အရေးယူခံရမည်
ကိုရီးယားရောက် မြန်မာများ တရားမဝင်ဟွန်ဒီအသုံးပြုလျှင် အရေးယူခံရမည်

လွှတ်တော်အသီးသီးတွင် လွှတ်တော်ကိုယ်စားလှယ်လစ်လပ်နေသော မဲဆန္ဒနယ်များအတွက် ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပမည့် နေ့ရက်သတ်မှတ်ကြေ
+2
လွှတ်တော်အသီးသီးတွင် လွှတ်တော်ကိုယ်စားလှယ်လစ်လပ်နေသော မဲဆန္ဒနယ်များအတွက် ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပမည့် နေ့ရက်သတ်မှတ်ကြေညာခြင်း။ နိုဝင်ဘာ ၅၊ ၂၀၂၆

ငပြီကျွန်းရှိ အကြမ်းဖက် AA သူပုန်များအား ရှာဖွေချေမှုန်းခြင်း (5-11-2026)
+1
ငပြီကျွန်းရှိ အကြမ်းဖက် AA သူပုန်များအား ရှာဖွေချေမှုန်းခြင်း (5-11-2026)

ဟူသီတို့ကဆော်ဒီထံမှစစ် လျော်ကြေး၅၁ဘီလီယံတောင်း NOM The Wall Street Journal သတင်းဌာန၏ ဖော်ပြချက်အရ အီရန်ကျောထောက်နောက်ခံပြု ယီမင် ဟူသီ အဖွဲ့သည် ဆော်ဒီအာရေးဗီးယားနိုင်ငံနှင့် တိုက်ခိုက်မှုများ ရပ်စဲရေးအတွက် အမေရိကန်ဒေါ်လာ ၅၁ ဘီလီယံ ပမာဏရှိသည့် မကြုံစဖူး စစ်လျော်ကြေး ပေးအပ်ရန်နှင့် ယီမင်နိုင်ငံ၏ တရားဝင် အုပ်ချုပ်သူအစိုးရအဖြစ် တရားဝင် အသိအမှတ်ပြုရန် တောင်းဆိုလိုက်သည်။ ဆော်ဒီ၏ နှစ်ရှည်လများ စစ်ရေးစစ်ဆင်ရေးများနှင့် ပိတ်ဆို့တားဆီးမှုများအတွက် လျှော်ကြေးပေးရန် ရည်ရွယ်ထားသည့် အဆိုပါ အဆိုပြုချက်သည် ဆော်ဒီအစိုးရအတွက် ကြီးမားသည့် နိုင်ငံရေး အကျပ်အတည်းတစ်ခု ဖြစ်လာစေသည်။ ဤတောင်းဆိုချက်များကို လိုက်လျောမိပါက နောက်ထပ် အကြပ်ကိုင် ဖိအားပေးမှုများအတွက် နမူနာကောင်း ဖြစ်သွားနိုင်သည့် စွန့်စားရမှု ရှိနေပြီး၊ တစ်ဖက်တွင်လည်း စစ်ရေးအရ ပြန်လည် အရှိန်မြှင့်တင်ပါက အထိအခိုက် ကျဆုံးမှု ပမာဏ များပြားခြင်းနှင့် ပြည်တွင်းရေးရာ နောက်ဆက်တွဲ ရိုက်ခတ်မှုများကို ရင်ဆိုင်ရဖွယ် ရှိနေသည်။ အိမ်ရှေ့စံ မင်းသား မိုဟာမက် ဘင် ဆာလမန် ကမူ စစ်ရေးအရ ပိုမို အသာစီးရသည့် အနေအထားကို မရရှိမချင်း ဘက်ပေါင်းစုံ ပါဝင်သော ဆွေးနွေးပွဲများကို စတင်ရန် ဆန္ဒမရှိဘဲ ငြင်းဆန်ထားဆဲ ဖြစ်သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ် အသိပေးကြေညာချက်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ် အသိပေးကြေညာချက်။

