ru
Feedback
HELLO YDB

HELLO YDB

Открыть в Telegram

Mobile Games များကို Review နဲ့တကွ Up To Date တင်ပေးနေပါသည်။

Больше
3 562
Подписчики
+324 часа
+97 дней
-730 дней
Архив постов
ဒီတစ်ခါ Detail Review မဟုတ်ပဲ ပေါ့ပေါ့ပါးပါးလေးပဲ ပြောပြပါမယ်။ ကိုယ်က RDR Online လည်း ဆော့ချင်တယ် PC လည်း မရှိသေးဘူးဆိုရင် ဒီ
ဒီတစ်ခါ Detail Review မဟုတ်ပဲ ပေါ့ပေါ့ပါးပါးလေးပဲ ပြောပြပါမယ်။ ကိုယ်က RDR Online လည်း ဆော့ချင်တယ် PC လည်း မရှိသေးဘူးဆိုရင် ဒီ RedDustLand လေးက အပျင်းပြေစေပါလိမ့်မယ်။ Online Multiplayer စနစ်ပါဝင်တာကြောင့် တခြား Player တွေနဲ့ Map တစ်ခုတည်းမှာ တူတူစုံခွင့်ရမှာဖြစ်ပြီး စိတ်မမှန်ရင် မမှန်သလို အချင်းချင်းလည်း ပြန်တွယ်လို့ရပါတယ်။ သေနတ်ဝယ်မလား၊ မြင်းစီးမလား ? လူဆိုးထိန်းတွေပါ ထည့်ပေးထားသေးတာကြောင့် စိတ်ကြိုက် သောင်းကြမ်းလို့ရပါတယ်။ မိသွားရင်လည်း ထောင်ထဲနေရမှာပါ။ Beta အဆင့်ပဲရှိသေးတာကြောင့် Graphic Shaders တွေက ကြည့်မကောင်းသေးပေမယ့် သုံးထားတဲ့ House Model တွေ၊ Ground Texture တွေကတော့ မဆိုးဘူးဆိုတဲ့ အနေထားမှာရှိပါတယ်။ Control လည်း အရမ်း Satisfied ဖြစ်မှာမဟုတ်ဘူးဆိုတာ ကြို အသိပေးချင်ပါတယ်။ Single Mode မဟုတ်ပဲ Multiplayer Mode ကိုပဲ Recommend ပေးတာကြောင့် Cow Boy တွေ Cow Girl တွေ ဆော့ကြည့်လို့ရပါပြီ။ Official ဆော့ဆော့၊ Mod ပဲဆော့ဆော့ လက်မသွက်ရင် ရှောခံရလိမ့်မယ်။ အခြေနေမဟန်ရင် တွယ်သာတွယ်။ ပြီးရင် ပတ်ရှောင်လိုက်။ ❖ 𝐃𝐨𝐰𝐧𝐥𝐨𝐚𝐝 𝐋𝐢𝐧𝐤 https://helloydbgame.blogspot.com/2026/08/red-dustlands-online.html?m=1

ဘဝကြီးက အရမ်းမွန်းကျပ်လာတဲ့အခါ တောင်တန်းတွေစီကို အလည်သွားချင်တဲ့သူတွေအတွက် ရိုးရိုး အပန်းဖြေတာမျိုးတင်မဟုတ်ပဲ ဓားလေးတစ်လက်နဲ့
ဘဝကြီးက အရမ်းမွန်းကျပ်လာတဲ့အခါ တောင်တန်းတွေစီကို အလည်သွားချင်တဲ့သူတွေအတွက် ရိုးရိုး အပန်းဖြေတာမျိုးတင်မဟုတ်ပဲ ဓားလေးတစ်လက်နဲ့ Dungeons တွေထဲအထိ ပါ စိတ်ပြေလက်ပျောက် လိုက်ခုတ်လို့ရမယ့် ဂိမ်းကောင်းလေးတစ်ခုကို ပြောပြချင်ပါတယ်။ မင်မင်ဆိုရင် အရင်ကတည်းကနေ အခုထိ PC မှာ သိမ်းထားတုန်းမလို့ Mobile Gamer တွေလည်း အရမ်းသဘောကျကြမှာပါ။ ❖ 𝐃𝐨𝐰𝐧𝐥𝐨𝐚𝐝 𝐋𝐢𝐧𝐤 https://helloydbgame.blogspot.com/2026/08/dungeons-of-hinterberg.html?m=1

