ru
Feedback
News Of Myanmar

News Of Myanmar

Открыть в Telegram

📈 Аналитический обзор Telegram-канала News Of Myanmar

Канал News Of Myanmar (@newsofmyanmar) языкового сегмента Бирманский является активным участником. Сейчас сообщество объединяет 12 491 подписчиков, занимая 15 903 место в категории Новости и СМИ и 10 062 место в регионе Мьянма.

📊 Показатели аудитории и динамика

С момента создания невідомо проект демонстрирует стремительный рост, собрав аудиторию из 12 491 подписчиков.

Согласно последним данным от 28 июня, 2026, канал показывает стабильную активность. За последние 30 дней изменение числа участников составило -221, а за последние 24 часа — 14, при этом общий охват остаётся высоким.

  • Статус верификации: Не верифицирован
  • Уровень вовлечённости (ER): Средний показатель вовлечённости аудитории составляет 9.54%. В первые 24 часа после публикации контент обычно набирает 6.70% реакций от общего числа подписчиков.
  • Охват публикаций: В среднем каждый пост получает 1 192 просмотров. В течение первых суток публикация набирает 837 просмотров.
  • Реакции и взаимодействия: Аудитория активно поддерживает контент: среднее количество реакций на один пост — 15.

📝 Описание и контентная политика

Автор описывает ресурс как площадку для выражения субъективного мнения:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

Благодаря высокой частоте обновлений (последние данные получены 29 июня, 2026) канал поддерживает актуальность и высокий уровень охвата публикаций. Аналитика показывает, что аудитория активно взаимодействует с контентом, что делает его важной точкой влияния в категории Новости и СМИ.

12 491
Подписчики
+1424 часа
-97 дней
-22130 день
Архив постов
😠 - အမေရိကန်သမ္မတ ထရန့်က 'လိုအပ်မယ်ဆိုရင်' အီရန်နိုင်ငံအတွင်းကို ကြည်းတပ်တပ်ဖွဲ့ဝင်တွေ စေလွှတ်သွားမယ့် အစီအစဉ်ကို ပယ်ထုတ်ထား
😠 - အမေရိကန်သမ္မတ ထရန့်က 'လိုအပ်မယ်ဆိုရင်' အီရန်နိုင်ငံအတွင်းကို ကြည်းတပ်တပ်ဖွဲ့ဝင်တွေ စေလွှတ်သွားမယ့် အစီအစဉ်ကို ပယ်ထုတ်ထားမှာ မဟုတ်ကြောင်း (ဖြစ်နိုင်ခြေရှိကြောင်း) နယူးယောက်တိုင်းမ်စ် သတင်းဌာနသို့ ပြောကြားခဲ့သည်။ NOM

🇮🇷🇮🇷 🤍 - "သတင်းအချို့အရ အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) သည် အိုမန်နိုင်ငံ ကမ်းလွန်ပင်လယ်ပြင်တွင် အမေရိကန် စစ်သင်္ဘောတစ်စင်းကို တိုက်ခိုက်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားနေကြောင်းသိရသည်။" NOM

🤍 - "လာမည့်ရက်ပိုင်းနှင့် သီတင်းပတ်များအတွင်း ကျွန်ုပ်တို့ဘက်မှ ထိခိုက်ကျဆုံးမှုများ ထပ်မံရှိလာနိုင်မည်ဟု မျှော်လင့်ထားသည်" ဟု အမေရိကန် ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဒန်ကိန်းက ပြောကြားခဲ့သည်။ NOM

