ဇာတ်ညွှန်းများ • FDMN
Закрытый канал
Нет данных
Подписчики
-524 часа
-47 дней
+730 дней
Архив постов
https://m.media-amazon.com/images/M/MV5BNDEzY2NkMGEtOWZhZC00YWVhLWJhY2MtOGNkZTY3ZGI3YjgxXkEyXkFqcGdeQXVyODc5NDQ5MjI@._V1_FMjpg_UX1000_.jpg
Beau-père (1981)
⭐IMDB: 6.9/10 (3 k Votes)
🎬 #Comedy #Drama #Romance
🗓️ 1981 🎞️ movie 📺 1080P
🌎 #France
⏰ 2 နာရီ 03 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
StepFather (1981)=============
အခုမိတ်ဆက်ပေးချင်တဲ့ဇာတ်ကားလေးကတော့ ၁၉၈၁ ခုနှစ်
ကထွက်ရှိထားတဲ့ ပြင်သစ်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။
၁၉၈၁ ခုနှစ်ကထွက်ရှိထားပေမယ့် အခုချိန်အထိ ရှိနေသေးတဲ့
အဖြစ်အပျက်တွေကို ပညာပေးရိုက်ကူးထားတာကြောင့်
ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။
ဒီဇာတ်ကားမှာ ရယ်မီဆိုတဲ့စန္ဒရားတီးတဲ့သူဟာ သူ့မိန်းမ
မာထင်န်ဆုံးပါးသွားတဲ့အခါမှာ သူ့ရဲ့မယားပါသမီးလေး
မာရီယွန်ကို စောင့်ရှောက်ဖို့ဖြစ်လာပါတော့တယ်။ မာရီယွန်ဟာ
၁၄နှစ်ပဲရှိသေးပြီး မိခင်ဆုံးပါးပြီးတဲ့နောက် ပထွေးအပေါ် အလွန်
အမင်းတွယ်တာစိတ်တွေ၀င်လာပါတော့တယ်။ သူ့ရဲ့တွယ်တာ
မှုတွေဟာ သာမာန်ထက်ပိုလာတဲ့အခါမှာတော့ ရယ်မီတစ်ယောက်
အနေကြပ်ပါတော့တယ်။ ဒီလိုနဲ့ မိန်းမမရှိတော့တဲ့ ရယ်မီနဲ့
လူကြီးစိတ်၀င်လာတဲ့ သမီးလေး မာရီယွန်တို့ကြား
ဘယ်လိုမျိုးစခန်းသွားကြမလဲဆိုတာကို ကိုယ်တိုင်ပဲကြည့်ရှုခံစား
ကြည့်ပါခင်ဗျာ။
https://m.media-amazon.com/images/M/MV5BNWY4N2ViZDAtMGU0MS00NDliLWE1NjktN2UyNGEyZjA0YzNhXkEyXkFqcGdeQXVyMTQxNzMzNDI@._V1_FMjpg_UX1000_.jpg
Sleepwalkers (1992)
⭐IMDB: 5.3/10 (23 k Votes)
🎬 #Fantasy #Horror
🗓️ 1992 🎞️ Movie 📺 1080p FHD
🌎 #UnitedStates
⏰ 1 နာရီ 30 မိနစ် 19 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Sleepwalkers(1992)
=================
IMDb 5.3 / Rotten Tomatoes 29%
နာမည်ကျော်ရုပ်ရှင်ကားတွေဖြစ်တဲ့ The Shawshank
Redemption, IT တို့ကို ရေးသားခဲ့သူ King of Horror လို့တင်စားခံရတဲ့
စာရေးဆရာ Stephen King ရဲ့ လက်ရာကောင်းရုပ်ရှင်ကားလေး တစ်ကားကို
CM ပရိတ်သတ်ကြီးအတွက် ယူဆောင်လာပါတယ်.
သဘာဝလွန်ဇာတ်ကားတွေကို သဘောကျတဲ့သူတွေ အကြိုက်တွေ့မယ့် ဒီ
ရုပ်ရှင်ကားလေးထဲမှာတော့ အများအမြင်မှာ သားအမိလိုနေပေယ့်
နောက်ကွယ်မှာ ချစ်သူတွေလိုဖြစ်နေကြတဲ့ သွေးစုပ်ဖုတ်ကောင် နောက်ဆုံး
မျိုးဆက် နှစ်ယောက် အပျိုစင်ရဲ့သွေးနဲ့မှ အာသာပြေမယ့် မိခင်ရဲ့ဆာလောင်
မွတ်သိပ်မှုအတွက် သားဖြစ်သူ ချားစ်တစ်ယောက် ထန်ညာ လို့ခေါ်တဲ့အပျိုစင်
မလေးအနား ချဉ်းကပ်ပါတော့တယ် တစ်ဖန် ဆရာတစ်ယောက်က ချားစ်ရဲ့
သရုပ်မှန်ကို ရိပ်မိသွားတဲ့အခါ…ဖြူစင်ပြီး ချစ်စရာကောင်းတဲ့ ထန်ညာ့အပေါ််
ချားစ်တစ်ယောက် ဘယ်လိုခံစားချက်တွေ ဖြစ်လာမလဲ မိခင်အတွက် သူ
ထန်ညာ့ကို တကယ်သတ်ပစ်မှာလား ဆရာကရော ဘာဆက်လုပ်မလဲဆိုတာ…
သည်းထိတ်ရင်ဖို ကြည့်ရှုရမယ့် Horror / Teen ဇာတ်ကားကောင်းလေး
တစ်ကားပဲ ဖြစ်ပါတယ်…
https://m.media-amazon.com/images/M/MV5BOGY2NTZkMjYtY2I1Ni00MTU2LTgxMTYtYTVkMjc1Yzk5NWI4XkEyXkFqcGdeQXVyMTQxNzMzNDI@._V1_FMjpg_UX1000_.jpg
Chained (2012)
⭐IMDB: 6.4/10 (18 k Votes)
🎬 #Crime #Drama #Horror #Thriller
🗓️ 2012 🎞️ Movie 📺 1080p FHD
🌎 #Canada
⏰ 1 နာရီ 36 မိနစ် 20 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Chained (2012)
============
IMDb – 6.4/10
ဒီတခါတင်ဆက်ပေးမှာကတော့ သည်းထိတ်ရင်ဖို စိတ္တဇလူသတ်သမား
