ru
Feedback
News Of Myanmar

News Of Myanmar

Открыть в Telegram

📈 Аналитический обзор Telegram-канала News Of Myanmar

Канал News Of Myanmar (@newsofmyanmar) языкового сегмента Бирманский является активным участником. Сейчас сообщество объединяет 12 493 подписчиков, занимая 16 017 место в категории Новости и СМИ и 10 067 место в регионе Мьянма.

📊 Показатели аудитории и динамика

С момента создания невідомо проект демонстрирует стремительный рост, собрав аудиторию из 12 493 подписчиков.

Согласно последним данным от 24 июня, 2026, канал показывает стабильную активность. За последние 30 дней изменение числа участников составило -248, а за последние 24 часа — 1, при этом общий охват остаётся высоким.

  • Статус верификации: Не верифицирован
  • Уровень вовлечённости (ER): Средний показатель вовлечённости аудитории составляет 10.08%. В первые 24 часа после публикации контент обычно набирает 5.11% реакций от общего числа подписчиков.
  • Охват публикаций: В среднем каждый пост получает 1 260 просмотров. В течение первых суток публикация набирает 639 просмотров.
  • Реакции и взаимодействия: Аудитория активно поддерживает контент: среднее количество реакций на один пост — 15.

📝 Описание и контентная политика

Автор описывает ресурс как площадку для выражения субъективного мнения:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

Благодаря высокой частоте обновлений (последние данные получены 25 июня, 2026) канал поддерживает актуальность и высокий уровень охвата публикаций. Аналитика показывает, что аудитория активно взаимодействует с контентом, что делает его важной точкой влияния в категории Новости и СМИ.

12 493
Подписчики
+124 часа
-547 дней
-24830 день
Архив постов
အန်ဆာရူလာ (ANSARULLAH) (ဝါ) ဟူသီ လက်နက်ကိုင်အဖွဲ့ စစ်ပွဲအတွင်းဝင်ရောက်လာ အန်ဆာရူလာ (ANSARULLAH) အဖွဲ့ စစ်ပွဲအတွင်း ပါဝင်လာပြီ
အန်ဆာရူလာ (ANSARULLAH) (ဝါ) ဟူသီ လက်နက်ကိုင်အဖွဲ့ စစ်ပွဲအတွင်းဝင်ရောက်လာ အန်ဆာရူလာ (ANSARULLAH) အဖွဲ့ စစ်ပွဲအတွင်း ပါဝင်လာပြီဖြစ်ကာ ယီမင်နိုင်ငံမှ ပစ်လွှတ်လိုက်သော ဒုံးကျည်တစ်စင်းသည် အစ္စရေးတောင်ပိုင်းရှိ နီဂေ့ဗ် (NEGEV) ဒေသကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်။ ထာဝရတည်တံ့ခိုင်မြဲသော ယီမင်ပြည်သူများ အောင်မြင်ပါစေ!!! အန်ဆာရူလာ (Ansarullah) ဆိုတာ ဘာအဖွဲ့လဲ? Ansarullah (အန်ဆာရူလာ) ဆိုသည်မှာ ယီမင်နိုင်ငံ မြောက်ပိုင်းတွင် အခြေစိုက်သည့် ရှီယိုက် (Shia) အစ္စလာမ်ဘာသာဝင် စစ်ရေးနှင့် နိုင်ငံရေးအဖွဲ့အစည်းတစ်ခုဖြစ်ပြီး ကမ္ဘာက ၎င်းတို့ကို "ဟူသီ" (Houthi) အဖွဲ့အမည်ဖြင့် ပိုမိုသိရှိကြပါတယ်။ "Ansar Allah" ဆိုသည်မှာ အာရဗီဘာသာဖြင့် "ဘုရားသခင်၏ နောက်လိုက်များ" သို့မဟုတ် "ဘုရားသခင်၏ အကူအညီပေးသူများ" ဟု အဓိပ္ပာယ်ရပါသည်။ ၁၉၉၀ ပြည့်နှစ်များတွင် ယီမင်နိုင်ငံ မြောက်ပိုင်း၌ ဘာသာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ လှုပ်ရှားမှုတစ်ခုအဖြစ် စတင်ခဲ့ပြီး နောက်ပိုင်းတွင် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အဖြစ် ပြောင်းလဲလာခဲ့သည်။ လက်ရှိတွင် ယီမင်နိုင်ငံ၏ မြို့တော် စာနာ (Sanaa) အပါအဝင် နိုင်ငံ၏ အစိတ်အပိုင်း အတော်များများကို ထိန်းချုပ်ထားသည်။ ၎င်းတို့သည် အီရန်နိုင်ငံ၏ ကျောထောက်နောက်ခံပြုမှုကို ရရှိထားပြီး လက်ဘနွန်ရှိ ဟစ်ဇ်ဘိုလာ (Hezbollah) အဖွဲ့နှင့်လည်း နီးကပ်သော ဆက်ဆံရေးရှိသည်။ ၎င်းတို့သည် အစ္စရေးနှင့် အမေရိကန်တို့၏ ဒေသတွင်း သြဇာလွှမ်းမိုးမှုကို ဆန့်ကျင်သည့် "Resistance Axis" (ခုခံမှုဝင်ရိုးစွန်း) ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ ဂါဇာစစ်ပွဲ စတင်ပြီးနောက်ပိုင်း အန်ဆာရူလာ (ဟူသီ) အဖွဲ့သည် ပါလက်စတိုင်းသားများကို ထောက်ခံသည့်အနေဖြင့် ပင်လယ်နီ (Red Sea) အတွင်းရှိ သင်္ဘောများကို တိုက်ခိုက်ခြင်းနှင့် အစ္စရေးနိုင်ငံအတွင်းသို့ ဒုံးကျည်များ၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကို လုပ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။ NOM

ယူကရိန်းသမ္မတဇလင်စကီးကိုလူလိမ်ဟုအနေရိကန်နိုင်ငံခြားရေးဝန်ကြီးပြော NOM ယူကရိန်းကဒွန်းဘတ်စ်ဒေသမှတပ်များဆုတ်ခွါမှသာအမေရိကန်ကလုံခြုံရေးအာမခံချက်ပေးမည်ဟုယူကရိန်းသမ္မတဇလင်စကီးကလိမ်ညာပြောဆိုနေကြောင်း၊လုံခြုံရေးအာမခံချက်သည်လက်ရှိဖြစ်ပွါးနေသောယူကရိန်းပဋိပက္ခပြီးဆုံးမှသာပေးမည်ဟုအမေရိကန်ကပြောထားကြောင်း၊ထို့ကြောင့်ဇလင်စကီးသည်လူလိမ်ဖြစ်ပြီးထငရာပြောနေခြင်းဖြစ်ကြောင်းအမေရိကန်နိုင်ငံခြားရေးဝန်ကြီးကသတင်းထောက်များကိုပြောသည်။

လွတ်လပ်ရေးမော်ကွန်းဝင်ပုဂ္ဂိုလ် (၃) ဦးအား ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှဂါရဝပြုတွေ့ဆုံ ယနေ့ မတ် ၂၇ ရက်တွင် ကျရောက်သည့် (၈၁)
+3
လွတ်လပ်ရေးမော်ကွန်းဝင်ပုဂ္ဂိုလ် (၃) ဦးအား ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှဂါရဝပြုတွေ့ဆုံ ယနေ့ မတ် ၂၇ ရက်တွင် ကျရောက်သည့် (၈၁) နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားတက်ရောက်မည့် လွတ်လပ်ရေးမော်ကွန်းဝင်ပုဂ္ဂိုလ် ဒုတိယအဆင့် (၁) ဦးနှင့် တတိယအဆင့် (၂) ဦးတို့အား ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှ ယနေ့ မတ် ၂၇ ရက်နံနက်ပိုင်းက လက်ဘက်ရည်ဝိုင်းဖြင့် တည်ခင်းဧည့်ခံပြီး ဂါရဝပြုတွေ့ဆုံခဲ့သည်။