မြင်းမူမြို့နယ်၊ ငါးကင်းကျေးရွာအနီးတွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးပေါက်ကွဲခဲ့မှုကြောင့် အဘိုးအိုတစ်ဦးဒဏ်ရာရ
မြင်းမူမြို့နယ်၊ ငါးကင်းကျေးရွာအနီးတွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးပေါက်ကွဲခဲ့မှုကြောင့် အဘိုးအိုတစ်ဦးဒဏ်ရာရ NOM မတ်လ ၂၊ ၂၀၂၆ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ မတ်လ ၁ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်၌ မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာဖြင့် အမျိုးသားတစ်ဦးရောက်ရှိနေကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ မွန်းလွဲ ၃ နာရီခွဲအချိန်၌ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ထန်းတောကျေးရွာနေ ဦးချစ်ရွှေ (၇၀) နှစ်သည် ကန့်ဘလူမြို့နယ်မှ မန္တလေးမြို့သို့ မော်တော်ယာဉ်တစ်စီးဖြင့် ထွက်ခွာလာစဉ် မြင်းမူမြို့နယ်၊ ငါးကင်းကျေးရွာအနီးအရောက် လမ်းဘေးမှ PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် မိုင်းပေါက်ကွဲစထိမှန် ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ NOM

ကာတာကာကွယ်ရေးဝန်ကြီးဌာနက မြို့တော် ဒိုဟာ သို့ဦးတည်ပျံသန်းလာသော အီရန် Su -24 စစ်လေယာဉ်နှစ်စီးကို ပစ်ချခဲ့သည်ဟု ထုတ်ပြန်ကြေညာ N
+1
ကာတာကာကွယ်ရေးဝန်ကြီးဌာနက မြို့တော် ဒိုဟာ သို့ဦးတည်ပျံသန်းလာသော အီရန် Su -24 စစ်လေယာဉ်နှစ်စီးကို ပစ်ချခဲ့သည်ဟု ထုတ်ပြန်ကြေညာ NOM

အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) ထောက်လှမ်းရေးအဖွဲ့၏ ထုတ်ပြန်ချက် "အီရန်နိုင်ငံသား အာဇာနည်အပေါင်းတို့အား အသိပေးကြေညာအပ်ပါသည်။ ရက်စက်ကြမ်းကြုတ်သော ရန်သူများသည် စစ်ဘက်နှင့် ရဲတပ်ဖွဲ့ပိုင် နေရာအချို့ကို ဗုံးခွဲတိုက်ခိုက်ခဲ့ခြင်းဖြင့် ၎င်းတို့၏ နောက်ထပ်ခြေလှမ်းများမှာ အကြမ်းဖက်မှုများနှင့် ဆူပူအုံကြွမှုများ ဖြစ်လာနိုင်ကြောင်း အထင်အရှား ပြသလိုက်ပြီ ဖြစ်သည်။ သို့ဖြစ်ပါ၍ နိုင်ငံတော်လုံခြုံရေးကို ထိခိုက်ပျက်ပြားစေမည့် မည်သည့်လှုပ်ရှားမှုကိုမဆို ရန်သူနှင့် တိုက်ရိုက်ပူးပေါင်းဆောင်ရွက်ခြင်းဟု သတ်မှတ်မည်ဖြစ်ပြီး၊ အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) ထောက်လှမ်းရေးအဖွဲ့ရှိ သင်တို့၏သားကောင်းရတနာများက ပြတ်သားသော သံမဏိလက်သီးဖြင့် တုံ့ပြန်နှိမ်နင်းသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။" NOM

အလောင်း/လက်နက်များရရှိ (မင်းကုန်း) ယနေ့ မတ်လ ၂ ရက်နေ့၌ တွင်းငယ်-တကောင်းကြား မင်းကုန်းရွာ တွင် အခြေပြုနေထိုင်နေသည့် PDF အကြမ်း
+9
အလောင်း/လက်နက်များရရှိ (မင်းကုန်း) ယနေ့ မတ်လ ၂ ရက်နေ့၌ တွင်းငယ်-တကောင်းကြား မင်းကုန်းရွာ တွင် အခြေပြုနေထိုင်နေသည့် PDF အကြမ်းဖက်စခန်းကို တပ်မတော်စစ်ကြောင်းများက ချေမှုန်းသိမ်းပိုက်။ အကြမ်းဖက် PDF အလောင်း ၁၁ လောင်းနှင့် လက်နက် ၄ လက် သိမ်းဆည်းရမိ နယ်မြေဆက်ရှင်းနေဆဲ။ NOM

