803
Suscriptores
+424 horas
+167 días
+4630 días
Archivo de publicaciones
" ကျွန်မနာမည် မျိုးမမနိုင်ပါ ... ကျွန်မကို မပိုးဖြူသိနေတယ်ထင်ပါတယ် ..... မပိုးဖြူနဲ့ အေးဆေးစကားပြောချင်လို့လာခဲ့တာပါ "
ချိုမြမြအသံလေးဖြင့် ပြောလာသောမျိုးမမကိုမပိုးဖြူကြည့်လိုက်ပြီး စိတ်ကိုတင်းထားလျက် ခပ်အေးအေးပုံစံဖြင့် ပြန်ပြောလိုက်သည်။
" ဟုတ်ကဲ့ ....ပြောပါညီမ ... "
" ဒီလိုပါ .. မျိုးအနေနဲ့ ပြောရမှာ တော့ တကယ်အားနာပါတယ်ရှင် .. အစ်ကိုဇင်မောင်ကသူ့အိမ်ထောင်ရေးအဆင်မပြေတဲ့ အကြောင်းတွေရယ် ... ဒီကမပိုးဖြူနဲ့ အိမ်းတွင်းကွဲကွဲနေကြတယ်လို့ ပြောပါတယ် ...မျိုးက မပိုးဖြူကို မိန်းမချင်းကိုယ်ချင်းစာလို့ ရှောင်ခဲ့ပါသေးတယ်...ဒါပေမဲ့ မျိုး ဘယ်လောက်ရှောင်ရှောင်အစ်ကိုက မျိုးနောက်ကိုတကောက်ကောက်လိုက်နေခဲ့လို့.... ချစ်သူတွေဖြစ်တဲ့အထိဖြစ်သွားခဲ့ရတာပါရှင် ...တကယ်ပါရှင် အစ်ကိုက သူ့ကိုလက်မခံရင် သူ့ဘဝသူ ဖျက်ဆီးပစ်မယ်လို့ ပြောခဲ့လို့ပါ "
မျိုးမမ၏စကားများကြောင့် မပိုးဖြူ မဲ့ပြုံးလေးတစ်ချက်ပြုံးလိုက်သည်။
'" ကိုဇင်မောင်ဆိုရင် အဲ့ဒီလိုဖြစ်နိုင်တယ်ဆိုတာကို ကျွန်မယုံပါတယ် မျိုးမမနိုင် ....ကျွန်မအသက် (၁၇)နှစ် လောက်တုန်းက ကိုဇင်မောင်မိဘတွေရွှေဆိုင်မှာ အလုပ်ဝင်လုပ်ခဲ့တာလေ ကျွန်မအလုပ်ဝင်ပြီး သိပ်မကြာပါဘူး ..ကိုဇင်မောင်က ကျွန်မနောက်ကိုတကောက်ကောက်လျှောက်လိုက်တော့တာပဲ... ကျွန်မက ဘ၀အခြေအနေခြင်းမတူလို့ ရှောင်နေတော့ သူ့ကိုယ်သူသတ်သေမယ်ဆိုပြီးအတင်းလုပ်လို့ ကျွန်မလဲပြန်ချစ်လိုက်မိတာပေါ့ ...ပြန်ချစ်လိုက်ပေမဲ့လဲ လက်မထပ်ရဲလို့ ရှောင်နေခဲ့ပါတယ်....ဒီကြားထဲ ကျွန်မအိမ်က ကျွန်မကို အိမ်ထောင်ချပေးမယ်လဲသတင်းကြားရော ... ကိုဇင်မောင်က တစ်ဖက်လူကိုသတ်မယ်ဆိုပြီးလုပ်လို့ သူခေါ်ရာနောက်ကိုလိုက်ခဲ့ရတာလေ .. ကိုဇင်မောင်ကကျွှန်မကိုလဲ ရူးမတတ်ချစ်ခဲ့တယ်လို့ ပြောခဲ့တယ်လေ ....ကျွန်မတို့နှစ်ယောက်ရဲ့ အချစ်ရေးကလဲ သိပ်တော့ မလွယ်ခဲ့ဘူး "
မပိုးဖြူ ခပ်ပြုံးပြုံး အမူအရာဖြင့်ပင် ပြောလိုက်သည်။
မပိုးဖြူ၏ အမူအရာနှင့် အပြောကြောင့် မျိုးမမနှင့်ရတနာ စိုးမှာ မျက်လုံးအပြူးသားဖြစ်သွားကြသည်။ မပိုးဖြူသည် သူတို့ သိထားကြသည့် အိမ်တွင်းပုန်း ခပ်တုံးတုံးနုံနုံအအမိန်းမတစ်ယောက်မဟုတ်သည်ကိုလည်း သူတို့ ရိပ်စားမိလိုက်ကြသည်။
"ဒါနဲ့ ကျွန်မယောကျာ်းနဲ့ ဒီကမျိုးမမနိုင်နဲ့က လွန်လွန်ကျူးကျူးဖြစ်ပြီးသွားကြပြီလား "
မပိုးဖြူ၏ တည့်တိုးမေးခွန်းကြောင့် မျိုးမမနှင့်ရတနာစိုးမှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိကြသည်။ပြီးနောက်မှ မျိုးမမကပိုက်ဆံအိတ်ထဲမှ ဓါတ်ပုံများကိုထုတ်လိုက်ပြီး
"ဟုတ်ပါတယ် အစ်ကိုကမျိုးကို သိပ်ချစ်တာပါ ..မျိုးကလဲအစ်ကို ကကွာရှင်းမယ်ဆိုလို့ ...အစ်ကို့အချစ်ကို လက်ခံလိုက်တာပါရှင်... ဒါ..ဒါကြောင့် မပိုးဖြူနောက်ဆုတ်ပေးပါရှင် ... အစ်ကိုကနစ်နာကြေးပေးသလို ...ကျွန်မကလဲမိန်းမချင်းစာနာလို့ပေးမှာပါ "
မျိုးမမ၏စကားကြောင့် မပိုးဖြူ အံလေးကို ကြိတ်လိုက်ပြီး
"ဒီမှာမျိုးမမ ... အခုချိန်ထိ ကျွန်မတို့ မကွာရှင်းရသေးတာကိုသိတယ်နော် ... အိမ်ထောင်သည် တစ်ယောက်က ကိုယ့်ကိုလာချစ် တိုင်း လွယ်လွယ်ပြန်ချစ်လို့ရတယ်ဆိုရင် ...လောကကြီးမှာ လက်ထပ်စာချုပ်တွေ... မင်္ဂလာဆောင်တာတွေလုပ်နေစရာမလိုဘူးထင်တယ်နော် ... ဒီတိုင်းတိရစ္ဆာန်တွေလိုပဲ ချစ်ချင်းတဲ့အကောင်နဲ့ချစ်လိုက်...အိပ်ချင်တံ့ကောင်နဲ့အိပ်လိုက်ရုံပဲပေါ့ မဟုတ်ဘူးလား....လူနဲ့တိရစ္ဆာန်နဲ့ ဘာကွာလဲသိလား ..လူဆိုတာ စည်းစောင့်ရတယ်.... ကိုယ်ကျင့်သိက္ခာရှိရတယ် ... လူ့အသိုင်းအဝိုင်းကစည်းမျဉ်းတွေကိုလိုက်နာရတယ် ... တိရစ္ဆာန်တွေမှာတော့ ကိုယ်ကျင့်သိက္ခာရောလိုက်နာရမဲ့စည်းမျဉ်းရော မရှိဘူးလေ .. သူ့မှာအိမ်ထောင်ရှိရှိမရှိရှိ ...သူငါ့ကို လာပတ်သက်ရင် ငါလဲပြန်ပတ်သက်မယ်ဆိုတဲ့ အမူအကျင့်က တိရစ္ဆာန်တွေရဲ့အမူအကျင့်ပဲ ..လူဆိုရင်အဲ့ဒီလိုမျိုးအကျင့်ကို မကျင့်ဘူးသိလား "
" ဘာ ..ဘာပြောတယ် .. နင် ..နင် မိုက်ရိုင်းလှချည်းလား ...လင်တရူးမရဲ့ ... အစ်ကိုက နင့်ကိုသိပ်မုန်းနေတယ်ဆိုတာသိရဲ့လား ..."
အချက်ကျလှသော မပိုးဖြူ ၏ စကားများကြောင့်မျိုးမမနိုင် မျက်နှာတစ်ခုလုံးနီရဲကာ ဒေါသထွက်သွားပြီး မပိုးဖြူကို ပါးရိုက်ရန်အတွက် လက်ကိုရွယ်လိုက်လေသည်။
"ချရဲရင် ချလိုက်လေမျိုးမမ .. ကျွန်မက ရှင်တို့ကိုအရှက်မခွဲဘူးဆိုတာကြောက်လို့မဟုတ်ဘူး ... ယောကျာ်းတစ်ယောက်ကို ပြိုင်လုရမှာရှက်လို့ သိရဲ့လား .... မိသားစု ပြိုကွဲမှာစိုးလို့ အားတင်းတောင့်ခံနေတဲ့ ကျွန်မကလင်တရူးတာလား ... အိမ်ထောင်သည် ယောက်ျားနဲ့ တိတ်တိတ်ပုန်းတွဲနေတဲ့ မျိုးမမကလင်တရူးနေတာလားဆိုတာကိုသိချင်ရင်... ဆိုင်ထဲကလူတွေကို သွားမေးကြည့်ကြမလား "
" တောက် "
မျိုးမမ မခံမရပ်နိုင်ဖြင့်တောက်တစ်ချက်ကို ခပ်ပြင်းပြင်း ခေါက်လိုက်သည်။ရတနာစိုးက မျိုးမမ၏ လက်ကို အတင်းဆွဲခေါ်လိုက်သည်။
" မျိုး ..လာပါ ပြန်ရအောင် ..... "
" ဒီမှာ ....မင်းတို့သောက်ထားတဲ့ ကော်ဖီဖိုးတွေရှင်းသွားလိုက်ပါ .."
မျိုးမမက ရတနာစိုးကို တိုင်ပင်သလို ပြောလိုက်သည်။
" မျိုးရဲ့ သဘောပဲလေ ....ကိုဇင်မောင့်မိဘတွေကလဲ ..မျိုး ဘက်ကပဲ မဟုတ်လား ..မျိုးသွားရင်ပြောလေ ...ရတနာအဖော်လိုက်ပေးပါ့မယ်..."
" ကျေးဇူးပါပဲ ရတနာရယ် "
~~~~~~
"တင်းတောင် ... တင်တောင် .."
ခြံဝမှလူခေါ်ဘဲလ်သံကြောင့် မပိုးဖြူ အံ့သြသွားပြီး ခြံဝသို့လမ်းကြည့လိုက်မိသည်။သံတံခါး၏ အလယ်ဘမှာသံပြားကြီးများဖြင့် ဆင်ယင်ထားသော တံခါးဖြစ်၍ လူ၏ခေါင်းပိုင်းကိုသာ မြင်နေရသည်။မည်သူမည်ဝါရယ် မသဲကွဲလှ။ သမီးလေးများလားဟု စိတ်ထင်လိုက်မိပြီး ရင်တွေတဒိန်းဒိန်းဆောင့်ခုန်လာသည်။မပိုးဖြူအပြေးတစ်ပိုင်းဖြင့် ခြံဝသို့ထွက်ခဲ့လိုက်သည်။
ခြံတံခါးနားသို့ မပိုးဖြူရောက်လာသည့်အခါတွင် တွေ့လိုက်ရသူမှာ ဘတ္တရီစက်ဘီးလေးနှင့် ပစ္စည်းပို့သော ကောင်လေးဖြစ်နေ၍ ရင်ထဲမှ ခုန်လှုပ်နေသော နှလုံးသားမှာ ပြေလျော့သွားရသည်။ပစ္စည်းပို့သော ကောင်လေးက မပိုးဖြူကို တွေ့သောအခါ လှမ်း၍မေးလေသည်။
"မပိုးဖြူလားခင်ဗျာ ...ပါဆယ် လာပို့တာပါ "
"ပါဆယ်ဟုတ်လား ..ဘယ်သူပို့ခိုင်းတာလဲရှင် "
မဖိုးဖြူ အံ့သြစိတ်နှင့် ပြန်မေးလိုက်သည်။
"ဟုတ်ကဲ့ ပို့သူနာမည်တော့ မသိပါဘူးအစ်မ ... ပစ္စည်းလေး လက်ခံပေးပါနော် "
" ဟုတ် .. ဟုတ်ကဲ့ "
ကောင်လေးလှမ်းပေးသော အထုပ်ကို မပိုးဖြူယောင်ဝါးဝါးနှင့် လှမ်းယူလိုက်ရ
သည်။
~~~~~~
အိမ်ထဲသို့ ရောက်သောအခါ အထုပ်ကို ဖောက်ကြည့်လိုက်ချိန်တွင် အထဲမှာစားစရာများနှင့် အားဖြည့်စာများကို တွေ့လိုက်ရ၍ အံ့ဩပြီးရင်း အံ့ဩရလေသည်။မပိုးဖြူဈေးမသွားသည်မှာ ကြာပြီဖြစ်၍ ပို့လိုက်သော ပစ္စည်းများသည် မပိုးဖြူအတွက်တော့ လိုအပ်နေသော ပစွည်းများဖြစ်နေခဲ့သည်။ပါဆယ်ထုပ်ကို ကိုင်ရင်းမပိုးဖြူ မချိပြုံးလေးပြုံးလိုက်မိသည်။
"တူ ...တူ ...တူ "
ပါဆယ်ထုပ်ထဲမှ စားစရာများကို ရေခဲသေတ္တာထဲသို့ ထည့်နေစဉ် ဖုန်းမြည်လာသဖြင့် မပိုးဖြူကောက်ကိုင်လိုက်သည်။
"ဟယ်လို ..."
