1 031
订阅者
无数据24 小时
-37 天
-1230 天
帖子存档
"အိုကေ...သိပြီ ရတယ် ..ရှင်းပြမနေနဲ့တော့ .... ငါလဲ အဲ့ဒီဆိုင်ကိုသွားမှာ ...လာ...စက်ဘီးပေါ်တက် "
@@@@@@@@@@@@@@@@@@@@@@@@
အပိုင်း ( ၁၇ ) ဆက်ရန်
#ဧကြည်ဖြူ
" နင်တို့ကလဲ သူငယ်ချင်းအချင်းချင်းကို စိမ်းလိုက်ကြတာဟာ ... ခင်ခင်မင်မင်နေကြပါလား ...တကယ်ဆို နင်တို့နှစ်ယောက်က မွေးကတည်းက အတူတူကြီးပြင်းလာခဲ့ကြတာတဲ့ ... အဲ့ဒါကို ဘာဖြစ်လို့မတည့်ဖြစ်နေကြတာလဲ ...ကဲပါ ..အခုဆိုင်ထဲ ခဏဖြစ်ဖြစ်လိုက်ဝင်လေဟာ "
ကိုသူရ၏ စကားကြောင့် နှင်းအိမ်မဲ့ပြုံးလေးပြုံးလိုက်မိသည်။ သူဋ္ဌေးဖြစ်ဖို့ကြံရွယ်နေသူက နှင်းအိမ်ကို အဖက်တောင်မလုပ်တာကို ဘယ်သူတွေက သိမှတဲ့လဲ။
" တော်ပါပြီ ကိုသူရရယ် ....နှင်းအိမ်ချိန်းထားတာလဲ အချိန်နီးနေလို့ပါ ....သွားမယ်နော်...လိုင်းကားနဲ့သွားရမှာ ကိုသူရရဲ့ "
လမင်းတို့ဆိုင်ရှေ့သို့ ရောက်လာသောအခါနှစ်ယောက်သားနှုတ်ဆက်လိုက်ပြီး နှင်းအိမ်က ကားလမ်းမဆီသို့ ထွက်ခဲ့လေ သည်။
~~~~.~
သူရဆိုင်ထဲသို့ဝင်လာသည်နှင့် သူရနားသို့ လမင်းလျှောက်သွားလိုက်ပြီး မေးလိုက်မိသည်။
" ခုနနှင်းအိမ်မဟုတ်လား ..သူဘယ်သွားတာ .. ပြင်ဆင်ထားလိုက်တာလဲလွန်ရော.. သူ့မှာ ရည်းစား ရှိနေပြီလား "
လမင်း၏ အမေးကြောင့် သူရက လမင်းကိုမျက်မှောင်ကြုတ်ကြည့်လိုက်ပြီး
"မသိဘူးလေးကွာ ... ငါ့က မြို့ထဲမှာ အလုပ်သွားဆင်းနေရတာ သူနဲ့မှ သိပ်မတွေ့ဖြစ်တာ ...ရှိချင်လဲရှိမှာပေါ့ .. မင်းသိချင်ရင် ကိုယ်တိုင် မေးကြည့်ပေါ့ ...ပြင်သွားတာတော့ဟုတ်ပ ..ဆံပင်အမြဲစည်းထားတဲ့သူက ဆံပင်တောင်ဖားလျားချသွားသေးတယ်..ကောင်လေးနဲ့ သွားတွေ့တယ်ထင်တာပဲ "
" ကျွတ်စ် အသက်ကဘယ်လောက်ရှိသေးလို့လဲ "
လမင်းစိတ်ပျက်လက်ပျက်နှင့် ခပ်တိုးတိုးရေရွတ်လိုက်မိသည်။
"ဘာပြောတာလဲ လမင်း "
နားစွန်းနားဖျား ကြားသော သူရက လမင်းကို ပြန်မေးလိုက် သောကြောင့် လမင်းခေါင်းကိုခါ ပြလိုက်မိသည်၊၊
~~~~~
လူသွားလူလာနည်းလှသော လမ်းထဲတွင် နှင်းအိမ်တစ်ယောက်တည်းလမ်းလျှောက်လာခဲ့မိသည့်အတွက် နောင်တရနေမိသည်။ကပ်စေးနှဲပြီး ကားမငှါးလာခဲ့တာ။ ယခုတော့ စီးလေ့မရှိသော ဒေါက်ဖိနပ်ကြောင့်လဲ ပါမည်ထင်သည်။ခြေထောက်များက အတော်လေးညောင်းချိနေလေပြီ။ကြည့်ရသည်မှာ သူတို့သူဌေးမှန်းသိအောင် ကိုယ်ပိုင်းကားများသာဝင်ထွက်သွားလာသောနေရာရှိဆိုင်သို့ချိန်းခြင်းဖြစ်မည်။သည်လိုနေရာမျိုးတွေကို မရောက်ဖူးသော နှင်းအိမ်ကလည်း ကိုယ်တွေရပ်ကွက်လို မေးလို့ မြန်းလို့ရမည်ထင်ပြီး လာခဲ့မိသည်လေ။လမ်းလျှောက်လာတာ နာရီဝက်ပြည့်တောမည်။သူတို့ ချိန်းသော စားသောက်ဆိုင်က အရိပ်အယောင်တောင်မမြင်ရသေး။လမ်းပေါ်မှာလဲ ကိုယ်ပိုင်ကားများပဲ ဖြတ်သွားဖြတ်လာလုပ်နေသည်ကို တွေ့ရသည်။ကိုယ်ရဲ့ လှလှပပနေနိုင်သောပုံစံကို တွေ့မြင်သွားအောင် ပြမည်ဟု ရည်ရွယ်ပြီးအလှအပများပြင်ဆင်ခဲ့သော်လည်း ယခုတော့ တစ်ကိုယ်လုံးချွေးဒီးဒီးကျ၍ ကြောင်ချီးရုပ်ပင်ပေါက်နေလောက်ပြီ။ ဆိုင်မှာဖြောင့်စက်ဆွဲပြီးဖားလျားချလာခဲ့ သောဆံပင်ကိုလည်း ပူလွန်းလှ၍ လက်တွင်ဝတ်ထားသော လက်ပတ်ကြိုးနှင့်စည်းလိုက်ရသည်။သည်မျှဝေးသောနေရာကို မှ ရွေးထားသောလူများကို စိတ်ထဲမှ ဒေါသများထွက်လာမိသည်။
" တီ ..တီ ...တီ '
မောနေရသည့်ကြားထဲ ဟွန်း သံကြောင့် လမ်းပလက်ဖောင်းဘေးသို့ ကပ်လိုက်ရင်း အသံလာရာဆီကို နှင်းအိမ်လှမ်းကြည့်လိုက်မိသည် ၊၊
"ဟယ် ...စက်ဘီးတော့ "
ဟွန်းတီးနေသည်မှာ ကားမဟုတ်ဘဲ စက်ဘီးတစ်စီးဖြစ်နေ၍ နှင်းအိမ်ဝမ်းသာသွားမိပြီး အသံလေးပါ ထွက်သွားရသည်။စက်ဘီးနင်းလာသူမှာ နှင်းအိမ်တို့အရွယ်လောက်ရှိမည့် ကောင်လေးတစ်ယောက်။ဝတ်ဆင်ထားသည်မှာ အင်္ကျီအဖြူလက်ရှည်နှင့် ဘောင်းဘီအနက်ရောင်။နှင်းအိမ် ဝမ်းသာသွားမိပြီး စက်ဘီးနင်းလာသောလမ်းကြောင်းရှေ့မှာ ပိတ်ရပ်လိုက်သည်။
" ကျွီ....."
" မင်း ..မင်းဘာလုပ်တာလဲကွ ... ငါ့ဆီက ငွေညှစ်ချင်လို့လား "
စက်ဘီးဘရိတ်ညှစ်လိုက်၍ ထွက်ပေါ်လာသောအသံနှင့် ဒေါသတကြီးပြောလိုက်သောအသံကိုပါ နှင်းအိမ်ကြားလိုက်ရသည်။သို့သော်လည်း ပြဿနာမရှိ။ရွယ်တူ ကောင်လေးလောက်တော့ နှင်းအိမ်ကြောက်စရာမလို။ပြီးတော့ သူဝတ်ထားသော အဝတ်အစားများကိုကြည့်ရုံနှင့် နှင်းအိမ်ကို အကူအညီပေးနိုင်မည့်သူဆိုတာ သေချာသည်လေ။
"ဟိတ် မေးနေတယ်လေ ..မင်းဒါ ဘာလုပ်တာလဲလို့ "
" အကူအညီတောင်းချင်လို့ပါ ... နင်ကဝိတ်တာမဟုတ်လား ...(....) စားသောက်ဆိုင်ကို သိရင် လမ်းညွှန်ပေးပါလားဟင် ... ဟို ...ပြီး..ပြီးတော့ အပန်းမကြီး ရင် စက်ဘီးနောက်ကလိုက်စီးလို့ ရမလား ... ဒီလမ်းထဲကို တက္ကစီတွေမလာလို့ပါ...စက်ဘီးလိုက်စီး ခပေးမှာပါ ....လမ်းမလျှောက်နိုင် တော့လို့ပါ "
နှင်းအိမ်က တတွတ်တွတ်ပြောနေသော်လည်း သူကနှင်းအိမ်ပုံစံကို အံ့ဩသလို ကြည့်နေ၏။နှင်းအိမ်ကိုစူးစမ်းသလို ကြည့်နေသောသူ့ကို နှင်းအိမ်ပြန်ကြည့်လိုက်မိရင်း သန့်ပြန့် ချောမောသော ရုပ်ရည်သွင်ပြင်ကို သတိထားလိုက်မိသည်။ထိုအခါမှပင် နှင်းအိမ်ကို ကြည့်နေသော သူ့အကြည့်များကို သဘောပေါက်သွားမိပြီး
"ဒီမှာ ...နှင်းအိမ်က နင့်ကိုဇာတ်လမ်းရှာတာမဟုတ်ဘူးနော် ....စက်ဘီးပေါ်တင်ခေါ်မသွားရင်လဲရတယ် ...ဆိုင်နေရာပဲပြောပြ "
နှင်းအိမ် အသံမာမာနှင့် ပြောလိုက်သောအခါမှ သူ့ဆီကစကားသံကိုကြားလိုက်ရသည်။
"အသိလား ...မမစိုး သူငယ်ချင်းတွေထဲက တစ်ချို့တော့သူတို့နဲ့ သိကြမယ်ထင်တယ်...ဘာလဲ .. လမင်းက ချမ်းမြေ့ကုမ္ပဏီမှာအလုပ်လုပ်ချင်လို့လား ...ဆိုင်ကိုဘယ်လိုလုပ်မလို့လဲ ''
"မဟုတ်ပါဘူး မမစိုးရယ် .. ဒီလိုပဲ ကုမ္ပဏီကနာမည်ကြီးလို့ စိတ်ဝင်စားလို့ပါ...ဆိုင်မှာပဲလုပ်မှာပါ ...ဆိုင်ကိုတိုးချဲ့နိုင်အောင်ကြိုးစားမှာပါ "
''အဲ့ဒါကောင်းတာပေါ့..ဘကျော်တို့လဲပြောတယ် .. ဆိုင်အတွက်ငွေလိုရင်ပြောလေ...မမစိုးတို့လဲ ဆိုင်ခွဲလေးတွေဖွင့်ချင်နေတာ ...လမင်းရဲ့ ဆိုင်ထဲမှာရင်းနှီးမြှုပ်နှံမယ်လေ "
ပပစိုးက လမင်း၏မျက်နှာကို ခပ်ပြုံးပြုံးကြည့်လျက်ပြောလိုက်သည်။လမင်းက ပပစိုးထက် သုံးလေးနှစ်မျှငယ်သော်လည်း လမင်း၏ဇွဲနှင့် အရည်အချင်းကို ပပစိုးတို့မိသားစုက တွေ့မြင်နေရသည်။ပပစိုး၏ မိဘနှစ်ပါးသည်လည်း သူတို့၏တစ်ဦးတည်းသော သမီးလေးဖြစ်သည့် ပပစိုးကိုလမင်းနှင့်ဆိုလျှင် စိတ်ချ ကြသည်။သို့အတွက်လည်း လမင်းတစ်ယောက် သူတို့အိမ်သို့ ဝင်ထွက်နေသည်ကို မသိဟန် ပြုလျက် လွှတ်ပေးထားကြခြင်းဖြစ်သည်။
~~~~~~
"မဖြစ်နိုင်တာတွေ လာမပြောနဲ့ .... ဒီဇာတ်လမ်းက မပြီးနိုင်တော့ဘူးလား ... ကျွန်မတို့ကို လာမရှုပ်ဖို့ သူတို့ကိုပြောထားပြီးသားလေ "
ရှေ့တွင် ထိုင်နေသော ရှေ့နေဆိုသူကို မအေးနွယ်စိတ်တိုတိုနှင့် ပြောလိုက်မိသည်။
"ဟုတ်ကဲ့ ခင်ဗျ ... ကျွန်တော်အမှုသည် ဒေါ်သုန်က ကျန်းမာရေးအခြေအနေလဲသိပ်မကောင်းတာမို့ ကလေးကိုခဏတာတွေ့ခွင့် တောင်းရုံပါ ..ပြီးတော့ ဒီကလေး ရသင့်ရထိုက်တာတွေကို လွှဲပြောင်းပေးမှာပါ "
"ဘာမှမလိုချင်ဘူး ...သူတို့နဲ့လဲမပတ်သက်ချင်လို့ပါရှင် ... တောင်းပန်ပါတယ် "
နှင်းအိမ်လှေကားဝတွင် ရပ်လျက် အိမ်ထဲမှစကားများကို နားထောင်နေမိသည်။တည်ငြိမ်နေပြီဖြစ်သော မိခင်၏ဘ၀လေးကို ထပ်ပြီး နှောက်ယှက်လာကြပြန်ပြီလေ။နှင်းအိမ်တံခါးကိုတွန်းဖွင့်လျက် အထဲသို့ လှမ်းဝင်လိုက်သည်။
'' သမီးပြောလိုက်မယ် အမေ...အမေဆိုင်မှာ သွားနေလိုက်လေ "
သမီးဖြစ်သူ၏ စကားကြောင့် မအေးနွယ် မျက်နှာထားတင်းတင်းနှင့်ထိုင်နေရာမှ ထလိုက်သည်။သည်ကိစ္စသည် သမီးနှင့်ပတ်သက်နေသောကိစ္စဖြစ်သည်။သို့အတွက် သမီးဖြစ်သူ၏ စိတ်တိုင်းကျဆုံးဖြတ်ဖို့ ခွင့်ပြုပေးလိုက်ခြင်းဖြစ်သည်။
မိခင်ဖြစ်သူ အောက်ထပ်သို့ဆင်းသွားသည်နှင့် ရှေ့နေဆိုသူကို နှင်းအိမ် ခပ်တိုးတိုးပြောလိုက် သည်။
" ဒီကိစ္စက အပြတ်မရှင်းမချင်း ပြီးမဲ့ကိစ္စ မဟုတ်တော့ .. ကျွန်မကို သူတို့နဲ့တွေ့ရအောင် ချိန်းပေးပါ ...သူတို့အိမ်ကို ကျွန်မ မသွားနိုင်ပါဘူး ... ကျွန်မတို့အိမ်ကိုလဲ သူတို့ကို လာခွင့်မပြုဘူး ....အဲ့ဒီတော့.. ရန်ကုန်မြို့ထဲက အဆင်ပြေတဲ့နေရာမှာ ချိန်းပေးပါ ..သူရဲသား ဦးမြင့်မောင်နဲ့ပါ တွေ့ချင်တယ်လို့ ပြောပေးပါ "
" ဟုတ်ကဲ့ စိတ်ချပါခင်ဗျာ...တွေ့ဖို့ရက်ရတာနဲ့ ကျွန်တော် အကြောင်းကြားပေးပါ့မယ် ...."