🇺🇸🔪🇸🇦 - ဆော်ဒီနိုင်ငံ ရီယာ့ဒ်မြို့တော်ရှိ ဟိုတယ်တစ်ခုအား တိုက်ခိုက်မှုမှာ အမေရိကန်၏ လက်ချက်ဖြစ်ကြောင်း ပြောကြား ဆော်ဒီအာရေဗျနိုင်ငံ၏ မြို့တော်ရီယာ့ဒ်ရှိ ဟိုတယ်တစ်ခုကို တိုက်ခိုက်ခဲ့မှုသည် အမေရိကန်၏ လုပ်ရပ်ဖြစ်ကြောင်း အီရန်သတင်းရင်းမြစ်တစ်ခုက RIA Novosti သတင်းဌာနသို့ ပြောကြားခဲ့သည်။ ၎င်းက "အမေရိကန် စစ်ဗိုလ်ချုပ်တွေဟာ အာရပ်နိုင်ငံတွေက အရပ်သားတွေကို အီရန်ကပစ်မှတ်ထားတိုက်ခိုက်တယ်ထင်အောင် လုပ်ပြီး အဲဒီတိုက်ခိုက်မှုတွေကြောင့် အာရပ်ပြည်သူတွေက အီရန်အပေါ် ပြန်လည်တိုက်ခိုက်လာအောင် လှုံ့ဆော်ဖို့ ကြိုးစားနေတာဖြစ်တယ်" ဟု ဆိုသည်။ NOM

အယာတိုလာ ခါမေနီ၏ ဇနီးဖြစ်သူ မန်ဆူရေး ခိုဂျက်စတေး ဘာဂါဇာဒေးသည် ၎င်း၏ ခင်ပွန်းဖြစ်သူ သေဆုံးခဲ့သည့် တိုက်ခိုက်မှုအတွင်း ရရှိခဲ့သ
အယာတိုလာ ခါမေနီ၏ ဇနီးဖြစ်သူ မန်ဆူရေး ခိုဂျက်စတေး ဘာဂါဇာဒေးသည် ၎င်း၏ ခင်ပွန်းဖြစ်သူ သေဆုံးခဲ့သည့် တိုက်ခိုက်မှုအတွင်း ရရှိခဲ့သော ဒဏ်ရာများဖြင့် ကွယ်လွန်သွားခဲ့ပြီ ဖြစ်သည်။ NOM

မော်လမြိုင်မြို့နယ်၊ ဈေးကြိုနယ်မြေဒေါင်းဇရပ်ရပ်ကွက် တွင်မီးလောင်မှုဖြစ်ပွား သက်ကြီးပိုင်းအမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦ
မော်လမြိုင်မြို့နယ်၊ ဈေးကြိုနယ်မြေဒေါင်းဇရပ်ရပ်ကွက် တွင်မီးလောင်မှုဖြစ်ပွား သက်ကြီးပိုင်းအမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ NOM၊မတ်၂၊၂၀၂၆ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ဈေးကြိုနယ်မြေဒေါင်းဇရပ်ရပ်ကွက်၊ တောင်ဝိုင်းလမ်းချိုးတွင် ယနေ့မတ်လ၂ရက်နံနက် ၂နာရီ ၄၀မိနစ်တွင် နေအိမ်တစ်လုံးမီးလောင် မှုဖြစ်ပွားခဲ့ပြီးသက်ကြီးပိုင်းအမျိုးသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦးသေဆုံးခဲ့ကြောင်း ဘိုဘိုဝင်းလူမှုကူညီရေးအသင်းမှတာဝန်ရှိသူ တစ်ဦးကပြောသည်။ မီးလောင်မှုဖြစ်စဉ် နှင့်ဆုံးရှူံးမှုတန်ဖိုးကိုလက်ရှိ မီးသတ်တပ်ဖွဲ့ဝင်များကစစ်ဆေးမှုများပြုလုပ်နေကြောင်း မီး လောင်ခံရသည့်အိမ်မှာနှစ်ထပ်အိမ်အောက်ထပ်တွင်အုတ်ညှပ်ထားကြောင်းမီးလောင်ခံရသည့်အတွက်တစ်အိမ်လုံးပျက်စီးခဲ့ပြီးအခြားအိမ်များသို့ကူးစက်လောင်ကျွမ်းမှုမရှိကြောင်း သိရသည်။ မီးလောင်မှုဖြစ်ပွားကြောင်းသတင်းအရ မော်လမြိုင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်သုံးစီးဖြင့်ငြှိမ်းသက်ခဲ့ရာနံနက်၂နာရီ၅၈မိနစ်တွင်မီးငြိမ်းသွားပြီးသေဆုံသူနှစ်ဦးကိုဘိုဘိုဝင်းနှင့် ရာမည လူမှုကူညီရေးအဖွဲ့တို့မှမော်လမြိုင်ဆေးရုံကြီး ရင်ခွဲရုံသို့ကူညီပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

