es
Feedback
ဧကြည်ဖြူ၏ ဝတ္ထုများ

ဧကြည်ဖြူ၏ ဝတ္ထုများ

Ir al canal en Telegram
803
Suscriptores
+424 horas
+167 días
+4630 días
Archivo de publicaciones
စင်္ကြန်လမ်းပေါ်မှာ ဘယ်သူမှမရှိတော့တဲ့အချိန်မှ ခက်ဝေလတ်က အခန်းလွတ်ထဲကို ဝင်ခဲ့လိုက်တယ်။တကယ်တော့ ဒီအခန်းက ဟိုအရင်က ခက်ဝေလတ်နေခဲ့တဲ့ အခန်းမို့ အခန်းထဲကို တံခါးမရှိဓါးမရိုဝင်ထွက်နိုင်ခြင်းဖြစ်တယ်။ခက်ဝေလတ် အခန်းထဲကိုရောက်တာနဲ့တံခါးကိုလော့ချလိုက်ပြီး ညအိပ်မီးအိမ်ကိုဖွင့်လိုက်တယ်။ ညီအိပ်မီရောင်ပြာလဲ့လဲ့ရဲ့ အောက်မှာ အခန်းထောင့်တစ်နေရာမှာ ငြိမ်သက်စွာရပ်စွာရပ်နေတဲ့ ဖူးငုံပွင့်ကို ခက်ဝေလတ်က လက်ဟန်နဲ့ လှမ်းခေါ်လိုက်ပြီး စာရေးစားပွဲခုံက ခုံမှာထိုင်ခိုင်းလိုက်တယ်။သူကိုယ်တိုင်ကတော့ ခုတင်ပေါ်မှာထိုင်ချလိုက်တယ်။ပြီးတော့ နှစ်ယောက်သား အတော်ကြာအောင် တိတ်ဆိတ်ငြိမ်သက်စွာထိုင်နေခဲ့ကြတယ်။ နစ်ယောက်သားထိုင်နေရင်းမှ ဖူးငုံပွင့်မသိမသာနဲ့ ခက်ဝေ လတ်ကို အကဲခတ်ကြည့်လိုက်တယ်။ စိတ်ရှုပ်နေပုံရတဲ့ ခက်ဝေလတ်ဟာ ဒူးနှစ်လုံးပေါ်မှာ လက်နှစ်ဖက်ကိုတင်ရင်း ငြိမ်သက်နေခဲ့တယ်။ဒီလိုနဲ့ တစ်နာရီနီးပါးကြာလာတဲ့အခါ ခက်ဝေလတ်ထိုင်နေရာမှထလိုက်ပြီးတံခါးပေါက်ရှိရာဆီကို လျှောက်သွားလိုက်တယ်။ပြီးတော့ တံခါးကိုဖွင့်ပြီး ဟိုဒီဝေ့ဝဲကြည့်လိုက်တယ်။အပြင်မှာလူရိပ်လူခြည်မမြင်ရတော့မှ ဖူးငုံပွင့်ကို လက်ဟန်ခြေဟန်ပြပြီး အပြင်ကိုထွက်ခိုင်းလိုက်တယ်။ ~~~~~~ ခြေသံကို ခပ်ဖွဖွနင်းကာ လှေကားထစ်တွေအတိုင်း နှစ်ယောက်သားဆင်းလာခဲ့ကြပြီးနောက် အောက်ထပ်ကိုရောက်တဲ့အခါ ခက်ဝေလတ်က ဖူးငုံပွင့်ရဲ့ လက်ကိုလှမ်းဆွဲလိုက်ပြီး "အိပ်တော့နော် .. ဘယ်မှ ထပ်မသွားနဲ့ '' ခပ်တိုးတိုးမှာပြီး ထွက်သွားတဲ့ ခက်ဝေလတ်ကို ဖူးငုံပွင့်တစ်ချက်ငေးကြည့်လိုက်ပြီ အိမ်နောက်ဘက်အိပ်ဆောင်တွေဆီကို ရင်တထိတ်ထိတ်နဲ့ ပြန်ခဲ့လိုက်တယ်။ အခန်းထဲရောက်တော့မှ ဖူးငုံပွင့်မှာ အသက်ကို၀၀ပြန်ရှူရဲတော့တယ်။ ~~~~~~ အိမသားတွေ အသီးသီးထွက်သွားပြီးကြချိန်မှာ သုခမြိုင်စံအိမ်ကြီးဟာ တိတ်ဆိတ်နေခဲ့တယ်။ဖူးငုံပွင့် ရေချိုးခန်းထဲမှာလျှော်ရမဲ့ အဝတ်တွေကို အဝတ်လျှော်စက်ထဲထည့်နေရင်းနဲ့ ညက အဖြစ်အပျက်ကို ပြန်တွေးနေမိတယ်။ဒီအချိန်မှာပဲ ရေချိုးခန်းတံခါးပွင့်လာခဲ့ပြီး ညှပ်စိတစ်ယောက် အခန်းဝမှာ ရပ်နေတာကို ဖူးငုံပွင့်တွေ့လိုက်ရတယ်။ "မနွေကို အစ်ကိုလေးခက်ဝေလတ်ခေါ်နေတယ် " ညှပ်စိရဲ့ စကားကြောင့် ဖူးငုံ ပွင့်ရင်တွေ ဒိန်းခနဲဆောင့်ခုန်သွားမိတယ် ။ ညကကိစ္စနဲ့ ပတ်သက်ပြီး အဆူအပြောများခံရမလား၊ အိမ်ကပဲ ထွက်သွားခိုင်းလေမလားလို့ တွေးပူကာ ရင်တထိတ်ထိတ်နဲ့ ထွက်လာခဲ့လိုက်တယ်။ ~~~~ အခန်းရှေ့ကို ဖူးငုံပွင့်ရောက်တဲ့အခါ ခက်ဝေလတ်ကို ဦးအောင်ဒင်ရဲ့အခန်းထဲမှာရှိနေတာတွေ့လိုက်ရတယ်။ခက်ဝေလတ်က ဘောင်းဘီရှည်နဲ့ အနက်ရောင်ရှပ်လက်ရှည်ကိုဝတ်ထားပြီး ခါးသိုင်းအိတ်ကိုလဲ ခါးမှာပတ်ထားတာမို့ သူ့ပုံစံက အပြင်ကိုသွားမဲ့ပုံမျိုးဖြစ်နေတာကို တွေ့လိုက်ရတယ်။ဖူးငုံပွင့်အခန်းဝကိုရောက်တဲ့အခါ ခက်ဝေလတ်က ဖူးငုံပွင့်ကို လှည့် ကြည့်လိုက်ပြီး "အပြင်သွားစရာရှိလို့ ..အဘိုးကိုကြည့်ပေးထားပါအုံး မနွေ ..ဆေးတွေကို အချိန်မှန်မှန်တိုက်ပေးပါ .. ဖြစ်နိုင်ရင် အဘိုးနားမှာပဲနေပေးပါ...မင်းကို တခြားအလုပ်တွေကိုမခိုင်းဖို့ ဒေါ်ခိုင့်ကိုမှာခဲ့မယ်" "ဟုတ်..ဟုတ်ကဲ့ပါရှင့် " ဖူးငုံပွင့်ခေါင်းကိုငြိမ့်ကာ ရိုရိုသေသေပြန်ပြောလိုက်တော့ ခက်ဝေလတ်က ဖူးငုံပွင့်ကိုလှမ်းကြည့်လိုက်ရင်း ဖူးငုံပွင့်ရပ်နေရာ တံခါးပေါက်ဆီကို လျှောက်လာခဲ့တယ်။ အနားကိုရောက်တဲ့အခါ ဖူးငုံပွင့်ကို ကြည့်လိုက်ပြီးခပ်တိုးတိုးလေသံနဲ့ ခေါင်းကိုငုံ့ကာ ပြောလိုက်တယ်။ " ကိုယ်မရှိတုန်း အေးအေးဆေးဆေးနေနော်... ပြဿနာထပ်မရှာထားနဲ့ ...ဒီအခန်းမှာပဲနေ ... ဘယ်အခန်းကိုမှ သွားဖို့စိတ်မကူးနဲ့ ကြာလား " ခက်ဝေလတ်ရဲ့စကားကြောင့် ဖူးငုံပွင့်ခေါင်းကိုငြိမ့်ကာ ငြိမ်သက်နေလိုက်တယ်။ ~~~~~ အခွင့်အရေးကဖူးငုံပွင့်ဆီမှာ ရှိနေတာပဲလားမသိ။ခက်ဝေလတ်ထွက်သွားပြီးတာနဲ့ ဦးအောင်ဒင်ရဲ့အခန်းထဲမှာ သန့်ရှင်းရေးလုပ်သလိုလိုနဲ့ ဦးအောင်ဒင်ကို ဖူးငုံပွင့် သေချာကြည့်နေမိတယ်။ဖူးငုံပွင့်မှတ်မိသလောက် ဘွားကြည်အိမ်က ဘကြီးမိုးခေါ်ဦးအောင်မိုးက အညာသားကြီးပီပီ အညာညိုညို ထောင်ထောင်မောင်းမောင်းဆိုတာကလွဲပြီး မမှတ်မိ။ အခုတွေ့မြင်နေတဲ့ ဦးအောင်ဒင်ကအသားက မဖြူပေမဲ့မညို။အသက်အရွယ်ကလဲ ကြိုရင့်နေပြီမို့ဖူးငုံပွင့် မမှန်းတတ်တော့။ "အဘိုး ခြံထဲဆင်းအုံးမလား.. " ဖူးငုံပွင့် မေးလိုက်တော့ ဦးအောင်ဒင်က ခေါင်းကိုခါယမ်းလိုက်တယ်။ ခက်ဝေလတ်ပြန်ရောက်လာပြီးကတည်းက ဦးအောင်ဒင်ရဲ့ အခြေအနေကသိသိ သာသာကိုတိုးတက်လာခဲ့တယ်။ခက်ဝေလတ်ကလဲ ဘိုးအေဖြစ်သူကို ပုံမှန်တစ်ပတ်တစ်ခါ ဆရာဝန်ခေါ်ပြလေ့ရှိတယ်။သူပြန်ရောက်လာပြီးကတည်းက အလုပ်လဲ ထွက်မလုပ်သေးဘဲ လက်တော့တစ်လုံးနဲ့ဘိုးအေဖြစ်သူနားမှာ အချိန်ကုန်နေတတ်တယ်။ ~~~~.~ "ဟွင်း...ဟွန်း " " ခေါ်တာလား အဘိုး ခေါ်သံလို အသံပြုလိုက်တဲ့ ဦးအောင်ဒင်ရဲ့အနားကို ဖူးငုံးပွင့်သွက်သွက် လျှောက်သွားလိုက်တယ်။ "ဘာလိုချင်လို့လဲ အဘိုး ... ဘာလုပ်ပေးရမလဲ "

#တိမ်ခိုးဝေတဲ့နွေ အပိုင်း(၁၃) ***** "ဒုန်း ...ဒုန်း ..ဒုန်း " ဖူးငုံပွင့် တံခါးကိုဒုတိယအကြိမ်မြောက်ခပ်ပြင်းပြင်းထုလိုက်ချိန်မှာပဲ တစ်စုံတစ်ယောက်က သူမရဲ့လက်ကို ခပ်ကြမ်းကြမ်းဆောင့်ဆွဲလိုက်ပြီး ဘေးကအခန်းတစ်ခန်းထဲကို့ တွန်းထည့်ပစ်လိုက်တယ်။ပြီးတော့ တံခါးကို အလျင်အမြန်ပြန်ပိတ်သွားခဲ့တယ်။ဖူးငုံပွင့်ရောက်ရှိလာတဲ့အခန်းက မီးပိတ်ထားတာမို့ မှောင်မိုက်နေပေမဲ့ ဒီအခန်းဟာ သူမကို ခက်ဝေလတ်ခေါ်လာခဲ့ဖူး တဲ့ အခန်းမှန်းသိလိုက်သလို သူမကို အခန်းထဲတွန်းပို့လိုက်သူက ဘယ်သူဖြစ်နိုင်လဲဆိုတာကိုလဲ ချက်ချင်းရိပ်မိလိုက်တယ်။ ဒီအချိန်မှာပဲ အခန်းပြင်က အသံတွေကို သူမကြားလိုက်ရတယ်။ "ဘာလဲ .... ဘာဖြစ်လို့လဲ ..ဘာကိစ္စရှိလို့လဲ " သက်ဝေလတ်က တံခါးကိုဖွင့်လိုက်ပြီး ဒေါသတကြီးနဲ့ မေးလိုက်တယ်။ "ကိုသက်အခန်းထဲက ရိုက်နှက်သံတွေကြားလို့လေ... ဘာဖြစ်တာလဲလို့ပါ့ " ခက်ဝေလတ်က အေးဆေးတည်ငြိမ်တဲ့အသံနဲ့ အစ်ကိုဖြစ်သူကို ပြောလိုက်တယ်။ခက်ဝေလတ်ရဲ့စကားကြောင့် သက်ဝေလတ်ရဲ့မျက်နှာထားတင်းသွားရပြီး "လင်မယားချင်းစကားများတာပဲ ...ဆူညံမှာပေါ့...မင်းဘာသာ အိပ်စရာရှိတာအိပ်ပါလား " အစ်ကိုဖြစ်သူသက်ဝေလတ်ရဲ့ ခက်ထန်တဲ့အသံကြောင့် ခက်ဝေလတ်စိတ်ထဲတင်းခနဲဖြစ်သွားရတယ်။အသက်နှစ်နှစ်ပဲခြားတဲ့ ညီအစ်ကိုတွေဆိုပေမဲ့ အစ်ကိုဖြစ်သူသက်ဝေလတ်နဲ့ ခက်ဝေလတ်က အကျင့်စရိုက်ခြင်းမတူကြတာမို့ ငယ်ငယ်ကတည်းက သိပ်ပြီးချစ်ခင်ရင်းနှီးကြတာမဟုတ်ပေ။တံခါးဝမှာ ပိတ်ပီးရပ်နေတဲ့ သက်ဝေလတ်ကိုတွန်းပြီး ခက်ဝေလတ် အခန်းထဲကိုလှမ်းကြည့်လိုက်တော့ ကြမ်းခင်းပေါ်မှာလဲနေတဲ့ ငုဝါကိုတွေ့လိုက်ရတယ်။ "လင်မယားရန်ဖြစ်နေတာဆိုရင်လဲ စကားနဲ့ပြောလေဗျာ ...အခုက လက်ပါခြေပါနဲ့ .. ကိုသက် သူ့ကို ကန်ကျောက်ရိုက်နှက်နေတာကို အပြင်ကတောင်ကြားရတယ် .. သူ့မှာ အပြစ်ရှိတယ်ဆိုရင်လဲ ပါးစပ်ကပြောပါဗျ ... လက်မပါပါနဲ့ဗျာ ..အမေနှမကိုယ်ချင်းစာကြည့်ပါလား" " ဘာကွ ..မင်းနဲ့ဘာဆိုင်လို့ မင်းက ဆရာကြီးလာလုပ်နေရတာလဲ...မင်းနဲ့မဆိုင်ရင် အေးအေးဆေးဆေးနေလိုက်ဟေ့ကောင် ..မင်းကိုယ်မင်းနိုင်ငံခြားသွားဖူးတဲ့ကောင်ဆိုပြီး ..ဘ၀င်လာမြင့်မနေနဲ့ ...ငါယူထားတဲ့ မိန်းမ ငါ့ဘာသာဘာလုပ်လုပ် မင်းနဲ့ မဆိုင်ဘူးဟေ့ကောင် " သက်ဝေလတ်ကဂရုမစိုက်တဲ့လေသံနဲ့ပြောလိုက်တယ်။ "ကျွန်တော်နဲ့ဆိုင်ဆိုင်မဆိုင်ဆိုင်..ကိုသက် သူ့ကို ထပ်ရိုက်တာနဲ့ ...ကျွန်တော်ရဲစခန်းကို ဖုန်းခေါ်လိုက်မယ်" ခက်ဝေလတ်ရဲ့ ရဲစခန်းဆိုတဲ့စကားကြောင့် သက်ဝေလက်မှာ ရှူးရှူးရှားရှားဖြစ်သွားပြီး ခပ်ရိုင်းရိုင်းဖြင့် အော်လိုက်တယ်။ "ဘာကွ ..မင်းကဘာလဲ.... မင်းကငါ့မိန်းမကိုကြိုက်နေတာလား " " ဘာပြောတယ် ... တောက် ..." သက်ဝေလတ်ရဲ့ စကားကြောင့် ခက်ဝေလတ်ဒေါသထွက်သွားပြီး သက်ဝေလတ်ကို ဆွဲထိုးရန်လက်ကိုရွယ်လိုက်တယ်။ "ဟဲ့ .. ဟဲ့ ..ဘာဖြစ်ကြတာလဲ ..ညကြီးမင်းကြီးကို ဘာဖြစ်ကြတာလဲဟဲ့ ..