803
Подписчики
+424 часа
+167 дней
+4630 день
Архив постов
#မုန်းမာန်
(အခန်းဆက် ဝတ္ထုရှည် )
အပိုင်း (၃)
*********
" မိတုတ်ရယ် ... ငွေရှာတာလဲရှာဟဲ့ ... မိုးထဲလေထဲ ဈေးလိုက်မရောင်းနဲ့ ... ဘူတာထဲမှာပဲရောင်းပါအေ "
" အင်းပါ မတူးရဲ့ ...မိုးကျလာတော့ ..ဘူတာမှာအရောင်းပါးလို့ပါ "
ဖောက်သည်ယူထားသော ဟင်းရွက်များကို အစည်းကြီးမှ အစည်းသေးပြင်စီးရင်း မိတုတ်ပြန်ပြောလိုက်သည်။မိုးဖြိုင်ဖြိုင်ကျလာပြီဖြစ်သောကြောင့် ဘူတာထဲတွင် စိုစိုစိုစိစိနှင့် နေ၍မကောင်းသလို နေထိုင်သူလည်းများလာသည်။ယခင်က လမ်းဘေးတွင်နေထိုင်သူများသည် အမိုးရှိသောဘူတာရုံအတွင်းသို့ ဝင်ရောက်လာကြသည်။ပြီးလျှင် သင်္ဃန်းကျွန်းဈေးသည် ညဘက်ဆိုလျှင် နယ်စျေးသည်များဆင်းလေ့ရှိသောကြောင့် မိတုတ်တို့လို အိမ်ခြေရာမဲ့များအား ရှောင်တခင်၀င်ရောက်ဖမ်းဆီးမှုသည်လည်း မရှိသလောက်ရှားသည်လေ။ထို့အတွက်အိမ်ရာမဲ့များသည် ဈေးသည်များ၊ကုန်ထမ်းသမားများနှင့်ရောယောင်နေထိုင်ကြသည်။မိတုတ်အနေနှင့် ဘူတာထဲနေ၊ဘူတာထဲစား၊ဘူတာထဲအိပ်ရသည့်ဘ၀ကို စိတ်ပျက်နေမိပြီဖြစ်သည်။ပိုင်ဆိုင်တာဆို၍ အဝတ်သုံးစုံနှင့်ခင်းအိပ်စရာ ပီနန်အိတ်တစ်လုံးသာရှိသောဘ၀။တစ်နေ့ ပိုက်ဆံနှစ်ဆယ်ရှာနိုင်လျှင်ထမင်းတော့ နပ်မှန်သည်။စားတော့ထမင်းထုတ်၊ သွားတော့ ဈေးဘူတာအိမ်သာ၊ အိပ်တော့ဘူတာစင်္ကြန်။ သောက်တော့ လမ်းဘေးရေအိုးစင်။မိတုတ်မြို့သာကုန်းကို လွမ်းသည်။အမေ့ကို လွမ်းသည်။အဝတ်အစား ညစ်ညစ်ပတ်ပတ်များနှင့်နေရသည်ကို မိတုတ်မုန်းသည်။ထမင်းကို ကျွတ်ကျွတ်အိပ်နှင့်စားရသောဘဝကို မိတုတ်မုန်းသည်။ဝါညစ်ညစ် သနပ်ခါးခဲများကိုလက်ပေါ်တွင်ရေနှင့်ဖျော်လိမ်းရသောဘဝကို မိတုတ်မုန်းသည်။ညရောက်လျှင်အိပ်စရာနေရာရရေးအတွက် နေရာလုရသော၊ ဘူတာခရီးသွားများရှင်းသည်အထိထိုင်စောင့်နေရသောဘဝကို မိတုတ်မုန်းသည်။မုန်းသည် အားလုံးကိုမိတုတ်မုန်းပါသည်။
~~~~~~
"အေးနွယ်ရဲ့ နင့်အစား ငါသေချင်တယ် ....နင့်အဖေနဲ့ နင့်အစ်ကိုသာသိရင် ...နင့်ကိုသတ်လိမ့်မယ် ..ပြောလေ ဒီကိုယ်ဝန်ဘယ်သူနဲ့ရတာလဲ "
သမီးဖြစ်သူအေးနွယ်အား ပခုံးနှစ်ဖက်မှဆွဲကိုင်လှုပ်ခါပြီးဒေါသတကြီးနှင့် ဒေါ်ရီမေးလိုက်သည်။
အေးနွယ်မဖြေပါ။အောက်နှုတ်ခမ်းကို ပေါက်ထွက်လုမတတ်အပေါ်သွားနှင့် ဖိကိုက်ထားလိုက်သည်။
"ဘုံး ...ဘုံး "
မေး၍မရသောကြောင့် အေးနွယ်၏ကျောပြင်ကို ဒေါ်ရီတဘုံးဘုံးမြည်အောင်ရိုက်ပစ်လိုက်သည်။ထိုမျှအရိုက်ခံနေရသော်လည်း အေးနွယ်တင်း၍ခံနေသည်။
"အေး ..မဖြေနဲ့ ...နင့်ဖအေနဲ့နင့်အစ်ကိုလာမှ ... နင့်ကို သတ်ချင်သတ်ကြပါစေ ငါထိုင်ကြည့်နေမယ် "
မိခင်ဖြစ်သူ ပြောချင်ရာပြောပါစေ အေးနွယ်သည်ခေါင်းကိုငုံ့လျက်ရှိုက်၍သာ ငိုနေမိသည်။အေးနွယ်နှင့်တစ်ယောက်သောသူသာသိသော ထိုအဖြေအတွက် မိခင်ဖြစ်သူကို ပြောပြလိုက်လျှင် သောကမီးသည် ငြိမ်းအေးသွားမည့်အစားပို၍ တောက်လောင်လာလိမ့်မည်ဟု အေးနွယ် ထင်သည်။သို့အတွက်ကြောင့် အေးနွယ်မှားမှန်းမသိမှားခဲ့သောအမှားကို အေးနွယ်တစ်ယောက်သာရင်စည်းခံရန်ဆုံးဖြတ်ထားမိသည်။အဖြစ်သည် လွန်ခဲ့သော သုံးလခန့်မှစတင်ခဲ့ခြင်းဖြစ်သည်။
~~~~~~~
"မရီရေ ...ငါ့ညီတစ်ဝမ်းကွဲမြင့်မောင် မနက်ဖြန်လာလိမ့်မယ်...ဒီမှာဆယ်ရက်ကျော်လောက်နေလိမ့်မယ် .... သူတို့ ကျေးဇူးတွေ ငါတို့အပေါ် မနည်းဘူး ...မင်းဂရုစိုက်ပေးအုံး ....."
"စိတ်ချပါတော် ...ရှင်မပြောလဲ ကျုပ်သိပါတယ် "
ယောကျာ်းဖြစ်သူ၏ စကားကို ဒေါ်ရီကပြန်ပြောရင်း အိမ်၏ အပေါ်ထပ်သို့တက်လာခဲ့သည်။အပေါ်ထပ်တွင် ဆယ်တန်းဖြေထားသောသမီးအငယ်လေး အေးအေးနွယ်ရှိနေသည်။
"အေးနွယ် ဟဲ့ကောင်မလေး...ဘာတွေလုပ်နေလဲ ...ခေါ်မကြားအော်မကြားနဲ့ "
အခန်းပြင်မှ မိခင်၏အသံကြောင့် အေးနွယ်ဖတ်လက်စ ၀တ္တုစာအုပ်ကို အိပ်ရာအောက်သို့ ခပ်မြန်မြန်ထိုးထည့်လိုက်ရသည်။မိဘများနှင့် အစ်ကိုကြီးဖြစ်သူသည် ကျောင်းစာမှလွဲ၍ ပြင်ပစာများဖတ်လျှင် မကြိုက်။ အေးနွယ်ကလည်း စာမြင်လျှင်ဖတ်ချင်သည်။ကျောင်းတက်နေတုန်းက ပြင်ပစာမဖတ်ရဆိုသည်ကို အေးနွယ်လက်ခံသည်။ယခုလို ကျောင်းပိတ်ချိန်ရောက်လျှင်မူ အေးနွယ်စာဖတ်ချင်သည်။စာအုပ်များထဲမှ အေးနွယ်မသိသော၊ မရောက်ဖူးသောဒေသများအကြောင်းလည်းသိရသည်။မိခင်ဖြစ်သူပြောသကဲ့သို့ ဝတ္ထုစာအုပ်များဖတ်သောကြောင့် ရည်စားထားချင်စိတ်ဖြစ်ပေါ်လာသည်မှာမဟုတ်ကြောင်းကို အေးနွယ်ပြောပြချင်သည်။လက်ရှိအေးနွယ်ဖတ်နေသော၀တ္တုသည် အချစ်၀တ္ထုဖြစ်သည်။၀တ္ထုထဲမှ ဇာတ်ကောင်မိန်းခလေးသည် မချောသော်လည်း စိတ်ကောင်းရှိသည်။လှလှပပ သပ်သပ်ရပ်ရပ်နေတတ်သည်။မိဘကိုကူညီတတ်သည်။မနက်လင်းလာလျှင် ဘုရားသော်တော်ရေလဲခြင်းက အစပြုပြီး အိမ်၏အသုံးအဆောင်ပစ္စည်းများကိုသန့်ရှင်းသပ်ရပ်အောင်ထားတတ်သည်။ထမင်းအိုးဟင်းအိုးမှစ ပန်းကန်ခွက်ယောက်များကို ဖိတ်ဖိတ်တောက်အောင် အမြဲတိုက်ချွတ်ဆေးကြောပြီး မိခင်ကို ကူညီတတ်သူဖြစ်သည်။ ထိုသို့သောစာများကို ဖတ်ပြီးသောအခါ၌ အေးနွယ်လည်း အမေ့ကိုကူညီချင်လာသည်။သမီးလိမ္မာလေး ဖြစ်ကြောင်းပြောပြချင်လာသည် ။သို့အတွက် စာအုပ်စာပေများကို လွတ်လွတ်လပ်လပ်ဖတ်ရှုခွင့် ပေးဖို့တောင်းဆိုချင်လာသည်။သို့သော်လည်း မပြောရဲ။ပြောဖို့သတ္တိမရှိပါလေ။
"မုန်းမာန် " အခန်းဆက်ဝတ္ထုစ/ဆုံး ကို Kpay (or ) Wave 1000 Ks ဖြင့်ဝယ်ယူဖတ်ရှုလို့ရပါတယ်။
*အထူးပြောချင်တာက 1000 Ks ပေးသည်ဖြစ်စေ / မပေးသည်ဖြစ်စေ မည်သူမဆို .ဝင်ရောက်ဖတ်ရှု/share / Copy (ကလောင် အမည်ပြောင်းခွင့်မပြုပါ ) ပြုလုပ်လို့လဲရပါတယ်
၀တ္ထုက ရေးပြီသားမဟုတ်ဘဲ နေ့စဉ် ရေးသားပြီး အကောင့် /p age နဲ့ ဂရုတွေမှာ public နဲ့ တစ်ပြိုင်တည်းတင်ပေးသွားမှာဖြစ်ပါတယ်။နေ့စဉ်တင်ပေးသွားမှာဖြစ်ပြီး တစ်ခါတစ်ရံ ကျမ်းမာရေး၊ အလုပ်တာဝန်များကြောင့် ရက်ပျက်တာမျိုးလဲ ရှိနိုင်ပါတယ်။ဖတ်ရှုအားပေးကြသူများကို ကျေးဇူးအထူးတင်ရှိပါတယ်။
KPay
Lai Lai Win
09773745413
wave
09773745413
Lae Lae Win
"မစောရယ် မိတုတ်ကို ရောင်းခိုင်းကြည့်ပါအုံး ... မစောဖောက်သည်ပေးရင် အမြတ်နည်းနည်းပဲကျန်မှာ ...သူ့ကိုရောင်းခိုင်းကြည့် ညနေရထားမလာခင် ကျိန်းသေကုန်တယ် ...အမြတ်လဲများများကျန်မှာနော် "
မတူးအဖြစ်က ငါးပိသည်ကအိပ်နေပြီး ဆားသည်ကခွေးမောင်းဆိုသည်အဖြစ်မျိုး။မိတုတ်ကတော့ မတူး၏ချဉ်ပေါင်းဗန်းနားမှာ သနပ်ခါးအဖွေးသားနှင့် ထိုင်လို့။မတူးမှာတော့ လာသမျှတော ဈေးသည်တွေကို ဈေးကူရောင်းပေးပါမယ်ဆိုပြီးလိုက်စပ်ရတာ အမော။ဈေးသည်တွေက မတူးနှင့် ခင်မင်နေကြသော်လည်း မိ တုတ်ကိုတော့ မသိကြသေးဘူးလေ။တောဈေးသည်တွေက သူတို့ ပါလာသောဟင်းသီးဟင်းရွက်၊ အသီးအနှံကုန်များအား မြို့ဈေးသည်များဆီမှာ ဖောက်သည် ပေးပြီးပြန်သူများရှိသလို ကိုယ်တိုင် ဘူတာစျေးလေးထဲတွင် ရောင်းချပြီး ညနေရထားနှင့်ပြန်သူများလည်းရှိသည်။မိတုတ်မှာအရင်းအနှီးရှိလျှင်ဖြင့် တော ဈေးသည်များထံမှ ကုန်များဖောက်သည်ယူပြီး ဘူတာဈေးထဲတွင် ထိုင်ရောင်းရုံနှင့်တစ်နေ့ကို ဆယ့်ငါးကျယ်နှစ်ဆယ်မြတ်နိုင်သည်။ခက်သည်မှာ မိတုတ်ထံတွင် ဈေးရင်းစရာ ငွေသုံးလေးဆယ်မပြောလေနှင့်ငွေတစ်ဆယ်ပင်မရှိ။ထို့ကြောင့်ပင်
မတူးမှာ မိတုတ်၀င်ငွေရရှိရေး ကြိုးစားနေခြင်းဖြစ်သည်။မိတုတ်ကတော့ မိုးလင်းသည်နှင့် ဆပ်သွေးသနပ်ခါးခဲကို လက်ပေါ်တင် သွေးပြီး ခြေဆုံးခေါင်းဆုံးလိမ်းသည်။ပြီးလျှင် မတူး၏ချဉ်ပေါင်းဗန်းကို သူ့စျေးဗန်းအလား ပြင်ဆင်လေတော့သည်။မိတုတ်သည် အလုပ်လုပ်သည့်နေရာတွင် မတူးထက်စေ့စပ်သည်။သေသပ်သည်။ သန့်ရှင်းသည်။သူလည်း လှလှပပနေသည်။ရောက်စက အဝတ်တစ်ထည်ကိုယ်တစ်ခုနှင့် ဖြစ်သော်လည်း ယခုအခါမူ ဒေါ်စိန်လှယူလာပေးသော အဝတ်ဟောင်းသုံးလေးစုံနှင့် ဖြစ်နေလေပြီ။
~~~~
" မိတုတ်ရေ ... နင်ဒီလိုအလုပ်မရှိ တစ်ရက်ရှိတစ်ရက်နဲ့ဆိုရင် ကလေးမွေးရင် နင့်မှာပိုက်ဆံရှိမှာမဟုတ်ဘူး ..ငါတို့လဲနင့်ကို မချေးနိုင်ဘူး .. နင်လဲအရင်းအနှီးရှာပြီး ဈေးရောင်းတာ ပိုအဆင်ပြေလိမ့်မယ် ...နင့်မှာ စုထားတဲ့ငွေဘယ်လောက်ရှိပြီလဲ "
မတူး၏ အမေးကြောင့် မိတုတ်က ချွေးခံအင်္ကျီလေးကို စမ်းကြည့်လိုက်ပြီး
"စုထားတဲ့ ပိုက်ဆံရှိတော့ရှိတာပေါ့ ....ဒါပေမဲ့ ဒီပိုက်ဆံက ကျုပ်ကလေးမွေးရင်း အိမ်နဲ့ထားချင်လို့ပါ ...ကျုပ်ကလေးကို မတူးရဲ့ကလေးတွေလို လမ်းပေါ်မှာမနေစေချင်ဘူး "
"အမယ်လေး ဗိုင်းတာမရယ် .. ကြီးကျယ်လိုက်တာအေ....ညည်းက အိမ်ငှါးမလို့ပေါ့လေဟုတ်လား ... အိမ်လခက တစ်လက အနည်းဆုံး တစ်ရာ့ငါးဆယ်နှစ်ရာ..စပေါ်ကအနည်းဆုံး တစ်ထောင်နှစ်ထောင်လောက်တင်ရမှာ...အဲ့ဒီငွေ ညည်းမှာရှိသလား ပြော "
" အိမ်စပေါ်က နှစ်ထောင်ဟုတ်လား "
မတူးစကားကြောင့် မိတုတ်ငိုချင်သွားမိသည်။
"ည ညဆို ...ဟိုအရက်သမား သံလုံးက မိတုတ်ကိုလာလာကြည့်တယ် မတူးရဲ့ ...ပြီးတော့ သူက ပြောသေးတယ် သူနဲ့လိုက်အိပ်မလားတဲ့...အဲ့ဒါကြောင့် မိတုတ် အိမ်နဲ့နေချင်တာ "
" ဘာ ... ဒီသေနာကောင်တွေကတော့နော် ... သူတို့ခေါ်ရင် နင်လိုက်မသွားနဲ့နော် မိတုတ်ကြားလား "
"မလိုက်ပါဘူး မတူးရယ် ...မိတုတ်မှာ မောင်မောင်ရှိပြီးသား... တခြားယောကျာ်းတွေနဲ့ အိပ်လို့ ဘယ်ဖြစ်မလဲ "
မတူးသက်ပြင်းရှိုက်လိုက်မိသည်။မိတုတ်အဖြစ်က မရူးမကောင်းဖြစ်နေရုံမျှမက ဗိုက်ထဲမှာလည်း ကလေးနှင့်ဖြစ်သောကြောင့် မတူးမိန်းမချင်း ကိုယ်ချင်းစာမိသည်။ဘူတာဆိုသည်မှာလည်း လူပေါင်းစုံ ၀င်ထွက်သွားလာနေကြသော နေရာဖြစ်သောကြောင့် မိတုတ်ကဲ့သို့ ရုပ်ရည်သနားကမားနှင့် မိန်းမတစ်ယောက်အတွက် အန္တရာယ်ရှိသည်မှာ အမှန်။ယုတ်စွအဆုံး ယောကျာ်းဖြစ်သူ ကိုရေခဲကိုပင်လျှင် မတူးမယုံကြည်။စိတ်မချ။အလွတ်မပေးရဲပေ။မိတုတ်က အ နေတည်တံ့ပြီး အထိမခံ ဆတ်ဆတ်ကြဲဖြစ်၍သာ တော်ပေသေးသည်။
"အဲ့ဒါကြောင့် ပြောတာပေါ့မိတုတ်ရဲ့ ..ရှိတဲ့ပိုက်ဆံလေးနဲ့ ဈေးအရင်ရင်းလိုက်..ပြီးမှ ငွေပြန်စုလေအေ ..ပြီးတော့ ရသမျှပိုက်ဆံကို စုပဲစုမနေနဲ့ စားလဲစားအုံး ...တော်ကြာကလေးမွေးရင်း အားမရှိဘဲနေမယ် "
မတူးအား မိတုတ်ခေါင်းငြိမ့်ပြလိုက်မိသည်။မတူးပြောသည်မှာလည်းမမှား ပိုက်ဆံကိုနှမြောသောကြောင့် မိတုတ်အစားလျှော့စားနေခဲ့သည်။မနက်ဆိုလျှင် အကြော်တစ်ခုဝယ်စားလိုက်သည်။နေ့ခင်ကျလျှင် ထမင်းတစ်ထုပ်ဝယ်ပြီး အကြော်နှင့်စားလိုက်သည်။ညဘက်တွင် မိတုတ်ထမင်းမစားပါ။မရွေးတစ်ထုပ်ဝယ်စားပြီးရေအ၀သောက်ပစ်လိုက်သည်သာ။
~~~~~
"အသီးတွေမသယ်ပါနဲ့ မိတုတ်ရဲ့ ... ဟင်းသီးဟင်းရွက်ပဲတစ်နိုင်ယူရောင်းစမ်းပါ ... တော်ကြာ ကလေးထွက်ကျနေမယ် "
ဈေးဗန်းကို မနိုင်မနင်းသယ်မနေသော မိတုတ်ကို မတူးကလှမ်းပြောလိုက်သည်။
"အခု ဘယ်သွားရောင်းအုံးမလို့လဲ "
" ရုပ်ရှင်ရုံဘက်သွားရောင်းမလို့ပါ မတူးရဲ့ ...အဲ့ဒီဘက်က ဈေးနဲ့ဝေးတော့ ရောင်းရတယ် "
"ညည်းနဲ့ မပေါ့မပါးကြီးနဲ့အေ .. ဘူတာမှာပဲ ထိုင်ရောင်းစမ်းပါ အေ အချိန်တန်ရင်ကုန်မှာပေါ့ "
" မြန်မြန်ကုန်တော့ မြန်မြန်ပိုက်ခံရတာပေါ့ မတူးရဲ့ "
မတူးတားနေသည့်ကြားမှ မိတုတ်စျေးဗန်းကိုရွက်လျက် ရုပ်ရှင်ရုံရှိရာဘက်သို့ ထွက်ခဲ့သည်။
~~~~~~
အပိုင်း (၃ ) ဆက်ရန်
#ဧကြည်ဖြူ
မင်္ဂလာပါရှင်
"ငါလဲ သေချာတော့ မသိဘူးဟဲ့ ... နင်တို့ ကြည့်ရှုလိုက်ပါအုံးဟယ် ...သူကစျေးရောင်းရဲတယ် ... ခုန ငါ့သရက်သီးတောင်းတွေကို အော်ရောင်းနေတာမြင်တယ်မဟုတ်လား .... တောဈေးသည်တွေတတ်လာရင် သူဈေးကူရောင်းပေးတတ်တာကို ပြောပြလိုက်ပါအေ ... သူ့တစ်ဝမ်းတစ်ခါးတော့ လောက်မှာပေါ့ "
ဒေါ်စိန်လှသည်ပြောရင်း သက်ပြင်းချမိသလို မတူးသည် လည်း သက်ပြင်းရှည်ကြီးချမိလေသည်။
~~~~~
"မိတုတ်ရေ ... အဒေါ်ကြီးသွားမယ်နော် ...နင် ဒီဘူတာမှာနေခဲ့ကြားလား ...."
