ru
Feedback
ဧကြည်ဖြူ၏ ဝတ္ထုများ

ဧကြည်ဖြူ၏ ဝတ္ထုများ

Открыть в Telegram
803
Подписчики
+424 часа
+167 дней
+4630 день
Архив постов
#ပန်းတွေပွင့်ချိန် (အခန်းဆက်ဝတ္ထု) အပိုင်း (၂၅ ) akyiphyu ******** " အိမ်ထဲဝင်ပါအုံးဒေါ်ဒေါ်....ကိုဟန်လင်းသန့်ပြန်လာရင် ...မြရွက်ဆီကိုဖုန်းဆက်မှာမို့... သူပြန်လာရင်သိရမှာပါ " မြရွက်ဝါပြောလိုက်တဲ့အခါ အမျိုးသမီးကြီးက မြရွက်ဝါကို သေချာကြည့်လာတာမို့ မြရွက်ဝါလဲယောင်ယောင်နနနဲ့ပြန်ကြည့်နေလိုက်ပြီးမှ အမျိုးသမီးကြီးကို အိမ်ထဲခေါ်လိုက်တယ်။ဒီအခါမှာတော့ အမျိုးသမီးကြီးကလဲ မငြင်းတော့ဘဲ အထဲကိုဝင်လိုက်လာခဲ့တယ်။ " ဝင်ပါဒေါ်ဒေါ် ...မြရွက်တို့က အွန်လိုင်းဈေးရောင်းတာဆိုတော့ ...အိမ်ကနည်းနည်းတော့ ရှုပ်ပွနေတယ်...အားနာဖို့မလိုဘူးနော်ဒေါ်ဒေါ်... အေးအေးဆေးဆေးနားပါ...ဒါနဲ့ဒီနေ့ရောပဲခူးကိုပြန်ရမှာလားဒေါ်ဒေါ်.." " ဒီ ..ဒီနေ့တော့ ပဲခူးကိုချက်ချင်းမပြန်လဲရပါပြီကွယ်...နောက်ကျရင် ....အသိဆရာလေးတွေကျောင်းမှာအိပ်သွားမှာပါ...အိမ်ကအဘိုးကြီးဆုံးသွားပြီဆိုတော့ မပြန်လို့လဲရတယ်လေ " ပြောရင်းနဲ့အသံတိမ်ဝင်သွားတဲ့ အမျိူသမီးကြီးကိုကြည့်ပြီး မြရွက်ဝါစိတ်မကောင်းဖြစ်သွားမိတယ်။ " စိတ်မကောင်းလိုက်တာဒေါ်ဒေါ်ရယ်...သားသမီးတွေရှိလားရှင်...ဟို...ဟို...ပြီးတော့ ကိုဟန်လင်းသန့်နဲ့ကအလုပ်ကိစ္စရှိတာလားဟင်...သူကကြိုချိန်းထားတဲ့သူတွေကိုပဲ ...လက်ခံတွေ့ဆုံတယ်လို့ သိထားလို့ပါ..." " အ...အလုပ်ကိစ္စတော့မဟုတ်ပါဘူးသမီးရယ်...လူမှုရေးကိစ္စပါ...မောင်...မောင်ဟန်လင်းသန့်နဲ့ဒေါ်ဒေါ်တို့က ဆွေမျိုးတွေဆိုပါတော့ကွယ်...သမီးအထင်လွဲမှာ ကြောက်လို့ ပြောပြတာပါနော် " " ရှင် ...ဟုတ်..ဟုတ်ကဲ့ " အမျိူးသမိးကြီးရဲ့စကားကြောင့် မြရွက်ဝါအံ့ဩသွားမိပြီး အမျိုးသမီးကြီးကိုသေချာကြည့်လိုက်မိတယ်။ဒီအခါမှပဲ အမျိုးသမီးကြိးနဲ့ဟန်လင်းသန့်တို့ မျက်နှာပေါက်ချင်းနည်းနည်းဆင်တာကို သတိထားလိုက်မီတယ်။ဒါကြောင့်ရယ်လားမသိ အမျိုသမီးကြီးကိုမြင်လိုက်ရချိန်မှာ မြရွက်ဝါအလိုလိုခင်မင်ရင်းနှီးကာသနားသွားခဲ့မိတယ်။မြရွက်ဝါထိုင်နေရာကနေထလာခဲ့လိုက်ပြီး ထမင်းစားခန်းဆီကိုဝင်လာခဲ့လိုက်တယ်။ဒီနေ့တော့အိမ်မှာ မညိုတို့သားအမိတွေတစ်ယောက်မရှိကြဘဲ မြရွက်ဝါတစ်ယောက်တည်းရှိနေခဲ့တာ။ " ဒေါ်ဒေါ် ...မုန့်စားပါအုံး...ဟိုလေ ထမင်းစားလို့အဆင်အဆင်ပြေတယ်ဆိုရင်လဲ ထမင်းစားပါလားဒေါ်ဒေါ်.....အိမ်မှာအဆင်သင့်ရှိပါတယ် " " အိုကွယ်...ကျေးဇူးတင်ပါတယ်သမီးရယ်...ဒေါ်ဒေါ်ထမင်းဆိုင်မှာစားလာခဲ့ပါပြီကွယ်.... " " ဒါဆိုရင် မုန့်လေးတော့စားလိုက်ပါအုံး ဒေါ်ဒေါ် ... " " တူ...တူ..တူ..တူ " မြရွက်ဝါပြောနေချိန်မှာပဲ မြရွက်ဝါရဲ့ဖုန်းကထမြည်လာခဲ့တာမို့ ဖုန်းမျက်နှာပြင်ကိုကြည့်လိုက်မိယ်။ဖုန်းမျက်နှာပြင်မှာပေါ်လာတဲ့နာမည်ကိုကြည့်ပြီး မြရွက်ဝါရင်တွေလှိုက်ခနဲခုန်လှုပ်သွားခဲ့တယ်။ " ဟယ်လို ကိုလင်း " " ဟယ်လို.. မြရွက်...ကိုယ်ဒီနေ့နောက်ကျမယ်သိလား..စိတ်မပူနဲနော်...အပြန်ကျရင်ဘာဝယ်လာခဲ့ရအုံးမလဲ...ဒီနေ့တစ်နေကုန်မတွေ့ရသေးတော့သတိရလိုက်တာကွာ " ဖုန်ကိုင်ကိုင်ချင်းမှာပဲကြားလိုက်ရတဲ့စကားကြောင့် မြရွက်ဝါကြည်းနူးစွာပြုံးလိုက်မိတယ်။ဟန်လင်းသန့်ဘက်ကပြောနေတာတွေရပ်သွားတော့မှ ဧည့်သည်ရောက်နေတဲ့အကြောင်းကို မြရွက်ဝါပြောပြလိုက်တယ်။ " အိမ်မှာဧည့်သည်ရောက်နေတယ်သိလား....ကိုလင်းကိုတွေ့ချင်လို့တဲ့လေ...ကိုလင်းနဲ့အမျိုးတော်တယ်လို့လဲပြောတယ် ....ပဲခူးကတဲ့လေ...အဒေါ်ကြီးကိုကြည့်ရတာ နေလဲသိပ်ကောင်းပုံမရဘူး...အဲ့ဒါကြောင့် မြရွက်တို့အခန်းမှာခေါ်ထားလိုက်တယ်...ကိုလင်းအရမ်းနောက်ကျမယ်ဆိုရင်လဲ ပြန်လွှတ်လိုက်မယ်လေ " မြရွက်ဝါအကျိုးအကြောင်းပြောပြလိုက်တော့ ဟန်လင်းသန့်ဘက်ကစကားသံထွက်မလာဘဲတိတ်ဆိတ်နေခဲ့တယ်။ " ကို...ကိုလင်း ....မြရွက်ပြောတာကြားရဲ့လားဟင် " " ကြား...ကြားပါတယ်မြရွက်...ဟို...ကိုယ်အလုပ်တွေအားမဲ့အချိန်ကိုတွက်နေလို့ပါ...ဒီနေ့ကအလုပ်တွေက ညနေမှောင်တော့မှပြီးနိုင်မှာ ...အလုပ်တွေအမြန်လက်စသပ်ပြီး ကိုယ်ပြန်လာခဲ့လိုက်မယ်လေ...ဧည့်သည်ကိုမြရွက်တို့အခန်းမှာပဲခေါ်ထားပေးပါလား...ကိုယ်တောင်းပန်ပါတယ် " " ကိုလင်းကလဲ...ဘာတောင်းပန်စရာလိုလို့လဲ...ဒီဧည့်သည်ကဖြင့် ...အရင်တစ်ခေါက်ကလဲလာဖူးပါတယ်...ဘာမှစိတ်မပူပါနဲ့သိလား " " ကျေးဇူးပါကွာ..ဒါပဲနော်မြရွက်..ဧည့်သည်တွေရောက်လာပြီ " ဟန်လင်းသန့်ဘက်ကဖုန်းချသွားတာနဲ့ မြရွက်ဝါလဲအမျိူးသမီးကြီးရှိရာဆီကို ပြန်လျှောက်လာလိုက်တယ်။ " ကိုလင်းဖုန်းဆက်တာပါ ဒေါ်ဒေါ်...သူနောက်ကျနိုင်ပေမဲ့ ...အမြန်ဆုံးပြန်လာခဲ့ပါမယ်တဲ့.....သူ့ကိုဒီကပဲစောင့်နေဖို့ ဒပြောခိုင်းလိုက်ပါတယ် " မြရွက်ဝါပြောလိုက်တော့ အမျိုးသမီးကြီးက မြရွက်ဝါကိုသေချာစိုက်ကြည့်လာပြီးခေါင်းငြိမ့်ပြလာတယ်။ " ကျေးဇူးတင်ပါတယ်သမီးရယ်....သမီးလဲပဲခူးဘက်ရောက်ရင် ဒေါ်ဒေါ်ဆီလာလည်ပါကွယ်...ဒေါ်ဒေါ်ကပဲခူးမြို့ပေါ်ကတော့မဟုတ်ပါဘူး...ပဲခူးမြို့အကျော်က ...ကားလမ်းနဲ့သိပ်မဝေးတဲ့ရွာလေးမှာနေတာပါ...ခြံထဲမှာလဲ သီးပင်စားပင်လေးတွေစိုက်ထားတော့သာယာပါတယ်...အရင်ကတော့နှစ်ယောက်နေတာပေါ့ကွယ်..အခုတော့အဘိုးကြီးဆုံးသွားတာနဲ့ဒေါ်ဒေါ်တစ်ယောက်တည်းနေတာပါ...လမ်းကြုံရင်လာလည်ပါကွယ် ...ဒေါ်ဒေါ်လိပ်စာရေးပေးခဲ့မယ်နော် "

" ဒေါက် ...ဒေါက်... " အိမ်ရှေ့က တံခါးခေါက်သံကြောင့် မြရွက်ဝါထသွားပြီး တံခါးကိုဖွင့်လိုက်တဲ့အခါ ဟန်လင်းသန့်ကိုလာရှာဖူးတဲ့ အမျိုးသမီးကြီးကိုတွေ့လိုက်ရတာမို့အံ့သြသွားရတယ်။အမျိုးသမီးကြီးပုံစံက အရင်တစ်ခေါက်ကထက်တောင် ပိုပြီး နွမ်းလျနေခဲ့တယ်။ " ဟင် ....ဒေါ်ဒေါ် ပါလား ...ကိုဟန်လင်းသန့်ဆီကိုလာတာလားဟင် ... " " ဟုတ်...ဟုတ်ပါတယ်သမီးရယ်...သူ့အခန်းတံခါးကြီးသော့ပိတ်ထားတာ...ခေါ်လို့လဲမရလို့ပါ...ဒေါ်ဒေါ့်ကို ရေလေးနည်းနည်းလောက်တိုက်ပါနော် " " ဟုတ်ကဲ့ ရပါတယ်ဒေါ်ဒေါ်...လာပါအိမ်ထဲဝင်ပါအုံးရှင် " " ရ..ရပါတယ်သမီးရယ် ...မဝင်တော့ပါဘူးကွယ်...တော်ကြာ မောင်ဟန်လင်းသန့်ပြန်လာတာနဲ့လွဲနေမှာစိုးလို့ ...ဒေါ်ဒေါ်အပြင်ကပဲစောင့်နေလိုက်ပါ့မယ်" အမျိုးသမီးကြီးရဲ့စကားကြောင့် မြရွက်ဝါအမျိုးသမီးကြီးကိုအိမ်ထဲကိုရအောင်ခေါ်လိုက်တယ်။ ==================================== အပိုင်း( ၂၅ ) ဆက်ရန် A KYI PHYU #ဧကြည်ဖြူ

သူမပေါင်ပေါ်မှာလှဲအိပ်နေပြီး သူမမျက်နှာကို တစိမ့်စိမ့်စိုက်ကြည့်နေတဲ့ ဟန်လင်းသန့်ကြောင့် မြရွက်ဝါမှာ ခန္ဓာကိုယ်ထဲက သွေးတွေတထိတ်ထိတ်ဆောင့်ခုန်နေခဲ့ပြီး ခြေဖျားလက်ဖျားတွေပါအေးစက်လာတယ်။ဟန်လင်းသန့်ရဲ့ အကြည့်တွေကို ရင်မဆိုင်ရဲတာမို့ မြရွက်ဝါနှုတ်ခမ်းလေးကိုဖိကိုက်ရင်း အကြည့်တွေကိုလွှဲလိုက်တယ်။ဒီအချိန်မှာပဲ ဟန်လင်းသန့်က လှဲနေရာကထထိုင်လိုက်တယ်။ပြီးတော့ သူမမျက်နှာကို သူ့လက်နှစ်ဖက်နဲ့ဆွဲညှပ်ယူလိုက်ပြီး မျက်နှာအနှံ့ကိုနမ်းလိုက်တာမို့ မြရွက်ဝါရဲ့ နှလုံးသားတွေပေါက်ကွဲလုမတတ်ဖြောင်းဆန်အောင် လှုပ်ရှားခုန်လှုပ်သွားခဲ့ရတယ်။ "ကို ...ကိုလင်း " မြရွက်ဝါနှုတ်ကနေ သူ့နာမည်ကို ခပ်တိုးတိုးရေရွတ်လိုက်မိချိန်မှာပဲ သူ့အနမ်းတွေက ပိုပိုပြီးကြမ်းလာခဲ့တယ်။သူ့ရဲ့အနမ်းတွေအောက်မှာ မြရွက်ဝါမိန်းမောသွားခဲ့မိတယ်။နှစ်ယောက်သား အထိအတွေ့ ရဲ့ဆွဲခေါ်ရာနောက်ကို သတိလက်လွတ်ပါသွားမလိုဖြစ်နေခဲ့ပြီးမှ ဟန်လင်းသန့်ကသူ့အနမ်းတွေကို ချက်ချင်းရပ်တန့်လိုက်ပြီး မြရွက်ဝါကိုရင်ခွင်ထဲဆွဲသွင်းကာ တင်းတင်းကြပ်ကြပ်ဖက်ထားလိုက်တယ်။ " ကိုယ်တို့ဒီမှာဆက်မနေသင့်တော့ဘူး ...ပြန်ကြရအောင်နော်မြရွက် " ဟန်လင်းသန့်ပြောပြီးတာနဲ့ မြရွက်ဝါကိုဖက်ထားရာကလွှတ်ပေးလိုက်ပြီး ပြန်ကြဖို့ပြင်လိုက်တယ်။ နှစ်ယောက်သားလက်ချင်းတွဲပြီး တိုက်ခန်းထဲကအထွက်မှာ ဟန်လင်းသန့်က မြရွက်ဝါရဲ့နဖူးပြင်လေးကို ခပ်ဖွဖွငုံ့နမ်းလိုက်တယ်။ဟန်လင်းသန့်ရဲ့ဖြူစင်တဲ့အနမ်းကြောင့် မြရွက်ဝါရင်ထဲမှာ စမ်းချောင်းလေးဖြတ်စီးဆင်းသွားသလို ရင်ထဲ အေးမြသွားရတယ်။ပြီးတော့ နှစ်ယောက်သား တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ကြည်ကြည်နူးနူးပြုံးလိုက်မိကြတယ်။ ~~~~~~~~ " ဘာ ...ဘာပြောတယ် မင်းဆွေ ...မင်းကြားရတဲ့ သတင်းက အမှန်ပဲလား " မင်းဆွေဆီက ကြားလိုက်ရတဲ့သတင်းကြောင့် ဟန်လင်းသန့် ထိတ်လန့်တုန်လှုပ်ကာ ပြန်မေးလိုက်မိတယ်။ " အမှန်ပဲ ဆရာ ...ဖဲဝိုင်းမှာ ပြဿနာဖြစ်ကြတာတဲ့ ... ဟိုဘက်ကကောင်ကလဲ ဆေးသုံးထားတော့ စိတ်ကြွနေပြီးလုပ်ပစ်လိုက်တာ.....ဒဏ်ရာတွေ အချက်ပေါင်းမနည်းဘူးတဲ့လေ... ဟိုကောင်ကကြောင်နေတော့ ဘေးကလူတွေလဲ ဖြုန်းခနဲဝင်မဆွဲရဲဘူးတဲ့လေ...နေရာမှာတင်ပွဲချင်းပြီးပဲတဲ့ " ကြားလိုက်ရတဲ့သတင်းအတွက် ဟန်လင်းသန့်ဝမ်းမသာသလိုဝမ်းလည်းမနည်းမိပါ။ လူဆိုတာကိုယ်စိုက်ပျိုးထားသမျှကို ကိုယ်ပဲပြန်ရိတ်သိမ်းရတာမဟုတ်ပါလား။ မိအိုဖအိုတွေဆီက ငွေတွေကို ကြိမ်းမောင်းတောင်းယူပြီး ပျော်ရွှင်နေတဲ့ သားသမီးတစ်ယောက်ရဲ့ဇာတ်သိမ်းက ဒီလိုပဲဖြစ်မှာပဲလေ။ရှေ့ဘဝက ကောင်းမှုကုသိုလ်ကံမကုန်သေးလို့ ဒီဘဝမှာပြစ်ဒဏ်မခံရဘဲ စံစားသွားရရင်တောင် ဝဋ်ဆိုတာသံသရာအဆက်ဆက်လိုက်ပါမှာပဲလေ။ " ငါ့ကို တစ်ခုလောက်ကူညီကွာ မင်းဆွေ.....ဒီသတင်းကို ကောင်မလေးအမေမသိစေနဲ့ကွာ ...အဘိုးကြီးဆုံးသွားတာ တစ်လကျော်ပဲရှိသေးတာ...အခုသမီးဖြစ်သူက ပါဒီလိုဖြစ်သွားတဲ့သတင်းကို ကြားသွားရင် ...အဘွားကြီးလဲ သွားလိမ့်မယ် ...အဲ့ဒါကြောင့် အဘွားကြီးမသိအောင် ကူညီပေး....နာရေးကိစ္စကိုလဲ ....မင်းကဝမ်းကွဲအစ်ကိုပါလို့ပြောပြီး ...မြေကျတဲ့အထိဝိုင်းကူပေးလိုက် " ဆရာဖြစ်သူရဲ့စေခိုင်းမှုကြောင် မင်းဆွေအံ့သြတကြီးနဲ့ သူ့ဆရာကို ပြန်ကြည့်လိုက်ပြီး " ဒါ...ဒါတော့ ဖြစ်ပါ့မလား ဆရာ ......တခြားသူတို့အမျိုးတွေရှိမှာပါ ...ကျွန်တော်ရှာပြီး အကျိုးအကြောင်း ပြောပြလိုက်မယ်လေ " " မင်းဆွေရာ ...မင်းကို ငါအကူအညီတောင်းတာလေကွာ ..ဘာလဲမလုပ်ပေးချင်လို့လား " ဟန်လင်းသန့်ရဲ့စကားကြောင့် မင်းဆွေမှာ မျက်လုံးပြူးသွားရပြီး ''မ ..မဟုတ်ပါဘူးဆရာရယ်.....တော်ကြာသူတို့အမျိုးတွေပေါ်လာပြီးပြဿနာဖြစ်မှာကြောက်လို့ပါ " "မင်းဆွေရာ .....သူတို့မိသားစုကိုကြည့်ထားဖို့... မင်းကိုခိုင်းထားတာ ဘယ်လောက်ကြာနေပြီလဲ ......ဒီကြားထဲမှာ အဘိုးကြီးအဘွားကြီးဆီကိုလာတဲ့ အမျိုးရယ်လို့ရော တွေ့မိလား ....အဲ့ဒီကောင်မလေးနေတဲ့နေရာကို သူတို့အမျိုးတွေမပြောနဲ့ ... သူ့မိဘအရင်းတွေတောင် သိလို့လား ...ငါတို့ပဲလိုက်စုံစမ်းထားလို့ သိတာမဟုတ်ဘူးလား " " ဟုတ်တော့ဟုတ်ပါတယ်ဆရာ ....ဒါ..ဒါပေမဲ့ ... တစ်ချိန်ကချမ်းသာခဲ့ကြတဲ့သူတို့လိုသူဋ္ဌေးတွေက ...ဆွေမျိုးအသိုင်းအဝိုင်းမရှိဘူးဆိုလို့ အံ့ဩမိလို့ပါ " " ဟာကွာ ....ဒီနေ့ မင်းစကားတွေ တအားပြောနေပါလားမင်းဆွေ...လူဆိုတာ ဆွေမဲ့မျိုးမဲ့တော့ရှိမလား .....ဒီတိုင်းပဲ အကြောင်းတွေရှိလို့ပေါ့ ....မင်းနားလည်အောင် ထပ်ပြောရရင် ..သူတို့နဲ့ အရင်းဆုံးဆွေမျိုးက ငါပဲ ..အဲ့ဒါကြောင့် ...ငါ့ကိုယ်စားမင်းပဲတာဝန်ယူလိုက်ကြားလား ..." " ဗျာ " " မဗျာနဲ့ ....အဘွားကြီးကိုလဲ ကြည့်ထားပေးအုံး ...လိုအပ်တဲ့ငွေကို .....ကိုထွန်းဆီကထုတ်သွားလိုက် ... ကိုထွန်းကို ပြောထားလိုက်မယ် " " ဟုတ် ..ဟုတ်ကဲ့ပါဆရာ " မင်းဆွေကအံ့သြနေဆဲဖြစ်တဲ့မျက်နှာသွင်ပြင်နဲ့ဟန်လင်းသန့်ကိုကြည့်ပြီး အပြင်ကို ထွက်သွားခဲ့တယ်။မင်းဆွေထွက်သွားတော့မှ ဟန်လင်းသန့်လဲ ကားသော့ကိုကောက်ယူလိုက်ပြီး ဧည့်သည်နဲ့ချိန်းထားရာဆီကိုသွားဖို့ပြင်လိုက်တယ်။ ~~~~~~~~~

