ch
Feedback

不要被骗子欺骗!Telemetrio 会找到并标记这些频道 👉 如果想查看标记,请订阅

HELLO YDB

HELLO YDB

前往频道在 Telegram

Mobile Games များကို Review နဲ့တကွ Up To Date တင်ပေးနေပါသည်။

显示更多
3 587
订阅者
+224 小时
+17 天
+330 天
帖子存档
HELLO YDB ရဲ့ ရှားရှားပါးပါး ပထမဆုံးနဲ့ နောက်ဆုံး Review လေးတစ်ခု .....😅 နှစ်တွေကြာခဲ့ပြီ...
HELLO YDB ရဲ့ ရှားရှားပါးပါး ပထမဆုံးနဲ့ နောက်ဆုံး Review လေးတစ်ခု .....😅 နှစ်တွေကြာခဲ့ပြီ...

💡 𝗛𝗘𝗟𝗟𝗢 𝗬𝗗𝗕 (Opinion) --------------------------- 2018 လောက်ကတည်းက Diablo နဲ့ ပတ်သက်တဲ့ Netflix Adaptation ကောလာဟလတွေ ထွက်ပေါ်ခဲ့ပေမယ့် ဥပဒေပိုင်းဆိုင်ရာ ပြဿနာတွေကြောင့် နှောင့်နှေးခဲ့ရတာဖြစ်ပြီး အခုကတော့ Microsoft ရဲ့ လွှမ်းမိုးမှုအောက်မှာ ပြန်လည်အသက်ဝင်လာတာပဲ ဖြစ်ပါတယ်။ Netflix အနေနဲ့ Castlevania, Arcane နဲ့ Cyberpunk: Edgerunners လို Game Adaptation တွေမှာ အောင်မြင်မှု အခိုင်အမာ ရရှိထားတာကြောင့် Diablo ရဲ့ ပရောဂျက်အသစ်ဟာလည်း Masterpiece တစ်ခု ဖြစ်လာဖို့ မျှော်လင့်နိုင်ပါတယ်။ Sanctuary ရဲ့ Dark ဖြစ်ပြီး ကြမ်းတမ်းတဲ့ အငွေ့အသက်တွေကို Arcane လို High Production Quality မျိုးနဲ့ မြင်တွေ့ချင်လား? ဒါမှမဟုတ် Castlevania လို Dark Fantasy Vibe မျိုးကိုပဲ ပိုသဘောကျကြလားဆိုတာကို Comments မှာ ဝင်ရောက်ဆွေးနွေးပေးသွားကြပါအုံး... #HELLOYDB #Diablo #Netflix #AnimatedSeries #GamingNews Sources: Complex, Nintendo Life

Diablo Fan တွေအတွက် မနက်ခင်း သတင်းကောင်းလေးတစ်ခုရှိပါတယ်။ အဲဒါကတော့.. Diablo ရဲ့ Dark Fantasy လောကကြီးကို Animated Series အဖြ
Diablo Fan တွေအတွက် မနက်ခင်း သတင်းကောင်းလေးတစ်ခုရှိပါတယ်။ အဲဒါကတော့.. Diablo ရဲ့ Dark Fantasy လောကကြီးကို Animated Series အဖြစ် သိပ်မကြာခင်မှာ Netflix အကူညီနဲ့ ကြည့်ရှုခံစားရတော့မှာပါ။ BlizzCon 2026 ပွဲစဉ်မှာ Blizzard ရဲ့ President ဖြစ်သူ Johanna Faries ကနေ Diablo ကို အခြေခံထားတဲ့ Animated Series အသစ်တစ်ခု Netflix မှာ ထုတ်လွှင့်ပြသဖို့ Development ပြုလုပ်နေပြီဆိုတဲ့အကြောင်းကို တရားဝင် ကြေညာသွားခဲ့ပါတယ်။ Franchise ရဲ့ နှစ် 30 ပြည့် နှစ်ပတ်လည်နဲ့ တိုက်ဆိုင်စွာ ကြေညာခဲ့တာဖြစ်ပြီး၊ Sanctuary လောကရဲ့ နက်နဲတဲ့ Lore တွေကို ဒီ Series မှာ မြင်တွေ့ရဖို့ ရှိပါတယ်။ လောလောဆယ်မှာတော့ Release Date, Animation Studio, Cast နဲ့ ဇာတ်လမ်းအသေးစိတ် အချက်အလက်တွေကိုတော့ ချပြထားခြင်း မရှိသေးပါဘူး။ ဒါ့အပြင် အနာဂတ်မှာ Overwatch နဲ့ Warcraft တို့လို အခြားသော Blizzard Universe တွေအတွက်ပါ Adaptation တွေ မြင်တွေ့ရဖို့ ရှိတယ်လို့ မျှော်လင့်နိုင်အောင် Hint ပေးသွားခဲ့ပါသေးတယ်။