~~~~~
သပ်သပ်ရပ်ရပ်ဖြစ်သွားသော ဆိုင်၏အခင်းအကျင်းကို ကြည့်ပြီး လမင်းကျေနပ်နေသည်။တိုးတက်လာသော ခေတ်ရေစီးကြောင်းထဲမှာ အမှီလိုက်နိုင်အောင် လမင်းကြိုးစားနေရသည်။ရည်းမှန်းချက်တွေကို လုပ်ဆောင်နိုင်ဖို့အတွက် မကြိုးစားနိုင်အားသေးဘဲ ကျေးဇူးတရားတွေကျေပွန်ဖို့ အရင်ကြီးစားရပေမည်။တွက်ကြည့်လျှင် လူငါးယောက်၏နေ့စဉ်စရိတ်သည် မသေးလှ။ လမင်းနှင့်မိခင်ဖြစ်သူကလွဲပြီးကျန်လူများမှာ အသက်ကြီးရင့်ကုန်ကြပြီ။ အားလုံးအတွက် လမင်းကြိုးစားမှ ဖြစ်မည်။
"ကျွန်တော် ..မမစိုးတို့ဆီက ငွေ နည်းနည်းယူထားတယ် ဘကျော် ...ဆိုင်ထဲမှာလိုအပ်သမျှ ထပ်ဖြည့်လိုက်တယ် "
" အေးပါကွာ ... ငါ့သား အဆင်ပြေအောင်သာလုပ် ... ငွေက ဘဏ်ထဲမှာဘကျော်တို့ ပိုက်ဆံနည်းနည်းရှိပါတယ် ...ယူသုံးလေကွာ "
ဦးကျော်တို့ကဆိုင်၏အလုံးစုံကို လမင်းလက်ထဲသို့ ၀ကွပ်အပ်လိုက်ပြီဖြစ်သောကြောင့် လမင်းက ဆိုင်ကို ခေတ်နဲ့အညီ ပြုပြင်ပြောင်းလဲလိုက်သည်။နှစ်ထပ်အိမ်ကြီး၏ အိမ်အောက်ထပ်တစ်ထပ် လုံးတွင် ပစ္စည်းအပြည့်ဝယ်ထည့်လိုက်သည်။ဘာလာမေးမေး မရှိဘူးဆိုတာမျိုးမရှိရလေအောင် ကုန်ခြောက်ကနေ မီးဖိုချောင်သုံးပစ္စည်းမျိုးစုံလည်းတင်ထားလိုက် သည်။အရောင်းအကူအတွက် အလုပ်သမားသုံးယောက်ခေါ်ထားရသည်။အရောင်းသမားများကို ချိုချိုသာသာပြောတတ်အောင် သင်ရသည်။ဆိုင်ကို သည်ထက် မက တိုးချဲ့နိုင်ဖို့ လမင်းကြိုးစားရအုံးမည်။
~~~~~
" နှင်းအိမ်...နင်ဘယ်သွားမလို့လဲ "
တနဂ်နွေရက်ကြီးမှာ မပြင်စဖူး အလှတွေပြင်ထားပြီး၊အ၀တ်အစားသပ်သပ်ရပ်ရပ်နှင့် လှလှပပဝတ်စားထွက်လာသောနှင်းအိမ်ကိုတွေ့ပြီး သူရမေးလိုက်သည်။
"ကမ္ဘာအေးဘက်သွားမလို့ပါ ... ကိုသူရကဘယ်လဲ ... ဒီနေ့ အလုပ်မသွားဘူးလား "
" ဒီနေ့ ပိတ်ရက်လေ ...လမင်းတို့ဆိုင်ကိုသွားမလို့ ... နင်ရောသူနဲ့ တွေ့ဖြစ်ရဲ့လား "
ကိုသူရ၏ အမေးကြောင့် နှင်းအိမ်ခေါင်းယမ်းပြလိုက်ပြီး
"မတွေ့ဖြစ်ပါဘူး ..သူလဲသူ့ဆိုင်နဲ့ သူလေ... နှင်းအိမ်လဲဈေးသွားမဝယ်ဖြစ်ဘူးလေ...."
အဘိုးတို့ပေးသော ငွေနှင့် စတိုးဆိုင်လေးတစ်ဆိုင်ဖွင့်ပြီး အမေတို့နှင့် မနီးမဝေးတွင်နေမည်ဟု စိတ်ကူးထားမိသည်။အမေသည် နှင်းအိမ်အတွက် သူ၏ငယ် ရွယ်နုငယ်လှသော ဘ၀ကိုပေးခဲ့ပြီးပြီလေ။နှင်းအိမ်လည်း အသက်နှစ်ဆယ်ပြည့်ခဲ့ပြီမို့ အမေ့ပျော်ရွှင်မှုအတွက် တလှည့်ကြည့်ပေးရအုံးမည်လေ။
~~~~~~
စတိုးဆိုင်ထဲသို့ ဝင်တော့မည့်နှင်းအိမ်၏ ခြေလှမ်းများသည် စတိုးဆိုင်ထဲမှ မြင်ကွင်းကြောင့် ရပ်တန့်သွားမိသည်။စတိုးဆိုင်ထဲတွင်တော့ လမင်းနှင့်ပပစိုးတို့ ရယ်ကာမောကာနှင့်စကားပြောနေကြသည်။နှင်းအိမ်တို့နှင့်ဆိုလျှင် အမြဲရုပ်တည်ကြီးနှင့်နေသူ။ မအားလပ်ဟု အကြောင်းပြလျက် စကားပင် ကောင်းကောင်းမပြော။နှင်းအိမ်ကို မဆိုထားနှင့်အမေ့ကိုပင် အရင်လို အလုပ်သွားပြန်ချိန်များတွင် ဝင်ပြီး နှုတ်ဆက်ခြင်းမရှိတော့ ။ဆယ်စုနှစ်ကျော်သံယောဇဉ်သည် သည်မျှလောက် ပေါ့တန်ခဲ့သည်လေ။နှင်းအိမ် မြင်ကွင်းကို ကျောခိုင်းပြီး ချာခနဲလှည့်ထွက်ခဲ့မိသော်လည်း အမျိုးအမည်မသိ သော ခံစားချက်များနှင့် ရင်ထဲလေးလံသွားမိလေသည်။
~~~~~~
" ဒါဆို ..သားတို့တစ်မိသားစုလုံး ဦးကျော်တို့ဆိုင်ကို ပြောင်းကြတော့မှာပေါ့ဟုတ်လား.... မေနွယ်တို့တော့ ပျင်းကျန်နေခဲ့တော့မှာပဲ "
မအေးနွယ်ဝမ်းသာဝမ်းနည်းဖြင့် ပြောလိုက်မိသည်။
"ဘကျော်တို့က အသက်ကြီးလာတော့ ..ညရေးညတာဆိုနှစ်ယောက်တည်း စိတ်မချလို့ပါမေ နွယ် ... ဒီမှာလဲ အမေနဲ့အဘွားကို စိတ်မချ ... ဟိုမှာလဲ ဘကျော်တို့ကိုစိတ်မချနဲ့ မို့ပါ .... ပြီးတော့ ဒီလထဲ ဘကျော်ကကျန်းမာရေးလဲ သိပ်မကောင်းဘူးဖြစ်နေလို့ "
"အင်းပါ လမင်းရယ် ...သားလဲ အလုပ်တွေ တအားမလုပ်နဲ့ ကိုယ့်ကိုယ်ကို ဂရုစိုက်အုံး.... မနက်ဖြန်ပြောင်းကြမှာပေါ့ ... "
" ဟုတ်ကဲ့ပါ မေနွယ် ''
ဆိုင်ထဲတွင် လမင်းနှင့်အမေပြောနေသော စကားသံများကို နှင်းအိမ်ကြားနေရပါလေသည်။သို့သော်လည်း ဆိုင်ပြင်သို့ထွက်မကြည့်မိတော့ပါ။ ထွက်ကြည့်တော့လည်း သူနှင့်နှင်းအိမ်ကြားမှပြောစရာစကားမှမရှိတာ။ ကိုယ့်အပေါ် ငယ်သူငယ်ချင်းသံယောဇဉ်ပင် မထားချင်သောသူကို နှင်းအိမ်လည်း တွေ့ချင်စိတ်မရှိတော့ပါ။
" သမီးရေ နှင်းအိမ် .. ဒီမှာ လမင်းတို့က ..မနက်ဖြန် ဘကျော်တို့ဆီကို ပြောင်းမှာတဲ့ ...သမီးရဲ့မေတုတ်နဲ့ ဘွားကြည်ကို ..သွားကူ သိမ်းပေးလိုက်အုံးလေ "
မိခင်၏အသံက နှင်းအိမ်ဟင်းချက်နေသော နောက်ဖေးခန်းထဲအထိ ၀င်ရောက်လာသည်။
"ဟုတ်ကဲ့ အမေ ..... ဟင်းအိုးကျက်ရင် သွားလိုက်မယ် "
နှင်းအိမ် အမေ့ကိုအသံပြန်ပေးလိုက်သည်။လူကတော့ အပြင်ကို ထွက်မသွားသေးဘဲ ရပ်နေမိသည်။
" အဲ့ဒါဆို ကျွန်တော်ဆိုင်ကို ပြန်လိုက်အုံးမယ် မေနွယ် ..."
လမင်းနှုတ်ဆက်ပြီးထွက်သွားသောအသံကိုကြားလိုက်ရပြီး အတန်ကြာမှ နှင်းအိမ်အပြင်သို့ထွက်လာခဲ့သည်။
မအေးနွယ် သမီးဖြစ်သူကို လှမ်းကြည့်လိုက်မိသည်။သမီး၏ မျက်နှာလေးသည့် မှုန်မှိုင်းအေးစက်နေသည်ဟု မအေးနွယ်ထင်မိသည်။သမီးကို မအေးနွယ် လွှတ်ခနဲ မေးလိုက်မိသည်။
"သမီးနဲ့လမင်း ရန်ဖြစ်ထားတာလား "
" မဖြစ်ပါဘူးအမေ ...သမီးတို့ကလေးတွေ မဟုတ်တော့ဘူးလေ ...ကိုယ့်အလုပ်နဲ့ ကိုယ်ဆိုတော့.. စကားသိပ်မပြောဖြစ်ကြတော့တာပါ "
~~~~~~~
"မငိုပါနဲ့ မေတုတ်ရယ် ..အဝေးကြီးမှ မဟုတ်တာ ..မေတုတ် သတိရရင်.. နှင်းအိမိတို့ဆီလာလို့ရတာပဲ "
အိမ်မပြောင်းချင်သဖြင့် ငိုနေသောမေတုတ်ကို နှင်းအိမ်မနည်းချော့နေရသည်။
"ဟင့်အင်း ... နှင်းအိမ်နဲ့ အေးနွယ် ပါ မေတုတ်တို့နဲ့ လိုက်ခဲ့လေ .... သူတို့ဈေးဆိုင်က အကျယ်ကြီးပဲဟာ .. မေတုတ်ကမပြောင်းချင်ဘူး.. သားကပြောင်းရမယ်ပြောနေလို့ ..သားလေးစိတ်ဆင်းရဲမှာစိုးလို့ ပြောင်းရမှာ ...နှင်းအိမ်တို့နားမှာပဲ နေချင်တယ် ....လိုက်ခဲ့နော် သမီးလေး "
တငိုငိုတရယ်ရယ်နှင့်ဖြစ်နေသော သမီးဖြစ်သူကိုဒေါ်အေးကြည်စိတ်မကောင်းစွာကြည့်နေမိသည်။သားဆိုသည်မှာလည်း မည်မျှပင်လိမ္မာစေကာမူ သမီးမိန်းခလေးနှင့်တော့ ကွာသည်လေ။မိန်းခလေးဆိုတာက ကြင်ကြင်နာနာယုယုယယနှင့်ပြောတတ်ဆိုတတ်သည်။သည်ကြားထဲနှင်းအိမ်ကလည်း မေတုတ်ဟုပါးစပ်ဖျားမှမချဘဲ အလုပ်လေးလာဝိုင်းကူပေး၊ အလှတွေလာလာပြင်ပေးဆိုတော့ မိတုတ်က နှင်းအိမ်ကိုသားဖြစ်သူလမင်းကိုချစ်သကဲ့သို့ချစ်ရှာသည်။
" နှင်းအိမ်တို့တော့ လိုက်လို့မရဘူးလေ မေတုတ်ရဲ့ ... နှင်းအိမ်တို့အိမ်မှာမေတုတ်နေခဲ့မလား ... လမင်းကို ပြောပေးမယ်လေ "
နှင်းအိမ်၏အမေးကြောင့် မိတုတ်ငြိမ်ကျသွားသည်။နှင်းအိမ်ကို ချစ်ပါသော်လည်း ဝမ်းနှင့် လွယ်မွေးထားရသော သားဖြစ်သူ ထက်တော့ မပိုနိုင်သည်လေ။
~~~~~
"သူတို့ကို လမင်းသိလို့လား ... သူတို့မိသားစုပိုင်တဲ့ ကုမ္ပဏီတွေ တော်တော်များတယ်...အဲ့ဒီထဲမှာ တည်းခိုခန်းတွေနဲ့စားသောက်ဆိုင်တွေလဲပါတယ်လမင်းရဲ့ ...."
မမစိုးခေါ် ပပစိုး၏စကားကြောင့် လမင်းအံကိုမသိမသာ ကြိတ်လိုက်မိသည် ။
'' ဒါနဲ့ သူတို့နဲ့ ပတ်သက်တဲ့ အသိမိတ်ဆွေတွေဘာတွေ...မမစိုးတို့မသိဘူးလား "
#မုန်းမာန်
(အခန်းဆက် ဝတ္ထုရှည် )
အပိုင်း (၁၆)
*********
"ကျောင်းတက်ဖို့ကိစ္စလေ ..နင်အဝေးသင်ပဲတက်မှာလား "
" ဟုတ်တယ် အဝေးသင်ပဲတက်မှာ ..သူရရောပဲလေ ..နင်ကတော့ ဒေးတက်မှာမဟုတ်လား "
လမင်း၏အမေးကို နှင်းအိမ်ကခေါင်းခါပြလိုက်ပြီး
"ဟင့်အင်း ... ငါလဲ နင်တို့နဲ့ အတူတူလိုက်တက်မလို့လေ ... အဝေးသင်တက်တော့ အလုပ်လုပ်လို့လဲရတယ် "
" ငါတို့နဲ့ ဘာလို့လိုက်တက်မှာလဲ ....မေနွယ်က ကျောင်းထားနိုင်တာပဲဟာ ....ငါတို့နဲ့ နင်က အခြေအနေမှမတူတာ "
လမင်း၏စကားကြောင့် နှင်းအိမ်နှုတ်ခမ်းကို တစ်ချက်ဖိကိုက်လိုက်မိပြီး
"ဘာအခြေအနေမတူတာလဲ ....ငါ့အမေလဲ မီးဖိုနားတစ်နေကုန်တစ်နေခန်းချက်ပြုတ်ပြီးမှ... ငါ့ကို ကျောင်းထားပေးရမှာလေ .. အဲ့ဒါကို ငါကလှလှပပလေးဝတ်စားပြီး ကျောင်းသွားတက်နေရမှာလား...နင့်စကားပြောတာက တစ်မျိုးကြီးပဲလမင်း ... ဘာကိုမကျေမနပ် ဖြစ်နေတာလဲ ...ဘကျော်တို့ ဆိုင်မှာ ငါဈေးလာဝယ်ရင်လဲ ...နင်ရှောင်ထွက်သွားပြီး ..အခြားသူနဲ့ရောင်းခိုင်းတယ်...နင်က ဘာဖြစ်နေတာလဲ ...နင့်ကိုငါက ဘာလုပ်နေလို့လဲ "
နှင်းအိမ်ပြောရင်းမှ ဒေါသ ထွက်လာမိပြီး အသံမာမာနှင့် ပြောလိုက်သည်။
" နင်ကလဲ ဘာတွေပြောနေတာလဲ ..နင့်ကိုငါကဘာလို့ ရှောင်ရမှာလဲ ... ငါ့မှာလုပ်စရာတွေ အများကြီးရှိတယ် ... ဒါကြောင့်သူငယ်ချင်းတွေကို ဦးစားမပေးနိုင်ဘူး ..."
