အချစ်/အလွမ်း/ လျှို့ဝှက်သဲဖို ရသစုံ ဝတ္ထုများ ဧကြည်ဖြူ
Открыть в Telegram
Больше
1 031
Подписчики
-224 часа
-27 дней
-1330 дней
Архив постов
မျိုးမမကပြောလိုက်သော်လည်း ကိုဇင်မောင်သည် ဆိုင်ခန်းအတွင်းသို့ ရောက်သည်နှင့် ဝတ်ထားသော ခရမ်းဖျော့ရောင်ရှပ်လက်ရှည်ကို လက်ခေါက်၍တင်နေပြီဖြစ်လေသည်။ပြီးလျှင် နှစ်ယောက်သားမှာခုံများကိုနေရာတကျဖြစ်အောင် နေရာချလိုက်ကြသည်။ဝယ်လာသော ပစ္စည်းများကိုလည်း သူ့နေရာနှင့်သူ အစီအစဉ်တကျထားလိုက်ကြသည်။အချိန်သည် မည်သို့ ကုန်သွားမှန်းမသိတော့ပါချေ။
" ဟယ် အစ်ကို .. ( ၅)နာရီထိုးနေပြီးပဲ ...အားနာလိုက်တာအစ်ကိုရယ် ... အစ်ကို ပြန်တော့လေ ..."
"အမေ့ "
" ဟား ... မျိုး...သတိထားလေ .... "
"ဝုန်း "
မျိုးမမသည် လက်ထဲမှနာရီလေးကို ငုံ့ကြည့်ပြီး ကမန်းကတန်းထလိုက်ရာ အတန်ကြာ ဆောင့်ကြောင့်ထိုင်ထားခဲ့သောကြောင့် ခြေထောက်မှာ ထုံကျဉ်နေပြီး ယိုင်ခနဲလဲကျ လေသည်။ကိုဇင်မောင်သည် လဲကျလာသော မျိုးမမ၏ကိုယ် လုံးလေးကို ထိန်းဖမ်းလိုက်ရာနှစ်ယောက်သား ဖက်လျက်သား လဲကျသွားကြလေသည်။အိထွေး သော မျိုးမမ၏ကိုယ်လုံးလေးသည် ကိုဇင်မောင်၏ .ကိုယ်ပေါ်သို့ထပ်လျက်လဲကျသည်ဖြစ်လေရာကိုဇင်မောင်မှာ အိမ်ထောင်သည် ဖြစ်၍ အတွေ့အကြုံရှိသော်လည်း မျိုးမမ၏ရှိုက်ဖို့ကြီးငယ် အသွယ်သွယ်ရှိသောကိုယ်လုံးလေး၏ နုညံ့အိထွေးသော အထိအတွေ့ကြောင့် နှလုံးခုန်သံများ မြန်ဆန်လာသည်။ခန္ဓာကိုယ်ထဲရှိ သွေးများသည်လည်း ဆူပွက်လာသယောင်ထင်ရလေသည်။
" ဆော....ဆောရီးနော်အစ်ကို "
မျိုးမမ၏ တောင်းပန်သံလေးက အဖျားခတ်၍တုန်ယင်နေလေသည်။နှစ်ယောက်သားတစ်ယောက်မျက်နှာတစ်ယောက် ရှက်ကိုးရှက်ကန်းကြည့်လိုက်မိကြသည်။
"ဒါ....ဒါဆို...အစ်ကို ပြန်တော့မယ်နော် "
~~~~~
"ဟင် ...မောင်အဝတ်အစားတွေဘယ်လိုဖြစ်တာလဲ ...ဆိုင်မှာသန့်ရှင်းရေးလုပ်လာတာလား "
စွန်းပေလာသော ယောကျာ်းဖြစ်သူ၏အဝတ်အစားများကိုကြည့်ပြီး မပိုးဖြူမေးလိုက်သည်။
"ဟုတ်တယ်ကွာ ...ဆိုင်မှာသန့်ရှင်းရေးလုပ်ခဲ့တာ ...ညစ်ပတ်လာရင်လဲ လျှော်လိုက်ပေါ့ကွာ...အကုန်လိုက်ပြောနေတာပဲ "
ကိုဇင်မောင် မလုံမလဲစိတ်ဖြင့် မိန်းမဖြစ်သူကို အသံမာမာနှင့်ပြောလိုက်သည်။
"ဟော့တော် ... ဒါလေးမေးတာ ဘာဖြစ်လို့လဲ မောင်ရယ် ... မောင့်ကို ကြည့်ရတာ အခုလောဒေါသတွေ ကြီးနေတယ်နော် .. ဖြူ့ကို ဘာမကျေနပ်လို့လဲဟင် "
မပိုးဖြူက ယောကျာ်းဖြစ်သူကို မျက်နှာချင်းဆိုင်ပြီးမေးလိုက်သည်။
ကိုဇင်မောင်သည် မျက်နှာချင်းနီးကပ်စွာရှိနေသော ဇနီးဖြစ်သူ၏ မျက်နှာလေးကိုကြည့်လိုက်သည်။လွန်ခဲ့သော ဆယ်နှစ်ကျော်က အရူးအမူးစွဲလမ်းခဲ့ရသော မျက်နှာလေးသည် ယခုလည်းပဲ ပြောင်းလဲမှုထူးထူးခြားခြား မရှိပါဘဲ ကိုဇင်မောင်၏ရင်ခုန်သံများမှာ ငြိမ်သက်လွန်းနေခဲ့သည်။လှိုင်းတွန့်ဆံပင်များကို ညှပ်တစ်ခုနှင့် ညှပ်တင်ထားပြီး ဖြူလွလွပါးပြင်ပေါ်တွင် ခပ်ပါးပါးလိမ်းထားသော သနပ်ခါးပါးကွက်ကြားလေး။ မပိုးဖြူသည် နေ့လယ်နေ့ခင်းဆိုလျှင် မျက်နှာမှာ မိတ်ကပ်ခပ်ပါးပါးကို လိမ်းလေ့ရှိသော်လည်း ညဆိုလျှင်ခပ်သင်းသင်းလေးမွှေးပျံ့နေတတ်သော ရှင်မတောင်သနပ်ခါးကိုလိမ်းလေ့ရှိသည်။ခပ်ပါးပါးလိမ်း ထားသောသနပ်ခါးများနှင့်မျက်နှာလေး တွင် နှုတ်ခမ်းနီဆိုးလေးမရှိသောနှုတ်ခမ်းလေးက ပင်ကိုယ်သဘာဝရောင်အတိုင်း နီဖျော့ဖျော့လေးရှိသည်။ထိုသို့မပိုးဖြူ၏ မျက်နှာလေးသည် ဖြုန်းခနဲကြည့်လျှင် လှသည်ဟုမထင်ရသော်လည်း သေချာကြည့်လျှင်မူ အကြည့်ခံသော အလှမျိုးဖြစ်သည်။ခန္ဓာကိုယ်လေးမှာမူ ရှိုက်ဖို့ကြီး ငယ်အသွယ်သွယ်နှင့်မဟုတ်သော်လည်း တင်းတင်းပြည့်ပြည့်နှင့်ကြည့်၍ကောင်းသည့် အထဲပါရှိလေသည်။ကိုဇင်မောင်သည် မိန်းမဖြစ်သူကို အတန်ကြာစူးစိုက်၍ကြည့်နေမိလေသည်။
"မောင် ဘာကြည့်နေတာတုန်း...ဖြူ့ကိုမမြင်ဖူးဘူးလား "
မပိုးဖြူသည် ရှက်စနိုးမေးလိုက်ရင်း ယောကျာ်းဖြစ်သူ၏ ချောမောခန့်ညားသော မျက်နှာလေးကိုကြည့်ပြီး ယောကျာ်း၏လက်မောင်းကိုဖက်တွယ်လိုက်မိလေသည်။
"ဖယ်ပါကွာ ... သန့်ရှင်းရေးလုပ်လာရလို့ပင်းပန်းနေပြီ ....ရေသွားချိုးတော့မယ် "
ကိုဇင်မောင်သည် ပြောပြော ဆိုဆိုနှင့် မပိုးဖြူ၏ကိုယ်လုံးလေးကို တွန်းဖယ်လိုက်ပြီး ရေချိုးခန်းသို့သွားရန်ပြင်လိုက်လေသည်။မပိုးဖြူသည်လည်း စွန်းပေလာသော ကိုဇင်မောင့်အင်္ကျီလေးကို ရင်ဝယ်ပိုက်လျက် လျှော်ဖွပ်ရန်ပြင်ဆင်လိုက်လေသ ည်။
~~~~~~
"အားနာလိုက်တာဗျာ ... ကျွန်တော်က အရေးတကြီးကိစ္စ လေးချိန်းထားလို့ပါ ...ဒီမှာ ကျွန်တော် မန်နေဂျာက စိတ်တိုင်းကျအောင် ဆောင်ရွက်ပေးပါလိမ့်မယ် "
ပြောပြီးသည်နှင့် လှည့်ထွက်သွားသောကိုမိုးထက်ကို မျိုးမမ သည် အံလေးမသိမသိကြိတ်ကာ ကြည့်နေမိသည် ။မျိုးမမကဲ့သို့ လှပချောမောသောသူကိုပင် အရေးမစိုက်သော ဤလူသားသည် ယောကျာ်းစစ်စစ်မှဟုတ်ပါလေစဟုပင်ထင်ချင်စရာမဟုတ်ပါလား။ကိုမိုးထက်ကိုကြည့်ပြီး ကိုဇင်မောင်ကို မျိုးမမသတိရလိုက်မိသည်။အကွာကြီးကွာနေကြသော ထိုနှစ်ယောက်၏ အပြုအမူများသည် မျိုးမမ၏ရင်ထဲတွင် မှတ်မှတ်ထင်ထင်ရှိနေသည်မှာတော့ အမှန်ပါပင်။
"ရတနာ့လူက မမိုက်ပါဘူးကွာ..သူ့ကို အားကိုးပြီးလာတဲ့သူကို ထားခဲ့ပြီး ပစ်ပစ်ခါခါထွက်သွားတာ ကြည့်ပါအုံး "
"မ...မလုပ်ပါနဲ့ အမေ ....သမီးလေးကို နေ့ခင်းဘက်တွေမှာခေါ်ထားချင်ခေါ်ထားပါ ...ညဘက်တွေတော့ အိမ်မှာပဲနေခွင့်ပြုပါနော် "
ယောက္ခမကြီး၏ စကားကြောင့် မပိုးဖြူအထိတ်တလန့် ဖြင့်တောင်းပန်လိုက်မိသည်။ ယောက္ခမဖြစ်သူပြောသလိုသာဆိုလျှင် သမီးနဲ့ မပိုးဖြူကြားမှာ ပို၍ စိမ်းကားသွားပေလိမ့်မည်။သမီးသည် အဘယ်ကြောင့်ရယ်မသိ ငယ်စဉ်ကတည်းကပင် ဖခင်ကိုပို၍တွယ်တာသည်။ဖခင်သွားလေရာနောက် တကောက်ကောက်လိုက်ပါတတ်သည်။မပိုးဖြူကိုမူ ဖခင်ဖြစ်သူမရှိချိန်မျိုးမှ ကပ်သည်။မပိုးဖြူမှာ သမီးလေးကို ငုံထားမတတ်ချစ်ရသည်။မပိုးဖြူအတွက် သမီးသည်သာပထမ ဖြစ်ခဲ့သည်။မပိုးဖြူ၏ ဆယ့်ကိုးနှစ်အရွယ်ငယ်ရွယ်စဉ်ဘဝကနေ ယနေ့အချိန်အထိ သမီးဖြစ်သူ့အတွက်သာတွေးပြီး ရှင်သန်နေထိုင်ခဲ့သည်။သမီးငယ်ကို သူမလို ငယ်ငယ်ရွယ်ရွယ်နှင့် အိမ်ထောင်ကျသွားမှာကို စိုးရိမ်ပူပန်ခဲ့ရသည်။သို့သော်ဖခင်ဖြစ်သူနှင့်ဘိုးဘွားများ၏ အလိုလိုက်ခြင်းကိုခံရသောသမီးမှာ ဆိုးနွဲ့ချင်သည် ။လုပ်ချင်ရာကို ဇွတ်လုပ်တတ်သည်။တခြားလူကိုလည်း သနားငဲ့ညှာရမှန်းမသိ။သာ၍ဆိုးသည်မှာ တဖြည်းဖြည်း အရွယ်ရောက်လာသည်နှင့်အမျှ မပိုးဖြူအပေါ်လေးစားမှုမရှိခြင်းဖြစ်သည်။သူတစ်ခုခုလိုချင်လျှင် ဖခင်နှင့်အဘိုးအဘွားများကို ပူဆာသည်။တောင်းဆိုသည်။မပိုးဖြူကိုမူ အထင်မကြီး။ ထမင်းချက်ကျွေးသူ၊အိမ်သန့်ရှင်းရေးလုပ်ပေးနိုင်သူတစ်ယောက်အဖြစ်သာစွမ်းနိုင်သည်ဟု မှတ်ယူထားပုံရသည်။ဤသို့ဖြစ်နေရသည်မှာ သမီးငယ်၏အပြစ်ဟုလည်းမဆိုသာပါချေ။ဤသို့မဖြစ်ဖြစ်အောင်တွန်းပို့နေသည်များရှိသည်လေ။သည်အခြေအနေများမဖြစ်အောင် မပိုးဖြူနေ့စဉ် ကြိုးစားနေခဲ့သမျှသည် သမီးအတွက် မုန်းစရာကောင်းသော မိခင်တစ်ယောက်ဖြစ်မှန်းမသိဖြစ်လာခဲ့ချေပြီထင်သည်။
''အေး ယောကျာ်းကို နားပူနားဆာလုပ်လိုက် ... သားသမီးကို နားပူနာဆာလုပ်လို က်နဲ့ ညည်းဘ၀ကသိပ်သာယာနေတယ်ပေါ့လေ ....ငါ့သားလေးမှာ တော့ တစ်ဆိုင်ပြီးတစ်ဆိုင်ပြေးလွှားပြီး ...ပင်ပင်ပန်းပန်းရှာဖွေနေရတာ ... ညည်းက အိမ်ထဲမှာ အခန့်သားနေပြီ ရန်လိုက်လုပ်မနေနဲ့...သက်သောင့်သက်သာနဲ့ ဝတ်နေစားနေရတာကိုတိတ်တိတ်ဆိတ်ဆိတ်နေစမ်းပါအေ ... ပြောတာကြားလား....;'
ငယ်နိုင်လိုဖြစ်နေသော ယောက္ခမကြီး၏စကားများကို မပိုးဖြူလေးပင်စွာခေါင်းငြိမ့်ပြလိုက်ရပါလေသည်။
~~~~~
"ဘယ်လိုလဲအစ်ကို....စက်တွေက အိမ်အထိလိုက်ဆင်ပေးမှာလားဟင် "
မျိုးမမက အသံချိုချိုလေးဖြင့်မေးလိုက်သောအခါ ကိုဇင်မောင်သည် ပြုံးမြမြ အမူအရာနှင့် ခေါင်းငြိမ့်ပြရင်း ဖြေလိုက်သည်။
"ဝယ်သူကတောင်းဆိုရ...င်အိမ်တိုင်ရာရောက်ဝန်ဆောင်မှုပေးမှာပါဗျာ.. ဟုတ်ပြီလား "
" ကျေးဇူးပါ အစ်ကို ... မျိုးကပြန်ရောက်တာ မကြာသေးတော့ ...ဒီမှာလဲ အသိမိတ်ဆွေဆိုလို့ ငယ်သူငယ်ချင်းဖြစ်တဲ့ ...ရတနာပဲရှိတာ ... မျိုးရဲ့ဆိုင်အတွက်...တခြားလိုအပ်တဲ့ပစွည်းတွေ၀ယ်ဖို့တောင် မျိုးမှာ တစ်ယောက်တည်းဖြစ်နေလို့လေ...ကားကလဲ မဝယ်ရသေးဘူး "
မျိုးမမ၏ အားငယ်ဟန်လေဟန်သွင်ပြင်ကိုကြည့်ပြီး ကိုဇင်မောင်မှာ ကရုဏာသက်ရပြန်လေသည်။
" မျိုးတစ်ယောက်တည်း ဖြစ်နေရင် ..အစ်ကိုကူညီပေးပါ့မယ်ကွာ ... ကားသွားကြည့်မယ်ဆိုလဲ အစ်ကိုလိုက်ခဲ့ပေးလို့ရပါတယ် "
"ဟုတ်ကဲ့ ....ကျေးဇူးတင်ပါတယ် အစ်ကို.... ဒါဆို မျိုးရဲ့ဆိုင်ခန်းပြင်ဆင်ပြီးတာနဲ့ ...စီစီတီဗီနဲ့ ကွန်ပျူတာတွေတစ်ခါတည်း ဆင်ပေးနော်အစ်ကို "
မျိုးမမနှင့် ကိုဇင်မောင်တို့၏ဒုတိယအကြိမ်တွေ့ဆုံမှုတွင် တစ်ယောက်နှင့်တစ်ယောက်ရှိန်၍မနေကြတော့ဘဲ ပို၍ရင်းနှီးခင်မင်လာကြလေသည်။သူတို့နှစ်ယောက်တွင်ရေစက်ပင်ပါလေသည်လားမသိ နှစ်ယောက်သား ဗိုလ်ချုပ်ဈေးတွင် လာဆုံကြ သည်။ဆုံကြတော့လည်း နှစ်ယောက်သား ကော်ဖီဆိုင်အတူထိုင်ဖြစ်ကြသည်။
" မျိုးရဲ့ဆိုင်က ရန်ကင်းမှာပဲလား ... အခုဘာနဲ့ပြန်မှာလဲ ...အစ်ကိုနဲ့လမ်းကြုံတာပဲလိုက်ခဲ့လေ "
"မဟုတ်တာ အစ်ကိုရယ် ..ရပါတယ် ..မျိုးရဲ့ဆိုင်က မျိုးတို့အိမ်နားကလမ်းမမှာပါပဲ...ကားပဲငှားပြန်လိုက်ပါ့မယ် "
" မဟုတ်တာကွာ ..ကဲပါ ..လိုအပ်တာတွေ၀ယ်ရင်... အစ်ကိုပါလိုက်သယ်ပေးပါ့မယ်
" ကျေဇူးပါ အစ်ကို "