(၈၁) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ဆုရရှိသော စစ်ရေးပြတပ်ခွဲများအား ဂုဏ်ပြုဆုချီးမြှင့် မတ် ၂၈၊ ၂၀၂၆ (၈၁) နှစ်မ
+3
(၈၁) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ဆုရရှိသော စစ်ရေးပြတပ်ခွဲများအား ဂုဏ်ပြုဆုချီးမြှင့် မတ် ၂၈၊ ၂၀၂၆ (၈၁) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ဆုရရှိကြသော စစ်ရေးပြတပ်ခွဲများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကို ယမန်နေ့ညပိုင်းက နေပြည်တော်ရှိ စုရပ်သစ်တပ်စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် သရေစည်သူ ကျော်စွာလင်း တက်ရောက်၍ ဆုများကို ပေးအပ်ချီးမြှင့်သည်။ NOM

နိဂုံးချုပ်အနေနဲ့ မှာကြားလိုတာကတော့ ဒို့တပ်မတော်ဟာ ခေတ်အဆက်ဆက် နိုင်ငံတော်နဲ့ပြည်သူလူထုအကျိုးကို ဦးထိပ်ထား တာဝန်ထမ်းဆောင်ခဲ့တယ်။ လက်ရှိကာလမှာလည်း “ ပြည်သူသာ အမိ၊ ပြည်သူသာအဖ” ဆိုတဲ့ခံယူချက်နဲ့ နိုင်ငံနဲ့ပြည်သူ့အကျိုးကို ကာကွယ်လျက်ရှိနေတယ်။ နောင်မှာလည်း ပြည်သူကအားကိုးရတဲ့၊ နိုင်ငံတော်ကအားထားရတဲ့ ခေတ်မီမျိုးချစ်တပ်မတော်အဖြစ် ခိုင်ခိုင်မာမာရပ်တည်သွားကြပါစို့လို့ပြောကြားရင်း နိဂုံးချုပ်လိုက်တယ်။    ။

နိုင်ငံတစ်နိုင်ငံရဲ့ လုံခြုံရေးကဏ္ဍကို အသေးစိတ်လေ့လာကြည့်ရင် အခြေခံအကျဆုံးအချက်ဟာ ပြည်သူတစ်ဦးချင်းစီရဲ့ လူမှုစီးပွားဘဝနဲ့ အသက်အိုးအိမ်စည်းစိမ်လုံခြုံမှုဖြစ်ကြောင်း တွေ့မြင်ရမှာဖြစ်တယ်။ ပြည်သူ့လုံခြုံရေးစနစ် ရာနှုန်းပြည့်လွှမ်းခြုံနိုင်ဖို့ဆိုရင် ပြည်သူတစ်ဦးချင်းစီတိုင်းမှာ လုံခြုံရေးအသိ၊ လုံခြုံရေးသတိတွေရှိနေဖို့လည်း လိုအပ်တယ်။ ဒို့နိုင်ငံအနေနဲ့လည်း ဖြစ်ပေါ်လာတဲ့  အကြမ်းဖက်ဖြစ်စဉ်များကို တားဆီးနှိမ်နင်းနိုင်ဖို့ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများအလိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကို စနစ်တကျလေ့ကျင့်ဖွဲ့စည်းပြီး ပြည်သူ့လုံခြုံရေး (People Security) လုပ်ငန်းစဉ်တွေကို အရှိန်အဟုန်နဲ့ ဆောင်ရွက်လျက်ရှိတယ်။ ဒီလိုဆောင်ရွက်ရာမှာ နယ်မြေဒေသလုံခြုံရေးအတွက် ပြည်သူ့စစ်နဲ့ တိုင်းပြည်ကာကွယ်ရေးအတွက် ပြည်သူ့စစ်မှုထမ်းစနစ်ကိုပြဋ္ဌာန်းထားတဲ့ဥပဒေတွေနဲ့အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိနေတယ်။ ကမ္ဘာမှာ ပြည်သူ့စစ်မှုထမ်းဥပဒေကို ကျင့်သုံးနေတဲ့နိုင်ငံများရှိနေတာကိုလည်း တွေ့မြင်နိုင်တယ်။ ပြည်သူများအနေနဲ့ ပြည်သူ့လူမှုစီးပွားဘဝ လုံခြုံမှုအပြည့်အဝရရှိစေဖို့အတွက် ပြည်သူ့လုံခြုံရေးလုပ်ငန်းစဉ်တွေမှာ စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်သွားကြဖို့ တိုက်တွန်းပြောကြားလိုတယ်။ ရဲဘော်တို့  ဒို့တာဝန်အရေး(၃)ပါးထဲက  တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးဆိုတဲ့အချက်ဟာ ဒို့နိုင်ငံရဲ့ ပကတိလိုအပ်ချက်ဖြစ်တဲ့ ထာဝရငြိမ်းချမ်းရေးကို ညွှန်းဆိုခြင်းပဲဖြစ်တယ်။ ထာဝရငြိမ်းချမ်းရေးက ထွက်ပေါ်လာတဲ့ ရလဒ်ကောင်းတွေဟာ တပ်မတော်တစ်ရပ်၊ အဖွဲ့အစည်းတစ်ရပ်အတွက်မဟုတ်ဘဲနိုင်ငံတော်နဲ့တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးအတွက်ဆိုတာကို လေးလေးနက်နက်သိမြင်ကြဖို့လိုအပ်တယ်။ ဒါကြောင့် ခေတ်အဆက်ဆက် တိုင်းရင်း သား လက်နက်ကိုင်များနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကိုလည်း ကြိုးစားဆောင်ရွက်ခဲ့တာ တွေ့ရမှာဖြစ်တယ်။  တပ်မတော်အနေနဲ့ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်မှာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးကို စတင်ထုတ်ပြန်ခဲ့ပြီး တစ်ဖက်သတ်အပစ်အခတ်ရပ်စဲမှုတွေကို လိုက်လျောဆောင်ရွက်ပေးခဲ့တယ်။ ၂၀၂၂  ခုနှစ်၊ ဧပြီလ ၂၂ ရက်မှာ “ ငြိမ်းချမ်းရေးကို လက်တွေ့ကျကျ ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ရန်အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးကို မိမိကိုယ်တိုင်တွေ့ဆုံဆွေးနွေးမှုပြုလုပ်သွားမယ်” ဆိုတဲ့ ငြိမ်းချမ်းရေးမိန့်ခွန်းနှင့်အတူ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များနဲ့ ကိုယ်တိုင်ကိုယ်ကျဆွေးနွေးမှုတွေ ပြုလုပ်နိုင်ခဲ့တယ်။ တွေ့ဆုံဆွေးနွေးမှုများမှတစ်ဆင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ကိုပြင်ဆင်ဖြည့်စွက်ရန်အတွက် သဘောတူညီချက် ၄၃ ချက်ကို လက်မှတ် ရေးထိုးအတည်ပြုနိုင်ခဲ့တဲ့အပြင် ယခင်အစိုးရများလက်ထက်ငြိမ်းချမ်း ရေးညီလာခံရလဒ်များမှ စုစည်းထားတဲ့ ပြည်ထောင်စုသဘောတူညီချက် (Union Accord)များကို ပြည်ထောင်စုလွှတ်တော်မှာ စုစည်းတင်ပြ ပြီး ပြင်ဆင်နိုင်ရေးဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားလိုတယ်။  ရဲဘော်တို့  ဒို့နိုင်ငံအနေနဲ့  နိုင်ငံရေးစနစ်အရ  ဒီမိုကရေစီစနစ်ကိုကျင့်သုံးနေ တာဖြစ်ပြီး နိုင်ငံတော်ရဲ့ ဖွဲ့စည်းတည်ဆောက်ပုံစနစ်အရ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုကြီး ခိုင်မာစေရေးကို ဦးတည်လျှောက်လှမ်းနေတာပဲဖြစ်တယ်။  ဖက်ဒရယ်စနစ်ဆိုတာ လူပုဂ္ဂိုလ်၊ လူမျိုးအတွက် ရည်ညွှန်းတာမဟုတ်ဘဲ ဒေသတစ်ခု၊ နယ်မြေတစ်ခုအပေါ် ရည်ညွှန်းဆောင်ရွက်ရတာဖြစ်တယ်။ ဒို့နိုင်ငံအနေနဲ့ ဖက်ဒရယ်စနစ်ကို ဖော်ဆောင်ကျင့်သုံးရာမှာလည်း ဖြတ်သန်းခဲ့ရတဲ့ သမိုင်းအဆက်ဆက်ရဲ့ အတွေ့အကြုံတွေအရ မိမိတို့နိုင်ငံနဲ့ကိုက်ညီတဲ့ ဒေသကိုအခြေခံတဲ့ ဖက်ဒရယ်စနစ်ကိုကျင့်သုံးသွားမှာဖြစ်တယ်။ ယခုဆိုရင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကတစ်ဆင့် ပြည်သူ့ဆန္ဒကို လက်တွေ့ကျကျ အကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်မယ့် ပြည်သူ့ကိုယ်စားလှယ်တွေထွက်ပေါ်ခဲ့ပြီး လွှတ်တော်အသီးသီးရဲ့အစည်းအဝေးများ စတင်ကျင်းပနေပြီဖြစ်တယ်။ ပြည်သူတစ်ဦးချင်းစီက စက်ခလုတ်နှိပ်ပြီးပေးခဲ့ကြတဲ့ မဲတစ်မဲစီဟာ ပြည်သူတစ်ဦးချင်းစီရဲ့ ဦးနှောက်နဲ့နှလုံးသားများဖြစ်လို့ ပေါ်ထွက်လာခဲ့တဲ့ ပြည်သူ့ကိုယ်စားလှယ်တွေဟာလည်း နိုင်ငံ့အရေးကို အမြော်အမြင်ရှိရှိ၊ သစ္စာရှိရှိနဲ့   အလေးအနက်ထားကြိုးပမ်းထမ်းရွက်ကြဖို့  လိုအပ်မှာပဲဖြစ်တယ်။ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအနေနဲ့လည်း ခိုင်မာတဲ့အစိုးရတစ်ရပ်ပေါ်ပေါက်ပြီး    နိုင်ငံရေးခရီးလမ်းမှာ ခိုင်ခိုင်မာမာလျှောက်လှမ်းနိုင်တဲ့အထိ ဆောင်ရွက်ပေးသွားမှာဖြစ်သလို တပ်မတော်အနေနဲ့လည်း နိုင်ငံ့အရေးအတွက်  အမြဲအသင့်ရှိနေမှာဖြစ်ကြောင်း ပြောကြားလိုတယ်။ ရဲဘော်တို့

