ဇာတ်ညွှန်းများ • FDMN
Закрытый канал
Нет данных
Подписчики
-524 часа
-47 дней
+730 дней
Архив постов
All for Ella (2022)
⭐IMDB: 5.8/10 (92 Votes)
🎬 #Drama #Music #Romance #Comedy
🗓️ 2022 🎞️ movie 📺 1080p FHD
🌎 #Germany
⏰ 1 နာရီ 40 မိနစ် 20 စက္ကန့်
👑 Gold Channel Movies
ဇာတ်ညွှန်း 📜
Featuring Ella (2022)Featuring Ella အယ်လာဆိုတဲ့ ကောင်မလေးဟာ ဂီတအပေါ် အရမ်းကိုရူးသွပ်သူလေးဖြစ်ပါတယ်။ သူဟာ ဘွဲ့ရဖို့ကတစ်ဖက် ဂီတကိုသူ့အဖွဲ့နဲ့အတူ ကြိုးစားနေရသူလေးပါ။တစ်ရက်မှာ သီချင်းပြိုင်ပွဲတစ်ခုကို သူဟာ သူ့အဖွဲ့နဲ့အတူ ဝင်ပြိုင်ဖို့အတွက် ဆုံးဖြတ်ခဲ့ပါတယ်။ ပထမအဆင့်မှာ နိုင်ခဲ့ပေမဲ့ သူ့အမေက စာမေးပွဲကြောင့် သူလုပ်တာတွေကို မနှစ်သက်ကြောင်းပြလာတဲ့အခါ..သူ့သူငယ်ချင်းတွေကလည်း အနိုင်ခဲ့ရင်တောင် အဖွဲ့အဖြစ် ဆက်လက်မတည်ရှိပေးနိုင်မဲ့ သိလိုက်ရသောအခါ… သူဘယ်လိုဆက်ကြိုးစားမလဲ။ခပ်မြူးမြူးဇာတ်ကားလေးတစ်ကားဖြစ်တဲ့အပြင် သီချင်းကောင်းလေးတွေပါ နားဆင်ရမဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။Reviewed by MayLinTranslated by MayLin & P&JEncoded by Hubin
Waking Karma (2023)
⭐IMDB: 3.1/10 (44 Votes)
🎬 #Horror #Thriller
🗓️ 2023 🎞️ Movie 📺 1080p FHD
🌎 #UnitedStates
⏰ 1 နာရီ 27 မိနစ် 11 စက္ကန့်
👑 Gold Channel Movies
ဇာတ်ညွှန်း 📜
Waking Karma(2023)တသက်လုံး ပျိုးထောင်လာခဲ့တဲ့အမေက ဆိုက်ကိုပါ့သ်အဖေရဲ့ Brain Wash ခံထားရတဲ့သူသက်သက်ဖြစ်နေတယ် ဆိုရင်ရော..။ ဒီတခါတင်ဆက်ပေးမယ့်ကားလေးကတော့ အစွန်းရောက်ဘာသာရေး ရိုးရာပွဲတစ်ခုအတွက် ကလေးတစ်ယောက်ကိုယဇ်ပူဇော်ဖို့သက်သက် မွေးလာခဲ့တဲ့ကားလေးပဲ ဖြစ်ပါတယ်။ အသစ်စက်စက်ထွက်ထားတဲ့ကားလေးဖြစ်ပြီး Plot twist တွေအများကြီးနဲ့ ရိုက်ထားတဲ့ကားလေးမို့ ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်နော်။Translated and Reviewed by DoHsuHsuEncoded by Hubin
Eating Miss Campbell (2022)
⭐IMDB: 4.6/10 (294 Votes)
🎬 #Comedy #Horror
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 #UnitedKingdom
⏰ 1 နာရီ 23 မိနစ် 44 စက္ကန့်
👑 Gold Channel Movies
ဇာတ်ညွှန်း 📜
Eating Miss Campbell (2022)Horror/Comedy ဇာတ်လမ်းဇာတ်အိမ်နဲ့ ရိုက်ထားတဲ့ ဒီကားလေးရဲ့ အဓိက ဇာတ်ဆောင်ကတော့ ဘက်သ်ကော်နာဆိုတဲ့ နှုတ်ခမ်းနီအမဲရောင်လေးနဲ့ မိန်းကလေးပဲဖြစ်ပါတယ်။ ခေါင်းစဉ်မှာပါတဲ့ ကမ်းပဲလ်ဆိုတာကတော့ သူမ ချစ်မိတဲ့ အင်္ဂလိပ်ဆရာမ အသစ်ပါ။ တစ်နေ့တော့ သူမတက်တဲ့ ကျောင်းမှာ လူသတ်ပွဲ ကျင်းပကြပါတယ်။ သာမန်လူသတ်ပွဲမျိုး မဟုတ်ပဲ သတ်ထားတဲ့သူကို စားကြသောက်ကြတဲ့ ပွဲမျိုးပါ။ ထင်တဲ့ အတိုင်းပဲ သူမ ချစ်ရတဲ့ ဆရာမလေးကို သတ်ပြီး ပွဲတော်မှာ တည်ခင်းစားသောက်ပါတော့တယ်။ ဘာအတွက်ကြောင့် သူမချစ်ရတဲ့သူကို သတ်ပြီး ပွဲတော်တည်ခင်းလိုက်ရတဲ့အကြောင်းအရင်းက်ိုတော့ ဇာတ်ကားလေးထဲမှာ ကြည့်ရှုရင်းနဲ့ အဖြေရှာလိုက်ရအောင်……Reviewed & Translated by YamohnAyeEncoded by Hubin
Rock of Ages (2012)
⭐IMDB: 5.9/10 (79 k Votes)
🎬 #Comedy #Drama #Musical #Music #Romance
🗓️ 2012 🎞️ Movie 📺 1080p FHD
🌎 #UnitedStates #UnitedStatesofAmerica
⏰ 2 နာရီ 16 မိနစ် 35 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Rock of Ages (2012)
Musical filmတစ်ခုဖြစ်ပြီး Main leadတစ်ယောက်အနေနဲ့ကျွန်တော်တို့ရဲ့ Tom Cruiseကြီးက ပါဝင်သရုပ် ဆောင်ထားပါတယ်။
ဇာတ်အိမ်ကိုတော့ Los Angeles မြို့နယ်အခွဲလို့ပြောလို့ရတဲ့ဟောလီးဝုဒ် အဆိုကျော်တွေ ကျင်လည်ရာ Sunset Stripမြို့လေးမှာ တည်ထားပါတယ်။