လမင်း၏စကားကြောင့် နှင်းအိမ်ရင်ထဲတင်းခနဲဖြစ်သွားမိပြီး ဘာမျှပြောမနေတော့ဘဲချာခနဲလှည့်ပြန်ခဲ့သည်။
နှင်းအိမ်ပြန်သွားသည်ကို လမင်း တိတ်ဆိတ်စွာရပ်ကြည့်နေမိသည်။
~~~~~~~
"ခေတ်တွေက ပြောင်းလာပြီလေ... ကျွန်တော်တို့ ဆိုင်ကိုဒီတိုင်းရောင်းနေလို့တော့ မဖြစ်ဘူး ဘဘနဲ့ကြီးကြီး ... လက်လီရော လက်ကားပါရအောင် ဆိုင်ကိုတိုးချဲ့သင့်တယ်ထင်တယ် ..ခုဆို ဆိုင်ပြိုင်တွေကလဲ ... တစ်ဆိုင်ပြီးတစ်ဆိုင်ပေါ်လာကြပြီးလေ "
လမင်းပြောသည်ကို ဦးကျော်တို့ ဇနီးမောင်နှံကနားထောင်နေပြီးနောက်
"ဘကျော်တို့က အသက်ကြီးကြပါပြီကွာ ....ဘကျော်တို့မှာ ဆွေမျိုးသားချင်းလဲရှိတာမဟုတ်ဘူး ... အဲ့ဒီတော့ ငါ့သားလုပ်နိုင်တယ်ဆိုရင် လုပ်သာလုပ် ..သားကို ဘကျော်တို့ယုံတယ် ... ဘကျော်တို့ လင်မယားကတော့ ခရီးတွေထွက်ရင်း အေးအေးဆေးဆေး နေချင်နေပြီ ..ဘကျော်တို့က သားကို အမွေစားအမွေခံအဖြစ် စာချုပ် အခိုင်အမာနဲ့မွေးစားချင်တယ် ... ကံကြမ္မာဆိုတာ ပြောလို့ရတာမဟုတ်ဘူး ...သားကိုသိန်းရာချီ အမွေမပေးနိုင်ပေမဲ့ ဘဘတို့ရဲ့ အိမ်လေးကိုတော့ ငါ့သားကိုရစေချင်တာ ...ဆိုင်ကလဲ ငါးသားလက်ထဲကိုလွှဲလိုက်ပြီပဲ ... ငါ့သား စိတ်ကြိုက်သာလုပ် "
ဘကျော်၏စကားကြောင့် လမင်းရင်ထဲမှာ တင်းကြပ်သွားသလိုတော့ခံစားလိုက်ရသည်။ယခုအခါ ဘကျော်တို့၏ကုန်စုံဆိုင်လေးက အပြိုင်အဆိုင် ဆိုင်ကြီးများကြားမှာ ကြိုးစားရုန်းကန်နေရသော အခြေအနေဖြစ်သည်။ဘကျော်နှင့်ကြီးစန်းတို့၏ အသက်များသည်လည်း ခုနစ်ဆယ်နားနီးနေကြပြီ။လောက်လောက်လားလားလား အားကိုးစရာဆွေးမျိုးသားချင်းများလည်းမရှိကြ။ ဒါကိုသိသိနှင့်ထားပစ်ခဲ့ပြီးလမင်းထွက်သွားလျှင် လမင်းလောက်လူမဆန်သည့်သူရှိမည်မထင်။ကျောင်းသားဘဝတစ်လျှက်လုံး ဘကျော်တို့၏ အကူအညီ အထောက်အပံ့များနှင့်နေခဲ့ရသည်လေ။သို့သော်လည်း လူကြီးလေးယောက်လုံးကို လမင်း တာဝန်ယူစောင့်ရှောက်ရမည်ဆိုလျှင် လမင်း၏ရည်ရွယ်ချက်များ မှေးမှိန် ဝေဝါးသွားမည်ကိုလည်းစိုးရိမ်မိသည်။လမင်းအတန်ကြာ တွေဝေနေမိသည်။ဘကျော်နှင့်ကြီးစန်းက လမင်းကိုမျှော်လင့်တကြီးကြည့်နေကြရှာသည်။လမင်းမည်သို့ ခေါင်းခါရမည်နည်း။
~~~~~
ဦးမျိုးအောင်သည် သူ့ရှေ့တွင်ထိုင်နေသော နှင်းအိမ်ကို မျက်နှာချင်းဆိုင် မကြည့်ရဲဘဲ မျက်နှာကို အောက်သို့ ငုံ့တားလိုက်သည်။
" ဦးလေးအသက်က ဘယ်လောက်ရှိပြီလဲ "
နှင်းအိမ်က ခပ်ရဲရဲမေးလိုက်သည်။
"လေး ... လေးဆယ့်ငါးနှစ်ပါ ."
"အမေက လေးဆယ်ဆိုတော့ လိုက်ဖက်ပါတယ် ....ဒါပေမဲ့ နှင်းအိမ်ကျောင်းပြီးမှ ဦးလေးကိုခွင့်ပြုပေးမယ် .... ကျောင်းပြီးဖို့က တစ်နှစ်ပဲကျန်တော့တာပါ ...ဦးလေးစောင့်နေပေးနိုင်မလား ..အမေကတော့ နှင်းအိမ်ကို ငဲ့ပြီးငြင်းနေမှာပဲ....ဦးလေးသာ စိတ်မပြောင်းဘဲ အမေ့ကိုချစ်နေမယ်ဆိုရင် ...နှင်းအိမ်ကျောင်းပြီးတာနဲ့ ဦးလေးနဲ့ အမေ့ကိုလက်ထပ်ပေးမယ် ...ကြားထဲမှာရှုပ်ရှုပ်ယှက်ယှက်တော့ မလုပ်နဲ့နော် ဦးလေး .. နှင့်အိမ်အကြောင်း သိတယ်မဟုတ်လား "
" အေး..အေးပါသမီးရယ် "
ဦးမျိုးအောင်ကို ပြောပြီးသည်နှင့် နှင်းအိမ်ရင်ထဲပေါ့ပါးသွားမိသည်။ဦးမျိုးအောင်နဲ့ပတ်သက်ပြီး အမေ့ရင်ထဲမှာ ခံစားချက်ရှိရှိနှင့် နှင်းအိမ်ကိုငဲ့ပြီးမျိုသိပ်ထားသည်ကို နှင်းအိမ်သိသည်။တစ်ယောက်ကလည်း မတုန်မလှုပ်ကျောက်ဆစ်ရုပ်၊ တစ်ယောက်ကလည်း ဆိုင်တွင်ထမင်းလာစား၊ ထိုင်ငေး ၊ပြီးလျှင်ထပြန်။သူတို့နှစ်ချီ သည်လိုနေနေကြသောအခါ ကြားထဲမှ နှင်းအိမ်ကပင် မိခင်ကိုရောဦးမျိုးအောင်ကိုပါ သနားလာမိသည်။ထိုအတွက် နှင်းအိမ်ကပဲ အကောင်းဆုံးနည်းလမ်းကိုစဉ်းစားလိုက်သည်။အမေသာ ဦးမျိုးအောင်နှင့်လက်ထပ်လိုက်လျှင် မီးဖိုနားတွင်ထမင်းဟင်းချက်ရသောဘဝမှ အမေ လွှတ်မြောက်သွားမည်။နှင်းအိမ်ကတော့
"ဟို ..ဟို .. မ ..မသိဘူး သမီးရဲ့ ... သူ...သူတို့အိမ်ပြောင်းသွားကြပြီ "
" ဪ "
မိခင်ကြီး၏ စကားကြောင့် မိတုတ်ငိုင်ကျသွားသည်။လမင်းက မိခင်ဖြစ်သူကို ကြည့်လိုက်ပြီး
" အိမ်ကိုသွားကြမယ်လေ အမေ .. ပြီးရင် ကျွန်တော်ဘကျော်တို့ ဆိုင်ကိုသွားရအုံးမယ် "
ပြောပြီးသည်နှင့် အဘွားဖြစ်သူ၏ အိတ်ကို ဆွဲယူလိုက်ပြီးအိမ်ဘက်သို့ လမင်းပြန်ခဲ့လိုက်သည်။မျက်လုံးထဲမှာတော့ မိခင်၏ ညိုးလျမှိုင်ငေးသွားသော မျက်နှာကိုသာ မြင်ယောင်နေမိလေသည်။
~~~~~~~
ည(၇)နာရီကျော်တွင် နှင်း အိမ်တို့ ဆိုင်ပိတ်သည်။ထိုအချိန်ထိ လမင်းပြန်လာသည်ကို မတွေ့ရ။နှင်းအိပ်သတိထားမိသလောက် လမင်းတစ်ယောက် သူ့အဘွား ရောက်လာပြီးကတည်းက ညဆိုလျှင်ကိုးနာရီကျော်မှ ပြန်လာတတ်သည်။မနက်ဆိုလျှင် ခြောက်နာရီမထိုးခင်ထသွားသည်။နှင်းအိမ်မှာ သူနှင့်ပြောစရာကိစ္စရှိ၍ ချောင်းနေသော်လည်း မဆုံဖြစ်။ဘကျော်တို့ ဆိုင်သို့လိုက်သွားလျှင်ရသော်လည်း ဆိုင်တွင် ဝယ်သူများ အမြဲစည်ကားနေသောကြောင့် စကားပြောဖို့အခွင့် အရေးမရ။ယနေ့တော့ လမင်းနှင့်
ရအောင်တွေ့မည်ဟု နှင်းအိမ် ဆုံးဖြတ်ထားလိုက်သည်။
" အမေ ...သမီးမေတုတ်တို့အိမ်သွားလိုက်အုံးမယ် ... လမင်းကို ကျောင်းကိစ္စပြောစရာရှိလို့ "
" ဪ ..အေး..အေး ... အမေလိုက်ခဲ့ရအုံးမလား "
မအေးနွယ် သမီးကိုမေးလိုက်ရင်း မသိမသာအကဲခတ်လိုက်မိသည်။
" ရတယ် အမေ .. ခဏလေးပါ လမင်းပြန်ရောက်နေသံလဲကြားတယ် "
" အင်းပါ ....အကြာချည်းမနေနဲ့နော် သမီးမိုးချုပ်နေပြီမို့ "
" ဟုတ်ကဲ့ပါ အမေ "
သမီးဖြစ်သူအောက်ထပ်သို့ ဆင်းသွားသည်နှင့် မအေးနွယ်လည်း ခြေကိုဖော့နင်းပြီးအိမ်ရှေ့ဝရံတာဆီသို့ထွက်ခဲ့ လေသည်။
~~~~~~~
"လမင်း ..လမင်းရေ.. အိမ်ရှေ့ကို ခဏထွက်ခဲ့အုံး "
လမင်းတို့အိမ်၀တွင်ရပ်ပြီး နှင်းအိမ်လှမ်းခေါ်လိုက်သည်။
"ဘယ်သူလဲ ....နှင်းအိမ်လား အိမ်ပေါ်တက်လေကွယ် ..လမင်းရေ သားလေး .. သားကိုနှင်းအိမ်ခေါ်နေတယ် "
မိတုတ်သည် ဘုရားရှိခိုးနေသော မိခင်ကြီးကိုယက်ခတ်ပေး နေရာမှ အိမ်ဝမှနှင်းအိမ်အသံကိုကြားပြီး လမင်းကိုလှမ်းခေါ်လိုက်သည်။မိခင်၏ခေါ်သံကြောင့် လမင်းအိမ်ရှေ့သို့ထွက်လာခဲ့လိုက်သည်။
" နှင်းအိမ်လာလေ အိမ်ပေါ်တက် "
" ငါ မတက်တော့ဘူး ...နင့်ကို ပြောစရာရှိလို့လာခဲ့တာ "
" ဟုတ်လား... ပြောလေဘာကိစ္စလဲ "
နှင်းအိမ်ကို အိမ်ပေါ်သို့ ခေါ်မရသဖြင့် လမင်းက အိမ်အောက်သို့ ဆင်းလာပြီး နှင်းအိမ်ကိုမေးလိုက်သည်။
@@@@@@@@@@@@@@@@@@@@@@
အပိုင်း (၁၆ ) ဆက်ရန်
#ဧကြည်ဖြူ
" ဟုတ်လား ..အင်း..အင်း
သားဖြစ်သူ၏ စကားကြောင့် မိတုတ်ကခြေထောက်များကို ဆတ်ခနဲဆတ်ခနဲခါလိုက်ပြီး ထမင်းဆိုင်ထဲသို့ ဝင်လိုက်လေသည်။ ပြီးလျှင် မအေးနွယ်ကို လှမ်း၍ မေးလိုက်သည်။
" အေးနွယ်ရေ ..ငါ့သားက ငါ့အတွက်လက်ဆောင်ပါလာတယ်တဲ့....အဲ့ဒါနင့်ဆီမှာလား "
မိတုတ်၏ အမေးကြောင့် မအေးနွယ် မှာကြောင်တောင် တောင်ဖြစ်နေစဉ် ဆိုင်ဝကို ကျောခိုင်းကာထမင်းစားနေသော ဒေါ်အေးကြည်သည် အနောက်သို့လှည့်ကြည့်လိုက်ပြီးလျှင်
"သ ..သမီး ...မိတုတ် "
ခေါ်သံကြောင့် မိတုတ်မှာ ရုတ်တရက်ကြောင်အလျက်ဖြင့် ယခင်ကနှင့်ခြားနားလှစွာ ပိန်လှီအိုမင်းနေရှာပြီးဖြစ်သော မိခင်ကို မမှတ်မိနိုင်ဘဲ ခပ်ကြောင်ကြောင်ကြည့်နေမိသေးသည်။အတန်ကြာ သောအခါမှ ခြေထောက်များကို တဆတ်ဆတ်ခါလိုက်ပြီး
"အမေအေးကြည်တော့ ... မိတုတ်ရဲ့အမေပဲ ...အီး ..ဟီးဟီး ..အမေ ဘာလို့ ပိန်သွားတာလဲတော့ ...အမေ့ကို သူတို့ထမင်းမကျွေးကြဘူးလားဟင် ....အီး ..ဟီး..ဟီး "
မိတုတ်သည် ရှိုက်ကြီးတငင် ငိုလျက် မိခင်ကိုပြေးဖက်လိုက်သည်၊၊ ဒေါ်အေးကြည်သည်လည်း သမီးဖြစ်သူကိုပွေ့ဖက်လျက် ချုံးပွဲချငိုလိုက်လေသည်။
" အမယ်လေး ငါ့သမီးလေး ... ကံကောင်းလို့ မသေကောင်းမပျောက်ကောင်းကွယ် ...သမီးသာဒီလိုအသက်ရှင်နေမှန်းသိရင် အမေ့လိုက်ရှာမှပေါ့ မိတုတ်ရဲ့ ...ညည်းတော်တော်ရက်စက်တယ် ... ထွက်ပြေးမယ်ဆိုရင်လဲ ဒီအမေကိုပါ ခေါပါလားအေ "
လမင်းသည် ဘွားအေနှင့်မိခင်ကိုကြည့်ပြီး ပါးပြင်ပေါ်သို့စီး ကျလာသော မျက်ရည်စများကို တစ်ဖက်သို့လှည့်ကာသုတ်နေမိသည်။
မအေးနွယ်နှင့်နှင်းအိမ်မှာတော့ ဘာမျှနားမလည်နိုင်ဘဲ မြင်ကွင်းကို ကြောင်ငေး၍ကြည့်နေမိကြလေသည်။
~~~~~
"တော်သေးတာပေါ့ လမင်းရယ် .. ဘွားအေနဲ့ရှောရှောရှူရှူနဲ့တွေ့ခဲ့လို့ပေါ့ကွယ် ...အဲ့ဒီလိုသွားမှာဖြင့်လဲ မေနွယ်တို့ကိုပြောမသွားဘူး "
" ပြောသွားပြီးမှ ..မတွေ့ဘဲပြန်လာရင်စိတ်မကောင်းဖြစ်မှာစိုးလို့ ....ကြိုပြီးပြောမသွားတာပါ မေနွယ် ... ကျွန်တော်တောင်းပန်ပါတယ် "