"ဟယ်လို...အခုပြောနေတာ မပိုးဖြူလားရှင် "
တစ်ဖက်မှ အမျိုးသမီးတစ်ယောက်၏ အသံကြောင့် မပိုးဖြူ စိတ်ထဲထင့်ခနဲဖြစ်သွားရသည်။
"ဟုတ်ကဲ့ ...မပိုးဖြူ ပြောနေတာပါရှင် .. ဘယ်သူပါလဲ "
"ဟုတ်ကဲ့ ...ကျွန်မက ရတနာစိုးပါ....မပိုးဖြူနဲ့ ခဏလောက်တွေ့ချင်လို့ပါရှင် .... လမ်းဆုံနားက ကော်ဖီဆိုင်ကို လာခဲ့ပေးလို့ရမလားရှင်... ဒါမှမဟုတ် အိမ်ကိုလာ ဆိုရင်လဲ လာပါ့မယ် "
သိလိုက်ပါပြီ ။မပိုးဖြူသိလိုက်ပါပြီ။ဖုန်းကို ကိုင်ထားသော လက်က တဆတ်ဆတ်တုန်လာသည်။ခနွာကိုယ်ထဲရှိသွေးများ အေးခဲသွားသလိုပင် ထင်ရလေ သည်။
"ဟယ်လို ... မပိုးဖြူကြားလား မသိဘူး "
တစ်ဖက်မှ ထပ်မံ အသံထွက်လာချိန်မှာမပိုးဖြူ အသံကို မတုန်အောင် ထိန်းပြီး ပြန်ဖြေလိုက်သည်။
"ဟုတ်ကဲ့ ...ကော်ဖီဆိုင်ကို လာခဲ့ပါ့မယ် ... ဘယ်အချိန်လာခဲ့ရမလဲ ပြောပါ "
" နာရီဝက်အတွင်းပါ မပိုးဖြူ "
တစ်ဖက်မှ ဖုန်းချသွားသည်နှင့် မပိုးဖြူအပေါ်ထပ်သို့ တက်ခဲ့ပြီး အဝတ်အစားများလဲ ကာပြင်ဆင်လိုက်သည်။
~~~~~~
"ဟယ်လို ... ဆရာ...အဲ့အစ်မပြင်ဆင်ပြီး အပြင်ထွက်သွားတယ် ဆရာ "
"ဟုတ်လား ...သူ့နောက်က မသိအောင်လိုက်သွားလိုက် ... ငါအခုလာခဲ့မယ် "
တစ်ဖက်မှကောင်လေး ဖုန်းချသွားသည်နှင့် မိုးထက်အပြင်ထွက်ရန် ပြင်ဆင်လိုက်သည်။သူ့အနေနှင့် မပိုးဖြူကိုစောင့်ကြည့်ခိုင်းထားခဲ့ခြင်းဖြစ်သည်။ထို့သို့ စောင့်ကြည့်ခိုင်းရခြင်းမှာလည်း ပြဿနာဖြစ်ပြီး အိမ်ပေါ်မှဆင်းသွားခဲ့လျှင် လမ်းစရှာမရအောင် ပျော်ဆုံးသွားမှာစိုးသောကြောင့် သာဖြစ်သည်။သည်ရက်ထဲဈေးသွားနိုင်ပုံလည်းမရသောကြောင့် စားစရာများလည်း ဝယ်ပို့ပေးခဲ့သည်။သူအဖြစ်ကို သိလျှင် ရဲသူကတော့ အပြစ်တင်လိမ့်မည်ထင်သည်။အကယ်၍ရဲသူသိသွားပြီး အပြစ်ပြောလျှင်လည်း ခံရုံသာရှိသည်။သူမှမကူညီလျှင် ကူညီမည့်သူရှိပုံမရသော သူမကို မိုးထက်မည်သို့မျက်နှာလွှဲရက်ပါ့မည်နည်း။
~~~~~
ကော်ဖီဆိုင်ရှေ့သို့ ရောက်သည်နှင့် ခေတ်ဆန်၍ လှပချောမောသော အမျိုးသမီးတစ်ယောက် မပိုးဖြူ ရှိရာဆီသို့ လျှောက်လာသည်ကို တွေ့လိုက်ရသည်။
"မပိုးဖြူ လာပါ ..ကျွန်မက ရတ တစိုးပါရှင် "
နှစ်ယောက်သား ကော်ဖီဆိုင်ထဲသို့ဝင်ခဲ့ကြသည်။ ရတနာစိုးက ရှေ့မှ ဦးဆောင်၍ ဆိုင်အပေါ်ထပ်သီးသန့်ခန်းများဆီသို့ တက်သွားလေသည်။မပိုးဖြူလည်း တည်ငြမ်းသော ခြေလှမ်းများဖြင့်နောက်မှလိုက်တက်ခဲ့လိုက်သည်။
အပေါ်ထပ်သို့ရောက်လျှင် အခန်းတစ်ခန်းထဲသို့ ရတနာစိုးက ဦးဆောင်ဝင်လိုက်လေသည်။
"လာပါ မပိုးဖြူ "
အခန်းထဲသို့ ရောက်သောအခါတွင် မပိုးဖြူတွေးထင်ထားသကဲ့သို့ပင် မျိုးမမနိုင် ဆိုသောအမျိုးသမီးကို မပိုးဖြူတွေ့လိုက်ရလေသည်။မျိုးမမနိုင်က မပိုးဖြူကို စူးရှတောက်ပသော မျက်ဝန်းအစုံဖြင့် စိုက်၍ကြည့်နေလေသည်။မပိုးဖြူသည်လည်း ခပ်စူးစူးမျက်လုံးများဖြင့် ကြည့်လိုက်ပြီး ခုံတစ်လုံးကို ဆွဲယူကာ ထိုင်လိုက်သည်။
မပိုးဖြူထိုင်လိုက်ပြီးသည်နှင့် မျိုးမမထံမှစကားသံထွက်လာခဲ့လေသည်။
#နွေလယ်အိပ်မက်
(အခန်းဆက် ဝတ္ထု)
အပိုင်း (၁၁)
*******
" ဒေါ်ကြီးမြရယ် သွားလိုက်ပြန်လိုက်နဲ့ ပင်ပန်းလိုက်တာရှင် .. ပိုးဖြူ တကယ်အားနာပါတယ် ..."
ညမှောင်မှောင်တွင် အထုပ်လေးပိုက်ကာ ရောက်လာသော ဒေါ်ကြီးမြကိုကြည့်ပြီး မပိုးဖြူ အားနာစွာ ပြောလိုက်သည်။ဒေါ်ကြီးမြကိုကြည့်ပြီး တဆက်တည်း မပိုးဖြူသိလိုက်ရသည်မှာ ယနေ့ ညအဖို့ ကိုဇင်မောင်အိမ်သို့ပြန်မလာတော့ကြောင်းဖြစ်လေသည်။
" ဒါနဲ့ ဒေါ်ကြီးမြရယ် ... သမီးလေးကို မတွေ့မိဘူးလားဟင် ...သမီးက ကျွန်မကိုဘာမှမမှာလိုက်ဘူးလားရှင် "
မပိုးဖြူ၏ အမေးကြောင့် ဒေါ်ကြီးမြတွေခနဲဖြစ်သွားရပြီးမှ
"အင်း ...ပိုးအိလေးက အင်္ဂလိပ်စကားပြောသင်တန်းကြောင့် မအားလို့ပါတဲ့ ....မောင်ဇင်မောင်ကတော့ ဒီညဒေါ်ကြီးကို
ပြောလိုက်ပါတယ် ... နောက်ရက် မှပဲ...ပိုးအိလေးကိုအိမ်ကိုခေါ်ခဲ့မယ်တဲ့ "
" ဪ ...ကိုဇင်မောင် အဲ့ဒီအိမ်မှာရောက်နေတာလား ဒေါ်ကြီး "
" ဟုတ်တယ်ကွဲ့ ...ဧည့်သည်တစ်ယောက်ကို ထမင်းဖိတ်ကျွေးတာ ပါကွယ်....အဲ့ဒီဧည့်သည်ကလေ ..."
မပိုးဖြူ၏အမေးကို ဒေါ်ကြီးမြက လွှတ်ခနဲပြန်ဖြေလိုက်ပြီးမှ တစ်စုံတစ်ခုကို သတိရသွားပြီး စကားကိုချက်ချင်း ရပ်တန့်ပစ်လိုက်သည်။မပိုးဖြူက ပါးနပ်လှစွာ ဒေါ်ကြီးမြကိုမေးလိုက်သည်။
"ဆက်ပြောလေ ဒေါ်ကြီး... ကြည့်ရတာ ဧည့်သည်က .ခပ်ချောချော အမျိုးသမီးမဟုတ်လား ... ခန္ဓာကိုယ်လဲ သိပ်လှတယ်လေ "
" တူ ..တူမကြီးက ...သိ..သိနေတာလားကွယ် "
ဒေါ်ကြီးမြသည် မပိုးဖြူကို သနားကြင်နာသော မျက်ဝန်းများဖြင့် ကြည့်လိုက်ပြီး အထစ်ထစ် အငေါ့ငေါ့ဖြင့် မေးလိုက်သည်။
မပိုးဖြူ ဘာမျှပြန်မဖြေတော့ဘဲ
" ဒေါ်ကြီးရယ် .... ကျွန်မ ဗိုက်ဆာလိုက်တာ ...ကြက်ဥပြုတ်လေးနဲ့ နွားနို့တစ်ခွက်လောက် ရမလားဟင် "
" ရ ..ရပါတယ်ကွယ် .... ဒါ ...ဒါပေမဲ့
"
ဒေါ်ကြီးမြသည် မပိုးဖြူကို ထားခဲ့ရန် စိတ်မချနိုင်သည့် ဟန်ဖြင့် ကြည့်နေသောကြောင့် မပိုးဖြူမှာ ခုတင်ထက်မှ အသာထလိုက်ပြီး
"ကျွန်မတစ်ခုခုလုပ်လိုက်မှာကြောက်လို့လား ဒေါ်ကြီး ..တစ်နေ့ခင်းလုံး ဒီအိမ်မှာ ကျွန်မတစ်ယောက်တည်း ရှိနေခဲ့တာပါ ဒေါ်ကြီးရယ်... ဒေါ်ကြီး ရောက်လာမှတော့ ဒေါ်ကြီးကို ပြဿနာတက်အောင် ထပ်မလုပ်ပါဘူးရှင် ... ပြီးခဲ့တဲ့ ကိစ္စအတွက်လဲ တောင်းပန်ပါတယ် "
" အေး ..အေးပါ တူမကြီးရယ် ..တောင်းပန်ဖို့မလိုပါဘူးကွယ်... ဒေါ်ကြီးသွားလုပ်လိုက်ပါ့မယ် "
ဒေါ်ကြီးမြ ယောင်ဝါးဝါးနှင့် ခေါင်းငြိမ့်ပြီး ပြန်ထွက်သွားစဉ်မှာပင် ခပ်စောစောကမှ ပါဝါဖွင့်လိုက်သော ဖုန်းကထမြည်လာသည်။
"တူ ..တူ ..တူ "
ဖုန်းဆက်သူမှာဝေဝေဖြစ်သည်။မပိုးဖြူ ဖုန်းကို ကောက်ကိုင်လိုက်သည်။
" ဟယ်လို "
" ဖြူဖြူ ... နင်ဘာလို့ ဖုန်းပိတ်ထားတာလဲ ... ငါနေ့တိုင်းနင့်ကို ဖုန်းခေါ်နေတာ ...နင့်အိမ်ကို လာကြည့်တော့လဲ ဘယ်သူမှမရှိဘူးလေ...ဒါနဲ့ နင်ဘယ်မှာလဲ ... အိမ်ပေါ်က ဆင်းသွားတာလား "
ဖုန်းကိုင်လိုက်သည်နှင့် တရစပ်ပြောနေသော ဝေဝေ့စကားသံသည် ယခင်ကလို ပြိုင်ဆိုင် အနိုင်ယူလိုသော အသံမျိုးမဟုတ်သည်ကို မပိုးဖြူသတိထားလိုက်မိသည်။ဝေဝေသည်ပင် မပိုးဖြူကို သနား၍နေပြီ ထင်ပါလေသည်။
"ဖြူဖြူ ငါမေးနေတာမကြားဘူးလား ...နင်ဘယ်တွေရောက်နေတာလဲ ...နင့်ကို လာတွေ့မလို့ ...ဟိုတစ်ယောက် အကြောင်းတွေ အကုန်စုံစမ်းလိုရပြီ သိလား "
ဝေဝေ၏ စကားကြောင့် မပိုးဖြူ လိမ်ညာ၍ ပြောလိုက်သည်။
"ငါ ... နယ်ဘက်ရောက်နေတယ် ဝေဝေ .. ငါတို့နောက်မှ တွေ့တာပေါ့ "
"ဘယ်လို ..ဒီအချိန် ဘာလို့နယ်ကိုသွားတာလဲ ... သွားရမှာက နင်မဟုတ်ဘူးလေ ... ကိုဇင်မောင်နဲ့တွဲနေတဲ့ အဲ့ဒီတစ်ယောက်ကလေ ..နာမည်က မျိုးမမနိုင်တဲ့ ရန်ကင်းမှာနေတယ် ... အလှကုန် ပစွည်း မတ်ကက်လေးဖွင့်ထားတယ်....အဲ့ဒီဆိုင်ကို ကိုဇင်မောင် နေ့တိုင်းသွားတာ ... နင်လိုက်ချောင်းပြီး နှစ်ယောက်လုံးကို အရှက်ခွဲပစ်လိုက်စမ်းပါဟယ် ...ပြီးတော့ နင့်သမီးပိုးအိဇင်လဲ အဲ့ဒီမိန်းမဆိုင်ကို မကြာခဏသွားပုံပဲ "
"ဘာ..ဘာပြောတယ် ဝေဝေ ... ငါ့ ...ငါ့သမီးပါ သွားတာလား "
မပိုးဖြူရင်တစ်ခုလုံးပေါက်ကွဲသွားသကဲ့သို့ခံစားလိုက်ရပြီး ထိတ်လန့်တုန်လှုပ်စွာ တုန်တုန်ယင်ယင်ဖြင့် မေးလိုက်မိသည်။
" အေး ဟုတ်တယ် ....ငါလေ ဒေါသတွေထွက်လွန်းလို့ ဆွဲလုပ်ပစ်ချင်တာ သိလား ....နင်သွား သောင်းကျန်းမယ်ဆိုရင် ငါပါလိုက်ခဲ့မယ် ... နှစ်ယောက်လုံးကို အရှက်ခွဲပြီး ပါးတွေချည်းပဲချပစ်...ပြီးရင်လုံးဝကွာမပေးနဲ့ ကြားလား "
" အေး ...အေးပါ ...."
မပိုးဖြူ အယောင်ယောင် အမှားမှားပြောလိုက်ရင်း ခုတင်ပေါ်သို့ အရုပ်ကြိုးပြတ် ထိုင်ချလိုက်မိသည်။မပိုးဖြူ အသက်နှင့် ရင်း၍မွေးထုတ်ရသော သမီးဖြစ်သူကပင်လျှင် မပိုးဖြူ၏ရင်ကို အရှင်လတ်လတ်ခွဲချေပြီလေ။ ငိုရန်ပင် မပိုးဖြူသတိမရမိပါ။ ဆွံအလျက်ဖြင့် လူတစ်ကိုယ်လုံး ထုံထုံထိုင်းထိုင်းကြီးဖြစ်သွားရလေသည်။
~~~~~~
"သူအချိန်စွဲနေတာမရိုးဘူးလို့ မ မျိုးစိတ်က ထင်နေမိတယ် ရတနာ ...အဲ့ဒါ သူ့နဲ့ တွေ့ကြည့်ရင်ကောင်းမလားလို့ .. သီးသန့်ခန်းပါတဲ့ ကော်ဖီဆိုင်မှာချိန်းလိုက်ရမလား "
"ပိုးဖြူ ..တူမကြီး မောရင်ပြောနော် "
" ရပါတယ် ဒေါ်ကြီး ... ကျွန်မသက်သာနေပါပြီရှင် "
~~~~
တက္ကစီကားထဲသို့ ဝင်သွားသော နွမ်းဖျော့ဖျော့ပုံရိပ်ကိုကြည့်ပြီး မိုးထက်သက်ပြင်းမောကိုချလိုက်မိသည်။ယနေ့ သူမဆေးရုံဆင်းရမည်ကို ရဲသူပြောပြ၍မိုးထက် သိခဲ့သည်။မပိုးဖြူထံမှ "မလာပါနဲ့ တောင်းပန်ပါတယ် " ဆိုသောစကားကို ကြားရပြီးကတည်းက မိုးထက်သူမကို သွားမတွေ့ဖြစ်တော့ပါ ။အကယ်၍ သူမသာ လွတ်လပ်သူတစ်ယောက်ဆိုလျှင်တော့ ဤစကားကို မိုးထက်လိုက်နာမိချင်မှ လိုက်နာမိမည်ထင်သည်။ယခုတော့ ကိုယ့်အတွက်ဆိုတာထက် သူမ၏ ကိုယ်ကျင့်သိက္ခာအတွက် မိုးထက် အဝေးမှပဲ စောင့်ရှောက်ပေးဖို့ ဆုံးဖြတ်လိုက်ရသည်။ရှေ့မှ တက္ကစီကားလေးထွက်သွားသောအခါ ခပ်လှမ်းလှမ်းမှနေ၍ မိုးထက်ကားကို ဖြည်းဖြည်းမှန်မှန်မောင်းပြီး လိုက်ခဲ့သည်။
~~~~~
" ဒေါ်ကြီးမြ ပြန်ချင်ပြန်တော့လေ .. ပြန်ရဲတယ် မဟုတ်လား "
" ပြန်ရဲပါတယ် မောင်ဇင်မောင်..."
