ru
Feedback
News Of Myanmar

News Of Myanmar

Открыть в Telegram

📈 Аналитический обзор Telegram-канала News Of Myanmar

Канал News Of Myanmar (@newsofmyanmar) языкового сегмента Бирманский является активным участником. Сейчас сообщество объединяет 12 456 подписчиков, занимая 15 930 место в категории Новости и СМИ и 10 092 место в регионе Мьянма.

📊 Показатели аудитории и динамика

С момента создания невідомо проект демонстрирует стремительный рост, собрав аудиторию из 12 456 подписчиков.

Согласно последним данным от 03 июля, 2026, канал показывает стабильную активность. За последние 30 дней изменение числа участников составило -217, а за последние 24 часа — -9, при этом общий охват остаётся высоким.

  • Статус верификации: Не верифицирован
  • Уровень вовлечённости (ER): Средний показатель вовлечённости аудитории составляет 7.15%. В первые 24 часа после публикации контент обычно набирает 6.81% реакций от общего числа подписчиков.
  • Охват публикаций: В среднем каждый пост получает 891 просмотров. В течение первых суток публикация набирает 848 просмотров.
  • Реакции и взаимодействия: Аудитория активно поддерживает контент: среднее количество реакций на один пост — 15.

📝 Описание и контентная политика

Автор описывает ресурс как площадку для выражения субъективного мнения:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

Благодаря высокой частоте обновлений (последние данные получены 04 июля, 2026) канал поддерживает актуальность и высокий уровень охвата публикаций. Аналитика показывает, что аудитория активно взаимодействует с контентом, что делает его важной точкой влияния в категории Новости и СМИ.

12 456
Подписчики
-924 часа
-317 дней
-21730 день
Архив постов
ရန်ကုန်တိုင်းဒေသကြီးလူမှုဖူလုံရေးအဖွဲ့မှ ရွေ့လျားဆေးကုသယာဉ်များ (Mobile Medical Unit) ဖြင့် ကွင်းဆင်းဆေးကုသဆောင်ရွက်ပေး NOM၊ဇ
ရန်ကုန်တိုင်းဒေသကြီးလူမှုဖူလုံရေးအဖွဲ့မှ ရွေ့လျားဆေးကုသယာဉ်များ (Mobile Medical Unit) ဖြင့် ကွင်းဆင်းဆေးကုသဆောင်ရွက်ပေး NOM၊ဇန်နဝါရီ၃၀၊၂၀၂၆ အလုပ်သမားဝန်ကြီးဌာန၊ရန်ကုန်တိုင်းဒေသကြီး လူမှုဖူလုံရေးအဖွဲ့မှ ရွေ့လျားဆေးကုသယာဉ်များ (MobileMedical Unit) ဖြင့် အကျုံးဝင်အာမခံအလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုထိရောက်စေရန်ရည်ရွယ်၍ လူမှုဖူလုံရေး အကျုံးဝင်အလုပ်သမားများအား အလုပ်ဌာနများအရောက် ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိရာကျောက်တံတားမြို့နယ် လူမှုဖူလုံရေးအဖွဲ့မှတိုင်း‌ ဒေသကြီးတာ၀န်ခံအရာရှိဦးသိန်းနွဲ့ဦးနှင့်ရုံးခွဲတာ၀န်ခံတို့ဦးဆောင်၍ ဆရာ ၀န်များနှင့်ဆေးအဖွဲ့များက ယနေ့နံနက်၉နာရီကဗဟန်းမြို့နယ်ဗိုလ်ချို(၂) ရပ်ကွက်အမှတ်(၅၃))နတ်မောက်လမ်းသွယ်(၁) မြန်မာ့အလင်းသတင်းစာတိုက်ရှိ၀န်ထမ်းများနှင့် မြန်မာ့အလင်းပုံနှိပ်တိုက်၀န်ထမ်းများအားကွင်းဆင်းဆေး ကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။

+6
ဇန်နဝါရီ ၃၀၊ ၂၀၂၆ တနိုင်းဘက်က ဝေလောစခန်းကိုသိမ်းတယ်ဆိုတဲ့ ဘိန်းစား KIA တွေကို ဒီလိုစိန်ခေါ်ပြီး ဒီလိုကြိတ်တာ။ လေးစားလျက်ပါ ဟူးကောင်းကျားနဲ့ ပန်ဝါဖိုက်တာများ။

အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသား ၁၂၇ ဦး မြန်မာ-ထို
အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသား ၁၂၇ ဦး မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ထပ်မံလွှဲပြောင်းပေးအပ် NOM ဇန်နဝါရီ ၂၉၊ ၂၀၂၆ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေတွင် တရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် အင်ဒိုနီးရှားနိုင်ငံသား ၉၁ ဦးနှင့် ကင်ညာနိုင်ငံသား ၃၆ ဦး၊ စုစုပေါင်းပြည်ပနိုင်ငံသား ၁၂၇ ဦးတို့အား မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေး တံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထပ်မံလွှဲပြောင်းပေးသည်။ အဆိုပါ ပြည်နှင်လွှဲပြောင်းပေးမှုလုပ်ငန်းများ စနစ်တကျရှိစေရေးနှင့် အဆင်ပြေချောမွေ့စေရေးအတွက် မြဝတီခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီးစံရွှေနှင့် တာဝန်ရှိသူများက ဌာနဆိုင်ရာများနှင့်တွေ့ဆုံကာ စာရင်းဇယား၊ အချက်အလက်များ ကိုက်ညီမှုရှိရေးနှင့် ပြည့်စုံမှန်ကန်မှုရှိရေးတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့နောက် ပြည်နှင်လွှဲပြောင်းပေးအပ်ပွဲကို ဆက်လက်ကျင်းပခဲ့ရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန့်ဇင်နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ ကင်ညာသမ္မတနိုင်ငံသံရုံးမှ Deputy Ambassador Mrs. Nancy Wanjiru Mwangi နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားနိုင်ငံသံရုံးမှ Counsellor Mr. Vinsky Wattimena နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံတာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံမှ တာဝန်ရှိသူတို့က သက်ဆိုင်ရာနိုင်ငံများမှ တာဝန်ရှိသူများထံသို့ ပြည်နှင်လွှဲပြောင်း လက်ခံရေးဆိုင်ရာ အထောက်အထား စာရွက်စာတမ်းများကို စနစ်တကျ လွှဲပြောင်းပေးအပ်သည်။ နိုင်ငံတော်အနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန်အရေးယူနိုင်ရေး အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် တက်ကြွစွာပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့် နိုင်ငံခြားသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြည်နှင်လွှဲပြောင်းပေးနိုင်ရေး ထိရောက်စွာညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။ News Of Myanmar NOM