" တောင်းပန်စရာမလိုပါဘူးကွယ် ....မေနွယ်ကစိုးရိမ်လို့ပါ "
နှင်းအိမ်သည် မိခင်ဖြစ်သူ၏ ဘေးနားတွင်ရပ်လျက်မှ လမင်းတို့ မြေးအဘွားသုံးယောက်ကို ကြည့်နေမိသည်။ပြုံးနေသော လမင်း၏ မျက်နှာလေးကိုနှင်းအိမ်မသိမသာခိုးကြည့်လိုက်ပြီး နှင်းအိမ်ပါ လိုက်၍ပြုံးလိုက်မိသည်။မျက်နှာချင်းဆိုင်မိသည်နှင့် နှစ်ယောက်သားမတည့်ကြသော်လည်း တစ်နေကုန်နေ၍ တစ်ခေါက်တလေမျှမတွေ့ရလျှင် သတိရမိသည်လေ။တွေ့ကြပြန်တော့လည်း အလကားနေရင်းမာနကြီးသော၊ နှင်းအိမ်ပြောသမျှကို ခေါင်းခါ ငြင်းဆန်တတ်သော၊ နှင်းအိမ်ထက်ပိုပြီး တခြားအပေါင်းအသင်းမိတ်ဆွေများကို ဦးစားပေးတတ်သော လမင်းကို နှင်းအိမ်ကြည့်မရတာတော့ အမှန်ပင်။ငယ်ငယ်တုန်းကဆိုလျှင် အတူကစားကြဖို့နှင်းအိမ်က ခေါ်သည့်အခါတိုင်း အကြောင်းအမျိုးမျိုးပြကာ ငြင်းဆန်တတ်သောလမင်းကို နှင်းအိမ်စိတ်တိုတိုနှင့် ထုခဲ့ရိုက်ခဲ့ရန်လုပ်ခဲ့သည်သာ။ ထို့မှ အထက်တန်းတက်သောအခါ လူကောင်ထွားလာသော လမင်းကို နှင်းအိမ်ရန်မလုပ်ရဲတော့ပေ။နှင်းအိမ်ကတော့ သူနှင့်ဆော့ကစားချင်၊ သွားချင်လာချင်လွန်း၍ သူ့နားကပ်ခဲ့သော်လည်း မာနကြီးတစ်ခွဲသားနှင့်နေလေ့ရှိပြီး နှင်းအိမ်ကိုအဖက်မတန်သလိုမျိုးဆက်ဆံလေ့ရှိသော လမင်းကို တစ်ခါတစ်ရံ၌ နှင်းအိမ်လည်းမုန်းမိလေသည်။
"အမေ့ကို ပြောစရာရှိတယ် ... ဈေးထဲမှာအမေဈေးသွားမရောင်းရတော့ဘူး ... ဈေးရောင်းမယ်ဆိုရင် အိမ်ရှေ့မှာပဲရောင်းရမယ် "
လမင်းက မီခင်ဖြစ်သူကို ပြောလိုက်သည်။ထိုအခါ မိတုတ်သည် သားဖြစ်သူကိုကြည့်လိုက်ပြီးလျှင်
"ဟောတော့.... အိမ်ရှေ့မှာရောင်းရင်ပိုက်ဆံသိပ်မရဘူး သားရဲ့ ... ဈေးထဲမှာသွားရောင်းမှ သားအတွက်ပိုက်ဆံစုလို့ရမှာလေ ....ပိုက်ဆံရမှ အမေတို့လဲ အိမ်ဝယ်ရမယ်လေ "
လမင်းက မိခင်၏လက်ကိုဆွဲယူကိုင်လိုက်ပြီး
" အိမ်ဝယ်ဖို့ ကျွန်တော့်ဘာသာရှာပါ့မယ် ..အမေက အိမ်ရှေ့မှာပဲအေးအေးဆေးဆေးဈေးထိုင်ရောင်း...ပြီးတော့ဟော့ဒီလို အင်္ကျီအဟောင်းအစုတ်တွေကို အကုန်လွှတ်ပစ်ရမယ်..လုံး၀မ၀တ်ရတော့ဘူး "
"မိတုတ်တို့ကတော့ ပျော်စရာကြီး ကွာ ..အမေလဲရောက်လာပြီး ....သားကလဲအားကိုးရပြီ "
မအေးနွယ်သည် လမင်းနှင်မိတုတ်တို့သားအမိကို ကြည့်ပြီး ကြည်နူးပျော်ရွှင်စွာပြောလိုက်မိသည်။လမင်းသည် မိတုတ် အတွက်တော့ မွေးရကျိုးနပ်သောကလေးပါပင်။မိတုတ်အတွက်ငယ်ငယ်ကတော့သား၊ကြီးလာတော့ အားဖြစ်ခဲ့ပြီလေ။ ထို့အတူသမီးလေး နှင်းအိမ်သည်လည်း မအေးနွယ်အတွက် ထီးဖြစ်နေခဲ့ပြီလေ။ယခုဆိုလျှင် မအေးနွယ်မှာ တော်ရုံတန်ရုံဟင်းဆိုလျှင် ၀င်ချက်စရာမလို။နှင်းအိမ်သာချက်သည်။အကူ ခေါ်ထားသောနှစ်ယောက်ကိုလည်း နှင်းအိမ်သာ စီမံလေသည်။ထိုသို့အားကိုးရနေပြီဖြစ်သော သမီးဖြစ်သူအတွက် အေးနွယ်လည်း ကျေနပ်ဝမ်းဝမ်းမြောက်မိသည်လေ။
" အမေ... မောင်မောင်ရောဟင် ...မောင်မောင့်ကို မတွေ့ဘူးလား "
အားလုံးပျော်ရွှင်ရယ်မောနေကြချိန်မှာ မိတုတ်ကမိခင်ကြီးကို ရုတ်တရက် ထမေးလိုက်လေသည်။မိတုတ်၏အမေးကြောင့် ဒေါ်အေးကြည်မှာ ဖြုန်းခနဲဘာပြောရမှန်းမသိဖြစ်သွားပြီး လမင်း၏မျက်နှာကို လှမ်းကြည့်လိုက်သည်။လမင်းက မသိမသာ ခေါင်းယမ်းပြလိုက်သောအခါမှ
အံကိုတင်းတင်းကြိတ်လျက်မှ ပြောနေသောမြေးဖြစ်သူကို ကြည့်ပြီး ဒေါ်အေးကြည်ရင်မောစွာ သက်ပြင်းချလိုက်မိသည်။
~~~~~~
နံနက်ခင်းခြောက်နာရီ။ရန်ကုန်ဘူတာကြီးမှ ထွက်လာသော မြို့ပတ်ရထားသည် သင်္ဃန်းကျွန်းဘူတာသို့ဆိုက်ရောက်လာသည်။
လမင်းသည် လက်တစ်ဖက်တွင်အဘွား၏ အဝတ်အစားအသုံးအဆောင်အိတ်ကိုဆွဲပြီး လက်တစ်ဖက်မှအဘွား၏ လက်ကိုဆွဲလိုက်သည်။လူများရှုပ်ထွေးစည်ကားနေသောမြင်ကွင်းသည် ဒေါ်အေးကြည်အတွက်စိမ်းသက် လွန်းနေသည်မှာတော့အမှန်။ရထားပေါ်သို့ စတင်ပြီးတက်စဉ် ကတည်းက ဟိုလူသည်လူများ က ကြောင်ကြောင်ငေးငေးဖြစ်နေသော ဒေါ်အေးကြည်ကိုတွန်းတိုက်သွားကြသည်လေ။
"လာ အဘွား ....သိပ်မဝေးပါဘူး "
အဘွား၏လက်ကိုဆွဲပြီး ဘူတာလမ်းကြားလေးအတိုင်း လမင်း၀င်လာခဲ့သည်။
~~~~~
"ဟယ် လမင်း ...သားပြန်လာပြီလား ...ဧည့်သည် ပါလာတာလား.. အိမ်မှာ သားအမေမှမရှိတာ ဆိုင်ကိုဝင်အုံး ....မေနွယ် မနက်စာပြင်လိုက်မယ်နော် "
ဆိုင်ရှေ့ကအမေ့အသံကြောင့် နှင်းအိမ်ဟင်းချက်နေရင်းမှဆိုင်ပြင်သို့ ထွက်ကြည့်လိုက်သည်။နှင်းအိမ်ဆိုင်ပြင်သို့ ရောက်သောအခါလမင်းနှင့်အတူ အမျိုးသမီးကြီးတစ်ယောက်ကို တွေ့လိုက်ရသဖြင့် အံ့ဩသွားမိလေသည်။
"မေနွယ် .... အဘွားကိုမေနွယ်တို့ ဆိုင်မှာထားခဲ့မယ်နော် ..ကျွန်တော်...အမေ့ဆီလိုက်သွားလိုက်အုံးမယ် "
လမင်းကနှင်းအိမ်ကို တစ်ချက်ကြည့်လိုက်ပြီး မအေးနွယ်ကို မှာကြားက ဈေးဘက်သို့အပြေးထွက်ခဲ့သည်။မအေးနွယ်က ထမင်းပွဲပြင်လိုက်ပြီး ဒေါ်အေးကြည်ကို ထမင်းစားဖို့ရန် ခေါ်လိုက်သည်။
" အဒေါ်အဆာပြေစာစားလိုက်ပါအုံး ...လမင်းက သူ့အမေကိုသွားခေါ်တာထင်တယ်...ဒီနဲ့သိပ်မဝေးပါဘူး "
မအေးနွယ်မှာ လမင်းနှင့်အတူပါလာသူမို့သာ ဧည့်ခံနေရသော် လည်း အကြောင်းအရာအဖြစ်အပျက်များကို စိတ်ထဲမှသိချင်နေမိပြီဖြစ်သည်။လမင်းကလည်းဘာမှမပြောသွားသောကြောင့်အူလည်လည်နှင့်ဧည့်ခံနေရလေသည်။ထို့အတူနှင်းအိမ်သည်လည်းကြောင်တောင်တောင်နှင့် ငေးကြည့်နေမိလေသည်။
"ထမင်းတစ်ပွဲက ဘယ်လောက်လဲကွဲ့ ....ဈေးများရင်တော့မစားတော့ပါဘူး"
ဒေါ်အေးကြည်သည်သူမရှေ့တွင်ရှိနေသော ထမင်းပွဲကိုကြည့်ရင်းမှမေးလိုက်သည်။
ဒေါ်အေးကြည်၏အမေးကြောင့် မအေးနွယ်ဖြုန်းခနဲမဖြေနိုင်ဖြစ်သွားမိလေသည်။မိခင်၏အခြေအနေကိုရိပ်မိသောနှင်းအိမ်ကအနားသို့ခပ်သွက်သွက်လျှောက်သွားလိုက်ပြီး
"အဘွားက လမင်းရဲ့ဧည့်သည်မဟုတ်လား ....လမင်းနဲ့ မေတုတ်က ထမင်းကိုလပေးနဲ့စားတာ အဘွား ...အဘွားစားတာကိုလဲ အဲ့ဒီထဲမှာမှတ်ထားလိုက်ပါ့မယ် "
"ဟင် ... သူတို့က ကိုယ့်ဘာသာမချက်စားကြဘူးလား ...အဘွား သမီးကထမင်းတောင် မချက်နိုင်တဲ့အခြေအနေဖြစ်နေပြီလားကွယ် "
"ရှင်.. အဘွား ဘာပြောတာလဲ "
ဒေါ်အေးကြည်၏ အပြောကို နှင်းအိမ်နားမလည်နိုင်ဘဲ မေတုတ်ဆီကရထားသောအကျင့်အတိုင်း ခေါင်းကိုသာကုတ်လိုက်မိလေသည်။
~~~~~~~
" ကန်စွန်းရွက်တွေရမယ်..ချဉ်ပေါင်ရွက်တွေရမယ် .. အသီးအရွက်တွေစုံတယ်နော်... လာဝယ်ကြပါအုံးတော် ... "
ဈေးတန်းထဲသို့ရောက်သောအခါ အော်ဟစ်စျေးရောင်းနေသော မိခင်ကိုကြည့်ပြီးလမင်းရင်ထဲဝမ်းနည်လာမိသည်။လူတစ်ယောက်မှာရှိသင့်ရှိထိုက်သည့် အသိဉာဏ်အပြည့်အဝမရှိရှာသောအမေသည် သားသမီးနှင့် ပတ်သက်လျှင် အသိဉာဏ်ရှိသူများထက်ပို၍ အသိဉာဏ်ပိုပြည့်ခဲ့သည်လေ။ လွယ်အိတ်စုတ်ကြီးကိုလွယ်လျက်ရှပ်အင်္ကျီအဟောင်းအစုတ်နှင့်ထဘီခပ်နွမ်းနွမ်းကိုဝတ်ထားသောအမေ။သားအတွက်ဆိုလျှင်ဖြင့် အဝတ်အစားလှလှမြင်လျှင် ဝယ်လာတတ်သောအမေ။ထိုသို့ အမေနှင့်ပတ်သက်၍ တစ်ခါတစ်ရံ အပေါင်းအသင်းများကြားတွင် လမင်းရှက်ရွံ့အားငယ်သလိုဖြစ်ခဲ့ဖူးသည်လေ။ထိုအတွက် ယခုအခါ၌ ရင်ထဲပို၍နာကျင်ရလေသည်။ဟင်းရွက်စည်းများကို ကိုင်လျက်ဈေးဝယ်လာသူများကို လိုက်လံငေးကြည့်ကာ ၀ယ်သူကိုခေါ်နေသော မိခင်ကိုကြည့်ပြီး လမင်းခေါင်းကို အောက်သို့ငုံ့ချလိုက်မိသည်။ထိုအခါ မျက်ဝန်းအိမ်မှမျက်ရည်ပေါက်များသည် ခြေဖမိုးပေါ်သို့ ပေါက်ခနဲပေါက်ခနဲကျသွားလေသည်။
"ဟယ် ...သားလေးလမင်း ...ငါ့သားလေးပြန်လာပြီ...ပျော်ခဲ့လား..ပျော်ခဲ့လား သားလေး ..ဘုရားတွေအများကြီးတွေ့ခဲ့လား "
မိတုတ်သည် အော်ဟစ်ဈေးရောင်းနေရင်းမှ သားဖြစ်သူကို မြင်လိုက်ရသောကြောင့် ကန်စွန်းရွက်စည်းကြီးကို ကိုင်လျက် သားဆီသို့ပြေးသွားလိုက်သည်။အနားသို့ ရောက်သောအခါ မျက်ရည်များသုတ်နေသော သားဖြစ်သူကို တွေ့လိုက်ရသောကြောင့်
"ဟင် ..သားငိုနေတာလား ... ငါ့သားကိုဘယ်သူလုပ်တာလဲ ... ငါ့သားကိုဘယ်သူ ရန်လုပ်တာလဲ ..မိတုတ်အကြောင်း သိသွားမယ်နော် ...ငါ့သားကို လာမထိနဲ့ "
" မ ..မဟုတ်ပါဘူး အမေ.... ကျွန်တော်ငိုနေတာမဟုက်ပါဘူး ... မျက်လုံးထဲ အမှုန်ဝင်သွားလို့ပါ ...အမေ့အတွက် လက်ဆောင်ပါလာတယ် ... ဈေးဗန်းသိမ်းပြီး ပြန်ကြရအောင်နော် "
" လက်ဆောင် ဟုတ်လား ..ဘာလက်ဆောင်လဲ.. ဟီး..ဟီး ..ပျော်စရာကြီး ..ငါ့သားက ငါ့အတွက် လက်ဆောင်ဝယ်လာတယ်တော့ "
~~~~~~
လမင်းက ကုန်စိမ်းထုပ်ကို အိမ်ရှေ့က ဈေးခုံပေါ်မှာချလိုက်ရင်း မိခင်ကိုလှမ်းပြောလိုက်သည်။
" လက်ဆောင်က မေနွယ်တို့ဆိုင်ထဲမှာ အမေရဲ့...ဆိုင်ထဲသွားကြည့်လေ "
#မုန်းမာန်
( အခန်းဆက်ဝတ္တုရှည်)
အပိုင်း (၁၅)
*****
"မင်း....မင်း ...."
