ru
Feedback
News Of Myanmar

News Of Myanmar

Открыть в Telegram

📈 Аналитический обзор Telegram-канала News Of Myanmar

Канал News Of Myanmar (@newsofmyanmar) языкового сегмента Бирманский является активным участником. Сейчас сообщество объединяет 12 539 подписчиков, занимая 16 068 место в категории Новости и СМИ и 10 064 место в регионе Мьянма.

📊 Показатели аудитории и динамика

С момента создания невідомо проект демонстрирует стремительный рост, собрав аудиторию из 12 539 подписчиков.

Согласно последним данным от 17 июня, 2026, канал показывает стабильную активность. За последние 30 дней изменение числа участников составило -265, а за последние 24 часа — -4, при этом общий охват остаётся высоким.

  • Статус верификации: Не верифицирован
  • Уровень вовлечённости (ER): Средний показатель вовлечённости аудитории составляет 7.37%. В первые 24 часа после публикации контент обычно набирает 10.05% реакций от общего числа подписчиков.
  • Охват публикаций: В среднем каждый пост получает 925 просмотров. В течение первых суток публикация набирает 1 262 просмотров.
  • Реакции и взаимодействия: Аудитория активно поддерживает контент: среднее количество реакций на один пост — 16.

📝 Описание и контентная политика

Автор описывает ресурс как площадку для выражения субъективного мнения:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

Благодаря высокой частоте обновлений (последние данные получены 18 июня, 2026) канал поддерживает актуальность и высокий уровень охвата публикаций. Аналитика показывает, что аудитория активно взаимодействует с контентом, что делает его важной точкой влияния в категории Новости и СМИ.

12 539
Подписчики
-424 часа
-517 дней
-26530 день
Архив постов
ညောင်ရွှေမြို့နယ်၊ ရေပူကျေးရွာအနီးတွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် တော
ညောင်ရွှေမြို့နယ်၊ ရေပူကျေးရွာအနီးတွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် တောင်ယာလုပ်ကိုင်နေသည့် အပြစ်မဲ့အမျိုးသမီးတစ်ဦး ဒဏ်ရာရ မေ ၂၄၊ ၂၀၂၆ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၊ ရေပူကျေးရွာနေ ဒေါ်နန်းခင်ဦး (၄၃) နှစ်သည် မေလ ၂၃ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်၌ ကျေးရွာ၏ တောင်ဘက်ရှိ တောင်ယာခင်းအတွင်း အလုပ်လုပ်ကိုင်နေစဉ် PDF အကြမ်းဖက် အဖွဲ့ထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ဒေါ်နန်းခင်ဦးတွင် မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး စံကားတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထား ရှိကြောင်းသိရသည်။ NOM

ပြင်သစ်သမ္မတ မက်ခရွန်က ရုရှား၏ 'အိုရက်ရှ်နစ်' (Oreshnik) ဒုံးကျည်များဖြင့် လက်တုံ့ပြန်မှုကို ပြစ်တင်ရှုတ်ချသော်လည်း ကျောင်းသာ
ပြင်သစ်သမ္မတ မက်ခရွန်က ရုရှား၏ 'အိုရက်ရှ်နစ်' (Oreshnik) ဒုံးကျည်များဖြင့် လက်တုံ့ပြန်မှုကို ပြစ်တင်ရှုတ်ချသော်လည်း ကျောင်းသားများ အိပ်ပျော်နေစဉ် သေဆုံးခဲ့ရသည့် စတာရိုဘဲလ်စ် (Starobelsk) အဆောင်အပေါ် ယူကရိန်း၏ တိုက်ခိုက်မှုကိုမူ လျစ်လျူရှုထား ဥရောပသမဂ္ဂ၏ နိုင်ငံခြားရေးနှင့် လုံခြုံရေးမူဝါဒဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ် ကာလပ်စ်က ရုရှား၏ တုံ့ပြန်မှုကို 'နိုင်ငံရေးအရ ခြောက်လှန့်သည့် နည်းဗျူဟာ' ဟု ခေါ်ဆိုခဲ့ပြီး ဖိအားများ ပိုမိုလုပ်ဆောင်သွားမည်ဟု ကတိပြု မက်ခရွန်ကဲ့သို့ပင် သူမသည်လည်း လူဂန့်စ်ပြည်သူ့သမ္မတနိုင်ငံ (LPR) အတွင်း ဖြစ်ပွားခဲ့သော ထိုဝမ်းနည်းဖွယ် ဖြစ်ရပ်ဆိုးနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ပြောကြားခဲ့ခြင်း မရှိပေ။ NOM