" အဒေါ်ကြီးက ဘယ်သွားမှာလဲ ....ဒီမှာနေမှာမဟုတ်ဘူးလား "
မိတုတ်သည် ဒေါ်စိန်လှကို ပြန်မေးလိုက်သည်။
"အဒေါ်ကြီးက ဒီကကုန်တွေဝယ်ပြီး ...ပြည်ကိုပြန်ရမှာ...သဘက်ခါဆိုပြန်လာမယ်.... မိတုတ်က ဒီမှာနေပြီး ... စျေးသည်တွေလာရင် အဒေါ်ကြီးကိုကူရောင်းပေးသလို ကူးရောင်းမယ်လို့ ပြော....အဲ့ဒီကရတဲ့ပိုက်ဆံနဲ့ထမင်းဝယ်စားပေါ့ ....သူက မတူးတဲ့... မိတုတ်မသိတာရှိရင် မတူးကိုမေးနော် ကြားလား "
"ဟုတ်ကဲ့ ..အဒေါ်ကြီး "
မိတုတ်ခေါင်းငြိမ့်ပြလိုက်သောအခါ ဒေါ်စိန်လှရင်ထဲ အောင့်ခနဲ ဖြစ်သွားမိသည်။ခဏတာဆုံစည်းလိုက်ရသည့် သံယောဇဉ်ကြိုးက ဒေါ်စိန်လှကို ရစ်ပတ်ချင်သည်။သားသမီးချင်းကိုယ်ချင်းစာစိတ်သည် ဒေါ်စိန်လှရင်၌ ဖြစ်ပေါ်လာသည်။သို့သော်လည်း အိမ်၌ကျန်ခဲ့သော လင်ဖြစ်သူအရက်သမားကို မြင်ယောင်မိသောအခါ ဒေါ်စိန်လှ ခေါင်းကို ခပ်သွက်သွက်ခါယမ်းလိုက်မိ၏။ မိန်းမမြင်လျှင် အလွတ်မပေးချင်သောသင်းသည် မိတုတ်လိုရုပ်ရည်သနားကမားမျိုးကို အလွတ်ပေးလိမ့်မည်မဟုတ်မှန်း ဒေါ်စိန်လှသိနေသည်လေ။မိမိခေါ်သွားသည်ထက်စာလျှင် မတူးတို့နှင့် ဘူတာထဲထားခဲ့ရသည်မှာ ပို၍စိတ်ချရပေသည်။ဘူတာသည် လူပြတ်သည်ဟူ၍မရှိဘဲ အချိန်တိုင်းလိုလို လက်လီလက်ကားစျေးသည်များနှင့် စည်းကားနေတတ်သည်လေ။
~~~~~~
နေ့အလင်းရောင်သည် တစ်စစပျောက်ကွယ်၍ ဘူတာထဲတွင် ခပ်မှိန်မှိန် မီးသီးများလင်းလာသည်။ဘူတာစင်္ကြန်၏ တစ်နေရာတွင် သံတိုင်ကိုမှီထိုင်ကာမိတုတ် ငိုက်နေမိသည်။
မတူးက မိသားစုနှင့်အတူ ထမင်းစားရင်း မိတုတ်ကိုလှမ်းကြည့်လိုက်သည်။ဘ၀တူတွေဖြစ်သောကြောင့် မတူးကိုယ်ချင်းစာမိသည်။မိတုတ်ထက်စာလျှင် မိမိအခြေအနေက သာသေးသည်ဟု မတူးထင်မိသည်။မတူးမှာ သုံးနှစ်အရွယ်သမီးတစ်ယောက်နှင့် အခါလည် အရွယ်သားတစ်ယောက်ရှိသလိုကုန်ထမ်းကျွေးနေသော လင်ယောကျာ်းရှိသေးသည်လေ။မတူးထိုင်နေရာမှ ထလိုက်ပြီး မိတုတ်ရှိရာဆီသို့ လျှောက်သွားလိုက်သည်။
"မိတုတ် နင်ဘာစားပြီးပြီးလဲ "
" မိတုတ် ထမင်းစားပြီးပြီ မတူး ..ဈေးကူရောင်းပေးလို့ရတဲ့ ပိုက်ဆံနဲ့ ဝယ်စားလိုက်တယ် "
ဘူတာမှ ဈေးထဲသို့သွားသောလမ်းဘေးထမင်းဆိုင်လေးကို မေးငေါ့ပြပြီး မိတုတ်ပြန်ဖြေလိုက်သည်။
''မတူးရယ် မိတုတ်ရေချိုးချင်လိုက်တာ ...မိတုတ်ခန္ဓာကိုယ်က ညစ်ပတ်ပြီးနံစော်နေတာပဲ ရွံလိုက်တာ "
မိတုတ်အပြောကြောင့် မတူးပြုံးလိုက်မိလိုက်သည်။
"အမယ်လေး မိတုတ်ရယ် ...ညည်းနဲ့ဖြစ်ရလေ ... ရေကဟိုဘက်မှာချိုးလို့ရတယ် တစ်ခါချိုးမှ တစ်မတ်ရယ် .. နင့်မှာ အဝတ်အစားအပိုပါလို့လား ..."
"မပါဘူးလေ ...အိမ်မှာကျန်ခဲ့တယ် "
" အင်း ... ရေချိုးကန်မှာ ရေလဲ အဝတ်တော့ ငှါးတယ် ... အလကားငှားတာတော့ မဟုတ်ဘူး ..ပိုက်ဆံပေးရတယ် .... ငါ့မှာလဲရှားရှားပါးပါး ထဘီသုံးထည်ပဲ ရှိတာ ...ညည်းကို တစ်ထည်ငှားပါမယ်အေ....လာ ငါနဲ့လိုက်ခဲ့ "
~~~~~
"ဟယ် ...မတူးထဘီက အပြဲကြီးတော့ မိတုတ်မဝတ်ချင်ဘူး "
လက်တစ်ဝါးခန့် ပြဲနေသော မတူး၏ ထဘီကိုမိတုတ်ကိုင်ကြည့်ပြီး စိတ်ပျက်လက်ပျက်နှင့် ပြောလိုက်မိသည် ။
" ဒါက အကောင်းဆုံးထဘီဟဲ့ မိတုတ်ရဲ့ ...ဒါကိုမဝတ်ချင်လဲ ဈေးထဲမှာသွားဝယ်လေ ....အသစ်ယူမလား.. တစ်ပတ်နွမ်းယူမလားရတယ် ....ငါတို့တော့ တစ်ပတ်နွမ်းထဘီမပြောနဲ့ ဘေထုတ်ထဲက စကပ်ဟောင်းဘောင်းဘီးဟောင်းတွေတောင် မ၀ယ်နိုင်ဘူးတော်ရေ ... ညည်းမှာပိုက်ဆံရှိရင် သွားဝယ်လေ "
မတူးအမြင်ကပ်ကပ်နှင့် ပြောလိုက်သည်။
"မရှိဘူးလေ ... ပိုက်ဆံကဘယ်ကရှိမှာလဲ ...ရတဲ့ပိုက်ဆံလဲ ထမင်းဝယ်စားလိုက်လို့ ကုန်သွားပြီတော့ "
"ဒါဆိုလဲ ငါ့ထဘီကို ခဏယူဝတ်ပေါ့အေ ...မနက်ဖြန် နင်အလုပ်ရအောင် ငါပြောပေးမယ် ... အလုပ်ကပိုက်ဆံရမှ ဘေထုတ်ထဲက အဝတ်တစ်စုံလောက်သွားဝယ်ပေါ့ "
~~~~~
မတူးပေးထားသော ပီနန်အိတ်ပေါ်တွင် မိတုတ်လှဲအိပ်လိုက်ရင်း ဗိုက်ကိုလက်နှင့်အသာစမ်းလိုက်မိသည်။ခေါင်းအုံးမရှိ၊ စောင်မရှိဖြင့်လက်တစ်ဖက်ပေါ်ခေါင်းတင်အိပ်ရင်း မိတုတ်မျက်ရည်ကျမိသည်။အိမ်ကိုလည်းလွမ်းသည်။အမေ့ကိုလည်းလွမ်းသည်။ပြီးလျှင် ချစ်ရသောမောင်မောင့်ကိုလည်လွမ်းသည်။မောင်မောင်သည် မိတုတ်ကိုမချစ်ပါ။တို့အတူ အမေသည်လည်း မိတုတ်ကို မချစ်ဟု မိတုတ်ထင်မိသည်။တကယ်ဆိုလျှင် မိတုတ်ဗိုက်ထဲက ကလေးသည် မေမေကြီးတို့ကို ဒုက္ခပေးနေသည်မှမဟုတ်ဘဲ မိတုတ်ဗိုက်ထဲ သူ့ဘာသာနေသည်ကို ရန်ရှာနေကြခြင်းဖြစ်သည်။ကလေးကိုတော့ အထိမခံနိုင်ပါ ။မောင်မောင်နှင့်ဝေးရလျှင်လည်း မိတုတ်နေနိုင်နေပါပြီလေ။
~~~~~
"မရှိဘူးတော့ ... အမေမရှိဘူး ... အလေးအပင်တွေမရင် ကျုပ်ကလေးဒုက္ခရောက်မှာဆိုတော့ မ မတော့ပါဘူး ... မိတုတ်ဈေးရောင်းတတ်တယ် ... ထမင်းချက်အဝတ်လျှော်လဲလုပ်တတ်တယ် ..မြို့သာကုန်းမှာလုပ်နေကျပဲ ... အဒေါ်ကြီးခိုင်းပါလား ..... ပိုက်ဆံတော့ပေးရမယ်နော် "
"အမယ်လေး မခိုင်းနိုင်ပါဘူးအေ...ငါလဲညည်းလို လမ်းပေါ်က လူပါပဲအေ...ညည်းထက်သာတာဆိုလို့ အလုပ်အကိုင်ရှိတာပဲသာတာ...ကဲပါအေ ငါသွားတဲ့ဆီသာလိုက်ခဲ့...ညည်းရှာစားတတ်ရင် ထမင်းတော့ မငတ်ပါဘူး ... ခု ညည်းဗိုက်ဆာနေတယ်မဟုတ်လား ...ရော့ဒီမှာပိုက်ဆံအသုပ် သွားဝယ်စား "
"ရတယ် မစားပါဘူး ..အလုပ်လုပ်ပြီးမှစားမယ် ...သူများပိုက်ဆံကို အလကားမယူပါဘူး "
"အမယ်လေး မယ်မင်းကြီးမရယ် ... မာနကလဲကြီးပအေ...ဒီမှာခဏနေအုံးညည်းအတွက် ရထားလက်မှတ်သွားဝယ်အုံးမယ် "
ဒေါ်စိန်လှသည် ပြောရင်းနှင့် သက်ပြင်းရှည်ကြီးကိုချလိုက်ပြီး လက်မှတ်ရုံဆီသို့ထွက်ခဲ့သည်။
~~~~~~
"ဘော် ... ဘော် "
ရန်ကုန်ဘူတာကြီးအတွင်းသို့မြိုပတ်ရထားဝင်လာသည်နှင့် ထိုင်နေကြသော၊ ရပ်နေကြသော လူများသည် သူ့ထက်ငါ အလုအယက်ပြေးလွှားကြရင်း ရထားပေါ်သို့တက်ရန် ကြိုစားကြလေသည်။အချို့လည်း ဘူတာ ပါးမဝသောကြောင့် ဆိုက်လာသည့်ရထားကိုဘာရထားမှန်းမသိဘဲရှိကြလေသည်။လက်မှတ်ရောင်းသူကလဲ လက်မှတ်သာရောင်းနေသည် ဘယ်ရထားရယ်ရှင်းပြနေသည်မဟုတ်။ရထားထွက်ခါနီးကျမှသာ ဘယ်လှော်ကယ်ရထားဖြင့် ထွက်ပါတော့မည်ဆိုပြီးကြေငြာသည်။သည်အခါမှ အပြေးအလွှား အလုအယက် တက်ကြသူများလည်းရှိကြသည်။ဒေါ်စိန်လှကတော့ ဘူတာပါးလည်းဝ၊ ရထားစီးပါးလည်းဝနေသူဖြစ်သောကြောင့် ရထားလမ်းကြောင်းကို ကျွမ်းကျင်နေပြီဖြစ်သည်။
"မိတုတ်ရေ ...ဟဲ့ကောင်မလေး လာ..လာ ...ဒီလက်ဆွဲခြင်းတွေက ပေါ့တယ် ဆွဲခဲ့ ... လာဟဲ့ ... "
"ဟုတ်ကဲ့ ဒေါ်ကြီး ... ဟုတ်ကဲ့ "
"ဟဲ့ ....ဖြည်းဖြည်းတက်... တော်ကြာချော်လဲမှ... ငါပါကြားထဲက ဒုက္ခရောက်နေပါမယ် မရွှေချောရေ "
ရထားပေါ်သို့ အပြေးအလွှား တက်သွားသောမိတုတ်ကို ဒေါ်စိန်လှက လှမ်းအော်လိုက်သည်။စင်္ကြန်တစ်လျှောက်ရှိလူများအားလုံးနီးပါးလည်း ရထားပေါ်သို့ အလုအယက် တက်ကြလေသည်။အတန်ငယ်ကြာလျှင် မြို့ပတ်ရထားသည် ဥဩသံပေးလျက် တဂျိမ်းဂျိမ်းတဂျုတ်ဂျုတ်နှင့် စတင်မောင်းနှင်ထွက်ခွါလေသည်။
~~~~~
"မိတုတ်ရေ အဆင်သင့်ပြင်ထားတော့မ ရှေ့ဘူတာဆိုဆင်းရတော့မှာ ...ဒီဘူတာမှာကလူဆင်းလဲများ
တယ် ... ပြီးတော့ ခဏပဲရပ်တာမို့ သွက်သွက်ဆင်းမှရမှာ ...ခုနလိုပဲ ဆွဲခြင်းဆွဲခဲ့နော် "
"ဟုတ်ကဲ့ပါ အဒေါ်ကြီး "
မိတုတ်သည် ဒေါ်စိန်လှကို ပြန်ဖြေရင်း ရထားရပ်သည်နှင့် လူများကြားတိုးဝှေ့ဆင်းလိုက်သည်။မိတုတ်၏ လျင်မြန်သွက်လက်ပုံကို ဒေါ်စိန်လှမှာအံ့ဩဘနန်းဖြစ်ရလေသည်။
ရထားသည် ဘူတာတွင် အတန်ငယ်မျှရပ်ပြီးနောက် ဆက်လက်ထွက်ခွါသွားလေသည်။ ဘူတာထဲတွင်လည်း ဈေးသည်အများစုသာ ကျန်ခဲ့လေသည်။
"ကဲ ..မိတုတ်ရေ ...ညည်းဈေးရောင်းရဲတယ်ဆိုရင် ....သရက်သီးတွေကို အမြန်ကုန်အောင်ရောင်းပေးစမ်းအေ ... ရောင်းပြီးတာနဲ့ပိုက်ဆံပေးမယ် ဟုတ်ပြီလား "