" အမယ်လေး မောင်မောင်ရဲ့ ....မင်းမွှေးခဲ့တဲ့မီးလေ ...အခုဘယ်လိုရှင်းမလဲ...သူ့ကို စန္ဒာတို့သားအမိတွေ့သွားလို့မဖြစ်ဘူး သိရဲ့လား "
ဒေါ်ခင်မမက မြေးဖြစ်သူ မောင်မောင်ကို ဒေါသတကြီးနှင့်ပြောလိုက်သည်။မောင်မောင်က လမင်းကို ကြည့်လျက်နှုတ်မှအထစ်ထစ်အငေါ့ငေါ့နှင့် အသံတစ်ပိုင်းတစ်စသာထွက်နိုင်ပြီး တုန်လှုပ်ချောက်ချားစွာ ရပ်နေမိလေသည်။
"သူက မင်းနဲ့ တွေ့ရမှပြန်မယ်တဲ့ ... မင်းတစ်ခုခုလုပ်လေ မောင်မောင် .. တော်ကြာ စန္ဒာတို့ ပြန်လာတော့မယ် ...သူဘာလို့ချင်လို့လာတာလဲမေးလိုက် "
တုန်လှုပ်ချောက်ချားလျက် ကြက်သေသေနေသော သားဖြစ်သူကို ဒေါ်နုနုကသတိပေးလိုက်သည်။ထိုအခါမှ မောင်မောင်သည် သတိဝင်လာပြီးလျှင် လမင်းထိုင်နေရာဆီသို့ တိုးကပ် သွားလိုက်ပြီး
'' မင်း...မင်းက မိတုတ်ရဲ့သားဟု တ်လား...မင်း ဒီကိုဘာလာလုပ်တာလဲ ... မင်းကို ငါတို့မလိုအပ်ဘူး ..ကံကောင်းလို့အသက်ရှင်ခဲ့ရင်လဲ မင်းတို့ဘ၀နဲ့ မင်းတို့နေသင့်တယ် .. ငါတို့ကို လာမနှောက်ယှက်သင့်ဘူး..... မင်းငါတို့ဆီက ဘာလိုချင်လို့ လာရှာတာလဲ ငွေလား "
ဦးမောင်မောင်၏ နှုတ်မှ ထွက်လာသော စကားလုံးများသည် လမင်း၏ နှလုံးသားကို ခပ်ကြမ်းကြမ်း ရိုက်ချပစ်လိုက်သလိုပါပင် ။လမင်းလက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိသည်။
" အပြစ်လုပ်ထားတဲ့သူတွေက ဒီလို လွယ်လွယ်ပြောထွက်ရဲကြသားပဲ ...ကြိုဆိုမဲ့သူမရှိပေမဲ့ ဒီကိုလာခဲ့မိတဲ့အတွက် ကျွန်တော် နောင်တမရပါဘူး...မဟုတ်ရင် လူတစ်ယောက်ရဲ့တဏှာစိတ်ကြောင့် လူဖြစ်လာခဲ့တဲ့ကျွန်တော်က... ဘုမသိဘမသိနဲ့ မိဘကျေးဇူးဆိုတဲ့လူတွေရဲ့ စည်းကမ်းဘောင်တွေအောက်မှာပိတ်မိပြီး ဦးမောင်မောင်လိုလူမျိုးကို ရှိခိုးအိပ်နေမိအုံးမယ် ...အခုတော့ရှင်းသွားပါပြီ ... ဘာလဲ ကျွန်တော့်ကိုထပ်ပြီးသတ်ပစ်ဖို့တွေးနေကြတာလား ... ကျွန်တော့်မျက်နှာကို သေချာမှတ်ထားလိုက်ကြပါအုံး ....မကြာခင်တစ်မိသားစုလုံးဆီကို ပြန်လာခဲ့မယ် ... ဦးမောင်မောင်ရဲ့ဇနီးနဲ့ သားကိုလဲ ကြိုတင်ပြောပြချင်ပြောပြထားလိုက်ပါ.... ဒီတခေါက်တော့ငွေမတောင်းသေးပါဘူး .. ဉာဏ်ရည်မပြည့်ဝရှာတဲ့ မိန်းခလေးတစ်ယောက်ကို အနိုင်ကျင့်ရဲတဲ့ လူတွေကိုသိချင်ရုံမြင်ဖူးချင်ရုံသက်သက်လာခဲ့တာပါ ...နောက်တစ်ခေါက်ထပ်တွေ့ရင်တော့ တစ်မိသားစုလုံးဆီက ကျွန်တော်တို့သားအမိရသင့်ရထိုက်တဲ့ အကြွေးတွေကို တောင်းမှာပါ ...ကျွန်တော့်အမေကိုရိုက်နှက်ပြီး ကိုယ်ဝန်ကို ဖျက်ချခိုင်းခဲ့ကြတဲ့ အဘွားတို့နှစ်ယောက်လဲ အသက်ရှည်ရှည်နေကြပါနော် ... ကျွန်တော်ကျိန်းသေလာတွေ့ အုံးမှာမို့ပါ....သွားခွင့်ပြုကြပါအုံး "
လမင်းကျောပိုးအိတ်ကို လွယ်လိုက်ပြီးနောက် အားလုံး၏ရှေ့မှ ခြေသံပြင်းပြင်းနင်းလျက် ထွက်လာခဲ့သည်။
ဒေါ်ခင်မမတို့ သုံးယောက်သားမှာ ဘာမျှပြန်မပြောနိုင်ကြဘဲ ပါးစပ်အဟောင်းသားနှင့် ကျန်ခဲ့ကြလေသည်။ပြီးနောက် ပထမဦးဆုံး သတိဝင်လာသူမှာ ဒေါ်ခင်မမပင် ဖြစ်ပါလေသည်။
" မောင်မောင် ... စန္ဒာတို့ သားအမိကိုဖုန်းဆက်ပြီးခေါ်လိုက် ...ခုချက်ချင်းပြန်ဖို့ပြင် .. နုနုက အလုပ်သမားတွေကို ပစ္စည်းတွေ အမြန်သိမ်းခိုင်းလိုက် ကြားလား ..ဒီကိစ္စ ဘယ်သူမှသိလို့မဖြစ်ဘူး ...ချမ်းမြေ့ကုမ္ပဏီတွေရဲ့ ပိုင်ရှင်သူဋ္ဌေးက ... စိတ်မနှံ့တဲ့ မိန်းမတစ်ယောက်နဲ့ ကလေးတစ်ယောက်မွေးခဲ့တယ်ဆိုတဲ့သတင်းက လုပ်ငန်းရှင်တွေကြားမှာပျံ့သွားရင် ဘာတွေဖြစ်ကုန်မလဲ ...ရှယ်ယာရှင်တွေသာ နှုတ်ထွက်သွားရင် တွေးတောင်မတွေးရဲဘူး ....မင်းအဲ့ဒီကောင်လေးကို ဒီတိုင်းလွှတ်ထားလို့မဖြစ်ဘူးထင်တယ်နော် မောင်မောင် "
"ဟုတ်..ဟုတ်ကဲ့ပါ အဘွား ..."
ဒေါ်ခင်မမသည် အသက် အရွယ် ရှစ်ဆယ်ကျော်စပြုလာပြီဖြစ်သော်လည်း ခင်းပွန်းဖြစ်သူနှင့် သမက်ဖြစ်သူရှိစဉ်ကတည်းကပင် တစ်အိမ်လုံးကို သြဇာညောင်းလာခဲ့သူပီပီ ယောကျာ်းနှင့်သမက်ဖြစ်သူ မရှိကြတော့သည့်အခါတွင်လည်း တစ်မိသားစုလုံးသည် ဒေါ်ခင်မမ အာဏာစက်အောက်တွင်သာတည်ရှိလေသည်။
~~~~~~
ရပ်ကွက်ကအထွက်တွင် အဘွားက အနောက်သို့မျှော်ကြည့်လျက် မျက်ရည်ကျလေသည်။
"နုနုတို့မိသားစုတွေအားလုံး မနေ့ညနေကပဲ ပြန်သွားကြတယ်လို့ သန်းဆင့်ပြောတယ် ....လူလေးနဲ့ ဘာပြဿနာဖြစ်ခဲ့သေးလဲ "
ဘွားအေကြီး၏ အမေးကို လမင်းက ခေါင်းခါပြလိုက်သည်။
" မဖြစ်ပါဘူ အဘွား ...ဘာမှစိတ်မပူပါနဲ့ ... အိမ်ရောက်ရင်သာ အဘွားကိုအမေက ဦးမောင်မောင်အကြောင်းမေးခဲ့ရင် ...သေသွားပြီလို့သာ ဖြေပေးပါအဘွား ... သူလိုလူယုတ်မာအကြောင်းကို အမေကသတိတရနဲ့ ပြောနေတာကို ကျွန်တော်မကြိုက်ဘူး "
" အို ...အဲ့ဒီလိုမပြောနဲ့လေလူလေး..ဘာပဲဖြစ်ဖြစ်သူက လူလေးရဲ့ မိဘပဲလေ ....အဲ့ဒီလိုတွေ ရိုင်းရိုင်းစိုင်းစိုင်းမပြောရဘူး လူလေး "
" အဘွားမှားနေပြီ ...သူကမုဒိမ်းသမားပါ ... ကျွန်တော့်အမေ့ကို စော်ကားပြီး တာဝန်မယူခဲ့တဲ့မုဒိမ်းကောင်ပါ ...မုဒိမ်းကောင်မှ သူကျူးလွန်ခဲ့တဲ့အပြစ်ကိုတောင် အပြစ်လို့ မယူဆထားတဲ့ လူယုတ်မာကြီးပါ ... သူ့ကိုဥပဒေအရ အရေးမယူနိုင်ရင် ကျွန်တော်ကိုယ်တိုင်အပြစ်ပေးမှာပါ "
"လူလေးရယ် ... အဲ့ဒီလိုတွေမပြောပါနဲ့ကွယ် "
"တော်.....တော်လိုက်စမ်း..မင်းပါးစပ်ကို ပိတ်ထားလိုက်စမ်း ... ပြီးခဲ့တာတွေလာမပြောနဲ့ ..မင်းအခု ဘာလို့ဒီကိုလာတာလဲ ...ပိုက်ဆံလိုချင်လို့လား ...မင်းအမေကပိုက်ဆံတောင်းခိုင်းလိုက်တာလား ...မင်းဘယ်လောက် လိုချင်လဲပြော ... မင်းလိုသလောက်ကို ပေးလိုက်မယ် ...ငါတို့မိသားစုနဲ့ ဘယ်တော့မှလာမပတ်သက်နဲ့ "
ဒေါ်နုနု၏နှုတ်မှထွက်လာသော စကားများကြောင့် လမင်းတစ်ကိုယ်လုံး အသားများပင်တဆတ်ဆတ်တုန်ယင်လာသည်။
" မပတ်သက်နဲ့ဟုတ်လား .. ကျွန်တော်က ဦးမောင်မောင်ရဲ့သား.. အဘွားတို့ရဲ့မြေးလေ ...ဘာလို့မပတ်သက်ချင်တာလဲ ..ရှက်လို့လား... ကျွန်တော့်အမေကြောင့်ရှက်လို့လား ...ဒါဆိုရင် ကျွန်တော့်အမေ့ကိုစော်ကားပြီး တာဝန်မယူခဲ့တဲ့ အဘွားတို့ရဲ့သား လူယုတ်မာကြီးနဲ့ပတ်သက်နေကြတာကိုကျတော့မရှက်ဘူးလား ...ဦးမောင်မောင်ကိုခေါ်ပေးပါ ... ကျွန်တော်သူနဲ့တွေ့ချင်တယ်...သူနဲ့မတွေ့
ရမချင်း ဒီနေရာကနေလုံးဝမပြန်နိုင်ဘူး "
လမင်းပြတ်သားစွာပြောလိုက်ပြီး ခုံမှာဆက်ထိုင်နေလိုက်သည်။
" နုနု ညည်းသားဆီကိုဖုန်းဆက်စမ်း ... ဒီကိစ္စကို စန္ဒာနဲ့ငါ့မြေးမသိစေနဲ့ "
လမင်းအတွက် အရာရာကမထူးတော့ပြီဖြစ်သောကြောင့် ဆိုဖာခုံမှာ မလှုပ်မယှက်ထိုင်နေလိုက် သည်။
~~~~.
" အ ..အမေ ....ဘာတွေဖြစ်ကုန်တာလဲ ..ဘာတွေဖြစ်ကုန်တာလဲဗျာ ...."
မောင်မောင်က မိခင်ဖြစ်သူ၏လက်ကိုဆွဲကိုင်လိုက်ရင်း တုန်လှုပ်ချောက်ချားစွာ မေးလိုက်သည်။
"စန္ဒာတို့သားအမိရော ...ဘယ်မှာကျန်ခဲ့လဲ "
"ကြီးလှတို့ဘက်မှာနေခဲ့ကြတယ်... ဒါနဲ့ အမေဖုန်းထဲက ပြောတာတွေကို ကျွန်တော်နားမလည်နိုင်ဘူး "
" နားမလည်နိုင်ရင် မင်းကိုယ်တိုင် သွားကြည့်လိုက်... ဟိုအရူးမမိတုတ်က ငါတို့ကိုအရူးလုပ်သွားတာမောင်မောင်ရဲ့ မင်းသိရဲ့လား..."
မောင်မောင်က တုန်တုန်လှုပ်လှုပ်နှင့်ပင် ဧည့်ခန်းထဲသို့ဝင်လာခဲ့လိုက်သည်။ဧည့်ခန်းသို့ မောင်မောင်တစ်ယောက်လှမ်းဝင်လိုက်ချိန်မှာတော့သူ့ထံသို့ ဖျတ်ခနဲ မော့ကြည့်လာသော လမင်းကိုတွေ့ပြီး နေရာတွင် ကျောက်ရုပ်ကြီးလို ငြိမ်သက်သွားရလေသည်။
@@@@@@@@@@@@@@@@@@@@@@
အပိုင်း (၁၅) ဆက်ရန်
#ဧကြည်ဖြူ
"သူတို့မတွေ့သွားတာ တော်သေးတာပေါ့ ....အဘွားတို့ မြေးအဘွားသုံးယောက်... သူတို့မိသားစုနဲ့မပတ်သက်ဘဲ အေးအေးချမ်းချမ်းနေကြမယ် ...အဘွားဈေးရောင်းကျွေးနိုင်ပါတယ်ကွယ် "
" အဘွားရယ် " အဘွားကိုကြည့်ပြိ လမင်းမချိတင်ကဲရေရွတ်လိုက်မိသည် ။
" မတွေ့လို့တော့ မရဘူးအဘွား ..ဒါက သူတို့ အပြစ်ကျူးလွန်ထားတာပါ ..အပြစ်ကျူးလွန်ထားတဲ့သူတွေကို ..လွှတ်ထားပေးလို့မရပါဘူး ..အထူးသဖြင့် ဦးမောင်မောင် ပါပဲ ...သူတို့အားလုံးသိအောင် ဒီညနေ သူတို့အိမ်ကိုကျွန်တော်သွားမယ်အဘွား ..ပြီးရင် မနက်ဖြန်ညရထားနဲ့ အဘွားနဲ့ကျွန်တော် ရန်ကုန်ကိုပြန်မယ် "
မြေးဖြစ်သူ၏ ပြတ်သားသော စကားကြောင့် ဒေါ်အေးကြည်ထိတ်လန့် တုန်လှုပ်သွားမိပြီး
" မ..မသွားပါနဲ့ လူလေးရယ် ..အဘွားတောင်းပန်ပါတယ်ကွယ် ..သူတို့နဲ့တွေ့ရလို့ ဘာကောင်းကျိုးမှ မရှိပါဘူးကွယ် ...ငါ့မြေးလေးပဲ စိတ်ဆင်းရဲရလိမ့်မယ်ကွယ် "
"ဟင့်အင်း အဘွား ...ဒီတိုင်းတော့ ကျွန်တော် ပြန်မသွားနိုင်ဘူး ...တစ်ခုခုတော့ .ပြောသွားရမယ် ...အဘွားဘာမှမစိုးရိမ်ပါနဲ့ .. မနက်ဖြန် ရန်ကုန်သွားဖို့ပဲ ပြင်ဆင်ထားလိုက်ပါ "
"လူလေးရယ် ..နောက်တစ်ခါထပ်ပြီ လူလေးတို့နဲ့အဘွားမခွဲချင်တော့ဘူးကွယ် ...ဖြစ်နိုင်ရင်သွားမတွေ့ပါနဲ့ကွယ် "
"စိတ်မပူပါနဲ့အသွား "
~~~~~~~
"ဘယ်သူနဲ့တွေ့ချင်လို့လဲကွဲ့ "
အလုပ်သမား ဖြစ်ဟန်တူသောမိန်းမကြီးက လမင်းကို မေးလာလေသည်။
" ဦးမောင်မောင်နဲ့တွေ့ချင်လို့ပါ ..`
"သူဌေးလေးတို့မိသားစုတော့ မရှိဘူးကွဲ ... လမ်းလျှောက်ထွက်သွားကြတယ် ..မေမေကြီးတို့ပဲရှိတယ် "
မိန်းမကြီး၏ စကားကြောင့် လမင်းခေါင်းငြိမ့်ပြလိုက်ပြီး
" ဟုတ်ကဲ့ ခဏလောက်ဝင်တွေ့လို့ရမလား ခင်ဗျာ "
" ရပါတယ်... ဘုန်းကြီးကျောင်းက လွှတ်လိုက်တာလား ၀င်လေ "
~~~~~~~
"မေမေကြီး ဧည့်သည်လာပါတယ် .. ဘုန်းကြီးကျောင်းက လွှတ်လိုက်တာ ထင်တယ် "
" ဟုတ်လား ...ဒီကိုလွှတ်လိုက်လေ"
စကားသံများအဆုံးတွင် တိုက်ကြီး၏ ဧည့်ခန်းထဲသို့ လမင်း၀င်ရောက်လာခဲ့သည်။ဧည့်ခန်းထဲသို့ရောက်သောအခါ နံနက်ကတွေ့ခဲ့ အမျိုးသမီးကြီးနှစ်ယောက်ကို တွေ့လိုက်ရသည်။
" လာလေ ...ဆရာတော်ကြီး ခိုင်းလိုက်တာလား ...ဘာမှာလိုက်သေးလဲ "
လမင်းသည် အဘွားအိုကြီး၏ အမေးကိုမဖြေဘဲ ခေါင်းထက်မှဦးထုပ်ကို ချွတ်လိုက်ပြီး နှုတ်ဆက်လိုက်သည်။
" ကျွန်တော့်နာမည်က လမင်းပါ...