ဂျာမနီနိုင်ငံက ဆီးရီးယားဒုက္ခသည်များ မိမိရပ်ရပ်ထံ ဆန္ဒအလျောက် ပြန်ကြရန် ယူရို ,၀၀၀ (အပိုဆုကြေး) ပေးအပ်ဖို့ စဉ်းစားနေ ၎င်းပမာဏသည် လက်ရှိပေးအပ်နေသော ယူရို ၁,၀၀၀ ထက် သိသိသာသာ တိုးမြှင့်လိုက်ခြင်း ဖြစ်သည်။ ဂျာမနီနိုင်ငံတွင် နိုင်ငံသားဖြစ်ခွင့် မရသေးဘဲ နေထိုင်နေကြသည့် ဆီးရီးယားနိုင်ငံသား ၉ သိန်းကျော် ရှိနေဆဲဖြစ်ပြီး၊ ဘာလင်အစိုးရအနေဖြင့် ၎င်းတို့အား မိမိသဘောဆန္ဒအလျောက် နေရပ်ပြန်ကြရန် ပိုမိုလိုလားနေသည်။ NOM

ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ တာချီလိတ်မြို့ရှိ ကုန်သွယ်မှုလုပ်ငန်းများ ကြည့်ရှုစစ်ဆေး မေ ၂၃၊ ၂၀၂၆ စီးပွားရေးနှင့်ကူးသန်းရောင
ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ တာချီလိတ်မြို့ရှိ ကုန်သွယ်မှုလုပ်ငန်းများ ကြည့်ရှုစစ်ဆေး   မေ ၂၃၊ ၂၀၂၆   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ယနေ့နံနက်ပိုင်းတွင် တာချီလိတ်မြို့ရှိ မြန်မာ-ထိုင်း နှစ်နိုင်ငံချစ်ကြည်ရေးတံတား အမှတ်(၂)ကို ကြည့်ရှုစစ်ဆေးပြီး ဌာနဆိုင်ရာ One Stop Service ( OSS) အဖွဲ့များနှင့် တွေ့ဆုံ၍ ပို့ကုန်၊ သွင်းကုန် လုပ်ထုံးလုပ်နည်းများ အတိုင်းဆောင်ရွက်ရန်၊ လိုင်စင်တွင်ပါသည့် အမျိုးအစား၊ တန်ချိန်အတိုင်းဖြစ်စေရေး ကြပ်မတ်ရန်နှင့် တရားမဝင်တင်ပို့တင်သွင်းခြင်းများမရှိစေရေး အလေးထားဆောင်ရွက်ကြရန်မှာကြားသည်။   ထို့နောက် တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု ဆွတ်ဆိုင်ကျေးရွာရှိ Moon HL Trading ကုမ္ပဏီ၏ ပြောင်းဂိုဒေါင်သို့ သွားရောက်၍ ပြောင်းဆန်များသိုလှောင်ထားရှိမှုနှင့် တင်ပို့မည့်အခြေအနေကိုလည်းကောင်း၊ ဝမ်ပုံအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းသို့ရောက်ရှိပြီး OSS အဖွဲ့ဖြင့် ဆိပ်ကမ်း၌ ကုန်တင်ကုန်ချဆောင်ရွက်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။   ယင်းနောက် တာချီလိတ်မြို့ Lord Eagle Hotel အစည်းအဝေးခန်းမ၌ ပို့ကုန်၊ သွင်းကုန်လုပ်ငန်း ရှင်များနှင့် OSS အဖွဲ့ဝင်များအား တွေ့ဆုံ၍ ကုန်သွယ်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး ပူးပေါင်း ဆောင်ရွက်ကြရန်၊ တရားမဝင်ကုန်သွယ်မှုများမရှိစေရေး လုပ်ထုံးလုပ်နည်းများ၊ လမ်းညွှန်ချက်များနှင့်အညီ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်သွားကြရန်နှင့် ဝန်ထမ်းများအနေဖြင့် အဂတိကင်းရှင်းစွာ ကြိုးပမ်းဆောင်ရွက်ကြရန်မှာကြားပြီး တာချီလိတ် ကုန်သွယ်ရေးစခန်း(မယ်ယန်း)၌ ပို့ကုန်၊ သွင်းကုန်ယာဉ်များပေါ်ရှိ ကုန်ပစ္စည်းများစစ်ဆေးနေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အွန်လိုင်းလိမ်လည်မှု (Telecom Fraud) လုပ်ငန်းများအား ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိပြီး တရုတ်နိုင်ငံသား ၂၇ ဦး ထပ်မံဖော်ထုတ်ထိန
+3