ကားကောင်းလေးတကားပါ။ သွေးထွက်သံယိုပြကွက်တွေပါဝင်တာ
ကြောင့် ကလေးသူငယ်များကြည့်ရှုရန်မသင့်တော်ပါဘူး။
ဇာတ်လမ်းလေးအကျဉ်းကတော့
ယုန်လေးဟာ ငယ်ငယ်လေးကတည်းက သူ့ရဲ့ အမေနဲ့ ရုပ်ရှင်အတူကြည့်ပြီး
အိမ်အပြန်လမ်းမှာစိတ္တဇလူသတ်သမားတယောက်ဖြစ်တဲ့ တက္ကစီသမား
“ဘော့ဘ်” က ပြန်ပေးဆွဲတာကိုခံလိုက်ရပြီး သူကတော့ “ဘော့ဘ်”
ရဲ့အိမ်မှာပဲ အဖမ်းခံထားရရင်း “ဘော့ဘ်” ကခိုင်းသမျှကို နှစ်ပေါင်းများစွာ
လုပ်ပေးခဲ့ရတဲ့ ကောင်လေးတယောက်ပါ။
ဖမ်းလာတဲ့အချိန်ကနေ အရွယ်ရောက်တဲ့အထိ ခြေထောက်မှာသံကြိုးနဲ့ခတ်
ထားတာကိုခံရပြီး “ဘော့ဘ်” လုပ်သမျှသွေးတွေကိုသန့်ရှင်းရေးလုပ်လိုက်၊
အလောင်းတွေကိုမြေမြုပ်လိုက်လုပ်ပေးနေရာကနေ တနေ့မှာတော့
“ဘော့ဘ်” ကသူ့ရဲ့ ခြေရာကိုလိုက်နင်းနိုင်ဖို့ ယုန်လေးကိုလည်း လူသတ်သမား
တယောက်ဖြစ်လာအောင် လေ့ကျင့်ပေးဖို့ လုပ်ပါတော့တယ်။
ယုန်လေးကပဲ “ဘော့ဘ်” ရဲ့ ခြေရာကိုလိုက်နင်းပြီး စိတ္တဇလူသတ်သမား
တယောက်ဖြစ်လာမလား၊ ပုံမှန်ဆိုရင် ကောင်မလေးတွေကိုပဲ ပြန်ပေးဆွဲပြီး
သတ်လေ့ရှိတဲ့ “ဘော့ဘ်” က သူနဲ့ သူ့ရဲ့အမေ နှစ်ယောက်ကိုမှရွေးပြီးဘာလို့
ပြန်ပေးဆွဲခဲ့တာလဲ ဒီအကြောင်းအရာရဲ့ နောက်ကွယ်မှာရောဘယ်လို
အကြောင်းအရာတွေရှိနေမလဲဆိုတာကို စိတ်ဝင်စားစရာ ရင်တထိတ်ထိတ်နဲ့
ဆက်လက်ကြည့်ရှုပေးပါဦးခင်ဗျ။
https://m.media-amazon.com/images/M/MV5BN2FjOWViNjYtMjRmMi00NDFkLWI1ZTktNmIyN2ExMDU3YTlmXkEyXkFqcGdeQXVyNDY5MTUyNjU@._V1_FMjpg_UX1000_.jpg
Badrinath (2011)
⭐IMDB: 4.4/10 (2 k Votes)
🎬 #Action #Bollywood #Drama #Romance
🗓️ 2011 🎞️ Movie 📺 720p HD
🌎 #India
⏰ 2 နာရီ 21 မိနစ် 20 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Badrinath 2011—————————–
ဘောလိဝုဒ် ဇာတ်ကားကောင်းတွေပဲကြည့်ရှုတတ်တဲ့ ပရိသတ်များအတွက်မင်းသားချော Allu Arjun ရဲ့ 2011ကထွက်ရှိထားတဲ့ Romance, Action ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။
အရည်အချင်းရှိပြီးထက်မြတ်လှတဲ့စစ်သည်တော်တစ်ယောက်အဖြစ် ဘုန်းတော်ကြီးတစ်ပါးမှလေ့ကျင့်ပေးထားတဲ့ ဘဒ်ဒရီတစ်ယောက်ဟာ တိုက်ရေးခိုက်ရေးမှာ ရန်သူ ၁၀၀ကိုမျက်စိမှိတ်တိုက်ခိုက်နိုင်တဲ့အထိ နှလုံးရေပြည့်ဝလှပါတယ်။ “ဘဒ်ဒရီနတ်” ဘုရားကျောင်းကိုစောင့်ရှောက်ပေးဖို့ တာဝန်ရရှိခဲ့ပြီး တစ်နေ့မှာ ဘုရားတွေကိုအယုံအကြည်မရှိတဲ့ဘာသာမဲ့သူဌေးမလေး အလက္ကန်နန္ဒာရောက်လာပြီးတဲ့နောက်မှာ မတည့်ကြတဲ့သူတို့တွေချစ်ကြိုးသွယ်သွားမလား။ ဘယ်လိုရန်သူအနှောင့်အယှက်တွေပေါ်လာမလဲဆိုတာဇာတ်လမ်းဇာတ်အိမ်ကောင်းမွန်စွာကြည့်ရှုရမှာပါ။ US$ 5.3 million အကုန်ကျခံရိုက်ထားပြီးအဲဒီခေတ်အခါတုန်းက ကုန်ကျစရိတ်အများဆုံး ဇာတ်ကားများထဲက တစ်ကားဖြစ်ခဲ့ပါတယ်။
သရုပ်ဆောင်ချက်၊ တိုက်ခိုက်ခန်း၊ ကခန်းတွေလည်း မြိုင်ဆိုင်လှတဲ့အပြင် မင်းသားချောAllu Arjun ရဲ့ ဆံပင်ပုံစံကလည်း တမျိုးလေးဆန်းနေပြီး အတော်လေးလိုက်ဖက်နေတဲ့အတွက်အမာခံပရိသတ်များအဖို့ သဘောတွေ့စေမဲ့ ဇာတ်ကားကောင်းလေးအဖြစ် ညွှန်းပေးပါရစေ။
https://m.media-amazon.com/images/M/MV5BZjNjYjczOWMtYzhlMC00ZmRiLTgwMjEtZGU1NGJlMzZmYWY4XkEyXkFqcGdeQXVyMjUxMDg4MQ@@._V1_FMjpg_UX1000_.jpg
Confessions (2022)
⭐IMDB: 6.5/10 (314 Votes)
🎬 #Action #Crime #Drama
🗓️ 2022 🎞️ movie 📺 1080p FHD
🌎 #Canada
⏰ 1 နာရီ 49 မိနစ် 59 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Confessions (2022)
*****************
ကြေးစားလုပ်ကြံသတ်ဖြတ်သူ တစ်ယောက်က ဆိုင်ကယ် ဂိုဏ်းအတွက်
အလုပ်လုပ်ပေးပြီး မြေအောက်လောကမှာသာမက ရဲတွေကိုပါ ဆယ်စုနှစ်များစွာ လက်တစ်လုံးခြား
လှည့်ဖျားခဲ့သူပါ…သူဟာ
25 နှစ်ကျော်မှ လူသတ်မှု 28 မှုအတွက် အဖမ်းခံခဲ့ရပြီး ဒီဇာတ်ကားဟာ ဖြစ်ရပ်မှန်ကိုအခြေခံ
ပြန်လည်ရိုက်ကူးထားတာပါ
။အစကနေအဆုံးကို ဇာတ်ကားရဲ့နာမည်လေးအတိုင်း အဓိကဇာတ်ဆောင်က ဖြောင့်ချက်ပေးရင်း
ဆွဲခေါ်သွားမှာပါ။ သူဟာသူ့အမေရဲ့ ချစ်ခြင်းမေတ္တာ တရားတွေကို မရခဲ့သလို
ကျောင်းမှာလည်း IQ level က တော်တော်ကိုနိမ့်ပါတယ်။ နောက်အဲ့လိုကောင်းလေးတစ်ယောက်ကနေ
ဝါရင့် သွေးအေးကြေးစားလူသတ်သမားတစ်ယောက်ဖြစ်လာပုံနဲ့
ကြေးစားလူသတ်သမားတစ်ယောက်
သူ့ရဲ့ပြစ်မှုတွေအတွက် ဘယ်လိုများဖြောင့်ချက်ပေးမလဲဆိုတာတော့
https://m.media-amazon.com/images/M/MV5BYmFhOTdmODItYWM5MS00YTRiLTgzZTMtNTQxMjVjYzMxOTViXkEyXkFqcGdeQXVyNTI5NjIyMw@@._V1_FMjpg_UX1000_.jpg
Always (2022)
⭐IMDB: 7.5/10 (23 Votes)
🎬 #Drama #Romance
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 #Philippines
⏰ 1 နာရီ 48 မိနစ် 34 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Always (2022)
************
အချစ်ဇာတ်ကားလေးတွေကို ရှာနေတဲ့ ရုပ်ရှင်ချစ်သူတို့အတွက် Always ဆိုတဲ့ ဖီလစ်ပိုင်
.ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။
အက်စီးဒန့်ကြောင့် အန်နာဆိုတဲ့ကောင်မလေးဟာ အမြင်အာရုံပဲ
ဆုံးရှုံးခဲ့တာမဟုတ်ဘဲ မိဘနှစ်ပါးကိုပါ ဆုံးရှုံးခဲ့ရတယ်။ ခက်ခဲလှတဲ့ဘဝဆိုပေမယ့်
သူမကတော့ အတတ်နိုင်ဆုံးပျော်အောင်နေပြီး ဖြတ်သန်းနေလေရဲ့…
သူတို့နေတဲ့ ကွန်ဒိုမှာ လီနိုက ဂိတ်စောင့်ပေးရင်း အန်နာဆိုတဲ့ မျက်မမြင်
ကောင်မလေးနဲ့ ရင်းနှီးသွားပြီး ချစ်မိသွားတဲ့အခါမှာတော့…
သူတို့၂ယောက်ဘယ်လိုဆက်ဖြစ်ကြမလဲ..လျှို့ဝှက်ချက်တွေရော ရှိမလား..
https://m.media-amazon.com/images/M/MV5BZjNjYjczOWMtYzhlMC00ZmRiLTgwMjEtZGU1NGJlMzZmYWY4XkEyXkFqcGdeQXVyMjUxMDg4MQ@@._V1_FMjpg_UX1000_.jpg
Confessions (2022)
⭐IMDB: 6.5/10 (314 Votes)
🎬 #Action #Crime #Drama
🗓️ 2022 🎞️ Movie 📺 720p HD
🌎 #Canada
⏰ 1 နာရီ 49 မိနစ် 59 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Confessions (2022)
*****************
ကြေးစားလုပ်ကြံသတ်ဖြတ်သူ တစ်ယောက်က ဆိုင်ကယ် ဂိုဏ်းအတွက်
အလုပ်လုပ်ပေးပြီး မြေအောက်လောကမှာသာမက ရဲတွေကိုပါ ဆယ်စုနှစ်များစွာ လက်တစ်လုံးခြား
လှည့်ဖျားခဲ့သူပါ…သူဟာ
25 နှစ်ကျော်မှ လူသတ်မှု 28 မှုအတွက် အဖမ်းခံခဲ့ရပြီး ဒီဇာတ်ကားဟာ ဖြစ်ရပ်မှန်ကိုအခြေခံ
ပြန်လည်ရိုက်ကူးထားတာပါ
။အစကနေအဆုံးကို ဇာတ်ကားရဲ့နာမည်လေးအတိုင်း အဓိကဇာတ်ဆောင်က ဖြောင့်ချက်ပေးရင်း
ဆွဲခေါ်သွားမှာပါ။ သူဟာသူ့အမေရဲ့ ချစ်ခြင်းမေတ္တာ တရားတွေကို မရခဲ့သလို
ကျောင်းမှာလည်း IQ level က တော်တော်ကိုနိမ့်ပါတယ်။ နောက်အဲ့လိုကောင်းလေးတစ်ယောက်ကနေ
ဝါရင့် သွေးအေးကြေးစားလူသတ်သမားတစ်ယောက်ဖြစ်လာပုံနဲ့
ကြေးစားလူသတ်သမားတစ်ယောက်
သူ့ရဲ့ပြစ်မှုတွေအတွက် ဘယ်လိုများဖြောင့်ချက်ပေးမလဲဆိုတာတော့
https://m.media-amazon.com/images/M/MV5BNmVlY2Q1OTUtZjRmYi00OTZiLTg5NzktM2M0ZGViNzczOThlXkEyXkFqcGdeQXVyMDMxMTgwOQ@@._V1_FMjpg_UX1000_.jpg
Narvik: Hitler's First Defeat (2022)
⭐IMDB: 6.6/10 (5 k Votes)
🎬 #Drama #History #War #Action
🗓️ 2022 🎞️ Movie 📺 720p HD
🌎 #Norway
⏰ 1 နာရီ 49 မိနစ် 32 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Narvik: Hitler’s First Defeat (2022)