ကိုဇင်မောင်၏ စကားကြောင့် ဒေါ်ကြီးမြက မပိုးဖြူကို သနားကြင်နာစွာလှမ်းကြည့်ရင်း ပြန်ဖြေလိုက်သည်။ဒေါ်ကြီးမြမှာ အလုပ်သမားဖြစ်နေ၍ ၀င်ရောက်ပြောခွင့်မရှိ၍သာ ပြောခွင့်ရလျှင်ဖြင့် "ဒီနေ့တော့ မပိုးဖြူကို စိတ်ညစ်ရမဲ့စကားတွေ မပြောပါနဲ့လား မောင်ဇင်မောင်ရယ် " ဟု ပြောမိလိမ့်မည်ထင်သည်။
ဒေါ်ကြီးမြ ပြန်သွားသောအခါ ကိုဇင်မောင်က အခန်းဝတွင်ရပ်နေရာမှ မပိုးဖြူရှိရာအိပ်ခန်းထဲသို့ ၀င်လာခဲ့သည်။
ကိုဇင်မောင်ဝင်လာသည်ကို တွေ့သည်နှင့် မပိုးဖြူလှဲနေရာမှ ထထိုင်လိုက်သည်။
"မင်း သက်သာလား ... ငါ့တို့စကားပြောရအောင် "
ကိုဇင်မောင်က မှန်တင်ခုံရှေ့ရှိ ထိုင်ခုံတွင်၀င်ထိုင်ရင်း ပြောလိုက်သည်။
'' ကျွန်မအခုဘာမှ မပြောချင်သေးဘူး ... နောက်သုံးလေးရက်နေရင် ... ရှင်ပြောတာကို ကျွန်မနားထောင်ပေးပါမယ် ... အခုရှင့်ဆီမှာ တောင်းဆိုစရာတစ်ခုရှိပါတယ် ..မနက်ဖြန်ဖြစ်ဖြစ်...သဘက်ခါဖြစ်ဖြစ် သမီးကိုခေါ်ပေးပါ ...သမီးကိုခဏဖြစ်ဖြစ်တွေ့ချင်တယ် ရှင်ကူညီပေးပါ .... ကျွန်မအိပ်တော့မယ် "
မပိုးဖြူပြောပြီးသည်နှင့် မျက်နှာကိုတစ်ဖက်သို့လှည့်ကာ လှဲအိပ်ချလိုက်သည်။
" ဟုတ်ပြီလေ .. သမီးကို ခေါ်လာခဲ့ပေးပါမယ် .. ပြီးတော့ ငါလဲ မင်းကိုတစ်ခုတော့ တောင်းဆိုမယ် ..ဒီအိမ်မှာတော့ ထပ်ပြီး သေကြောင်းမကြံပါနဲ့ ...အထူးသဖြင့် သမီးလေး စိတ်ရှုပ်ထွေးအောင် မလုပ်ပါနဲ့ "
မပိုးဖြူဆတ်ခနဲ ကိုဇင်မောင်ကို လှည့် ကြည့်လိုက်မိပြီး
"စိတ်ချပါ ... ရှင်အိမ်မှာ ကျွန်မ ဘာမှထပ်မလုပ်ပါဘူး ..ရှင်ထွက်သွားပါတော့ ...ဒီကြားထဲရှင်ပြန်လာချင်လာမလာချင်လဲ ရပါ တယ် နောက်ငါးရက်နေရင်တော့ ပြန်လာခဲ့ပါ ...အဲ့ဒီတော့မှ စကားပြောမယ် "
သူ့အပေါ် မပိုးဖြူ၏အခေါ်အဝေါ်ပြောင်းလဲသွားသည်ကို ကိုဇင်မောင်သတိထားလိုက်မိသည်။ကိုဇင်မောင် အခန်းထဲမှ ပြန်ထွက်ခဲ့လိုက်သည်။နောက်ထပ် ငါးရက်ဆိုသည်မှာ ကြာလှသောအချိန်မဟုတ်တော့ ကိုဇင်မောင်ကျေကျေနပ်နပ်ပင် လက်ခံလိုက်ပါသည်။
~~~~
" ဘယ်လိုလဲ အစ်ကိုရယ် မပြောရသေးဘူးလား ... ညနေဆိုရင်ပဲ လူကြီးတွေနဲ့ မျိုးကသွားတွေ့ရတော့မှာလေ "
မျိုးမမက ကိုဇင်မောင်ကို ကြည့်ကာ မကျေမနပ်ပြောလိုက်သည်။
''မဟုတ်ပါဘူး မျိုးရယ် ... နောက်ငါးရက်ပဲစောင့်ပါကွာ ..ကိုယ်လဲ သူ့ကို ဒီလောက်တော့လိုက်လျောသင့်တယ်ထင်လို့ပါ ...စိတ်မဆိုးပါနဲ့နော် မျိုးရယ် "
ကိုဇင်မောင်သည် ပျာပျာသလဲဖြင့် မျိုးမမကို ချော့မော့လိုက်သည်။
~~~~
" အန့်တီသားငယ်က သမီးလေးသိပ်လှတဲ့အကြောင်းပြောတုန်းက အန်တီက မယုံဘူးဖြစ်နေတာ ..အခုလိုတွေ့လိုက်ရမှပဲ ယုံတော့တယ် "
ကိုဇင်မောင်၏ မိခင်ကြီးက မျိုးမမကို ကြည့်ရင်း ကျေနပ်စွာ ပြောလိုက်သည်။ဝတ်ကောင်းစားလှများကို အထက်တန်းကျကျ ဝတ်ဆင်လာပြီးစိန်နားကပ်၊ စိန်လည်ဆွဲနှင့် စိန်လက်စွပ်ကို ဝတ်ဆင်လာသော မျိုးမမကို ကိုဇင်မောင်၏ မိခင်ကြီးနှင့်အတူ ကိုဇင်မောင်၏ အစ်မများသည်လည်းကျေနပ်သဘောကျနေကြသည်။ကိုဇင်မောင်၏ဖခင်ကြီးမှာမူ ဇနီးနှင့် သားသမီးများအကြိုက် အလိုလိုက် အကြိုက်ဆောင်နေသူဖြစ်သောကြောင့် ဘာမှထွေထွေထူးထူး၀င်ရောက်ပြောဆိုခြင်းမရှိဘဲ စားသောက်ပြီးသည်နှင့်မျိုးမမကိုနှုတ်ဆက်က သူ၏ အခန်းထဲသို့ ဝင်သွားလေသည်။
"သားငယ်မပါရင်လဲ ..အိမ်ကိုဝင်ထွက်နော် သမီး ...အန်တီတို့အိမ်က သမီးကို ကြိုဆိုလျက်ပါနော် ....သမီးတို့ကိစ္စတွေကိုလဲ ..မကြာခင်မှာ အဆင်ပြေအောင်အန်တီတို့က စီစဉ်ပေးမှာပါကွယ် "
" ကျေး ..ကျေးဇူးပါ အန်တီ "
မိသားစုများအားလုံး ဧည့်ခန်းထဲတွင် ပျော်ပျော်ရွှင်ရွှင်နှင့် စကားပြောနေချိန်တွင် ပိုးအိဇင်ကတော့သူမအခန်းထဲတွင် ချစ်သူနှင့်အွန်းလိုင်းပေါ်မှဗီဒီယိုကော ခေါ်ကာ စကားပြောနေခဲ့သည်။သည်တစ်ခေါက် ပိုးအိဇင်၏ ချစ်သူအသစ်စက်စက်မှာ အွန်လိုင်းပေါ်မှ စတင်သိရှိခဲ့ပြီး အပြင်တွင် ချိန်းတွေ့ခဲ့ကြခြင်းဖြစ်သည်။အသက်က ပိုးအိဇင်ထက် သုံးနှစ်လောက်ကြီးသည်။သူက နိုင်ငံခြားတွင် ပညာသင်ကြားဖို့ သွားတော့မည့်သူ ဖြစ်သည်။ထို့ကြောင့် ချစ်ရသူနှင့်အတူလိုက်သွားရန် ပိုးအိဇင်စီစဉ်နေခြင်းဖြစ်သည်။
"ကျွန်တော် တောင်းပန်းပါတယ် မပိုးဖြူ...မိတ်ဆွေတစ်ယောက်အနေနဲ့ ကျွန်တော်လာခဲ့တာပါ...ကျွန်တော်အခုပြန်ပါတော့မယ် ...မပိုးဖြူဖုန်းထဲမှာ ကျွန်တော့်ဖုန်းနံပတ်ရှိတယ်မဟုတ်လား ... မပိုးဖြူအတွက် ကျွန်တော့်အကူအညီကိုလိုအပ်ရင် အချိန်မရွေး ဖုန်းဆက်လိုက်ပါ....ပြီးတော့နောက်ထပ် ဒီလိုမလုပ်ပါနဲ့မပိုးဖြူရယ်...အရာရာကိုသတ္တိရှိရှိရင်ဆိုင်လိုက်စမ်းပါ ... သေချင်တိုင်းသေခွင့်မရရင်..ရှင်ဖို့အတွက် သတ္တိရှိရှိ ရုန်းကန်လိုက်ပါ ...သူများတွေပျော်နေပြီး ကိုယ်ပဲစိတ်ဆင်းရဲနေရရင်မတန်ဘူးလေ ...ကျွန်တော် သွားတော့မယ် "
ပြောပြီးသည်နှင့် မိုးထက် အခန်းထဲမှ ထွက်ဖို့ပြင်လိုက်သည်။
" ကိုမိုးထက် ..အားလုံးအတွက်ကျေးဇူးတင်ပါတယ်နော် "
မပိုးဖြူ၏ ကျေးဇူးတင်စကားကြောင့် မိုးထက်မချိပြုံးပြုံးလျက်ခေါင်းကိုငြိမ့်ပြလိုက်မိသည်။
~~~~
"ဘယ်လို ... သူကတကယ်ပဲ သေကြောင်းကြံခဲ့တာလား မျိုး "
ရတနာစိုးက မျိုးမမကိုကြည့်ပြီး ထိတ်လန့်သွားသော အမူအရာဖြင့် မေးလိုက်သည်။မျိုးမမက မဲ့ပြုံးလေးပြုံးလိုက်ပြီး
"တို့တော့ မထင်ပါဘူးကွာ....ရှိုး လုပ်တာလို့ထင်တာပဲ ...ကိုဇင်မောင်သူ့ဆီပြန်လာရေးနည်းလမ်းပေါ့ကွာ "
" အင်း ဟုတ်လိမ့်မယ် ...အဲ့ဒီလိုဆိုရင် မင်းသတိထားမှဖြစ်မယ် မျိုးရဲ့ ...သူတို့ကအတူနေခဲ့တာနှစ်တွေကြာပြီဆိုတော့ ငယ်သံယောဇဉ်တော့ရှိမှာပဲလေ "
ရတနာစိုး၏ စိုးရိမ်ပူပန်သောစကားကြောင့် မျိုးမမက အနိုင်ရသူ၏ အပြုံးနှင့်ပြုံးလိုက်ပြီး
"မထင်နဲ့ ရတနာရေ .. ကိုဇင်မောင်က တို့ဘက်ကလေ ..ရှေ့အပတ်ထဲမှာ သူ့မိဘအိမ်မှာထမင်းစားဖို့တောင် ဖိတ်ပြီးပြီလေ "
"ဟယ် ..တကယ်လားမျိုး ...မင်းအတွက် ဝမ်းသာပါတယ်ကွာ .. ဒါပေမဲ့ ဒီလိုငြိမ်နေလို့တော့မဖြစ်ဘူးနော်.....ဟိုအမျိုးသမီးကို သွားတွေ့ပြီး မျိုးတို့အခြေအနေကို ပြောပြလိုက်ရင် သူမြန်မြန်နောက်ဆုတ်သွားမယ် ထင်တယ် ...ဒီအမျိုးသမီးကနှောက်ယှက်ရဲတဲ့ သတ္တိရှိပုံမပေါ်ပါဘူး...ငွေနည်းနည်းပါးပါး ပေးလိုက်ပေါ့ မျိုးရယ် ...အခု သူတို့နေနေတဲ့အိမ်က ကာလပေါက်ဈေးနဲ့ဆိုမနည်းဘူးကွ "
ရတနာစိုး၏ စကားကြောင့် မျိုးမမကြိတ်၍ပြုံးလိုက်သည်။ဆယ်ပေ ပေလေးဆယ်သာရှိသောအိမ်လေးထက် ပေလေးဆယ်ခြောက်ဆယ်ရှိသော ခြံနှင့်ဝန်းနှင့် နှစ်ထပ်အိမ်ကြီးကို မျိုးမမက စိတ်မဝင်စားဘဲနေပါ့မည်လား ။
"အင်း ....အဲ့တစ်ယောက်ကို မျိုးသွားတွေ့ရင်... ရတနာလဲလိုက်ခဲ့ပေးပါနော် "
"စိတ်ချပါ လိုက်ခဲ့ရမှာပေါ့လေ "
~~~~~~
"ဒီနေ့ သူဆေးရုံကဆင်းမှာလား အစ်ကို .... မျိုးတို့ကိစ္စကို ဖွင့်ပြောမှာလားဟင် ... တကယ်လို့ သူက လက်မခံလို့ အဆင်မပြေရင် ဘယ်လိုလုပ်မလဲ အစ်ကို "
မျိုးမမက ကိုဇင်မောင်၏ လက်မောင်းကို ဖက်တွယ်လျက်ပြောလိုက်သည်။
"စိတ်မပူပါနဲ့ မျိုးရယ် ...အဆင်ပြေမှာပါ .... မနက်ဖြန် အမေတို့အိမ်မှာ ကိုယ်တို့ထမင်းသွားစားမဲ့အကြောင်းကိုပဲ တွေးပါကွာ .... ကိုယ့်အမေနဲ့ အစ်မတွေက မျိုးကို တွေ့ချင်နေကြပြီ "
" မျိုး ကြောက်တယ် အစ်ကိုရယ် ..အဆင်ပြေပါ့မလားဟင် "
မျိုးမမစိုးရွံ့ဟန်ဖြင့် မေးလိုက်သည်။ကိုဇင်မောင်က မျိုးမမ၏ပခုံးလေးကိုခပ်ဖွဖွဖက်လိုက်ပြီး
"ဘာကြောက်စရာလိုလဲ မျိုးရယ် ...ကိုယ့်အမေနဲ့ အစ်မတွေက .အားလုံအစ်ကို့သဘောပဲ ..ကဲပါ ... အစ်ကိုသွားတော့မယ်နော် ...ဆိုင်(၃)ကို ဒီနေ့လုံးဝသွားမကြည့်ရသေးဘူးလေ "
ပြောပြောဆိုဆိုနှင့် ကိုဇင်မောင်ထိုင်နေရာမှထလိုက်သည့် အခါတွင်မျိုးမမ နှုတ်ခမ်းလေးစူလိုက်ပြီး
"ဟုတ်လို့လား အစ်ကို ... မဟုတ်မှ ဆေးရုံဆင်းတာကို သွားကြိုမလို့ ထင်တယ် "