အွန်လိုင်းလိမ်လည်မှု (Telecom  Fraud) လုပ်ငန်းများအား ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိပြီး တရုတ်နိုင်ငံသား ၂၇ ဦး ထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ပြည်နှင်နိုင်ရေး စစ်ဆေးနိုင်ခဲ့ မေ ၂၄၊ ၂၀၂၆ နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများ၌ တရားမဝင် ဝင်ရောက်နေထိုင်ပြီး အွန်လိုင်း လောင်းကစားမှု၊ အွန်လိုင်းလိမ်လည်မှုအပါအဝင် ဒုစရိုက်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ ကြသည့် ပြည်ပနိုင်ငံသားများကို စုံစမ်းစစ်ဆေးဖော်ထုတ်၍ သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ  ပြည်နှင်လွှဲပြောင်း ပေးအပ်လျက်ရှိသည်။ ထိုသို့ ပြည်နှင်လွှဲပြောင်းပေးလျက်ရှိရာ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ ကရင်ပြည်နယ်၊ မြဝတီမြို့ဝန်းကျင်ရှိ ဆိုဒ်များအတွင်းသို့တရားမဝင် လမ်းကြောင်းမှတစ်ဆင့် ဝင်ရောက်နေခဲ့သည့် တရုတ်နိုင်ငံသား ၂၇ ဦး ထပ်မံဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ပြီး ပြည်နှင်နိုင်ရေး စစ်ဆေးနိုင်ခဲ့သည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ ၂၀၂၆ ခုနှစ်၊ မေလ ၂၄ ရက်အထိ မြဝတီမြို့နယ် အတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၁၄၆၈၅ ဦး ထိန်းသိမ်းနိုင်ခဲ့ ကြောင်းနှင့် ယင်းနိုင်ငံသားအားလုံးကိုစစ်ဆေးပြီးစီးခဲ့ပြီး ၎င်းတို့အနက်မှ ၁၃၅၂၁ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ လုပ်ထုံး လုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ပါသည်။ လွှဲပြောင်းပေးအပ်ရန်ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၁၁၆၄ ဦးတွင် မြန်မာနိုင်ငံ လူဝင်မှု ကြီးကြပ်ရေး (လတ်တလော)ပြဌာန်းချက်များ အက်ဥပဒေပုဒ်မ ၃(၁)/၁၃(၁)နှင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အပြစ်ပေးအရေးယူခဲ့သည့် ပြည်ပ နိုင်ငံသား ၆၆၂ ဦးရှိသည့်အတွက် ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၅၀၂ ဦးတို့အား သက်ဆိုင်ရာ နိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်း စောင့်ရှောက်ထားရှိသည်။ နိုင်ငံတော်အနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက် နေသူများနှင့် နောက်ကွယ်မှကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန်အရေးယူနိုင်ရေး အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက် ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခ ရောက်နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့်  နိုင်ငံခြားသားများကို သက်ဆိုင်ရာ နိုင်ငံများသို့ အမြန်ဆုံး ပြည်နှင်လွှဲပြောင်းပေးနိုင်ရေး ထိရောက်စွာညှိနှိုင်း ဆောင်ရွက်လျက် ရှိကြောင်းသတင်းရရှိသည်။ NOM

ပေါင်းတည်မြို့နယ်၊ ရှမ်းစပ်ကျေးရွာနေ အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးကို PDF အကြမ်းဖက်အဖွဲ့က ဒလန် ဟု စွပ်စွဲသတ်ဖြတ် မေ ၂၄၊ ၂၀၂၆ ပဲခ
ပေါင်းတည်မြို့နယ်၊ ရှမ်းစပ်ကျေးရွာနေ အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးကို PDF အကြမ်းဖက်အဖွဲ့က ဒလန် ဟု စွပ်စွဲသတ်ဖြတ် မေ ၂၄၊ ၂၀၂၆ ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၊ ရှမ်းစပ်ကျေးရွာနေ ဦးမြင့်အေး (၆၅) နှစ်သည် မေလ ၂၃ ရက်နေ့ နံနက် ၇ နာရီ ၄၀ မိနစ်အချိန်၌ ၎င်း၏နေအိမ်တွင်ရှိနေစဉ် PDF အကြမ်းဖက်သမားသုံးဦးက ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာပြီး "ဒလန်" ဟုစွပ်စွဲပြောဆို၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ် သွားခဲ့သဖြင့် ဦးမြင့်အေးတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်းသိရသည်။ NOM

