ru
Feedback

Не попадитесь на канал ботавода! Telemetrio находит и помечает такие каналы 👉 Хотите видеть метку — оформите подписку

အချစ်/အလွမ်း/ လျှို့ဝှက်သဲဖို ရသစုံ ဝတ္ထုများ ဧကြည်ဖြူ

အချစ်/အလွမ်း/ လျှို့ဝှက်သဲဖို ရသစုံ ဝတ္ထုများ ဧကြည်ဖြူ

Открыть в Telegram
1 030
Подписчики
-224 часа
-27 дней
-1330 дней
Архив постов
"ဟယ်...ဟုတ်လား ...ခုမှသိတယ် ..ဒါဆို ကျေးဇူးရှင်ဖောက်သည်ကြီးပေါ့ မမရဲ့" " ဟုတ်တာပေါ့ ဖြိုးဖြိုးရယ် .. မမ ဆိုင်ဖွင့်စက... မရောင်းရလို့စိတ်ဓါတ်တွေအကြီးအကျယ်ကျနေချိန်မှာ ....အဲ့ဒီဝယ်သူကြောင့် စိတ်ဓါတ်တွေတက်ကြွလာပြီး ...ဒီနေ့လိုထိကြိုးစားလာနိုင်တာပေါ့ ... သူကလဲ အဲဒီချိန်ကနေဒီနေ့ထိ အားပေးနေတာပဲလေ ..." "တကယ့် ကျေးဇူးရှင်ပဲ ..ဒါနဲ့ မမ ..ဝယ်သူက ယောကျာ်းလား မိန်းမလားမသိဘူးနော် " "ဪ ဖြိုးဖြိုးရယ် ... အရင်တုန်းက မမကမဝတ်အင်္ကျီတွေပဲ ရောင်းတာလေ ...အဲ့ဒီအချိန်ကတည်းက အားပေးလာတာဆိုတော့ အမျိုးသမီးပဲနေမှာပါ " ~~~~~~~~ "ဖြူဖြူရယ် ... အိမ်ပြောင်းသွားတာလဲငါ့ကိုတောင်မပြောဘူး...တစ်နှစ်ကျော်တောင် လုံးဝကိုမတွေ့ဘူးဟယ် ...ဘယ်မှာများသွားနေနေတာလဲ ..အွန်လိုင်းရှော့လဲ မလုပ်တော့ဘူးလား " ဝေဝေ၏ တရစပ်မေးခွန်းများကြောင့် မပိုးဖြူ ပြုံးလိုက်ပြီး "ရန်ကုန်မှာပဲနေတာပါ ဝေဝေ .. အွန်လိုင်းရှော့လေးလုပ်ထားပေမဲ့ အရောင်းစာရေးမလေးတွေကိုပဲ ရောင်းခိုင်းထားလို့ပါ .. တောင်းပန်ပါတယ် သူငယ်ချင်းရယ် ....ပိုးဖြူဘာကြောင့် အဆက်အသွယ်ဖြတ်ထားတာလဲဆိုတာကို ဝေဝေသိမှာပါ...ပိုးဖြူ သူတို့မိသားစုတွေကို မယုံဘူးလေ ..ဒါကြောင့်တိတ်တိတ်လေးနေတာပါ " "အင်းပါဖြူဖြူရယ် ... ဝေဝေသိပါတယ် ....ဖြူဖြူမသိချင်ပေမဲ့ ပြောပြရအုံးမယ် ...မျိုးမမနိုင်ထောင်ကျသွားတယ်သိလား...ကိုဇင်မောင်ရဲ့ဖုန်းဆိုင်တွေလဲပိတ်လိုက်ပြီး စိတ်ကျရောဂါဖြစ်နေလို့ ဆေးကုသမှုခံယူနေတယ်လို့ သတင်းသဲ့သဲ့ကြားတာပဲ .. ဒါနဲ့ မင်းရဲ့သမီးနဲ့ရော အဆက်အသွယ်ရှိလားဖြူဖြူ...သူစင်္ကာမှာကျောင်းသွားတက်နေတယ်လေ သိလား " " သမီးနဲ့အဆက်အသွယ်ရှိပါတယ် ဝေဝေ ... အွန်လိုင်းကနေ စကားပြောဖြစ်ကြပါတယ် .... ဒါပေမဲ့သမီးကဟိုဘက်ကအကြောင်းတွေကို လုံးဝမပြောသလို ... တို့လဲ မသိချင်ဘူးလေ " " အင်းပါ ဖြူဖြူ ... မင်းပျော်ရွှင်နေတာကိုတွေ့ရတော့ တို့လဲ ဝမ်းသာပါတယ် " မဆုံတာကြာပြီဖြစ်သော မပိုးဖြူနှင့်ဝေဝေတို့စကားအများကြီးပြောဖြစ်ခဲ့ကြလေသည်။ ~~~~~ "ဟာ လေးလေး ...လာလည်တာလား ..လေးလေးကလဲ နေနိုင်လိုက်တာ ...အမြဲလာလည်ပါဆို မလာဘူး " " ဟုတ်သားပဲ လေးလေးကလဲ ... ကျွန်တော်တို့က လေးလေးကို မျှော်နေတာကို " တိုက်ကြီး၏ ဧည့်ခန်းထဲသို့ မိုးထက်ဝင်လိုက်သည်နှင့် တူနှင့် တူမဖြစ်သူက မိုးထက်ဆီသို့အပြေးရောက်လာပြီး မူနွဲ့ပြောဆိုကြလေသည်။မိုးထက်က တူနှင့်တူမဖြစ်သူကိုကြည့်ပြီး ပြုံးလိုက်က တောင်းပန်စကားဆိုလိုက်ရလေသည်။ "ကဲပါကွာ .... လေးလေးတောင်းပန်ပါတယ်နော် ဟုတ်လား " "မိုးထက် ... ငါ့ညီ ဘယ်တုန်းက ရောက်နေတာလဲ " ထိုသို့ မိုးထက်တို့သုံးဦးသား စကားပြောနေကြစဉ်မှာပင် ဧည့်ခန်းထဲသို့ ကိုနောင်လတ်ဝင်ရောက်လာပြီး မိုးထက်ကို နှုတ် ဆက်လိုက်လေသည်။မောင်နှမနှစ်ယောက်သည် ဖခင်ဖြစ်သူ ဧည့်ခန်းထဲသို့ဝင်လာသည်ကို တွေ့သည်နှင့် ထိုင်နေရာမှ ဆတ်ခနဲထရပ်လိုက်ကြပြီးလျှင် မောင်နှမနှစ်ယောက်ပြိုင်တူလိုလိုပင် မိုးထက်ကို နှုတ်ဆက်လိုက်ကြလေသည်။ " ကျွန်တော်တို့ အပေါ်ထပ်ကို တက်တော့မယ် ...လေးလေး ပြန်မယ်ဆိုရင် အပေါ်ထပ်ကိုတက်ခဲ့အုံးနော် လေးလေး......" ကလေးနှစ်ယောက်၏ အပြုအမူကြောင့် မိုးထက်မှာယောက်ဖဖြစ်သူကို စောင်းငဲ့ကြည့်လိုက်မိလေသည်။ထိုအခါ သားဖြစ်သူနှင့်သမီးဖြစ်သူကို ရီဝေဖျော့တော့သော မျက်ဝန်းများဖြင့် လိုက်လံငေးကြည့်နေသော ယောက်ဖဖြစ်သူကိုတွေ့လိုက်ရလေသည်။ " တစ်နှစ်ကျော်ခဲ့ပါပြီ ယောက်ဖရာ ..သားနဲ့သမီးက အစ်ကိုနဲ့အကြည့်ချင်းတောင်အဆုံမခံကြဘူး...အစ်ကို့ အသံကြားတာနဲ့ လှစ်ခနဲပျောက်သွားကြတယ်... မိသားစုတွေနဲ့ ထမင်းလက်ဆုံမစားရတာ တစ်နှစ်ကျော်ခဲ့ပါပြီ... " "သူတို့လေးတွေရဲ့ရင်ထဲက နာကျင်မှုတွေပျောက်သွားတဲ့အထိ ....စောင့်နေပေးလိုက်ပါကိုနောင်..." အံကိုတင်းတင်းကြိတ်လျက် ပြောနေသောယောက်ဖဖြစ်သူကိုကြည့်ပြီး မိုးထက်အားပေး နှစ်သိမ့်လိုက်မိပါသည်။ ~~~~~ "ကောင်မလေးတွေ ဦးပိန်မှာပဲ အချိန်ကုန်မလို့လား ... တောင်ပေါ်မတက်ကြဘူးလား " " တက်ရမှာပေါ့ မမရယ်.....ရွှေမန်းတစ်ခွင်နှံ့အောင်လည်မှာနော် မမ " ယနေ့ မပိုးဖြူနှင့်ဆိုင်မှဝန်အရောင်းစာရေးမလေးများ မန္တလေးနှင့်ပြင်ဦးလွင်သို့ အလည်ခရီးထွက်ခဲ့ကြခြင်းဖြစ်သည်။ဆိုင်၏ ပထမဆုံးခရီးစဉ်ဖြစ်၍ ၀န်ထမ်းကောင်မလေးသုံးယောက်ရော မပိုးဖြူပါပျော်နေကြလေသည်။မန္တလေးတွင် လေးဦးသားတည်းခိုခန်းတွင်တည်ပြီး တစ်နေကုန်ကားစီးလုံးငှားကာတစ်မြို့လုံးအနှံ့ လည်ပတ်နေခြင်းဖြစ်သည်။ဦးပိန်တံတားသို့ ရောက်ကာမှ မချောလေးများမှာ ခေါ် မရဖြစ်နေ၍ မပိုးဖြူမှာလောနေရခြင်းဖြစ်သည်။ဦးပိန်တံတားပေါ်တွင် လမ်းလျှောက်ရသည်ကို မပိုးဖြူကြိုက်နှစ်သက်ပါသော်လည်း နေဝင်ဆည်းဆာချိန်ကို မန္တလေးတောင်ပေါ်မှနေ မပိုးဖြူငေးကြည့်ချင်သည်လေ။ကောင်မလေးများကိုခေါ်ရင်း မပိုးဖြူတံတားပေါ်တွင်ရပ်၍ ငေးနေစဉ်မှာပင် တံတားထိပ်ဆီမှ လှမ်းလျှောက်လာသော လှုတစ်ယောက်ကို ကြည့်ပြီး ရင်တွေတဒိန်းဒိန်းခုန်လာလေသည်။ " ကို ..ကိုမိုးထက် "

~~~~~ မပိုးဖြူသည် တရားရုံးခန်းထဲမှထွက်အလာတွင် အခန်းဝတွင် ရပ်နေသောသမီးဖြစ်သူကို တွေ့လိုက်ရလေသည်။ "အမေတောင်းပန်ပါတယ် သမီးရယ် ..သမီးရဲ့အဖေ့ကိုသိက္ခာကျအောင်လုပ်ဖို့မရည်ရွယ်ခဲ့ပါဘူး ....သမီးအဖေကို အမေ လက်မခံနိုင်ပေမဲ့ ..သမီးကတော့ အမေ့ရင်ထဲမှာ အမြဲရှိပါတယ် ....သမီးလေး အမေ့ဆီကို လာချင်တယ်ဆိုရင် အချိန်မရွေး လာခဲ့လို့ရပါတယ် .. "ချစ်တဲ့သူနဲ့ ကွေကွင်းရတဲ့ဒုက္ခထက်... မုန်းတဲ့သူနဲ့အတူနေရတဲ့ဒုက္ခကပိုကြီးတာကို...တစ်နေ့နေ့တစ်ချိန်ချိန်မှာသမီးလဲ နားလည်သဘောပေါက်လာမှာပါ ...သမီးက အမေ့ကိုမုန်းနေတယ်ဆိုရင်တောင်... အမေက သမီးကို ဘယ်တော့မှမမုန်းပါဘူးကွယ် " မတုန်မလှုပ် အမူအရာဖြင့်နားထောင်နေသောသမီးဖြစ်သူကို ခပ်ယဲ့ယဲ့အပြုံးဖြင့် ကြည့်လိုက်ရင်း မပိုးဖြူတရားရုံးအပြင်သို့ ထွက်လာခဲ့ပါသည်။ ~~~~ "ဒီမှာ ပိုးအိဇင် ..မင်းခဏနေအုံး ...မင်းအဖေက ပိုးဖြူအပေါ်မှာ ရက်စက်နိုင်တာတော့ ထားပါတော့ ..မင်းက သားသမီးဖြစ်ပြီး ငါ့သူငယ်ချင်းအပေါ်မှာ...ဘာလို့ အဲ့ဒီလောက်ရက်စက်ရတာလဲ ... မင်းရဲ့အမေကို ..နည်းနည်းလေးမှ တောင်မချစ်ဘူးလားဟင် ...ငါ့သူငယ်ချင်းက... မင်းကြောင့် သူ့ရဲ့ငယ်ရွယ်နုနယ်ခဲ့တဲ့တစ်ဘလုံးသည်းခံပြီးနေခဲ့တာသိရဲ့လား ...'' မပိုးဖြူထွက်သွားသော်လည်း ဝေဝေသည် ပိုးအိဇင်၏အနားတွင် ရပ်လိုက်ပြီးနောက် ပိုးအိဇင်၏ အေးစက်စက် အမူအရာကို ကြည့်ကာ မကျေမနပ်နှင့် ပြောလိုက်သည်။ ပိုးအိဇင်က ဝေဝေ့ကို မော့ကြည့်လိုက်ပြီး တစ်လုံးချင်း ပြန်ပြောလိုက်လေသည်။ "မိုက်မဲခဲ့တဲ့သမီးအတွက် ...အမေ့ကိုဒုက္ခမခံစေချင်တော့ပါဘူးအန်တီ....သမီးကြောင့် အမေနောက် ဆံငင်ပြီး အရင်လိုဘ၀မျိုးကိုပြန်မရောက်စေချင်ပါဘူး ... သမီး အမေ့ကိုချစ်ပါတယ်...ဒါပေမဲ့ အခုချိန်တော့ဒီအကြောင်းတွေ အမေ့ကိုမသိစေချင်သေးပါဘူး ...အချိန်ကျလာတဲ့ တစ်နေ့မှာတော့ အမေ့ဆီကိုသွားမှာပါ....သမီးရဲ့အ မေကို အန်တီကူညီပေးပါအုံးနော် " ပိုးအိဇင်က ပြောပြီးသည်နှင့်ခေါင်းစွပ်အင်္ကျီလေးကို ခေါင်းပေါ်သို့ဆွဲတင်လိုက်ပြီး တရားရုံးအပြင်သို့ ထွက်ခွါသွားခဲ့လေသည်။ ~~~~ "ကျေးဇူးတင်ပါတယ် မနွယ် .. ဒီကျေးဇူးတွေကို ... ကျွန်မရင်ထဲမှာ တစ်သက်လုံး မှတ်ထားမှာပါရှင် " မိမိအားရှေ့နေလိုက်ပေးခဲ့သော မနွယ်နွယ်ကို မပိုးဖြူတလေးတစားဖြင့် ကျေးဇူးတင်စကားပြောလိုက်ပါလေသည်။ " အို ...ရပါတယ် မပိုးဖြူ....ကျွန်မကြိုးစားခဲ့တယ်ဆိုတာထက်... မပိုးဖြူဘက်က မှန်ကန်ခဲ့တာရယ် ... ဗီဒီယိုတွေကို အွန်လိုင်းမှာဖြန့်ခဲ့တဲ့ တစ်စုံတစ်ယောက်ရဲ့ ကျေးဇူးတွေကြောင့်ပါရှင် ....မပိုးဖြူဘက်က နိုင်သွားလို့ ထပ်တူ၀မ်းသာရပါတယ်ရှင်.." "ကျေးဇူးတင်ပါတယ်ရှင် ... ကျွန်မကို ပြန်ခွင့်ပြုပါအုံးရှင် " မပိုးဖြူသည် ကျေနပ်သောအပြုံးကိုပြုံးလျက် ရှေ့နေမနွယ်နှင့်လမ်းခွဲပြီး အိမ်သို့ ပြန်ခဲ့သည်။အပြန်လမ်းတစ်လျှောက် အငှါးကားပေါ်တွင်လိုက်ပါလာခဲ့ရင်းမှ မပိုးဖြူမှာ အိပ်မက်ဆိုးကြီးမှနိုးထလွတ်မြောက်လာခဲ့သူလို ပေါ့ပါးလန်းဆန်း၍ နေလေသည်။ ~~~~~~ "ဗီဒီယိုကို ဖြန့်လိုက်သူကဘယ်သူလဲ မသိပေမဲ့ ...နင်အရမ်းကံကောင်းတယ် ဖြူဖြူ...နင် အခု ဘာလုပ်မလဲဟင် ...