" မိတုတ်ရောင်းရဲပါတယ် အဒေါ်ကြီးရဲ့ ....အဒေါ်ကြီးသရက်သီးတွေက ဘယ်လိုရောင်းမှာလဲ ပြော ..မိတုတ်အော်ရောင်းမယ် "
~~~~~
"သူကဘယ်သူတုန်း ဒေါ်ကြီးစိန်လှရဲ့ "
ချဉ်ပေါင်းသည်မတူးသည် အသုပ်စားနေသော မိတုတ်ကို ကြည့်၍ ဒေါ်စိန်လှကို မေးလိုက်သည်။
"သူ့ကိုယ်သူ မိတုတ်လို့တော့ ပြော တာပဲ ... ဘူတာကြီးမှာတွေ့လို့ ဒီကိုခေါ်လာခဲ့တာ ... ဟိုမှာ သူဘယ်လိုရှာဖွေစားသောက်မလဲ ... ဘာပဲဖြစ်ဖြစ် ဒီမှာကညည်းတို့တွေရှိသေးတော့ သူ့အတွက်ပိုအဆင်ပြေမလားလို့ပါ "
မတူးတို့မှာမိသားစုလိုက် ဘူတာထဲတွင်ပင် နေထိုင်ကြပြီးလုပ်ကိုင်စားသောက်ကြသောကြောင့် ဒေါ်စိန်လှကပြောလိုက်ခြင်းဖြစ်သည်။
"နေတာကတော့ရပါတယ် ဒေါ်ကြီးစိန်လှရဲ့ ...ဒီလိုပဲဒီမှာက ကျွန်မတို့လို အိမ်ရာမဲ့တွေအများကြီးရှိတာပဲဟာ ...ဒါပေမဲ့သူ့ကြည့်ရတာပုံမှန်မဟုတ်ဘူးထင်တယ်နော် "
မတူး ပြောလိုက်သောအခါ ဒေါ်စိန်လှသည် မတူး၏ချဉ်ပေါင်းဗန်းထဲမှ သရက်သီးတစ်ဖက်ကို ကောက်ယူဝါးလိုက်ပြီး
"မူမမှန်တာတော့ ဟုတ်တယ်ဟေ ... ဒါပေမဲ့မာနတော့ ကြီး ချက်ပါအေ...ဗိုက်ဆာတယ်ဆိုလို့ ပိုက်ဆံပေးတာကို အလုပ်မလုပ်ရသေးလို့ မယူဘူးတဲ့အေ...ရထားပေါ်မှာ သရက်သီးမှည့်လေးတစ်လုံးတောင် မနည်းကျွေးရတာ...ဈေးလဲကူရောင်းပြီးရော ကျုပ်ပေးတဲ့အထိတောင် မစောင့်ဘူးတော်ရေ ...သူ့လုပ်အားခပေးဆိုပြီး တောင်းတာပဲ ...ပိုက်ဆံလဲ ပေးလိုက်ရော ... အသုပ်ဆိုင်ပြေးတာပဲတော် "
"အမယ် ...ဒီလိုကျတော့လဲ ...ဒေါ်စိန်လှလူက မလွယ်ပါလားတော့ ..."
ချဉ်ပေါ်သည်မတူးသည် ပြောရင်းဖြင့် တဟီးဟီးနှင့်ရယ်လိုက်သည်။
" မလွယ်တာတော့ အမှန်ပဲအေ့ ...သူ့မှာကိုယ်ဝန်ကြီးနဲ့တဲ့ မတူးရဲ့ "
" ဟော့တော့ ...သူကကိုယ်ဝန်ကြီးနဲ့ ဟုတ်လားဒေါ်စိန်လှ "
မတူး မျက်လုံးအပြူးသာနှင့်မေးလိုက်ရင်း အသုပ်စားနေသော မိတုတ်ကို ကြည့်လိုက်မိသည်။ထိုအခါ မဆိုစလောက်ပူနေသော ဗိုက်ကို သတိထားလိုက်မိလေသည်။
#မုန်းမာန်
(အခန်းဆက်ဝတ္ထုရှည်)
အပိုင်း ( ၂ )
*********
ဗိုက်ဆာလွန်း၍ မိတုတ် ဗိုက်ထဲမှ တဂွီဂွီမြည်နေလေပြီ။ မိတုတ်ကြောင်ကြောင်အအနှင့် တောင်မြောက်အရုပ်ရှစ်မျက်နှာသို့ လိုက်၍လှည့်ပတ်ကြည့်ရှုလိုက်သည်။လူများ တစ်ယောက်နှင့်တစ်ယောက်ရှောင်၍ မလွတ်အောင် များပြားရှုပ်ထွေးနေသော မြင်ကွင်းကို အံသြတကြီးနှင့်ပင် မိတုတ်ငေးကြည့်နေမိသည်။ဤမျှ များပြားလှသောလူလုပ်ကြီးကို မိတုတ်ပထမဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်သည်။ညတုန်းကတော့ ရထားပေါ်မှဆင်းပြီး အိပ်ချင်စိတ်နှင့်လူအများအိပ်နေသော နေရာနားတွင်မိတုတ်ဝင်အိပ်ခဲ့သည်။မည်သည့်အရပ်သို့ ရောက်နေသည်ကိုလည်း မိတုတ်မသိ။ သေချာသည်မှာ သည်နေရာက မိတုတ်တို့၏ မြို့သာကုန်းမဟုတ်သည်ကိုတော့ မိတုတ်သိသည်။
မိတုတ်ဗိုက်ဆာဆာဖြင့်ဟိုသည်လမ်းလျှောက်နေရင်းမှ သရက်သီးခြင်းတောင်းများကြားတွင်ထိုင်နေသော မိန်းမကြီးတစ်ယောက်နားသို့သွားရပ်လိုက်ပြီး မိမိသိချင်သည်ကို မေးလိုက်သည်။
"အဒေါ် ကြီး ...ဒါက ဘယ်နေရာလဲဟင် "
ခြေတစ်ဖက်ကို ဆတ်ခနဲဆတ်ခနဲခါကာ လမ်းလျှောက်လာသောမိတုတ်ကို ဒေါ်စိန်လှခပ်စောစောကတည်းကပင် လှမ်းကြည့်နေမိခြင်းဖြစ်သည်။ဆံပင်တိုတို မျက်နှာဝိုင်းဝိုင်းနှင့် ကြည့်ပျော်ရှုပျော်ရှိသော မိန်းမငယ်လေးတစ်ယောက် ဘူတာကြီးထဲတွင် အဝတ်တစ်ထည်ကိုယ်တစ်ခုနှင့် ကြောင်တိကြောင်တောင်ဖြစ်နေပုံကို အမှုမဲ့အမှတ်မဲ့ကြည့်နေမိခြင်းသာဖြစ်သည်။ယခုမူ သူမတွက်ဆထားသည့်အတိုင်း မိန်းမငယ်လေးက သူမကိုလာရောက်မေးမြန်းသည်ကိုကြုံလိုက်ရလေသည်။
"ဒါ ရန်ကုန်ဘူတာကြီးလေအေ ..ညည်းကဘယ်သွားမလို့တုန်း "
ရန်ကုန်ဘူတာကြီး ဆိုသော စကားကြောင့် မိတုတ်ခေါင်းကိုတဖြင်းဖြင်းကုတ်လိုက်မိပြီး
" ရန်ကုန်ဘူတာကြီးက မြို့သာကုန်းနဲ့ဝေးသလား အဒေါ်ကြီး "
"ဟဲ့ ... ဘယ်ကမြို့သာကုန်းလဲ မသိပါဘူးအေ ... ကျုပ်သိတာတော့ ရန်ကုန်မဟုတ်ရင် ရန်ကုန်ဘူတာကြီးနဲ့ဝေးတာပဲအေ ... ညည်းက ဘယ်သွားမလို့တုန်း "
ဒေါ်စိန်လှက စူးစမ်းသလို ကြည့်ရင်း မေးလိုက်သည်။
"ဘယ်သွားရမှန်းမသိဘူး...မြို့သာကုန်းမှာမနေချင်လို့ ထွက်လာတာပဲ ..ဗိုက်တွေလဲ ဆာလိုက်တာ အဒေါ်ကြီးရယ် ... အဒေါ်ကြီးတောင်းတွေကို မိတုတ်သယ်ပေးမယ်လေ ....မိတုတ်ကို ပိုက်ဆံပေးမလား ... ဟိုမှာရောင်းနေတဲ့ ကြာဆံသုပ်လေးဝယ်စားချင်လို့ပါ တော် "
"ညည်းနာမည်က မိတုတ်လား ... ငါ့သစ်သီးခြင်းတွေက သင်္ဃန်းကျွန်းရထားလာမှတင်မှာ...ညည်း ဗိုက်ဆာနေရင် ငါ၀ယ်ကျွေးပါ့မယ်အေ "
ဒေါ်စိန်လှက မိတုတ်ပုံစံကို ရိပ်စားမိပြီး ဂရုဏာသက်စွာပြောလိုက်မိသည် ။
"ဟင့်အင်း အလုပ်မလုပ်ဘဲနဲ့တော့ သူများကျွေးတာမစားချင်ပါဘူး .... အဒေါ်ကြီးပြောတဲ့ ရထားလာရင် ဒီတောင်းတွေကိုတင်ပေးမယ် ...အဲ့ဒီကျရင်တော့ ပိုက်ဆံပေးနော် "
" ဪ ... အေးပါ ...ဒါနဲ့ ညည်းက ဘယ်ကလဲ ... ဘယ်ကိုသွားမှာလဲ "
မိတုတ်ကို ကြည့်ပြီး ဒေါ်စိန်လှမနေနိုင်မထိုင်နိုင် ထပ်ပြီးမေးလိုက်သည်။
" မြို့သာကုန်းက လာတာလေ ... ဘယ်မှာနေရမှန်းလဲမသိပါဘူး ...ဒီမှာပဲနေရမှာပေါ့ ... ဟိုမှာ သူများတွေလဲ နေနေကြတာပဲဟာ "
မိတုတ်၏ အဖြေကြောင့် ဒေါ်စိန်လှသက်ပြင်းချလိုက်မိ၏။
"ဒုက္ခပါပဲအေ .. ဒီမှာနေလို့တော့ ရမှာမဟုတ်ဘူး..သူတို့ကခရီးသွားတွေလေ ..ဒီလိုလုပ်အေ... ငါနဲ့ သင်္ဃန်းကျွန်းဘူတာကိုညည်းလိုက်ခဲ့ ...ဟိုမှာက ဈေးလဲရှိတော့ ... ဘူတာထဲမှာနေလို့ရတယ်...စားဖို့သောက်ဖို့လဲ ရှာစားရတာလွယ်တယ်...လိုက်မှာလား "
"လိုက်မှာပေါ့ အဒေါ်ကြီးရဲ့ ... အဲ့ဒီမှာ အလုပ်လုပ်လို့ရတယ်မဟုတ်လား ... မိတုတ်အလုပ်လုပ်ပြီး ပိုက်ဆံရှာရမယ် ... မိတုတ်ဗိုက်ထဲက ကလေးကိုမွေးရအုံးမယ်လေ "
"ဟေ ... ဘယ်လို...ကလေးမွေးရအုံးမယ်ဟုတ်လား ... ဘုရားရေ ဒါဆို ညည်းကကိုယ်ဝန်ကြီးနဲ့ပေါ့ "
ဒေါ်စိန်လှမှာ မိတုတ်ကို ကြည့်ပြီးဘုရားတလိုက်မိသည်။မိတုတ်ကတော့ သူ့ဗိုက်ပေါ်တွင် လက်တစ်ဖက်တင်ပြီး ခေါင်းကို ငြိမ့်လျက်ပြုံး၍နေသည်။ဒေါ်စိန်လှမှာသာ မိတုတ်ကို ကြည့်ပြီးသက်ပြင်းတချချ ။
"ညည်းကကိုယ်ဝန်ကြီးနဲ့ဆိုတော့... ဒီတောင်းတွေ သယ်လို့ဘယ်ဖြစ်မလဲအေ "
ဒေါ်စိန်လှညည်းညူညူနှင့်ပြောလိုက်မိသည်။
"ရပါတယ်တော့ ...မိတုတ်နိုင်ပါတယ် အဒေါ်ကြီးရဲ့ ...မိတုတ်လုပ်နေကျပါ ... မြို့သာကုန်းမှာဆိုရင် မိတုတ်ရေလဲထမ်းတယ်...အဝတ်တွေလဲလိုက်လျှော်ပေးတယ် ... မြောင်းတွေလဲ ပေါက်နိုင်တယ် "
ဒေါ်စိန်လှကို အားတက်သရောနှင့် မိတုတ်ပြောလိုက်သည်။
"ညည်းအရင်ကလုပ်နိုင်လဲ အခု လုပ်လို့မရဘူး မရွှေချောရဲ့ ... ညည်းဗိုက်ထဲမှာ ကလေးလေးရှိတယ်ဆို ... အလေးအပင်တွေမရင် ညည်းဗိုက်ထဲက ကလေးဒုက္ခရောက်လိမ့်မယ် သိရဲ့လား...ဒုက္ခပါပဲအေ...ညည်းမှာ အမေအဖေတွေ မရှိဘူးလား...ကိုယ်ဝန်က ဘယ်နှစ်လ ရှိနေပြီလဲ "
ဒေါ်စိန်လှ၏မေးခွန်းကြောင့် မိတုတ်တွေခနဲဖြစ်သွားပြီမှ ခေါင်းကိုခပ်သွက်သွက်ခါယမ်းလိုက်သည်။
မိတုတ်တစ်ယောက်ရေကန်ဟောင်းကြီးနားတွင် ထိုင်၍ငိုနေလေသည်။မောင်မောင်နှင့်လည်းမခွဲနိုင်။ဗိုက်ထဲက ကလေးကိုလည်းသနားမိသောကြောင့်
မိတုတ်မှာ မဝေခွဲနိုင်ဖြစ်နေရလေသည်။ရေကန်ဟောင်းနားတွင်မိတုတ်နင့်အတူအခြားအမျိုးသမီးတစ်ယောက်ပါထိုင်နေလေသည်။
~~~~
"အမယ်လေးဟုတ်ပါတယ် မမကြီးရယ်... ဒါကျွန်မသမီးမိတုတ်ပါပဲ၊ ဟော့ဒီမှာ သူ
သွားလေရာယူသွားတတ်တဲ့မှန်နဲ့ပေါင်ဒါမှုန့်ဘူးရယ်၊သူကြိုက်တဲ့ပစ္စည်းတွေထည့်ထားတဲ့အထုတ်ပါ... အမလေး ကျွန်မသမီးလေးတော့သေရှာပြီပေါ့"
ပြောရင်းနှင့်မိတုတ်၏မိခင်ဒေါ်အေးကြည်သည်ပုံပျက်ပန်းပျက်ဖြစ်နေသောအလောင်းကိုကြည့်ပြီးအော်ဟစ်ငိုလေတော့သည်။