ဗဟန်းမြို့နယ်၊ဗိုလ်ချို(၁)ရပ် ကွက်တွင် မီးလောင်မှုဖြစ်ပွား NOM၊ဇန်နဝါရီ ၃၀၊ ၂၀၂၆ ရန်ကုန်တိုင်းဒေသကြီး၊ဗဟန်းမြို့နယ်၊ ဗိုလ်ချုပ်(၁)ရပ်ကွက်၊တိုက်(၁၁) တွင် ဇန်နဝါရီလ ၃၀ရက်နံနက် ၁း၁၅နာရီအချိန်ခန့်၌ မီးလောင်မှုဖြစ်ပွားခဲ့‌ကြောင်း သိရသည်။ ဖြစ်စဉ်မှာဇန်န၀ါရီ၂၉ရက်နံနက်၁၀နာရီကလျှပ်စစ်မီးပျက်ခဲ့၍အိမ်ရှင်‌ ဆွေမျိုးများအိမ်သို့သွားခဲ့ပြီးဖွင့်ထား‌ သောပန်ကာမပိတ်ခဲ့ရာအပူရှိန်‌ ကြောင့်ပန်ကာမီး‌ လောင်ပြီးတစ်အိမ်လုံးစာရွက်စာတမ်းများမီး‌ လောင်သဖြင့်ပတ်၀န်ကျင်ရှိပြည်သူများနှင့်မြို့နယ်မီးသတ်စခန်းတို့ငြှိမ်းသတ်ခဲ့ရကြောင်းသိရသည်။

၁၂၅လမ်းမီးလောင် NOM၊ဇန်နဝါရီ၃၀၊၂၀၂၆ ယနေ့၊ ဇန်နဝါရီလ၃၀ရက်၊နေ့လယ်၁း၅၂နာရီ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သပြေကုန်းရပ်ကွက်၊ ၁၂၅ လမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီးနှင့် တာမွေမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီး၊ ပုဇွန်တောင်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွါငြှိမ်းသတ်လျက်ရှိသည်။

🇺🇸💥🇮🇷အီရန်နိုင်ငံတွင် စစ်ဆင်ရေးပြုလုပ်နိုင်ခြေအတွက် အမေရိကန်တပ်ဖွဲ့ဝင်များ ဆက်လက်အင်အားဖြည့်တင်းနေ NOM ဇန်နဝါရီ ၃၀၊ ၂၀၂၆
+5
🇺🇸💥🇮🇷အီရန်နိုင်ငံတွင် စစ်ဆင်ရေးပြုလုပ်နိုင်ခြေအတွက် အမေရိကန်တပ်ဖွဲ့ဝင်များ ဆက်လက်အင်အားဖြည့်တင်းနေ NOM ဇန်နဝါရီ ၃၀၊ ၂၀၂၆ အမေရိကန်ပြည်ထောင်စုသည် အီရန်နိုင်ငံတွင် ဖြစ်ပွားလာနိုင်သော စစ်ဆင်ရေးတစ်ခုအတွက် ပြင်ဆင်သည့်အနေဖြင့် စစ်အင်အားများကို ဆက်လက်တိုးချဲ့လျက်ရှိရာ အောက်ပါလှုပ်ရှားမှုများကို တွေ့ရှိရသည် - ✈️အမေရိကန်လေတပ်၊ အမှတ် (၁၅၈) တိုက်လေယာဉ်တပ်ဖွဲ့မှ F-35A Lightning II တိုက်လေယာဉ်များသည် KC-46A Pegasus ဆီဖြည့်လေယာဉ် (၂) စင်း ၏ ပံ့ပိုးပေးမှုဖြင့် ပေါ်တူဂီနိုင်ငံ၊ Azores ကျွန်းစုရှိ Lajes လေတပ်စခန်းသို့ရောက်လာခဲ့သည်။ ✈️ဗာဂျီးနီးယားပြည်နယ်၊ Oceana ရေတပ်လေတပ်စခန်းမှ EA-18G Growler အီလက်ထရောနစ်စစ်ဆင်ရေးသုံး လေယာဉ် (၆) စင်းသည် KC-46A Pegasus ဆီဖြည့်လေယာဉ် (၄) စင်း ၏အကူအညီဖြင့် စပိန်နိုင်ငံ၊ Rota ရေတပ်လေတပ်စခန်းသို့ ထွက်ခွာလာသည်။ ✈️Robert Gray လေတပ်အခြေစိုက်စခန်းမှ C-17 Globemaster III ကုန်တင်လေယာဉ် (၄) စင်း သည် ဂျာမနီနိုင်ငံ၊ Spangdahlem လေတပ်စခန်းသို့ရောက်လာခဲ့သည်။ ✈️ဆော်ဒီအာရေဗျနိုင်ငံ၊ Prince Sultan လေတပ်စခန်းသို့ C-17 Globemaster III လေယာဉ် (၃) စင်း ဆိုက်ရောက်ခဲ့သည်။ ✈️ကူဝိတ်နိုင်ငံ၊ Ali Al Salem လေတပ်စခန်းသို့ C-17 Globemaster III လေယာဉ် (၁) စင်းဆိုက်ရောက်ခဲ့သည်။ ✈️ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုသည့် အမေရိကန်လေတပ်၏ HC-130J Combat King II လေယာဉ် (၂) စင်းကို အရှေ့အလယ်ပိုင်းဒေသသို့ တပ်ဖြန့်ချထားသည်။ ✈️အထူးစစ်ဆင်ရေးညွှန်ကြားမှုဌာန မှ MC-130J Commando II လေယာဉ်တစ်စင်းသည် Mildenhall လေတပ်စခန်းမှ Ramstein၊ ထိုမှတစ်ဆင့် Budapest ကို ဖြတ်ကျော်ကာ အရှေ့အလယ်ပိုင်းသို့ပျံသန်းခဲ့သည်။ ✈️Rota လေတပ်စခန်းသို့ MacDill လေတပ်စခန်းမှ KC-135 Stratotanker ဝေဟင်ဆီဖြည့်လေယာဉ် (၂) စင်း ရောက်ရှိလာသည်။ ✈️ထို့အပြင် ယနေ့နံနက်ပိုင်းက အမှတ် (၆၂) လေကြောင်းရန်ကာကွယ်ရေးတပ်ရင်းကြီး၏ THAAD အဆင့်မြင့်ဒုံးကျည်ကာကွယ်ရေးစနစ် ဘက်ထရီ B နှင့် E တို့ တပ်ဖြန့်ထားရာ Robert Gray လေတပ်စခန်းမှ သယ်ယူပို့ဆောင်ရေးလေယာဉ် (၉) စင်း ပျံသန်းထွက်ခွာမှုကိုလည်း မှတ်တမ်းတွေ့ရသည်။ News Of Myanmar NOM