တွေ့ရတာဝမ်းသာ ပါတယ်ခင်ဗျာ "
ဒေါ်ခင်မမနဲ့ ဒေါ်နုနုက လမင်းရဲ့အပြုအမူနှင့် လမင်း၏မျက်နှာကို မြင်လိုက်ကြရပြီးနောက် ထိတ်လန့် အံ့ဩသွားကြပြီးလျှင်
"မင်း ...မင်း ဘယ်သူလဲ ... ဘာလို့ ငါ့မြေးမောင်မောင်နဲ့တူနေရတာလား "
ဒေါ်ခင်မမက ဦးစွာတုန်တုန် လှုပ်လှုပ်ဖြင့် မေးလိုက်သည်။
"ဟုတ်ကဲ့ ...ကျွန်တော်ကဒေါ်အေးကြည်ရဲ့မြေးပါ ....ပြီးတော့ အားလုံးက သေသွားပြီလို့ထင်နေကြတဲ့မိတုတ်ဆိုတဲ့အမျိုးသမီး ရဲသားပါ ...အမေပြောတာကတော့ ကျွန်တော့်အဖေနာမည်ကမောင်မောင်တဲ့ "
"ဘာ ..ဘာပြောတယ် "
ဒေါ်ခင်မမက တုန်လှုပ်ချောက်ချားစွာ အော်လိုက်သလို ဒေါ်နုနုသည်လည်း ထိုင်နေရာမှ အလန့်လန့်အဖျပ်ဖျပ်နှင့်ထရပ်လိုက်မိလေသည်။
"မဟုတ်ဘူး ..မဖြစ်နိုင်ဘူး ....မိတုတ်က သေသွားပြီပဲ ... မင်းဘာတွေလာပြောနေတာလဲ .... မင်းလူလိမ်ပဲ ... "
" ကျွန်တော်လိမ်လား ..မလိမ် လား သိချင်ရင်..ဒီမှာဓါတ်ပုံတွေကို ကြည့်လိုက်ပါ "
လမင်းက ဓါတ်ပုံများကို ထုတ်ပေးလိုက်သည်။
ဒေါ်ခင်မမနှင့်ဒေါ်နုနုတို့သည် ဓါတ်ပုံများကို ကြည့်လျက်ဆွံ့အ ကာ ကြက်သေသေသွားကြလေသည်။အတန်ကြာသောအခါမှ အဘွားအိုကြီးဒေါ်ခင်မမသည် သမီးဖြစ်သူကို ကြည့်လိုက်ပြီး
"ဒါ ..ဒါက ဘယ်လိုဖြစ်ရတာလဲ နုနု ..ဒီ ..ဒီကိစ္စကို အခြားသူတွေသာသိသွားရင် ....တစ်သက်လုံးထိန်းသိမ်းလာခဲ့တဲ့ ငါ့တို့ရဲ့မျိုးရိုးဂုဏ်သိက္ခာတော့ရေစုန်မျောပြီးနုနုရဲ့.. ဘယ်လိုလုပ်ကြမလဲ ... ညည်းချွေးမစန္ဒာနဲ့ သူ့မိဘတွေသာသိသွားရင်.. ငါတို့ဘယ်လိုလုပ်ကြမလဲမိနုရဲ့ ..ကြားထဲက ငါ့မြေးဖိုးချမ်းလေးတော့ ဒုက္ခရောက်တော့မှာပဲ...မောင်မောင့်ကိုဖုန်းဆက် ခေါ်စမ်း "
" နေ ...နေပါအုံး အမေ ... ကျွန်မ မေးစမ်းကြည့်ပါအုံးမယ် .
ဒေါ်နုနုက မိခင်ကိုပြောလိုက်ရင်း လမင်းကိုကြည့်လိုက်သည်။မောင်မောင်၏ငယ်ရူပ်သွင်နှင့် တူလွန်းလှသောမျက်နှာလေးသည် မောင်မောင်၏သားပါဟု အထူးတလည် ရှင်းပြပြောပြစရာမလိုအောင် လုံလောက်နေမှန်း ဒေါ်နုနုသိလိုက်ပါလေသည်။
"မင်း ....မင်းဘာကိစ္စနဲ့လာတာလဲ ...ဒီလောက်နှစ်တွေအကြာကြီးနေမှ ငါတို့မိသားစုကိုဘာဒုက္ခပေးချင်လို့လာတာလဲကွယ် "
ကြားလိုက်ရသော စကားကြောင့် တင်းခနဲဖြစ်သွားမိသောစိတ်ကို လမင်းပြန်ထိန်းလိုက်ပြီး
"ကျွန်တော်က ဒုက္ခပေးရအောင် လာခဲ့တာမဟုတ်ပါဘူး....ကျွန်တော့်ကို လူဖြစ်ခွင့်မပေးကြတဲ့ ... အဘိုးအဘွားတွေနဲ့ အဖေဆိုတဲ့ လူကိုတွေ့ချင်လို့လာခဲ့တာပါ..."
အဘွားက လမင်းကိုကြည့်ပြီး မေးလာသည်။လမင်းကျောပိုးအိတ်ကို ယိုင်နဲ့နဲ့ကွပ်ပျစ်ခုံပေါ်တင်လိုက်ပြီး ကျောပိုးအိတ်ထဲမှာ ဓါတ်ပုံသုံလေးပုံကိုထုတ်လိုက်သည်။ဓါတ်ပုံများသည် လမင်းလသားအရွယ်လောက်က မိခင်နှင့်အတူ ရိုက်ထားသောပုံနှင့် ဆယ်တန်းအောင်စာရင်းထွက်သည့်နေ့ကမှ ရိုက်ထားသောပုံများဖြစ်လေသည်။ ဓါတ်ပုံများကို အဘွား၏ လက်ထဲသို့ လမင်းကမ်းပေးလိုက်သည်။
" ကျွန် ...ကျွန်တော့်နာမည်က လမင်းလို့ခေါ်တယ်ခင်ဗျာ...ဓါတ်ပုံထဲက ကျွန်တော်တို့သားအမိပုံပါ အဘွား "
အဘွားက ယောင်အအနှင့် ဓါတ်ပုံများကိုလှမ်းယူကြည့်ရှုလိုက်ပြီးနောက် အထိတ်တလန့် မျက်နှာဖြင့် လမင်းကိုမော့ကြည့်လာပြီး
" ဒီ ....ဒီပုံထဲက မိန်းခလေးက အ... အဘွား သမီးနဲ့ တူလိုက်တာကွယ် .. သူ ..သူက...ဘယ်သူလဲ လူလေး "
" ကျွန်တော့် အမေပါ ....နာမည်က မိတုတ်တဲ့ "
" ဘာ ..ဘာပြောတယ်ကွဲ့ ...မ..မဖြစ်နိုင်တာ ...မိတုတ် ..မိတုတ်က အဘွားရဲ့သမီးလေ ... သူဆုံးသွားတာကြာပါပြီ .."
" ဆုံးတယ်ဟုတ်လား အဘွား ...ဘာကိုပြောတာလဲ ... ကျွန်တော့်အမေက အဘွားရဲ့ သမီးပါ မင်းဘာလို့ဆုံးသွားပြီလို့ပြောရတာလဲ "
လမင်းနားမလည်နိုင်စွာ ပြန်မေးလိုက်မိသည်။အဘွားက ငိုလျက်မှ
"လူလေးအဘွားကို လာညာနေတာလားကွယ်...အဘွားသမီးလေးကလေ ..လွန်ခဲ့တဲ့ (၁၈)နှစ်ကျော်ကပဲ ရွာရဲ့အနောက်တောထဲက ရေကန်ကြီးထဲမှာ ရေနစ်ပြီးဆုံးသွားခဲ့တာလေကွယ် "
အဘွား၏ စကားကြောင့် လမင်းဖြုန်းခနဲ နားမလည်နိုင်ဘဲ ဖြစ်သွားမိသည်။ပြီးမှ မိခင်ဖြစ်သူပြောခဲ့သမျှကို ပြန်စဉ်းစားကြည့်လိုက်ရင်း
" အဘွားပြောတာကို .... ကျွန်တော်နားလည်သွားပြီ ... ကျွန်တော်ရှင်းပြပါ့မယ် အဘွား ..အမေပြောတာတော့ အဲ့ဒီတုန်းက ...ရေကန်ထဲခုန်ချမယ်ဆိုပြီး ...အမေသွားခဲ့ပေမဲ့ခုန်မချဖြစ်ဘဲ ကားလမ်းဆီကိုထွက်သွားခဲ့တာတဲ့ ...အဲ့ဒီတုန်းကအမေလို့ပဲ အမျိုးသမီးတစ်ယောက်လဲ ရေကန်မှာလာထိုင်နေတယ်လို့ ပြောတယ် ...အဲ့ဒီမှာ အမေ့က ကားကြုံစီးပြီး... မန္တလေးဘူးတာကိုရောက်သွားပုံရတယ် ..မန္တလေးကနေ ရထားစီးပြီးရန်ကုန်ကို အမေရောက်သွားခဲ့တာ ..ရန်ကုန်ရောက်တော့ ...ကျွန်တော့်ကိုမွေးပါတယ် ... အမေက မြို့သာကုန်းက ဘယ်နေရာမှာရှိတာလဲဆိုတာကလွဲရင် အားလုံးကိုပြောပြနိုင်ပါတယ် .. အဘွားရဲ့နာမည်.. အဘွားအကြောင်းနဲ့ မောင်မောင်ဆိုသူ အကြောင်း...ပြီးတော့မေမေကြီးဆိုတဲ့ အမျိုးသမီးကြီးတွေရဲ့ အကြောင်းတွေလဲပါတယ် "
ဒေါ်အေးကြည်တစ်ယောက် ကြက်သေသေလျက် လမင်းပြောသမျှကို နားထောင်နေပြီးနောက် ချုံးပွဲချ၍ ငိုချလိုက်လေသည်။
" ဒါ .ဒါဆို ..အဘွားသမီးမိတုတ် မသေဘူးပေါ့ ဟုတ်လား ...အမယ်လေးဝမ်းသာလိုက်တာကွယ် ... လူ ..လူလေးက အဘွားမြေးပေါ့ကွယ် ဟုတ်လား ..အခုအဘွား သမီးဘယ်မှာလဲဟင် ...ဒီကိုပါ လာခဲ့လား "
"နေ ..နေပါအုံး အဘွား ....အမေက ရန်ကုန်မှာကျန်ခဲ့ပါတတ်....ကျွန်တော်က သေချာအောင် အရင်လာစုံစမ်းတာပါ "
" အဘွားသမီးလေးကို တွေ့ချင်လိုက်တာကွယ် ... သူနေကောင်းရဲ့လားကွယ် ....အဘွားကြောင့် ...အဘွားကြောင့်ပါကွယ် "
"မငိုပါနဲ့ အဘွားရယ် ....အဘွားကို ကျွန်တော်လာခေါ်တာပါ ...အမေကလဲအဘွားကို သိပ်သတိရနေတာပါ ...အဘွားအကြောင်းကိုနေ့တိုင်းပြောပါတယ်..."
