ru
Feedback
News Of Myanmar

News Of Myanmar

Открыть в Telegram

📈 Аналитический обзор Telegram-канала News Of Myanmar

Канал News Of Myanmar (@newsofmyanmar) языкового сегмента Бирманский является активным участником. Сейчас сообщество объединяет 12 483 подписчиков, занимая 15 995 место в категории Новости и СМИ и 10 066 место в регионе Мьянма.

📊 Показатели аудитории и динамика

С момента создания невідомо проект демонстрирует стремительный рост, собрав аудиторию из 12 483 подписчиков.

Согласно последним данным от 25 июня, 2026, канал показывает стабильную активность. За последние 30 дней изменение числа участников составило -245, а за последние 24 часа — -7, при этом общий охват остаётся высоким.

  • Статус верификации: Не верифицирован
  • Уровень вовлечённости (ER): Средний показатель вовлечённости аудитории составляет 10.08%. В первые 24 часа после публикации контент обычно набирает 5.41% реакций от общего числа подписчиков.
  • Охват публикаций: В среднем каждый пост получает 1 259 просмотров. В течение первых суток публикация набирает 676 просмотров.
  • Реакции и взаимодействия: Аудитория активно поддерживает контент: среднее количество реакций на один пост — 15.

📝 Описание и контентная политика

Автор описывает ресурс как площадку для выражения субъективного мнения:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

Благодаря высокой частоте обновлений (последние данные получены 26 июня, 2026) канал поддерживает актуальность и высокий уровень охвата публикаций. Аналитика показывает, что аудитория активно взаимодействует с контентом, что делает его важной точкой влияния в категории Новости и СМИ.

12 483
Подписчики
-724 часа
-427 дней
-24530 день
Архив постов
တာချီလိတ်မြို့၌ ငွေကျပ် ၈ ဒသမ ၉ ဘီလီယံကျော် တန်ဖိုးရှိWY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ NOM၊မတ် ၂၂၊၂၀၂၆ တာချီလိတ်မြို့တွင်ကါးသုံးစီးပေါ်မှစိတ်ကြွရူးသွပ်ဆေးပြားများကိုယနေ့ဖမ်းဆီးရမိကြောင်းသိရသည်။ ယနေ့နံနက် ၉ နာရီခန့်တွင်ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်ပိတောက်လမ်း မြလင်းပွင့်မိုတယ်အနီး၌ မသင်္ကာဖွယ်မော်တော်ယာဉ်သုံးစီးရပ်တန့်ထားကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့ကသွားရောက်စစ် ဆေး ရှာဖွေရာToyota Fortuners အမျိုးအစားလိုင်စင်မဲ့ အဖြူရောင်မော်တော်ယာဉ်ပေါ်မှ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြားများ ထည့်ထားသည့် ဆာလာအိတ်အလုံး ၃၀(ဆာလာအိတ် တစ်လုံးလျှင်ဆေးပြားနှစ်သိန်းပါ) စိတ်ကြွရူးသွပ်ဆေးပြား သိန်း၆၀ ပြား၊ ToyotaHilux Single Cub အမျိုးအစား(လိုင်းစင်မဲ့) ခဲရောင်မော်တော်ယာဉ်ပေါ်မှ WY စာတန်းပါစိတ်ကြွရူးသွပ်ဆေးပြားများ ထည့်ထားသည့် ဆာလာအိတ် ၃၇ လုံးဆာလာအိတ် တစ်လုံးလျှင်ဆေးပြားနှစ်သိန်းပါ)စိတ်ကြွရူးသွပ်ဆေးပြား ၇၄ သိန်းပြားနှင့် Ford အမျိုးအစား (လိုင်စင်မဲ့)အဖြူရောင်မော်တော်ယာဉ်ပေါ်မှ WYစာတန်းပါစိတ်ကြွရူးသွပ်ဆေးပြားများ ထည့်ထားသည့်ဆာလာအိတ် ၂၂ လုံး ဆာလာအိတ်တစ်လုံးလျှင် ဆေးပြားနှစ်သိန်းပါစိတ်ကြွရူးသွပ်ဆေးပြား ၄၄သိန်းပြား၊ စုစုပေါင်း WY စာတန်းပါ စိတ်ကြွရူးသွပ် ဆေးပြား ၁၇၈သိန်းပြား (ခန့်မှန်းငွေကျပ်ဒသမ ၉ ဘီလီယံကျော်) တန်ဖိုးရှိမူးယစ်ဆေးဝါးများကို ပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့သည်။