ဇန်နဝါရီလ၃၀ရက်နိုင်ငံတကာသတင်းတိုများ NOM ၁။အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုသည်အမေရိကန်သမ္မတထရမ့်နှင့်၇ကြိမ်မြောက်တွေ့ဆုံရန်ဖေဖော်ဝါရီလအတွင်းအမေရိကန်သို့သွားမည်ဟုကြေညာသည်။ဇန်နဝါရီလကအမေရိကန်သို့နေတန်ယာဟုသွားရောက်ပြီးနောက်အီရန်တွင်အစ္စရေးကစီစဥ်သောဆန္ဒပြပွဲများဖြစ်ပွားခဲ့ပြီးဖြစ်သည်။ ၂။အီရန်စစ်တပ်ပြောရေးဆိုခွင့်ရှိသူကအမေရိကန်အနေဖြင့်အီရန်ကိုတိုက်ခိုက်လာပါကအမေရိကန်လေယာဥ်တင်သင်္ဘောသည်အီရန်ဟိုက်ပါဆောနစ်ဒုံးကျည်များအတွက်လွယ်ကူသောပစ်မှတ်ဖြစ်လာမည်ဟုသတိပေးလိုက်သည်။(ဗီဒီယို) ၃။ကျူးဘားသည်အမေရိကန်လုံခြုံရေးကိုခြိမ်းခြောက်သည်ဟုဆိုကာသမ္မထရမ့်ကအမေရိကန်ကိုအရေးပေါ်အခြေအနေကြေညာလိုက်သည်။ ၄။အဇာဘိုင်ဂျန်နိုင်ငံခြားရေးဝန်ကြီးကအီရန်ကိုတိုက်ခိုက်မည့်လေယာဥ်များကိုအဇာဘိုင်ဂျန်လေပိုင်နက်အတွင်းဖြတ်သန်းခွင့်မပြုဟုကြေညာသည်။ ၅။အမေရိကန်နှင့်ဆက်ဆံရေးအဆင်မပြေဖြစ်နေသောအိုင်ယာလန်၊ကနေဒါ၊ဖင်လန်နှင့်ဗြိတိန်နိုင်ငံခေါင်းဆောင်များသည်တရုတ်သို့တစ်လအတွင်းသွားရောက်ပြီးစီးပွားရေးပူးပေါင်းဆောင်ရွက်ရန်ညှိနှိုင်းခဲ့ကြသည်။

မြန်မာ-ရုရှား ဇီဝလုံခြုံရေးကဏ္ဍ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး ဇန်နဝါရီ ၂၉၊ ၂၀၂၆ အာရှ-ပစိဖိတ်‌ဒေသအပါအဝင် ကမ္ဘာ
မြန်မာ-ရုရှား ဇီဝလုံခြုံရေးကဏ္ဍ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး ဇန်နဝါရီ ၂၉၊ ၂၀၂၆ အာရှ-ပစိဖိတ်‌ဒေသအပါအဝင် ကမ္ဘာတစ်ဝန်း၌ ဇီဝလုံခြုံရေးဆိုင်ရာ နယ်ပယ်များတွင် ဖြစ်ပေါ်လျက်ရှိသည့် ခြိမ်းခြောက်မှုများအား သုတေသနပြု ဆန်းစစ် အကဲဖြတ်မှုများကို ပူးပေါင်းဖလှယ်နိုင်ရန် ရည်ရွယ်လျက် မြန်မာ-ရုရှား နှစ်နိုင်ငံအကြား တတိယအကြိမ်မြောက် ဇီဝလုံခြုံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၌ ကျင်းပသည်။ ဦးစွာ ဇီဝလက်နက် တားဆီးပိတ်ပင်ရေးစာချုပ် အမျိုးသားအဆင့်အကောင်အထည်ဖော်ဆောင်ရေးအဖွဲ့(Biological Weapon Convention/ BWC-National Authority)ဥက္ကဋ္ဌ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက မြန်မာနိုင်ငံသည် ၁၉၇၂ ခုနှစ်တွင် BWC အဖွဲ့ဝင်အဖြစ် စတင် လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၁ ရက်တွင် BWC ပြဋ္ဌာန်းချက်များကို တိကျစွာလိုက်နာရမည်ကို ခိုင်မာသောလက်မှတ်(Ratification)ရေးထိုးခဲ့ကာ ၁၇၁ နိုင်ငံမြောက် BWC အဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့ရာမှ BWC ပြဋ္ဌာန်းချက်များနှင့် ကတိကဝတ်များကို လိုက်နာကျင့်သုံးလျက်ရှိပြီး နှစ်စဉ် ဧပြီ ၁၅ ရက် မတိုင်မီ နိုင်ငံအချင်းချင်း ယုံကြည်မှုတည်ဆောက်ရာတွင် အရေးပါသောအချက်များ ဖြေကြားထားသည့် Confidence Building Measures(CBMs)ကို Implementation Support Unit သို့ ၂၀၁၆ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ ရှစ်ကြိမ် တင်သွင်းခဲ့ပြီးဖြစ်ပါကြောင်း။ ယခင်သမိုင်းကြောင်း အစဉ်အလာများ၊ ယခုခေတ် ဇီဝကပ်ဘေးအန္တရာယ်များကြောင့် လူသားမျိုးနွယ်တို့ ရေရှည်တည်တံ့စွာ ရှင်သန်နေထိုင်နိုင်ရေးအတွက် ဇီဝလုံခြုံရေးသည် အထူးအလေးထား ဆောင်ရွက်ရမည့်ကဏ္ဍတစ်ခုဖြစ်ပါကြောင်း၊ တိရစ္ဆာန်နှင့်အပင်များ၊ မျိုးရိုးဗီဇပြုပြင်ထားသော ကောက်ပဲသီးနှံများနှင့် ထုတ်ကုန်များမှတစ်ဆင့် ဖြစ်ပေါ်လာနိုင်သော ကူးစက်ကပ်ရောဂါများ၊ ယင်းအပြင် AI အခြေပြု ဇီဝနည်းပညာပြုပြင်ဖန်တီးမှု များမှတစ်ဆင့် ဖြစ်ပေါ်လာနိုင်သော ဇီဝဘေးအန္တရာယ် များကို ကင်းရှင်းစေရေးအတွက် မိမိတို့နှစ်နိုင်ငံ အကြား မဟာဗျူဟာမြောက် ရေရှည်ပူးပေါင်း ဆောင်ရွက်နိုင်ရေးအတွက် အရေးပါသောခြေလှမ်း တစ်ရပ်အနေဖြင့် ယနေ့ညှိနှိုင်းဆွေးနွေးနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။ ယင်းနောက် အစည်းအဝေးသို့ တက်‌ရောက်လာကြသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဇီဝလက်နက်တားဆီးပိတ်ပင်ရေး စာချုပ်ပါ အခန်း(၁၀)ရှိ သိပ္ပံနှင့် နည်းပညာကဏ္ဍပူးပေါင်းဆောင်ရွက်ရေးကို ကိုးကားလျက် ဇီဝလုံခြုံရေးဆိုင်ရာ နယ်ပယ်များတွင် နှစ်နိုင်ငံ စည်းလုံးညီညွတ် စွာ ပူးပေါင်းဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ ဇီဝလုံခြုံရေးဆိုင်ရာ ထိန်းချုပ်ဆောင်ရွက်မှုအခင်းအကျင်းများ မြှင့်တင်ဖော်ဆောင်ရေး၊ နိုင်ငံတကာဖိုရမ်များ ကျင်းပသွားနိုင်ရန်နှင့် အပြန်အလှန် ဆက်သွယ်ဖလှယ်မှုများ တည်ဆောက်သွားနိုင်ရေးမှသည် နှစ်နိုင်ငံလုံးရှိ ပြည်သူတို့၏ ဇီဝလုံခြုံရေး ပိုမိုခိုင်မာအားကောင်းမှုမှ ဘုံအကျိုးကျေးဇူးများကို ရရှိနိုင်ရေးတို့အတွက် ရင်းနှီးပွင့်လင်းစွာ အသိအမှတ်ပြုကာ ညှိနှိုင်းဆွေးနွေးကြသည်။ နှစ်ဖက်ဆွေးနွေးမှုများအပေါ် ဒုတိယဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးကာ ပေါင်းစပ်ညှိနှိုင်းပေးပြီး ရုရှားကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်ထံ အမှတ်တရလက်ဆောင်ပေးအပ်သည်။ ယခုဆွေးနွေးပွဲမှတစ်ဆင့် မြန်မာ-ရုရှား မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံများပီပီ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု အဓွန့်ရှည်ခိုင်မြဲစေရေးကို ဇီဝလုံခြုံရေးပူးပေါင်းဆောင်ရွက်မှုမှ တစ်တပ်တစ်အား အထောက်အကူပြုနိုင်ရေး၊ နိုင်ငံ့ဇီဝလုံခြုံရေးကဏ္ဍကို ကမ္ဘာနှင့်ရင်ပေါင်တန်းနိုင်ရေးအတွက် ဇီဝနည်းပညာ အဆင့်မြှင့်တင်ဆောင်ရွက်ရာတွင် ကမ္ဘာ့ထိပ်တန်း ဇီဝလုံခြုံရေးနိုင်ငံဖြစ်သော ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ရေရှည်ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့အတွက် အပြုသဘောဆောင်သော ဆွေးနွေးမှုရလဒ်များရရှိခဲ့ကြောင်းသိရသည်။