စိုက်ပျိုးရေးမဟုတ်ပဲ သစ်ပင်ပန်းပင်လေးတွေကို ချစ်မြတ်နိုးတဲ့ Botany သူလေးတွေ ရှိရင် ဒီဂိမ်းလေးကို ကျော်မသွားနဲ့နော်.... အထူးသဖ
စိုက်ပျိုးရေးမဟုတ်ပဲ သစ်ပင်ပန်းပင်လေးတွေကို ချစ်မြတ်နိုးတဲ့ Botany သူလေးတွေ ရှိရင် ဒီဂိမ်းလေးကို ကျော်မသွားနဲ့နော်.... အထူးသဖြင့် ကျောင်းမှာ Botany Major ယူထားတဲ့သူတွေ၊ ဒါမှမဟုတ် မင်မင့်လို ရုက္ခဗေဒကို အရမ်းစိတ်ဝင်စားလို့ တမင်တကာ အချိန်ပေးပြီး ပန်းလေးတွေကို စိုက်တတ်တဲ့သူတွေအတွက် ဒီဂိမ်းလေးက လုံးဝကို Peaceful ဖြစ်သလို၊ အေးအေးလေးနဲ့ Chill လုပ်ပြီး ကစားရမှာမလို့ သစ်ပင်ပန်း‌ပင်လေးတွေကို စိတ်ဝင်စားရင် ကစားကို ကစားကြည့်စေချင်တယ်။ ❖ 𝐃𝐨𝐰𝐧𝐥𝐨𝐚𝐝 𝐋𝐢𝐧𝐤 ➥ PC / Console / Android Unofficial Port ( https://helloydbgame.blogspot.com/2026/09/botany-manor.html?m=1 ) တကယ်လို့များပေါ့နော် ကိုယ်သာ ၁၉ ရာစုက ကြီးမားတဲ့ အိမ်တော်ကြီးတစ်ခုမှာ တစ်ယောက်တည်း နေရမယ်ဆိုရင် စိတ်အေးချမ်းနိုင်မလား၊ ဒါမှမဟုတ် သရဲကြောက်ပြီး ထွက်ပြေးမှာလား? ရိုးရိုးသားသား ဖြေခဲ့ကြနော် 😅

💡 𝗛𝗘𝗟𝗟𝗢 𝗬𝗗𝗕 ( Opinion ) Life-sim ဂိမ်းတွေထဲမှာ Update တွေ မှန်မှန်ပေးပြီး Content တွေ အမြဲချဲ့ထွင်နေတဲ့ ဒီဂိမ်းကတော့ အခုတစ်ခါ ရေအောက်ကမ္ဘာ Exploration ပါ ထည့်ပေးလိုက်တာမို့ Player တွေအတွက် လုံးဝ Vibe အသစ်တစ်ခု ဖြစ်လာမှာ သေချာပါတယ်။ အထူးသဖြင့် Jack Sparrow နဲ့ Atlantis ထဲက Milo တို့ကို တွေ့ရမှာဖြစ်လို့ Lore ပိုင်းမှာ ပိုပြီး ပျော်စရာကောင်းလာမယ့် အနေအထားရှိပါတယ်။ HELLO Fan တွေကော ရေအောက်ကမ္ဘာထဲကို ရောက်ရင် ဘယ် ဇာတ်ကောင်နဲ့ အရင်ဆုံး သွားတွေ့ချင်လဲ? Comments မှာ ဝင်ရောက် ဆွေးနွေးပေးခဲ့ပါအုံး..... #HELLOYDB #DisneyDreamlightValley #TheKeepsakeSea #GamingNews #Gameloft Sources: GamingonPhone, Disney Dreamlight Valley X(Twitter)

