ဇာတ်ညွှန်းများ • FDMN
Закрытый канал
Нет данных
Подписчики
-524 часа
-47 дней
+730 дней
Архив постов
Desperate Living (1977) ⭐TMDB: 64% User Score 🎬 #Comedy #Crime #Fantasy #Horror 🗓 1977 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 31 မိနစ် 37 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Desperate Livings က 1977 ထွက် Comedy/Horror Film အမျိုးအစားဖြစ်ပါတယ်။ IMDb 7 နဲ့ RT 70% ရရှိထားပါတယ် ဇာတ်လမ်းကတော့ စိတ်မနှံ့တဲ့ မိန်းမ Peggy Gravel က သူ့ယောက်ျားကို သတ်မိပြီး လွတ်သွားတယ်..အဲဒါကို သူ့အိမ်ဖော်မ ဂရီဇယ်ဒါက ပက်ဂီကိုကူညီရင်း ထွက်ပြေးရင်း မော့ဗေးဆိုတဲ့ ဒုစရိုက်သမားတွေ စုနေတဲ့ မြို့တစ်မြို့ကိုရောက်သွားတယ်။ မော့ဗေးမှာ ပက်ဂီနဲ့ ဂရီဇယ်ဒါဟာ ထူးထူးခြားခြား characters တွေ အဖြစ်အပျက်တွေ နဲ့ တွေ့ကြံကြရတယ် ဇာတ်လမ်းတစ်လျှောက် characters တွေရော events တွေရောက ယုတ္တိမတန်ပြီး မသတီစရာကောင်းကြတယ်။ ကောင်းတဲ့ဘက်ကနေ တော်တော် chaotic ဖြစ်တဲ့ကားပါ။ Dark comedy ကြိုက်တဲ့သူတွေ ကြိုက်မှာပါ။...
Unarvugal Thodarkadhai (2024) ⭐IMDB: 9.0/10 (24 Votes) 🎬 #Bollywood #Romance #Drama 🗓 2024 🎞 movie 🌎 #India ⏰ 1 နာရီ 50 မိနစ် 56 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Unarvugal Thodarkadhai(2024)”ချစ်ခြင်းပုစ္ဆာ”====================================== စိတ်ကြည်နူးစရာကောင်းတဲ့ တမီလ်စကားပြောအချစ်ရုပ်ရှင်လေးတစ်ပုဒ်ကို cm ပရိသတ်တွအတွက်တင်ဆက်ပေးချင်ပါတယ်။ တမီလ်ဟာသမင်းသားကြီး ယိုဂီဘာဘူလည်း ဒီရုပ်ရှင်ထဲမှာ အားဖြည့်ပါဝင်ထားပါသေးတယ်။ကာသစ်နဲ့ ရွှယ်သာတို့ဟာ လစ်ဗင်းတူဂဲသားနေကြတဲ့ စုံတွဲတွေပါ။အဲဒီလိုနေလာကြရင်း ကာသစ်ဟာ အဆင့်တက်ချင်လာတဲ့အတွက်ရွှယ်သာ့ကို လက်ထပ်ခွင့်တောင်းခဲ့ပေမဲ့ ရွှယ်သာကတော့ လက်မခံခဲ့ပါဘူး။ မာနထိခိုက်သွားတဲ့ ကြေကွဲလူငယ်လေး ကာသစ်ဟာ သူ့မိဘတွေ အတင်းပေးစားနေတဲ့ပရီယာဆိုတဲ့ကောင်မလေးကို ဓာတ်ပုံတောင်မကြည့်ဘဲ မျက်စိမှိတ်ပြီးလက်ထပ်ဖို့သဘောတူလိုက်ပါတယ်။ Long term RS တစ်ခု ပျက်စီးသွားလို့ လောကကြီးကို အရွဲ့တိုက်ချင်နေတဲ့ကာသစ်နဲ့ ရည်းစားတောင်မထားဖူးတဲ့ ချစ်စရာအဖြူထည်ကောင်မလေး ပရီယာတို့အိမ်ထောင်ရေးဇာတ်ကို ဘယ်လိုကကြမှာလဲ.. သူတို့နှစ်ယောက်ကြားမှာအချစ်စိတ်တွေမွေးဖွားလာမှာလားဆိုတာကို ဒီရုပ်ရှင်လေးထဲမှာ ကြည့်ရှုခံစားကြရမှာပါ…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)...