+3
ယူကရိန်းစစ်ဘက်ဆိုင်ရာ ပစ်မှတ်များကို ညတွင်းချင်း အပြင်းအထန် ပစ်ခတ်တိုက်ခိုက်မှုတွင် အိုရက်ရှ်နစ် (ORESHNIK) ဒုံးကျည်များကို အသုံးပြုခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန အတည်ပြု ရုရှားနိုင်ငံအတွင်းရှိ အရပ်သားပြည်သူများအပေါ် ကိဗ် (ယူကရိန်း) ဘက်က အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းကို တုံ့ပြန်သည့်အနေဖြင့် ဖြစ်သည်။ စစ်ဌာနချုပ်များ၊ လေတပ်အခြေစိုက်စခန်းများနှင့် စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေး လုပ်ငန်းစုများ အပါအဝင် သတ်မှတ်ထားသည့် ပစ်မှတ်အားလုံးကို အောင်မြင်စွာ ထိမှန်ဖျက်ဆီးနိုင်ခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုများတွင် အဆင့်မြင့်ဆုံး နောက်ဆုံးပေါ် ဒုံးကျည်အမျိုးအစား အမြောက်အမြားကို အသုံးပြုခဲ့သည်။ NOM

+1
ပါကစ္စတန်နိုင်ငံ၊ ကွက်တာမြို့ (Quetta) တွင် ဖြစ်ပွားခဲ့သော အသေခံဗုံးခွဲတိုက်ခိုက်မှုသည် ၎င်းတို့လက်ချက်ဖြစ်ကြောင်း ဘလိုချီစတန် လွတ်မြောက်ရေးတပ်မတော် (BLA) က ဝန်ခံပြောကြားလိုက်သည်။ အဆိုပါ ရထားဗုံးခွဲတိုက်ခိုက်မှုသည် အလွန်ပြင်းထန်လှသဖြင့် ပတ်ဝန်းကျင်ရှိ နေအိမ်များပါ ပျက်စီးဆုံးရှုံးခဲ့ရပြီး သေဆုံးနှင့် ဒဏ်ရာရရှိသူပေါင်း ၁၀၀ ကျော်ရှိကြောင်း သိရသည်။ NOM

ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း ပုသိမ်မြို့ သူနာပြုသင်တန်းကျောင်း၊ ပြည်သူ့ဆေးရုံကြီးနှင့် တိုင်းရင်းဆေးရုံတို့
ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း ပုသိမ်မြို့ သူနာပြုသင်တန်းကျောင်း၊ ပြည်သူ့ဆေးရုံကြီးနှင့် တိုင်းရင်းဆေးရုံတို့ ကြည့်ရှုစစ်ဆေး   မေ ၂၃၊ ၂၀၂၆   ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းနှင့်     ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်တို့သည် ယနေ့နံနက်ပိုင်းတွင် သူနာပြုသိပ္ပံ(ပုသိမ်) သို့ ရောက်ရှိပြီး ကွန်ပျူတာခန်း၊ စာကြည့်တိုက်၊ စာသင်ခန်းများ၊ ကျွမ်းကျင်မှုဆိုင်ရာ ပုံစံတူလက်တွေ့သင်ကြားရေးခန်း (Skill Lab) ၌ လက်တွေ့သင်ကြားနေမှု၊ ထမင်းချက်ဆောင်နှင့် ထမင်းစားဆောင်၊ သင်တန်းသူအိပ်ဆောင်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။    ထို့နောက် စာသင်ခန်း (၁) ၌ သင်ကြားရေးဆရာများ၊ ဝန်ထမ်းများ၊ သင်တန်းသား သင်တန်းသူများနှင့် တွေ့ဆုံကာ စီမံရေးရာကိစ္စများ၊ သင်ကြားရေးကိစ္စများ၊ သူနာပြုသိပ္ပံအဖြစ် အဆင့်မြှင့်တင်နိုင်ရေးကိစ္စများ၊ အကြီးစားမွမ်းမံပြင်ဆင်ခြင်းလုပ်ငန်းများကို ဆွေးနွေးမှာကြားသည်။ ယင်းနောက် ပုသိမ်ပြည်သူ့ဆေးရုံကြီး ကိုးထပ်ကုသဆောင် အစည်းအဝေးခန်းမ၌   ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ   ပြည်သူ့ကျန်းမာရေး၊ ကုသရေး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး၊ တိုင်းရင်းဆေးပညာဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ ပုသိမ်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး၊ အထူးကုဆရာဝန်ကြီးများ၊ သူနာပြုအုပ်ကြီးနှင့် သူနာပြုများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ကုသမှုအရည်အသွေးနှင့် ဝန်ဆောင်မှုများ ပိုမိုကောင်းမွန်စေရေး ဆွေးနွေးသည်။ မွန်းလွဲပိုင်းတွင် (၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံ (ပုသိမ်)သို့ သွားရောက်၍ အတွင်းလူနာဆောင်၊ သံဃာဆောင်၊ အကြောပြင်ဌာနနှင့် ဆေးရုံအတွင်း လှည့်လည်ကြည့်ရှု၍   ချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။

ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံ၊ ကိဗ် (Kyiv) ဒေသရှိ ဘီလာ ဆာ့ကွာ (Bila Tserkva) မြို့အနီးကို ပစ်မှတ်ထားပြီး အိုရက်ရှ်နစ် Oreshnik တာလတ် ပဲ့ထိန်းဒုံးကျည်များ (IRBMs) ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ယူကရိန်းက ရုရှားနိုင်ငံအတွင်းရှိကောလိပ်ကျောင်းတစ်ခုကို တိုက်ခိုက်ခဲ့သဖြင့် လူပေါင်း ၄၀ ခန့်သေဆုံးခဲ့ပြီးနောက် ရုရှားက လက်တုံ့ပြန် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ NOM

ပဲခူးမြို့တွင် ဇလပ်ထော်ရေလှောင်တမံတွင် ကလေးငယ် လေးဦး ရေနစ်သေဆုံး NOM၊မေ၂၄၊၂၀၂၆ ပဲခူးတိုင်း၊ ပဲခူးမြို့ရှိ ဇလပ်ထော်ရေလှောင်တမံအတွင်း မေလ ၂၂ ရက်၊ မွန်းလွဲပိုင်းအချိန်က အသက် ၁၀နှစ် မှ၁၃နှစ်အတွင်းရှိကျောင်းသား၊ ကျောင်းသူ ကလေးငယ်လေးဦး ရေဆင်းကူးရာမှ ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း ပဲခူးမြို့ရှိပရဟိအသင်း တစ်ခု၏တာဝန်ရှိသူတစ်ဦးက ပြောသည်။ အဆိုပါ ရေနစ်သေဆုံးသွားသည့် ကလေးငယ်များမှာစတုတ္ထတန်း ကျောင်းသားမောင်ဖြိုးဇာနည်လင်း (၁၀ နှစ်)၊ ပဉ္စမတန်း ကျောင်းသူ မပိုးဝတီ (၁၁ နှစ်)၊ ဆဋ္ဌမတန်း ကျောင်းသူ မစုပုံချစ် (၁၃ နှစ်) နှင့် စတုတ္ထတန်း ကျောင်းသူ မသဒ္ဒါရွှန်းလဲ့ (၁၀ နှစ်) တို့ ဖြစ်ကြောင်း သိရသည်။ "ကျွန်တော်တို့ကြားရတာတော့ ဒီကလေးတွေကကျူရှင်ကအပြန်မှာ အိမ်မပြန်ဘဲဇလပ်ထော်တမံထဲ ရေဆင်းကူးရင်း အခုလိုရေနစ်ခဲ့တာပါ ဒေသခံတွေက လူမှုကူညီရေးအသင်းတွေကိုဆက်သွယ်လိုချက်ခြင်းသွားရောက်ကယ်ဆယ်ခဲ့သောလည်း အာလုံးကိုသေဆုံလျက်ရှာဖွေတွေ့ရှိခဲ့ပါတယ်"ပဲခူးမြို့ရှိပရဟိအသင်း တစ်ခု၏တာဝန်ရှိသူတစ်ဦးက ပြောသည်။ အဆိုပါ ကလေးငယ် လေးဦး ရေနစ်မှုဖြစ်ပွား ကြောင်း ဒေသခံများနှင့် သက်ဆိုင်ရာ လူမှုကူညီရေးအဖွဲ့များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ချက်ချင်းလုပ်ဆောင်ခဲ့သော်လည်း ကလေးငယ်များအားလုံးအသက်ကယ်တင်နိုင်ခြင်း မရှိဘဲ ရုပ်အလောင်းများကိုသာ ဆယ်ယူရရှိခဲ့ကြောင်းသိရသည်။