နော်ဝေနိုင်ငံမှာရှိတဲ့ နားဗတ်မြို့ကလေးဟာ ကားလမ်း၊ ရထားလမ်း၊ သင်္ဘောဆိပ်တွေ ရှိပြီး သံရိုင်း တင်ပို့ရောင်းချရာမှာ အရေးပါတဲ့မြို့ ဖြစ်တဲ့အတွက် အချက်အချာမြို့လေးတစ်မြို့ပါ။ ဒုတိယကမ္ဘာစစ် စတင် ဖြစ်ပွားချိန်မှာ စစ်ထဲကိုဝင်မပါချင်တဲ့ အတွက် ကြားနေမူဝါဒကျင့်သုံးကြောင်း ကြေငြာခဲ့ပါတယ်။ ဒါပေမယ့် ဂရိတ်ဗြိတိန်နဲ့ နာဇီဂျာမန်တို့ရဲ့ အားပြိုင်မှု ကြားမှာ စစ်ထဲဝင်ပါရဖို့ဖြစ်လာပါတော့တယ်။ နားဗတ်တိုက်ပွဲဟာ ဒုတိယကမ္ဘာစစ်မှာ ဟစ်တလာပထမဆုံး ရှုံးနိမ့်ခဲ့တဲ့ တိုက်ပွဲဖြစ်ပြီး ဒီဇာတ်ကားလေးက အဲ့အကြောင်းကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ နော်ဝေစစ်တပ်က တပ်ကြပ်ဂန်နာဟာ မိသားစုရှိရာ နားဗတ်မြို့မှာ တာဝန် ထမ်းဆောင်ဖို့ပြန်ရောက်လာပါတယ်။ အဲ့ဒိညမှာပဲ ဂျာမန်တပ်တွေက နားဗတ်မြို့ကို သိမ်းပိုက်ပြီး နော်ဝေတပ် တွေကို လက်နက်ချခိုင်းပါတယ်။ တပ်ခွဲမှူး ဗိုလ်မှူးက တပ်ကြပ်ဂန်နာအပါအဝင် လက်နက်မချချင်တဲ့ ရဲဘော် တွေကို စုစည်းပြီး မြို့အထွက်က တံတားကိုဖေါက်ခွဲဖျက်စီးပြီး ပိတ်ဆို့ရေးလုပ်ဖို့ပြင်ဆင်ပါတယ်။ ဒါပေမယ့် မြို့ထဲကထွက်လာတဲ့ ရထားပေါ်မှာ ဂန်နာ့ရဲ့ မိန်းမနဲ့ကလေးအပါအဝင် နော်ဝေလူမျိုးတွေပါ ပါလာတဲ့အတွက် အခက်တွေ့နေရပါတယ်။ ဒီလိုအခြေအနေကို ဘယ်လိုဆက်ရင်ဆိုင်မလဲ၊ သူတို့နေထိုင်ရာ မြို့ကလေးကို သူတို့ ပြန်လည်ပိုင်ဆိုင်နိုင်မလားဆိုတာ ဇာတ်လမ်းထဲမှာ ဆက်လက်ရှုစားကြပါခင်ဗျာ။
အချစ်၊ အလွမ်း၊ စွန့်စားခန်းနဲ့ စစ်ပွဲကြမ်းကြမ်းကြိုက်သူများ အကြိုက်တွေ့မှာပါ။ ရင်ထဲမှာ တစ်ခုခု စွဲပြီး ကျန်တာမျိုး ကြည့်ချင်သူအတွက် တွေးစရာများစွာပါ အပိုဆောင်းပေးစွမ်းနိုင်မယ့်ဇာတ်ကားလေးဖြစ်ပါတယ်။
(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့Ko Myo (Kop)ပါ။)
https://m.media-amazon.com/images/M/MV5BOWEyMDQ0MmItOGYwYy00YmZjLWIyMmMtNjAxMjQ4YTZkZDU2XkEyXkFqcGdeQXVyNjY1OTUxODI@._V1_FMjpg_UX1000_.jpg
AI Love You (2022)
⭐IMDB: 4.5/10 (662 Votes)
🎬 #Drama #Romance #Sci-Fi #Comedy #ScienceFiction #SciFi
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 #UnitedStates #Thailand
⏰ 1 နာရီ 36 မိနစ် 02 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
AI Love You (2022)
ဒေါ့ပ် / ပေါ့ပ် အဖြစ် Mario Maurerလာန အဖြစ် Baifern Pimchanok
ဇာတ်လမ်းအကျဥ်း
ယနေ့ခေတ်မှာ နည်းပညာတွေတိုးတက်လာတာနဲ့အမျှ လူသားတွေဟာ စက်ရုပ်တွေကို အစားထိုးသုံးလာခဲ့ကြတယ်နေထိုင်ရာ အဆောက်အဦးတွေကအစ AI အစားထိုးသုံးလာပြီး “လာန” အလုပ်လုပ်နေတဲ့ အဆောက်အဦးလည်း အပါအဝင်ပေါ့– “လာန” က ကြော်ငြာဌာနရဲ့ ဝန်ထမ်းတစ်ယောက်ဖြစ်ပြီး AI ဖြစ်တဲ့ “ဒေါ့ပ်” နဲ့ ခင်မင်နေတဲ့ လူသားတစ်ယောက်ပါ– “ဒေါ့ပ်” တစ်ယောက် “လာန” အခက်အခဲတွေနဲ့ ချစ်သူတစ်ယောက်လိုချင်တာတွေကို နားထောင်ဖြေရှင်းပေးရာကအချစ်စိတ်တွေ ပေါက်ဖွားလာပြီး system error တက်လာခဲ့တော့တယ်– “ဒေါ့ပ်”ကို ပြုပြင်ဖို့ ဗဟိုထိန်းချုပ်ဌာနက နည်းပညာရှင် “ပေါ့ပ်”ကို စေလွှတ်ခဲ့ပါတယ်– “လာန” ပါဝင်တဲ့ မှတ်ဥာဏ်တွေကို “ပေါ့ပ်” တစ်ယောက်ဖျက်ဆီးဖို့ကြိုးစားရင်း ရှော့ခ်ဖြစ်ပြီးAI ဖြစ်တဲ့ “ဒေါ့ပ်” ဟာ “ပေါ့ပ်” ခန္ဓာကိုယ်ထဲ ဝင်ရောက်လာပါတော့တယ်– “ပေါ့ပ်” ကို လူပွေဆိုပြီး သဘောမကျတဲ့ “လာန”– လူသားဖြစ်လာတာနဲ့ “လာန”ကို ချစ်ခွင့်ရချင်တဲ့ “ဒေါ့ပ်”
AI နဲ့ လူသားရဲ့ အချစ်ခရီးက အဆင်ပြေနိုင်ပါ့မလားစက်ပစ္စည်းတွေက လူသားတွေရဲ့ အပေါင်းအဖော် သူငယ်ချင်းအဖြစ်ကနေပိုတဲ့အရာများဖြစ်လာနိုင်မလားဆိုတာBaifern နဲ့ Mario တို့ရဲ့ ဆယ်စုနှစ်ကျော်ကြာပြီးမှ တွေ့ဆုံရိုက်ကူးထားတဲ့ “AI Love You” ဇာတ်လမ်းတွဲမှာ ကြည့်ရှုကြရအောင်