ဥရောပလေကြောင်းလိုင်းများဗုံးခြိမ်းခြောက်ခံရ NOM ဥရောပတစ်ဝန်း ခရီးသည်တင် လေယာဉ်များကို ပစ်မှတ်ထားသည့် ဗုံးခွဲမည်ဟု ခြိမ်းခြောက်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။ လေယာဉ်ပေါ်တွင် ဗုံးပါရှိသည်ဟု သတင်းပေးပို့ချက်များကြောင့် အနည်းဆုံး လေယာဉ် ၆ စီး အရေးပေါ် ဆင်းသက်ခဲ့ရကြောင်း သိရှိရသည်။ ဥရောပ မီဒီယာများ၏ ဖော်ပြချက်အရ အဆိုပါ ဖြစ်စဉ်အားလုံးသည် နိုဝင်ဘာလ ၅ ရက် နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ လေယာဉ် ၃ စီးမှာ ဘူဂေးရီးယားနိုင်ငံတွင် ဆင်းသက်ခဲ့ပြီး အခြားတစ်စီးမှာ ဘရပ်ဆဲလ် (Brussels) လေဆိပ်သို့ ဆင်းသက်ခဲ့သည်။ ဟယ်ဆင်ကီမှ ရောမသို့ ပျံသန်းသည့် Finnair လေယာဉ်တစ်စီးသည် အီတလီမြို့တော်တွင် ဆင်းသက်ခဲ့ရပြီး ဒပ်ဘလင်မှ ရောမသို့ ပျံသန်းသည့် Aer Lingus လေယာဉ်တစ်စီးမှာမူ ပြင်သစ်ရှိ စစ်ဘက်ဆိုင်ရာ စခန်းတစ်ခုသို့ လမ်းကြောင်းပြောင်း ဆင်းသက်ခဲ့ရသည်။

ရင်ခုန်သံ ရှင်ရေးကူညီမှူအသင်းအနေဖြင့်စက်သုံးဆီအခက်ခဲကြောင့် ဆေးရုံပြလူနာများ၊ ဆေးခန်းပြလူနာများနှင့်ခရီးဝေးပို့ဆောင်ရမည်လူနား
ရင်ခုန်သံ ရှင်ရေးကူညီမှူအသင်းအနေဖြင့်စက်သုံးဆီအခက်ခဲကြောင့် ဆေးရုံပြလူနာများ၊ ဆေးခန်းပြလူနာများနှင့်ခရီးဝေးပို့ဆောင်ရမည်လူနားများအားလိုက်ပါဆောင်ခြင်းရပ်နား NOM၊နိုဝင်ဘာ၅၊၂၀၂၆ ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့အတွင်းရှိရင်ခုန်သံ ရှင်ရေးကူညီမှူအသင်း အနေဖြင့်စက်သုံးဆီအခက်ခဲကြောင့်ယမန်နေ့(နိုဝင်ဘာ၄ ရက် )မှစ၍ ဆေးရုံပြလူနာများ၊ ဆေးခန်းပြလူနာများနှင့် ခရီးဝေးပို့ဆောင်ရမည်လူနားများအားလိုက်ပါပို့ဆောင်ပေးမည်မဟုက်တော့ကြောင်း ယင်းအသင်းမှဥက္ကဌဆရာတော် အရှင်တေဇမှ မိန့်ကြားခဲ့သည်။ ရင်ခုန်သံ ရှင်ရေးကူညီမှူအသင်းအနေဖြင့်စက်သုံးဆီအခက်ခဲကြောင့် ဆေးရုံပြလူနာများ၊ ဆေးခန်းပြလူနာများနှင့်ခရီးဝေးပို့ဆောင်ရမည်လူနားများအားပို့ဆောင်ပေးခြင်းရပ်နားခဲ့သော်လည်း နာရေးပို့ဆောင်ပေးခြင်းနှင့် Accident ဖြစ်စဉ်များမှ လူနာများ အသက်လုရသည့်အခြေအနေများအတွက် ပိုမို အားစိုက်ကူညီပေးမည်ဖြစ်ကြောင်းသိရသည်။ ရင်ခုန်သံရှင်ရေးကူညီမှူအသင်းကို ၂၀၂၁ ခုနှစ်မှ စ၍ အခမဲ့ ကူညီမှူလုပ်ငန်းများစွာဆောင်ရွက်ကူညီပေးခဲ့သည်မှာယခုအချိန်အထိလူမှုကူညီရေးလုပ်ငန်းများကိုဆောင်ရွက် ပေးနေကြောင်းသိရသည်။

အမေရိကန်ကြားဖြတ်ရွေးကေါက်ပွဲတွင်မွတ်စလင်၃၆ဦးအနိုင်ရ NOM ကွန်ဂရက်၊ ပြည်နယ်ဥပဒေပြုလွှတ်တော်များနှင့် ဒေသတွင်းရုံးများအတွက် ဝင်ရ