အခုအိမ်မှာပဲ ဆက်နေမှာလား ....ဒီအိမ်ကို ကိုဇင်မောင်သိတယ်မဟုတ်လား ..နင်အိမ်ပြောင်းတာပိုကောင်းမယ်ထင်တယ်ဖြူဖြူ...ပြီးတော့ နင့်သမီးလေးကြောင့်လဲ စိတ်မကောင်းမဖြစ်နဲ့နော် ..သူကငယ်သေးတော့ ...အဘိုးအဘွားတွေနဲ့ ကြီးတော်တွေက ... မြှောက်ထိုးပင့်ကော်လုပ်ပြီး... သွေးခွဲထားလို့ပါ " ဝေဝေ၏စကားကြောင့် မပိုးဖြူခေါင်းကိုငြိမ့်ပြလိုက်သည်။ "အင်းပါ ဝေဝေ ... အိမ်ပြောင်းဖို့ကိုလဲ စဉ်းစားထားပါတယ် " ~~~~~~~ "ပိုးဖြူရယ် ....ကျွန်တော် ပိုးဖြူကိုနားလည်ပါတယ် ...ပိုးဖြူပျော်အောင်နေပါနော် ....ကျွန်တော် ပိုးဖြူကိုအမြဲသတိရနေမှာပါ ... ကျွန်တော်တို့ကံမကုန်သေးရင်တော့ တစ်နေ့ပြန်ဆုံကြမှာပါ.....အဲ့ဒီတစ်နေ့ကို ရောက်လာခဲ့ရင်တော့ ပိုးဖြူရဲ့လက်ကို မလွှတ်ပေးတော့ဘူးနော်....အဲ့ဒီနေ့ကို ကျွန်တော်စောင့်နေပါ့မယ် " မိုးထက်၏နွမ်းဖျော့ဖျော့ စကားသံများကိုကြားနေရသော်လည်း မပိုးဖြူခေါင်းကိုငုံ့ကာငြိမ်သက်နေမိသည်။အချိန် အတော်ကြာမပိုးဖြူတို့နှစ်ယောက်ကြား ငြိမ်သက်တိတ်ဆိတ်နေခဲ့ပြီးနောက် မိုးထက်သည် ထိုင်နေရာမှ ထလိုက်ပြီးလျှင် "ကျွန်တော်သွားတော့မယ်နော် ပိုးဖြူ ... ဘယ်နေရာကိုပဲရောက်ရောက်ကျန်းမာအောင်နေပါပိုးဖြူ " နှုတ်ဆက်ပြီးပြန်သွားသော မိုးထက်၏ခြေသံများ ဝေးကွာတိတ်ဆိတ်သွားပြီးနောက် ....။ နာရီအတန်ကြာအောင် ဆိုဖာခုံတွင်ပင်မပိုးဖြူ မလှုပ်မယှက်ထိုင်နေမိလေသည်။ ~~~~~~ "ဒီဖောက်သည်ကလေ တစ်နှစ်လုံးလုံး တစ်ပတ်မှမပျက်ဘဲ အားပေးတယ်နော်မမ...သူ့ဆိုင်လဲတော်တော်ရောင်းရတယ်ထင်တယ် " အရောင်းစာရေးမလေး ဖြိုးဖြိုး၏စကားကြောင့်.. မပိုးဖြူက ပြုံးလိုက်ပြီး "တစ်နှစ်ဘယ်ကမလဲ ဖြိုးဖြိုးရယ် ....မမစျေးစရောင်းကတည်းက အားပေးလာတာလေ ... "

#နွေလယ်အိပ်မက် (အခန်းဆက်ဝတ္ထု ) အပိုင်း (၂၅) (ဇာတ်သိမ်းပိုင်း ) ******** " ဟာ ...ဒီကောင်လူလိမ်ပဲ...ဇင်မောင်ဆိုတဲ့ကောင်လူလိမ်ပဲ ..သူ့ဗီဒီယိုဖိုင်တွေရော..ပုံတွေပါလိုင်းပေါ်မှာအများကြီးတက်လာတယ် ..ဒီမှာကြည့်ကြပါအုံး ...." အမည်မသိထိုလူသည် အော်ဟစ်ပြောဆိုရင်း သူ့လက်ထဲမှ တက်ဘလက်ကိုဘေးမှလူများကိုပါ ပြသလေသည်။ထိုအခါ ဘေးရှိ လူများသည်လည်း ဖုန်းကိုယ်စီထုတ်၍ ကြည့်ရှုကြလေသည်။တရားခွင်အချိန်သည် တရားရုံတွင် လူဝင်လူထွက်များသောအချိန်ဖြစ်၍ ဘာရယ်မဟုတ် သိလိုစိတ်ဖြင့်၀င်ရောက် နားထောင်ကြည့်ရှူသူများသည်လည်း ဖုန်းကိုယ်စီဖြင့် အွန်းလိုင်းပေါ်မှ ဗီဒီယိုဖိုင်ကိုရှာဖွေကြည့်ရှုကြလေသည်။ "ဟုတ်တယ် ဒီကောင်ပဲ ....ဇင်မောင်ဆိုတဲ့ကောင်ပဲ ...ကြည့်ပါအုံး ... လူမြင်ကွင်းမှာတောင် တခြားမိန်းမနဲ့နမ်းနေကြတယ် ....သွားထားတဲ့ဟော်တယ်တွေ..တည်းခိုခန်းတွေကမနည်းဘူးပဲ " " ကောင်မကလဲဟယ် ..ရုပ်လေး သနားကမားနာနဲ့" "ဟာ..ဒီမိန်းမကိုသိတယ် ...(....) အလှကုန်အွန်လိုင်းရော့ကလေ .. သူ့ဆိုင်က ရန်ကင်းမှာပဲ ..." " စီစီတီဗီ(date ) တွေကိုကြည့်ပါအုံးဟယ် ... နေ့တိုင်းအချိန်ပြည့် အဲ့ဒီအမျိုးသမီးနဲ့ ရှိနေခဲ့တာပဲ ..." " ကွာရှင်းပေးလိုက်ပါ တရားသူကြီး .... ဒီကောင် လူယုတ်မာ ..သူကဖောက်ပြန်နေပြီး ... အပြစ်မရှိတဲ့ မိန်းမကိုပြန်စွပ်စွဲနေသေးတယ် " " ဟုတ်တယ် ..မပိုးဖြူနဲ့ကွာရှင်းပေးပြီး ဒီလူယုတ်မာကိုထောင်ချပစ်ပါ ... ယုတ်မာချက်ကရုပ်နဲ့မလိုက်ဘူး " " ဒုန်း ...ဒုန်း " " အားလုံးတိတ်ကြပါ ..ဒါကတရားခွင်ပါ ...တရားဝင်သက်သေတွေကိုယူမှာပါ " ဖုန်းကိုယ်စီထုတ်၍ ရုတ်ရုတ်သဲသဲဖြစ်ကာ ဆူညံပွက်လောရိုက်နေသော လူများကြောင့် တရားသူကြီးက တုံးကိုထုလိုက်ပြီး သြဇာသံအပြည်ဖြင့်အော်လိုက်သည်။ "အို ဒီထက်တရားဝင်တာ ဘာရှိမလဲ ..မပိုးဖြူရဲ့ရှေ့နေ့က တရားသူကြီးကို ဖုန်းထဲကဗီဒီယိုတွေပြပြီး ...သက်သေတင်သွင်းလိုက်ပါ " ခပ်လည်လည် ခပ်သွက်သွက်လူများက မပိုးဖြူ၏ရှေ့နေထံသို့ ဖုန်းကို သွားပေးကြလေသည်။ "နောက်ထပ် ရုံးချိန်းထပ်မချိန်းပါ နဲ့တော့.. ဒီနေ့ပဲကွာရှင်းပေးလိုက်ပါ " " ဇင်မောင်ဆိုတဲ့ လူလိမ်ကောင်ကို ထောင်ချပါ " " ဒုန်း ...ဒုန်း " အားလုံးတိတ်ကြပါ ... ဆက်ပြီးဆူပူနေမယ်ဆိုရင် ..၀တ္တရားနှောက်ယှက်မှုနဲ့ အားလုံးကို ထိန်းသိမ်းရပါလိမ့်မယ် " တာဝန်ရှိသူ၏အော်ဟစ်သံ အဆုံးတွင် အသံများငြိမ်ကျသွားသော်လည်း မည်သူမျှ အခန်းပြင်သို့ထွက်သွားခြင်းမပြုကြဘဲ ဖုန်းကိုယ်စီကိုင်၍အခြေအနေကို စောင့်ကြည့်နေကြလေသည်။ကိုဇင်မောင်နှင့်သူ၏မိခင်ကြီးအပါအ၀င် အစ်မနှစ်ယောက်မှာမူ ခေါင်းများ ငိုက်စိုက်ချလျက်တိတ်ဆိတ်ငြိမ်သက်စွာရှိနေကြလေသည်။ မပိုးဖြူ၏ရှေ့နေမနွယ်နွယ်သည် ဖုန်းကိုယူဆောင်လျက် တရားသူကြီးထံသို့ လျှောက်သွားလေသည်။ကိုဇင်မောင်၏ ရှေ့နေ့ ဖြစ်သူမှာ လေပူတစ်ချက်ကိုမှုတ်ထုတ်ပြီး လေးတွဲစွာခေါင်းကိုခါယမ်းလိုက်လေသည်။ "ဒုန်း " "တရားခွင်ကို နာရီဝက်တိတိရပ်နားပါမယ် ... နောက်မိနစ်သုံးဆယ်မှာ တရားခွင်ပြန်စပါမယ် " တရားခွင်ကို မိနစ်သုံးဆယ်ရပ်နားလိုက်သော်လည်း လာရောက်နာထောင်နေသူများမှာ မပြန်ကြဘဲ စင်္ကြန်လမ်းတစ်လျှောက်တွင် ရပ်လျက်၊ ထိုင်လျက်ဖြင့် ကိုဇင်မောင်တို့ကို ကြည့်၍ ပြစ်တင်ပြောဆိုနေကြ လေသည်။ ~~~~~ "ဘ ( ...) ဦး၏သမီးဖြစ် မပိုးဖြူအား ( .......) ဤအမှုမှ အနိုင်ဒီဂရီ ပေးလိုက်ပါသည်....ဘ ( ...) ဦး သားဖြစ်သူ ကိုဇင်မောင်သည် အိမ်ထောင်ရေးဖောက်ပြန်ခြင်း ... ကွာရှင်းထားသော ဇနီးဟောင်းကို ဂုဏ်သိက္ခာညှိုးနွမ်းအောင်အသရေဖျက်ခြင်း..ရုံးတော်တွင် မမှန်မကန်ထွက်ဆိုခဲ့ခြင်းများအတွက် ငွေဒဏ် (သို့) ထောင်ဒဏ် (သို့) ပြစ်ဒဏ်နှစ်ရပ်လုံးကိုကျခံစေရမည့်အပြင် ....ကိုဇင်မောင်၏ ပိုင်ဆိုင်မှုများကို တစ်ဝက်စီခွဲ၍ နစ်နာသူမပိုးဖြူ ထံသို့ ပေးလျော်ရမည်.....နောက်နောင် ကိုဇင်မောင်သည် မပိုးဖြူအားလူဖြင့်ဖြစ်စေ ....စာဖြင့်ဖြစ်စေ ....တဆင့် စကားဖြင့်ဖြစ်စေ .. မည်သို့မျှနှောက်ယှက်ခြင်းမပြုရန် ရုံးတော်မှ အမိန့်ချမှတ်လိုက်သည်...." "ဒုန်း " " ဖြောင်း ...ဖြောင်း ....ဖြောင်း " " ဒုန်း " " အားလုံးငြိမ်ကြပါ " တရားသူကြီး၏ စကားသံအဆုံးတွင် လက်ခုပ်တီးသံများ တဖြောင်းဖြောင်း ထွက်ပေါ်လာသဖြင့် ရုံးတော်မှသတိပေးတားမြစ်လိုက်ရပြန်သည်။ အားလုံးတိတ်ဆိတ်ငြိမ်သက်သွားချိန်တွင် မပိုးဖြူသည် ထိုင်နေရာမှထလိုက်ပြီးလျှင် "တရားသူကြီးမင်းနှင့်တကွ ...နှစ်ဖက်ရှေ့နေများ .. တာဝန်ကျ၀န်ထမ်းများနှင့်လာရောက် နားထောင်ပေးကြသူများအားလုံး ကို ကျေးဇူးတင်ရှိပါတယ်ရှင် ... အားလုံးရှေ့မှာပဲ ကျွန်မပြောစရာရှိပါတယ် ... အဲ့ဒါကတော့ နစ်နာကြေးအဖြစ်ကျွန်မရရှိမဲ့ ငွေကြေးနဲ့ပစ္စည်းဥစ္စာတွေကို ကျွန်မ မယူဘဲသမီးဖြစ်သူပိုးအိဇင်ကိုအားလုံးလွှဲပေးမည်ဖြစ်ပါကြောင်းပြောချင်တာပါ ...." " ဖြောင်း ...ဖြောင်း ......ပြောင်း " ဒီတစ်ခါလက်ခုပ်သံများကိုတော့ တရားသူကြီးမင်းလဲမတား မြစ်တော့ဘဲ ခပ်ပြုံးပြုံးပင် နားထောင်နေခဲ့လေသည်။

"ကျွန်မပြောပါရစေရှင်.....ကျွန်မဘ၀တစ်လျောက်လုံး.. ခင်ပွန်းသည်အပေါ် မှာ သစ္စာရှိခဲ့ကျိုးနွံခဲ့တာကို ခင်ပွန်းဖြစ်သူနဲ့သူ့မိသားစုကအသိဆုံးပါ...သူ အပြင်မှာပျော်ပါးပြီး ....ကျွန်မကိုစိတ်ဒုက္ခအမျိုးမျိုးပေးခဲ့တယ်....ကျွန်မနေထိုင်မကောင်းဖြစ်နေချိန်နဲ့ဆေးရုံဆေးခန်းရောက်နေချိန်တွေမှာတောင် ကိုဇင်မောင်ဟာကျွန်မ နားမှာ ခဏတစ်ဖြုတ်လေးတောင်ရှိမနေခဲ့ဘဲ တိတ်တိတ်ပုန်းမိန်းမဆီမှာပဲအချိန်ကုန်ခဲ့တဲ့သူပါ ... သူပြောသလိုပဲ ..သူကျွန်မကိုကိုယ်ထိလက်ရောက် ရိုက်နှက်တာမျိုးတွေမလုပ်ခဲ့ပေမဲ့ မ်ား ကျွန်မ ကိုယ့်အသက်ကိုယ် အကြိမ်ကြိမ်အခါခါလုပ်ကြံမိအောင် ... စိတ်ဒုက္ခတွေပေးခဲ့တဲ့သူပါ ... ခန္ဓာကိုယ်အရည်ပြားပေါ်မှာဒဏ်ရာရမှဒဏ်ရာလို့သက်မှတ်တာလား .. ကျွန်မမှာအပြစ်ရှိတာဆိုလို့ ...သူ့ကိုချစ်ခင်ယုံကြည်ပြီး လက်ထပ်ပေါင်းသင်းခဲ့မိတဲ့ အပြစ်ပဲရှိပါတယ်... နောက်ဆုံး ကွာရှင်းပေးပါဆိုလို့လဲ ကျွန်မဘက်ကပြဿနာမရှာဘဲ ... ကွာရှင်းပေးခဲ့ပါတယ်ရှင် ..ဒါပေမဲ့ကျွန်မဘက်က သူ့အပေါ် ဒီလောက်လိုက်လျောပေးခဲ့တာတောင် ... သူက ကျွန်မကိုတစ်ပြန်စွပ်စွဲခဲ့တယ် ....သူနဲ့ပြတ်ပြတ်စဲစဲကွာရှင်းခဲ့ပြီးလို့ နှစ်လနီးပါးအကြာမှ ... အမျိုးသားအသိမိတ်ဆွေ တစ်ယောက်နဲ့အတူ ...လူအများကြီးရှိတဲ့ ဧည့်ခံပွဲကို... ကျွန်မတက်ခဲ့တာပါ ...သူတို့ဖောက်ပြန်ချင်တိုင်းဖောက်ပြန်ပြီး ဇနီးသည်ကိုထားခဲ့တာတော့လွယ်သလောက် ....ဒုက္ခတွေခံစားရလွန်းလို့ မိန်းမသားဖြစ်တဲ့ကျွန်မကခံနိုင်ရည်မရှိတော့လို့ ...ကွာရှင်းချင်ပါတယ်ဆိုတော့ခက်ခဲလှချည်လား ...သူတို့ဖောက်ပြန်တာကိုသက်သေပြနိုင်ဖို့အတွက်... သူ့တို့ရဲ့အိပ်ခန်းထိကျွန်မကကျူး ကျော်ရမှာလား ..ကျွန်မခံစားရတဲ့ စိတ်ဒုက္ခ...စိတ်သောကတွေကိုကျွန်မအသိဆုံးပါ ... ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် ကျွန်မ ကိုဇင်မောင်ကိုပြန်မပေါင်းပါဘူး ... ကျွန်မကိုစိတ်ဒဏ်ရာအမျိုးမျိုးပေးပြီး ..တခြားအမျိုးသမီးတစ်ယောက်နဲ့ပေါ်ပေါ်တင်တင်လူမှုရေးဖောက်ပြန်ခဲ့တဲ့ ကိုဇင်မောင်ကိုင်း ကျွန်မဘယ်တော့မှ ပြန်မပေါင်းပါဘူး ...အဲ့ဒီအတွက် ကျွန်မဘက်ကမှားတယ်... အပြစ်ရှိတယ်လို့ယူဆရင်ကျွန်မကိုထောင်ချလိုက်ပါ.. ကိုဇင်မောင်ကိုတော့ ဘယ်တော့မှပြန်မပေါင်းပါဘူးရှင် .. ကျွန်မပြောချင်တာဒါပါပဲ " မပိုးဖြူ၏ စကားသံအဆုံးတွင် တရားခွင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။ကိုဇင်မောင်သည် မထီတရီအပြုံးဖြင့် မပိုးဖြူကို ကြည့်နေသည်။ " ကိုဇင်မောင့် အနေနဲ့ရော ဘာပြောချင်ပါသလဲ " ရှေ့နေ၏စကားအဆုံးတွင် ကိုဇင်မောင်သည် ကျမ်းကျိန်လွှာကိုရှေ့တွင်ထားလျက်မှ မုသားစကားများကိုစတင်ပြောလေသည်။ "သူ ကျွန်တော့်ကိုအမျိုးမျိုးစွပ်စွဲခဲ့ပါတယ် ..သူဆေးရုံတက်နေရချိန် ...နယ်ဘက်ကဆိုင်ခွဲကြောင့် ကျွန်တော်နယ်ကိုဆင်းနေရချိန်ဖြစ်ပါတယ် ...ဇနီးနဲ့သားသမီးတွေအတွက် ကျွန်တော်စွမ်းနိုင်သလောက် အလုပ်တွေကြိုးစားလုပ်နေခဲ့တာပါ ...မပိုးဖြူကို ကျွန်တော့်မိဘတွေသဘောမတူတဲ့ကြားက သူ့ကိုချစ်လွန်းလို့ ...မိသားစုတွေနဲ့ အတိုက်အခံဖြစ်ပြီး ကျွန်တော်လက်ထပ်ခဲ့တာပါ...ကျွန်တော်ချစ်လို့လက်ထပ်ထားတဲ့သူကို.. ကျွန်တော် ဘယ်တော့မှ ဒုက္ခမပေးပါဘူး ...လက်ရှိမှာလဲ ...ကျွန်တော့်မိသားစုလေးပြိုကွဲသွားမှာစိုးလို့ .....ကျွန်တော်ဒီလိုတွေ တရားရင်ဆိုင်နေရတာပါခင်ဗျာ....ကျွန် တော့်ဇနီးကိုနစ်နာစေလိုတဲ့စိတ်လုံးဝမရှိပါဘူး " ကိုဇင်မောင်က သူ့စကားကို အဆုံးသတ်လိုက်ပြီး အောင်နိုင်သူတစ်ယောက်၏ အပြုံးမျိုးဖြင့်ပြုံးလိုက်လေသည်။အားလုံးသည် တိတ်ဆိတ်ငြိမ်သက်လျက်ရှိလေသည်။ တရားသူကြီးသည်အမှုကို ဆုံးဖြတ်ရခက်ခဲလှစွာပင် အမှုရုံးချိန်ကို နောက်တစ်ပတ်သို့ထပ်မံပြောင်းရွေ့ချိန်းဆိုလိုက်လေသည်။တရားသူကြီးသည် ချိန်းဆိုအမိန့်စကားပြီးဆုံး၍ တုံးကိုထုရန်ရွယ်လိုက်စဉ်မှာပင် တရားခွင်တွင် လာရောက်ကြည့်ရှုနေသော လူအုပ်ထဲမှ အသံတစ်သံထွက်ပေါ်လာလေသည်။ @@@@@@@@@@@@@@@@@@@ အပိုင်း (၂၅) (ဇာတ်သိမ်းပိုင်းဆက်ရန် ) #ဧကြည်ဖြူ

''ကူညီတာ မကူညီတာကကိုဇင်မောင့်ကိစ္စပါ ..ရတနာကလဲ သူပြောခိုင်းတဲ့အတိုင်း ပြောပြတာပါ ..မျိုးကထပ်မှာလိုက်ပါသေးတယ် ..တကယ်လို့ ကိုဇင်မောင် သူ့ကို မကူညီဘူးဆိုရင် .. ကိုဇင်မောင်နဲ့ သူ့ပုံတွေကို ...အွန်းလိုင်းမှာဖြန့်လိုက်ပြီး ကိုဇင်မောင်အခုဖြစ်နေတဲ့အမှုကို လက် ရှုံးနိမ့်အောင်လုပ်မယ်လို့ပြောလိုက်တယ် " "ဘာ...ဘာပြောတယ်ကွ... သူလိုမိန်းမကများ ...ဇင်မောင်လိုကောင်ကို ခြိမ်းခြောက်ရဲတယ်ပေါ့ ဟုတ်လား ...သူက အချုပ်ထဲကနေဘာလုပ်နိုင်မှာတဲ့လဲ ..လုပ်လို့ရရင် လုပ်လို့ပြောလိုက်ပါ ရတနာ ..ထောင်သက်တိုးမှာကို မကြောက်ရင်လုပ်လို့ ပြောလိုက်စမ်းပါ " ဇင်မောင်၏ ဒေါသတကြီးအမူအရာကြောင့် ရတနာစိုးမျက်နှာပျက်သွားပြီး "ဒီမှာ ကိုဇင်မောင် ..စကားကို အေးအေးဆေးဆေးပြောပါ .... ရှင်တို့ကိစ္စက ရတနာနဲ့လဲမဆိုင်ပါဘူး ....ရှင်တို့တွေ အရမ်းကို ပူးပူးတွဲတွဲဖြစ်ခဲ့ကြလို့ သံယောဇဉ်တွေရှိခဲ့ကြတယ်ထင်လို့ ရတနာက သူပြောခိုင်းတဲ့အတိုင်းလာပြောပေးတာပါ .." "မင်းကိုတော့ အားနာပါတယ် ရတနာ...နောက်ဆိုရင် မျိုးမမနိုင်နဲ့ပတ်သက်တဲ့ ကိစ္စဆိုရင် လာမပြောပါနဲ့ ...ကိုယ်စိတ်မဝင်စားသလို ..ကိုယ်နဲ့လဲ မဆိုင်ဘူး ... ကိုယ့်ကို သွားခွင့်ပြုပါအုံး ရတနာ .." ကိုဇင်မောင်သည် ပြောပြီးသည်နှင့် ရတနာစိုး၏ ရှေ့မှ ထွက်လာခဲ့လေသည်။ ~~~~~~~~ "နင် ကိုကျော်သက်တို့သတင်းကြားပြီးပြီလား ပိုအိ" "ဟင့်အင်း ဘာသတင်းလဲ ..ငါ သူတို့အကြောင်းကိုမသိချင်ပါဘူး " သူငယ်ချင်းဖြစ်သူ၏ စကားကို ပိုးအိဇင်ငြင်းဆန်လိုက်သည်။ " ဒါဆို သူတို့သတင်းကို .. နင်မကြားသေးဘူးပဲ...ကိုကျော်သယ်နဲ့.သဲသဲတို့ ဆိုင်ကယ်မှောက်လို့တဲ့လေ ..အသက်အန္တရာယ်တော့မစိုးရိမ်ရဘူးပြောတယ် ... နှစ်ယောက်လုံးခြေထောက်တွေတော့ ထိသွားတယ်တဲ့ " " ဪ .. ဟုတ်လား ..မသေကြဘူးဆိုတော့ ကံကောင်းတာပေါ့ " ပိုးအိဇင်က ခံစားချက်မဲ့စွာပြန်ပြောလိုက်သည်။ "ဟုတ်တယ် နင်လဲကံကောင်းတယ်သိလား ပိုးအိ ..သူတို့က စလုံးကိုရောက်တဲ့အထိ...မောင်နှမဟန်ဆောင်ပြီးအတူနေကြရင်း... နင့်ဆီကရသလောက်ချူဖို့ ကြံစည်ထားကြတာတဲ့ ..အဲ့ဒါဟိုတလောကမှ သူတို့ဆီကို ခပ်ချောချော အမျိုးသမီးတစ်ယောက် ရောက်လာပြီး...သူတို့လိမ်ထားတာတွေကိုရဲတိုင်မယ်...ထောင်ထဲထည့်မယ်လို့ကြိမ်းမောင်းသွားလို့ ကြောက်ပြီးလစ်သွားတာတဲ့သိလား ....ငါ့ကို ကိုကျော်သက် သူငယ်ချင်းပြောပြတာလေ" " ဘာပြောတယ်.. သူတို့ကအဲ့ဒီလောက်ထိကြံစည်ထားကြတာပေါ့လေ ဟုတ်လား ..." ပိုးအိဇင်သည် ဒေါသဖြင့်အံလေးကြိတ်ရင်းမှ ခပ်ချောချော အမျိုးသမီးဆိုသည်ကို စဉ်းစားကြည့်လိုက်သည်။မျက်လုံးထဲတွင် မျိုးမမနိုင်၏ပုံစံပေါ်လာလေသည်။ "ဒါနဲ့ ခပ်ချောချော အမျိုးသမီးက ဘယ်လိုပုံတဲ့လဲ .... အရမ်းလှပြီး အရမ်းဟော့တဲ့ပုံစံတဲ့လား " သူငယ်ချင်းဖြစ်သူကို ပိုးအိဇင်က မေးလိုက်သည်။ "ငါ့မှာ ပုံရှိတယ်ဟ ..အဝေးကနေဓါတ်ပုံရိုက်ထားလိုက်တယ်တဲ့လေ ..ဒီမှာ.....ဒီပုံပဲ " "ဟင် ..." သူငယ်ချင်းဖြစ်သူပြသောပုံကိုကြည့်ရင်း ပိုးအိဇင် ကြက်သေသေသွားမိသည်။ပုံထဲတွင် ပိုးအိဇင်မြင်တွေ့လိုက်ရသည်မှာ သူမလုံး၀အထင်သေးခဲ့သော မိခင်ဖြစ်သူ မပိုးဖြူဖြစ်နေခြင်းကြောင့်ဖြစ်လေသည်။ဘာကိုမျှ သိနားလည်ခြင်းမရှိဘဲ သူမတို့ကို ဆရာလိုက်လုပ်၊လိုက်ချုပ်ချယ်နေသည်ဟုထင်ခဲ့မိသော မိခင်ဖြစ်သူကိုတွေ့လိုက်ရသောကြောင့် ပိုးအိဇင်ဆွံ့အ၍ သွားမိလေဘည်။ ~~~~~~ "သမီး .. မနက်ဖြန် အဖေတို့ ရုံးချိန်းရှိတယ်နော် .. သမီးသက်သေလိုက်ပေးပါနော် ...အဖေတောင်းပန်ပါတယ် သမီးရယ်... သမီးအိပ်ဆေးတွေသောက်လိုက်တာ သမီးအမေကြောင့်လို့ပြောပြပေးရုံပါပဲ " ဖခင်ဖြစ်သူ၏ စကားကြောင့် ပိုးအိဇင်ထိုင်နေရာမှ ဆတ်ခနဲထရပ်လိုက်ပြီး "တော်ပါတော့ အဖေ...သမီးဘာကြောင့်ဆေးတွေသောက်တာလဲဆိုတာကိုရော ..အဖေတို့သိကြရဲ့လားဟင်... စိတ်ရောဝင်စားကြလို့လားပြောပါအုံး ..." "ဘယ်လိုပြောလိုက်တာလဲ သမီး ..သမီးအကြောင်းကို အဖေက စိတ်မဝင်စားဘဲနေမလား ..ပိုက်ဆံကိစ္စနဲ့ သမီးကို အဖေတို့ဆူလိုက်မိလို့.. လုပ်တာမဟုတ်လား ...ဒီကိစ္စကဘာအရေးကြီးလို့လဲ သမီးရယ်...အဘွားတို့ပိုက်ဆံကို သမီးသုံးတာပဲလေ...သမီးကို အဖေတို့ အပြစ်မပြောပါဘူး ... သမီး ဘာသာစိတ်ပူပြီးလျှောက်လုပ်နေတာပါ " ပိုးအိဇင်ဖခင်ဖြစ်သူကို ရီဝေစွာငေးကြည့်နေမိသည်။ "အဖေတော်ပါတော့နော် ....အမေ့ကို လွှတ်ပေးလိုက်ပါတော့နော် ...အဖေရောသမီးပါအမေ့ကိုမလိုချင်လို့ စွန့်ပစ်ခဲ့ပြီးသွားပြီးလေ .... ကိုယ့်ဘ၀နဲ့ ကိုယ်နေပါတော့နော် ...သမီးတောင်းပန်ပါတယ် " မမြင်စဖူး မျည်ရည်အဝဲသားနှင့်ပြောနေသော သမီးဖြစ်သူကို ကိုဇင်မောင်အံ့ဩတကြီး ငေးကြည့်နေမိလေသည်။ ~~~~~~~ "မပိုးဖြူအနေနဲ့ ...တကယ်ပဲ တခြားအမျိုးသားတစ်ယောက်ရှိနေလို့ ခင်ပွန်းသည်ကိုအပြစ်ရှာ စွပ်စွဲပြီး... အိမ်ကထွက်သွားခဲ့တာလား ..." ရှေ့နေ့၏မေးခွန်းအဆုံးတွင် မပိုးဖြူအသံကိုတည်ငြိမ်အောင် ထိန်းလိုက်ပြီး

ဒါပေမဲ့ ဒီထက်ဆိုးတဲ့အပြစ်ဒဏ်တော့ နှစ်ယောက်လုံးခံစားရစေမယ်...လူကုံထံအသိုင်းအဝိုင်းရဲ့ပါတီပွဲတွေကို သူများယောကျာ်းနဲ့မှပွဲတက်ချင်တဲ့ ဒီလိုမိန်းမမျိုးကို ...လူအများသိအောင်တော့ သင်ခန်းစာပေးရမှာပေါ့လေ " "ရှင် ... မ..မလုပ်ပါနဲ့ရှင် .. ကျွန်..ကျွန်မတောင်းပန်ပါတယ်ရှင် ... နောက်ကို လုံးဝမပတ်သတ်တော့ပါဘူးရှင် ... မိန်းမသားချင်း ကိုယ်ချင်းစာပေးပါနော်.... တောင်းပန်းပါတယ် မကျော့ကျော့စံ " "ဖြန်း ..ဖြန်း ." မျိုးမမ၏ တောင်းပန်စကားသံမဆုံးမီမှာပင် မျိုးမမ၏ပါးပြင်နှစ်ဖက်ကို ကျော့ကျော့စံကချပစ်လိုက်သည်။ "ပါးစပ်ပိတ်ထားလိုက်စမ်း ..ဘာမိန်းမသားလဲ ..ဒီလိုကောင်ကိုမပတ်သက်ရလဲ... နောက်တစ်ကောင်ဆီသွားပြီး ...နောက်ထပ်မိသားစုတစ်စုကို ဖျက်ဆီးအုံးမှာမဟုတ်လား " "မိန်းမ ဒီလောက်ဆိုတော့ပါတော့ဟာ ..... သူ့ကိုလဲ ငါအတည်မယူပါဘူး ...သူကလဲ နှစ်ခါမပြောရဘဲလိုက်လျောလွန်းတော့... ငါ့ရဲ့သွေးသားဆန္ဒကိုမလွန်ဆန်နိုင်ဘဲ မှားမိသွားတာပါ ....ပြတ်ပြတ်စဲစဲလုပ်ဖို့လည်း တွေးထားပြီးသားပါ " " ဖြန်း ..ဖြန်း " ကိုနောင်သည် စကားကို ဆုံးအောင်ပြောခွင့်မရလိုက်ပါ ။ကျော့ကျော့စံက ယောကျာ်းဖြစ်သူ၏ မျက်နှာပြင်ကို လက်ဝါးဖြင့် ခပ်ကြမ်းကြမ်း ရိုက်ချပစ်လိုက်သည်။ "တော်စမ်း ... ရွံစရာကောင်းလွန်းလို့ ရှင့်ပါးစပ်ကိုပိတ်ထားစမ်းပါ....