ဒေါ်နုနုတို့မိသားစုကတော့မိတုတ်ဟုတ်မှန်ကြောင်းကိုသေသေချာချာအတည်ပြုနိုင်ပြီဖြစ်၍ ရင်ထဲမှအပူလုံးကြီးကျသွားကြဟန်ဖြင့်စိတ်သက်သာရာရသွားကြလေ၏။
"မိနု သေချာကြည့်စမ်း... မိတုတ်ဟုတ်ရဲ့လားလို့ "
"ဟုတ်မယ်ထင်တယ် အမေ။မိတုတ်ပျောက်နေတာ ကြာပြီလေ ။အခုအလောင်းကပုပ်ပွနေတော့ ရုပ်ပျက်နေပြီ အမေရဲ့ "
ထိုစဉ်မှာပင် ဒေါ်နုနုတို့အိမ်မှ အလုပ်သမားတစ်ယောက်အပြေး ရောက်လာပြီးလျှင် မောင်မောင့်အနားသို့ကပ်၍ တစ်စုံတရာကို ပြောလိုက်လေသည်။ထိုသူ၏ စကားဆုံးသောအခါ မောင်မောင်တစ်ယောက် ဘွားအေဖြစ်သူနှင့် မိခင်ကို ဝမ်းသာအားရပြောလိုက်၏။
"အဘွား. .. အမေ... သားမိန်းမမှာကိုယ်ဝန်ရှိနေပြီတဲ့၊ ဒီနေ့ပဲ ပြန်လာဖို့ ဖုန်းဆက်ပြီးလှမ်းခေါ်နေတယ် "
" အို... ဝမ်းသာလိုက်တာ၊ မင်္ဂလာရှိလိုက်တဲ့သတင်း ၊သားမြန်မြန်ပြန်တော့ ...သားဦးဆိုတာဂရုစိုက်ရတယ်ကွဲ့၊မကြာခင်
အမေတို့လိုက်လာခဲ့မယ်လို့သမီးလေးကိုပြောလိုက် "
"ဟုတ်ကဲ့...အမေ၊ "ဟုတ်ကဲ့ အဘွား "
မောင်မောင်သည်ငိုနေသော မိတုတ်၏မိခင်နှင့်အလောင်းကိုကျောခိုင်း၍ ပျော်ရွှင်စွာပြေးထွက်သွားလေသည်။
~~~~~~..~
လူများပျားပန်းခပ်မျှရှုပ်ထွေးစည်ကားနေသောဘူတာရုံအတွင်းသို့ရထားတစ်စီးဝင်ရောက်လာလေသည်။ရထားရပ်သွားသည်နှင့်တစ်ပြိုင်နက်လူအများရထားပေါ်သို့အလုအယက်ပြေးတက်ကြလေသည်။မိတုတ်လည်းအများနှင့်အတူရထားပေါ်သို့တိုးကြိတ်
တက်လိုက်လေ၏။မိတုတ်နှင့်အပြိုင်မိန်းမတစ်ယောက်လည်းအတင်းတိုးတက်လာပြီး မိတုတ်ကိုတွန်းတိုတ်သွားသောကြောင့်မိတုတ် ဒေါသတကြီးရန်တွေ့လိုက်လေသည်။
"ဟဲ့... ဘာဖြစ်လို့တွန်းတာလဲ ...ကျုပ်ဗိုက်ထဲက ကလေးနာသွားရင်ဘယ်လိုလုပ်မလဲ၊
နောက်တစ်ခါတွန်းရင်ပါးရိုက်ပစ်မယ်ကြားလား "
မိတုတ်သည်ထိုအမျိုးသမီးအားကြိမ်းမောင်းပြောဆိုပြီး ဗိုက်ကိုလက်ဖြင့်ကာ၍ချောင်ကျကျနေရာတွင်သွားထိုင်လေသည်။ထိုင်နေရင်းမှမှန်ကြည့်ရန်သတိရသော်လည်းရေကန်ဟောင်းကြီးနားတွင် အထုတ်မေ့ကျန်ခဲ့သည်ကို ပြန်သတိရသွားပြီး ပြတင်းပေါက်မှမြင်ရသော လမ်းဘေးရှုခင်းများအားငေးမော လျက်လိုက်ပါခဲ့လေသည်။
@@@@@@@@@@@@@
အပိုင်း( ၂ ) ဆက်ရန်
#ဧကြည်ဖြူ
မင်္ဂလာပါရှင်
" " အခန်းဆက်ဝတ္ထုစ/ဆုံး ကို Kpay (or ) Wave 1000 Ks ဖြင့်ဝယ်ယူဖတ်ရှုလို့ရပါတယ်။
*အထူးပြောချင်တာက 1000 Ks ပေးသည်ဖြစ်စေ / မပေးသည်ဖြစ်စေ မည်သူမဆို .ဝင်ရောက်ဖတ်ရှု/share / Copy (ကလောင် အမည်ပြောင်းခွင့်မပြုပါ ) ပြုလုပ်လို့လဲရပါတယ်
၀တ္ထုက ရေးပြီသားမဟုတ်ဘဲ နေ့စဉ် ရေးသားပြီး အကောင့် /p age နဲ့ ဂရုတွေမှာ public နဲ့ တစ်ပြိုင်တည်းတင်ပေးသွားမှာဖြစ်ပါတယ်။နေ့စဉ်တင်ပေးသွားမှာဖြစ်ပြီး တစ်ခါတစ်ရံ ကျမ်းမာရေး၊ အလုပ်တာဝန်များကြောင့် ရက်ပျက်တာမျိုးလဲ ရှိနိုင်ပါတယ်။ဖတ်ရှုအားပေးကြသူများကို ကျေးဇူးအထူးတင်ရှိပါတယ်။
KPay
Lai Lai Win
09773745413
wave
09773745413
Lae Lae Win
လာကြလေ၏။အားလုံးမောင်မောင့်အခန်းဝရောက်ချိန်မှာတော့ အခန်းထဲမှ မြင်ကွင်းကြောင့်အားလုံးထိတ်လန့်တုန်လှုပ်သွားကြလေ၏။အခန်းထဲတွင်တော့ စောင်တစ်ထည်ကိုခြုံပြီးထိုင်နေ
ကြသောမောင်မောင်နှင့်မိတုတ်။ပထမဆုံးသတိဝင်လာသူကမောင်မောင့်မိခင်ဒေါ်နုနုပင်။စိတ်ထက်လှသူမို့ မိတုတ်ပါးကိုဘယ်ပြန်ညာပြန်ရိုက်ပြီးမိုးမွန်
အောင်ဆဲလေတော့သည်။
"လင်တရူးမ ...အရူးမရဲ့ ၊အရူး ... အရူးနဲ့အိမ်
ဦးခန်းချေး(ချီး )တက်ပါတာပေါ့လေ "
ဒေါ်နုနုက မိတုတ်ကိုအယုတ္တအနတ္တစုံနေအောင်ဆဲဆိုပြီးမောင်မောင့်ကိုပါ ရိုက်လေတော့သည်။ရိုက်သည်မှအဆက်
မပြတ်ရိုတ်နေတာမို့ဘွားအေဖြစ်သူဝင်ဆွဲမှရပ်လေတော့၏။
****
ပြဿနာဖြစ်ပြီးနောက်နေ့ပဲမောင်မောင့်အား အမျိုးတွေဆီသို့ ပို့ပစ်လိုက်င်္ပြး တစ်လအတွင်းမှာပင်သူဌေးသမီးတစ်ယောက်နှင့်ပေးစားလိုက်ကြလေသည်။ဒါကိုမိတုတ်ကမသိ။မောင်မောင်မရှိတော့မစားနိုင်မအိပ်နိုင်တပိန်ပိန်တလိန်လိန်ဖြစ်လာတော့
သည်။အိမ်ကြီးရှင်တွေကမူ မသိကျိုးကျွံပြုကာခိုင်းမြဲခိုင်းလျက်ပင်။
~~~~~~~
ရက်တွေလစားလို့နှစ်လကျော်သုံးလအကြာတွင် မိတုတ်အခြေအနေကတမျိုးဖြစ်လာလေ၏။တစ်နေ့သောအခါ အလုပ်လုပ်နေရင်း မိတုတ်မူးလဲတော့သည်။မိတုတ်၏မိခင်ကစိုးရိမ်တကြီးဆေးခန်းသွားရန်
ပြင်ဆင်နေစဥ် ဒေါ်နုနုတို့သားအမိ
ရောက်လာပြီး
" ညည်းသမီး ဘာရောဂါဖြစ်တယ်
ဆိုတာ ...ညည်းအသိဆုံးနေမှာပေါ့၊
ဆေးခန်းသွားပြစရာမလိုဘူး။
ဒီကိစ္စကိုဘယ်သူမှမသိစေနဲ့...ကျန်တဲ့ပြဿနာကိုငါတို့
ဖြေရှင်းပေးမယ်။ပြီးရင်ညည်းတို့သားအမိဝေးရာကိုပြောင်းကြပေတော့။ လိုသလောက်ငွေကိုပေးလိုက်မယ် "
~~~~~~
မိတုတ် ခုတင်ပေါ်တွင် အိပ်
ပျော်နေရာမှ လန့်နိုးလာပြီး မိခင်ဖြစ်သူအားလှမ်း၍မေးလိုက်လေသည်။
"အမေ ...ကျုပ်ကိုဘာလို့ ..ဒီမှာ အိပ်ခိုင်းထားတာလဲ "
"ညည်းနေမကောင်းလို့...ဆေးထိုးပေးမလို့ပါအေ "
အဲသည့်အချိန်၌ အခန်းထဲသို့ ဒေါ်နုနုနှင့်မိန်းမကြီးတစ်ယောက်ဝင်လာလေသည်။ထိုမိန်းမကြီးမှာ ခပ်ဝေးဝေးရပ်ကွက်တစ်ခုမှ ကလေးဖျက်ချရာတွင်နာမည်ကြီးလှသောသူတစ်ယောက်ဖြစ်သည်ကိုနေရာအနှံ့စျေးလိုက်ရောင်းဖူးသော မိတုတ်ကသိလေသည်။ကျပ်မပြည့်သော်လည်းအခြေအနေကိုရိပ်စားမိသွားသော မိတုတ်အိပ်နေရာမှ ဆက်ခနဲထထိုင်လိုက်ပြီးလျှင်
"အမေ ကျုပ်ကိုဘာလုပ်မလို့လဲ... ကျုပ်က
လေးကိုသတ်မလို့လား.. မလုပ်ဘူးနော် မလုပ်ရဘူး "
မိတုတ် အကြောက်အကန်ငြင်းဆန်ပြီး အခန်းထဲမှပြေးထွက်သွားလေတော့သည်။ထိုနေ့ထိုအချိန်မှစ၍ မိတုတ်တစ်ယောက်မောင်မောင်တို့အိမ်သို့ လုံးဝပြန်မလာတော့ပေ။
~~~~
မောင်မောင်တို့အိမ်တွင်လည်းမိတုတ်ကြောင့်မုန်တိုင်းတစ်ခုဖြစ်ပေါ်နေရလေသည်။
" ကလေးကိုမွေးခိုင်းလို့မဖြစ်
ဘူး။သူများတွေသိရင်ငါတို့ဂုဏ်သိက္ခာကိုထိခိုက်မယ် "
" ဟဲ့ မိအေးကြည်...ညည်းသမီးကိစ္စကို ...ညည်းကိုယ်တိုင်ရှင်းမလား၊ ငါတို့ရှင်းရမလား"
"ကျွန်မ...ကျွန်မရှင်းပေးပါ့မယ် မမကြီး၊
မိတုတ်ကိုကလေးဖျက်ခိုင်းဖို့ကမလွယ်
တာမို့ ...ကျွန်မတို့သားအမိဘယ်သူမှမသိ
အောင်တော်ရာနေရာမှာသွားနေပါ့မယ်၊ ပြီးတော့ကလေးမွေးပြီးဇာတ်မြှုပ်နေပါ့မယ် "
" ဘာ... ဘာပြောတယ်မိအေးကြည်၊ ကလေးကိုမွေးရအောင်ညည်းတို့လိုအရူးမျိုးနဲ့
ငါတို့သွေးသားက တူလို့တန်လို့လား၊ညည်းမို့ရာရာစစပြောထွက်တယ်၊ဒီမှာဟေ့... ရှင်းရှင်းပဲပြောမယ်...ငါတို့သွေးသားကိုညည်းတို့လိုလူမျိုးတွေဆီမှာမရှင်သန်စေရဘူး၊ မိတုတ်ကိုတွေ့အောင်ရှာပြီးခေါ်လာခဲ့၊ မဟုတ်လို့
ကတော့ခင်မမအကြောင်းကိုသိ
တယ်နော် "
~~~~
မောင်မောင်ပြန်လာပြီဆိုသောသတင်းကြောင့်မိတုတ် မောင်မောင်တို့အိမ်နားသို့မယောင်မလည် ပြန်ရောက်လာလေသည်။မောင်မောင်က မိတုတ်အား ထွက်တွေ့ပြီးချော့မော့လျက် အိမ်ထဲခေါ်သွား၏။
"မိတုတ်ရယ်... ဘယ်တွေများလျှောက်
သွားနေတာလဲ...အစ်ကိုလေးပြန်ရောက်နေတာ..နှစ်
ရက်တောင်ရှိနေပြီ "
"မိတုတ်သိပါတယ်တော်... မေမေကြီးတို့ကို
ကြောက်လို့မလာတာပါ"
"အေးပါ ထားလိုက်တော့ ...မိတုတ် ဗိုက်ထဲမှာကလေးရှိနေပြီဆို...ဒီလိုလျှောက်သွား
နေရင်. .ကလေးရောမိတုတ်ပါဒုက္ခရောက်လိမ့်မယ် "
" ဒါဆိုမိတုတ်ကဘယ်လိုလုပ်ရမှာလဲ "
"ဒီမှာ မိတုတ်... အစ်ကိုလေးပြောတာသေချာ
နားထောင်၊ဘွားဘွားတို့မေမေတို့က
တို့နှစ်ယောက်ကိုသဘောမတူတာကို
သိတယ်မဟုတ်လား။တို့တွေ သူတို့မသိအောင်ထွက်ပြေးရမှာ ။နောက်မကြာ
ခင်မိတုတ်ကို အစ်ကိုလေးလာခေါ်မယ်။အဲ့ဒါ
...အစ်ကိုလေး လာမခေါ်ခင် မိတုတ်က
...ကလေးကိုမွေးလို့မဖြစ်ဘူး ။ကလေးကို
မွေးလိုက်ရင် ဘွားဘွားတို့က အစ်ကိုလေးနဲ့မိတုတ်ကိုပြန်မဆုံအောင်ခွဲပစ်ကြမှာ "
"ဒါဆိုသူတို့မသိအောင်အဝေးကြီးမှာ...