ဒါ့အပြင် “နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်ကပါဝင်ဆောင်ရွက်နိုင်ရေးကို အစဉ်တစိုက်ဦးတည်သည်” ဆိုတဲ့အချက်ကို ထည့်သွင်းပြဋ္ဌာန်းထားခြင်းဟာလည်း အဆိုးမြင်ဝါဒီများ လှုံ့ဆော်နေသလို တပ်မတော်ဟာ နိုင်ငံရေးကိုဦးဆောင်နေခြင်းမဟုတ်ဘဲ နိုင်ငံ့အရေးအတွက်  အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍမှာ ဒို့နိုင်ငံရဲ့ လိုအပ်ချက်အရ တပ်မတော်အနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ဖို့ ပြဋ္ဌာန်းထားခြင်းဖြစ်တယ်ဆိုတာကို ရဲဘော်တို့အနေနဲ့ သိရှိနားလည်ထားကြရမှာဖြစ်တယ်။ အမျိုးသားနိုင်ငံရေးဆိုတာ လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက် အဓိကမဏ္ဍိုင်ဖြစ်တဲ့ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဆိုတဲ့  ဒို့တာဝန်အရေး(၃)ပါးအပေါ်မှာအခြေခံပြီး နိုင်ငံတော်နဲ့ နိုင်ငံသားတို့ရဲ့အကျိုးစီးပွားကို အစဉ်ရှေးရှုဖော်ဆောင်ဖို့ ရည်ရွယ်တဲ့ ထာဝရတည်မြဲတဲ့နိုင်ငံရေးပဲဖြစ်တယ်။ လွတ်လပ်ရေးနဲ့အတူ ပေါက်ဖွားလာတဲ့ ဒို့တပ်မတော်ရဲ့ ခေတ်အဆက်ဆက် အမျိုးသားနိုင်ငံရေးတာဝန်ထမ်းဆောင်မှုဟာ သမိုင်းပေးတာဝန်ဖြစ်တဲ့ ဒို့တာဝန်အရေး(၃)ပါးကို ကာကွယ်ရန်ပဲဖြစ်တယ်။ ဒါကြောင့် ဒို့တပ်မတော်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနဲ့အညီ နိုင်ငံတော်နဲ့ နိုင်ငံသားများရဲ့အကျိုးကို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားလိုတယ်။ ရဲဘော်တို့ ဒို့တပ်မတော်ကို အင်အားတောင့်တင်းပြီး တိုက်စွမ်းရည်၊ တိုက်စွမ်းအားရှိတဲ့ ခေတ်မီတပ်မတော်ဖြစ်စေရေးအတွက် ရည်မှန်းချက်ထားဖွဲ့စည်းတည်ဆောက်လျက်ရှိတယ်။ ဒီလိုတည်ဆောက်တဲ့နေရာမှာ တိုက်စွမ်းရည်ပြည့်ဝစေဖို့အတွက် လေ့ကျင့်ရေးဟာ အဓိကမဏ္ဍိုင်တစ်ခုဖြစ်တယ်။ ဒါကြောင့် စစ်သည်တစ်ဦးချင်းစီအလိုက် ကျန်းမာကြံ့ခိုင်မှု၊ ကျွမ်းကျင်မှုရှိရမယ့်အရည်အချင်းများနဲ့ တပ်ဖွဲ့တစ်ခုချင်းစီအလိုက် ရှိရမယ့်အရည် အချင်းများတိုးတက်လာအောင် “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ လေ့ကျင့်မှုတွေကို စဉ်ဆက်မပြတ်ဆောင်ရွက်သွားကြရမှာဖြစ်တယ်။ တိုက်စွမ်းအားပြည့်ဝစေဖို့ဆိုရင် ခေတ်မီစစ်လက်နက်ပစ္စည်းများကို တပ်ဆင်ပေးသွားရမှာဖြစ်ပြီး ဒီလိုတပ်ဆင်ပေးနိုင်ဖို့အတွက် ပြည်တွင်းမှာပဲ သုတေသနပြု တီထွင်ထုတ်လုပ်လျက်ရှိသလို လိုအပ်တဲ့ဝယ်ယူဖြည့်တင်းမှုတွေလည်း ပြုလုပ်လျက်ရှိတယ်။   ရဲဘော်တို့  ဒို့တပ်မတော်ဟာ နိုင်ငံတော်အတွက် အားထားဖွယ်ရာအဖွဲ့အစည်းအဖြစ် ရပ်တည်နေနိုင်ခြင်းဟာ စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်မှုနဲ့ အမိန့်နာခံတတ်မှုတို့ကြောင့်ဖြစ်တယ်။ ဒို့တပ်မတော် စတင်သန္ဓေတည်ခဲ့တဲ့ BIA လက်ထက် မျိုးချစ်စိတ်ဓာတ်ပြင်းထန်မှု၊ BDA လက်ထက် စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်မှုနဲ့ အမိန့်နာခံတတ်မှုတွေကို စနစ်တကျပေါင်းစပ်ပြီး ပြည်သူလူထုတစ်ရပ်လုံးနဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တာကြောင့် ဖက်ဆစ်တော်လှန်ရေးကြီးကို အောင်မြင်စွာဆင်နွှဲနိုင်ခဲ့တာပဲဖြစ်တယ်။ ဒါဟာ ဒို့တပ်မတော်ရဲ့ မှတ်ကျောက်တင်နိုင်ခဲ့တဲ့ အတိတ်သမိုင်းသာဓကတွေပဲဖြစ်တယ်။ ဒါကြောင့် ဒို့တပ်မတော်သားအားလုံးအနေနဲ့ အတိတ်သမိုင်းကြောင်းများကို နှံ့စပ်စွာသိမြင်နားလည်ကာ မျိုးချစ်စိတ်ဓာတ်ကိုအရင်းခံပြီး စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်တဲ့၊ အမိန့်နာခံတတ်မှုနဲ့ပြည့်စုံတဲ့ တပ်မတော်တစ်ရပ်ဖြစ်စေရေး ကိုယ်စီကြိုးစားကျင့်ကြံသွားကြဖို့ တိုက်တွန်းပြောကြားလိုတယ်။ ရဲဘော်တို့ ပြည်ပကျူးကျော်သူတွေနဲ့ ကိုယ်ကျိုးရှာနိုင်ငံရေးအင်အားစုတွေဟာ ဒို့တပ်မတော်ကို ပြိုကွဲအောင်ဖြိုခွဲဖို့အတွက် အတိတ်ကာလမှာ နည်းလမ်းပေါင်းစုံနဲ့  ဆောင်ရွက်ခဲ့ကြသလို    လက်ရှိပစ္စုပ္ပန်ကာလမှာလည်း ဆောင်ရွက်နေကြဆဲဖြစ်တယ်။ အဲဒီလိုလုပ်ဆောင်မှုတွေရှိနေပေမယ့်လည်း “ဘယ်သူခွဲခွဲ ဒို့မကွဲ၊ အမြဲ စည်းလုံးမည်” ဆိုတဲ့ တပ်မတော်ရဲ့ဆောင်ပုဒ်နဲ့အညီ   တပ်တွင်းစည်းလုံးညီညွတ်ရေးကို ပိုမိုကျစ်လျစ်ခိုင်မာအောင် တည်ဆောက်သွားကြရမှာဖြစ်တယ်။  အခြေခံကျတဲ့ တပ်တွင်းစည်းလုံးညီညွတ်ရေးကို   ခိုင်မာအောင် တည်ဆောက်ကြရမှာဖြစ်သလို တစ်ဖက်ကလည်း လက်တွေ့ဆန်တဲ့ တပ်ပြင်စည်းရုံးရေးလုပ်ငန်းတွေကိုလည်း အလေးထားလုပ်ဆောင်ကြရမှာ ဖြစ်တယ်။ ဒီလိုဆောင်ရွက်တဲ့နေရာမှာ ဒို့တပ်မတော်သားတွေအနေနဲ့ “ပြည်သူသာအမိ၊ ပြည်သူသာအဖ” လို့ သဘောထားပြီး ဆောင်ရွက်သွားကြဖို့ လိုအပ်တယ်။  ရဲဘော်တို့ ဖက်ဒရယ်အရေး၊ ဒီမိုကရေစီအရေးနဲ့ တိုင်းရင်းသားလူမျိုးရေးကို အကြောင်းပြပြီး လက်နက်ကိုင်လမ်းစဉ်ကို မစွန့်လွှတ်လိုတဲ့ အကြမ်းဖက်သမားများဟာ မူးယစ်ဆေးဝါးကုန်သွယ်မှုနဲ့ အဓိကဝင်ငွေရှာဖွေနေကြပြီး Online လိမ်လည်မှုနဲ့ Online လောင်းကစားမှုများအပါအဝင် နိုင်ငံဖြတ်ကျော်မှုခင်းများကိုလည်း ကျူးလွန်လျက်ရှိနေကြတယ်။ ဒီကိစ္စတွေဟာ အကြမ်းဖက်သောင်းကျန်းသူများ သက်ဆိုးရှည်ပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို အန္တရာယ်ပေးနေတာကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အထူးစစ်ဆင်ရေးများနဲ့ တိုက်ဖျက်လျက်ရှိပြီး ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပါ ပူးပေါင်းလက်တွဲတိုက်ဖျက်လျက်ရှိကြောင်း အသိပေးပြောကြားလိုတယ်။               ရဲဘော်တို့ 