"ဟာ ...မဟုတ်ရပါဘူးမျိုးရယ် .. သူ့ကိုသွားကြိုဖို့အတွက် ...အမေတို့အိမ်မှာ သန့်ရှင်းရေးလုပ်တဲ့ ဒေါ်ကြီးမြကိုခိုင်းထားပါတယ် ..မယုံရင်အစ်ကိုသွားရာနောက်ကို မျိုးလိုက်ခဲ့လေ "
ကိုဇင်မောင်က မျိုးမမ၏ သဝန်တိုစကားကိုချက်ချင်းပင်တုံ့ပြန်ပြောဆိုလိုက်ရင်း မျိုးမမနားတွင် ပြန်ထိုင်ချလိုက်လေည်။
" စတာပါ အစ်ကိုရယ် ....မျိုးက အစ်ကို့ကို ယုံပြီးသားပါနော် ..သွားပါ ညနေမှလာခဲ့နော် "
" လာမှပေါ့ မျိုးရဲ့ .. စိတ်ချပါ ...ဒီကောင်က မျိုးကိုမတွေ့ရရင် စားမဝင်အိပ်မပျော်ဖြစ်နေတဲ့ကောင်ပါ "
ကိုဇင်မောင်က ပြောရင်း မျိုးမမ၏ ပါးပြင်လေးကိုနမ်းလိုက်သည်။
"သွားပါ အပိုတွေ ပြောနေတယ် "
မျိုးမမက ကိုဇင်မောင်ကို ခပ်ဖွဖွတွန်းလိုက်ပြီး ခပ်ချွဲချွဲလေး ပြောက သဘောတကျရယ်မောလိုက်လေသည်။
~~~~~
"ပိုးဖြူ ...တူမကြီးလမ်းလျှောက်နိုင်တယ် မဟုတ်လား ...အောက်မှာကားငှားထားပြီးသွားပြီ "
" ဟုတ်ကဲ လျှောက်နိုင်ပါတယ် ဒေါ်ကြီး "
မပိုးဖြူလက်ဆွဲအိတ်လေးကိုဆွဲပြီး ဒေါ်ကြီးမြနောက်မှ တရွေ့ရွေ့လျှောက်လာခဲ့သည်။သမီးနှင့် ခင်ပွန်းဖြစ်သူရှိပါလျက်နှင့် မပိုးဖြူ၏ဆေးရုံဆင်းသည့် အိမ်အပြန်ခရီးက အိမ်အကူအဒေါ်ကြီးနှင့်အငှားကားတစ်စီးသာဖြစ်ခဲ့ပါလေသည်။ မပိုးဖြူ ထူးပြီးခံစားမနေတော့ပါ။ဒေါ်ကြီးမြက တော့ မပိုးဖြူကိုသနားနေ၍ ထင်သည် မပိုးဖြူအပေါ်မှာ ဂရုတစိုက်ရှိလှပါလေသည်။မပိုးဖြူသည် သနားစရာလူတစ်ယောက် ဖြစ်နေခဲ့ချေပြီလား။
#နွေလယ်အိပ်မက်
(အခန်းဆက် ဝတ္ထု)
အပိုင်း (၁၀)
*****
" မင်း အိပ်နေတာလား ပိုးဖြူ ....မအိပ်ဘူးမဟုတ်လား ... ငါတို့စကားနည်းနည်းပြောရအောင်"
တကယ်ဆိုလျှင် အနားသို့ ကပ်လာပြီး နဖူးလေးလက်လေးဖြစ်ဖြစ်စမ်းပြီး "သက်သာရဲ့လား" ဟုသောစကားမျိုးကို အရင်းဆုံးပြောရမည်မဟုတ်ပါလား။ ဟန်ဆောင်၍ပဲဖြစ်ဖြစ် မေးသင့်သည်လေ။ယခုမူ ရက်စက်မှု အပေါင်းသရဖူဆောင်းထားသော ဤယောက်ျားသည် တစ်ချိန်တုန်းကတော့ မပိုးဖြူနောက်သို့ တကောက်ကောက်လိုက်ကာ အရူးအမူးချစ်ပြခဲ့သလောက် ယခုအချိန်မှာတော့ မပိုးဖြူကို လူသားတယောက်ဟုပင် ထင်မှတ်ပုံမရတော့ပါချေ။ခြေသံသည် မပိုးဖြူအနားသို့ လျှောက်လာသံကိုကြားရသည်။ခုတင်နားသို့ကပ်မိလျှင် မပိုးဖြူကြားသားရုံ အသံခပ်တိုးတိုးထွက်လာသည်။
"မင်းကိုရွှေငွေအပြည့်နဲ့ ထားပေးထားတယ် ...အခုချိန်ထိမင်းကို ရိုက်တာနှက်တာတွေလဲ မလုပ်ခဲ့ဘူးနော်.... မင်းနေခဲ့ရတဲ့ ဘ၀နဲ့မတူအောင် အစစအရာရာပြည့်စုံအောင်ထားပေးခဲ့တာမင်းသိတယ်မဟုတ်လား ..ငါ့အသက် (၁၉)နှစ်ကနေ အခုချိန်ထိမင်းကိုပေးဆပ်ခဲ့တာပဲ ..ဒီလိုဆိုလုံလောက်နေပါပြီ ...မင်းမသေပါနဲ့ ...မင်းလဲမင်းလမ်းကို လျှောက်နိုင်အောင် ကြိုးစားပါ "
အသံသည် ပြတ်သား၍ အေးစက်ပါသည်။မျက်လုံးအစုံကို မှိတ်ထားရင်းမှ မပိုးဖြူ အံကိုတင်းတင်းကြိတ်ထားမိသည်။
"မင်းနေကောင်းအောင်နေပါ ... ငါသွားတော့မယ် "
ရောက်လာပြီး လူနာစောင့်ခုံမှာပင်တစ်စက္ကန့်မျှမထိုင်ဘဲ ချက်ချင်းပြန်ထွက်သွားရန် ပြင်နေသောကြောင့် မပိုးဖြူမျက်လုံးကို ဖွင့်ကြည့်လိုက်မိသည်။ အံကိုကြိတ်လျက် လေသံပျော့ပျော့ဖြင့် လှမ်းမေးလိုက်မိသည်။
"ရှင်ဘယ်ကို ခရီးသွားတာလဲ ... ဘယ်သူနဲ့ သွားတာလဲ ."
မပိုးဖြူ၏ အမေးကြောင့် ပြန်ရန်ပြင်နေသော ကိုဇင်မောင်၏ ခြေလှမ်းများတုံ့ခနဲ့ ဖြစ်သွားရသည်။မပိုးဖြူကို လှည့်ကြည့်လိုက်ပြီး
"အဲဒီကိစ္စကို မင်းသက်သာလာရင် ပြောမယ် ... ပြီးတော့သမီးက နိုင်ငံခြားမှာ ကျောင်းသွားတက်ချင်တယ်တဲ့ .... အဲ့ဒါ ငါခွင့် ပြုလိုက်ပြီ ... "
" ဘာ ... ဘာပြောတယ် ... ဒီ .. ဒီစကားကို လမ်းကြုံပြောသလို ပြောပြတာလား ...သမီးကိစ္စကိုတောင် ကျွန်မဘာမှမသိရဘူးလား...ရှင်တို့ ကျွန်မကိုလူလို့ တောင်သက်မှတ်ကြသေးရဲ့လား "
သမီးနဲ့ ပတ်သက်လာသောအခါ မပိုးဖြူအားယူကုန်းထလိုက်ပြီး ဒေါသတကြီးနှင့်ပြောလိုက်မိသည်။
'"တော်ပြီး အခုဘာမှမပြောချင်ဘူး ..မင်းနေကောင်းမှ အားလုံးပြောမယ် ...ငါပြန်တော့မယ် "
ပြောပြီးသည်နှင့် ချာခနဲလှည့်ထွက်သွားသော ယောကျာ်းဖြစ်သူ၏ကျောပြင်ကို မပိုးဖြူ နှုတ်ဆိတ်လျက် စူးစူးစိမ်းစိမ်းကြည့်နေမိသည်။ဖိကိုက်ထားမိသော နှုတ်ခမ်းထောင့်ဆီမှ ဆစ်ခနဲ နာကျင်မှုနှင့်အတူ အသက်ရှူနှုန်းများကပါ မောဟိုက်ပင်းပန်လာသလို မပိုးဖြူခံစားလိုက်ရသည်။
~~~~~~
ဒေါက်တာရဲသူသည် မပိုးဖြူ၏ အခန်းထဲသို့ဝင်မည်အပြုတွင် အခန်းထဲမှထွက်လာသော ခပ်ချောချောအမျိုးသားကို ကြည့်ပြီး မပိုးဖြူ၏ ခင်ပွန်းဖြစ်နိုင်မှန်း သိလိုက်သည်။
"မင်္ဂလာပါ ခင်ဗျာ ....ကိုဇင်မောင်ထင်တယ် ..ကျွန်တော်က မပိုးဖြူရဲ့ တာဝန်ကျဆရာဝန်ဒေါက်တာရဲသူပါ ...မပိုးဖြူရဲ့ အခြေအနေကောင်းပါတယ်ခင်ဗျာ ... နောက်နှစ်ရက်လောက်နေရင် ဆေးရုံကဆင်းခွင့်ရမှာပါ "
" ဟုတ်ကဲ့ ...ကျေးဇူးပါ ဒေါက်တာ ... ကျွန်တော့်ကို ပြန်ခွင့်ပြုပါအုံး "
ပြုံးရယ်ခြင်းကင်းမဲ့သောမျက်နှာနှင့် ပြန်သွားသောကိုဇင်မောင်ကိုကြည့်ပြီး ဒေါက်တာရဲသူစိတ်တိုသလိုဖြစ်သွားရသည်။မပိုးဖြူဆိုသော အမျိုးသမီးသည်ပင် ဆိုးလေသည်လား။ဤမိသားစုသည်ပင် အကြင်နာတရားကင်းမဲ့ကြလေသည်လား ဒေါက်တာရဲသူလည်း မတွေးတတ်တော့ပါ။လူနာအခန်းတံခါးကိုဖွင့်ပြီး ဒေါက်တာရဲသူအခန်းထဲသို့ဝင်လိုက်သည်။
"မပိုးဖြူ ..သက်သာလား ...ခေါင်းတွေမူးနေသေးလား "
"ဟုတ် ... ဟုတ်ကဲ့ သက်သာပါတယ် ဆရာ "
ဒေါက်တာရဲသူ၏ အမေးကို မပိုးဖြူ ပြန်ဖြေလိုက်သည်။ဒေါက်တာရဲသူက မပိုးဖြူကို ကြည့်လိုက်ရင် ထိတ်လန့်သွားရသည်။
"ဟာ ....မပိုးဖြူနှုတ်ခမ်းမှာ သွေးတွေထွက်နေပါလား ....ဒီမှာဂွမ်းနဲ့ သုတ်လိုက်ပါအုံး ... "
ဒေါက်တာရဲသူပေးသောဂွမ်းစလေးကိုယူပြီး မပိုးဖြူနှုတ်ခမ်းထောင့်စွန်းမှ သွေးစများကိုသုတ်လိုက်သည်။
"မပိုးဖြူ ... ကျွန်တော့်ကို မှတ်မိတယ်မဟုတ်လား .. ကျွန်တော်က မိုးထက်သူငယ်ချင်းလေ ... ဘာတွေဘယ်လိုဖြစ်နေနေ ကျွန်တော့်အတွက်တော့ လူနာကအရေးကြီးဆုံးပဲ ..သောကဖြစ်စရာစိတ်ညစ်စရာတွေကို မတွေးဘဲ ကျန်းမာအောင်နေပါ မပိုးဖြူရယ် ...အသက် (၃၆) နှစ်ဆိုတာ အရာရာကို သတ္တိရှိရှိရင်ဆိုင်ရဲရမဲ့ အရွယ်ပဲ ..လူဆိုတာတော့ သေမျိုးချည်းပါပဲ ..ဒါပေမဲ့ လူဘ၀ရတုန်း လူတစ်ယောက်ရဲ့ပျော်ရွှင်မှု အနှစ်သာရကိုခံစားခွင့်ရသင့်တာပေါ့ ... ကိုယ့်ရဲ့ပျော်ရွှင်မှုက ကိုယ်နဲ့ပဲသက်ဆိုင်ပါတယ် .... ဘယ်အရာမှမတည်မြဲဘူးလို့ သဘောထားပြီး ..လူ့ဘ၀ရတုန်းကို အဓိပ္ပါယ်ရှိရှိဖြတ်သန်းပါမပိုးဖြူ "
,'ဟုတ်..ဟုတ်ကဲ့ ဆရာ"
မပိုးဖြူခေါင်းကိုငုံ့လျက် ပြန်ဖြေလိုက်သည်။
သမီးဖြစ်သူကို မပိုးဖြူ အသံတုန်တုန်နှင့် ခေါ်လိုက်ပြီး လက်ကို လှမ်းဆွဲကိုင်လိုက်သော်လည်း ပိုးအိဇင်က သူမ၏လက်ကို ရှောင်တိမ်းလိုက်ပြီးနောက်
"နောက်ကို ဒီလိုထပ်မလုပ်ပါနဲ့ အမေ ...ရွေးချယ်စရာလမ်းတွေ အများကြီးပါ ...သမီးသာ အမေ့နေရာမှာဆိုရင် ကိုယ့်ကိုမရွေးချယ်တဲ့သူဆီမှာ တွယ်ကပ်မနေပါဘူး ...ထမင်းစားနေရရုံသက်သက်နဲ့တော့ ဒီလိုမနေပါနဲ့.အမေ ...အဖေ့ကိုဖုန်းဆက်ပေးထားပါတယ် ... ဒီနေ့ တော့ ရောက်လာမှာပါ "
သမီးပြောသမျှစကားလုံးများကို မပိုးဖြူအသက်မဲ့သူလို နားထောင်နေမိသည်။ထို့နောက်သူပြောချင်ရာပြောပြီး ထွက်သွားသော သမီးဖြစ်သူကို မပိုးဖြူ ခပ်ငေးပေးဖြင့်သာ ကြည့်နေခဲ့မိသည်။မပိုးဖြူမှာ ပြောရန် စကားလုံးများ ပျောက်ဆုံးနေခဲ့ချေပြီ။
~~~~~~
"ဘယ်လိုလဲ ရဲသူ ..မပိုးဖြူသက်သာရဲ့လား...သူ့အိမ်ကလူတွေရောလာကြရလားကွာ "
မိုးထက် ဖုန်းထဲမှနေ ရဲသူကို မေးလိုက်သည်။ဆေးရုံသို့ ထပ်သွားဖို့ရန်အတွက် မသင့်တော်သောကြောင့် မိုးထက်စိတ်ကို ထိန်းချုပ်ကာ နေနေရခြင်းဖြစ်သည်။သူ့စိတ်ကတစ်မနက်လုံး ဆေးရုံသို့ သာရောက နေမိသည်။