ကိုခက်သားငယ် မင်းက ဘာလို့ အစ်ကိုလုပ်သူကို လက်သီးနဲ့ ရွယ်နေရတာလဲ " တစ်ချိန်လုံးတိတ်ဆိတ်နေကြတဲ့ အခန်းတွေထဲက အသီးသီးထွက်လာကြပြီး ဒေါ်ဝေဝေမာက သားငယ်ဖြစ်သူ ခက်ဝေလတ်ကို လှမ်းတားလိုက်တယ်။ ဒေါ်ညိုညိုမာကလဲ တူအကြီးဖြစ်သူသက်ဝေလတ်ရှေ့ကပိတ်ရပ်လိုက်ပြီး ခက်ဝေလတ်ကို ဆူဆောင့်ပြောဆိုလိုက်တယ်။ "မင်းကလဲမင်းပဲ အငယ်ကောင်ရဲ့ .. မင်းကိုယ်မင်းဆရာကြီးလိုလို လူတကာကိုဆရာလုပ်နေတာလား .. မင်းတို့ ပြောနေတာတွေ ငါအကုန်ကြားတယ် ...သူတို့လင်းမယားကိစ္စက မင်းနဲ့ဘာဆိုင်လို့ ၀င်ပါရတာလဲပြော " ခက်ဝေလတ် အဒေါ်ဖြစ်သူကို စက်ဆုပ်စွာကြည့်လိုက်ပြီး ''လူကြားမကောင်းအောင် ရိုက်နှက်နေတာကို ဘာမှမဆိုင်ဘူးဆိုပြီး ဒီတိုင်းနေရမှာလားဗျ .... အန်တီညို မိန်းမသားချင်းကိုယ်ချင်း စာကြည့်ပါလား....သူ့နေရာမှာ အန်တီညိုသာဆို ဘယ်လိုနေမလဲ ... ပြုလုပ်သူကကိုယ်သွေးသား ... ခံရသူကသူစိမ်းပဲဆိုတဲ့ စိတ်ထားမျိုး မထားကြနဲ့ ..ကျွန်တော်ကတော့ မတရားဘူးထင်ရင် ဝင်ပါမှာပဲ" "ဟေ့ ..တော်ကြစမ်း...နားထောင်နေလို့ အကောင်းမှတ်နေကြတာလား ..ဒီအိမ်မှာ ငါ့ဖအေတစ်ယောက်လုံးရှိသေးတယ်ကွ ... အေး .. သားငယ် မင်းကလဲ အကြီးကို ရိုင်းရိုင်းစိုင်းစိုင်းပြန်မပြောနဲ့ ... အကြီးကောင် မင်းကလဲ ... မင်းတို့တွေချည်းပဲနေတာမဟုတ်ဘူး ....လူကြီးတွေပါရှိတယ်ဆိုတာလဲ သတိထား ... သွားကြ ..အားလုံး သွားအိပ်ကြတော့ ... ဘာသံမှထပ်မကြားချင်ဘူးနော် " ဦးမင်းလတ်ရဲ့ တစ်ချက်လွတ် အမိန့်သံအဆုံးမှာ သက်ဝေလတ်ကလဲ သူ့အခန်းတံခါးကို ပြန်ပိတ်လိုက်သလို ဒေါ်ညိုညိုမာကလဲ မျက်နှာထားတင်းတင်းနဲ့ သူမ အခန်းထဲကို ပြန်ဝင်သွားခဲ့တယ်၊၊ "သားငယ်လဲ သွားတော့လေ " ဒေါ်ဝေဝေမာက သားဖြစ်သူ ခက်ဝေလတ်ကို လှမ်းပြောလိုက်ပြီး ယောကျာ်းဖြစ်သူနောက်က လိုက်ကာ သူမတို့ အခန်းရှိရာကို ပြန်သွားခဲ့တယ်။

~~~~~ ဦးမင်းလတ်တို့မိသားစုတွေ ညစာစားပြီးလို့ အသီးသီးထသွားချိန်အထိ သက်ဝေလတ်က ငုဝါကို တစ်ချက်မှအလစ်မပေးခဲ့တာမို့ ဖူးငုံပွင့်သတိထားစောင့်ကြည့်နေခဲ့ပေမဲ့ ငုဝါနဲ့ အကြည့်ချင်းတစ်ချက်မှမဆုံခဲ့ရ။ စားပြီးလို့ အပေါ်ထပ်တက်တော့လဲ သက်ဝေလတ်က ဘေးကထက်ကြပ်မကွာလိုက်ပါသွားခဲ့တယ်။ ~~~~~ "ဖြန်း ...ဖြန်း " "ရှင် ..ရှင် ... ကျွန်မကို မပေါင်းချင်ရင်လဲ ... ကျွန်မကွာရှင်းပေးပါ့မယ် .. ကျွန်မကို ဘာလို့ နှိပ်စက်နေတာလဲ ကိုသက်ဝေလတ် " " နှိပ်စက်တယ်ဟုတ်လား ..ဘာကို နှိပ်စက်တာလဲ .... ရည်းစားဟောင်းကိုပဲလွမ်းနေတာ မင်းအပြစ်မဟုတ်ဘူးလား....ငါ့ကနွားလား ... မင်းကငါနဲ့အတူတူအိပ်နေပြီး မင်းကောင်ကိုလွမ်းနေတာကို မသိဘူးထင်နေလားပြောစမ်း ...ကဲကွာ လွမ်းအုံး...လွမ်းချင်အုံး " "ဖြောင်း ... ဘုံး " သက်ဝေလတ်တို့ အခန်းထဲက ကန်ကျောက်ရိုက်နှက်သံတွေက ပြင်ပထိထွက်လာခဲ့ပေမဲ့ ဘေးခန်းတွေကတုတ်တုတ်မှမလှုပ်ကြဘဲရှိတယ်။ဖူးငုံပွင့်အခန်းထောင့်ရဲ့အမှောင်ထဲမှာဆက်လက်ရပ်နေနိုင်စွမ်းမရှိတော့တာမို့ လက်သီးကိုတင်းတင်းဆုပ်ကာ ရပ်နေရာမှထွက်သွားလိုက်ပြီး အခန်းတံခါးကို ခပ်ပြင်းပြင်းထုပစ်လိုက်တယ်။ "ဒုန်း...ဒုန်း ..ဒုန်း " @@@@@@@@@@@@@@@@@@@@@ အပိုင်း (၁၃) ဆက်ရန် #ဧကြည်ဖြူ

ဖုန်းချလိုက်ပြီးတော့ ဖူးငုံပွင့် ဟိုဒီလျှောက်က အရိပ်အခြည်ကြည့်လိုက်မိတယ်။ဒေါ်ခိုင်တို့သုံးယောက်က အသီးသီးအလုပ်ရှုပ်နေကြတာမို့ ခြံဝမှာသွားယူလို့ အဆင်ပြေနိုင်ပေမဲ့ အိမ်မှာခက်ဝေလတ်ရှိနေခဲ့တယ်။ဖူးငုံပွင့် ဟိုဒီလျှောက်နေရင်းမှ ခက်ဝေလတ်အခန်းဆီကို လျှောက်သွားလိုက်တယ်။ " ဒေါက် ..ဒေါက် " ဖူးငုံပွင့်တံခါးခေါက်လိုက်တော့ အထဲကခြေသံကြားလိုက်ရပြီး တံခါးကပွင့်လာခဲ့တယ်။ "အထဲဝင်မှာလား ..ဘာဖြစ်လို့လဲ " ဖူးငုံပွင့်ကို ကြည်ပြီး ခက်ဝေလတ်စိုးရိမ်ပူပန်စွာမေးလိုက်တယ်။ "ဟို ...ဟိုလေ .. ကျွန်မသူငယ်ချင်းကိုမှာလိုက်တဲ့ပစ္စည်းလာပို့ပေးတာ ...ခြံနားရောက်နေပြီတဲ့ ...ထွက်ယူလို့ရလားဟင် " ဖူးငုံပွင့်မဝံ့မရဲမေးလိုက်တော့ "ယူလေ ...သွားယူလိုက်ပါ ..အိမ်ထဲ အလည်ခေါ် အုံးမလား " "ရှင် .. မခေါ်တော့ပါဘူး ..ဒါဆို သွားယူလိုက်မယ်နော" ဖူးငုံပွင့် ပြောပြီးတာနဲ့ ခြံဝကို အပြေးထွက်ခဲ့လိုက်တယ်။ ~~~~~~ "မင်း အဆင်ပြေရဲ့လား ..ဒီမှာလိုအပ်တဲ့ ပစ္စည်းတွေပဲ ..တစ်ယောက်ယောက် တွေ့ရင် မသင်္ကာမဖြစ်ရအောင် မုန့်တွေနဲ့ အဝတ်အစားနှစ်စုံလဲပါတယ်...ပြီးတော့ မင်းကို့ ပြောစရာရှိသေးတယ်..." နေလင်းက ခြံထဲကိုဝေ့ဝဲကြည့်ရင်းပြောလိုက်တယ်။ဖူးငုံ ပွင့်ခေါင်းကို ငြိမ့်ပြလိုက်ပြီး " ဟုတ်ကဲ့ ပြောလေကိုနေလင်း " " ပြောမယ် ..ပြီးရင်လိုအပ်တာကို ဖုန်းကနေ စာပို့လိုက်မယ် ...မင်းသေချာနားထောင် ..ဒီအိမ်မှာ အဘိုးကြီးတစ်ယောက်ရှိတယ် မဟုတ်လား ...သူ့နာမည်ကိုသိလား " "ဟုတ်ကဲ့ သိတယ်လေ .. ဦးအောင်ဒင်တဲ့လေ ..ဘာဖြစ်လို့လဲ ကိုနေလင်း " ဖူးငုံပွင့်နားမလည်နိုင်ဘဲ ပြန်မေးလိုက်မိတယ်။ "အင်း ..ဟုတ်ပြီသေချာနားထောင်..ဦးအောင်ဒင်ရဲ့ နာမည်အရင်းက ဦးအောင်မိုးလားဆိုတာကို မင်းစုံစမ်းကြည့်ပါ ..ပြီးတော့ မင်းငယ်ငယ်တုန်းက ဦးအောင်မိုးကို တွေ့ဖူးတယ်မဟုတ်လား .. မှတ်မိလား ..ဦးအောင်ဒင်က ဘွားလေးရဲ့ အလုပ်သမားဦးအောင်မိုးနဲ့ မတူဘူးလား " "ရှင် .. ကိုနေလင်းပြောတာကို နားမလည်ဘူး ...သူဌေးကြီးက ဘွား ကြည်ဆီမှာအလုပ်လုပ်ခဲ့တဲ့သူနဲ့ ဘာလို့ တူရမှာလဲ .." "ဘာလို့တူရမှာလဲဆိုတော့ ... သူဋ္ဌေးကြီးဦးအောင်က ဦးအောင်မိုး ဖြစ်နေနိုင်လို့ပဲ ...မနက်ဖြန် ပိတောက်စုရွာကို ကိုယ်သွားပြီးဦးအောင်မိုးအကြောင်းကိုစုံစမ်းမယ်... ဦးအောင်မိုးမှန်းသိသာထင်ရှားတဲ့ အမှတ်အသားဘာတွေရှိလဲ သွားစုံစမ်းမယ် .. ပြီးတော့ မင်းရောဒီအိမ်လို ဘာလို့ ရောက်နေတာလဲဆိုတာ ..ကိုယ့်ကိုယ်ပြောပြသင့်နေပြီနော် " ဖူးငုံပွင့်ထိတ်လန့်အံ့ဩပြီး နေလင်းပြောနေတာတွေကို နားထောင်နေမိတယ်။ သေချာတာက ဖူးငုံပွင့်အနေနဲ့ မမညိုအကြောင်းကိုသာ စုံစမ်းနေခဲ့ခြင်းဖြစ်ပြီး သူဋ္ဌေးကြီးဦးအောင်ဒင် ကို ဘွားကြည်အိမ်မှာ အလုပ်လုပ်ခဲ့တဲ့ဦးအောင်မိုးလို့ သဲသယမဝင်ဖူးပါ။ သံသယ၀င်စရာလဲ အကြောင်းမရှိဘူးမဟုတ်လား။ဦးအောင်ဒင်လိုချမ်းသာတဲ့ အဘိုးကြီးက ဘကြီးမိုးခေါ် ဦးအောင် မိုး ဘ၀နဲ့ မြေကြီးနဲ့ ကောင်းကင်လို့ ကွာခြားလွန်းလှတယ်လေ။ တကယ်လို့များ သူဋ္ဌေးကြီးဦးအောင်ဒင်က ခြံစောင့်ကြီးဘကြီးမိုးဖြစ်ခဲ့တယ်ထားပါအုံး ။ ဘွား ကြည့်က ဒီမျှလောက်ချမ်းသာခဲ့လေသလား။ ဒါဆိုရင် ချင်းသာပါရဲ့နဲ့ သူ့ဘဝကိုဘာလို့ ချို့ချို့တဲ့တဲ့ နေခဲ့တာလဲ။ဖူးငုံပွင့် ခေါင်းထဲမှာ အတွေးပေါင်းများစွာနဲ့ ရှုပ်ယှက်ခတ်သွားခဲ့တယ်။ "နွေ ..မင်းသွားတော့ ..ဟိုမှာ အိမ်ထဲက လူတစ်ယောက်ထွက်လာနေတယ် .. ကိုယ်စာပို့လိုက်မယ်..သွားပြီနော် " ပြောပြီးတာနဲ့ ဆိုင်ကယ်ပေါ်တက်မောင်းသွားတဲ့နေလင်းကြည့်လိုက်ပြီး လက်ထဲကအထုပ်ကို ဟန်မပျက်ဆုပ်ကိုင်ထားလိုက်တယ်။ဖူးငုံပွင့် ခြံတံခါးပိတ်နေချိန်မှာပဲ ခက်ဝေလတ်တစ်ယောက် ဖူးငုံပွင့်အနားကိုရောက်လာခဲ့တယ်။ " သူငယ်ချင်းက ယောကျာ်းလေးလား .. ကိုယ်ကမိန်းခလေးထင်နေတာ " ခက်ဝေလတ်ကပြောရင်းနဲ့ ဖူးငုံပွင့်မျက်နှာကို အကဲခတ်လိုက်တယ်။ "ဟုတ်ကဲ့ ငယ်ငယ်ကတည်းကသိခဲ့တဲ့အစ်ကိုပါ.... လမ်းကြုံနေတာနဲ့ အဝတ်အစားတွေမှာလိုက်တာ ပါ " " အင်း ..မင်းမှာဖုန်းရှိတယ်ဆိုရင်လဲ ... ကိုယ့်ကိုယ်လဲ ဖုန်းနံပတ်ပေးထားအုံးလေ " " ဟုတ်ကဲ ...." ဖူးငုံပွင့် ဖုန်းနံပတ်ကို ရွတ်ပြလိုက်ရင်း ခက်ဝေလတ်ကို မသိမသာ အကဲခတ်ကြည့်လိုက်မိတယ်။ခက်ဝေလတ်ရဲ့ မျက်နှာကိုကြည့်ရင်း သူ့ရဲ့စိတ်ရင်း အမှန်ကို ဖူးငုံပွင့် သေချာမခန့်မှန်းနိုင်အောင်ဖြစ်နေမိတယ်။ ~~~~~~~ စိုင်းနော်ပေးလိုက်တဲ့စပိုင်ကင်မရာထည့်ထားတယ်ဆိုတဲ့ အရုပ်ကိုကြည့်ပြီး ငုဝါကိုဘယ်လိုပေးရပါ့မလဲလို့ ဖူးငုံပွင့်တွေးနေမိတယ်။အကယ်၍ အရုပ်ကိုငုဝါ လက်ထဲ ပေးလိုက်နိုင်ရင်တောင် သက်ဝေလတ်ကအခန်းထဲယူခွင့် ပြုပါ့မလားလို့တွေးရင်း ရင်မောရပြန်တယ် ။တကယ်တမ်းအရုပ်ကလဲသိပ်မကြီးတာမို့ ပါးနပ်တဲ့သူဆိုရင် အလှပြင်တဲ့မှန်တင်ခုံပေါ်မှာတောင် မသိမသာတင်ထားလို့ရတယ်။ငုဝါအစားဖူးငုံပွင့်ရင်တွေပူလာရင်း ဘာလုပ်လို့လုပ်ရမှန်းပင် မသိတော့ပေ။ဖူးငုံပွင့်မှာ ငုဝါ အတွက်တွေးပူနေရတာနဲ့ သူဌေးကြီးဦးအောင်ဒင်က ခြံစောင့်ကြီး ဦးအောင်မိုးလားဆိုတဲ့ အကြောင်းကိုပင် မတွေးနိုင်အားဖြစ်နေမိတယ်။

