A Bona Fide Killer (GC)
Canal cerrado
9 311
Suscriptores
+3724 horas
-2307 días
+8730 días
Archivo de publicaciones
+6
A Bona Fide Killer (2026)
Channel Link
https://t.me/+7fyRh9O_4l41YTll
သာမန်ဝန်ထမ်းမိခင်တစ်ယောက်လို့ ထင်ရတဲ့ဘိုနာဟာ သမီးနဲ့ခင်ပွန်းသည်ရဲ့တာဝန်တွေကိုပဲ လုပ်ကိုင်ရင်းနေနေတဲ့ပုံစံမျိုး အသွင်ယူထားတဲ့သူပါ။ တကယ်တော့ သူဟာ ဥပဒေနဲ့လက်တစ်လုံးခြားလုပ်ကိုင်နေတဲ့ရာဇဝတ်သားတွေကို လျှို့ဝှက်သုတ်သင်ရှင်းလင်းနေတဲ့ နာမည်ကြီးလက်ဖြောင့်လူသတ်သမားပါ။
သူ့ရဲ့နာမည်ပြောင်က ပိန်ညင်းငှက်...
ကလေးမီးဖွားခွင့်နဲ့ သုံးနှစ်တာ ခွင့်ယူပြီးနောက်မှာတော့ ဘိုနာဟာ သူရဲ့မူလအလုပ်တာဝန်ဆီကို ပြန်လာရပါတော့တယ်။ အဲဒီအချိန်မှာ မိခင်ဘဝနဲ့ အလုပ်အကိုင်ကြား၊ အိမ်ထောင့်တာဝန်နဲ့ အန္တရာယ်များတဲ့မစ်ရှင်တွေကြား ဘိုနာတစ်ယောက် လွန်ဆွဲရပါတော့တယ်။
တာဝန်တွေကို လျှို့ဝှက်ထမ်းဆောင်ရင်း သူ့ကို သံသယဝင်လာတဲ့ခင်ပွန်းသည်နဲ့ သူ့အကြောင်းကို လိုက်စုံစမ်းနေတဲ့စုံထောက်တစ်ယောက်ကြောင့်ပါ ဘိုနာဟာ ပိုပြီးတော့ အခက်တွေ့လာရပါတယ်။ တစ်ချက်မှားသွားတာနဲ့ သူ့ရဲ့လျှို့ဝှက်တာဝန်သာမက တန်ဖိုးထားရတဲ့မိသားစုကိုပါ ဆုံးရှုံးရမှာမို့ ဘိုနာတစ်ယောက် အခက်အခဲတွေကို ဘယ်လိုမျိုး ပွတ်ကာသီကာ ကျော်လွှားမလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။
Reviewed by Athena
Translated by GC K-Team
Encoded by Wobushi
Repost from Happy Ending Romance/Summer Strike
+1
The Affair Was Just the Beginning (2026)
Channel Link
https://t.me/ddramabygc
Gyeong Hui ဟာ မိသားစုရဲ့ ချစ်စရာကောင်းသော ပုံရိပ်ကြောင့် ချစ်ခင်လေးစားခံရသော လူမှုကွန်ရက်တက်ကြွသူနှင့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ပါတယ်။ သူရဲ့ အိမ်တွင်းဒီဇိုင်းလုပ်ငန်းဟာလည်း တိုးတက်မှုရှိတဲ့အပြင် လုပ်ငန်းကို နောက်တစ်ဆင့်တိုးတက်စေနိုင်မဲ့ အိမ်နီးချင်း အသားအရေထိန်းသိမ်းရေးဆေးခန်းပိုင်ရှင် Su Jeong နဲ့လည်း ရင်းနှီးမှုရအောင်ကြိုးစားလျက်ရှိသူပါ။
တစ်နေ့မှာတော့ သူ့ခင်ပွန်းဖြစ်သူ Jae Hyeong ဟာ တခြားမိန်းကလေးနဲ့ ဖောက်ပြန်နေတယ်လို့ သတင်းကြားတဲ့အတွက် လိုက်ချောင်းရာမှာ ထိတ်လန့်စရာအဖြစ်ကို မြင်ခဲ့ရပါတယ်။ အဲဒါကတော့ ခင်ပွန်းသည်ဟာ အလောင်းတစ်လောင်းကို ရှင်းလင်းနေတာဖြစ်ပြီး အဲဒီအလောင်းရဲ့လက်သည်က သူတို့ရဲ့သမီးဖြစ်နေတာကို သိလိုက်ရတာပါ။