သွေးသားကရှင့်ဆီမှာပဲရှိတာလား ... ဘယ်လိုမိန်းမက မြူဆွယ်နေပါစေ... ရှင့်မှာစောင့်စည်းတတ်တဲ့ ကိုယ်ကျင့်သိက္ခာမရှိလို့ ဖြစ်တာ ... အဲ့ဒီအတွက် ရှင့်တစ်ဘ၀လုံး မိသားစုရှေ့မှာသိမ်သိမ်ငယ်ငယ်နဲ့ နေစေရမယ်မှတ် ... ထောင်ကျတာထက် ဆိုးဝါးတဲ့ပြစ်ဒဏ်ကိုရှင်ခံစားစေရမယ်....ဗီဒီယိုရိုက်တာရပ်လိုက်တော့ ငါတို့ပြန်ကြမယ်.... " ကျော့ကျော့စံသည် ယောကျာ်းဖြစ်သူနှင့်မျိုးမမတို့အား ဗီဒီရိုရိုက်နေခြင်းကိုရပ်တန့်ခိုင်းလိုက်ပြီး အခန်းပြင်သို့ ပြန်ထွက်ခဲ့သည်။ ကျော့ကျော့စံထွက်သွားသည်နှင့်ကိုနောင်သည်လည်း အ၀တ်အစားများအမြန်ဝတ်ဆင်ကာ ဇနီးဖြစ်သူနောက်သို့အပြေးလိုက်ခဲ့လေသည်။အခန်းထဲတွင် တော့ မျိုးမမနိုင်တစ်ယောက်တည်းသား ကျန်ရစ်ခဲ့လေသည်။ ~~~~~~~ မျိုးမမသည် အံကိုတင်းတင်းကြတ်ရင်းမှ ကားကိုမောင်းလာခဲ့ သည်။ မိမိကို ပစ်ပစ်ခါခါထားခဲ့ပြီးထွက်သွားသောကိုနောင့်ကို ကြည့်ပြီး ကိုဇင်မောင်ကိုမျက်လုံးထဲမြင်ယောင်လာမိလေသည်။မျိုးမမ၏အဖြစ်က ကားတစ်စီး၊ငွေကြေးအနည်းငယ်ကြောင့်လူပုံအလယ်အရှက်ခွဲမခံရလိုက်ရခြင်းကိုပဲ ကံကောင်းသည်ဟုမှတ်ယူရမလိုဖြစ်ခဲ့လေပြီ။ကိုနောင်တစ်ယောက် သူမဆီကိုပြန်လာဖို့ လမ်းစမရှိတော့တာကိုတော့ မျိုးမမလုံး၀သိရှိလိုက်ပါလေပြီ။ မျိုးမမကြိတ်မနိုင်ခဲမရ အတွေးများဖြင့် ကားကိုမောင်းလာခဲ့ရင်း ကားရှေ့တည့်တည့်မှ လက်ပြတားနေသော ယာဉ်ထိန်းရဲများကြောင့် ကားကိုလမ်းဘေးသို့ ထိုးရပ်ပေးလိုက်ရသည်။ " ယာဉ်မောင်းလိုင်စင်ပြပါခင်ဗျာ " တာဝန်ရှိသူများ တောင်းသည့် အတိုင်း မျိုးမမလိုင်စင်ထုတ်ပြလိုက်သည်။ "ဟုတ်ကဲ့ မမျိုးမမနိုင်ခင်ဗျား ...ဒီကားက အခိုးခံထားရလို့ တိုင်ထားတဲ့ကားပါခင်ဗျာ .. မမျိုးမမနိုင်စခန်းကို လိုက်ခဲ့ပေးပါ" " ရှင် " တာဝန်ကျအရာရှိ၏ စကားကြောင့် မျိုးမမနိုင်တစ်ကိုယ်လုံး မိုးကြိုးပစ်ချခံလိုက်ရသလိုခံစားလိုက်ရလေသည်။ ~~~~~~ "ဘယ်လိုဖြစ်ရတာလဲ မျိုးမမရယ်..... ရတနာဖြင့် ယုံတောင်မယုံနိုင်ဘူး " ရဲမေတစ်ယောက်အချုပ်ခန်းထဲမှ ခေါ်ထုတ်လာပေးသော မျိုး မမကိုကြည့်ပြီး ရတနာစိုးကမေးလိုက်သည်။ "ရတနာရယ် ....မျိုးကိုကယ်ပါအုံးနော် .. အဲ့ဒီကားက ကိုနောင်ကပေးသုံးထားတာပါ မျိုးခိုးထားတာလဲ မဟုတ်ပါဘူး .. မျိုးကို အာမခဲနဲ့ ထုတ်ပေးပါနော် ရတနာ " မျိုးမမကငိုရှိုက်လျက် ရတနာစိုးကို အကူအညီတောင်းလိုက်သည်။မျိုးမမ၏စကားကိုကြားသည်နှင့်ရတနာစိုးက ခေါင်းကို ခါယမ်းပစ်လိုက်ပြီး "ဟင့်အင်း ... တို့မကူနိုင်ညီနိုင်တဲ့အတွက် စိတ်မကောင်းပါဘူးမျိုး...မင်းက မထိသင့်တဲ့သူကို သွားထိတာကို .. လည်လွန်းတဲ့ င်္ဘီးချီးသင့်ဆိုတာ အဲ့ဒါကိုပြောတာပဲ ...ကိုဇင်မောင်လိုလူမျိုးကို ရထားရင်လဲ အေးဆေးနှပ်နေလိုက်ပေါ့ ..မင်းကလောဘကြီးတာကို ...ရတနာ မကူညီရဲဘူး ... မကျော့ကျော့စံလိုလူမျိုးစိတ်ဆိုးသွားရင်.... ဘယ်လောက်တောင်ကြောက်ဖို့ကောင်းလဲ မင်းကိုယ်တွေ့ပဲမဟုတ်လား ..ရတနာ ပြန်တော့မယ် ..." "ရ..ရတနာ ....မင်းမကူညီနိုင်ဘူး ဆိုရင်လဲ ...ကိုဇင်မောင်ကို မျိုးမှာ လိုက်တဲ့ စကားလေးတွေပဲသွားပြောပေးပါနော် ရတနာ ... ဒါလေးတော့ ကူညီပါရတနာရယ် ....မျိုးအနုအညွှတ်တောင်းပန်ပါတယ် " ~~~~~ " ကိုဇင်မောင်... မျိုးရဲ့သတင်းကို ကြားတယ်မဟုတ်လားဟင် ... ရတနာ..မျိုးကို သွားတွေ့တော့... မျိုးက ကိုဇင်မောင်ကိုမှာလိုက်ပါတယ် ... သူ့ကိုကူညီပေးပါတဲ့ ...သူ့ကိုအာမခံနဲ့ ထုတ်ပေးပါလိုပြောလိုက်ပါတယ် .." "ဘာပြောလိုက်တယ် ရတနာ ....ကိုယ်က ဘာကိစ္စသူ့ကို ကူညီရမှာလဲ ..သူလိုအပျက်မသူခိုးမတစ်ယောက်ကို ...ဘာကိစ္စ ကူညီရမှာလဲ " ကိုဇင်မောင်က ခနဲ့တဲ့တဲ့ဖြင့်ရယ်လိုက်ရင်းပြောလိုက်သည်။

#နွေလယ်အိပ်မက် (အခန်းဆက် ဝတ္တု ) အပိုင်း (၂၄) ****** အခန်းတံခါးပွင့်ဟလာသည်နှင့် ကျော့ကျော့စံသည် ကလေးနှစ်ယောက်ကို လက်ဆွဲလျက် အခန်းထဲသို့တိုးဝင်လိုက်လေသည်။ "မိန်း...မိန်းမ ...သားကြီး ..သ...သမီး " ကိုနောင်သည် အခန်းတံခါးဖွင့်လိုက်ချိန်တွင် အခန်းထဲသို့ဝင်လာကြသော ဇနီးနှင့်သားသမီးနှစ်ယောက်ကိုကြည့်ပြီး တုန်လှုပ်ချောက်ချားစွာ ခေါ်လိုက်လေသည်။ထို့အတူ တဘက်ပိုင်းအတိုလေးကိုသာရင်တွင်ပတ်လျက်ရှိနေသောမျိုးမမသည်လည်း ထိတ်လန့်တုန်လှုပ်သွားကာ ကြက်သေသေလျက် ကျော့ကျော့စံတို့သားအမိသုံးယောက်ကို မျက်လုံးအကြောင်သားနှင့်ကြည့်နေလေသည်။ " ဟာဗျာ...ဒါဘာတွေလဲ ... အဖေဗျာ ... လုပ်ရက်တယ် " " အ ..အဖေ့ကိုမုန်းတယ်... အဖေ အိမ်ကိုပြန်မလာခဲ့နဲ့တော့...ပြန်ရအောင်နော် အမေ ..သမီးတို့ပြန်ရအောင် ..." သားနှင့်သမီးဖြစ်သူမှာ ဖခင်ကိုကြည့်ပြီး မယုံကြည်နိုင်စွာပြောဆိုလိုက်ကြပြီး အငယ်မလေးမှာ ဝမ်းပန်းတနည်းဖြင့် ငိုလေတော့သည်။ "မငိုပါနဲ့ သမီးရယ် ... အမေတို့သားအမိတွေကသာ ... သားတို့သမီးတို့အဖေကို... လေးစားယုံကြည်ပြီးချစ်ခင်နေရတာ ..သမီးတို့အဖေက ..အမေတို့ သားအမိတွေကို အချိန်မပေနိုင်ဘဲ သူ့မယားငယ်နဲ့ပဲပျော်ပါးနေခဲ့တာလေ " " မိန်း ..မိန်းမရယ် ... ကိုယ် ..ကိုယ်တောင်းပန်ပါတယ်...ဗီဒီယိုလဲမရိုက်ပါနဲ့ကွာ " "ရှင့်ပါးစပ်ကိုပိတ်ထားလိုက် ကိုနောင် ...အပြင်ကတစ်ယောက်လောက်၀င်လာခဲ့အုံး... သားနဲ့ သမီးကိုခေါ်သွားပြီး.. သူတို့အဘွားအိမ်ကိုလိုက်ပို့ပေးလိုက်ပါ ..ကျန်တဲ့သူတွေနေခဲ့ကြ ... သားနဲ့သမီးပြန်နှင့်နော်... အမေနောက်ကလိုက်လာခဲ့မယ် " ကျော့ကျော့စံသည် ပြောရင်းနှင့် သားဖြစ်သူနှင့်သမီးဖြစ်သူကို အခန်းပြင်သို့ ထွက်ခိုင်းလိုက်ပြီး ဗီဒီယိုရိုက်နေသူနှင့် သူမသာ အခန်းထဲတွင်ကျန်ခဲ့လေသည်။ ထို့နောက် သူမကဆိုဖာခုံတွင် ဝင်ထိုင်လိုက်လေသည်။ "ကဲပါ ထိုင်ကြပါအုံး .. ညောင်မြစ်တူးရင်းပုတ်သင်ဥပေါ်သွားတဲ့အတွက် စိတ်မကောင်းပါဘူးမျိုး မမနိုင် .. ဒီမှာကိုနောင်ရှင်ကသိပ်လည်နေပြီပေါ့လေဟုတ်လား...မြန်မာတစ်နိုင်ငံလုံးရဲ့ ဘယ်ဟော်တယ်ဘယ်တည်းခိုခန်းကိုမဆို ...ကျော့ကျော့စံက အလွယ်တကူစုံးစမ်းမေးမြန်း ဝင်ထွက်လို့ရတာကို ရှင်မသိဘူးလား " " ကိုယ်တောင်းပန်ပါတယ်မိန်းမရယ် ..ပြန်ကြရအောင်နော်" "ဘာလဲ အခုမှရှက်နေတာလား ...ရှက်စရာ ကိုယ်ကျင့်သိက္ခာကျန်သေးလို့လား..ရှင်တို့ ဒီထက် အရှက်မကွဲချင်ရင်.. ကျွန်မပြောတဲ့အတိုင်းပဲလုပ်ပါ ....စကားအပိုတစ်ခွန်းမှမပြောနဲ့ ....ထိုင်ဆိုရင် အခုချက်ချင်းထိုင်လိုက်ကြ " ကျော့ကျော့စံက လေသံမာမာနှင့်ပြောရင်းထိုင်ခိုင်းလိုက်သည်။ကိုနောင်နှင့်မျိုးမမနိုင်တို့သည်မဝံ့မရဲဖြင့် ကျော့ကျော့စံ၏ရှေ့ကြမ်းပြင်တွင် ထိုင်ချလိုက်ကြလေသည်။ "အမယ်လေးလေ...ကြမ်းပြင်ပေါ်မှာမထိုင်လိုက်ကြပါနဲ့ ...ခုံပေါ်မှာပဲထိုင်ကြပါနော် ..တော်ကြာ အတိတ်ကံမကောင်းခဲ့လို့... မယားငယ်ဖြစ်ရတာပါဆိုပြီး... ကိုယ်ရဲ့အောက်တန်းကျတဲ့စိတ်ဓါတ်ကို ဘာသာရေးနဲ့ခုတုံးလုပ်ပြီး ကံကိုလွှဲချနေကြတဲ့ မယားငယ်အသိုင်းအဝိုင်းတွေက ကျွန်မကိုလူဆိုးမကြီးလို မြင်သွားပါအုံးမယ်ရှင် .. ဆိုဖာခုံပေါ်မှာပဲ ထိုင်လိုက်ကြပါနော် " ကိုနောင်နှင့်မျိုးမမနိုင်သည် ကျော့ကျော့စံ၏ စကားကို မလွန်ဆန်နိုင်ဘဲ ခုံပေါ်တွင်မရဲတရဲဖြင့်ထိုင်လိုက်ကြလေသည်။ကိုနောင်သည် ဇနီးဖြစ်သူကျော့ကျော့စံကို ကြောက်လှသည် မဟုတ်သော်လည်း အခန်းပြင်တွင် ကျော့ကျော့စံ၏လူများသုံးလေးယောက်ထက်မနည်းရှိနေနိုင်သည်ကို ရိပ်စားမိသောကြောင့် ဖြစ်လေသည်။ "ဒီမှာမျိုးမမနိုင် ... မင်းသိပ်မိုက်တယ်သိလား ...ဇင်မောင်လိုကောင်မျိုးကို မြူဆွယ်ဖြားယောင်းနိုင်ရင်လဲ ... အငြိမ်အောင်းနေလိုက်တော့လေ .. ဘာဖြစ်လို့လဲဆိုတော့ ...ပိုးဖြူဆိုတဲ့ဇင်မောင့်မိန်းမက... မင်းတို့ကိုရွံလွန်းလို့ အဖက်လုပ်မှာမဟုတ်ဘူး ...ဒါပေမဲ့ကျော့ကျော့စံကိုတော့ ဒီလိုလာလုပ်လို့မရဘူး...ကျော့ကျော့စံက အမှိုက်တွေ့ရင် ရှင်းပစ်တတ်တယ်သိရဲ့လား ... ဘယ်လိုလဲကိုနောင်... ရှင်ကတော့ အိမ်ကမယားကြီးက ရိုးနေပြီဆိုပြီး အသစ်လေးပြောင်းသုံးတယ်ပေါ့လေ .. ရှင်က သူရဲ့ ဘယ်နှစ်ယောက်မြောက်လဲ မေးကြည့်ပါအုံး... သေချာတာကတော့ ဇင်မောင်ဆိုတဲ့ကောင်က ရှင့်ထက်စီနီယာကျတယ်သိရဲ့လား " ကျော့ကျော့စံ၏ စကားကြောင့်ကိုနောင်က မျိုးမမကိုမျက်လုံးပြူးကြီးများဖြင့် ကြည့်လိုက်သည်။မျိုးမမက ခေါင်းကိုတွင်တွင်ငုံ့၍ထားလေသည်။ "ပြောစမ်းပါအုံး မျိုးမမနိုင် ...မင်းဘာတွေပြောချင်သေးလဲ ....ငါကလဲ ပိုးဖြူလိုပဲ ယောကျာ်းကို အလွယ်တကူကွာရှင်းပေးမယ်လို့ မင်းကထင်နေတာလား ... လုံးဝမကွာပေးဘူးသိရဲ့လား....နောင်လတ်ဆိုတဲ့ကောင်... သူ့မိသားစုရှေ့မှာသူ့အိမ်မှာ...ခြံစောင့်တစ်ယောက်လောက်တောင် ရဲရဲဝံ့ဝံ့သိက္ခာရှိရှိ မနေထိုင်ရဲဘဲ ...တစ်သက်လုံးသိမ်ငယ်စွာနဲ့နေစေရမယ် .. အဲ့ဒါကျော့ကျော့စံပေးတဲ့အပြစ်ဒဏ်ပဲ ..ရှင်တို့ကို ဘယ်မှမတိုင်ဘူး ..ဘာလို့လဲဆိုတော့ အဲ့ဒီလိုတိုင်လိုက်ရင်ရှင့်ဟာမက တရားဝင်လင်မရှိတော့ အပြစ်ခံရမှာမဟုတ်ဘူး......