အညွှန်း နဲ့ ဘာသာပြန်ကတော့ Kyi Nue Zin နဲ့ Nang Mwe Kham ပဲ ဖြစ်ပါတယ်။
https://m.media-amazon.com/images/M/MV5BMjFjNTMyMzUtNWJiNy00MTA1LTgzMmYtOWZkYTE2NWQ2ODQwXkEyXkFqcGdeQXVyODEwMTg0Nzg@._V1_FMjpg_UX1000_.jpg
Stranger (2022)
⭐IMDB: 3.5/10 (38 Votes)
🎬 #Horror #Thriller
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 #UnitedKingdom #UnitedStates
⏰ 1 နာရီ 21 မိနစ် 27 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Stranger (2022)
ဒီဇာတ်လမ်းက Valentine’s Day နဲ့တော့မဆိုင်ပေမဲ့ ရက်ကလည်းနီးပြီဆိုဝောာ့ အတွဲတွေအတွက် အားတက်စရာ ပညာယူချင်စရာ ဇာတ်လမ်းတစ်ပုဒ်ပါ။
ဂျွန်နဲ့ရေဘက္ကာတို့က မကြာခင် လက်ထပ်ကြမယ့် အရမ်းချစ်ကြတဲ့ စုံတွဲလေးပါ။ တစ်နေ့တော့ သူတို့ဟာ ကိုယ်ပိုင်ဘ၀က အလုပ်အရှုပ်တွေကို ပစ်ထားခဲ့ပြီး တောအုပ်တစ်နေရာက အပန်းဖြေအိမ်လေးကို ချစ်ကြည်နူး တစ်တီတူးဖို့ ရောက်လာခဲ့ကြပါတယ်။
စရောက်တဲ့နေ့ကစလို့ မထင်မှတ်ထားတဲ့ ပတ်၀န်းကျင်က သူစိမ်းတစ်ယောက်ပြီး တစ်ယောက်ကြောင့် အခက်တွေ့မှုတွေ ကြုံရပေမယ့် ချစ်တာပဲ သိတဲ့ ရေဘက္ကာနဲ့ ဂျွန်ကတော့ အမှုမဲ့အမှတ်မဲ့ပဲ နေခဲ့ကြပါတယ်။
တကယ်တမ်း သူတို့မသိခဲ့ကြတာက သူတို့ စရောက်တဲ့အချိန်ကစပြီး သူတို့ကို စောင့်ကြည့်နေတဲ့ သူစိမ်းတစ်ယောက်က ဒီစုံတွဲနဲ့အတူ ဂိမ်းလေးတစ်ပွဲလောက် ကစားချင်နေတယ်ဆိုတာပါပဲ…
(ဒီဇာတ်ကားနဲ့အညွှန်းကိုAct Molemyမှ ပြန်ဆို ရေးသားထားပါတယ်)
https://m.media-amazon.com/images/M/MV5BYTBlMWRkMGUtN2U4ZS00YjI0LWJiZDItNzBiOGVmODBlNWY1XkEyXkFqcGdeQXVyMTUwMDQ4MzMw._V1_FMjpg_UX1000_.jpg
Devil in the Lake (2022)
⭐IMDB: 5.3/10 (17 Votes)
🎬 #Horror
🗓️ 2022 🎞️ Movie 📺 720p HD
🌎 #korea #SouthKorea
⏰ 1 နာရီ 35 မိနစ် 16 စက္ကန့်
👑 Gold Channel Movies
ဇာတ်ညွှန်း 📜
သမီးလေးကို ခရီးဆောင်အိတ်ထဲ ဝှက်သယ်လာတဲ့သူမမြိုပြကနေ တောင်တန်းဒေသကို ရောက်လာတဲ့အခါ အေးမြတဲ့ လေညှင်းတွေ လှပတဲ့ ရှုခင်းတွေ ဆီးကြိုနေမယ်လို ထင်ခဲ့ပေမဲ့ သူမရဲ့မှန်းချက်နဲ့ မကိုက်တဲ့ ဒေသသူမ ရောက်ရောက်ချင်း ရေကန်ထဲကနေ ပေါလောပေါလော ကြိုနေတဲ့ အလောင်းတစ်ခုအိတ်ထဲမှာ ဝှက်လာတဲ့ စပ်စုချင်တဲ့သမီးလေးရယ်အိမ်အိုကြီးထဲမှာ အလုပ်လုပ်ဖို ရောက်လာတဲ့ သူမတို သားအမိနဲ့ သရဲတွေ ဖြတ်ပြေးနေတဲ့ စကြံတွေနဲ့ အိမ်တစ်လုံးရေကန်ထဲကသေနေတဲ့အလောင်းနဲ့ အိမ်အိုကြီးရဲ့ ပတ်သက်မှုက horror ဇာတ်အိမ်အသစ်ရဲ့ အရသာအသစ်ကို ပေးစွမ်းထားတဲ့ ဇာတ်ကားတစ်ကားလို ဆိုရမှာပါHorror Movieရိုက်လေ့မရှိတဲ့ KBS ရဲ့ သရုပ်ဆောင်တွေရဲ့ ပီပြင်တဲ့ ကာရိုက်တာ အသစ်ကို ဒီကားလေးထဲမှာ အကဲဖြတ်နိုင်ပါပြီTranslated by Nasoye & ClaudiaEncoded by Cham
https://m.media-amazon.com/images/M/MV5BNTkyYzVmMWItOTAzZC00N2U3LWJjNGYtZWU1NzU4NTIyNjBlXkEyXkFqcGdeQXVyNzI0MTY5MQ@@._V1_FMjpg_UX1000_.jpg
King (2022)
⭐IMDB: 5.1/10 (329 Votes)
🎬 #Adventure #Comedy #Family
🗓️ 2022 🎞️ Movie 📺 720p HD
🌎 #France #Belgium
⏰ 1 နာရီ 40 မိနစ် 25 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
King (2022)
ခြင်္သေ့ပေါက်လေးတစ်ကောင်ဟာ လေဆိပ်တစ်ခုကနေလွတ်လာပြီး ပျောက်ဆုံးသွားပါတယ်။ ရဲတွေဟာ ဒီခြင်္သေ့လေးကိုလိုက်လံရှာဖွေရင်း အန္တရာယ်ရှိတာမို့ အနားမကပ်ကြဖို့လည်း ထုတ်ပြန်နေကြပါတယ်။ အဲဒီလိုနဲ့ ခြင်္သေ့လေးဟာ Inès နဲ့ Alex တို့ရဲ့ အိမ်ထဲကိုရောက်လာတာပေါ့။