မင်္ဂလာတောင်ညွှန့်မြို့နယ်၊ သပြေကုန်းရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွား NOM ဇန်နဝါရီ ၃၀၊ ၂၀၂၆ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သပြေကုန်းရပ်ကွက်၊ ၁၂၅ လမ်းတွင် ဇန်နဝါရီလ ၃၀ ရက်နေ့ နေ့လည် ၁ နာရီ ၅၂ မိနစ်အချိန်ခန့်၌ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ် (၂) စီးနှင့် တာမွေမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ် (၂) စီး၊ ပုဇွန်တောင်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ် (၁) စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်လျက်ရှိပါသည်။ Myanmar Fire Service Department News Of Myanmar NOM

+3
🇮🇷 🇱🇧 🇮🇶 🇮🇶 💥🇺🇸 🇮🇱အီရန်သည် တစ်ကိုယ်တော်မဟုတ် - အမေရိကန်၏ ခြိမ်းခြောက်မှုများ ပြင်းထန်လာသည်နှင့်အမျှ ဒေသတွင်းမဟာမိတ်များ စတင်လှုပ်ရှားလာ ♦️ အီရန်အပေါ် အမေရိကန်က ရန်စကျူးကျော်မှုများ ပြုလုပ်လာပါက "အလုံးစုံစစ်ပွဲ" (Total War) ဆင်နွှဲရန်အသင့်ရှိကြောင်း အီရတ် အစိုးရကျောထောက်နောက်ခံပြု အင်အားအကောင်းဆုံး လက်နက် ကိုင်အဖွဲ့ကြီးနှစ်ခုက သတိပေးလိုက်ပြီး ၎င်းတို့၏ တပ်ဖွဲ့ဝင်များကို စတင်စုရုံးနေပြီဖြစ်သည်။ ♦️ Nujaba Movement နှင့် Kata’ib Hezbollah အဖွဲ့တို့သည် အီရတ်အစိုးရ၏ ပြည်သူ့စစ်တပ်ဖွဲ့ (PMF)တွင် အဖွဲ့ဝင်များဖြစ်ကြပြီး ၂၀၁၅-၂၀၁၇ ခုနှစ်အတွင်း အီရန် တော်လှန်ရေးအစောင့်တပ် (IRGC) ၏ လက်နက်နှင့် အကြံပေးမှုအကူအညီဖြင့် အီရတ်အနောက်ပိုင်းကို အစ္စလာမစ်အစွန်းရောက် ISIS အကြမ်းဖက်သမားများလက်မှ ပြန်လည်လွတ်မြောက်အောင် တိုက်ထုတ်ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သူများဖြစ်သည်။ ♦️ ယခုအခါ ၎င်းတို့က အီရန်၏ ကျေးဇူးကို ပြန်လည်ပေးဆပ်ရန် ပြင်ဆင်နေကြပြီး၊ အကယ်၍ အမေရိကန် (သို့မဟုတ်) အစ္စရေးက အီရန်ကို တိုက်ခိုက်လာပါက အာရှအနောက်ပိုင်းရှိ အမေရိကန် တပ်စခန်းများနှင့် အကျိုးစီးပွားများအားလုံးကို ပစ်မှတ်ထားသည့် ဒေသတွင်းစစ်ပွဲကြီး ဖြစ်ပွားလာလိမ့်မည်ဟု သတိပေးထားသည်။ ♦️ အမေရိကန်၏ အကြမ်းဖက်တိုက်ခိုက်မှုများသည် "ဒေသတွင်းတွင် မီးတောင်တစ်ခု ပေါက်ကွဲသွားစေနိုင်သည်" ဟု လက်ဘနွန်အခြေစိုက် Hezbollah အဖွဲ့ကလည်း သတိပေးထားသည်။ ဝါရှင်တန်အနေဖြင့် စစ်ပွဲကို စတင်နိုင်သော်လည်း ယင်း၏နောက်ဆက်တွဲရလဒ် များကိုမူ ခန့်မှန်းနိုင်လိမ့်မည်မဟုတ် ကြောင်းဆိုသည်။ ♦️ ယီမင်နိုင်ငံမှ Ansar Allah (ဟူသီ) အဖွဲ့ကလည်း အီရန်သာ တိုက်ခိုက်ခံရပါက ပင်လယ်နီအတွင်းရှိ အမေရိကန်နှင့် ဇီယွန်ဝါဒီ (အစ္စရေး) တပ်ဖွဲ့များကို ပြန်လည်တိုက်ခိုက်သွားမည်ဟု သတိပေးထားသည်။ 🇺🇸 အမေရိကန်သည် အီရတ်တွင် တပ်ဖွဲ့ဝင် ၂,၀၀၀ ခန့် အခြေစိုက် ထားပြီး ဒေသတွင်းရှိ စခန်းပေါင်း ၈ ခုမှ ၉ ခုတွင် စုစုပေါင်း တပ်ဖွဲ့ဝင် ၃၀,၀၀၀ မှ ၄၀,၀၀၀ ခန့် ဖြန့်ကျက်ထားသည်။ အဆိုပါတပ်စခန်းများအားလုံးသည် အီရန်၏ ဒရုန်းများနှင့် တိုတောင်းသော ပဲ့ထိန်းဒုံးကျည်ထောင်ပေါင်းများစွာ၏ လက်လှမ်းမီရာ အကွာအဝေးအတွင်း၌ ရှိနေကြောင်း အမေရိကန်အထက်လွှတ်တော်အမတ် Marco Rubio က ဗုဒ္ဓဟူးနေ့က ပြုလုပ်သော သက်သေခံချက်တွင် ထည့်သွင်းပြောကြားခဲ့သည်။ News Of Myanmar NOM