Gameloft ကနေ သူတို့ရဲ့ နာမည်ကြီး Life-sim Adventure ဂိမ်းတစ်ခုဖြစ်တဲ့ Disney Dreamlight Valley အတွက် The Keepsake Sea လို့ အမ
Gameloft ကနေ သူတို့ရဲ့ နာမည်ကြီး Life-sim Adventure ဂိမ်းတစ်ခုဖြစ်တဲ့ Disney Dreamlight Valley အတွက် The Keepsake Sea လို့ အမည်ပေးထားတဲ့ Major Expansion အသစ်ကို လာမယ့် November လထဲမှာ ထုတ်ဝေသွားမယ်လို့ တရားဝင် ကြေညာလိုက်ပါတယ်။ ဒီ Expansion အသစ်မှာ Player တွေဟာ Magical Merfolk ရေသူမ/ရေသူထီး အဖြစ် ပြောင်းလဲနိုင်မှာဖြစ်ပြီး ရေအောက်ကမ္ဘာက Biomes အသစ်တွေကိုပါ စူးစမ်းရှာဖွေရမှာပဲဖြစ်ပါတယ်။ နာမည်ကြီး Disney ဇာတ်ကောင်တွေဖြစ်တဲ့ Milo Thatch (Atlantis)၊ Captain Jack Sparrow (Pirates of the Caribbean) နဲ့ Megara (Hercules) တို့လည်း အသစ် ပါဝင်လာမှာပါ။ နောက်ထပ် In Game Features အသစ်တွေကိုတော့ လာမယ့် October 21 မှာ ပြုလုပ်မယ့် တရားဝင် Showcase Stream မှာ အသေးစိတ် ထပ်မံကြေညာပေးသွားမယ်လို့ သိရပါတယ်။

• ဒါ့အပြင် Tactics စနစ်ကိုပါ အသစ်ပြန်လည်ရေးဆွဲထားပြီး UI ပိုင်းကိုလည်း ပိုမိုရှင်းလင်းတဲ့ ဒီဇိုင်းဖြစ်အောင် ပြောင်းလဲထားပါတယ်။ ဒါ့အပြင် SM26 က Save File တွေကိုလည်း SM27 ထဲကို တိုက်ရိုက် ပြောင်းရွှေ့ဆော့ကစားနိုင်မယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ Beta Tester အရေအတွက် ပြည့်လုနီးပါး ဖြစ်နေပေမယ့် Android သမားတွေဆိုရင် Play Store ကနေတစ်ဆင့်၊ iOS သမားတွေဆိုရင် TestFlight ကနေတစ်ဆင့်၊ နောက်ဆုံး PC သမားတွေပါ Steam ကနေတစ်ဆင့် ဝင်ရောက်စစ်ဆေးပြီး Limit မပြည့်သေးရင် Open Beta ကို ကစားကြည့်လို့ရပါတယ်။ 💡 𝗛𝗘𝗟𝗟𝗢 𝗬𝗗𝗕 ( Opinion ) ဒီနှစ်ထွက်လာတဲ့ SM27 ဟာ Mobile ပေါ်က Football Manager (FM) ကို အပြတ်အသတ် ယှဉ်ပြိုင်ဖို့ အတွက် Developer တွေဘက်က သေချာ ပြင်ဆင်ထားတာကို တွေ့ရပါတယ်။ အထူးသဖြင့် Squad Planner နဲ့ Club Archetypes တွေ ထည့်ပေးလိုက်တာက ဂိမ်းရဲ့ Management ပိုင်းကို အတွင်းကျကျ Control လုပ်နိုင်ပြီး 3D Match Motion တွေကြောင့်ပါ ပွဲစဉ်တွေရဲ့ လှုပ်ရှားမှုတိုင်းက ပိုပြီးတော့ လက်တွေ့ဆန်တဲ့ Realism ကို ရရှိနိုင်မှာပဲဖြစ်ပါတယ်။ SM27 ရဲ့ Features အသစ်တွေထဲမှာ အကြိုက်ဆုံးနဲ့ ထင်မြင်ချက်များကို Comment မှာ ဝင်ရောက်ဆွေးနွေးသွားကြပါအုံး... #HELLOYDB #SoccerManager2027 #SM27 #MobileGamingNews #FootballManager