ဇာတ်လမ်းအစမှာတော့သီချင်းဆိုပြီး အသက်မွေးဝမ်းကြောင်းပြုမယ်ကြံပြီး နယ်မြို့လေးကတက်လာတဲ့ Sherrieဟာမြို့ပေါ်ရောက်ရောက်ချင်းပဲ လုယက်ခံလိုက်ရပါတယ်။အဲဒီမှာပဲ နာမည်ကြီး Bourbon roomမှာ အချိန်ပိုင်းအလုပ်ဝင်လုပ်နေတဲ့လူငယ်လေး Drewနဲ့ ကံအကြောင်းဆိုင်လို့ Bourbon room မှာပဲ အလုပ်တစ်ခုရဖို့ ဖြစ်လာပြီးတဲ့နောက်ဝါသနာတူ Drewနဲ့ ကိုယ်စီ အနုပညာလမ်းကို လျှောက်လှမ်းဖို့အကြောင်းဖန်လာတဲ့အခါမှာတော့.. ။
တစ်ဖက်မှာလည်း သူ့ခေတ်သူ့အခါမှာ ရော့ခ်နတ်ဘုရားလို့ တင်စားရလောက်တဲ့Stacee Jaxxတစ်ဖြစ်လဲ Tom Cruiseဟာ လူမှုရေးပြဿနာတချို့ကြောင့်အနုပညာလမ်းကြောင်း တန့်နေတာ ကြာခဲ့ပါပြီ။အဲဒီလိုနဲ့ တိုက်ဆိုင်စွာပဲ Bourbon roomမှာ ပထမဆုံးအကြိမ် တစ်ကိုယ်တော်ရှိုးပွဲဆိုပြီးအနုပညာသက်တမ်း ပြန်ဆက်ဖို့လုပ်နေတဲ့အခိုက် Sherrieနဲ့ Drewကြား ဆူးညှောင့်တစ်ခုလို ဖြစ်လာပါတော့တယ်။
ကျန်တာကိုတော့ ကိုယ်တိုင်သာ ဆက်လက် ရှုစားကြည့်လိုက်ကြပါ။Imdbမှာ 5.9ရထားပြီး Comedy ခပ်ပါးပါးလေး ပုတ်ထားတဲ့အပြင်သီချင်းတွေ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ကြည့်ရမှာမို့ ဘဝအမောပြေစေမှာ အမှန်ပါပဲ။
အညွှန်း နဲ့ ဘာသာပြန်ကတော့Hugoပဲ ဖြစ်ပါတယ်။
Babylon (2022)
⭐IMDB: 7.6/10 (36 k Votes)
🎬 #Comedy #Drama #History
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 #UnitedStates #UnitedStatesofAmerica
⏰ 3 နာရီ 09 မိနစ် 40 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Babylon (2022)
~ IMDb – 7.6/10, RT – 56%, Meta – 60% ~
La La Land ဒါရိုက်တာ Damien Chazelle ရဲ့ Feature Film အသစ်ပါ။ Brad Pitt, Margot Robbie, Tobey Maguire တို့လို နာမည်ကျော် cast တွေကိုသုံးထားသလို Diego Calva လို နာမည်မရှိသေးတဲ့ မင်းသားကိုပါ တွဲဖက်သုံးပေးထားပါတယ်။ လာမယ့်အော်စကာအတွက် Best Original Score, Best Production Design နဲ့ Best Costume Design ဆုတို့အတွက် ၃နေရာ ဆန်ခါတင် ဝင်ထားပါတယ်။
ဇာတ်လမ်းကတော့ ၁၉၂၀နှောင်းပိုင်းက ဟောလိဝုဒ်ရဲ့ အသံတိတ်ရုပ်ရှင်တွေကနေ အသံထွက်ရုပ်ရှင်တွေဆီ အကူးအပြောင်းကာလမှာ ဟောလိဝုဒ်ရဲ့ ရွှေခေတ်တုန်းဆီမှာ ဇာတ်အိမ်တည်ထားပါတယ်။ အကြောင်းအရာကတော့ အဲဒီဟောလိဝုဒ်ရွှေခေတ်တုန်းက အသံတိတ်ကနေ အသံထွက်အကူးအပြောင်းမှာရော လောကကြီးရဲ့တခြားဖြစ်မြဲ အကူးအပြောင်းတွေမှာပါ အောင်မြင်ခဲ့ ကျရှုံးခဲ့ကြတဲ့ ရုပ်ရှင်လောကသားတွေ သရုပ်ဆောင်တွေ သူတို့အိပ်မက်တွေအကြောင်းပါ။ ဇာတ်ကတော့ ဘတ်ဂျက်နိုင်နိုင်နဲ့ ဟောလိဝုဒ်ရွှေခေတ်တစ်ခါကို Epic Film တစ်ကားလို ခင်းကျင်းထားတယ်။ ဒါပေမဲ့ သူ့ ဟောလိဝုဒ်ရွှေခေတ်ကို ပြပုံက တာရန်တီနိုရဲ့ Once Upon A Time In Hollywood ပုံစံမျိုးသွားတယ်။ နည်းနည်းတောင် ပိုဂကြောင်နိုင်မလားပဲ။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ သူ့ရဲ့ဒရာမာတွေမှာ လွှမ်းမိုးမှုကြီးတဲ့ အထင်ကရရုပ်ရှင် Citizen Kane ဆန်ဆန် အငွေ့အသက်မျိုး ပြန်လွှမ်းထားတယ်။ ပြောရရင် ဒီကားက ကြောင်လည်းကြောင်တယ် ဒရာမာလည်းအားကောင်းတယ်။
ဘရက်ပစ်ကတော့ ဘရက်ပစ်နဲ့တူအောင်ပဲ သရုပ်ဆောင်သွားသလို မားဂေါ့ကလည်း မားဂေါ့နဲ့ပဲ တူအောင် သရုပ်ဆောင်သွားတယ်။ ကျွန်တော်တို့မြင်နေကျ သူတို့ပုံစံတွေပဲ အများကြီး ထူးကဲသွားခြင်းမျိုးတော့ မရှိဘူး။ ဒါပေမဲ့လည်း အရင်လိုပဲ ကြည့်တော့ကောင်းဆဲပါပဲ။ မားဂေါ့ဟာလည်း ဆက်စီကျကျနဲ့ လှဆဲပါပဲ။ ထူးတာက Tobey Maguire… ဒီထဲကလို ဇာတ်ရုပ်မျိုး သိသလောက် သူသရုပ်မဆောင်ဖူးဘူး။ သူ့ကို ဒီကားရဲ့ မထင်မှတ်ထားဆုံးနေရာမှာ တွေ့လိုက်ရတယ်လို့တောင်ပြောရမယ်။ နောက် ဒီကားရဲ့ တကယ့်မင်းသားလို့ပြောရမယ့် Diego Calva, သူလည်း သူ့ဇာတ်ရုပ်နဲ့လိုက်ဖက်တယ်ပြောရမှာပဲ။ စတားတွေကြား စတားမဟုတ်ပေမဲ့ ရင်ဘောင်တန်းနေနိုင်တဲ့ဘဲပေါ့။ Jean Smart လို ဝါရင့် မင်းသမီးကြီးလည်း အဆစ်ပါသေးတယ်။