Series နဲ့ Animation တွေ ပြန်ကြည့်ထားလို့လားမသိဘူး ဒီတစ်ခါ အသစ်ထွက်လာတဲ့ Avatar ဂိမ်းကတော့ တော်တော်လေးကို အားရမိတာ အမှန်ပဲ။ K
Series နဲ့ Animation တွေ ပြန်ကြည့်ထားလို့လားမသိဘူး ဒီတစ်ခါ အသစ်ထွက်လာတဲ့ Avatar ဂိမ်းကတော့ တော်တော်လေးကို အားရမိတာ အမှန်ပဲ။ Kyoshi ကြမ်းချက်က Story တစ်ခုလုံး သူ့အလှည့်ပဲကျချင်အောင်အထိ Skill Effect တွေ အရမ်းကြမ်းသလို၊ မူရင်း Animation ဖန်တီးထားသူတွေကပဲ Story ကို ပြန်ရေးပေးထားတာမလို့ Canon-level နီးနီးအထိကို တကယ် အားစရာကောင်းတယ်။ ❖ 𝐃𝐨𝐰𝐧𝐥𝐨𝐚𝐝 𝐋𝐢𝐧𝐤 https://helloydbgame.blogspot.com/2026/07/avatar-legends-fighting.html?m=1

ဒီတစ်ခါ Mobile မှာ အသစ်ထွက်လာတဲ့ ဂိမ်းလေးကတော့ Studio Ghibli ရဲ့ Art Style လေးနဲ့ မြင်တွေ့ရမယ့် ဂိမ်းလေးဖြစ်ပြီး Puzzle Adven
ဒီတစ်ခါ Mobile မှာ အသစ်ထွက်လာတဲ့ ဂိမ်းလေးကတော့ Studio Ghibli ရဲ့ Art Style လေးနဲ့ မြင်တွေ့ရမယ့် ဂိမ်းလေးဖြစ်ပြီး Puzzle Adventure ကိုမှ အေးအေးဆေးဆေးလေး ကစားရမှာမလို့ အရမ်းသဘောကျကြမှာပါ။ စိတ်မကောင်းစရာက PC မှာ Co-op Multiplayer ဂိမ်းတစ်ခုဆိုပေမယ့် Mobile Version မှာတော့ single player အနေနဲ့ပဲ ကစားလို့ရမှာပါ။ ဆက်ဖတ်ရန် https://helloydbgame.blogspot.com/2026/06/lost-twin-2.html?m=1

အမှန်ဆို ဒီဂိမ်းက တော်တော်ကို creepy ဖြစ်ရမယ့် ဂိမ်းတစ်ခုဆိုပေမယ့် အရွယ်ရောက်လာလို့လားမသိဘူး ကြောက်စရာဆိုတာထက် ပိုပြီး‌တော့ A
အမှန်ဆို ဒီဂိမ်းက တော်တော်ကို creepy ဖြစ်ရမယ့် ဂိမ်းတစ်ခုဆိုပေမယ့် အရွယ်ရောက်လာလို့လားမသိဘူး ကြောက်စရာဆိုတာထက် ပိုပြီး‌တော့ Adventure ဆန်ဆန်နဲ့ စိတ်လှုပ်ရှားစရာကောင်းတဲ့ ခံစားချက်မျိုးကို ဒီဂိမ်းကစားတဲ့အခါမှာ ခံစားရစေတယ်။ ဆက်ဖတ်ရန် https://helloydbgame.blogspot.com/2026/06/choo-choo-charles.html?m=1

ဒီရက်ပိုင်း Cozy ဂိမ်းတွေထဲမှာ တော်တော်လေး Surprise ဖြစ်မိတဲ့ ဂိမ်းကောင်းလေးတစ်ခုရှိပါတယ်။ အဲဒါကတော့ လူတိုင်း မသိသူမရှိတဲ့ Ba
+3
ဒီရက်ပိုင်း Cozy ဂိမ်းတွေထဲမှာ တော်တော်လေး Surprise ဖြစ်မိတဲ့ ဂိမ်းကောင်းလေးတစ်ခုရှိပါတယ်။ အဲဒါကတော့ လူတိုင်း မသိသူမရှိတဲ့ Barbie Universe ရဲ့ Open World မြင်းဂိမ်းလေးတစ်ခုပါ။ တကယ်ကို Graphic, Sound Effect တွေကအစ အရင်ဂိမ်းတွေနဲ့ ဘာဆိုဘာမှ မတူအောင်ကို ရှယ်ဖန်တီးထားတာမလို့ Barbie ဂိမ်းတောင် ဟုတ်ရဲ့လားဆိုပြီး သံသရဝင်သွားပါလိမ့်မယ် ဆက်ဖတ်ရန် https://helloydbgame.blogspot.com/2026/06/barbie-horse-ride-rescue.html?m=1