အစည်းအဝေးတွင် ဖိလစ်ပိုင်နိုင်ငံ ကုန်သွယ်မှုနှင့် စက်မှုဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေး မူဝါဒအဖွဲ့မှ ဒုတိယဝန်ကြီး H.E Allan B. Gepty က အစည်းအဝေး သဘာပတိအဖြစ် ဆောင်ရွက်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အာဆီယံစီးပွားရေးပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့ ခေါင်းဆောင်များနှင့်ကိုယ်စားလှယ်များ၊ အာဆီယံဒုတိယအတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့သည်။ အာဆီယံစီးပွားရေးပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့ကို အာဆီယံနိုင်ငံများ၏ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များဖြင့် ဖွဲ့စည်းထားပြီး အာဆီယံစီးပွားရေး အသိုက်အဝန်း၏ လုပ်ငန်းများအကောင်အထည်ဖော်မှုနှင့် ရှေ့လုပ်ငန်းစဉ်များအပေါ် ဆွေးနွေးညှိနှိုင်း၍ အာဆီယံစီးပွားရေးဝန်ကြီးများထံ အကြံပြုချက်များတင်ပြခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ NOM

ဒုတိယဝန်ကြီး ဦးသန့်စင်လွင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ (၄၉)ကြိမ်မြောက် အာဆီယံစီးပွားရေးပေါင်းစည်းမှုဆိုင်ရာအဆင့်မြင့်
ဒုတိယဝန်ကြီး ဦးသန့်စင်လွင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ (၄၉)ကြိမ်မြောက် အာဆီယံစီးပွားရေးပေါင်းစည်းမှုဆိုင်ရာအဆင့်မြင့်လုပ်ငန်းအဖွဲ့ အစည်းအဝေးနှင့် ဆက်စပ်အစီအစဉ်များ တက်ရောက် မတ် ၁၊ ၂၀၂၆ ဖိလစ်ပိုင်နိုင်ငံ အီလိုအီလိုမြို့၌ ဖေဖော်ဝါရီ ၂၅ ရက်မှ ၂၇ ရက်အထိ ကျင်းပခဲ့သည့် (၄၉) ကြိမ်မြောက် အာဆီယံစီးပွားရေးပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့အစည်းအဝေးနှင့် ဆက်စပ်အစီအစဉ်များ (Forty-Ninth Meeting of the High-Level Task Force on ASEAN Economic Integration-49th HLTF-EI and Related Events)ကို မြန်မာနိုင်ငံ၏ အာဆီယံစီးပွားရေးပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့ခေါင်းဆောင် (HLTF-EI Lead) ဖြစ်သူ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင်လွင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်သည်။ ဒုတိယဝန်ကြီးသည် ဖေဖော်ဝါရီ ၂၅ ရက်တွင်ကျင်းပသည့် အာဆီယံစီးပွားရေးလုံခြုံမှုဆိုင်ရာ စိန်ခေါ်မှုများနှင့်စပ်လျဉ်းသည့် စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်၍ အာဆီယံဒေသတွင်း လက်ရှိကြုံတွေ့နေရသည့် စီးပွားရေးလုံခြုံမှုဆိုင်ရာအခက်အခဲများ၊ ဒေသတွင်းစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် အာဆီယံ၏ဖွဲ့စည်းမှုဆိုင်ရာကိစ္စရပ်များ၊ ကုန်သွယ်မှုစီးဆင်းစေရေးအတွက် မဟာဗျူဟာမြောက် စီမံခန့်ခွဲမှုဆိုင်ရာ အာဆီယံနိုင်ငံများ၏ အတွေ့အကြုံများနှင့် ဒေသတွင်းရင်းနှီးမြှုပ်နှံမှု မြှင့်တင်နိုင်ရေးအတွက် ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို ဆွေးနွေးခဲ့သည်။ ထို့နောက် ဖေဖော်ဝါရီ ၂၆ ရက်မှ ၂၇ ရက်အထိ ကျင်းပခဲ့သည့် (၄၉) ကြိမ်မြောက် အာဆီယံစီးပွားရေး ပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့အစည်းအဝေးသို့တက်ရောက်၍ အကောက်ခွန်မဟုတ်သည့် ကုန်သွယ်မှုဆိုင်ရာ အစီအမံများအပေါ် အကဲဖြတ်ခြင်းနှင့် အာဆီယံတွင် အကောက်ခွန်မဟုတ်သည့် ကုန်သွယ်မှုအတားအဆီးများ ဖယ်ရှားနိုင်ရန်အတွက် ရှေ့ဆက်လက်ဆောင်ရွက်မည့်ကိစ္စရပ်များ၊ အာဆီယံစီးပွားရေးလုံခြုံမှုဆိုင်ရာ အချက်အလက်များနှင့်စပ်လျဉ်းသည့် အကြံပြုချက်များ၊ လက်ရှိဖြစ်ပေါ်လျက်ရှိသော ကမ္ဘာလုံးဆိုင်ရာနှင့်ဒေသဆိုင်ရာ စီးပွားရေးအခြေအနေများအပေါ် အာဆီယံ၏ ဘုံရပ်တည်ချက်သဘောထားများ၊ ၂၀၂၆ ခုနှစ် ဖိလစ်ပိုင်နိုင်ငံ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူစဉ်အတွင်း ဦးစားပေးဆောင်ရွက်မည့် စီးပွားရေးလုပ်ငန်းစဉ်များအား အတည်ပြုရန် ဆောင်ရွက်မှု၊ အာဆီယံပထဝီစီးပွားရေးလုပ်ငန်းအဖွဲ့၏ ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အကြံပြုချက်များ၊ အာဆီယံစီးပွားရေး ပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့၏ လုပ်ငန်းညွှန်းတမ်းအား ပြန်လည်သုံးသပ်ခြင်း၊ အေအီးစီအစည်းအဝေးများ ထိထိရောက်ရောက် ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်မှုများ၊ ၂၀၂၅ အလွန် အာဆီယံစီးပွားရေးအသိုက်အဝန်း (အေအီးစီ) စောင့်ကြည့်လေ့လာ အကဲဖြတ်ခြင်းဆိုင်ရာကိစ္စရပ်များ၊ အာဆီယံနှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့အကြား ပူးပေါင်းဆောင်ရွက်မည့်နယ်ပယ်များနှင့် ၂၀၂၆ ခုနှစ် မတ် ၁၃ ရက်တွင် ကျင်းပမည့် (၃၂) ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ သီးသန့်အစည်းအဝေးသို့ တင်ပြမည့် အကြံပြုချက်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။ အစည်းအဝေး၌ ဒုတိယဝန်ကြီးက ဒေသတွင်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများတွင် အာဆီယံ၏ အချက်အချာကျမှုကို ထိန်းသိမ်းရန်၊ အာဆီယံနိုင်ငံများအကြား စီးပွားရေးနှင့်နည်းပညာပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရန်၊ အာဆီယံပထဝီစီးပွားရေးလုပ်ငန်းအဖွဲ့အပါအဝင် လုပ်ငန်းစဉ် ၁ ဒသမ ၅ အရ ဆောင်ရွက်နေသည့် အကြံပေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးရန်နှင့် အာဆီယံဒေသတွင်း ဖွဲ့စည်းမှုဆိုင်ရာ လုပ်ငန်းစဉ်များကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရေးအတွက် အလေးပေးဆောင်ရွက်ရန်တို့ကို ဆွေးနွေးခဲ့သည်။