" ကံကောင်းလို့ကွယ်... သမီးလေးအသက်ရှင်နေတာဝမ်းသာလိုက်တာ မြေးလေးရယ် "
" မငိုပါနဲ့ အဘွားရယ် ... ကျွန်တော်နဲ့အတူ ရန်ကုန်သွားရအောင်နော် အဘွား
ရှိုက်ကြီးတငင်နှင့်ငိုနေသော အဘွားကို လမင်းနှစ်သိမ့်လိုက်မိသည်။
~~~~
" ဘယ် ... ဘယ်လိုကွဲ ... ဟို ..ဟို အလှူအိမ်ကို လူလေးရောက်ခဲ့တယ်ဟုတ်လား ...သူတို့ လူလေးကိုတွေ့သွားကြလား ....လူလေးက သူတို့သားမောင်မောင်နဲ့ ဒီလောက်တူတာ သူ....သူတို့မြင်သွားကြလား "
တုန်တုန်လှုပ်လှုပ်နှင့် မေးလာသော ဘွားအေကြီးအား လမင်းခေါင်းခါပြလိုက်ပြီး
" မတွေ့ပါဘူး အဘွား ... ကျွန်တော်က ဦးထုပ်ဆောင်းထားခဲ့ပါတယ် "
" တော် ... တော်သေးတာပေါ့ လူလေးရယ်.. သူတို့မတွေ့သွားတာကံကောင်းတယ် ...သူတို့ လူလေးကို လက်ခံမှာမဟုတ်ဘူး ...သူတို့ကသိပ်ပြီးမောက်မာကြတယ် ..သမီးဆုံးသွားတယ်ဆိုတော့ ဟုတ်ရဲ့လားဆိုပြီး ..ရေကန်ကြီးအထိလိုက်ကြည့်ကြတယ် ... အဘွားကလဲ ...မင်းအမေသွားလေရာယူသွားတတ်တဲ့ အထုပ်ကိုတွေ့လိုက်ရတော့ ဟုတ်တယ်လို့ ပြောလိုက်တော့ သားအမိတွေ သိပ်ကိုဝမ်းသာသွားကြတာ .. သူ့တို့ကို အဘွားတောင်းပန်ခဲ့ပါတယ် ... အဘွားတို့သားအမိ ဒီကနေထွက်သွားပြီး ကလေးကို တခြားမှာသွားမွေးပြီးနေပါ့မယ်လို့ တောင်းပန်းခဲ့တယ် .. သူတို့က လက်မခံခဲ့ဘူး ..ကျပ်မပြည့်တဲ့သူဆီမှာ ..သူတို့သွေးသားကိုမရှင်သန်စေရဘူးဆိုပြီး ...ကိုယ်ဝန်ကို အ...အတင်းဖျက်ချဖို့ လုပ်ခဲ့တာလေ "
အဘွားဖြစ်သူ ပြောပြနေစဉ်မှာ လမင်းလက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားမိသည်။ယောကျာ်းဖြစ်ပါလျက် ကိုယ်ကျူးလွန်ခဲ့သည့်အပြစ်ကို တာဝန်မယူသည့်အပြင် တာဝန်ယူမည့်သူကိုပင် ရန်ရှာခဲ့သည်ဆိုသောအခါ လမင်းရင်ထဲ တဆစ်ဆစ်နာကျင်မိသည်။ထိုသို့အကြင်နာတရားကင်းမဲ့သော တာဝန်ယူချင်စိတ်မရှိသောလူများ၏ သွေးများသည် လမင်း၏ကိုယ်ထဲတွင် စီးဆင်းနေသည်ဟု တွေးမိလိုက်သောအခါ မိခင်နဲ့အဘွားဖြစ်သူကို အားနာမိလေသည်။
'နော် အဖေ ... တစ်ခါတည်းပါနော် ... ရန်ကုန်မှာဆို ဆိုင်ကယ်မစီးရဘူးလေအဖေရဲ့ ... ဒီရောက်မှစီးရတာကို ခွင့်ပြုပေးပါနော် .. ပလိစ်ဖေဖေနော် "
" သားကလဲကွာ သားအဘွားတွေ စိုးရိမ်နေလိမ့်မယ် ... အဖေကတော့ ငါ့သားရဲ့ဆိုင်ကယ်စီးနိုင်စွမ်းကို ယုံကြည်ပြီးသားပါ ...ဒီလိုလုပ်ကွာ .. အဖေမောင်းမယ် ..သားနောက်ကလိုက်စီးလေ "
ဦးမောင်မောင်က သားဖြစ်သူကို ချော့မော့ပြောလိုက်သည်။
"အဖေကလဲ အဲ့ဒီလိုဆိုတော့သားက...ဆိုင်ကယ်တောင်မစီးတတ်တဲ့ မင်းအသုံးမကျတဲ့သူကြီးဖြစ်သွားမှာပေါ့ "
ဖိုးချမ်းက မျက်နှာလေးပုပ်ပုပ်နှင့် ဖခင်ကိုပြောလိုက်သည်။သားဖြစ်သူ၏ .စကားကြောင့် ဦးမောင်မောင်က တဟားဟားအော်ရယ်လိုက်ပြီး သားငယ်၏ပခုံးကိုသိုင်းဖက်လိုက်ပြီး
"ငါ့သားကတော့ကွာ...တကယ့် ဇွတ်ပဲ ..အမေရေ အမေတို့မြေးကို ခွင့်ပြုပေးလိုက်ပါ "
လမင်းသည် လက်ထဲတွင် ထမင်းစားဇွန်းကိုကိုင်လျက်နှင့် မျက်စိရှေ့မှ မြင်ကွင်းများကို မမှိတ်မသုန်ကြည့်နေမိသည်။ အံကိုတင်းတင်းဖိကြိတ်ထားသည့်ကြားမှ မျက်ဝန်းအိမ်မှ မျက်ရည်စက်များက ဇွန်းကိုင်ထားသော လက်ခုံပေါ်သို့ပေါက်ခနဲ ကျရောက်လာသည်။လည်း ချောင်းတစ်လျှောက်တွင်းစူးနင့်၍နာကျင်နေသည်။ ဦးမောင်မောင်ဆိုသူသည်သူ၏သားကို ဖက်လျက်ပြုံးနေသည်။ထိုပြုံးနေသော လူကြီးသည် မိခင်ဖြစ်သူ နေ့စဉ် တမ်းတမ်းတတနှင့်ပြောနေသော မောင်မောင်မှန်းအဝေးကလှမ်းမြင်လိုက်ရကတည်းက လမင်းသိလိုက်ပါသည်။မြင့်မားသောအရပ်၊ထူထဲသောမျက်ခုံးနှင့်စူးရှသောအကြည့်များ၊ မထူမပါးနှုတ်ခမ်းအစုံတို့သည် လမင်းကိုယ့်ကိုယ်ကိုယ် ပြန်မြင်နေရသကဲ့သို့ဖြစ်နေသည် လေ။ အားလုံးကို လမင်းကစူးစူးစိုက်စိုက်ကြည့်နေမိသည်။ထမင်းစားဇွန်းကို လက်ကကိုင်ထားမိသော်လည်း ထမင်းတစ်စေ့တစ်လေမှ ပါးစပ်ထဲသို့မသွင်းမိပါချေ။ရင်ထဲမှာတင်းကြပ်၍ဆို့နင့်နေသည်။
" ကိုမောင်နော် ..ရှင်အဲ့ဒီလို အလိုလိုက်နေလို သားကဆိုးချင် နေတာသိရဲ့လား ... ဆိုင်ကယ်လိုက်မစီးရဘူးနော်သား ... အမေခွင့်မပြုဘူး ..."
တစ်ကိုယ်လုံးနီးပါးစိန်ရွှေရတနာများဖြင့် ဆင်မြန်းထားသောအမျိုးသမီးသည် ပြောရင်းနှင့် လှလှပပလေးလျှောက်လှမ်းလာသည် ။မြင်ကွင်းသည် လမင်းထိုင်နေသောနေရာနှင့် ခြေလှမ်းဆယ်လှမ်းစာမျှသာဝေးသောကြောင့် အားလုံးကိုကြားနေမြင်နေရသည်။နေရာတွင် လမင်းဆက်ထိုင်နေနိုင်စွမ်းမရှိတော့ပါချေ။ဦးထုပ်ကို လက်နှင့်အသာဆွဲချ ကာကွယ်ရင်း ထထွက်လာခဲ့သည်။စိန်ရွှေများအပြည့်ဖြင့် ဝင့်ကြွားလှပနေသော အမျိုးသမီးကို တစ်ချက်လှမ်းကြည့်လိုက်ချိန်မှာ စီးကျလာသော မျက်ရည်များသည် ရင်ထဲမှနာကျင်မှုများကြောင့်ပို၍ပင်ပူနွေးနေသယောင် ထင်ရသည်။
~~~~
ကုပ်ကုပ်မှိုင်းမှိုင်းနှင့်ဖြစ်နေသောအိမ်အိုကြီးကိုကြည့်ရသည်မှာ နှစ်ပေါင်းများစွာမပြုမပြင်ဘဲထားခဲ့ပုံရလေသည်။ကာရံထားသော ထရံကွက်များသည်လည်း ဟိုတစ်ကွက်သည်တစ်ကွက်ဖြင့် အပေါ် အပြဲများဖြစ်နေလေသည်။ခြံရှေ့တွင် ရပ်လျက်မှ လမင်းကြည့်နေစဉ်မှာပင် အိမ်ထဲမှအမျိုးသမီးကြီးတစ်ယောက် ထွက်လာသည်ကို တွေ့လိုက်ရလေသည်။အမျိုးသမီးကြီးသည်လည်းလမင်းကိုမြင်သွားပြီး မျက်လုံးကိုလက်ဖြင့်ကာကြည့်လိုက်လေသည်။ထိုအမျိုးသမီးကြီး၏ ပြည့် ဝိုင်းသောမျက်နှာနှင့် ပိန်လှီလှသော နွမ်းဖက်ဖက်ပုံစံကိုကြည့်ပြီး လမင်ရင်ထဲမှာ စူးအောင့် နာကျင်သွားမိသည်။
" အ ..အဘွား "လမင်း၏ မဝံ့မရဲခေါ်သံကိုမကြားဘဲ အဘွားက လမင်းကို လှမ်းမေးလာသည်၊
"ဘယ်သူတုန်းကွဲ့ ... သန်းဆင့်သားလား ..... လာလေ အိမ်ထဲဝင်ခဲ့လေကွယ် ... သန်းဆင့်ဘာခိုင်းလိုက်လို့လဲ "
အဘွား၏ ခေါ်သံအဆုံးတွင် လမင်းခြံထဲသို့ ၀င်လိုက်ပြီး အဘွားကို ခပ်တိုးတိုးမေးလိုက်မိသည်။
" အ ..အဘွားက ဒေါ်အေးကြည်လား "
"ဪ ..သန်းဆင့်သားငဦးမဟုတ်ဘူးလား ... ဟုတ်ပါတယ် အဘွားကဒေါ်အေးကြည်ပါ ...ဘာကိစ္စရှိလို့လဲကွဲ ....မုန့်လာမှာတာလား.... ဒီနေ့တော့ရွာထဲမယ် အလှူရှိနေလို့ မုန့်မလုပ်ဖြစ်ဘူးကွဲ့ ...အိမ်ထဲဝင်ထိုင်အုံးလေကွယ် ... အမောပြေရေသောက်အုံး ...လာ..လာ "
အဘွားကိုကြည့်ပြီးနှုတ်ဆိတ်လျက် အဘွားနောက်မှ အိမ်ထဲသို့ လမင်းလိုက်ဝင်ခဲ့သည်။အိမ်ထဲသို့ရောက်သောအခါ ယိုင်နဲ့နဲ့ ကွပ်ပျစ်ဘေးရှိ သစ်သားခုံတန်းလေးမှာ အဘွားကထိုင်းခိုင်းလေသည်။
" ထိုင်လေ လူလေး ... အဘွားမှာချိုချိုချဉ်ချဉ်လေးတော့ ကျွေးစရာမရှိဘူးကွယ်...ထန်းလျက်ခဲလေးစားပါအုံး ..."
အဖော်ကင်းမဲ့နေရှာသော အဘွားသည် ဧည့်သည်ကိုမျှော်နေပုံရလေသည်။လမင်းကို မရှိရှိတာလေးနှင့် ဧည့်ဝတ်ပြုနေရှာသည်။ဟောင်းနွမ်းနေသော အိမ်လေးထဲတွင် အသုံးအဆောင်ပစ္စည်းများသည် လွန်ခဲ့သောဆယ်စုနှစ်ကျော်ကျော်က အသုံးအဆောင်များသာဖြစ်ပုံရလေသည်။ယုတ်စွအဆုံး ပြက္ခဒိန်များသည် ပင်လျှင် လမင်းတို့မသိသောမကြည့်ဖူးသော မင်းသားမင်းသမီးပုံများဖြစ်လေသည်။
"လူလေးက အဘွားဆီမှာ မုန်လာမှာတာလား ...ဘာမုန့်လိုချင်တာလဲ "
#မုန်းမာန်
(အခန်းဆက်ဝတ္ထုရှည် )
အပိုင်း (၁၄ )
******
" ဪ သိတာပေါ့ကွယ် ... လူလေးက အလှူကိုလာတာလား ... ဟိုရှေ့က လမ်းထဲချိုးဝင်သွားလိုက်ရင်ရောက်ပါပြီတော်....မီးခိုးတိတ်ကျွေးတဲ့အလှူဆိုတော့ ..သူတို့တိုက်နားရောက်ရင် လူတွေအများကြီးတွေ့မှာပါကွယ် "
"ဟုတ် ... ဟုတ်ကဲ့ ... ကျေး..ကျေးဇူးပါခင်ဗျာ "
အဒေါ်ကြီးကိုကျေးဇူးတင်စကားပြန်ပြောလိုက်သောလမင်း၏အသံများက တုန်ယင်နေခဲ့သည်။ရင်ထဲမှာလည်း မီးရထားကြီးတစ်စင်းဝင်ရောက်ခုတ်မောင်းနေသကဲ့သို့ ခံစားနေရသည်။ဦးခေါင်းထက်က လျှာထိုးဦးထုပ်ကို ခပ်ငိုက်ငိုက်ဆွဲချလိုက်သောလက်များသည်လည်း တဆတ်ဆတ်တုန်နေခဲ့လေသည်။
~~~~~
လမ်းထဲသို့ချိုးဝင်လိုက်သည်ဆိုလျှင်ပဲ တစ်နေရာဆီသို့ဦးတည်သွားနေကြသော လူအများအပြားကိုတွေ့လိုက်ရလေသည်။လမင်းလည်း ထိုလူအုပ်များနောက်မှ ကပ်၍ လျှောက်လိုက်ခဲ့မိလေသည်။
"ဟဲ မိမြရေ ...မောင်မောင့်သားလေးကမောင်မောင်ငယ်ငယ်က လိုပဲ လူချောလေးဟဲ့ ...အသက် (၁၇)နှစ်သာပြောတယ်လူကောင်ကြီးကလဲ ထွားလိုက်တာအေ "
'' ဟုတ်ပအေ ..မောင်မောင့်သား တောင်(၁၇) နှစ်ပြည့်ပြီ ...ညည်းတို့ငါတို့မစွံသေးတာခက်တယ်အေ...ဟား ဟား ဟား "
ရှေ့မှပြောသွားကြသော မိန်းမကြီးများဆီမှ စကားသံများကြောင့် တထိတ်ထိတ်ခုန်နေသောလမင်း၏ရင်အစုံက စူးခနဲနာကျင်သွားမိလေသည်။(၁၇)နှစ်ဆိုတော့ လမင်းထက် သုံးလကျော်ပဲငယ်သည်။နှုတ်ခမ်းကိုတွန့်ကွေးပြီး လမင်းနာနာကျင်ကျင်ပြုံးလိုက်မိသည်။
"ဒေါ်ခင်မမရောဒေါ်နုနုပါ ရပ်ရွာ ကိုတော့ သံယောဇဉ်ရှိတယ်နော် ...အခုဆိုရင် သူတို့မိသားစုရန်ကုန်ကိုပြောင်းသွားကြတာ ဆယ်နှစ်လောက်ရှိပြီမဟုတ်လား ... တစ်နှစ်မပျက်ရွာမှာအလှူလာလုပ်နေတုန်းပဲနော် "
"ဆယ်နှစ်ဘယ်ကမလဲအေ ... ဒေါ်ခင်မမယောကျာ်းကြီးဆုံးသွားကတည်းကပြောင်းသွားကြတာဆိုတော့ ဆယ်နှစ်ကျော်ပြီပေါ့ ...ဒါပေမဲ့ရပ်ရွာကို သံယောဇဉ်ကြီးလွန်းလို့အလှူလာလုပ်နေတာမဖြစ်နိုင်ပါဘူးတော် ... တစ်နှစ်ထက်တစ်နှစ် သူတို့ပိုကြီးပွားချမ်းသာလာတာကို ကြွားချင်လို့နေမှာပါ..တကယ်သာ သံယောဇဉ်ကြီးပြီး စိတ်စေတနာအမှန်ဆိုရင် ..သူတို့အိမ်မှာ တစ်သက်လုံး ကျွန်ခံလာခဲ့တဲ့ဒေါ်အေးကြည်ကြီးကို ပစ်ထားမလား အေ ... ဒေါ်အေးကြည်ခမျာအသက်ကြီးမှရွာစဉ်လှည့်ပြီး ဈေးရောင်းစားနေရတယ် ... ဒီအဘွားကြီးတစ်ယောက်စာလောက်ကို တစ်လဘယ်လောက်ထောက်ပံ့ရမှာလဲ .. အလကားလူ့ကပ်စေးတွေပါအေ ... အဲ့ဒါကြောင့် ငါလဲအမြင်ကပ်ကပ်နဲ့ သူတို့အလှူလာလုပ်တိုင်း ... ရှေ့ဆုံးကသွားပြီး ဒေါ်ကြီးအေးကြည် အကြောင်းသွားသွားပြောတာ "
အမျိုးသမီးဆီမှ ကြားလိုက်ရသောစကားကြောင့် လမင်းရင်ထဲ ဒိန်းခနဲခုန်လှုပ်သွားသည်။ခြေထောက်များက အလိုလို အမျိုးသမီးများအနီးသို့ တိုးကပ်သွားမိပြီး
"ဒီ...ဒီမှာခင်ဗျ...ဟို..ဟို ဒေါ်အေးကြည်အိမ်က ဘယ်နားမှာလဲ ခင်ဗျာ `
အမျိုးသမီးများအုပ်စုက ရုတ်တရက် ၀င်မေးလိုက်သော လမင်းကို ခပ်ကြောင်ကြောင် မော့ကြည့်လိုက်ကြသေးသည်။ပြီးမှ
" ဪ ... မုန့်အော်ဒါမှာမလို့လား .... ဒီကနေ နောက်ကိုပြန်လျှောက်သွားလိုက် ... အဲ့ဒီမှာ လမ်းကျဉ်းလေးတစ်လမ်းတွေ့လိုက်မယ် .. အဲ့ဒီလမ်းကျဉ်းထဲ တည့်တည့်သာ၀င်သွားလိုက်အစွန်းဆုံးအိမ်ပဲ "
" ဟုတ် ..ဟုတ်ကဲ့ ကျေးဇူးပါခင်ဗျာ "
သွားရမည့် လမ်းညွှန်ကို သိလိုက်သောအခါ လမင်းလှမ်းလက်စခြေအစုံကို ရပ်တန့်လိုက်ပြီး ရှေ့ဆက်သွားရမည်လား။ နောက်သို့ ပြန်ဆုတ်ရမည်လား တွေဝေနေမိသည်။ရှေ့ဆက်ဖို့ကလည်း သိပ်မလိုတော့။လူအုပ်စုများ အလျှိုအလျှိုဝင်သွားကြသော အိမ်ကြီးကို မြင်နေရလေပြီ။လမင်းအတန်ကြာ တွေတွေဝေဝေနှင့်ရပ်နေမိပြီးနောက် ခြေလှမ်းများကို လှမ်းလိုက်လေသည်။
~~~~~~
" စားကြနော် စားကြ ..အားနာစရာမလိုဘူး ...အဝသာစားသွားကြ "
အတော်လေးကိုအိုမင်းနေပြီဖြစ်သော အဘွားအိုကြီးသည် ကုလားထိုင်ပေါ်တွင်ထိုင်လျက်မှ ရွှေကိုင်းမျက်မှန်ကို သူ့လက်ချောင်းအိုအိုများနှင့် ပင့်တင်လျက်ဝင်လာသမျှလူများကို အော်ဟစ်၍ ပြောနေလေသည်။လက်ချောင်းများတွင် ဝတ်ဆင်ထားသော ဝင်းလက်တောက်ပြောင်နေသည့် လက်စွပ်များမှာလည်း နေရောင်အောက်တွင် တလက်လက်တောက်ပ၍နေလေသည်။
"ငါ့မြစ်ကလေးအတွက်လဲ ဆုတောင်းပေးကြအုံးနော် ....နုနုရေနုနု ....ဘယ်မှာလဲ ငါ့မြေးလေးက ..."
