ru
Feedback
News Of Myanmar

News Of Myanmar

Открыть в Telegram

📈 Аналитический обзор Telegram-канала News Of Myanmar

Канал News Of Myanmar (@newsofmyanmar) языкового сегмента Бирманский является активным участником. Сейчас сообщество объединяет 12 475 подписчиков, занимая 15 941 место в категории Новости и СМИ и 10 074 место в регионе Мьянма.

📊 Показатели аудитории и динамика

С момента создания невідомо проект демонстрирует стремительный рост, собрав аудиторию из 12 475 подписчиков.

Согласно последним данным от 01 июля, 2026, канал показывает стабильную активность. За последние 30 дней изменение числа участников составило -216, а за последние 24 часа — -7, при этом общий охват остаётся высоким.

  • Статус верификации: Не верифицирован
  • Уровень вовлечённости (ER): Средний показатель вовлечённости аудитории составляет 9.87%. В первые 24 часа после публикации контент обычно набирает 6.74% реакций от общего числа подписчиков.
  • Охват публикаций: В среднем каждый пост получает 1 232 просмотров. В течение первых суток публикация набирает 841 просмотров.
  • Реакции и взаимодействия: Аудитория активно поддерживает контент: среднее количество реакций на один пост — 15.

📝 Описание и контентная политика

Автор описывает ресурс как площадку для выражения субъективного мнения:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

Благодаря высокой частоте обновлений (последние данные получены 02 июля, 2026) канал поддерживает актуальность и высокий уровень охвата публикаций. Аналитика показывает, что аудитория активно взаимодействует с контентом, что делает его важной точкой влияния в категории Новости и СМИ.

12 475
Подписчики
-724 часа
-197 дней
-21630 день
Архив постов
စစ်တပ်မရှိမှ အေးမယ် ဆိုတဲ့ အတွေးတွေ၊ လက်နက်ကိုင် ပဋိပက္ခ ဖြေရှင်း မပြီးခင်မှာ တပ်ကို အရပ်သား အစိုးရအောက် ထည့်ချင်တယ် ဆိုတဲ့ သ
စစ်တပ်မရှိမှ အေးမယ် ဆိုတဲ့ အတွေးတွေ၊ လက်နက်ကိုင် ပဋိပက္ခ ဖြေရှင်း မပြီးခင်မှာ တပ်ကို အရပ်သား အစိုးရအောက် ထည့်ချင်တယ် ဆိုတဲ့ သူတွေအတွက် ....ဒီဖြစ်စဉ်တွေက ပူပူနွေးနွေး လက်ညိုး ထိုးပြချင်စရာ ကိစ္စတွေပါ။ ----- မဟာမိတ်ပဲ ဆိုဆို၊ အကျိုးစီးပွားနဲ့ ရလိုမှု ယှဉ်လာရင် သစ္စာတွေ၊ မေတ္တာတွေက နောက်မှပါ။ ------ အရေးကြီးတာက အစိုးရနဲ့ တပ်ဟာ ဘယ်ကာလမဆို အင်လိုင်းဖြစ်ဖို့ အရေးကြီးလွန်းတာပါပဲ။ တပ်နဲ့ အစိုးရဟာ EAO တွေရှင်းတဲ့အခါ ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ ဖြစ်ဖို့ အရေးကြီးပါတယ်။ နိုင်ငံတကာဖိအားတွေ ဂရုစိုက်နေလွန်းရင်....ကိုယ့်တပ်ကို ကြိုးတုပ်ထားတာနဲ့ အတူတူပါပဲ။ မရှိသင့်တဲ့ အကြမ်းဖက်အဖွဲ့ကို ရှင်းသင့်ရင် ရှင်းလိုက်ပြီး ဥပဒေလက်ခံတဲ့ လူမျိုးစွဲမရှိတဲ့ ခေါင်းဆောင်မျိုးတင်ပေးနိုင်မှပဲ အဆင်ပြေမှာပါ။ ခု ပအို့ဝ့်ဒေသ ဘာလို့ အေးချမ်းနေလဲ၊ ဒါအဖြေပါပဲ။ (နရီမိုး)

ဝမ်းတွင်းမှာ ၅ ရက်အတွင်း လူငယ် ၃၀ ကျော် ပေါ်တာဆွဲဖမ်းဆီးခံရဟု ကောလာဟလသတင်းများ ရေးသားဖြန့်ဝေလျက်ရှိ ဖေဖော်ဝါရီ ၁၃၊ ၂၀၂၆ News
ဝမ်းတွင်းမှာ ၅ ရက်အတွင်း လူငယ် ၃၀ ကျော် ပေါ်တာဆွဲဖမ်းဆီးခံရဟု ကောလာဟလသတင်းများ ရေးသားဖြန့်ဝေလျက်ရှိ ဖေဖော်ဝါရီ ၁၃၊ ၂၀၂၆ News Of Myanmar NOM