အီရန်နိုင်ငံ၊ ဘုရှဲဟာ (Bushehr) မြို့အပေါ်၌ အီရန်လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့က ပစ်ချလိုက်ပြီးနောက် ပျက်ကျသွားသော အမေရိကန် MQ-9 ဒရုန်း၏ မှတ်တမ်းဗီဒီယို။ NOM

အီရန်ဒုံးကျည်ထိမှန်သဖြင့်အစ္စရေးနိုင်ငံဒီမိုနာမြို့တွင်လူ၅၀ကျော်ဒဏ်ရာရသည်။

FBIအကြီးအကဲဟောင်းသေဆုံးသည်ကိုထရမ့်ကဝမ်းသာကြောင်းရေးသား NOM "ရောဘတ် မူလာ ကွယ်လွန်သွားပါပြီ။ ကောင်းပြီ၊ သူသေဆုံးသွားလို့ ဝမ်းသာ
FBIအကြီးအကဲဟောင်းသေဆုံးသည်ကိုထရမ့်ကဝမ်းသာကြောင်းရေးသား NOM "ရောဘတ် မူလာ ကွယ်လွန်သွားပါပြီ။ ကောင်းပြီ၊ သူသေဆုံးသွားလို့ ဝမ်းသာပါတယ်။ အပြစ်မဲ့ပြည်သူတွေကို နောက်ထပ် ထိခိုက်အောင် မလုပ်နိုင်တော့ပါဘူး!"

အစ္စရေးနိုင်ငံဒီမိုနာမြို့ကိုအီရန်ဒုံးကျည်ထိမှန်စဉ်။အီရန်ဒုံးကျည်ကိုအစ္စရေးကဒုံးကျည်နှစ်စင်းဖြင့်ကြားဖြတ်ပစ်ချရန် ကြိုးစားသော်လည်းလွဲချော်ကါမြို့ကိုထိမှန်ခဲ့သည်။

ရန်ကုန်တိုင်း စစ်ဌာနချုပ်အမှတ် (၆) စစ်မြေပြင်ဆေးတပ်ရင်း နယ်လှည့်ဆေးကုသရေးအဖွဲ့ ကျောင်းကုန်းကျေးရွာ ရတနာသိင်္ဂီကျောင်းတိုက်ဓမ္
+9
ရန်ကုန်တိုင်း စစ်ဌာနချုပ်အမှတ် (၆) စစ်မြေပြင်ဆေးတပ်ရင်း နယ်လှည့်ဆေးကုသရေးအဖွဲ့ ကျောင်းကုန်းကျေးရွာ ရတနာသိင်္ဂီကျောင်းတိုက်ဓမ္မာရုံတွင် ကျေးရွာသားများ ကျန်းမာရေးစောင့်ရှောက်မှုဆေးကုသပေး မတ် ၂၁၊ ၂၀၂၆ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ ထန်းတပင်မြို့နယ်၊ ဓနဲရိအုပ်စု၊ကျောင်းကုန်းကျေးရွာ ရတနာသိင်္ဂီဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် နံနက် ၈ နာရီအချိန်က ရန်ကုန်တိုင်းစစ်ဋ္ဌာနချုပ်အမှတ် (၆)စစ်မြေပြင်ဆေးတပ်ရင်းမှ ဒုမှုးကြီးအောင်ပြည့် ဦးစီး (၁၃) ဦး တခြား (၁၅) ဦးပေါင်း (၂၅) ဦးမှ ဓနဲရိအုပ်စု ကျောင်းကုန်းကျေးရွာရှိ အထွေထွေရောဂါပြ (၈၆) ဦး၊ ခွဲစိပ်ရောဂါ (၁၇)၊ အရိုး-အကြော (၁၂) ဦး၊ မျက်စိ၊နား၊ နှာခေါင်း၊ လည်ချောင်း (၇) ဦး၊ သွားရောဂါ (၁၅) ဦး၊ ကလေးကျန်းမာရေးနှင့် ကလေးရောဂါ (၁၂) ဦး သားဖွား/ မီးယပ် (၅) ဦး၊ သံဃာ၊သီလရှင် (၁၁) ဦး၊ ကျား (၈၄) ဦး၊ မ (၅၃) + (၁၅၄) ဦးအားဆေးကုသမှုများပြုလုပ်ပေးကြောင်းသိရသည်။ အဆိုပါ ဆေးကုသသည့်နေရာသို့ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် ရာ/ ဆယ်မှုးများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့် ကလေးစောင့် ရှောက်ရေးအဖွဲ့ဝင်များမှ ပူးပေါင်း၍ ဝိုင်းဝန်းကူညီပေးခဲ့ကြောင်းသိရပြီး ဆေးကုသမှုပြုလုပ်ပေးမှုအား မွန်းလွဲ ၁၂ နာရီခွဲအချိန်ပြီးဆုံးပြီးခဲ့ကြောင်းသိရသည်။ NOM