ကလေးသွားမွေးလိုက်မယ်လေ အစ်ကိုလေး "
"မရဘူး မိတုတ်၊ ဘွားဘွားတို့ကသိပ်လည်တာ...၊မိတုတ်ကလေးမွေးလိုက်တာနဲ့အစ်ကို
လေးတို့ကိုခွဲကြမှာ၊အဲ့ဒါကြောင့်မိတုတ်က အစ်ကိုလေးနဲ့မနေချင်ဘူးဆိုရင် ကလေးကိုမွေးပေါ့၊ဒီကလေးကိုမမွေးဘူးဆိုရင် အစ်ကိုလေးပြန်ရင် မိတုတ်ကို
ခေါ်သွားမယ် "
~~~~~~
မသန်းဆင့်၏ နှစ်ကြိမ်မြောက်အမေးကြောင့်မိတုတ်က တဟီးဟီးနဲ့သဘောကျစွာရယ်နေပြီး အဝတ်များကိုတန်းမှာသွားလှန်းလေသည်။ပြီးနောက်ဆာနေသော ခြေတစ်ဖက်ကိုဆတ်ခနဲဆတ်ခနဲခါလိုက်ပြီးခေါင်းကိုတဗြင်းဗြင်းမြည်အောင်ကုတ်လေသည်။မိတုတ်၏ရှက်ကိုးရှက်ကန်းအမူအယာကြောင့်မသန်းဆင့်ကထပ်ပြီးလှမ်းစလိုက်ပြန်သည်။
"မိတုတ်တော့ ဟုတ်နေပါပြီအေ ...ညည်းရည်း
စားကမောင်မောင်မဟုတ်လား "
မသန်းဆင့်၏စကားကိုကြားသောအခါ မိတုတ်ဘေးဘယ်ညာ သို့ပြူးတူးပြဲတဲကြည့်လိုက်ပြီး
"မသန်းဆင့်ကြီးနော် ...ဘယ်သူမှ
လျှောက်ပြောမနေနဲ့ "
မိတုတ်၏ တုံ့ပြန်စကားကြောင့်မသန်းဆင့်ကပြုံးစိစိမျက်နှာဖြင့် ထပြန်သွားလေ၏။မသန်းဆင့်က ပျင်းနေသောကြောင့် မိတုတ်
အား လာစနေခြင်းပင်ဖြစ်လေသည်။တကယ်ဆိုလျှင် မိတုတ်နှင့်မောင်မောင်တို့ဘဝက မိုးနှင့်မြေကြီးပမာကွားခြားသည်
ဆိုသည်ကို လူတိုင်းသိသည်။မောင်မောင်ဆိုသည်မှာ မိတုတ်တို့ဒေသရဲ့ဒိတ်ဒိတ်ကြဲစာရင်းဝင် မြို့မျက်နှာဖုံးအိမ်၏ အထွေးဆုံးသောသား။ဘွဲ့ရပညာတတ်ဖြစ်ပြီး
ရုပ်ရည်ကလည်းချောသောအခါ မိန်းမလှလေးများဝိုင်းဝိုင်းလည်နေတာ။သည်အုပ်စုထဲ၌ မိတုတ်လည်းပါသည်ပေါ့။သည်
ကြားထဲ မိတုတ်အမေကမောင်မောင်တို့အိမ်တွင်ထမင်းချက်လုပ်နေသောအခါ မိတုတ်အခြေအနေကပိုဆိုးသွားသည်ပေါ့။
မောင်မောင်တို့အိမ်ကခိုင်းသမျှကို မိတုတ်အမေဒေါ်အေးကြည်တင်မဟုတ် ၊မိတုတ်ကပါ အခမဲ့ဝင်လုပ်ပေးနေသည်။အခမဲ့ဆို၍ သူဌေးအိမ်ကပိုက်ဆံမပေးတာတော့မဟုတ်ချေ။မိတုတ်ကိုယ်၌ကမယူတာ။မောင်မောင်တို့အိမ်က မိတုတ်အခြေအနေကိုရိပ်စားမိကြသော်လည်း ကျပ်မပြည့်သူလို့သက်မှတ်ပြီး ရေကြီးခွင်ကျယ်လုပ်မနေကြတာဖြစ်သည်။သူတို့လိုဆွေကြီးမျိုးကြီးတွေကမိတုတ်လိုအခြေအနေမျိုးကို အရေးအရာထားစရာမလိုဘဲ သူတို့ဘုန်းကံကြောင့်ကျွန်တစ်ယောက်ပေါ်ထွန်းလာသည်ပဲသဘောထားကြလေသည်။မိတုတ်ကလည်း
မောင်မောင်တို့အိမ်က မည်သူခိုင်းခိုင်းမညည်းမညူလုပ်ပေးတတ်သည်။မောင်မောင်
များခိုင်းရင် ပိုဆိုးပေါ့။မောင်မောင်ကသွားဆိုသွား။လာဆိုလာ။မောင်မောင့်အတွက်ဆို ဖိနပ်ကအစဖုန်တစ်စက်မရှိရအောင်
တိုတ်ပေးထားတတ်၏။သည်လို
အပြုအမူများကြောင့်မောင်မောင်ကလည်းမိတုတ်ကိုကောင်းကောင်းမွန်မွန်ခေါ်ပြောဆက်ဆံသည်လေ။ကြာလာသောအခါ မိတုတ်အဖြစ်က "နေမြင့်လေအရူးရင့်လေ"ဖြစ်လာသည်ပဲပြောရမလား။လူတကာကမောင်မောင်နှင့်စပြီဆိုလျှင်ကျေ
နပ်နေတတ်သည်။ကြာတော့မိတုတ်ကိုယ်တိုင်က မောင်မောင့်ကိုသူ့ရည်းစားလို့တွင်တွင်ထင်မှတ်လာတော့သည်။မောင်မောင်က ညာခိုင်းပြီးပေးကမ်းစွန့်ကြဲထားသောအဖိုးမတန်လှသည့်လက်ဆောင်ပစ္စည်းများအား ရွှေထုတ်တစ်ထုတ်သဖွယ်သေချာသိမ်းဆည်းထားလေသည်။
ပိုဆိုးတာက အရူးဘုံမြှောက်သောသူများကြောင့်လို့ပဲပြောရလေမည်လား။သူတို့ နောက်ပြောင်ကျီစယ်မှုများကြောင့်မိတုတ်အခြေအနေမှာပို၍ပို၍ဆိုးလာခြင်းဖြစ်လေသည်။မိတုတ်စိတ်သည်စားလည်းမောင်မောင်။ သွားလည်းမောင်မောင်ဖြစ်မှန်းမသိဖြစ်လာခဲ့သည်။မောင်မောင်
ပြောသမျှစကားဆိုအကုန်နာခံ၏။
မောင်မောင်က စိတ်မကြည် ချိန်"နင် ငါ
ရှေ့ မလာနဲ့ "လို့ပြောလိုက်လျှင် အဲ့သည့်
တစ်နေ့လုံးမိတုတ်အိမ်ထဲကအိမ်ပြင်ကိုမထွက်တော့ချေ။မိတုတ်၏ အဖြစ်ကို
မောင်မောင်ကရိပ်စားမိသော်လည်းသိပ်အလေးအနက်မထားဘဲခေါင်းက
လေးပုတ်လိုက်လက်ကလေးဆွဲလိုက်နှင့်နေမြဲတိုင်းသာနေလေသည်။
ပြောရလျှင်ခိုင်းကောင်း၍ညာခိုင်းနေခြင်းဖြစ်ပေသည်။
~~~~
သိပ်မကြာခင်မှာပဲ မိတုတ်၏ဝေဒနာကိုသက်သာစေသည်လား။တိုးပွားစေသည်လားမသိသော အခြေအနေတစ်ခုဖြစ်ပေါ်လာလေသည်။မောင်မောင်တို့အဘိုးရုတ်တရက်လေဖြတ်သွားသောကြောင့်ဖြစ်လေသည်။သည်သတင်းကမိတုတ်အတွက်ဝမ်းသာစရာမဟုတ်သော်လည်း ၊ပျော်စရာအခြေအနေတစ်ခုတော့ဖြစ်ပေါ်လာခဲ့လေသည်။အဘိုးကြီးကိုပြုစုစောင့်ရှောက်ဖို့ မိတုတ်တို့သားအမိမောင်မောင်တို့အိမ်ကြီးသို့ ပြောင်းရွေ့နေထိုင်ခဲ့ရသောကြောင့်ဖြစ်ပါလေသည်။မောင်မောင်အပါအဝင်တစ်အိမ်သားလုံး အဘိုးကြီးကိုတစ်နေ့တစ်ခါမျှ ပုံမှန်လာမကြည့်ကြဘဲ မိတုတ်တို့သားအမိနှင့်သာပစ်ထားလေသည်။မိတုတ်တို့သားအမိမှာ ညအိပ်တာတောင် အဘိုးကြီးအခန်းရှေ့၌ သာအိပ်ကြရလေသည်။
တစ်ည။ညသန်းခေါင်မှာ
အဘိုးကြီးကအိပ်ရာထဲနောက်ဖေး
သွားတာမို့မောင်မောင့်အဘွားက
အခန်းဝတွင်အိပ်နေကြသော မိတုတ်တို့သားအမိအား နှိုးလေ၏။အဲ့သည်မှာပြဿနာကစတာ။အိပ်ရာထဲတွင် မိတုတ်အမေဒေါ်အေးကြည်ပဲရှိလေ၏။မိတုတ်ကမရှိ။အဘိုးကြီးအား မည်သူမှမလုပ်ပေး၊မကိုင်ပေးချင်ကြသောကြောင့် မိတုတ်အားရှာသော်လည်းမတွေ့။မိတုတ်အမေဒေါ်အေးကြည် ကလည်းအိုကြီးအိုမမို့
အဘိုးကြီးကိုမနိုင်။နောက်ဆုံး၌ မိတုတ်ကိုမတွေ့သည့်အဆုံး မောင်မောင့်ကိုသွားနှိုးကြလေသည်။
~~~~~~~
အဘွားဖြစ်သူသည် မောင်မောင်အား သွားရောက်
နှိုးရင်း အခန်းထဲမှမြင်ကွင်းကြောင့်သမီးဖြစ်သူကိုအလန့်တကြားလှမ်းအော်လိုက်လေသည်။
" ဟဲ့... အမလေး လေး... နုနုတို့ရေ အမြန်လာကြ
ပါဦး ဟဲ့ "
အသံနက်ကြီးနှင့်အော်လိုက်သော အဘွားကြီး၏အသံကြောင့်အောက်ထပ်မှမောင်မောင့်အဖေအမေနှင့်အစ်မများအပေါ်ထပ်သို့ ဝရုန်းသုန်းကားပြေးတက်
#မုန်းမာန်
ယောက်ျားတစ်ယောက်ရဲ တဏှာရာဂကြောင့် ဘ၀ပျက်စီးခဲ့ရတဲ့ မိန်းမသားများ....
A Kyi တို့ရဲ့ပတ်ဝန်းကျင်မှာ
မိတုတ်နဲ့ အေးနွယ်တို့လို့ မိန်းခလေးများစွာရှိပါတယ်...
အားလုံးဘဝတွေလှပကြပါစေ...
#မိတုတ် ၀တ္ထုတိုလေးကို စာဖတ်သူတွေတောင်းဆိုမှုအရ #မုန်းမာန် အမည်ဖြင့် ခေါင်းစဉ် နာမည်ပြောင်းပြီး အခန်းဆက် ဝတ္ထုအဖြစ် နေ့စဉ်တင်ပေးသွားမှာဖြစ်ပါတယ်။
#မုန်းမာန် (#မိတုတ် )
(အခန်းဆက်ဝတ္ထုရှည်)
အပိုင်း ( ၁ )
********
(နိဒါန်း )
လူသူအရောက်အပေါက်နည်းလှသောနေရာရှိ ရေကန်ဟောင်းကြီးနားတွင် အမျိုး
သမီးနှစ်ယောက်တိတ်ဆိတ်ငြိမ်သက်
စွာထိုင်နေကြလေသည်။ထူးဆန်းသည်မှာ ထိုအမျိုးသမီးနှစ်ယောက်၏
ကိုယ်လုံးကိုယ်ထည်နှင့်အသွင်အပြင်များမှာခပ်ဆင်ဆင်တူနေကြခြင်းပင်ဖြစ်လေသည်။ဦးစွာအနည်းငယ်ပို၍ကြည့်
ကောင်းသောအမျိုးသမီးသည် ကျန်အမျိုး
သမီးအားလှမ်း၍စကားပြောလိုက်လေသည်။
" ညီမက ဒီမှာဘာလာလုပ်နေတာလဲဟင် "
" ကျုပ်လား... စိတ်ညစ်လို့ ရေထဲခုန်ချမလို့လေ "
ဖြန်ဖြေးရင်းမှအမျိုးသမီးသည် သူ၏အထုတ်ထဲမှမှန်ကိုယူထုတ်လိုက်ပြီးမျက်နှာအနှံ့သို့ တို့ဖက်နှင့်တဘက်ဘက်
ရိုတ်ရင်းမှငိုလေတော့သည်။ထိုအမျိုးသမီး၏အပြုအမူကို ပထမအမျိုးသမီး
က ကြောင်အအနှင့်ငေးကြည့်နေလေသည်။အတန်ကြာတော့မှ ထိုအမျိုးသမီး၏ မူမမှန်သောအခြေအနေကိုရိပ်စား
မိသွားပြီး ကရုဏာသက်သောမျက်ဝန်းများဖြင့် ငေးကြည့်နေလေသည်။
"ညီမလေးဘဝကလဲ သနားစရာကောင်းလိုက်တာနော် ...ကျွန်မအတွက်လဲ ... ဒီနေ့ဟာကျွန်မရဲ့နောက်ဆုံးနေ့
များဖြစ်နေမလားပဲ ...ကျွန်မလဲ
ရေထဲခုန်ချရင်ကောင်းမလား စဉ်းစားနေတာ "
ပထမအမျိုးသမီးစကားကြောင့်စိတ်ပုံမှန်မဟုတ်သောအမျိုးသမီးမှ
" ဘာဖြစ်လို့ ရေထဲခုန်ချမှာလဲ ...အစ်မကိုလဲရည်းစားကပစ်သွားလို့လား "
" သူလက်ထပ်သွားပြီလေ... အခုဆို ကျွန်မမှာလူပုံအလယ်မျက်နှာမပြရဲအောင်ဖြစ်နေရပြီ...ကျွန်မလိုကျောင်းဆရာမတစ်ယောက်က လင်ကောင်မပေါ်ဘဲကလေးမွေးရမယ့်အဖြစ်ကို ...စိတ်ကူး
ထဲမှာတောင်မတွေးရဲပါဘူး ညီမရယ် ...ရေထဲခုန်ချပြီး ကိုယ့်ကိုယ်ကိုသတ်သေဖို့ကျတော့ကြောက်လဲကြောက်တယ်...ဗိုက်ထဲက ကလေးကိုလည်းသနားတယ် "
အမျိုးသမီးနှစ်ယောက်သည်တိတ်ဆိတ်ငြိမ်သက်စွာအတန်ကြာထိုင်နေကြလေသည်။အတော်လေးကြာသောအခါ အမျိုးသမီးတစ်ယောက်သည်ကန်နှင့်ဆန့်ကျင်ရာသို့ထွက်သွားလေတော့သည်။
ကျန်ခဲ့သောအမျိုးသမီးမှာထွက်သွားသောအမျိုးသမီး၏ကျောပြင်ကိုလိုက်
လံငေးကြည့်နေပြီနောက် ကန်ရေပြင်ဘက်သို့မျက်နှာမူလိုက်ပြီး ရေထဲသို့လျင်မြန်စွာခုန်ချလိုက်လေသည်။
ထိုနေရာတွင်တော့ အထုတ်တစ်ထုတ်သာပိုင်ရှင်မဲ့စွာကျန်နေခဲ့လေသည်။
~~~~~
..မိတုတ် အဝတ်များအားဆောင့်ကာဆောင့်ကာလျှော်ဖွပ်နေရင်းမှသီချင်းတစ်ပုဒ်ကိုထပ်တလဲလဲသီဆိုနေလေ၏။
" သိပ်ချစ်တယ် ဒီက ---- ဒီကတော့
သိပ်ချစ်တာပဲ... သိပ်ချစ်တယ် ဒီက "
" ဟယ်... ကြည့်စမ်း မိတုတ်... ညည်းက
အချစ်သီချင်းတွေဘာတွေဆိုနေတယ်
ဆိုတော့ ...ရည်းစားရနေပြီလား "
မသန်းဆင့်ကမေးရင်းပြောရင်းမိတုတ်နှင့်မလှမ်းမကမ်းတွင်ဝင်ထိုင်လိုက်လေသည်။မသန်းဆင့်၏အမေးကြောင့်
မိတုတ်က တဟီးဟီးနှင့်သဘောကျစွာ
ရယ်လေ၏။မိတုတ်အကျင့်ကသည်
လိုပင် မည်သူဘာပြောပြောတဟီးဟီး
နှင့်သဘောကျနေတတ်သည်။မိတုတ်
ကိုကျပ်မပြည့်သူတစ်ယောက်အဖြစ်
အများကသက်မှတ်ထားသော်လည်းတကယ်တမ်းပြောရ လျှင်မိတုတ်က
ကျပ်မပြည့်တာလား။အပြည့်လွန်နေသည်လားဆိုတာ မည်သူမျှရေရေရာရာမဆုံးဖြတ်နိုင်ကြပေ။
မိတုတ်က အတန်းမပညာမတတ်တာကလွဲလို့ ကျန်တာအကုန်သိသည်။မိတုတ်ခြောက်နှစ်သမီးအရွယ်ခန့်ကတည်း
ကမိခင်နှင့်အတူစျေးလိုက်ရောင်းပြီး ရပ်ကွက်ထဲမှာသူ မလုပ်ဖူးတဲ့အလုပ်မရှိ
သလောက်ရှားသည်။အဝတ်လျှော်၊ထမင်းချက်
လည်းလုပ်သည်။ကလေးထိန်းလည်းရသည်။ယုတ်စွအဆုံး မြောင်းဖော်မြောင်းရှင်းတာကအစ မိတုတ်အကုန်လုပ်နိုင်လေ၏။မိတုတ်က ပိုက်ဆံလည်းသိပ်မက်သည်။ရသမျှပိုက်ဆံကိုမသုံးဘဲခြစ်ခြစ်ကုပ်ကုပ်စုဆောင်းထားတတ်သည်။မိတုတ်က သူ့အမေကိုလည်းသိပ်ချစ်သည်။ဘယ်သူဘာကျွေးကျွေးသူအ
ရင်စားလေ့မရှိဘဲ သူ့အမေအတွက်ဦးစားပေးချန်ထားတတ်သည်။ဒါတင်မ
ကသေး မိတုတ်ကဘုရားတရားလည်းကြည်ညိုတတ်ပြန်သည်။နေ့စဉ်ဘုရားကိုအသံအကျယ်ကြီးနှင့်ရှိခိုးတတ်သလို
တစ်ခါတလေအချိန်နောက်ကျလို့
ဘုရားရှိမခိုးဘဲ စျေးရောင်းသွားရသောနေ့ဆိုလမ်းသွားရင်းဘုရားစာကိုအကျယ်ကြီးအော်ဆိုပြီးဘုရားကန်တော့တတ်သူမျိုး။ဘုရားစေတီများတွေ့လျှင်စျေးတောင်းချပြီး ကမန်ကတန်းပြေးကန်တော့လိုက်သေးသည်။ပြီးတော့မိတုတ်က အလှလည်း
ကြိုက်သေးသည်။သူသွားလေရာ မှန်နှင့်ပေါင်ဒါဘူးအမြဲထည့်သွားတတ်သည်။မှန်နှင့်ပေါင်ဒါဘူး မပါဘဲမိတုတ်အပြင်သွားလေ့မရှိသလိုမိတုတ်ကိုဘယ်အချိန်ကြည့်ကြည့်သူ့မျက်နှာကအမြဲဖွေးမှုံနေတတ်သည်။ပြောရလျှင် မိတုတ်ပုံစံကလမ်းလျှောက်သောအခါ
ခြေတစ်ဖက်မသိမသာဆာနေတာကလွဲပြီး ကြည့်ပျော်ရှုပျော်သပ်သပ်ရပ်ရပ်သားသားနားနားပုံမျိုးပင်။ပြီးတော့မိတုတ်ကအရွယ်ရောက်နေပြီဖြစ်၍
ဆန့်ကျင်ဘက်လိင်ကိုလည်း စိတ်ဝင်စားတတ်နေပြီ။ဒါကို
သိသောသူများက မိတုတ်ကိုစနောက်သည့်အခါ မိတုတ်ကျေနပ်နေတတ်သည်။
"မိတုတ် ...ညည်းရည်းစားရနေပြီလား "
အလင်းချိုရဲ့ စကားကြောင့် ဒေါ်ကေသီချိုက သက်ပြင်းကိုချလိုက်ပြီး နေမခဘက်ကို ကြည့်ကာ ပြောလိုက်တယ်၊
"သမီးကို စောင့်ရှောက်ပေးပါနော် မောင်နေမခ ...သားရဲ့ အလုပ်အတွက် ကူညီနိုင်ဖို့ အန်တီစီစဉ်ပေးထားပါတယ်...အဲ့ဒါကိုတော့ လက်ခံပေးပါကွယ် ..."