ဝန်ထမ်းလေးက အခန်းတံခါးကိုခေါက်နေချိန်တွင် ကျော့ကျော့စံက သားနှင့်သမီးကိုလက်ဆွဲလိုက်ပြီး တံခါးဘေးအခန်းနံရံတွင် မှီရပ်လိုက်သည်။မိခင်၏ အပြုအမူများကိုကြည့်ပြီး ကလေးနှစ်ယောက်မှာ နားမလည်နိုင်ဖြစ်နေကြလေသည်။ထိုစဉ်မှာပင် အခန်းတံခါးမှာ ပွင့်ဟလာလေသည်။ @@@@@@@@@@@@@@@@ အပိုင်း (၂၄) ဆက်ရန် #ဧကြည်ဖြူ ဒီနေ့ အလုပ်များလို့ ဇာတ်လမ်က တိုသွားပါတယ်ရှင် မကြာမီဇာတ်သိမ်းတော့မှာပါရှင် ဇာတ်ကတမင်နာအောင် ရေးတာ မဟုတ်ဘဲ လူတွေကောက်ကျစ်ယုတ်မာတတ်တာကို ရေးဖွဲ့ထားတာပါရှင်

သမီးကတော့ အဖေတို့ကြားမှာ မပါပါဘူး....ဘယ့်သူဘက်ကမှလဲ မလိုက်ပါဘူး...ဒါပေမဲ့အဖေရယ် ...အဖေ့မှာ ငွေရှိတယ် အသိုင်းအဝိုင်းရှိတယ်ဆိုပြီးတော့ မတရားသောနည်းတွေနဲ့ အနိုင်မယူပါနဲ့နော် ..အမေ့ဘဝတစ်လျှောက်လုံး အဘွားတို့တွေရောအဖေပါအနိုင်ယူခဲ့ကြတာလေ ... အဲ့ဒီထဲမှာ သမီးလဲပါခဲ့တယ် ... သမီးနောက်လဆိုကျောင်းသွားတက်ရတော့မယ် .. ဒီကြားထဲမှာ ဘာပြဿနာမှ မတက်ချင်ဘူး.. " ပိုးအိဇင်သည် ဖခင်နှင့်ဘွား အေဖြစ်သူကို ပြောပြီးသည်နှင့် သူမအခန်းရှိရာ အပေါ်ထပ်ဆီသို့ တက်သွားခဲ့လေသည်။ ~~~~~~ "ဒီလောက်ဖြစ်နေတာကို မမက အခုမှသိရတယ်ပေါ့ ဟုတ်လား ... အဲ့ဒါကြောင့်မို့ မမပြောခဲ့တယ်လေ... သူတို့ကွာရှင်းတာ နှစ်လကျော်ပဲရှိပါသေးတယ်လို့ ... အခုဇင်မောင်ဆိုတဲ့ကောင်က သူ့အပြစ်တွေကိုလိမ်ညာဖုံးကွယ်ပြီးတော့ ..ငါ့မောင်ကိုပါ ဒီအမှုထဲဆွဲသွင်းတယ်ပေါ့လေ ဟုတ်လား .. မပိုးဖြူဘ၀ကတော့ သနားစရာပဲ ..ဒါနဲ့ဇင်မောင်က မိုးထက်ဆိုတာဘယ်သူလဲဆိုတာကို မသိတာလား ... ဒါမှမဟုတ်မိုက်ရူးရဲဆန်တာလား ... သူတို့ပြဿနာ သူတို့ဘာသာမရှင်းဘဲ... ငါ့မောင်ကိုဆွဲသွင်းလိုက်တာဆိုတော့ သေချာတာကတော့ အသူ့သေတွင်းသူတူးလိုက်တာပဲ...သူနဲ့တွဲခဲ့တာမျိုးမမနိုင်နော် ... နောက်ရုံးချိန်က ဘယ်နေ့လဲနွယ်နွယ် " ကျော့ကျော့စံက မောင်ဖြစ်သူကိုပြောနေရင်းမှ သူတို့၏ရှေ့နေ ကိုမေးလိုက်သည်။ "နောက်တစ်ပတ် (.....)နေ့ပါမကျော့ " "အိုကေ...အချိန်ရသားပဲ ... ဒီကိစ္စကို မမရှင်းလိုက်မယ် .. မောင်လေး မင်းဘေးဖယ်နေလိုက်တော့ " "ဟာ .. မဟုတ်ဘူးလေမမ ..ဒီကိစ္စလောက်က ကျွန်တော်ဖြေရှင်းနိုင်ပါတယ်...မမ မပါနဲ့နော် " အစ်မဖြစ်သူ၏ စကားကြောင့် မိုးထက်မှာစိုးရိမ်သွားပြီး တားမြစ်လိုက်သည်။ "ဘာကို မပါရမှာပဲမိုးထက် ... လေးလေးတို့က မင်းကိုမမဆီမှာ အပ်သွားတယ် ... မင်းကိစ္စက မမကိစ္စပဲ ..အေး ဒီကိစ္စကိုတော့ မမမိဘတွေရော ..လေးလေးတို့ပါမသိစေနဲ့ " တားလျှင်လည်း ရမည့်ပုံမပေါ်သော အစ်မဖြစ်သူကြောင့်မိုးထက် အကြီးအကျယ်ခေါင်းကိုက်သွားမိလေသည်။ ~~~~~~~ "တူ...တူ..တူ " မကိုင်မချင်း ခေါ်နေသော ဖုန်းကို မပိုးဖြူစက်ဆုပ်ရွံရှာစွာ ကြည့်လိုက်ကာ ကောက်ကိုင်လိုက်ပြီး ဒေါသဖြင့်အော်လိုက်သည်။ "ဘာလဲ ...ဘာကိစ္စဆက်နေတာလဲ ... ရှင်ပြောချင်တာရှိရင် ရှေ့နေနဲ့ ပြောလို့ ပြောပြီးသွားပြီလေ " " ဒေါသမထွက်ပါနဲ့ ပိုးဖြူရယ် ..ရှေ့နေရှေ့မှာ မင်းမပြောချင်မှာဆိုလို့ ... မောင်တို့နှစ်ယောက်ပဲ အရင်ဆွေးနွေးရအောင်ဖုန်းဆက်လိုက်တာပါ ..မင်းကိုပြောမယ်...ဒီကြားထဲမှာ ... မင်းသာ မောင်တို့ဆီကိုပြန်လာခဲ့ရင် တရားရုံးကိစ္စတွေကို မောင်အကုန်ရှင်းပစ်လိုက်ပါမယ် ..မဟုတ်ရင်တော့ မင်းကိုပြန်ခေါ်ပြီး ...မိုးထက်ဆိုတဲ့ကောင်ကို ထောင်ချပစ်မယ်..အဲ့ဒီအကြောင်းလေး ညှိချင်လို့ ဖုန်းဆက်လိုက်တာပါ...ပိုးဖြူ သဘောကို မောင်စောင့်နေမယ်နော် " "လူယုတ်မာကောင် " "ဒုန်း " "ဝုန်း " ကိုဇင်မောင်ဘက်မှ ဖုန်းချသွားသည်အထိ မပိုးဖြူ ဒေါသမပြေနိုင်ဘဲ ခုံ၊ စားပွဲများကိုထုရိုက်ကန်ကျောက်ကာ ငိုမိလေသည်။အတူနေကောင်မလေးက မပိုးဖြူဆီသို့ ရောက်လာပြီးလျှင် မပိုးဖြူကို ဆွဲတားလိုက်ပြီး "စိတ်ကိုထိန်းပါမမရယ် ...တရားကိုနတ်စောင့်ပါတယ် ..ဆရာကလဲ မမကိုကူညီပေးမှာပါ ... ဆရာကိုယုံလိုက်ပါမမရယ် '' မပိုးဖြူသည် ခံစားရလွန်း၍ ကောင်မလေး၏ပခုံးတွင် ခေါင်းကိုမှီကာ အံကိုတင်းတင်းကြိတ်၍ငိုမိလေသည်။ ~~~~~~ "ဘယ်သွားမလို့လဲ အမေ .. သားတို့ကိုလဲ ကြိုမပြောထားဘဲနဲ့ " "ဟုတ်သားပဲ မေမေ ..မီးမီးတို့ ဘယ်သွားမလို့လဲဟင် " ဆယ့်ရှစ်နှစ်အရွယ်သားဖြစ်သူနှင့်ဆယ့်ငါးနှစ်အရွယ်သမီးငယ်၏အမေးကြောင့် ကျော့ကျော့စံက သာနှင့်သမီးကိုကြည့်လိုက်ပြီး တိုးညှင်းစွာပြောလိုက်သည်။ "မေမေက သားနဲ့ သမီးတို့ရဲ့ အကူအညီလိုအပ်နေလို့ပါကွယ် ...ကြိုတင်မပြောထားဘဲ ခေါ်လာခဲ့မိလို့ မေမေတောင်းပန်ပါတယ်နော်" "မေမေကလဲ ...မီးတို့ကိုတောင်းပန်းစရာမလိုပါဘူး ... မေမေကဒီလို့ အချိန်ကြီးမီးတို့နဲ့အပြင်မသွားဖူးလို့ မေးတာပါ .. ဟုတ်တယ်နော်ကိုကို " အငယ်မလေးက မိခင်ကိုပြန်ဖြေရင်း အစ်ကိုဖြစ်သူကိုပါ ပြောလိုက်သည်။ "ဟုတ်ပါတယ် အမေ ... အဖေလဲ မပါလို့မေးကြည့်တာပါ...သားတို့က အမေနဲ့သွားရရင် ပျော်တောင်ပျော်သေးတယ် " ချစ်စရာကောင်းလွန်းလှသော သာနှင့်သမီး၏စကားကြောင့် ကျော့ကျော့စံတစ်ယောက်ကျေနပ်စွာပြုံးလိုက်လေသည်။ ~~~~~ ကျော့ကျော့စံတို့၏ကားလေးသည် ဟော်တယ်တစ်ခု၏ ရှေ့တွင်ရပ်တန့်သွားလေသည်။မရှေ့မနှောင်းမှာပင် ကားတစ်စီးထပ်မံရောက်ရှိလာလေသည်။ထိုကားပေါ်မှ ဆင်းလာသူများမှာ ကျော့ကျော့စံ၏ဝန်ထမ်းအလုပ်သမားများဖြစ်လေသည်၊၊ "မင်းတို့နောက်ကလိုက်ကလိုက်ခဲ့ကြ ...." ~~~~~~ " ဒေါက် ... ဒေါ် "

"ဒါဆိုရင် ကိုဇင်မောင်ကမဖောက်ပြန်ဘူးလို့ ငြင်းဆိုတာပေါ့ ..မပိုးဖြူဘက်ကပြောတာကတော့ ကိုဇင်မောင်နဲ့ တခြား အမျိုးသမီးတစ်ယောက် ချောင်းသာမှာပျော်ပါးနေခဲ့တဲ့ပုံတွေကို လက်ဝယ်ရရှိခဲ့ပြီး ...ကွာရှင်းစာချုပ်မှာလက်မှတ်ထိုးပေးရတဲ့အချိန်မှာ အားလုံးဖျက်ဆီးပစ်ခဲ့ရတယ်လို့ပြောခဲ့ပါတယ် ... တကယ်လို့များ အဲ့ဒီပုံတွေ သက်သေပြလို့ ရခဲ့မယ်ဆိုရင် ကိုဇင်မောင်ကိုလိမ်လည်မှုအပြင် ..မပိုးဖြူကိုစိတ်နှလုံးညှိုးနွမ်းအောင် အကြိမ်ကြိမ်လုပ်ဆောင်မှု စိတ်အနှောက်က်အယှက်ပေးမှု ....အသရေဖျက်မှုတွေနဲ့ တရားပြန်စွဲရပါလိမ့်မယ် " "ဟုတ်ကဲ့ ... လက်ခံပါတယ် ... ကျွန်တော့်အနေနဲ့ တခြားသောအမျိုးသမီးတွေနဲ့ လုပ်ငန်းကိစ္စကြောင့် တွဲသွားတွဲလာလုပ်ရုံ အပြင် မရိုးမသားဘာကိစ္စမှမရှိခဲ့ပါဘူး ...ပြီးတော့ အခုလိုတရားရင်ဆိုင်နေရတာလဲ .. ကျွန်တော်တို့မိသားစုလေး စည်းစည်းလုံးလုံးနဲ့ ပြန်နေချင်တဲ့စိတ်ကြောင့်ပါ ...မပိုးဖြူကို နစ်နာစေလိုသောစိတ်မျိုး လုံးဝကိုမရှိခဲ့ပါဘူး " မပိုးဖြူဘက်မှရှေ့နေ၏ အမေးကို ကိုဇင်မောင်ကမျက်နှာလေးညှိုးနွမ်းလျက်မှ ပြန်၍ဖြေလေသည်။တရားရုံတွင်လာရောက် နားထောင်နေကြသောသူများမှာ ကိုဇင်မောင်၏ ဟန်ဆောင်လိမ်ညာမှုကို မသိကြဘဲ ကိုဇင်မောင်၏ရုပ်ရည်သွင်ပြင်နှင့် ဟန်ဆောင်ထားသော အပေါ်ယံအသွင်အပြင်ကိုကြည့်ပြီး ကိုဇင်မောင်ကို သနားဂရုဏာသက်နေကြလေသည်။ နှစ်ဖက် ရှေ့နေများမှ မေးခွန်းများ မေးကြပြီးနောက် သက်သေခံစာရွက်စာတမ်းများကိုရုံတော်သို့တင်သွင်းပြီး အမှုကို နောက်တစ်ပတ်သို့ ချိန်းဆိုလိုက်လေသည်။ ရုံတော်မှအထွက်တွင် မပိုးဖြူ၏ မျက်နှာမှာတင်းမာနေသလောက် ကိုဇင်မောင်မှာမူ အောင်နိုင်သော မျက်နှာထားဖြင့် ရှိလေသည်။ ~~~~ မပိုးဖြူသည် ရှေ့နေ့ရုံးခန်းဆီသို့ ပြန်ရောက်သည်နှင့် ဆိုဖာခုံပေါ်သို့ အရုပ်ကြိုးပြတ်ထိုင်ချကာ ငိုပစ်လိုက်လေသည်။ "စိတ်ကိုလျှော့ပါ မပိုးဖြူ ... ကျွန်မတို့ သက်သေရအောင်ရှာတာပေါ့...မပိုးဖြူဆေးရုံတက်နေချိန်မှာ ကိုဇင်မောင်မရောက်လာခဲ့တာ ..ရောက်လာပေမဲ့ မိနစ်ပိုင်းလေးပဲနေပြီး ပြန်သွားခဲ့တာတွေကို ဆေးရုံရဲ (စီစီတီဗီ ) မှတ်တမ်းကနေယူပြီး သက်သေပြလို့ရပေမဲ့ ... ညဘက်တွေမှာ ကိုမိုးထက်ကလူနာလာစောင့်ပေးတဲ့ ပုံတွေပါနေခဲ့တယ် မပိုးဖြူ ....ပြီးတော့ သူတို့ကဧည့်ခံပွဲကပုံကို .သက်သေတင်ပြခဲ့တယ်ဆိုတော့ ပိုရှုပ်သွားပြီး ...ဒီကိစ္စကို ကိုမိုးထက်တို့နဲ့ ကျွန်မတိုင်ပင် ကြည့်လိုက်ပါမယ် ...တစ်ပတ်အချိန်ရသေးတာမို့ ကျွန်မတို့ကြိုးစားကြပါစို့ " " ကိုမိုးထက်က ကျွန်မကို ကူညီထားခဲ့တဲ့သူပါ ....သူ့ကို ကျွန်မကြောင့် ဒုက္ခမရောက်စေချင်ဘူး ...ဒုက္ခခံရမယ်ဆိုရင် ကျွန်မပဲဒုက္ခခံလိုက်ပါတော့မယ် " "မဟုတ်သေးဘူး မပိုးဖြူ ... လိမ်ညာပြီးအနိုင်ကျင့်စော်ကားနေမှန်းသိသိနဲ့ ဒီအမှုကို ...ကျွန်မတို့ အရှုံးမပေးပါဘူး ..မပိုးဖြူအိမ်ပြန်ပြီးအနားယူလိုက်ပါ ..နောက် ရုံးချိန်းမှာ မပိုးဖြူသူငယ်ချင်းကိုပါခေါ်ခဲ့ပါ " "ဟုတ်ကဲ့ ကျွန်မပြန်လိုက်ပါအုံးမယ် " ~~~~~~ မပိုးဖြူ အိမ်သို့ ပြန်ရောက်ပြီး မကြာမီမှာပင်မိုးထက်ဆီမှ ဖုန်း၀င်လာခဲ့လေသည်။ "ဟယ်လို ကိုမိုးထက် " မပိုးဖြူနွမ်းဖျော့ဖျော့အသံနှင့်ထူးလိုက်မိသည်။ "ပိုးဖြူ ...ဘာမှစိတ်မညစ်နဲ့ နော်... ကျွန်တော့်အတွက်လဲ စိတ်မပူပါနဲ့...နောက်ရုံးချိန်မှာ အားလုံးအဆင်ပြေမှာပါ .. ကျွန်တော်ပြောတာကို ယုံပြီးစောင့်ပေးပါနော် " " ဟုတ် .. ဟုတ်ကဲ့ပါ ကိုမိုးထက် " မိုးထက်ဆီမှ ဖုန်းချသွားတော့ မပိုးဖြူ ဆိုဖာခုံပေါ်မှာ မလှုပ်မယှက်ထိုင်ပြီးငြိမ်သက်နေမိသည်။ ~~~~~ "အဖေတို့ တကယ်ပဲတရားရုံးရောက်တဲ့အထိ ဖြစ်ကုန်ကြတာလား " ပိုးအိဇင် မယုံကြည်နိုင်စွာ ဖခင်ဖြစ်သူကို မေးလိုက်သည်။ "ဟုတ်တယ် သမီး ....လိုအပ်ရင်သမီးကိုပါ အဖေသက်သေခေါ်မယ်နော် ... သမီးဆေးသောက်လိုက်တဲ့ကိစ္စကတ် သမီးအမေကြောင့် စိတ်ညစ်ပြီးသောက်တာလို့ ပြောနော်သမီး...အဖေ့ကို .ချစ်ရင် သက်သေလိုက်ပေးပါနော် သမီးလေး " " ဟုတ်ပါတယ် မြေးလေးရယ် .. မဟုတ်ရင် လိမ်ညာအမှုဆင်မှုနဲ့ မြေးလေးရဲ့ အဖေထောင်ကျန်င် တယ်မြေးလေး " " အ ... အဖေတို့ ဘယ်လိုတွေ လုပ်နေကြတာလဲ ...အဖေနဲ့ အန်တီမျိုးရဲ့ကိစ္စက ဘယ်လိုဖြစ်သွားလို့လဲ " " အဲ့ဒီမိန်းမက အဖေ့ကို ချူစားနေတဲ့ပိုင်းလုံးမပါသမီးရယ်...သူလိုက်လျောလွန်းလို့ အဖေမှားသွားမိတာပါ ...အခုလဲ သူက နောက်ထပ် သူဋ္ဌေးတစ်ယောက်နဲ့ ရှုပ်နေပြန်ပြီလေ ..ဒီလိုမိန်းမနဲ့တွဲခဲ့မိတာ အဖေမှားပါတယ် သမီးရယ် ..... နောက်ကို အဖေမရှုပ်တော့ပါဘူး..အဖေတို့မိသားစုလေး စည်းစည်းလုံးလုံးပြန်နေချင်လို့ပါ " ပိုးအိဇင်က ဖခင်ဖြစ်သူနှင့် ဘွားအေကြီးကိုကြည့်လိုက်ပြီး "အဖေ့ကို မချစ်တော့တဲ့သူနဲ့ အတူတူနေအုံးမလို့လား...အမေ့ကို လွှတ်ပေးလိုက်ပါတော့ အဖေ ရယ် ...အဖေ့ပုံစံနဲ့ ကြိုက်တဲ့မိန်းမကို ထပ်ယူလို့ရပါတယ် ...