မျိုးမမ၏နှုတ်ဖျားမှ ဘယ်နှစ်ကြိမ်မြောက်မှန်းမသိ ထွက်ကျလာသော ကျေးဇူးတင်သောစကားသံလေးသည် ကိုဇင်မောင်၏နားတွင် ပျားသကာကဲ့သို့ချိုမြနေသယောင်ထင်ရလေသည်။
~-~~~~
"ဒီအခန်းပဲ အစ်ကို "
မျိုးမမကပြောပြီးသည်နှင့် ဆိုင်ခန်းတံခါးသော့ကို ဖွင့်လိုက်လေသည်။
"ဆိုင်အတွက် ဝန်ထမ်းတွေမခေါ်ရသေးတာလား ... မျိုးတစ်ယောက်တည်းပြင်ဆင်နေတာပေါ့လေ "
ကိုဇင်မောင်က တံခါးဖွင့်နေ သော မျိုးမမကိုမေးလိုက်သည်။
"ဟုတ်တယ် အစ်ကို ...လာလျှောက်တဲ့ဝန်ထမ်းတွေတော့ ရှိပါတယ်... မျိုးစိတ်တိုင်းကျမတွေ့သေးလို့လေ "
" ဒီလိုဆိုရင် .... တစ်ယောက်တည်းပြင်ဆင်နေရတာ ...ပင်ပန်းတာပေါ့ မျိုးရယ်...ကဲ ...အခုဘာတွေလုပ်စရာရှိသေးလဲ ....အစ်ကို ဝိုင်းကူပေးမယ် "
" မလုပ်ပါနဲ့ အစ်ကိုရယ် ...အခုကူညီတာတောင် ... အတော်များနေပါပြီ "
#နွေလယ်အိပ်မက်
(အခန်းဆက်ဝတ္ထု )
အပိုင်း (၂)
*******^
" မောင် ..ဒီမှာတဘက်လေ "
ရေချိုးခန်းထဲမှထွက်လာသော ခင်ပွန်းဖြစ်သူထံသို့ မပိုးဖြူ တဘက်ကို ကမ်းပေးလိုက်သည်။ပြီးနောက် ခင်ပွန်းဖြစ်သူ၏ ကိုယ်ပေါ်မှ ရေစက်များကို သုတ်ပေးမည်ကြံသော်လည် ကိုဇင်မောင်က မသိမသာရှောင်ထွက်လိုက်လေသည်။ယောကျာ်း၏ အရိပ်အကဲကိုသိသော မပိုးဖြူသည်လည်း လက်ထဲမှတဘက်ကို လွှတ်ပေးလိုက်ပြီး မှန်တင်ခုံတွင်သွားထိုင်လိုက်သည်။ပြီးလျှင် ယောကျာ်းဖြစ်သူကို ကြည့်လိုက်ပြီး
"မောင့်ကို ပြောစရာရှိတယ် "
မပိုးဖြူ၏စကားကြောင့် ကိုဇင်မောင်က "ဘာလဲ" ဟုသော သဘောဖြင့်ခပ်စူးစူးတစ်ချက်ကြည့်လိုက်သည်။
"ဟို ..ဒီလိုပါမောင် ... သမီးလေးကို ဒီလိုပဲသူ့စိတ်ကြိုက်လွှတ်ထားပေးမလို့လား ...သင်တန်းလေးဘာလေးတက်ခိုင်းပါလားမောင် ...အခုတော့ မိုးလင်းတာနဲ့... သမီးလေးက အပြင်ထွက်လည်ဖို့ပဲ....တွေးနေတာမကောင်းဘူးထင်တယ် မောင် "
" လာပြန်ပြီလားကွယ် .ဖြူ မင်းဟာလေ ... မင်းမှာအလုပ်မရှိအကိုင်မရှိတိုင်း ...ကိုယ့်ကိုယ်ပြဿနာရှာလိုက် ...သမီးဘက်လှည့်ပြီး ပြဿနာရှာလိုက်လုပ်နေတာလား .. သမီးလေးအိမ်လည်တယ်ဆိုတာက ... သူ့အဘွားအိမ်သွားတာလေ....မင်းက ဘာတွေဖြစ်နေတာလဲ ... ပြီးတော့ မင်းကို ပြောရအုံးမယ် ..ဆိုင်က ကောင်မလေးတွေဆီကို ...မင်းက ဖုန်းဆက်ပြီး စစ်လိုက်ဆေးလိုက်နဲ့ ...ဘာလဲ ကိုယ့်သိက္ခာကို ချနေတာလား "
ယောကျာ်းဖြစ်သူ၏ စကားကြောင့် မပိုးဖြူမျက်လုံးအပြူးသားဖြစ်သွားရပြီး
"မဟုတ်တာပဲမောင်ရယ် ....ဖြူက ထမင်းချိုင့်လာပို့ပေးမလို့ ...မောင်ဘယ်ဆိုင်မှာ ရှိလဲလို့မေးလိုက်တာပါ ...ဘာရည်ရွယ်ချက်မှမရှိပါဘူး မောင်ရယ် "
"မင်းကိုပြောလိုက်ရင် ဒီတိုင်းဘဲ... ဘာမှမသိသလို မျက်နှာလေးနဲ့ ...ယောကျာ်းကိုသိက္ခာလိုက်ချနေတယ် "
ဇနီးသည်က ရှင်းပြနေသော်လည်း ကိုဇင်မောင်မလုံမလဲစိတ်နှင့်ဖိဟောက်ပစ်လိုက်သည်။တစ်နေ့က ဖြူဖုန်းဆက်ချိန်တွင် ကိုဇင်မောင်သည် ခိုင်သဇင်နှင့်စားသောက်ဆိုင်သို့ ရောက်နေခြင်းဖြစ်သည်။ခိုင်သဇင်မှာ ကိုဇင်မောင်တို့သွားနေကြ ဘီယာဆိုင်မှ ကောင်မလေးဖြစ်သည်။ခိုင်သဇင်က ချောသည် ၊ လှသည်၊ သွက်သွက်လက်လက်နှင့်ချစ်စရာကောင်းသည်။သို့အတွက် ကိုဇင်မောင်အရေးပေးမိသည်။သို့သော် ဤမျှသာဖြစ်သည်။သည်ထက်မပို။ခိုင်သဇင်နှင့်မှမဟုတ် ကိုဇင်မောင်တွဲသမျှ မိန်းခလေးတိုင်းကို သည်ထက်မပိုခဲ့။ခေတ်စကား အရပြောလျှင် ယောကျာ်းနှင့်မိန်းမအီစီကလီလုပ်ရုံအဆင့်မျှသာဖြစ်သည်။အသက်ဆယ့်ရှစ်နှစ်ကျော်တွင် မပိုးဖြူနှင့်ဆုံးစည်းခဲ့ရသော ကိုဇင်မောင်မှာ မပိုးဖြူကို မြင်တွေ့လိုက်ရသည်နှင့် သိပ်ကို သဘောကျချစ်ခင်သွားခဲ့သည်။သို့အတွက်မပိုးဖြူနှင့် ချစ်သူဖြစ်အောင်ကြိုးစားခဲ့သည်။ဆင်းရဲနုံချာလှသောမပိုးဖြူကို သူမ၏ အုပ်ထိန်းသူဦးလေးမှ အိမ်ထောင်ချပေးတော့မည့် သတင်းကိုကြားသိရသောအခါတွင် ဘဝမှာလိုတာမရ မရှိခဲ့သောကိုဇင်မောင်က မပိုးဖြူကို ခိုးပြေးခဲ့သည်။ကိုဇင်မောင်၏ မိဘများသည်လည်း ဘ၀အခြေအနေကွာခြားလှသော မပိုးဖြူနှင့် သဘောမတူကြသော်လည်း သဲသဲလှုပ်ချစ်ခင် အလိုလိုက်ထားခဲ့သော သားအငယ်ဆုံးလေးဖြစ်သောကြောင့် အားမတန်၍မာန်လျှော့လိုက်ကြရလေသည်။ကိုဇင်မောင်အနေနှင့် မပိုးဖြူကိုချစ်ပါသည်။ချစ်၍လည်း အရယူခဲ့သည်လေ။သို့သော်လည်း ငယ်ငယ်ရွယ်ရွယ်နှင့် အိမ်ထောင်ကျခဲ့ရသောအခါ လူငယ်ဘဝကို ပြည့်ပြည့်၀မခံစားခဲ့ရသလိုဖြစ်ပြီး အိမ်ထောင်သက် ငါးနှစ်ကျော်လာသည်မှစ၍ ကိုဇင်မောင်စိတ်ထဲမိန်းမချောမိန်းမလှလေးများနှင့်ပက်သက်နေရသည်ကို ပျော်ရွှင်လာခဲ့သည်။သူတို့လေးတွေနှင့် တွဲသွားတွဲလာလုပ်နေရလျှင် စိတ်ကျေနပ်သည်။သို့ သော်သည်မျှသာဖြစ်သည်။သည်အခြေအနေသည် အိမ်ထောင်ရေးဖောက်ပြန်ခြင်းမဟုတ်ဟု ကိုဇင်မောင်ယူဆထားသည်။ဘ၀ကို လွတ်လွတ်လပ်လပ်နှင့် ဖြတ်သန်းချင်ရုံသာဖြစ်သည်။မိန်းမဖြစ်သူကိုလည်း ပြည့်စုံကုံလုံအောင်ထားခဲ့သည်မဟုတ်ပါလား။
ညအိပ်ဝတ်စုံလဲပြီးသည်နှင့် အိပ်ရာပေါ်လှဲချလိုက်ပြီး တစ်ဖက်သို့လှည့်အိပ်လိုက်သော ယောကျာ်းဖြစ်သူကို ကြည့်ပြီး မပိုးဖြူသက်ပြင်းမောကိုချလိုက်မိသည်။
~~~~
"ဘယ်လိုဖြစ်ရတာလဲ မိဖြူ ... ညည်းက ငါ့မြေးကိုနေရာတကာ လိုက်ချုပ်ချယ်နေတယ်ဆို ....ငါ့မြေးက ခေတ်လူငယ်ဆိုတာ ညည်းမသိဘူးလား...ပြီးတော့ ပြည့်စုံချမ်းသာတဲ့အသိုင်းအဝိုင်းမှာ လူဖြစ်လာတာ ..ညည်းလို ဦးလေးသားချင်းအိမ်ကပ်နေရတဲ့ အဆင့်မျိုးမဟုတ်ဘူး ... ဒါကို ညည်းက ဘာကိစ္စငါ့မြေးကို ..ညည်းလို သိမ်သိမ်ငယ်ငယ်နဲ့နေရတဲ့ဘ၀နဲ့တူအောင်လုပ်နေတာလဲ ပြောစမ်း "
" မ..မဟုတ်ပါဘူးအမေ...
ကျွန်...ကျွန်မက...သမီးလေး လမ်းမှားတွေ့မှာစို့လို့ပါ "
ယောက္ခမဖြစ်သူ၏ ဆူပူကြိမ်းမောင်းမှုကို မပိုးဖြူအထစ်ထစ်အငေါ့ငေါ့နှင့်ဖြေရှင်းလိုက်မိသည်။
"ဘာပြောတယ် လမ်းမှားဟုတ်လား ... ညည်းလိုရှစ်တန်းပဲ အောင်တဲ့ အဆင့်ကများ ... ငါ့မြေးကို လမ်းမှန်ပြနိုင်မယ်ထင်နေတာလား ...ငါ့မြေးကဆယ်တန်းအောင်ပြီးသွားပြီ....မကြာခင် တက္ကသိုလ်တက်တော့မဲ့သူဆိုတာ ညည်းသိရဲ့လား ...ညည်းဒီလိုသာ ဆက်လုပ်နေရင်...ငါ့မြေးကို ငါတို့အိမ်မှာပဲ ခေါ်ထားလိုက်တော့မယ် "
စိတ်ရှုပ်စိတ်ပျက်သွားရလေသည်။ဤအချင်းအရာကို မပိုးဖြူကတော့ မသိပါချေ။နေ့စဉ် သူ ပြုမူလုပ်ဆောင်နေကြအတိုင်းသာ လုပ်ဆောင်နေလေသည်။
"ဖယ်စမ်းပါကွာ ... ငါ့ခန္ဓာကိုယ်ပေါ်က အဝတ်တော့ငါ့ဘာသာ ချွတ်တတ်ပါတယ် "
ကိုဇင်မောင်သည် ပြောပြောဆိုဆိုနှင့် မပိုးဖြူကို တွန်းထုတ်ပစ်လိုက်သည်။မဖြစ်စဖူးကိုဇင်မောင်၏ အမူအရာကြောင့် မပိုးဖြူမှာအံ့သြထိတ်လန့်သွားရလေသည်။ယခင်ကဆိုလျှင် ကိုဇင်မောင်သည် သူကိုယ်ပေါ်မှ အဝတ်အစားကိုပင်ချွတ်ရမှာပျင်းလှ၍ မပိုးဖြူကပင်ချွတ်ပေးရသည်။ရေချိုးခန်းသို့ အတင်းတွဲကာပို့ရသည်။ရေချိုးပြီးလျှင်ရေသုတ်ရန်ပျင်းသော ချစ်ခင်ပွန်းကို နောက်မှတကောက်ကောက်လိုက်ကာ ရေသုတ်ပေးရသည်။ဤအကျင့်သည် အသက်ဆယ့်ရှစ်နှစ်အရွယ် အိမ်ထောင်ဦးကာလမှစ၍ ယနေ့ .မပိုးဖြူအသက်သုံးဆယ်ငါးနှစ်ကျော်လာသည်အထိနေ့ စဉ်၀တ္တရားမပျက်လုပ်ကိုင်ဆောင်ရွက်လာခဲ့သည်။မှတ်မှတ်ရရ မပိုးဖြူအသက်ဆယ့်ကိုးနှစ်၌ သမီးလေးကိုမွေးဖွားပြီးခါစ အချိန်များတွင်သာ ဤ၀တ္တရားကိုပျက်ကွက်ခဲ့သည်။ယုတ်စွအဆုံး ကိုဇင်မောင်တစ်ယောက် မိန်းခလေးများတရုံးရုံးနှင့် ပျော်ပါးပြီးပြန်လာခဲ့လျှင်တောင် မပိုးဖြူမှာစိတ်ဆိုးစိတ်ကောက်ဖို့သတိမရဘဲ ချစ်ခင်ပွန်းကို ယုယကြင်နာမြဲ ကြင်နာခံသည်။ယောကျာ်းပဲလေ သည်လောက်တော့ ရှိပေမပေါ့ဟုမပိုးဖြူဖြေသိမ့်တွေးခဲ့သည်။ အတည်မတွဲဘဲ အိမ်သို့ညတိုင်းပြန်လာတတ်သည်ကိုပင် မပိုးဖြူမှာကျေးဇူးတင်နေခဲ့ရသည်။မပိုးဖြူသည် စိတ်ညစ်စိတ်ရှုပ်နေဟန်ဖြစ်နေသော ချစ်ခင်ပွန်း၏ မျက်နှာကို ကြည့်လိုက်ပြီးလျှင် မဝံ့မရဲ့ဖြင့် မေးလိုက်လေသည်။
"ဘာစိတ်ညစ်စရာရှိလို့လဲမောင် ... ဆိုင်မှာ အဆင်မပြေခဲ့ဘူးလား "
"ကဲပါ ..ဖယ်စမ်းပါကွာ ...လူကို လိုက်ကပ်နေတာ တောက်တဲ့ ကျနေတာပဲ....ညဝတ်အင်္ကျီတွေပဲ ထုတ်ထားလိုက် .. ရေသွားချိုးတော့မယ် "
ကိုဇင်မောင်သည် မပိုးဖြူကို တွန်းဖယ်လျက်ရေချိုးခန်းထဲသို့ ဝင်ခဲ့လေသည်။ကျန်ခဲ့သော မပိုးဖြူမှာမူ ခင်ပွန်းဖြစ်သူ၏ အမူအရာကြောင့်စိုးရိမ်ပူပန်၍နေလေသည်။
@@@@@@@@@@@@@@@@@@@@@@
အပိုင်း(၂ ) ဆက်ရန်
မင်္ဂလာပါရှင်
# နွေလယ်အိပ်မက် " အခန်းဆက်ဝတ္ထုစ/ဆုံး ကို Kpay (or ) Wave 1000 Ks ဖြင့်ဝယ်ယူဖတ်ရှုလို့ရပါတယ်။
*အထူးပြောချင်တာက 1000 Ks ပေးသည်ဖြစ်စေ / မပေးသည်ဖြစ်စေ မည်သူမဆိုဝင်ရောက်ဖတ်ရှု/share / Copy (ကလောင် အမည်ပြောင်းခွင့်မပြုပါ ) ပြုလုပ်လို့လဲရပါတယ်
၀တ္ထုက ရေးပြီးသားမဟုတ်ဘဲ နေ့စဉ် ရေးသားပြီး အကောင့် /p age နဲ့ ဂရုတွေမှာ public နဲ့ တစ်ပြိုင်တည်းတင်ပေးသွားမှာဖြစ်ပါတယ်။နေ့စဉ်တင်ပေးသွားမှာဖြစ်ပြီး တစ်ခါတစ်ရံ ကျမ်းမာရေး၊ အလုပ်တာဝန်များကြောင့် ရက်ပျက်တာမျိုးလဲ ရှိနိုင်ပါတယ်။ဖတ်ရှုအားပေးကြသူများကို ကျေးဇူးအထူးတင်ရှိပါတယ်။
(၀တ္ထုကရေးပြီးသား မဟုတ်ပါဘူးရှင် နေ့စဉ် ရေးပြီးတာနဲ့ လိုင်းပေါ်တင်သွားမှာဖြစ်ပါတယ် )
KPay
09773745413
Lai Lai win
Wave
09773745413
Lae Lae win
#ဧကြည်ဖြူ
#AKyiPhyu
" အိက နေ့တိုင်းထွက်လို့မရဘူးလေ... တစ်ပတ်မှာ နှစ်ရက်ပဲရတာ..ဒါတောင်အိဖေဖေကြောင့် ထွက်လို့ရတာ ... မဟုတ်ရင် အမေက ... ညဘက်မပြောနဲ့နေဘက်တောင် ခွင့်မပြုဘူးလေ ... တို့ဖေဖေကိုကြောက်လို့သာ အိကိုခွင့်ပြုပေးနေတာ "
သမီးဖြစ်သူ၏အခန်းရှေ အရောက်တွင် အခန်းထဲမှအသံများကြောင့် မပိုးဖြူတံခါးကိုဖွင့်ကာ အခန်းထဲသို့ လှမ်းကြည့်လိုက်သည်။
" သမီး....အိလေ အခုထိမအိပ်သေးဘူးလား ..."