Football Manager Player တွေ စောင့်မျှော်နေကြတဲ့ Soccer Manager 2027 ရဲ့ Open Beta ကို Android, iOS နဲ့ PC (Steam) တွေမှာ တရား
Football Manager Player တွေ စောင့်မျှော်နေကြတဲ့ Soccer Manager 2027 ရဲ့ Open Beta ကို Android, iOS နဲ့ PC (Steam) တွေမှာ တရားဝင် စမ်းသပ်ကစားလို့ ရနေပြီပဲ ဖြစ်ပါတယ်။ ဒီနှစ် Season အသစ်တွက် Invincibles Studio ကနေ ဂိမ်းရဲ့ Immersion နဲ့ Gameplay ပိုင်းကို သိသိသာသာ Upgrade လုပ်ထားတာကို တွေ့ရပါတယ်။ အဓိက Features အနေအနဲ့ ဘာတွေပါလာလဲဆိုရင် • Club Archetypes ဖြစ်တဲ့ ကလပ်အသင်းတိုင်းက သူတို့ရဲ့ Real-life Philosophy အတိုင်း သီးသန့် Identity နဲ့ Objectives တွေ ရှိလာပါပြီ။ • နောက်ထပ် Ballon D'Or Award System ဖြစ်တဲ့ ရာသီကုန်တိုင်း အကောင်းဆုံး ကစားသမား၊ လူငယ်ကစားသမား၊ ဂိုးသမားနဲ့ မန်နေဂျာတွေအထိပါ ရွေးချယ်ပေးမယ့် စနစ်သစ် ပါဝင်လာပါတယ်။ • Squad Planner အပိုင်းမှာဆိုရင်လည်း လာမယ့် Transfer Window အတွက် ကစားသမား အဝင်အထွက်တွေကို ကြိုတင်ပြင်ဆင်နိုင်မယ့် Feature အသစ်မျိုးဖြစ်ပါတယ်။ • နောက်ထပ် Improve လုပ်ထားတဲ့ အပိုင်းကတော့ Match Engine တွေကို ပိုမိုက်သွားအောင် Remastered လုပ်ထားတဲ့ Player Models တွေ၊ Animations အသစ်တွေနဲ့ မြင်တွေ့ရမှာပါ။

The Fall Series ရဲ့ ဇာတ်သိမ်းပိုင်းလို့ ပြောလို့ရတဲ့ The Fall 3 ကတော့ Official ထွက်ရှိလာပါပြီ.. The Fall 1 တင်ပေးတုန်းက Fan တ
The Fall Series ရဲ့ ဇာတ်သိမ်းပိုင်းလို့ ပြောလို့ရတဲ့ The Fall 3 ကတော့ Official ထွက်ရှိလာပါပြီ.. The Fall 1 တင်ပေးတုန်းက Fan တွေ မှတ်မိကြသေးလားမသိပေမယ့် Mobile Game လောကမှာ တကယ် Horror Vibe အပြည့်ရတဲ့ ဂိမ်းတစ်ခုကို ပြောပါဆိုရင် The Fall က ညွှန်းသင့်တဲ့အထဲမှာ ပါပါတယ်။ အခု Sequel ဖြစ်တဲ့ The Fall 3 မှာတော့ အရင်က Vibe တွေ အကုန် ပေါင်းစပ်ပြီး ရှယ်ကြမ်းထားတာမလို့ Survival ဂိမ်းတစ်ခုထက်ပိုတဲ့ Horror ကော၊ Thrilling Vibe ပါ ပြန်ခံစားရတော့မှာပါ။ ❖ 𝐃𝐨𝐰𝐧𝐥𝐨𝐚𝐝 𝐋𝐢𝐧𝐤 ➥ Google Play Store / Android ( https://helloydbgame.blogspot.com/2026/09/the-fall-3-zombie-survival.html?m=1 ) ( အရင် The Fall 1 ကို ပြန်ဖတ်ချင်ရင် အောက်က Link ကနေ Memory တွေ ပြန်သွားကြည့်လို့ရပါတယ်။ မင်မင် The Fall 2 တော့ မတင်ဖြစ်ခဲ့ပါဘူး။ ) The Fall 1 ( Review ) https://www.facebook.com/share/p/1Fuqef3sk3/