Love Mouli (2024) ⭐IMDB: 7.2/10 (25 Votes) 🎬 #Bollywood #Romance 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 21 မိနစ် 36 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Love Mouli (2024)“စိတ်ကူးထဲက မိန်းကလေး” IMDb 7.1 ဒီတစ်ခါမှာ တောတောင်ရှုခင်းတွေနောက်ခံ တေလဂူး အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်မိုလီဟာ ပန်းချီဆရာ၊ လူ့ဂွစာ၊ အထီးကျန်လူသားတစ်ယောက်။ မိဘမဲ့ဖြစ်သလို လူတွေနဲ့ဝေးရာမှာ တစ်ယောက်တည်းနေထိုင်တဲ့လူအမူအကျင့်ကစလို့၊ စိတ်နေစိတ်ထားအလယ်၊ ပုံပန်းသွင်ပြင်အဆုံး အများသူငှာနဲ့ ဆန့်ကျင်ဘက် လူရိုင်းတစ်ယောက်လိုနောက်ဆက်ပြောရရင် မိန်းကလေးတွေကိုမယုံသူ၊ အချစ်ကို တကယ်လုံးဝမရှိဘူးလို့ ယုံတဲ့လူ၊ သူ့စိတ်ကူးထဲက အိပ်မက်ဆန်ဆန် မိန်းကလေးတစ်ယောက်တော့ ရှိတယ် စံနှုန်းတွေက စိတ်ကူးယဥ်ဆန်လွန်းလို့ တကယ်မရှိဘူးလို့ သူလက်ခံထားတဲ့ မိန်းကလေးဟာ တကယ်ပဲ သူ့ဘဝထဲရောက်လာချိန်မှာတော့ … အရိုင်းဆန်တဲ့ နှလုံးသားကို ပြီးပြည့်စုံဆုံး ဆိုတဲ့ မိန်းကလေးကရော ယဥ်လာအောင် လုပ်နိုင်မလားဆိုတာ ဆက်လက်ကြည့်ရှုပေးပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်...
Grand Jeté (2022) ⭐IMDB: 4.8/10 (926 Votes) 🎬 #Adult #Drama 🗓 2022 🎞 movie 🌎 #Germany ⏰ 1 နာရီ 46 မိနစ် 5 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Grand Jeté (2022)Genre – Drama (ပွင့်လင်းမြင်သာသော လိင်မှုဆိုင်ရာ ပြကွက်များနှင့် သာမန်လူအနေဖြင့်လက်မခံနိုင်စရာ ရှုပ်ထွေးသော လူမှုဆက်ဆံရေးများ ပါဝင်သောကြောင့်အသက် ၁၈ နှစ်အောက် မကြည့်ကြစေရန် သတိပေးလိုပါသည်။) နာဂျာဆိုတာ နာမည်ကြီး ဘဲလေးအကမယ်တစ်ယောက်၊ ကလေးဘဝကတည်းကဒီအသက်မွေးကြောင်းကို ခန္ဓာကိုယ်တောင် မညှာတာပဲ အပြင်းအထန်လုပ်ခဲ့လို့ ဘဝမှာအခက်အခဲတွေ ဖြစ်လာပြီး အစဉ်မပြတ် နာကျင်ကိုက်ခဲမှုတွေကို ခံစားနေရသူပါ။ ဒါနဲ့ သင်တန်းနည်းပြ ပြောင်းလုပ်တော့လည်း ရင်ထဲက ဗလာဟင်းလင်းပြင်ကို မဖာထေးနိုင်ပဲ စိတ်ညစ်နေရသူပေါ့။ဒါကြောင့် မိခင်ဖြစ်သူ ရှိတဲ့ ဇာတိမြို့လေးကို သူ့စိတ်သူ ကုစားဖို့အတွက် ပြန်သွားခဲ့ပါတော့တယ်။နာဂျာငယ်စဉ်ဘဝ ဆယ်ကျော်သက်တုန်းက ကိုယ်ဝန်တစ်ခုကို အမှတ်မထင် ရရှိခဲ့ပါတယ် ဒါပေမဲ့ ဘဲလေးအကမယ်လုပ်ဖို့အတွက် ကလေးဖြစ်သူကို သူ့ မိခင်ဆီ အပ်ထားခဲ့ပြီး သားဖြစ်သူကိုမတွေ့တာကြာပြီး သူစိမ်းဆန်ဆန်တောင် ဖြစ်နေပါပြီ။ ယခု သူ ပြန်ရောက်လာတော့ သားဖြစ်သူ မာရီယိုက ခန္ဓာကိုယ် လေ့ကျင့်ရေးသမားတစ်ယောက် ဖြစ်နေပြီး ကြီးကောင်ပေါက် လူပျိုတစ်ယောက် ဖြစ်နေပါပြီ။ ဒီမှာတင် သားအမိနှစ်ယောက် ပြန်တွေ့ရာကနေ သူတို့ရဲ့ ရုပ်ပိုင်းဆန်ရာ ထိတွေ့မှုတွေကတဆင့်ပြင်းထန်လာပြီး သားအမိနှစ်ယောက် ရှိသင့်ရှိအပ်တဲ့ ဆက်ဆံရေးထက် ကျော်လွန်လာတဲ့အခါမှာတော့...