မပိုးဖြူသည် သမီးဖြစ်သူကိုမေးလိုက်ရင်းမှ အခန်းတံခါးကိုဖွင့်ပြီး အခန်းထဲသို့ဝင်လိုက်လေသည်။ အခန်းထဲသို့ရောက်သောအခါ ဖွင့်ထားသောလက်တော့ဖန်သားပြင်တွင် ကောင်လေးတစ်ယောက်ကို တွေ့လိုက်ရသဖြင့် မပိုးဖြူစိတ်တိုသွားရလေသည်။
"သမီး ဘယ်အချိန်ရှိနေပြီလဲ ... လက်တော့ကို ပိတ်လိုက်တော့ '
မပိုးဖြူပြောနေစဉ်မှာပင် တစ်ဖက်မှ ကောင်လေးသည် ဖန်သားပြင်ကိုပိတ်လိုက်လေသူ။ကြည့်ရသည်မှာ မပိုးဖြူပြော လိုက်သော စကားကိုကြားပုံရလေသည်။ပိုးအိဇင်သည်လည်း လက်တော့ကိုပိတ်ပစ်လိုက်ပြီး မိခင်ကို ကြည့်လိုက်သည်။
" အခန်းတံခါးမခေါက်ဘဲ ဘာလို့ ၀င်လာရတာလဲ အမေ ..သမီးက (၁၆)နှစ်ပြည့်ပြီးပြီ ... ဆယ်တန်းလဲဖြေပြီးပါပြီ...သမီး ကလေးမဟုတ်တော့ဘူး.... သမီးရဲ့အခွင့်အရေးတွေကို လိုက်မပိတ်ပင်ပါနဲ့တော့ အမေ...ဝေယံက ဖေဖေ့မိတ်ဆွေရဲ့သား ...အဆင့်အတန်းရှိတဲ့လူပါ "
" ဘယ်လိုပြောလိုက်တာလဲသမီး ...သူကဘယ်လိုလူဖြစ်ဖြစ်...ညဆယ်နာရီ ...ဆယ်တစ်နာရီမှာ ...သမီးဘယ်ယောကျာ်းလေးနဲ့မှ စကားမပြောရဘူး "
မပိုးဖြူ အသံမာမာနှင့် ပြောလိုက်သောအခါ သမီးငယ်ပိုးအိဇင်သည် ခြေကိုဆောင့်လျက် ခုတင်ပေါ်တွင် လှဲအိပ်ချလိုက်လေသည်။ထိုစဉ်မှာပင်ခြံရှေ့မှ ကားဟွန်းတီးသံထွက်ပေါ်လာလေသည်။
"ပွမ် ..ပွမ် ..
ကားဟွန်းသံကြားသည်နှင့် မဖိုးဖြူ အိမ်တံခါးကိုခပ်မြန်မြန်ဖွင့်ပြီး ခြံထဲသို့ဆင်းခဲ့လိုက်သည်။အိမ်တံခါးဝနှင့် ခြံတံခါးမှာဆယ်ကိုက်စာမျှသာဝေးလေသည်။မပိုးဖြူတို့အိမ်တွင် အိမ်အကူမရှိ၊ ခြံအလုပ်သမားမထား အားလုံးကိုမပိုးဖြုတစ်ယောက်တည်းပင် တာဝန်ယူလုပ်ကိုင်သည်။ချက်ရေးပြုတ်ရေး၊ လျှော်ဖွပ်သန့်ရှင်းရေးနှင့် လစဉ်မီတာဆောင်သည်မှအစ အရာခပ်သိမ်းကို မပိုးဖြူကတာဝန်ယူထားသည်။အိမ်အကူ ခေါ်လျှင် ခေါ်နိုင်လျက်သားနှင့်ခင်ပွန်းနှင့်သမီးငယ်လေးကိုချစ်မြတ်နိုး၍ ကိုယ်တိုင်ကိုယ်ကျပြုစုစောင့်ရှောက်ပေးနေခြင်းဖြစ်လေသည်။
"ဘာတွေလုပ်နေတာလဲကွာ ...မောင်ရောက်နေတာကြာနေပြီ ..ဘာလဲ သမီးနဲ့ စကားများနေကြပြန်ပြီလား "
ကိုဇင်မောင်က ခြံတခါးဖွင့်နေသော မဖိုးဖြူကို ပြောလိုက်သည်။
"မ ..မဟုတ်ပါဘူးမောင်ရယ် ... သမီးက ခုချိန်ထိ မအိပ်သေးလို့ပါ "
မပိုးဖြူ ခြံတံခါးကို ဖွင့်ပေးရင်းပြောလိုက်သည်။ကိုဇင်မောင်က .ကားကို ခြံထဲသို့မောင်းဝင်ခဲ့လေသည်။
~~~~
"မောင် ထမင်းစားမှာလား "
"မစားတော့ဘူးကွာ ..မင်းကိုပြောရအုံးမယ်ဖြူ ....သမီးတို့ခေတ်က ငါတို့ခေတ်နဲ့တူတာမဟုတ်ဘူး ....သမီးကို နေရာတကာလိုက်မချုပ်ချယ်နဲ့ကွာ ...သမီးပေါင်းသင်နေတဲ့ ကောင်လေးတွေက အကုန်ပိုက်ဆံရှိ သားသမီးတွေကြီးပဲကွ.....ကလေကချေ ကောင်တွေမပါဘူး "
ကျေးဇူးရှင်ချစ်ခင်ပွန်းက ဘာပြောပြော ငြိမ်၍နာခံတတ်သော မပိုးဖြူသည် သမီးနှင့် ပတ်သက်လာလျှင်တော့ မရ။ ဤအတွက်ကြောင့်လည်း ကိုဇင်မောင်နှင့် မပိုးဖြူတို့မှာမကြာခဏ စကားများကြရလေသည်။
"ဘယ်လောက်ပဲ ခေတ်က တိုးတက်ပါစေမောင် ...ဖြူတို့ မွေးထားတဲ့သမီးလေးပါ ... သမီး သူ့သူငယ်ချင်းတွေနဲ့ ကလပ်တွေသွားနေတာကိုလဲ မောင်ကခွင့်ပြုထားလို့သာ ..ဖြူက မလွှတ်ချင်ဘဲလွှတ်ပေးနေရတာ ဖြူမကြိုက်ဘူး ... "
"တော်စမ်းကွာ ဖြူရာ .... မင်းဟာ ..ခေတ်ဟောင်းကြီးထဲမှာ တစ်ယောက်တည်းကျန်နေခဲ့တုန်းပဲလားကွာ ... မင်းမပျော်တတ်ရင်မပျော်နဲ့ကွာ.. တခြားသူရဲ့အပျော်တွေကိုတော့ လိုက်ပြီးမပိတ်ပင်နဲ့ ..သမီးလေးလဲဆယ်တန်းဖြေပြီးသွားပြီ... မင်းဘာမှလိုက်ပြီး ပိတ်ပင်တားဆီးမနေနဲ့ "
ကိုဇင်မောင်၏အသံ မာလာသည့်အခါ မပိုးဖြူနှုတ်ကို ပိတ်လို့ ငြိမ်သက်တိတ်ဆိတ်လိုက်ပါသည်။ကြောက်၍ တော့ မဟုတ်ပါချေ။ချစ်လွန်း၍သာ ဖြစ်သည်။သူ့တစ်ခွန်းကိုယ်တစ်ခွန်းစကားများကြလျှင် အလုပ်မှ ပြန်လာသော ကိုဇင်မောင်စိတ်ညစ်စိတ်ရှုပ်ထွေးရမည်ကို စိုးရိမ်သည်လေ။ဤသို့ ကိုဇင်မောင်အပေါ်ထားရှိသော မပိုးဖြူ၏ချစ်ခြင်းသည် လင်ယောကျာ်းတစ်ယောက်ကိုချစ်သည့် အချစ်ထက်မကဘဲ မိဘညီကိုမောင်နှမကို ချစ်သော အချစ်မျိုးပါပေါင်းစပ်ထားလေသည်။မပိုးဖြူ ဤသို့ဖြစ်ရသည်မှာလည်း ဦးလေးအိမ်တွင် ခိုကပ်နေရသော (၁၇)နှစ်အရွယ် ကောင်မလေးသည် ငွေကြေးပြည့်စုံချမ်းသာသောချစ်သူကို အားကိုးယုံကြည်ခဲ့မိရာမှာ ချစ်ခင်တွယ်တာစိတ်များ ပို၍တိုးပွားများပြားလာခဲ့ခြင်းဖြစ်လေသည်။
ကိုဇင်မောင်သည် ဇနီးဖြစ်သူကိုပြောဆိုပြီးနောက် အိပ်ခန်းရှိရာဆီသို့တက်သွားခဲ့လေသည်။အခန်းထဲသို့ ရောက်လျှင်အဝတ်အစားများကို ချွတ်လဲလိုက်လေသည်။ထိုအခါ သူ၏အဝတ်စားများပေါ်မှ ချိုချိုအိအိမွှေးရနံ့ လေးကို ရှူရှိုက်လိုက်မိလေသည်။ထိုအခိုက်မှာပင် မပိုးဖြူ၏လက်အစုံသည် ကိုဇင်မောင်၏ အဝတ်အစားများပေါ်သို့ရောက်ရှိလာခဲ့သောကြောင့် ကိုဇင်မောင်မှာ
"ရပါတယ် ရတနာ .. တက္ကစီပဲခေါ်လိုက်မယ်လေ " မျိုးမမက ရတနာစိုးကို ပြောလိုက်သည်။
" မဟုတ်တာမျိုးရယ် မိုးချုပ်နေပြီလေကွာ "
ထိုသို့ ရတနာစိုးနှင့်မျိုးမမတို့ ပြောနေစဉ်မှာပင် ကိုရန်ပိုင်က ဦးစွာထ၍ ပြောလိုက်လေသည်။
" တဆိတ်လောက်ခင်ဗျ ..မျိုးမမ က ဘယ်ကိုပြန်ရမှာလဲ "
"ရန်ကင်းပါရှင် " ရတနာစိုးက ခပ်သွက်သွက် ဝင်ဖြေလိုက်သည်။ ရတနာစိုး၏ အဖြေကြောင့် ကိုရန်ပိုင်မှာ အားနာသလို ဖြစ်သွားရသည်။ကိုရန်ပိုင် ပြန်ရမည်မှာ ရေကျော်ဘက်လေ။မိုးထက်ကတော့ ကိုးမိုင်ဘက်ပြန်ရမည့်သူဖြစ်သောကြောင့်ဝင်မပြောဘဲရှိလေသည်။ထိုသို့စကားသံများကို နားထောင်နေရင်းမှ ဇင်မောင်မှာငြိမ်၍ မနေနိုင်တော့ဘဲ၀င်၍ ပြောလိုက်လေသည်။
"ကိုယ်က တောင်ဥက္ကလာပြန်မှာ ပါ ...အဆင်ပြေမယ်ဆိုရင် ကိုယ့်ကားနဲ့လိုက်ခဲ့လို့ရပါတယ် "
"ဟို .. ရ .ရပါတယ် ကိုဇင်မောင် ...မျိုး ကားပဲငှါးစီးသွားလိုက်မယ် "
"မဟုတ်တာမျိုးရယ် ... တို့က ကိုဇင်မောင်ကြီးကို မေ့နေလိုက်တာ ...ကိုဇင်မောင်က လမ်းကြုံနေတာပဲ ...လိုက်သွားလိုက်ပါ မျိုးရယ် "
ကိုဇင်မောင်နှင့် မျိုးမမတို့သည် ပါတီပွဲအတွင်းမှ ယှဉ်တွဲထွက်လာခဲ့ကြသည့်အခါတွင် လူများစွာ၏ မျက်လုံးများသည် သူတို့နှစ်ယောက်၏ နောက်မှလိုက်ပါခဲ့ကြလေသည်။
~~~~
ကားလေးက ကတ္တရာလမ်းပေါ်တွင် တရိပ်ရိပ်ပြေးနေသည်။
"အားနာလိုက်တာရှင် .."
မျိုးမမက မပွင့်တပွင့်လေး ပြောလိုက်သည်။
"ရပါတယ် မျိုးမမ ..လမ်းကြုံနေတာပဲ ..ဒါနဲ့ မျိုးမမလို့ခေါ်ရတာတစ်မျိုးကြီးပဲ ... ကျွန်တော့်ထက်ငယ်မယ်ထင်တယ် ... ကျွန်တော်က (၃၇)နှစ်ထဲမှာပါ ..."