သူတို့ရဲ့ အောင်မြင်မှုနဲ့ မိသားစုကို ကာကွယ်ဖို့ Gyeong Hui နဲ့ Jae Hyeong တို့ဟာ အဖြစ်အပျက်တွေကို ဖုံးကွယ်ဖို့ ကြိုးစားထားပေမဲ့ သူတို့လုပ်ထားသမျှကို မှတ်တမ်းတင်ထားတယ်လို့ တစ်စုံတစ်ယောက်က စာပို့လာတဲ့အခါမှာတော့....။
Reviewed by Athena
Translated by GC K-Team
Encoded by Wobushi
Repost from လုပ်ကြံရေးဆိုင် (GC)
A Shop for Killers 2 (GC)
Channel Link
https://t.me/+_TO6V95DIvM4ZWM1
Repost from Happy Ending Romance/Summer Strike
+9
The East Palace 2026 (동궁)
===================
Channel join ရန်
https://t.me/ddramabygc
ဒီတစ်ခါတော့ နန်းတော်ရဲ့ အရှေ့ဆောင်မှာ ညဉ့်နက်ပိုင်းဆိုရင် ထူးဆန်းတဲ့ အသံတွေ၊ လူတွေမမြင်ရတဲ့ အရိပ်မည်းတွေနဲ့အတူ ခြောက်လှန့်နေတဲ့ Horror-Dark Fantasy ဇာတ်လမ်းကောင်းတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။
နန်းတော်အတွင်းက မရှင်းပြနိုင်တဲ့ ဖြစ်ရပ်ဆန်းတွေကို ဖြေရှင်းဖို့အတွက် ဘုရင်ကိုယ်တိုင် ဝိညာဉ်ကမ္ဘာဆီကိုပါ ကူးသန်းသွားလာနိုင်တဲ့ ထက်မြက်တဲ့ နတ်ဆိုးနှိမ်နင်းသူ Gu Cheon နဲ့ သေလွန်သူတွေရဲ့ အသံကို ကြားနိုင်၊ ဆက်သွယ်နိုင်တဲ့ ကျိန်စာသင့် နန်းတွင်းသူလေး Saeng Gang တို့ကို
လျှို့ဝှက်ဆင့်ခေါ်လိုက်ရပြီး နှစ်ယောက်ဆုံကြတဲ့အချိန်မှာ မျက်စိနဲ့မမြင်နိုင်တဲ့ နတ်ဆိုးတွေရဲ့ ကြံစည်မှု၊ လက်စားချေလိုတဲ့ ဝိညာဉ်တွေရဲ့ အငြိုးအတေးတွေနဲ့ နန်းတော်ကို အတွင်းကနေ တဖြည်းဖြည်း ဝါးမြိုနေတဲ့ အမှောင်တရားတွေကို ရင်ဆိုင်ကြရတော့မှာ ဖြစ်ပါတယ်။
လူနဲ့သရဲ ပေါင်းစပ်နေတဲ့ ဒီအမှောင်ကမ္ဘာထဲမှာ သူတို့ ဘယ်လိုရှင်သန်ပြီး နန်းတော်ရဲ့ လျှို့ဝှက်ချက်တွေကို ဘယ်လိုဖော်ထုတ်သွားမလဲဆိုတာကိုတော့....
ပရိသတ်အသည်းစွဲ မင်းသား Nam Joo Hyuk၊ မင်းသမီး Roh Yoon Seo နဲ့ ဝါရင့်မင်းသားကြီး Cho Seung Woo တို့က ဦးဆောင်သရုပ်ဆောင်ထားတာမို့ Horror ကားကောင်းကောင်းလေးကို ရှာနေတဲ့သူတွေအတွက် ပိတ်ရက်မှာ အပန်းဖြေဖို့ GC မှာ စောင့်ကြည့်လိုက်ရအောင်လားရှင်။
Reviewed by Dika
Translated by GC K-Team
Encoded by Wobushi