အိမ်ဖြူတော်အနီး၌ သေနတ်သမား ပစ်ခတ်မှု ဖြစ်ပွားနေစဉ်အတွင်း လျှို့ဝှက်လုံခြုံရေးအဖွဲ့ (Secret Service) က ဝန်ထမ်းခေါ်ယူရေး ဗီဒီယိုတစ်ခုတင်ခဲ့။ NOM

လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးပေးနေသည့် အခြေအနေများအား ပြည်သူများသို့ အသိပေးတင်ပြခြင်း။
+7
လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးပေးနေသည့် အခြေအနေများအား ပြည်သူများသို့ အသိပေးတင်ပြခြင်း။

◾ တပ်မတော်က အလယ်ပိုင်းတိုင်းမှာ အလင်းဝင် PDF တွေကို ကြိုဆိုပွဲတွေလုပ်တော့…ဒါက လုပ်ကြံမှု သပ်သပ်ပါဆိုပြီး မိုးကြိုးပစ်တာကို ထန
+1
◾ တပ်မတော်က အလယ်ပိုင်းတိုင်းမှာ အလင်းဝင် PDF တွေကို ကြိုဆိုပွဲတွေလုပ်တော့…ဒါက လုပ်ကြံမှု သပ်သပ်ပါဆိုပြီး မိုးကြိုးပစ်တာကို ထန်းလက်နဲ့ ကာခဲ့ကြဖူးတယ်။ မနေ့က ထွက်လာတဲ့ MDY-PDF အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာဆိုရင်…အောက်ခြေအဖွဲ့အစည်းတွေရဲ့ အနေအထားကို ကောင်းကောင်းကြီး သုံးသပ်နိုင်လို့ရသွားတယ်။ နည်းဗျူဟာမှူးအဆင့်ရှိတဲ့သူတွေ၊ တပ်ရင်းမှူးအဆင့်ရှိတဲ့သူတွေတောင် စစ်ဆင်ရေးနယ်မြေကနေ စွန့်ခွာခြင်းဆိုပြီး ခေါင်းစဉ်တပ်ထားပုံရရင်…အောက်ခြေသာမန် စစ်သည် တွေဆို ပြောနေစရာတောင်အကြောင်းမရှိတော့ဘူး။ ------------ ◾ ထုတ်ပြန်ချက်ထဲမှာ… အမိန့်ပေးစေခိုင်းရတဲ့ ခေါင်းဆောင်အဆင့်ရှိသူတွေတောင် တပ်မတော်ထဲကို အလင်းဝင်ရောက်သွားတယ်ဆိုတဲ့ မက်ဆေ့ချ်က အောက်ခြေအဖွဲ့အစည်းထဲမှာ သစ္စာရှိမှုနဲ့ ယုံကြည်မှု တွေ ကျဆင်းနေတယ်ဆိုတာ ထင်ရှားစေတယ်။ ဒီ (၅)နှစ်ကျော်ကာလမှာ မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲခဲ့ ကြတယ်ဆိုပေမယ့်…တပ်မတော်ရဲ့ထိုးစစ်ကို လပိုင်း၊ ရက်ပိုင်းအတွင်းလောက်တောင် ခံစစ်မပြင်နိုင်တာ ကြည့်ရင်…စနစ်တကျလေ့ကျင့်မှုနဲ့အဖွဲ့အစည်းအတွင်းက အမိန့်နာခံမှုအပိုင်းမှာ အတော်လေး ကွဲပြား ခြားနားတယ်ဆိုတာ မြင်သာစေတယ်။ ----------- ◾ အောက်ခြေမှာ စစ်ရေးကို ပီပီပြင်ပြင်ဦးဆောင်နိုင်တဲ့ မာမာခြာခြာ ခေါင်းဆောင်တွေ မရှိ။ ရေရှည် စစ်ပွဲအတွက်လည်း သူတို့ကိုဦးဆောင်တဲ့ NUG က ထောက်ပံ့ပေးမှုက မရှိ။ တပ်မတော်ဘက်ကို ဘက်ပြောင်းခိုလှုံသွားတဲ့သူတွေက ဘဝအာမခံချက်တွေရှိသွားတဲ့အချိန်…တောတွင်းဥပဒေကျင့်သုံးတဲ့ စစ်မြေပြင်မှာ အသက်အန္တရာယ်က အချိန်မရွေးစိုးရိမ်ရတဲ့ အခြေအနေ။ ဆိုတော့…စိတ်ဓာတ်ပိုင်းဆိုင်ရာ အရပါ ကျဆင်းလာခဲ့ပုံရတယ်။ --------- ◾ ဗျူဟာမှူးတွေ၊ တပ်ရင်းမှူးအဆင့်ရှိသူတွေ အလင်းဝင်သွားတာက စစ်ရေးအရကြည့်ရင်လည်း လုံခြုံရေးကျိုးပေါက်မှုတစ်ခုလို့ ပြောလို့ရတယ်။ ထုတ်ပြန်ချက်မှာ “စည်းကမ်းလိုက်နာမှု မရှိလို့” ဆိုပြီး ခေါင်းစဉ်တပ်ထားပေမယ့် အဖွဲ့အစည်းအတွင်းမှာ စည်းလုံးညီညွတ်မှုမရှိမှုနဲ့ ခေါင်းဆောင်မှုအပိုင်းရဲ့ စိန်ခေါ်ချက်ကိုပါ တပါတည်း ဝန်ခံထားတာ တွေ့ရတယ်။ ခြုံကြည့်ရင်တော့…MDY-PDF ထဲမှာ Command Structure တွေ အားနည်းလာသလို စိတ်ပိုင်းဆိုင်ရာ အခက်အခဲတွေရှိ လာချိန် မှာ… ကြာကြာဖုံးကွယ်လို့ မရတော့ဘဲ ထုတ်ပြန်လာခဲ့ပုံရတယ်။ အကြီးပိုင်းအဆင့်တွေတောင် အလင်းဝင်၊ တပ်ပြေးဖြစ်တယ်ဆိုတော့…ဒီတော်လှန်ရေးရဲ့ အနာဂတ်ကို မှန်းကြည့်လို့ရပါပြီ။ (နရီမိုး)