လဲချားမြို့နယ်၊ ကောင်းစံကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ကိုင်နေသည့် တရားမဝင် ပြည်ပနိုင်ငံသားများအား ဖမ်းဆီးရမ
+3
လဲချားမြို့နယ်၊ ကောင်းစံကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ကိုင်နေသည့် တရားမဝင် ပြည်ပနိုင်ငံသားများအား ဖမ်းဆီးရမိ မတ် ၂၁၊ ၂၀၂၆ NOM

ကျောက်ပန်းတောင်းမြို့နယ်၊ နှစ်ကျပ်ခွဲကျေးရွာနေ အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးကို PDF အကြမ်းဖက်အဖွဲ့က ဒလန် ဟု စွပ်စွဲသတ်ဖြတ် NOM မ
ကျောက်ပန်းတောင်းမြို့နယ်၊ နှစ်ကျပ်ခွဲကျေးရွာနေ အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးကို PDF အကြမ်းဖက်အဖွဲ့က ဒလန် ဟု စွပ်စွဲသတ်ဖြတ် NOM မတ် ၂၁၊ ၂၀၂၆ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ နှစ်ကျပ်ခွဲကျေးရွာနေ ဦးစိုးဌေးအောင် (၅၀) နှစ် သည် မတ်လ ၂၀ ရက်နေ့ ညနေ ၄ နာရီ ၁၀ မိနစ်အချိန်၌ ၎င်း၏နေအိမ်တွင်ရှိနေစဉ် PDF အကြမ်းဖက်သမားရှစ်ဦးက ဆိုင်ကယ်လေးစီးဖြင့် ရောက်ရှိလာပြီး "ဒလန်" ဟုစွပ်စွဲပြောဆို၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်းသိရသည်။ NOM

နွားဝယ်ရန်သွားသည့် အပြစ်မဲ့အရပ်သားပြည်သူနှစ်ဦးအနက် တစ်ဦးကို နတ်မောက်မြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့​က သေနတ်ဖြင့်ပစ်သတ်ခဲ့၊ ကျ
နွားဝယ်ရန်သွားသည့် အပြစ်မဲ့အရပ်သားပြည်သူနှစ်ဦးအနက် တစ်ဦးကို နတ်မောက်မြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့​က သေနတ်ဖြင့်ပစ်သတ်ခဲ့၊ ကျန်တစ်ဦးပျောက်ဆုံးနေ NOM မတ် ၂၁၊ ၂၀၂၆ မတ်လ ၂၀ ရက်နေ့ နံနက် ၁၁ နာရီအချိန်၌ မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်ရှိ နတ်မောက်-စိုင်ကောင်း ကားလမ်း မိုင်တိုင်အမှတ် ၄ မိုင် ၁ ဖာလုံအနီး ကျည်ထိမှန်ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦးသေဆုံးနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ မတ်လ ၁၈ ရက်နေ့၌ မကွေး မြို့နယ်၊ လေးအိမ်ကျေးရွာနေ ဦးခင်မောင်ထွန်း (၄၄) နှစ် သည် နတ်မောက်မြို့နယ်၊ ပတောက်ငုပ် ကျေးရွာနေ ဦးစန်းလင်း (ခ) ဦးငချင်းနှင့်အတူ နွားဝယ်ရန် ပျော်ဘွယ်မြို့သို့ ထွက်ခွာသွားခဲ့ရာမှနေအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်းမရှိသဖြင့် လိုက်လံစုံစမ်းရှာဖွေခဲ့ရာ နတ်မောက်-စိုင်ကောင်း ကားလမ်းဘေး၌ PDF အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ထားခဲ့သဖြင့် ကျည်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးနေသည့် ဦးခင်မောင်ထွန်းအား တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်းနှင့် ဦးစန်းလင်း (ခ) ဦးငချင်းမှာ ပျောက်ဆုံးနေသဖြင့် ဆက်လက်စုံစမ်းရှာဖွေလျက်ရှိကြောင်းသိရသည်။ NOM

ဂျပန်သင်္ဘောများဟော်မုဇ်ရေလက်ကြားဖြတ်ခွင့်ပေးမည်ဟုအီရန်ပြော NOM ဂျပန်နိုင်ငံကအီရန်နှင့်ညှိနှိုင်းဆောင်ရွက်ပါကဂျပန်သင်္ဘောများကိုဟော်မုဇ်ရေလက်ကြားမှဘေးကင်းစွာဖြတ်ခွင့်ပြုမည်ဟုအီရန်နိုင်ငံခြားရေးဝန်ကြီးကပြောသည်။ဂျပန် သည်သူ့နိုင်ငံသုံးသည့်လောင်စာဆီ၏၉၀%ကိုဟော်မုဇ်ရေလက်ကြားမှသယ်ဆောင်နေရသည်။

မြန်မာမိန်ကလေးများအားတရုတ်မယားအဖြစ်ရောင်းစားရန်စီစဉ်သူအား အလုပ်နှင့်ထောင် ၁၅နှစ်ချမှတ် NOM၊မတ်၂၁၊၂၀၂၆ ရန်ကုန်မြို့၊မြောက်ဥက္ကလာပမြို့နယ်ရှိ အထည်ချုပ်စက်ရုံတစ်ခု၌ အလုပ်လုပ်ကိုင်သည့် မြန်မာမိန်းကလေးနှစ်ဦးကိုတရုတ်မယားအဖြစ်ရောင်းစားရန်စီစဉ်သူအားမတ်လ ၁၈ ရက်တွင် သင်္ဃန်းကျွန်းခရိုင်တရားရုံးမှ လူကုန်ကူးမှုတားဆီးနှိမ် နင်းရေး ဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့် ထောင်ဒဏ် ၁၅ နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်းသိရသည်။ ဖြစ်စဉ်မှာ မြောက်ဥက္ကလာပမြို့နယ်ရှိ အထည်ချုပ်စက်ရုံတစ်ခု၌ အလုပ်လုပ်ကိုင်သည့် မိန်းကလေးနှစ်ဦးသည်အလုပ်မှထွက်၍ အလုပ်သစ်ရှာဖွေစဉ်ထန်းတပင်မြို့နယ်နေသူ နှင်းဝေဖြိုး(ခ)မနှင်း နှင့်တွေ့ဆုံခဲ့ကြောင်း၊၎င်းမှ တရုတ်နိုင်ငံသားနှင့် လက်ထပ်လျှင် ငွေကျပ် သိန်း ၈၀ စီရမည်ဖြစ်ပြီး တစ်နှစ်စာချုပ်ချုပ်ဆို၍ အတူပေါင်းသင်းရမည်ဖြစ်ကြောင်း ပြောဆို၍ လက်ကိုင်ဖုန်းဖြင့် ဓာတ်ပုံရိုက်ကူးကာ တရုတ်အမျိုးသားတစ်ဦးထံ ပို့ပေးခဲ့ကြောင်းထုတ်ပြန်ထားသည်။ အဆိုပါ မိန်းကလေးများအား နိုင်ငံကူးလက်မှတ်ပြုလုပ်ပေးရာအဆင်မပြေသဖြင့် ရန်ကုန် - မန္တလေး -မြစ်ကြီးနားမှတစ်ဆင့် တရုတ်သို့ ပို့ဆောင်ရန် အောင်မင်္ဂလာကားဝင်းသို့ ခေါ်ဆောင်လာစဉ် အမှတ်(၆)လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့စု (ရန်ကုန်)မှ ဖမ်းဆီးရမိခဲ့ ကြောင်းသိရသည်။