Palworld ကိုဖန်တီးခဲ့တဲ့ Pocketpair ဆီကနေ ထွက်လာမယ့် Cozy Truck Delivery ဂိမ်းအသစ် Truckful အေးအေးဆေးဆေးနဲ့ Delivery ဆွဲရင်း
Palworld ကိုဖန်တီးခဲ့တဲ့ Pocketpair ဆီကနေ ထွက်လာမယ့် Cozy Truck Delivery ဂိမ်းအသစ် Truckful အေးအေးဆေးဆေးနဲ့ Delivery ဆွဲရင်း လျှို့ဝှက်ချက်တွေကို ရှာဖွေရမယ့် Truckful ဆိုတဲ့ Indie ဂိမ်းလေးကို လာမယ့် အောက်တိုဘာလ 9 ရက်နေ့မှာ PC နဲ့ Android Platform တွေအတွက် တရားဝင် Release လုပ်တော့မှာပဲဖြစ်ပါတယ်။ ဒီဂိမ်းကို MythicOwl ကနေ Develop လုပ်ထားပြီး နာမည်ကြီး Palworld ကိုဖန်တီးခဲ့တဲ့ Pocketpair ရဲ့ Publishing အောက်ကနေ ထွက်ရှိလာတာပါ။ ဂိမ်းရဲ့ Gameplay ဟာ Physics-based driving ကိုအခြေခံထားပြီး ကိုယ့်ရဲ့ အဟောင်းစား Pickup truck လေးကို Upgrade အမျိုးမျိုးလုပ်ရင်း ရွာသားတွေအတွက် Cargo တွေ ပို့ဆောင်ပေးရမှာပါ။ ပို့ရမယ့် ပစ္စည်းတွေက ရိုးရိုးပစ္စည်းတွေတင်မကဘဲ အချိန်မီပို့ရမယ့် ငါးစိမ်းတွေ၊ အလွယ်တကူကွဲနိုင်တဲ့ ပန်းအိုးတွေ ပါဝင်တာမို့ ကားမောင်းရတာ ပိုပြီးတော့ Challenging ဖြစ်စေမှာပါ။ Map အနေနဲ့ ရွှံ့တောတွေ၊ လမ်းကြမ်းတွေအပြင် လျှို့ဝှက်ဆန်းကြယ်တဲ့ ရှေးဟောင်းသစ်တောကြီးတွေထဲအထိပါ Explore လုပ်နိုင်မှာပဲဖြစ်ပါတယ်။ Android အသုံးပြုသူတွေအနေနဲ့ Google Play Store မှာ Pre-registration ဝင်လုပ်ထားလို့ ရနေပြီနော် ..

မင်မင်ကိုယ်တိုင်လည်း အဲဂိမ်းမတင်ခင် ထပ်ခါထပ်ခါ ပြန်စဉ်းစားပေမယ့် အခုခေတ်လို အခြေနေမျိုးကြီးမှာ ဘယ်ဘက်ကနေနေ ကြည့်ကြည့် အားမပေး
မင်မင်ကိုယ်တိုင်လည်း အဲဂိမ်းမတင်ခင် ထပ်ခါထပ်ခါ ပြန်စဉ်းစားပေမယ့် အခုခေတ်လို အခြေနေမျိုးကြီးမှာ ဘယ်ဘက်ကနေနေ ကြည့်ကြည့် အားမပေးချင်တာကြောင့် ပြန်ဖျက်လိုက်တာပါ။ ဂိမ်းဆော့နေကျ Gamer တွေအတွက်က စဉ်းစားတွေးခေါ်တတ်လို့ ကိစ္စမရှိပေမယ့် Game ကို Game လို မဆော့တဲ့ သူတွေအတွက်ကျ အတော်အန္တရာယ်များတဲ့ Concept တစ်ခုမလို့ အခုလို ပြန်ဖျက်လိုက်တာပါ။ ပြောချင်တာက ဒီနေ့လည်း ဂိမ်းတင်ပါတယ်နော်။ Challenge မပျက်သေးပါဘူး။ နောက်ထပ် Side Effect ကင်းတဲ့ ဂိမ်းလေးတွေ ထပ်တင်ပေးပါအုံးမယ်။ #HELLOYDB #Challenge

အန္တရာယ်များတဲ့အတွက် 9 နာရီထိုးရင် Post ဖျက်ပါမယ် ⚠️

အောင်မလေးလေး..!! ဒီလို ဂိမ်းသာ 3D Version ထုတ်လိုက်လို့ကတော့ လူပါ Psycho ဝင်သွားလောက်တယ်... ဒီနေ့ မင်မင်ပြောပြချင်တဲ့ ဂိမ်းလေ
အောင်မလေးလေး..!! ဒီလို ဂိမ်းသာ 3D Version ထုတ်လိုက်လို့ကတော့ လူပါ Psycho ဝင်သွားလောက်တယ်... ဒီနေ့ မင်မင်ပြောပြချင်တဲ့ ဂိမ်းလေးက တင်ဖို့ရာအတွက် တော်တော်လေး စဉ်းစားခဲ့ရပြီး ပြောရရင် ကောင်းလည်းကောင်းသလို မကောင်းလဲမကောင်းတဲ့ ဂိမ်းအမျိုးစားတစ်ခုပါ။ သူက 80 ခုနှစ်က Slasher ရုပ်ရှင်တွေကို ကြည့်ဖူးမယ်ဆိုရင် nostalgia ဖြစ်စေမယ့် Vibe မျိုးကို ရမှာဖြစ်ပြီး PC Only ထွက်ထားပေမယ့် အခုကတော့ Optimization ကောင်းကောင်းနဲ့ Unofficial Android Port ထွက်ရှိလာပြီပဲဖြစ်ပါတယ်။ ⚠️ ကလေးနဲ့ စိတ်မခိုင်တဲ့သူတွေ လုံးဝ မကစားရပါ။ တကယ် လုံးဝ No ပါနော်။ Recommend လည်း မပေးဘူး။ ❖ 𝐃𝐨𝐰𝐧𝐥𝐨𝐚𝐝 𝐋𝐢𝐧𝐤 ➥ Android (Unofficial Port) / PC ( https://helloydbgame.blogspot.com/2026/09/the-happyhills-homicide.html?m=1 )