ဒို့နိုင်ငံဟာ လွတ်လပ်ရေးမဆုံးရှုံးခင်ကာလက ဘုရင့်နိုင်ငံအဖြစ် ရပ်တည်လာခဲ့ကြပေမယ့် လွတ်လပ်ရေးရရှိပြီးနောက်ပိုင်းမှာတော့ ပါလီမန်ဒီမိုကရေစီစနစ်အပါအဝင် ပုံစံအမျိုးမျိုးနဲ့ တိုင်းပြည်ကိုတည်ဆောက်ခဲ့ကြတယ်။ ဆိုရှယ်လစ်စနစ်နဲ့ တိုင်းပြည်ကို ခိုင်မာတဲ့ပြည်ထောင်စုနိုင်ငံ ကြီးအဖြစ် တည်ဆောက်နေခဲ့တဲ့အချိန်မှာလည်း အချို့သောအားနည်းချက်၊ ပြည်တွင်းပြည်ပက သွေးထိုးလှုံ့ဆော်မှုများကြောင့် ဆူပူမှုအရေးအခင်းများနဲ့ ကြုံတွေ့လာရပြီး ၁၉၈၈ ခုနှစ်မှာ တပ်မတော်က နိုင်ငံတော်တာဝန် အရပ်ရပ်ကိုရယူခဲ့ရတယ်။ အဲဒီအချိန်ကစပြီး ဗိုလ်ချုပ်မှူးကြီးစောမောင်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်တဲ့   တပ်မတော်ဟာ အနာဂတ်နိုင်ငံတော်တည်ဆောက်ရေးအတွက် လိုအပ်တဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေခံအုတ်မြစ်တွေကို ချမှတ်‌ဖော်ဆောင်ပေးခဲ့သလို ပြည်သူများလိုလားတောင့်တတဲ့ ပါတီစုံဒီမိုကရေစီအုပ်ချုပ်ရေးစနစ်နဲ့ ဈေးကွက်စီးပွားရေးတို့ကို ဖော်ဆောင်ဖို့ မရှိမဖြစ်လိုအပ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ရေးဆွဲပြဋ္ဌာန်းခဲ့တယ်။ ရဲဘော်တို့ ဒို့တပ်မတော်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) နဲ့အညီ ၂၀၁၀ ပြည့်နှစ်မှာ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး ကျင်းပပြီး ပြည်သူများလိုလားတောင့်တတဲ့ ဒီမိုကရေစီစနစ်ကို ညင်သာငြိမ်းချမ်းစွာ ကူးပြောင်းနိုင်ရေး   ဦးစီးဆောင်ရွက်ပေးနိုင်ခဲ့တယ်။   ဒါပေမဲ့ ၂၀၂၀ ပြည့်နှစ်  ရွေးကောက်ပွဲမှာ  NLD  အစိုးရရဲ့  ဆိုးရွားစွာပြုလုပ်ခဲ့တဲ့ မဲမသမာမှုတွေကြောင့် ရွေးကောက်ခံကိုယ်စားလှယ်တွေဟာ ဘယ်လိုမှ တရားဝင်ရပ်တည်နိုင်မှုမရှိတဲ့အတွက် ဒို့တပ်မတော်အနေနဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ  ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ နိုင်ငံတော်ကို ခေတ္တရယူထိန်းသိမ်းခဲ့ရတယ်။ ဒီလိုထိန်းသိမ်းခဲ့ရခြင်းဟာ တပ်မတော်အနေနဲ့ ပြည်သူအများလိုလားတောင့်တတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို ကာကွယ်စောင့်ရှောက်ပေးရမယ့်တာဝန်အရ ဆောင်ရွက်ခဲ့ရခြင်းသာဖြစ်တယ်။ လက်ရှိအချိန်မှာ ဒို့တပ်မတော်အနေနဲ့ ပေးထားတဲ့ကတိအတိုင်း ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပခဲ့ပြီးဖြစ်လို့ ဒို့တပ်မတော်အနေနဲ့ ပါတီစုံဒီမိုကရေစီစနစ်ရှင်သန်ခိုင်မာစေရေးအတွက် ရွေးကောက်ပွဲကတစ်ဆင့် အသစ်ပေါ်ထွန်းလာမယ့် အစိုးရသစ်ကို အထောက်အကူပြု ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားလိုတယ်။  ရဲဘော်တို့ နိုင်ငံတစ်နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ အဲဒီနိုင်ငံရဲ့ ရေရှည်အကျိုးစီးပွားကို ဖော်ဆောင်နိုင်ဖို့အတွက် ဖြစ်သင့်ဖြစ်ထိုက်တာတွေကို ဦးတည်ရေးဆွဲပြီးပြဋ္ဌာန်းရတဲ့ ပင်မဥပဒေတစ်ရပ်ဖြစ်တယ်။ အထူးသဖြင့် နိုင်ငံတစ်နိုင်ငံရဲ့ ပေါ်ပေါက်လာပုံ၊ သမိုင်းကြောင်းနောက်ခံအနေအထား၊ လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေး၊ စီးပွားရေးနဲ့ အခြားအခြေခံအချက်အလက်တွေကိုမူတည်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲပြဋ္ဌာန်းရတာဖြစ်တယ်။ ဒို့နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)မှာလည်း တပ်မတော်ရဲ့ အခန်းကဏ္ဍများကို ထည့်သွင်းဖော်ပြထားတာ၊ “ဖွဲ့စည်းပုံအခြေခံဥပဒေကိုကာကွယ်စောင့်ရှောက်ဖို့” တပ်မတော်ကို တာဝန်ပေးထား တာတွေဟာ အတိတ်သမိုင်းစဉ်မှာ ကြုံတွေ့ခဲ့ရတဲ့ အားနည်းချက်တွေကို သင်ခန်းစာဖော်ထုတ်ပြီး  ဒို့နိုင်ငံရဲ့ ပကတိအရှိတရားအရ မဖြစ်မနေလိုအပ်လို့ ထည့်သွင်းပြဋ္ဌာန်းထားတာဖြစ်တယ်။ ဒါ့အပြင် “နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်ကပါဝင်ဆောင်ရွက်နိုင်ရေးကို အစဉ်တစိုက်ဦးတည်သည်” ဆိုတဲ့အချက်ကို ထည့်သွင်းပြဋ္ဌာန်းထားခြင်းဟာလည်း အဆိုးမြင်ဝါဒီများ လှုံ့ဆော်နေသလို တပ်မတော်ဟာ နိုင်ငံရေးကိုဦးဆောင်နေခြင်းမဟုတ်ဘဲ နိုင်ငံ့အရေးအတွက် အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍမှာ ဒို့နိုင်ငံရဲ့ လိုအပ်ချက်အရ တပ်မတော်အနေဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်အခြားအခြေခံအချက် အလက်တွေကိုမူတည်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲပြဋ္ဌာန်းရတာဖြစ်တယ်။ ဒို့နိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)မှာလည်း တပ်မတော်ရဲ့အခန်းကဏ္ဍများကို ထည့်သွင်းဖော်ပြထားတာ၊ “ဖွဲ့စည်းပုံအခြေခံဥပဒေကိုကာကွယ်စောင့်ရှောက်ဖို့” တပ်မတော်ကို တာဝန်ပေးထားတာတွေဟာ အတိတ်သမိုင်းစဉ်မှာ ကြုံတွေ့ခဲ့ရတဲ့အားနည်းချက်တွေကို သင်ခန်းစာဖော်ထုတ်ပြီး ဒို့နိုင်ငံရဲ့ပကတိအရှိတရားအရ မဖြစ်မနေလိုအပ်လို့ ထည့်သွင်းပြဋ္ဌာန်းထားတာဖြစ်တယ်။

၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက်တွင်ကျင်းပသော (၈၁)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနား၌ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင် ပြောကြားသည့်မိန့်ခွန်း ရဲဘော်တို့  ဒီနေ့ဟာ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းကြောင်းနဲ့အတူ ယှဉ်တွဲပေါ်ပေါက်လာတဲ့ ဒို့တပ်မတော်ရဲ့(၈၁)နှစ်မြောက် တပ်မတော်နေ့ဖြစ်တယ်။ တစ်နည်း အားဖြင့်ပြောရရင် နယ်ချဲ့စနစ်ကို တိုက်ထုတ်ပြီးခဲ့တဲ့နောက် ဒို့နိုင်ငံရဲ့ ပြည်သူတွေအပေါ်မှာ ဖိစီးနှိပ်စက်နေတဲ့ ဖက်ဆစ်ဝါဒီတွေကို တပ်မတော်နဲ့ပြည်သူပူးပေါင်းပြီး အောင်မြင်စွာ စတင်တွန်းလှန်ခဲ့တဲ့ ၁၉၄၅ ခုနှစ်၊ မတ်လ ၂၇ ရက်ကိုဂုဏ်ပြုတဲ့ နေ့ထူးနေ့မြတ်လည်းဖြစ်တယ်။ နိုင်ငံတော်နဲ့ တပ်မတော်အတွက် ဒီလိုထူးခြားလေးနက်တဲ့ တပ်မတော်နေ့မှာ ရဲဘော်တို့ကို သိသင့်သိထိုက်တာတွေ လေးလေး နက်နက် မှာကြားသွားမှာဖြစ်တယ်။                                                                                                                              ရဲဘော်တို့  ဒို့နိုင်ငံဟာ ရှေးပဝေသဏီကတည်းက ကိုယ့်ထီး၊  ကိုယ့်နန်း၊ ကိုယ့်ကြငှန်းဖြင့် ကမ္ဘာ့အလယ်မှာ ခမ်းနားထည်ဝါစွာ ရပ်တည်ခဲ့တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တယ်။ ဒါပေမဲ့ ၁၉ ရာစုအတွင်းမှာ အင်္ဂလိပ်တို့ရဲ့အကြောင်းပြချက်အမျိုးမျိုးနဲ့ မတရားကျူးကျော်သိမ်းပိုက်မှုကိုခံခဲ့ရပြီး လွတ်လပ်ရေးနဲ့  အချုပ်အခြာအာဏာလက်လွှတ်ဆုံးရှုံးခဲ့ရတယ်။ ဒါကြောင့် ဆုံးရှုံးသွားတဲ့ လွတ်လပ်‌ရေးနဲ့ အချုပ်အခြာအာဏာကို ပြန်လည်ရယူဖို့အတွက် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ ရဲဘော်သုံးကျိပ်တို့ဟာ ဂျပန်တွေထံမှာ စစ်ပညာသင်ကြားခဲ့ပြီး ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA) ကို စတင်ဖွဲ့စည်းပြီး   နယ်ချဲ့အင်္ဂလိပ်ကို  ပြည်သူလူထုရဲ့ပူးပေါင်းပါဝင်မှုနဲ့ တိုက်ထုတ်ခဲ့ကြတယ်။  အင်္ဂလိပ်တို့ ဆုတ်ခွာထွက်ပြေးသွားချိန်မှာ ဂျပန်တို့က လွတ်လပ်ရေးပေးမယ်ဆိုတဲ့ကတိကို ပျက်ကွက်ခဲ့တဲ့အပြင် တပ်မတော်ကိုလည်း အင်အားလျှော့ချခဲ့တယ်။ နောက်ပိုင်းမှာ အတုအယောင်ရွှေရည်စိမ်လွတ်လပ်ရေးပေးခဲ့ပြီး ပြည်သူတွေအပေါ်မှာ မမျှော်လင့်ဘဲ ဆိုးရွားစွာနှိပ်စက်မှုတွေ ပြုလုပ်လာခဲ့တာကြောင့် ဒို့တပ်မတော်အနေနဲ့ ၁၉၄၅ ခုနှစ်၊ မတ်လ ၂၇ ရက်မှာ သမိုင်းဝင်ဖက်ဆစ်တော်လှန်ရေးကြီးကို ပြည်သူလူထုနဲ့အတူ လက်တွဲဆင်နွှဲခဲ့ကြတယ်။ အဲဒီအချိန်ကစပြီး တပ်မတော်ဟာ မြန်မာနိုင်ငံကို တိုင်းတစ်ပါးအုပ်စိုးမှုအောက်မှ အပြီးတိုင်လွတ်လပ်ရေးရရှိအောင် ဆောင်ရွက်ပေးခဲ့တယ်။ လွတ်လပ်ရေးဆိုတာ အချုပ်အခြာအာဏာပိုင်ခြင်းဖြစ်ပြီး ဥပဒေပြုရေး၊ တရားစီရင်ရေးနဲ့ အုပ်ချုပ်ရေးဆိုတဲ့ အာဏာကြီး ၃ ရပ်ကို နိုင်ငံသားတိုင်းက ကိုယ့်တိုင်းပြည်အခြေအနေနဲ့ကိုက်ညီအောင် လွတ်လွတ်လပ်လပ် ဆုံးဖြတ်ပြဋ္ဌာန်းပြီး စီမံဆောင်ရွက်ပိုင်ခွင့်ရှိမှုပဲဖြစ်တယ်။ ဒါကြောင့် အသက်၊ သွေး၊ ချွေး ဆုံးရှုံးမှုပေါင်းများစွာနဲ့ရယူခဲ့တဲ့ လွတ်လပ်ရေးနဲ့အချုပ်အခြာအာဏာကို မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရမှာက ဒို့တပ်မ‌တော်သားတွေအပါအဝင် နိုင်ငံသားအားလုံးရဲ့ မွေးရာပါ သမိုင်းပေးတာဝန်ဖြစ်ကြောင်း ပြောကြားလိုတယ်။ ရဲဘော်တို့  ဒို့တပ်မတော်ဟာ လွတ်လပ်ရေးရပြီးစ အချိန်ကတည်းကစပြီး နယ်ချဲ့အင်္ဂလိပ်တို့ရဲ့ သွေးခွဲအုပ်ချုပ်မှုတွေကြောင့် သမိုင်းတစ်လျှောက် စုစုစည်းစည်းနေထိုင်ခဲ့ကြတဲ့ တိုင်းရင်းသားတွေရဲ့ အထင်အမြင်လွဲမှားမှု၊ နိုင်ငံရေးအယူအဆကွဲပြားမှုနဲ့ တိုင်းရင်းသားအရေးတို့ကို အခြေခံတဲ့ ပြည်တွင်းသောင်းကျန်းမှုတွေပေါ်ပေါက်လာပြီး ပူပူနွေးနွေးရရှိထားတဲ့ လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာကို ပြန်လည်မဆုံးရှုံးရစေဖို့အတွက် ဒုတိယဗိုလ်ချုပ်ကြီးစမစ်ဒွန်း၊ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်တဲ့ တပ်မတော်ဟာ အသက်၊ သွေး၊ ချွေးများစွာပေးဆပ်ကာကွယ်ပေးခဲ့တယ်။ အဲဒီလို ပြည်တွင်းရောင်စုံသောင်းကျန်းသူတွေကို နှိမ်နင်းနေစဉ်မှာပဲ တစ်ပြိုင်တည်းပေါ်ပေါက်လာတဲ့  တရုတ်ဖြူ ကူမင်တန်တွေနဲ့ မူဂျာဟစ်ကုလားဆိုးတွေရဲ့ ပြည်ပကျူးကျော်မှုအန္တရာယ်တွေကိုလည်း ဒို့တပ်မတော်က စွန့်လွှတ်စွန့်စားတဲ့စိတ်နဲ့ ကာကွယ်နှိမ်နင်းခဲ့ကြရတယ်။ ဒါ့အပြင် နိုင်ငံတော်အတွက် အန္တရာယ်ကြီးမားတဲ့ အရေးကိစ္စတွေနဲ့ ကြုံတွေ့ခဲ့ရချိန်တိုင်းမှာ တပ်မတော်အနေနဲ့ မှန်ကန်တဲ့ရပ်တည်ချက်၊ မှန်ကန်တဲ့ အမျိုးသားရေးခံယူချက်တို့နဲ့အတူ နိုင်ငံတော်ကိုကာကွယ်စောင့်ရှောက်ပေးခဲ့တယ်။ ဒါကြောင့် ဒို့တပ်မတော်အနေနဲ့ ဒို့တာဝန်အရေး(၃)ပါးကို ထိပါးလာမယ့် အန္တရာယ်တွေနဲ့ ရင်ဆိုင်ကြုံတွေ့ရတိုင်း နိုင်ငံတော်နဲ့ပြည်သူတို့ရဲ့ရှေ့ကနေ မားမားမတ်မတ် ရပ်တည်ကာကွယ်ပေးခဲ့သလို နောင်အနာဂတ်ကာလမှာလည်း ဆက်လက်ကာကွယ်စောင့်ရှောက်သွားမှာဖြစ်ကြောင်း ပြောကြားလိုတယ်။  ရဲဘော်တို့ 