Inès ဟာ သူ့အမေဆုံးသွားပြီးတဲ့နောက် မိထွေးကသူတို့အပေါ်ကောင်းပေမယ့်လည်း အထီးကျန်စွာနေနေတတ်တဲ့ကလေးတစ်ယောက်။ မောင်နှမနှစ်ယောက်အနက် အငယ်ဖြစ်ပေမယ့် တွေးတတ်ခေါ်တတ်ရှိပြီး ထက်ထက်မြက်မြက်လေးပေါ့။ ဒီလိုနဲ့ပဲ ခြင်္သေ့လေးကို Inès တွေ့ကတည်းက ချစ်ခဲ့ရပြီး King လို့ မှည့်ခေါ်ခဲ့ပါတယ်။ ဒါပေမဲ့ ကလေးပီသစွာ မစဉ်းစားမဆင်ခြင်တတ်တဲ့ အကို Alex ကတော့ King လေးနဲ့ Video ရိုက်ပြီး လိုင်းပေါ်တင်လိုက်တာ Viral ပါဖြစ်သွားပါတော့တယ်။
အဲဒီကနေစလို့ Inès နဲ့ Alex နှစ်ယောက်သား ချစ်စရာ King လေးကို လွတ်လွတ်လပ်လပ် သူ့သဘာဝအတိုင်းရှင်သန်နိုင်အောင် တောထဲလွှတ်ဖို့ ပြင်သစ်ကနေ အာဖရိကထိဆိုတဲ့ Adventure ခရီးကြမ်းကို ဘယ်လိုရုန်းကန်လှုပ်ရှားစွန့်စားကြရမလဲဆိုတာကို ရှူစားကြရမယ့် ပြင်သစ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုNyan Hlyan Chitမှ ပြန်ဆို ရေးသားထားပါတယ်)

https://m.media-amazon.com/images/M/MV5BNDc2MTU4NGQtMjlhNC00MmE5LWE0YjMtMmVhYTY5NTIyZjQwXkEyXkFqcGdeQXVyMTUxNjQxNjgw._V1_FMjpg_UX1000_.jpg
Kamli (2022)
⭐IMDB: 7.8/10 (471 Votes)
🎬 #Bollywood #Drama #Thriller #Mystery
🗓️ 2022 🎞️ Movie 📺 720p HD
🌎 #Pakistan
⏰ 2 နာရီ 12 မိနစ် 38 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Kamli (2022)
IMDb-7.9/10
ရုံတင်ငွေနှစ်ဆမြတ်ခဲ့တဲ့ပါကစ္စတန်ကားကောင်းလေး တင်ဆက်ပေးချင်ပါတယ်သရုပ်ဆောင်တွေအနေနဲ့လည်း ပါကစ္စတန်ရဲ့ကြေးအကြီးဆုံးစာရင်း၀င်မင်းသမီး Sabar Qamar၊ဆုပေါင်းများစွာဆွတ်ခူးပြီး nomination တွေအကြိမ်ကြိမ်၀င်ခဲ့တဲ့ မင်းသမီးကြီးSania Saeed တို့ အဓိကပါ၀င်သရုပ်ဆောင်ထားတာဖြစ်ပါတယ်
လင်ယောင်္ကျားကနှစ်အတော်ကြာပစ်ထားသွားလို့အထီးကျန်နေရတဲ့ ဟင်နာကိုယ်ပိုင်ဘာသာရေးယုံကြည်မှုနဲ့ ပတ်၀န်းကျင်လူ့အမြင်တွေကြားမှာ မျဉ်းပြိုင်လိုဖြစ်နေရတဲ့ ဆူကီနာအနုပညာ ရယ် အတွင်းစိတ်ရယ် မသိစိတ်ကမကောင်းဆိုးဝါးတွေရယ်ကြားမှာ ဗျာများခြယ်လှယ်ခံနေရတဲ့ ဇီနက်
ဒီအမျိုးသမီးသုံးယောက်မှာ လိုလားတောင့်တနေတဲ့ဆန္ဒတွေရှိပေမယ့် ရိုးရာယဉ်ကျေးမှု ယုံကြည်မှုလူ့ဘောင်ရဲ့ပညတ်ချက်တွေကြောင့် တားဆီးအုပ်မိုးထားရပါတယ်
ဒါတွေကို အနုပညာရှင်အကျော်အမော်တွေကအတွေးတွေ စကားလုံးတွေရသတွေနဲ့အနုပညာမြောက်စွာရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်တင်ဆက်သွားတဲ့အနုပညာကိုစီးမြောခံစားတွေးတောရင်းကြည့်ရှူခံစားရမယ့်ကားမို့ အညွှန်းဟာဒီထက်မပိုသင့်ပါဘူး

https://m.media-amazon.com/images/M/MV5BMjU2ZmRhN2MtYTc3Ny00OTc5LWIyOTAtNGQ3ZmFlZGEyOGNmXkEyXkFqcGdeQXVyNjc3MjQzNTI@._V1_FMjpg_UX1000_.jpg
Svaha: The Sixth Finger (2019)
⭐IMDB: 6.2/10 (4 k Votes)
🎬 #Mystery #Thriller #Crime #Horror
🗓️ 2019 🎞️ Movie 📺 720p HD
🌎 #SouthKorea
⏰ 2 နာရီ 03 မိနစ် 45 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Svaha the sixth finger
ဒီရုပ်ရှင်ကတော့ နက်ဖလစ် ရဲ့
ကိုရီးယား ဇာတ္ကားအသစ္ပါပဲ။
Horror, Thriller အမျိုးအစားပဲ ပြောရမှာပါပဲ။
ခရစ်ယာန် သင်းအုပ်ဆရာ ပက်အန်ဂျေးဟာ
ဘာသာရေးအစွန်းရောက်အဖွဲ့တွေ၊ ဘာသာရေးဗန်းပြ
လူလိမ်အဖွဲ့တွေကို လိုက်လံဖော်ထုတ်သူဖြစ်ပါတယ်။
သူလိုက်နေတဲ့အမှုတစ်ခုဟာ လူသတ်မှုတွေနဲ့
ပတ္သတ္လာခဲ့တယ္။
လူသတ်တဲ့အဖွဲ့ကတော့ အရိမေတ္တယျ ဘုရားလောင်းကို ကာကွယ်ဖို့
လူသတ်နေတဲ့ နတ်မင်းကြီးလေးပါးလို့ ကိုယ့်ကိုယ်ကို
အယူရှိနေတဲ့ အစွန်းရောက် ဘာသာရေးဂိုဏ်းတစ်ခုပါပဲ။
မဟာယာန၊ တိဘက်၊ အိနိၵယ၊ ခရစ်ယာန် ဘာသာရေးအယူအဆတွေကိုအခြေခံပြီး
အမှုလိုက်ဖော်ထုတ်ရတဲ့ အမျိုးအစားဖြစ်ပြီး လှည့်ကွက်တွေ
ပါနေတဲ့အတွက် အများကြီး ပြောပြလို့မရပါဘူး။
ဘာသာပြန်သူကိုယ်တိုင်လည်း အပြည့်အဝနားမလည်ပါဘူး။