ကြီးကြီးရဲ့အပြစ်ပြောသံက ခပ်ကျယ်ကျယ်ထွက်လာခဲ့တယ်။မြရွက်ဝါဘာမှပြန်ပြောမနေတော့ဘဲ ကြီးကြီးတို့တိုက်ခန်းထဲကထွက်လာခဲလိုက်တယ်။ကိုမြတ်သူရနဲ့သဘောတူထားတာကို ငြင်းပြီးကတည်း အဘွားက မြရွက်ဝါကိုစကားသိပ်မပြောတော့တာ။အဘွားကြောင့် မြရွက်ဝါစိတ်မကောင်းဖြစ်မိတာတော့အမှန်ပါပဲ။မြေးချင်းတူတူ သူမတို့အပေါ်မှာတော့ စိမ်းကားရက်စက်လွန်းပြီး ကြီးကြီးရဲ့သားသမီးတွေအပေါ်မှာတော့လွန်လွန်ကဲကဲကိုပိုနေခဲ့တာလေ။ ~~~~~~~~~ " ဘယ်သွားမှာလဲဟင် ကိုလင်း " ကားမောင်းနေတဲ့ဟန်လင်းသန့်ကို မြရွက်ဝါမေးလိုက်မိတယ်။ " ကိုယ့်အိမ်ကို ခဏသွားမလို့ ...မြရွက်ကိုလဲတစ်ခါမှ အိမ်လည်မခေါ်ဖူးလို့လေ " " အိမ်ဟုတ်လား ကိုလင်း ... ဘယ်အိမ်ကိုပြောတာလဲ " ဟန်လင်းသန့်ရဲ့စကားကြောင့်မြရွက်ဝါပြန်မေးလိုက်မိတယ်။ " အင်း ... ကိုယ်အမြဲနေတဲ့အိမ်ကိုပြောတာ... မြရွက်ကိုခေါ်သွားချင်စိတ်ပေါ်နေလို့လေ...မြရွက်လိုက်လို့အဆင်ပြေပါတယ်နော် ...ကိုယ်ကိုယုံကြည်ရဲ့လား " ဟန်လင်းသန့်ကမေးရင်းနဲ့မြရွက်ဝါရဲ့လက်ကလေးကို ခပ်ဖွဖွဆုပ်ကိုင်လိုက်တယ်။ " ပြေ ..ပြေပါတယ်ကိုလင်းရဲ့ ...ကိုလင်းရဲ့အိမ်လို့ပြောလိုက်တော့ ...မြရွက်တို့နေတဲ့တိုက်ခန်းကိုပဲ သတိရသွားလို့ပါ...ကိုလင်းကိုလဲယုံကြည်ပါတယ် " မြရွက်ဝါခေါင်းငြိမ့်ပြလိုက်ရင်း ချစ်သူရဲ့အမေးကို ချက်ချင်းပြန်ဖြေလိုက်မိတယ်။ရင်ထဲမှာရှိတဲ့အတိုင်းပြောရရင် သူ့ကိုချစ်မိပြီဆိုကတည််းက ယုံကြည်မှုတွေပါ တွဲကပ်ပြီးပါလာခဲ့ပြီးသားလေ။ယုံကြည်လို့ချစ်တာလား။ချစ်လို့ယုံကြည်သွားတာလားဆိုတာကိုတော့ မြရွက်ဝါသေချာမပြောနိုင်ပါဘူး။သေချာတာကတော့ သူ့ကိုချစ်မိပြီဆိုကတည်းက မျက်ကန်းတစ်ယောက်လိုယုံကြည်ပစ်လိုက်မိတယ်ဆိုတာပါပဲ။မြရွက်ဝါ သူ့ကိုခေါင်းငြိမ့်ပြလိုက်တော့ သူကမြရွက်ဝါရဲ့လက်ကိုပိုပြီးခပ်တင်းတင်းဆုပ်ကိုင်လာခဲ့တယ်။ ~~~~~~~~~~~~ လုံးခြုံရေးဝန်ထမ်းတွေ အဆင့်ဆင့်ရှိနေတဲ့ အိမ်ရာဝင်းကြီးရဲ့တံခါးတွေကိုကျော်ဖြတ်ပြီး မြရွက်ဝါတို့နှစ်ယောက်ဓါတ်လှေကားထဲဝင်လိုက်ကြတယ်။ရိုးရိုးသာမန်တိုက်ခန်းလေးမှာ နေတဲ့မြရွက်ဝါအဖို့တော့ ဒီလိုခမ်းနားလှတဲ့ ကွန်ဒိုမျိုးကိုရောက်ဖူးတာ ပထမဆုံးအကြိမ်ပါပဲ ။ဒီလိုခမ်းနားလှတဲ့ အိမ်ကိုထားပြီး တိုက်ခန်းကျဉ်းလေးထဲမှာလာနေနေတဲ့သူ့ကိုလဲ မြရွက်ဝါအံ့ဩနားမလည်နိုင်အောင် ဖြစ်နေမိတယ်။ ~~~~~~~~~~~~ တိုက်ခန်းထဲကိုရောက်လာတဲ့အခါ အပြင်ကအပြင်ဆင်တွေထက် ပိုပြီးခမ်းနားထည်ဝါတာကိုတွေ့လိုက်ရတာမို့ မြရွက်ဝါခြေလှမ်းတွေလှမ်းဖို့တောင်မရဲဖြစ်သွားမိတယ်။ " လာလေ မြရွက် " ဟန်လင်းသန့်က သူမလက်ကိုဆွဲပြီးခေါ်လိုက်တော့မှ မြရွက်ဝါလဲမရဲတရဲနဲ့လိုက်သွားမိတယ်။ " ဒီမှာလာကြည့်ပါအုံး မြရွက်ရဲ့ " ဟန်လင်းသန့်ခေါ်သွားတဲ့နောက်ကို မြရွက်ဝါလိုက်ပါသွားရင် ပြတင်ပေါက်နားကိုရောက်သွားခဲ့တယ်။ဟန်လင်းသန့်က ပြတင်းပေါက်က လိုက်ကာစကိုဆွဲဖယ်လိုက်တဲ့အခါ လှမ်းမြင်လိုက်ရတဲ့ရှုခင်းကိုကြည့်ပြီး မြရွက်ဝါ ရင်သပ်ရှုမောသွားမိတယ်။ " ညဘက်ဆိုရင်ဒီထက်ပိုလှတယ်မြရွက်ရဲ့ ...တစ်ရက်လောက်တော့ ညဘက်ခေါ်လာခဲ့အုံးမယ် ... ခဏလေးနော် မြရွက်...ကိုယ်အဝတ်အစားသွားလဲလိုက်အုံးမယ် " ပြောပြောဆိုဆိုနဲ့ ဟန်လင်းသန့်က အနားကထွက်သွားခဲ့တယ်။မြရွက်ဝါလဲ ပြတင်းပေါက်နားက မခွါနိုင်ဘဲ အပေါ်စီးကမြင်နေရတဲ့ ရန်ကုန်မြို့ရဲ့ရှုခင်းတွေကို ငေးကြည့်နေမိတယ်။ ~~~~~~ " မြရွက်က ဒီမှာရပ်နေတုန်းလား ....." အသံနဲ့အတူ သူမနောက်ကျောကနေသိုင်းဖက်လာတဲ့ ဟန်လင်းသန့်ကြောင့် မြရွက်ဝါရင်ခုန်သံတွေမြန်ဆန်သွားရပြန်တယ်။ချစ်သူသက်တမ်းသုံးလကျော်လာခဲ့ပေမဲ့ ဟန်လင်းသန့်နဲ့ဆုံတိုင်း မြရွက်ဝါရဲ့ နှလုံးခုန်သံတွေက မြန်ဆန်နေတုန်းပါပဲ။ " ကိုယ်လဲ ဒီကမြင်နေရတဲ့ မြင်ကွင်းကို အရမ်းသဘောကျတာလေ..... ဒီမြင်ကွင်းကြောင့်လဲ ဒီတိုက်ခန်းကိုဝယ်ခဲ့တာပေါ့ ...မြရွက်ရောသဘောကျတာလား " ဟန်လင်းသန့်က မြရွက်ဝါကို ခပ်တင်းတင်းသိုင်းဖက်ထားရင်းက မေးလိုက်တယ်။ "သဘောကျတာပေါ့ ကိုလင်းရယ် ...ဒါနဲ ...ဒီလောက်ကောင်းတဲ့အခန်းရှိတာကို... မြရွက်တို့နေတဲ့တိုက်မှာ ဘာလို့လာငှားနေတာလဲဟင် " မြရွက်ဝါနားမလည်နိုင်တာမို့ မေးလိုက်မိတယ်။ "ဪ...အဲ့ဒါက ... ဒီနှစ်ထဲမှာစလုပ်တဲ့လုပ်ငန်းသစ်ကြောင့် ဧည့်သည်တွေအလာများမှာမို့ .....မြရွက်တို့တိုက်မှာ လာငှားနေလိုက်တာလေ ..အကြောင်းပြချက်ကတော့ .....ကိုယ့်အိမ်ကို လူစိမ်းတွေလာတာမကြိုက်လို့လေ ...ဘာပဲဖြစ်ဖြစ် အဲ့ဒီကိုပြောင်းလာလို့သာ မြရွက်နဲ့ဆုံရတာလေ ....ကိုယ်တော့ အရမ်းကျေနပ်တယ်.... " ဟန်လင်းသန့်ရဲ့ စကားကြောင့် မြရွက်ဝါကြည်နူးစွာပြုံးလိုက်မိတယ်။ "ကဲပါကွာ ...တခြားနေရာတွေ လိုက်ကြည့်ပါအုံး ... တခြား အခန်းတွေကမြင်ရတဲ့ မြင်ကွင်းတွေလဲလှပါတယ် " ဟန်လင်းသန့်က ပြောပြောဆိုဆိုနဲ့ မြရွက်ဝါရဲ့ပခုံးလေးကို ဖက်ပြီးဧည့်ခန်းဆီကိုခေါ်ခဲ့လိုက်တယ်။ ~~~~~~~