🇶🇦🚀🚀- "ကာတာနိုင်ငံအပေါ် အီရန်ရဲ့ တိုက်ခိုက်မှုတွေကို 'လက်တုံ့ပြန်မှုမရှိဘဲ ဒီအတိုင်းလွှတ်ထားလို့ မရနိုင်ဘူး' လို့ ကာတာနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။ အဆိုပါ ထုတ်ပြန်ချက်ထွက် ပေါ်ပြီး မိနစ်ပိုင်းအကြာမှာပဲ အီရန်ဟာ ကာတာနိုင်ငံ၊ မြို့တော် ဒိုဟာ (Doha) ဆီကို ဒုံးကျည် ၁၀ စင်းဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။" NOM

🇷🇺 "ဟော်မုဇ် ရေလက်ကြား ပိတ်ဆို့ပြီးနောက် ရုရှားရဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ရှယ်ယာဈေးနှုန်းတွေ သိသိသာသာ မြင့်တက်လာခဲ့ပါတယ်။ ဘရန
🇷🇺 "ဟော်မုဇ် ရေလက်ကြား ပိတ်ဆို့ပြီးနောက် ရုရှားရဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ရှယ်ယာဈေးနှုန်းတွေ သိသိသာသာ မြင့်တက်လာခဲ့ပါတယ်။ ဘရန့်အမျိုးအစား ရေနံစိမ်းဈေးဟာ ၁၀ ရာခိုင်နှုန်းနီးပါး ထိုးတက်သွားသလို ရွှေဈေးဟာလည်း တစ်အောင်စကို အမေရိကန်ဒေါ်လာ ၅,၄၀၀ အထက်ကို ရောက်ရှိသွားပါတယ်။ အခုလို အခြေအနေတွေကြောင့် ရုရှားနိုင်ငံဟာ မမျှော်လင့်ဘဲ ရရှိလာတဲ့ စီးပွားရေးအကျိုးအမြတ် အခွင့်အလမ်းကြီးကို ရရှိနေပါတယ်။" NOM

ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်းပြန်လွတ် NOM၊မတ်၂၊၂၀၂၆ ယနေ့နေ့လယ်တွင်ရန်ကုန်အင်းစိန်ထောင်မှအကျဉ်းသားများဆက်လက်လွှတ်ပေးနေရာစုစုပေါင်းအကျဉ်းသား၁၀၉၇ဦးအထိလွတ်မြောက်လာပြီးလွတ်မြောက်လာသူများတွင်ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်းဦးလှစိုးနှင့်ရန်ကုန်တိုင်းအစိုးရအဖွံ့အတွင်းရေးမှူးဦးစိုးစိုးဇော်တို့ပါပြန်လည်လွတ်မြောက်လာကြောင်းသိရသည်။