လက်တလော ရေပန်းစားနေတဲ့ကြားထဲမှာ တကယ် Underrated ဖြစ်တာကတော့ Telltale ရဲ့ ဂိမ်းတွေပါပဲ။ Sequel 2 ကော Remastered ကော ဆိုတော့ တက
+1
လက်တလော ရေပန်းစားနေတဲ့ကြားထဲမှာ တကယ် Underrated ဖြစ်တာကတော့ Telltale ရဲ့ ဂိမ်းတွေပါပဲ။ Sequel 2 ကော Remastered ကော ဆိုတော့ တကယ်ကို ရှယ်ပဲ။

Stellar Blade မဟုတ်တော့ဘူး Stellar Fist ဖြစ်သွားပြီ။ Combat ကတော့ တော်တော် Satisfying ဖြစ်စရာပဲ။

Capcom တို့ကတော့ ရှယ်ကိုတွယ်နေတာ 🔥

အခုတလော ကိုယ်ကြုံနေရတဲ့ ပြဿနာလေးတစ်ခုရှိတယ်။ ‌တခြားတော့မဟုတ်ပါဘူး။ ကိုယ့်ကိုကိုယ် ပြန်ခံစားမိနေတာ ၊ ပြောရရင် ကိုယ့်စိတ်နဲ့ကို
အခုတလော ကိုယ်ကြုံနေရတဲ့ ပြဿနာလေးတစ်ခုရှိတယ်။ ‌တခြားတော့မဟုတ်ပါဘူး။ ကိုယ့်ကိုကိုယ် ပြန်ခံစားမိနေတာ ၊ ပြောရရင် ကိုယ့်စိတ်နဲ့ကိုယ် မေးခွန်းပြန်ထုတ်နေရတာမျိုးပေါ့။ ဘာဖြစ်တာလဲဆိုရင် ဂိမ်းကစားတဲ့အခါ အရင်ကလောက် စိတ်လှုပ်ရှားစရာ မကောင်းတော့သလို ခံစားမိနေတာပဲ။ ကိုယ်ဆော့လိုက်တဲ့ ဂိမ်းက ဂိမ်းကောင်းတစ်ခုဖြစ်နေရင်တောင်မှ Review တို့၊ ဂိမ်းအကြောင်းတို့ကို စာပြန်ရေးတဲ့အခါမှာ အရင်လို active mood မျိုး သိသိသာသာ ပျောက်ဆုံးသွားသလို ခံစားလာရတယ်။ အဆုံးမသတ်နိုင်တဲ့ ဂိမ်းတွေဆိုတာလည်း မနည်းမနောပဲ။ အကျိုးဆက်က ဘာဖြစ်လာလဲဆိုရင် ကိုယ်တောင် စိတ်မပါတော့သလို ခံစားနေရတော့ ကိုယ်ရေးတဲ့ စာလုံးတွေကလည်း အသက်မရှိတော့သလို ( ပြောရရင် စာဖတ်တဲ့သူတွေကို လိမ်ညာနေသလို ) ဖြစ်‌နေမှာဆိုပြီး ခဏခဏ ကိုယ့်ကိုကိုယ် အားမလိုအားမရဖြစ်ကာ Unfinished အပုဒ်တွေက ပိုပိုများလာခဲ့တယ်။ ဒီဘက်ခေတ်ထဲမှာ ဘဝအတွက် ကြိုးစားရတာကော၊ ရှင်သန်ရတာကော အဘက်ဘက်ကနေ Challenge ဖြစ်လာတယ်ဆိုပေမယ့် ဖိအားတွေကို အရင်တုန်းကလို မှော်ဆန်ဆန် တန်းဖယ်ပစ်လိုက်နိုင်တဲ့ Gaming Life ကကော အခုလို အရွယ်ရောက်လာတဲ့အချိန်မှာ Challenge တစ်ခုဖြစ်နေရပြီလားဆိုတာတော့ စိုးရိမ်မိတယ်။

Comment မှာ အမြင်လေးတွေ ပြောပြခဲ့ကြပါအုံး။ မင်မင်တော့ တစ်ခုခု ပျောက်နေသလို ခံစားရတယ်။

ဂိမ်းဘာကြောင့် ဆော့တာလဲ ?