မရတဲ့သူ့ကိုတော့ ဖူးငုံပွင့်အနေနဲ့ အကြောင်းပြချက်တစ်ခုခုတော့ မဖြစ်မနေပြောရမယ်ဆိုတာကို သိလိုက်တယ်။ "ဟုတ်ပြီလေ ကျွန်မအကြောင်းကိုပြောပြပါ့မယ် ..ယုံတာမယုံတာကတော့ ကိုခက်ဝေလတ်ရဲ့ သဘောပါ...." ခက်ဝေလတ်ကို ပြောလိုက်ပြီး ဖူးပုံပွင့်အကြောင်းအရာတချို့ကို ခပ်မြန်မြန်စဉ်းစားလိုက်ရတယ်။ခက်ဝေလတ်ကတော့ ဖူးငုံ ပွင့်ကို ခပ်စူးစူးစိုက်ကြည့်ရင်း ဖူးငုံပွင့်ပြောမဲ့စကားတွေကို နားစွင့်နေခဲ့တယ်။ " လွန်ခဲ့တဲ့ဆယ်နှစ်ကျော်က ....ကျွန်မအဖေက မိန်းမတစ်ယောက်နဲ့ဖောက်ပြန်ခဲ့တယ်...နောက်သိပ်မကြာခင်မှာပဲ ကျွန်မရဲ့အဖေပျောက်ဆုံးသွားခဲ့ပါတယ် ... ကျွန်မအဖေနဲ့ ဖောက်ပြန်ခဲ့တဲ့သူက မမညိုပါ ....အဲ့ဒီအချိန်က ကျွန်မသိပ်ငယ်နေသေးလို့ အဖေ့ကိုမရှာနိုင်ခဲ့ပေမဲ့ .မကြာခင်ကမှ မမညိုနဲ့ဆုံခဲ့ရလို့ အကြောင်းစုံကိုသိရအောင်... ဒီမှာအလုပ်ဝင်လုပ်နေတာပါ ... ကျွန်မဆီမှာ အဖေနဲ့မမညိုရဲ့ဓါတ်ပုံလဲရှိပါတယ် " ဖူးငုံပွင့် အမှန်တရားရဲ့ တချို့တစ်ဝက်ကို ပြောပြလိုက်တော့ ခက်ဝေလတ်ကစဉ်းစားရကြပ်တဲ့ မျက်နှာနဲ့ ရှိနေခဲ့တယ်။ခက်ဝေလတ်အနေနဲ့ ရှုပ်ပွေလှတဲ့ အဒေါ်ဖြစ်သူရဲ့အကြောင်းကို သိနေသူမို့ ဖူးငုံပွင့်ပြောတာကို လက်ခံယုံကြည်နိုင်ခဲ့တယ်။ ဒါပေမဲ့ သူ့မှာမရှင်းလင်းတဲ့အကြောင်းအရာတွေ ရှိသေးတာမို့ ဖူးငုံပွင့်ကိုထပ်ပြီးမေးလိုက်တယ်။ "ဟုတ်ပြီလေ ..မင်းပြောတာကို ကိုယ်လက်ခံပါတယ် ..ဒါပေမဲ့ အစ်ကိုနဲ့မရီးအခန်းကိုရော .... မင်းဘာလို့ ချောင်းမြောင်းနေရတာလဲ " ခက်ဝေလတ်ရဲ့အမေးကြောင့် ဖူးငုံပွင့်တွေဝေသွားမိတာ။ ဒီမေးခွန်းက ငုဝါနဲ့ပတ်သက်တာမို့ ဖူးငုံပွင့်အနေနဲ့အမှန်အတိုင်းပြောလိုက်ဖို့ အဆင်မပြေနိုင်သလို ဖြေတာယုတ္တိကင်းမဲ့ခဲ့ရင်လဲ ဒုက္ခရောက်နိုင်တာကို သိလိုက်တယ်။ " ဒီစကားကို ကျွန်မပြောရင်ရော ရှင်ယုံပါ့မလားမသိဘူး ..အမှန်က ကျွန်မအဖေအကြောင်းကို သိချင်လို့... မမညိုကိုချောင်းနေရင်းက ...ကိုသက်ဝေလတ်တို့အခန်းထဲက... ငိုသံရှိုက်နှက်သံတွေကို ကြားရလို့ နားစွင့်ကြည့်ခဲ့မိတာပါ .... ရှင်သတိထားမိရင် သိမှာပါ ..မငုဝါက သူ့မျက်နှာကိုဆံပင်ရှည်တွေနဲ့ အမြဲဖုံးထားတတ်တယ်လေ ... အဲ့ဒါ သူ့ ဒဏ်ရာတွေကို ဖုံးထားတာလေ" ဖူးငုံပွင့်ရဲ့စကားအဆုံးမှာ ခက်ဝေလတ်က ဖူးငုံပွင့်ကို ကြည့်လိုက်ပြီး "မင်းက စုံထောက်လား ပြောပါအုံး ... မင်းအဲ့ဒီလိုလုပ်နေတာတွေကိုသူတို့သိသွားကြပြီး ...မင်းကို အန္တရာယ်ပေးရင် ဘယ်လိုလုပ်မလဲ...မင်းမကြောက်ဘူးလား " ခက်ဝေလတ်ရဲ့ အမေးကြောင့် ဖူးငုံပွင့်ခေါင်းကိုယမ်းခါပစ်လိုက်ပြီး "ကြောက်ပါတယ် ..ဒါပေမဲ့ ကျွန်မအဖေအကြောင်းကိုသိရဖို့အတွက် ... ကြောက်လဲ ဒီမှာနေပြီး စုံစမ်းရမှာပဲ ..." "စုံစမ်းတယ် ဟုတ်လား ..ဘာကို စုံစမ်းမှာလဲ ...သီချင်တာကိုပေါ်တင်မေးလိုက်ပေါ့ ....မင်းမမေးရဲရင် ကိုယ်မေးပေးမယ် ..." ပြောရင်းနဲ့ဖုန်းထုတ်ပြီး ဆက်ဖို့လုပ်နေတဲ့ခက်ဝေလတ်ကို ဖူးငုံပွင့် အမြန်လှမ်းဆွဲလိုက်ရတယ်။ " ဒီလောက်လွယ်နေရင်း ကျွန်မဒီမှာဒုက္ခခံပြီး မနေတော့ဘူး ... ကျွန်မ သူများတွေကိုမှဒုက္ခပေးဖို့ ဒီမှာလာနေနေတာမဟုတ်ပါဘူး ...ကျွန်မအဖေ အကြောင်းကို သိချင်ရုံပါ.....မငုဝါတို့ အခန်းကို ကြည့်မိတာလဲ မိန်းမသားချင်းကိုယ်ချင်းစာလို့ပါ ..အခု ကျွန်မပြောပြတာတွေက အမှန်တွေချည်းပါပဲ ..ကိုခက်ဝေလတ်ကြိုက်သလို ဆုံးဖြတ်ပါ ... မိသားစုကိုပဲပြောပြော.. ရဲစခန်းကိုပဲတိုင်တိုင်ပါ..ကြိုက်သလိုဆုံးဖြတ်ပါ " ဖူးငုံပွင့်ပြောလိုက်တော့ ခက်ဝေလတ်က ဖူးငုံပွင့်ကိုစူးခနဲ ကြည့်လိုက်ပြီး "မင်းပြောတာကို ကိုယ်ယုံကြည်ပါတယ် ...မင်းအဖေရဲ့ သတင်းကို စုံစမ်းချင်တာ မဟုတ်လား .. စုံစမ်းပါ ..ဒါပေမဲ့ နောက်ထပ် ... အခန်းတွေထဲကို ခိုးဝင်တာ ..ချောင်းမြောင်းတာတွေကို မလုပ်ပါနဲ့တော့ ... မင်းကို ကိုယ်ယုံတယ် ..မင်းရောကိုယ့်ကို ယုံကြည်နိုင်လား ....ယုံတယ်ဆိုရင် မင်းသိချင်တာလိုအပ်တာရှိရင် ကိုယ့်ကိုပြော ... အဲ့ဒီ ကတိကိုတော့ပေးမှဖြစ်မယ် " ခက်ဝေလတ်ရဲ့စကားကြောင့်ဖူးငုံပွင့် မယုံကြည်နိုင်စွာ ခက်ဝေ လတ်ကို မော့ကြည့်လိုက်မိတယ်။ ခက်ဝေလတ်က တည်တည်တံ့တံ့ မျက်နှာထားနဲ့ ဖူးငုံပွင့်ကို ကြည့်လိုက်ပြီး ဆက်ပြောလိုက်တယ်။ "ဘယ်လိုလဲ ... သဘောတူလား ..." " ကျွန်...ကျွန်မ သဘောတူပါတယ် " ဖူးငုံပွင့် ယောင်ဝါးဝါးနဲ့ ခေါင်းငြိမ့်ပြလိုက်မိတယ်။ ~~~~~ အသံမထွက်ဘဲ တုန်ခါနေတဲ့ ဖုန်းလေးကို ဖူးငုံပွင့်ကိုင်လိုက်တယ်။ "ဟယ်လို ...ကိုနေလင်း " " နွေ ...ကိုယ် မင်းနေတဲ့ခြံနားမှာ ရောက်နေတယ် ..စိုင်းနော်က ပစ္စည်းတွေပို့ခိုင်းလိုက်လို့လေ... သူတော့ မပါလာဘူး ... ရိပ်မိသွားကြမှာစိုးလို့လေ .. အဲ့ဒါ ကိုယ်ဘယ်လိုလုပ်ရမှာလဲ....ခြံဝကို လာပေးရမှာလား ..." ဖုန်းထဲမှ နေလင်းရဲ့ စကားကြောင့် ဖူးငုံပွင့် ဘေးဘီဝဲယာကို ဝေ့ဝဲကြည့်လိုက်ပြီး "ခဏနေအုံးနော် ကိုနေလင်း ...ကျွန်မဖုန်းပြန်ဆက်လိုက်မယ် ..ခဏလေးပါ "

#တိမ်ခိုးဝေတဲ့နွေ အပိုင်း (၁၂) ******** တံခါးဖွင့်သံ။ တံခါးပြန်ပိတ်သံများကြားလိုက်ရပြီးနောက် အသံများပြန်လည်တိုးတိတ်သွားခဲ့တယ်။သူမကို ဖမ်းဆုပ်ထားတဲ့ ခက်ဝေလတ်ရဲ့လက်ထဲကနေ ဖူးငုံပွင့်ရုန်းထွက်ပစ်လိုက်တယ်။ "ခဏနေအုံး ...သူပြန်သွားမှထွက်မယ် " တိုးတိုးရှရှအသံနဲ့ပြောလိုက်ပြီး ခပ်စူးစူးစိုက်ကြည့်နေတဲ့ခက်ဝေလတ်ရဲ့အကြည့်တွေကို ရင်မဆိုင်ရဲတာမို့ ဖူးငုံပွင့်စကားထပ်မပြောတော့ဘဲ ခေါင်းကိုတွင်တွင်ငုံ့ထားမိတယ်။ခက်ဝေလတ်စိတ်ထဲမှာ သူမကိုဘယ်လိုမြင်သွားမလဲဆိုတဲ့အတွေးနဲ့ မရဲတရဲကြည့်လိုက်မိတိုင်း ခပ်စူးစူးစိုက်ကြည့်နေမြဲဖြစ်တဲ့ ခက်ဝေလတ်ရဲ့အကြည့်တွေကြောင့် ဖူးငုံပွင့်နေရာမှာတင် အငွေ့ပျံပျောက်ကွယ်သွားချင်စိတ်တွေဖြစ်ပေါ်နေမိတယ်။နှစ်ယောက်သား နာရီဝက်လောက်ကြာအောင် ဘေးချင်းယှဉ်ရပ်ကာငြိမ်သက်နေခဲ့ကြပြီးနောက်မှာ မမညိုရဲ့အခန်းဘက်ကတံခါးဖွင့်သံ ပြန်ပိတ်သံနဲ့ခြေသံတွေကို ကြားလိုက်ရပြီး ပြန်လည်တိတ်ဆိတ်သွားခဲ့တယ်။ဖူးငုံပွင့်နေရာမှ ထွက်ခွါရန်ပြင်လိုက်ချိန်မှာပဲ ခက်ဝေလတ်က သူမရဲ့လက်ကို ခပ်တင်းတင်းဆုပ်ကိုင်လိုက်ပြီး အခန်းပြင်ကိုခေါ်ထုတ်ခဲ့တယ်။ပြီးနောက် အခန်းပြင်ရောက်တဲ့အထိ သူမလက်တွေကို မလွှတ်ပေးဘဲ အပေါ်ထပ်ရဲ့ အနောက်ဝရံတာဆီကို ဆွဲခေါ်သွားခဲ့တယ်။ "ကဲ ပြော ...မင်းဘာတွေလုပ်နေတာလဲ ...ဘာတွေလိုချင်လို့ရှာနေတာလဲ ပြောလေ " ခက်ဝေလတ်ရဲ့အသံက မာကျောခက်ထန်နေတာမဟုတ်ပေမဲ့ အေးစက်နေခဲ့တယ်။ "ကျွန် ..ကျွန်မ .... ပစ္စည်းခိုးဖို့လုပ်နေတာတော့ မဟုတ်ဘူး ..အဲ့ဒါပဲ ကျွန်မပြောနိုင်တယ် ..ရှင်မယုံရင် ကျွန်မကို ရဲစခန်းပို့လို့လဲရတယ် " ဖူးငုံပွင့်ရဲ့ ဖြေရှင်းစကားကြောင့် ခက်ဝေလတ်စိတ်တိုသွားရပြီး ဖူးငုံပွင့်ရဲ့ ပခုံးနှစ်ဖက်ကို ခပ်ကြမ်းကြမ်းဆုပ်ကိုင်ယမ်းခါပစ်လိုက်ပြီး "မင်းဘယ်လိုပြောလိုက်တာလဲ ... မင်းကို ရဲစခန်းကိုပို့ချင်မှတော့ ခုနကတည်းကပစ်ထားလိုက်မှာပေါ့ ...မင်းကို အန်တီညိုသာတွေ့သွားရင် ဘာတွေဖြစ်သွားမလဲ တွေးမိရဲ့လား .... ကိုယ်အရောက်မြန်လို့ပေါ့ .. ကိုယ့်နေရာမှာ အန်တီညိုဆိုရင် ဘယ်လိုလုပ်မလဲ " ခက်ဝေလတ်ရဲ့ အမေးကို ဖူးငုံပွင့်ခွန်းတုံ့မပြန်ဘဲ နှုတ်ဆိတ်နေမိတယ်။ "မင်းကိုရှင်းရှင်းပဲမေးမယ် .. မင်း အလုပ်နားတဲ့နေက မင်းဘယ်တွေသွားခဲ့တယ် ..ဘာတွေလုပ်ခဲ့တယ်ဆိုတာ ကိုယ်အကုန်သိတယ် ...ပြီးတော့မင်းဒီအိမ်မှာ ဟိုအခန်းချောင်း..ဒီအခန်းချောင်း လုပ်နေတာတွေကိုလဲ ကိုယ်အကုန်သိတယ် ...အထူးသဖြူအန်တီညို့အခန်းနဲ့ကိုသက်တို့အခန်းကို မင်းအမြဲစောင့်ကြည့်နေတာကို သိတယ် " "ရှင် " ဖူးငုံပွင့်ပါးစပ်အဟောင်းသားနဲ့ ထိတ်လန့် တုန်လှုပ်စွာကြည့်လိုက်မိတယ်။ "ပြောလေ ..မင်းဘာတွေလုပ်နေတာလဲ ...ဘာရယ်ရွယ်ချက်နဲ့ ဒီမှာ အလုပ်လာလုပ်နေခဲ့တာလဲ ပြော ..." ဖူးငုံပွင့် အတော်ကြာအောင်ခက်ဝေလတ်ရဲ့ မျက်နှာကိုငေးကြည့်နေမိတယ်။ "ပြောလေ ..မင်းပြောသမျှကို နားထောင်ပေးမယ် ..ယုံကြည်ပေးမယ် " ခက်ဝေလတ်ဆီကစကားသံ ထပ်ပြီးထွက်လာချိန်မှာ ဖူးငုံပွင့် ခက်ဝေလတ်ရဲ့မျက်နှာကိုကြည့်လိုက်ပြီး " ကိုခက်ဝေလတ်က ဘယ်ဇာတိလဲ ...ကိုခက်ဝေလတ်အကြောင်းကို ပြောပြနိုင်မလား" "ဘယ်လို ...ဘယ်ဇာတိလဲ ဟုတ်လား ...ဘာလို့ မေးတာလဲ " ဖူးငုံပွင့်ရဲ့ မဆီမဆိုင် မေးခွန်းကြောင့် ခက်ဝေလတ်က နားမလည်နိုင်စွာပြန်မေးလိုက်တယ်။ "သိချင်လို့ မေးတာပါ ... ဒီလောက်လွယ်တဲ့ အမေးကိုတောင် မဖြေနိုင်ရင် ...ကျွန်မဘက်ကလဲ ဖြေဖို့ခက်ပါတယ် .." " ဟုတ်ပြီလေ ပြောမယ် .. ဇာတိကရန်ကုန်ပါ... အထက်တန်းတက်မှ ဒီမြို့မှာအဘိုးကအမွေရလို့ပြောင်းလာခဲ့တာ ...ငယ်ငယ်တုန်းက အရမ်းဆင်းရဲတယ် ... အလယ်တန်းကျောင်းသားဘ၀မှာ အမေတို့နဲ့အတူ ဈေးပါရောင်းခဲ့ရတယ် " မေးတာကို ပြောပြနေတဲ့ခက်ဝေလတ်ရဲ့မျက်လုံးတွေကိုဖူးငုံပွင့်စူးစိုက်ကြည့်နေမိတယ်။ခက်ဝေလတ်ရဲ့ မျက်လုံးတွေက ကြည်လင်တောက်ပပြီး အလိမ်အညာကင်းတဲ့ မျက်ဝန်းတွေကိုတွေ့နေခဲ့ရတယ်။ခက်ဝေ လတ်ကိုကြည့်ပြီး ဖူးငုံပွင့်အရဲစွန့် မေးလိုက်တယ်။ "ပိတောက်စုရွာကိုသိလား ..ခုန ရှင့်အဒေါ် ပြောလိုက်တယ်လေ " ဖူးငုံပွင့်အမေးကြောင့် ခက်ဝေလတ်ခေါင်းကို ခါယမ်းလိုက်ပြီး "မသိပါဘူး ....အန်တီညိုက ကိုယ်ငယ်ငယ်ကတည်းက နေရာအနှံ့ လျှောက်သွားနေတာလေ ..သူသွားခဲ့တဲ့နေရာတွေကို ဘယ်လိုသိမှာလဲ " " ဪ ..မသိဘူးပါ့ ..ဒါဆို ခုန ယွန်းသေတ္တာလေးကိုရော ဘာလို့ အတင်းပြန်ယူတာလဲ " ဖူးငုံပွင့်ရင်ထဲမကျေနပ်နိုင်ဘဲ မေးလိုက်မိတယ်။ "ခုနယွန်းသေတ္တာက ..အန်တီညိုအကြိုက်ဆုံးပစ္စည်းလေ ... ကိုယ် တို့ကိုင်တာတောင် အန်တီညိုက ကြိုက်တာမဟုတ်ဘူး ...ကဲ ကိုယ်ပြောပြီးပြီ ... မင်းလဲ အားလုံး အမှန်တိုင်းပြောပြ ... " ခက်ဝေလတ်ရဲ့စကားကြောင့် ဖူးငုံပွင့်ဘာဆက်ပြောရမှန်းမသိ ဖြစ်သွားမိတယ်။ဖူးငုံပွင့်အဖြစ်က အမှန်တိုင်ပြောပြလို့မရတဲ့ အဖြစ်။ဖူးငုံပွင့်ရင်ထဲမှာ မနေ့ တစ်နေ့ကမှတွေ့ရတဲ့ ခက်ဝေ လတ်ကို စိတ်ထဲကယုံကြည်နေမိပေမဲ့ ခက်ဝေလတ်ဟာသုခမြိုင်စံအိမ်ရဲ့ မိသားစုဝင်တစ်ယောက်ဆိုတဲ့အဖြစ်မှန်ကို ဖူးငုံပွင့်ထည့်တွက်နေရတယ်။သို့ပေမဲ့ရှောင်လွှဲလို့

ယွန်းသေတ္တာကိုဆွဲယူလိုက်ကာ အံဆွဲထဲကို ခပ်မြန်မြန်ပြန်ထည့်လိုက်တယ်။လျင်မြန်လှတဲ့ ခက်ဝေလ တ်ရဲ့လှုပ်ရှားမှုတွေကြောင့် ဖူးငုံ ပွင့်မတုန်မလှုပ်နဲ့ နေရာမှာ ရပ်နေမိတယ်။ အားလုံးပြီးသွားတော့ ခက်ဝေလတ်ရဲ့လက်တစ်ဖက်က ဖူးငုံပွင့်ရဲ့လက်ကို ခပ်ကြမ်းကြမ်းဆွဲယူလိုက်ပြီး မမညိုရဲ့အခန်းထဲကနေအလျင်အမြန်ထွက်လိုက်တယ်။ပြီးတော့ နီးစပ်ရာအခန်းလွတ်တစ်ခုကိုဝင်ချသွားတယ်။ခက်ဝေလတ်ရဲ့ အပြုအမူတွေကိုဖူးငုံပွင့်နားမလည်နိုင်ဘဲ သူ့လက်ထဲက အတင်းရုန်းထွက်ဖို့ပြင်လိုက်တော့ ခက်ဝေလတ်က တိတ်တိတ်နေဖို့ အချက်ပြလိုက်တာမို့ ဖူးငုံပွင့်မလှုပ်ရဲဘဲငြိမ်နေမိတယ်။ထိုအချိန်မှာပဲ အခန်းပြင်ဘက်က ခြေသံနဲ့ စကားပြောသံကို ကြားလိုက်ကြရတယ်။ " သူတို့သားအမိလောက်ကိုတော့ .. ဂရုမစိုက်ပါဘူး....သူတို့တွေ မိညိုကိုကလန်ကဆန်မလုပ်ရဲကြပါဘူး ... တို့ပါးစပ်ဟလိုက်ရင် သူတို့ဘ၀တွေ ဘာဖြစ်သွားမလဲဆိုတာ သူတို့အသိဆုံးပါ ...အဘိုးကြီးလဲ အချိန်သိပ်မကျန်တော့ပါဘူး...ခုချိန်ရသင့်ရထိုက်တာကိုယူပြီး ထွက်လာလို့ရတယ် ... ဒါပေမဲ့အရည်အသွေးကောင်းတဲ့ ပစ္စည်းတချို့ ပျောက်နေတယ်ကွ ...အဲ့ဒီပစ္စည်းတွေက ဒီအိမ်ထဲက တစ်ယောက်ယောက်ဆီမှာရှိလိမ့်မယ် ....အဲ့ဒီပစ္စည်းကိုရမှ တို့ ဒီအိမ်ကထွက်မှာ...တို့ကို တစ်ခုခု မကောင်းကြံလို့ကတော့ ပိတောက်စုရွာကိုသွားလိုက်မှာပေါ့ " အိမ်ပေါ်ထပ်မှာ ဘယ်သူမှမရှိဘူးအထင်နဲ့ ဖုန်းပြောနေတဲ့ မမ ညိုရဲ့အသံကို ဖူးငုံပွင့်တို့နှစ်ယောက်အတိုင်းသားကြားနေရတယ်။ပိတောက်စုဆိုတဲ့ နာမည်ကိုကြားလိုက်ရချိန်မှာ ဖူးငုံပွင့်ကိုယ်လေး ဆတ်ခနဲတုန်သွားပြီး လှုပ်လှုပ်ရှားရှားဖြစ်သွားတာမို့ ခက်ဝေလတ်က ခပ်မြန်မြန်ဖမ်းဆွဲလိုက်တယ်။ @@@@@@@@@@@@@@@@@@@@ အပိုင်း (၁၂ ) ဆက်ရန် #ဧကြည်ဖြူ [ ]

'"ဪ ..ဒါနဲ့ ကိုနေလင်းပြောတော့ ... ဘကြီးမိုးတို့အကြောင်း စုံစမ်းဖူးတယ်ဆို ... အဲ့ဒါ ဘာသတင်းမှမကြားရတာလား..." "အင်း ...ရန်ကုန်မှာနေတဲ့သူ့သားသမီးတွေဆီကို ပြောင်းသွားတယ်လိုသတင်းကြားလို့....လိုက်စုံစမ်းကြည့်တော့... ဘာသတင်းမှ မရတော့တာ ... သားတစ်ယောက် သမီးတစ်ယောက်ရှိတယ်တဲ့ ... သူ့သားနဲ့သမီးက ခပ်ငယ်ငယ်ကတည်းက ရွာကထွက်သွားကြတော့ဘယ်သူမှမမှတ်မိကြဘူး ... ပြီးတော့ သူ့တို့လင်မယားကလဲ ရွာက ပြောင်းသွားပြီး ကတည်းက... ရွာကိုတစ်ခေါက်မှ ပြန်မလာကြဘူးတဲ့လေ ...." "အင်း ဟုတ်တယ် ... ကျွန်မရွာမှာရှိတုန်းကတော့ ပြန်မလာကြဘူး ...ဘွားကြည်ဆုံးတော့ရောမလာဘူးတဲ့လား " နေလင်းနဲ့ ဖုန်းပြောနေစဉ်မှာပင် အနောက်ဘက်ဆီက ခြေသံလိုလိုကြားလိုက်တာမို့ ဖူးငုံပွင့်လန့်ပြီးလှည့်ကြည့်လိုက်မိတော့ ခက်ဝေလတ်ကို တွေ့လိုက်ရတာမို့ လန့်ဖျပ်သွားမိတယ်။ "ဟင် .. ကို ...ကိုခက်ဝေလတ် " "ဖုန်းပြောလို့ ပြီးပြီလား " "ဟုတ်..ဟုတ်ကဲ့ " ဖူးငုံပွင့်ထိတ်ထိတ်လန့်လန့်နဲ့ ဖုန်းကိုပိတ်ပြီး ခေါင်းကိုငြိမ်ပြလိုက်မိတယ်။ "ဟို .. ဟို..ဘာခိုင်းစရာရှိလို့လဲဟင် " ဖူးငုံပွင့် အသံတုန်တုန်နဲ့ မေးလိုက်မိတယ်။ " ခိုင်းစရာမရှိပါဘူး ... အေးနေတာကို အနွေးထည်ဘာလို့ မဝတ်တာလဲ " "ဟို ... ဟို နှမြောလို့ပါ " ခက်ဝေလတ်ရဲ့ အမေးကို ဖူးငုံပွင့် အမြီးအမောက်မတည့်ပြန်ဖြေလိုက်မိတယ်။ "အေးနေလို့ ....ဝတ်ဖို့ဝယ်ပေးလိုက်တာလေ ..ဘာကို နှမြောနေတာလဲ " ခက်ဝေလတ်ကပြောရင်းနဲ့ ၀ရံတာဆီကို ထွက်လာတာမို့ ဖူးငုံပွင့်မှာ ခန္ဓာကိုယ်ကိုတိမ်းရှောင်လိုက်ရင်း မျက်လုံးအပြူးသားနဲ့ ကြည့်လိုက်မိတယ်။ "မင်း ဘာလို့.... ဒီမှာအလုပ်လာလုပ်နေတာလဲ " ခက်ဝေလတ်ရဲ့ အမေးကြောင့် ဖူးငုံပွင့်ဖြုန်းခနဲ ဘာပြောရမှန်းမသိဖြစ်သွားမိတယ်။ " မင်းကို ...ဒီအိမ်မှာ အလုပ်မလုပ်စေချင်ဘူး." ခက်ဝေလတ်ရဲ့အသံက အရင်နဲ့မတူဘဲ လေးလေးပင်ပင်ရှိနေခဲ့တယ်။ ''ကျွန်မလဲ ကြာရှည်လုပ်ဖို့ စိတ်ကူးမရှိပါဘူး .... မကြာခင်ရန်ကုန်ပြန်တော့မှာပါ " ဖူးငုံပွင့် ပြန်ဖြေလိုက်တော့ ခက်ဝေလတ်ရဲ့အသံတိတ်ဆိတ်သွားပြီး သက်ပြင်းရှည်ကို ချလိုက်တယ်။ "ကိုယ်သွားတော့မယ် ..မင်းလဲသွားအိပ်တော့ ....အေးနေပြီ ..အနွေးထည်ဝတ်ထားအုံး..နေမကောင်းဖြစ်နေအုံးမယ် " ပြောချင်ရာပြောပြီးထွက်သွားတဲ့ ခက်ဝေလတ်ကို ကြည့်ပြီး ဖူးငုံပွင့်သက်ပြင်းမောကိုချလိုက်မိတယ်။ ~~~~ ဖူးငုံပွင့်ခြံတံခါးကိုကိုင်ထားရင်း ကားထဲကိုမသိမသာလှမ်းကြည့်လိုက်မိတော့ ထုံးစံအတိုင်း သက်ဝေလတ်ရဲ့ မျက်နှာကတင်းမာခက်ထန်နေတယ်။ငုဝါက ဖူးငုံပွင့်ရှိရာကိုဖျတ်ခနဲ မော့ကြည့်လာပြီး ခေါင်းကိုပြန်ငုံ့သွားခဲ့တယ်။ ဘာပဲဖြစ်ဖြစ် ငုဝါရဲ့မျက်နှာမှာ ဒဏ်ရာတွေမတွေ့ရတာမို့ဖူးငုံပွင့်စိတ်အေးသွားရတယ်။ ~~~~ နေ့လယ်ခင်းဆယ့်နှစ်နာရီကျော်။သူခမြိုင်စံအိမ်ရဲ့ အပေါ်ထပ်တစ်ထပ်လုံးတိတ်ဆိတ်နေတယ်။အိမ်ကြီးရှင်မိသားစုတွေ အကုန်အပြင်သွားနေကြပြီး အဘိုးအိုကြီးဦးအောင်ဒင်တစ်ယောက်သာ အိမ်မှာကျန်ခဲ့တယ်။ဒေါ်ခိုင်နဲ့ ပိန်သေးတို့တွေလဲ နေ့ခင်းဆိုရင်အပေါ်ထပ်ကို မတက်ကြတော့ဘဲ အောက်ထပ်မှာပဲ နေလေ့ရှိကြတော့တယ်။ဖူးငုံပွင့်ခြေကိုခပ်ဖွဖွ နင်းပြီးအပေါ်ထပ်ကို တက်ခဲ့လိုက်တယ်။ ခြေတစ်လှမ်းလှမ်းလိုက်တိုင်းမှာ ဖူးငုံပွင့်ရင်တွေတုန်နေမိပေမဲ့ စိတ်ကိုတင်းပြီးတက်လာခဲ့လိုက်တယ်။ ~~~~~ သော့ခတ်ထားတဲ့ ဗီရိုတစ်လုံးကလွဲပြီး အခန်းထဲမှာရှိသမျှ မှန်တင်ခုံပါမကျန်အောင် ဖူးငုံပွင့်မွှေနှောက်ရှာနေမိတယ်။မမညိုရဲ့ ပါးစပ်ကပြောတဲ့ ထိပ်တန်းလျှို့ဝှက်ချက်ဆိုတာကို ဖူးငုံပွင့် အရမ်းသိချင်နေမိတယ်။ဒီကိစ္စ သာ တကယ့်ကိုထိပ်တန်းလျှို့ဝှက်ချက်ဖြစ်ခဲ့ရင် မမညိုဆီမှာ သဲလွန်စတစ်ခုခုတော့ရှိမယ်လို့ ဖူးငုံပွင့်ယုံကြည်နေတယ်။သော့ခတ်ထားတဲ့ဗီရိုကို ဖူးငုံပွင့်မချင့်မရဲနဲ့ကြည့်လိုက်မိတယ်။ဒီဗီရိုထဲမှာ ဖူးငုံပွင့်လိုချင်တဲ့အရာများရှိနေမလားလို့ စိတ်ကတွေးနေမိတယ်။ မှန်တင်ခုံဘေးကဗီရိုအံဆွဲတွေကိုတစ်ခုပြီးတစ်ခုလိုက်ဖွင့်ကြည့်လိုက်ရင်း ယွန်းသေတ္တာလေးတစ်လုံးကိုတွေ့လိုက်ရတာမို့ ဖူးငုံပွင့်အမှတ်တမဲ့ ယူကြည့်လိုက်မိတယ်။ယွန်းသေတ္တာလေးက အဖုံးပေါ်မှာကနုပ်ပန်းပုံတွေပါပြီး ရှေးခေတ်ပုံစံမျိုးလေး။ ဖူးငုံပွင့် ယွန်းသေတ္တာလေးကိုကိုင်ကြည့်နေရင်းက လက်တွေတဆတ်ဆတ်တုန်လာသလို ရင်တွေလဲတထိတ်ထိတ်ခုန်လာခဲ့တယ်။ဒီလိုယွန်းသေတ္တာမျိုးကို ဖူးငုံပွင့်တွေ့ခဲ့ဖူးတယ်။မှတ်မှတ်ရရပြောရမယ်ဆိုရင် ဘွားကြည်ဆီမှာတွေ့ဖူးခဲ့တာ။ဖူးငုံပွင့်ခြေတုန်လက်တုန်နဲ့ ယွန်းသေတ္တာကို ဖွင့်ကြည့်လိုက်မိတယ်။အရေးထဲ စိတ်ကလှုပ်ရှားနေတာမို့ ယွန်းသေတ္တာက လက်ထဲက ပြုတ်ကျသွားခဲ့တယ်။ကမန်းကတန်းပြန်ကောက်နေချိန်မှာပဲ အခန်းတံခါးကဖြုန်းခနဲပွင့်လာတာမို့ ဖူးငုံပွင့်ထိတ်လန့်တုန်လှုပ်စွာအခန်းတံခါးဝကိုကြည့်လိုက်မိတော့ အခန်းဝမှာမားမားကြီးရပ်နေသူကခက်ဝေလတ်။ သူလဲ ဖူးငုံပွင့်ကိုတွေ့လိုက်တော့ အံ့သြသွားပုံရပြီး တစ်ခဏလောက် ခပ်ကြောင်ကြောင်ရပ်ကြည့်နေခဲ့တယ်။ပြီးတော့မှ အခန်းထဲကိုဝင် လာခဲ့ပြီဖူးငုံပွင့်လက်ထဲက