🇧🇩 🇮🇳 ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် တာရစ် ရာမန် (Tariq Rahman) ဦးဆောင်သော အိန္ဒိယနှင့် ရင်းနှီးသည့် အစိုးရသစ် ပြန်လည်တက်ရောက်လာပြီဖြစ်သည်။ ကာလရှည် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သူ ရှိတ်ဟာဆီနာ (Sheikh Hasina) ကို ရာထူးမှ ဖယ်ရှားခဲ့သည့် ၂၀၂၄ ခုနှစ် အရေးတော်ပုံနောက်ပိုင်း ပထမဆုံးအကြိမ် ကျင်းပသည့် ရွေးကောက်ပွဲတွင် ဘင်္ဂလားဒေ့ရှ် အမျိုးသားဝါဒီပါတီ (BNP) က အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ အသက် ၆၀ အရွယ်ရှိပြီဖြစ်သော တာရစ် ရာမန်၏ နိုင်ငံရေးလောကသို့ တစ်ကျော့ပြန်လာမှုမှာ ထူးခြားလှသည်။ ၎င်းသည် သမ္မတဟောင်း ဇီယာ ရာမန် (Ziaur Rahman) နှင့် ဝန်ကြီးချုပ်ဟောင်း ခါလီဒါ ဇီယာ (Khaleda Zia) တို့၏ သားဖြစ်ပြီး နိုင်ငံရေး "မျိုးရိုးမြင့်" မိသားစုဝင်တစ်ဦးဖြစ်သည်။ ၂၀၁၇ ခုနှစ်တွင် အဂတိလိုက်စားမှုနှင့် ငွေကြေးခဝါချမှု စွဲချက်များဖြင့် ဖမ်းဆီးခံရပြီးနောက် နိုင်ငံရေးလောကမှ ခေတ္တပျောက်ကွယ်သွားခဲ့သူလည်း ဖြစ်သည်။ BNP ပါတီ အာဏာပြန်ရလာခြင်းအပေါ် အိန္ဒိယအနေဖြင့် ကြီးကြီးမားမား စိုးရိမ်စရာရှိမည်မဟုတ်ပေ။ အကြောင်းမှာ ရာမန်သည် အိန္ဒိယ၏ အကျိုးစီးပွားများကို လေးစားလိုက်နာမည်ဟု အရိပ်အယောင်ပြထားသောကြောင့်ဖြစ်ပြီး၊ ၎င်းမှာ သူ၏မိခင်ကျင့်သုံးခဲ့သည့် "ဘင်္ဂလားဒေ့ရှ် ပထမ" (Bangladesh first) မူဝါဒမှ ခွဲထွက်ပြောင်းလဲလာခြင်းလည်း ဖြစ်နိုင် သည်။ လောလောဆယ်တွင်မူ အခြေအနေကို စောင့်ကြည့်ရဦးမည့် အဆင့်တွင်သာ ရှိနေပါသေးသည်။ အိန္ဒိယသည် ဂျာမတ်-အီး-အစ္စလာမ်မီ (Jamaat-e-Islami) ပါတီကို အန္တရာယ်ရှိပြီး အကြမ်းဖက်ဝါဒနှင့် ဆက်နွှယ်နေသည်ဟု ပုံဖော်ကာ ဒေသတွင်း သြဇာမကြီးထွားလာစေရန် တက်ကြွစွာ တားဆီးခဲ့သည်။ ထိုသို့ ဟန့်တားရန်အတွက် လူမှုကွန်ရက် လှုပ်ရှားမှုများနှင့် နိုင်ငံရေးအရ ဖိအားပေးမှုများကိုလည်း အသုံးပြုခဲ့သည်။ သို့သော်လည်း အိန္ဒိယ၏ အစ္စလာမ်ဘာသာအပေါ် မုန်းတီးမှုအခြေခံသည့် ပြင်းထန်သော ကြိုးပမ်းအားထုတ်မှုများ ရှိနေလင့်ကစား ဂျာမတ်ပါတီသည် အမတ်နေရာ ၆၈ နေရာအထိ အနိုင်ရရှိခဲ့ပြီး အဖွဲ့ဝင် ၃၅၀ ရှိသော ဂျာတီယာ သံဂတ် (Jatiya Sangsad) လွှတ်တော်တွင် အဓိက အတိုက်အခံပါတီ ဖြစ်လာခဲ့သည်။ (ထိုလွှတ်တော်တွင် ထပ်တိုး အမည်စာရင်းတင်သွင်းထားသူ ၅၀ ဦးလည်း ရှိသည်)။ ၎င်းက ဂျာမတ်ပါတီသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံရေးတွင် အရေးပါသော အင်အားစုတစ်ခုအဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်ကြောင်း ပြသနေပါသည်။ BNP: ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အဓိက လက်ယာယိမ်းပါတီကြီးတစ်ခု ဖြစ်သည်။ ဂျာမတ်-အီး-အစ္စလာမ်မီ (Jamaat-e-Islami): ဘင်္ဂလားဒေ့ရှ်၏ အကြီးဆုံး အစ္စလာမ်မစ် ပါတီဖြစ်ပြီး အိန္ဒိယနှင့် ဆက်ဆံရေး တင်းမာလေ့ရှိသည်။ News Of Myanmar NOM

+1
ယူကရိန်း F-16 တိုက်လေယာဉ်မှ ပစ်လွှတ်လိုက်သော AIM-120 ဝေဟင်မှဝေဟင်ပစ် ဒုံးကျည်တစ်စင်းသည် ရုရှား၏ Shahed-136 အသေခံဒရုန်းကို ဖျက်ဆီးလိုက်သည့် ဗီဒီယိုဖြစ်သည်။ AIM-120 ဒုံးကျည်တစ်စင်းသည် အမေရိကန်ဒေါ်လာ ၁ သန်းမှ ၃ သန်းခန့်အထိ ကုန်ကျစရိတ်ရှိသဖြင့် ဒေါ်လာ ၃၀,၀၀၀ သာတန်သော ဒရုန်းတစ်စင်းအတွက် ထိုဒုံးကျည် ကို အသုံးပြုခြင်းမှာ တကယ့်ကို ရူးသွပ်ရာကျသည်။ ၎င်းမှာ ယူကရိန်းအနေဖြင့် ဥရောပအခွန်ထမ်းပြည်သူများ၏ ငွေကြေးများကို ဖြုန်းတီးပစ်ရန် အလွန်အမင်း ဝန်မလေးတော့သည့် အခြေအနေကို ဖော်ပြနေခြင်းပင် ဖြစ်သည်။ News Of Myanmar NOM