အမေရိကန်ကြားဖြတ်ရွေးကေါက်ပွဲတွင်မွတ်စလင်၃၆ဦးအနိုင်ရ NOM ကွန်ဂရက်၊ ပြည်နယ်ဥပဒေပြုလွှတ်တော်များနှင့် ဒေသတွင်းရုံးများအတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် မွတ်စလင် အမတ်လောင်း ၅၁ ဦးအနက် အနည်းဆုံး ၃၆ ဦးသည် မနေ့ညက အနိုင်ရရှိခဲ့ကြသည်။ ဤနှုန်းအတိုင်းဆိုလျှင် ဆယ်စုနှစ်တစ်ခုအတွင်း ထိုအရေအတွက်သည် ရာဂဏန်းအထိ ရှိလာလိမ့်မည်။

အမေရိကန်ကြားဖြတ်ရွေးကေါက်ပွဲတွင်မွတ်စလင်၃၆ဦးအနိုင်ရ NOM ကွန်ဂရက်၊ ပြည်နယ်ဥပဒေပြုလွှတ်တော်များနှင့် ဒေသတွင်းရုံးများအတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် မွတ်စလင် အမတ်လောင်း ၅၁ ဦးအနက် အနည်းဆုံး ၃၆ ဦးသည် မနေ့ညက အနိုင်ရရှိခဲ့ကြသည်။ ဤနှုန်းအတိုင်းဆိုလျှင် ဆယ်စုနှစ်တစ်ခုအတွင်း ထိုအရေအတွက်သည် ရာဂဏန်းအထိ ရှိလာလိမ့်မည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ WRF မော်ဒယ်လ်၏ ၅-၁၁-၂၀၂၆ ရက်နေ့ မြန်မာစံတော်ချိန် ၀၆:၃၀ နာရီအချိန်ကို အခြေခံတွက်ထုတ်ထ
+2
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ WRF မော်ဒယ်လ်၏ ၅-၁၁-၂၀၂၆ ရက်နေ့ မြန်မာစံတော်ချိန် ၀၆:၃၀ နာရီအချိန်ကို အခြေခံတွက်ထုတ်ထားသည့် ၆-၁၁-၂၀၂၆ ရက်နေ့မှ ၈-၁၁-၂၀၂၆ ရက်နေ့အထိ အမြင့်ဆုံးအပူချိန်ခန့်မှန်းချက်ပြပုံ ========================= Ref: မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

အီလွန်မက်စ်၏ ဒေါ်လာသန်း ၅၀၀ ရင်းနှီးမြှုပ်နှံမှု အဆင်မပြေဘဲ ဒီမိုကရက်များ လွှတ်တော်နှင့် တက်ဆပ်စ်ပြည်နယ်ကို အနိုင်ရရှိ အီလွန်
အီလွန်မက်စ်၏ ဒေါ်လာသန်း ၅၀၀ ရင်းနှီးမြှုပ်နှံမှု အဆင်မပြေဘဲ ဒီမိုကရက်များ လွှတ်တော်နှင့် တက်ဆပ်စ်ပြည်နယ်ကို အနိုင်ရရှိ အီလွန်မက်စ် (Elon Musk) သည် ရီ ပတ်ဘလစ်ကန် ကိုယ်စားလှယ်လောင်းများကို ထောက်ပံ့ရန် ဒေါ်လာသန်း ၅၀၀ နီးပါးခန့် အသုံးပြုခဲ့သော်လည်း ဒီမိုကရက်များက လွှတ်တော်နှစ်ရပ်လုံးတွင် အနိုင်ရရှိခဲ့သည့်အပြင် တက်ဆပ်စ် ပြည်နယ်အုပ်ချုပ်ရေးမှူးနေရာကိုပါ အနိုင်ရသွားခဲ့သည့်အတွက် အမေရိကန် ကြားဖြတ်ရွေးကောက်ပွဲ၏ အကြီးမားဆုံး ဆုံးရှုံးသူများထဲမှ တစ်ဦး ဖြစ်လာခဲ့ကြောင်း ရိုက်တာသတင်းဌာန က ဖော်ပြခဲ့သည်။ ဤရွေးကောက်ပွဲရလဒ်များကြောင့် မက်စ်၏ အစိုးရကန်ထရိုက်များ၊ ဂြိုဟ်တုဝန်ဆောင်မှုများ၊ ဖက်ဒရယ် ဝန်ထမ်းအင်အား လျှော့ချရေးနှင့် ဒေတာစင်တာ တိုးချဲ့မှုများ အပါအဝင် SpaceX နှင့် Tesla စသည့် သူ၏ စီးပွားရေးအင်ပါယာအပေါ် ပိုမိုတင်းကျပ်သည့် စိစစ်မှုများ ကြုံတွေ့ရဖွယ် ရှိသည်။ တက်ဆပ်စ်ပြည်နယ် အုပ်ချုပ်ရေးမှူးသစ် ဖြစ်လာမည့် ဂျီနာ ဟီနိုဟိုဆာ (Gina Hinojosa) က ဒေသခံပြည်သူများအတွက် ပိုမိုခိုင်မာသည့် ကာကွယ်စောင့်ရှောက်မှုများ မဆောင်ရွက်နိုင်မီအထိ ဒေတာစင်တာ စီမံကိန်းအသစ်များကို ဆိုင်းငံ့ထားရန် တောင်းဆိုလိုက်သဖြင့် အဆိုပါပြည်နယ်အတွင်း မက်စ်၏ ရည်မှန်းချက်ကြီးမားသော AI တိုးချဲ့ရေးအစီအစဉ်များကို ခြိမ်းခြောက်လျက် ရှိသည်။ ထို့အပြင် ဒီမိုကရက်များသည် နည်းပညာကဏ္ဍအပေါ် ကြီးကြပ်ကွပ်ကဲမှုများကို ပိုမိုတင်းကျပ်လာရန် မျှော်လင့်ရပြီး မက်စ်၏ AI ရည်မှန်းချက်များအတွက် အရေးပါသော အကြီးစား ဒေတာစင်တာများအတွက် စည်းမျဉ်းစည်းကမ်းဆိုင်ရာ ခွင့်ပြုချက်များကို နှောင့်နှေးကြန့်ကြာသွားစေနိုင်သည်။ Longbow Asset Management မှ ဂျိခ် ဒေါ်လာဟိုက် (Jake Dollarhide) က “မက်စ်ဟာ နောက်ဆုံးမိနစ်အထိ ရီပတ်ဘလစ်ကန်တွေအတွက် မျှော်လင့်ချက်အဖြစ် ကူညီပေးခဲ့တာပါ။ ဒါပေမဲ့ ဝမ်းနည်းစရာကောင်းတာကတော့ သူထည့်ဝင်လိုက်တဲ့ ငွေကြေးအမြောက်အမြားဟာ လျှပ်စစ်နှင့် ရေဖိုးရေခ၊ ကုန်စုံဆိုင်ဈေးနှုန်းတွေနဲ့ စက်သုံးဆီဈေးနှုန်း ကြီးမြင့်မှုတွေကို မကျော်လွှားနိုင်ခဲ့ပါဘူး” ဟု ပြောကြားခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး လာအိုနိုင်ငံ ကိုင်ဆွန်းဖုန်ဝီဟန် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်သို့ သွားရေ
+9
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး လာအိုနိုင်ငံ ကိုင်ဆွန်းဖုန်ဝီဟန် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်သို့ သွားရောက်လေ့လာ နိုဝင်ဘာ ၅၊ ၂၀၂၆ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၅ ရက်တွင် လာအိုနိုင်ငံရှိ ကိုင်ဆွန်းဖုန်ဝီဟန် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်သို့ သွားရောက်လေ့လာခဲ့ရာ ကျောင်းအုပ်ကြီး ဗိုလ်ချုပ် ဖန်းဆန်ဘွန်ဖန်းနှင့် တာဝန်ရှိသူများက နွေးထွေးစွာ ကြိုဆိုခဲ့ကြသည်။ တွေ့ဆုံစဉ် တက္ကသိုလ်၏ သမိုင်းကြောင်း၊ တာဝန်ထမ်းဆောင်မှုနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ကြပြီး မြန်မာ-လာအို နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ရေရှည်ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာလာစေရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ ထို့နောက် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ကိုယ်စားလှယ်အဖွဲ့သည် ကိုင်ဆွန်းဖုန်ဝီဟန် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်ရှိ သမိုင်းပြခန်းကို လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၌ PDF အကြမ်းဖက်အဖွဲ့က ကျောင်းသား/ သူများ ပညာသင် ကြားနိုင်မှုမရှိစေရန် အကြမ်းဖက်ခြိမ်းခြောက်၍ ငွေကြေးတောင်းခံမှုများလုပ်ဆောင် NOM နိုဝင်ဘာ ၅၊ ၂၀၂၆ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ အခြေခံပညာအလယ်တန်းကျောင်း (မြောက်ကုန်း) ၌ ပညာ သင်ကြားလျက်ရှိသည့် ကျောင်းသား/သူ ခုနစ်ဦးနှင့် အခြေခံပညာအထက်တန်းကျောင်း (ဂန့်ဂေါ)၌ ပညာသင်ကြားလျက်ရှိသည့် ကျောင်းသူ ခြောက်ဦးတို့သည် နိုဝင်ဘာလ ၂ ရက်နေ့ နံနက် ၇ နာရီအချိန်၌ ဂန့်ဂေါမြို့သို့ ကျောင်းတက်ရောက်ရန် ၎င်းတို့နေထိုင်သည့် ရွာစည်ကျေးရွာနှင့် လာပို့ကျေးရွာများမှ ဆိုင်ကယ်များဖြင့် အသီးသီးထွက်ခွာလာစဉ် PDF အမည်ခံအကြမ်းဖက်အဖွဲ့ အင်အား(စိစစ်ဆဲ)က တားဆီးကာ ဂန့်ဂေါမြို့သို့ ကျောင်းတက်ရောက်ရန် ဆက်လက်ထွက်ခွာပါက ကျောင်းသား/သူတစ်ဦးလျှင် ငွေကျပ် ၅ သိန်းစီ ပေးဆောင်ရမည်ဟု အကြမ်းဖက်ခြိမ်းခြောက်ခဲ့သဖြင့် ၎င်းတို့၏မိဘများမှ ပေးဆောင်နိုင်ခြင်းမရှိသောကြောင့် ကျောင်းသား/သူ ၁၃ ဦးတို့မှာ မိမိတို့၏နေအိမ်များသို့ ပြန်လာခဲ့ရကြောင်းသိရသည်။

ကျိုက်ထိုမြို့နယ်တွင် အကြမ်းဖက်အဖွဲ့ (စီစစ်ဆဲ) က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူအချို့ သေဆုံး/ ထိခိ
+4
ကျိုက်ထိုမြို့နယ်တွင် အကြမ်းဖက်အဖွဲ့ (စီစစ်ဆဲ) က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူအချို့ သေဆုံး/ ထိခိုက်ဒဏ်ရာရရှိ NOM နိုဝင်ဘာ ၅၊ ၂၀၂၆ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်တိုက်နယ်ဆေးရုံသို့ နိုဝင်ဘာ ၄ ရက်နေ့ ညနေ ၄ နာရီအချိန်၌ ဗုံးသီးပေါက်ကွဲစထိမှန်၍ သေဆုံး/ ထိခိုက်ဒဏ်ရာရရှိသူများ ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ မွန်းလွဲ ၁ နာရီတွင် အကြမ်းဖက်အဖွဲ့ (စိစစ်ဆဲ)က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ကျိုက်ထိုမြို့နယ် အခိုင်ကျေးရွာနေ မစုမွန်အောင် (၂၉) နှစ်တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးခဲ့ပြီး တစ်ရွာတည်းနေ ဦးစိုးသန်း (၆၇) နှစ်၊ ဒေါ်စု (၆၆) နှစ်၊ ဇီးပြောင်း (၁) ကျေးရွာနေ ဦးဝင်းသိန်း (၅၀) နှစ်နှင့် ဇီးပြောင်း (၃) ကျေးရွာနေ ဒေါ်တင်တင်မူ (၄၀) နှစ်တို့တွင် ထိခိုက်ဒဏ်ရာများ အသီးသီးရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်အစိုးရနှင့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) ပန်ဆန်းမြို့တွင် ငြိမ်းချမ်းရေးဆွေးနွေး NOM၊ နိုဝင်ဘာ ၅၊၂၀၂၆ အမျိ
နိုင်ငံတော်အစိုးရနှင့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) ပန်ဆန်းမြို့တွင် ငြိမ်းချမ်းရေးဆွေးနွေး NOM၊ နိုဝင်ဘာ ၅၊၂၀၂၆ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ၊ကါကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ နိုဝင်ဘာ ၄ ရက်တွင် ပန်ဆန်းမြို့၌ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာရေး၊ ပြည်ထောင်စုမှ ခွဲမထွက်ရေး၊ ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် အွန်လိုင်းလိမ်လည်မှု၊ မူးယစ်ဆေးဝါးနှင့် အွန်လိုင်းလောင်းကစားတိုက်ဖျက်ရေးကိစ္စများကို နှစ်ဖက်ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။ ထို့ပြင် နှစ်ပေါင်း ၃၀ ကျော် တည်ဆောက်ထားသည့် ငြိမ်းချမ်းရေးနှင့် ယုံကြည်မှု ပိုမိုခိုင်မာစေရေး၊ ဒေသတွင်းတည်ငြိမ်အေးချမ်းရေးနှင့် ကုန်စည်စီးဆင်းမှု မြန်ဆန်စေရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ရန်ကုန်-မန္တလေးအမြန်လမ်းတွင်Taxi ယာဉ် Guard Post တိုင်များကို ဝင်တိုက်၊အမျိုးသားတစ်ဦး ဒဏ်ရာရ NOM၊နိုဝင်ဘာ ၅၊၂၀၂၆ ရန်ကုန်-မန္တ
ရန်ကုန်-မန္တလေးအမြန်လမ်းတွင်Taxi ယာဉ် Guard Post တိုင်များကို ဝင်တိုက်၊အမျိုးသားတစ်ဦး ဒဏ်ရာရ NOM၊နိုဝင်ဘာ ၅၊၂၀၂၆ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ် ၁၁၃/၄ နဲ့ ၁၁၃/၅ ကြား၊ ရန်ကုန်မှ နေပြည်တော်သို့မောင်းနှင်လာသော ယာဉ်မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ေကြာင်းသိရသည်။ ဖြစ်စဉ်မှာနိုဝင်ဘာ ၄ ရက် ည ၁၁ နာရီ ၅၀ မိနစ်ခန့်ကအမျိုးသားနှစ်ဦး လိုက်ပါလာသည့် ခဲရောင် Toyota Vitz Taxi ယာဉ်သည်အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းတံတားထိပ်၌ ကာရံထားသည့်Guard Post တိုင်များကို