ဆားဘီးယားသမ္မတကတတိယကမ္ဘာစစ်စနေပြီဟုပြော NOM 🇷🇸တတိယကမ္ဘာစစ်ဟာ စတင်နေပြီလို့ ဆားဘီးယားသမ္မတ Vucic က ပြောပါတယ်။ သူ့အဆိုအရ လက်ရှိပဋိပက္ခတွေဟာ ပိုမိုကြီးမားတဲ့ ထိပ်တိုက်ရင်ဆိုင်မှုတစ်ခုအဖြစ် တဖြည်းဖြည်း မြင့်တက်လာနေပါတယ်။ "တတိယကမ္ဘာစစ်ဟာ စတင်နေပြီဖြစ်နိုင်တယ် - ကျွန်တော်တို့ကတော့ အဲဒါကို မခေါ်သေးဘူး" လို့ သူက Berliner Zeitung နဲ့ အင်တာဗျူးတစ်ခုမှာ ပြောပါတယ်။ သူက နျူကလီးယားလက်နက်တွေ အသုံးပြုနိုင်ခြေကိုလည်း ဝန်ခံခဲ့ပါတယ်။ "တစ်ချိန်ချိန်မှာ နည်းဗျူဟာမြောက် နျူကလီးယားလက်နက်တွေကို အသုံးပြုလိမ့်မယ်လို့ ကျွန်တော်မထင်ပါဘူး" လို့ ဆားဘီးယားသမ္မတက ပြောပါတယ်။ Vucic ရဲ့အဆိုအရ ရေနံ၊ သဘာဝဓာတ်ငွေ့၊ ရှားပါးသတ္တုတွေအတွက် အရင်းအမြစ်တွေအတွက် ရုန်းကန်မှုဟာ စတင်နေပြီဖြစ်ပြီး ဒါဟာ ဒေသတွင်းပဋိပက္ခတွေအဖြစ် စတင်ခဲ့တဲ့ ယခင်ကမ္ဘာစစ်တွေရဲ့ အရင်းအမြစ်ဖြစ်ခဲ့ပါတယ်။ သူက ပထဝီနိုင်ငံရေးအုပ်စုတွေဟာ တိုက်ကြီးအမျိုးမျိုးမှာ ဖွဲ့စည်းနေပြီး အဓိကအင်အားကြီးနိုင်ငံတွေရဲ့ အကျိုးစီးပွားတွေဟာ တစ်ဖက်နဲ့တစ်ဖက် လိုက်လျောဖို့ ကွဲပြားလွန်းတာကြောင့် တင်းမာမှုတွေ မြင့်တက်လာနိုင်ခြေကို မြင့်တက်စေတယ်လို့ ပြောပါတယ်။ တစ်ချိန်တည်းမှာပဲ ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခတစ်ခုကို ရှောင်ရှားဖို့ အလွန်ခက်ခဲမှာဖြစ်ပြီး တင်းမာမှုတွေ လျော့ကျသွားစေဖို့ ရိုးရှင်းတဲ့ အခြေအနေတစ်ခုကို မမြင်ပါဘူး။ဟုပြောသည်။

နုတ်ထွက်သွားသော အမေရိကန်တန်ပြန် အကြမ်းဖက်နှိမ်နှင်းရေးအကြီးအကဲကို လိမ်ညာသူဟုလွှတ်တော်အမတ်ကစွပ်စွဲ စစ်ကိုလိုလားသူ အမေရိကန်လွှတ်တော်အမတ် လင်းဆေးဂရေဟမ်က အလုပ်မှနုတ်ထွက်သွားသောအမေရိကန် တန်ပြန်အကြမ်းဖက်နှိမ်နှင်းရေး အကြီးအကဲ ဂျိုးကင့်ကို လိမ်ညာသူဟုပြောလိုက်သည်။ "ဂျူးတွေက ကျွန်တော်တို့ကို ဒီစစ်ထဲ ဆွဲခေါ်သွားတယ်လို့ ဘာလို့ သူပြောတာလဲ။ ဂျူးတွေ မရှိရင် ကျွန်တော်တို့အားလုံး ဘေးကင်းမယ်လို့ သူပြောနေတာပါ။ ဒီနုတ်ထွက်စာမှာ မှားယွင်းတဲ့ အချက်အလက်တွေနဲ့ ဂျူးဆန့်ကျင်ရေးတွေ ပြည့်နှက်နေပါတယ်။" ဟု စစ်ဝါဒီအမတ် အစ္စရေးလက်ကိုင်တုတ်လင်းဆေးဂရေဟမ်ကပြောသည်။ NOM