Kdanns games ကနေ ဖန်တီးထားတဲ့ First-person Survival Horror ဂိမ်းအသစ် Dead Be The Fallen ဟာ မနက်ဖြန် May 22 မှာ iOS နဲ့ Androi
Kdanns games ကနေ ဖန်တီးထားတဲ့ First-person Survival Horror ဂိမ်းအသစ် Dead Be The Fallen ဟာ မနက်ဖြန် May 22 မှာ iOS နဲ့ Android platforms တွေအတွက် တရားဝင် ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ဒီဂိမ်းရဲ့ အဓိက ဆွဲဆောင်မှုကတော့ ထူးခြားတဲ့ Art Style ပါပဲ။ ဂိမ်းတစ်ခုလုံးကို အဖြူအမည်း Monochrome ကမ္ဘာကြီးထဲမှာ ဆော့ကစားရမှာဖြစ်ပြီး သွေးအရောင်နဲ့ အရေးကြီးတဲ့ အရာတွေကိုမှ Vibrant Red အရောင်တောက်တောက်တွေနဲ့ ဖော်ပြပေးထားတဲ့အတွက် Retro Horror Vibe အပြည့်ပေးစွမ်းနိုင်မှာပါ။ Survival Horror, Dark Atmospheric Adventure နဲ့ Shotgun Action ကို အဓိကထား ဖန်တီးထားတာဖြစ်လို့ Storyline အများကြီးထက် အမိုက်စား Shotgun ကိုင်ပြီး ရင်တမမနဲ့ ပစ်ခတ်ရမယ့် Gameplay အပေါ်မှာပဲ ပိုပြီး Focus ထားထားတာကို တွေ့ရပါတယ်။ အဖြူအမည်းနဲ့ အနီရောင်ကိုပဲ ကစားထားတဲ့ Visuals တွေက အတော်လေး Unique ဖြစ်ပြီး ညဘက် နားကြပ်နဲ့ တပ်ဆော့ရင်တော့ သေချာပေါက် Thrill တစ်ခုရစေမယ့် ဂိမ်းမျိုးပဲဖြစ်ပါတယ်။ #HELLOYDB #DeadBeTheFallen #MobileGames #FPSHorror #SurvivalHorror Sources: Pocket Gamer

ကဲ ရည်းစားရှိရင်တောင် ခိုးဆော့ရမယ့် အားလုံးအကြိုက် Five Hearts Under One Roof ရဲ့ ဒုတိယမြောက် ဂိမ်းကတော့ Mobile ပေါ်ကို ရောက်
ကဲ ရည်းစားရှိရင်တောင် ခိုးဆော့ရမယ့် အားလုံးအကြိုက် Five Hearts Under One Roof ရဲ့ ဒုတိယမြောက် ဂိမ်းကတော့ Mobile ပေါ်ကို ရောက်ရှိလာပါပြီ။ ဆက်ဖတ်ရန်.... https://helloydbgame.blogspot.com/2026/05/five-hearts-under-one-roof-2.html?m=1

အခုလေးမှ အမြစ်ဖြတ်လာတာ ဆရာသမားက ဘယ်ကကြည့်ကြည့် မပေါ်ဘူး။ ကြည့်တဲ့အချိန် Low used ဖြစ်ပြီး အောက်ဆုံးရောက်သွားလိုက်။ မကြည့်ပဲထာ
အခုလေးမှ အမြစ်ဖြတ်လာတာ ဆရာသမားက ဘယ်ကကြည့်ကြည့် မပေါ်ဘူး။ ကြည့်တဲ့အချိန် Low used ဖြစ်ပြီး အောက်ဆုံးရောက်သွားလိုက်။ မကြည့်ပဲထားလိုက်ရင် Core ( သုံးပုံ ပုံ၊ တစ်ပုံသုံးပြီး ) Heat က ဖြည်းဖြည်းချင်း တက်သွားလိုက်ဆိုတော့ တကယ်ကို လုံးဝ မသိသာဘူး။ သူက Low profile သုံးပြီး ကြိတ်နေပေမယ့် ဒီမှာတော့ Temperature Sensitive ဖြစ်ပြီး Hardware တွေပါ အကုန်လိုက်စစ်နေရတယ်။

သတင်းကောင်းကတော့ COMA 3 ထွက်ပါပြီ။ သတင်းဆိုးကတော့ PC မှာပဲ ရပါအုံးမယ်။
သတင်းကောင်းကတော့ COMA 3 ထွက်ပါပြီ။ သတင်းဆိုးကတော့ PC မှာပဲ ရပါအုံးမယ်။

နေရင်းထိုင်ရင်း ရည်းစားမရှိပဲ သမီးလေးလိုချင်လာပြီ 😂

Capcom ကြောင့် ကလေးထိန်းနေရပြီ