Epic Film ပီသစွာပဲ ခမ်းခမ်းနားနား ပုံဖော်သွားတာကြောင့်ရော အပုပ်အစပ်တွေရောနေတဲ့ ဟောလိဝုဒ်ရဲ့လှပတဲ့ရွှေခေတ်ကို ပုံဖော်ထားတာကြောင့်ရော ဒီရုပ်ရှင်ဟာ ခမ်းနားတယ်။ ရုပ်ရှင်သမိုင်းရဲ့ နာမည်အကြီးဆုံး ကားမှန်သမျှနီးပါးကို Homage ပေးသွားတယ်။ ကူးဘရစ် အင်ဂမာဘာ့ခ်မန်း ချာလီချက်ပလင် Singing in the Rain, The Wizard of Oz, A Trip to the Moon, ဘူတာရုံမှာ ရထားဆိုက်တဲ့ ပထမဆုံးရုပ်ရှင် စစသဖြင့် အစုံပါပဲ။ ဒါပေမဲ့ ဒီဇာတ်အိမ်ကာလကတော့ ဒီရုပ်ရှင်တွေထဲကအများစုထက်ရှေးကျပါတယ်။ ရုပ်ရှင်ရဲ့ပြောင်းလဲမှု အဆင့်ဆင့်ကို ပြသွားခဲ့တယ်လို့ ပြောလည်းရတာပါပဲ။ ဇာတ်ကောင်တွေဟာ တကယ့်လူတွေမဟုတ်ပေမဲ့ တကယ်ရှိခဲ့တဲ့လူတွေကနေပဲ အခြေခံပြီး ဖန်တီးထားတာပါ။ ဘရက်ပစ်ရဲ့ဇာတ်ကောင်ဆို John Gilbert လို့ခေါ်တဲ့ အဲဒီခေတ်ကာလက မင်းသားကြီးကိုပဲ အခြေခံပြီး တည်ဆောက်ထားတာဖြစ်သလို တကယ့်သမိုင်းထဲမှာပဲ အခြေတည်ပြီး ဖန်တီးထားတဲ့ ဇာတ်အိမ်လည်းဟုတ်တယ်။ မားဂေါ့နေရာမှာ အစက အမ်မာစတုန်းကို မင်းသမီးကြီး Clara Bow ကို အခြေခံထားတဲ့ ဇာတ်ကောင်နဲ့ထည့်ဖို့လုပ်ထားပေမဲ့ မားဂေါ့နဲ့ လူစားလဲလိုက်တဲ့အခါမှာတော့ ဒီဇာတ်ကောင်ဟာ ဖစ်ရှင်ဇာတ်ကောင်ဘက်ကိုပဲ ပိုရောက်သွားခဲ့ပါတယ်။ ဒါပေမဲ့လည်း နယ်လီဇာတ်ကောင်ကတော့ Clara Bow ကို အခြေခံထားတဲ့ဇာတ်ကောင်ပါပဲ။
ဒီဇာတ်ဟာ ၃နာရီလောက် တမေ့တမောကြည့်ရမယ့် ဇာတ်ပေမဲ့ လေးကန်ခြင်းအလျဉ်းမရှိဘဲ သွက်သွက်လက်လက်နဲ့ကို တင်ဆက်သွားပါတယ်။ ဆိုတော့ နာမည်ကြီးသရုပ်ဆောင်တွေနဲ့ ရယ်လည်းရယ်ရ၊ ဒရာမာတွေလည်း ခံစားရ၊ မိသားစုနဲ့လည်း အတူမကြည့်ရမယ့် ဟောလိဝုဒ်ရဲ့ ရွှေခေတ်အကြောင်း နောက်ထပ်ကားကောင်းတစ်ကား ထွက်လာတယ်လို့ ဆိုလို့ရပါတယ်။
(ဒီဇာတ်ကားကိုPyi Ti Nyein,Thiha Yan Naingနဲ့Xတို့မှ ပြန်ဆိုပေးထားကြပါတယ်)
Carnifex (2022)
⭐IMDB: 4.7/10 (257 Votes)
🎬 #Horror #Thriller #SciFi
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 #Australia
⏰ 1 နာရီ 31 မိနစ် 21 စက္ကန့်
👑 Gold Channel Movies
ဇာတ်ညွှန်း 📜
Carnifex (2022)Carnifex ဆိုတဲ့ရုပ်ရှင် ဇာတ်ကားကတော့ မှတ်တမ်းရိုက်ကူးတဲ့သူတစ်ယောက်(BAILY)က သိပွံပညာရှင်ဖြစ်တဲ့(GRACE)နဲ့(BEN)နဲ့အတူတူ မီးဘေးသင့် တိရိစ္ဆာန်တွေကိုခြေရာခံဖို့ ဩစတေးယားရဲ့ ထိန်းသိမ်းသစ်တောထဲကို သွားကြပါတယ်။ညရောက်တာနဲ့အမျှသူတို့မမျှော်လင့်ထားတဲ့ ကြောက်စရာကောင်းတဲ့ တိရိစ္ဆာန် မျိုးနွယ်စုတွေပေါ်ပေါက်လာခဲ့ပါတယ်။ ထို့နောက်မှာတော့ သူတို့သုံးဦးဟာနောက်ယောင်ခံလိုက်ခံနေရတာကိုတွေ့ရှိသွားတဲ့အခါမှာ ဘယ်လိုဖြေရှင်းကြမလဲ ဘယ်လိုရင်ဆိုင်ရမလဲဆိုတာကိုကြည့်ရမယ့် Horror,Mysteryကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်Reviewed by YoonTranslated by Yoon & MayKayaeEncoded by Hubin
Cop Out (2010)
⭐IMDB: 5.5/10 (89 k Votes)
🎬 #Action #Comedy #Crime
🗓️ 2010 🎞️ Movie 📺 1080p FHD
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 49 မိနစ် 33 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Cop Out 2010
===========
ဂျင်မီနဲ့ ပေါလ်တို့က နယူးယော့ခ်ရဲတပ်ဖွဲ့က စုံထောက်တွေပါ
သူတို့အတူတူ အလုပ်လုပ်ခဲတ့ာ ကိုးနှစ်ရှိပါပြီ စုံစမ်းရင်းနဲ့
အမှားလုပ်မိတာကြောင့် တာဝန်က လစာမပေးဘဲ ရပ်နားခံလိုက်ရပါတယ်
ဂျင်မီရဲ့ သမီးလေး အေဗာကလည်း ခြောက်လအတွင်းမှာ
လက်ထပ်တော့မယ် ဂျင်မီတစ်ယောက် တစ်ဦးတည်းသောသမီးလေး
မင်္ဂလာဆောင်အတွက် ပိုက်ဆံပေးဖို့ မတတ်နိုင်ပါဘူး
ဂျင်မီအတွက် တစ်ခုတည်းသော အားကိုးစရာက သူ့အဖေထားခဲ့တဲ့
အန်ဒီပက်ဖ်ကိုရဲ့ ရှားပါး ဘေ့စ်ဘောကတ်လေးပါ သူနှမြောပေမဲ့
ရောင်းရပါတော့မယ် ကံဆိုးနေတဲ့ ဂျင်မီ ဘေ့စ်ဘောကတ်
သွားရောင်းရင်း ဆိုင်ကို ဓားပြတိုက်ခံရပါတော့တယ် ဓားပြတိုက်သွားတဲ့
ဆေးသမားက ကတ်ကို ဆေးဝယ်ဖို့ ရောင်းလိုက်ပါပြီ ဒီလိုနဲ့ ဂျင်မီနဲ့
ပေါလ် နယူးယော့ခ် မူးယစ်ရာဇာပို့ဘွိုင်းနဲ့ ပတ်သက်မိပါတော့တယ်
စုံထောက် ဂျင်မီနဲ့ ပေါလ်ရဲ့ ဘေ့စ်ဘောကတ်ပြန်ရှာမဲ့ စွန့်စားခန်းကြီး
အဆင်ပြေပါ့မလား ဘယ်လိုတွေလွဲကြဦးမလဲဆိုတာကိုတော..