#ပန်းတွေပွင့်ချိန် (အခန်းဆက်ဝတ္ထု) အပိုင်း (၂၄ ) akyiphyu ******** " ပန်းနုတို့ပါလား ...ဈေးလာဝယ်တာလား " ဟန်လင်းသန့်က မြရွက်ဝါရဲ့လက်ကို ခပ်တင်းတင်းဆုပ်ကိုင်ထားလိုက်ပြီး ပန်းနုထွေးတို့ကို နှုတ်ဆက်လိုက်တယ်။ဟန်လင်းသန့်ပုံစံက မက်စ်တပ်ထားပေမဲ့ ပန်းနုထွေးတို့ကိုကြည့်ရတာ ဟန်လင်းသန့်ကို မှတ်မိပုံရတာမို့ ဟန်လင်းသန့်က ခပ်တည်တည်ပဲ နှုတ်ဆက်လိုက်တယ်။မြရွက်ဝါကတော့ ခြေလက်တွေမသိမသာတုန်ယင်ကာ ရှက်သလိုလန့်သလိုပုံစံဖြစ်နေခဲ့တယ်။ " မြရွက်နဲ့တွဲလာတာ ဘယ်သူလဲလို့ကြည့်နေတာ ကိုလင်းဖြစ်နေတာကိုး ...ကိုလင်းတို့က တကယ်လျှို့ဝှက်တာပဲနော် ....နှစ်ယောက်သားအတွက် ဝမ်းသာပါတယ်ရှင် " " ကျေးဇူးတင်ပါတယ် ပန်းနု " ပန်းနုထွေးက အလိုက်သင့် ပြန်နှုတ်ဆက်ခဲ့ပေမဲ့ သဲနုဖွေးမျက်နှာကတော့ ခပ်တင်းတင်းဖြစ်နေခဲ့တယ်။ " ဒါနဲ့ ...ဈေးဝယ်လို့ပြီးကြပြီလား .....ပန်းနုတို့မုန့်သွားစားကြမလို့... အတူသွားကြရအောင်လေ " "ဪ .....ဆောရီးပါပန်းနုရေ ..... ကျွန်တော်တို့ဈေးဝယ်လို့မပြီးသေးလို့ပါ ... ပြီးတော့နှစ်ယောက်သားက အားလပ်ချိန်ရအောင် မနည်းအချိန်လုထားရတာမို့ပါ ....ခွင့်ပြုပါအုံး " ပန်းနုထွေးတို့ဘက်က ဘာမှမပြောခင်မှာဘဲ ဟန်လင်းသန့်က မြရွက်ဝါလက်ကိုဆွဲပြီး ထွက်ခဲ့လိုက်တယ်။ ကျန်ခဲ့တဲ့ ပန်းနုထွေးမှာ အံလေးကိုကြိတ်ပြီး လက်သီးကိုဆုပ်ထားလိုက်တယ်။ " သွားရအောင်ပန်းနု ...အလကားပါဟယ် .....သူတို့ ဘယ်လောက်ကြာမှာတဲ့လဲ ..မကြာခင်ကွဲမှာစောင့်ကြည့်နေလိုက်စမ်းပါ ..... သူလိုဟာမကို အလကားရလို့ တွဲနေတာ အသိသာချည်းပဲဟာ ....တော်ကြာကျော်မကောင်းကြားမကောင်းတွေဖြစ်ပြီး အရှက်ဖြန်းဖြန်းကွဲ မှာကိုငါတော့မြင်ယောင်နေပါသေးတယ် " ~~~~~~~~ "မြရွက်က ဘာလို့တုန်နေရတာလဲ ....သူတို့ကိုဘာအရေးစိုက်စရာလိုလဲ ....မြရွက်လဲ လူလွတ်...ကိုယ်လဲလူလွတ်ပဲဟာ " မျက်နှာလေးပျက်နေတဲ့ မြရွက်ဝါကိုကြည့်ပြီး ဟန်လင်းသန့် ခပ်တိုးတိုးကပ်ပြောလိုက်တယ်။မြရွက်ဝါမှာ ကိုယ်ကြီးတော်အကြောင်းကို မကောင်းမပြောချင်တာမို့ သက်ပြင်းတွေသာချလိုက်မိတယ်။ကြီးကြီးတို့မိသားစုအတွက် မြရှက်ဝါက မျက်စိထဲကအမှိုက်စလိုဖြစ်နေခဲ့ပြီမဟုတ်လား။ ဒါကြောင့်လဲ အတတ်နိုင်ဆုံး ရှောင်နေတဲ့ကြားကနေ အခုလိုမျိုးဆုံလိုက်ရတော့ စိတ်ညစ်သွားမိတာလေ။ '' ကဲပါကွာ .....စိတ်ညစ်မနေပါနဲ့......မြရွက်တို့ကြီးတော်နဲ့ ပြဿနာဖြစ်လို့ မနေချင်ရင် ... ကိုယ့်အခန်းတွေမှာ ကြိုက်တဲအခန်းမှာသွားနေလို့ရတယ် ....မြရွက်တစ်ယောက်တည်းကို ပြောတာမဟုတ်ဘူးနော် ... မြရွက်တို့ တူအရီးသုံးယောက်လုံးကိုပြောတာ....ဘာမှစိတ်ညစ်မနေနဲ့ ...မြရွက်ပြောတော့ စိတ်ချမ်းချမ်းသာသာနဲ့ပျော်ပျော်ရွှင်နေချင်တယ်ဆို ..... ဘယ်သူ့ကိုမှ ဂရုမစိုက်နဲ့...ကိုယ့်ကိုယ်ကိုပဲ ဂရုစိုက်ပါကွာ ....ဒီနေ့ဘာလုပ်ချင်လဲ....ဘာစားချင်သေးလဲ...ဘယ်တွေသွားချင်သေးလဲ မြရွက်သဘောနော် " ဟန်လင်းသန့်က မြရွက်ဝါရဲ့မျက်နှာလေးကိုငုံ့ကြည့်လိုက်ပြီး ခေါင်းလေးကိုခပ်ဖွဖွပွတ်ကာပြောလိုက်တယ်။ ချစ်သူရဲ့အားပေးစကားကြောင့် မြရွက်ဝါရင်ထဲကြည်နူးက ပြုံးလိုက်မိတယ်။ဘာပဲဖြစ်ဖြစ် ချစ်သူဟန်လင်းသန့် ပြောသလိုပဲ မြရွက်ဝါတို့က လူလွတ်တွေပဲဟာ ဘယ်သူ့ကိုမှဂရုမစိုက်ချင်တော့ဘူး။ ကိုယ့်ချစ်သူစိတ်ချမ်းသာရင်ပဲ မြရွက်ဝါအနေနဲ့ကျေနယ်ပါပြီလေ။ ~~~~~ " မိရွက်ဝါညည်းက..ဟန်လင်းသန့်နဲ့တွဲနေတယ်ဆို ဟုတ်လား...သူ့အကြောင်းကို ညည်းကဘယ်လောက်သိလို့လဲ ...အေးနော် ပြောထားလိုက်မယ်....ဘာဘာညာညာဖြစ်ပြီး အမျိုးတွေက်ိုအရှက်ခွဲမယ််တော့မကြံနဲ့နော် ....သတင်းကြားတာနဲ့အိမ်ပေါ်ကနှင်ချမယ်ဆိုတာသိထားလိုက်..." အသက်ကြီးကာမှပူလောင်နေရှာတဲ့ ကြီးတော်ဖြစ်သူကို မြရွက်ဝါသနားစိတ်နဲ့သာကြည့်လိုက်မိတယ်။သူ့ခမျာအမျိုးတော်ချင်လွန်းတဲ့သမက်ကိုလဲနှမြောနေသလို၊မြရွက်ဝါတို့နေတဲ့တိုက်ခန်းကိုလဲလောဘရမ္မက်ကတက်နေလေတော့ ကြည့်ရတာတစ်နေ့တစ်နေ့ မြရွက်ဝါတို့ညီအစ်မတွေအကြောင်းကိုပဲတွေးနေပြီ စိတ်အေးလက်အေးတောင်အိပ်နိုင်ပုံမရရှာဘူး။တူမတွေက သူ့သမိးတွေထက်သာသွားမှာကို ‌ေ..သရမှာထက်တော်ကြောက်နေပုံရတယ်။သမီးနှစ်ယောက်လုံးကလဲပညာတတ်တွေဖြစ်တဲ့အပြင် အလုပ်အကိုင်တွေကလဲဒီလောက်ကောင်းတာကို သူ့မှာရတက်မအေးနိုင်ဖြစ်နေတာကိုကြည့်ပြီး မြရွက်ဝါတကယ်ကိုသနားလာမိတာ။ " မြရွက်ကို ဒီကိစ္စပြောမလို့ ခေါ်တာလားကြီးကြီး....မြရွက်အရွယ်ရောက်နေပါပြီ....တကယ်ဆိုချစ်သူရည်စားထားရမဲ့အရွယ်ကိုလွန်ပြီး...အိမ်ထောင်ပြုရမဲ့အရွယ်ကိုတောင်ရောက်နေတာပါ..,,အကောင်းအဆိုးကိုလဲ ခွဲခြားနိုင်ပါတယ်...ပြီးတော့မြရွက်တွဲနေတဲ့သူကလဲ လမ်းဘေးကလေကချေမဟုတ်ပါဘူး ...အိမ်ထောင်ပြုတယ်ဆိုတာ ဖူးစာကံလဲပါမယ်ထင်ပါတယ်...ကြီးကြီးတို့သိက္ခကျရအောင်လဲ ,,,မြရွက်ကအိမ်ထောင်သည်နဲ့တွဲနေတာမဟုတ်ပါဘူး ....မြရွက်မှာစဉ်းစားဆင်ခြင်နိုင်တဲ့အသိဉာဏ်လဲရှိပါတယ်...မြရွက်အတွက်ကြီးကြီးတို့စိတ်ပူဖို့မလိုပါဘူး " " ဘာ ...အမယ်လေးလေး ... ကြီးတော်က စိတ်ပူလို့ဆုံးမနေတာကို ကတ်ကတ်လန်အောင် ပြန်ရန်တွေ့နေတာပါလား....အမေ့မြေးပြန်ပြောနေတာကို ကြားလား အမေ"

မြရွက်သည်းခံပြီးနေနေတာ....မဟုတ်ရင်မြရွက်ဘာသာအပြင်မှာထွက်နေဖို့စဉ်းစားထားတာ " မျက်နှာတည်လေးနဲ့ပြောနေတဲ့မြရွက်ဝါကို ဟန်လင်းသန့်ငေးမောကြည့်နေမိပြီး သူမလက်ဖဝါးလေးတွေကိုဖျစ်ညှစ်ဆုပ်ကိုင်လိုက်မိတယ်တယ်။သူမရင်ထဲမှာဒီလိုခံစားချက်တွေရှိနေခဲ့တာကိုတော့ ဟန်လင်းသန့်မသိမရိပ်မိခဲ့တာတော့အမှန်ပါပဲ။ " တကယ်လို့.... မြရွက်အေးအေးဆေးဆေးနေချင်တယ်ဆိုရင်...ကိုယ့်မှာအခန်းတွေရှိပါတယ်....မြရွက်ကြိုက်တဲ့အခန်းမှာနေလို့ရတယ်....နောက်ရက်ကျရင် ကိုယ်ပိုင်တဲ့အခန်းတွေ မြရွက်ကိုလိုက်ပြမယ် ...ကိုယ်ကအိမ်နဲ့ပတ်သက်ရင်နည်းနည်းရူးသွပ်တယ်...အိမ်ခန်းကျဉ်းကျဉ်းလေးတွေက်ိုလဲ မုန်းတယ်....တစ်အိမ်ပြီးတစ်အိမ်မှာလိုက်နေရတာကိုလဲ သဘောကျတယ် ...မြရွက်နေချင်ရင်...ကိုယ့်အခန်းတွေထဲက ကြိုက်တဲ့အခန်းမှာမြရွက်သွားနေလို့ရတယ်နော် " ဟန်းလင်းသန့်ရဲ့စကားကြောင့် မြရွက်ဝါခေါင်းလေး သာငြိမ့်ပြလိုက်မိတယ်။ ~~~~~~~~~ " ဒါတော့ မဟုတ်သေးဘူးနော်မောင်မောင်....မင်းကိုအန်တီတို့တစ်မိသားစုလုံးက လက်ခံထားပြီးပြီလေ.....မင်းလဲအနည်းဆုံးတော့ မင်းအမေနဲ့ အန်တီသမီးကို မိတ်ဆက်ပေးထားရမှာပေါ့ကွယ်....အခုဟာက.... မင်းသာနိုင်ငံခြားထွက်သွားပြီးခြေရာဖျောက်သွားရင် .....အန်တီတို့က ဘယ်လိုက်လို့လိုက်ရမှန်းမသိဖြစ်သွားမှာပေါ့ မဟုတ်ဘူးလား...မိရတနာညည်းကလဲ နုံလှအလှချည်လားအေ....ဒီခေတ်ကောင်တွေများ ဘာကိုယုံကြည်နေတာလား...." မတော်ရသေးတဲ့ယောက္ခမဖြစ်သူရဲ့စကားကြောင့် ရဲမြတ်မောင်စိတ်ညစ်သွားမိတယ်။ " ဒီကိစ္စအတွက် ...ကျွန်တော်နဲ့မမိုးပြောပြီးသွားပါပြီအန်တီ...အခုလောလောဆယ်တော့ အိမ်ကိုပြောပြဖို့ကမဖြစ်နိုင်လို့ပါ....ကျွန်တော်ဟိုဘက်ရောက်တာနဲ့ မမိုးကိုလှမ်းခေါ်မှာပါ " " အို...တော်စမ်းပါကွယ် မဖြစ်နိုင်တာတွေ....ပြည်ပရောက်သွားမှတော့ မင်းခေါ်ချင်မှဖြစ်တော့မှာလေ...အခုဆိုရင် အန်တီ့သမိးမိုးရတနာနဲ့မင်းနဲအတူတူနေနေကြတာကို ...ဒီဘက်ကတစ်မျိုးလုံးသိနေကြပြီလေ ...မင်းဒီလိုမျိုးလက်လွတ်စပယ်ထွက်သွားလို့တော့ လက်မခံနိုင်ပါဘူး " ယောက္ခမလောင်းကြီးရဲ့စကားကြောင့် ရဲမြတ်မောင်စိတ်ညစ်သွားမိတယ်။အရင်ကဆိုရင် ရဲမြတ်မောင်ဝင်ထွက်သွားလာနေတာကိုကြည်ဖြူခဲ့တဲ့သူက အခုတလောမှာအိမ်ကအမေနဲ့အဒေါ်လိုပဲ အတော်လေးကိုပွားလာပြီး တဖျစ်တောက်တောက်ပြောလာတာကို ရဲမြတ်မောင်သတိထားမိလာတယ်။ချစ်သူမိုးရတနာကြောင့်သာ အဘွားကြီးပြောသမျှကို ရဲမြတ်မောင်သည်းခံနေရပေမဲ့ လူကအတော်လေးညစ်နေမိပြီ။ပျော်ခဲ့တုန်းက အတူပျော်ခဲ့ကြတယ်။ကျူးလွန်တုန်းကလဲ ချစ်သူမိုးရတနာကိုယ်တိုင်က လိုလိုလားလားဖိတ်ခေါ်ခဲ့တာ။အတူနေဖို့ကို ရဲမြတ်မောင်ငြင်းဆန်လိုက်ရင်ပဲ သူ့ဘက်ကပဲခြောက်နေသလိုလိုအထင်ခံခဲ့ရတယ်။ဒီတော့ ယောက်ျားထဲကယောက်ျားတစ်ယောက်ဖြစ်တဲ့ ရဲမြတ်မောင်က‌ရှောင်စရာလား။ဒီလိုမျိုးနှစ်ယောက်အတူတူပျော်ပါးခဲ့ကြပြီးမှ တာဝန်တွေမှန်သမျှကို သူတစ်ယောက်တည်းတာဝန်ယူရမယ်ဆိုတော့ ရဲမြတ်မောင်စိတ်ပေါက်လာမိတယ်။ယောက္ခမလောင်းကြီးနေရာမှာ အိမ်ကအမေသာဆိုရင် ရဲမြတ်မောင်ပြန်အော်ပစ်လိုက်မှာသေချာတယ်။အခုတော့ နားငြီးလဲသည်းခံပြီးရင်းသည်းခံနေရတယ်။ " မင်းတို့တွေ...ငါပြောတာကြားတယ်နော်...နောက်လမကုန်ခင်မှာ ...မင်းအမေကိုအသိပေးလိုက်ပါမောင်မောင် ...မင်းဘက်ကအသိမပေးဘူးဆိုရင်...အန်တီကိုယ်တိုင် အသိလာပေးရလိမ့်မယ် " ယောက္ခမကြီးထံမှ တစ်ချက်လွတ်အမိန့်ပေးစကားကြောင့် ရဲမြတ်မောင်စိတ်ထဲမခံချည့်မခံသာနဲ့ခေါင်းငြိမ့်လိုက်ရတယ်။ ~~~~~~~~~~ "ဟယ်...ပန်း..ပန်းနုပါလား " ရှောင်နေကာမှ တည့်တည့်တိုးရတဲ့အဖြစ်မျိုးလို့ပြောရမလား ။မြရွက်ဝါနဲ့ ဟန်လင်းသန့် ကုန်တိုက်ထဲမှာဈေးဝယ်နေရင်းနဲ့ မျက်နှာချင်းဆိုင်တည့်တည့်မှာ ပန်းနုနဲ့ မသဲနုတို့ကိုတွေ့လိုက်ရတယ်။ဖြုန်းခနဲဆိုတော့ မြရွက်ဝါထိတ်လန့်တုန်လှုပ်သွားမိပြီး ခြေလှမ်းတွေနောက်ကို ဆုတ်လိုက်မိတယ်။ ခန္ဓာကိုယ်လေး ယိမ်းယိုင်ကာ တုန်လှုပ်သွားတဲ့မြရွက်ဝါကိုကြည့်ပြီး ဟန်လင်းသန့်ကမြရွက်ဝါရဲ့ လက်ကလေးကို ဖမ်းဆွဲကာ ခပ်တင်းတင်းဆုပ်ကိုင်လိုက်တယ်။ဟန်လင်းသန့်တို့ရှေ့တည့်တည့်မှာတော့ပန်းနုထွေးတို့ ညီအစ်မက ရပ်ကြည့်နေခဲ့တယ်။ ==================================== အပိုင်း( ၂၄ ) ဆက်ရန် A KYI PHYU #ဧကြည်ဖြူ