၂၀၂၆-၂၀၂၇ ပညာသင်နှစ် မန္တလေးတိုင်းဒေသကြီးရှိ အခြေခံပညာကျောင်းအားလုံး ဖွင့်လှစ်နိုင်ရေးနှင့် မန္တလေးနန်းမြို့ရိုး ပြုပြင်ဆောင်
၂၀၂၆-၂၀၂၇ ပညာသင်နှစ် မန္တလေးတိုင်းဒေသကြီးရှိ အခြေခံပညာကျောင်းအားလုံး ဖွင့်လှစ်နိုင်ရေးနှင့် မန္တလေးနန်းမြို့ရိုး ပြုပြင်ဆောင်ရွက်မှုအခြေအနေများနှင့်စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးကျင်းပ ဖေဖော်ဝါရီ ၁၃၊ ၂၀၂၆ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် မန္တလေးတိုင်းဒေသကြီးရှိ အခြေခံပညာကျောင်းအားလုံး ဖွင့်လှစ်နိုင်ရေးနှင့် မန္တလေးနန်းမြို့ရိုးပြုပြင်ဆောင်ရွက်မှု အခြေအနေများနှင့်စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။ အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုးနှင့် အတွင်းရေးမှူး၊ တိုင်းဒေသကြီး ပညာရေးမှူးရုံးနှင့်ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ) တို့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဗလငါးတန်နှင့်ပြည့်စုံသည့် ပညာတတ်များဖြစ်မြောက်လာစေရေး အလေးထားဆောင်ရွက်နေမှု၊ အခြေခံပညာသင်ယူတတ်မြောက်ရန်အတွက် တစ်ဦးချင်းစီအလိုက်သင်ယူနိုင်သည့် အခြေခံပညာကျောင်းအားလုံးဖွင့်လှစ်နိုင်ရေး၊ KG မှ Grade-9 အထိ မသင်မနေရ အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းနေမြဲရေး၊ အတန်းကူးပြောင်းမှုနှုန်းမြင့်မားရေး ကလေးများ ကျောင်းနေလာအောင် စည်းရုံးဆောင်ရွက်မှု၊ လှုံ့ဆော်မှု၊ အခက်အခဲများကို ဝိုင်းဝန်းအဖြေရှာ ဖြေရှင်းနိုင်မှုနှင့် ကူညီပံ့ပိုးမှုများကို အားလုံးပူးပေါင်း ဆောင်ရွက်သွားရန်နှင့် မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးခဲ့ မန္တလေးနန်းမြို့ရိုး နှင့် ရှေးဟောင်းဘုရားစေတီပုထိုးများ၊ သာသနိကအဆောက်အအုံများ ပြုပြင်မွမ်းမံတည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုများအား ဆောင်ရွက်သည့် လုပ်ငန်းများအလိုက် ဆောင်ရွက်ကြရသည့် အချိန်ကာလအတွင်းပြီးစီးရေး အလေးထား ဆောင်ရွက်သွားရန်ပြောကြားသည်။ ယင်းနောက် တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ်က ၂၀၂၆-၂၀၂၇ ပညာသင်နှစ် တိုင်းဒေသကြီးရှိ အခြေခံပညာကျောင်းအားလုံး ဖွင့်လှစ်နိုင်ရေး လုပ်ငန်းစီမံချက်များကိုလည်းကောင်း၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ) မှ ညွှန်ကြားရေးမှူးက မန္တလေးနန်းမြို့ရိုး ပြုပြင်ဆောင်ရွက်နေမှု၊ ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ရှေးဟောင်းဘုရားစေတီပုထိုးများ၊ သာသနိကအဆောက်အအုံများ ပြုပြင်မွမ်းမံတည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုများနှင့် အင်းဝမြို့ဟောင်းရှိ မောင်အိုအုတ်လမ်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် အစီအမံများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးနှင့် အတွင်းရေးမှူးတို့က ဖြည့်စွက်ဆွေးနွေးပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။ News Of Myanmar NOM

PDF အယောက် ၁၀၀ ကျော် အလင်းဝင်တဲ့ ဖြစ်စဉ်က တကယ့် Amazing ပဲ။ ရှေ့မှာလည်း PDF အင်အား ၁၀၀ ကျော် တစ်ကြိမ် ဝင်ထားခဲ့သေးတာ ရှိသေးတယ်။ ဒီတစ်ကြိမ်ကတော့ လက်နက်လည်း ပိုများလာတာ တွေ့ရတယ်။ တပ်ကလည်း ရှင်းတယ် ၊ ပါလာတဲ့ လက်နက်၊ခဲယမ်း အချိုးအစားအတိုင်း ဆု ငွေတိုးပေး တာ တွေ့ရတယ်။ ------ သိပ်မကြာသေးခင်တုန်းက အစိုးရရဲ့ Black list ဖြေလျော့တဲ့ ကြော်ငြာစာလေး ပြန်သတိရမိကြမယ် ထင်တယ်။ ကြားရသလောက် ...ရန်ကုန်တက္ကသိုလ်ရဲ့ ဌာန တချို့မှာ ခံဝန်တွေ လာထိုးကြတယ် ဆိုပဲ။ တခြား ဆေးဘက်ဆိုင်ရာမှာလည်း အများအပြား ဆက်သွယ်လာကြတာ ကြားရတယ်။ တကယ်တော့ သူတို့ဘက်က ကြည့်ရင် ရှက်ဖို့ထက် နေရေးထိုင်ရေးကသာ ခုချိန် အဓိက အရေးကြီးဆုံး ဆိုတော့ မထိုးလို့ကလည်း မရပြန်ဘူးမလား။ နိုင်ငံတစ်ခုက အစိုးရရဲ့ Black list ဆိုတော့ အနိမ့်ဆုံး ပြည်ပ ထွက်ခွင့်လည်း မရဘူး။ ဆေးရုံဆေးခန်းတွေမှာ တရားဝင်လည်း ဆေးကုသခွင့်မရှိပြန်ဘူး။ ------- အပေါ်က PDF ကလေးတွေ ဇာတ်လမ်း ပြန်ဆက်ရရင်.....နိုင်ငံဝန်ထမ်းထဲက တချို့အများစုတောင် ခံဝန်နဲ့ ပြန်လာကြနေချိန်မှာ တောထဲတောင်ထဲ ဘာကိစ္စကြောင့် အသက်တွေ ပေးပြီး တိုက်နေဦးမှာလဲ။ ဒါနဲ့ပတ်သက်ပြီး ပြောနေကြ စကား တစ်ခွန်း ရှိပါတယ်။ နိုင်ငံရေးဟာ အပေးအယူ ပါတဲ့ ဂိမ်း တစ်ခုပါပဲ ဆိုတာကိုပေါ့။ လက်ရှိ အစိုးရလို့ ခံယူထားတဲ့ NUG မှာ တပ်မတော်နဲ့ နိုင်ငံရေး ကစားဖို့ ဖဲချပ် မရှိနေဘူး။ မရှိလို့လည်း အာဆီယံကနေ ခွေးတိုးပေါက်ကတဆင့် လူရာဝင်ချင်တာတောင် မရနေပါဘူး။ ခြွင်းချက်အနေနဲ့ EAO ကသာ တိုင်းရင်းသား အရေးဆိုပြီး သိုးရေခြုံခွင့် ရှိနေကြတာပါ။ ဒါလည်း KNU လို အကြမ်းဖက် တံဆိပ်အကပ်ခံရရင် ဂုဏ်သိက္ခာက ရှုံးပါသေးတယ်။ ------- ဆိုတော့ .....PDF တွေမှာ အစိုးရနဲ့ အပေးအယူ လုပ်ဖို့ ဘဝနဲ့ အနာဂတ်ပဲ ရှိတာ တွေ့ရလိမ့်မယ်။ ခုလည်း အညာမှာ တအုန်းအုန်းနဲ့ လေကြောင်း တိုက်ခိုက်တာတွေ အလူးအလဲပဲ။ လက်ရှိ အညာမြေက သက်ကြီးတို့ ၊ နဂါးတို့ ဆိုတာကလည်း တိုင်းပြည်အခြေအနေတစ်ခု ရောက်လာခဲ့ရင် လက်နက်ကိုင်ကြတဲ့ ပြစ်မှု အပြင် ကျူးလွန်ခဲ့သမျှ တာဝန်ခံကြရပါလိမ့်မယ်။ ဒီ ရာဇဝတ်မှုတွေက ဘယ်တော့မှ ပြေးမလွတ်ပါဘူး။ ဥပမာ သမ္မတကြီး ဦးသိန်းစိန်လက်ထက် Black list ဖြေလျှော့ပေးခဲ့လို့ ပြည်ဝင်ခွင့် ပြန်ရခဲ့တဲ့ မိုးသီးဇွန်တောင် ပါဂျောင် ကိစ္စနဲ့ ပြန်ပြေးရတော့တာပဲ။ ၈၈ အရေးအခင်းမှာ ကျောင်းသားထု အများအပြား ဆန္ဒပြ ခဲ့ကြပေမယ့် လက်ရှိ နိုင်ငံရေးမှာ ဝင်ဆန့်နေကြသူတွေက လက်နက်ကိုင်သူတွေ မဟုတ်ကြဘဲ။ ဒါက နိုင်ငံရေး ရှုထောင့်အရ ကြည့်ရင် သင်ခန်းစာ ကောင်းကောင်း ယူသင့်တဲ့ အရာပဲ။ (နရီမိုး)