ဇီယွန်ဝါဒီ (အစ္စရေး) ပါမောက္ခတစ်ဦးက အီရန်ကလေးငယ်များကို သတ်ဖြတ်ရန် တိုက်တွန်းနှိုးဆော် တက္ကသိုလ်ပါမောက္ခတစ်ဦးဖြစ်သူ ဇီယွန်ဝါဒ
ဇီယွန်ဝါဒီ (အစ္စရေး) ပါမောက္ခတစ်ဦးက အီရန်ကလေးငယ်များကို သတ်ဖြတ်ရန် တိုက်တွန်းနှိုးဆော် တက္ကသိုလ်ပါမောက္ခတစ်ဦးဖြစ်သူ ဇီယွန်ဝါဒီ (အစ္စရေး) အကဲဖြတ်ပညာရှင်တစ်ဦးသည် ၎င်း၏ X (ယခင် Twitter) အကောင့်တွင် အီရန်နိုင်ငံရှိ ကလေးငယ်များကို ပစ်မှတ်ထားကာ ပြင်းထန်သော နည်းလမ်းများသုံးစွဲရန် တိုက်တွန်းသည့် ပို့စ်တစ်ခုကို ရေးသားခဲ့ပြီးနောက် ပြန်ဖျက်သွားခဲ့သည်။ သတင်းရင်းမြစ်များ၏ အဆိုအရ အစ္စရေးသုတေသနပညာရှင် အိုရစ် ပါးလော့ဗ် Orit Perlov သည် အဆိုပါပို့စ်တွင် ဟီဘရူးဘာသာရေးကျမ်းစာများကို ကိုးကား၍ "နို့စို့ကလေးငယ်များကို သတ်ဖြတ်ခြင်း" အကြောင်းကို ရည်ညွှန်းပြောဆိုခဲ့ပြီး ထိုကဲ့သို့သော နည်းဗျူဟာများကို ဂါဇာကမ်းမြောင်ဒေသတွင်လည်း ယခင်က အသုံးပြုခဲ့ဖူးကြောင်း အခိုင်အမာ ပြောဆိုခဲ့သည်။ ဂါဇာတွင် ပြုလုပ်ခဲ့သော တိုက်ခိုက်မှုများအတွင်း ကလေးငယ် ၁၄,၀၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရသည်ဟူသော ကုလသမဂ္ဂ၏ ကိန်းဂဏန်းအချက်အလက်များကိုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။ ထို့အပြင် ပါးလော့ဗ် Perlov က အဆိုပါပုံစံမျိုးကို အီရန်နှင့် လက်ဘနွန်တို့တွင်လည်း ထပ်မံလုပ်ဆောင်သင့်ကြောင်း ပြောဆိုခဲ့သည်။ လျှပ်စစ်ဓာတ်အားပေးစက်ရုံများကဲ့သို့သော အခြေခံအဆောက်အအုံများကို ပစ်မှတ်ထားမည့်အစား အီရန်အဆင့်မြင့်အရာရှိများကို ဖမ်းဆီး၍မရပါက ၎င်းတို့၏ ကလေးငယ်များကို သတ်ဖြတ်သင့်သည်ဟု ၎င်းက ဆိုသည်။ ဤထုတ်ဖော်ပြောဆိုချက်များသည် လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ကျယ်ကျယ်ပြန့်ပြန့် တုံ့ပြန်မှုများနှင့် ရင်ဆိုင်နေရပြီး ဇီယွန်ဝါဒီတို့၏ ရိုင်းစိုင်းကြမ်းကြုတ်မှု ကို ပြသသည့် နောက်ထပ်သာဓကတစ်ခုအဖြစ် ဝေဖန်ခံနေရသည်။ NOM