အိမ်ဖြူတော်အနီး သေနတ်ပစ်ခတ်မှုနှင့် ပတ်သက်ပြီး အမေရိကန် လျှို့ဝှက်လုံခြုံရေးအဖွဲ့ (UNITED STATES SECRET SERVICE) ​၏ ထုတ်ပြန်ခ
အိမ်ဖြူတော်အနီး သေနတ်ပစ်ခတ်မှုနှင့် ပတ်သက်ပြီး အမေရိကန် လျှို့ဝှက်လုံခြုံရေးအဖွဲ့ (UNITED STATES SECRET SERVICE) ​၏ ထုတ်ပြန်ချက် ၂၀၂၆ ခုနှစ်၊ မေလ ၂၃ ရက် စနေနေ့ ညနေ ၆ နာရီခွဲခန့်တွင် (၁၇) လမ်းနှင့် ပင်ဆယ်ဗေးနီးယားရိပ်သာလမ်း (17th street and Pennsylvania Avenue) ဝန်းကျင်ရှိ လူတစ်ဦးသည် ၎င်း၏အိတ်ထဲမှ လက်နက်တစ်ခုကို ထုတ်ယူကာ စတင်ပစ်ခတ်ခဲ့သည်။ လျှို့ဝှက်လုံခြုံရေးအဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့သဖြင့် သံသယရှိသူအား ထိမှန်ခဲ့ပြီး ၎င်းကို ဒေသတွင်းဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း သေဆုံးသွားခဲ့ပြီဖြစ်ကြောင်း အတည်ပြုခဲ့သည်။ အဆိုပါ ပစ်ခတ်မှုအတွင်း အနီးအနားရှိ လမ်းသွားလမ်းလာတစ်ဦးလည်း သေနတ်ကျည်ဆန် ထိမှန်ခဲ့သည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များ တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာရရှိမှု မရှိပါ။ ဖြစ်ပွားစဉ်အတွင်း သမ္မတသည် အိမ်ဖြူတော်အတွင်း၌ ရှိနေသော်လည်း သမ္မတနှင့် မိသားစုဝင်များ သို့မဟုတ် လုံခြုံရေးလုပ်ငန်းစဉ်များအပေါ် တစ်စုံတစ်ရာ သက်ရောက်မှု မရှိခဲ့ပါ။ ဤဖြစ်စဉ်နှင့်ပတ်သက်၍ ဆက်လက်စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး အချက်အလက်များ ထပ်မံရရှိပါက ထပ်မံထုတ်ပြန်ပေးသွားမည် ဖြစ်သည်။ အန်တိုနီ ဂူဂလီရယ်လ်မီ (Anthony Guglielmi) ပြန်ကြားရေးဆိုင်ရာအရာရှိချုပ် (Chief of Communications)