" အင်း ... ငါ့ဂျူတီက ညမှလေကွာ .. သူနာပြုဆရာမလေးကို ဖုန်းဆက်မေးလိုက်တော့ သူဌေးကတော်ကြီးနဲ့ သူ့မြေးမလေးလာတယ်လို့ပြောတယ် ... သူ့ယောကျာ်းတော့မလာသေးဘူး တဲ့ ...မပိုးဖြူလဲသက်သာတယ် ...အိပ်နေတယ်လို့ ပြောတာပဲ ... ဒီကိစ္စမှဝင်မပါပါနဲ့မိုးထက် ရာ ငါတောင်းပန်ပါတယ်ကွာ .. မတော်လို့များ မင်းသူ့ကိုသွားတွေ့တာကို သူတိုဘက်သိသွားရင် ... မပိုးဖြူအတွက် မလွယ်လောက်ဘူး မိုးထက် "
" အေး ...အေးပါကွာ ... ငါလဲသိပါတယ် .နောက်ထပ်မသွားတော့ပါဘူး
ရဲသူဘက်က ဖုန်းချသွားသည်နှင့် မိုးထက်လည်း ဖုန်းကိုချလိုက်ပြီး သက်ပြင်းရှည်ကြီးကိုချလိုက်မိသည်။
~~~~~~~
" ကျွန်တော့်နာမည် ဇင်မောင်ပါ ....မပိုးဖြူရဲ့ခင်ပွန်းပါ ဆရာမ .....ဆရာမခဏသွားနားချင်နားပါ "
နားထဲတွင် ကြားလိုက်ရသောစကားသံကြောင့် မပိုးဖြူ ဆတ်ခနဲတုန်သွားမိသည်။မျက်လုံးကို စုံမှိတ်ချပစ်လိုက်ပြီး ခေါ်သံကို မကြားယောင်ပြုလျက် အိပ်ပျော်နေဟန်ဆောင်လိုက်သည်။
@@@@@@@@@@@@@@@@@@@@@
အပိုင်း (၁၀ )ဆက်ရန်
#ဧကြည်ဖြူ
"
မိုးထက်မရဲတရဲကိုင်လိုက်ရင်း ရှေ့ဆက်၍ မည်သို့ ကူညီရမည်ကိုစဉ်းစားနေမိသည်။ကူညီလျှင်ရော သူမလက်ခံမည်လား။ မထင်ပါချေ။အိမ်ပြန်လိုက်ပို့ပေးဖို့ တောင်းဆိုမိသည်ကိုပင် ခါးခါးသီးသီးငြင်းဆန်ခဲ့သောသူမက ဒါကိုလက်ခံမည်မဟုတ်မှန်း မိုးထက်သိနေပါသည်။
နွမ်းလျလျမျက်နှာလေးကို မိုးထက်မမှိတ်မသုန်စိုက်ကြည့်နေ
မိသည်။အချစ်ဆိုတာဘာလဲ မိုးထက်မသိချေ။ငယ်စဉ်ကလေးဘ၀ကတည်း လူထက်ကားများကိုသာ ပိုချစ်ခင်နှစ်သက်ခဲ့သည်။တက္ကသိုလ်တက်တော့လည်း စက်မှုတက္ကသိုလ်တက်ခဲ့ပြီး ဘွဲရသည်နှင့်ကားအရောင်းလောကထဲ
သို့ ခြေစုံပစ်ဝင်ခဲ့သည်။မိဘများက ထောက်ပံ့ပေးနိုင်သလို သူ၏ကြိုးစားမှုများကြောင့် လုပ်ငန်းက အောင်မြင်သည်။သူသဘောကျနှစ်သက်သောကားများကို တစ်စီးပြီးတစ်စီးပြောင်းစီးရင်းခရီးများထွက်ကာ ပျော်ရွှင်နေခဲ့သည်။မိဘနှစ်ပါးနှင့် အစ်ကိုဖြစ်သူတို့ နိုင်ငံရပ်ခြားတွင် အခြေချနေထိုင်ဖို့ ပြောင်းရွေ့သွားကြသော်လည်း မိုးထက်လိုက်ပါမသွားခဲ့ပါ။ အောင်မြင်နေပြီဖြစ်သော သူ့လုပ်ငန်းကို မစွန့်နိုင်ခဲ့။မိုးထက်ဆိုသော သူ့အတွက်ချစ်ခြင်းမေတ္တာဆိုသည်မှာ ဖွဲ့နွဲ့လောက်စရာမရှိခဲ့သည်မှာ အမှန်။ယခုအခါမှာတော့ မိုးထက်ရင်ထဲတွင် မခံစားဖူးသော ခံစားချက်များဖြစ်ပေါ်နေသည်။သူမသာပျော်ရွှင်နေမည်ဆိုလျှင် ဘာမဆိုစွမ်းဆောင်ပေးချင်သောစိတ်များဖြစ်ပေါ်နေမိသည်။သူတကယ်ပင် ရဲသူပြောသကဲ့သို့ ဖြစ်နေခဲ့ပြီမဟုတ်ပါလား။
"မိုးထက် ပြန်ရအောင် .. ငါ့ဂျူတီချိန်လဲပြီးပြီ ..(၅)နာရီထိုးတော့မှာ
ဆိုတော့ သူ့အိမ်ကလဲလာတော့မယ်ထင်တယ် "
အခန်းထဲသို့ဝင်ရောက်လာသော ရဲသူကြောင့် မိုးထက်နေရာမှ မထချင်ထချင်နှင့်ထလိုက်ရသည်။
"ဂျူတီလဲမဲ့ ဆရာဝန်ကိုသေချာအပ်ခဲ့ပေးပါအုံးကွာ "
မိုးထက်စိတ်မချနိုင်စွာမှာလိုက်တော့ ရဲသူကမိုးထက် ပခုံးကို လက်သီးနှင့်တစ်ချက် ခပ်ဖွဖွထိုးလိုက်ပြီး ပခုံးကိုဖက်ကာ အခန်းထဲမှ အတင်းဆွဲခေါ်ထုတ်ခဲ့လိုက်သည်။
"လာ ....သွားမယ်ကွာ "
~~~~~~~
လူနှင့်အသိကပ်လာချိန်တွင် မပိုးဖြူမျက်လုံးများ အလန့်တကြား ဖွင့်ကြည့်လိုက်မိသည်။ဦးစွာ မြင်လိုက်ရသော အဖြူရောင်မျက်နှာကြက်ကို မပိုးဖြူငေးကြောင်၍ကြည့်နေမိသည်။သူမမည်သည့်နေရာသို့ရောက်နေသည် မသိ။ သူမသေဆုံးခဲ့လေပြီလား။ပတ်ဝန်းကျင်သည်တိတ်ဆိတ်ငြိမ်သက်၍နေလေသည်။
"မပိုးဖြူ နိုးလားပြီလား .... နေရတာသက်သာရဲ့လားရှင်
နုညံ့ချိုသာလှသောအသံလေးကို မပိုးဖြူကြားလိုက်ရသောကြောင့် အသံလာရာဆီသို့ ငဲ့စောင်း၍ကြည့်လိုက်မိသည်။ ထက်အောက် အပြာရောင်အကျီနှင့် ဘောင်းဘီကိုဝတ်ဆင်ထားသော သူနာပြုမလေးကို တွေ့လိုက်ရသောကြောင့် ဆေးရုံသို့ရောက်နေမှန်းမပိုးဖြူ သိလိုက်ရသည်။မပိုးဖြူအားတင်းလျက်တိုးလျလျ အသံဖြင့်သူနာပြုမလေးကိုလှမ်းမေးလိုက်မိသည်။
"ကျွန်... ကျွန်မ ဘာမှမဖြစ်ဘူးလားရှင် "
"ဟုတ်ကဲ့ ...မစိုးရိမ်ရတော့ပါဘူးရှင် ..... အရမ်းအားနည်းနေလို့ ဆေးရုံကတော့ ဆင်းခွင့်မရသေးပါဘူးရှင် ..."
သူနာပြုဆရာမလေး၏ အဖြေစကားကိုကြားလိုက်ရသော အခါမပိုးဖြူ ရင်ထဲတလှိုက်လှိုက်နှင့်ဆို့တက်လာခဲ့လေသည်။
" မပိုးဖြူလိုချင်တာ ခိုင်းချင်တာရှိရင် ကျွန်မကို ပြောပါနော် ...မပိုးဖြူကို ကျွန်မတာဝန်ယူထားရတာပါ ...အိမ်သားတွေက နေ့လယ်လောက်တော့ လာကြည့်မယ်ထင်တယ် ..မနက်ဘက်က သိပ်မအား ကြဘူးလို့ ဖုန်းဆက်ပါတယ"
ဆရာမလေး၏စကားကို မပိုးဖြူဘာခေါင်းအသာငြိမ့်ပြလိုက်ပြီး
"ကျွန်မ ..ခဏလောက်ပြန်အိပ်လိုက်ပါအုံးမယ်ရှင် "
ပြောပြီးသည်နှင့် မပိုးဖြူ မျက်လုံးအစုံကို မှိတ်ချပစ်လိုက်သည်။
~~~~~~~
အခန်းထဲသို့ဝင်လာသော ယောက္ခမဖြစ်သူနှင့်သမီးငယ်ကို ကြည့်ရင်း မပိုးဖြူ လက်ကို အားပြုထောက်လိုက်ပြီး ထိုင်ဖို့ကြိုးစားလိုက်သည်။ သူနာပြုဆရာမလေးက ဝိုင်း၍ ကူညီပေးသည်။
" ဆရာမလေး ခဏလောက် သွားနားလိုက်ပါအုံး "
ယောက္ခမကြီး၏စကားကြောင့် သူနာပြုဆရာမလေးက အပြင်သို့ထွက်သွားသည်။ဆရာမလေး ထွက်သွားသည့် ယောက္ခမဖြစ်သူသည် မပိုးဖြူ၏ မျက်နှာကို ကြည့်လိုက်ပြီး
" ညည်းက ငါ့တို့မိသားစုကို သိက္ခာကျအောင် လုပ်ဖို့ရည်ရွယ်ထားတာလား ပိုးဖြူ...အေး ညည်းသေသွားတာက အရေးမကြီးဘူး .... ညည်းကြောင့် ငါ့သားနဲ့ငါ့မြေးလေး ဘယ်လောက်မျက်နှာငယ်လိုက်မလဲဆိုတာ ညည်းတွေးမိရဲ့လား ...ပိုးအိဇင်ရဲ့အမေက ဆေးသောက်ပြီးသေကြောင်ကြံသွားတယ်ဆိုပြီး ငါ့မြေးလေးကို ရင်နာအောင်လုပ်ချင်တာလား ပြောစမ်းပါအုံး ..ညည်းက ဘာတွေများပူပင်နေရလို့လဲ ပြောစမ်း .. ဘာလဲ မြေးလေးက ညည်းအနားမှာမနေလို့လား ... မြေးလေးလာနေတော့လဲ ...ညည်းကိုယ်တိုင်ပဲ စိတ်ဆင်းရဲအောင် လုပ်တာမဟုတ်လား ....အေး ....ရှင်းရှင်းပဲပြောမယ် ..... ငါ့သား ပြန်လာရင်အပြတ်ပြောပြီး ညည်းနဲ့ကွာရှင်းခိုင်းမယ် ...ငါ တုံ့ဆီမှာတော့ မသေနဲ့..နောက်မှ လွတ်လွတ်လပ်လပ်သေ ...အဲ့ဒါပြောချင်လို့ လာခဲ့တာ...လာမြေးလေးသွားမယ "
" ခဏလေးပါ အဘွား...အမေနဲ့ ပြောစရာရှိလို့ အဘွားအပြင်က စောင့်နေပါနော် "
ပိုးအိဇင်ပြောလိုက်သောအခါဘွားအေကြီးသည် မပိုးဖြူကို ခပ်တင်းတင်း တစ်ချက်ကြည့်ပြီး အခန်းပြင်သို့ထွက်သွားသည်။
" သ..သမီး "
"ဟယ်လို ..ရဲသူဘာဖြစ်လို့လဲ ကွ ....ည (၂) ကျော်ကြီးကို ဖုန်းဆက်တော့လန့်လိုက်တာ ...."
"အေး မိုးထက် ... မနက်အထိမစောင့်နိုင်လို့ကွာ ခုပဲဖုန်းဆက်လိုက်တာ ...မပိုးဖြူ.ငါ့တို့အထူးကုဆေးရုံကို ရောက်နေတယ်ကွ "
" ဘာ...ဘာပြောတယ် မပိုးဖြူ ဟုတ်လား ....ဘာ ...ဘာဖြစ်လို့လဲ "
ရဲသူ၏စကားကြောင့် မိုးထက်အိပ်နေရာမှဝုန်းခနဲထထိုင်လိုက်ပြီး အထိတ်တလန့် ဖြင့် မေးလိုက်မိသည်။
" အေး ..... သေကြောင်းကြံတာ ကွ ... အိပ်ဆေးတွေအလွန်အကျွံသောက်တာ "
" ဘာ....ဘာပြောတယ် ရဲသူ ...အ...အခု ..သူ ....သူ့အခြေအနေဘယ်လိုလဲ "
မိုးထက်တုန်လှုပ်ချောက်ချားစွာမေးလိုက်ရင်း လူက အိပ်ရာထဲမှထလိုက်ကာ လက်တစ်ဖက်ဖြင့် နံရံကပ်ဗီရိုကို ဆွဲဖွင့်လိုက်သည်။ပြီးလျှင်ရှပ်အင်္ကျီတစ်ထည်ကို ဆွဲယူလိုက်သည်။
" အသက်အန္တရာယ်တော့ မရှိတော့ဘူး ....လူကတော့အတော်လေးအားနည်းနေတယ် ...ဒါနဲ့ အဲ့ဒါတွေထားလိုက်အုံး ...သူဘယ်သူလဲ မင်းသိရဲ့လား "
ရဲသူ၏အဖြေစကားကြောင့် မိုးထက်ရင်ထဲလှိုက်ခနဲ ပျော်ရွှင်သွားမိသလို ရဲသူ၏ နောက်ဆက်တွဲ မေးခွန်းကြောင့် ခပ်ကြောင်ကြောင်ဖြစ်သွားရလေသည်။
"သူဘယ်သူလဲ မသိဘူးလေက္ခာ "
" အေး ... မင်းဆေးရုံကို ခေါ်လာတဲ့ မပိုးဖြူဆိုတာကလေ ... ( .....) ရတနာရွှေဆိုင်ပိုင်ရှင်တွေရဲ့ချွေးမကွ....ကြည့်ရတာ အိမ်ထောင်ရေးပြဿနာထင်တယ် ...အခုလဲ မိန်းမအရေးပေါ်ဖြစ်နေတာကို..ယောကျာ်းဖြစ်သူ ပါမလာဘူးလေ ...."
"ဘာ...( .... ) ရတနာရွှေဆိုင်ပိုင်ရှင်တွေရဲ့ ချွေးမဟုတ်လား ..."