"မျိုးက (၃၃)နှစ်ထဲမှာပါရှင် ... မျိုးလို့ပဲ ခေါ်လို့ရပါတယ်ရှင် ... နောက်ရက် အစ်ကို့ဆိုင်ကိုမျိုးလာခဲ့မယ်နော် "
"အချိန်မရွေးလာခဲ့ပါဗျာ.. မျိုးနဲ့အနီးဆုံးဖြစ်တဲ့ဆိုင်ကိုပဲလာပါ... လာခါနီးရင်ဖုန်းဆက်လိုက်ပါ .. တခြားဆိုင်ခွဲတွေကို ရောက်နေမှာစိုးလို့ "
" ဟုတ်ကဲ့ပါ အစ်ကို "
နှစ်ဦးသားကြားပြန်လည် တိတ်ဆိတ်သွားလေသသည်။အဲကွန်းဖွင့်ထားသောကားထဲတွင် မျိုးမမထံမှချိုအီအီမွှေးရနံ့လေးက ကိုဇင်မောင်၏နှာခေါင်းဝသို့ တိုးဝှေ့ကျီစယ်နေလေသည်။
" ရောက်ပြီအစ်ကို ..ဒီမှာပဲရပ်လိုက်တော့နော် ..အိမ်က ရှေ့ကလမ်းထဲမှာပါ "
မျိုးမမညွှန်ပြသော ခပ်မှောင်မှောင်လမ်းကြားသို့ ကိုဇင်မောင်လှမ်းကြည့်လိုက်ပြီး
"ဟာ ...လမ်းကမှောင်နေတာပဲ..ကဲပါ ... အစ်ကို အိမ်ရှေ့အထိလိုက်ပို့ပေးပါ့မယ် ဟုတ်ပြီလား "
ကိုဇင်မောင်သည် ပြောလိုက်ရင်း ကားကိုလမ်းကြားဆီသို့ ဦးတည်မောင်းလိုက်လေသည်။
" ရှေ့ကခြံပဲ အစ်ကို "
မျိုးမမညွှန်ပြသော ခြံရှေ့တွင် ကိုဇင်မောင်ကားကိုရပ်လိုက်သည်။
"ကျေးဇူးတင်ပါတယ် အစ်ကို .. မိုးချုပ်နေလို့ အိမ်ထဲတော့ အလည်မခေါ်တော့ဘူးနော် "
မျိုးမမသည် ကားတံခါးကိုဖွင့်၍မဆင်းမီ ကိုဇင်မောင်ဘက်သို့လှည့်၍နှုတ်ဆက်စကားပြောလိုက်သည်။ပြီးလျှင် ကားတံခါးကို ဖွင့်၍ဆင်းရန် ကိုယ်လုံးလေးကို တံခါးပေါက်ဘက်သို့ပြန်လှည့်လိုက်စဉ်မှာပင် ရုတ်တရက်လှည့်လိုက်သလိုလဲဖြစ်သွားပြီး ပါတီပွဲတွင်ဝိုင်အနည်းငယ်လည်း သောက်ခဲ့သောကြောင့် မျိုးမမ သည် ရီဝေဝေဖြစ်နေခဲ့လေသည်။ထို့ကြောင့် မျိုးမမမှာခေါင်းထဲတွင်မူးဝေတာမိုက်ခနဲဖြစ်သွားပြီး ကိုဇင်မောင်ဘက်သို့ ယိုင်ကျလာလေသည်။ကိုဇင်မောင်သည် သူ့ဘက်သို့လဲကျလာသော မျိုးမမ၏ ခန္ဓာကိုယ်လေးကိုလျင်မြန်လှစွာပင် ထိန်းပေးလိုက်သည်။ထိုအခါ မျိုးမမ၏ကိုယ်လုံးလေးမှာ ကိုဇင်မောင်ရင်ခွင်တွင်းသို့ နောက်ပြန်ကျရောက်လာလေးသည်။ကိုဇင်မောင်လည်း မျိုးမမကိုယောင်ယမ်းဖက်ထားလိုက်ပြီး နှစ်ယောက်သားအတန်ကြာငြိမ်သက်နေကြလေသည်။ခေတ္တမျှကြာသောအခါမှ မျိုးမမသည် သတိဝင်လာပြီး ရှက်အင်းအမ်းဖြင့်လူးလဲထလိုက်လေသည်။နှုတ်မှလည်းဗလုံးဗထွေးနှင့်နှုတ်ဆက်စကားဆိုလိုက်သည် ။
" မျိုး .. သွား...သွားတော့မယ်နော် ..ကျေးဇူးတင်ပါတယ်အစ်ကို "
ထိုအခါမှ ကိုဇင်မောင်သည်လည်း သတိဝင်လာပြီး
" ဟုတ်..ဟုတ်ကဲ့ ... ရရဲ့လားဟင် ..... နည်းနည်းမူးနေတာထင်တယ် ... ခြံ၀ထိ ကိုယ်တွဲပို့ပေးပါမယ် "
ကိုဇင်မောင်သည် ပြောပြောဆိုဆိုနှင့် ကားပေါ်မှ ဆင်းလိုက်ပြီး မျိုးမမကိုတွဲလိုက်သည်။ထိုအခါ မျိုးမမ၏ခန္ဓာကိုယ်ပေါ်မှချိအီသောမွှေးရနံ့သည် ကိုဇင်မောင်၏နှားခေါင်းဝမှတဆင့်ရင်ထဲအထိ ရောက်ရှိသွားလေသည်။နှုညံ့အိထွေးသော မျိုးမမ၏လက်မောင်းလေးကို ကိုဇင်မောင်ဖေးမထိန်းပေးရင်း ခြံ၀ဆီသို့တွဲလျှောက်ခဲ့ လေသည်။
"အိမ်မှာက ...မျိုးရယ်မေမေရယ် အိမ်အကူကောင်မလေးရယ်ပဲ ရှိတာလေ အစ်ကို...အဖေကလွန်ခဲ့တဲ့တစ်လကပဲဆုံးသွားခဲ့တာလေ ...အဲ့ဒါကြောင်း မျိုးလဲစင်္ကာပူကနေ ပြန်လာခဲ့ရတာပေါ့ "
" ဪ ... ဟုတ်လား ...စိတ်မကောင်းပါဘူးကွာ "
ဖခင်ဆုံးရှုံးထားသည်မှာ မကြာလှသေးသော မျိုးမမအပေါ် ကိုဇင်မောင်မှာ သနားကရုဏာဖြစ်သွားရလေသည်။
~~~~~~~
" မနက်ဖြန်တော့ကလပ်ကို လာခဲ့လေကွာ .. ဒီနေ့ဘာလို့မလာတာလဲ "
ရတနာစိုးမိတ်ဆက်ပေးပြီး သောအခါ ယောကျာ်းသားသုံးယောက်ကို မျိုးမမပြုံးပြနှုတ်ဆက်လိုက်သည်။ရတနာစိုးပြောပုံအရဆိုလျှင် ထိုယောက်ျားသားသုံးဦးတွင် ဇင်မောင်ဆိုသူမှလွဲ၍ ကျန်လူနှစ်ဦးမှာလူပျိုလူလွတ်များဖြစ်သည်။"မျိုးရေ ...ကိုဇင်မောင်ကလွဲရင်... ကျန်တာတွေကို ချိန်ပစ်လိုက်စမ်းကွာ ...အထူးသဖြင်ကိုရန်ပိုင်ပေါ့..သူက လူပျိုကြီးပီပီနည်းနည်း ဇီဇာကြောင်တာကလွဲရင် မျိုးရိုးစဉ်ဆက်သူဌေးကွ..ကိုမိုးထက်ကတော့ ကားခရေဇီကွ ...ကားတစ်စီးပြီးတစ်စီးပြောင်းစီးပြီးခရီးသွားနေရတာလောက်... မိန်းခလေးတွေကို စိတ်ဝင်စားတဲ့သူမဟုတ်ဘူး..အားလုံးကသုံးဆယ့်ငါးသုံးဆယ့်ခြောက်ဝန်းကျင်တွေကြီးပဲကွသိလား...အဲ့လူသုံးယောက်ကို တစ်ဝိုင်းတည်းဖြစ်အောင် တို့စီစဉ်ပေးထားမယ် ...ပြီးရင်သူတို့အားလုံးနဲ့မျိုးကိုမိတ်ဆက်ပေးမယ် ...မျိုးအတွက်အသုံး၀င်မှာပါ "ဟု ဆိုခဲ့သော ရတနာစိုး၏ စကားကို ကြားယောင်ပြီးရှေ့တွင်ထိုင်နေကြသော ယောကျာ်းသားသုံးဦးကို မျိုးမမအကဲခတ်လိုက်သည်။ရှေ့ဦးစွာ သူဋ္ဌေးလေးကိုရန်ပိုင်ကို မသိမသိ အကဲခတ်လိုက်သည်တွင် နဖူးအနည်းငယ်ပြောင်ချင်သည်မှလွဲ၍ အသားဖြူဖြူနှင့်တည်ကြည်ခန့်ညားသောအသွင်ရှိသည်။သူ့၏အကြည့်များသည်လည်းမရိုင်းလှချေ။ထိုမှ ကိုမိုးထက်ဆိုသူကို ကြည့်မိသောအခါ မျိုးမမစိတ်ထဲမကျေချမ်းချင်သလိုဖြစ်သွားရသည်။ကိုမိုးထက် ဆိုသူသည် မျိုးမမလိုလှပချောမောသည့်သူကို ရှေ့တွင်ထားလျက် သူ၏မျက်လုံးများသည် ခြံဝန်းကျယ်ကြီးရှေ့တွင် အစီအရီ ရပ်ထားသော ကားများဆီသို့အကြည့်ရောက်နေသည်။လေးထောင့်ကျကျမေရုံးနှင့် ခပ်ထူထူမျက်ခုံးများ၊ခပ်တင်းတင်းစေ့ထားသောနှုတ်ခမ်းနှင့် ပခုံးကျော်ပုံရသော ဆံပင်ရှည်ကိုစည်းထားသည့်ပုံစံက နိုင်ငံခြားမင်းသားတစ်ယောက်နှင့်ပင်တူ၍နေလေသည်။မျိုးမမကြည့်နေ့မှန်းသိ၍ထင်သည် မိုးထက်က မျိုးမမကိုခပ်စူးစူးတစ်ချက်ကြည့်လာပြီး ပြုံးယောင်ပြု၍ အကြည့်ကိုပြန်လွှဲသွားသည်။မျိုး မမလည်း ကိုမိုးထက်ကိုဆက်မကြည့်ဖြစ်တော့ပါ။ ဘေးတွင်ထိုင်နေသော ကိုဇင်မောင်ဆီသို့ အကြည့်ကို ပို့လိုက်လေသည်။ဤလူသားသုံးဦးထဲတွင်တော့ကိုဇင်မောင်သည် သပ်ရပ်သားနားဆုံးသောသူဖြစ်သည်။ဝတ်ထားသည့်အဝတ်အစားများတွင် တွန့်ရာကြေရာတစ်စက်လေးမျှပင်မရှိ။ဝတ်ထားသည့် အဝတ်အစားများသည်လည်းလူကြီးလူကောင်းဆန်ဆန် သပ်သပ်ရပ်ရပ်ဖြစ်သည်။ဘေးဘက်သို့ သိမ်းထားသော ဆံပင်ခပ်တိုတိုနှင့်ခပ်ပါးပါးမျက်မှန်က သူ၏ရပ်ရည်ကို ပို၍ကြည့်ကောင်းနေစေသည်။ပုစံကို ကြည့်၍ကိုဇင်မောင်တစ်ယောက် လူပျိုလူလွတ်မဟုတ်သည်မှာ သိပ်တော့မဆန်းလှဟုမျိုးမမ တွေးလိုက်သည်။နီညိရောင်ကိုင်းနှင့်ခပ်ပါးပါးမျက်မှန်အောက်မှ မျက်ဝန်ညိုများသည် မိန်းမတစ်ယောက်ကို အလွယ်တကူဖမ်းစားနိုင်သောမျက်၀န်းမျိုးဟု မျိုးမမခန့်မှန်းလိုက်သည်။
"ဒါနဲ့မမျိုးမမက ဘာလုပ်ငန်းများလုပ်ဖို့ စီစဉ်ထားလဲ "
ကိုရန်ပိုင်ဆီမှ မေးသံ ထွက်ပေါ်လာသည်။
"ဟုတ်ကဲ့ မျိုးမမလို့ပဲ ခေါ်လို့ရပါတယ်ကိုရန်ပိုင် ... မျိုးက ဖက်ရှင်နဲ့ အလှအပဆိုင်ရာလုပ်ငန်းမျိုးလုပ်မှာပါ ..... "
"လူနဲ့အလုပ်နဲ့က လိုက်ဖက်ပါတယ်ဗျာ...အကူအညီလိုရင်တော့ ပြောပါ ...ကိုယ့်နိုင်ငံတွင်းနှာပဲ အလုပ်လာပြန်လုပ်လို့ ...လေးလဲလေးစားကျေးဇူးလဲတင်ပါတယ် .. လုပ်ငန်းချင်းမတူကြပေမဲ့ အကူအညီလိုရင်ပြောပါခင်ဗျာ "
"ဟုတ်ကဲ ကျေးဇူးတင်ပါတယ်ကိုရန်ပိုင် ....အရင်ဆုံးအကူအညီတောင်းရမှာတော့ ကိုမိုးထက်ကို အကူအညီတောင်းရမှာပဲ ...မျိုးမှာကားမဝယ်ရသေးဘူးလေ ... ကိုမိုးထက်ရဲ့ ဆိုင်ကိုနောက်ရက်လာခဲ့ ပါ့မယ် "
မျိုးမမသည် ကိုမိုးထက်ကို မသိမသာစောင်းငဲ့ကြည့်ရင်းပြောလိုက်သည်။ထိုအခါကိုမိုးထက်က မျိုးမမကို ခပ်ပြုံးပြုံကြည့်လိုက်ပြီး
"ရပါတယ်ဗျာ အချိန်မရွေးလာခဲ့ပါ... ဒီနေ့တော့ လိပ်စာကတ်မပါလာလို့ .. ဆိုင်ကိုရတနာအတူလာခဲ့လေ "
မိုးထက်၏စကားကြောင့် မျိုးမမရင်ထဲမျက်ခနဲဖြစ်သွားရသည်။သူတွင် ဖုန်းတစ်လုံးလုံးပါ ပါလျက်သားနှင့် မျိုးမမကိုဖုန်းနံပတ်မတောင်းတာ၊ မပေးတာကတော့ အလိုလိုနေရင်းဘ၀င်မြင့်နေသူကဲ့သို့ ဖြစ်နေသည်မဟုတ်ပါလား။မျိုးမမသည် ရင်ထဲမှမကျေနပ်မှုများကို မျိုသိပ်ပြီး ဇင်မောင်ထံသို့ အကြည့်ကိုလွှဲပစ်လိုက်သည်။ပြီးလျှင် သူမ၏ ကြည်လင်ချိသော အသံလေးဖြင့်
"ပြီးတော့ ကိုဇင်မောင်ဆီမှာလဲ အကူအညီတောင်းရအုံးမယ် .. မျိုးကအွန်းလိုင်းကနေလဲ အလုပ်လုပ်မှာဆိုတော့ မန်း ဆိုင်အတွက်လိုအပ်တဲ့ လက်တော့နဲ့ဖုန်းတွေကို လာကြည့်ပါအုံးမယ်...လုပ်ငန်းအတွက်အဆင်ပြေမဲ့ ပစ္စည်းတွေကို ပြပေးနော်ကိုဇင်မောင် "
သူ့ထံသို့ကြည့်ပြီး အသံချိုချိုလေးနှင့် ပြောနေသောမျိုးမမအား ကိုဇင်မောင်ကခေါင်းကို အသာငြိမ့်ပြလိုက်ပြီး
"ကောင်းပါပြီဗျာ...အချိန်မရွေး လာခဲ့ပါ ....ဒီနေ့ လိပ်စာကတ်မပါလာလို့ ...ဖုန်းနံပတ်လေးပဲ ယူသွားလိုက်ပါနော် မျိုးမမ"
ပြောပြီးသည်နှင့် ဇင်မောင်သည် သူ၏ဖုန်းကို မျိုးမမထံသို့ ကမ်းပေးလိုက်လေသည်။
" မျိုးရေ ... တို့ရဲ့ကားဆရာလဲ ဧည့်သည့်လိုက်ပို့တာ... ပြန်မလာသေးဘူး ... မျိုးပြန်တာနောက်ကျရင်တော့ အန်တီစိတ်ပူနေအုံးမယ် "
သည်တစ်ခါ့တော့ ရတနာစိုးမှာ အကြံအဖန်လုပ်ခြင်းမဟုတ်ဘဲ အမှန်တကယ်ပြောဆိုနေခြင်းဖြစ်ပါလေသည်။
#နွေလယ်အိပ်မက်
(အခန်းဆက်ဝတ္ထု )
အပိုင်း ( ၁ )
*******
ကြည့်မှန်၏ရှေ့တွင် မပိုးဖြူငူငူငေါင်ငေါင်နှင့်ထိုင်နေသည်။မှန်ထဲတွင်ပေါ်နေသော သုံးဆယ့်ခြောက်နှစ်အရွယ် မိန်းမတစ်ယောက်၏ရုပ်ရည်ရူပကာသည် ရှိရင်းစွဲအသက်ထက်ပို၍ရင့်ရော်နေသည်။နဂိုကောက်လှိုင်းတွန့် ဆံပင်များသည် မညှာမတာ စည်းနှောင်ထားသော ခေါင်းစည်း ကြိုးကွင်း၏အောက်မှ ပို၍ကောက်ကွေးလျက်ရှိကြလေသည်။မျက်ခုံးထူထူ၊ မျက်ဝန်းဝန်းနက်နက်နှင့်နှုတ်ခမ်းပါးပါးလေးများသည် ဆယ်ကျော်သက်အရွယ်တုန်းကလိုတော့ဖြင့် မလှပတော့သည်မှာ မှန်ပါသည်။သို့သော်လည်း အသက်သုံးဆယ် ကျော်စအရွယ်မိန်းမတစ်ယောက်နှင့် ယှဉ်လျှင်တော့ ယှဉ်၍ရအုံးမည်ထင်ပါသည်။
''တီ..တီ.. တီ .."
မှန်တင်ခုံပေါ်တွင် တင်ထားသော ဖုန်းက အသံမြည်လာသည် ။မပိုးဖြူ ဖုန်းကိုကောက်ကိုင်လိုက်သည်။
"ဟယ်လို "
" ဖြူဖြူ ... ငါဝေဝေပါ ... တို့ မိသားစုချောင်းသာရောက်နေတာ မင်းသိတယ်မဟုတ်လား ...မင်းကို ပြောစရာရှိလို့ .. ဒီမှာကိုဇင်မောင်ကိုတွေ့တယ်...သူနဲ့အတူ အမျိုးသမီးတစ်ယောက်လဲပါတယ်သိလား ... တို့ပုံပို့ပေးလိုက်မယ်နော် "
"မ ..မပို့ပါနဲ့ ဝေဝေ "
မပိုးဖြူ၏ စကားမဆုံးလိုက်ရပါ။တစ်ဖက်မှ ဝေဝေကဖုန်းချသွားပြီဖြစ်လေသည်။မပိုးဖြူလက်ထဲမှဖုန်းကို ချလိုက်သည်။ မျက်ရည်စများသည် ပါးပြင်ပေါ်သို့ တလိမ့်လိမ့်စီးကျလာခဲ့လေသည်။မောင်ရက်စက်သည်။သိပ်ကိုရက်စက်သည်။မပိုးဖြူ တောင်းပန်နေသည့်ကြားမှ လုပ်ရက်လေသည်။တကယ်ဆို မောင်သည်မျှလောက်အထိ မရက်စက်သင့်ဘူးမဟုတ်လား။မပိုးဖြူတို့က မိဘတွေပေးစားလို့ ယူခဲ့ရသူတွေလည်းမဟုတ်ကြပေ။ မပိုးဖြူအသက်ဆယ့်ခုနစ်နှစ်အရွယ်တွင် မောင်နှင့်တွေ့ဆုံချစ်ကြိုက်ခဲ့ကြပြီး မောင့်မိဘဆွေမျိုးများသဘောမတူသည့် ကြားမှ လက်ထပ်ခဲ့ကြသည်။မပိုးဖြူဘက်ကတော့ မိဘများမရှိတော့ပြီဖြစ်၍ ဦးလေးအိမ်မှာကပ်နေရသူပီပီ ကန့်ကွက်မဲ့သူ၊ တားဆီးမဲ့သူလည်းမရှိခဲ့ပါ။မပိုးဖြူ မောင့်ကိုသိပ်ချစ်သည်။ချစ်လွန်း၍ မိမိထက်အသက်တစ်နှစ်ကျော်ကြီးသော ခင်ပွန်းကိုမောင်ဟုမြတ်မြတ်နိုးနိုးခေါ်ခဲ့သည်။ယုံကြည်အားကိုးခဲ့သည်။မောင်နှင့်ဆုံခဲ့ရပြီးမှ မပိုးဖြူ၏ ဘ၀ကပျော်ရွှင်စရာများနှင့်ပြည့်နှက်လာခဲ့ရသည်လေ။ယခုသောအခါ၌မူ မင်္ဂလာဦး၏အချစ်များသည် ပျောက်ဆုံးနေခဲ့သည်မှာ ကြာခဲ့ပါချေပြီ။မပိုးဖြူသည်လည်း ချစ်ရပါသောချစ်ခင်ပွန်း၏ သစ္စာဖောက်ဖျက်ခြင်းကို ခံစားနေရသည်မှာ ကြာခဲ့ပါလေပြီ။
~~~~~
လွန်ခဲ့သာ (၆)လကျော် ....
ပွဲရှင်နှင့်အတူခပ်နွဲ့နွဲ့လေး လျှောက်လာသော အမျိုးသမီး အပေါ်သို့ ပုရိသယောကျာ်းများ၏ အကြည့်များစုပြုံရောက်ရှိသွားကြလေသည်။
"ဘယ်သူလဲကွ ချောတယ်ကွာ "
" ကြည့်လေ လှလေပဲကွာ "
ပွင့်လင်းရဲတင်းလှသော အမျိုးသားများထံမှ စကားသံများ ထွက်လာသည်။
အသံရှင်အမျိုးသားများကြည့်ရာဆီသို့ ကိုဇင်မောင်လှမ်း၍ကြည့်လိုက်သည်။ မှန်ပါသည် လှပချောမောလွန်းလှသည့် အမျိုးသမီးတစ်ယောက်။သူမ၏ အလှကနန်းဆန်သည်။ပါတီပွဲသို့တက်ရောက်လာသော်လည်း အများသူငှာမိန်းမများကဲ့သို့ ဟိုပေါ်သည်ပေါ်ဝတ်ဆင်၍မလာဘဲ ပိုးပျော့ဂါဝန်းရှည်ကြီးကို ဝတ်ဆင်ထားသည်။ဆံပင်ကို ခပ်မြင့်မြင့်ထုံးဖွဲ့ထားပြီး မဟူရာရောင်နားကပ်လေးနှင့် သူမ၏မျက်နှာက သိပ်ကိုလိုက်ဖက်နေသည်။အမှတ်တမဲ့ ကိုဇင်မောင်ကြည့်နေမိရာမှ အကြည့်ကို လွှဲရန်ပြင်လိုက်စဉ်မှာပင် သူမကလည်း ဖျတ်ခနဲလှမ်းကြည့်လာသည်။နှစ်ဦးသားအကြည့်ချင်းဆုံမိသွားကြလေသည်။
" ကိုရန်ပိုင်တို့ကို... ရတနာ့သူငယ်ချင်းနဲ့မိတ်ဆက်ပေးမယ်နော် ..."