🇪🇺 ☢️"စစ်အေးတိုက်ပွဲ ပြီးဆုံးပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဥရောပတွင် ကိုယ်ပိုင်နူကလီးယားကာကွယ်ရေးစနစ် တည်ဆောက်ရန် လျှိ
🇪🇺 ☢️"စစ်အေးတိုက်ပွဲ ပြီးဆုံးပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဥရောပတွင် ကိုယ်ပိုင်နူကလီးယားကာကွယ်ရေးစနစ် တည်ဆောက်ရန် လျှို့ဝှက်ဆွေးနွေးမှုများ စတင်နေပြီဖြစ်ကြောင်း Bloomberg သတင်းဌာနက ဖော်ပြ" Bloomberg ၏ အဆိုအရ ဥရောပနိုင်ငံ အတော်အများမှာ လွတ်လပ်သော ကိုယ်ပိုင်နူကလီးယား ကာကွယ်ရေးစနစ် တည်ဆောက်ရန်အတွက် အထူးလျှို့ဝှက်အဆင့်ဖြင့် ညှိနှိုင်းမှုများ ပြုလုပ်နေကြသည်။ ယင်းသို့ ဖြစ်လာရခြင်းမှာ အမေရိကန်ပြည်ထောင်စုအား စိတ်ချရသော မဟာမိတ်အဖြစ် ရှေ့ဆက်ပြီး သတ်မှတ်၍မရတော့မည်ကို စိုးရိမ်လာကြသောကြောင့် ဖြစ်သည်။ အဆိုပါ ဆွေးနွေးပွဲများကို စစ်ဘက်ဆိုင်ရာ ကိုယ်စားလှယ်များအဆင့်တွင် အလွန်လျှို့ဝှက်စွာ ပြုလုပ်နေသဖြင့် အချို့သော ဝန်ကြီးများပင်လျှင် အသေးစိတ်အချက်အလက်များကို မသိရှိကြကြောင်း သတင်းရင်းမြစ်များက ဆိုသည်။ ယခုကဲ့သို့သော လုပ်ဆောင်ချက်များသည် ရုရှားနိုင်ငံထံသို့ နိုင်ငံရေးအရ မည်သို့သော အချက်ပြမှုမျိုး ရောက်ရှိသွားမည်ကို သိရှိထားကြသဖြင့် ဥရောပနိုင်ငံများသည် အလွန်တရာ သတိထား၍ လုပ်ဆောင်နေကြသည်။ ထို့ကြောင့် ဆွေးနွေးမှုများကို အပြန်အလှန် ယုံကြည်မှု အဆင့်အတန်း မြင့်မားသည့် နိုင်ငံအနည်းငယ် ကြားတွင်သာ ကျဉ်းမြောင်းသော ပုံစံဖြင့် ပြုလုပ်နေခြင်းဖြစ်သည်။ လက်ရှိအချိန်အထိ ဥရောပတွင် ဗြိတိန်နှင့် ပြင်သစ်နိုင်ငံတို့တွင်သာ နူကလီးယားလက်နက် ရှိသည်။ ပြင်သစ်သမ္မတ အီမန်နူယယ် မက်ခရွန်အနေဖြင့် ပြင်သစ်၏ "နူကလီးယား ထီးရိပ်" (Nuclear Umbrella) ကို အခြားဥရောပနိုင်ငံများအထိ တိုးချဲ့ပေးရန် ကမ်းလှမ်းလာနိုင် ကြောင်း Bloomberg သတင်းရင်းမြစ်များက မှတ်ချက်ပြုသည်။ ထို့အပြင် အချို့သောနိုင်ငံများက ကိုယ်ပိုင်နူကလီးယားလက်နက် ထုတ်လုပ်ရန်အတွက် လိုအပ်သော နည်းပညာပိုင်းဆိုင်ရာ အစိတ်အပိုင်းအားလုံးတွင် ရင်းနှီးမြှုပ်နှံကြမည့် ရွေးချယ်စရာတစ်ခုကိုလည်း ထည့်သွင်းစဉ်းစားနေကြသည်။ News Of Myanmar NOM