မိုးအေးအေးနဲ့ Cozy ဓာတ်လေးရချင်တဲ့သူတွေအတွက် ဒီဂိမ်းလေးက လုံးဝကို Perfect ပါပဲ... ဂိမ်းထဲ ရောက်သွားတာနဲ့ တကယ့်ကို Ghibli ကမ္ဘ
မိုးအေးအေးနဲ့ Cozy ဓာတ်လေးရချင်တဲ့သူတွေအတွက် ဒီဂိမ်းလေးက လုံးဝကို Perfect ပါပဲ... ဂိမ်းထဲ ရောက်သွားတာနဲ့ တကယ့်ကို Ghibli ကမ္ဘာထဲ ဆွဲခေါ်သွားသလိုအထိ ခံစားရမှာဖြစ်ပြီး နောက်ခံတီးလုံးလေးတွေကအစ တကယ့်ကို Peaceful ဖြစ်တဲ့ ဂိမ်းကောင်းလေးတစ်ခုကို မြင်တွေ့ရမှာပါ။ ❖ 𝐃𝐨𝐰𝐧𝐥𝐨𝐚𝐝 𝐋𝐢𝐧𝐤 ➥ Android / iOS / PC / PS5 / Xbox / Nintendo ( https://helloydbgame.blogspot.com/2026/09/hoa.html?m=1 ) ( Full Storyline လေးလဲ အချိန်မပေးနိုင်ရင် ဖတ်ကြည့်လို့ရတယ်နော်။ Test ဖို့အတွက် Android / PC နဲ့ Nintendo Switch တွေအထိ ထည့်ပေးထားပါတယ် )

ပြောချင်တာတွေများပြီး Facebook မှာ စာထည့်တာ အတော်ရှည်သွားပြီလား မသိဘူး။ Fan တွေလည်း ပျောက်သွားသလိုပဲ

ရန်သူရဲ့ သွေးကို တစ်စက်တောင် အကျမခံဘဲ လက်နက်ချ အရှုံးပေးသွားအောင် ပညာပေးရမယ့် ဆာမူရိုင်းတစ်ယောက်ရဲ့ ခရီးစဉ်တစ်ခု... ‌တွေးကြည့
ရန်သူရဲ့ သွေးကို တစ်စက်တောင် အကျမခံဘဲ လက်နက်ချ အရှုံးပေးသွားအောင် ပညာပေးရမယ့် ဆာမူရိုင်းတစ်ယောက်ရဲ့ ခရီးစဉ်တစ်ခု... ‌တွေးကြည့်ရင် မဖြစ်နိုင်ဘူးဆိုပေမယ့် တကယ် လူတိုင်း ဖိမ့်ဖိမ့်တုန်အောင် ကြောက်ရတဲ့ ဆာမူရိုင်းတစ်ယောက်ဟာ သည်းခံစိတ်နဲ့ သူတစ်ပါးအသက်ကို မသတ်ပါဘူးဆိုတဲ့ သစ္စာတရားကို ရင်ဝယ်ပိုက်လိုက်တဲ့အချိန်မှာတော့ အရာရာဟာ ကလေးဆုံးမသလိုမျိုးအထိ ဒီဂိမ်းထဲမှာ စိတ်ဝင်စားဖွယ်ကောင်းအောင် မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ Review မဖတ်ခင် ကြိုအသိပေးချင်တာက ဂိမ်းက Hardcore အမျိုးစားပါ။ ကိုယ့်ကို ဓားနဲ့ ရွယ်တဲ့သူကို လက်နက်ချ အရှုံးပေးအောင် လုပ်ဖို့ဆိုတာက တော်ရုံတန်ရုံ စိတ်ရှည်သည်းခံမှု‌နဲ့တော့ ဆော့နိုင်မှာ မဟုတ်ပါဘူး။ တကယ်ကို Next-Level Concept တစ်ခုမလို့ မင်မင်ကတော့ အရမ်းသဘောကျတယ်။ ❖ 𝐃𝐨𝐰𝐧𝐥𝐨𝐚𝐝 𝐋𝐢𝐧𝐤 ( https://helloydbgame.blogspot.com/2026/09/bloodless.html?m=1 )