" ကျေးဇူးပဲကွာ...အဘွားကြီးကျန်းမာရေးမကောင်းတာပဲဖြစ်ဖြစ်...တစ်ခုခုဆိုရင်အကြောင်းကြားပေးဖို့ ...မင်းကြည့်ခိုင်းထားတဲ့လူတွေကိုမှာထားလိုက်ကွာ....မင်းအတွက်လမ်းစရိတ်နဲ့ ကြည့်ပေးထားတဲ့လူတွေအတွက်ပါ ရုံးမှာ ငွေထုတ်ယူလိုက် " " ဟုတ်ကဲ့ ...ကျေဇူးပါဆရာသမားရေ " မင်းဆွေထွက်သွားတော့ ဟန်လင်းသန့်တစ်ယောက်တည်း အတွေးပေါင်းများစွာနဲ့ကျန်ခဲ့ရတယ်။ရင်ထဲမှာ စိတ်ပူတာရယ်၊စိတ်နာတာရယ် ခံစားချက်နှစ်ခုကိုတစ်ပြိုင်တည်းခံစားနေရတဲ့အဖြစ်အတွက် သူ့စိတ်ထဲမှာအတော်လေးရှုပ်ထွေးနောက်ကျိနေမိတယ်။ ~~~~~~~~~~~~~~ " မြရွက်...ကိုယ်တို့ခဏတွေ့ရအောင် ..အပေါ်ထပ်ကိုတက်ခဲ့ပါအုံး " ဖုန်းထဲကိုရောက်လာတဲ့စာလေးကိုကြည့်ပြီး မြရွက်ဝါရင်တွေခုန်သွားရပြီး မညိုကိုလှမ်းကြည့်လိုက်မိတယ်။မညိုကသူ့အလုပ်တွေပြီးလို့ ခဏနားပြီး ကုလားထိုင်ပေါ်မှာမှိန်းနေတာမို့ မြရွက်ဝါ ခြေကိုဖော့နင်းပြီးထွက်လာခဲ့လိုက်တယ်။အသက်သုံးဆယ်ကျော်မှ ဆယ်ကျော်သက်လေးလို ချစ်သူနဲ့တိတ်တိတ်ခိုးတွေ့နေရတာကို မြရွက်ဝါရှက်လဲရှက်နေမိသလို ရင်ခုန်သံတွေအမြဲမြန်ဆန်နေခဲ့ပြီး ကြည်နူးပျော်ရွှင်နေမိတယ်။သူမတို့အဖြစ်က အပေါ်ထပ်အောက်ထပ်နေနေကြတယ်ဆိုပေမဲ့ အမြဲတမ်းတော့တွေ့နေရတာမဟုတ်ပါဘူး။အမြဲတမ်းတွေ့နေကြဖို့အတွက် မြရွက်ဝါကလဲမအားသလို ဟန်လင်းသန့်ကလဲတစ်နေ့လုံးလိုလို ချိန်းထားတဲ့ဧည့်သည်တွေနဲ့ပြည့်နေတဲ့နေတွေလဲရှိတယ်လေ။နှစ်ယောက်သားတွေ့ချင်ရင် ဟန်လင်းသန့်ထမင်းထွက်စားချိန်လောက်ပဲ အပြင်မှာတွေ့ကြရတာ။ဒီကြားထဲ ကြီးကြီးတို့က ဟန်လင်းသန့်ကို ထမင်းအတင်းဖိတ်ကျွေးတဲ့ နေတွေကရှိသေးတယ်။ဒီတော့ နှစ်ယောက်သားတွေ့ချင်နေကြရင်တော့ ဧည့်သည်မရှိချိန်မှာ ဒီလိုပဲခဏတစ်ဖြုတ်တွေ့ကြရတာပေါ့။ ~~~~~~~~~~~ မြရွက်ဝါတံခါးခေါက်လိုက်တော့ တံခါးကချက်ချင်းပွင့်လာခဲ့တယ်။မြရွက်ဝါအထဲကိုဝင်လိုက်တာနဲ့ ဟန်လင်းသန့်က တံခါးကိုပြန်ပိတ်လိုက်ပြီး မြရွက်ကိုယ်လေးကိုလှမ်းဖက်လိုက်တယ်။ သူမကိုဖက်လိုက်တဲ့ချစ်သူကို မြရွက်ဝါမော့ကြည့်လိုက်မိပြီး နဖူးပြင်ကိုခပ်ဖွဖွလေးစမ်းလိုက်မိတယ်။ " ကိုလင်းနေမကောင်းဘူးလားဟင် ...မျက်နှာကသိပ်မလန်းသလိုပဲ " ဟန်လင်းသန့်က မြရွက်ဝါရဲ့အမေးကိုမဖြေဘဲ မြရွက်ဝါကို ဆိုဖာခုံဆီဆွဲခေါ်သွားပြီးခုံမှာထိုင်စေလိုက်တယ်။ပြီးတော့မြရွက်ဝါရဲ့ပခုံးပေါ်မှာ သူ့ခေါင်းကိုမှေးတင်ပြီး ငြိမ်သက်နေခဲ့တယ်။ ဟန်လင်းသန့်ရဲ့အပြုအမူကြောင့်မြရွက်ဝါမှာစိုးရိမ်သွားမိပြီး ဟန်လင်းသန့်ရဲ့နဖူးပြင်နဲ့သူ့လက်ဖဝါးတွေကိုပါ လိုက်စမ်းကြည့်လိုက်မိတယ်။ဒီအခါ ဟန်လင်းသန့်က သူ့မလက်တွေကို ဖမ်းဆွဲယူကားသူ့ရင်ဘတ်မှာကပ်ထားလိုက်ပြီး " ခဏလောက်ငြိမ်ငြိမ်လေးနေပါကွာ ...ခဏလေးပါပဲ...ကိုယ်ဘာမှမဖြစ်ဘူး ...နေကောင်းပါတယ် စိတ်မပူနဲ့နော် " ဟန်လင်းသန့်ရဲ့စကားကြောင့် မြရွက်ဝါငြိမ်သက်ကာ ဟန်လင်းသန့်မျက်နာလေးကိုပဲအသာငေးကြည့်နေမတယ်။ဟန်လင်းသန့်က သူမပခုံးပေါ်မှာမိနစ်အေတာ်ကြာငြိမ်သက်နေပြီးမှ ပြန်လည်လှုပ်ရှားလာခဲ့ပြီး မြရွက်ဝါကိုမော့ကြည့်လာခဲ့တယ်။ " ကိုယ်အရမ်းပင်ပန်းလို့ပါကွာ....စိတ်ပူသွားတာလား " ဟန်လင်းသန့်ရဲ့အမေးကိုမြရွက်ဝါခေါင်းငြိမ့်ပြလိုက်မိတယ်။ပြီးတော့မှ ဟန်လင်းသန့်မျက်နှာနွမ်းနွမ်းလေးကို ငေးကြည့်နေမိပြီး ခပ်တိုးတိုးလေးပြောလိုက်မိတယ်။ " ကိုလင်းနေမကောင်းဖြစ်မဲ့အစား ...မြရွက်ပဲ နေမကောင်းဖြစ်လိုက်ချင်တယ်...အလုပ်တွေအလွန်အကျွံမလုပ်ပါနဲ့ကိုလင်းရယ် ..." မြရွက်ဝါရဲ့စကားကြောင့်မြရွက်ဝါရဲ့ကိုယ်လေးကို ဟန့်လင်းသန့်ခပ်တင်းတင်းဖက်လိုက်ပြီး " ကိုယ်အလုပ်မလုပ်လို့ ပြန်ဆင်းရဲသွားရင်ဘယ်လိုလုပ်မလဲ....အိမ်ပိုင်ရာပိုင်ကနမရှိနဲ့ညစ်ပတ်နံစော်နေတဲ့အခန်းစုတ်လေးတွေနဲ့ ကိုယ်မနေနိုင်ဘူးလေ...အဲ့ဒီလိုဆိုရင်မြရွက်ရော ကိုယ်ကိုလက်ခံအုံးမှာလား ပြောပါအုံး " " ကိုလင်းရယ် ...လူဆိုတာထိုက်သင့်တဲ့အလုပ်ကိုလုပ်ပြီး...ဝင်ငွေနဲ့ထွက်ငွေမျှတအောင်သုံးတတ်ရင် ...အဲ့ဒီလောက်ဒုက္ခရောက်စရာအကြောင်းမရှိပါဘူး...ဒီခေတ်မှာ ကုန်ဈေးနှုန်းတွေအဆမတန်ကြီးထွားနေလို့ အလုပ်ပိုလုပ်ရတာတော့မှန်ပါတယ်...ဒါပေမဲ့ဘယ်အရာမဆိုတရားလွန်ရင်မကောင်းဘူးလေ...ကိုလင်းမေးတာကိုဖြေရရင် မြရွက်လဲဆင်းရဲနုံချာနေတဲ့ဘဝမှာမနေနိုင်ပါဘူး...ဒါပေမဲ့လဲ ချမ်းချမ်းသာသာမှနေနိုင်မယ်ဆိုတဲ့စိတ်တော့မရှိဘူး....လူကတိုက်နဲ့ကားနဲ့ချမ်းချမ်းသာသာနေရဖို့ထက် စိတ်ချမ်းသာရတာကိုပဲ ပိုနှစ်သက်ပါတယ်...ကိုလင်းဆင်းရဲသွားတော့လဲ ဘာဖြစ်လဲ ...နှစ်ယောက်သားအလုပ်ကြိုးစားပြီးအဆင်ပြေတဲ့နေရာမှာပျော်ပျော်ရွှင်ရွှင်စိတ်ချမ်းချမ်းသာသာနဲ့နေကြမယ်လေ...မြရွက်တို့ညီအစ်မတွေဆိုရင် .....ငွေရှာလို့အဆင်ပြေလို့....ငွေအတွက်စိတ်မပူရပေမဲ့ တူလေးကမလိမ္မာတော့ အရမ်းစိတ်ဆင်းရဲရတယ်....ငွေမရှိလို့ရှာပေးရတာကို မြရွက်တကယ်စိတ်မညစ်ပါဘူး....မိသားစုအချင်းချင်းစိတ်ဝမ်းကွဲနေတာကိုစိတ်အဆင်းရဲဆုံးပဲ...ပိုက်ဆံမရှိလို့အလုပ်တွေဘယ်လောက်လုပ်ရလုပ်ရ မြရွက်ဒဏ်ခံနိုင်ပါတယ်...စိတ်ဆင်းရဲတဲ့ဒဏ်ကိုမခံနိုင်ဘူး..အခုတောင် တူလေးကနိုင်ငံခြားသွားတော့မယ်ဆိုလို့

#ပန်းတွေပွင့်ချိန် (အခန်းဆက်ဝတ္ထု) အပိုင်း (၂၃ ) akyiphyu ******** အဘွားနဲ့ကြီးကြီးမကျေမနပ်ပြောနေတာတွေကိုနားထောင်ပြီး မြရွက်ဝါနှုတ်ဆိတ်နေမိတယ်။ဒီအချိန်မှာ ထပြောလိုက်ရင် ပိုဆိုးသွားနိုင်တာမို့ မြရွက်ဝါဘာမှမပြောဘဲ ငြိမ်ပြီးပဲနားထောင်နေလိုက်တယ််။ " ညည်းလဲလူပုံကရိုးပုံရိုးလတ်နဲ့မလွယ်ပါလားအေ...အမေကအသက်ကြီးနေပြီ ,,,,နင်တို့ကိုငဲ့နေရတာနဲ့ငါတို့အမေမှာ.....သူ့ပိုက်ဆံတောင်သူမသုံးရဘဲနေနေရတာ...တကယ်ဆိုရင် အမေ့ကျန်းမာရေးအတွက်...ညည်းတို့နေတဲ့တိုက်ခန်းကိုရောင်းရတော့မလိုဖြစ်နေတာသိရဲ့လား.....ဒီကြားထဲမှာ ပန်းနုနဲ့သဲနတို့ညီအစ်မက သူတို့ရသမျှကို...သူတို့အဘွားကိုပေးနေလို့သာခံသာနေတာ....ဒါတွေကိုသိလို့ ညည်းဘဝနောင်ရေးအတွက် အမေကစီစဉ်ပေးတာသိရဲ့လား...အလကားဟာတွေ ဘွားအေအိမ်မှာကပ်နေပြီး ဘွားအေကြီးကိုပေးရကမ်းရမှန်းလဲမသိဘူး ...ကိုယ့်အတွက်ပဲကိုယ်ကြည့်ကြတဲ့တစ်ကိုယ်ကောင်းသမားတွေ " ကြီးကြီးရဲ့တစ်ဖက်သတ်ဆန်လှတဲ့ စကားတွေကြောင့် မြရွက်ဝါအံလေးကိုမသိမသာကြိတ်ထားမိတယ်။ဖြစ်နိုင်ရင်စိတ်ထဲရှိတဲ့အတိုင်းပြန်ပြောလိုက်ချင်ပေမဲ့ ကျောမှီကုလားထိုင်ပေါ်မှာထိုင်ရင်း စိတ်မောလူမောဖြစ်နေပုံရတဲ့ အဘွားကြောင်ဘာမှမပြောဘဲရေငုံနှုတ်ပိတ်နေလိုက်တယ်။ဒါပေမဲ့ မြရွက်ဝါငြိမ်နေလေလေကြီးကြီးရဲ့အသံကပိုကျယ်လာလေလေဖြစ်လာခဲ့တာမို့ မြရွက်ဝါနေရာမှာ ဆက်ထိုင်မနေတော့ဘဲ နေရာကနေဆတ်ခနဲထလိုက်တယ်။ " မြရွက်သွားတော့မယ် အဘွား " " တွေ့လားအမေ....အမေ့မြေးဘယ်လောက်ရိုင်းလဲဆိုတာကို ...ကြီးတော်လုပ်သူကပြောနေတာကို အရေတောင်မလုပ်ဘူးကြည့်ပါလား " ကြီးကြီးရဲ့ စကားသံကြောင့်ပြန်ဖို့ပြင်နေတဲ့ မြရွက်ဝါရဲ့ခြေလှမ်းတွေရပ်တန့်သွားရပြိး ကြီးကြိးကိုလှည့်ကြည်လိုက်မိတယ်။ " အိမ်ထောင်ဆိုတာ ကိုယ်ပြုချင်တိုင်းပြုလို့မရပါဘူးကြီးကြီး....ကြီးကြီးတို့ကဘာသာရေးပိုလုပ်တာပဲလေ မြရွက်တို့ထက်ပိုသိမှာပါ....တချို့အရာတွေက ကိုယ်ဖြစ်ချင်တိုင်းမဖြစ်ပါဘူး ...ပြီးတော့ဘယ်လောက်လှတဲ့ဖိနပ်ဖြစ်ဖြစ်... ကိုယ်နဲ့ ကိုက်ညီမှစီးလို့အဆင်ပြေတာပါ.....မြရွက်အတွက် စိတ်ပူပေးလို့ ကျေးဇူးတင်ပါတယ်ကြီးကြီး ...ဒါပေမဲ့မြရွက်အတွက်ပူမဲ့အစား ...ပန်းနုတို့ကိုပိုဂရုစိုက်လိုက်ပါ " ပြောပြီးတာနဲ့မြရွက်ဝါ ချာခနဲလှည့်ထွက်လာခဲ့လိုက်တယ်။ကြီးကြီးရဲ့အော်သံက မြရွက်ဝါနောက်ကကပ်ပါလာခဲ့လေတယ်။ ~~~~~~~~~~~~~ " ဘာဖြစ်ကြပြန်ပြီလဲမြရွက်...မမကြီးကဘာတွေ မကျေမနပ်ဖြစ်ပြန်ပြီလဲ " မြရွက်ဝါအပေါ်ကိုတက်လာချိန်မှာ ပထမထပ်ရဲ့အခန်းတံခါးပွင့်လာခဲ့ပြီး ဒေါ်လေးထွက်လာကာမေးလိုက်တာမို့ မြရွက်ဝါရဲ့ခြေလှမ်းတွေလဲရပ်တန့်သွားရတယ်။ " အဘွားမိတ်ဆက်ပေးတဲ့သူကို ...မြရွက်ကငြင်းလိုက်လို့ပါဒေါ်လေး " " ဟုတ်လား...ဘာများလဲလို့အေ...တစ်နေ့လောက်အိမ်မှာနေလိုက်တာနဲ့ မမကြီးအသံကိုကြားရတာပဲ....နင်နဲ့ပန်းနုကအသက်တစ်လလောက်ပဲကွာတာမဟုတ်လား ...ဒါကိုကိုယ့်သမီးအတွက်မပူဘဲ တူမအတွက်ပဲပူနေတယ်ဆိုတော့ အံ့ဩစရာပဲ...မမကြီးတို့လဲမလွယ်ဘူး...အမေကမျက်နှာသားပေးထားတယ်ဆိုတိုင်း ....အားလုံးကိုမောင်းပိုင်စီးချင်နေတော့တာပဲ...ပြောရရင်ကိုယ်ပေါင်ကိုယ်လှန်ထောင်းရာရောက်မယ်...အားလုံးကိုဘယ်လိုရှင်းရမလဲပဲတွေးနေတာလေ " " အမေကလဲ တိုးတိုးပြောပါ ...တော်ကြာကြီးကြီးကြားသွားမှဖြင့်လာအော်နေအုံးမယ် " ဒေါ်လေးရဲ့မကျေမနပ်သံစကားအဆုံးမှာ ဖူးဝေကဝင်ရောက်တားမြစ်လိုက်တယ်။ " အေးပါ...ငါလဲ...သူနဲ့တော့ ပြိုင်မပြောချင်ပါဘူး....တော်ကြာသူ့အော်တာနဲ့နင်တို့အဘွားတစ်ခုခုဖြစ်သွားရင် ...ငါတို့ကိုအပြစ်ဖို့အုံးမှာ...နင်တို့အဘွားကိုယ်တိုင်က ...သူ့သမီးနဲ့သူ့မြေးတွေကိုဦးစားပေးနေတော့လဲ ငါတို့ဘက်ကတစ်ပန်းရှုုံးတာပေါ့အေ ...ကဲ...ကဲ ..မြရွက်လဲသွားတော့ ...သူဘာပြောပြောမသိချင်ယောင်ဆောင်ပြီးနေမြဲအတိုင်းပဲနေ....မာနကြီးပြီးထွက်မသွားကြနဲ့ဒီခေတ်အိမ်ငှားခတွေက ....မိုးပေါ်ရောက်နေတာကြားလား " " ဟုတ်...ဟုတ်ကဲ့ပါ ဒေါ်လေး...မြရွက်သွားတော့မယ်နော် " ဒေါ်လေးတို့သားအမိကိုနှုတ်ဆက်ပြီး မြရွက်ဝါအပေါ်ထပ်ကို ဆက်တက်ခဲ့လိုက်တယ်။ဒေါ်လေးပြောမှပဲ ကြီးကြီးရဲ့စိတ်ရင်းအားလုံးကို မြရွက်ဝါမျက်ဝါးထင်ထင်သိလိုက်ရတော့တာလေ။အစကတော့ ဟန်လင်းသန့်ကြောင့်သက်သက်လို့ပဲ ထင်ခဲ့မိတာလေ။အခုတော့ကြီးကြီးရဲ့စီမံကိန်းက မြရွက်ဝါတို့ညီအစ်မတွေတိုက်ပေါ်ကဆင်းသွားရေးပါဖြစ်နေခဲ့တာတဲ့လေ။အဘွားရှိနေချိန်မှာတောင် ဒီလောက်ဖြစ်နေရင် အဘွားသာမရှိတော့ရင်တော့ ဘယ်လိုအကြောင်းပြချက်နဲ့များ မြရွက်ဝါတို့ကိုနှင်ထုတ်လေမလဲ တွေးတောင်မတွေးရဲပေ။ ~~~~~~~~~~~~~ " အဘိုးကြီးဆုံးပြီတဲ့ဆရာ " "ဟုတ်လား ....သူတို့သမီးရော အသုဘကိုလာသေးလား....အဘွားကြီးအခြေအနေကရောကောင်းရဲ့လားကျန်းမာရေးက " " အဘွားကြီးက သိပ်မဆိုးပါဘူးဆရာ....သူ့တို့သမီးလဲလာတာမတွေ့ဘူးတဲ့...အဘိုးကြိးအသုဘကိုရပ်ရွာကပဲ ကူပေးခဲ့တယ်တဲ့ ..."