~~~~ "ဒီနေ့ မမညိုပြန်မလာဘူးနော် မနွေ ..မမညိုအတွက် နွားနို့မဖျော်နဲ့ " "ဟုတ်လား " သုခမြိုင်စံအိမ်က မိသားစုတွေက ညအိပ်ခါနီးရင် နွားနို့ တစ်ခွက်စီသောက်နေကြမို့ ညဆိုရင် ဖူးငုံပွင့်မှာနွားနို့တစ်ခွက်စီဖျော်ပေးရစမြဲ။ "အစ်ကိုလေးခက်ဝေလတ်နဲ့ အဘိုးအတွက်ကို ...ပိန်သေးပဲသွားပို့လိုက်ပါနော် " ခက်ဝေလတ်နဲ့ရင်မဆိုင်ရဲသလိုဖြစ်နေတာမို့ ပိန်သေးကို ချော့ပြီးခိုင်းလိုက်ရတယ်။ပိန်သေးကတော့ ဘာမှမသိတာမို့ နွားနို့ ပန်းကန်တွေကိုင်ပြီးထွက်သွားခဲ့တယ်။ ~~~~ နွားနို့ခွက်ဗန်းကိုကိုင်ပြီး သက်ဝေလတ်တို့အခန်းရှေ့မှာ ဖူးငုံပွင့် အတန်ကြာရပ်နေမိတယ်။စိတ်ကမလုံမလဲဖြစ်နေတာမို့ တံခါးခေါက်ဖို့ ရွယ်နေတဲ့လက်တွေက တုန်ယင်နေတယ်။အခန်းထဲမှာတော့ တိတ်ဆိတ်ကာ အသံမကြားရဘဲရှိတယ်။စိုင်းနော်ပေးလိုက်တဲ့စာရွက်ခေါက်လေးကို ဗန်းအောက်က လက်ထဲမှာဆုပ်ကိုင်ထားလိုက်တယ်။စာရွက်ကိုအခွင့်အရေးရင် ပေးလိုက်ဖို့ အသင့်ပြင်ထားလိုက်တယ်။ "ဒေါက် ... ဒေါက် " "နွားနို့ လာပို့တာပါ " တံခါးကို ခေါက်လိုက်ပြီး အသံပေးလိုက်တော့အထဲက လမ်းလျှောက်လာသံတိုးတိုးဖွဖွကိုကြားလိုက်ရတာမို့ ဖူးငုံပွင့် စိတ်လှုပ်ရှားပြီး အသက်ကိုခပ်ပြင်းပြင်းရှူလိုက်မိတယ်။ဒီလိုလမ်းလျှောက်သံကငုဝါရဲ့ ခြေသံ ဆိုတာကို ဖူးငုံပွင့်ခန့်မှန်းလိုက်မိတယ်။ ဖျတ်ခနဲတံခါးပွင့်လာချိန်မှာ တံခါးဝမှာ ငုဝါရဲ့မျက်နှာနွမ်းနွမ်းလေးကို တွေ့လိုက်ရတယ်။ အထဲကို မသိမသာလှမ်းပြီးအကဲခတ်လိုက်တော့ ခုတင်ပေါ်မှာ လှဲနေတဲ့ သက်ဝေလတ်ရဲ့ ခြေထောက်တွေကို တွေ့လိုက်ရတာမို့ ဖူးငုံပွင့် မျက်နှာရိပ်မျက်နှာကဲပြပြီး နွားနို့ ခွက်တွေထည့်ထားတဲ့ဗန်းကို ငုဝါ လက်ထဲကိုထည့်ပေးလိုက်တယ်။ဗန်းကိုအပေးမှာ ဗန်းအောက်ကနေ စာရွက်ကလေးကိုလက်ချင်းထပ်ပြီးပေးလိုက်တယ်။ ငုဝါတို့ရဲ့ အခန်းတံခါးပိတ်သွားတဲ့အထိအခန်းရှေ့မှာ ဖူးငုံပွင့်ရင်တထိတ်ထိတ်နဲ့ရပ်နေမိတယ်။စာကို သက်ဝေလတ်တွေ့သွားပြီး ငုဝါကိုရိုက်နှက်နေမှာကို စိတ်ထဲစိုးရိမ်နေမိတယ်။ ~~~~~ မနီလာတို့အခန်းရှေ့ကို အရောက်မှာ တခါးခေါက်ဖို့ပြင် လိုက်ချိန်မှာပဲ အခန်းထဲကအသံတချို့ကိုဖူးငုံပွင့်ကြားလိုက်ရတာ မို့ တံခါးမခေါက်ဖြစ်ဘဲငြိမ်ပြီး နားထောင်လိုက်မိတယ်။ "အဲ့ဒီမိန်းမက ဆရာကြီးလုပ်နေတာ အမေရဲ့ ....သူနဲ့ဘာဆိုင်လို့ ဒီအိမ်မှာနေနေရတာလဲ...ဘာလဲ သူနဲ့ အဘိုးကတိတ်တိတ်ပုန်းဖြစ်နေတာလား " ခင်နီလာရဲ့ စကားသံကြောင့် ဖူးငုံပွင့်အံ့ဩသွားမိတယ်။ " တော်စမ်းနီလာရယ် ... သူ့ကို အမေလဲ ကြည့်မရပါဘူး ....ဒါပေမဲ့ အမေတို့မှာ အကြောင်းတွေရှိလို့ပေါ့ ..ဒီလိုပဲ သည်းခံနေရတာပဲ ....မင်းခိုင်ဆိုတဲ့ကောင်နဲ့ ညားသွားရင်လဲ ကောင်းသား ..အိမ်ကနေထွက်ခိုင်းဖို့ ကောင်းသွားတာပေါ့ " "နေပါအုံး ...အမေတို့ ပြောနေတဲ့ အကြောင်းဆိုတာကဘာလဲ ...မသိရင်အဘိုးတို့အမွေရတာက သူ့ကြောင့်ရတာကျနေတာပဲ....အဘိုးတို့ ဒုက္ခရောက်လာတုန်းကတော့ အဲ့ဒီမိန်းမပဲ အဘိုးတို့ကို စောင်းမြောင်းပြောဆိုခဲ့တာလေ ..သမီးတော့ အဲ့ဒီတုန်းက အကြောင်းတွေကို အခုချိန်ထိ မမေ့ပါဘူး " " ကဲ ..တော်ပါတော့ နီလာရယ် ...ပြီးခဲ့တဲ့ အကြောင်းတွေကို ပြန်မပြောပါနဲ့တော့လို့ ပြောထားတယ်လေ .... ဖြစ်နိုင်ရင်လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က အမေတို့နေခဲ့ရတဲ့ ဘဝကိုမေ့လိုက်တော့ ..အဲ့ဒါတွေအားလုံးကို မေ့စေချင်လို့ ..ဒီအထိပြောင်းလာခဲ့တာလေ ....သမီးတို့အဘိုးမရှိတော့ရင် ပြတ်ပြတ်သားသားရှင်းကြမှာပါ ....အဲ့ဒီအချိန်ကျရင် ဒင်းတို့ မျက်နှာတွေကို မြင်ချင်ပါတယ်ဆိုရင်တောင် မမြင်ရလောက်တော့ပါဘူး " မကျေမနပ်ပြောဆိုနေသံတွေ ထွက်ပေါ်လာပြီးနောက်မှာ အခန်းထဲမှာ ပြန်လည်တိတ်ဆိတ်သွားတာကြောင့် ဖူးငုံပွင့်တံခါးကို ခေါက်လိုက်ရင်း အသံပေးလိုက်တယ်။ ~~~~ လှေကားထစ်တွေကနေတစ်ထစ်ချင်းဆင်းလာခဲ့ရင်း မမညိုအကြောင်းကို ဖူးငုံပွင့်စဉ်းစားလာမိတယ်။မမညိုက ယောကျာ်းတွေနဲ့ ရှုပ်ရှပ်ထွေးထွေးနေတတ်သူဆိုတော့ ဖခင်ကြီးနဲ့လဲတကယ်ပဲ ရှုပ်ရှုပ်ထွေးထွေးပတ်သက်ခဲ့လေသလား။ အဲ့ဒီရှုပ်ထွေးမှုနောက်က ထိပ်တန်းလျှို့ဝှက်ချက်ဆိုတာရော ဘာများဖြစ်လေမလဲ။ပြီးတော့ ဖူးငုံပွင့်တို့မိသားစုဆီမှာ မမညိုလို့လူမျိုးမက်မောစရာငွေကြေးလဲမရှိခဲ့ပါ။ဖူးငုံပွင့် ခေါင်းကို ခါယမ်းလိုက်မိတယ်။ ~~~~~ အတွေးပေါင်းများစွာနဲ့ ဖူးငုံပွင့်မှာ တော်တော်နဲ့အိပ်မပျော်နိုင်တာမို့ အနောက်ဘက်ဝရံတာဆီကို ထွက်လာခဲ့လိုက်တယ်။. ဝရံတာရောက်ပြီးမကြာခင်မှာပဲ အသံပိတ်ထားတဲ့ဖုန်းက တုန်ခါလာတာမို့ ဖုန်းကိုကြည့်လိုက်တော့နေလင်းရဲ့ဖုန်းဖြစ်နေတယ်။ဖူးငုံပွင့်ဖုန်းကိုဖွင့်လိုက်ပြီး စိတ်လှုပ်ရှားစွာမေးလိုက်မိတယ်။ "ဟယ်လို ကိုနေလင်းလား ..ဘာအကြောင်းထူးလို့လဲဟင် " " အင်း ... အကြောင်းထူးတော့ မရှိပါဘူး ..မင်းအဆင်ရဲ့ပြေလားလို့ပါ ...." ဖူးငုံပွင့် မျှော်လင့်တကြီး မေးလိုက်မိပေမဲ့ နေလင်းရဲ့ အဖြေစကားကြောင့် စိတ်အားလျှော့သွားရတော့တယ်။

#တိမ်ခိုးဝေတဲ့နွေ အပိုင်း(၁၁) ****** "လည်လို့ ပြီးပြီလား " ဆိုင်ကယ်ပေါ်က မဆင်းဘဲ မေးလိုက်တဲ့အသံ။ ဖြုန်းခနဲမို့ ဖူးငုံပွင့်ဘာပြန်ဖြေရမှန်းမသိဘဲ ဖြစ်သွားမိတယ်။သူ့ကိုခပ်ကြောင်ကြောင်ငေးကြည့်နေမိရင်း ကိုနေလင်းလိုက်ပို့တာကိုများတွေသွားသေးလားလို့ စိတ်ထဲပူသွားမိတယ်။သူက ဆိုင်ကယ်ပေါ်ကဆင်းလိုက်ပြီး "ဆိုင်ကယ်ခဏကြည့်ထားပေး " ပြောပြီးတာနဲ့အထည်ဆိုင်ထဲကိုဝင်သွားတဲ့ ခက်ဝေ လတ်ကို ဖူးငုံပွင့်ငေးကြည့်နေမိတယ်။ခက်ဝေလတ် သူမကို ပြောဆိုဆက်ဆံပုံက တစ်ခါတစ်ရံမှာအလုပ်ရှင်နဲ့အလုပ်သမားပုံစံဖြစ်ပြီး၊ တစ်ခါတလေတော့ နားလည်ရခက်တဲ့ပုံစံမျိုးဖြစ်နေခဲ့ပြန်တယ်။သူစိတ်မထင်ရင် အသံခပ်မာမာနဲ့ အော်တတ်ပြီး သူ လွန်သွားတယ်ထင်ရင်လဲ တောင်းပန်းဖို့ ဝန်မလေတတ်ပြန်။ သေချာတာက ခက်ဝေလတ်ကလဲ နားလည်ရခက်တဲ့လူတစ်ယောက်ဆိုတာပါပင်။ဆိုင်ကယ်နားမှာ ဖူးငုံပွင့်တစ်ခဏကြာရပ်နေခဲ့ပြီးချိန်မှာ ခက်ဝေလတ်တစ်ယောက်အထုပ်တစ်ထုပ်ကိုဆွဲပြီး ဆိုင်ထဲကပြန်ထွက်လာတာတွေ့လိုက်ရတယ်။ အနားကိုရောက်တော့ သူ့လက်ထဲကအထုပ်ကို လှမ်းပေးတာမို့ ဖူးငုံပွင့်အယောင်ယောင်အမှားမှားနဲ့ လှမ်းယူလိုက်မိတယ်။ " တစ်နေကုန် ဘယ်တွေသွားနေတာလဲ ..ပြောတော့ ဒီကိုရောက်တာတစ်လမပြည့်သေးဘူးဆို.... လည်ပတ်စရာလူက ရှိနေပြီလား..ဘာလဲ အန်တီညိုပြောတာ အမှန်ပဲလား " " ရှင် မ...မဟုတ်ပါဘူး ....ဦးမင်းခိုင်နဲ့သိလဲမသိပါဘူး...ကျွန်မတစ်ယောက်တည်းသွားတာပါ " သူမမျက်နှာကိုကြည့်ပြီး ခက်လတ်က ရုပ်တည်ကြီးနဲ့ပြောလာတာမို့ ဖူးငုံပွင့်ပျာပျာသလဲရှင်းပြလိုက်မိပြီးမှ စိတ်ထဲရှက်သလိုဖြစ်သွားမိတယ်။သူကတော ခပ်တည်တည်နဲ့စိုက်ကြည့်နေပြီးမှ "ကိုယ်လဲ ဦးမင်းခိုင်အကြောင်း မပြောပါဘူး ..အန်တီညိုနဲ့ အဲ့ဒီလူမန္တလေးဆင်းသွားတယ်လေ ..." ခက်ဝေလတ်က ဘာမှမဖြစ်သလိုပြောနေပေမဲ့ ဖူးငုံးပွင့်မှာ သူမဘက်က အမူအရာပိုသလိုဖြစ်သွားမိတဲ့အဖြစ်ကိုပဲ ရှက်သွားမိတယ်။ " မင်းကိုတစ်ခါတည်း ပြောထားမယ် .... အဲ့ဒီလူနဲ့ မပတ်သက်နဲ့ ...အန်တီညိုက စကားပြောရင် ရှေ့နောက်ကြည့်တာမဟုတ်ဘူး...ပြီးတော့ ဦးမင်းခိုင်းဆိုတဲ့လူရဲ့ပုံစံကလဲ အချိုးမပြေဘူး ... သွားမပတ်သက်နဲ့ ကြားလား " "ဟုတ်..ဟုတ်ကဲ့ " ခက်ဝေလတ်ပြောတာကို ဖူးငုံ ပွင့် အလိုက်သင့်ခေါင်းငြိမ့်ပြလိုက်မိတယ်။ "ဟုတ်ကဲ့ဆို ..ဆိုင်ကယ်ပေါ်တက် လေ ... ဘာလဲ မပြန်သေးဘူးလား ... ရော့ ... ဒီမှာဦးထုပ် " ပြောပြောဆိုဆိုနဲ့ ဆိုင်ကယ်ဦးထုပ်ကို လက်ထဲလှမ်းပေးလိုက်တဲ့ ခက်ဝေလတ်ကြောင့် ဖူးငုံပွင့်နောက်ကို ဖျတ်ခနဲဆုတ်လိုက်မိပြီး "မ ...မရဘူးထင်တယ်...အိမ်ကလူတွေသိသွားရင် ကျွန်မအပြောခံရလိမ့်မယ် ....ကျွန်မကယ်ရီငှားပြီးပြန်ပါ့မယ် " " ဟာကွာ ..စကားများလိုက်တာ...တက်စမ်းပါ ...