ရဲသူ၏အဖြေစကားအဆုံးမှာတော့ မိုးထက် အံ့ဩသွားရသလို သူမဖြစ်ပျက်ခံစားနေရသေး၊ ဝေဒနာများကို သိရှိနားလည်လိုက်ပါလေသည်။( .... ) ရတနာရွှေဆိုင်ပိုင်ရှင်တို့၏သားဖြစ်သူမှာ ကိုဇင်မောင် မဟုတ်ပါလား။
"ဟုတ်တယ် မိုးထက် ...မင်းသူနဲ့ ပတ်သက်လို့မဖြစ်ဘူးနော် ... သူ့ယောက္ခမတွေက အကြင်နာကင်း လိုက်ကြတာကွာ ..အခုမှ သေတွင်းကလွတ်လာတဲ့သူကို ...သူနာပြုနဲ့ ထားခဲ့ပြီး ပြန်သွားကြပြီလေ "
"ဟာကွာ ... ဖြစ်ရလေ "
ကြားလိုက်ရသော စကားကြောင့် မိုးတက်ရင်ထဲစူးအောင့် သွားရသည်။
"ရဲသူ မင်းကိုတောင်းဆိုပါတယ်ကွာ ...သူ့အတွက် အကောင်းဆုံးဝန်ဆောင်မှုတွေကိုပဲ စီစဉ်ပေးပါ ...အဲ့ဒီအတွက် ကုန်ကျစရိတ်ကို ငါရှင်းပေးပါ့မယ် .... ဟို ...ပြီးတော့ ...အခု သူ့ဘေးနားမှာ ဘယ်သူမှ မရှိဘူးဆိုရင် .. ငါခဏလောက်လာခဲ့လို့ရလား ... ခဏလေးပါကွာ....ငါတောင်းပန်ပါတယ် "
မိုးထက်ပြောလိုက်သောအခါ ရဲသူ၏ အသံချက်ချင်းထွက်မလာဘဲရှိလေသည်။အတန်ကြာသောအခါမှ တုံ့ဆိုင်းနှေးကွေးသောအသံဖြင့် ပြောလာလေသည်။
"အင်း လာချင်လာခဲ့လေကွာ အခုမှ (၃)နာရီဆိုတော့ ...သူ့အိမ်ကမလာလောက်သေးပါဘူး"
"ကျေးဇူးပဲ ရဲသူရာ "
ရဲသူဖုန်းချသွားသည်နှင့် မိုးထက် အဝတ်အစားအမြန်လဲလိုက်ပြီး ကားသော့ယူကာ ထွက်လာခဲ့လိုက်သည်။
~~~~~~
မိုးထက် ဆေးရုံထဲသို့ ၀င်လိုက်သည်နှင့် အသင့်စောင့်ဆိုင်းနေသော ရဲသူနှင့်တွေ့လိုက်ရသည်။ရဲသူက မိုးထက်၏ စိုးရိမ်ပူပန်နေသောမျက်နှာကို ကြည့်လိုက်ပြီး လေးလေးတွဲတွဲပြောလိုက်လေသည်။
''မိုးထက် ဒီတစ်ကြိမ်နောက်ဆုံးပဲ ကွာ ... နောက်ထပ်တော့ သူနဲ့ မပတ်သက်ပါနဲ့တော့ကွာ "
ရဲသူ၏ စကားကြောင့် မိုးထက်မှာ နားမလည်နိုင်ဘဲ ပြန်မေးလိုက်မိသည်။
"ဘာဖြစ်လို့လဲ ရဲသူ ....လူနာလာကြည့်တာပဲကွာ ."
"မဟုတ်ဘူး မိုးထက် ..မင်းနဲ့ငါငယ်ငယ်လေးကတည်းက ပေါင်းသင်းလာတဲ့ သူငယ်ချင်းတွေပါ ...မင်းမျက်နှာကို ကြည့်လိုက်တာနဲ့ မင်းရင်ထဲကို မမြင်ရပေမဲ့သိတယ် ... ဘယ်မိန်းမအတွက်များ မင်းဒီလို စိုးရိမ်ပူပန်ခဲ့ဖူးလို့လဲ ... ငါတောင် ကလေးတစ်ယောက် ရနေပြီ ... ဘယ်မိန်းခလေးကိုများ မင်းဒီလိုဖြစ်ဖူးလို့လဲ "
ရဲသူ၏ စကားကြောင့် မိုးထက် ငိုင်ကျသွားမိသည်။ သူ့တွင် ရဲသူကို ပြန်ဖြေရှင်းရန် စကားစ တော်တော်နှင့် ရှာမရဖြစ်နေခဲ့သည်။
"ငါ ..ငါက ရိုးရိုးသားသားပါကွာ ..သူ့ကိုသနားလို့ပါ "
"အေး သနားလို့ရတယ် ...ကူညီလို့ရတယ် ..ဒီထက်တော့မပိုနဲ့ ကွာ...သူကမုဆိုးမတစ်ခုလပ်ဆို ရင် ငါမတားဘူးနော် .. မင်းမိဘတွေလဲ နိုင်းငံခြားမှာနေကြတဲ့သူတွေဆိုတော ဒါကိုသူတို့လက်ခံမှာပါ ...ဒါပေမဲ့အခုပုံစံနဲ့က မသင့်တော်ဘူး "
" အေးပါကွာ .. ဒီတစ်ခါပါပဲ ...နောက်ဆို ငါဆင်ခြင်ပါ့မယ် "
~~~~
ခုတင်ဘေးတွင် ထိုင်နေသော သူနာပြုဆရာမလေးကို ရဲသူက ခေါ်ထုတ်သွားပြီးနောက် မိုးထပ်ခပ်မြန်မြန်ပင် လူနာခန်းထဲသို့ ဝင်လိုက်သည်။ အထူးကုဆေးရုံဖြစ်နေသောကြောင့် ဆေးရုံအပေါ်ထပ်ဆောင်ကြီးမှာလည်း လူများရှင်းလင်းလျက်ရှိသည်။
ဆေးပိုက်များတန်းလန်းနှင့်ခုတင်ပေါ်တွင်နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသော မပိုးဖြူ မျက်နှာလေးကို မိုးထက်ငေးကြည့်နေမိသည်။သူမနှင့် မိုးထက်သာဆွေးမျိုးသားချင်းများဆိုလျှင် ကိုဇင်မောင်လိုလူရှုပ်လူပွေထံမှ အဝေးဆုံးသို့ ခေါ်သွားသွားမိလိမ့်မည်ထင်သည်။သောကပွေလီနေသော အနေအထားနှင့် သူ့အိမ်ထောင်ရေးမပြိုကွဲဖို့ကျားကန်နေရှာသောသူမ။ယောကျာ်းများ၏ စိတ်သဘောထားကို မသိလေသည်လား။ ငယ်သံယောဇဉ်ကို ယုံကြည်အားကိုးနေခဲ့လေသည်လားမသိ။ သူမလက်ကလေးကို
#နွေလယ်အိပ်မက်
(အခန်းဆက် ဝတ္တု )
အပိုင်း (၉ )
*******
မသွားပါနှင့်လို့တားခဲ့ပါလျက်မှ သွားခဲ့သောခရီးသည် သူ၏ချစ်သူအသစ်နှင့်သွားသော အပျော်ခရီးမှန်းသိလိုက်ရသော အခါနှလုံးသားက နာကျင်တာထက်ပို၍နာကြည်းလာသည်။မပိုးဖြူသာ တစ်စုံတစ်ခုဖြစ်သွားလျှင် သူတို့ပျော်နိုင်ကြအုံးမည်လား။သူမချစ်ခင်တွယ်တာရသလောက် သူမအပေါ် ရက်စက်စိမ်းကားနိုင်လွန်းလှသော လူသားနှစ်ယောက်။သူတို့မပါဘဲ ရှေ့ခရီးလမ်းကို သူမမည်သို့ရှေ့ဆက်ရပါမည်နည်း။မှန်တင်ခုံရှေ့တွင် မပိုးဖြူ အတန်ကြာ အသက်မဲ့သူလို ထိုင်နေမိသည်။ထုံထိုင်းအေးစက်နာကျင်နေသော နှလုံးသားသည် နာကျင်မှုကြေကွဲမှုများမှ အမြန်ဆုံးလွတ်မြောက်ချင်နေသည်။ယနေ့ ဝယ်ယူလာခဲ့သောအိပ်ဆေးများသည်ကတော့ မဖိုးဖြူ၏ နာကျင်ကြွေကွဲမှုများကိုအဆုံးသတ်ပေးနိုင်မည်ထင်ပါ သည်။အခန်းပြင်တွင်ဒေါ်ကြီးမြရှိနေခဲ့သည်။မပိုးဖြူ၏ အကြံအောင်မြင်ပါ့မလားမသိ။ယခင်တစ်ခေါက်ကလည်း မအောင်မြင်ခဲ့။ဘာမှတွေဝေစဉ်းစားမနေတော့ဘဲ ဆေးများကိုယူကာ မပိုးဖြူ ခပ်မြန်မြန်သောက်ချပစ်လိုက်သည်။
~~~~~
"ဒေါက် .... ဒေါက် "
"ပိုးဖြူ ...မပိုးဖြူ .. ဒေါ်ကြီးအိပ်ဖို့အတွက် စောင်တွေဘယ်မှာယူရမလဲကွယ် ..."
မပိုးဖြူ၏အခန်းပြင်မှ ဒေါ်ကြီးမြ မေးလိုက်သော်လည်း အထဲမှ အသံမကြားရသောကြောင့် တံခါးကိုတွန်းကြည့်လိုက်သည်။တံခါးက အလွယ်တကူပင် ပွင့်သွားသောကြောင့် ဒေါ်ကြီးမြအခန်းထဲသို့လှမ်းကြည့်လိုက်မိသည်။ထိုအခါ ခုတင်ဘေးကြမ်းပြင်ပေါ်တွင်လဲကျနေသော မပိုးဖြူကို တွေ့လိုက်ရသဖြင့် ဒေါ်ကြီးမြထိတ်လန့်တကြားနှင့် အော်လိုက်မိလေသည်။
"ပိုးဖြူ ..မပိုးဖြူ ..တူမကြီး... ဘယ်လိုဖြစ်တာလဲ "
~~~~~~
" တူ ..တူ ... တူ "
" ဟာကွာ ...ဖုန်းကလာပြန်ပြီ .... အစ်ကို့ဖုန်းမပိတ်ထားဘူးလားကွာ ..ကြည့်ရတာ အစ်ကို့ဘွားတော်ဆက်တာထင်တယ် "
နှစ်ယောက်သားအိပ်မောကျနေစဉ်မှာ ကိုဇင်မောင်၏ဖုန်းက ထမြည်လာသောကြောင့် မျိုးမမလန့်နိုးသွားရပြီးနှုတ်ခမ်းလေးစူကာ မကျေမနပ်ပြောလိုက်သည်။
" ဆောရီးပါ မျိုးရယ်... ဖုန်းပိတ်ဖို့ အစ်ကိုမေ့သွားလို့ပါကွာ ...အခု ပိတ်လိုက်မယ်လေ"
ပြောပြီး ကိုဇင်မောင်က ဖုန်းကိုလှမ်းယူရန်ပြင်လိုက်သည်။
"နေအုံး ... မျိုးယူလိုက်မယ် ....ညကြီးမိုးချုပ်ဖုန်းဆက်တာဘယ်သူလဲလို့ ကြည့်မလို့ "
ပြောပြောဆိုဆိုနှင့် မျိုးမမ ဖုန်းကို ကောက်ယူလိုက်သည်။
"ဟယ် အစ်ကို ... အစ်ကို့ သမီးဆက်တာပဲ... ပြောလိုက်အုံး အစ်ကို "
"ဘယ်လို သမီးဆက်တာဟုတ်လား ..."
ကိုဇင်မောင်အံ့ဩသွားပြီး မျိုးမမလက်ထဲမှ ဖုန်းကိုယူလိုက်သည်။
"ဟယ်လို .... သမီးလား ...ဉာဉ့်နက်နေပြီ မအိပ်သေးဘူးလား .. "
" အဖေ ..အမေ့ကို ဆေးရုံတင်လိုက်ရတယ် ...အိပ်ဆေးတွေ အများကြီးသောက်လိုက်တယ်တဲ့ ..အဲ့ဒါအဖေပြန်လာခဲ့ပါအုံး"
" ဘာ .. ဘာပြောတယ် သမီး "
" ဘာဖြစ်လို့လဲ အစ်ကို ...ဘာဖြစ်တာလဲဟင်...လန့်လိုက်တာ "
ကိုဇင်မောင်၏ ထိတ်လန့်တုန်လှုပ်သွားသော ပုံစံကိုကြည့်ပြီး မျိုးမမအလန့်တကြားဖြင့် မေးလိုက်မိသည်။ကိုဇင်မောင်စိတ်ရှုပ်စွာဖြင့် ခေါင်းထက်မှဆံပင်များကိုဆွဲဖွပစ်လိုက်ပြီး
"ကလေးအမေ...ဆေးရုံတင်လိုက်ရတယ်တဲ့ ...အိပ်ဆေးတွေသောက်လိုက်လို့တဲ့လေ "
" ရှင် "
"တောင်းပန်ပါတယ် မျိုးရယ် .. မျိုးရဲ့ မွေးနေ့အထိမ်းအမှတ်ကို ...အစ်ကို ဖျက်ဆီးလိုက်သလိုဖြစ်သွားပြီ .. မနက်စောစောထပြန်ကြရအောင်နော် "
ချက်ချင်းထပြန်ဖို့ရန် မပြောသောကိုဇင်မောင့်၏ စကားကြောင့် မျိုးမမစိတ်ထဲမှ ကျေနပ်သွားရလေသည်။
~~~~~
" လူနာအခြေအနေဘယ်လိုလဲ ဆရာ "
ကိုဇင်မောင်၏ ဖခင်ကြီး သည် အရေးပေါ်ခန်းထဲမှ ထွက်လာသော ဆရာဝန်များကို မပိုးဖြူ၏အခြေအနေမေးလိုက်သည်။
" ကံကောင်းလို့ အသက်အန္တရာယ်ကတော့လွတ်သွားပါပြီ...ဒါပေမဲ့ လူနာက အရမ်းအားနည်းနေလို့ လေးငါးရက်လောက်တော့ ဆေးရုံမှာပဲ နေစေချင်ပါတယ် "
" ကျေးဇူးတင်ပါတယ် ဆရာ "
ဆရာ၀န်ဆီမှ အဖြေစကားကို ကြားလိုက်ရသောအခါမှ ပိုးအိဇင်အပါအဝင် အားလုံးသက်ပြင်းချနိုင်ကြတော့သည်။
"တော်သေးတာပေါ့ ... သေများ သွားရင် ..ကျုပ်သားလေးအမှုပတ်မှာ ... ဒါပေမဲ့ ထင်တော့ထင်ပါတယ်သူ မသေရဲပါဘူး ... မသေရဲလို့သာ အိမ်မှာအတူအိပ်ဖို့ ကလေးကို လာခေါ်တာပေါ့ ... တမင်သက်သက် ကျုပ်မြေးလေးကို စိတ်ဒုက္ခပေးချင်လို့ သေချင်ဟန်ဆောင်တာနေမှာ "
ကိုဇင်မောင်၏ မိခင်ကြီးက မကျေမနပ်ပြောဆိုလိုက်သည်။
" ကဲ တော်ပြီးကွာ .... မြေးလေးကို ခေါ် ပြီးပြန်ဖို့ပြင်ကြတော့ ... သူ့အတွက် သူနာပြုတစ်ယောက် ငှားပေးခဲ့လိုက်မယ်..."