အသံနှင့်အတူ ကိုဇင်မောင်တို့ ဝိုင်းနာသို့ရောက်လာသူမှာ ပါဇီပွဲကျင်းပသူပွဲရှင် ရတနာစိုးဖြစ်သည်။ရတနာစိုးက နာမည်နှင့်လိုက်အောင်ကျောက်မြတ်ရတနာဆိုင်များပိုင်ဆိုင်သူဖြစ်သည်။ကိုဇင်မောင်တို့နှင့် အသက်အနည်းငယ်မျှငယ်သည်။
"သူက ရတနာ့သူငယ်ချင်းမျိုးမမနိုင်တဲ့..စင်္ကာပူကပြန်လာတာမကြာသေးဘူး ... မျိုးကဒီမှာ စီးပွားရေးလုပ်ငန်းအခြေချမယ်ဆိုလို့ ...ဒီကလုပ်ငန်းရှင်တွေဖြစ်တဲ့ ကိုရန်ပိုင်တို့ ...ကိုဇင်မောင်တို့နဲ့ မိတ်ဆက်ပေးတာပါ ...အားလုံးပဲ ရတနာ့သူငယ်ချင်းကို ကူညီပေးကြပါနော် ... မျိုးလဲမှတ်ထားအုံးနော် ..ဒီကသူဌေးလေးကကိုဇင်မောင်တဲ့ ...ကိုဇင်မောင်က ကွန်ပျူတာ ..ဖုန်းနဲ့ဆက်စပ်ပစ္စည်းမျိုးစုံရောင်းဝယ်ရေးဆိုင် သုံးလေးဆိုင်ပိုင်တယ် ..မျိုးလိုအပ်တဲ့စက်ပစွည်းတွေ... ကိုဇင်မောင့်ဆီမှာဝယ်လို့ရတယ်..သူကတော့ သူဌေးလေးကိုရန်ပိုင်တဲ့ ...ကိုရန်ပိုင်ကတော့ ရန်ကုန်မြို့ရဲ့ လုပ်ငန်းတော်တော်များများမှာ ရှယ်ယာထည့်ဝင်ထားတဲ့ သူဋ္ဌေးကြီးပေါ့ ...ဒီကသူဋ္ဌေးကတော့ ကိုမိုးထက်တဲ့ ...ကိုမိုးထက်ကတော့ ကားအရောင်းစင်တာပိုင်ရှင်ကြီးလေ ..."
ရတနာစိုးက စသလိုနောက်သလို အပြောမျိုးဖြင့် အားလုံးကို မိတ်ဆက်ပေးလိုက်သည်။
"တွေ့ရတာဝမ်းသာပါတယ် မမျိုးမမနိုင် "
" မျိုးကလဲ တွေရတာ၀မ်းသာပါတယ်ရှင် "
" ထာ၀ရအတွက်နှုတ်ဆက်လိုက်ပါတယ် ကိုခက်ဝေလတ် "
ခက်ဝေလတ်ကိုဖူးငုံပွင့် အေးစက်စွာနှုတ်ဆက်စကားဆိုလိုက်ပြီး နေရာကနေကျောခိုင်းထွက်ခဲ့လိုက်တယ်။
ဖူးငုံပွင့်ထွက်သွားချိန်မှာ ခက်ဝေလတ်တစ်ယောက်တည်း နေရာမှာ ငူငူချည်းရပ်လျက်ကျန်နေခဲ့တော့တယ်။
~~~~~
တစ်နှစ်တိတိကြာပြီးနောက်မှာတော့ ကလောမြေကို ဖူးငုံပွင့် ဒုတိယအကြိမ်မြောက် ရောက်ရှိခဲ့ပြန်တယ်။
" မငုဝါနဲ့ ကိုစိုင်းနော်တို့မင်္ဂလာပွဲကို ဂုဏ်ပြုပါတယ်နော် "
ဖူးငုံပွင့်က လက်ဆောင်ဘူးလေးကို ငုဝါလက်ထဲကိုထည့်ပေးလိုက်ရင်း မင်္ဂလာပွဲအတွက်ဂုဏ်ပြုစကားပြောလိုက်တယ်။
"ကျေးဇူးတင်ပါတယ် ဖူးငုံ....လူကိုယ်တိုင်လာရောက်ချီးမြှင့်ပေးတာကိုလဲ ထပ်ဆင့်ကျေးဇူးတင်ပါတယ်နော် ...ဒါနဲ့ ဖူးငုံရော ရှေ့ဆက်ဘယ်လို စီစဉ်ထားလဲဟင် ...ကိုနေလင်းက ဖူးငုံကိုစောင့်နေတာသိလား.. "
ငုဝါရဲ့စကားကြောင့် ဖူးငုံ ပွင့် အသာပြုံးလိုက်ပြီး ခေါင်းကိုခပ်ဖြည်းဖြည်းခါယမ်းလိုက်တယ်။
"ဖူးငုံက ကိုနေလင်းကို အစ်ကိုတစ်ယောက်လိုပဲ သဘောထားပါတယ် မငုဝါ ... ဒီတစ်သက်ဖူးငုံအိမ်ထောင်မပြုတော့ပါဘူး... ဒေါ်လေးနဲ့ပဲနေသွားတော့မယ်လို့ ဆုံးဖြတ်ထားပါတယ် ....."
"ဖူးငုံရယ် ... ငုဝါစိတ်မကောင်းလိုက်တာ ..ကိုခက်တစ်ယောက်လဲ ဘယ်မှာများရောက်နေလဲမသိဘူးနော် ... ဒေါ်ဝေဝေမာရဲ့ စိတ်ဝေဒနာကလဲ ပြန်ကောင်းမလာဘူးလို့သတင်းကြားတယ်...ဘာပစ္စည်းမှမယူဘဲထွက်သွားတော့ ...သူအဆင်ပြေရဲ့လားမသိဘူး "
ငုဝါရဲ့စကားကို ဖူးငုံပွင့်ဘာမှပြန်မပြောဘဲ ပြတင်းပေါက်ကမြင်နေရတဲ့ ရူခင်းတွေကိုငေးမောကြည့်နေမိတယ်။ပြတင်းက တဆင့်မြင်နေရတဲ့ အရာရာဟာအေးစက်တိတ်ဆိတ်လို့ပေါ့။
~~~~~~~~
သိပ်လည်း မအေးပါဘဲနဲ့ပန်းရောင်အနွေးထည်လေးကို ဝတ်ထားတဲ့.သူမရဲ့ပုံရိပ်လေးကို ခပ်ဝေးဝေးကနေ ခက်ဝေလတ်ရပ်တန့်ငေးမောကြည့်နေခဲ့မိတယ်။သူမကားပေါ်ကိုတက်ပြီး မောင်းထွက်သွားတော့မှပဲ ခက်ဝေလတ်လဲ ကားကိုမောင်းထွက်လာခဲ့လိုက်တယ်။
@@@@@@@@@@@@@@@@@@@
ပြီးပါပြီး
အစမှအဆုံးဖတ်ရှူပေးခဲ့ကြသူများကို ကျေးဇူးအထူးတင်ရှိပါတယ်......
#ဧကြည်ဖြူ
26. 4.2023
ခြံနောက်ဘက်ကပဲပြန်ထွက်ခဲ့ကြတယ် ...သူတို့တွေ ပစ္စည်းတွေယူပြီး ပြန်ဆင်းဖို့လုပ်နေတုန်းမှာ ဘွားကြည်တွေ့သွားလို့... ဘွားကြည်ကို လည်ပင်းညှစ်သက်ပစ်လိုက်ပြီးမှ..လှေကားကပြုတ်ကျတဲ့ပုံစံမျိုးဖြစ်အောင်လုပ်ခဲ့ကြတယ်... ပြီးတော့ သူတို့အုပ်စုမနက်လေးနာရီကျော်မှ ခြံနောက်သင်္ချိုင်းဘက်ကနေ ပြန်ထွက်ခဲ့ကြတယ် ....သူတို့အဲ့ဒီလို ထွက်ရတာလဲ... တစ်ယောက်ယောက်နဲ့တွေ့ခဲ့ရင် မြို့ဈေးသွားမဲ့သူတွေလိုလိုဘာလိုလို ထင်ရအောင်...ဦးအောင်မိုးက စီစဉ်ညွန်ကြားခဲ့တာတဲ့ "
ဖူးငုံပွင့်မှာ နေလင်းပြောနေတာတွေကို ထိတ်လန့်တုန်လှုပ်စွာ နားထောင်နေမိပြီး သိချင်တာကို အလျင်စလိုနဲ့ ထမေးလိုက်မိတယ်။
"ဒါ ..ဒါဆို ..ကျွန်မ မိသားစုက ဒီကိစ္စထဲကို ဘယ်လိုပါသွားခဲ့ရတာလဲ "
"အင်း ..ပြောပါ့မယ်ဖူးငုံ...ဒီလိုပါ ....ဘွားလေးရဲ့ ခြံထဲကထွက်လာကြတဲ့ဦးအောင်မိုးတို့အုပ်စုနဲ့ ...မြို့ဈေးသွားဖို့အတွက် ရွာနောက်သင်္ချိုင်းဘေးလမ်းကပဲ သွားခဲ့ကြတဲ့ ... ဖူးငုံတို့မိသားစုတွေ ဆုံခဲ့ကြတယ်တဲ့ ...ဖူးငုံရဲ့မိဘတွေက တခြားရွာကလူတွေထင်လို့ နှုတ်ဆက်ကြရင်းက ...ဦးအောင်မိုးကိုမှတ်မိသွားတယ်တဲ့လေ ... ဘွားလေးအိမ်မှာ ဘာတွေဖြစ်ခဲ့လဲမသိကြသေးတဲ့ ဖူးငုံရဲ့မိဘတွေက .... ဦးအောင်မိုးတို့နဲ့ တောင် အတူသွားခဲ့ကြသေးတယ်တဲ့ ... ပြောရရင် ဘွားကြည်ဆုံးသွားပြီဆိုတဲ့သတင်းကို သိရတဲ့အချိန်မှ ...ဖူးငုံ ရဲ့ မိဘတွေက သံသယဝင်ခဲ့ကြပုံရတယ် ...ဒါကိုရိပ်မိတဲ့ လူလည်းဦးမင်းခိုင်က ဖူးငုံရဲ့အဖေကို မြို့ပေါ် ကိုညာခေါ် ခဲ့တယ် ... ပြီးတော့မူးယစ်ဆေးတွေတိုက်ပြီး ဒေါ်ညိုညိုမာနဲ့ မြူဆွယ်ဖြားယောင်းပြီးလုပ်ကြံတဲ့ပုံတွေရိုက်ခဲ့ကြတယ် ...ခြိမ်းခြောက်ခဲ့ကြတယ်...နောက်တော့ ဘွားလေးရက်လည်ပြီးတဲ့နောက်နေ့မှာပဲ ... လူတွေအိပ်မောကျချိန်မှာ သုံးယောက်လုံးကို ဝင်ပြီးလုပ်ကြံလိုက်ကြတာပဲ.."
နေလင်းရဲ့စကားအဆုံးမှာ ဖူးငုံးပွင့်ရဲ့ ပါးပြင်ပေါ်ကို မျက်ရည်ပေါက်ကြီးတွေတစ်ပေါက်ချင်းစီးကျလာခဲ့တယ်။ရှိုက်သံမထွက်အောင် နှုတ်ခမ်းကို တင်းတင်းဖိကိုက်ထားရင်းမှ ခန္ဓာကိုယ်လေးကသိမ့်သိမ့်ခါလှုပ်ရှားနေခဲ့တယ်။ငုဝါက သူမ ထိုင်နေရာမှထလိုက်ပြီး ဖူးငုံပွင့်ရဲ့ဘေးမှာဝင်ထိုင်လိုက်ကာ ဖူးငုံပွင့်ကိုယ်လေးကို ဖက်ဖြိုးနှစ်သိမ့်ပေးလိုက်တယ်။
" ငိုလိုက်ပါ ဖူးငုံ...အားရအောင်ငိုပစ်လိုက်ပါ ..ငိုလို့ပြီးသွားရင် ... ဖူးငုံရဲ့မိသားစုကိုရော ... ငုဝါရဲ့ မိသားစုကိုပါ လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ လူယုတ်မာတွေကို ငုဝါတို့ အပြစ်ပေးကြပါစို့နော် "
ငုဝါကလဲပြောရင်းမှ ဖူးငုံပွင့်ခန္ဓာကိုယ်လေးကိုဖက်ကာ သူမပါ လိုက်ငိုနေခဲ့မိတယ်။
~~~~
"ဒါနဲ့ အမှုကိစ္စကသက်သေတွေရောပြည့်စုံရဲ့လား ကိုနေလင်း ... နှစ်တွေလဲကြာပြီဆိုတော့ သူတို့တွေလွတ်သွားနိုင်လား "
ဖူးငုံပွင့်စိုးရိမ်ပူပန်စွာမေးလိုက်သလို ငုဝါကလဲစိုးထိတ်စွာနဲ့ နေလင်းရဲ့ တုံ့ပြန်စကားကိုနားစွင့်နေခဲ့တယ်။
"ဒီအတွက်တော့ မပူပါနဲ့ ..ခက်ဝေ လတ်က သူ့ရှာဖွေထားတဲ့ သက်သေတွေရော ..သူ့အဘိုးဆီက ရထားတဲ့သက်သေတွေကိုပါ သက်ဆိုင်ရာကို အပ်ခဲ့တယ်လေ "
နေလင်းရဲ့ စကားကြောင့် ငုဝါက ဖူးငုံပွင့်ကိုကြည့်လိုက်တယ်။ဖူးငုံပွင့်ကတော့ အသက်မဲနေသူတစ်ယောက်လို တောင့်တောင့်ကြီးထိုင်နေခဲ့တယ်။
" လိုအပ်ရင် ..ဖူးငုံနဲ့ ငုဝါကိုလဲ စခန်းကခေါ်လိမ့်မယ်...ရန်ကုန်ကဖူးငုံရဲ့ဒေါ်လေးကိုလဲ... ဒီကိုလိုက်လာဖို့ အကြောင်းကြားထားပါတယ် ''
"ဟုတ်..ဟုတ်ကဲ့ပါ ကိုနေလင်း "
နေလင်းရဲ့စကားကို ငုဝါက ခေါင်းငြိမ့်ပြလိုက်ပေမဲ့ ဖူးငုံပွင့်ကတော့ ကျောက်ရုပ်တစ်ရုပ်ပမာ မလှုပ်မယှက်ရှိနေခဲ့တယ်။
~~~~~
"ဖူးငုံတို့ အေးအေးဆေးဆေး စကားပြောကြနော် .. ငုဝါတို့ခြံထဲမှာရှိနေမယ်သိလား "
ငုဝါကပြောပြီးတာနဲ့ ဦးဗလ တို့နဲ့အတူ ခြံထဲကိုဆင်းသွားခဲ့တယ်။ငုဝါအိမ်ထဲကထွက်သွားတာနဲ့ မတ်မတ်တောင့်တောင့်ကြီးရပ်ကာ ဖူးငုံပွင့်ကိုစိုက်ကြည့်နေခဲ့တဲ့ခက်ဝေလတ်က ဖူးငုံပွင့်ရဲ့ရှေ့မှောက်မှာ ဒူးထောက်ထိုင်ချလိုက်တယ်။
ကြမ်းပြင်ပေါ်ဒူးထောက်ထိုင်လိုက်ပြီး လက်နှစ်ဖက်လုံးကို ကြမ်းပေါ်ထောက်လျက် ခေါင်းကြီးငုံ့ကာ ငြိမ်သက်နေတဲ့ခက်ဝေလတ်ရဲ့ ကျောပြင်ကသိမ့်သိမ့်ခါနေခဲ့တယ်။သူမရှေ့မှောက်မှာဒူးထောက်ချကာ အသံတိတ်ငိုကြွေးနေတဲ့ခက်ဝေလတ်ကို ကြည့်ပြီး ဖူးငုံပွင့်လဲနှုတ်ခမ်းကိုဖိကိုက်လျက် အသံတိတ်ငိုကြွေးနေမိတယ်။ဒီအနေအထားနဲ့ နှစ်ယောက်သား အတော်ကြာအောင် အသံတိတ်ငိုနေခဲ့ကြပြီးနောက်မှာတော့ ဒူးထောက်ထိုင်နေတဲ့ ခက်ဝေလတ်ကို ဖူးငုံပွင့်ဆွဲထူလိုက်တယ်။ခက်ဝေလတ်က ဖူးငုံပွင့်ဆွဲထူရာကိုပါလာခဲ့ပြီး ဆို့နင့်ကြေကွဲနေတဲ့အကြည့်တွေနဲ့ ဖူးငုံပွင့်ကိုကြည့်လိုက်တယ်။ဖူးငုံပွင့်ဆက်ပြီးထိန်းမထားနိုင်တော့ဘဲ ခက်ဝေလတ်ရဲ့ ရင်ခွင်ထဲကိုတိုးဝင်ကာဖက်တွယ်လိုက်တယ်။ခက်ဝေလတ်ကလဲ သူမကိုတင်းတင်းကြပ်ကြပ်ပြန်ပြီးသိုင်းဖက်လိုက်တယ်။နှစ်ယောက်သား မိနစ်အနည်းငယ်ကြာအောင်ငြိမ်သက်နေခဲ့ကြပြီးတဲ့နောက်မှာတော့ လူချင်းပြန်ခွါလိုက်ကြတယ်။လူချင်းခွါပြီးတဲ့နောက်မှာ ခက်ဝေလတ်ရဲ့နဖူးပြင်ကို ဖူးငုံပွင့်တစ်ချက်နမ်းရှိုက်လိုက်ပြီး နှုတ်ဆက်စကားဆိုလိုက်တယ်။
ဒေါ်ဝေဝေမာက အော်ဟစ်ပြေးလွှားဆင်းလာခဲ့ရင်း သားဖြစ်သူနောက်ကို အပြေးလိုက်လာခဲ့တယ်။
ခက်ဝေလတ်တစ်ယောက် အခန်းရှေ့ကိုရောက်တဲ့အခါမှာတော့ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် အသက်ရှူရပ်မလိုပင်ဖြစ်သွားမိတယ်။ဒီအချိန်မှာပဲ ခက်ဝေလတ်ရဲ့နောက်ကလိုက်ပါလာတဲ့ ဒေါ် ဝေဝေမာတစ်ယောက် သွေးရူးသွေးတန်းနဲ့ အော်ဟစ်လိုက်တယ်။
"အမယ်လေး သား ..သားကြီး ... သားကြီးကိုသက်...ကိုမင်းလတ် ဘာဖြစ်ကြတာလဲ ..ဘာတွေဖြစ်ကြတာလဲ .... မိညို ..ခင်မိုး ... နင်တို့တွေ ဘာတွေဖြစ်ကြတာလဲ "
ကြမ်းပြင်းပေါ်မှာ သွေးအလိမ်းလိမ်းနဲ့ လဲကျနေကြတဲ့ ဖခင်ဖြစ်သူ ၊ အစ်ကိုဖြစ်သူနဲ့ အဒေါ်နှစ်ယောက်ကိုကြည့်ပြီး ခက်ဝေလတ် အံ့ဩတုန်လှုပ်နေမိတယ်။ခပ်လှမ်းလှမ်းတစ်နေရာမှာတော့ ဒဏ်ရာတွေနဲ့လဲကျနေတဲ့လူစိမ်းနှစ်ယောက်ကိုလဲ တွေ့လိုက်ရတယ်။ခက်ဝေလတ်ကြာရှည် ငေးငိုင်နေချိန်မရပါ။ဆေးရုံကားကိုပါ ဖုန်းဆက်ခေါ်လိုက်ရတယ်၊၊
"သား ...သားကြီး ..ကိုမင်းလတ် ရှင်တို့ ဘယ်လိုဖြစ်ကြတာလဲ "
လဲကျနေသူတွေထဲမှာ အခြေအနေကောင်းသူဆိုလို့ ဒေါ်ညိုညိုမာတစ်ယောက်သာရှိပြီး ဒေါ်ဝေဝေမာမှာ သတိမလည်တော့တဲ့သားဖြစ်သူ သက်ဝေလတ်ကိုပွေ့ဖက်ပြီး သားနဲ့ ခင်ပွန်းအကြားမှာ အရူးတစ်ယောက်ပမာ ငိုယိုလျက်ရှိလေတယ်။ဦးအောင်ဒင်မှာလဲ ခုတင်ပေါ်တွင် မျက်လုံးကြီးပြူးလျက်ဖြင့် သတိလစ်သကဲ့သို့ဖြစ်နေခဲ့တယ်။ခက်ဝေလတ်က အဘိုးဖြစ်သူဆီကိုပြေးသွားပြီးခေါ်ကြည့်လိုက်တယ်။
" အဘိုး ..အဘိုးသတိထားလေး ..ဒေါ်ခိုင် အဘိုးကိုကြည့်ပါအုံး "
" တီ ...တီ ..တီ "
"ပွမ်...ပွမ် .... ပွမ် "
ခက်ဝေလတ်တို့ ဗျာများနေချိန်မှာပဲ ခြံရှေ့မှ ကားဟွန်းတီးသံများ ဆူညံစွာထွက်ပေါ်လာခဲ့တယ်။
~~~~
'' ကိုနေလင်းက စုံထောက်တစ်ယောက်လား "
ဖူးငုံပွင့်မယုံကြည်နိုင်စွာ မေးလိုက်မိတယ်။
"ဟုတ်ပါတယ် ဖူးငုံ ... ပြောရရင် ဘွားကြည်ရဲ့အမှုကိုလိုက်ဖို့အတွက် ရဲတပ်ဖွဲထဲဝင်ခဲ့တယ်ဆိုရမှာပဲ ... အခုတော့ ကိုယ့်ဆန္ဒတွေပြည့်ခဲ့ပါပြီ ..."