🥰"အီရန်နိုင်ငံနဲ့ တစ်သားတည်းရှိကြောင်းပြသဖို့နဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ အီရန်အဓိပတိခေါင်းဆောင်ကြီး ဆယက်ဒ် အလီ ဟိုစိန်နီ ခါမေနီအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ယီမင်နိုင်ငံ၊ ဆာနာမြို့တော်ရဲ့လမ်းမတွေပေါ်မှာ လူဦးရေ တစ်သန်းကျော် စုဝေးခဲ့ကြပါတယ်။ လက်ရှိမှာ ယီမင်ဟာ အမေရိကန်နဲ့ ဇီယွန်ဝါဒီ (အစ္စရေး) မဟာမိတ်တွေကို ဆန့်ကျင်တဲ့ စစ်ပွဲအတွင်းပါဝင် လာခဲ့ပြီး ပင်လယ်နီအတွင်းက သင်္ဘောတွေကို ပစ်မှတ်ထားတိုက်ခိုက်တာအပြင် ဒုံးကျည်များနဲ့ပါ ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်ဆောင်နေပါတယ်။" NOM

😠 - အမေရိကန်လူမှုကွန်ရက် အသုံးပြုသူတွေဟာ #SendBarron (ဘာရွန်ကိုပို့) ဆိုတဲ့ hashtag ကို လူမှုကွန်ရက်မှာ ခေတ်စားလာအောင် (tren
+5
😠 - အမေရိကန်လူမှုကွန်ရက် အသုံးပြုသူတွေဟာ #SendBarron (ဘာရွန်ကိုပို့) ဆိုတဲ့ hashtag ကို လူမှုကွန်ရက်မှာ ခေတ်စားလာအောင် (trending) ပြုလုပ်ပြီး သမ္မတ ထရမ့်အနေနဲ့ သူ့ရဲ့သားဖြစ်သူကို အစ္စရေးတွေအတွက် အနောက်အာရှ (အရှေ့အလယ်ပိုင်း) စစ်မြေပြင်မှာ သွားရောက်အသေခံဖို့ စေလွှတ်ပေးရန် တောင်းဆိုနေကြပါတယ်။ NOM

အမေရိကန်တိုက်လေယာဉ်တစ်စင်းကို ပစ်ချနိုင်ခဲ့ကြောင်း အီရန်ဗဟိုစစ်ဌာနချုပ်အတည်ပြု အမေရိကန် F-15 တိုက်လေယာဉ်တစ်စင်းကို အီရန်လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့က ပစ်ချနိုင်ခဲ့ကြောင်း ခါတမ် အယ်လ်-အန်ဘီယာ ဗဟိုစစ်ဌာနချုပ်က အတည်ပြုလိုက်တယ်လို့ အီရန်နိုင်ငံပိုင်မီဒီယာမှာ ဖော်ပြခဲ့ပါတယ်။ အဆိုပါဖြစ်စဉ်ဟာ ကူဝိတ်နဲ့ အီရတ်နယ်စပ်မှာ ဖြစ်ပွားခဲ့တာပါ။ NOM

🌟 မတ်လ ၂ ရက်နေ့ နေ့လယ် ၁ နာရီ ၅၅ မိနစ်အချိန်၌ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းအကျဉ်းထောင်မှ ဒေါက်တာမျိုးအောင် (NLD ပါတီ CEC အဖွဲ့ဝင်) နှင့် ဦးမင်းသူ (NLD ပါတီ နေပြည်တော် ဥက္ကဋ္ဌ) တို့အား နိုင်ငံတော်မှလွတ်ငြိမ်းခွင့်ပြုခဲ့သည်။ NOM

ပြစ်ဒဏ်လွတ်ငြိမ်းဖြင့်ရန်ကုန်အကျဉ်းစခန်း၇ခုမှ လူတစ်ထာင်နီးပါးလွတ် NOM၊မတ်၂၊၂၀၂၆ တောင်သူလယိသမားနေ့အထိမ်းအမှတိပြစ်ဒဏ်လွတ်ငြိမ်းဖြင့်ရန်ကုန်ရှိအကျဉ်းစခန်း၇ခုမှအကျဉ်းသားအကျဉ်းသူ၉၃၅ဦးကိုယနေ့လွှတ်ပေးလိုက်ကြောင်းသိရသည်။