ရန်သူ့အလောင်း/လက်နက်များရရှိ (ဗန်းမော်) ဇန် ၂၉ ရက်နေ့က ဗန်းမော်မြိုနယ်အတွင်းရှိ လခရစခန်းအနီးချဉ်းကပ်လာတဲ့ အကြမ်းဖက် KIA/PDF များအား Drone / သံချပ်ကာယာဉ်များဖြင့် ချေမှုန်းရှင်းလင်းခဲ့။ ဖြစ်စဉ်တွင် မိမိစစ်သည် ၁ ဦး ဒဏ်ရာရရှိခဲ့ပြီး ရန်သူ့ထံမှ - (၁) အကြမ်းဖက် KIA/PDF ၆ လောင်း (၂) လက်နက်မျိုးစုံ ၅ လက် - M-22 သေနတ် ၄ လက် - MA-2 သေနတ် ၁ လက် (၃) ကျည်အိမ် ၁၀ ခု (၄) ကျည် ၂၀၀ ကျော် တိုအား သိမ်းပိုက်ရရှိခဲ့။ - အလားတူ ၄ မိုင်ဒေသရှိ အိုကေတိုက်လမ်းဆုံတွင်လည်း မနေ့ ညနေပိုင်းအချိန်က ထိတွေ့မှုဖြစ်ပွားခဲ့ပြီး မိမိထိခိုက်မှုမရှိ၊ ရန်သူ့ထံမှ - (၁) အကြမ်းဖက် KIA ၁ လောင်း (၂) KA သေနတ် ၁ လက် (၃) ကျည်အိမ် ၄ ခု၊ ကျည် ၃၇ တောင့် (၄) ဘီဇူကာဗုံးသီး ၃ လုံး (၅) လက်ပစ်ဗုံး ၄ လုံး (၆) နင်းမိုင်း ၂ လုံး တိုအား သိမ်းပိုက်ရရှိခဲ့သည်။ - 🏆Congratulations ပါ ဗန်းမော်သူရဲကောင်းများ🏆 - တိုက်ပွဲသတင်းစုံ

Repost from NOM
ယူကရိန်းမှာ အမေရိကန်ကြေးစားစစ်သားတဦးက ကနေဒါကြေးစားစစ်သားကို မှားယွင်းပစ်ခတ်ခဲ့လို့ ဦးခေါင်းခွံတဝက် ပေါက်ထွက်သွားတဲ့အထိဖြစ်သွာ
ယူကရိန်းမှာ အမေရိကန်ကြေးစားစစ်သားတဦးက ကနေဒါကြေးစားစစ်သားကို မှားယွင်းပစ်ခတ်ခဲ့လို့ ဦးခေါင်းခွံတဝက် ပေါက်ထွက်သွားတဲ့အထိဖြစ်သွားခဲ့တယ်လို့ သိရပါတယ်။ ရုရှားဘာသာစကားနဲ့ ပြောဆိုခဲ့တဲ့ စကားစုတခုကြောင့် အမေရိကန်စစ်သားက ကနေဒါနိုင်ငံသားကို ရုရှားစစ်သားထင်ပြီး မှားယွင်းပစ်ခတ်ခဲ့တာဖြစ်ပြီး အမှန်တကယ်အားဖြင့် နှစ်ဦးစလုံးက ယူကရိန်းဘက်ကနေ ဝင်ရောက်တိုက်ခိုက်ပေးနေသူ အချင်းချင်းဖြစ်နေခဲ့တယ်လို့ ဆိုပါတယ်။ ပစ်ခတ်ခံရမှုကြောင့် ကနေဒါသားဟာ လက်မောင်းနဲ့ ဦးခေါင်းဒဏ်ရာတွေ ရခဲ့ပြီး ဦးခေါင်းခွံတစိတ်တပိုင်း ဆုံးရှုံးသွားပေမယ့် အသက်ရှင်ကျန်ရစ်ခဲ့တယ်လို့ သိရပါတယ်။ News Of Myanmar NOM

Repost from NOM
Virginia Commonwealth University က သူနာပြုဆရာမတဦးဟာ ICE အေးဂျင့်တွေကို ဆေးဝါးတွေထိုးနှံပြီး တိုက်ခိုက်လို့ရတဲ့အကြောင်း ဗီဒီယိ
Virginia Commonwealth University က သူနာပြုဆရာမတဦးဟာ ICE အေးဂျင့်တွေကို ဆေးဝါးတွေထိုးနှံပြီး တိုက်ခိုက်လို့ရတဲ့အကြောင်း ဗီဒီယိုတွေ တင်ခဲ့ပြီးနောက် အလုပ်ထုတ်ခံလိုက်ရပါတယ်။ ဗီဒီယိုတွေထဲမှာ သူမက ဖျက်ဆီးမှုနဲ့ ခုခံမှုနည်းဗျူဟာတွေကို ဘယ်လိုလုပ်ရမလဲဆိုတာကို ပြောဆိုနေခဲ့ပြီး ဆေးထိုးအပ်အတွင်း ကြွက်သားတွေကို သေစေတဲ့ ဆေးတွေ ဖြည့်သွင်းမှု၊ သောက်စရာတွေထဲ ဆေးတွေခိုးခပ်နိုင်မယ့် နည်းလမ်းတွေ ပါဝင်တယ်လို့ သိရပါတယ်။ News Of Myanmar NOM