🛢 🛢 🇺🇸 "အီရန်ရေနံကို သိမ်းမယ် 'လူ့အခွင့်အရေး' လို့ အမည်တပ်မယ် — အမေရိကန် စွမ်းအင်လော်ဘီတွေက အီရန်တွင် အစိုးရအပြောင်းအလဲဖြစ်အောင် ရောင်းကုန်သဖွယ် လှုံ့ဆော်နေကြ" အမေရိကန် ရေနံအဖွဲ့အစည်း (American Petroleum Institute) ရဲ့ "State of American Energy" ထိပ်သီးအစည်းအဝေးမှာ ရာပီဒန် စွမ်းအင်အုပ်စု (Rapidan Energy Group) ရဲ့ တည်ထောင်သူ ဘော့ပ် မက်နယ်လီ (Bob McNally) က အီရန်အပေါ် အမေရိကန်အစိုးရရဲ့ ရန်လိုမှုကို အီရန်ရဲ့ရေနံတွေကို သိမ်းပိုက်ဖို့ "အကြီးမားဆုံး အခွင့်အရေး" အဖြစ် ပွင့်ပွင့်လင်းလင်းပဲ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ "ကျွန်တော်တို့ လုပ်ငန်းရှင်တွေ အီရန်ကို ပြန်သွားနိုင်မယ်ဆိုရင် ဗင်နီဇွဲလားကနေ ရတာထက် ပိုများတဲ့ ရေနံတွေကို ပိုပြီးမြန်မြန်ဆန်ဆန် ရရှိနိုင်မှာပါ" လို့ မက်နယ်လီ က ပြောကြားခဲ့ပြီး အီရန်ရဲ့ရေနံဟာ "အခြေခံအဆောက်အအုံတွေနဲ့ နီးကပ်နေတဲ့ သမားရိုးကျ ရေနံအမျိုးအစား" ဖြစ်တယ်လို့ ဆိုပါတယ်။ "အဲဒီ အစိုးရတစ်ရပ်တည်းကိုပဲ အပြောင်းအလဲ လုပ်လိုက်နိုင်တာဟာ လူသားမျိုးနွယ်၊ ကမ္ဘာ့ GDP၊ ရေနံလုပ်ငန်း၊ လူ့အခွင့်အရေးနဲ့ ပထဝီနိုင်ငံရေး တည်ငြိမ်မှုတွေအတွက် တခြားဘယ်လိုအစိုးရ အပြောင်းအလဲမျိုးထက်မဆို ပိုပြီး ထိရောက်မှုရှိလိမ့်မယ်" လို့ သူက ဆိုပါတယ်။ ဒါဟာ အမေရိကန်က နိုင်ငံတစ်နိုင်ငံကို ဗုံးကြဲတိုက်ခိုက်ကျူးကျော်ဖို့အတွက် ပုံမှန်အသုံးပြုနေကျ အကြောင်းပြချက်တွေကို အစဉ်လိုက် ရွတ်ပြသွားတာပဲ ဖြစ်ပါတယ်။ ☠️ 🛢 ရေနံသာမရှိရင် "လူ့အခွင့်အရေး" ဆိုတာလည်း ရှိလာမှာ မဟုတ်ပါဘူး။ News Of Myanmar NOM

"ဒီမိုကရက်တွေဟာ ရွေးကောက်ပွဲတွေမှာ ဆက်ပြီး မသမာမှုလုပ်ချင် နေကြတဲ့အတွက် မဲဆန္ဒရှင်အထောက်အထား (Voter ID) ကို မလိုလားကြတာဖြစ်တယ
"ဒီမိုကရက်တွေဟာ ရွေးကောက်ပွဲတွေမှာ ဆက်ပြီး မသမာမှုလုပ်ချင် နေကြတဲ့အတွက် မဲဆန္ဒရှင်အထောက်အထား (Voter ID) ကို မလိုလားကြတာဖြစ်တယ်လို့ သမ္မတထရန့် ပြော" ဒါနဲ့ပတ်သက်ပြီး ထရန့်ကသူ့ရဲ့ဆိုရှယ်မီဒီယာမှာ အခုလိုရေးတင်ခဲ့ပါတယ်။ ဒီမိုကရက်တွေဟာ မဲဆန္ဒရှင်အထောက်အထား (Voter I.D.) ပြသဖို့ ဒါမှမဟုတ် နိုင်ငံသားဖြစ်မှုကို အတည်ပြုဖို့ ငြင်းဆန်နေကြပါတယ်။ အကြောင်းရင်းကတော့ ရိုးရိုးလေးပါပဲ — သူတို့ဟာ ရွေးကောက်ပွဲတွေမှာ ဆက်ပြီး မသမာမှုလုပ်ချင်နေကြလို့ပါ။ ဒါဟာ ကျွန်တော်တို့ရဲ့ နိုင်ငံတည်ထောင်ခဲ့သူတွေ လိုလားခဲ့တဲ့အရာ မဟုတ်ပါဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး အခုထက်ထိ ရှင်းရှင်းလင်းလင်း မရှိသေးတဲ့ ဒါမှမဟုတ် စိစစ်ထားခြင်းမရှိသေးတဲ့ ဥပဒေကြောင်းအရ အခြေအတင် ဆွေးနွေးချက်တွေကို ကျွန်တော် အသေအချာ ရှာဖွေလေ့လာထားပြီးဖြစ်လို့ မကြာခင်မှာ ငြင်းဆိုလို့မရတဲ့ အချက်အလက်တစ်ခုကို တင်ပြသွားမှာပါ။ ကွန်ဂရက်က အတည်ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ ကြားဖြတ်ရွေးကောက်ပွဲတွေမှာ မဲဆန္ဒရှင် အထောက်အထား (Voter I.D.) ရှိရပါမယ်။ ဒါ့အပြင် ကျွန်တော်တို့နိုင်ငံက ပြည်သူတွေဟာ နိုင်ငံသားဖြစ်မှုရှိဖို့နဲ့ စာတိုက်ကနေတစ်ဆင့် မဲပေးတာမျိုး (Mail-In Ballots) မရှိဖို့ကိုလည်း အခိုင်အမာ တောင်းဆိုနေကြပါတယ်။ (စစ်မှုထမ်းခြင်း၊ မသန်စွမ်းမှု၊ ဖျားနာမှု ဒါမှမဟုတ် ခရီးသွားလာနေရခြင်း စတဲ့ ချွင်းချက်တွေကလွဲလို့ပေါ့)။ ဒီကိစ္စကို အလေးထားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်! News Of Myanmar NOM