မညိုရဲ့စကားကြောင့် မြရွက်ဝါသက်ပြင်းချလိုက်မိတယ်။မညိုပြောတဲ့အကြောင်းတွေကို မြရွက်ဝါလဲကြားပါတယ်။ဒါပေမဲ့ ခြေခြေမြစ်မြစ်မရှိသလို တိကျရေရာခြင်းလဲမရှိတာမို့ မြရွက်ဝါဂရုမစိုက်ခဲ့တာ။ပြီးတော့ဒီအကြောင်းတွေက တကယ်ဖြစ်ခဲ့တာဆိုရင်တောင် အတိတ်အကြောင်းတွေမို့ မြရွက်ဝါခွင့်လွှတ်ပေးနိုင်ပါတယ်။သူမနဲ့ချစ်သူဖြစ်သွားပြီးနောက်ပိုင်းမှာ မရှုပ်ရင်ဘဲရပါပြီ။အတိတ်ကအကြောင်းတွေကိုတော့ မြရွက်ဝါကျေကျေနပ်နပ်နဲ့ခွင့်လွှတ်နိုင်ပါတယ်။ ~~~~~~~~~~~~~ " ဒီတလော ... ရှင်တို့ဆရာကို ရုံးခန်းမှာမတွေ့ပြန်ပါလား ကိုမင်းဆွေ " ပန်းနုထွေးက ဟန်လင်းသန့်တို့ရုံးခန်းကိုစာရွက်စာတမ်းတွေလာပို့ရင်းနဲ့ ရုံးခန်းထဲ မသိမသာ ဝေ့ဝဲကြည့်ရင်းမေးလိုက်တယ်။ " ဟုတ်တယ် ပန်းနုရေ....ဆရာတော့ ခုတလော...ပန်းနုတို့တိုက်ကရုံးခန်းမှာပဲနေ့နေ့ညညဓါတ်ကျနေပြန်ပြီ....အလုပ်ကိစ္စတောင်ဝေးဝေးလံလံဆိုရင်မသွားဘူးလေ.... ဟိုရက်တွေတုန်းကတော့.....သူ့တိုက်ခန်းမှာပဲ ပြန်အိပ်နေတာ ...အခုမပြန်တော့ပြန်ဘူး " ဟန်လင်းသန့်ရဲ့တပည့်အရင်းဖြစ်သူမင်းဆွေရဲ့စကားကြောင့် ပန်းနုထွေးစိတ်ထဲတင်းခနဲဖြစ်သွားမိတယ်။ "ဒါနဲ့ဆရာ့အိမ်ကို...ကိုမင်းဆွေ ရောက်ဖူးလားဟင် " ရုံးခန်းထဲက စာရေးမလေးတစ်ယောက်က ထမေးလိုက်တယ်။ "အင်း ... ဆရာ့တိုက်ခန်းသုံးလေးခန်းကို ရောက်ဖူးတယ် ..ဒါပေမဲ့ဆရာ့အိမ်ကိုတော့ မရောက်ဖူးဘူး ..တစ်ခါက အရေးတကြီးစာချုပ်တစ်စောင်သွားပို့တော့လဲ ..ဆရာက အောက်ထိလာဆင်းယူတယ်လေ ....အဲ့ဒီတော့ ဆရာနေတဲ့ ကွန်ဒိုကိုတော့ ရောက်ဖူးတယ်....ဆရာ့အခန်းကိုတော့ မရောက်ဖူးဘူး ...ကြည့်ရတာ ဆရာကသူ့အိမ်ကို ...ဘယ့်သူ့ကိုမှခေါ်ချင်ပုံမရဘူး " မင်းဆွေပြောနေတဲ့ စကားတွေကို ပန်းနုထွေးနားမထောင်ပါဘဲ ကြားနေရလေတယ်။ကြားနေရတဲ့ စကားသံတွေနဲ့ အတူ ပန်းနုထွေး စိတ်ထဲ မခံချည့် မခံသာဖြစ်နေမိတယ်။ ~~~~~~~~~~~~~ " ကိုမြတ်သူကို..ဆွေမျိုးသားချင်းတစ်ယောက်လိုမျိုး မြရွက်ခင်မင်ပါတယ်....လေးလဲလေးစားပါတယ်...ဒါ...ဒါပေမဲ့ မြရွက်မှာချစ်ရတဲ့သူရှိပါတယ်ကိုမြတ်သူ ...ဒါကြောင့် အဘွားတို့ပြောထားတဲ့ကိစ္စကအတွက် မြရွက်ကပဲတောင်းပန်ပါတယ်ရှင် " " ဟုတ်ကဲ့ ..တောင်းပန်ဖို့မလိုပါဘူး မြရွက်ရယ် ....ဖူးစာဆိုတာလုပ်ယူလို့မှမရတာ ....ဘာပဲဖြစ်ဖြစ် ကျွန်တော့်ကို မိတ်ဆွေတွေအဖြစ်တော့ လက်ခံပေးပါဗျာ ...ရိုးသားစွာ ခင်မင်တာပါ " " ဟုတ် ..ဟုတ်ကဲ့ပါ ကိုမြတ်သူ " " ဒါဆိုရင် ... ကျွန်တော်တို့ နောက်ထပ်တွေ့လို့ရအုံးမလား မြရွက် " " အဲ့ ..အဲ့ဒီအတွက်တော့ တောင်းပန်ပါရစေ ကိုမြတ်သူ.....တမင်သက်သက်ကြီး တွေ့ဖို့က အဆင်မပြေလို့ပါရှင် ..... မြရွက်တောင်းပန်ပါတယ်ရှင် " ကိုမြတ်သူရကို ဖုန်းထဲကပဲမြရွက်ဝါတောင်းပန်ပြီးအကျိုးကြောင်းပြောပြလိုက်တယ်။ကိုမြတ်သူရဘက်က မိတ်ဆွေတွေအဖြစ်ထပ်တွေ့ကြဖို့တောင်းဆိုမှုကိုလဲ မြရွက်ဝါအားမနာဘဲငြင်းဆိုလိုက်မိတယ်။အားနာလို့လဲမဖြစ်ဘူးလေ။ကိုယ့်ချစ်သူအကြောင်းကိုလဲ ကိုယ်ပဲအသိဆုံးမဟုတ်လား။ကျန်တဲ့နေရာတွေမှာ အကုန်အလိုလိုက်အလျှော့ပေးပေမဲ့ သဝန်တိုတဲ့နေရာမှာတော့ နည်းနည်းပိုတယ်လို့ မြရွက်ဝါထင်မိတယ်။စားသောက်ဆိုင်သွားရင်တောင် စားပွဲထိုးကိုမြရွက်ဝါပြုံးပြတာကအစ သူမကြိုက်ဘူးလေ။သူစိတ်ဆိုးသွားပြီဆိုရင်သိပ်သိသာတာ။မျက်နှာကြီးတည်သွားပြီး စကားလဲလုံးဝမပြောတော့ဘူး။သူစိတ်ဆိုးနေပြီဆိုရင်မြရွက်ဝါရင်ထဲနာကျင်ရပါတယ်။ဒါကြောင့်လဲ သူစိတ်ဆိုးမှာမျိုးကို မြရွက်ဝါ အတတ်နိုင်ဆုံးရှောင်ကြဉ်ပါတယ်။ ~~~~~~~~~~ "ဘာ ..ဘာပြောလိုက်တယ် မြရွက် ...ညည်းက လူကြီးတွေ စီမံတာကို လက်မခံဘူးပေါ့ဟုတ်လား.. " အဘွားရဲ့ ဒေါသသံက ဟိန်းခနဲ ထွက်လာခဲ့တယ်။အဘွားရဲ့ ဒေါသသံမဆုံးခင်မှာဘဲ ကြီးကြီးရဲ့ခနဲ့တဲ့တဲ့ရွှဲ့တဲ့တဲ့ အသံကလဲ ထွက်လာပြန်တယ်။ " အမယ်လေးလေး ... ဘွားအေ စကားကို အရမ်းကို နားထောင်တဲ့ မြေးလိမ္မာလေးပါလား ..အမေရေ ... ကျွန်မမပြောဘူးလား ....သူတို့က အမေ့စေတနာနဲ့ မတန်ပါဘူးလို့ " ==================================== အပိုင်း( ၂၃ ) ဆက်ရန် A KYI PHYU #ဧကြည်ဖြူ

သူကိုယ်တိုင်မသိလိုက်နိုင်ခင်မှာဘဲ သူမလက်ကိုဆွဲခေါ်သွားခဲ့မိတယ်။ဒီအတွက်လဲခုချိန်ထိတော့ သူ့ရင်ထဲမှာနောင်တဆိုတာတော့ မရှိသေးဘူး။နောင်ကိုတော့သူလဲသေချာမပြောနိုင်သေးဘူးပေါ့။သူ့ဘဝမှာ မိန်းမတစ်ယောက်ကို သုံးလပြည့်အောင်မှမတွဲဖူးတာလေ။မြရွက်ဝါနဲ့ခင်မင်ရင်နှီးလာတာကလဲ သုံးလေးလထဲရောက်နေပြီဆိုတော့ ချစ်သူသက်တမ်းဘယ်လောက်ကြာမလဲတော့ သူလဲမသိနိုင်သေးဘူး။ဒီလိုပဲစိတ်ထဲရောက်လာတော့တွဲကြည့်လိုက်ဖို့ပဲဆုံးဖြတ်လိုက်တော့တယ်။ " နေတွေပူလိုက်တာကွာ...ဆိုက်ကားလေးဘာလေး ငှါးစီးခဲ့တာမဟုတ်ဘူး " မြရွက်ဝါကားနားရောက်လာတာနဲ့ ဟန်လင်းသန့်ကားတံခါးကို ဖွင့်ပေးလိုက်ရင် လွှတ်ခနဲပြောလိုက်မိတယ်။ " ရပါတယ်ကိုလင်းရယ်...အိမ်နားကဆိုက်ကားဆရာတွေအကုန်လုံးကလဲ ...အဘွားတို့အသိတွေချည်းပဲလေ ...ထီးပါတာပဲဟာ ဘာမှမဖြစ်ပါဘူး " ပြောရဆိုရခက်လှတဲ့သူမကို ဟန်လင်းသန့်ဘာမှပြောတော့ဘဲ ငေးသာကြည့်နေမိတယ်။ကားပေါ်ရောက်မှ စိတ်အေးသွားပုံနဲ့သက်ပြင်းတွေချနေတဲ့မြရွက်ဝါကိုကြည့်ပြီး ဟန်လင်းသန့်ပြုံးလိုက်မိတယ်။သူများတွေများ ဟန်လင်းသန့်နဲ့တွဲရရင်လူသိစေချင်လွန်းနေချိန်မှာ သူမကတော့ ခိုးကြောင်ခိုးဝှက်နဲ့ဖြစ်နေတာလေ။ " ဘယ်သွားချင်လဲ...ဘာစားချင်လဲ...ဒီနေ့တော့မြရွက်စိတ်တိုင်းကျ မြရွက်သဘောပဲနော် " ရုတ်တရက်နီးကပ်စွာပြောလိုက်တဲ့ ဟန်လင်းသန့်ရဲ့စကားသံကြောင့် မြရွက်ဝါကိုယ်လေးဆတ်ခနဲတုန်သွားမိတယ်။တကယ်ပဲ သူမလှည့်ကြည့်လိုက်ချိန်မှာ ဟန်လင်းသန့်က ကိုယ်ကိုကိုင်းပြီး မြရွက်ဝါပေါ်ကိုကိုင်းကျလာတာလေ။နီးကပ်လွန်းတဲ့အနေအထားကြောင့် တစ်ယောက်အသက်ရှူသံကိုပါ တစ်ယောက်ကြားနေရတဲ့အထိပဲ။မြရွက်ဝါမှာရင်ခုန်သံတွေအဆမတန်မြန်ဆန်လာခဲ့ရပြီး အသက်မရှူဘဲအောင့်ထားလိုက်မိတယ်။ " ဟိတ်...မြရွက်အသက်ရှူလေ...မင်းကိုဘာမှမလုပ်ပါဘူးကွ ...ခါးပတ်ပတ်ပေးမလို့ပါ အရူးမလေးရဲ့ " မြရွက်ဝါရဲ့နဖူးကိုလက်ညှိုးလေးနဲ့အသာတောက်လိုက်ပြီး ဟန်လင်းသန့်ပြောလိုက်တော့မှ မြရွက်ဝါမှာ သတိဝင်လာသလိုဖြစ်သွားရပြီး အသက်ကိုရဲရဲပြန်ရှူရဲတော့တယ်။ " ကြောက်တတ်လိုတ်တာလဲလွန်ရော ...အဘွားကိုလဲကြောက်..ကြီးတော်ကိုလဲကြောက်...ရပ်ကွက်ထဲကဆိုက်ကားဆရာတွေကိုလဲကြောက်ရနဲ့ တော်တော်ပင်ပန်းနေတော့မှာပဲ...ကိုယ့်ကိုတော့မကြောက်ပါနဲ့ ....ကဲ ...ဒီနေ့တော့ တစ်နေကုန်လျှောက်လည်ကြစို့ ...အစ်မကိုပြောခဲ့တယ်မဟုတ်လား " မြရွက်ဝါခေါင်းငြိမ့်ပြလိုက်တယ်။ " အိုကေလေ...ဒီနေ့တော့တစ်နေကုန်လျှောက်လည်ကြစို့ " ဟန်လင်းသန့်ကပြောရင််းနဲ့ကားကိုမောင်းထွက်လိုက်တယ်။ ~~~~~~~~~~~~~~ " တကယ်လား ...ဘယ်တုန်းကချစ်သူတွေဖြစ်သွားကြတာလဲ ...ဟန်လင်းသန့်က ဒီကြားထဲမှာပြန်လာသေးလို့လား " မြရွက်ဝါက မညိုကိုပွင့်ပွင့်လင်းလင်းပဲပြောပြလိုက်တော့ မညိုကအံ့ဩတကြီးနဲ့မေးလာတယ်။ " အရင်တစ်ပတ်က ...ကိုမြတ်သူလာတုန်းကလေ ...သူလဲပြန်လာတယ်...အဲ့ဒီနေ့က မြရွက်အပြင်သွားခဲ့တယ်လေ " " ဪ..သိပြီး ...ဒါဆိုရင်အဘွားတို့ကို အပြတ်ငြင်းလိုက်နော်မြရွက်....တော်ကြာအဘွားတို့က ဘာမပြောညာမပြောနဲ့လုပ်ချလိုက်မှ ပြဿနာတွေရှုပ်ကုန်မယ် " " မြရွက်လဲ အဲ့ဒီလိုစဉ်းစားမိပါတယ်..ကိုမြတ်သူကိုငြင်းရတာလွယ်တယ် ....အဘွားတို့ကိုဘယ်လိုပြောရမလဲမသိဘူး ...အရင်တစ်ခေါက်ကဆန့်ကျင်ဘက်ပြောလိုက်မိလို့ ..ပိုက်ဆံကမလောက်ဘူး...အိမ်ငှားခတွေတိုးတောင်းရမလားမသိဘူးဆိုပြီး ခြိမ်းခြောက်သလိုညည်းပြလိုက်တယ် " " ဟုတ်လား ...ငါ့ရှေ့တော့ မပြောသေးဘူး...လာပြောရင်လဲ ငါက သာသာနဲ့နာနာပြောလိုက်မှာ....ငါတို့မှာတော့ တစ်လတစ်လရတဲ့အမြက်ငွေထဲကနေ...ကိုယ့်အဘွားကို ဦးဦးဖျားဖျားကန်တော့လိုက်ရတာ.......သဲနုနဲ့ပန်းနုကတော့ လစာတွေဘယ်လောက်ရလဲတော့မသိဘူး ... ကားကလဲ တစ်ယောက်တစ်စီးနဲ့ သူတို့ကိုယ်ပေါ်မှာ တစ်နေ့တစ်မျိုး မရိုးအောင်ဝတ်နေကြတဲ့ လက်ဝတ်လက်စားတွေရဲ့တန်ဖိုးကရောနည်းလား.....အဲ့ဒါတွေက သူတို့ဘယ်ကဝင်ငွေနဲ့ဝယ်တာလဲ..ကြီးကြီးရဲ့ဆိုင်က အမြတ်ဘယ်လောက်များနေလို့လဲ ...ဘဘကြီးဝင်ငွေကရော တစ်လတစ်လ သိန်းရာချီနေလို့လား ပြောပါအုံး ....အဘွားပိုက်ဆံတွေလဲ သူတို့ပဲအုပ်စီးတာ ....အိမ်လခတွေလဲ သူတို့ပဲစားတာ..... မြေးချင်းတူတူ အတူနေတဲ့မြေးတွေမှမြေးလို့သက်မှတ်နေတာလေ ...ငါတို့လဲကိုယ့်ဟာနဲ့ကိုယ်နေနိုင်အောင်ကြိုးစားကြတာပေါ့ဟယ်...ပြီးတော့ နင့်ကိုပြောစရာရှိသေးတယ်...ငါကြားသလောက်တော့ ဟန်လင်းသန့်က ပွေတယ်လို့လဲပြောတယ်...မိန်းကလေးတစ်ယောက်ကို သုံးလထက်ပိုမတွဲဘူးဆိုလား...တကယ်ဟုတ်ချင်မှလဲဟုတ်မှာပေါ့ဟယ်...သူလိုနာမည်ကြီးကိုမနာလိုလို့ပြောကြတာလဲရှိမှာပေါ့...ပန်းနုလိုလူတောင် စိတ်ဝင်စားနေတာဆိုတော့ ဒီလောက်တော့ဆိုးမယ်မထင်ဘူး...ဘာပဲဖြစ်ဖြစ် ...ငါပြောသလိုပဲ ...နင့်စိတ်ကိုအရမ်းကြီးတော့မနှစ်ထားနဲ့နော်...ငါကနင့်ကိုကန့်ကွက်တာမဟုတ်ဘူး...ဟိုတစ်ခါငါပြောသလိုဖြစ်မှာကိုကြောက်တာ....ဒီခေတ်ယောက်ျားတွေကဈေးတွက်တွက်တဲ့နေရာမှာ ... မိန်းမတွေထက်တောင် တွက်တတ်လာကြပြီလေ ...သူတို့အတွက်အချစ်က အရေးမပါတော့ဘူး..."