ဒေသတွင်း အာဆီယံ နိုင်ငံ တွေဆိုတာ မူလကတည်းက စီးပွားရေးအခြေပြုအတွက် ဖွဲ့စည်းထားတဲ့ ဒေသန္တရ အင်အားစုတစ်ခုပါ။ နိုင်ငံရေး လုံးဝ မပါ ပါဘူး။ စာချုပ် ချုပ်ဆိုစဉ်ကတည်းက တခြားနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရ၊ ဆုံးဖြတ်ချက် တခုခု ချရင်တောင် တနိုင်ငံက ကန့်ကွက်ရင် ဘုံ ဆုံးဖြတ်ချက် ချလို့ မရပါဘူး။ လောလောလတ်လတ် အရှေ့တီမော အာဆီယံ ဝင်ခွင့်ရတာဟာ မြန်မာကနေ Approve ပေးလိုက်လို့ ဖြစ်ပါတယ်။ ----- နောက်ပိုင်း ကမ္ဘာ့နိုင်ငံရေး ပြောင်းလဲမှုတွေ၊ အင်ဒို-ပစိဖိတ်အရေး ကိစ္စတွေအပြင် အာဆီယံ ဒေသတွင်း နိုင်ငံရဲ့ ထုတ်ကုန် GDP ဟာ ရုရှား၊ အမေရိကန်နဲ့ တရုတ်တို့အတွက် မျက်စိကျစရာ နေရာ တစ်ခု ဖြစ်လာပါတယ်။ ဒါ့ကြောင့်လည်း အကျိုးအမြတ်စီးပွားအရ ဒီအင်အားစုတွေ ကိုယ့်ဘက်ပါစေဖို့ အပြိုင်အဆိုင် ရင်းနှီးမြုပ်နှံမှုတွေ လုပ်ကြပါတော့တယ်။ လက်ရှိ တရုတ်အဆိုပြု လက်မှတ်ထိုးထားတဲ့ အာဆီယံ+တရုတ် ကုန်သွယ်ရေး စာချုပ်တွေ၊ ထိုင်းနဲ့ ကမ္ဘောဒီးယားစစ်ပွဲရပ်ဖို့ အမေရိကန်က ဒေါ်လာငွေကြေး မြောက်များစွာ သုံးတဲ့အချက်ကလည်း ဒီအရေးကိစ္စတွေကြောင်းပဲ။ ----- ခက်တာက ....တရုတ်အနေနဲ့ ပင်လယ်ပြင်စိုးမိုးရေးနဲ့ ထွက်ပေါက်ရဖို့အတွက် နယ်မြေချဲ့ထွင်တဲ့အခါ ဖိလစ်ပိုင်တို့လို့ ဒေသတွင်းနိုင်ငံတွေနဲ့ ပဋိပက္ခ ဖြစ်လာရတော့တယ်။ ဆိုတော့ ...တရုတ်ကို ဘက်ကန်ချင်တဲ့ ဖိလစ်ပိုင်ဟာ အားကိုးအနေနဲ့ အမေရိကန် စစ်စခန်းတွေ အခြေစိုက်ပြုခွင့်ပြုတာလည်း မမှားဘူးပေါ့လေ။ ဒါပေမယ့် ဒီလို အကျိုးစီးပွား ပြိုင်ဆိုင်မှုကနေပဲ စီးပွားရေး သပ်သပ်တည်ထောင်လာခဲ့ကြတဲ့ အာဆီယံဟာ နောက်ကွယ်မှာ နိုင်ငံရေးရောယှက်မှုတွေပါ ပါလာခဲ့တာ ငြင်းမရဘူး။ လက်ရှိ မြန်မာကို ဘုံ ၅ ချက်နဲ့ ထောက်ထပြီး နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးကို ဖယ်ကျဉ်ထားချက်က အာဆီယံ ချာတာနဲ့တော့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတာပဲ မဟုတ်ဘူးလားပေါ့လေ။ ------ ဒီတော့ အာဆီယံနိုင်ငံ တွေအနေနဲ့ တနိုင်ငံစီအရဆိုရင် မြန်မာနဲ့ပတ်သက်ရင် အမြင်အမျိုးမျိုးကွဲပါတယ်။ အနီးစပ်ဆုံး အိမ်နီးချင်းဖြစ်တဲ့ ထိုင်းဟာ အာဆီယံထက် မြန်မာ-ထိုင်း နှစ်နိုင်ငံ ဆက်ဆံရေးကို ပိုကြည့်ရပါတယ်။ ခုလည်း ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း မှတ်ချက်ပေးလာတာတွေက ကြိုတင် ပစ်ဖဲတွေပါ။ မြန်မာအနေနဲ့ အစည်း အဝေးပေးမတက်လည်း ဒီလို နေမြဲအတိုင်းဆက်နေမလား၊ ဘယ်လို နိုင်ငံရေး ကစားကွက် ထပ်ခင်းမလဲ စောင့်ကြည့်ရမှာပါ။ ------- လက်ရှိ ICJ ကလည်း ဒီအခင်းအကျင်းပါပဲ။ ရှုံးရှုံး နိုင်နိုင် ပြတ်သားတဲ့ မူဝါဒ Statement တစ်ခု ထုတ်ပြီး ခပ်မာမာ ကစားမလား၊ နိုင်ငံတကာ ဖိအား ကြောက်ပြီး ဒီဘင်တွေပေါ်မှာ အလျှော့ပေးဆက်ဆံ ပြမလား။ ဒါလည်း နိုင်ငံတော်အဆင့် ပြဿနာ တစ်ခုပါပဲ။ ငါတို့အနေနဲ့ ဂျီနိုဆိုဒ် မကျူးလွန်ခဲ့ဘူး။ ငါတို့မှန်တယ် ဆိုပြီး ခပ်မာမာ နေကြမလား။ ဒီလိုဆိုရင်တော့ တစ်ဖက်က UN တက်။ UN မှာက တရုတ်နဲ့ ရုရှားရှိတော့ ခံသာပါသေးတယ်။ လက်ရှိ အစ္စရေး မိုက်ရဲ နေတာကလည်း UN မှာ အမေရိကန် ရှိနေလို့ သာ ဖြစ်ပါလိမ့်မယ်။ ကိုယ်တွေက အစ္စရေးလို ဂါဇာကမ်းမြောင်တစ်ခုလုံး ဗုံးမိုးရွာခဲ့တာလည်း မဟုတ်၊ ကိုယ့်ဒေသ၊ ကိုယ်လုံခြုံရေး စခန်းတွေကို အတိုက်ခံရလို့ နယ်မြေရှင်းကာမှ ဂျီနိုဆိုက်သတဲ့လား။ ------ ခြုံကြည့်လိုက်ရင် .....အာဆီယံကိစ္စရယ်၊ ICJ ဘင်ကိစ္စရယ်က နိုင်ငံတော်အဆင့် ပြတ်သားတဲ့ မူဝါဒ ရှိဖို့ လိုပါတယ်။ အာဆီယံဟာ ကိုယ့်အကျိုးစီးပွားအတွက် ချမှတ်ထားတဲ့ အခြေခံ စည်းမျဉ်းတွေကို ကျော်ပြီး နိုင်ငံတခုရဲ့ ပြည်တွင်းရေး ကိစ္စအပေါ် အပေးအယူ သဘောမျိုး လုပ်ခံနေရတာက သိပ်တော့ အဆင်ပြေမနေပါဘူး။ ----- အဲ့တော့ တက်လာမယ့် အစိုးရသစ်အနေနဲ့ ဘာလုပ်မလဲ။ ကြိုပြင်ဆင်ထားနိုင်ဖို့ ဖြစ်ပါတယ်။ (နရီမိုး)