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး သီရ
+2
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ မဟာသရေစည်သူ စိုးဝင်း နှင့်တပ်မတော်အရာရှိကြီးများ သူရဲကောင်းဗိမာန် (နေပြည်တော်)၌ ဂုဏ်ပြုပန်းခြင်းချအလေးပြုခဲ့ကြသည်။ NOM

🚨 အီရန်​၏တိုက်ခိုက်မှုများကြောင့် အမေရိကန်ဆီဖြည့်လေယာဉ်အချို့ပျက်စီး ယနေ့တွင် အီရန်၏ ဒုံးကျည်နှင့် ဒရုန်းများဖြင့် တိုက်ခိုက
+1
🚨 အီရန်​၏တိုက်ခိုက်မှုများကြောင့် အမေရိကန်ဆီဖြည့်လေယာဉ်အချို့ပျက်စီး ယနေ့တွင် အီရန်၏ ဒုံးကျည်နှင့် ဒရုန်းများဖြင့် တိုက်ခိုက်မှုကြောင့် ပရင့်စ် ဆူလ်တန် Prince Sultan လေတပ်စခန်းကို ထိမှန်ခဲ့ပြီး အမေရိကန် ဆီဖြည့်လေယာဉ်အချို့ ပျက်စီးသွားကြောင်း ဆော်ဒီနှင့် အမေရိကန် တာဝန်ရှိသူများက အတည်ပြုခဲ့ကြသည်။ NOM

🚨 အီရန်လေကြောင်းရန်ကာကွယ်ရေးစနစ်​၏ ပစ်ခတ်မှုကြောင့် အမေရိကန် F-16 တိုက်လေယာဉ်တစ်စီးထိမှန်ခဲ့ အီရန်လေပိုင်နက်အတွင်း လေကြောင်းရန်ကာကွယ်ရေးစနစ်ဖြင့် ပစ်ခတ်ခံရပြီး ထိမှန်ခဲ့မှုကြောင့် အမေရိကန် F-16 တိုက်လေယာဉ်တစ်စီးသည် ဆော်ဒီအာရေးဗီးယားနိုင်ငံ အနောက်ပိုင်းသို့ အရေးပေါ် ဆင်းသက်ရန် ပြင်ဆင်နေသည်။ NOM

🚨 ဆော်ဒီအာရေးဗီးယားနိုင်ငံရှိ အမေရိကန်စစ်အခြေစိုက်စခန်းကို ယနေ့ အီရန်က တိုက်ခိုက်ခဲ့ရာတွင် အမေရိကန်စစ်သားအချို့ ထိခိုက်ဒဏ်ရာ
🚨 ဆော်ဒီအာရေးဗီးယားနိုင်ငံရှိ အမေရိကန်စစ်အခြေစိုက်စခန်းကို ယနေ့ အီရန်က တိုက်ခိုက်ခဲ့ရာတွင် အမေရိကန်စစ်သားအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဝေါလ်စထရိ ဂျာနယ် Wall Street Journal က ဖော်ပြခဲ့သည်။ အမေရိကန်စစ်သား ၁၀ ဦး ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့အနက် ၂ ဦးမှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေသည်ဟု သိရသည်။ NOM

အမေရိကန် FBI ညွှန်ကြားရေးမှူး ကတ်ရှ် ပါတေးလ် Kash Patel ၏ ကိုယ်ရေးကိုယ်တာ Email ဖောက်ထွင်းခံရ အီရန်နှင့် ဆက်နွှယ်နေသော ဟန်ဒါလ
အမေရိကန် FBI ညွှန်ကြားရေးမှူး ကတ်ရှ် ပါတေးလ် Kash Patel ၏ ကိုယ်ရေးကိုယ်တာ Email ဖောက်ထွင်းခံရ အီရန်နှင့် ဆက်နွှယ်နေသော ဟန်ဒါလာ Handala ဟက်ကာအဖွဲ့သည် FBI ညွှန်ကြားရေးမှူး ကတ်ရှ် ပါတေးလ် ၏ ကိုယ်ရေးကိုယ်တာ အီးမေးလ် Email ကို ဖောက်ထွင်းဝင်ရောက်ခဲ့ပြီး ၎င်း၏ ကိုယ်ရေးကိုယ်တာ ဓာတ်ပုံများနှင့် စာရွက်စာတမ်းများကို အွန်လိုင်းပေါ်တွင် ပျံ့နှံ့အောင် ပြုလုပ်ခဲ့သည်။ အမေရိကန်တရားရေးဝန်ကြီးဌာန (DOJ) တာဝန်ရှိသူတစ်ဦးက ရိုက်တာစ် သတင်းဌာနသို့ အတည်ပြုပြောကြားရာတွင် ဤဖောက်ထွင်းမှုမှာ အမှန်တကယ်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထွက်ပေါ်လာသော အချက်အလက်များသည်လည်း စစ်မှန်ပုံရကြောင်းဆိုသည်။ NOM