နားလည်နိုင်မှုကတော့ ကြည့်တဲ့သူတွေရဲ့ အတွေးနဲ့ သိထားတဲ့
ဗဟုသုတတွေအပေါ် နည်းနည်းတော့ အခြေခံမှာပါ။
ကြည့်ကြည့်လိုက်ကြပါ။
ဘာသာပြန်ပြီး အညွှန်းရေးပေးထားတာကတော့
Little Neo ဖြစ်ပြီး
Thit San Khant မှ Encode ၍
တင်ဆက်ပေးထားပါတယ်။
https://m.media-amazon.com/images/M/MV5BOWI2NWIwM2QtNTNiMC00YjNkLWJhYzktMjY5ZGJlNTA2MTdkXkEyXkFqcGdeQXVyMzgxODM4NjM@._V1_FMjpg_UX1000_.jpg
Assassination Classroom: The Graduation (2016)
⭐IMDB: 5.7/10 (863 Votes)
🎬 #Action #Adventure #Comedy #ScienceFiction #SciFi
🗓️ 2016 🎞️ Movie 📺 720p HD
🌎 #Japan
⏰ 1 နာရီ 57 မိနစ် 39 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Assassination Classroom: The Graduation (2016)
Anime S1နဲ့ ပထမကားကို အဆုံးသတ်ပြီးနောက်မှာတော့ထပ်ထွက်လာတဲ့ ဒုတိယကားကတော့ S2 ပါပဲ။
ကျောင်းဆင်းပွဲနီးလာပြီး သတ်ဖို့အချိန်မကျခင်မှာ မထင်ထားတဲ့အဖြစ်အပျက်တစ်ခုကြောင့် ကေနောက်ဆုံးအချိန်ကျမှသူ့အတိတ်ကိုပြောပြမယ်လို့ ဆုံးဖြတ်ထားတဲ့ ဆရာကိုရိုတစ်ယောက်မတတ်သာတဲ့အဆုံး သူ့အတိတ်ကိုပြောပြခဲ့ပြီးနောက်မှာတော့အရင်ကပစ်မှတ်အနေနဲ့ပဲ သဘောထားခဲ့တဲ့သူ့တပည့်တွေရဲ့ အမြင်တွေပြောင်းလဲသွားပြီး လုပ်ကြံဖို့တွေဝေသွားကြပါတော့တယ်။
ဒီလိုနဲ့ သတ်မယ့်အစား ဆရာ့ကိုကယ်ဖို့နည်းလမ်းကိုရှာဖွေကြရင်း ဆရာ့ကိုကယ်နိုင်သွားမလား။ပထမအစီအစဥ်အတိုင်း သတ်ပဲသတ်ရမလားဆိုတာ…Anime မှာ S2 နဲ့အဆုံးသတ်သွားသလိုဒီကားကလည်းနောက်ဆုံးပါပဲ ထပ်ထွက်ဖို့မရှိတော့ပါဘူး။
https://m.media-amazon.com/images/M/MV5BMTQ4MzQ3NjA0N15BMl5BanBnXkFtZTgwODQyNjQ4MDE@._V1_FMjpg_UX1000_.jpg
The Best Offer (2013)
⭐IMDB: 7.8/10 (121 k Votes)
🎬 #Crime #Drama #Mystery #Romance #Thriller
🗓️ 2013 🎞️ Movie 📺 1080p FHD
🌎 #Italy
⏰ 2 နာရီ 13 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Best Offer(2013)
==================
The Best Offer ရုပ်ရှင်ဟာ 2013 ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb
7.8/10 ရထားတဲ့ Mystery/ Romance/ Drama အမျိုးအစား
ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။
Mr. Virgil Oldman ဟာ ရှေးဟောင်းပစ္စည်းများကို
တန်ဖိုးဖြတ်ရာမှာ ကျွမ်းကျင်တဲ့ လစ်လံပစ်သူတစ်ဦးဖြစ်ပါတယ်။
သူဟာ သူ့ရဲ့ ငယ်သူငယ်ချင်းဖြစ်သူ Mr. Billy Whistler နဲ့ပူးပေါင်းပြီး
တန်ဖိုးကြီးပန်းချီကားတွေကို စျေးသက်သက်သာသာနဲ့ရအောင်
တစ်ဖက်လှည့်နဲ့ဝယ်ယူလေ့ရှိပါတယ်။ သူ့ရဲ့ တန်ဖိုးကြီးပန်းချီကားတွေကိုလည်း
သူ့အိမ်ထဲရှိ လျို့ဝှက်ခန်းထဲမှာ တန်ဖိုးထားသိမ်းဆည်းလေ့ရှိပါတယ်။
Mr. Oldman ဟာ တစ်ကိုယ်တည်း လူပျိုကြီးဘဝနဲ့နှစ်အတော်ကြာအောင်
လုပ်ငန်းထဲမှာပဲ ဘဝကိုနှစ်မြှုပ်ထားလေ့ရှိတာကြောင့် အလွန်ချမ်းသာ
ကြွယ်ဝလာသော်လည်း အချစ်ဆိုသောအရာကို တစ်ကြိမ်တစ်ခါမျှတောင်
မြည်းစမ်းခွင့်မကြုံခဲ့ဖူးပါဘူး။ တစ်နေ့မှာတော့ Miss Claire Ibbetson ဆိုသူ
အမျိုးသမီးငယ်တစ်ဦးက သူမအမွေရခဲ့တဲ့စံအိမ်ကြီးမှ ရှေးဟောင်းပစ္စည်း
များကို လေလံတင်ရောင်းချဖို့ ဆက်သွယ်လာခဲ့ပါတယ်။ ထူးခြားလှစွာပဲ
အချိန်အတော်ကြာသည့်တိုင် ထိုအမျိုးသမီးငယ်ကို Mr.Oldman မတွေ့ခဲ့
ရပါဘူး။ ထိုအခြေအနေကပဲ Mr. Oldman ရဲ့ သူမအပေါ်စိတ်ဝင်စားမှုကို
ပေါက်ဖွားလာစေခဲ့ပါတယ်။ Miss Ibbetson နဲ့ပတ်သက်တဲ့ ခံစားမှုတွေကို
သူရဲ့လူငယ်မိတ်ဆွေဖြစ်သူ အင်ဂျင်နီယာလေး Robert ဆီ ရင်ဖွင့်မိပါတယ်။
အချစ်ဆရာကြီးဖြစ်သူ Robert ရဲ့အကြံပေးမှုနဲ့ Miss Ibbetson ကိုမြင်
တွေ့ခွင့်ရဖို့ ကြိုးစားမိသောအခါ…..