ဒါကသူသဝန်တိုတာလား။ချစ်ရင်သဝန်တိုကြတယ်တဲ့။သူတကယ်ပဲ မြရွက်ဝါကိုချစ်တာလား။ချစ်လို့သဝန်တိုတာလား။မြရွက်ဝါတွေးရင်း ရင်ထဲတသိမ့်သိမ့်ကြည်းနူးလာမိတယ်။ " ကိုယ်ဗိုက်ဆာတယ်ကွာ....မနေ့ကတည့်းကနေ ခုချိန်ထိ ...ကော်ဖီနဲအသားညှပ်မုန့်တစ်ခုပဲစားရသေးတယ် " " ဟင်...ဟုတ်လား....အစားကိုမှန်မှန်စားတာမဟုတ်ဘူ....အခုဘားစားမလဲ...ဒီမှာဘာမှမရှိဘူးမဟုတ်လား ...မြရွက်သွားဝယ်လိုက်ရမလား " မြရွက်ဝါပြောရင်းက ထိုင်ရာမှထလိုက်တယ်။ဟန်လင်းသန့်က မြရွက်ဝါကိုဖမ်းဆွဲလိုက်ပြီး " ဘယ်သွားမှာလဲ...သွားရင်လဲတူတူသွားမှာပေါ့....တစ်ယောက်တည်းမသွားရပါဘူးကွာ....ကဲ..ဘယ်လိုလဲ အောက်ကိုတူတူဆင်းကြမလား... " ဟန်လင်းသန့်ရဲ့အမေးကြောင့် မြရွက်ဝါထိတ်ထိတ်လန့်လန့်နဲ့ပြန်ပြောလိုက်မိတယ်။ " အယ်....အတူတူဆင်းလို့တော့ မဖြစ်ဘူးလေ...မြရွက်အောက်ကိုအရင်ဆင်းပြီး ...မညိုကိုသွားပြောလိုက်အုံးမယ်လေနော် " မြရွက်ဝါကပြောပြီးတာနဲ့ လှည့်ထွက်လိုက်တာ။လူကရှက်ကိုးရှက်ကန်းဖြစ်နေတော့ ဘေးကခုံစွန်းကို တိုက်လိုက်မိပြီးယိမ်းယိုင်သွားခဲ့တယ်။ " အမေ့ " " ဟာ..မြရွက် " လဲကျမလိုဖြစ်သွားတဲ့မြရွက်ဝါကို ဟန်လင်းသန့်စိုးရိမ်တကြီးနဲ့အမြန်လှမ်းဆွဲလိုက်မိပြီး " ဘယ်ထိသွားသေးလဲ...ခြေထောက်ထိသွားသေးလား ပြပါအုံး ..... " မြရွက်ဝါရဲ့ခြေထောက်တွေကို ကိုင်စမ်းကြည့်ပြီး ဟန်လင်းသန့်စိုးရိမ်ပူပန်စွာပြောလိုက်မိတယ်။ " အို...ဘာ...ဘာမှမဖြစ်ပါဘူး ကိုလင်းရဲ့...ငရဲတွေကြီးကုန်ပါမယ် " မြရွက်ဝါက ရှက်လန့်တကြားနဲ့ပြောလိုက်တော့မှ ဟန်လင်းသန့်လဲ သတိဝင်သွားပြီးဖျတ်ခနဲထရပ်လိုက်မိတယ်။ " ဒါဆို မြရွက်အောက်ထပ်ဆင်းနှင့်လိုက်နော်...ကိုယ်အရင်သွားနှင့်ပြီး စောင့်နေကြနေရာကစောင့်နေလိုက်မယ်...မြရွက်ထွက်လာရင်ထီးတွေဘာတွေဆောင်းလာခဲ့အုံးနော်...နေတွေတအားပူနေတယ် " " အင်းပါ ...သွားပြီနော် " " ဟောဗျာ ...ဖြည်းဖြည်းသွားပါဆရာမရဲ့ ...ချော်လဲနေအုံးမယ် ..." မြရွက်ဝါက တံခါးကနေ ဟိုဒီချောင်းပြီးခပ်မြန်မြန်ပြေးဆင်းသွားတာမို့ ဟန်လင်းသန့်လွှတ်ခနဲ လှမ်းအော်လိုက်မိပြီးမှ ကိုယ်ရှိန်သတ်လိုက်ရတယ်။ပြီးတော့တံခါးဝကနေရပ်ပြီးကြည့်နေလိုက်ပြီးမှ အထဲကိုပြန်ဝင်လာခဲ့လိုက်တယ်။ ~~~~~~~~~~~ " မညို ...မြရွက်အပြင်ခဏသွားလိုက်အုံးမယ်နော် " မြရွက်ဝါလှမ်းပြောလိုက်တော့ မညိုကမော့ကြည့်လာတယ်။ပုံမှန်ဆိုရင်‌ မြရွက်ဝါတို့က ဟိုနားဒီနားလှစ်ခနဲထွက်သွားရင်ပြော့လေ့မရှိကြသလို တစ်ယောက်နဲ့တစ်ယောက်ကြားမှာ တားဆီးပိတ်ပင်တာတွေလဲမရှိကြဘူး။အခုတော့ မညိုကမြရွက်ဝါကိုသေချာလှမ်းကြည့်နေပြီးမှ " ငါက..နင်ခုနကတည်းကပါသွားတယ်ထင်နေတာ....မသိပါဘူးအေ...စိတ်ညစ်ညစ်နဲ့လိုက်များသွားပြီလား ထင်နေတာ...အခုမှသွားမှာလား " မညိုကကိုမြတ်သူကို ရည်ရွယ်ပြီးစသလိုနောက်သလိုပြောတော့ မြရွက်ဝါရှက်ပြီးမလုံမလဲဖြစ်သွားမိတယ်။ " မဟုတ်ပါဘူုး မညိုရယ် ...ကိုမြတ်သူက ပြန်သွားတာကြာပါပြီ ...မြရွက်တစ်ယောက်တည်းအပြင်သွားတာပါ...အခုလဲကိစ္စလေးပေါ်လာလို့ပါ ...သိပ်မကြာပါဘူး ...သွားပြီနော် " မညိုကိုနှုတ်ဆက်ပြီးထွက်လာတော့ မညိုကဘာမှထပ်မမေးပေမဲ့ အနည်းငယ်ပြင်ဆင်ဝတ်စားထားတဲ့မြရွက်ဝါကို အကဲခတ်ကြည့်နေတာကို မြရွက်ဝါသတိထားလိုက်မိတာမို့ မလုံမလဲဖြစ်ပြီး ခပ်မြန်မြန်ထွက်လာခဲ့လိုက်ရတယ်။ ~~~~~~~~~~~~~~~ ကားရှိရာဆီကိုလျှောက်လာတဲ့ မြရွက်ဝါကိုကြည့်ပြီး ဟန်လင်းသန့်ကိုယ့်ကိုယ်ကိုလဲအံ့ဩနေမိတယ်။သူ့ဘဝမှာ တွဲခဲ့သမျှတွေအားလုံးက အချောအလှစာရင်းဝင်တွေချည်းပဲ။မြရွက်ဝါဆိုတဲ့သူမနဲ့တွေ့မှ ဟန်လင်းသန့်အတွေးတွေအနည်းငယ်ပြောင်းသွားခဲ့ရတာလေ။သူမကရုပ်ဆိုးသူစာရင်းဝင်မဟုတ်ပေမဲ့လဲ ဟန်လင်းသန့်တွဲခဲ့တဲ့အချောအလှတွေနဲ့ယှဉ်လိုက်ရင်တော့ အတော်လေးကွာတာပေါ့။ဒါပေမဲ့လဲ ကြည့်ရင်းကြည့်ရင်းလှလာတယ်လို့ပဲပြောရမလား။ဒါမှမဟုတ်အကြည့်ခံတယ်လို့ပဲပြောရမလား။သေချာတာက သူမနဲ့အတူရှိနေရင် ဟန်လင်းသန့်ပျော်သလိုလိုခံစားရတယ်။သူမအိမ်ထောင်ပြုတော့မယ်လို့သတင်းကြားလိုက်ရတော့ စိတ်ပျက်သွားမိခဲ့တယ်။ပြောရရင်ဒီနေ့လဲ သူမကိုအရမ်းသတိရနေသလိုဖြစ်နေမိတာမို့ ခဏပြန်လာခဲ့လိုက်တာ။ချက်ချင်းကြီး ဒီလိုအခြေအနေဖြစ်သွားလိမ့်မယ်လို့ လုံးဝကိုမတွေးထားခဲ့တာ။မြရွက်ဝါကို သူစိမ်းယောက်ျားတစ်ယောက်နဲ့တွဲပြီးတွေ့လိုက်ရချိန်မှာ ဟန်လင်းသန့်စိတ်ထဲမှာဒေါသအတော်ဖြစ်သွားမိတာ။ဒါကြောင့်လဲ သူ့ကိုသတိလက်လွတ်နဲ့ကြည့်နေတဲ့မြရွက်ဝါကိုနှုတ်မဆက်ဘဲကျောခိုင်းပစ်ခဲ့တာ။မိန်းမတွေရဲ့အတွင်းစိတ်ကိုအကဲခတ်နိုင်တဲ့သူ့အတွက် မြရွက်ဝါဆိုတဲ့သူမကိုလဲ အလွယ်လေးအကဲခတ်နိုင်တာပေါ့။မြရွက်ဝါ သူ့ကိုချစ်နေပြီဆိုတာကိုလဲ ဟန်လင်းသန့်ရိပ်မိနေတာကြာခဲ့ပြီ။ဒါပေမဲ့ ဟန်လင်းသန့်နားမလည်နိုင်တာက မြရွက်ဝါကသူ့ကိုချစ်နေပါရဲ့နဲ့ ဘာလို့တခြားကောင်တစ်ယောက်နဲ့တွေ့ရတာလဲ။ဒါကိုလုံးဝမကျေနပ်တာ။ရှင်းရှင်းပြောရရင် အခုချိန်ထိလဲဒီကိစ္စကိုမကျေနပ်သေးတာအမှန်ပါပဲ။ သူစိမ်းမိန်မတစ်ယောက်နဲ့ပတ်သက်ပြီး သူ့ရင်ထဲမှာစိတ်ရှုပ်ထွေးခဲ့ရတာက ဒါပထမဦးဆုံးအကြိမ်လို့ပဲ ပြောရမလား။ဒါပေမဲ့

#ပန်းတွေပွင့်ချိန် (အခန်းဆက်ဝတ္ထု) အပိုင်း (၂၂ ) akyiphyu ******** နှစ်ယောက်သားတစ်ယောက်နဲ့တစ်ယောက် ရပ်တန့်ကြည့်နေမိကြတယ်။အချစ်က လူကိုရူးသွပ်စေတယ်ဆိုရင် အခုချိန်မှာ မြရွက်ဝါအရူးတစ်ယောက်လိုခံစားနေရပါပြီ။ သူနဲ့တွေ့ရင် စိတ်ထဲမှာအရမ်းကို ဝမ်းသာပျော်ရွှင်သွားမိမယ်လို့ ထင်ခဲ့မိပေမဲ့ တကယ်တမ်းသူနဲ့မျက်နှာချင်းဆိုင်ဆုံလိုက်ရချိန်မှာတော့ ရင်ထဲတလှိုက်လှိုက်နဲ့ ဝမ်းနည်းလာမိတာပါပဲ။ သူက လှေကားထစ်တွေအတိုင်း တစ် လှမ်းချင်းလှမ်းဆင်းလာခဲ့တယ်။သူမနဲ့တဖြည်းဖြည်းနီးကပ်လာတဲ့သူ့ကိုကြည့်ပြီး မြရွက်ဝါခေါင်းကိုငုံ့ချလိုက်မိပြီး အိမ်ထဲကို ပြန်လှည့်ဝင်ဖို့ပြင်လိုက်မိတယ်။ဒီအချိန်မှာပဲ ရုတ် တရက်ဆိုသလို သူမရဲ့လက်ကို ဖမ်းဆွဲယူခြင်းခံလိုက်ရတာမို့ မြရွက်ဝါတစ်ကိုယ်လုံး ဓါတ်လိုက်ခံလိုရသလိုဖြစ်သွားမိတယ်။ရင်တစ်ခုလုံး ပေါက်ကွဲလုမတတ်ဝုန်ဒိုင်းကြဲအောင် ခုန်လှုပ်နေခဲ့တယ်။မြရွက်ဝါ တုန်တုန်လှုပ်လှုပ်နဲ့ သူ့ကိုမော့ကြည့်လိုက်မိတယ်။သူက မြရွက်ဝါကို ခပ်စူးစူးစိုက်ကြည့်ရင်း ဆွဲခေါ်သွားခဲ့တယ်။မြရွက်ဝါလဲ မငြင်းမိဘဲ သူဆွဲခေါ်ရာနောက်ကို လိုက်ပါသွားခဲ့မိတယ်။သူနဲ့မြရွက်ဝါတို့ လှေကားထစ်တွေကို ဘယ်လိုကျော်ဖြတ်လို့ ကျော်ဖြတ်လာခဲ့မှန်းမသိဘဲ အပေါ်ထပ် သူ့အခန်းရှေ့ကိုရောက်လာခဲ့ကြတယ်။ ~~~~~~~ ဟန်လင်းသန့်ကတံခါးကိုဆွဲပိတ်လိုက်ပြီးတော့ မြရွက်ဝါကိုနံရံမှာ တွန်းကပ်လိုက်တယ်။ပြီးတော့ မြရွက်ဝါရဲ့ပခုံးနှစ်ဖက်ကို ခပ်ကြမ်းကြမ်းကိုင်လှုပ်ပစ်လိုက်တယ်။ " မင်းက ....လှေနံနှစ်ဖက်နင်းနေတာလား .... ကိုယ်တစ်ယောက်လုံးရှိနေရဲ့နဲ့ တခြားကောင်နဲ့ မင်္ဂလာပွဲလုပ်ဖို့ စဉ်းစားနေတာလား " ရုတ်တရက်ကြီးပြောချလိုက်တဲ့ ဟန်လင်းသန့်ရဲ့စကားတွေကြောင့် မြရွက်ဝါအံ့ဩ တုန်လှုပ်သွားမိပြီး ဟန်လင်းသန့်ကို မျက်လုံးအကြောင်သားနဲ့ ငေးကြည့်နေမိတယ်။ဒီအချိန်မှာ မြရွက်ဝါရဲ့ မျက်လုံးအိမ်ထဲနေက မျက်ရည်စတွေလဲ တလိမ့်လိမ့်စီးကျလာခဲ့ရတယ်။ " ငိုတယ်ဟုတ်လား ...ဘာလို့ငိုတာလဲ ...မင်းကို ကိုယ်ဘာလုပ်မိလို့လဲ ..... ဘေးနားမှာတစ်ယောက်ကိုထားပြီး...နောက်တစ်ယောက်ကိုပါ အဆင်သင့် ချိတ်ထားတာလား ပြောပါအုံး..မင်းတို့မိ**န်းမတွေ တကယ်ကြောက်ဖို့ကောင်းတယ် " ဟန်လင်းသန့်က အံကြိတ်ကာပြောရင်းနဲ့ သူမပခုံးတွေကို တွန်းလွှတ်ပေးလိုက်ပြီး တစ်ဖက်ကိုမျက်နှာဆတ်ခနဲလွှဲသွားခဲ့တယ်။ဟန်လင်းသန့်ရဲ့ အပြုအမူကြောင့် မြရွက်ဝါအံလေးကို ကြိတ်လိုက်မိပြီး "ကြောက်ဖို့ကောင်းတယ်ဟု လား .....ဘာကိုကြောက်ဖို့ကောင်းတာလဲ ... ကိုယ့်ကိုချစ်တယ်လို့တောင်မပြောတဲ့သူကို ...အရူးလိုစောင့်မျှော်နေမိတာက ကြောက်ဖို့ကောင်းတာလား.....မြရွက်ဘယ်သူ့ကိုမှလဲ မချိတ်ထားဘူး...ရှင့်ဘက်က မဆက်သွယ်ခဲ့ပေမဲ့ မြရွက်ဘက်က ...မိန်းမတန်မဲ့ဆက်သွယ်ခဲ့တယ်...စာတွေပို့ခဲ့တယ်.....ဖုန်းတွေဆက်ခဲ့တယ်....လူ့ကိုအရူးလုပ်သွားတာဘယ်သူလဲ ... ဘယ်သူက တကယ်ကြောက်ဖို့ကောင်းတာလဲပြောပါအုံး ... ရှင့်အတွက်တော့ မြရွက်က အပျင်းပြေစကားပြောဖော်သက်သက်ပဲ မဟုတ်လား ... ရပါတယ်လေ ....ရှင်ထင်ချင်သလိုထင်ပါ ....မြရွက်ပြန်တော့မယ် " မြရွက်ဝါပြောပြီးတာနဲ့ တံခါးဆီကိုလှည့်ထွက်ခဲ့လိုက်တယ်။ "မြရွက် " ဟန်လင်းသန့်ရဲ့ ခေါ်သံကြောင့် မြရွက်ဝါရဲ့ခြေလှမ်းတွေတုံ့ခနဲ့ ရပ်တန့်သွားရတယ်။ ဒီအချိန်မှာပဲ ဟန်လင်းသန့်က သူမလက်ကိုလှမ်းဆွဲယူကာ ပွေ့ဖက်လိုက်ပြီးပါးပြင်ကို နမ်းလိုက်တာမို့ မြရွက်ဝါမူးမေ့လဲမတတ်ဖြစ်သွားရတယ်။ဟန်လင်းသန့်ရဲ့လက်ကနေ လူကရုန်းထွက်ဖို့ သတိရလိုက်ပေမဲ့ လက်တွေ့မှတော့ သတိကင်းလွတ်သွားသူလို ဖြစ်သွားမိပြီး ဟန်လင်းသန့်ကိုဖက်တွယ်ကာ ဝမ်းနည်းပက်လက်ငိုရှိုက်လိုက်မိတယ်။ ~~~~~~ "" ဒီနေ့ကစပြီး ...မင်းနဲ့ကိုယ်ချစ်သူတွေဖြစ်သွားပြီ....အဲ့ဒီတော့ ...မင်း ဘယ်ကောင်နဲ့မှပတ်သက်ခွင့်မရှိတော့ဘူးနော်...ကြီးတော်ကြောင့်...အဘွားကြောင့်ဆိုပြီး ဘာကြောင့်မှအကြောင်းမပြနဲ့နော်...ကိုယ်လက်မခံဘူးနော်ကြားလား " ဟန်လင်းသန့်ရဲ့နှုတ်ကပြောလိုက်တဲ့စကားကြောင့် မြရွက်ဝါမျက်လုံးအစုံပြူးကျယ်သွားကာ အံ့ဩသွားမိတယ်။သူနဲ့မြရွက်ကချစ်သူတွေဖြစ်သွားကြပြီးတဲ့လေ။ဘယ်တုန်းကဖြစ်သွားကြတာလဲ မြရွက်ဝါလဲ သေချာမဿိတော့ပါဘူး။သေချာတာက ဟန်လင်းသန့်ရဲ့နှုတ်ဖျားကနေ ချစ်တယ်ဆိုတဲ့စကားတစ်လုံးကိုတောင် မြရွက်ဝါကမကြားရသေးတာသေချာပါတယ်။သူက မြရွက်ဝါကိုဖက်ပြီးတော့နမ်းလိုက်တယ်။သူမကလဲ သူ့ကိုပြန်ဖက်ပြီးငိုလိုက်မိတယ်။ဒီလိုနဲ့ပဲ မြရွက်ဝါတို့နှစ်ယောက်ချစ်သူတွေဖြစ်သွားကြပြီတဲ့လေ။သူတကယ်ပဲ မြရွက်ဝါကိုချစ်ရဲ့လား ။အချစ်ဆိုတာဖွင့်ပြောဖို့မလိုအပ်တာလား။မြရွက်ဝါအနေနဲ့တော့ ချစ်ရတဲ့သူဆီကနေ ချစ်တယ်ဆိုတဲ့စကားကို ကြားချင်မိတာပေါ့။ဒါပေမဲ့လဲ နားလည်ရခက်လှတဲ့ချစ်သူကို သူမကပဲအလျှော့ပေးဖို့ဆုံးဖြတ်လိုက်ရပါတော့တယ်။ " နောက်ထပ်ဘယ်ကောင်နဲ့မှမပတ်သက်နဲ့နော် ...ပြီးတော့ ခုနတစ်ယောက်နဲ့ထပ်ပြီးမပတ်သက်နဲ့တော့ "