နှုတ်ထွက်သွားသောအမေရိကန်တန်ပြန်အကြမ်းဖက်နှိမ်နှင်းရေးအကြီးအကဲကိုလိမ်ညာသူဟုလွှတ်တော်အမတ်ကစွပ်စွဲ NOM စစ်ကိုလိုလားသူ၊အမေရိကန်လွှတ်တော်အမတ်လင်းဆေးဂရေဟမ်က အလုပ်မှနှုတ်ထွက်သွားသောအမေရိကန်တန်ပြန်အကြမ်းဖက်နှိမ်နှင်ရေးအကြီးအကဲဂျိုးကင့်ကို လိမ်ညာသူဟုပြောလိုက်သည်။ ‘ဂျူးတွေက ကျွန်တော်တို့ကို ဒီစစ်ထဲ ဆွဲခေါ်သွားတယ်လို့ ဘာလို့ သူပြောတာလဲ။ ဂျူးတွေ မရှိရင် ကျွန်တော်တို့အားလုံး ဘေးကင်းမယ်လို့ သူပြောနေတာပါ။ ဒီနုတ်ထွက်စာမှာ မှားယွင်းတဲ့ အချက်အလက်တွေနဲ့ ဂျူးဆန့်ကျင်ရေးတွေ ပြည့်နှက်နေပါတယ်။’ဟုစစ်ဝါဒီအမတ်၊အစ္စရေးလက်ကိုင်တုတ်လင်းဆေးဂရေဟမ်ကပြောသည်။

သာစည်မြို့နယ်နှင့် စမ်းချောင်းမြို့နယ်တို့တွင် ငွေကျပ် ၆၃၅၄ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ NOM မတ် ၂၁၊ ၂၀၂၆
သာစည်မြို့နယ်နှင့် စမ်းချောင်းမြို့နယ်တို့တွင် ငွေကျပ် ၆၃၅၄ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ NOM မတ် ၂၁၊ ၂၀၂၆ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ်လ ၁၇ ရက် နံနက် ၉ နာရီက သတင်းအရ သာစည်မြို့နယ် ကျွဲတပ်ဆုံကျေးရွာအနီးတွင် YUTONG အမျိုးအစား ခရီးသည်တင် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသည်များဖြစ်သည့် မင်္ဂလာဒုံမြို့နယ်နေ ဝင်းဇော်ဇော်တင် (၄၂) နှစ်၊ လားရှိုးမြို့မြန်မာခါးရိုးရပ်ကွက်နေ ပိုင်ရဲထွန်း (၂၁) နှစ်နှင့် ဇော်ရှိုင်း (၂၀) နှစ်တို့ သုံးဦးသယ်ဆောင် လာသည့် စိတ်ပြောင်းဆေးဝါးများဖြစ်သည့် HAPPY WATER ၅ ဒသမ ၂၃၅ ကီလို (တစ်ကီလိုလျှင် ငွေကျပ်သိန်း ၁၂၀၀ နှုန်းဖြင့် ငွေကျပ် ၆၂၈၂ သိန်း)၊ ကက်တမင်း ၀ ဒသမ ၂ ကီလို (တစ်ကီလိုလျှင်ငွေကျပ်သိန်း ၃၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ်သိန်း (၆၀) တို့အား ဖမ်းဆီးရမိခဲ့သည်။ ကွင်းဆက် စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့မွန်းလွဲ ၁ နာရီခွဲက စမ်းချောင်းမြို့နယ်ရှိ ဟိုတယ်တစ်ခု၌ တည်းခိုနေသည့် စိတ်ပြောင်းဆေးဝါးများ သယ်ဆောင်ခိုင်းသူ လားရှိုးမြို့ သီရိမဟာရပ်ကွက်နေ ငြိမ်းထွန်းဦး (၃၂) နှစ်အား စိတ်ပြောင်းဆေးဝါး HAPPY WATER ၄၀ ဂရမ် (တစ်ဂရမ်လျှင်ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် (၁၂ သိန်း) နှင့်အတူ ဆက်လက်ဖမ်းဆီးရမိသဖြင့် ဝင်းဇော်ဇော်တင်၊ ပိုင်ရဲထွန်း၊ ဇော်ရှိုင်းနှင့် ငြိမ်းထွန်းဦးတို့ အားမူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်းသတင်းရရှိသည်။ NOM