🇺🇸 🇨🇳 မနေ့က အမေရိကန်စစ်ဌာန (Department of War) သည် တရုတ်ကုမ္ပဏီများဖြစ်ကြသော 'Alibaba'၊ မော်တော်ကားထုတ်လုပ်ရေးလုပ်ငန်း 'BYD'၊ 'TP-Link' နှင့် 'Baidu' တို့ကို 'တရုတ်စစ်ဘက်ဆိုင်ရာကုမ္ပဏီများ' စာရင်းထဲသို့ ခေတ္တခဏ ထည့်သွင်းခဲ့သည်။ ထို့နောက် မည်သည့်ရှင်းလင်းချက်မျှ ပေးခြင်းမရှိဘဲ အဆိုပါသတ်မှတ်ချက်ကို ပြန်လည်ရုပ်သိမ်းသွားခဲ့သည်။ News Of Myanmar NOM

"လိင်ရာဇဝတ်ကောင် အက်ပ်စတိန်းသည် (Epstein) သည် အကျဉ်းထောင်၌ အကျဉ်းကျခံနေရစဉ် လည်ပင်းညှစ်သတ်ခံရခြင်း ဖြစ်နိုင်ကြောင်း ရင်ခွဲစစ်
"လိင်ရာဇဝတ်ကောင် အက်ပ်စတိန်းသည် (Epstein) သည် အကျဉ်းထောင်၌ အကျဉ်းကျခံနေရစဉ် လည်ပင်းညှစ်သတ်ခံရခြင်း ဖြစ်နိုင်ကြောင်း ရင်ခွဲစစ်ဆေးမှုတွင် ပါဝင်ခဲ့သည့် ရောဂါဗေဒပညာရှင်က ပြောကြား" အဆိုပါသေဆုံးမှုကို ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံစီမှုအဖြစ် ဆုံးဖြတ်ထားချက်ကို ဒေါက်တာ မိုက်ကယ် ဘေဒင် (Dr Michael Baden) က ငြင်းဆိုလိုက်ပြီး အမှုအား ပြန်လည်စုံစမ်းစစ်ဆေးသင့်ကြောင်း The Telegraph သတင်းဌာနသို့ ပြောကြားခဲ့သည်။ အက်ပ်စတိန်း ကို သေဆုံးလျက် မတွေ့ရှိမီ တစ်ရက်အလိုဖြစ်သော ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၉ ရက်နေ့စွဲဖြင့် ဖက်ဒရယ်သေဆုံးမှုဆိုင်ရာ စာရွက်စာတမ်းတစ်ခု ရှိနေကြောင်း Daily Mail သတင်းဌာနကလည်း အစောပိုင်းတွင် ဖော်ပြခဲ့သည်။ News Of Myanmar NOM

"CNN ရဲ့ ကြည့်ရှုနှုန်းတွေဟာ ထိုးဆင်းနေ" ၂၀၁၆ ခုနှစ်ကစလို့ အဆိုပါ ရုပ်သံလိုင်းရဲ့ Prime-time (လူကြည့်အများဆုံးအချိန်) ကြည့်ရှ
+1
"CNN ရဲ့ ကြည့်ရှုနှုန်းတွေဟာ ထိုးဆင်းနေ" ၂၀၁၆ ခုနှစ်ကစလို့ အဆိုပါ ရုပ်သံလိုင်းရဲ့ Prime-time (လူကြည့်အများဆုံးအချိန်) ကြည့်ရှုသူအရေအတွက်ဟာ သုံးပုံနှစ်ပုံနီးပါး လျော့ကျသွားခဲ့ပါတယ်။ 📺 ၂၀၁၆ ခုနှစ် - ကြည့်ရှုသူ ၁,၃၀၀,၀၀၀ ဦး 📺 လက်ရှိ - ကြည့်ရှုသူ ၅၅၃,၀၀၀ ဦး ဆယ်စုနှစ်တစ်ခုအတွင်း Prime-time ကြည့်ရှုသူအရေအတွက် ၆၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားတာ ဖြစ်ပါတယ်။ ရိုးရာမီဒီယာတွေ ဆက်တိုက်ကျဆင်းလာမှုနဲ့အတူ ဒီသတင်းဌာနကို ရောင်းချတော့မယ်ဆိုတဲ့ ကောလာဟလတွေလည်း ထွက်ပေါ်နေပါတယ်။ လိမ်ညာမှုတွေ၊ ချဲ့ကားပြောဆိုမှုတွေနဲ့ ဝါဒဖြန့်မှုတွေကိုပဲ တောက်လျှောက်လုပ်ဆောင်နေတာဟာ ရေရှည်ကြည့်ရှုနှုန်းအတွက် မကောင်းဘူးဆိုတာ အခုတော့ လက်တွေ့ဖြစ်လာပါပြီ။ News Of Myanmar NOM