စောစောစီးစီး Survey ဆင်းလိုက်ပါအုံးမယ်... ◾ သတိထားမိတဲ့ Fan တွေဆိုရင် အခုတလော တစ်ရက်တစ်ပုဒ် မရရအောင် တင်ပေးနေတာကို ရိပ်မိကြမှ
စောစောစီးစီး Survey ဆင်းလိုက်ပါအုံးမယ်... ◾ သတိထားမိတဲ့ Fan တွေဆိုရင် အခုတလော တစ်ရက်တစ်ပုဒ် မရရအောင် တင်ပေးနေတာကို ရိပ်မိကြမှာပါ။ အရင်က Daily တင်နိုင်ခဲ့တဲ့ Prime Time ကိုလည်း သတိရတာကြောင့်ကော၊ ကိုယ့်ကိုယ်ကိုယ်ပါ Challenge လုပ်ချင်တာကြောင့် အချိန်သီးသန့်ခွဲပြီး ကြိုးစားပေးနေပါတယ်။ နောက်ပိုင်း ဂိမ်းအသစ်ကော၊ ဂိမ်း‌အဟောင်းကော ဆော့ကောင်းမယ့်အရာလေးတွေပါ တစ်နေ့ တစ်ပုဒ်တင်ပေးမယ်ဆိုပေမယ့် Fan တွေ ပိုသဘောကျတဲ့၊ Review လုပ်စေချင်တဲ့ ဂိမ်းလေးတွေ ဒါမှမဟုတ် ဂိမ်း Type လေးတွေကိုလည်း ပိုပြီးတော့ ဦးစားပေးသွားချင်လို့ အခုလို Survey လေး လုပ်လိုက်တာပါ။ အဲတော့ အချိန်ရရင် ဖြေပေးခဲ့ကြပါနော်။ ◾ Website ထဲမှာ Request လုပ်ထားတဲ့ ဂိမ်းတွေကိုလည်း On Going အနေနဲ့ အချိန်သီးသန့်ပေးပြီး ကစားကြည့်နေပါတယ်။ အဲဒါကြောင့် ကိုယ်တောင်းထားတဲ့ ဂိမ်းတွေ မတင်ပေးမှာကိုလည်း စိတ်မပူပါနဲ့နော်။ အရင်က Mobile Game တွေကို ဦးစားပေး တင်ခဲ့တယ်ဆိုပေမယ့် အခုအခါမှာတော့ PC နဲ့ Consoles သမား‌‌တွေ အတွက်ပါ ထပ်မံ တိုးချဲ့ပေးထားပါတယ်။ အဆင်မပြေတာရှိရင်လည်း ပွင့်ပွင့်လင်းလင်း ပြောခဲ့ပါနော်...

ဖိနပ်နဲ့ ကောက်ပေါက်ချင်တဲ့သူတွေအတွက် စိတ်ပြေစေမယ့် ဂိမ်းအသစ်..... အခုလ 3 ရက်နေ့ကမှ ထွက်ရှိထားတဲ့ ဒီဂိမ်းဟာ ဆွစ်ဇာလန်နိုင်ငံ A
ဖိနပ်နဲ့ ကောက်ပေါက်ချင်တဲ့သူတွေအတွက် စိတ်ပြေစေမယ့် ဂိမ်းအသစ်..... အခုလ 3 ရက်နေ့ကမှ ထွက်ရှိထားတဲ့ ဒီဂိမ်းဟာ ဆွစ်ဇာလန်နိုင်ငံ Amberbite Games ကနေ ထုတ်ဝေထားတာဖြစ်ပြီး လူ့အသိုင်းအဝိုင်းရဲ့ ဖိအားတွေကို ဖိနပ်အစုတ်တွေနဲ့ ပစ်ပေါက်ပြီး တော်လှန်ရမယ့် Punk Rock ဂိမ်းကောင်းလေးတစ်ခုပဲ ဖြစ်ပါတယ်။ ❖ 𝐃𝐨𝐰𝐧𝐥𝐨𝐚𝐝 𝐋𝐢𝐧𝐤 ( https://helloydbgame.blogspot.com/2026/09/shoe-it-all.html?m=1 )