🚨"အီရန်အပေါ် ဆင်နွှဲနေတဲ့ စစ်ပွဲနဲ့ ပတ်သက်ပြီး နေတန်ယာဟုနဲ့ မော့ဆက် (Mossad) အကြီးအကဲကြား အငြင်းပွားမှု ပိုမိုပြင်းထန်လာခြင်း" Tasnim သတင်းဌာန (ဟီဘရူးဌာနခွဲ) ၏ ဖော်ပြချက်အရ - "အစည်းအဝေးများ မတက်ရောက်တော့ခြင်း" အစ္စရေး ထောက်လှမ်းရေးအဖွဲ့ (Mossad) ရဲ့ အကြီးအကဲ ဒေးဗစ် ဘားနီးယား (David Barnea) ဟာ အနည်းဆုံး တစ်ပတ်ခန့်ရှိပြီဖြစ်တဲ့ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု နဲ့ ပြုလုပ်တဲ့ ပူးတွဲအစည်းအဝေးတွေကို တက်ရောက်ခြင်း မရှိတော့ကြောင်း ဟီဘရူး သတင်းရင်းမြစ်အချို့က ဆိုပါတယ်။ "အပြန်အလှန် အပြစ်တင်မှုများ" နေတန်ယာဟုက မော့ဆက်အကြီးအကဲကို အီရန်ရဲ့ စစ်ရေးစွမ်းရည်၊ နိုင်ငံရေးနဲ့ လူမှုရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး မှားယွင်းတဲ့ အချက်အလက်တွေပေးပြီး အစ္စရေးကို လမ်းမှားအောင် လုပ်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။ ဒီလို အချက်အလက်အမှားတွေကြောင့် ရလဒ် မသေချာတဲ့ စစ်ပွဲထဲကို အစ္စရေး ရောက်သွားရပြီး ဒီစစ်ပွဲမှာ ရှုံးနိမ့်ခဲ့ရင် အစ္စရေးနိုင်ငံ တည်ရှိမှုအပေါ် ပြင်းထန်တဲ့ ခြိမ်းခြောက်မှု ဖြစ်လာနိုင်တယ်လို့ နေတန်ယာဟုက ယူဆနေပါတယ်။ "မော့ဆက်၏ တုံ့ပြန်မှု" တစ်ဖက်မှာလည်း မော့ဆက်က သူတို့ပေးတဲ့ အချက်အလက်တွေဟာ တိကျမှန်ကန်တယ်လို့ ယုံကြည်နေပါတယ်။ နေတန်ယာဟုဟာ သူရဲ့ ကိုယ်ပိုင် စွန့်စားလိုတဲ့ စိတ်ဓာတ်ကြောင့်သာ ခန့်မှန်းလို့မရတဲ့ ဒီစစ်ပွဲကို စတင်ခဲ့တာဖြစ်ပြီး စစ်ပွဲမှာ ရှုံးနိမ့်မှုရှိခဲ့ရင် အဲ့ဒီတာဝန်ဟာ မော့ဆက်မှာ မရှိဘဲ ဝန်ကြီးချုပ်မှာသာ တိုက်ရိုက်ရှိတယ်လို့ ဆိုပါတယ်။ "သူလျှိုစွပ်စွဲချက်များ" အခြေအနေတွေဟာ ပိုမိုဆိုးရွားလာပြီး ဝန်ကြီးချုပ်ရုံးနဲ့ မော့ဆက်တို့ဟာ တစ်ဖက်နဲ့တစ်ဖက် "အီရန်သူလျှိုများ ရှိနေသည်" ဆိုပြီးတော့လည်းကောင်း၊ အစ္စရေးရဲ့ အရေးကြီး စစ်ရေးနဲ့ လုံခြုံရေး ဗဟိုဌာနတွေကနေ သတင်းအချက်အလက်တွေ ပေါက်ကြားနေတယ်လို့လည်းကောင်း အပြန်အလှန် စွပ်စွဲနေကြပါတယ်။ "ဒိုဟာ တိုက်ခိုက်မှု အတွေ့အကြုံ" ယခင်က ဒိုဟာ (Doha) ကို အစ္စရေးက တိုက်ခိုက်ဖို့ ကြိုးပမ်းစဉ်ကလည်း စစ်ဆင်ရေး မစတင်မီ မိနစ်ပိုင်းအလိုမှာပဲ သတင်းအချက်အလက်တွေ ပေါက်ကြားခဲ့တဲ့အတွက် စစ်ဆင်ရေး မအောင်မြင်ခဲ့တာနဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ်ရုံးနဲ့ မော့ဆက်တို့ဟာ တစ်ဖက်နဲ့တစ်ဖက် အပြစ်တင်ခဲ့ကြဖူးပါတယ်။ "ထောက်လှမ်းရေး ကွန်ရက်များ အန္တရာယ်ရှိမှု" အီရန်နဲ့ စစ်ပွဲမစခင်မှာ မော့ဆက်အကြီးအကဲက ဝန်ကြီးချုပ်ကို သတိပေးခဲ့တာကတော့ - စစ်ပွဲသာဖြစ်ရင် ပါရှန်းပင်လယ်ကွေ့ တောင်ဘက်ပိုင်းမှာရှိတဲ့ မော့ဆက်ရဲ့ လျှို့ဝှက်ကွန်ရက်တွေဟာ အီရန်ရဲ့ တိုက်ခိုက်မှုကို ခံရနိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် အဲ့ဒီသူလျှိုတွေကို ဟိုတယ်တွေ ဒါမှမဟုတ် စစ်အခြေစိုက်စခန်းတွေဆီ ရွှေ့ပြောင်းဖို့ ကြိုးစားရင်လည်း သူတို့ရဲ့ တည်နေရာတွေ ပေါ်သွားပြီး အဲ့ဒီကွန်ရက်တွေ တစ်ခုလုံး ပျက်စီးသွားနိုင်တယ်လို့ မော့ဆက်ဘက်က စိုးရိမ်နေပါတယ်။ လက်ရှိ အစ္စရေး အစိုးရအတွင်းပိုင်းမှာ စစ်ရေးနဲ့ ထောက်လှမ်းရေး ကဏ္ဍတွေကြား ယုံကြည်မှု ပျက်ပြားနေတာကို ဒီသတင်းက မီးမောင်းထိုးပြနေတာ ဖြစ်ပါတယ်။ NOM

(၈၁) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေ
+6
(၈၁) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်အား တပ်မတော် (လေ) မှ လေယာဉ်၊ ရဟတ်ယာဉ်များက ပျံသန်းအလေးပြုနေကြသည့်မြင်ကွင်းပုံရိပ်များ။

သူရစနေမ နှင့် သူရ စန်းမော်အေး သူရစနေမနှင့် သူရစန်းမော်အေးတို့သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့၌ စဗခဖာပွန်အား အကြမ်းဖက် KNU/
+2
သူရစနေမ နှင့် သူရ စန်းမော်အေး သူရစနေမနှင့် သူရစန်းမော်အေးတို့သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့၌ စဗခဖာပွန်အား အကြမ်းဖက် KNU/ KNLA တပ်မဟာ ၅ နှင့် PDF အကြမ်းဖက် သောင်းကျန်းသူ အင်အား ၃၈၀ ခန့်က လာရောက်တိုက်ခိုက်စဥ် တပ်ရင်းဝင်/ ထွက်ဂိတ်နေရာတွင် စစ်သည် ၂ ဦး၊ ရဲမေ ၆ ဦးဖြင့် တပ်ရင်းအား ရန်သူ့လက်သို့ မကျအောင် ရဲဝံ့စွာခုခံကာကွယ်ရင်းကျဆုံးခဲ့။ 🫡🫡🫡

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတ
+7
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် (၈၁) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ပါဝင်ချီတက်စစ်ရေးပြသည့် စစ်ကြောင်းကြီးများ၊ ယန္တရားတပ်ဖွဲ့များအား လိုက်လံကြည့်ရှုစစ်ဆေး။

(၈၁) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေ
+6
(၈၁) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ရောက်ရှိလာသည့်မြင်ကွင်းပုံရိပ်များ။