Love Mouli (2024) ⭐IMDB: 7.2/10 (25 Votes) 🎬 #Bollywood #Romance 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 21 မိနစ် 36 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Love Mouli (2024)“စိတ်ကူးထဲက မိန်းကလေး” IMDb 7.1 ဒီတစ်ခါမှာ တောတောင်ရှုခင်းတွေနောက်ခံ တေလဂူး အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်မိုလီဟာ ပန်းချီဆရာ၊ လူ့ဂွစာ၊ အထီးကျန်လူသားတစ်ယောက်။ မိဘမဲ့ဖြစ်သလို လူတွေနဲ့ဝေးရာမှာ တစ်ယောက်တည်းနေထိုင်တဲ့လူအမူအကျင့်ကစလို့၊ စိတ်နေစိတ်ထားအလယ်၊ ပုံပန်းသွင်ပြင်အဆုံး အများသူငှာနဲ့ ဆန့်ကျင်ဘက် လူရိုင်းတစ်ယောက်လိုနောက်ဆက်ပြောရရင် မိန်းကလေးတွေကိုမယုံသူ၊ အချစ်ကို တကယ်လုံးဝမရှိဘူးလို့ ယုံတဲ့လူ၊ သူ့စိတ်ကူးထဲက အိပ်မက်ဆန်ဆန် မိန်းကလေးတစ်ယောက်တော့ ရှိတယ် စံနှုန်းတွေက စိတ်ကူးယဥ်ဆန်လွန်းလို့ တကယ်မရှိဘူးလို့ သူလက်ခံထားတဲ့ မိန်းကလေးဟာ တကယ်ပဲ သူ့ဘဝထဲရောက်လာချိန်မှာတော့ … အရိုင်းဆန်တဲ့ နှလုံးသားကို ပြီးပြည့်စုံဆုံး ဆိုတဲ့ မိန်းကလေးကရော ယဥ်လာအောင် လုပ်နိုင်မလားဆိုတာ ဆက်လက်ကြည့်ရှုပေးပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်...
Detective Dee and the Great Illusionist (2024) ⭐TMDB: 0% User Score 🎬 #Action #Mystery 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 13 မိနစ် 13 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 စုံထောက်ကြီးဒီးနဲ့ ရုပ်ပြောင်းရုပ်လွှဲအတတ်ကျွမ်းကျင်တဲ့လူသတ်တရားခံတို့ အားပြိုင်ကြတဲ့ဇာတ်ကားပဲဖြစ်ပါတယ်။နင့်ကျိုးနယ်မှာ မကောင်းဆိုးဝါးထကြွသောင်းကျန်းတယ်လို့ဘုရင်မကြီးကြားတဲ့အတွက် စုံထောက်ကြီးဒီးကိုစေလွှတ်ခဲ့တယ်။ လူသတ်မှုဖြစ်ခဲ့တဲ့ နင့်ကျိုးကလီအိမ်တော်ကိုစုံထောက်ကြီးဒီးရောက်သွားတဲ့အခါ မူမမှန်တာကိုသိနေပေမယ့်ဘာသဲလွန်စမှမရခဲ့ပါဘူး။ ရန်သူဟာအရာအားလုံးကိုသိနေပြီခြေတစ်လှမ်းအမြဲဦးနေခဲ့တယ်။ ဉာဏ်များတဲ့လူသတ်တရားခံကိုဒီးရန်ကျယ်က ဘယ်လိုများအမိဖမ်းမလဲ……နောက်ကွယ်ကအမှန်တရားကဘာတွေဖြစ်နေမလဲ...