"လိင်ရာဇဝတ်ကောင် ဂျက်ဖရီ အက်ပ်စတိန်းနှင့် ပတ်သက်ခဲ့မှုကြောင့် ဒူဘိုင်းအခြေစိုက် ဆိပ်ကမ်းလုပ်ငန်းကြီးဖြစ်သော DP World ၏ ဥက္ကဋ္
"လိင်ရာဇဝတ်ကောင် ဂျက်ဖရီ အက်ပ်စတိန်းနှင့် ပတ်သက်ခဲ့မှုကြောင့် ဒူဘိုင်းအခြေစိုက် ဆိပ်ကမ်းလုပ်ငန်းကြီးဖြစ်သော DP World ၏ ဥက္ကဋ္ဌနှင့် စီအီးအိုဖြစ်သူ ရာထူးမှဖယ်ရှားခံရ" ဒူဘိုင်းအခြေစိုက် ဆိပ်ကမ်းလုပ်ငန်းကြီးဖြစ်သော DP World သည် ၎င်း၏အုပ်စုဥက္ကဋ္ဌနှင့် စီအီးအို (CEO) ဖြစ်သူ ဆူလ်တန် အာမက် ဘင် ဆူလေယမ် (Sultan Ahmed bin Sulayem) ကို ရာထူးမှဖယ်ရှားလိုက်ပြီး ဥက္ကဋ္ဌအဖြစ် အက်စ်ဆာ ကာဇင် (Essa Kazim) ကိုလည်းကောင်း၊ စီအီးအိုအဖြစ် ယုဗရာဂျ် နာရာယန် (Yuvraj Narayan) ကိုလည်းကောင်း ချက်ချင်းအစားထိုးခန့်အပ်လိုက်သည်။ အဆိုပါအပြောင်းအလဲသည် ဆူလေယမ် နှင့် လိင်ရာဇဝတ်ကောင် ဂျက်ဖရီ အက်ပ်စတိန်း (Jeffrey Epstein) တို့အကြား ဆက်နွှယ်မှုကို ဖော်ပြနေသော အမေရိကန် တရားရေးဌာန (DOJ) ၏ စာရွက်စာတမ်းများ ထွက်ပေါ်လာပြီးနောက် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယင်းစာရွက်စာတမ်းများတွင် ၂၀၀၈ ခုနှစ်နောက်ပိုင်း စီးပွားရေး၊ လူမှုကွန်ရက် ချိတ်ဆက်မှုများနှင့် အပျော်မယ်ကိစ္စကဲ့သို့သော ပုဂ္ဂိုလ်ရေးဆိုင်ရာ အီးမေးလ်များ ပါဝင်နေသော်လည်း ဆူလေယမ် အပေါ် ရာဇဝတ်မှုဖြင့် စွဲချက်တင်ထားခြင်းမျိုးမရှိသေးပေ။ ဆူလ်တန် အာမက် ဘင် ဆူလေယမ် သည် အက်ပ်စတိန်း ၏ အီးမေးလ်များစွာတွင် ပါဝင်ပတ်သက် နေသော်လည်း အဆိုးရွားဆုံးမှာ - "ကျွန်တော် အဲဒီ ညှဉ်းပန်းနှိပ်စက်တဲ့ ဗီဒီယို ကို သဘောကျတယ်" (မှတ်ချက်။ ။ အမျိုးသမီးငယ်တစ်ဦးကို လိင်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်နေသည့် ဗီဒီယိုကိုဆိုလိုခြင်းဖြစ်) (I loved the torture video) ဆိုသည့် အက်ပ်စတိန်းထံသို့ ပေးပို့သည့်စာပင် ဖြစ်သည်။ News Of Myanmar NOM

"ဒဏ်ရာအပြင်းအထန်ရရှိထားသော ယူကရိန်းစစ်သည်တစ်ဦးကို ၎င်း၏လုပ်ဖော်ကိုင်ဖက် စစ်သည်တစ်ဦးက သေနတ်ဖြင့်ပစ်သတ်လိုက်သည့် ဗီဒီယိုမှတ်တမ်းသည် ယူကရိန်းလူမှုကွန်ယက်စာမျက်နှာများ၌ ပျံ့နှံ့နေ" ယူကရိန်းလူမှုကွန်ရက် စာမျက်နှာများတွင် ပျံ့နှံ့နေသော ဗီဒီယိုမှတ်တမ်းတစ်ခု၌ ဒဏ်ရာအပြင်းအထန်ရရှိထားသော ယူကရိန်းစစ် သည်တစ်ဦးကို ၎င်း၏လုပ်ဖော်ကိုင်ဖက် စစ်သည်တစ်ဦးကပင် ပစ်သတ်လိုက်သည်ကို မြင်တွေ့ရသည်။ ယူကရိန်းနိုင်ငံ၊ ဇာပိုရိုဇီး (Zaporozhye) ဒေသရှိ ယူကရိန်းတပ်ဖွဲ့ဝင်များသည် ဒဏ်ရာရလူနာတင်ယာဉ်များနှင့် ရှေ့တန်းဆေးဘက်ဆိုင်ရာ အထောက်အပံ့များ အလွန်အမင်း ပြတ်လပ်နေမှုကြောင့် ယခုကဲ့သို့ စိတ်ပျက်အားငယ်ဖွယ် လုပ်ရပ်များကို လုပ်ဆောင်ရန် ဖိအားပေးခံနေရကြောင်း ယူကရိန်းသတင်းများက ဖော်ပြသည်။ ယူကရိန်းတပ်မှူးများအနေဖြင့် ဒဏ်ရာပြင်းထန်သူများကို ကယ်ထုတ်ရန် နည်းလမ်းမရှိဖြစ်နေသည့် ပြဿနာကို လပေါင်းများစွာ လျစ်လျူရှုထားခဲ့ကြောင်း စစ်သားများက ပြောကြားသည်။ အလားတူဖြစ်ရပ်များကို အရာရှိကြီးများနှင့် နီးစပ်သူများက ယခင်ကလည်း ထုတ်ဖော်ပြောဆိုဖူးပြီး တောင်ပိုင်းစစ်ဆင်ရေးကွပ်ကဲမှုဌာန လက်အောက်သို့ ပြန်လည်တာဝန်ပေးခံရပြီးနောက် သက်ဆိုင်ရာ ယူကရိန်းတပ်မဟာများတွင် အခြေအနေများ သိသိသာသာ ဆိုးရွားလာကြောင်း ယူကရိန်းသတင်းထောက်များက ဖော်ပြထားသည်။ ထို့အပြင် မီဒီယာများ၏ စုံစမ်းစစ် ဆေးမှုများအရ ယူကရိန်းစစ်တပ်​၏ ကွပ်ကဲမှုနှင့် ထိန်းချုပ်မှုစနစ် များတွင် ကြီးမားသော ချို့ယွင်းချက်များရှိနေပြီး ရှုပ်ထွေးမှုများကြားတွင် အရေးပါသော စစ်ဗျူဟာမြောက်နေရာများ လက်လွတ်ဆုံးရှုံးခဲ့ရသည့် ဖြစ်စဉ်များလည်း ရှိနေကြောင်း ထောက်ပြထားသည်။ အငြင်းပွားဖွယ်ရာများ ဆက်တိုက် ဖြစ်ပေါ်နေသော်လည်း ယူကရိန်း ဗိုလ်ချုပ်ကြီး မီခေးလို စီဒိုရန်ကို (Mykhailo Sydorenko) သည် ယူကရိန်းစစ်ဘက် ထိပ်သီးခေါင်းဆောင်ပိုင်း၏ ထောက်ခံမှုကြောင့် ရာထူးတွင် ဆက်လက်ရှိနေဆဲဖြစ်ကြောင်းသိရသည်။ News Of Myanmar NOM