ဒီလောက်တော့နားလည်ပါတယ် .. မင်းကို အိမ်အထိခေါ်မသွားပါဘူး တက် " ဆိုင်ကယ်လေးက လမ်းပေါ်မှာ တရိပ်ရိပ်ပြေးနေတယ်။ဖူးငုံ ပွင့်ခါးကိုမတ်မတ်တောင့်ထားပြီး ဆိုင်းကယ်နောက်ကတန်းကို တင်းနေအောင်ဆုပ်ကိုင်ထားပေမဲ့ ဆိုင်ကယ်အရှိန်ပြင်းသွားတိုင်း ယောင်ယမ်းပြီးသူ့ခါးကိုသွားသွားကိုင်မိသေးတယ်။ဘယ်လိုပင် လူချင်းမထိအောင်ထိန်းကာ ထိုင်နေပေမဲ့ဆိုင်းကယ်အရှိန်ကြောင့် ဖူးငုံပွင့်ခန္ဓာကိုယ်က ခက်ဝေလတ်ရဲ့ကျောပြင်ကိုသွားသွားထိကပ်မိပြန်တယ်။လူချင်းကပ်လိုက်တိုင်းမှာ ဖူးငုံပွင့်ရင်တွေမယုံကြည်နိုင်လောက်အောင် တဒိန်းဒိန်းခုန်လှုပ်နေခဲ့တယ်။ ~~~~~ ဆိုင်ကယ်ကျွီခနဲထိုးရပ်သွားချိန်မှာ ဖူးငုံပွင့်တုန်တုန်ယင်ယင်နဲ့ ပဲဆိုင်ကယ်ပေါ်က ဆင်းလိုက်တယ်။ ''မင်းပြန်လိုက်တော့ .... ကိုယ် မြို့ထဲဘက် ပြန်သွားလိုက်အုံးမယ် " "ဟုတ်ကဲ့ ...ဒီမှာ ရှင့်အထုပ်လေ " ဆိုင်ကယ်ကို မောင်းထွက်သွားဖို့ပြင်နေတဲ့ ခက်ဝေလတ်ထံကို လက်ထဲကအထုပ်ကို ဖူးငုံပွင့် အမြန်လှမ်းပေးလိုက်တယ်။ "အဲ့ဒါ မင်းအတွက်ပဲ ..မင်းယူထားလိုက် " "ရှင် " ပြောပြီးတာနဲ့ ဆိုင်ကယ်ကို ဝေါခနဲ မောင်းထွက်သွားတဲ့ ခက်ဝေလတ်ကိုလှမ်းကြည့်ရင်း လက်ထဲကအထုပ်ကို ဖူးငုံပွင့်ပြန်ကြည့်လိုက်မိတယ်။ ~~~~~~ "မနွေ ပြန်လာပြီလား ..ဘယ်တွေသွားခဲ့တာလဲဟင် ..မနွေအလုပ်ထွက်မလို့လား " ပြန်ရောက်ကတည်းက နောက်က တကောက်ကောက်ကပ်လိုက်ပြီးမေးနေတဲ့ ပိန်သေးကြောင့် ဖူးငုံပွင့်မှာဝယ်လာတဲ့ မုန့်ထုပ်ကို ပိန်သေးလက်ထဲအမြန်ထည့်ပေးလိုက်ပြီး ''ကဲပါ ပိန်သေးရယ် ... ဘယ်တွေရောက်ခဲ့လဲဆိုတာကို ညကျရင် ပြောပြပါ့မယ် .. အခုတော့ အစ်မ အဝတ်အစားလဲချင်လို့ပါ ..တော်ကြာ ...အိမ်ရှင်တွေမြင်သွားရင် မကြိုက်မှာစိုးလို့ပါ " မနည်းပြောလိုက်မှပင် ပိန်သေးက မုန့်ထုပ်ကိုယူပြီး ပြန်ထွက်သွားတော့တယ်။ပိန်သေးထွက်သွားမှ ခက်ဝေလတ်ပေးတဲ့ အထုပ်ကို ဖောက်ကြည့်လိုက်တယ်။ "အို " အိတ်ထဲက ထွက်လာတဲ့ ပန်းရောင်ခေါင်းစွပ်အနွေးထည်လေးကိုကြည့်ပြီး ဖူးငုံပွင့်ရင်ထဲ လှိုက်ခနဲခုန်လှုပ်သွားမိတယ်။အမှန်တိုင်းပြောရရင် ပန်းရောင်ကိုဖူးငုံပွင့်မကြိုက်ပါ ။ဒါပေမဲ့ ဒီပန်းရောင်အနွေးထည်လေးကတော့ သိပ်ကိုလှပနေတယ်လို့ ဖူးငုံပွင့်စိတ်ထဲကထင်လိုက်မိတယ်။

~~~~ "ကဲ .. ဒီလောက်ဆိုရလောက်တယ် မဟုတ်လား ..မင်းဘာတွေ လုပ်နေလဲဆိုတာ ကိုယ်မသိပေမဲ့ ..အကူအညီလိုရင် အချိန်မရွေး ဖုန်းဆက်နော် ... ကိုယ်လဲ ကိစ္စတစ်ခုကြောင့် ဒီကိုရောက်နေတာ တော်တော်နဲ့မပြန်ဖြစ်သေးဘူး " "ဟုတ်ကဲ့...ကျေးဇူးပါ ကိုနေလင်း ... တစ်ခုခုအကြောင်းထူးရင် ပြောပါနော် " ~~~~ နေလင်းနဲ့နှုတ်ဆက်လမ်းခွဲပြီးတော့ အနီးအနားမှာတွေ့တဲ့ မုန့်ဈေးတန်းလေးမှာ ဖူးငုံပွင့်မုန့်ဝင်စားလိုက်ပြီး ပိန်သေးနဲ့ညှပ်စိအတွက်ပါ မုန့် နည်းနည်းဝယ်လိုက်တယ်။မုန့်ဝယ်ပြီးတော့ ရှေ့ဆက်လမ်းလျှောက်လာခဲ့ရင်း အဝတ်အစားဆိုင်တန်းတွေကို တွေ့တာမို့ ငေးမောကြည့်နေမိတယ်။ ဖြစ်နိုင်ရင် အဝတ်အစားသုံးလေးစုံလောက်ဝယ်လိုက်ချင်ပေမဲ့ အိမ်ကြီရှင်တွေမသင်္ကာဖြစ်မှာစိုးလို့ မဝယ်ဖြစ်တော့ပါ။ ဖူးငုံပွင့်လိုချင်စိတ်ကိုထိန်းလိုက်ပြီး ခေါင်းကိုခါယမ်းကာ ဆိုင်ရှေ့မှပြန်လှည့်ထွက်လိုက်ချိန်တွင် ကျယ်လောင်စူးရှတဲ့ ဟွန်းတီးသံနဲ့အတူ ဆိုင်ကယ်တစ်စီးက ဖူးငုံပွင့်ဘေးနားမှာကပ်ပြီးထိုးပြီးရပ်လိုက်တာမို့ အလန့်တကြားနဲ့မော့ကြည့်လိုက်မိတယ်။ အဲ့ဒီအခါ ဆိုင်ကယ်ဦးထုပ်ကိုချွတ်လိုက်ပြီး စူးစူးရဲရဲစိုက်ကြည့်လာတဲ့ အကြည့်စူးစူးတွေကြောင့် ဖူးငုံပွင့်ရင်တွေတဒိန်းဒိန်းခုန်လှုပ်သွားရတယ်။ @@@@@@@@@@@@@@@@ အပိုင်း (၁၁) ဆက်ရန် #ဧကြည်ဖြူ

" ဘာ ..ဘာပြောတယ် " နေလင်းရဲ့ စကားကြောင့် ဖူးငုံပွင့်ထိုင်နေရာမှ ဆတ်ခနဲထရပ်လိုက်မိပြီး နေလင်းကိုပြန်မေးလိုက်မိတယ်။ တစ်ချိန်လုံး သူမစိတ်ထဲမှာလဲ ဒီလိုထင်နေခဲ့မိပေမဲ့ တကယ်တမ်းကြားလိုက်ရတော့ လူတစ်ကိုယ်လုံးတုန်ယင်ကာ ထိတ်လန့်တုန်လှုပ်သွားမိတယ်။ "ဘာလို့ ကိုယ်ဒီလိုပြောရတာလဲဆိုတော့ ...အဘွားမှာ သိမ်းထားတဲ့ရတနာပစ္စည်းတွေအများကြီးရှိနေတာကို သိလိုက်ရလို့ပဲ ... ကိုယ်တို့မိသားစုတွေ ပိတောက်စုရွာကို မကြာခဏသွားပြီး အဘွားလေးရဲ့ရတနာတွေကို အိမ်ထဲရောခြံထဲမှာပါရှာခဲ့ပေမဲ့ မတွေ့ခဲ့ကြဘူး ..ဒါပေမဲ့လွန်ခဲ့တဲ့ သုံးနှစ်ကတော့ ... အဘွားလေးတို့အိမ်ပေါ်ထပ်က ...ခုတင်ဟောင်းကြီးရဲ့ခြေထောက်တွေမှာအခေါင်းပေါက်တွေလုပ်ထားပြီးအံဝှက်တံခါးပေါက်တွေ တပ်ဆင်ထားတာကိုတွေ့ခဲ့တယ်...ဖွင့်ကြည့်လိုက်တော့ အံဝှက်တွေထဲမှာဘာမှ မရှိတော့ဘူး ....တစ်ယောက်ယောက်က ယူသွားခဲ့တာ သေချာတယ် ..." "ဘာပြောတယ် ..ရတနာတွေ ဟုတ်လား .. ဘယ်လောက်တောင်များနိုင်လို့လဲ " ဖူးငုံပွင့်အံ့ဩတကြီးမေးလိုက်မိတယ်။ "အဘွားပြောပြတာတော့ ..ဘွားလေးတို့က သိပ်ချမ်းသားကြတယ်တဲ့ .... ဘွားလေးတို့မိသားစုက နှမြောလဲနှမြောတတ်ကြပြီး သူ့တို့မှာပစွည်းတွေရှိတာကို လူတွေမသိအောင်သိုသိုသိပ်သိပ်နေခဲ့ကြတယ်တဲ့ ... ဒါပေမဲ့ ဒီအကြောင်းကိုသိတဲ့သူရှိပုံရတယ်... ပြီးတော့ သူကပဲ ဘွားကြည်ကိုသတ်ပြီး ဒီရတနာတွေကို ယူသွားခဲ့ပုံပဲ " နေလင်းရဲ့စကားကို ဖူးငုံပွင့်ပါးစပ်အဟောင်းသားနဲ့ နားထောင်နေမိတယ်။ဖူးငုံပွင်းမှတ်မိသလောက်တော့ ဘွားကြည်ဟာ ငွေကိုခြစ်ခြစ်ခြုတ်ခြုတ်နဲ့ စားသောက်နေထိုင်သူဖြစ်တယ်ဆိုတာပဲ။ ဖူးငုံပွင့်တို့ မိသားစုကပဲဘွားကြည်ကို တတ်နိုင်သလောက် ကျွေးမွေးပြုစုခဲ့ရတာမဟုတ်လား ။ "ဒီမှာ ....ရှင့်စကားတွေက သေချာလို့လား ...တကယ်လိုဘွားကြည်က အဲ့ဒီလိုဖြစ်တယ်ထားပါအုံး... ကျွန်မ မိသားစုနဲ့ဘာဆိုင်လို့လဲ " ဖူးငုံပွင့်ထိတ်လန့်တုန်လှုပ်စွာ မေးလိုက်မိတယ်။ " မဆိုင်ဘူးမဟုတ်ဘူး ဆိုင်နေတယ် ..ကိုယ်တွက်ချက်ရသလောက်တော့ ဒီအဖြစ်အပျက်တွကို... မင်းမိသားစုကသိသွားလို့ နှုတ်ပိတ်ခံလိုက်ရတာဖြစ်နိုင်တယ်" " ဘယ် ...ဘယ်လို ....ဒါ ..ဒါဆို တရားခံက ဘယ်သူဖြစ်နိုင်လဲ ..ရွာထဲကပဲလား ...." ဖူးငုံပွင့်တုန်တုန်လှုပ်လှုပ်နဲ့ မေးလိုက်မိတယ်။ "ဟုတ်တယ် ....ရွာထဲကဟုတ်ရင် ဟုတ် ..မဟုတ်ရင် ဘွားလေးနဲ့ အနီးကပ်နေခဲ့တဲ့သူပဲ ..ကိုယ် စုံစမ်းလို့ရသလောက်တော့ ..ဘွားလေးအိမ်မှာအလုပ်လုပ်ပြီးထွက်သွားတဲ့ မိသားစုတစ်စုအကြောင်းကို လုံး၀စုံးစမ်းလိုမရဘူးဖြစ်နေခဲ့တယ် .. အဲ့ဒီမှာအလုပ်လုပ်ခဲ့တဲ့ မိသားစုကို မင်းရောမှတ်မိလား...စုံစမ်းလို့ရသလောက်တော့ အဲ့ဒီမိသားစုက ...ဘွားလေးထက် ဆယ်နှစ်ကျော်လောက်ပဲငယ်တဲ့အဘိုးကြီးအဘွားကြီးလင်မယားဖြစ်ပြီး ..ဘွားလေးမဆုံးခင် သုံလေးငါးနှစ်အလိုကတည်းက မြို့ကသူ့သားသမီးတွေဆီကို ပြောင်းသွားခဲ့တာတဲ့ .. ကိုယ်လဲ လိုလိုမယ်မယ် လိုက်စုံစမ်းကြည့်ခဲ့သေးတယ် ...မင်းရောမှတ်မိတာများ မရှိဘူးလား " နေလင်းရဲ့အမေးကြောင့် ဖူးငုံပွင့်အတန်ကြာအောင်စဉ်းစားနေမိတယ်။ဘွားကြည်တို့အိမ်မှာအလုပ်လုပ်ခဲ့တဲ့ အဘိုးကြီးအဘွားကြီးဆိုတဲ့စကားကို အကြိမ်ကြိမ်အခါခါ စဉ်းစားကြည့်လိုက်တော့ ပုံရိပ်အချို့ကို ခပ်ဝါးဝါးမြင်ယောင်လာခဲ့တယ်။ဦးမိုးတဲ့။ အဖေတို့ အမေတို့ခေါ်သလို့ ဖူးငုံပွင့်တို့မောင်နှမလိုက်ခေါ်ခဲ့တဲ့ ဦးမိုးခေါ် ဘကြီးမိုး ။ ပြီးတော့ကြီးကြီးလှ။ " ဟုတ်ပြီ ..ကျွန်မမှတ်မိပြီး ..ဘွားကြည်ခြံနောက်မှာနေခဲ့တဲ့ဘကြီးမိုးနဲ့ ကြီးကြီးလှပဲ...ဒါ ..ဒါပေမဲ့ .. သူ့တို့က အသက်ကြီးနေပြီပဲ ..မဖြစ်နိုင်ပါဘူး " " ကိုယ်လဲ ...သူတို့လို့ ပြောတာမဟုတ်ဘူးလေ ... ဘွားကြည်နဲ့ ပတ်သက်ခဲ့တဲ့ ရင်းနှီးသူတွေ အကြောင်းကို လိုက်စုံစမ်းလိုက်တော့ သူ့တို့နှစ်ယောက် အကြောင်းပဲစုံစမ်းလို့မရဖြစ်ခဲ့တာ ...ဖြစ်နိုင်တာက သူတို့တွေ သေးဆုံးသွားတာလဲ ဖြစ်နိုင်ပါတယ် " နေလင်းရဲ့ မတင်မကျ စကားကြောင့် ဖူးငုံပွင့်ရှေ့ဆက်မတွေးနိုင်ဖြစ်နေမိပြီး မမညို အကြောင်းကို ပြောပြလိုက်ရင် ကောင်းမလားလို့ စဉ်းစားလိုက်မိသေးတယ်။ပြီးတော့မှ နေလင်းကိုလဲ ဖူးငုံပွင့်မယုံကြည်နိုင်သေးတာမို့ မပြောတော့ဘဲ ထားလိုက်တယ်။ "ဒီမှာ ရှင့်ဖုန်းနံပတ်ပေး... ရှင့် ဘက်ကအကြောင်းထူးရင်လဲ ဖုန်းဆက်ပေးပါ .. ကျွန်မသိရတာတွ ရှိရင်လဲ ဖုန်းဆက်မယ် " " ဟုတ်ပြီလေ ..ဒါနဲ့ မင်းနာမည်က နွေ ဖြစ်သွားပြီနော် ဟုတ်လား ..နွေက ဘယ်မှာနေတာလဲ " " ကျွန်မနေတဲ့ နေရာကို ..ကိုစိုင်းနော်သိတယ် ..ဒါပေမဲ့ ရှင်လာလည်လို့မရဘူးနော် .. ကျွန်မက အဲ့ဒီအိမ်က အလုပ်သမားပဲ " "ဘယ်လို ..မင်းကရန်ကုန်မှာ အလုပ်မလုပ်တော့ဘူးလား " နေလင်းရဲ့အမေးကို ဖူးငုံ ပွင့်ရှင်းပြမနေတော့ဘဲ စိုင်းနော်ပြန်ပေးလိုက်တဲ့ စာတိုလေးကိုယူကာပြန်ဖို့ပြင်လိုက်တယ်။ "ညီမကို လမ်းတစ်ဝက်လောက်ထိ... နေလင်းလိုက်ပြန်ပို့ပေးလိုက်မယ် .. လိုက်သွားလိုက်ပါနော် ..ဒီနားက ကယ်ရီတွေငှားမစီးစေချင်လို့ပါ " စိုင်းနော်ရဲ့စကားကြောင့် ဖူးငုံပွင့်စိတ်ရှုပ်ရှုပ်နဲ့ပဲ နေလင်းမောင်းတဲ့ ဆိုင်ကယ်နောက်ကလိုက်စီးခဲ့ရတော့တယ်။