(အညွှန်းနဲ့ ဘာသာပြန်တော့ Phu Myat Thwe ပဲ ဖြစ်ပါတယ်)
Hidden (2015)
⭐IMDB: 6.4/10 (23 k Votes)
🎬 #Horror #Sci-Fi #Thriller #SciFi
🗓️ 2015 🎞️ Movie 📺 1080p FHD
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 25 မိနစ် 13 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Hidden (2015)
===========
IMDb – 6.4/10Rotten tomatoes – 80%
ဒီကားကတော့ သည်းထိတ်ရင်ဖို post-apocalypse ရုပ်ရှင်တွေကိုမှ
ကြည့်ချင်တယ်ဆိုတဲ့ သူတွေအတွက် ကြည့်ကို ကြည့်သင့်တဲ့
ဇာတ်ကားကောင်းတစ်ခုပဲဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့
ကင်းစ်ဗီးမြို့မှာနေတဲ့ သာမာန်မိသားစုလေးဖြစ်တဲ့ ရေးလ်၊ ကလာရာနဲ့
သူတို့ရဲ့သမီးလေး ဇိုဝီတို့ဟာ သူတို့ရဲ့မြို့ငယ်လေးမှာ ဗိုင်းရပ်စ်ကူးစက်တဲ့
ဖြစ်ရပ်ဆိုးကြီးဖြစ်ခဲ့အပြီးနောက်မှာ “ဘရီသာ” ဆိုတဲ့အမျိုးအမည်မသိ
သတ္တဝါတွေဆီကနေ ပုန်းနေဖို့အတွက် မြေအောက်ဗုံးခိုကျင်းထဲမှာပဲ
နေနေခဲ့ကြရတာ ရက်ပေါင်း 301 ရက်ရှိနေခဲ့ပါပြီ။
ဒီအချိန်မှာသူတို့ရဲ့ ရိက္ခာတွေကိုလာခိုးတဲ့ ကြွက်တစ်ကောင်ကို အကြောင်း
ပြုပြီးသူတို့ရဲ့ကံကြမ္မာကိုပြောင်းလဲသွားစေမဲ့ဖြစ်ရပ်ကြီးတခုဖြစ်သွားခဲ့ပြီး
ဘရီသာ” တွေကို သူတို့ရဲ့နေရာကိုဖော်ပြလိုက်မိသလိုဖြစ်သွားခဲ့ပါတယ်။
ဒီတော့ “ဘရီသာ” ဆိုတဲ့ အမျိုးအမည်မသိသတ္တဝါတွေကပဲ သူတို့ကိုရှာတွေ့
သွားမလား၊ “ဘရီသာ” တွေကရော ဘာသတ္တဝါတွေလဲ၊ ဗိုင်းရပ်စ်ကရော
ဘယ်လိုကူးစက်တာလဲ၊ သူတို့မိသားစုကရောလွတ်မြောက်သွားမှာလား
ဆိုတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမဲ့ post-apocalypse
ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်ခင်ဗျ။
The Truth About Charlie (2002)
⭐IMDB: 4.7/10 (11 k Votes)
🎬 #Mystery #Thriller
🗓️ 2002 🎞️ Movie 📺 1080p FHD
🌎 #Germany #UnitedStates
⏰ 1 နာရီ 45 မိနစ် 15 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Angella ဆိုတဲ့အမျိုးသမီးငယ်တစ်ဦးဟာ အပျော်ခရီးထွက်နေရင်း သူ့ယောက်ျားနဲ့ကွာရှင်းဖို့စိတ်ကူးနေပါတယ်။ ခရီးကနေအိမ်ရှိရာ ပဲရစ်မြို့ကိုပြန်လာချိန်မှာတော့ သူ့ယောက်ျားဖြစ်သူ အသတ်ခံလိုက်ရတာကို သိလိုက်ပြီး သူ့တိုက်ခန်းကလည်း ဟောင်းလောင်းဖြစ်နေပါတယ်။ အဲဒီအချိန်မှာပဲ ပြင်သစ်ရဲတွေရော တခြားသူစိမ်းတွေကပါ သူ့ကိုလိုက်လံစုံစမ်းမေးခွန်းထုတ်ရာကနေ Angella လည်းခင်ပွန်းဖြစ်သူ Charles ရဲ့သရုပ်မှန်ကိုတဖြည်းဖြည်းပုံဖော်လာပါတော့တယ်။1963 က Cary Grant နဲ့ Audrey Hepburn တို့ရဲ့နာမည်ကျော်ဇာတ်ကားကြီး Charade ကိုပြန်ရိုက်ထားတာဖြစ်ပြီး နာမည်ကျော်သရုပ်ဆောင်တွေဖြစ်တဲ့ Mark Wahlberg, Thandiwe Newton နဲ့ Tim Robbin တို့ပါ၀င်ထားတဲ့ Mystery ကားလေးပါ။
Hide and Seek (2013)
⭐IMDB: 6.3/10 (2 k Votes)
🎬 #Mystery #Thriller #Drama #War #Short #Horror
🗓️ 2013 🎞️ Movie 📺 1080p FHD
🌎 #SouthKorea #UnitedKingdom #Iraq
⏰ 1 နာရီ 47 မိနစ် 41 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Hide and Seek (2013)================