ဒီ ရုပ်ရှင်ကားလေးဟာ အစပိုင်းမှာတော့ အနည်းငယ်အေးတယ်ထင်ရပေမယ့်
တဖြည်းဖြည်းနဲ့ပရိသတ်တွေကို ဟာကနဲ၊ ဟင်ကနဲ ဖြစ်သွားအောင် အဆုံးထိ
ဆွဲဆောင်နိုင်တာကို တွေ့ရပါတယ်။ ရုပ်ရှင်ကားပြီးဆုံးသွားရင်တောင်မှ
အတွေးလေးတွေ ထပ်ပွားစေမယ့် ဇာတ်ကားကောင်းလေးတစ်ကား
ဖြစ်ပါကြောင်း။(အညွှန်းနဲ့ ဘာသာပြန်ကတော့ Thae Suu ပဲ ဖြစ်ပါတယ်)
https://m.media-amazon.com/images/M/MV5BOWI2NWIwM2QtNTNiMC00YjNkLWJhYzktMjY5ZGJlNTA2MTdkXkEyXkFqcGdeQXVyMzgxODM4NjM@._V1_FMjpg_UX1000_.jpg
Assassination Classroom: The Graduation (2016)
⭐IMDB: 5.7/10 (863 Votes)
🎬 #Action #Adventure #Comedy #ScienceFiction #SciFi
🗓️ 2016 🎞️ Movie 📺 1080p FHD
🌎 #Japan
⏰ 1 နာရီ 57 မိနစ် 39 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Assassination Classroom: The Graduation (2016)
Anime S1နဲ့ ပထမကားကို အဆုံးသတ်ပြီးနောက်မှာတော့ထပ်ထွက်လာတဲ့ ဒုတိယကားကတော့ S2 ပါပဲ။
ကျောင်းဆင်းပွဲနီးလာပြီး သတ်ဖို့အချိန်မကျခင်မှာ မထင်ထားတဲ့အဖြစ်အပျက်တစ်ခုကြောင့် ကေနောက်ဆုံးအချိန်ကျမှသူ့အတိတ်ကိုပြောပြမယ်လို့ ဆုံးဖြတ်ထားတဲ့ ဆရာကိုရိုတစ်ယောက်မတတ်သာတဲ့အဆုံး သူ့အတိတ်ကိုပြောပြခဲ့ပြီးနောက်မှာတော့အရင်ကပစ်မှတ်အနေနဲ့ပဲ သဘောထားခဲ့တဲ့သူ့တပည့်တွေရဲ့ အမြင်တွေပြောင်းလဲသွားပြီး လုပ်ကြံဖို့တွေဝေသွားကြပါတော့တယ်။
ဒီလိုနဲ့ သတ်မယ့်အစား ဆရာ့ကိုကယ်ဖို့နည်းလမ်းကိုရှာဖွေကြရင်း ဆရာ့ကိုကယ်နိုင်သွားမလား။ပထမအစီအစဥ်အတိုင်း သတ်ပဲသတ်ရမလားဆိုတာ…Anime မှာ S2 နဲ့အဆုံးသတ်သွားသလိုဒီကားကလည်းနောက်ဆုံးပါပဲ ထပ်ထွက်ဖို့မရှိတော့ပါဘူး။
https://m.media-amazon.com/images/M/MV5BZjkwMDk2YWQtYTQwOS00MWI3LWExODQtODM1ZTVkZTY1NDczXkEyXkFqcGdeQXVyNTI5NjIyMw@@._V1_FMjpg_UX1000_.jpg
Bela Luna (2023)
⭐IMDB: 6.7/10 (9 Votes)
🎬 #Adult #Drama
🗓️ 2023 🎞️ Movie 📺 720p HD
🌎 #Philippines
⏰ 1 နာရီ 50 မိနစ် 04 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
*******************
Angeli Khang လေးလာပြန်ပါပြီဗျား..အာနိုနဲ့ ဘယ်လာတို့က ချစ်သူရည်းစားတွေဖြစ်ပြီး ရည်မှန်းချက်ကိုယ်စီနဲ့ပေါ့။
အာနိုက ဒါရိုက်တာဖြစ်ချင်ပြီး ဘယ်လာကတော့ စာရေးဆရာတစ်ယောက်ဖြစ်ချင်တာပါ။
ဒါပေမယ့် အာနိုဟာပိုက်ဆံရမယ့်အလွယ်လမ်းကိုလိုက်ချင်တယ်။
တစ်နေ့မှာ အာနိုဟာ ထုတ်လုပ်သူဒီဇွန်နဲ့ ဘယ်လာကိုတွေ့ပေးတယ်။
ဒီဇွန်က ဘယ်လာကို sex ခန်းတွေ၊ BDSM အခန်းတွေပိုပါမယ့်ဇာတ်လမ်းကိုရေးခိုင်းတယ်။ဘယ်လာရဲ့ဇာတ်လမ်းထဲမှာ sex အခန်းတွေကို သဘောမကျဘဲ ထပ်ခါထပ်ခါပြန်ပြင်ခိုင်းတယ်။
အဲ့ဒီနောက်မှာတော့……………….