"အင်း ..ငုဝါစာထဲမှာ ရေးပေးလိုက်တာကတော့ ...သူနှိပ်စက်ခံနေရတာကိုသက်သေပြနိုင်ဖို့... ဖုန်းဖြစ်ဖြစ်ကင်မရာပဲဖြစ်ဖြစ် တစ်ခုခုရှာပေးလိုက်ဖို့နဲ့ သူကိုကူညီပေးဖို့ ကျွန်တော်ဆီကို စာရေးလိုက်တာပါ ...အဲ့ဒီပစ္စည်းကို ဒီကညီမနဲ့ထည့်ပေးလိုက်ဖို့ အကူအညီတောင်းထားပါတယ် ..ညီမဆီကနေ လူလစ်တဲ့အချိန်မှသူယူမယ်လို့ပြောတယ်.." ကိုစိုင်းနော်ရဲ့စကားကြောင့် ဖူးငုံပွင့်ရဲ့တာဝန်တွေ မပြီးသေးမှန်းသိလိုက်ရသလို စိတ်ထဲမှာလဲရှုပ်ထွေးသွားမိတယ်။ "ဒါနဲ့ ကိုစိုင်းနော်ပြောတဲ့သူ့မုန်းတဲ့သူနဲ့လက်ထပ်လိုက်တယ်ဆိုတာကို ကျွန်မသေချာသိချင်လို့ပါ ..မငုဝါရဲ့ခင်ပွန်းနဲ့သူ့မိသားစုအကြောင်းတွေကို ကျွန်မသိချင်ပါတယ် ...အထူးသဖြင့် မငုဝါရဲ့ ခင်ပွန်းနဲ့ပိုပြီးနီးနီးကပ်ကပ်နေတဲ့ သူတို့အဒေါ်အပျိုကြီးအကြောင်းကို ပိုသိချင်ပါတယ်...ကိုစိုင်းနော်သိသလောက် ပြောပြပေးပါနော် ..အကြောင်းစုံကိုသိရမှ ကျွန်မအနေနဲ့ကူညီပေးနိုင်မှာပါ " အခွင့်အရေးရတုန်းမှာ ဖူးငုံ ပွင့်သိချင်တာကိုပါမေးလိုက်တယ်။ ''အမှန်တိုင်းပြောရရင် သက်ဝေလတ်တို့မိသားစုအကြောင်းကို ကျွန်တော်သိပ်မသိဘူး...သူတို့မိသားစုက ဒီနယ်သားတွေမဟုတ်ကြဘူး...လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကမှ မြို့ကိုပြောင်းလာခဲ့ကြပြီး .. မြို့စွန်က အိမ်ဟောင်းကြီးကိုဝယ်လိုက်ကြတာပဲ .. အရမ်းချမ်းသာပုံတော့ရကြတယ်... သက်ဝေလတ်က ကျွန်တော်တို့ထက် အသက်တစ်နှစ်ပဲကြီးတာဆိုတော့ သူဒီကိုရောက်တော့ သူ့အသက်က(၁၈)နှစ်လောက်ပဲရှိမယ်ထင်တယ် ... သူက အဲ့ဒီအချိန်ကတည်းက အသက်နဲ့မလိုက်အောင်သိပ်ပွေတယ်လေ .... တက္ကသိုလ်တူတူတက်ခဲ့ရတော့ သူ့အကြောင်းတွေအကုန်သိတယ်လေ ... အဲ့ဒါကြောင့် ငုဝါကသူ့ကိုမုန်းတယ်... သိရသလောက် သူကလဲ ငုဝါလိုရိုးရိုးအအမိန်းခလေးမျိုးကိုမကြိုက်ပါဘူး...ကြားထဲမှာ ဘယ်လိုတွေဖြစ်ကုန်တာလဲဆိုတာကိုတော့ ကျွန်တော်လဲမသိဘူး " စိုင်းနော်ကပြောနေရင်းမှ သက်ပြင်းရှည်ကြီးကိုချလိုက်တယ်။ဖူးငုံပွင့်က သေချာအောင် ထပ်မေးလိုက်တယ်။ "ဒါဆို ကိုသက်ဝေလတ်တို့တစ်မိသားစုလုံး ဒီဇာတိမဟုတ်ဘူးပေါ့ " "ဟုတ်ပါတယ် ... ရန်ကုန်ဘက်ကနေ ပြောင်းလာတယ်လို့ပြောကြတာပဲ ...မြို့ကိုရောက်ပြီးမကြာဘူး လုပ်ငန်းတွေလုပ်ကြတာပဲ ... ဒီမြို့ရဲ့တည်းခိုခန်းအချို့နဲ့ ပွဲရုံလုပ်ငန်းအချို့ကိုလဲ သုခမြိုင်က ပိုင်တယ်လေ ...ငါ့ညီမပြောတဲ့ ဒေါ်ညိုညိုမာဆိုတာကလဲ သိပ်လှသလိုရှုပ်လဲရှုပ်တဲ့ အမျိုးသမီးပဲ .. ကျွန်တော်သိသလောက်ကတော့ ဒါပါပဲ ...ကျွန်တော်တို့ ငုဝါကိုကူညီပေးဖို့ ကျွန်တော့် သူငယ်ချင်းနေလင်းနဲ့တိုင်ပင်လိုက်မယ် ... ငါ့ညီမကိုဘယ်လိုဆက်သွယ်ရမလဲ...ငုဝါမှာတဲ့ပစ္စည်းတွေကို မန္တလေးမှာဖြစ်ဖြစ် ..တောင်ကြီးမှာဖြစ်ဖြစ်သွားရှာရမယ် " ကိုစိုင်းနော်ရဲ့စကားကြောင့် ငုဝါက ဖုန်းကိုထုတ်လိုက်ပြီး "ကျွန်မကို ဖုန်းကဆက်သွယ်ပါ ... ကျွန်မနောက်တစ်ကြိမ်အပြင်ထွက်ခွင့်ရဖို့က မသေချာပါဘူး " ကိစ္စတွေအားလုံးပြီးသွားတော့ ဖူးငုံပွင့်ပြန်မယ်အလုပ်မှာ နေလင်းက အနားကိုရောက်လာပြီး "ကိုယ်တို့ ရေစက်ပါလို့ ပြန်တွေ့ရတာပဲ ..ထပ်တွေ့ဖို့အခွင့်အရေးရအုံးမလား ....မင်းနဲ့ ပြောစရာလေးတွေလဲ နည်းနည်းရှိတယ် " နေလင်းကစကားစလိုက်တော့ စိုင်းနော်တို့မောင်နှမတွေက ရှောင်ထွက်သွားကြပြန်တယ်။ နေလင်းရဲ့စကားအဆန်းကြောင့် ဖူးငုံပွင့်က ပြန်ဖို့ပြင်နေရာက ခုံမှာပြန်ထိုင်လိုက်ပြီး နေလင်းကို ကြည့်ပြီးမေးလိုက်မိတယ်။ "ရှင်ပြောမယ်ဆိုတာကဘာများလဲ .. မဟုတ်မှ ရှင့်အဘွားကိစ္စနဲ့ ပတ်သက်ပြီး ကျွန်မတို့မိသားစုကို မသင်္ကာဖြစ်နေတဲ့အကြောင်းများလား " ဖူးငုံပွင့် ခပ်ရွှဲ့ရွှဲ့နဲ့မေးလိုက်တော့ နေလင်းကမျက်နှာထား တည်တည်နဲ့ ကြည့်လာပြီး " မင်းကို အတည်ပြောနေတာကွ ... ဒါနဲ့မင်းနာမည်က ဖူးဖူး နော် " နေလင်းရဲ့ အမေးကြောင့် ဖူးငုံပွင့်မှာ မျက်လုံးပြူးသွားရပြီး "ဒီမှာ အခုကျွန်မနာမည်က နွေပိတောက်တဲ့ ..လူတိုင်းက မိနွေတို့ မနွေတို့ခေါ်ကြတယ် ...ရှင်က ကျွန်မထက်အသက်ကြီးတော့ မိနွေလို့ခေါ်လို့ရပါတယ် ... ဒါနဲ့ ရှင်ကျွန်မကို ပြောချင်တာဘာအကြောင်းများပါလဲကိုနေလင်း " " ဪ ..မင်းက ကိုယ့်နာမည်ကို မှတ်မိသားပဲ .." နေလင်းရဲ့အပြောကြောင့် ဖူးငုံပွင့် ခပ်မဲ့မဲ့ပြုံးလိုက်မိတယ်။စိတ်ထဲကတော့ ရှင့်ကိုလဲမသင်္ကာတဲ့ စာရင်းထဲထည့်တာမို့ ဘယ်မေ့ပါ့မလဲ" လို့ ပြောလိုက်မိတယ်။ "မင်းကိုအခုပြောမဲ့ ကိစ္စက အရေးကြီးတယ် ..မှန်တာပြောရရင် မင်းဘယ်မှာနေလဲဆိုတာကို ကိုယ်သိပါတယ်..ဒါပေမဲ့အခုက လောကိုမင်းရောက်နေတာကိုတော့ ဒီနေ့မှ သိတာပါ " "ရှင်..ဘာပြောတယ် .. ရှင်က ကျွန်မတို့ကို မယုံလို့လိုက်စုံစမ်းနေတာလား ..ဟုတ်လား " ဖူးငုံပွင့် ဒေါသတကြီးနဲ့မေးလိုက်မိတယ်။ဖူးငုံပွင့်ရဲ့ အမူအရာကြောင့် နေလင်းကပျာပျာသလဲ ငြင်းဆန်လိုက်ပြီး "နေပါအုံးကွာ ... ပြောတာကိုနားထောင်ပါအုံး ... မင်းကို ကိုယ်ပြောချင်တာက .. ကိုယ်တို့ရဲ့ အဘွားလေး သေဆုံးရတာ မတော်တဆမှုကြောင့် သေဆုံးတာမဖြစ်နိုင်သလို့ ....မင်းရဲ့မိသားစုတွေသေဆုံးရတာကလဲ ... ရွာကလူတွေထင်နေကြသလို မဟုတ်ဘူး ..ဖြစ်နိုင်တာက သူတို့အားလုံးက အသတ်ခံလိုက်ရတာဖြစ်နိုင်တယ် "

"ကျွန်မက အလုပ်လာလုပ်နေတာ " ဖူးငုံပွင့်တို့ စကားပြောနေချိန်မှာပဲ စိုင်းနော်ဆိုသူရောက်လာခဲ့တယ်။ "ဟုတ်ကဲ့ ..ကျွန်တော်က စိုင်းနော် ပါခင်ဗျား ..ဘာကိစ္စများလဲ မသိဘူးခင်ဗျ " ရည်ရည်မွန်မွန်နဲ့ ယောကျာ်းပီပီသသကြည့်ကောင်းတဲ့ စိုင်းနော်ကိုကြည့်ပြီး ဖူးငုံပွင့်စိတ်ထဲမှာ ဘာရယ်မဟုတ် စိတ်အေးသလိုတော့ဖြစ်သွားရတယ်။ "ဟုတ်ကဲ့ ... ကျွန်မကို လူတစ်ယောက်ကလွှတ်လိုက်လို့ပါ ..ဖြစ်နိုင်ရင် ကိုစိုင်းနော်နဲ့နှစ်ယောက်တည်းစကားပြောချင်ပါတယ် ..." "ကဲပါ .. ဟုတ်ပါပြီဗျာ .... ပြောကြပါ ...ကိုယ်တို့ ရှောင်ပေးပါ့မယ် " ဖူးငုံပွင့်စကားအဆုံးမှာ နေလင်းက ခပ်ပြုံးပြုံးပြောပြီးထိုင်နေရာကထထွက်သွားသလို ဖူးငုံ ပွင့်ကိုခေါ်လာတဲ့ ကောင်မလေးကလဲ အဝေးကိုထွက်သွားခဲ့တယ်။ဖူးငုံပွင့်က ငုဝါပေးလိုက်တဲ့ စာရွက်ခေါက်လေးကို ကိုစိုင်းနော် ဆီကိုပေးလိုက်တယ်။ "ဒီစာကို ကိုစိုင်းနော်ဆီကို ..မငုဝါကပေးခိုင်းလိုက်တာပါ ..ကိုစိုင်းနော်ဖတ်ကြည့်ပါ ... ဒီစာကို ကျွန်မ မဖတ်ထားတာမို့ ... ဒီထဲမှာ ဘာတွေရေးထားမှန်းမသိပါဘူး ..ကိုစိုင်းနော်စာကိုဖတ်ပြီးမှ ကျွန်မတို့ သိချင်တာကိုမေးကြည့်ကြတာပေါ့ " "ဗျာ .. ငု ..ငုဝါက စာပေးခိုင်းလိုက်တယ် ဟုတ်လား .. ကျွန်တော်နဲ့ငုဝါအဆက်အသွယ်မရတာ... ငုဝါရဲ့မင်္ဂလာပွဲပြီးသွားကတည်းကပဲ " ဖူးငုံပွင့်ရဲ့စကားအဆုံးမှာ စိုင်းနော်က စိတ်လှုပ်ရှားစွာပြောလိုက်ပြီး စာကိုတုန်တုန်ယင်ယင်နဲ့ လှမ်းယူလိုက်တယ်။ ဖူးငုံပွင့်ကစာကို လှမ်းပေး လိုက်ပြီး စိုင်းနော်စာဖတ်လို့ ပြီးတဲ့အထိတိတ်ဆိတ်စွာစောင့်နေလိုက်တယ်။ စာကိုဖတ်နေတဲ့ စိုင်းနော်ကို ဖူးငုံပွင့်မသိမသာ အကဲခတ်ကြည့်လိုက်တော့ စိုင်းနော်ရဲ့မျက်နှာကတင်းမာနေပြီး အံကိုတင်းတင်းကြိတ်ထားတာ တွေ့လိုက်ရတယ်။ "တောက် " စာဆုံးသွားတဲ့အခါမှာ စိုင်းနော်ဆီက တောက်ခေါက်သံထွက်ပေါ်လာတာမို့ ဖူးငုံပွင့် စိုးထိတ်စွာမော့ကြည့်လိုက်မိတယ်။ စိုင်းနော်ရဲ့မျက်နှာက တင်းမာခက်ထန်နေတဲ့ကြားကနေ မျက်ဝန်းအိမ်မှာ မျက်ရည်တွေ ရစ်ဝဲနေတာကို သတိထားလိုက်မိတယ်။ "ဒါ ..ဒါနဲ့ ....တကယ်ပဲ ... ငုဝါက အဲ့ဒီအိမ်မှာ ပိတ်လှောင်ခံထားရသလိုနေနေရတာလား..ညီမတို့နဲ့ရော စကားပြောခွင့်မရဘူးလား " စိုင်းနော်ရဲ့အမေးကြောင့် ဖူးငုံပွင့်ခေါင်းကို ငြိမ့်ပြလိုက်ပြီး "ဟုတ်ကဲ့ ..ကျွန်မ အဲ့ဒီကိုရောက်တာတော့ မကြာသေးပါဘူး ...မငုဝါမှာ ဘာအခက်အခဲတွေဖြစ်နေလဲဆိုတာကို ကျွန်မသေချာမသိပေမဲ့ .. သူ့အမျိုးသားက သူကို မျက်စိအောက်က အပျောက်မခံတာတော့ ရိပ်စားမိတယ်..