#နွေလယ်အိပ်မက် (အခန်းဆက်ဝတ္ထု ) အပိုင်း (၂၃ ) ****** (စာရေးသူ၏ စိတ်ကူးပုံဖော်ထား သော တရားခွင်ဖြစ်ပါသည်။တကယ့်တရားခွင်များနှင့် မနှိုင်းယှဉ်စေလိုပါ / ယုတ်မာကောက်ကျစ်တတ်သူများကြောင့် စိတ်သောကခံစားနေရသည့် လူအများ အတွက် ရေးဖွဲ့ပါသည်) "ကိုဇင်မောင်နဲ့ မပိုးဖြူတို့ရဲ့ အမှုကိစ္စက တစ်ဖက်ဖက်က မလျှော့ရင် အချိန်ကြန့်ကြာနိုင်တယ် ..အဲ့ဒီတော့ ရှေ့နေ့တွေနဲ့ မျက်နှာစုံညီအရင်ညှိကြရအောင် ....ဒီနေရာမှာပဲ နှစ်ဦးနှစ်ဖက်ပြေလည်သွားရင်တော့ ပိုကောင်းတာပေါ့ " နှစ်ဖက်ရှေ့နေ၏ ညှိနှိုင်းပေးမှု စကားသံအဆုံးမှာ မပိုးဖြူ ခေါင်းကို ခပ်သွက်သွက်ခါယမ်းပစ်လိုက်သည်။ ''ကျွန်မတို့ တရားဝင်ကွာရှင်းခဲ့ပြီးသားပါ ... ဘာသက်ဆိုင်မှုမှလည်းမရှိတော့ပါဘူး ... ကျွန်မတို့ တရားဝင်ကွာရှင်းထားတာကို ရုံးတော်က တရာဝင်သက်မှတ်ပေးဖို့ကိုပဲ ကျွန်မကြိုးစားမှာပါ " " ကဲ..ဟုတ်ပါပြီ...ကွာရှင်းချင်တဲ့ အကြောင်းကရောဘာကြောင့်ပါလဲ' တစ်ဖက်ရှေ့နေ၏အမေးက ကြိုတင်တွေးထားခဲ့ပြီးသားဖြစ်သော်လည်း မပိုးဖြူကိုတစ်ခဏမျှတွေဝေသွားစေပါသည်။ "ဖြေပါ မပိုးဖြူ " ရှေ့နေ့ကြီးဆီမှမေးသံ ထပ်မံပေါ်ထွက်လာချိန်မှာတော့ မပိုးဖြူဘေးတွင်ထိုင်နေသော ရှေ့နေ့မှ မပိုးဖြူအားလက်ကိုတို့ကာသတိပေးလိုက်ပါလေသည်။ "ဟုတ်ကဲ့ပါရှင် ... ကျွန်မဟာ (၁၈) နှစ်လုံးလုံး သားကိုသခင်လင်ကိုဘုရားလိုကိုးကွယ်ပြီးနေခဲ့သူပါ ..... သူတို့တွေရဲ့ကျန်းမာရေး..လူမှုရေး ..စီးပွားရေးကိစ္စတွေမှာ စိတ်အနှောက်အယှက်အထိအခိုက်မရှိရအောင် (၁၈) နှစ်လုံးလုံး ဂရုတစိုက် လုပ်ကိုင်ပေးခဲ့ပါတယ် ....ဒါပေမဲ့ ခင်ပွန်းဖြစ်သူဆီက ကျွန်မပြန်ရလိုက်တာက ကျွန်မကိုအိမ်ဖော်တစ်ယောက်လို ..လိင်ကျွန်တစ်ယောက်လိုဆက်ဆံရုံအပြင်မပိုခဲ့ပါဘူး...သူသွားချင်ရာသွားလုပ်ချင်ရာလုပ်နေခဲ့ပြီး... ကျွန်မကိုဇနီးမယားတစ်ယောက်ရယ်လို့သဘောမထားခဲ့ပါ...အဲ့ဒါကြောင့် ကျွန်မအနေနဲ့ ပြတ်ပြတ်သားသား ကွားရှင်းချင်ပါတယ် " " ကဲ ဟုတ်ပါပြီ မပိုးဖြူ ..... ခင်ပွန်းဖြစ်သူ ပြောတာကတော့ ...ခင်ပွန်းဖြစ်သူကိုစွပ်စွဲပြီး အိမ်ပေါ်ကဆင်းသွားခဲ့တယ်.....အိမ်ပေါ်ကဆင်းသွားပြီးနောက် မကြာမီမှာပဲ အမျိုးသားတစ်ယောက်နဲ့ တွဲနေခဲ့တယ်လို့ ပြောခဲ့ပါတယ် ... ဒီလိုဆိုရင်ဖြင့် မပိုးဖြူဘက်က ခင်ပွန်းဖြစ်သူကို ကွာရှင်းချင်တဲ့ အကြောင်းအရင်းက အဲ့ဒီအမျိုးသားကြောင့်များလား... အဲဒီအမျိုးသားနဲ့ ပါတီပွဲကို အတူတက်ခဲ့တဲ့ပုံတွေလဲ သက်သေရှိပါတယ် " ရှေ့နေ့ ဖြစ်သူ၏ စကားကြောင့် မပိုးဖြူအံကိုတင်းတင်းကြိတ်လိုက်မိပြီး ကိုဇင်မောင်ကို လှမ်းကြည့်လိုက်မိသည်။ ''ကျွန်မယနေ့အချိန်ထိ ခင်ပွန်းဖြစ်သူကိုဇင်မောင်နဲ့ကလွဲပြီးဘယ်အမျိုးသားနဲ့မှ မရိုးမသားမပတ်သက်ခဲ့ဖူးပါဘူး..ပါတီပွဲကို အမျိုးသားအသိမိတ်ဆွေတစ်ယောက်နဲ့တက်ခဲ့တာမှန်ပါတယ် ...တက်ခဲ့ရတဲ့ အကြောင်းအရင်းကလဲ ... ကျွန်မကို သူတောင်းစားတယောက်လို အထင်သေးနေတဲ့ ခင်ပွန်းဟောင်းကိုဇင်မောင်ရယ်....သူနဲ့လူမှုရေးဖောက်ပြန်နေတဲ့အမျိုးသမီးရယ်ကို ကျွန်မရဲ့မာန်မာနကိုပြချင်လို့ မိတ်ဆွေဖြစ်သူကို အကူအညီတောင်းပြီး ပွဲကိုတက်ခဲ့တာပါ " " ဒါဆို အတူတွဲခဲ့တဲ့ အမျိုးသားတစ်ယောက်ရှိတယ်ဆိုတာတော့ မငြင်းဘူးပေါ့...ဒီလောက်ပါပဲ .... တစ်ဖက်က ရှေ့နေလဲမေးလို့ရပါပြီ " တစ်ဖက်ရှေ့နေက ချောင်ပိတ်မေးခွန်းကို မေးလိုက်ပြီးနောက် မပိုးဖြူအဖြေကို တောင်းခံခြင်းမပြုဘဲ သူ့မေးခွန်းကိုရပ်ပစ်လိုက်သည်။မပိုးဖြူ အံကိုတင်းတင်းကြိတ်ထားရုံမျှအပ ပြောခွင့် မသာခဲ့ပါချေ။ " ကိုဇင်မောင်အနေနဲ့ တခြားအမျိုးသမီးတစ်ယောက်နဲ့ ဖောက်ပြားပြီး အိမ်ကိုလဲပြန်မလာဘဲ .မပိုးဖြူကိုစိတ်ဆင်းရဲသောကရောက်အောင်အမျိုးမျိုးစိတ်ဒုက္ခပေးခဲ့တယ်လို့ သိရပါတယ် ... နောက်ဆုံးမှာ မပိုးဖြူဆီက ကွာရှင်းခွင့်တောင်းပြီး ရှေ့နေနှစ်ယောက်နဲ့ရပ်ကွက်ဥက္ကဌတို့ရဲ့ရှေ့မှာ နှစ်ဦးသဘောတူကွာရှင်းခဲ့တယ်လို့ သိရပါတယ် ...ကွာရှင်းစာချုပ်နှင့်အတူ မပိုးဖြူဆေးရုံတက်ခဲ့ရတဲ့ ဆေးမှတ်တမ်းတွေ မပိုးဖြူဆီမှာ ရှိနေပါတယ် ...ကိုဇင်မောင် အနေနဲ့ ဘာများပြောချင်ပါသလဲ " "ဟုတ်ကဲ့ .... ကျွန်တော်လူမှုရေး မဖောက်ပြားခဲ့ပါဘူး ...လုပ်ငန်း လုပ်နေသူတစ်ယောက်ဖြစ်လို့ အမျိုးသမီးတွေနဲ့လဲ တွဲသွားတွဲလာလုပ်ရတာတွေ ရှိပါတယ် ...ဒါကို မပိုးဖြူကအထင်လွဲခဲ့ပါတယ် .... ကျွန်တော် မပိုးဖြူကို တိုက်နဲ့တာနဲ့ကောင်းကောင်းမွန်မွန်ထားခဲ့တာပါ .. ကျွန်တော်အရက်လဲမသောက်.. မူးယစ်ဆေးဝါးလဲမသုံးသလို... လောင်းကစားလဲမလုပ်ပါဘူး...ယနေ့ အချိန်ထိလည်း သူ့ကိုနှိပ်စက်ဖို့နေနေသာ လက်ဖျားလေးနဲ့တောင် မရွယ်ခဲ့ပါဘူး.... မပိုးဖြူက ကျွန်တော့်ကိုမတရားစွပ်စွဲပြီး ကွာရှင်းခွင့်တောင်းခဲ့ပါတယ်.... ကျွန်တော်ဘက်က အပြစ်မရှိလို့ ကွာရှင်းခွင့်ကို လက်မခံတဲ့အခါ ...သူကအိပ်ဆေးတွေသောက်ပြီး သတ်သေဖို့ ကြိုးစားခဲ့ပါတယ် ... အဲ့ဒါကြောင့် သူကျေနပ်အောင် ကွာရှင်းစာချုပ်မှာ ဟန်ပြလက်မှတ်ထိုးပေးခဲ့တာပါ ... ကျွန်တော်တို့မှာ (၁၇)နှစ်အရွယ် သမီးတစ်ယောက်ရှိပါတယ် ..သမီးလေးကလဲ မိခင်ဖြစ်သူကိုလိုအပ်နေပါတယ် ... ရုံးတော်က ကျွန်တော်တို့ .သားအဖရဲ့ တောင်းဆိုမှုကိုလက်ခံစဉ်းစားပေးဖို့ တောင်းဆိုပါတယ် "

"မထားပါဘူး မျိုးရယ် ...ကိုကြီးတို့အကြောင်းကို အားလုံးသိသွား တော့လည်း ရှင်းသင့်တာကိုရှင်းပြီးမျိုးဆီကိုပဲလာခဲ့မှာပါ မျိုးလေးရယ် ...ကိုကြီးဘ၀မှာ မျိုးတစ်ယောက်တည်းပဲလိုအပ်တယ် " " သွားပါ ..အပိုတွေ " မျိုးမမသည် မူနွဲ့နွဲ့နှင့် ပြောလိုက်ပြီးနောက် ကိုနောင့်ခန္ဓာကိုယ်ကြီးကို ခပ်တင်းတင်း သိုင်းဖက်လိုက်လေသည်။ ~~~~ "သမီးဒီနေ့ဆေးရုံက ဆင်းမှာဆိုတော့ အမေပြန်တော့မယ် ....အမေ့ဆီကို သမီးလာလည်ချင်ရင် လာလည်လို့ရပါတယ် ...အမေကတော့ အဲ့ဒီအိမ်မှာသမီးကိုလာတွေ့မှာမဟုတ်ဘူး ....ပြီးတော့ ဘယ်လိုအခက်အခဲတွေပဲရှိရှိ ကျော်လွှားနိုင်အောင် ကြိုးစားပါ ...လောကကြီးမှာ ကိုယ့်အခက်အခဲကို ဘယ်သူမှနားလည်ပေးနိုင်မှာ မဟုတ်ဘူး...ကိုယ့်ဘာသာ ကြိုးစားတည်ဆောက်ပါနော် ...တကယ်လို့ သမီးရဲ့အဖေအပါအဝင်သမီးရဲ့အဘိုးအဘွားတွေနဲ့အမေ့ရဲ့ကြားမှာ ပြဿနာတွေဖြစ်ခဲ့ရင်လဲ အမေ့ကိုငဲ့ညှာစရာမလိုဘူးနော် ... အမေလဲ ဘယ်သူ့မျက်နှာကိုမှ ကြည့်မှာမဟုတ်ဘူး..အမေသွားတော့မယ် " မပိုးဖြူတတွတ်တွတ်ပြောပြီး လူနာခန်းထဲမှထွက်ဖို့ပြင်လိုက်သော်လည်း ပိုးအိဇင်ထံမှ အသံထွက်မလာခဲ့သလို သူမ၏ အကြည့်များသည်လည်း မပိုးဖြူ ထံတွင် ရှိမနေဘဲ အခန်းထောင့်တစ်နေရာသို့သာ ကြည့်၍နေလေသည်။ဤသို့သမီးငယ်၏ အေးစက်စက်အပြုအမူများအတွက် ရင့်ကျက်နေပြီဖြစ်သော မပိုးဖြူ၏ နှလုံးသားကမနာကျင်တော့ပါလေ။မပိုးဖြူဘက်က ပေးဆပ်နိုင်စွမ်းရှိသမျှပေးလိုက်ပြီးနောက် မည်သည့်အရာကိုမျှ မမျှော်လင့်ထားသောအခါ ရင်ထဲတွင် နာကျင်ခြင်းမရှိဘဲ ငြိမ်းချမ်း၍နေလေသည်။ ~~~~~ "အားလုံး အဆင်ပြေရဲ့လားပိုးဖြူ ...ပိုးဖြူသမီးလေးရော သက်သာလား .." ဖုန်းထဲမှထွက်ပေါ်လာသော မိုးထက်၏ အသံကို နားထောင်ပြီး မပိုးဖြူ ပြုံးလိုက်မိသည်။တစ်နေ့ကိုတစ်ခါတော့ မပျက်မကွက် ဖုန်းဆက်တတ်သောမိုးထက်သည် ဖုန်းဆက်သည့်အခါတိုင်း စိုးရိမ်ပူပန်သော မေးခွန်းများသာ မေးလေ့ရှိလေသည်။ "သမီးက ဒီနေ့ပဲဆေးရုံကဆင်းမှာ ကိုမိုးထက် ....အဲ့ဒါကြောင့် ပိုးဖြူအိမ်ပြန်တော့မလို့ ....ကားဆရာကိုခေါ်ထားတယ်.... ပြီးတော့ မနက်ဖြန်ပဲ ကျွန်မကိုရုံးကဆင့်ခေါ်ထားတယ်ကိုမိုးထက် " " ဗျာ ...ဘယ်လို...မြန်လှချည်လား ..ကလေးဆေးရုံတက်နေချိန်မှာ သူတို့ကလုပ်လိုက်တာလား " "ဟုတ်မှာပေါ့ရှင် ...ဘာရည်ရွယ်ချက်နဲ့ သူတို့ဒီလောက်ထိလုပ်နေမှန်းမသိပေးမဲ့ .. ကျွန်မစိတ်မပူတော့ပါဘူး ....ကိုမိုးထက်လဲ ကျွန်မကိုစိတ်မပူပါနဲ့ နော် " မပိုးဖြူပြောလိုက်ပြီးသောအခါ နှစ်ဦးသားဖုန်းများကို မချမိကြဘဲ တိတ်ဆိတ်ငြိမ်သက်နေမိကြလေသည်။ ~~~~~~ "အမေ့ကို တရားစွဲမယ်ဟုတ်လား အဖေ ... ဘာအမှုနဲ့လဲ " ဖခင်ဖြစ်သူနှင့် ဘွားအေကြီးကို ပိုးအိဇင်အံ့ဩထိတ်လန်းစွာမေးလိုက်သည်။ "မယားခေါ်လိုမှုပေါ့ ...သူ့ကို တိုက်နဲ့ကားနဲ့ အဖေထားပေခဲ့တယ်လေ ...ဒီလောက်ဆို အဖေတာဝန်ကျေတယ်လေသမီး ... သူထွက်သွားပေမဲ့လဲ အဲ့ဒီအိမ်ကို ဘယ်မိန်းမကိုမှ အဖေမခေါ်ခဲ့ဖူးဘူးလေ..... အဲ့ဒါကြောင့် အဖေသမီးကိုမှာချင်တာက ....တကယ်လို့များ သမီးအမေက မျိုးမမနိုင်နဲ့ ပတ်သက်ပြီးသမီးကို သက်သေခေါ်ခဲ့ရင် ... သမီး အဖေ့ဘက်ကပဲနေမှာမဟုတ်လား " "အ ..အဖေတို့ ဘာတွေဖြစ်နေကြတာလဲဟင် ... အဖေတို့ ကိစ္စတွေကို သမီးစိတ်မဝင်စားဘူးလို့ ပြောခဲ့ပြီးပြီလေ ... သမီး ဘာသာ အေးအေးဆေးဆေးနေပါရစေ " @@@@@@@@@@@@@ အပိုင်း (၂၃ ) ဆက်ရန် #ဧကြည်ဖြူ