"ဆန္ဒပြည့်သွားပြီဟုတ်လား ...ဒါ ...ဒါဆိုရင် အဖြစ်မှန်တွေ ပေါ်သွားပြီလား... ဘယ်လိုဖြစ်သွားပြီလဲဟင် .. သုခမြိုင်က ဦးမင်းလတ်နဲ့ကိုသက်ဝေလတ်ဆုံးသွားတဲ့သတင်းကိုလဲ ကြားတယ် .. ဘာတွေဖြစ်ကုန်တာလဲ ...ကို ..ကိုခက်ဝေလတ်ရော ထိခိုက်သွားသေးလား ... ရဲအမှုအခင်းဆိုတော့ ဖူးငုံတို့လဲလာကြည့်ဖို့အဆင်မပြေလို့ပါ "
မနားတမ်းမေးလိုက်တဲ့ ဖူးငုံ ပွင့်ရဲ့ အမေးကြောင့် နေလင်းက ခေါင်းကို ငြိမ့်ပြလိုက်ပြီး
"ထိုင်ပါအုံး ဖူးငုံရယ်... အားလုံး ပြောပြပါ့မယ် ... ပြောချင်လို့ပဲ လာခဲ့တာပါ ... "
" ဟုတ် ..ဟုတ်ကဲ့ပါ ကိုနေလင်း "
ဖူးငုံပွင့်က နေလင်းကိုပြန်ဖြေလိုက်ပြီး ဆိုဖာခုံမှာစိတ်လှုပ်ရှားစွာထိုင်ချလိုက်သလို ငုဝါကလဲ ဆိုဖာခုံမှာဝင်ထိုင်လိုက်တယ်။
" ဖြစ်ပုံက ....သူတို့အချင်းချင်းဖြစ်ခံ့ကြတာပါ....အသက်ရှင်ကျန်ခဲ့တဲ့ဒေါ်ညိုညိုမာနဲ့ ဒေါ်ခင်မိုးကို စစ်မေးလိုက်တဲ့အခါ
...ဦးမင်းခိုင်နဲ့ သူ့တပည့်နှစ်ယောက်ရယ်... ကိုသက်ဝေလတ်နဲ့ ဒေါ်ညိုညိုမာတို့ကတစ်ဖွဲ့... ခက်ဝေလတ်နဲ့ဦးအောင်ဒင်အခန်းထဲမှာ သူတို့သတင်းရထားတဲ့ ရတနာတွေကို၀င်ရှာတာ ...ဒီအချိန်မှာ သူတို့ပဲကံကောင်းတာလား ..ခက်ဝေလတ်ပဲကံကောင်းတာလား မသိဘူး...ခက်ဝေလတ်က အခန်းထဲမှာရှိမနေခဲ့ဘဲ ...အိမ်နောက်ဘက်က လသာဆောင်မှာ ရောက်နေခဲ့တာတဲ့ ... ဒါပေမဲ့ အဲ့ဒီအချိန်မှာပဲ ဒေါ်ခင်မိုးမိုးနဲ့ သူ့လူနှစ်ယောက် ရောက်လာခဲ့ပြီး... အချင်းချင်းလုယက်ရင်းလက်လွန်ခဲ့ကြတာ...ဦးမင်းလတ်ကတော့ ပြဿနာဖြစ်နေချိန်မှာ ရောက်လာပြီး ဓါးနဲ့အထိုးခံခဲ့ရတာပဲ ...ဒီအမှုမှာဦးမင်းခိုင်နဲ့သူတပည့်တစ်ယောက်ရယ် ... ဒေါ်ခင်မိုးရဲ့လူတစ်ယောက်လွတ်သွားပေမဲ့ မကြာခင်မိမှာပါ ...ခက်ဝေလတ်က အမှုဖြစ်စဉ်မှာ ဘာထိခိုက်မှုမှမရှိခဲ့ပေမဲ့... ဒေါ်ဝေဝေမာကတော့ ရယ်လိုက်ငိုလိုက်နဲ့အသိစိတ်လွတ်သလိုဖြစ်နေတယ် "
ကြားလိုက်ရတဲ့သတင်း စကားကြောင့် ဖူးငုံပွင့်ရင်ထဲ နင့်ခနဲပင်ဖြစ်သွားမိတယ်။ငုဝါကတော့ မျက်နှာမှာစိတ်မကောင်းဟန်တစ်ချက်ဖြစ်သွားပြီးမှ
"ဒါဆို ဦးလေးကလွှတ်သွားတာပေါ့နော် ကိုနေလင်း ... ငုဝါအတွက် အန္တရာယ်များရိုနိုင်မလားဟင် "
" ဒါအတွက် မပူပါနဲ့ မငုဝါ ....သူသွားလာတတ်တဲ့ နေရာတွေကို ...ကျွန်တော်တို့ ကင်းပုန်းချထားပါတယ်...သူကိုမိခဲ့ရင် သူအမှုတွေက ထောင်ထဲကထွက်ရာဖို့လမ်းမရှိတော့ပါဘူး "
နေလင်းရဲ့စကားကြောင့် ငုဝါမှာ စိတ်အေးချမ်းသွားရတော့
တယ်။
"အမှုအကြောင်းနဲ့ပတ်သက်ပြီး အားလုံးကို ရှင်းပြပါ့မယ် ...ဘွားကြည်ကို လုပ်ကြံခဲ့တဲ့သူတွေက ဦးအောင်ဒင်ခေါ် ဦးအောင်မိုး ..ဦးမင်းလတ်နဲ့ ဦးမင်းခိုင်..ပြီးတော့ ဒေါ်ညိုညိုမာနဲ့ ဒေါ်ခင်မိုးတို့ လင်းမယားရယ်ပါဝင်ခဲ့ တယ် ...ဦးအောင်ဒင်က ဘွားလေးရဲ့ရတနာပစွည်းတွေထားတဲ့ လျှို့ဝှက်နေရာကိုသိထားတာမို့ ..သူတို့ကအုပ်စုလိုက် ညသန်းခေါင်ချိန်မှာ .... ခြံရဲ့နောက်ဘက်ကနေဝင်ပြီး အပေါ်ထပ်ကို တက်ခဲ့ကြတယ်တဲ့ ...အပေါ်ထပ်က ရတနာပစ္စည်းတွေနဲ့ ရှေ့ဟောင်းပစ္စည်းတွေကို သူတို့စိတ်ကြိုက်ယူပြီး...
#တိမ်ခိုးဝေတဲ့နွေ
အပိုင်း (၂၅)
(ဇာတ်သိမ်းပိုင်း )
********
အမှောင်ထုရဲ့အောက်မှာ ခြေသံလုံလုံနဲ့လှုပ်ရှားနေကြတဲ့ အရိပ် တွေက ဦးအောင်ဒင်နဲ့ ခက်ဝေလတ်ရဲ့အခန်းရှိရာဆီကို ဦးတည်သွားလာနေကြတယ်။ အခန်းရှေ့ကိုရောက်တဲ့အခါ တစ်ယောက်ကအခန်းတံခါးကို ခပ်ဖွဖွခေါက်လိုက်တယ်။တံခါးခေါက်လိုက်ပေမဲ့ အထဲကတုံ့ပြန်သံကို မကြားရဘဲရှိတယ်။ဒုတိယအကြိမ်မြောက် တံခါးခေါက်ပြီးချိန်မှာလဲ အခန်းထဲက တုံ့ပြန်သံမကြားရဘဲ တိတ်ဆိတ်၍သာနေတယ်။ဒီလိုတိတ်ဆိတ်နေတဲ့အခြေအနေကို ကြည့်ပြီး တံခါးကိုခပ်ဖြည်းဖြည်းတွန်းဖွင့်လိုက်ကြတယ်။တံခါးဖွင့်လိုက်တာနဲ့တစ်ပြိုင်နက် အခန်းထဲကို ဓါတ်မီးတွေနဲ့ ထိုးကြည့်လိုက်ကြတယ်။အဲ့ဒီအခါ အခန်းထဲမှာ လူရှိမနေဘဲ အခန်းကတိတ်ဆိတ်နေတယ်။ အခန်းထဲဝင်ရောက်လာသူနှစ်ဦးက အခန်းရဲ့နေရာအနှံ့ကို ၀င်ရောက်ရှာဖွေလိုက်ကြတယ်။အတန်ကြာအောင် ရှာပြီးတဲ့အခါ ရှာဖွေနေသူထံက အသံထွက်လာခဲ့တယ်။
"ဘာမှမတွေ့ဘူး "
"ဒီမှာမတွေ့ရင် အဘိုးကြီးအခန်းမှာသွားရှာမယ်...ဟိုကောင်ဘယ်ရောက်သွားလဲ အပေါ်ထပ်အခန်းမှာလား "
" မရှိပါဘူး ...၀င်ရှာပြီးပြီ လူလဲမရှိဘူး ...ဘာမှလဲ မရှိဘူး "
" ဒါဆို ဒီအခန်းထဲမှာပဲရှိမှာပဲ ...အပေါ် ထပ်က အဘိုးကြီးရဲ့အခန်းလွတ်ထဲမှာများသွား သိမ်းထားတာလား "
"မဖြစ်နိုင်ဘူး ..အပေါ်ထပ်က အဘိုးကြီးအခန်းက... လူတကာဝင်ထွက်နေတာ ထားမှာမဟုတ်ဘူး ..ဒီနှစ်ခန်းမှာပဲရှာ ..ဟိုကောင်ရောက်လာရင် မှောက်သွားအောင် ရိုက်ပစ်လိုက် ... အသက်အန္တရာယ်တော့မဖြစ်စေနဲ့နော် အမှုပတ်နေမယ် "
တစ်ယောက်ကပြောပြီး ဦးအောင်ဒင်ရဲ့အခန်းထဲကိုဝင်သွားလိုက်တယ်။ ဦးအောင်ဒင်ရဲ့ အခန်းထဲမှာတော့ ဦးအောင်ဒင် တစ်ယောက် ခုတင်ပေါ်မှာ အိပ်မောကျနေပြီး အခန်းဟာ တိတ်ဆိတ်မှောင်မိုက်နေခဲ့တယ်။အခန်းထဲဝင်လာသူတွေက စားပွဲတွေနဲ့ဗီရိုတွေကို ဓါတ်မီးတွေနဲ့ထိုးရင်း သူလိုချင်တာကိုရှာဖွေလိုက်ကြတယ်။
~~~~
တစ်ခြံလုံးတစ်အိမ်လုံးမှောင်အတိကျသွားတဲ့ အမှောင်ရိပ်အောက်မှာ ခက်ဝေလတ်ငြိမ်သက်စွာရပ်နေမိတယ်။ညသန်းခေါင် တိုင်နေပြီဖြစ်ပေမဲ့ သူဘယ်လိုမှ အိပ်မပျော်နိုင်သေးတာမို့ ချစ်သူနဲ့ဆုံနေကြဝရံတာမှာ လာရောက်ရပ်နေမိခြင်းပါပင်။ဆုံစည်းဖို့မဖြစ်နိုင်တဲ့ သူတို့နှစ်ယောက်ရဲ့ ဘ၀အခြေအနေအတွက် အနာဂတ်ခရီးကတစ်စစီကျိုးပဲ့ပျက်စီးသွားခဲ့ရပြီဖြစ်တယ်။ချစ်သူကို အဖြစ်မှန်တွေကိုဖွင့်ပြောပြဖို့ရန် သူ့မှာသတ္တိလဲမရှိ၊ ခွန်အားလဲမရှိပါ။ချစ်ရသူအတွက် သူနောက်ဆုံးလုပ်ပေးနိုင်တာက အဖြစ်မှန်တွေကိုဖော်ထုတ်ပေးလိုက်ခြင်းသာဖြစ်တယ်။ အဖြစ်မှန်တွေကို ဖော်ထုတ်လိုက်ဖို့ဆိုတာကလဲ သူ့အတွက်တော့ မိသားစုဆိုတဲ့ တံတိုင်းကြီးက အကာအရံတစ်ခုဖြစ်နေခဲ့ပြီ။ရှေ့ဆက်၍သူဘာလုပ်ရမလဲဆိုတာကို စဉ်းစားဆုံးဖြတ်ပြီးပြီဆိုပေမဲ့ ရင်ထဲမှာတော့ထိခိုက်နာကျင်နေမိတယ်။ဖုန်းကိုကိုင်ပြီး အကြိမ်ကြိမ်ခေါ် မိမလိုဖြစ်နေတဲ့ စိတ်ကို ခက်ဝေလတ်မနည်းထိန်းချုပ်ထားရတယ်။
"ဝုန်း "
"ဒုန်း "
"အား "
" အမယ်လေး "
ဝုန်းဝုန်းဒိုင်းဒိုင်းအသံတွေနဲ့အတူ ရုတ်တရက်အသံနက်ကြီးတွေနဲ့ငယ်သံပါအောင် အော်ဟစ်လိုက်တဲ့အသံတွေကြောင့် ခက်ဝေလတ် အသံလာရာဆီကိုပြေးထွက်လာခဲ့မိတယ်။ခက်ဝေလတ်နည်းတူ အပေါ်ထပ်ဆီမှပြေးလွှာဆင်းလာကြတဲ့ ခြေသံတွေထွက်ပေါ်လာခဲ့တယ်။
"ဘာဖြစ်တာလဲ ...အောက်ထပ်က မီးကဘာဖြစ်တာလဲ ... မီးတွေဘယ်သူပိတ်ထားတာလဲ ...ဒေါ်ခိုင် ... ဒေါ်ခိုင် မီးတွေဖွင့်လေ... "
အပေါ်ထပ်လှေကားကနေအော်ဟစ်ပြောလိုက်တဲ့ မိခင်ဖြစ်သူရဲ့အသံကိုကြားလိုက်ရတဲ့အခါ မှ ခက်ဝေလတ်ရင်ထဲက ပူပန်စိတ်ကအနည်းငယ်မျှလျော့ကျသွားခဲ့ရတယ်။ဖုန်းမီးကိုဖွင့်လိုက်ပြီး အောက်ထပ် မီးခလုတ်ရှိရာကို အပြေးသွားကြည့်လိုက်တယ်။ အနားရောက်တော့ ထင်ထားတဲ့ အတိုင်း မှိန်းခလုတ်တွေကိုပိတ်ထားတာတွေ့လိုက်ရတယ်။ခက်ဝေလတ် မီးခလုတ်ကိုအလျင်အမြန်ဖွင့်လိုက်ရင်း မိခင်ဖြစ်သူကိုလှမ်းအော်သတိလိုက်တယ်။
"အမေ ..အောက်ထပ်ကို ဆင်းမလာနဲ့အုံး ..အန္တရာယ်များတယ်..မဆင်းလာနဲ့နော် "
အောက်ထပ်ကမီးတွေလင်းသွားချိန်မှာ အပေါ်ထပ်လှေကားထိပ်မှာ ရပ်နေသူတွေက ဒေါ်ဝေဝေမာနဲ့မနီလာတို့မိသားစုဖြစ်တယ်။ ဦးမင်းလတ်အပါအဝင်ကျန်တဲ့မိသားစုဝင်တွေကိုတော့ မတွေ့ရ။
"မနီလာ အောက်ဆင်းမလာနဲ့ ..ကလေးတွေကိုခေါ်ပြီး အပေါ် မှာပဲနေပါ "
အစ်မဖြစ်သူကို အော်ပြောလိုက်ရင်း ခက်ဝေလတ်စခန်းကိုဖုန်းဆက်လိုက်တယ်။မီးဖွင့်လိုက်တဲ့အချိန်မှာခပ်စေစောက ကြားလိုက်ရတဲ့အသံတွေ ခေတ္ထ တိတ်ဆိတ်သွားပြီး အရှေ့ဘက်စင်္ကြန်မှာပြေးလွှားသံတွေကို ကြားလိုက်ရတာမို့ အဘိုးဖြစ်သူအတွက် စိုးရိမ်ပြီး အခန်းရှိရာဆီကို ပြေးသွားလိုက်မိတယ်။သားဖြစ်သူရဲ့ အမူအရာကိုကြည့်ပြီး ဒေါ်ဝေဝေမာက စိုးရိမ်တကြီးလှမ်းအော်လိုက်ပြီး အူယားဖားယားပြေးဆင်းလာခဲ့တယ်။
"သားငယ် သတိထားအုံး ...ဇွတ်ဝင်မသွားနဲ့နော်.."