"စိတ်ချပါ အန်တီ ...အလင်းကို သေချာ စောင့်ရှောက်ပါ့မယ် ...အန်တီလဲကျန်းမာရေးကို ဂရုစိုက်ပါနော် ..."
~ ~~~~
"ကျွန်တော်တို့ လက်ထပ်တော့မှာပါ အဘိုး "
နေမခနဲ့ အလင်းချို အဘိုးဖြစ်သူ ဦးလွင်ဦးနဲ့ အဘွားဖြစ်သူဒေါ်ခင်လှကို ကန်တော့လိုက်ကြတယ်။ကန်တော့ပြီးတဲ့နောက်မှာ နေမခက အဘိုးနဲ့ အဘွားရဲ့ လက်ကို ခပ်ဖွဖွဆုပ်ကိုင်လိုက်ပြီး
"သားတို့ မကြာမကြာလာခဲ့ပါမယ် အဘိုး နဲ့ အဘွား...လိုအပ်တာရှိရင်ဖုန်းဆက်ပါ ...ခိုင်းစရာရှိရင်လဲ ခေါ်ခိုင်းပါ... အဖေ့အတွက် လလည်ဆွမ်းကျွေးရင် ညအိပ်လာခဲ့ပါ့မယ် "
ဦးလွင်ဦးနဲ့ ဒေါ်ခင်လှက နေမခပခုံးကို ခပ်ဖွဖွ ဖက်လိုက်ကြပြီး ပြုံးနေကြတယ်။
~~~~~~~
"မီးက သတိုးသမီး အရံလုပ်မှာပဲ "
သဲသဲလေးက အသံစာစာနဲ့ ထပြောလိုက်တော့ နေမခက ညီမဖြစ်သူကို မျက်လုံးပြူးကြီးနဲ့ ကြည့်လိုက်ပြီး
"မလုပ်ရပါဘူး ...အသက်က ဘယ်လောက်မို့ သတိုးသမီးအရံလုပ်မှာလဲ ...ဒီကလေးမနော် ရုတ်ရုတ် မလုပ်နဲ့ ကျောင်းကိုပါ လိုက်ပို့လိုက်ကြိုခိုင်းလိုက်မယ် ဘာမှတ်နေလဲ "
" မီးက တက္ကသိုလ်ကျောင်းသူဖြစ်နေပြီနော် ကိုကို ... ကလေးမဟုတ်တော့ဘူး သိလား "
သဲသဲက ခြေလေးဆောင့်ကာ စိတ်ကောက်ပြီး အပေါ်ထပ်တက်သွားတော့ မိသားစုတွေ သဘော တစ်ကျနဲ့ရယ်လိုက်ကြတယ်။
" အမေတို့ကတော့ သားတို့ကို ဒီမှာပဲ နေစေချင်တာ ...ဒါပေမဲ့ သားတို့သဘောပါ "
မိခင်ဖြစ်သူရဲ့ စကားကြောင့် နေမခက အလင်းချိုကို ကြည့်လိုက်တယ်။
အလင်းချိုက နေမခကို တစ်ချက်မော့ကြည့်လိုက်ပြီး
"အလင်းက ဟိုအရင်ကတည်းက အန်တီနွယ်တို့နဲ့ အတူနေချင်တာ ပါ " အလင်းချိုက ပြောပြီး ရှက်ရှက်နဲ့ ခေါင်းကို ငုံ့ထားလိုက်မိတယ်။
" ဒါဆိုလဲ နေပါတော် ... ဒေါ်လေး စန်းကိုပါ ခေါ်ထားမှာပါ ဟုတ်ပြီး လား .... "
အလင်းချိုရဲ့ ပုံစံတိုကြည့်ပြီး ဘွားချိုနဲ့ ဒေါ်အေးမြနွယ်က ပြုံးစစနဲ့ ပြောလိုက်ကြကာ သဘောတကျနဲ့ ရယ်လိုက်ကြတယ်။
ရှက်ရွံ့နေတဲ့ အလင်းချိုကို နေမခ ချစ်မြတ်နိုးစွာ ကြည့်လိုက်မိပြီး အလင်းချိုရဲ့ လက်ကလေးကို ခပ်တင်းတင်းဆုပ်ကိုင်လိုက်မိတယ်။
~~~~~~
" တကူးတက လာဖိတ်တာကို မလာရင် .. စိတ်မကောင်းဖြစ်မိမှာပဲ ...ပြီးတော့ အိမ်ကို ပြန်ဖို့ မတွေးသေးဘူးလား ကိုလင်း....ထွက်လာတာ တစ်နှစ်ပြည့်နေပြီလေ ... အန်တီကလဲ မျှော်နေပြီ... အိမ်ကို မြန်မြန်ပြန်ဖို့တွေးတော့ ဥယျာဉ်မှူးကြီးရဲ့ "
အလင်းချိုက ဟန်သော်လင်းကိုကြည့်ပြီး မကျေမနပ်ပြောလိုက်တယ်။
ဟန်သော်လင်းက ဘာမှပြန်မပြောဘဲ အလင်းချိုကို ပြုံးပြီးသာကြည့်နေတယ်။
" ငါ့တို့ ပြန်မယ်ကွာ ...ဘာပဲဖြစ်ဖြစ် မင်္ဂလာဆောင်ကိုတော့ လာခဲ့ပါ ...မင်းမလာရင် သူက ကောက်နေအုံးမှာ "
~~~~~~
ခပ်ဖြည်းဖြည်းမောင်းထွက်သွားတဲ့ကားလေး မြင်ကွင်းကပျောက်ကွယ်သွားတဲ့အထိ ဟန်သော်လင်း နေရာမှာမလှုပ်မယှက်နဲ့ ရပ်ပြီးငေးကြည့်နေခဲ့မိတယ်။
ကားလေးမြင်ကွင်းထဲကနေ လုံးလုံး ပျောက်ကွယ်သွားချိန်မှာတော့ ဟန်သော်လင်း ကျေကျေနပ်နပ်ပြုံးလိုက်မိသလို မျက်ရည်စတွေက ပါးပြင်ပေါ်ကို ပေါက်ခနဲ စီးကျလာခဲ့တယ်။
@@@@@@@@@@@@@@@@@@@@@@@@@@
အစမှ အဆုံး သည်းခံဖတ်ရှုပေးခဲ့ကြတဲ့ စာချစ်သူတွေကို ကျေးဇူးတင်ရှိပါတယ်ရှင်။
ဧကြည်ဖြူ
15.7.2022
သောကြာနေ့
ဖတ်ရှုပေးကြသူများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင်
စာဖတ်ခ ၁၀၀၀ကျပ် ပေးသွင်းလိုသူများအတွက်
ပေးသွင်းရမည့် အကောင့်များမှာ
KPay
09773745413
Lai Lai Win
Wave
09773745413
Lae Lae Win ဖြစ်ပါတယ်
အားလုံးကိုကျေးဇူးအထူးတင်ပါတယ်ရှင်
LiKe & Comment & Share လေးတွေနဲ့ ကူညီပေးကြပါအုံးရှင်
ကလောင်နာမည်ဖျက်ပြီး Copy ယူခွင့်မပြုပါ
ခိုးယူသုံးစွဲခြင်းများ ခွင့်မပြုပါ
စာဖတ်သူများအားလုံးကို
ကျေးဇူးတင်ချစ်ခင်လျက်ပါ
A Kyi Phyu
#ဧကြည်ဖြူ
အလင်းကို အမှန်တိုင်း ဖွင့်မပြောနိုင်ခဲ့တာတွေအတွက်လဲ ခွင့်လွှတ်ပါ "
ဒူးထောက်ချကာ တတွတ်တွတ် တောင်းပန်နေတဲ့ ဟန်သော်လင်းရဲ့ ပခုံးကို အလင်းချိုခပ်တင်းတင်းဆုပ်ကိုင်လိုက်ပြီး " ခွင့်လွှတ်ပါတယ် ကိုလင်းရယ်..နားလည်နားလည်ပါတယ် ... ကိုလင်းမိုက်မဲ ခဲ့တယ်ဆိုရင်တောင် .. တစ်ကိုယ်ရေ ကောင်းစားဖို့အတွက်မှ မဟုတ်ဘဲ ... ရှေ့လျှောက် ဒါမျိုးတွေတော့ ထပ်မလုပ်ဖို့ တောင်းပန်းပါတယ် ....ပြီး..ပြီးတော့ အမေ့ကိုလဲ ကူညီပေးပါနော် ...အမေက အလင်းချိုကို ကူညီရင်း ဖြစ်သွားတာပါ ... မနေ့က အဖြစ်ကို သေချာတွေးကြည့်လိုက်တော့ အလင်းကို အမေမှတ်မိတယ်ဆိုတာ သေချာတယ် ... အလင်း အမေ့ကို သေချာပေါက် သွားတွေ့ရမယ် ... လမ်းကောင်းကောင်းပြန်လျှောက်နိုင်တာနဲ့ အမေ့ကို သွားတွေ့ပြီး မေးရမယ် "အလင်းချိုက ငိုချင်စိတ်ကို မျိုသိပ်ပြီး ပြောလိုက်တယ်။
အလင်းချိုရဲ့ ပုံစံကို ကြည့်ပြီး ဟန်သော်လင်း စိတ်ထဲမကောင်း။ ဘယ်လို နှစ်သိမ့်လို့နှစ်သိမ့်ရမှန်းပင်မသိတော့။ အမှန်တရားကို သိရင်လဲ ခံစားရရှာလိမ့်မယ်။အမှန်ကို မသိရင်လဲ နာကျင်ခံစားရပေလိမ့်မယ်။ ဘာဆက်လုပ်ရမှန်း ဟန်သော်လင်း မတွေးတတ်တော့။ဒါမှမဟုတ် တစ်ကိုယ်ကောင်းဆန်တယ်ပဲပြောပြော အလင်းချို ရင်ထဲမှာ တစ်လျှောက်လုံးစွဲထင်နေတဲ့ နာကျင်မှုတွေကို ပြေပျောက်သွားစေချင်မိတယ်။တစ်လောကလုံးက လူတွေက ကိုယ့်ကို ဘယ်လိုပဲ မုန်းတီးနေပါစေ အမေကချစ်တယ်ဆိုရင် ကလေးတစ်ယောက် ရဲ့ ပျော်ရွှင်မှုက ပြီးပြည့် စုံနေပြီ မဟုတ်လား။အမေက ကိုယ့်ကို မချစ်ဘူးလား ဆိုတဲ့ခံစားချက်က ဘယ်လောက်ထိဆိုးဝါးလဲ ဆိုတာကို ဟန်သော်လင်း ကိုယ်တိုင်လဲ သိတယ်လေ။
" မ ....မမဆွေက သူ့အတွက် စိတ်....စိတ်မပူဖို့ မှာလိုက်တယ် အလင်း ....ပြီး ...ပြီးတော့ ...မမ ဆွေက အလင်းကို မှတ်မိသွားပါပြီး ... တစ်လျှောက်လုံး မမှတ်မိခဲ့တဲ့အတွက် သူ့ကိုယ်သူ ခွင့်လွှတ်နိုင်ပုံလဲ မရဘူး.... သူ့ကြောင့် အလင်းကို ထိခိုက်မှာစိုးလို့ သူသိသွားတဲ့ အကြောင်းကို မပြောဖို့ တောင်းပန်ခဲ့တယ် ... အဲ့..အဲ့ဒါကြောင့် အလင်းက မသိဟန်ဆောင်ပေးပါလား ....အဲ့ဒါက အလင်းရဲ့အမေက တောင်းဆိုးထားတာပါ "
"ဘယ် ..ဘယ်လို ... အမေက အလင်းကို သိသွားပြီ...ဟုတ် ... ဟုတ်လား .... သွားမယ်......အလင်း အမေ့ဆီကို သွားမယ် "
ဟန်သော်လင်းရဲ့ စကားအဆုံးမှာ အလင်းချို ခုတင်ပေါ်က ဆတ်ခနဲ ဆင်းလိုက်ပြီး အခန်းတံခါးဝဆီသို့ ပြေးထွက်ခဲ့လိုက်လိုက်တယ်။
"အလင်း ... အလင်း နေအုံးလေ ..."
ဟန်သော်လင်းက လှမ်းဆွဲလိုက်ပေမဲ့ အလင်းချိုက လျင်မြန်စွာပင် တံခါးကို ဆွဲဖွင့်ပစ်လိုက်တယ်။
တံခါးပွင့်သွားတာနဲ့ တစ်ပြိုင်နက် အလင်းချိုမြင်လိုက်ရတာက တံခါးရှေ့မှာ မတ်မတ်တောင့်တောင့် ရပ်နေတဲ့ နေမခ ။
" နေ ... နေမခ " အလင်းချို အထိတ်တလန့်နဲ့ ခေါ်လိုက်မိပြီး အသက်မဲ့သွားသူလို ရပ်တန့်နေမိတယ်။
"အလင်းချို ...မင်းသက်သာရဲ့လား " နေမခက ညင်ညင်သာသာ မေးလိုက်ရင်း အလင်းချိုကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ပြီး အခန်းထဲကို ပြန်ဆွဲခေါ်လိုက်တယ်။
တစ်ချိန်လုံးအံကြိတ်ကာ မာန်တင်းနေခဲ့တဲ့ အလင်းချို။နေမခကို တွေ့ချိန်မှာတော့ ဟန်မဆောင်နိုင်တော့ဘဲ ကလေးတစ်ယောက်လို ရှိုက်သံတွေထွက်အောင်ပင် ငိုမိပါတော့တယ်။
~~~~~~~
ဟန်သော်လင်း အခန်းပြင်ကို ထွက်လာခဲ့ပြီး အခန်းတံခါးကို ပြန်ပိတ်ပေးလိုက်ကာ အခန်းနဲ့ ခပ်လှမ်းလှမ်းထိ လျှောက်လာခဲ့မိတယ်။အရာရာက ပြီးဆုံးသွားတာလား။ အဆုံးသတ်သွားတာလား မသိတော့ ရင်ထဲမှာဟာပြီး တဆစ်ဆစ်နာကျင်နေမိတယ်။လည်ချောင်းထဲက စူးရှနာကျင်မှုက ပါးပြင်ပေါ်ကို မျက်ရည်စက်တွေအဖြစ် စီးကျလာခဲ့တယ်။
~~~~~
"အမေတို့နဲ့ မနေဘူးလား ...သားရယ်...ဘာဖြစ်လို့လဲဟင် ..အမေ့ကို စိတ်နာနေတုန်းလား "
ဒေါ်စန္ဒာဝင်းက ပြောရင်းနဲ့ ဟန်သော်လင်းရဲ့ လက်ကို ဆွဲယူပြီး တောင်းပန်တဲ့ အကြည့်တွေနဲ့ ကြည့်နေမိတယ်။
"မဟုတ်ပါဘူး အမေ ... ကလေးတွေနဲ့ ခဏပဲ သွားနေမှာပါ ....ဟိုမှာ ကျောင်းအသစ်လဲဆောက်ပြီး လမ်းတွေလဲ ဖောက်ရမှာမို့ပါ ...အဲ့ဒါတွေပြီး တာနဲ့ အမေတို့ဆီ ပြန်လာခဲ့ပါ့ မယ် "
ဟန်သော်လင်းက ပြောလိုက်ပေမဲ့ ဒေါ်စန္ဒာဝင်း မယုံရဲစွာပင် သားဖြစ်သူရဲ့ လက်ကို ခပ်တင်းတင်းဆုပ်ကိုင်ထားမိတယ်။
~~~~~
" မင်္ဂလာရက်က နောက်လထဲမှာ ပါ အမေ ..."အလင်းချိုက ပြောရင်းမှ အသံတိမ်ဝင်သွားပြီး ခေါင်းကို အောက်ကို ငုံ့ထားလိုက်တယ်။
"မင်္ဂလာဆောင်တာ ဝမ်းသာစရာလေ သမီးရဲ့ ...ဘာလို့ ငိုရတာလဲ....အမေ့အတွက် ဘာမှ မပူပါနဲ့ ကွယ် ... အစ်ကိုကြီးကလဲ ထောက်ပံ့ပေးထားလို့ ဒီထဲမှာ အေးအေးဆေး နေရပါတယ် သမီးရဲ့ ... ဒါနဲ့ သမီးရဲ့ ဆိုင်ရော အဆင်ပြေရဲ့လား...သမီး အဘွားဆုံးသွားတာလဲ သုံးလပြည့်ပြီ မဟုတ်လား .... အမေဝယ်ပေးထားတဲ့ အိမ်မှာ ပြောင်းနေတော့လေကွယ်...ဘာလဲ အမေပေးတာကို လက်မခံချင် လို့လားကွယ် ပြောပါအုံး .."