နှုတ်ခမ်းမွှေးကပြန်စိန်ခေါ် --- မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ၁၄ ရက် စျေးမဝယ်/စျေးမသွား ကမ်ပိန်းလုပ်လို့ "ထိုင်းစျေးပွဲတော်​တွေမှာလူမစည်ဘူး ထိုင်းစျေးသည်တွေလဲအကျပ်တွေ့နေပြီ"လို့ရေးတဲ့ FB posts တွေဖတ်ရတဲ့အခါ "ထိုင်းလူမျိုးတွေရဲ့စီးပွါးကိုလာအနှောက်အယှက်ပေးနေတဲ့ပြည်ပကတရားမဝင်လာအလုပ်လုပ်နေသူတွေဖယ်ရှားရေး" ပိုပြီးစိတ်ဆုံးဖြတ်ဖြစ်သွားတယ်လို့ ထိုင်းအရေးလှုပ်ရှားသူ"နှုတ်ခမ်းမွှေး"က ပြန်ရေးထားတာကိုတွေ့ရတယ်.. "မင်းတို့ ဝယ်ချင်ဝယ် မဝယ်ချင် မဝယ် အဲဒါ မင်းတို့ရဲ့ အရေးပဲ.. ဈေးဝယ်နေတဲ့သူတွေက မင်းတို့ချည်းဘဲမဟုတ်ဘူး "ဘယ်လောက်ကြာကြာတောင့်ခံနိုင်မလဲဆိုတာတော့ ကြည့်ကြသေးတာပေါ့" တဲ့.. --- မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ "ဘတ်"လို့ခေါ်တဲ့အလုပ်လုပ်ခွင့်ကဒ်တွေရှိနေတာတောင် Vulnerabilities "အားနည်းချက်တွေ"ကအများကြီးရှိနေတာမို့ သတိထားသင့်တယ်လို့ Foundation for Education and Development (FED) ရဲ့ဒါရိုက်တာဦးထူးချစ်က မကြာသေးခင်အင်တာဗျုးတခုမှာပြောခဲ့တယ်.. FED အဖွဲဟာထိုင်းရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားမိသားစုတွေကိုလွန်ခဲ့တဲ့နှစ်ပေါင်း၂၀ကျော်ကထဲကလက်တွေ့ကျကျကူညီပေးနေတဲ့အဖွဲ့ဖြစ်တယ်.. အဲဒီအားနည်းချက်တွေကတော့.. - ဘတ် အလုပ်ကဒ်ပြားမှာပါတဲ့ အလုပ်ရှင်နဲ့တကယ့်အလုပ်ရရှင်ကွဲလွဲနေတာမျိုး - လုပ်ခွင့်ပြုထားတဲ့အလုပ်နဲ့တကယ်လုပ်နေတဲ့အလုပ် တခြားစီဖြစ်နေတာမျိုး စတာတွေဖြစ်တယ်လို့သူကရှင်းပြတယ်.. တခြားအားနည်းချက်တွေလဲရှိနေဦးမှာပါ.. ထိုင်းနိုင်ငံမှာကုမ္မဏီကြီးတွေနဲ့နည်းပညာလုပ်ငန်း စီးပွါးရေးလုပ်ငန်းတွေကအတိအကျစပွန်ဆာပေး/ဗီဇာလျောက်ပေးပြီးခန့်ထားတာတွေကလွဲရင် ကော်လာပြာ/သာမန်အလုပ်သမားတွေအဖြစ်လုပ်ကိုင်နိုင်ခွင့်ရှိတဲ့လုပ်ငန်းအမျိုးအစားအင်မတန်နည်းပါတယ်.. စားသောက်ဆိုင်ဖွင့်ရင်တောင်(မြန်မာတွေချည်းလုပ်ရင်ပြဿနာရှိနိုင်ပါတယ်) လက်ရှိအ​ရေး​ကြောင့်.. - ကုမ္မဏီငယ်​လေး​တွေမှာနားလည်မှုနဲ့သက်သက်သာသာအလုပ်​လေး​တွေရ​နေသူ​တွေ - NGO တွေ - သတင်း​ထောက်ဆိုသူ​တွေ - ဟိုတယ်ဧည့်ကြို​ကောင်တာမှာလုပ်​နေတဲ့သူမျိုး​တွေ စတာ​တွေပါဒုက္ခ​ရောက်ကြရဘို့ရှိတယ်.. --- ချင်းမိုင်မှာလူဝင်မှုကြီးကြပ်ရေးနဲ့ရဲတွေကဝင်စစ်လို့ မကြာသေးမီကအဖမ်းခံခဲ့ကြရတဲ့.. - အလှပြင်/လက်သဲညှပ်ဆိုင်ကမြန်မာအမျိုးသမီးငယ် ၂ယောက် - စားပွဲထိုးမလုပ်ဘဲကောင်တာငွေသိမ်းလုပ်နေလို့အဖမ်းခံရတဲ့အမျိုးသမီး - ရေခဲသယ်တဲ့ကားနဲ့ဆိုင်​တွေကိုရေခဲလိုက်ပို့ပေးနေရင်းအဖမ်းခံရတဲ့မြန်မာအလုပ်သမားလေး ၂ ယောက်.. ဒီလူတွေဟာ ဦးဆုံးဓါးစာခံတွေဖြစ်နေလေရော့သလား.. --- မြန်မာသံရုံးနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့အချိန််မီဝင်ရောက်ကူညီဆောင်ရွက်မှုတွေကိုဘဲမျှော်လင့်မိပါတယ်.. --- NUG ကတော့"မကြည်ပြာအရေး"လောက်နဲ့တင်ဒစ်လည်နေတာပါ😵‍💫 ထိုင်းရောက်မြန်မာတွေဆီကအလှူတွေခံပေမဲ့ ရွှေ့ပြောင်းလုပ်သားတွေရဲ့အရေးကိုတခါမှအရေးတယူလုပ်ဆောင်ပေးခဲ့တာမရှိခဲ့ပါဘူး🤔 သန်းလွင်ထွန်း ၃၀ ဇန်နဝါရီ ၂၀၂၆

photo content

Repost from NOM
ဒေါ်နယ်ထရမ့် : “အီရန်မှာ နူကလီးယားရှိလို့မရပါဘူး၊ ကျနော်တို့မှာ ကြီးမားတဲ့ လှပတဲ့ ရေတပ်သင်္ဘောတွေရှိတယ်၊ ဒါပေမယ့် အဲဒါတွေကို
ဒေါ်နယ်ထရမ့် : “အီရန်မှာ နူကလီးယားရှိလို့မရပါဘူး၊ ကျနော်တို့မှာ ကြီးမားတဲ့ လှပတဲ့ ရေတပ်သင်္ဘောတွေရှိတယ်၊ ဒါပေမယ့် အဲဒါတွေကို အသုံးမပြုရဖို့ကို ကျနော်တို့ မျှော်လင့်ထားပါတယ်၊ ဒါပေမယ့် အခုချိန်မှာ အီရန်က အရမ်းဆိုးရွားတဲ့ အပြုအမူတွေကို ပြုလုပ်နေပြီး ကျနော်တို့က အဲဒါကို မနှစ်သက်ပါဘူး” News Of Myanmar NOM