"ဟယ်လို ....ကိုခက်ဘာတွေဖြစ်နေတာလဲ ... အဆင်ပြေရဲ့လားဟင် ...အိမ်မှာ ပြဿနာတက်နေသေးလား "
ဖုန်းကိုင်လိုက်တာနဲ့ ဖူးငုံ ပွင့်မှာ ကျန်တဲ့ကိစ္စတွေကို သတိမရဘဲ စိုးရိမ်တကြီးနဲ့မေးလိုက်မိတယ်။ခက်ဝေလတ်ဆီက ချက်ချင်းပြန်ဖြေသံကို မကြားရဘဲ အသက်ရှူသံပြင်းပြင်းကိုသား ကြားနေရတယ်။ အတော်လေးကြာတော့မှ ခက်ဝေလတ်ဆီက စကားသံထွက်လာခဲ့တယ်။
"ကျွန်တော် တောင်းပန်ပါတယ် နွေ ... အားလုံးအတွက် ကျွန်တော်တောင်းပန်းပါတယ်... ကျွန်တော်ကို မေ့ပစ်လိုက်ပြီး ရန်ကုန်ကိုပဲ ပြန်လိုက်ပါနော် ... ကျွန်တော်တို့ရှေ့ဆက်ဖို့ မဖြစ်နိုင်လို့ပါ ကျွန်တော်တောင်းပန်ပါတယ် "
သူပြောချင်ရာကိုပြောပြီး ခက်ဝေလတ်ဘက်က ဖုန်းချသွားခဲ့တာမို့ ဖူးငုံပွင့်မှာဘာမှပင်မေးချိန်ပြောချိန်မရလိုက်ပါ။ခက်ဝေ လတ်ရဲ့ စကားတွေကြောင့်ဖူးငုံ ပွင့်ရင်ထဲမှာ ဗလောင်ဆူကာကျန်ခဲ့တော့တယ်။
~~~~~
သန်းခေါင်ညရဲ့အမှောင်ထုအောက်မှာ သုခမြိုင်စံအိမ်ကြီးတစ်ခုလုံး တိတ်ဆိတ်ကာငြိမ်သက်နေခဲ့တယ်။ အိမ်ကြီးတစ်ခုလုံးမှာလဲ ခပ်မှိန်မှိန်စင်္ကြန်မီးအလင်းရောင်တွေကလွဲလို့ အိပ်ခန်းတွေတိုင်းဟာ မှောင်မိုက်နေခဲ့တယ် ။ဒီအချိန်မှာပဲ အောက်ထပ်ကမီးတွေအားလုံးရုတ်တရက်ပျက်သွားကြကာ အမှောင်ကျသွားခဲ့တယ်။အမှောင်ထုရဲ့ အောက်မှာ အရိပ်မည်းအချို့ဟာ အောက်ထပ်ရှိ အရှေ့ဘက်စင်္ကြန်အတိုင်းတရွေ့ရွေ့လှုပ်ရှားသွားလာနေကြတယ်။
@@@@@@@@@@@@@@@@
အပိုင်း (၂၅ ) ဆက်ရန်
#ဧကြည်ဖြူ
" တော်စမ်း ..တော်တော့လို့ ပြောနေတယ်မဟုတ်လား ... မနက်ဖြန် မနက်လင်းတာနဲ့ မင်းရန်ကုန်ကို သွားတော့ ....ဒီကိစ္စတွေအားလုံး ကိုမေ့ပစ်လိုက် ... အမေတို့ကိုလဲ မင်းဆက်သွယ်စရာမလိုဘူး ...မင်းအတွက် ငွေလုံလောက်အောင် အမေထည့်ပေးလိုက်မယ်....ပြီးတာတွေလဲ အားလုံးပြီးခဲ့ပြီ ... နှစ်တွေလဲကြာခဲ့ပြီ.....ကာယကံရှင်တွေရဲ့မိသားစုတွေလဲ အခုချိန်လောက်ဆိုနေသားကျနေပါပြီကွယ် "
" ဘယ်လိုပြောလိုက်တယ် အမေ ...နေသားကျနေပြီဟုတ်လား ..ဘယ်သူကနေသားကျတာလဲ အမေတို့လား ...တကယ်လို့များ..သေဆုံးသွားတဲ့သူတွေနေရာမှာ ကျွန်တော်တို့ဆိုရင်ရော အမေတို့နေသားကျနေမှာပဲလား ..."
" သားငယ် မင်းကိုတော်တော့လို့ ပြောနေတယ် မဟုတ်လား ... မင်းပါးစပ်ကိုပိတ်လိုက်တော့လို့ ... ဒီလောက်နှစ်တွေကြာမှ မင်းကဘာတွေလုပ်ချင်နေတာလဲပြော ..ပြီးတော့ မင်းဒါတွေကိုဘယ်ကသိခဲ့တာလဲ "
"အမေတို့ပဲပြောနေခဲ့ကြတာလေ မှတ်မိရဲ့လား ... လာရှုပ်တဲ့သူမှန်သမျှကို ရှင်းပစ်မယ်လို့အန်တီညိုပြောခဲ့တာလေ ...အမေတို့တွေ ညနက်သန်းခေါင်ကြီးမှာပြောနေကြတာကို ကြားလို့ ... အဘိုးရဲ့ မီးခံသေတ္တာကိုအဲ့ဒီညမှာပဲ ကျွန်တော်ရှာခဲ့တယ်.... မီးခံသေတ္တာထဲကရတဲ့ သဲလွန်စတွေနဲ့ ပိတောက်စုရွာကို သွားစုံးစမ်းခဲ့တယ် ..ပိတောက်စုရွာကိုရောက်တော့မှ ကျွန်တော်အားလုံးကို ဇာတ်ရည်လည်သွားခဲ့တယ်... ပြီးတော့ ဖြစ်ပျက်သမျှအားလုံးကိုဆက်စပ်မိသွားခဲ့တယ်...လွန်ခဲ့တဲ့ (၁၃)နှစ်က ကိုသက်နဲ့ အဖေတို့တွေ ပြဿနာဖြစ်ပြီးတော့... ကျွန်တော်တို့ညီအစ်ကိုရယ်အမေနဲ့အဘွားကိုပဲထားခဲ့ပြီး ....အဘိုးနဲ့အဖေတို့တွေခရီးထွက်သွားခဲ့ကြတယ်..ပြန်လာတော့ ပေးရမဲ့ငွေတွေကိုဆပ်လိုက်ပြီး... ကျွန်တော်တို့ မြို့ထဲဘက်ကတိုက်ခန်းကို ပြောင်းခဲ့ကြတယ်လေ...နောက်တော့ အဘိုးကအမွေရတယ်ဆိုပြီး .. ရုတ်တရက်ကြီး ကျွန်တော်တို့ ချမ်းသာသွားကြတယ် ... ဒါတွေက ဒီလိုပုံစံနဲ့ရလာခဲ့တယ်ဆိုတာကို ကျွန်တော်လုံးဝမထင်ခဲ့မိဘူး ... ဘယ်သူတွေ ဘာပဲဖြစ်ဖြစ်အမေနဲ့အဘိုးကိုတော့ ကျွန်တော်ယုံကြည်ခဲ့မိတယ် ...ကျွန်တော့်မိသားစုက ဒီလောက်ရက်စက်ကြမ်းကြုတ်တဲ့အမှုကြီးကို ကျူးလွန်ထားပြီး ဒီလိုမျက်နှာပြောင်တိုက်ပြီး နေနိုင်တာကို ကျွန်တော်မယုံကြည်နိုင်ဆုံးပဲ ...ကျွန်တော့်ဆီမှာ အဘိုးတို့ အဖေတို့ မကောင်းမှုလုပ်ထားတဲ့ သက်သေတွေအားလုံးစုမိနေပြီ ...ကျွန်တော်အားလုံးကို ဖော်ထုတ်မယ် "
" ဘာ ..ဘာပြောတယ် သားငယ် ..သက်သေတွေ ဟုတ်လား ..ဘာသက်သေတွေလဲ .... အဲ့ဒါတွေ ဘယ်မှာပဲ ..အဲ့ခါတွေ အားလုံးအမေ့ကိုပေးပြီး သား ရန်ကုန်ကိုဖြစ်ဖြစ်သွားတော့ နော် ... မိနွေနဲ့သားကချစ်သူတွေ မဟုတ်လား ...သားတို့ ရန်ကုန်မှာ သွားနေပြီး လက်ထပ်လိုက်ကြလေသားငယ် ..သားတို့ကို အမေသဘောတူပါတယ်...သားတို့အတွက် ငွေအရင်းအနှီးလဲအမေ ထုတ်ပေးလိုက်ပါ့မယ် "
တောင်းပန်းတိုးလျှိုးသံနဲ့ ပြောနေတဲ့မိခင်ဖြစ်သူကို ခက်ဝေလတ်ကြည့်ရင်း အံကိုတင်းတင်းကြိတ်ထားလိုက်မိတယ်။
" ဒါတွေကိုအမေသိခဲ့ရဲ့နဲ့အဖေတို့ကို ဘာလို့မတားခဲ့တာလဲ ..လူ့အသက်လေးသက်တောင် အမေရဲ့ "
"သားရယ် အမေတောင်းပန်ပါတယ်နော် ... အဲ့ဒီလောက်ထိ ဖြစ်ခဲ့မယ်လို့ အမေမထင်ခဲ့မိတာပါ ...အဲ့ဒီတုန်းက သားကြီးနဲ့ဖြစ်ခဲ့တဲ့မိန်းခလေးဘက်က ... သူတို့ တောင်းတဲ့ငွေကိုမပေးနိုင်ရင် သားကြိုးကိုတိုင်မယ်လို့ပြောခဲ့တယ် ... ဟောင်းကစားသမားတွေကလဲ သားအဖေနဲ့သားအဒေါ်ကိုငွေတွေပြန်မဆပ်ရင်သတ်မယ်လို့ပြောနေလို့ ...ကြံရာမရတဲ့အဆုံးမှာ လုပ်ခဲ့မိတာပါ ...အဲ့ဒီတုန်းက အဘွားကြီးမသိအောင် ပစ္စည်းတွေကို၀င်ခိုးရုံပဲလို့ပြောခဲ့လို့ အမေလဲသဘောတူခဲ့တာပါ....နောက်တော့ ပစ္စည်းတွေရလာခဲ့ပြီးပြန်လာကြတော့မှ ... ပစ္စည်းတွေယူနေတုန်းမှာ အဘွားကြီးကနိုးသွားလို့ ...အဘွားကြီးကိုလက်လွန်ခဲ့တယ်ဆိုတာကို သိခဲ့ရတယ် ..နောက်တော့ထပ်သိရတာက သူတို့ခြံထဲကပြန်အထွက်မှာ ဘေးခြံက လူကတွေ့သွားခဲ့တယ်တဲ့...ဒါနဲ့ပဲ အဲ့ဒီမိသားစုကိုပါနှုတ်ပိတ်ဖို့ဖြစ်ခဲ့ရတယ်ဆိုတာကို အားလုံးပြီးမှ အမေသိခဲ့ရတာပါ ...အားလုံးဖြစ်ပြီးသွားမှတော့ အမေဘယ်လိုလုပ်ရမလဲ သားရယ် ..အမေ့မိသားစုကိုကာကွယ်ရုံအပြင် အမေဘာတတ်နိုင်မှာလဲ ...အခု သားလဲအမေ့လိုပဲ မိသားစုကို ကာကွယ်ပေးပါနော် .. ကျန်တဲ့သူတွေကိုမကြည့်ဘဲ သားရဲ့အဘိုးနဲ့သားအဖေကိုပဲ ကြည့်ပေးပါနော် ... သားအဘိုးရောအဖေရော အသက်ကြီးလှပါပြီကွယ်..."
မိခင်ရဲ့ စကားကြောင့် ခက်ဝေလတ်အဘိုးဖြစ်သူကို လှမ်းကြည့်လိုက်မိတယ်။ထိုအခါ ဘိုးအေဖြစ်သူက ခုတင်ပေါ်မှာပက်လက်အနေအထားကနေမျက်ရည်တွေရွှဲနေတဲ့မျက်ဝန်းတွေနဲ့ လှမ်းကြည့်နေတာကိုတွေ့လိုက်ရတယ်။
"သားမှာသက်သေတွေရှိတယ်ဆိုရင် အမေ့ကိုပေးနော် သားလေး ... ဒီရတနာပစ္စည်းတွေလဲ သားပဲယူသွားလိုက်နော် ..''
သူ့လက်မောင်းကိုဖက်ကာ ငိုပြီးတောင်းပန်နေတဲ့ မိခင်ဖြစ်သူကိုကြည့်ပြီး ခက်ဝေလတ်ကျောက်ရုပ်တစ်ရုပ်လိုငြိမ်သက်နေမိတယ်။
ဒီအချိန်မှာပဲ အခန်းပြင်ဘက်မှ တိတ်တဆိတ်နားထောင်နေတဲ့ လူရိပ်တစ်ရိပ်က ခြေကို ဖော့နင်းလျက် ထွက်ခွါသွားခဲ့လေတယ်။
~~~~~
"တူ ...တူ ..တူ "
ခပ်တိုးတိုးမြည်လာတဲ့ဖုန်းသံကြောင့် ဖူးငုံပွင့် ဖုန်းကို ကမန်းကတန်း ကောက်ကိုင်လိုက်တယ်။
" ဘယ်လို ..တကယ်လားနွေ ...အဲ့ဒီခွက်ငုဝါဆီမှာရှိသေးလား .. ရှိသေးရင် သိမ်းထားလိုက်ပါနွေ ... အဲ့ဒါက အရေးကြီးတဲ့ သက်သေတစ်ခုပဲ ''
နေလင်းရဲ့ စကားကြောင့် ဖူးငုံပွင့် နှုတ်ဆွံ့အသွားမိပြီး
"အရေးကြီးသက်သေဟုတ်လား ကိုနေလင်း ... ဒါပေမဲ့ အဲ့ဒီခွက်ကို ...မငုဝါက ခက်ဝေလတ်ကို ပေးလိုက်တယ်တဲ့ ..ဘယ်လိုလုပ်မလဲဟင် "
" ဟာ ...ဒုက္ခပါဘဲ ... ဘယ်လိုဖြစ်ရတာလဲ ..ခဏနော်နွေ ..ငုဝါဆီကို ဖုန်းဆက်ကြည့်လိုက်အုံးမယ် "
နေလင်းထံမှ ဖုန်းချသွားတဲ့ အခါ မိဘတွေနဲ့ ပတ်သက်တဲ့ ဖူးငုံပွင့်ရင်ထဲက ပူပင်သောကတွေက အနည်းငယ်ပြေလျော့သွားခဲ့ရတယ်
~~~~~~~
"ဒါက ဘာသဘောလဲအဘိုး...ဒီဆေးလိပ်ခွက်ကို ...ကျွန်တော့်ကိုပေးပြီး ဘာလုပ်စေချင်တာလဲ....အဘိုးတို့လုပ်ခဲ့တာတွေကို သွားဖော်ထုတ်ရမှာလား ပြောပါအုံး "
"ဒုန်း "
"ခွမ်း "
ခက်ဝေလတ်စိတ်ထိခိုက်
နာကျင်စွာ ပြောလိုက်ပြီး လက်ထဲက
ဆေးလိပ်ပြာခွက်ကို နာနာကြည်းကြည်းနဲ့ နံရံဆီကိုပစ်ပေါက်လိုက်တယ်။ဖန်ခွက်လေးက နံရံနဲ့ ပြင်းထန်စွာရိုက်မိကာ ခွမ်းခနဲကျကွဲသွားခဲ့ပြီး ခွက်ထဲကနေတဖျပ်ဖျပ်လက်နေတဲ့ကျောက်ပွင့်တွေက ကြမ်းပြင်ပေါ်မှာပျံ့ကျဲကျသွားခဲ့တယ်။ဒီမြင်ကွင်းကိုကြည့်ပြီး ခက်ဝေလတ်အံ့ဩမင်သက်စွာ ငေးကြောင်ကြည့်နေမိတယ်။အဘိုးဖြစ်သူဦးအောင်ဒင်က ခက်ဝေလတ်ကို တောင်းပန်တဲ့ မျက်ဝန်းတွေနဲ့ ကြည့်နေခဲ့ပြီး ပျံ့ကျဲနေတဲ့ ရတနာတွေကို လက်ညှိုးထိုးပြလိုက်တယ်။
"ဪ ..ဒါတွေက အဖေတို့ ရှာနေတဲ့ ရတနာတွေလား .... ဘာလဲ ဒါတွေကို ကျွန်တော့်ကိုပေးမလို့လား ....ကျွန်တော်မယူဘူး .... ဒါတွေကသွေးစွန်းနေတဲ့ပစ္စည်းတွေပဲ...အဘိုးညာတယ်...အဘိုးကျွန်တော့်ကို ညာရက်တယ်ဗျာ ...အဘိုးနဲ့အဘွား ကျွန်တော်တို့အိမ်ကိုစရောက်တုန်းက ...ကျွန်တော်ဘာပြောခဲ့လဲ ...အဘိုးတို့ကို ကျွန်တော်ရှာကျွေးမယ်လို့ ပြောခဲ့တယ်လေ ....အဘိုးဘာလို့ဒီလိုလုပ်ရတာလဲဗျာ ... အဘိုးလုပ်ခဲ့တာတွေကို မှတ်မိရဲ့လား ပြောစမ်းပါအုံး အဘိုး ..."