ကိုဇင်မောင်၏ ဖခင်ကြီးက ပြောလိုသည်နှင့် အားလုံး အထူးကုဆေးရုံကြီးမှပြန်ရန် ထထွက်ခဲ့ကြလေသည်။
~~~~~~
"တူ ...တူ ...တူ "
အအိပ်ဆတ်လှသော မိုးထက်မှာ ဖုန်းသံခပ်တိုးတိုးကြောင့် ဖျတ်ခနဲလန့်နိုးသွားရသည်။ဖုန်းကို ကြည့်လိုက်သောအခါ ဖုန်းဆက်သူမှာ သူငယ်ချင်းဖြစ်သူ ဒေါက်တာရဲသူဖြစ်နေသောကြောင့်အံ့ဩသွားရသလို စိတ်ထဲလည်းတစ်မျိုးဖြစ်သွားမိသည်။
ဝေဝေ့အသံက ဖုန်းထဲမှ စူးရှကျယ်လောင်စွာထွက်ပေါ်နေသည်။ဝေဝေ့အသံမဆိုးခင်မှာဘဲဖုန်းကို နားမှခွါလိုက်မိသည်။ပြီးလျှင် ဝေဝေပို့လိုက်သောပုံကို ကြည့်မိပြန်သည်။နှစ်ယောက်သားတစ်ယောက်ကို တစ်ယောက်ဖက်လျက်ကမ်းခြေတွင်လမ်းလျှောက်နေကြသောပုံ။ ဖုန်းကို ကိုင်ထားသောမပိုးဖြူ၏ လက်များမှာ တဆတ်ဆတ် တုန်ယင်နေမိလေသည်။
@@@@@@@@@@@@@@@@@@@@@
အပိုင်း(၉ ) ဆက်ရန်
#ဧကြည်ဖြူ
ကားဟွန်းတီးသံကြားသည်နှင့် မပိုးဖြူခြံဝသို့ ယိုင်တိယိုင်တိုင်နှင့် ထွက်လာခဲ့သည်။ခြံတံခါးကို ဖွင့်ပေးပြီးနောက် ကိုဇင်မောင်၏ကား အိမ်ထဲသို့ဝင်သွားသည်နှင့် ခြံတံခါးကို ပြန်ပိတ်ကာ အိမ်ထဲသို့ ပြန်ဝင်ခဲ့လိုက်သည်။
ကိုဇင်မောင်အိမ်ထဲသို့ရောက်လာပြီး မပိုးဖြူကို အကဲခတ်ကြည့်လိုက်သည်။နွမ်းလျနေသော မျက်နှာက လူမမာတစ်ယောက်နှင့် တူနေသည်။ကိုဇင်မောင် ဆိုဖာခုံမှာထိုင်လိုက်ပြီး မပိုးဖြူကိုပါထိုင်ခိုင်းလိုက်သည်။
"ပိုးဖြူ ခဏထိုင်အုံး ... မင်းကို ပြောစရာရှိလို့ "
ချစ်လင်၏ စကားကြောင့် မပိုးဖြူ ခန္ဓာကိုယ်လေးမှာဆတ်ခနဲတုန်သွားရသည်။ထိတ်လန့်တုန်လှုပ်နေသောစိတ်ကို မပိုးဖြူ ထိန်းလိုက်ပြီး ကိုဇင်မောင်၏မျက်နှာကို ကြည့်လိုက်သည်။
" ဖြူနေမကောင်းဘူး မောင် ... ပြောစရာရှိတာကို နောက်မှပြောပါ ..ဖြစ်နိုင်ရင် ဒီရက်ပိုင်းတွေမှာ အိမ်ကို ပုံမှန်ပြန်အိပ်ပါမောင် ...တော်ကြာဖြူသေသွားရင်တောင် ...မောင်တို့မသိလိုက်ကြဘဲနေအုံးမယ် "
" သေမယ်ဟုတ်လား ...မင်းက အိမ်မှာ အေးရာအေးကြောင်းထိုင်စားနေပြီး ရောဂါတွေဖြစ်နေတာလား .... ရောဂါဖြစ်ရင်လဲ ဆေးခန်းသွားလေ ... ငါကဆရာဝန်မှမဟုတ်တာ ... ပြီးတော့ မနက်ဖြန် ငါခရီးထွက်မလို့ "
"ရှင် ..ဘယ်..ဘယ်ကို သွားမှာလဲ မောင်ရယ် ..ဖြူ သိပ်နေမကောင်းလို့ မသွားပါနဲ့လားဟင် "
မဖြစ်နိုင်မှန်းသိသော်လည်း မပိုးဖြူ တုန်တုန်ယင်ယင်နှင့် တားမြစ်လိုက်မိသည်။
" လာပြန်ပြီလားကွာ ....နေမကောင်းရင် ဆေးခန်းသွားလေ ..ငါက ဘာလုပ်ပေးနိုင်မှာလဲ .....အေး မင်းတစ်ယောက်တည်း ဖြစ်နေရင် ဒေါ်ကြီးမြကို ခေါ်ထားပေးခဲ့မယ် .. "
အကြင်နာကင်းပြီးရက်စက်စွာပြောနေသောယောကျာ်းဖြစ်သူကို မပိုးဖြူးကြောင်ငေးငေးဖြင့် ကြည့်နေမိသည်။
"ကဲ ဒါပဲ ..ငါမှာလုပ်စရာအလုပ်တွေ ရှိသေးတယ် "
ပြောပြီးသည်နှင့် လှည့်ထွက်သွားသော ယောကျာ်းဖြစ်သူ၏ နောက်ကျောပြင်ကိုမပိုးဖြူကြည့်နေမိရင်းမှ မပိုးဖြူစကားလှမ်းပြောလိုက်မိသည်။
"မောင် ...တကယ်လို့ မောင်မရှိခင်မှာ ...ကျွန်မသေသွားခဲ့ရင်ရော "
ကိုဇင်မောင်သည်မပိုးဖြူကို စိတ်ပျက်စွာလှည့်ကြည့်လိုက်ပြီး
"မင်းမသေနိုင်ပါဘူးကွာ .....အဖြစ်သည်းမနေစမ်းပါနဲ့ ... လူကို ကပ်ပါးကောင်လို လိုက်ပြီး တွယ်ကပ်မနေနဲ့ "
ပြောပြီးသည် ကိုဇင်မောင် ချာခနဲ လှည့်ထွက်သွားခဲ့သည်။မပိုးဖြူသည် နေရာတွင်မလှုပ်မယှက်ထိုင်လျက် ယောကျာ်းဖြစ်သူကို ကြည့်နေခဲ့မိသည်။
~~~~.~
နံနက်ငါးနာရီထိုးတွင် ကိုဇင်မောင် ခရီးထွက်ဖို့ရန်အိမ်မှစ ထွက်သည်။ကိုဇင်မောင်၏ ခရီးစဉ်မှာ သူ၏ကားနှင့်သွားမည်ဖြစ်လေသည်။ကိုဇင်မောင် ၏ကားလေး ခြံထဲမှထွက်သွားသည်ကို မပိုးဖြူရပ်ငေး၍ကြည့်နေမိသည်။တဖြည်းဖြည်း မြင်ကွင်မှပျောက်ကွယ်သွားသောကားကိုကြည့်ကာ မပိုးဖြူသည်မျက်ရည်မကျနိုင်ဘဲ ထုံထိုင်းထိုင်းကြီးဖြစ်နေခဲ့သည်။
~~~~~~
"မိုးမလင်းသေးဘူး ဘာလာလုပ်တာတုန်း "
ယောက္ခမဖြစ်သူ၏ မေးသံက မာဆတ်ဆတ် ။မပိုးဖြူလည်း လေသံအေးအေးနှင့်ပင် ပြန်ဖြေလိုက်သည်။
"သမီးလေးသင်တန်းမသွားခင် လာတွေ့တာပါ "
" ကလေးက သင်တန်းသွားဖို့ပြင်နေပြီ ညနေမှလာခဲ့ "
" ညနေမလာတော့ပါဘူး အမေ ...အခုပဲ ခဏလေးသွားတွေ့လိုက်ပါ့မယ် "
ပြောပြီးသည်နှင့် သမီးဖြစ်သူ၏ အခန်းဆီသို့ မပိုးဖြူ သွက်သွက်လျှောက်သွားလိုက်သည်။
" ဒေါက် ... ဒေါက် .."
" ဘယ်သူလဲ အဘွားလား "
မပိုးဖြူ တံခါးခေါက်လိုက်စဉ် အထဲမှသမီးဖြစ်သူ၏ မေးသံကိုကြားလိုက်ရသည်။
မတွေ့ရမမြင်ရသည်မှာ ကြာပြီဖြစ်သော သမီးဖြစ်သူ၏အသံကို ကြားလိုက်ရသောအခါ မပိုးဖြူ၏ အသည်းနှလုံးများသည် တဆတ်ဆတ်တုန်ခါလာသကဲ့သို့ ရှိလေသည်။မိမိ၏ရင်မှဖြစ်သော သမီးလေး၊ မိမိဗိုက်ထဲမှမွေးထုတ်ခဲ့ရသောသမီးလေး။မိမိကချစ်ရသလောက် မိမိအပေါ် စိမ်းကားနိုင်လွန်းလှသောသမီးလေး။
"အမေပါ သမီး "
မပိုးဖြူ၏ ဖြေသံအဆုံးတွင် တံခါးမှာဖျတ်ခနဲ ပွင့်လာသည်။
"သမီး သင်တန်းသွားရအုံးမယ် ...ဘာကိစ္စရှိလို့လဲအမေ "
သမီး၏စကားသံနှင့် သမီး၏ မျက်နှာကို မြင်ရသောအခါ မပိုးဖြူပြောဖို့စီစဉ်လာသောစကားလုံးများမှာပျောက်ဆုံးသွားရတော့သည်။
" ဟို ...ဟို ...အမေ သိပ်နေလို့မကောင်းလို့ ညကျရင် ...သမီးအိမ်မှာပြန်အိပ်ပါလားကွယ် "
ပိုးအိဇင် မိခင်ကိုဖျတ်ခနဲ ကြည့်လိုက်သည်။ဖခင်ဖြစ်သူ ယနေ့ခရီးသွားမည်ကိုလည်း ပိုးအိဇင် သိနေပါသည်။
" နေမကောင်းရင် ဆေးခန်းသွားလေ အမေ ...သမီးက ဘာလုပ်ပေးနိုင်မှာလဲ "
" အင်းပါ ....သမီးအဖေလဲ အိမ်မှာမရှိလို့ပါကွယ် ...သူခရီးသွားတယ် ... သူဘယ်သွားတာလဲ သမီးကို ပြောသွားသေးလား "
မိခင်၏အမေးကြောင့် ပိုးအိဇင်ဆတ်ခနဲ တုန်သွားရသည်။
"မ ..မသိဘူးလေ.... လူကြီးတွေ ကိစ္စကို ပိုးအိစိတ်မဝင်စားဘူး အမေ ... ညဘက်အမေတစ်ယောက်တည်း မနေချင်ရင် ဒေါ်ကြီးမြကို ခေါ်သွားလေ ...ဘွားဘွားကို ပြောပေးပါ့မယ်.... ဒါပဲမဟုတ်လားဟင် ...သမီးသင်တန်းနောက်ကျနေလို့ပါ "
ပြောပြီးသည်နှင့် လှစ်ခနဲ ပြေးထွက်သွားခဲ့သော သမီးဖြစ်သူကို မပိုးဖြူမတားလိုက်နိုင်ပါချေ။
" ကျွန်မအသက် (၃၆) နှစ်ထဲ ရောက်နေပြီ..ဟုတ်တယ် ရှင်ပြောတာမှန်တယ် ..... ကျွန်မအတွက်က သေဖို့တောင်ခက်ခဲနေတယ် ..တကယ်ဆို အဖေနဲ့အမေသေဆုံးသွားကတည်းက ကျွန်မပါသေခဲ့ရမှာ ...အခုတော့သေလဲ မသေနိုင် .. အသက်လဲမရှင်ချင်နဲ့ ဘ၀ကငရဲကျနေသလိုပဲ ခံစားနေရတယ"
မပိုးဖြူ အံကိုတင်းတင်းကြိတ်ကာပြောလိုက်မိသည်။ပြောရင်းနှင့်ပင်မျက်ရည်ပေါက်ကြီများက ပါးပြင်ပေါ်သို့ တလိမ့်လိမ့်စီးကျလာခဲ့ပြန်သည်။
အံကိုကြိတ်ကာ ငိုနေသောသူမကို ကြည့်ပြီး မိုးထက် တကယ်ပင် စိတ်မကောင်းမိ။ သူမကို တွေ့လိုက်ရချိန်တိုင်း တစ်ခု မဟုတ်တစ်ခု ဒုက္ခရောက်နေတတ်တာတော့ မိုးထက်လည်းသတိထားမိသည်လေ။
"မင်းမှာအိမ်ထောင်ရှိတယ်ဆို ..သမီးလဲရှိတယ်မဟုတ်လား ...သူတို့ဖုန်းနံပတ်တွေ မှတ်မိလား ...ဖုန်းဆက်ပြီး ခေါ်ပေးမယ်လေ "
မိုးထက် ကိုယ်စွမ်းဆောင်ပေးနိုင်တာကို ပြောလိုက်သည်။
" မှတ်မိပါတယ် ....ဒါပေမဲ့ မခေါ်ပါနဲ့ ...အခုဘယ်အချိန်ရှိပြီလဲရှင် "
" ည(၈)နာရီထိုးနေပြီ ..မင်းအိမ်ပြန်မလား ..ဒါမှမဟုတ်ရင်လဲ ...ဒီဆေးခန်းမှာပဲ အားရှိအောင်တစ်ညလောက်ဆက်နေလို့ရတယ် ..."
မပိုးဖြူတွေခနဲဖြစ်သွားကာ စဉ်းစားလိုက်မိသည်။ဖြစ်နိုင်လျှင် တစ်ညလောက် အိမ်မပြန်ဘဲနေပစ်လိုက်ချင်ပါသည်။သို့သော်လည်း မပိုးဖြူသည်ချည်တိုင်တွင်ချည်ခံထားရသောနွားတစ်ကောင်ကဲ့သို့ အိမ်ဆီသို့သာ စိတ်ကရောက်နေမိသည်။ည (၈) နာရီရှိပြီဖြစ်သောကြောင့် ယောက်ျားဖြစ်သူပြန်လာချိန်နီးနေပေပြီ။မပိုးဖြူ အိပ်ရာပေါ်တွင်ဆက်လက် လှဲနေနိုင်စွမ်းမရှိတော့ပါချေ ။ ကိုယ်ပေါ်တွင် လွှမ်းခြုံထားသော စောင်ကို အသာဖယ်ကာ ထလိုက်သည်။
" ဆေးကုသစရိတ်ဘယ်လောက်ကျလဲရှင် ...အခုတော့ ပိုက်ဆံမပါပေမဲ့ .. မနက်ဖြန် ချက်ချင်းရှင်းပေးပါ့မယ် ... ဆေးဖိုးကိုရှင်စိုက် ပေးထားပါနော် ..ရှင်လဲ ကျွန်မအိမ်ကို သိနေတာပဲ ... ကျေးဇူးပြုပြီး ကျွန်မကိုကားငှားပေးပါလားရှင် "
နွမ်းလျလျ ပြောလာသောစကားသံကြောင့် မိုးထက်ခေါင်းကိုငြိမ့်ပြလိုက်မိပြီး
"ရပါတယ် ...ဆေးဖိုးလဲအကြွေးဆိုတော့ ...မထူးတော့ပါဘူး ...အိမ်ကိုလဲ ကျွန်တော်ပဲ လိုက်ပို့ပါ့မယ် .. ဒါနဲ့ နာမည် ဘယ်လိုခေါ်လဲ...ဆေးမှတ်တမ်းမှာစာရင်းသွင်းရအုံးမယ် "
" မပိုးဖြူပါ ..အသက်(၃၆) နှစ် ."