အစ္စရေးနိုင်ငံတဲလ်အဗစ်နေရာသုံးနေရာတွင်အီရန်ဒုံးကျည်များကျရောက်ပေါက်ကွဲခဲ့သည်။ယခင်ကလေကြောင်းရန်သတိပေးမှုကိုငါးမိနစ်ကြိုတင်ရရှိခဲ့သော်လည်းယခုအခါ၁၆စက္ကန့်သာကြိုတင်သတိပေးနိုင်တော့သည်။

သာစည်မြို့နယ်နှင့် စမ်းချောင်းမြို့နယ်တို့တွင် ငွေကျပ် ၆၃၅၄ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ NOM၊မတ် ၂၁၊၂၀၂၆ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ်လ၁၇ ရက် နံနက် ၉ နာရီက သတင်းအရ သာစည်မြို့နယ် ကျွဲတပ်ဆုံကျေးရွာအနီးတွင် YUTONG အမျိုးအစား ခရီးသည်တင် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသည်များဖြစ်သည့်မင်္ဂလာဒုံမြို့နယ်နေ ဝင်းဇော်ဇော်တင် (၄၂) နှစ်၊လားရှိုးမြို့မြန်မာခါးရိုးရပ်ကွက်နေ ပိုင်ရဲထွန်း (၂၁)နှစ်နှင့် ဇော်ရှိုင်း (၂၀) နှစ်တို့ သုံးဦးသယ်ဆောင်လာသည့်စိတ် ပြောင်း ဆေးဝါးများဖြစ်သည့် HAPPY WATER ၅ ဒသမ ၂၃၅ကီလို (တစ်ကီလိုလျှင် ငွေကျပ်သိန်း ၁၂၀၀ နှုန်းဖြင့် ငွေကျပ် ၆၂၈၂ သိန်း)၊ ကက်တမင်း ၀ ဒသမ ၂ ကီလို (တစ်ကီလိုလျှင်ငွေကျပ်သိန်း ၃၀၀ နှုန်းဖြင့်၎င်းဒေသတန်ဖိုး ငွေကျပ်သိန်း(၆၀) တို့အား ဖမ်းဆီးရမိခဲ့သည်။ ကွင်းဆက် စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့မွန်းလွဲ ၁ နာရီခွဲက စမ်းချောင်းမြို့နယ်ရှိ ဟိုတယ် တစ်ခု၌ တည်းခိုနေသည့် စိတ်ပြောင်းဆေးဝါးများ သယ်ဆောင်ခိုင်းသူ လားရှိုးမြို့ သီရိမဟာရပ်ကွက်နေ ငြိမ်းထွန်းဦး (၃၂)နှစ်အား စိတ်ပြောင်းဆေးဝါးHAPPY WATER ၄၀ ဂရမ်(တစ်ဂရမ်လျှင်ငွေကျပ် ၃၀၀၀၀နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ်(၁၂ သိန်း) နှင့်အတူ ဆက်လက်ဖမ်းဆီးရမိသဖြင့် ဝင်းဇော်ဇော်တင်၊ ပိုင်ရဲထွန်း၊ ဇော်ရှိုင်းနှင့်ငြိမ်းထွန်းဦးတို့အားမူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေ သော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်းသတင်းရရှိသည်။

photo content

ပြင်သစ်ဗိုလ်ချုပ်ကြီးကထရမ့်နှင့်ပတ်သက်ပြီးသတိပေး NOM ❕ပြင်သစ်ဗိုလ်ချုပ်ကြီးယာကေါ့ဗ်လက်ဗ်ကဟော်မုဇ်ရေလက်ကြားတွင် ထရမ့်နှင့်ပူးပေါင်းခြင်းသည် ရေခဲတောင်တစ်ခုကို တိုက်မိပြီးနောက် နစ်မြုတ်သွားသည့်တိုက်တန်းနစ်သင်္ဘောစီးရန်လက်မှတ်ဝယ်ယူခြင်းနှင့်တူသည် ဟုပြောလိုက်သည်။