မမဆွေ သို့မဟုတ် ဒေါ်ကေသီချိုက ပြောလိုက်တော့ အလင်းချိုက မျက်ရည် အဝဲသားနဲ့ ခေါင်းကို ခါယမ်းပြလိုက်ပြီး ခပ်တိုးတိုး ပြန်ပြောလိုက်တယ်၊
"အ ..အမေ ပြန်လာမှ တူတူနေရအောင်လို့ပါ "
" ဟုတ်တယ် ... ငါတို့လိုလူတွေကြောင့် သူ့ရင်ထဲမှာ နာကြည်းမှုတွေရော နာကျင်မှုတွေပါ ခံစားနေခဲ့ရတာ ....အမေဖြစ်ပြီး ကိုယ့်သားသမီးကို တောင် မမှတ်မိတဲ့ ငါ့လိုမိန်းမက ဘယ်လောက် မုန်းစရာကောင်းလဲ ......သူ့ကို ဒီလိုဖြစ်အောင် လုပ်တဲ့အထဲမှာ မင်းလဲပါတယ်ဆိုတာ သိရဲ့လား "
" ဗျာ " မမဆွေက ဒေါသမျက်၀န်းတွေနဲ့ကြည့်ပြီး ပြောလိုက်တာမို့ ဟန်သော်လင်း အံ့ဩသွားမိတယ်။
"ကျွန်... ကျွန်တော့်ကြောင့် ဟုတ်လား "
" ဟုတ်တယ် ... မိုးသူဇာက သူ့ကို သတ်ပစ်ဖို့အထိ ဘာလို့လုပ်ခဲ့တာလဲ သိလား ... ငါတို့တွေ သူ့ကို ပျက်စီးအောင်လုပ်ဖို့ ကြံစည်နေကြတာကို ... သူကသိသွားပြီး အလိုက်သင့် ဟန်ဆောင်နေခဲ့တာတဲ့လေ ... သူရဲ့အဓိကရည်ရွယ်ချက်က ... ငါတို့လုပ်ငန်းတွေကိုရပ်တန့်သွားအောင် လုပ်ပစ်ဖို့နဲ့ မိုးသူဇာရဲ့လက်ထဲကနေ မင်းကို လွတ်မြောက်ဖို့အတွက် သူကြိုးစားနေခဲ့တာတဲ့ ... ငါ့တို့ဘာတွေ လုပ်နေကြတယ်ဆိုတာတွေကို သူသိတယ် ... မင်းဘယ်လိုလူစားမျိုးလဲဆိုတာကိုလဲသူသိတယ် ... သူက မင်းအမေနဲ့တောင် သွားတွေ့ခဲ့သေးတယ်တဲ့လေ ...အဲ့ဒီအကြောင်းတွေကို ငါက မသိခဲ့ပေမဲ့ ...မိုးသူဇာက အကုန်သိသွားခဲ့တာပဲ ....ဒီအကြောင်းတွေကို ငါလဲ ဒီထဲရောက်မှ သိရတာ...အဆိုးထဲက အကောင်းက ငါ့သမီးလေး ဆေးစွဲနေတာ မဟုတ်ဘူးဆိုတော့ ငါကျေနပ်တယ် ...မိုးသူဇာကို သတ်လိုက်မိတဲ့အတွက်လဲ ငါနောင်တ မရဘူး ...မိုးသူဇာသာ အသက်ရှင်နေသေးရင် သူ့အကြောင်းတွေကို သိသွားပြီဖြစ်တဲ့ ငါ့သမီးကို နည်းအမျိုးမျိုးနဲ့ ဒုက္ခပေးနေအုံးမှာပဲ ...ခုချိန်ကစပြီး မင်းလဲအေးအေးဆေးဆေးနေပါ ... မင်းကို ထိခိုက်ရင် ငါ့သမီးကိုပါ ထိခိုက်မှာစိုးလို့ ...မင်းနဲ့ ပတ်သက်တာတွေကို အစ်ကိုကြီးဆီမရောက်အောင် ရှင်းခိုင်းလိုက်ပါပြီ ... နောက်ကို ငါမဆက်သွယ်ဘဲနဲ့ မလာပါနဲ့ ..."
မမဆွေရဲ့ စကားအဆုံးမှာ ဟန်သော်လင်း မယုံကြည်နိုင်စွာ ကြက်သေသေသွားမိတယ်။ စိတ်ထဲမှာ မယုံကြည်နိုင်ခြင်းနဲ့အတူယူကျုံးမရတဲ့စိတ်ကြောင့် တစ်ကိုယ်လုံး အသက်မဲ့သွားသလို ခံစားလိုက်ရတယ်။"ကိုလင်းက အလင်းချိုအတွက် အစ်ကိုရင်းတစ်ယောက်လို့ပဲ " လို့ အလင်းချို ပြောခဲ့တုန်းက သူရင်တွေနာခဲ့ရတယ်။တကယ်တော့ အလင်းချိုက အပြင်ပန်းကြည့်ရင် အေးတိအေးစက်နဲ့ အခြားလူတွကို အရေးထားပုံမရပေမဲ့ သူမရဲ့အတွင်း စိတ်ကတော့ အပြင်ပန်းနဲ့ ဆန့်ကျင်ဘက်ဖြစ်နေခဲ့တာကိုတော့ ဟန်သော်လင်းသိခဲ့ပါတယ်။ ဒီလောက်အထိ သူ့အပေါ်မှာ သံယောဇဉ်ရှိလိမ့်မယ်လို့ မထင်ခဲ့မိရိုးအမှန်ပါ။ခုလို အဖြစ်မှန်တွေကို သိလိုက်ရတော့ စိတ်ထဲမှာ ရှက်မိသလို ရင်တွေလည်းနာရပါတယ်။အမှန်တိုင်းပြောရရင်သူမကို ဟန်သော်လင်းချစ်နေမှန်း သိသိနဲ့ နေမခကို သူမပြတ်ပြတ်သားသား ရွေးလိုက်ချိန်မှာ ဟန်သော်လင်း ယောကျာ်းတန်မဲ့ သူမကို ရှောင်နေခဲ့မိတာ အမှန်ပါ။ဒါကြောင့်လဲ သူမ ဘာတွေလုပ်နေလဲ ဆိုတာကို မသိနိုင်အောင် ဖြစ်ခဲ့တယ်။ခုတော့ ဖြစ်ပျက်ခဲ့သမျှတွေထဲမှာ သူ့အပြစ်တွေ့အများကြီးပါဝင်နေခဲ့တယ်လေ ။
~~~~
နေမခ ကားပေါ်က ဆင်းဖို့ ပြင်လိုက်ချိန်မှာပဲ ဟန်သော်လင်းကို တွေ့လိုက်ရတာမို့ ကားတံခါးကို ပြန်ပိတ်ပြီး မျက်ခြေမပျက်ကြည့်နေမိတယ်။ဟန်သော်လင်းကတော့ မြင်ပုံမရပါ ။ခြေလှမ်းကျဲတွေနဲ့ ကားပေါ်ကိုတက်ကာ မောင်းထွက်သွားခဲ့တယ်။ထွက်သွားရာ ကားနောက်သို့ ခပ်ကွာကွာကနေ နေမခလိုက်လာခဲ့တယ်။
~~~~
ဟန်သော်လင်းရဲ့ ခရီးအဆုံးက အထူးကုဆေးရုံတစ်ရုံဖြစ်နေပြီး ဟန်သော်လင်းကားပေါ်က ဆင်းသွားတဲ့အထိ နေမခစောင့်ကြည့်နေလိုက်တယ်။
ဟန်သော်လင်း ဆေးရုံထဲကို ၀င်ရောက်သွားတဲ့အခါမှ နေမခ ကားပေါ်မှ ဆင်းပြီး လိုက်ဝင်ခဲ့လိုက်တယ်။
~~~~~~
ဟန်သော်လင်းလူနာခန်းထဲကို ဝင်လိုက်ချိန်မှာ အလင်းချိုက ခုတင်ပေါ်မှာတဖက်စောင်းပြီး အိပ်နေတယ်။စားပွဲပေါ်မှာ တင်ထားတဲ့ အစားအသောက်တွေက ဟန်သော်လင်းထားခဲ့တဲ့အတိုင်း ပုံစံမပျက်ရှိနေမြဲ ။ ဟန်သော်လင်း ခြေလှမ်းတွေကို မယိမ်းယိုင်အောင် ထိန်းလျှောက်ရင်း အလင်းချိုကို ကြည့်နေမိတယ်။အသံကြောင့် အလင်းချိုက အိပ်နေရာကနေ မျက်လုံးတွေဖွင့်ကြည့်လာပြီး အလောတကြီးနဲ့ လှမ်းမေးလိုက်တယ်။
"သူ ... သူနေကောင်းရဲ့လားဟင် ...အဆင်ပြေရဲ့လားဟင် "
အလင်းချိုရဲ့ အမေးကို ဟန်သော်လင်း မဖြေနိုင်သေးဘဲ ခုတင်ဘေးမှာရပ်ပြီး အလင်းချိုကို မမှိတ်မသုန်စိုက်ကြည့်နေမိတယ်။
"ကိုလင်း ...ဘာဖြစ်လို့လဲဟင် ...အ...အမေ ဘာဖြစ်လို့လဲ...သူတစ်ခုခုဖြစ်လို့လား ..ထောင် ဘယ်နှစ်နှစ်တောင် ကျသွားလို့လဲ "
အလင်းချိုရဲ့ အမေးကို ဟန်သော်လင်း နှုတ်က မဖြေနိုင်ဘဲ ခေါင်းကိုယမ်းခါပြရင်း ခုတင်ဘေးမှာ ဒူးထောက် ထိုင်ချလိုက်မိတယ်။
ဟန်သော်လင်းရဲ့ အပြုအမူကြောင့် အလင်းချို အထိတ်တလန့်နဲ့ ကြည့်လိုက်မိတယ်။
"ကိုလင်း ဘာလုပ်တာလဲ ...ဘာဖြစ်လို့လဲ "
" ကျွန်တော့်ကို ခွင့်လွှတ်ပါ အလင်းရယ် ... တကယ်တော့ ကလေးတွေကို အကြောင်းပြပြီး အလွယ်လမ်းကို လိုက်ခဲ့မိတာပါ ...အဲ့ဒီနွံထဲကနေ ရုန်းထွက်ဖို့ စိတ်ကူးပဲရှိပြီး လွယ်လွယ်ရတဲ့ငွေကို မက်မောနေခဲ့မိတာ ပါ....ကျွန်တော်က မကောင်းတဲ့ ကောင်ပါ ... ကျွန်တော့်ကိုခွင့်လွှတ်ပါ ...
ဧကြည်ဖြူ
"သံယောဇဉ် ကမ်းပါး "
အပိုင်း (၄၁) ဇာတ်သိမ်းပိုင်း
******
ဒီလိုအချိန်မျိုးရောက်မှပဲ ချစ်သူကိုအပြည့်အ၀ ဂရုမစိုက်ပေးခဲ့တဲ့ အပြစ်တွေကို နေမခသိလိုက်ရတယ်။နေမခဆီမှာ အလင်းချိုရဲ့ ဖုန်းနံပတ်ကလွဲလို့ သူမနဲ့ပတ်သက်တာဆိုလို့ ဘာဆိုဘာမှမရှိခဲ့ဘူး။ယုတ်စွအဆုံး အလင်းချိုရဲ့အပေါင်းအသင်းမိတ်ဆွေအဖြစ်ဟန်သော်လင်းကိုပဲ သိတယ်။ ဒါပေမဲ့ ဟန်သော်လင်းရဲ့ ဖုန်းနံပတ်ကိုလဲ မသိ၊လိပ်စာကိုလဲ မသိခဲ့။နေမခ ယုံကြည်ခဲ့မိတာက အလင်းချိုက နေမခရဲ့ဘေးမှာပဲ အမြဲ ရှိနေခဲ့မယ်လို့ ယုံကြည်နေခဲ့မိတာလေ။ အခုလို အချိန်ရောက်တော့ ဘယ်ကိုလိုက်လို့ လိုက်ရမှန်းမသိ၊ ဘယ်ကို ဆက်သွယ်ရမှန်းမသိဘဲ စမ်းတဝါးဝါးနဲ့ ထိုင်ပြီး စိတ်ပူပန်နေရတဲ့ အဖြစ်က စိတ်ပျက်စိတ်ကုန်ဖို့ကောင်းလှတယ်။
~~~~~
"နေမခကို ဖုန်းထပ်ဆက်သင့်တယ် အလင်း ..."
ဟန်သော်လင်းက မနက်စာအတွက် ပြင်ဆင်ပေးရင်းကနေ အလင်းချိုကို ပြောလိုက်တယ်။အလင်းချိုက ဒူးပေါ်မှာခေါင်းကိုတင်မှောက်ထားရင်းမှ ငြိမ်သက်နေတယ်။
" အလင်း ဒီလိုနေနေလို့တော့ မဖြစ်ဘူး ..အစားတော့ စားမှရမယ် ... မနေ့ညကတည်းက ဘာမှ မစားထားဘူးနော် "
"ထောင် ဘယ်နှစ်နှစ်ကျမှာလဲဟင် ...နေကောင်းရဲ့လားမသိဘူး ...အလင်း သွားတွေ့လို့ရမလား "
မျက်ရည်အဝိုင်းသားနဲ့ မေးနေတဲ့အလင်းချိုရဲ့ မျက်နှာလေးကို ကြည့်ပြီး ဟန်သော်လင်း ခေါင်းကို အသာအယာခါယမ်းလိုက်မိတယ်။
" အလင်း သိချင်ရင် ...ကျွန်တော် သွားစုံစမ်းပေးပါ့မယ် ... အလင်း တော့ သွားလို့မရဘူး...မမဆွေရဲ့ အပေါင်းအသင်းတွေက ဘယ်လိုလူတွေလဲ ဆိုတာ အလင်းသိတယ်မဟုတ်လား ... တွေ့ချင်ရင် နောက်တော့မှ သွားတွေ့ရအောင်နော် "
" အမေ့ကို သွားတွေ့ချင်တယ် ..."
အလင်းချိုရဲ့ တုံးတိတိ အပြောကြောင့် ဟန်သော်လင်း သက်ပြင်းကို မသိမသာချလိုက်မိတယ်။
" သူက အလင်းကို မမှတ်မိဘူးလေ ... အဲ့ဒါတောင် အလင်းက တွေ့ချင်နေသေးတာလား ....ကျွန်တော့်စိတ်ကူးကတော့ ...အခုအဖြစ်အပျက်တွေအားလုံးကို မေ့ပြီး ပျော်ပျော်နေစေချင်တယ် ...အလင်း ဒီလိုသာဆက်နေနေရင် ... ကျွန်တော် နေမခကို ဖုန်းဆက်ခေါ်လိုက်မှာ "
ဟန်သော်လင်း ပြောလိုက်တော့ အလင်းချို ခေါင်းကို ဆတ်ခနဲ မော့လိုက်ပြီး
"ဟင့်အင်း ... မခေါ်နဲ့ ... အလင်း သူ့ကို မတွေ့ချင်ဘူး ... အလင်းက သူနဲ့မတန်ပါဘူး ...သူက မမစံလို လူမျိုးနဲ့ပဲ လိုက်ဖက်ပါတယ် "အလင်းချိုက ပြောပြီးတာနဲ့ ခေါင်းကို ငုံ့ထားလိုက်တယ်။
~~~~~~
ဒုတိယအကြိမ်မြောက်ရောက်ရှိလာတဲ့ နေမခကို မြင်တော့ အဒေါ်ကြီးက စိတ်ရှုပ်တဲ့ ဟန်နဲ့ ကြည်တယ်။
"မင်း မနက်ကတည်းက အိမ်ရှေ့မှာ ရောက်နေတာလား ... မင်းဒီကို ခဏခဏ မလာသင့်ဘူးကွ ...ဒီအိမ်မှာ လူသတ်မှု ဖြစ်ထားတယ် သိရဲ့လား ... အဒေါ် ပြောနိုင်တာက အလင်းချိုမှာ ဘာအန္တရာယ်မှမရှိပါဘူး ... ဒဏ်ရာနည်းနည်းရထားလို့ ဆေးရုံမှာ ရှိလိမ့်မယ် ထင်တယ် ... ဒီကို ထပ်မလာတော့နဲ့ ဟုတ်ပြီလား "
" ဗျာ ..လူသတ်မှုဟုတ်လား ... ဘယ် ... ဘယ်သူလဲ... ဘယ်သူလဲ "
အဒေါ်ကြိးရဲ့ စကားကို ကြားလိုက်ရတော့ နေမခ အံ့ဩ ထိတ်လန့်သွားပြီး တုန်တုန်လှုပ်လှုပ်နဲ့ မေးလိုက်မိတယ် ။
"ဘယ်သူလဲ ဆိုတော့ သူဋ္ဌေးမက သတ်လိုက်တာပဲ ...ဒီထက်ပိုသိချင်ရင်တော့ ရဲစခန်းကိုပဲ သွားမေးပေတော့ကွယ် ..."
" တစ်ဆိတ်လောက်ကျေးဇူးပြုပြီး .... သူဌေး ဘယ်စခန်းမှာလဲ ဆိုတာ ပြောပြပေးပါ ခင်ဗျာ "
~~~~
" မင်း ဒီကို ဘာလာလုပ်တာလဲ ... ငါဆက်သွယ်မှလာလို့ ပြောထားတယ် မဟုတ်လား .."