ဝင်တိုက်မိခဲ့ရာအမျိုးသားတစ်ဦးဒါဏ်ရာရရှိခဲ့သည်။ သတ်မှတ်အမြန်နှုန်းများအနေဖြင့် မှန်လုံခရီးသည်တင်ယာဉ်ကြီးများကို တစ်နာရီ ၉၀ ကီလိုမီတာ၊ လူစီးယာဉ်ငယ်များကို တစ်နာရီ ၁၀၀ ကီလိုမီတာ၊ကုန်တင်ယာဉ်နှင့်ပစ်ကပ်ယာဉ်များကို တစ်နာရီ ၆၀ ကီလိုမီတာထက် မကျော်လွန်ဘဲ မောင်းနှင်ကြရန်အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေး၊ ကြီးကြပ်ရေးအဖွဲ့က အသိပေးထားသည်။

နေပြည်တော်ရှိ တပ်မတော်ဆေးရုံကြီးတွင်အကြိမ် (၁၅၀) မြောက်နှင့် အတွဲ (၃၀၀) ပြည့် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသခြင်း အောင်မြင်စွာဆေ
နေပြည်တော်ရှိ တပ်မတော်ဆေးရုံကြီးတွင်အကြိမ် (၁၅၀) မြောက်နှင့် အတွဲ (၃၀၀) ပြည့် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသခြင်း အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ နိုဝင်ဘာ ၄၊ ၂၀၂၆ တပ်မတော်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်အပြင် နိုင်ငံ့အကျိုးပြုလုပ်ငန်းများ၊ ပြည်သူ့ အကျိုးပြုလုပ်ငန်းတာဝန်များ၊ပြည်သူများ၏ကျန်းမာရေးဝန်ဆေင်မှုလုပ်ငန်းများကို တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် လိုအပ်သော နေရာများတွင်အင်တိုက်အားတိုက်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီး ချုပ်ရုံး (ကြည်း) ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး၏ လမ်းညွှန်မှုဖြင့် နေပြည်တော်ရှိ အမှတ်(၂) တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀) ၌ အကြိမ် (၁၅၀) မြောက်နှင့် အတွဲ (၃၀၀) ပြည့် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသခြင်း အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ကြောင်းသိရသည်။ အဆိုပါခွဲစိတ်ကုသမှုကို အမှတ် (၂) တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀)မှ ဆီးနှင့်ကျောက်ကပ်ကုသမှုနှင့် ခွဲစိတ်ကုပါရဂူများ၊ နှလုံးနှင့်သွေးကြောခွဲစိတ်ကုသမှုပါရဂူများ၊ မေ့ဆေးပါရဂူများ၊ အထူးကြပ်မတ်ကုသမှပါရဂူများနှင့် ကျွမ်းကျင်သူနာပြုများပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ ထိုသို့ ခွဲစိတ်ကုသရာတွင် တပ်မတော်ဆေးတပ်ဖွဲ့မှ ဆေးကုသရေးအဖွဲ့ ပါရဂူကြီးများနှင့် တာဝန်ရှိသူ အသီးသီးက စိတ်ရင်းစေတနာပြည့်ဝစွာဆောင်ရွက်ခဲ့ကြသဖြင့် ခွဲစိတ်ကုသမှုအောင်မြင်ပြီး လူနာနှင့်ကျောက်ကပ်အလှူရှင်များ၏ ခွဲစိတ်ပြီးကျန်းမာရေးအခြေအနေမှာ တိုးတက်ကောင်းမွန်လျက်ရှိကြောင်းနှင့် လိုအပ်သည့် ဆေးဝါးကုသပြုစုမှုများကိုအချိန်နှင့်တစ်ပြေးညီ ဆက်လက်ကုသပေးလျက်ရှိသည်။ ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုများအား နေပြည်တော်၊ ရန်ကုန်၊ ပြင်ဦးလွင်၊ အောင်ပန်းမြို့တို့ရှိ တပ်မတော်ဆေးရုံများတွင် တပ်မတော်သားများ၊ မိသားစုဝင်များနှင့် ဒေသခံပြည်သူများအား ခွဲစိတ်ကုသပေးခြင်းဆောင်ရွက်လျက်ရှိရာ ကျောက်ကပ်အစားထိုးခွဲစိတ်ကုသခြင်းကို အမှတ်(၂)တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀) ၌၂၀၁၆ ခုနှစ် သြဂုတ်လ ၈ ရက် နေ့တွင် ပထမဆုံးအကြိမ်စတင်ခွဲစိတ်ကုသပေးခဲ့ပြီး ယနေ့ခွဲစိတ်မှုအပါအဝင် အတွဲပေါင်း (၃၀၀) ပြည့်မြောက်ခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။

ရန်ကုန်မြို့ ၊မင်္ဂလာတောင်ညွန့်မြို့နယ်၌အဆင့်မြင့်မင်္ဂလာဈေးအသစ် ဖွင့်လှစ် NOM၊နိုဝင်ဘာ ၅၊၂၀၂၆ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတေ
ရန်ကုန်မြို့ ၊မင်္ဂလာတောင်ညွန့်မြို့နယ်၌အဆင့်မြင့်မင်္ဂလာဈေးအသစ် ဖွင့်လှစ် NOM၊နိုဝင်ဘာ ၅၊၂၀၂၆ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဗညားဒလလမ်းနှင့် စက်ရုံလမ်းထောင့်ရှိအဆင့်မြင့်မင်္ဂလာဈေးအသစ် ဖွင့်ပွဲအခမ်းအနားကိုယနေ့ နံနက် ၈ နာရီတွင် အဆိုပါစျေးသစ်ရှေ့၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအောင်နိုင်သူကအဆင်မြင့် မင်္ဂလာဈေးသစ်ဆိုင်းဘုတ်အားစက်ခလုတ်နှိပ်၍ဖွင့်လှစ်ပေးသည်။ ထို့နောက်ရန်ကုန်တိုင်းဒေသကြီး၊စည်ပင်သာယာရေးဝန်ကြီး( မြို့တော်ဝန်)ဦးမျိုးမြင့်အောင်၊ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊အတွင်းရေးမှူး ဦးချိုထွန်းအောင်၊ကော်မတီဝင်များနှင့်ဆန်းမြတ်ထွန်းကုမ္မဏီလီမိတက်ဥက္ကဌဒေါက်တာနေလင်းထွန်းတို့ကအဆင့်မြင့်မင်္ဂလာဈေးသစ်ကိုဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ အဆင့်မြင့်မင်္ဂလာစျေးအသစ်ကို ၂၀၁၈ခုနှစ်တွင်ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ဈေးများနှင့်ကုန်စည်ပွဲရုံများဌာနနှင့်ဆန်းမြတ်ထွန်းကုမ္မဏီလီမိတက်တို့အကျိုးတူပူးပေါင်းဆောင်ရွက်တည်ဆောက်ခဲ့ပြီးRC အမျိုးအစား ၈ ထပ်ဖြစ်ကာစျေးဆိုင်ခန်းများအားမြေအောက်ထပ်မှပဥ္မမထပ်အထိ ဆိုင်ခန်းပေါင်း ၄၀၆၇ ရှိကြောင်းသိရသည်။