၂၀၂၅ ခုနှစ် ဒီဇင်ဘာလအထိ အမှတ်တံဆိပ်မူပိုင်ခွင့် လျှောက်ထားချက်ပေါင်း ၆၇၃၆၉ ခုရှိပြီး မှတ်ပုံတင်လက်မှတ်ပေါင်း ၁၂၁၇၈ ခုကို ထုတ်
၂၀၂၅ ခုနှစ် ဒီဇင်ဘာလအထိ အမှတ်တံဆိပ်မူပိုင်ခွင့် လျှောက်ထားချက်ပေါင်း ၆၇၃၆၉ ခုရှိပြီး မှတ်ပုံတင်လက်မှတ်ပေါင်း ၁၂၁၇၈ ခုကို ထုတ်ပေးနိုင်ခဲ့ ဇန်နဝါရီ ၂၉၊ ၂၀၂၆ မူပိုင်ခွင့်ဆိုင်ရာ အေဂျင်စီအစည်းအဝေး ၁/၂၀၂၆ ကို ယနေ့မွန်းလွဲ ပိုင်းတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ -၁ ၌ ကျင်းပသည်။  ဦးစွာ မူပိုင်ခွင့်ဆိုင်ရာအေဂျင်စီဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းက မူပိုင်ခွင့်ဆိုင်ရာအေဂျင်စီသည် မူပိုင်ခွင့်လျှောက်ထားချက်များနှင့် စပ်လျဉ်း၍ မှတ်ပုံတင်အရာရှိ၏ ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်းစသည့် ဆုံးဖြတ်ချက်အပေါ်မကျေနပ်၍ အယူခံဝင်မှုများကို အဓိကအဆုံးအဖြတ်ပြုသည့် မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီနှင့် မူပိုင်ခွင့်ဦးစီးဌာနတို့အကြား ညှိနှိုင်းပေါင်းစပ်ပေးသည့် အဖွဲ့အစည်းဖြစ်ပါကြောင်း၊ ၂၀၂၅ ခုနှစ်အတွင်း မူပိုင်ခွင့်ဆိုင်ရာ အေဂျင်စီအစည်း အဝေးများ ငါးကြိမ် ကျင်းပနိုင်ခဲ့ပြီး ဆုံးဖြတ်ချက် ၃၉ ခုကို ချမှတ်နိုင်ခဲ့ပါကြောင်း၊ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအထိ အမှတ်တံဆိပ်မူပိုင်ခွင့် လျှောက်ထားချက်ပေါင်း ၆၇၃၆၉ ခု ရှိပြီး မှတ်ပုံတင် လက်မှတ်ပေါင်း ၁၂၁၇၈ ခုကို ထုတ်ပေးနိုင်ခဲ့ပါကြောင်း၊ ကန့်ကွက်ချက်များအပေါ် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေပုဒ်မ ၂၈ ပုဒ်မခွဲ ခအရခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်းကိုများမကြာမီ အချိန်အတွင်း အဆုံးအဖြတ်ပြုရမည်ဖြစ်သည့်အတွက် အမှတ်တံဆိပ် မှတ်ပုံတင်ခြင်းဆိုင်ရာ နည်းဥပဒေပါကန့်ကွက်ခြင်း ဆိုင်ရာဆောင်ရွက်မည့်နည်းလမ်းများနှင့်အညီ စစ်ဆေးဆောင်ရွက်လျက်ရှိပါကြောင်း၊ မှတ်ပုံတင်အရာရှိ၏ ဆုံးဖြတ်ချက်အပေါ် မကျေနပ်ပါက အေဂျင်စီထံ အယူခံဝင်လာသည့်အမှုများကို ဖြေရှင်းနိုင်ရေးအတွက်ကုန် အမှတ်တံဆိပ်မူပိုင်ခွင့်ဆိုင်ရာ အယူခံစစ်ဆေးရေးလုပ်ငန်းအဖွဲ့ ဖွဲ့စည်းနိုင်ရန်နှင့် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ပညာရှင်ရရှိရေးကို ဆောင်ရွက်လျက်ရှိပြီး အယူခံ လျှောက်လွှာများ စနစ်တကျ လက်ခံဆောင်ရွက်နိုင်ရန်အတွက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရေးဆွဲပြုစုလျက်ရှိပါကြောင်း။ အမှာစာများအပေါ် ဝိုင်းဝန်းဆွေးနွေး ၂၀၂၅ ခုနှစ် ဇူလိုင် ၁၆ ရက်မှစတင်၍ စာပေနှင့်အနုပညာ မူပိုင်ခွင့် သို့မဟုတ် ဆက်နွှယ်သည့် အခွင့်အရေးဆိုင်ရာ စုပေါင်းစီမံခန့်ခွဲသည့် အဖွဲ့အစည်း -CMO များ ဖွဲ့စည်းဆောင်ရွက်၍ လျှောက်ထားနိုင်ကြောင်းကို မူပိုင် ခွင့် ဦးစီးဌာန၏ Website နှင့် မြန်မာ့အလင်းသတင်းစာတို့တွင် ကြေညာခဲ့ပြီး CMO လျှောက်ထားခြင်းများကို စိစစ်ဆောင်ရွက်နိုင် ရန် လုပ်ငန်းအဖွဲ့ကိုလည်း ဖွဲ့စည်း ခဲ့ပြီးဖြစ်ပါကြောင်း၊ မူပိုင်ခွင့်ဆိုင်ရာ အေဂျင်စီလိုဂိုအတွက် ယှဉ်ပြိုင်သူများထံမှ ပေးပို့လာသော လိုဂိုဒီဇိုင်းများအနက် ဆုရလက်ရာရှင်ကို မကြာမီရွေးချယ်သွားမည်ဖြစ်ပါကြောင်းနှင့် အဖွဲ့ဝင်များအနေဖြင့် အစည်းအဝေးသို့ တင်ပြထားသည့် အမှာစာများအပေါ်တွင် ဝိုင်းဝန်းဆွေးနွေးပေးစေလိုပါကြောင်း ပြောကြားသည်။ ထို့နောက် မူပိုင်ခွင့်ဆိုင်ရာ အေဂျင်စီအတွင်းရေးမှူးက အေဂျင်စီသို့တင်ပြသည့် အမှာစာများကို ဖတ်ကြားတင်ပြပြီး တက်ရောက်လာသည့် အေဂျင်စီအဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေးကြသည်။ ယင်းနောက် အေဂျင်စီအဖွဲ့ဝင်များ၊ မူပိုင်ခွင့်ပညာရှင်များနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် အကြံပြုဆွေးနွေးတင်ပြကြရာ မူပိုင်ခွင့်ဆိုင်ရာ အေဂျင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

🇹🇭 🔥🇰🇭ထိုင်း-ကမ္ဘောဒီးယားတိုက်ပွဲများအတွင်း စစ်မြေပြင်တစ်နေရာတွင် ထိုင်းတပ်မတော်မှ M163A1 VADS လေကြောင်းရန်ကာကွယ်ရေးသံချပ်ကာယာဉ်တစ်စီးက ကမ္ဘောဒီးယားမြေပြင်ပစ်မှတ်များကို ပစ်ခတ်နေသည့် ဗီဒီယို ဇန်နဝါရီ ၃၀၊ ၂၀၂၆ News Of Myanmar NOM

"MAGA" ထောက်ခံသူ (ထရမ့်ထောက်ခံသူ) လူနာများကို ဆေးကုသပေးမည်မဟုတ်ဟု ပြောဆိုသည့် သူနာပြုတစ်ဦး လိုင်စင်ရုပ်သိမ်းခံရ NOM ဇန်နဝါရီ
"MAGA" ထောက်ခံသူ (ထရမ့်ထောက်ခံသူ) လူနာများကို ဆေးကုသပေးမည်မဟုတ်ဟု ပြောဆိုသည့် သူနာပြုတစ်ဦး လိုင်စင်ရုပ်သိမ်းခံရ NOM ဇန်နဝါရီ ၃၀၊ ၂၀၂၆ အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်ရှေ့နေချုပ်က "MAGA" ထောက်ခံသူ (ထရမ့်ထောက်ခံသူ) လူနာများကို ဆေးကုသပေးမည်မဟုတ်ကြောင်း ထုတ်ဖော်ပြောဆိုသည့် အဲ့ရစ်မာတင်ဒေး(လ်) အမည်ရှိအမျိုးသားသူနာပြုတစ်ဦး၏ သူနာပြုလိုင်စင်ကို ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ ရှေ့နေချုပ်က "ကျန်းမာရေးစောင့်ရှောက်မှုဟာ နိုင်ငံရေးအယူအဆပေါ် မူတည်နေတာမဟုတ်ပါဘူး။ နိုင်ငံရေးကို သူတို့ (ဆေးဘက်ဆိုင်ရာဝန်ထမ်းများ) ရဲ့ကျင့်ဝတ်ဆိုင်ရာတာဝန်ထက် ဦးစားပေးတဲ့ တစ်ဖက်သက်အစွန်းရောက်သူတွေကို ကျွန်တော်တို့လုံးဝခွင့်မပြုပါဘူး။" News Of Myanmar NOM