“မကြာသေးခင်က ကျွန်မတို့ရပ်ကွက်မှာ ထူးဆန်းတဲ့ကောလဟာလတစ်ခု စပျံ့လာခဲ့တယ်။သူများတကာရဲ့အိမ်ထဲကိုမသိအောင်ဝင်ပြီး တိတ်တိတ်လေးပုန်းပြီးနေတဲ့ ကျူးကျော်သူတွေအကြောင်းပေါ့။”
အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်တဲ့ “ဆွန်းဆူ” က“မင်ဂျီ” လို့ခေါ်တဲ့ ဥစ္စာပေါရုပ်ချောဇနီးသည်ရယ် သားတစ်ယောက် သမီးတစ်ယောက်ရယ်နဲ့ ပြီးပြည့်စုံတဲ့မိသားစုဘဝကို ပိုင်ဆိုင်ထားသူပါ။ခေတ်မီဆန်းသစ်တဲ့တိုက်ခန်းအကောင်းစားမှာနေထိုင်ပြီး လိုလေးသေးမရှိတဲ့ဘဝကိုပိုင်ဆိုင်ထားတဲ့ “ဆွန်းဆူ” က တကယ်တော့ သူဌေးရဲ့မွေးစားသားတစ်ယောက်ပါ။သားအရင်းဖြစ်သူ မွေးစားအစ်ကိုရဲ့အမွေတွေအားလုံးကိုမောင်ပိုင်စီးပြီး အခုလိုချမ်းချမ်းသာသာနေနေတဲ့ “ဆွန်းဆူ” ဆီကိုတစ်နေ့မှာတော့ အဆက်အသွယ်ပြတ်တာကြာပြီဖြစ်တဲ့ အစ်ကိုဖြစ်သူရဲ့ပျောက်ဆုံးမှုနဲ့အတူ ပဟေဠိဆန်တဲ့ဖြစ်ရပ်တွေ ရောက်လာပါတော့တယ်။
အတိတ်ကအမှားတွေကိုနောင်တရပြီး အစ်ကို့ကိုရှာချင်တဲ့ “ဆွန်းဆူ” တစ်ယောက်အစ်ကိုဖြစ်သူနေတဲ့တိုက်ကို ရောက်သွားရာကနေ ဘယ်လိုမူမမှန်မှုတွေကို ကြုံတွေ့ရမလဲ ..ပျောက်ဆုံးနေတဲ့အစ်ကိုနဲ့ ပြန်တွေ့ခွင့်ရပါ့မလား ..သူ့အစ်ကိုနေတဲ့တိုက်က မူမမှန်မှုတွေရဲ့အရင်းခံက ဘာအကြောင့်ဖြစ်နေတာလဲ ..ဘယ်လိုလူတွေကြောင့်ဖြစ်နေရတာလဲ .. စတာတွေကို အသည်းတအေးအေးကြည့်နိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။
အညွှန်း နဲ့ ဘာသာပြန်ကတော့Lai Laiiပဲ ဖြစ်ပါတယ်။
Rock of Ages (2012)
⭐IMDB: 5.9/10 (79 k Votes)
🎬 #Comedy #Drama #Musical #Music #Romance
🗓️ 2012 🎞️ Movie 📺 720p HD
🌎 #UnitedStates #UnitedStatesofAmerica
⏰ 2 နာရီ 16 မိနစ် 35 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Rock of Ages (2012)
Musical filmတစ်ခုဖြစ်ပြီး Main leadတစ်ယောက်အနေနဲ့ကျွန်တော်တို့ရဲ့ Tom Cruiseကြီးက ပါဝင်သရုပ် ဆောင်ထားပါတယ်။
ဇာတ်အိမ်ကိုတော့ Los Angeles မြို့နယ်အခွဲလို့ပြောလို့ရတဲ့ဟောလီးဝုဒ် အဆိုကျော်တွေ ကျင်လည်ရာ Sunset Stripမြို့လေးမှာ တည်ထားပါတယ်။
ဇာတ်လမ်းအစမှာတော့သီချင်းဆိုပြီး အသက်မွေးဝမ်းကြောင်းပြုမယ်ကြံပြီး နယ်မြို့လေးကတက်လာတဲ့ Sherrieဟာမြို့ပေါ်ရောက်ရောက်ချင်းပဲ လုယက်ခံလိုက်ရပါတယ်။အဲဒီမှာပဲ နာမည်ကြီး Bourbon roomမှာ အချိန်ပိုင်းအလုပ်ဝင်လုပ်နေတဲ့လူငယ်လေး Drewနဲ့ ကံအကြောင်းဆိုင်လို့ Bourbon room မှာပဲ အလုပ်တစ်ခုရဖို့ ဖြစ်လာပြီးတဲ့နောက်ဝါသနာတူ Drewနဲ့ ကိုယ်စီ အနုပညာလမ်းကို လျှောက်လှမ်းဖို့အကြောင်းဖန်လာတဲ့အခါမှာတော့.. ။
တစ်ဖက်မှာလည်း သူ့ခေတ်သူ့အခါမှာ ရော့ခ်နတ်ဘုရားလို့ တင်စားရလောက်တဲ့Stacee Jaxxတစ်ဖြစ်လဲ Tom Cruiseဟာ လူမှုရေးပြဿနာတချို့ကြောင့်အနုပညာလမ်းကြောင်း တန့်နေတာ ကြာခဲ့ပါပြီ။အဲဒီလိုနဲ့ တိုက်ဆိုင်စွာပဲ Bourbon roomမှာ ပထမဆုံးအကြိမ် တစ်ကိုယ်တော်ရှိုးပွဲဆိုပြီးအနုပညာသက်တမ်း ပြန်ဆက်ဖို့လုပ်နေတဲ့အခိုက် Sherrieနဲ့ Drewကြား ဆူးညှောင့်တစ်ခုလို ဖြစ်လာပါတော့တယ်။
ကျန်တာကိုတော့ ကိုယ်တိုင်သာ ဆက်လက် ရှုစားကြည့်လိုက်ကြပါ။Imdbမှာ 5.9ရထားပြီး Comedy ခပ်ပါးပါးလေး ပုတ်ထားတဲ့အပြင်သီချင်းတွေ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ကြည့်ရမှာမို့ ဘဝအမောပြေစေမှာ အမှန်ပါပဲ။