မပိုးဖြူအခန်းထဲသို့ရောက်သောအခါ သတိရနေပြီဖြစ်သော ပိုးအိဇင်က မျက်လုံးတစ်ချက်ဝင့်ကြည့်ပြီး ချက်ချင်းမျက်လုံးကို ပြန်မှိတ်လိုက်လေသည်။မပိုးဖြူက လူနာစောင့်ခုံမှာဝင်ထိုင်လိုက်ပြီး သမီး၏လက်ကိုခပ်ဖွဖွဆုပ်ကိုင်လိုက်မိသည်။မပိုးဖြူတို့ကြားတွင် ပြောစရာစကားလည်း တစ်ခွန်းမျှမရှိပါချေ။ ကိုဇင်မောင်ကတော့ လူနာစောင့်အတွက်ထားထားသော အခန်းထောင့်မှ ဆိုဖာခုံပေါ်တွင် ထိုင်နေပြီး မပိုးဖြူကို လှမ်းကြည့်နေလေသည်။ ~~~~~~ "သမီးကိုကျွန်မစောင့်ပါ့ မယ် ....ရှင်ပြန်လိုက်ပါ.... " ကိုဇင်မောင်ကိုကြည့်ပြီး မပိုးဖြူပြောလိုက်သည်။ "ရပါတယ်ကွာ ....မင်းတစ်ယောက်တည်း ဖြစ်နေပါ့မယ် ... ငါပါစောင့်ပေးပါ့မယ် " " ရတယ် ...အဖော်မလိုဘူး ...ရှင်ပြန်ပါ " မပိုးဖြူသံပြတ်နှင့်ပြောပြီး သမီးဖြစ်သူအနားသို့ ပြန်သွားရန် ပြင်လိုက်သည်။ထိုအခါ ကိုဇင်မောင်က မပိုးဖြူ၏လက်ကို ဖျတ်ခနဲဖမ်းဆွဲလိုက်ပြီး 'မင်းအခု တွေ့ပြီမဟုတ်လားပိုးဖြူ .. မင်းမရှိရင် ငါတို့သားအဖ နှစ်ယောက်တည်းနေလို့မဖြစ်ဘူးဆိုတာ သိပြီမဟုတ်လား " " ရှင့်လက်ကိုခုချက်ချင်းဖယ်လိုက်နော် ကိုဇင်မောင် ..စကားအပိုတွေမပြောဘူးနော်.. တာဝန်ရှိသူကို ဖုန်းဆက်မခေါ်ခင် ရှင်ခုချက်ချင်းပြန်တော့ " မပိုးဖြူ အသံမာမာနှင့်ပြောလိုက်သောအခါမှ ကိုဇင်မောင် ထိုင်နေရာမှ ထလိုက်သည်။ " ဟုတ်ပြီလေ ..... အခုသမီးနေမကောင်းဘူးဆိုတော့ နောက်မှ အေးအေးဆေးဆေးတွေ့ကြတာပေါ့ " ကိုဇင်မောင် ပြန်သွားသည်နှင့် သမီးဖြစ်သူ၏ လူနာခုတင်နားသို့ မပိုးဖြူပြန်လျှောက်လာခဲ့လိုက်လေသည်။ ~~~~~ " မိုးထက်... ငါ့ညီ....အစ်ကို့ကို တွေ့ဖို့လာတာလား ထူးထူးဆန်းဆန်း " ကိုနောင်သည် သူ့ရုံးခန်းထဲသို့ ဝင်လာသောမိုးထက်ကို ကြည့်ပြီး အံ့ဩစွာပြောလိုက်သည်။ မိုးထက်က ယောက်ဖဖြစ်သူကို ဘာမျှ ပြန်မပြောဘဲအခန်းတံခါးကို လော့ချလိုက်သည်။ "ဒီမှာ ခဏလာထိုင်ပါအုံး ကိုနောင် ... ကျွန်တော်တို့ အေးဆေးစကားပြောရအောင် " မိုးထက်ပြောလိုက်တော့ကို နောင်က သူ၏စားပွဲမှထလာခဲ့ပြီးလျှင် ဆိုဖာဆက်တီရှိရာဆီသို့ဝင်ထိုင်လိုက်လေသည်။ "ကဲ ပြော ငါ့ညီ ..ဘာကိစ္စရှိလို့လဲ... အစ်ကို ဘာကူညီပေးရမလဲ" " ကျွန်တော်ရှင်းရှင်းပဲပြောမယ်ကိုနောင် ...မျိုးမမနိုင်ဆိုတဲ့အမျိုးသမီးနဲ့ကိုနောင့်ကိစ္စကို မမနဲ့ ကလေးတွေမသိခင် ရပ်တန်းကရပ်လိုက်ပါ ....ကိုနောင်တို့ရှေ့ဆက်တိုးနေရင် မကြာခင်မမသိသွားလိမ့်မယ် ... ကျွန်တော် အဲ့ဒါပြောချင်လို့ လာခဲ့တာ " မိုးထက်၏စကားကြောင့် ကိုနောင်မှာ ခေါင်းကိုအောက်သို့ ငုံ့ထားလိုက်ပြီး "အေပါ ငါ့ညီရာ ... အစ်ကိုတို့က ရိုးရိုးသားသားခင်မင်ရုံပါကွာ ... နောက်လဲမပတ်သက်တော့ပါဘူး " လိမ်ညာပြောမှန်းသိသော်လည်း မိုးထက်ခေါင်းငြိမ့်ပြလိုက်ပြီး " ဟုတ်ပါပြီ ကိုနောင်...အဓိက က ကျွန်တော့်တူလေးနဲ့တူမလေးအတွက်ပါ... ကျွန်တော်သွားတော့မယ် " ယောက်ဖဖြစ်သူကို ပြောပြီးသည်နှင့်မိုးထက် ရုံးခန်းတံခါးကိုဖွင့်ပြီး အပြင်သို့ထွက်လိုက် သည်။တံခါးဖွင့်လိုက်လျှင် အခန်းဝတွင် အစ်မဖြစ်သူကိုတွေ့လိုက်ရသဖြင့် မိုးထက် လန့်သွားမိလေ သည်။ "ဟာ မမ " "အမယ်လေး ငါ့မောင်ရယ်...နင့်အစ်ကို ရုံးခန်းတံခါးလော့ချထားလို့ မမဖြင့်လန့်သွားတာပဲ...ဒါနဲ့ နေပါအုံး..ဘာလို့လော့ချတာလဲ ..ဘာတွေတိုင်ပင်တာလဲ ...မမကို မညာနဲ့နော် " " ဘာ ...ဘာမှမတိုင်ပင်ပါဘူး မမရယ် ... ကျွန်တော့်ရုံးခန်းမှာတံခါးလော့ချနေကြမို့ ..အကျင့်ပါပြီး လော့ချလိုက်မိတာပါ " အစ်မဖြစ်သူကမည်သို့အဓိပ္ပာယ်နှင့်မေးသည်မသိသော်လည်း မိုးထက်မလုံမလဲနှင့်ပါးစပ်ထဲရှိရာကိုဖြေလိုက်မိသည်။ " ဟွန်းနော် ..မမ မသိအောင်ဘာမှလုပ်ဖို့စိတ်မကူးနဲ့နော် ကောင်လေး..." " ဟုတ်...ဟုတ်ကဲ့ပါမမရယ် ...ကျွန်တော်ဘာမှမလုပ်ပါဘူး...ကျွန်တော်သွားတော့မယ်နော် " "နေပါအုံး ဘယ်လိုဖြစ်နေတာလဲ...မမတို့နဲ့အတူ နေ့လယ်စာစားသွားအုံးလေ " " မစားတော့ဘူး မမ ..အရေးကြီး ကိစ္စလေးရှိလို့ " အစ်မဖြစ်သူ ထားနေသည့်ကြားမှ မိုးထက်အမြန်ရှောင် ထွက်ခဲ့ရလေသည်။ ~~~~~~ "ဘယ်လို ကိုကြီး ....မျိုးနဲ့ ကိုကြီးအကြောင်း ကိုမိုးထက်သိသွားတာလား ဟုတ်လား " မျိုးမမ ထိတ်လန့်တုန်လှုပ်လျက် မေးလိုက်လေသည်။ "အဲ့ဒီလိုတော့ အတိအကျမသိသေးဘူးထင်တယ် မျိုး....တစ်ယောက်ယောက်က ကိုယ်တို့အတူတွဲသွားတာလိုတွေ့လိုက်လို့ ပြောတာလဲဖြစ်နိုင်တယ် ... ဒါမှမဟုတ် သူကိုယ်တိုင် တွေ့သွားတာလဲ ဖြစ်နိုင်တယ် ..ဘာပဲဖြစ်ဖြစ် ရှေ့လျှောက် ကိုယ်တို့ဆင်ခြင်ရမယ်... ကိုယ်တို့ချိန်းတဲ့အခါ မျိုးနဲ့ ကိုကြီးတူတူမသွားတော့ဘူးလေ ....မျိုးလဲကိုယ့်ကားနဲ့ကိုယ်သွားလေနော် " "ဟုတ်ကဲ့ပါ ကိုကြီး ..ဒါနဲ့ တကယ်လို့များ မကျော့ကျော့စံ သိသွားရင် ... မျိုးကို ထားခဲ့မှာလားဟင် ကိုကြီး " မျိုးမမက မျက်ဝန်းအိမ်မှ မျက်ရည်စလေးများကို သုတ်ဟန်ပြုရင်း မေးလိုက်သည်။

~~~~~~~ "ငါ့လဲ ပုံတွေကိုဖျက်ပစ်လိုက်ပြီ ဖြူဖြူရယ်....နင်တို့ ဇာတ်လမ်းက ပြီးသွားပြီထင်တာကို ... ဒါပေမဲ့ နင်စိတ်မပူပါနဲ့ဟယ်...လူကိုယ်တိုင် သက်သေလိုက်ပေးပါ့မယ် ... လိုအပ်ရင်အချိန်မရွေး ငါ့ကိုလှမ်းခေါ်လိုက်ပါ " မျှော်လင့်တကြီးနှင့် ဝေဝေ့ဆီကို မပိုးဖြူရောက်လာခဲ့သော်လည်း ဝေ့ဝေ့စကားကြောင့် မပိုးဖြူစိတ်ဓါတ် အကြီးအကျယ် ကျသွားမိလေသည်။ " ဒါနဲ့ ကိုဇင်မောင်က မထင်ရဘူးနော် .. ဟိုတစ်ယောက်နဲ့ ဘယ်လိုများဖြစ်သွားလဲမသိဘူး ... သူတို့တွေ လူသိရှင်ကြားမယူရသေးတာပဲရှိတယ် ..လင်မယားတွေဖြစ်နေကြပြီပဲမဟုတ်လား ..သူတို့များ ကျတော့လွယ်လိုက်တာဟယ် ....ငါတို့များကျတော့လဲ မိသားစုလေး မပြိုကွဲဖို့အရေး ကြိုးစားလိုက်ရတာဆိုတာ ... အဲ့ဒီလိုလူတွေကိုနားကိုမလည်နိုင်ဘူး...ဒါနဲ့ နင်ဘယ်လိုလုပ်မှာလဲ ဖြူဖြူ...ကိုဇင်မောင်ကို ပြန်လက်ခံမှာလား " " ဟင့်အင်း ... လက်မခံချင်လို့ ဝေဝေ့ဆီကိုလာခဲ့တာလေ... ပိုးဖြူ ဘယ်တော့မှ သူနဲ့ ပြန်မပေါင်းဘူး ဝေဝေ ....သူကြိုက်တဲ့တရားရုံးကခေါ်ပါစေ ... ကုန်ကုန်ပြောရရင် .. ငါ့မိဘတွေ အသက်ပြန်ရှင်လာပြီး သူနဲ့ပေါင်းခိုင်းရင်တောင် ငါလက်မခံတော့ဘူးဝေဝေ .." "အေးပါဟယ် ...နင့်မှာ အကူအညီ လိုအပ်ရင်ပြောနော် " -~~~~ ဝေဝေ့ဆီမှ ပြန်ခဲ့ပြီးသည်နှင့် မပိုးဖြူ ရှေ့နေရုံးခန်းသို့ တန်းပြီးသွားလိုက်သည်။မိုးထက် ငှါးပေးထားသောကားဆရာက မပိုးဖြူကို စိတ်မကောင်းဟန်ဖြင့်ကြည့် နေသည်ကို မပိုးဖြူတွေ့နေရလေသည်။ ~~~~~~~ မြို့ထဲရှိရှေ့နေ့ ရုံးခန်းသို့ မပိုးဖြူရောက်သောအခါ ရှေ့နေဖြစ်သူမှာ အမျိုးသမီးတစ်ယောက်ဖြစ်ပြီး မပိုးဖြူကိုတလေးတစားပင် ကြိုဆိုလေသည်။ "စိတ်အေးထားပါ မပိုးဖြူ ... သူတို့က အမှုကိုပြောင်းပြန်လုပ်ပြီး မပိုးဖြူကိုလူမှုရေးဖောက်ပြားတဲ့သူလိုလုပ်ကြံနိုင်ပါတယ် ..ဒါပေမဲ့စိတ်မပူပါနဲ့ ...မပိုးဖြူကြုံခဲ့ရသမျှ ကျွန်မကိုအကုန်ပြောပြပါ ..မပိုးဖြူစိတ်ဆင်းရဲသောကကြောင့် မကျန်းမမာဖြစ်ပြီး ဆေးခန်းတွေဆေးရုံးတွေသွားခဲ့တဲ့ မှတ်တမ်းတွေရောရှိလား.... " " အဲ့..အဲဒါတွေက ... အိမ်ပေါ်က ဆင်းလာတုန်းက အကုန်လွှင့်ပစ်ံခဲ့တယ်ရှင် " "ဟုတ်ပြီလေ ... အဲ့ဒီမှတ်တစ်တွေ ပြန်ရဖို့ ဆေးရုံးဆေးခန်းတွေမှာ အကူအညီတောင်းရမှာပေါ့ ..မပိုးဖြူတက်ခဲ့တဲ့ ဆေးရုံဆေးခန်းလိပ်စာနဲ့... တက်ခဲ့တဲ့ရက်တွေမှတ်မိရင် ...စာရွက်မှာ ရေးလိုက်ပါ ... " " ဟုတ် .. ဟုတ်ကဲ့ပါရှင့် ...ဒီတစ်ခါတော့ ...