ဒီလောကကြီးမှာမြရွက်မခန့်မှန်းနိုင်တဲ့သူက ဟန်လင်းသန့်တစ်ယောက်ပဲရှိမယ်ထင်ပါရဲ့လေ။ " ဒါဆိုရင် ကျွန်တော်ပြန်လိုက်ပါအုံးမယ်နော်မြရွက် ...ဒီကြားထဲ ဖုန်းဆက်လိုက်မယ်နော်...ကျေးဇူးပြုပြီးဖုန်းလေးတော့ ကိုင်ပေးပါနော်မြရွက် " " ဟုတ်ကဲ့ ရပါတယ်ကိုမြတ်သူ...မြရွက်တို့မိတ်ဆွေတွေပဲလေ...ဖုန်းမကိုင်စရာလားရှင် ...အန်တီဆွေကိုလဲ မြရွက်ကမေးတယ်လို့ပြောပေးပါအုံးရှင် " " ပြောလိုက်ပါ့မယ် မြရွက်...အမေကပြောနေတယ်...မြရွက်ကိုအိမ်လည်ဖိတ်ချင်လို့တဲ့လေ...အဲ့ဒါ ကျွန်တော်က မြရွက်ကိုအားနားလို့ ,,,နောက်မှဖိတ်ပါလို့ ပြောထားရတယ် " ကိုမြတ်သူက မြရွက်ဝါရဲ့သဘောထားကို သွေးတိုးစမ်းသလိုမေးလာတာမို့ မြရွက်ဝါ ဘာမှပြန်မပြောဘဲ ပြုံးပြီးသာနားထောင်နေလိုက်တယ်။ ~~~~~~~~~~~ " သွားတော့မယ်နော်မြရွက်...ကျွန်တော်ဖုန်းဆက်လိုက်မယ်နော် " " ဟုတ်ကဲ့ပါ ကိုမြတ်သူ " ကိုမြတ်သူက တံခါးဝရှေ့မှာရပ်ပြီး နှုတ်ဆက်နေချိန်မှာပံ အောက်ထပ်လှေကားကနေ တက်လာတဲ့ခြေသံကိုကြားလိုက်ရတာမို့ မြရွက်ဝါအမှတ်တမဲ့လှမ်းကြည့်လိုက်မိတယ်။ဒီအခါရုတ်တရက်မြင်လိုက်ရတဲ့ပုံရိပ်ကြောင့် မြရွက်ဝါကြက်သေသေကာငေးမောကြည့်နေမိတယ်။သူကလဲမြရွက်ဝါကို တစ်ချက်လှမ်းကြည့်တယ်။ပြီးတော့ မျက်နှာကိုချက်ချင်းပြန်လွှဲလိုက်ပြီး သူ့ဘေးနားက ဖြတ်လျှောက်သွားတဲ့ ကိုမြတ်သူကိုတစ်ချက်ကြည့်လိုက်တယ်။ပြီးတော့ မျက်နှာထာတည်တည်နဲ့နဲပဲ မြရွက်ဝါရှေ့ကဖြတ်လျှောက်သွားပြီး အပေါ်ကို တက်သွားခဲ့တယ်။သူကမြရွက်ဝါက်ိုလုံးဝမကြည့်သလို နှုတ်ဆက်စကားတစ်ခွန်းလေးတောင်ပြောမသွားခဲ့ပါဘူး။ သူမရှေ့ကနေ စိမ်းကားစွာကျော်ဖြတ်သွားတဲ့ ဟန်လင်းသန့်ကို မြရွက်ဝါသတိကင်းမဲ့နေသူလို ငေးမောကြည့်နေမိခဲတယ်။ "ကျွီ " အပေါ်ထပ်က သံဘာဂျာတံခါးဆွဲသံကိုမြရွက်ဝါကြားနေရပေမဲ့ လူကနေရာမှာပဲကျောက်ရုပ်တစ်ရုပ်လိုမလှုပ်မယှက်ရပ်နေမိတယ်။လူကငြိမ်သက်နေခဲ့မိပေမဲ့ ရင်ထဲမှာတော့ ဆို့နင့်ကာမုန်တိုင်းထန်နေခဲ့တယ်။ဖြစ်နိုင်ရင်သူ့နောက်ကို ပြေးလိုက်သွားပြီး သူ့ရင်ဘတ်တွေကိုစိတ်ရှိလက်ရှိထုရိုက်ပစ်လိုက်ပြီး " ဘာသဘောလဲ...ဘာအချိုးချိုးတာလဲလို့ မေးပစ်လိုက်ချင်တယ်။ အချိန်အတော်ကြာတဲ့အထိ မြရွက်ဝါ အခန်းရှေ့မှာပဲရပ်နေမိတယ်။မိနစ်အနည်းငယ်ကြာတဲ့အခါ အပေါ်ထပ်ကဆင်းလာတဲ့ ခြေသံကိုကြားလိုက်ရတယ်။မြရွက်ဝါ မျှော်လင့်ကြီးစွာနဲ့ လှေကားထစ်တွေကိုမော့ကြည့်လိုက်မိတယ်။ဒီအခါ လှေကားထောင့်ချိုးကွေ့မှာရပ်ပြီး သူမကိုလှမ်းကြည့်နေတဲ့ ဟန်လင်းသန့်ကိုတွေ့လိုက်ရတယ်။နှစ်ယောက်သားအကြည့်ချင်းဆုံသွားတဲ့အခိုက်မှာ မြရွက်ဝါရင်တွေတလှပ်လှပ်ခုန်လာပြီး ငိုချလိုက်ချင်စိတ်တွေဖြစ်လာမိတယ်။ ==================================== အပိုင်း( ၂၂ ) ဆက်ရန် A KYI PHYU #ဧကြည်ဖြူ

"ရပါတယ် ဒေါ်ဒေါ် ... ဒီကနေ ...ပဲခူးကားဂိတ်ကို သိပ်မပေးရပါဘူး ....လိုက်စီးသွားလိုက်ပါရှင်...နေတွေပူလာတော့ လိုင်းကားတိုးစီးရတာ မလွယ်လို့ပါ ..ကားဆရာရေ ... ဒေါ်ဒေါ့်ကို ပဲခူးကားဂိတ်ကိုသေချာလေးပို့ပေးပါရှင် " မြရွက်ဝါ ကားဆရာကို သေချာမှာလိုက်ရင် ကားခပါထုတ်ပေးလိုက်တယ်။ "ကျေး ..ကျေးဇူးတင်ပါတယ် သမီးရယ် ..ဒါ..ဒါနဲ သမီးနာမည်က ဘယ်လိုခေါ်လဲကွယ် ....ဒေါ်ဒေါ် မှတ်ထားချင်လို့ပါကွယ် " " ဟုတ်ကဲ့ ...မြရွက်ဝါပါ ဒေါ်ဒေါ် ... နောက်တစ်ခါ ရန်ကုန်ရောက်ဖြစ်ရင်လဲဝင်ခဲ့ပါ " " အေးပါကွယ် ..ကျေးဇူးပါ သမီးရယ်..သွားပြီးနော် " အမျိုးသမီးကြီးနှုတ်ဆက်ပြီးတော့ ကားလေးက မြရွက်ဝါရဲ့မြင်ကွင်းထဲကနေ တဖြည်းဖြည်းပျောက်ကွယ် သွားခဲ့တယ်။ ~~~~~~~~~ " ဆရာ ...ဟိုဘက်ရုံးခန်းကို ဒီရက်ပိုင်းမသွားဖြစ်တာလား ...ဟိုတစ်နေ့က ပဲခူးကဒေါ်ခင်မေရီကဖုန်းဆက်ပြီး....ဆရာနဲ့တွေ့ချင်တယ်ပြောလို့ ...စာရေးမလေးက ဟိုဘက်ကရုံးခန်းလိပ်စာကိုပြောပြလိုက်တယ်တဲ့ " မင်းဆွေရဲ့စကားကြောင့် ဟန်လင်းသန့်ခေါင်းမော့ကြည့်လိုက်မိပြီး " ဟုတ်လား ...အဲ့ဒီဘက်မသွားဖြစ်တာလေး ငါးရက်ရှိနေပြီ..ဒါနဲ့ဘာပြောသွားသေးလဲ...ငါ့ဖုန်းနံပတ်ကိုပေးလိုက်သေးလား " " ဘာမှမပြောသွားဘူးတဲ့...ဆရာ့ဖုန်းနံပတ်ကိုလဲမပေးလိုက်ဘူးတဲ့ ..." " အင်း...ကိစ္စရှိတယ်ဆိုလဲ ...အဘိုးကြီးကိစ္စပဲနေမှာပေါ့...တစ်ရက်လောက်မင်းသွားကြည့်လိုက်ပါအုံးကွာ " " ဟုတ်ကဲ့ပါဆရာ " မင်းဆွေကပြောပြီးတော့ သူ့အလုပ်သူဆက်လုပ်နေခဲ့တယ်။ဟန်လင်းသန့်ခုံပေါ်မှာငူငူချည်းထိုင်နေမိရင်း တွေဝေနေမိတယ်။ဟိုဘက်တိုက်ခန်းကို လောလောဆယ်သွားရေးလာရေးလွယ်ကူအောင်ရယ် ၊နောက်ကျရင် အဲ့ဒီဘက်မှာပဲအကျိုးဆောင်ရုံးခန်းဖွင့်ဖို့အတွက်ရည်ရွယ်ပြီး ငှားထားခဲ့တာပဲ။ဒါပေမဲ့ မြရွက်ဝါသတင်းကိုကြားပြိးကတည်းက ဟန်လင်းသန့်အဲ့ဒီဘက်ကိုမသွားဖြစ်တော့ဘူး။ဆိုက်ထဲတွေလှည့်ပတ်သွားရလို့် ဘယ်လောက်ပဲအချိန်နောက်ကျပါစေ မြို့ထဲကအိမ်ရှိရာကိုပဲအရောက်ပြန်တော့တာ။သူဘာဖြစ်လို့ အဒီဘက်ကိုမသွားချင်တော့တာလဲဆိုတာကို အကြောင်းပြချက်မရှိပေမဲ့ အဲ့ဒီတိုက်ခန်းဘက်ကိုခြေဦးတောင်မလှည့်ဖြစ်တာတော့ တစ်ပတ်ကျော်ခဲ့လေပြီလားမသိဘူး။တစ်ယောက်ယောက်ကများဘာကြောင့်မသွားချင်တာလဲလို့ လာမေးခဲ့ရင် မသွားချင်လို့မသွားတာလို့ပဲ ဟန်လင်းသန့်ပြန်ဖြေလိုက်မှာ။ဒီထက်တိကျတဲ့အဖြေလဲဟန်လင်းသန့်မှာမရှိဘူးလေ။၊ ~~~~~~ မျှော်နေမိသူကတစ်ယောက် ပေါ်လာသူကတစ်ယောက်လို့ပဲပြောရမလား။မြရွက်ဝါ ဧည့်ခန်းထဲမှာ စိတ်ညစ်ညူးစွာနဲ့ထိုင်နေမိတယ်။မြရွက်ဝါမျှော်လင့်နေခဲ့တာက ဟန်လင်းသန့်ဖြစ်ပြီး တကယ်တမ်းလာမဲ့သူက ကိုမြတ်သူဖြစ်နေခဲ့တယ်။ "လာလည်ခွင့်ပြုပါနော်" ဆိုတဲ့ကိုမြတ်သူဘက်က ယဉ်ယဉ်ကျေးကျေးခွင့်တောင်းလာတော့လဲ မြရွက်ဝါဘက်က ငြင်းပစ်လိုက်ဖို့ အားနာတာမို့ခွင့်ပြုလိုက်ရတယ်။ဒီကြားထဲမှာ အဘွားကလဲ နေ့တိုင်းလိုလိုဒီအကြောင်းတွေကိုပဲပြောနေတော့တာ။မြရွက်ဝါဘက်က အလိမ္မာလေးနဲ့ငြင်းထားရပေမဲ့ တစ်ခါတစ်ခါတော့လဲ စိတ်ပေါက်ပေါက်နဲ့ဘုပြောပစ်လိုက်ချင်တော့တာ။ကိုယ့်ရဲ့အတွင်းစိတ်ဆိုတာကလဲ တခြားသူလမ်းပြတာကို လိုက်နာဖို့နေနေသာသာ ကိုယ်တိုင်တောင်လိုရာကိုညွှန်ကြားလို့ရတာမဟုတ်ဘူးလေ။ " သူက ...တို့အခန်းကိုလာမှာလားမြရွက် " မညိုရဲ့အမေးကို မြရွက်ဝါခေါင်းငြိမ့်ပြလိုက်တယ်။ " ဟုတ်တယ် မညို....အဘွားကိုလဲဖုန်းဆက်ပြီးခွင့်တောင်းလိုက်ပုံရတယ် ...." " ဟုတ်လား...သူကခေါင်ကိုပါကိုင်ထားတာပဲ....လူပုံကြည့်ရတာတော့မဆိုးပါဘူး ...ကြည့်ရတာ နင့်ကိုတကယ်သဘောကျသွားပုံပဲ...နင်ရောဘယ်လိုသဘောရလဲ မြရွက်...ပွင့်ပွင့်လင်းလင်းပြောနော် " မညိုရဲ့အမေးကြောင့် မြရွက်ဝါခေါင်းကိုလေးတွဲ့စွာခါယမ်းလိုက်မိတယ်။ " မိတ်ဆွေတစ်ယောက်ထက်ပိုပြိးတော့ စဉ်းစားလို့မရပါဘူး မညိုရယ် ...အဘွားကလဲဇွတ်ကိုစီစဉ်ချင်နေပုံရတယ် ..မြရွက်ကတော့ အဘွားစိတ်ကျေနပ်အောင် နေနေလိုက်ပြီးမှ...ကိုမြတ်သူကိုယ်တိုင်ဖွင့်ပြောလာတဲ့နေ့ကျမှ ... အလိမ္မာလေးနဲ့ငြင်းလိုက်မလားလို့တွေးထားတယ်....သူလဲလူယဉ်ကျေးတစ်ယောက်ပုံစံဆိုတော့ မြရွက်သဘောထားကိုလက်ခံနိုင်မှာပါ ..." မြရွက််ဝါကိုယ့်အတွေးနဲ့ကိုယ် စီမံကိန်းတွေချရင်းအဝတ်အစားအပြင်အဆင်ကစလို့ တစ်ဖက်လူအထင်လွဲမှားစေတာမျိုးတွေမဖြစ်အောင်ပါ သေချာလေးဝတ်စားပြင်ဆင်ထားလိုက်တယ်။ ~~~~~~~~~~~~~ " တစ်ရက်လောက်တော့ အပြင်မှာကော်ဖီလေးဖြစ်ဖြစ်သွားသောက်ဖို့ ဖိတ်ချင်ပါတယ်မြရွက် " " ဟုတ်ကဲ့ပါ ကိုမြတ်သူ... မိတ်ဆွေတွေဖြစ်တဲ့အထိမ်းအမှတ်အနေနဲ့ ....ကိုမြတ်သူအားတဲ့နေ့နဲ့ မြရွက်အားတဲ့တစ်ရက်လောက် သွားကြတာပေါ့..." မြရွက်ကစကားကိုအေးဆေးစွာပဲ ပြောလိုက်တယ်။မြရွက်ပြောသမျှစကားတိုင်းမှာလဲ ကိုမြတ်သူကိုမျှော်လင့်ချက်ပေးတဲ့စကား‌မျိုးတွေမပါအောင်ဂရုတစိုက်နဲ့သတိထားပြောနေရတယ်။မြရွက်ကငယ်ငယ်လေးကတည်းက မိဘတွေနဲ့အတူ စီးပွားရှာလာခဲ့ရသူမို့ လူမကြောက်တတ်သလို အတော်အသင့်လောက်တော့လူကဲခတ်နိုင်တဲ့စွမ်းရည်ရှိပါတယ်။ဒါကြောင့်လဲ ကိုမြတ်သူက သူမအပေါ်ဘယ်လိုသဘောထားလဲဆိုတာကို ခန့်မှန်းလို့ရတယ်။ပြောရရင်