အညွှန်း နဲ့ ဘာသာပြန်ကတော့Hugoပဲ ဖြစ်ပါတယ်။
Faces of Anne (2022)
⭐IMDB: 6.5/10 (249 Votes)
🎬 #Drama #Mystery #Thriller
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 #Thailand
⏰ 1 နာရီ 56 မိနစ် 08 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Faces of Anne (2022)
ဒီဇာတ်လမ်းက အန်ဆိုတဲ့မိန်းကလေးရဲ့စိတ်ထဲက ဖြစ်ချင်တဲ့အရာတွေကို ပုံဖော်ထားတာမျိုးပါလူတစ်ဦးက ၂မိနစ်တိုင်း မျက်နှာတစ်မျိုးပြောင်းလဲနေတယ်
အန်ဆိုတဲ့ ကောင်မလးက ကျွန်းတစ်ခုပေါ်မှာ နိုးထလာပြီးသူမကိုယ်သူမ ဘယ်သူဘယ်ဝါဆိုတာကို မမှတ်မိနိုင်ဘူး ဖြစ်နေတာပါ။သူမက ဆန်းကြယ်လှတဲ့အဆောက်အဦးတစ်ခုမှာ ကြောက်စရာသမင်မိစ္ဆာဗိဒီဂိုနဲ့ ရင်ဆိုင်နေရတယ်သူမဟာ ဒီထပ်တလဲလဲဖြစ်နေတဲ့ဝင်္ကပါကြီးကနေ လွတ်လမ်းရှာနေပါတယ်
တကယ်တမ်းကျတော့ သူမ ရင်ဆိုင်နေရတဲ့အရာကြီးက ဘာတွေဖြစ်နေမလဲဘာကြောင့် သူမကစိတ်ဝင်္ကပါထဲ ပိတ်မိနေရပြီး နှစ်မိနစ်ကို တစ်ခါ ရုပ်ပြောင်းလဲသွားရတာလဲဒီဝင်္ကပါကြီးထဲကနေရော သူမ လွတ်မြောက်နိုင်ပါ့မလား?
Psychological Thriller ကြိုက်နှစ်သက်သူတွေအဖို့ လုံးဝ အကြိုက်တွေ့စေမယ့်ဇာတ်လမ်းမို့ဇာတ်လမ်းဆုံးတဲ့အထိ လက်မလွှတ်တမ်း ကြည့်ရှုပြီး အတူတူ အဖြေရှာကြည့်ကြပါစို့နော်။
အညွှန်း နဲ့ ဘာသာပြန်ကတော့Lei Wutyi Tunပဲ ဖြစ်ပါတယ်။
https://m.media-amazon.com/images/M/MV5BNjE0YWQ2ODUtNmRlYi00ZGU0LTkxODktN2U0ZGRkNDgzN2M5XkEyXkFqcGdeQXVyNzc3MzI2NTc@._V1_FMjpg_UX1000_.jpg
The Emperor: Owner of the Mask (2017-2017)
⭐IMDB: 7.3/10 (657 Votes)
🎬 #Drama #History #Romance
🗓️ 2017-2017 🎞️ Series 📺 1080p FHD
🌎 #SouthKorea
⏰ 58 မိနစ် 55 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Ruler: Master of The Mask (2017) [Complete]Ruler: Master of The Mask (2017) [အစ-အဆုံး]အပိုင်း ၁ မှ ၂၀ (ဇာတ်သိမ်းပိုင်း)
မင်းဆက် အဆက်ဆက်ကို အဆိပ်ခတ်ပြီး ထိန်းချုပ်ထားတဲ့ ဖြောင်းဆူအဖွဲ့ …
သားဖြစ်သူကို သူ့လို အသုံးမကျတဲ့ ဘုရင် မဖြစ်စေချင်တဲ့ မင်းကြီး …
ငယ်ငယ်ကတည်းက အသက်ဘေးကနေ လက်မတင်လေး လွတ်မြောက်လာခဲ့ပြီး ကြီးလာတဲ့အခါမှာ ဖြောင်းဆူ အုပ်စုကို အမြစ်ဖြတ်ပြစ်ဖို့ စိတ်အားထက်သန်တဲ့ အိမ်ရှေ့စံမင်းသားလေး အီဆွန်း …တစ်ခု ထူးခြားတာက အိမ်ရှေ့စံမင်းသားလေး အီဆွန်းက ငယ်စဉ်ကတည်းက မျက်နှာဖုံးတပ်ပြီး ကြီးပြင်းခဲ့ရပြီး သူ့ရဲ့ မျက်နှာကို မြင်ဖူးသူမှန်သမျှ သုတ်သင်ရှင်းလင်းခြင်း ခံရပါတယ်။ ဒီအတွက်ကြောင့်လည်း သူ့မျက်နှာကို မြင်ဖူးတဲ့သူဆိုလို့ သူ့အနီးဝန်းကျင်က လူယုံအကိုတော်နဲ့ ချောင်းဝန်း နဲ့ သူ့ရဲ့ ခမည်းတော်နဲ့ မယ်တော် နှစ်ပါးသာရှိပါတယ်။မင်းဆက် အဆက်ဆက်ကို ထိန်းချုပ်နိုင်တဲ့အထိ အင်အားကြီးမားလွန်းတဲ့ ဖြောင်းဆူအဖွဲ့ ရဲ့ ကြီးမားတဲ့ လျှို့ဝှက်ချက်က ဘာလဲ?
တိုင်းပြည်တစ်ပြည်ရဲ့ ရှင်ဘုရင်ထက် ပိုပြီး အာဏာရှိနေပေမဲ့ ဘာလို့ ထီးနန်းမလုယူဘဲ ရှင်ဘုရင်တွေကိုပဲ ချုပ်ကိုင်ချင်ရတာလဲ?
အိမ်ရှေ့စံမင်းသားလေး မျက်နှာဖုံးတပ်ပြီး ကြီးပြင်းခဲ့ရတာကကော ဘာကြောင့်များလဲ?