သူ ကျွန်မကို လုံး၀ လာနှောက်ယှက်လို့မရအောင် ပြတ်စဲချင်ပါတယ် " "စိတ်ချပါ မပို့ဖြူ ..တကယ်လို့ ဒီရက်ပိုင်းအတွင်း တစ်ဖက်ကဖုန်နှင့်ဖြစ်စေ...စာပို့ပြီးဆဲဆိုတာပဲဖြစ်ဖြစ် ...ခြိမ်းခြောက်တာပဲ ဖြစ်ဖြစ်လုပ်ခဲ့ရင် အကုန်မှတ်တမ်းယူထားပါ ... သူ့ဘက်က အိမ်ထောင်ရေးဖောက်ပြန်တာကို သက်သေမပြနိုင်တော့ရင်လဲ ထားလိုက်ပါ ... ကျွန်မတို့ အမှန်တရားအတိုင်းပဲ သွားကြတာပေါ့ ...တရားကိုနတ်စောင့်ပါတယ်ရှင် ....မပိုးဖြူသိပ်ပြီး စိတ်မပူပါနဲ့ " " ကျေး..ကျေးဇူးပါရှင် " ရှေ့နေရုံးခန်းမှအပြန်တွင် မပိုးဖြူရင်ထဲ အနည်းငယ်မျှ စိတ်သက်သာရာရခဲ့ပါလေသည်။ ~~~~~ "ဘာ..ဘာပြောတယ် ...ကိုကိုနဲ့ သဲသဲဆိုတဲ့တစ်ယောက်က မောင်နှမဝမ်းကွဲတွေမဟုတ်ဘူးလား " သင်တန်းအတူတက်နေသော သူငယ်ချင်းဖြစ်သူကို ပိုးအိဇင်ကအထိတ်တလန့် ဖြင့် မေးလိုက်သည်။ "သူတို့ပြောလို့...ငါတို့လဲအဲ့လိုပဲထင်တာပေါ့ ပိုးအိရယ်...အခုသူတို့နှစ်ယောက်က တရားရုံးမှာလက်မှတ်ထိုးသွားပြီး ..နယ်ကို ပြန်သွားကြတာတဲ့ ....နင့်ဆီကို စာမပို့ဘူးလား ... ငါတို့ကိုတော့ ဖုန်းဆက်ပြီးပြောတာပဲ ... " သူငယ်ချင်းဖြစ်သူ၏ စကားအဆုံးတွင် ပိုးအိဇင်တစ်ယောက် အရုပ်ကြိုးပြတ်လဲကျသွားခဲ့လေတော့သည်။ "ဟယ်ပိုးအိ ...ပိုးအိသတိထားလေဟယ် " ~~~~~~ သမီးဖြစ်သူ၏ သတင်းကို ကြားကြားချင်းမှာပင် မပိုးဖြူဘာမျှမတွေးနိုင်ဘဲ ကိုဇင်မောင်ပြောသော ဆေးရုံလိပ်စာအတိုင်း ထွက်ခဲ့လိုက်သည်။ ဆေးရုံဝသို့ ရောက်လျှင် ကိုဇင်မောင်အသင့်စောင့်နေသည်ကို တွေ့လိုက်ရသည်။ကိုဇင်မောင်ကို မြင်သည်နှင် မပိုးဖြူမျက်နှာထားကိုတင်းပစ်လိုက်ပြီး သမီးဖြစ်သူ ရှိရာ လူနာခန်းဆီသို့သာလျှောက်ခဲ့လိုက်သည်။ "ဒါက ဘယ်လိုဖြစ်ရတာလဲ ...ရှင်တို့မိသားစုတွေအကုန်ရှိရဲ့သားနဲ့ ကလေးက ဘယ်လိုဖြစ်ရတာလဲ " လမ်းအတူယှဉ်လျှောက်ကြရင်း မပိုးဖြူဒေါသသံနှင့်မေး ပစ်လိုက်မိသည်။ " မနက်တုန်းက သင်တန်းမှာမူးလဲလို့ဆိုပြီး သူသူ့ငယ်ချင်းတွေက အိမ်ပြန်ပို့ပေးသွားတယ်...အဲ့ဒါ ဆရာဝန်လဲ ခေါ်ပြလိုက်တယ် ... အားနည်းလို့ဖြစ်တာဆိုလို့ ....အေးအေးဆေးဆေးအိပ်ရအောင် အခန်းထဲမှာ တစ်ယောက်တည်းထားခဲ့တဲ့ အချိန် ဆေးတွေသောက်ပစ်လိုက်တာပဲ " မိခင်ကိုမုန်းသောသူက မိခင် နှင့်ကံတရားချင်းလာတူနေရသောအဖြစ်က ဖခင်ဖြစ်သူ၏ဝဋ်တွေများလည်နေလေသည်လား မသိတော့ပါပေ။ ~~~~~~ ကိုဇင်မောင်တို့မိသားစုများ ပြန်သွားကြချိန်တွင် မပိုးဖြူ လူနာခန်းထဲသို့ ဝင်ခဲ့သည်။

#နွေလယ်အိပ်မက် (အခန်းဆက် ဝတ္ထု ) အပိုင်း (၂၂ ) ******* မိုးထက် ဓါတ်လှေကားနှင့် လိုက်တက်လာခဲ့သော်လည်း အပေါ်သို့ ရောက်သောအခါ အခန်းများအားလုံးမှာပိတ်လျက်သားရှိလေသည်။မိုထက်အချိန်မမိလိုက်ပါလေ။အပေါ်ဆုံးထပ်ရှိ စားသောက်ခန်းများနှင့်ဧည့်ဆောင်နားနေခန်းများတွင် လိုက်ကြည့်သော်လည်း ကိုနောင်နှင့်ခပ်ဆင်ဆင်တူသည့် သူပင်မတွေ့ရပေ။အခြေအနေကို မိုးထက်သဘောပေါက်နားလည်လိုက်ပါသည်။တောက်တစ်ချက်ကို ခပ်ပြင်းပြင်းခေါက်၍ မိုးထက်အောက်သို့ ပြန်ဆင်းလာခဲ့လိုက်သည်။ ~~~~~~ မျက်နှာချင်းဆိုင်ခုံတွင် ထိုင်နေသောကိုဇင်မောင်ကို မပိုးဖြူစက်ဆုပ်ရွံရှာစွာကြည့်နေမိသည်။တစ်ချိန်က မိမိချစ်ခဲ့ဖူးသောဤယောကျာ်းသည် ဇွတ်တရွက်နိုင်လှသော အကျင့်ရှိမှန်းသိသော်လည်း ဤမျှလောက် အောက်တန်းကျလိမ့်မည်ဟု မထင်ခဲ့ပေ။ယခုမူမယုံကြည်နိုင် ဖွယ်ကောင်းလောက်အောင်ပင် မျက်နှာပြောင်တိုက်ကာအောက်တန်းကျသောအပြုအမူများကို လုပ်ဆောင်နေလေသည်။ယုတ်မာရိုင်းစိုင်းသောသူ၏ အပြုအမူများကြောင့် မပိုးဖြူမှာ သူ့ကိုစကားပြန်ပြောရမည်ကိုပင် ရွံရှာနေမိလေသည်။ "ဟုတ်တယ် ရှင်ပြောသလိုပဲ ကျွန်မဆီမှာ ရှင်တို့ ပုံတွေမရှိတော့ဘူး ...အဲ့ဒီတော့ရှင့်က ကျွန်မကို တရားပြန်စွဲမယ်ပေါ့ ...စွဲလေလုပ်ချင်တာလုပ် ... ကျွန်မဂရုမစိုက်ဘူး ... ရှင် နောက်တစ်ခါ ကျွန်မနဲ့ စကားပြောမယ်ဆိုရင် ရှေ့နေ့ကတဆင့်ပဲပြောပါ ...ရှင့် မျက်နှာကိုလဲမမြင်ချင်ဘူး.... ရှင့်အသံကိုလဲမကြားချင်ဘူး " " ဪ ဟုတ်လား..မင်းကပြောပြီပေါ့ ... အသစ်တွေ့နေတာကို ... မင်းအဲဒီကောင်နဲ့ဆက်တွဲရဲရင်.တွဲစမ်း... အဲ့ဒီကောင်ကိုပါ မယားခိုးမှုနဲ့ ထောင်ကျအောင်လုပ်မှာ ...ဇင်မောင်ကို ဘာမှတ်နေလဲ ...မင်းအဆင်သင့်ပြင်ထားလိုက် ပိုးဖြူ " ပြောပြီးသည်နှင့်ဆိုင်ထဲမှ ထွက်သွားသောကိုဇင်မောင်ကိုကြည့်ပြီး မပိုးဖြူတစ်ကိုယ်လုံး အသားများတဆတ်ဆတ်တုန်နေခဲ့လေသည်။ ~~~~~ "မဖြစ်မနေမို့သာ ကိုမိုးထက်နဲ့လာတွေ့ရတာ ...တကယ်ဆို ကျွန်မတို့မတွေ့သင့်ဘူးထင်တယ် ... ကျွန်မကြောင့် ကိုမိုးထက်ကိုမထိခိုက်စေချင်ဘူး " မိုးထက်၏မျက်နှာကို မကြည့်ဘဲ မပိုးဖြူပြောလိုက်မိသည်။ " ကျွန်တော့်အတွက်မစိုးရိမ်ပါနဲ့ ပိုးဖြူ ...ဆိုင်ကကောင်မလေးဖုန်းဆက်လို့ ကျွန်တော်အကုန်သိပြီးပါပြီ ...အဲ့ဒါကြောင့် ပိုးဖြူစိုးရိမ်နေမှန်းသိလို့ ...ဆိုင်ကိုမလားဘဲ အပြင်မှာချိန်းလိုက်တာ...ပိုးဖြူအရမ်းကြီးစိတ်မနှစ်ထားပါနဲ့ " မိုးထက်၏ အားပေးနှစ်သိမ့်စကားကြောင့်မပိုးဖြူစိတ် ထဲ စိတ်ထိခိုက်ဝမ်းနည်းသွားမိလေသည်။ "ကျွန်မတောင်းပန်ပါတယ် ကိုမိုးထက်ရယ်... အမှန်တိုင်းပြောရရင် ကျွန်မအတွက်တော့ မပူတော့ပါဘူး....အဝေးဆုံးကိုပဲ ထွက်ပြေးချင်တော့တယ် ....ကိုမိုးထက်နဲ့တွေ့တာလဲ ဒီတစ်ခါနောက်ဆုံးပါပဲ ..... နောက်ထပ်မတွေ့တော့ပါဘူး ....ကိုမိုးထက်လဲ ဆိုင်ကိုမလာပါနဲ့တော့နော် " "ပိုးဖြူမလာစေချင်ရင် ကျွန်တော်မလာပါဘူး ပိုးဖြူ ...ဒါပေမဲ့ ပိုးဖြူအဆင်ပြေဖို့ ကျွန်တော်ကူညီပေးပါရစေ ... ရှေ့နေတစ်ယောက်ရဲ့ လိပ်စာကတ်ပေးခဲ့မယ် ....ပိုးဖြူသူနဲ့ သွားတွေ့လိုက်ပါ ..သူနဲ့တွေ့ရင် ငွေကြေးအကြောင်း မပြောဘဲ ...ပိုးဖြူကြုံခဲ့ရတာတွေ ဖြစ်ချင်တာတွေကိုပဲ ပြောဆိုတိုင်ပင်ပါ ... ပိုးဖြူဘယ်လိုပဲဆုံးဖြတ်ဆုံးဖြတ် ....အစအဆုံးကျွန်တော် ကူညီပေးမယ် ..ပြီးတော့ ပိုးဖြူရဲ့ သမီးလေးနဲ့ ပတ်သက်ပြီး... ကောင်လေးကိစ္စကိုလဲဖြေရှင်းလိုက်ပါပြီး ....အဲ့ဒီကောင်လေး ပိုးဖြူရဲ့သမီးလေးနားကို ဘယ်တော့မှ မကပ်ရဲတော့ပါဘူး ... တစ်ခုတော့ရှိတယ် ကလေးမလေးစိတ်ထိခိုက်ပြီး ဘာမှတော့မလုပ်လောက်ပါဘူးနော် ....အဲ့ဒါကိုပဲ ကျွန်တော်စိုးရိမ်တာ " မိုးထက်က မပိုးဖြူမျက်နှာ လေးကိုကြည့်ပြီးပြောလိုက်သည်။ "ဘာလဲ ကိုမိုးထက်... အမေတူသမီးဖြစ်မှာစိုးလို့လား ..မလုပ်လောက်ဘူးထင်ပါတယ် ..ကျွန်မတုန်းက ဆေးတွေဘာတွေသောက်ခဲ့တယ်ဆိုတာက... သူ့အဖေကြောင့်ဆိုတာထက် သမီးလေးကြောင့်ရင်ထဲ မခံစားနိုင်လွန်းလို့လုပ်ခဲ့မိတာပါ ...ကိုမိုးထက်သွားတော့လေ ... ကျွန်မ ရှေ့နေနဲ့သွားမတွေ့ခင် ...သူငယ်ချင်းဆီကိုသွားလိုက်အုံးမယ် " " အဲ့ဒါဆို ကျွန်တော်သွားပြီ...ဆိုင်ရှေ့မှာ တက္ကစီအဖြူရောင် နံပတ် (.....) ကားရှိတယ် ....အဲ့ဒီကားကို ငှားစီးလိုက်ပါ .....ဒီရက်တွင်း ပိုးဖြူသွားသမျှနေရာတွေကို လိုက်ပို့ပေးလိမ့်မယ်..... " " ကျေး...ကျေးဇူးတင်ပါတယ် ကို မိုးထက် " မပိုးဖြူနွမ်းလျလျအသံဖြင့် ပြောလိုက်တော့ မိုးထက်က အေးမြသော အပြုံးဖြင့်ပြုံးပြလိုက်ရင်း "ဘာမဆို ပိုးဖြူလုပ်နိုင်မယ်ဆိုတာ ကျွန်တော်ယုံကြည်တယ် .... ကျွန်တော်သွားတော့မယ်နော် " မိုးထက်ပြန်သွားသောအခါ မပိုးဖြူရင်ထဲအထီးကျန်အားငယ်သလိုခံစားလိုက်ရသည်။မပိုးဖြူ ရင်ဆိုင်ရမည့်တိုက်ပွဲသည် လိမ်ညာလှည့်ဖြားခြင်းများဖြင့် တည်ဆောက်ထားသော တိုက်ပွဲဖြစ်သည်။ထိုအခြေအနေကိုရင် ဆိုင်ဖို့ရန်အတွက် မပိုးဖြူမှာ အမှန်တရားသာရှိလေသည်။

ဟော်တယ်၏ဓါတ်လေးကားထဲသို့ဝင်သွားသော ကိုနောင်နှင့်မျိုးမမကိုကြည့်ပြီး မိုးထက် စိတ်တိုတိုနှင့် လွတ်ခနဲရေရွတ်လိုက်မိသည်ကို ဘေးတွင်ပါလာသော အတွင်းရေးမှူးလေးမှာ နားမလည်နိုင်ဘဲမေးလိုက်လေသည်။ "ခဏလေးကွာ ... ငါအပေါ် ကိုကိစ္စလေးရှိလို့ ခဏသွားလိုက်အုံးမယ် .. ဧည့်သည်တွေရောက်လာရင် ခဏလေးပဲစောင့်ခိုင်းထားပေး နော်...." "ဟုတ်ကဲ့ပါ ဆရာ " အတွင်းရေးမှူးကိုမှာပြီးသည်နှင့် အပေါ်ထပ်သို့တက်သောဓါတ်လှေကားဆီသို့ မိုးထက်အပြေးတစ်ပိုင်းနှင့် သွားလိုက်လေသည်။ @@@@@@@@@@@@@@@@@@ အပိုင်း (၂၂ ) ဆက်ရန် #ဧကြည်ဖြူ