"အိုကေ ... ဒီမှာ ခဏစောင့်နေ .. မင်းပိုက်ဆံအိတ်က... မင်းဘေးကခုံပေါ်မှာနော် "
~~~~~~
"ကျွန်တော့်နာမည်က မိုးထက်ပါ...မပိုးဖြူနဲ့ ကျွန်တော်က အသက်အတူတူပဲ .. အဲ့ဒီတော့ ရင်းရင်းနှီးနှီး ပြောမယ်နော် ... မပိုးဖြူ ဘာဒုက္ခတွေကြုံနေရလဲဆိုတာတော့ ကျွန်တော်မသိပါဘူး ... ဒါပေမဲ့ ဘာပဲဖြစ်ဖြစ်အရှုံးမပေးနဲ့ ...အရှုံးပေးလိုက်ရင် ပိုပြီးအနိုင်ယူချင်တာ လောကကြီးရဲ့ သဘာ၀ပဲ .. ကိုယ့်မှာအစွမ်းအစရှိသလောက် ပြန်တိုက်ခိုက်ရမယ် .. ကိုယ်ကြုံတွေ့နေရတဲ့ ပြဿနာကို သေချာတွေးကြည့်ပြီး နည်းပေါင်းစုံနဲ့ဖြေရှင်းကြည့် ..ဥပမာဗျာ လောင်းကစားကြောင့် ရှိသမျှပစ္စည်းတွေ အကုန်ဆုံးရှုံးသွားတယ်ထားပါတော့ ...ဒါကိုထိုင်ပြီး စိတ်ညစ်ပူဆွေးမနေဘဲ .. ကိုယ့်အမှားကိုပြုပြင်ပြီး ...ဘဝကိုပြန်စနိုင်အောင် ကြိုးစား ...လူဆိုတာ အမှားတွေ့တတ်တာပဲ ... မှားနေမှန်းသိရင်ပြင်ရမယ် ..."
မိုးထက်က အသေအချာပြောနေသော်လည်း မပိုးဖြူကမူ သူပြောသည်ကို စိတ်မ၀င်စားဘဲ ကြောင်ကြောင်ငေးငေးနှင့်ထိုင်နေသည်ကို နောက်ကြည့်မှန်ထဲမှတွေ့လိုက်ရသဖြင့် မိုးထက်သူ့ပါးစပ်ကို ပိတ်လိုက်ရတော့သည်။
ကားလေးသည် ဖြည်းဖြည်း မှန်မှန်မောင်းလာရာမှ မပိုးဖြူတို့အိမ်ရှေ့သို့ ရောက်လာခဲ့တော့သည်။ခြံရှေ့တွင် မိုးထက်ကားကို ရပ်ပေးလိုက်သည်။မပိုးဖြူက ကားတံခါးကိုဖွင့်ကာဆင်းမည်ပြုပြီးမှ မိုးထက်ကိုကြည့်လိုက်ပြီး
"ပိုက်ဆံကို အခုယူသွားမလားရှင် ..ယူသွားမယ်ဆိုရင် ... ဒီမှာ ခဏစောင့်နေပါရှင် "
မှောင်မည်းတိတ်ဆိတ်နေ သောအိမ်ကြီးကို မိုးထက်လှမ်းကြည့်လိုက်ပြီး
"နောက်ကြုံမှ ယူမယ်ဗျာ ... မပိုးဖြူတို့အိမ်မှာ ဘယ်သူမှမရှိဘူးထင်တယ် ... အမျိုးသမီးတစ်ယောက်တည်းရှိတဲ့ အိမ်ရှေ့မှာ ရပ်မစောင့်ချင်ဘူး ... မပိုးဖြူရဲ့ဖုန်းနံပတ် ကျွန်တော့်ကိုပေးလိုက်လေ "
မိုးထက်မရည်ရွယ်ထားပါဘဲ ဖုန်းနံပတ်တောင်းလိုက်မိသည်။ထို့နောက် တိုးလျလျ အသံဖြင့်ရွတ်ပြသော ဖုန်းနံပတ်ကို ဖုန်းထဲတွင်လိုက်မှတ်လိုက်သည်။ပြီးနောက်ထပ်ပြီး မရည်ရွယ်ထားဘဲ မိုးထက်ပြောလိုက်မိပြန်သည်။
"မပိုးဖြူ မင်းအရမ်းအားနည်းနေတယ်တဲ့ ...အစားကိုပုံမှန်စားပုံမှန်အိပ် .. ပေးလိုက်တဲ့ဆေးတွေလဲ သေချာသောက်အုံးနော် ...တကယ်လို့ ဆေးခန်းသွားဖို့ ကားလိုတယ်ဆိုရင် ကျွန်တော့်ကို ဖုန်းဆက်လိုက်ပါ .. ကျွန်တော် ဖုန်းခေါ်ထားတယ်ဗျ....( 09 ....7 ) က ကျွန်တော့်ဖုန်းနံပတ်ပဲ "
" ဟုတ် ..ဟုတ်ကဲ့ပါ ..... ကျေးဇူးပါ ကိုမိုးထက် .... ကျွန်မသွားတော့မယ် "
နှုတ်ဆက်စကားပြောပြီး သည်နှင့် ကာပေါ်မှဆင်းသွားသော သူမကို မှန်ပြတင်းပေါက်မှတဆင့် မိုးထက်အဓိပ္ပါယ်မဲ့ကြည့်နေမိသည်။
~~~~~~
"ပွမ် .. ပွမ် "
#နွေလယ်အိပ်မက်
(အခန်းဆက် ဝတ္ထု )
အပိုင်း (၈)
*********
"ပိုးအိက နာမည်လေးနဲ့လိုက်အောင် ချစ်စရာလဲကောင်းပြီး လှလဲလှတယ် ...ဆံပင်တွေကရော ကောက်ထားတာလား... နဂိုလှိုင်းရှိတာလား ...မျက်နှာလေးနဲ့ သိပ်လိုက်တာပဲကွယ် "
မျိုးမမ၏ အမေးကြောင့် ပိုးအိဇင်သည် သူမခေါင်းထက်က ဆံပင်များကိုလက်နှင့်ကိုင်တွယ်ကြည့်လိုက်သည်။ပြောရလျှင် ဤဆံပင်များကြောင့်ပင် မိခင်ဖြစ်သူကို စိတ်တိုင်းမကျ ဖြစ်ခဲ့ရခြင်းလည်းပါသည်။နေရာတကာ ဆံပင်အဖြောင့်များခေတ်စားနေချိန်တွင် ပိုးအိဇင်မှာမိခင်နှင့်တူပြီး လှိုင်းတွန့် ဆံပင်ကောက်ကောက်များနှင့်ဖြစ်ခဲ့သည်။မိခင်ဖြစ်သူ့အကြောင်းကို တွေးလိုက်မိသည်နှင့် ပိုးအီဇင်စိတ်ထဲညစ်ညူးသလိုပင် ဖြစ်သွားရသည်။
"ပိုးအိ ..သမီးဘာတွေစဉ်းစားနေတာလဲ ....လာလေ ဒီမှာလာထိုင်ပါအုံး ...အလှကုန်ပစ္စည်းတွေ စမ်းကြည့်ရအောင် "
" ဟုတ် ..ဟုတ်ကဲ့ "
တွေတွေဝေဝေဖြစ်သွားသောပိုးအိဇင်ကို မျိုးမမကထိုင်ခုံဆီသို့ ဆွဲခေါ်လိုက်သည်။
" အန်တီက စင်္ကာပူမှာနေခဲ့တာဆို "
မျိုးမမကိုကြည့်ပြီး ပိုးအိဇင်က မေးလိုက်သည်။
"ဟုတ်တယ် သမီးရဲ့ ... အန်တီတို့အမျိုးတွေ အဲ့ဒီမှာအကုန်ရောက်နေကြပြီ ...အန်တီအမေက မလိုက်ဘူးဆိုလို့ ပြန်လာရတာ .."
" ဟုတ်လား "
ပိုးအိဇင်သည် လာတုန်းကတော့ မျိုးမမကို အကဲခတ်ရန်လာခဲ့ခြင်းဖြစ်သည်။ယခုအခါမှာတော့ မျိုးမမ၏အလိုက်တသိ အပြုအမူများကြောင့် မျိုးမမကို သဘောကျသလိုဖြစ်လာသည်။မျိုးမမက ပိုးအိဇင်၏လက်ခုံပေါ်တွင် အလှပြင်ပစ္စည်းများကို စမ်းသပ်ရင်း အဆင်ပြေမည့် အလှကုန်များကို ရွေးချယ်နေသည်။
"သမီး ဖေ့ဘုတ်သုံးတယ်မဟုတ်လား ... လူငယ်ဘ၀ဆိုတာ ကုန်ဆုံးသွားပြီးရင် ပြန်မရနိုင်တော့ဘူး ..အဲ့ဒါကြောင့် လူငယ်ဘ၀မှာ လွတ်လွတ်လပ်လပ်ပျော်ပျော်ရွှင်ရွှင်သာနေ ... လုပ်ချင်တာကို လုပ်ပစ်လိုက် ... အလှအပကအစ ကိုယ်ကသူများထက်သာအောင်နေရမယ် ... ရည်းစားထားတာကအစ ကိုယ့်ကိုယ်အရူးအမူးဖြစ်နေတဲ့လူမျိုးကို အပိုင်ဆွဲထားရတယ် ...ပိုးအိက သိပ်လှတော့ ကြိုက်တဲ့ကောင်လေးတွေ များတယ်မဟုတ်လား.."
လူပုံးပန်းကိုကြည့်ပြီး ဆယ်ကျော်သက်အရွယ် ကောင်မလေးများကြိုက်တတ်သော စကားများကိုမျိုးမမကရွေး၍ ပြောလိုက်သည်။မျိုးမမ၏ ပစ်ချက်မှာ ကွက်တိပင်ထိမှန်ပါလေသည်။ပိုးအိဇင်သည် မျိုးမမအား အထင်ကြီးလေးစားသောအကြည့်များဖြင့် ကြည့်နေသည်ကိုတွေ့ရလေသည်။
"ပိုးအိအမေကပြောတယ်... ယောကျာ်းလေးတွေနဲ့ ဉာဉ့်နက်သန်းခေါင် စကားမပြောရဘူးတဲ့လေ... အဖေနဲ့ အဘွားတို့ကတော့ ဘာမှမပြောပါဘူး "
ပိုးအိဇင်၏စကားကြောင့် မျိုးမမစိတ်ထဲမှကြိတ်ပြုံးလိုက်ရသည်။
"ပိုးအိရဲ့အမေပြောတာလဲ...မှားတော့မမှားပါဘူးကွယ် ....ဒါပေမဲ့ ခေတ်ရေစီးကြောင်းကို မလိုက်နိုင်ရင် ကိုယ်ပဲနောက်ကောက်ကျကျန်ခဲ့မှာပေါ့ကွယ် ....အန်တီမျိုးကတော့ လူတိုင်းလွတ်လပ်စွာနေ ခွင့်ရှိတယ်လို့ထင်တာပဲ .. မိဘဆိုပြီး သားသမီးကိုအတင်းအမိန့်တွေပေးလို့မရဘူးလေ "
မျိုးမမအပြောကို ပိုးအိဇင် သဘောကျသွားသည်။ဖခင်ဖြစ်သူသည် မျိုးမမကိုဘာကြောင့်ရွေးချယ်ရသလဲဆိုသည်ကိုလည်း ပိုးအိဇင် သဘောပေါက်သွားသလိုရှိသည်။မိခင်ဖြစ်သူသည် ပိုးအိဇင်တို့အားချစ်သည်မှန်သော်လည်း သူမမှာ အဘွားဖြစ်သူပြောသကဲ့သို့ ဆင်းရဲနုံချာလှသောဘ၀မျိုးမှလာသူဖြစ်သောကြောင့် လူဝင်မဆန့်ဘဲ သိမ်ငယ်စိနှေင့် ခေတ်ကို မလိုက်နိုင်ခြင်းဖြစ်သည်ဟု ပိုးအိဇင်ထင်သည်။
"ကဲ ...ကြည့်စမ်းပါအုံး ဆံပင်ကို ဒီလိုလေးချထားလိုက်တော့ ပိုးအိမျက်နှာလေးနဲ့ ဘယ်လောက်လိုက်ဖက်လဲ "
မျိုးမမက ပိုးအိဇင်ကို မှန်ရှေ့တွင်ရပ်လျက်ကြည့်စေလိုက်သည်။ပိုးအိဇင်မှာ မှန်ရှေ့တွင်ပေါ်နေသော သူမ၏ပုံရိပ်ကို ကြည့်လျက် ကျေနပ်နေသည်။
~~~~~~~~
မပိုးဖြူဖျတ်ခနဲ လန့်နိုးလာသည်။မျက်လုံးကို ဖွင့်ကြည့်လိုက်သောအခါ မျက်နှာကြက်ဖြူဖြူကိုတွေ့လိုက်ရသည်။
"မင်း နိုးလာပြီလား ... မင်း ဘာဖြစ်ခဲ့တာကို ရောမှတ်မိရဲ့လား "
ရုတ်တရက်ထွက်ပေါ်လာသောအသံကြောင့် မပိုးဖြူလန့်သွားသည်။ ခုတင်ပေါ်မှ အားယူထထိုင်လိုက်ကာ အထိတ်တလန့် ဖြင့်မေးလိုက်သည်။
"ရှင်...ရှင် ... ကျွန်မဘယ်ကို ရောက်နေတာလဲ "
" အတင်းမထနဲ့လေ .... အထူးကုဆေးခန်းကို ရောက်နေတာပါကွ ... လမ်းမှာမင်းမူးလဲသွားတာတွေ့လို့ ဆေးခန်းခေါ်လာခဲ့လိုက်တာ ....မင်းမှာဖုန်းလဲ မပါဘူးနော် .. မင်းရဲ့အိမ်ကို အကြောင်းကြားဖို့ သွားတော့လဲ အိမ်မှာ ဘယ်သူမှမရှိဘူးကွ "
ပြူးပြူးပျာပျာဖြစ်နေသော သူမကို မိုးထက်ခပ်မြန်မြန်ရှင်းပြလိုက်ရသည်။
" ရှင်ဘာလို့ခေါ်လာရတာလဲရှင် ...အဲ့ဒီနေရာမှာ သေသွားလဲ အေးတာပဲ ..."
"ဘာ ... ဘယ်လို ..."
မိုးထက်မျက်လုံးအပြူးသားနှင့်သူမကိုကြည့်လိုက်မိပြီး ဂရုဏာဒေါသနှင့် ပြောလိုက်မိသည်။
"မင်းက သေချင်လို့လျှောက်သွားနေတာလား ... သေတာအဲ့ဒီလောက်လွယ်မယ်ထင်နေတာလား...မင်းအသက်ဘယ်လောက်ရှိပြီလဲ "