" ဟိုမှာ အမေ့မြေးရှိပ... သူ့အပေါင်းအသင်းဟောင်းတွေနဲ့ စကားပြောနေတယ် "
ဒေါ်နုနုကသားဖြစ်သူကို လက်ညှိုးထိုးပြပြီး မိခင်ကြီးကိုပြလိုက်သည်။ဒေါ်ခင်မမက သမီးဖြစ်သူ ပြသောနေရာသို့လှမ်းကြည့်လိုက်ပြီး
" ဟဲ့ မိနုရဲ့နင့်သားမောင်မောင့်ကို ပြောတာမဟုတ်ဘူး ...ငါ့မြေးလေးဖိုးချမ်းကိုပြောတာအေ့ "
" ရှိပါတယ်အမေရဲ့ ... တိုက်ထဲမှာ သူ့အမေ့နားကပ်ပြီး ဘာဂျီကျနေလဲမသိဘူး ...ဟောဟိုမှာထွက်လာပြီးသူ့အဖေဆီသွားနေပြီ "
ဒေါ်ခင်မမနှင့် ဒေါ်နုနုတို့ပြောနေစဉ်မှာပင် ဖိုးချမ်းခေါ်ချမ်းမြေ့မောင်က ဖခင်ဖြစ်သူ၏လက်ကို ဖက်တွယ်ဆွဲခေါ်ခဲ့လိုက်ပြီး ဘွားအေကြီးများရှိရာဆီသို့ လျှောက်လှမ်းလာခဲ့လေသည်။
"မြို့သာကုန်းလား သိပ်မဝေးဘူးလေ ..ဆိုင်ကယ်ကယ်ရီစီးသွားလို့လဲရတယ်...မသကာနာရီဝက်သာသာပေါ့ "
~~~~
" ဒါက မြို့သာကုန်းပဲညီလေး ... လမ်းရဲ့ဒီဘက်ခြမ်းပဲနော် ... ဟိုဘက်က တစ်ခြားရပ်ကွက် "
ဆိုင်ကယ်သမား အစ်ကိုကြီး ထွက်သွားချိန်မှာ လမင်းတစ်ယောက်တည်း မြို့သာကုန်း ဆိုသော ရပ်ကွက်ကိုငေးကြည့်နေမိသည် ။ဆယ်စုနှစ်ကျော်ကြာလာခဲ့ပြီးသည့်နောက်တွင် ရပ်ကွက်၏ မြင်ကွင်းများက မိခင်ကြီးပြောပြထားသည်နှင့် ကွာခြားနေလေသည်လား။သို့မဟုတ်လျှင် သည် နေရာက မိခင်ကြီး၏ မြို့သာကုန်းမဟုတ်လေသည်လား မသိချေ။လမ်းမကြီးတစ်လျှောက်တွင် ဈေးဆိုင်ခန်းများနှင် စည်ကားနေသည်။လမ်းမတစ်နေရာမှ အတွင်းထဲသို့ ချိုးဝင်သောလမ်းကို တွေ့ရသောကြောင့် ထိုလမ်းမအတိုင်းလမင်း၀င်လာခဲ့သည်။လမ်းတစ်လျှောက်ဘေးဘီဝဲယာမှ အိမ်များကို ငေးကြည့်ရင်းဘယ်သူ့ကိုမေးလို့မေးရမှန်းလဲမသိ။ စမ်းတဝါးဝါးနှင့်မေးရမည်သာ။
လမ်းဘေးတစ်နေရာတွင်ရှိသော ဈေးဆိုင်လေးထဲသို့ လမင်းဝင်လိုက်ပြီ အရဲစွန့် ကာမေးလိုက်မိသည်။
"ဒီမှာ ခင်ဗျ ... ဒေါ်အေးကြည် အိမ်ကဘယ်နားမှာလဲ မသိဘူး "
" ဒေါ်အေးကြည်ဟုတ်လား ..ဒီနားတစ်ဝိုက်တော့ ဒီနာမည်မကြားဖူးဘူးနော် လူကလေး ... အနောက်ပိုင်းထဲတော့ သိဘူးရယ် "
ဆိုင်ရှင်အဒေါ်ကြီး၏ စကားကြောင့် လမင်းစိတ်ဓါတ်ကျချင်သလိုပင်ဖြစ်သွားမိသည်။ပြီးမှ နှုတ်ကထုတ်မပြောချင်သော နာမည်ကိုမေးလိုက်မိသည်။မိခင်ဖြစ်သူပြောသလိုဆိုလျှင် မြို့သာကုန်းမှလူမှန်သမျှ ထိုနာမည်ကိုသိကြသည်တဲ့လေ။
"ဟို ... ဟို .... ဒေါ်ခင်မမဆိုတာကိုရောသိလားခင်ဗျ...သူ့မြေးနာမည်ကမောင်မောင်တဲ့လေ... အခုဆိုရင် ဦးမောင်မောင်ကအသက်လေးဆယ်လောက်ရှိမယ်ထင်တယ် "
@@@@@@@@@@@@@@@@@@@@@@@@
အပိုင်း (14)ဆက်ရန်
#ဧကြည်ဖြူ
မတူးက ခုံမှာဝင်ထိုင်းရင်းမိတုတ်ကိုပြောလိုက်သည်။
" သူငယ်ချင်းတွေနဲ့ သွားတာတဲ့ မတူးရဲ့ .. နှင်းအိမ်နဲ့သူရကိုပါခေါ် သွားလို့ မိတုတ်ကပြောလိုက်သေးတယ် ..ခေါ်လို့မရဘူးတဲ့လေ "
မိတုတ်ထမင်းစားနေရင်းမှ မတူးကို ပြန်ပြောလိုက်သည်။
"အေးပါဟယ် ..သွားပါစေ ...နင့်သားက ဒီလိုတစ်ခါမှသွားတာမှ မဟုတ်တာ .. နောက်ဆိုကျောင်းလဲတက်ရမှာဆိုတော့လဲ ခုချိန်သွားပါစေ ... သူရကတော့ အဝေးသင်ပဲတက်မယ်တဲ့..သူအဲ့လိုပြောတာပဲ ကျေးဇူးတင်ရအုံးမယ် ... ကိုယ်တွေလဲ ပိုက်ဆံရှိတာမဟုတ်ဘူး .. အိမ်ရှင်ကလဲတိုက်ပြင်ဆောက်မလို့တဲ့လေ.. နောက်သုံးလေးလလောက်ပဲနေရတော့မှာ ... အကြီးမကတော့ သူ့မောင်ကို သူတာဝန်ယူတယ်ပြောတာပဲ .....ဒါပေမဲ့ သူ့အဖေကအလုပ်သိပ်မလုပ်နိုင်တော့ဘူးလေ ..."
မတူးညည်းညူညူနှင့် ပြော လိုက်သည်။
"ဘာပဲပြောပြော .. ခင်လေးကတော့ အားကိုးရတယ်နော် မတူး ... စျေးရောင်းတာလဲ သွက်မှသွက် ... ဈေးထဲမှာ သူ့ဆိုင်ကအရောင်းရဆုံးပဲ ....အေးနွယ်တို့လဲ ရှိနေတာပဲမတူးရယ် ...သိပ်ပြီး ပူမနေပါနဲ့ ...နှင်းအိမ်ကလဲအဝေးသင်ပဲတက်မယ်ပြောနေတယ် ..အေးနွယ်ကတော့ သမီးကိုဆိုင်မှာပဲ အချိန်မကုန်စေချင်ဘူး .`
အေးနွယ်က ဝင်ပြောလိုက်သည်။
" အေးဟယ် ကလေးတွေကိုဘာတွေလုပ်ခိုင်းရမလဲမသိဘူး .... ဘွဲ့လေးရပြီး ...ရုံးတစ်ရုံးမှာ အေးအေးသာသာလေး လုပ်စေချင်တာပါ..လမင်းကတော့ ဦးကျော်တို့ဆိုင်ကိုပဲ ဦးစီးမယ်ထင်တယ် ...ခုဆိုရင်တစ်ဆိုင်လုံး သူ့လက်သူ့ခြေပဲဟာ....ပြီးတော့ သူများတွေပြောနေကြသလို ပပစိုးနဲ့ ကြိုက်သွားရင်တော့.. သူဌေးသမက်ဖြစ်မှာဟဲ့ ...မိတုတ်ရဲ့နင်ကတော့ နင့်သားအတွက်သိပ်ပူစစရာမလိုပါဘူးအေ ... အေးနွယ်ကရော နှင်းအိမ်ကိုဘာလုပ်စေချင်လဲ "
မတူးက အေးနွယ်ကိုမေးလိုက်သည်။
"အေးနွယ်ကတော့ သမီးကို ကျောင်းဆရာမလေး ဖြစ်စေချင်တာ ..ဒါပေမဲ့ သူ့ဝါသနာပါတာကိုပဲ လုပ်ပါစေ ... ကျောင်းပြီးသွားရင်တော့ ...အပြင်အလုပ်ပဲလုပ်ခိုင်းမလားလို့ ထမင်းဆိုင်က အရမ်းပင်ပန်းတယ်လေ "
ဆိုင်ထဲတွင်လူပါးနေချိန်ဖြစ်သောကြောင့် အေးနွယ်တို့စိတ်အေးလက်အေးစကားပြောနေကြခြင်းဖြစ်သည်။
အပြင်မှ ပြောနေသံများကို နောက်ဖေးခန်းထဲတွင် အလုပ်သမားတစ်ယောက်နှင့် အိုးခွက်ပန်းကန်များဆေးကြောနေသောနှင်းအိမ်ကြားနေရလေသည်။မိခင်၏ စကားကို ကြားလိုက်ရသောအခါမှ နှင်းအိမ်လည်း ဘာကိုဝါသနားပါလည်း ဆိုသည်ကို စဉ်းစားကြည့်မိသည် ။နှင်းအိမ်တက္ကသိုလ်တက်ဖို့ကတော့ မိခင်ကလည်းထားနိုင်သလို အဘိုးနှင့်အဘွားကလည်း ငွေပို့ပေးမည်ဟု ပြောပြီးသားပင်။သို့သော်လည်း လမင်းနှင့်သူရက အဝေးသင်ပဲတက်မည်ဆိုတော့ နှင်းအိမ်တစ်ယောက်တည်းတော့ ဒေးမတက်ချင်ဖြစ်နေမိသည်။တစ်ခါတလေတော့လည်း အဘိုးတို့ဆီက ပိုက်ဆံလှမ်းတောင်းပြီးစတိုးဆိုင်ကြီးဖွင့်ရကောင်းမလားဟုတွေးမိပြန်သည်။ယခုတလောမှ စတိုးဆိုင်ဖွင့်ချင်စိတ်ကလည်း ဘယ်လိုကနေ ဘယ်လိုပေါ်လာမှန်းမသိဖြစ်နေသည်။တကယ်တမ်း ဘာကိုဝါသနာပါလည်းဆိုတာကိုတော့ ကိုယ်တိုင်လဲ တွေးမရဖြစ်နေသည်။
~~~~~~
ရထားကည (၁၁)နာရီလောက်တွင် မန္တလေးဘူတာကြီးသို့ ရောက်ရှိသည်။လမင်းရထားပေါ်ကဆင်းလာခဲ့ပြီးနောက် ဘူတာထဲတစ်နေရာတွင် ထိုင်ချလိုက်သည်။
"ကားငှားမလား ...."
"ဆိုင်ကယ်ရှိတယ်နော် ...ဆိုင်ကယ် .... နယ်ဝေးသွားရမဲ့သူတွေ ဈေးချိုတဲ့ တည်းခိုခန်းတွေရှိတယ်နော် ... "
ကယ်ရိသများနှင့် ခရီးသည် များ၏အသံများက ဘူတာထဲတွင် ဆူညံနေသည်။လမင်းကတော့ ကျောပိုးအိတ်ကိုရင်ခွင်ထဲပိုက်ပြီးတိုင်တစ်တိုင်ကိုမှီကာထိုင်နေလိုက်သည်။သည်တစ်ညတော့ ဘူတာထဲတွင် ဖြစ်သလိုနေရမည်။ နံနက်လင်းမှ ခရီးဆက်ရမည်။ခရီးက မန္တလေးမြို့ကြီးနှင့် သိပ်မဝေးသော်လည်း တစ်ခေါက်တစ်ကျင်းမျှ မရောက်ဖူးသောခရီးလေ။ပြီးတော့ မသေချာမရေရာလှသော ခရီးမဟုတ်လား။မိခင်ဖြစ်သူ ပြောခဲ့သမျှ အနေအထားများနှင့်အတူ ညီဆုံးသောနေရာကိုနှစ်ချီလချီပြီး စုံးစမ်းရှာဖွေခဲ့ရသည်လေ။နာမည်တူရုံနှင့်အရဲစွန့်ပြီးထွက်လာခဲ့သောသည်ခရီးမှာ မှန်နေခဲ့လျှင်လည်း တစ်ခုခုတော့သိရမည်။မှားနေခဲ့လျှင်တော့ မနက်ဖြန်ညရထားကိုမှီအောင် ဘူတာကြီးသို့ ပြန်လာရမည်။ အားလုံးကို လိမ်ညာပြောပြီး ထွက်လာခဲ့သော သည်ခရီးက အောင်မြင်လျှင်တော့ မိခင်ဖြစ်သူ၏ နှလုံးသားကို အနည်းငယ်မျှ အေးငြိမ်းစေမည်ထင်သည်။
~~~~~~
နံနက် (၅) နာရီကျော်သည်နှင့် ဘူတာအပြင်သို့ လမင်းထွက်လာခဲ့ပြီး ဆိုင်ကယ်ကယ်ရီငှါးလိုက်ကာ မိမိသွားချင်သောနေရာကို ပြောလိုက်သည်။
ဆိုင်ကယ်မောင်း သူ၏ နောက်မှ လမင်းလိုက်ပါလာခဲ့ရင်း စိမ်းသက်လှသော မန္တလေးမြို့ကြီး၏ မြင်ကွင်းများကို ငေးမောကြည့်လာခဲ့သည်။အတန်ကြာသောအခါ လမင်းသွားချင်သော ကျောက်ဆည်ကားဂိတ်သို့ ရောက်လာခဲ့သည်။
ကျောက်ဆည်သို့သွားမည့် ကားလေးပေါ်သို့ တက်ထိုင်လိုက်ချိန်မှာတော့ လမင်း၏ ရင်ထဲတွင် တဒိန်းဒိန်းခုန်လှုပ်နေခဲ့လေသည်။သွားရမည့်ခရီးလမ်းသည် သုံးပုံနှစ်ပုံကျော်လာခဲ့ပြီလေ။
တိရိပ်ရိပ်ပြေးနေသော ကားလေးထဲမှနေ၍ လမ်းဘေးတစ်လျှောက်ရှိ လွမ်းမောဖွယ်ကောင်းသည့် တောင်တန်းများကို တွေ့ မြင်နေရလေသည်။
~~~~~