သူ့ရဲ့ ရည်မှန်းချက်အတိုင်း ဖြောင်းဆူအဖွဲ့ကို ချေမှုန်းပစ်နိုင်မှာလားဆိုတာကိုတော့ ဇာတ်လမ်းတွဲလေးထဲ ဆက်ပြီး စောင့်ကြည့်လိုက်ရအောင်နော်။Aired: May 10, 2017 — July 13, 2017
https://m.media-amazon.com/images/M/MV5BYWZiMTc0NjMtOTNhNi00NTMzLTlmYmEtMTVlYzQzOWVlMmFkXkEyXkFqcGdeQXVyODE5NzE3OTE@._V1_FMjpg_UX1000_.jpg
When You Finish Saving the World (2022)
⭐IMDB: 5.9/10 (1 k Votes)
🎬 #Comedy #Drama
🗓️ 2022 🎞️ Movie 📺 720p HD
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 28 မိနစ် 06 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
When You Finish Saving the World (2022)
ငွေဝယ်ကျွန်စနစ်ကို တိုက်ဖျက်ခဲ့တဲ့ အေဘရာဟမ်လင်ကွန်းကို သူ့မိန်းမကတော့ အထင်မကြီဲးနိုင်ခဲ့ဘူးတဲ့။ ကမ္ဘာကြီးကို ပြောင်းလဲပစ်ချင်ကြတဲ့ လူငယ်လေးတွေဟာလည်း ပန်းကန်ဆေးရမှာ သိပ်ပျင်းတတ်ကြတယ်။ အချစ်ထက် ကမ္ဘာကြီးကို ဦးစားပေးခဲ့တဲ့လူတွေလည်း ရှိကောင်းရှိခဲ့မှာပေါ့။ ကိုယ့်အနားကအရာတွေကို ပျောက်ရှသွားရင် ကမ္ဘာကြီးကရော ရှိပါ့ဦးမလား။ အားလုံးရဲ့ကမ္ဘာကို ကယ်တင်ပြီး ကိုယ့်ကမ္ဘာကိုယ် ပျောက်ရှခဲ့ဖူးသူတွေ ရှိလိမ့်မယ်။ ကမ္ဘာကြီးကိုလည်း မကယ်တင်နိုင်၊ ချစ်ခြင်းတရားကိုလည်း မကယ်တင်နိုင်ဖြစ်သွားကြတဲ့ လူတွေလည်းဒုနဲ့ဒေး ရှိနေမလားပဲ။
ကမ္ဘာကြီးကို ကယ်တင်ပြီးတဲ့အခါပုံထားတဲ့ ထမင်းပန်းကန်တွေကိုဆေးဖို့ကမ္ဘာကြီးကို ကယ်တင်ပြီးတဲ့အခါမွေးထားတဲ့ ကြောင်ကလေးကို ခေါင်းပွတ်ပေးဖို့ကမ္ဘာကြီးကို ကယ်တင်ပြီးတဲ့အခါစိုက်ထားတဲ့ သစ်ပင်လေးကို ရေလောင်းပေးဖို့ကမ္ဘာကြီးကို ကယ်တင်ပြီးတဲ့အခါပျိုးထားတဲ့ ငါတို့အတ္တတွေကို ပြန်ငြိမ်းသတ်ဖို့
မတတ်နိုင်တဲ့ ကမ္ဘာကြီးကို ကယ်တင်ပြီးတဲ့အခါမေ့ထားတဲ့ ငါတို့အနားကအရာတွေကို ပြန်သတိရဖို့အရာကမ္ဘာကြီးကို ပြောင်းလဲရင်းကမ္ဘာကြီးက ငါတို့ကိုပြန်ပြောင်းလဲပစ်နိုင်တာမမေ့ပစ်သင့်တဲ့ ကမ္ဘာ…
A24 ကနေ ဖြန့်ပေးထားတဲ့ အမေရိကန် Coming-of-Age Comedy Drama ကားအသစ်ပါပဲ။ ဘယ် Coming-of-Age ကားနဲ့မှမတူတာတော့ သေချာတယ်။ မူးနောက်လောက်အောင် ပြောတတ်တဲ့ နာမည်ကျော်မင်းသား Jesse Eisenberg ရဲ့ ဒါရိုက်တာအနေနဲ့ ပွဲဦးထွက်တဲ့ ဒီရုပ်ရှင်ဟာ တစ်စိတ်တစ်ပိုင်းအနေနဲ့ ကမ္ဘာကြီးကို ပြောင်းလဲပစ်ချင်ကြသူတွေကို သရော်ထားတဲ့ ရုပ်ရှင်လည်း ဟုတ်တယ်။ Emma Stone ကိုယ်တိုင်လည်း ပရိုဂျူဆာလုပ်ထားပြီး ဂန္ထဝင်မင်းသမီးကြီး Julianne Moore ရဲ့ Acting အလန်းတွေအပြင် Stranger Things ကနေပြီး ဖောက်ထွက်လာခဲ့တဲ့ Finn Wolfhard ကိုလည်း မြင်နေကျပုံစံမဟုတ်တဲ့ပုံစံသစ်တစ်မျိုးနဲ့ မြင်ကြရပါဦးမယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုWမှ ပြန်ဆို ရေးသားထားပါတယ်)

https://m.media-amazon.com/images/M/MV5BY2FlN2U2NzMtOWE2Ni00MWIyLTk3YzQtM2RjNDFkNTlhYTZmXkEyXkFqcGdeQXVyMTUzMTg2ODkz._V1_FMjpg_UX1000_.jpg
Black Panther: Wakanda Forever (2022)
⭐IMDB: 7.2/10 (144 k Votes)
🎬 #Action #Adventure #ScienceFiction #Drama #Fantasy #SciFi #Thriller
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 #UnitedStates #UnitedStatesofAmerica
⏰ 2 နာရီ 41 မိနစ် 33 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
မာဗယ် Phase 4 ရုပ်ရှင်အသစ်တစ်ခုဖြစ်တဲ့ ဘလက်ပန်သာ-၂ ကို တင်ပေးထားပါပြီ။ အခုတင်ပေးတဲ့ဗားရှင်းကတော့ HDTS ဖြစ်လို့ HDCam ထက်တော့ ပိုကြည်ပါတယ်။ HDrip အဆင့်မဟုတ်သေးလို့ အကြည်စောင့်ချင်ရင်လည်း ထပ်စောင့်ပါ။ အင်္ဂလိပ်စာတန်းထိုးအမှန်မထွက်သေးတာမို့ နားထောင်ပြီး ရသလောက်ဘာသာပြန်ပေးထားပါတယ်။ ရုပ်ထွက်၊အသံ၊ဘာသာပြန် လက်ရှိအထိတော့ အဆင်ပြေဆုံးမို့ ကြည့်မယ်ဆို ကြည့်လို့ရပါတယ်။
ဇာတ်လမ်းအညွှန်း