" ကျွီ " အိမ်ရှေ့လမ်းမပေါ်က ကားထိုးရပ်လိုက်သံ တိုးသဲ့သဲ့ကိုကြားလိုက်ရတာနဲ့ မြရွက်ဝါထိုင်နေရာကမယောင်မလည်နဲ့ထလိုက်ပြီး ဝရန်တာကိုမျှော်ကြည့်လိုက်မိပြန်တယ်။တိုက်ရှေ့မှာကားရပ်သံကြားတိုင်း မြရွက်ဝါအရူးတစ်ယောက်လို မယောင်မလည်နဲ့ထထကြည့်နေမိတာ ဒီနေ့ပါဆိုရင်သုံးရက်တောင်ရှိသွားခဲ့ပြီ။ဖတ်သာဖတ်ပြီး ပြန်စာမလာတဲ့စာတွေကိုလဲ ပို့ရတာမောနေပါပြီ။မကိုင်တဲ့ဖုန်းကိုလဲ သုံးလေးကြိမ်ထက်မနည်း မြရွက်ဝါခေါ်ခဲ့ပြီးပါပြီ။သူ့ဘက်ကအဆက်အသွယ်မလုပ်တာကို မြရွက်ဝါစိတ်ဆိုးဖို့သတိမရတဲ့အပြင် စိတ်တွေပဲပူနေမိတယ်။သော့ခတ်ထားတဲ့ အခန်းရှေ့ကိုမယောင်မလည်နဲ့သွားကြည့်ရတာလဲအကြိမ်ပေါင်းမနည်းတော့ပါဘူး။လူမသိသူမသိကြိတ်ကာပူဆွေးနေရပြီး ဘယ်သူ့ကိုမေးလို့မေးရမှန်းမသိတဲ့အဖြစ်က မြရွက်ဝါအတွက်ပိုပြီးစိုးရိမ်သောက ရောက်ရပါတယ်။ ~~~~~~~~~~~~~~ ကားလမ်းမဘေးပလက်ဖောင်းပေါ်မှာ မြရွက်ဝါစိတ်မပါလက်မပါနဲ့ လျှောက်လာရင်း လမ်းမပေါ်ကကားတွေကိုလိုက်လံငေးမောကြည့်နေမိတယ်။အိမ်နားကိုလျှောက်လာလေလေ မြရွက်ဝါရင်ထဲပိုပြီးမောဟိုက်မွန်းကျပ်လာလေလေဖြစ်လာမိတယ်။ " တူမ...တူမကြီး ...ခဏလောက်ကွယ် " " ရှင် " ရုတ်တရက် နောက်ပါးဆီကခေါ်သံကြောင့် မြရွက်ဝါလှည့်ကြည့်လိုက်မိတော့ ကြီးကြီးတို့အရွယ်အမျိုးသမီးကြီးတစ်ယောက်ကိုတွေ့လိုက်ရတယ်။ " ဟုတ်ကဲ့ပါ ဒေါ်ဒေါ်...မြရွက်ကိုခေါ်တာလားရှင်..မြရွက်ဘာကူညီပေးရမလဲရှင် " " အေး..အေးပါကွယ်...ဒီနားမှာတိုက်နံပတ်( ....)ကဘယ်နားမှာလဲကွယ်..." တိုက်တိုက်ဆိုင်ဆိုင် မြရွက်တို့တိုက်နံပတ်ကို အဒေါ်ကြီးက မေးလိုက်တာမို့ မြရွက်ဝါအံ့ဩသွားမိပြီး အဒေါ်ကြီးကို ပြန်မေးလိုက်မိတယ်။ " ဟုတ်ကဲ့ ...မြရွက်က ဒေါ်ဒေါ်ပြောတဲ့တိုက်မှာနေတာပါရှင့် ...ဒေါ်ဒေါ်ကဘယ်အခန်းကိုလာတာလဲရှင်...တိုက်မှာနေတဲ့သူတွေအားလုံးကို မြရွက်သိပါတယ်...လိုက်ပို့ပေးပါ့မယ် မြရွက်နဲ့လိုက်ခဲ့ပါနော် " " ဟုတ်လားကွယ်...အခန့်သင့်လိုက်တာကွယ်....ဟို..ဟို...အခန်းနံပတ်တော့မသိပါဘူးကွယ်...ဟိုလေ အွန်လိုင်းပေါ်မှာ နာမည်ကြီးတဲ့ဟန်လင်းသန့်ဆိုတာ.... အဲ့ဒီတိုက်ခန်းမှာ ရုံးခန်းဖွင့်ထားတယ်လို့ ...သူ့ရုံးကပြောပြလိုက်လို့ပါ ... " " ရှင် " အမျိုသမီးကြီးရဲ့စကားကြောင့် မြရွက်ဝါအံ့ဩသွားမိပြီး အမျိုးသမီးကြီးကို သေချာကြည့်လိုက်မိတယ်။ " ဟို ....ဟို...ဒေါ်ဒေါ်ပြောတဲ့သူကို မြရွက်သိပါတယ်ရှင်...မြရွက််တို့အပေါ်ထပ်မှာ... သူ့ရုံးခန်းဖွင့်ထားတာပါ...ဒါပေမဲ့ ...သူရုံးခန်းကိုမလားတာ သုံးရက်ရှိသွားပြီရှင့် ...ဒေါ်ဒေါ်လိုက်ကြည့်ချင်လိုက်ကြည့်ပါ... " မြရွက်ဝါကျန်တာတွေကိုမမေးမြန်းမိဘဲ အမျိးသမီးကြီးကို သူမတို့တိုက်ခန်းဆီကိုခေါ်လာခဲ့လိုက်တယ်။ ~~~~~~~~~~~ " ဒီအခန်းပါ ဒေါ်ဒေါ်... သူပြန်မလာတာတော့သုံးရက်ရှိပါပြီ " " ဟုတ်လားကွယ်...ဒေါ်ဒေါ်လဲ ပဲခူးဘက်ကလာရတာပါ,,,စောင့်လို့တော့မဖြစ်တော့ပါဘူးကွယ် ..." အမျိုးသမီးကြီးက စိတ်ဓါတ်ကျစွာပြောရင်းမှ မူးဝေနေပုံရပြီး အားအင်ချည်နဲ့စွာနဲ့ ထိုင်ချလိုက်တယ်။အမျိုးသမီးကြီးကိုကြည့်ပြီး မြရွက်ဝါရင်ထဲမှာ သနားသွားမိတယ်။ " ဒေါ်ဒေါ် မူးနေတာလား....အဝေးကလာရလို့ပင်ပန်းသွားတာထင်တယ်....မြရွက်တို့အခန်းမှာ... ခဏလောက်နားပြီးမှပြန်ပါနော် ...လာပါဒေါ်ဒေါ် " မူးဝေနေတဲ့အမျိုးသမီးကြီးကို သူမတို့အခန်းဆီကိုမြရွက်ဝါတွဲခေါ်ခဲ့လိုက်တယ်။ ~~~~~~~ "ထိုင်ပါ ဒေါ်ဒေါ် ... လွတ်လွတ်လပ်လပ်နေပါ ...အားနာဖို့မလိုပါဘူး ...မညိုရေ ...ဒီမှာ ဧည့်သည်ပါလာလို့ " မြရွက်ဝါအသံပေးလိုက်တော့ မညိုကပစ္စည်းပုံတွေကြားကထလာပြီး မသိမသာမေးဆတ်ပြတယ်။ မညိုရဲ့ အမူအရာကို သိနားလည်လိုက်တာမို့ မြရွက်ဝါကမန်းကတန်းရှင်းပြလိုက်ရတယ်။ "အပေါ်ထပ်အခန်းကိုလာတဲ့ ဧည့်သည်ပါ မညို...ပဲခူးကတောင်လာတာတဲ့လေ " " ဟုတ်လား ...အေးအေးဆေးဆေးနားပါနော် ဒေါ်ဒေါ် ... " " မ ..မနားတော့ပါဘူးကွယ် ...မိုးမချုပ်ခင် ပဲခူးပြန်ရမှာမို့ ပါ ...ကျေးဇူးတင်ပါတယ်ကွယ်.... " " သွားတော့မလို့လား ဒေါ်ဒေါ် ... တစ်ခုခုစားသွားပါအုံးရှင် " သောကတွေပြည့်နေပုံရတဲ့ အမျိုးသမီးကြီးကိုကြည့်ပြီး မြရွက်ဝါရင်ထဲ သနားသွားမိတာမို့ မုန့်နဲ့လက်ဖက်ရည်အမြန်ပြင်လိုက်တယ်။ "အို ..မ..မဟုတ်တာကွယ် ....မစားတော့ပါဘူးသမီးရယ် " အမျိုးသမီးကြီးက အားနာပြီး အတင်းငြင်းလေတယ်။ "စားပါ ဒေါ်ဒေါ် ...အားမနာပါနဲ့ ...ဒါနဲ့ကိုဟန်လင်းသန့်ပြန်လာရင်... ဘာပြောပေးရအုံးမလဲရှင် " "ရ ..ရပါတယ်ကွယ် ..ပဲခူးက ခေါ်ခင်မေရီ လာသွားတယ်လို့ပဲ ပြောပေးပါနော် " " ဟုတ်ကဲ့ ပြောပေးပါမယ် ဒေါ်ဒေါ် " ~~~~~ " မ...မဟုတ်တာ သမီးရယ် ...မလုပ်ပါနဲ့ကွယ် ပိုက်ဆံတွေ ကုန်ပါတယ်... ဒေါ်ဒေါ် လိုင်းကားပဲစီးသွားလိုက်ပါ့မယ် " မြရွက်ဝါက ကားငှါးလိုက်တော့ အမျိုးသမီးကြီးက အတင်းငြင်းဆန်လေတယ်။

#ပန်းတွေပွင့်ချိန် (အခန်းဆက်ဝတ္ထု) အပိုင်း (၂၁ ) akyiphyu ******** ဟန်လင်းသန့်ရဲ့မေးသံကြောင့် ပန်းနုထွေးစိတ်ထဲတင်းခနဲဖြစ်သွားပေမဲ့ မျက်နှာမပျက်အောင်ထိန်းလိုက်ပြီး ခေါင်းငြိမ့်ပြလိုက်တယ်။ " ဟုတ်တယ် ကိုလင်း...မြရွက်ဝါရဲ့မင်္ဂလာသတင်းပါ ...အဘွားမိတ်ဆွေရဲ့သားနဲ့လေ....စီစဉ်နေကြတာတော့ လွန်ခဲ့တဲ့နှစ်ပတ်လောက်ကတည်းကထင်တယ်....ဒီနေ့မှမင်္ဂလာပွဲအတွက်စီစဉ်ကြမှာထင်တယ် " " ဪ ...ဟုတ်လား " ဟန်လင်းသန့်ဘာမှဆက်မပြောဖြစ်တော့ဘဲ စာရွက်စာတမ်းတွေကိုစစ်ဆေးနေလိုက်တယ်။ " ဆရာ....ဒါပြီးရင်ဘယ်သွားမှာလဲ " မန်နေဂျာကိုထွန်းရဲ့အမေးကို ဟန်လင်းသန့်ချက်ချင်းမဖြေသေးဘဲ တွေဝေနေမိပြီးမှ " မြို့ထဲအိမ်ကိုခဏပြန်လိုက်အုံးမယ် ...ကျန်တာတွေကိုဆက်ပြီးစစ်ပေးထားလိုက်ပါအုံး....မင်းဆွေကိုဆိုက်တွေဘက်သွားစစ်ခိုင်းလိုက်အုံးကွာ..." " ဟုတ်ကဲ့ ဆရာ " မန်နေဂျာကိုထွန်းကို မှာသင့်တာမှာပြီးတော့ ဟန်လင်းသန့်တစ်ယောက် စာရွက်စာတမ်းတွေကိုဆက်ပြီးစစ်နေလိုက်တယ်။အားလုံးစစ်ပြီးတဲ့အခါမှာ လက်မှတ်ထိုးသင့်တာကိုထိုးပြီးပြန်ဖို့ပြင်လိုက်တယ်။ ~~~~~~~~~~~~ " ဟင်းတွေကို... မြရွက်ကတကူးတကလာချက်ပေးထားတာလို့ အဘွားကပြောတယ်..ကျေးဇူးပါနော်မြရွက်...ဟို...ဒါနဲ့နောက်ရက်တွေမှာ မြရွက်ဆီကိုကျွန်တော်လာလည်လို့ရလားမသိဘူး " " ရှင်...ဟုတ်.... ဟုတ်ကဲ့ " ပွင့်လင်းလှတဲ့ကိုမြတ်သူရဲ့သဘောထားကြောင့် မြရွက်ဝါအားနာနာနဲ့ပဲ ခေါင်းငြိမ့်လိုက်ရတယ်။အပေါ်ယံအားဖြင့်ကြည့်ရင်တော့ အနေအေးပုံရတဲ့ ကိုမြတ်သူလိုလူမျိုးကို အိမ်ထောင်ဖက်အဖြစ်ရွေးချယ်လက်ခံသင့်တာကို မြရွက်ဝါသဘောပေါက်နားလည်ပါတယ်။ " ခွင့်ပြုပါအုံးနော် မြရွက် ...ဖြစ်နိုင်မယ်ဆိုရင် ...နောက်တစ်ခေါက်မှာ မြရွက်ဝါတို့အိမ်ကိုလာလည်ချင်ပါတယ်...မိတ်ဆွေတစ်ယောက်အဖြစ်လက်ခံပေးပါနော် " " ဟုတ်ကဲ့ ...ရပါတယ်ကိုမြတ်သူ ...လာလည်မယ်ဆိုရင်ဖုန်းဆက်လိုက်ပါနော် " ကိုမြတ်သူတို့သားအမိပြန်သွားတော့မှ မြရွက်ဝါလဲ တာဝန်ကြီးတစ်ခုပြီးဆုံးသွားသလိုခံစားလိုက်ရတယ်။ "မြရွက် ...ဘယ်လိုလဲသမီး...မောင်မြတ်သူရကမဆိုးရှာဘူးပဲ...ကြည့်ရတာသမီးကိုလဲ သဘောကျသွားပုံရတယ် ...သမီးသဘောကရောဘယ်လိုလဲ...အဘွားတော့ အဘွားမ‌ေ..သခင် မြေးတွေအားလုံးကိုစိတ်ချသွားချင်တယ်ကွယ်...အားလုံးထဲမှာသမီးကိုအစိုးရိမ်ဆုံးပဲ...အိမ်ထဲမှာပဲအမြဲနေပြီး အိမ်ထောင်ရေးကိုလဲ စိတ်ဝင်မစားဘူး...ပြီးတော့ဘာမဆိုင်ညာမဆိုင်အစ်မရဲ့ဒုက္ခတွေကိုပါကူခံနေရလို့ အဘွားတကယ်စိတ်မကောင်းဘူးကွယ်...မဆွေကပြောတယ်...သူ့သားကြီးလက်ထပ်ရင် သူတို့နဲ့အတူခေါ်မထားပါဘူးတဲ့...သူ့သားကြီးအတွက် တိုက်နဲ့ခြံသီးသန့်လက်ဖွဲ့ပေးမှာတဲ့ " " ဟုတ်...ဟုတ်ကဲ့ပါ အဘွား...မြရွက်သေချာစဉ်းစားပါ့မယ်.....မြရွက်ကအိမ်ထောင်မပြုဖို့ စဉ်းစားထားတာမို့ .....မြရွက်ကိုစဉ်းစားချိန်တော့ပေးပါ....ကိုမြတ်သူကိုလဲ မြရွက်ခင်ခင်မင်မင်ဆက်ဆံသွားမှာပါ " မြရွက်ဝါ အဘွားကိုအလိမ္မာလေးနဲ့ပဲ ပြောလိုက်တယ်။စိတ်ထဲကချက်ချင်းကြီးငြင်းပစ်လိုက်ချင်ပေမဲ့ အဘွားရဲ့ဒေါသကိုလဲသိနေတာမို့ ပုံမှန်အတိုင်းပဲ နေသွားဖို့ဆုံးဖြတ်လိုက်တယ်။ ~~~~~~~~~~~~~~ မြရွက်ဝါဖုန်းကိုကိုင်ပြီး အိပ်ရာထဲမှာတလူးလူးတလိမ့်လိမ့်နဲ့အိပ်မပျော်နိုင်ဖြစ်နေမိတယ်။ဒီနေ့ ဟန်လင်းသန့်တစ်ယောက် တစ်နေကုန်လဲပြန်လာတာမတွေ့သလို ဖုန်းလဲလုံးဝမဆက်ခဲ့ဘူး။အွန်းလိုင်းပေါ်ကြည့်တော့လဲ မီးစိမ်းလေးကလင်းမနေခဲ့ဘူး။ညတစ်နာရီကျော်နေပြီ။မြရွက်ဝါကြိုးစားပြီးအိပ်ပေမဲ့အိပ်မပျော်နိုင်ဘဲဖြစ်နေခဲတယ်။အရင်ရက်တွေကဆိုရင် အကြောင်းမရှိအကြောင်းရှာပြီး တစ်နေ့ကို ဖုန်းသုံးလေးခါလောက်ဆက်တဲ့သူက ဒီနေ့တော့မနက်ကတစ်ခါဆက်ပြီးကတည်းက လုံးဝမဆက်တော့တာ။သူဆီကအဆက်အသွယ်မရတော့ မြရွက်ဝါစိတ်ပူမိသလို သတိရနေတဲ့စိတ်ကြောင့် လူကနေမထိထိုင်မသာဖြစ်နေရတယ်။အွန်လိုင်းကနေ စာတွေပို့ထားတာကိုလဲ သူ့ဘက်ကလိုင်းပေါ်တက်သွားရဲ့နဲ့ဝင်ဖတ်မသွားတော့ မြရွက်ဝါမှာ ပိုပြီးနေမထိထိုင်မသာဖြစ်နေမိတယ်။ညသန်းခေါင်အချိန်ထိတိုင် ဖုန်းကိုမျှော်နေပေမဲ့လဲ ဖုန်းကလုံးဝဝင်မလာခဲ့ပါဘူး။ဖုန်းလေးကိုကြည့်ရင်း မြရွက်ဝါရဲ့ပါးပြင်ပေါ်ကို မျက်ရည်တွေတလိမ့်လိမ့်စီးကျလာခဲ့တယ်။အချစ်ဆိုတဲ့အရာရ မြရွက်ဝါအတွက်တော့ မချစ်ရသေးခင်မှာဘဲ မျက်ရည်အကြိမ်ကြိမ်ကျနေခဲ့ရပါလေပြီ။သူဘယ်တွေရောက်နေလဲ။ဘာတွေဖြစ်နေလဲ။နေမှကောင်းရဲ့စတဲ့အတွေးပေါင်းများစွာက မြရွက်ဝါခေါင်းထဲမှာပြည့်သိပ်နေခဲ့တယ်။သူတကယ်ပဲဘာတွေဖြစ်နေခဲ့လဲ။တစ်နေကုန်ဖုန်းမဆက်လဲ ညရောက်ရင်တော့ ဆက်မှာပါဆိုတဲ့ မျှော်လင့်ချက်လေးနဲ့မြရွက်ဝါမှာ ဘယ်လိုမှအိပ်မပျော်နိုင်ဘဲဖြစ်နေမိတယ်။ ~~~~~~~~~~~~