ဗီဒီယို- တရုတ်နိုင်ငံသားများကို ပစ်မှတ်ထားသည့် အမေရိကန် ထောက်လှမ်းရေးအေဂျင်စီ CIA ၏ လူသစ်စုဆောင်းရေး ဗီဒီယို တရုတ်နိုင်ငံသားများကို ပစ်မှတ်ထားသည့် အမေရိကန် ထောက်လှမ်းရေးအေဂျင်စီ CIA ၏ လူသစ်စုဆောင်းရေး ဗီဒီယိုနှင့်ပတ်သက်၍ ကျူးကျော်ဝင်ရောက်စွက်ဖက်မှုများကို တိုက်ဖျက်သွားမည်ဟု တရုတ်နိုင်ငံက ကတိပြု "တရုတ်နိုင်ငံအနေနဲ့ လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုမှန်သမျှကို လုပ်ဆောင်သွားမှာဖြစ်ပါတယ်" — နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ကျန့် (Lin Jian) News Of Myanmar NOM

မတ္တရာမြို့နယ်၊ ကျောက်တံတားရွာကျေးရွာအရှေ့ဘက်ရှိ ငါးကန်အနီးတွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းအားနင်းမိပေါက်ကွဲမှုကြော
မတ္တရာမြို့နယ်၊ ကျောက်တံတားရွာကျေးရွာအရှေ့ဘက်ရှိ ငါးကန်အနီးတွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းအားနင်းမိပေါက်ကွဲမှုကြောင့် အသက် ၁၁ နှစ်အရွယ်ကလေးတစ်ဦး ခြေကျင်းဝတ်ပြတ်ထွက်ဒဏ်ရာရ NOM ဖေဖော်ဝါရီ ၁၃၊ ၂၀၂၆ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ကျောက်တံတားရွာသစ်ကျေးရွာနေ မောင်မြတ်သူအောင် (၁၁) နှစ်သည် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ညနေ ၅ နာရီ ၁၀ မိနစ်အချိန်၌ ကျေးရွာ၏အရှေ့ဘက်ရှိ ငါးကန်သို့သွားရောက်စဉ် အဆိုပါ ငါးကန်အနီးအရောက် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် ခြေကျင်းဝတ်ပြတ်ထွက် ဒဏ်ရာရရှိခဲ့၍ ဆေးကုသနိုင်ရေး မတ္တရာမြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ထားရှိကြောင်းသိရသည်။ News Of Myanmar NOM

အောင်မြေသာစံမြို့နယ်၊ တံငါတောင်ကျေးရွာတွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းအားနင်းမိပေါက်ကွဲမှုကြောင့် နေအိမ်ခြံဝင်းအတွင
အောင်မြေသာစံမြို့နယ်၊ တံငါတောင်ကျေးရွာတွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းအားနင်းမိပေါက်ကွဲမှုကြောင့် နေအိမ်ခြံဝင်းအတွင်းအလုပ်လုပ်နေသည့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရ NOM ဖေဖော်ဝါရီ ၁၃၊ ၂၀၂၆ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ တံငါတောင်ကျေးရွာနေ ကိုချစ်စမ်းမောင် (၂၈) နှစ်သည် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နေ့လယ် ၁၂ နာရီ ၂၅ မိနစ်အချိန်၌ ၎င်း၏နေအိမ်ခြံဝင်းအတွင်း အလုပ်လုပ်ကိုင်နေစဉ် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင်မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာရရှိခဲ့၍ ဆေးကုသနိုင်ရေး မတ္တရာမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်းသိရသည်။ News Of Myanmar NOM

မတ္တရာမြို့နယ်၊ ဝန်စုကျေးရွာတွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းအားနင်းမိပေါက်ကွဲမှုကြောင့် နေအိမ်ခြံဝင်းအတွင်း အလုပ်လု
မတ္တရာမြို့နယ်၊ ဝန်စုကျေးရွာတွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းအားနင်းမိပေါက်ကွဲမှုကြောင့် နေအိမ်ခြံဝင်းအတွင်း အလုပ်လုပ်နေသည့် ကလေးတစ်ဦးသေဆုံး NOM ဖေဖော်ဝါရီ ၁၃၊ ၂၀၂၆ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ဝန်စုကျေးရွာနေ မောင်စိုင်းမျိုးထွေး (၁၇) နှစ်သည် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နေ့လယ် ၁၂ နာရီ ၂၀ မိနစ်အချိန်၌ ၎င်း၏နေအိမ်ခြံဝင်းအတွင်း အလုပ်လုပ်ကိုင်နေစဉ် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင်မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့၍ မတ္တရာမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသပေးနေစဉ် ရရှိထားသော ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်းသိရသည်။ News Of Myanmar NOM

မတ္တရာမြို့နယ်၊ ဘိုကုန်းကျေးရွာတွင် PDF အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် မိုင်းအားနင်းမိပေါက်ကွဲမှုကြောင့် နေအိမ်ခြံဝင်းအတွင်း အလု
မတ္တရာမြို့နယ်၊ ဘိုကုန်းကျေးရွာတွင် PDF အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် မိုင်းအားနင်းမိပေါက်ကွဲမှုကြောင့် နေအိမ်ခြံဝင်းအတွင်း အလုပ်လုပ်နေသည့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရ NOM ဖေဖော်ဝါရီ ၁၃၊ ၂၀၂၆ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ဘိုကုန်းကျေးရွာနေ ဒေါ်စန္ဒာလှိုင် (၃၁) နှစ်သည် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နေ့လယ် ၁၂ နာရီအချိန်၌ ၎င်း၏နေအိမ်ခြံဝင်းအတွင်း အလုပ်လုပ်ကိုင်နေစဉ် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင်ခြေကျင်းဝတ်ပြတ်ထွက်ဒဏ်ရာနှင့် မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး မတ္တရာမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်းသိရသည်။ News Of Myanmar NOM

❤️ဝင်လာမစဲ .. တသဲသဲ❤️ - တိုက်ပွဲသတင်းစုံ NOM
❤️ဝင်လာမစဲ .. တသဲသဲ❤️ - တိုက်ပွဲသတင်းစုံ NOM