ဖြစ်ဖူးကြလား? မိဘတွေရဲ့ အမွေဆိုးတွေကို ကိုယ့်လက်ထက်၊ ကိုယ့်သားသမီးတွေ အလှည့်ကြရင် လုံးဝ မခံစားစေရဘူးဆိုပြီး.... ဒီဘက်ခေတ် လူင
ဖြစ်ဖူးကြလား? မိဘတွေရဲ့ အမွေဆိုးတွေကို ကိုယ့်လက်ထက်၊ ကိုယ့်သားသမီးတွေ အလှည့်ကြရင် လုံးဝ မခံစားစေရဘူးဆိုပြီး.... ဒီဘက်ခေတ် လူငယ်တွေ အတော်များများ၊ မင်မင် အပါအဝင် စိတ်ထဲမှာ ဆုံးဖြတ်ချက်လေးတစ်ခု ရှိတတ်ကြပါတယ်။ အဲဒါကတော့ ရှေ့ကလူကြီးတွေ တလွဲဆုံးမခဲ့သမျှ ကိုယ့်လက်ထက်၊ ကိုယ့်သားသမီးတွေ အလှည့်ကြရင် ဒီလိုမျိုး မကြုံစေချင်ဘူးဆိုတာပါ။ အပြင်မှာ ထုတ်မပြောတောင် စိတ်ထဲမှာ အဲဒီလို ခံယူချက်လေးတွေရှိတတ်တာကြောင့် ဒီနေ့ ပြောပြမယ့် ဂိမ်းလေးက အဲဒီ ခံစားချက်တွေနဲ့ ထပ်တူတဲ့ Junon ဆိုတဲ့ ဇာတ်ညွှန်းရေးဆရာမလေးတစ်ယောက်ရဲ့ ရင်နှင့်ဖွယ် ဖြစ်ရပ်မှန် ဇာတ်ကြောင်းလေး တစ်ခုပဲဖြစ်ပါတယ်။ ❖ 𝐃𝐨𝐰𝐧𝐥𝐨𝐚𝐝 𝐋𝐢𝐧𝐤 ( https://helloydbgame.blogspot.com/2026/09/the-wreck.html?m=1 )

စိတ်မကောင်းစရာက အကယ်လို့ မြန်မာနိုင်ငံမှာသာ Cash Flow ခွင့်ပြုထားအုံးမယ်ဆိုရင် ဂိမ်းကို အပိုင်ဝယ်ဖို့အတွက် Discount အနေနဲ့ 3000 ကနေ 15000 ကျပ်ကြားသာ ကျသင့်မှာပဲဖြစ်ပါတယ်။ အခုတော့ Official Support မပေးတော့ပါဘူးနော်။ Myanmar Region နဲ့ ဝယ်လို့ရခဲ့ရင်တောင် အခွန်ဖြတ်တာနဲ့တင် စျေးက အတော်ကွာသွားမှာပါ။ ကိုယ်က တခြားနိုင်ငံမှာ ရောက်နေမယ်ဆိုရင်တော့ လက်ရှိမှာ App Store နဲ့ Google Play Store တွေမှာ Pre-registration စတင်ပြုလုပ်နိုင်ပြီပဲဖြစ်ပါတယ်။ 💡 HELLO YDB အမြင် (Opinion) -------------------------------------- Feral Interactive က GRID Autosport နဲ့ Alien: Isolation တို့လို AAA ဂိမ်းတွေကို Mobile ပေါ်မှာ အကောင်းဆုံး Port လုပ်ပေးနိုင်ခဲ့တဲ့ Studio တစ်ခုဖြစ်တာကြောင့် ဒီ Saints Row ရဲ့ Optimization အပိုင်းမှာလည်း လုံးဝကို စိတ်ချရပါတယ်။ Free-to-play နဲ့ Gacha ဂိမ်းတွေ လွှမ်းမိုးနေတဲ့ Mobile Market ကြီးမှာ အခုလို Premium Quality ဂိမ်းတစ်ခု ထွက်လာတာက Hardcore Gamers တွေအတွက်တော့ သတင်းကောင်း တစ်ခုပါပဲ။ Gamepad ရော Keyboard နဲ့ Mouse ပါ Support ပေးထားတာကြောင့် Mobile ပေါ်မှာ Console Level Experience ကို အပြည့်အဝ ရရှိနိုင်မှာပဲဖြစ်ပါတယ်။ Saints Row ရဲ့ Crazy Steelport မြို့ကြီးကို Mobile ပေါ်မှာ ဝင်မွှေဖို့အတွက် အဆင်သင့်ဖြစ်နေပြီလား? Comment မှာ ဆွေးနွေးသွားကြပါဦး။...