အားလုံးပဲ ဘလက်ပန်သာရဲ့ မင်းသားကြီး ချက်ဒ်ဝစ်ခ် ဘို့စ်မန် ကွယ်လွန်သွားခဲ့တာကိုသိမှာပါ။ အဲဒီအတွက်လည်း မာဗယ်စတူဒီယိုက ဒီရုပ်ရှင်ထဲမှာ အမှတ်တရတွေ သေချာထည့်ပေးထားပါတယ်။ အခု ဆက်ကြည့်ရမှာကတော့ ဝါကန်ဒါမှာ အားအနည်းဆုံးအချိန်၊ ဘလက်ပန်သာ မရှိတော့သလို နောက်ထပ် ပေါ်လာဖို့လည်း နှလုံးသားပုံဆေးရွက်တွေ မီးရှို့ခံထားရတဲ့အချိန်မှာ ဘုရင်ကြီးတီချာလာရဲ့ မယ်တော် အာမွန်ဒါဟာ ဗိုင်ဘရေနီယံကို မက်မောနေကြတဲ့ ကမ္ဘာတစ်ခုလုံးကို ကြံ့ကြံ့ခံ ရင်ဆိုင်နေချိန်ပဲဖြစ်ပါတယ်။ အဲဒီအချိန်မှာပဲ ကမ္ဘာပေါ်က နိုင်ငံတိုင်းထက် အင်အားကြီးပြီး တိုးတက်နေတဲ့ နိုင်ငံအသစ်တစ်ခုနဲ့ ရင်ဆိုင်ဖို့ကြုံလာပါတော့တယ်။ ဝါကန်ဒါလိုပဲ ဗိုင်ဘရေနီယံတွေ ပိုင်ဆိုင်ပြီး သန္ဓေပြောင်းလူသားတွေနေထိုင်တဲ့ ရေအောက်မြို့တော် တာလိုကန်နဲ့ သူတို့ရဲ့ ခေါင်းဆောင် နေမော် (ခေါ်) ကုကုကန် ပါပဲ။ ပြီးတော့ နောက်ပိုင်းမှာ MCU villain အဖြစ်လာမယ့် ဗဲလ်၊ အိုင်ရွန်မန်းကိုဆက်ခံမယ့်သူ၊ ဘလက်ပန်သာကို ဆက်ခံမယ့်သူတွေအားလုံးကိုလည်းအစပျိုးသွားတာမို့ MCU ရဲ့ ခရီးရှည်ကြီးကို ဆက်ပြီးခံစားရဦးမှာပါပဲ။ ကြည့်လိုက်ကြပါဦး။

🗓️ 2022 🎞️ movie 📺 720p HD

https://m.media-amazon.com/images/M/MV5BMTM5NDc5NTc5MF5BMl5BanBnXkFtZTgwNDA2MjMwMTE@._V1_FMjpg_UX1000_.jpg
Blood Ties (2013)
⭐IMDB: 6.5/10 (20 k Votes)
🎬 #Action #Crime #Drama #Thriller
🗓️ 2013 🎞️ Movie 📺 720p HD
🌎 #France #UnitedStates #UnitedStatesofAmerica
⏰ 2 နာရီ 09 မိနစ် 48 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Blood Ties(2013)
================
ထောင်ထွက်တစ်ယောက်ဖြစ်တဲ့ Chris ဟာ ဒုစရိုက်လောက ကနေ
ရုန်းထွက်ဖို့ကြိုစားပေမယ့် အဲ့လောကရဲ့အကျိုးအမြတ်တွေကို
ခံနိုင်စွမ်းမရှိခဲ့ဘူး။ အဲ့တာကပဲသူနဲ့ နဂိုကတည်းကမတည့်တဲ့
သူ့ ညီ ရဲအရာရှိ Frank ရဲ့နှစ်ယောက်ကြား ညီအစ်ကိုဆက်ဆံရေးကို
လုံးဝ အဖတ်ဆယ်လို့မရတော့တဲ့ အခြေအနေအထိ ရောက်မလိုဖြစ်ခဲ့
ရတဲ့အကြောင်းကို ရိုက်ကူးထားတဲ့ thriller ဇာတ်လမ်းလေးတစ်ခုပဲဖြစ်ပါတယ်။

https://m.media-amazon.com/images/M/MV5BM2Q4MDA1NzgtZjBiMy00ODNiLWJjNWYtYzIzNzRjMmMyMWNhXkEyXkFqcGdeQXVyNjI4MTIyODY@._V1_FMjpg_UX1000_.jpg
Listeners: The Whispering (2022)
⭐IMDB: 5.2/10 (26 Votes)
🎬 #Thriller #Mystery
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 #Vietnam
⏰ 2 နာရီ 00 မိနစ် 20 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Listeners: The Whispering (2022)================================Channel Myanmar ပရိသတ်ကြီးအတွက် Psychological dramaဇာတ်ကားကောင်းလေးကို တင်ဆက်ပေးချင်ပါတယ်။Ah Nhien ဟာ အသက် ၂၃ နှစ်အရွယ် စာရေးဆရာမတစ်ယောက်ဖြစ်ပြီး စိတ်ကျဝေဒနာခံစားနေရသူတစ်ဦးပါ။
သူဟာ The Whispering လို့ အမည်ရတဲ့ ဝတ္ထုစာအုပ်ကို ရေးသားခဲ့ပြီးစံချိန်တင်အောင်မြင်မှုများစွာ ရရှိခဲ့ပါတယ်။ ဒါပေမဲ့ စာအုပ်ထုတ်ဝေပြီးနောက်စိတ်ကျဝေဒနာဟာ ပိုမိုဆိုးရွားလာတာကြောင့် စိတ်ရောဂါကုဆရာဝန်နဲ့ ပြသဖို့ သဘောတူခဲ့ပါတယ်။
Ah Nhien ရဲ့ထွက်ဆိုချက်အရ အမျိုးသမီးတစ်ယောက် ခြောက်လန့်ခြင်းကိုထပ်တလဲလဲခံနေရပြီး ထိုအမျိုးသမီးဟာလည်း ထူးဆန်းစွာနဲ့ သူ့ဝတ္ထုထဲက အဓိကဇာတ်ဆောင်ဖြစ်နေတာပါ။
ဆရာဝန်ဖြစ်တဲ့ Tuong Minh ဟာ အစကတော့ ဒါကို စိတ်ရောဂါလက္ခဏာလို့ သတ်မှတ်ခဲ့သော်လည်းသူကိုယ်တိုင် ထိုအမျိုးသမီးကို အိပ်မက်ထဲမှာ မြင်လာရချိန်မှာတော့အဖြစ်အပျက်များဟာ ပိုမိုရှုပ်ထွေးလာခဲ့ပါတယ်။ အစစ်အမှန်လားပုံရိပ်ယောင်လား ဝေခွဲမရဖြစ်နေရင်း သူတို့နှစ်ယောက်ရဲ့ အတိတ်ကဘယ်လိုအကြောင်းတရားတွေနဲ့ ပတ်သက်နေမလဲဆိုတာတော့….
(အညွှန်းနဲ့ ဘာသာပြန်ဆို ရေးသားသူကတော့ Thet Hnin Hsu ဖြစ်ပါတယ်)