မမဆွေက ဟန်သော်လင်းကို မျက်နှာထားတင်းတင်းနဲ့ ကြည့်ပြီး ပြောလိုက်တယ်။
"သူက မမဆွေကို တွေ့ချင်နေတယ်..ပြီးတော့ သူ့ကို သိတဲ့အကြောင်းကိုပါ ဝန်ခံလိုက်ပါ .... မဟုတ်ရင် သူတစ်သက်လုံး ခံစားနေရလိမ့်မယ် "
"ဘာပြောတယ် ...မင်းဆိုရင်ရော ပြောမှာလား ... ငါကဘယ်လိုလူမျိုးလဲဆိုတာ မင်းမသိဘူးလား ...ငါနဲ့ပတ်သက်လို့ သူ့အတွက် ကောင်းကျိုးဘာမှမရှိဘူး ... ငါဒီလိုဘဝရောက်နေလို့ သူ့ကို မရှာဘဲနေလာတာ ...အခုတော့ ပြောဖို့အတွက် ပိုတောင် မဖြစ်နိုင်တော့ပါဘူး "
မမဆွေက အံကိုခပ်တင်းတင်းကြိတ်ပြီး ပြောလိုက်တယ်။
" မဟုတ်ဘူး.... မမဆွေရဲ့ အတွေးတွေ မှားနေပြီ ... ကိုယ့်မိဘက ဘယ်လိုလူမျိုးပဲဖြစ်ဖြစ် သားသမီးတွေက လက်ခံနိုင်ပါတယ်... ဒါပေမဲ့ အမေရင်းက ကိုယ့်ကိုမမှတ်မိဘူးဆိုတာမျိုးကတော့ ရင်ထဲမှာ တစ်သက်လုံးနာကျင်ခံစားနေရလိမ့်မယ် ....သူ့ကို အဲ့ဒီလိုမျိုး ခံစားနေစေချင်တာလား .... သူတစ်ဘဝလုံး အဖေရော အမေပါကပါ ပစ်ထားတာကိုခံခဲ့ရသူပါ ....သူ့ကိုထပ်ပြီး မနာကျင်စေချင်တော့ဘူး ... သူ့တစ်ဘ၀လုံး နာကျင်ခံစားခဲ့ရတာပါ "
ဟန်သော်လင်းရဲ့ စကားကြောင့် မမဆွေက ခေါင်းကို အောက်သို့ ငုံ့ထားလိုက်ပြီး ပါးပြင်ပေါ် စီးကျလာတဲ့မျက်ရည်တွေကို လက်ချောင်းတွေနဲ့ ခပ်ကြမ်းကြမ်းပွတ်သုတ်ပစ်လိုက်တယ်။ပြီးတော့ ဟန်သော်လင်းကို တစ်ချက်မော့ကြည့်လိုက်ပြီး
ဟန်သော်လင်း အခန်း၀နားမှာ ရပ်နေမိပြီး အလင်းချိုကို ငေးကြည့်နေမိတယ်။မမဆွေတို့အိမ်ထဲက စထွက်လာကတည်းက အလင်းချိုက စကားလည်း ဟဟမပြောသလို မျက်ရည်လည်း တစ်စက်မှ မကျပါ ။ဒီညအဖို့မှာတော့ အလင်းချိုလန့်နေမှာစိုးတာကြောင့် ဟန်သော်လင်းက အလင်းချိုရဲ့ အနားမှာကပ်နေပေမဲ့ အလင်းချိုကတော့ တစ်စုံတစ်ယောက်ကို စောင့်မျှော်နေပုံပါပင်။
~~~~~~~
နေမခ တစ်ညလုံး အိပ်မပျော်နိုင်ဘဲ မနက်လင်းတာနဲ့ အလင်းချို အလုပ်လုပ်နေတဲ့ သူဋ္ဌေးမရဲ့ အိမ်ကို ထွက်ခဲ့လိုက်တယ်။ညကရော ခုမနက်ထိပါ အလင်းချိုကို ဖုန်းဆက်နေပေမဲ့ ဖုန်းမကိုင်တာမို့ နေမခရင်ထဲ စိုးရိမ်ပူပန်နေမိတယ်။ဒေါ်လေးစန်းတို့ကို သွားမေးတော့လည်း သူ့ကို ပြောတဲ့အတိုင်းပဲ ဖုန်းဆက်ပြီး ပြောသတဲ့။တကယ်တမ်း ခရီးသွားတာဆိုရင်လဲ ဖုန်းက ဘာလို့ စက်ပိတ်ထားရတာလဲ။
နေမခ အတွေးပေါင်းစုံကို တွေးရင်း အလင်းချို အလုပ်လုပ်နေတဲ့ အိမ်ရှေ့ကိုရောက်လာခဲ့တယ်။ ခြံရှေ့ရောက်တော့ နေမခကားပေါ်က ဆင်းလိုက်ပြီး လူခေါ်ဘဲလ်ကို နှိပ်လိုက်တယ်။ ဘဲလ်တီးပြီး သိပ်မကြာခင်မှာပဲ အိမ်ထဲက အဒေါ်ကြီး တစ်ယောက် ထွက်လာပြီး နေမခကို လှမ်းမေးတယ်။
"ဘာကိစ္စလဲကွဲ့ .."
" အလင်းချို ရှိလား ..."
နေမခမေးလိုက်တော့ အဒေါ်ကြီးက နေမခကို မျက်လုံးပြူးကြီးတွေနဲ့ ကြည့်လိုက်တာကို နေမခသတိထားလိုက်မိတယ်။
" အလင်းချို ဘယ်မှာလဲ ..." နေမခ ဒုတိယအကြိမ်မြောက်ထပ် မေးလိုက်တော့မှ အဒေါ်ကြီးက အသံ ခပ်တုန်တုန်နဲ့ဖြေတယ်။
"အလင်းချို မရှိဘူးလေ ... မနေ့ကတည်းက အလင်းချိုအလုပ်မလာဘူး "
"ဗျာ ... ဘယ်လို မနေ့ကတည်းက အလုပ် မလာဘူး ဟုတ်လား .... မဖြစ်နိုင်တာ ...သူဋ္ဌေး ရောရှိလား "
နေမခ မေးလိုက်တော့ အဒေါ်ကြီးက ခေါင်းကို ခါယမ်းလိုက်ပြီး
" သူဌေးမက ခရီးသွားနေတယ် "
အဒေါ်ကြီးရဲ့ အဖြေကြောင့် နေမခ စိတ်တိုသွားပြီး
"ခင်ဗျားတို့ လိမ်နေတာ ကျွန်တော်သိတယ် ... အလင်းချို ဘယ်မှာလဲပြော...."
"တ ...တကယ်ပြောတာပါ ငါ့တူ...အလင်းချိုတကယ်မလာပါဘူးကွယ် ... သူဌေးမလဲ အခုမရှိပါဘူး ...မယုံရင် အိမ်ထဲ ဝင်ကြည့်လို့ရပါတယ် "
အဒေါ်ကြီးက စကားဆုံး တာနဲ့ အိမ်ထကို ဝင်သွားတယ်။နေမခလည်း အဒေါ်ကြီး နောက်ကနေ ထက်ကြပ်မကွာ လိုက်ခဲ့လိုက်တယ်။
~~~~~
နေမခ ကားပေါ်မှာ ငြိမ်သက်စွာတိုင်နေမိပြီး ရှေ့ဆက်ဘာလုပ်ရမလဲကို စဉ်းစားနေမိတယ်။အလင်းချိုရဲ့ဖုန်းကလဲ စက်ပိတ်ထားတုန်းမို့ နေမခ ဆောက်တည်ရာ မရအောင် ဖြစ်နေမိတယ်။
@@@@@@@@@@@@@@@@@@@@@@@@@@
အပိုင်း(၄၁ ) ဆက်ရန်
ဧကြည်ဖြူ
မင်း သူ့ကို သေချာဂရုမစိုက်နိုင်ရင် မင်းကို ငါခွင့်လွှတ်မှာမဟုတ်ဘူးနော် "
~~~~~~~~
အလင်းချိုကို တွေ့လိုက်ရချိန်မှာ ယောက်ျားတန်မဲ့ ဟန်သော်လင်း ခွေယိုင်လဲမလိုပင် ဖြစ်သွားရတယ်။ ဆိုဖာခုံတွင် မှီ၍ မှိန်းနေတဲ့ အလင်းချို မျက်နှာမှာ အညိုအမည်းစွဲကာ ရောင်အမ်းနေတယ်။ဆိုဖာခုံကို မှီထားတဲ့ အလင်းချိုရဲ့ ကိုယ်လုံးလေးက နွမ်းဖက်ဖက်။
"အလင်း " ဟန်သော်လင်း မချိတင်ကဲ ခေါ်လိုက်ပြီး အလင်းချိုရဲ့ ခန္ဓာကိုယ်လေးကို ပွေ့ယူလိုက်တယ်။
အလင်းချိုက ဘာမှပြန်မပြော ကြောင်တောင်တောင်မျက်လုံးတွေနဲ့ မော့ကြည့်ပြီး လိုက်ပါလာတယ်။
~~~~~~
"အလင်း သက်သာလားဟင်... ဒဏ်ရာတွေ အရှင်းပျောက်သွားတဲ့အထိ ဆေးရုံမှာ နေရလိမ့်မယ်.... အလင်း ဘာခိုင်းချင်တာရှိလဲ ကျွန်တော့်ကို ပြောပါ "
ဟန်သော်လင်းက လူနာခုတင်ဘေးက ခုံမှာထိုင်ကာ အလင်းချို မျက်နှာလေးကို ကြည့်ကာမေးလိုက်တယ်။
အလင်းချိုကတော့ ဟန်သော်လင်းကို ကြောင်ငေးကြည့်နေမိပြီးမှ လေသံမျှနဲ့ ပြောလိုက်တယ်။
" နေမခနဲ့တွေ့ချင်တယ်"
အလင်းချိုဆီက စကားကို ကြားတော့ ဟန်သော်လင်း သက်ပြင်းချလိုက်မိတယ်။
"အလင်း တွေ့ချင်ရင် ဖုန်းဆက် ခေါ်လိုက်လေ... အလင်း မဆက်ချင်ရင် ကျွန်တော်ဆက်လိုက်မယ် "
ဟန်သော်လင်း ပြောတော့ အလင်းချိုကို ခေါင်းကိုခါယမ်းရင်း ငြင်းဆိုလိုက်တယ်။
"ဟင့်အင်း ... မခေါ်ပါနဲ့ .. သူ ...သူ အလင်းအကြောင်း တွေကို သိသွားရင် အလင်းကို ထားခဲ့မယ်ထင်တယ် ... သူက အလင်းရဲ့ အဖေကိုတောင်မုန်းနေတာလေ ... အမေ့အကြောင်း ပါသိသွားရင် "အလင်းချို ဘာမှ ဆက် မပြောဘဲ ခန္ဓာကိုယ်ကို တစ်ဖက်သို့ စောင်းလိုက်ကာ ငြိမ်သက်နေတယ်။
"မိုးလည်း ချုပ်နေပြီ ဆိုတော့...အဘွားတို့ စိတ်မပူအောင် ကျွန်တော် ဖုန်းဆက်ပြီး အဆင်ပြေတာ တစ်ခုခုပြောလိုက်မယ်နော် အလင်း ...."
ဟန်သော်လင်းက ပြောနေပေမဲ့ အလင်းချိုက ခုတင်ပေါ်မှာ ငြိမ်သက်နေမိမြဲ။ အလင်းချိုရဲ့ မျက်လုံးထဲမှာ အမေက မမမိုးကို ဓါးနဲ့ထိုးနေတဲ့ မြင်ကွင်းကိုဖျောက်ဖျက်လို့မရဘဲ မြင်ယောင်နေမိတယ်။ အမေက လူတစ်ယောက်ကို သတ်လိုက်တယ်။အလင်းချိုကို သတ်ဖို့လုပ်နေတဲ့ မမမိုးကို အမေသက်လိုက်တယ် ။အလင်းချိုကို အမေ မှတ်မိသွားပြီလား။မှတ်မိတယ်ဆိုရင် အလင်းချိုကို ဘာလို့မကြည်တာလဲ။အမေ လူသတ်လိုက်တာ အလင်းချိုကြောင့်များလားဆိုတဲ့မေးခွန်းတွေ အလင်းချိုရင်ထဲမှာပြည့်နှက်နေတယ်။အလင်းချိုကိုယ့်ဘာသာ အေးအေးဆေးဆေး မနေဘဲ အမေ့ကို ဒုက္ခပေးဖို့ ရည်ရွယ်
ခဲ့မိတဲ့ အတွက် နောင်တတွေရနေမိတယ်။ဒါပေမဲ့ သားသမီးကိုတောင် မမှတ်မိဘဲ ဒုက္ခပေးဖို့ လုပ်နေတဲ့ အမေ့ကို အလင်းချိုမုန်းတယ်။မိုးသူဇာဆိုတဲ့ မိန်းမ ပြောသမျှကို လိုက်လုပ်နေတဲ့ အမေ့ကို နောင်တရစေချင်သလို ဒုစရိုက်လုပ်ငန်းတွေလုပ်နေတဲ့ အမေကို ရပ်တန့်စေချင်ရုံအလင်းချို ကြိုးစားနေခဲ့တာပါ၊အခုတော့ အလင်းချိုရဲ့ ကြိုးစားမှုတွေက ပျက်စီးခဲ့လေပြီ။နောက်ဆုံးအချိန်အထိ အလင်းချိုကို မမှတ်မိတဲ့ မိခင်ကို အလင်းချို ဘယ်လိုများ ကင်တင်ရပါ့မလဲ။
"တီ ..တီ ...တိ"
ဖုန်းက အဆက်မပြတ် ထမြည်လာတယ်။အလင်းချို ဖုန်းကို မရဲတရဲ ကြည့်လိုက်မိတော့ ထင်တဲ့ အတိုင်းနေမခဆီက ဖုန်းဖြစ်နေတယ်။ည ခုနစ်နာရီထိုးတော့မှာမို့ နေမခ ဖုန်းဆက်နေပြီ။အလင်းချို ဘယ်လိုရှင်းပြရမလဲ မသိပါ။ဖြစ်နိုင်ရင် အလင်းချိုလည်းနေမခကို ချက်ချင်းပင်တွေ့ချင်နေမိပါပြီလေ။သို့ပေမဲ့တွေ့ဖို့ရန် သတ္တိလည်းမရှိပါလေ။ အေးချမ်းလှတဲ့ နေမခတို့ရဲ့ မိသားစုကို အလင်းချိုကြောင့် စိတ်သောကတွေ မများစေလိုပါ။အလင်းချိုဆိုတဲ့ သူမလိုလူမျိုးက နေမခလိုလူမျိုးနဲ့ မထိုက်တန်ဘူးဆိုတာ အလင်းချိုနားလည်လိုက်ပါပြီ။
အလင်း ဖုန်းကိုင်ပြီး တစ်ခုခုအကြောင်းပြလိုက်ပါ ... မဟုတ်ရင် သူ့အလင်းရဲ့ အလုပ်ထိ လိုက်သွားနေလိမ့်မယ် "
ဟန်သော်လင်း စကားကို ကြားလိုက်ရမှ အလင်းချို စိတ်ပူသွားမိပြီး ဖုန်းကို ကောက်ကိုင်လိုက်ပြီး တုန်တုန်ယင်ယင်နဲ့ ထူလိုက်မိတယ်။
"ဟယ် ..ဟယ်လို "
" အလင်း ... ပြန်မလာသေးဘူးလား ... မင်းဘယ်မှာလဲ " တစ်ဖက်က နေမခရဲ့ အဆက်မပြတ် မေးသံကို ကြားလိုက်ရချိန်မှာ အလင်းချို ဘာဖြေလို့ ဖြေရမှန်းမသိတော့ ထစ်လစ်အအနဲ့ ပြန်ပြောလိုက်မိတယ်။
"ဟို ... ဟို ...ဒီ..ဒီနေ့ သူဌေးမနဲ့ ခရီးထွက် ..ထွက်လာလို့...အဲ့...အဲ့ဒါ ပြန်မလာဖြစ်ဘူး"
"ဘာ .. ဘာပြောတယ် အလင်း ... ဘယ်ကို ခရီးသွားတာလဲ ပြော ... ဘယ်ကိုလဲ ... ကိုယ်အခုလိုက်လာခဲ့မယ် ... ဘယ်ကိုသွားတာလဲ .... မင်းပြန်မလာမချင်း ဒီလမ်းထိပ်ကပဲ စောင့်နေမှာ...ဘယ်မှာလဲ ဆိုတာ အမှန် တိုင်းပြော "
" မနက်ဖြန်ကျရင် ပြန်လာမှာပါ "
အလင်းချို မဝံ့မရဲနဲ့ ပြောလိုက်ပေမဲ့ တစ်ဖက်မှ နေမခရဲ့ အသံ ချက်ချင်းထွက်ပေါ်လာခဲ့တယ်။
" မနက်ထိ မစောင့်နိုင်ဘူး အလင်း ...မင်းဘယ်ရောက်နေတာလဲပြော ..ကိုယ်လာခေါ်မယ် "
" အလုပ်ကိစ္စမို့ပါ...တစ်ရက် နှစ်ရက်တည်းပါ .... အလင်းကို ယုံတယ် မဟုတ်လားဟင် ...ဒါပဲနော် " နေမခဘက်က စကားတွေ ဆက်ပြောနေပေမဲ့ အလင်းချိုဖုန်းကို ချလိုက်ပြီး စောင်ကို ခေါင်းအထိ ဆွဲခြုံပစ်လိုက်ကာ ငြိမ်သက်နေမိတယ်။