" မြေး ..မြေးရေး "
ဒေါသတကြီးနဲ့ ပြောနေတဲ့ မြေးဖြစ်သူကို ဦးအောင်ဒင်ကအာလေးလျှာလေးသံကြီးနဲ့ ခေါ်လိုက်တယ်။
"မခေါ်ပါနဲ့ ...ကျွန်တော့်ကို မခေါ်ပါနဲ့တော့ဗျာ....အဘိုးတို့အားလုံးကို သက်ဆိုင်ရာကို ကျွန်တော်ကိုယ်တိုင်အပ်မယ် "
" ဒုန်း "
ခက်ဝေလတ်ရဲ့စကားမဆုံးခင်မှာ အခန်းတံခါးကဒုန်းခနဲ မြည်အောင်ပွင့်လာခဲ့ပြီး အခန်းထဲကို ဒေါ်ဝေဝေမာဝင်လာရောက်လာခဲ့တယ်။ဒေါ်ဝေဝေမာက အခန်းထဲကိုရောက်တာနဲ့ သားဖြစ်သူခက်ဝေလတ်ရဲ့ပါးပြင်ကို ခပ်ပြင်းပြင်းရိုက်ချလိုက်တယ်။
"လူမိုက် ...နားထောင်နေလို့ အကောင်းမှတ်နေလား ... လမ်းဘေးမှာ ဈေးရောင်းရတဲ့ ဘ၀က၀န ဒီလိုဘ၀နဲ့နေရတာကို ကျေးဇူးမတင်ဘဲ အပြစ်ပြောတယ်ပေါ့ ဟုတ်လား ... မင်းသုံးခဲ့ဖြုန်းခဲ့တဲ့ ပိုက်ဆံတွေကဘယ်ကထွက်လာတာလဲ သိရဲ့လား...ဒီကိစ္စတွေအားလုံးက မင်းတို့အတွက်ရင်းခဲ့တာပဲ..မင်းက ဘာတွေသိလို့ဒီလိုပြောနေရတာလဲ "
" တော်ပါတော့ဗျာ ..တော်ပါတော့ ...ကျွန်တော်လမ်းဘေးမှာ ဈေးရောင်းခဲ့ရလို့ အမေ့တို့ကို ညည်းညူပြခဲ့ဖူးလို့လား ... မလုပ်ချင်ဘူးလို့ ပြောခဲ့လို့လား ...ဟုတ်ပါတယ် .. ကျွန်တော်လဲသုံးခဲ့ပါတယ်ဖြုန်းခဲ့ပါတယ် ... ဒါပေမဲ့ ဒီငွေတွေက ရိုးရိုးသားသားရတယ် လို့ထင်ခဲ့မိလို့ သုံးခဲ့မိတာ...ဒီလို ငွေတွေမှန်းသိရင်... အဲ့ဒီအချိန်တည်းကအားလုံးဖော်ထုတ်ခဲ့မှာ "
"ဘာပြောတယ် ..ဖော်ထုတ်မယ် ဟုတ်လား ... မင်းကဘာကို ဖော်ထုတ်မှာလဲ ... ဘာတွေကိုသိလို့ ဘာတွေကိုဖော်ထုတ်မှာလဲ ပြောလေ "
ဒေါ်ဝေဝေမာ သားဖြစ်သူကို ဒေါသတကြီးနဲ့ပြောလိုက်တယ်။ခက်ဝေလတ်က မိခင်ကို တစ်ချက်ကြည့်လိုက်ပြီး ကြမ်းပေါ်မှာ ကျကွဲနေတဲ့ဖန်ဆေးလိပ်ပြာခွက်နဲ့ ပျံ့ကျဲနေတဲ့ ရတနာပစ္စည်းတွေကို လက်ညှိုးထိုးပြလိုက်ပြီး
"ဒါတွေက အမေတို့တွေရှာနေတဲ့ ပစ္စည်းတွေမဟုတ်လား ...ဒီပစ္စည်းတွေရဲ့ ပိုင်ရှင်အစစ်အမှန်ကတော့ ပိတောက်စုရွာကဒေါ်အုန်းကြည်ဆိုတဲ့အဘွားတစ်ယောက်လေ ... အဲ့ဒီအဘွားကို အဘိုးတို့တွေလုပ်ကြံခဲ့ပြီး ...အဘွားအိုကြီးပိုင်ဆိုင်တဲ့ ရတနာပစ္စည်းတွေကို အကုန်ယူခဲ့ကြတာလေ .....ဒါတင်မကသေးဘူး ...အဘွားကြီးရဲ့ ဘေးခြံက မိသားစုကိုလဲ နှုတ်ပိတ်ခဲ့တာတွေ အားလုံးကို ကျွန်တော်သိပြီးပြီ ..."
"ဘာ ..ဘာပြောတယ် ....မင်း...မင်းပါးစပ်ကိုပိတ်လိုက်စမ်းသားငယ် "
ဒေါ်ဝေဝေမာက အထိတ်လန့်နဲ့တားမြစ်လိုက်ရင်း သားဖြစ်သူရဲ့ပါးစပ်ကို လက်နဲ့ အတင်းဖိအုပ်ကာ ပိတ်ပစ်လိုက်တယ်။
"မင်း ..မင်း ..ဒါတွေကို ဘယ်လိုသိတာလဲ သားငယ် ... မင်းကို ဘယ်သူပြောတာလဲ ... မင်းဒီလိုလုပ်နေရင် မင်းအတွက်အန္တရာယ်ရှိတယ်ဆိုတာကို မင်းသိရဲ့လား "
စိုးရိမ်ထိတ်လန့်နေတဲ့ အမူအရာနဲ့ပြောနေတဲ့ မိခင်ဖြစ်သူကို ခက်ဝေလတ်ကြည့်လိုက်ပြီး နာနာကျင်ကျင်နဲ့မေးလိုက်မိတယ်။
"ဘယ်လိုအန္တရာယ်ရှိတာလဲ အမေ ....ဘာလဲ ကျွန်တော့်ကိုပါနှုတ်ပိတ်ကြမလို့လား "
#တိမ်ခိုးဝေတဲ့နွေ
အပိုင်း (၂၄)
******
ငုဝါရဲ့စကားတွေကိုကြားရတဲ့အခါ ဖူးပုံပွင့်နားမလည်နိုင်အောင်ဖြစ်သွားခဲ့မိတယ်။ခက်ဝေလတ်က ခရီးသွားနေတယ်ပြောပြီး မြို့မှာပဲရှိနေခဲ့တာလား။ ဒါဆို ဘာအတွက် သူမကိုညာရတာလဲ။ခက်ဝေလတ်တစ်ယောက် သူမ မသိအောင်ဘာတွေများလုပ်နေတာလဲ။ ဖူးငုံပွင့်ရင်ထဲမှာ အတွေးပေါင်းများစွာနဲ့ ဗလောင်ဆူလာမိတယ်။
" ကိုခက်ကို နွေဖုန်းခဏလောက်ဆက်ချင်တယ် မငုဝါ "
" အင်း ..ဆက်လေနွေ ... ငုဝါ သွားအိပ်တော့မယ်နော် ''
အခန်းထဲကနေ ငုဝါထွက်သွားတာနဲ့ ဖူးငုံပွင့်ဖုန်းကိုထုတ်ပြီး ဆက်လိုက်တယ်။ဖုန်းကဝင်သွားပေမဲ့ တစ်ဖက်ကဖုန်းမကိုင်ဘဲရှိတယ်။ပထမတစ်ကြိမ်ဖုန်းကျသွားပြီး နောက်တစ်ကြိမ်ထပ်ခေါ်လိုက်ပေမဲ့ ဖုန်းကကိုင်သူမဲ့နေခဲ့တယ်။ဖူးငုံပွင့် ဖုန်းကိုကိုင်ကာငြိမ်သက်နေမိတယ်။သူမအပေါ် သူဒီလောက်ရက်စက်နေပြီလား။
"ဖုန်းကိုင်ပါကိုခက် ..ပြောစရာတွေရှိတယ်...ဖုန်းမကိုင်ရင် သုခမြိုင်ကို နွေလိုက်လာမှာနော် "
ဖုန်းဆက်လို့မရတာမို့ဖုန်းကိုမက်ဆေ့ပို့ထားလိုက်တယ်။ငုဝါပြောပုံအရဆိုရင် ဖန်ဆေးလိပ်ပြာခွက်က ဘွားကြည်ဆီမှာ ဖူးငုံတွေ့ဖူးတဲ့ ဆေးလိပ်ပြာခွက်ဖြစ်လိမ့်မယ်ထင်တယ်။ဆေးလိပ်ပြာခွက်ဆိုပေမဲ့ ဖန်အကြည်သားနဲ့ လုပ်ထားတဲ့အလွန်လှပတဲ့ခွက်တစ်ခုပင်။ဖန်အကြည်သားဆိုပေမဲ့ အတွင်းကိုမြင်ရတာမျိုးမဟုတ်ဘဲ မှန်လိုမျိုးကြည်လင်ပြောင်လက်နေခြင်းမျိုးဖြစ်တယ်။ဒါကြောင့် ဦးအောင်ဒင်ရဲ့အခန်းထဲမှာ ဖန်ဆေးလိပ်ပြာခွက်ကိုတွေ့လိုက်တုန်းက ဖူးငုံပွင့်စိတ်ထဲမြင်ဖူးသလိုဖြစ်နေခဲ့တာပင်။ဆေးလိပ်ပြာခွက်မို့ ဖူးငုံပွင့်အရေးတယူမထားခဲ့။ထိုဆေးလိပ်ပြာခွက်ကို ဦးအောင်ဒင်စိတ်မချနိုင်ဖြစ်နေတာ။နောက်ဆုံး ဖန်ခွက်ကို သူမဆီမှာအပ်ပြီး ခက်ဝေလတ်ဆီကို ပို့ခိုင်းခဲ့တာတွေက ဦးအောင်ဒင်က တတယ်ပဲ ဦးအောင်မိုးဖြစ်နေခဲ့တာလား။ ဦးအောင်မိုးသာအမှန်ဆိုရင် ဘွားကြည်ရဲ့ သေဆုံးမှုက ဦးအောင်မိုးရဲ့ လုပ်ကြံမှုလား။ဒီလိုဆိုရင် သူမမိသားစုကဒီကိစ္စမှာဘယ်လိုပါဝင်ပတ်သက်နေခဲ့တာလဲ။ဘွား ကြည်ဆုံးတဲ့မနက်က မိခင်ဖြစ်သူနဲ့အစ်ကိုက မြို့ဈေးကိုသွားခဲ့ကြတယ်တဲ့။ဒါကတိုက်ဆိုင်မှုလား၊၊သေချာတာက ဘွားကြည်ဆုံးချိန်မှာ ဖူးငုံပွင့်တို့အိမ်မှာ ဖခင်ဖြစ်သူတစ်ယောက်တည်းကျန်ခဲ့တာဖြစ်တယ်။ ပြီးတော့ အဖေက ဒေါ်ညိုညိုမာနဲ့ မရိုးမသား ဆက်ဆံရေးမဟုတ်ခဲ့ရင်တောင် နှစ်ယောက်ကြားမှာ ပတ်သက်မှုတော့ရှိခဲ့ပုံပင်။ဒေါ်ညိုညိုမာလိုလူမျိုးနဲ့ ဖခင်ဖြစ်သူက ဘာအတွက်ပတ်သက်ခဲ့တာလဲ။အရာအားလုံးကို ဖူးငုံပွင့်ဆက်စပ်တွေးတောကြည့်လိုက်မိပြီး အထိတ်တလန့်နဲ့ ထိုင်နေရာကနေ ထရပ်လိုက်မိပြီး ဖုန်းနံပတ်တစ်ခုကို တုန်တုန်ယင်ယင်နဲ့ နှိပ်လိုက်မိတယ်။
"ဟယ်လိုနွေ ပြောလေ..."
ဖုန်းထဲက နေလင်းရဲ့အသံကို ကြားလိုက်တာနဲ့ ဖူးငုံပွင့် အလောတကြီးနဲ့ မေးလိုက်မိတယ်။
" ဟယ်လို ကိုနေလင်း ...ကိစ္စတွေ ဘာထူးသေးလဲ ...ကိုနေလင်း က လောကိုပြန်မလာသေးဘူးလား "
ဖူးငုံပွင့်ရဲ့ အလောတကြီးမေးသံကြောင့် နေလင်းမှာ ထိတ်လန့်သွားရပြီး
"ဘာဖြစ်လို့လဲနွေ ..အရေးကြီးကိစ္စရှိနေလို့လား "
" အရေးကြီးတာထက် ကိုနေလင်း စုံစမ်းထားတာတွေကို ပြောပြလို့ရရင် ....ကျွန်မအကုန်သိချင်တယ် ''
"ဘာကိုသိချင်တာလဲ နွေ ... ကိုယ်စုံစမ်းလို့ရသမျှကို ...နွေ့ကိုပြောပြခဲ့တယ်လေ "
" ဟုတ်ပါတယ် ....ဒါပေမဲ့ ကိုနေလင်းပြောတဲ့အထဲမှာ... ကျွန်မမိဘတွေအကြောင်း လုံးဝကိုမပါခဲ့ဘူးနော် ... ဒါက ကျွန်မမိဘတွေအကြောင်းသတင်းမရတာလား ..ဒါမှမဟုတ်ရတဲ့သတင်းကို ထိန်ချန်ထားတာလား...ကျွန်မအားလုံးသိချင်တယ် "
ဖူးငုံပွင့်စီတ်လှုပ်ရှားစွာ အမောတကောမေးလိုက်တာမို့ နေလင်းမှာ သက်ပြင်းမောကိုချလိုက်ပြီး
"ကိုယ်ပြန်ရောက်ရင် အားလုံး ပြောပြပါ့မယ် ... နွေရော သုခမြိုင်မှာဘယ်အချိန်ထိဆက်နေအုံးမှာလဲ ..ဦးအောင်ဒင်က ဘွားကြည်ရဲ့အလုပ်သမားဆိုတာသေချာနေပြီမို့ နွေမနေသင့်တော့ဘူးလေ "
" ဟုတ်ကဲ့ပါ ကိုနေလင်း ...နွေ မနက်ကပဲ သုခမြိုင်ကနေအလုပ်ထွက်လာခဲ့ပါပြီ ...အခု မငုဝါတို့အိမ်မှာရောက်နေတာပါ "
ဖူးငုံပွင့်ရဲ့စကားကြောင့် နေလင်းမှာ အံ့ဩဝမ်းသာသွားပြီး စိုးရိမ်တကြီးမေးလိုက်မိတယ်။
"ဟုတ်လား ...ဘာပြဿနာဖြစ်လို့လဲ ...ချက်ချင်းအလုပ်ထွက်လိုက်တာအကြောင်းရှိလို့လားနွေ ..အခုရော အဆင်ပြေရဲ့လား "
" အဆင်ပြေပါတယ် ကိုနေလင်း ...ဖြစ်နိုင်ရင် ကျွန်မမိဘတွေနဲ့ပတ်သက်တဲ့သတင်းကို ဆိုးဆိုး ကောင်းကောင်း အကုန်သိချင်ပါတယ်....မထင်ကောင်းပေမဲ့ ကျွန်မစိတ်ထဲမှာ ဒွိဟဖြစ်နေတယ်ကိုနေလင်း ... ကျွန်မမိဘတွေကရော ဦးအောင်မိုးနဲ့ ပူးပေါင်းကြံစည်ခဲ့ပြီးမှ အဝေမတည့်လို့ နှုတ်ပိတ်ခံလိုက်ရတာလားလို့ စိတ်ကထင်နေမိတယ်....."
" ဟာ ..မဟုတ်တာ..မင်းဘာတွေ လျှောက်တွေးနေတာလဲ နွေရယ်...ခဏပဲ သည်းခံစောင့်ပါ ....ဒီအဖြစ်မှန်တွေပေါ်ဖို့ သိပ်မကြာတော့ပါဘူး နွေ ... အချိန်တန်ရင် ကိုယ်အားလုံး ပြောပြပါ့မယ်..ဒါပဲနော် နွေ ...အစစအရာရာ ဂရုစိုက်ပါ
"ခဏ ..ခဏလေးပါကိုနေလင်း ....ပြောစရာရှိသေးတယ်....ဦးမင်းခိုင်က မငုဝါအဖေကို လက်ဆောင်ပေးခဲ့တဲ့ဖန်ဆေးလိပ်ပြာခွက်မှာဘွားကြည်နာမည်နဲ့ ပိတောက်စု ရွာနာမည်ပါနေခဲ့တယ်တဲ့ ..ကြည့်ရတာဘွား ကြည်ပစ္စည်းဖြစ်မယ်ထင်တယ် "