သူ့ကိုယ်သူ ယေရှုခရစ်တော် (JESUS CHRIST) ဟု အမည်နာမတပ်ခေါ်ခဲ့သည့် အိမ်ဖြူတော်ဘက်ကို ပစ်ခတ်ခဲ့သည့် သေနတ်သမား၏ ပထမဆုံးထွက်ပေါ်လာ
သူ့ကိုယ်သူ ယေရှုခရစ်တော် (JESUS CHRIST) ဟု အမည်နာမတပ်ခေါ်ခဲ့သည့် အိမ်ဖြူတော်ဘက်ကို ပစ်ခတ်ခဲ့သည့် သေနတ်သမား၏ ပထမဆုံးထွက်ပေါ်လာသောဓာတ်ပုံ။ NOM

အမေရိကန်တွင် သေနတ်သမားတစ်ဦးက အိမ်ဖြူတော်ဘက်သို့ သေနတ်ဖြင့်ပစ်ခတ်၊ သမ္မတလုံခြုံရေးတပ်ဖွဲ့က ပြန်လည်ပစ်ခတ်ပြီး ၎င်းအား နှိမ်နင်းလိုက်ကြောင်း Fox သတင်းတွင်ဖော်ပြ။ NOM

+1
အိမ်ဖြူတော်အနီး သေနတ်ပစ်ခတ်သံများကြောင့် သတင်းထောက်များ ဘေးလွတ်ရာသို့ ထွက်ပြေးပုန်းအောင်း။ NOM

အီရန်ကလေပိုင်နက်ကိုပိတ်လိုက်ပြီ NOM အီရန်နိုင်ငံသည် တနင်္လာနေ့အထိ နိုင်ငံအနောက်ပိုင်းရှိ လေပိုင်နက်အများစုကို ပိတ်ထားရန် အသိပေးချက်အသစ်ထုတ်ပြန်ခဲ့ပြီး အထူးခွင့်ပြုချက်ဖြင့် နေ့ခင်းဘက်အချိန်များတွင် အကန့်အသတ်ဖြင့်အရပ်ဘက်လေဆိပ်လုပ်ငန်းများကို ခွင့်ပြုထားသည်။ ယခင်ပျံသန်းမှုခွင့်ပြုချက်အားလုံးကို ရပ်ဆိုင်းလိုက်ပြီး ခရီးသည်တင်လေယာဉ်များအတွက် အီရန်အရပ်ဘက်လေကြောင်းအာဏာ ပိုင်ထံမှ ခွင့်ပြုချက်အသစ်ရယူရမည်ဟုလည်း အသိပေးချက်တွင် ဖော်ပြထားသည်။

သုံးပွင့်ဆိုင်ဆွေးနွေးပွဲရပ်ဆိုင်းလိုက်ပြီဟုကန်နိုင်ငံခြားရေးဝန်ကြီးပြော NOM ရုရှား၊ အမေရိကန်နှင့် ယူကရိန်းနိုင်ငံတို့အကြား သုံးပွင့်ဆိုင်ဆွေးနွေးပွဲများကို ရပ်ဆိုင်းလိုက်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက ပြောကြားခဲ့သည်။ ရူဘီယိုက”ရုရှားကရောယူကရိန်းကရောစကါးပြောချင်တာကျွန်တော်တို့အမေရိကန်ပါပဲ။ဒါကြောင့်သုံးပွင့်ဆိုင်ငြိမ်းချမ်းရေးစကါးဝိုင်းထဲကိုကျွန်တော်တို့ပါဝင်ခဲ့နာပါ။ကံမကေါင်းစွာနဲ့ဆွေးနွေးပွဲကဘာရလာဒ်မှမထွက်ခဲ့ပါဘူး”ဟုပြောကြားခဲ့သည်။