9 073
Подписчики
+12924 часа
+1257 дней
+23930 день
Архив постов
9 076
Repost from Notes from the Last Row (GC)
+3
Notes from the Last Row (맨 끝줄 소년)
Channel Link
https://t.me/gcgc000012
ဒီတစ်ခါတော့ စာပေဝါသနာရှင်တွေ၊ Psychological thriller ဇာတ်လမ်းကြိုက်တတ်သူတွေအတွက် လက်မလွှတ်သင့်တဲ့ dramaတစ်ခု လာပါပြီနော်။
Heo Mun Oh ဟာ တစ်ချိန်က စာရေးဆရာဖြစ်ဖို့ ရည်မှန်းချက်ကြီးခဲ့ပေမဲ့ ငယ်စဉ်က ကြုံခဲ့ရတဲ့ ဝေဖန်မှုဒဏ်ရာတွေကြောင့် လက်ရှိမှာတော့ စာပေကို စိတ်ကုန်နေတဲ့ တက္ကသိုလ် ပါမောက္ခတစ်ယောက်ပါ။ သူ့စာသင်ခန်းထဲမှာပဲ သူ့ကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ ကျောင်းသားတွေကြားထဲကမှ နောက်ဆုံးအတန်းမှာ အမြဲတမ်းငြိမ်ငြိမ်လေးထိုင်နေတတ်တဲ့ အင်ဂျင်နီယာကျောင်းသား Lee Kang ဆိုတဲ့ ကောင်လေးကို သူသတိထားမိသွားခဲ့ပါတယ်။ Lee Kang ရဲ့ ရေးသားမှုတွေကို ဖတ်မိလိုက်တဲ့အချိန်မှာတော့ Heo Mun Ohရဲ့ ငြိမ်သက်နေတဲ့ ဘဝမှာ မုန်တိုင်းထန်လာပါတော့တယ်။
ကျောင်းသားရဲ့ အရည်အချင်းကို မြှင့်တင်ပေးမယ်ဆိုတဲ့ စေတနာနဲ့ စတင်ခဲ့တဲ့ တစ်ဦးချင်း စာရေးသင်တန်းတွေဟာ ပါမောက္ခ Mun Oh အတွက်တော့ အန္တရာယ်ကြီးတဲ့ ကစားပွဲတစ်ခု ဖြစ်လာခဲ့ပါတယ်။ Lee Kangရဲ့ စာတွေထဲမှာ နစ်မွန်းသွားတဲ့ ပါမောက္ခတစ်ယောက်ရဲ့ စိတ်ကူးယဉ်မှုတွေနဲ့ လက်တွေ့ဘဝတွေ ရောထွေးလာချိန်မှာတော့၊ ဆရာနဲ့တပည့်ကြားက နယ်ပယ်တွေပျောက်ဆုံးပြီး အပေးအယူ၊ အကြပ်ကိုင်မှု၊ နဲ့ လမ်းမှားဆီကို ဦးတည်သွားတဲ့ အန္တရာယ်ရှိတဲ့ ဇာတ်လမ်းတစ်ပုဒ် ဖြစ်လာပါတော့တယ်။
Castအနေနဲ့ ဝါရင့်သရုပ်ဆောင်မင်းသားကြီးတွေဖြစ်တဲ့ Choi Min-sik, Huh Joon-ho တို့နဲ့အတူ လူငယ်တွေကြားရေပန်းစားတဲ့ မင်းသား Choi Hyun-wook၊ Yunjin Kim နဲ့ Jin Kyung တို့လို ထိပ်တန်းသရုပ်ဆောင်တွေ စုစည်းထားတာဖြစ်လို့
စာပေဝါသနာရှင်တွေရော၊ စိတ်လှုပ်ရှားစရာ ဇာတ်လမ်းကောင်းတွေကို ကြိုက်နှစ်သက်သူတွေပါ လက်မလွှတ်တမ်း ကြည့်ရှုသင့်တဲ့ Series ပဲဖြစ်ပါတယ်။
Reviewed by Aurora
Translated by GC K-Team
Encoded by Wobushi
Уже доступно! Исследование Telegram 2025 — ключевые инсайты года 