ဒါနဲ့ ကျွန်မပွင့်ပွင့်လင်းလင်းပဲ မေးပါရစေ ..ကျွန်မစကားထဲမှာ အမှားပါတယ်ဆိုရင်လဲ ခွင့်လွှတ်ပါရှင် ... ကျွန်မသိချင်တာက ...ကိုစိုင်းနော်နဲ့မငုဝါက ဘယ်လိုပတ်သက်ကြတာလဲဆိုတာရယ်..ပြီးတော့ ကျွန်မက ဘာကိုကူညီရမှာလဲဆိုတာရယ်ပါ...မငုဝါရဲ့အကြောင်းကိုလဲ သိချင်ပါတယ် .. တကယ်လို့ များ သူများအိမ်ထောင်ရေးမှာဝင်ရှုပ်မိမှာစိုးလို့ပါ " ဖူးငုံပွင့်က အားနာမနေဘဲ သူမသိချင်တာကို ပွင့်ပွင်လင်းလင်းပဲမေးလိုက်တယ်။ "ဟုတ်ကဲ့ ကျွန်တော်နာလည်းပါတယ် ...ငုဝါကလဲ သူ့အကြောင်း တွေကို ပြေပြလိုက်ဖိုရေးထားပါတယ် " စိုင်းနော်က မျက်နှာညှိုးညှိုးနဲ့ ဖူးငုံပွင့်ကို သူသိထားသမျှကို ပြောပြလေတယ်။ "ကျွန်တော်နဲ့ ငုဝါက ငယ်သူငယ်ချင်းတွေပါ ...ပြောရရင် ငုဝါက တစ်ဦးတည်းသော သမီးဖြစ်ပြီး ချမ်းသာတယ် ... ကျွန်တော်တို့ကဆင်းရဲတယ် ... ကျွန်တော်မှာအမေနဲညီမလေးကိုလဲ စောင့်ရှောက်ပေးနေရလို့ ငုဝါကို သူငယ်ချင်းလိုပဲ ခင်မင်ဖို့ဆုံးဖြတ်ခဲ့တယ်...ဒါပေမဲ့ ကျွန်တော်တို့နှစ်ယောက်ရင်ထဲမှာတော့ သံယောဇဉ်တွေကိုယ်စီရှိကြပါတယ် ....ဒီလိုနဲ့ လွန်ခဲ့တဲ့သုံးနှစ်က ကျွန်တော်ရန်ကုန်မှာ အလုပ်သွားလုပ်ခဲ့တယ် .. အဲ့ဒီအချိန်ထိ ကျွန်တော်နဲ့ငုဝါ အဆက်အသွယ်မပြတ်ခဲ့ကြဘူး ...လွန်ခဲ့တဲ့တစ်နှစ်ကတော့... ငုဝါရဲ့မိဘတွေဆုံးသွားလို့ ကျွန်တော်မြို့ကိုပြန်လာခဲ့သေးတယ်..နာရေးကိစ္စအပြီးမှာ ငုဝါကိုချစ်ရေးမဆိုခဲ့ပေမဲ့ ...ရန်ကုန်မှာတစ်နှစ်ပဲနေပြီး အပြီးပြန်လာမှာလို့ကတိပေးခဲ့တယ် ... ဒါပေမဲ့ လွန်ခဲ့တဲ့သုံးလကျော်က ငုဝါက သူလက်ထပ်တော့မယ်လို့ ကျွန်တော့်ဆီဖုန်းဆက်ခဲ့တယ် .. မှန်တာပြောရရင် သူလက်ထပ်မယ်ဆိုတော့ ကျွန်တော့်အလူးအလဲခံစားရသလို ယုံလဲမယုံနိုင်ခဲ့ဘူး...မယုံရတဲ့အကြောင်းအရင်းက သူလက်ထပ်မယ်ဆိုတဲ့သူက.. သူ မုန်းတဲ့ ယောကျာ်းတစ်ယောက်ဖြစ်နေလို့ပဲ ..သူဘာလို အဲ့ဒီလူကို လက်ထပ်တာလဲဆိုတာကို မပြောပြခဲ့ဘူး ..ဒါပေမဲ့ ကျွန်တော်သူ့ မင်္ဂလာပွဲကို တက်ခဲ့ပါတယ်...အဲ့ဒီနောက်ပိုင်း ... သူနဲ့ အဆက်အသွယ်လုံးဝမရှိတော့တာ ဒီနေ့အထိပဲဆိုပါတော့ " "မငုဝါမှာ ဦးလေးတစ်ယောက်ရှိတာကိုရော ကိုစိုင်းနော်သိလား " ဖူးငုံပွင့်မေးလိုက်တော့ စိုင်းနော်က ခေါင်းငြိမ့်ပြတယ်။ "ဟုတ်ကဲ့ သိပါတယ် ..ငုဝါတို့အဖေရဲ့ညီပါ ... ငုဝါတို့အိမ်ကလဲ အဲ့ဒီဦးလေးနဲ့ အမွေဆိုင်လို့ သတင်းကြားပါတယ် " " ဪ ..ဟုတ်လား .... ဒါနဲ့ မငုဝါကို ကျွန်မကဘယ်လိုအကူအ ညီပေးရမှာလဲ ..."

#တိမ်ခိုးဝေတဲ့နွေ အပိုင်း (၁၀ ) ****** သုခမြိုင်နဲ့ခပ်ဝေးဝေးရောက်တဲ့အထိ ဖူးငုံပွင့်လမ်းလျှောက်လာခဲ့ပြီး ဆိုင်ကယ်ကယ်ရီဂိတ်တစ်ခုကိုရောက်တော့ မြန်မာအစားအသောက်အစုံရတဲ့ ဆိုင်တစ်ဆိုင်ကို လိုက်ပို့ခိုင်းလိုက်တယ်။ဖူးငုံပွင့်က အစားအသောက်မက်စက်သူတစ်ယောက်မဟုတ်ပေမဲ့ သုခမြိုင်ကို ရောက်ကတည်းက ဖူးငုံပွင့်ကြိုက်နှစ်သက်တဲ့ အစားအသောက်တွေကိုမစားခဲ့ရတာကြာခဲ့ပြီးမို့ ဗိုက်ကိုအရင်ဖြည့်တင်းပြီး အချိန်ဖြုန်းလိုက်တယ်။တကယ်လို့ တစ်ယောက်ယောက်များအနောက်က နောက်ယောင်ခံလိုက်လာခဲ့ရင်လဲ အချိန်ကုန်အောင် အချိန်ဖင့်အောင် အချိန်ဖြုန်းလိုက်တယ်။စားပြီးတော့ ကော်ဖီတစ်ခွက်ကို ဇိမ်ဆွဲသောက်ရင်း နာရီဝက်ကျော်ကျော်အချိန်ဖြုန်းပစ်လိုက်တယ်။ " ဘယ်သွားမလဲ အစ်မလေး ....." "ဒီမြို့ရဲ့ အလှဆုံးနေရာတွေကို လိုက်ပို့ပေး ..အချိန်နှစ်နာရီလောက်ကုန်အောင်လျှောက်မောင်းပေးနော်..." ဆိုင်ကယ်ကယ်ရီကို သူမထက်ငယ်ပုံရတဲ့ ကယ်ရီသမားလေးကို ငှါးလိုက်ပြီး စိတ်ပြေလက်ပျောက်ဖြစ်အောင် ဆိုင်ကယ်လျှောက်စီးဖို့ပါ ဆုံးဖြတ်လိုက်တယ်။ရှေ့ဆက်ပြီးဘာတွေ ကြုံရအုံးမယ်မသီတဲ့ အခြေအနေမှာ အမှန်တရားကဘာမှန်းလဲ မသိတော့။ အကယ်၍ မမညိုနဲ့ ဖခင်ကြီး ငြိစွန်းခဲ့တာ မှန်နေခဲ့တယ် ထားအုံး မမညိုအနေနဲ့ လူသတ်စရာအကြောင်းမရှိ။ဖခင်ဖြစ်သူနဲ့ မိခင်ကြီးရဲ့ကြားမှာ ဒီကိစ္စကြောင့် စကားများခဲ့ရင်တောင် ဖခင်ကဒီလောက်ရက်စက်မဲ့သူမဟုတ်တာ ဖူးငုံပွင့် သိပြီးသားပင်။မိခင်ဖြစ်သူကို ဖခင်ဖြစ်သူက ဘယ်လောက်ထိ ချစ်ခင်မြတ်နိုးခဲ့သလဲဆိုတာကိုလဲ ဖူးငုံပွင့်အရွယ်ရောက်လာမှ ပိုပြီးတွေးတတ်စဉ်းစားတတ်လာတာ။ဒါကြောင့်မို့လဲ သိလေလေမဖြစ်နိုင်လေမှန်းဖူးငုံပွင့်ပိုသိလာခဲ့တယ်။စဉ်းစားကြည့်လေလေ ဒီကိစ္စတွေ ကြားမှာ လျှို့ဝှက်ချက်တစ်ခုရှိနေခဲ့တာကို ပိုပြီးယုံကြည်လာလေလေဖြစ်ခဲ့ရတယ်။ နှစ်နှစ်ရီလောက် အချိန်ဖြုန်းပြီးတော့ ကယ်ရီသမားလေးကို ပြန်လွှတ်လိုက်ပြီး နောက်ထပ် ကယ်ရီတစ်စီးကိုငှါးကာ ငုဝါပေးထားတဲ့လိပ်စာဆီကို လိုက်ပို့ခိုင်းလိုက်တယ်။ ~~~~~~~ "အစ်မပြောတဲ့လိပ်စာက ဒီခြံပဲ '' ဆိုင်ကယ်ရပ်သွားတော့ ဖူးငုံပွင့်ဆိုင်ကယ်ပေါ်ကဆင်းလိုက်ပြီး မြင်နေရတဲ့ခြံကျယ်ကြီးကို လှမ်းကြည့်လိုက်တယ်။ခြံက စိုက်ပျိုးရေးခြံဖြစ်ပုံရပြီး ခြံထဲမှာပန်းပင်တွေနဲ့ အပင်ပေါင်းစုံကို တွေ့နေရတယ်။ "ပန်းဝယ်ချင်လို့လား အစ်မလေး " ခြံထဲကိုဖူးငုံပွင့် လှမ်းကြည့်နေချိန်မှာပဲ ခြံထဲကနေပိန်သေးတို့ အရွယ်ကောင်မလေးတစ်ယောက်ထွက်လာပြီးမေးလိုက်တာမို့ ဖူးငုံပွင့် ခေါင်းငြိမ့်ပြလိုက်ပြီး ရှေ့နောက်ဝဲယာကို လှည့်ပတ်ကြည့်လိုက်မိတယ်။သေချာပြီးဆိုမှ ခြံထဲကို ဝင်ခဲ့လိုက်ပြီး "ဒီမှာ ကိုစိုင်းနော်ဆိုတာများရှိလားညီမ " " ဟုတ်ကဲ့ ... အစ်မက အစ်ကို့ ဧည့်သည်လား ..လာပါရှင်...ခြံနောက်မှာ အစ်ကိုရှိပါတယ် " ကောင်မလေးခေါ်ရာနောက်ကို ဖူးငုံပွင် အသာလိုက်လာခဲ့လိုက်တယ်။ခြံနောက်ကို ရောက်တော့ အမိုးသာမိုးထားပြီးအကာမရှိတဲ့ တဲလေးအတွင်းမှာ သစ်သားစားပွဲရှည်တစ်ခုနဲ့ ထိုင်ခုံတွေ ချထားတာကိုတွေ့လိုက်ရပြီး ယောကျာ်းတစ်ယောက် ထိုင်နေတာကိုလဲတွေ့လိုက်ရတယ်။ "အစ်မ ဒီမှာခဏထိုင်ပါအုံးနော် ..အစ်ကို့ကို သွားခေါ်ပေးပါ့မယ် " ကောင်မလေးက ဖူးငုံပွင့် ကို တဲထဲကခုံမှာထိုင်စေပြီး ခြံနောက်ကစိုက်ခင်းတွေရှိရာဆီကို ထွက်သွားခဲ့တယ်။ဖူးငုံပွင့်ခုံမှာထိုင်လိုက်တော့ အရင် ထိုင်နေတဲ့လူက ဖူးငုံပွင့်ကို မော့ကြည့်ပြီးပြုံးပြလာတယ်။ဖူးငုံပွင့်လဲ ခေါင်းကိုညွှတ်လိုက်ပြီး ပြုံးပြနှုတ်ဆက်လိုက်တယ်။အဲ့ဒီအခါ ထိုလူကဖူးငုံပွင့်ကို ပြူးတူးပြဲတဲ့သေချာကြည့်နေပြီး "မင်း ..မင်း ... မင်းကို ငါသိနေတယ်... ဟုတ်တယ်သေသေချာချာကို သိနေတယ် ..." သူပြောမှ ဖူးငုံပွင့်လဲ သူ့မျက်နှာကိုသေချာကြည့်လိုက်မိပြီး မှတ်မိသလိုလိုဖြစ်လာတယ်။သူကတော့ ဖူးငုံပွင့်ကိုသေချာစူးစိုက်ကြည့်နေရာမှ "သိပြီး ....မင်းကိုမှတ်မိပြီး...မင်းက ငါ့ခေါင်းကိုပေါက်အောင်လုပ်ခဲ့တဲ့စွာတေးလန်မလေးမဟုတ်လား...မင်းကနည်းနည်းလေး ချောလာတော့ ဖြုန်းခနဲမမှတ်မိဘူးဖြစ်သွားတယ် ..ဒါနဲ့ တို့နှစ်ယောက်ရေစက်ပါလို့ ပြန်တွေ့ကြတာပဲကွ ...ဒါနဲ့ မင်းနာမည်က ဘယ်သူ " သူပြောတဲ့ရေစက်ဆိုတာကြီးကို ဖူးငုံပွင့်စိတ်တိုသွားမိတယ်။ဘယ်နှယ့်ခိုးကြောင်ခိုးဝှက်လာနေပါတယ်ဆိုမှ အသိနဲ့မှလာတွေ့နေရတဲ့အဖြစ်။ အခုချိန်မှ မသိပါဘူးလို့ ဇွတ်ငြင်းလို့လဲရမဲ့ပုံမပေါ်ပေ။မျက်နှာတင်းတင်းနဲ့ပဲ ဖူးငုံပွင့်ပြန်နှုတ်ဆက်လိုက်ရတော့တယ်။ " မတွေ့တာကြာပြီးနော် ...ရှင်က ဒီမြို့မှာနေတာလား.....ဒါနဲ့ ရှင့် အဘွားရဲ့ ပျောက်ဆုံနေတဲ့စည်းစိမ့်တွေကိုရော ပြန်ရှာတွေ့လား...ကျွန်မကတော့ အဒေါ် အမွေရတဲ့ တိုက်ခန်းလေးမှာနေပြီး.... အရောင်းဆိုင်ကြီးတစ်ခုမှာ အရောင်း၀န်ထမ်းလုပ်နေပါတယ်ရှင် ... " ဖူးငုံပွင့်ခပ်ရွဲ့ရွဲ့နဲ့မေးလိုက်တော့ သူကပြုံးရယ်လိုက်ပြီး "မင်းကလဲ အမှတ်ကြီးလိုက်တာကွာ ... အဲ့ဒီတုန်းက မင်းကိုစချင်လို့ နောက်လိုက်တာပါ ..ဒါနဲ့ မင်းက ဒီမြို့မှာနေတာလား ..အလည်လာတာလား ..ကိုယ်က သူငယ်ချင်းဆီ လာလည်တာ ..."

အလုပ်သမားတစ်ယောက်ဖြစ်ပြီး သူတို့မှာလဲ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်ဆိုတာကို အချို့သူဋ္ဌေး တွေကလက်မခံနိုင်ဖြစ်တတ်ကြတယ်။အိမ်အကူတစ်ယောက်ကို ငွေဝယ်ကျွန်တစ်ယောက်လို သဘောထားပြီး တစ်ရက်မှာ (၂၄)နာရီလုံးခိုင်းချင်တဲ့အချိန် ခိုင်းလို့ရတယ်လို့ သက်မှတ်ထားတဲ့ မမညိုတို့လို ဘ၀င်မြင့်မောက်မာတတ်သူတွေရဲ့ပုံစံလို့ပဲ ဆိုရမလား။ဖူးငုံပွင့် ရှည်ရှည်ဝေးဝေးပြောမနေတော့ဘဲ ရန်ကုန်ကပါလာခဲ့တဲ့ကျောပိုးအိတ်အဟောင်းလေးကိုပဲ လွယ်ပြီး ထွက်လာခဲ့လိုက်တယ်။ @@@@@@@@@@@@@@@@@@@@ အပိုင်း(၁၀ ) ဆက်ရန် #ဧကြည်ဖြူ