Sniper Elite: Nano Crisis (2024) ⭐TMDB: 0% User Score 🎬 #Action #Crime 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 22 မိနစ် 42 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ရွှေတြိဂံနယ်မြေရှိ S နိုင်ငံဟာ ဒုစရိုက်အဖွဲ့တွေနဲ့ ငြိမ်းချမ်းမှုမရှိတဲ့ နိုင်ငံဖြစ်ပါတယ်။S နိုင်ငံရဲ့ အထူးတပ်ဖွဲ့ဝင် စနိုက်ပါသမား ပိုင်ယဲ့ဟာနာ့မီနည်းပညာမှာ ပါရဂူဖြစ်တဲ့ ပါမောက္ခဝေကိုကာကွယ်ပို့ဆောင်ပေးဖို့ တာဝန်ကျခဲ့ပါတယ်။ ပို့ဆောင်တဲ့လမ်းမှာကင်းမြီးကောက်အဖွဲ့ရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီးပိုင်ယဲ့တစ်ယောက် ဒဏ်ရာ အပြင်းအထန်ရသွားခဲ့ပါတယ်။ ပါမောက္ခဝေက နာ့မီနည်းပညာနဲ့ ပြန်လည်ကုသပေးခဲ့တဲ့အတွက်အမြန်ဆုံး သက်သာသွားတဲ့ ပိုင်ယဲ့ဟာ ကင်းမြီးကောက်လက်ထဲကျန်ခဲ့တဲ့ ညီအစ်ကိုကို သွားကယ်ခဲ့ပါတယ်။ နာ့မီနည်းပညာနဲ့ကမ္ဘာကြီးကို အုပ်ချုပ်နိုင်ဖို့ ကြိုးစားနေတဲ့ ကင်းမြီးကောက်ကနာ့မီစမ်းသပ်ရေးစခန်းကို ရှာတွေ့သွားခဲ့ပြီးပုန်းခိုတိုက်ခိုက်ခဲ့တဲ့အတွက် ပါမောက္ခဝေကလွှဲပြီး ကျန်တဲ့လူအကုန် သေသွားခဲ့ပါတယ်။ ပါမောက္ခဝေကို ပြန်လည်ကယ်တင်ဖို့အတွက်……ရွှေတြိဂံနယ်မြေက ပြည်သူတွေရဲ့ ငြိမ်းချမ်းလုံခြုံရေးအတွက်……ပိုင်ယဲ့တို့အဖွဲ့က ဘယ်လို ကြိုးစားတိုက်ခိုက်ကြမလဲဆိုတာကို ရုပ်ရှင်နဲ့အတူ ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။...
Kleks Academy (2023) ⭐IMDB: 4.6/10 (1 k Votes) 🎬 #Fantasy #Adventure #Family 🗓 2023 🎞 movie 🌎 #Poland #Bulgaria #Norway ⏰ 2 နာရီ 10 မိနစ် 10 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါ စိတ်ကူးယဉ်ဆန်ဆန် ကလေးတိုအကြိုက် ဇာတ်ကားတစ်ကား ဖြစ်မယ့် Kleks Academy ဆိုတဲ့ စိတ်ကူးယဉ် ရုပ်ရှင်လေးနဲ့ မိတ်ဆက်ပေးပါမယ်.. ဆယ်ကျော်သက် အရွယ် အာဒါဆိုတဲ့ ကောင်မလေးဟာ ကလက်စ်အကယ်ဒမီ နတ်သမီးပုံပြင်ကျောင်းတော်မှာ တက်ရောက်ဖို ဖိတ်ကြားခံခဲ့ရပါတယ်။ ဒီကျောင်းဟာ ကမ္ဘာတဝှမ်းက ထူးခြားတဲ့ စွမ်းအင်ရှိပြီး အလားအလာကောင်းတဲ့ ကလေးတွေသာ တက်ရောက် နိုင်တာပါ။ အာဒါရဲ့ မိဘနှစ်ယောက်လုံးကလည်း ဒီကျောင်းမှာ တက်ရောက်ခဲ့ကြပြီး အချင်းချင်း တွေ့ဆုံခဲ့ကြပါတယ်။ ဒီနယ်မြေနဲ့ အပြင်လောကနဲ့အကြား အာဒါတိုလို ကလေး အရွယ်တွေသာ ကူးလူးသွားလာနိုင်တာ ဖြစ်ပြီး စိတ်ကူးယဉ်ဖန်တီးမှုတို ကွန့်မြူးရာ နယ်မြေဆိုရင်လည်း မမှားပါဘူး။ ကိုယ်တိုင်ရဲ့ ထူးခြားတဲ့စွမ်းအင်က ဘာလဲဆိုတာ မသိသေးတဲ့ အာဒါတစ်ယောက် ဘဝရဲ့ စွန့်စားခန်း ဖွင့်ဖိုအတွက် ဒီကျောင်းတော်ကြီးကို တက်ရောက်ဖို ဆုံးဖြတ်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ဝံပုလွေမျိုးနွယ်စုတွေက သူတိုရဲ့ ယခင်ခေါင်းဆောင်ဟောင်းကို သတ်ခဲ့တဲ့သူဟာ ပုံသဏ္ဍန်ပြောင်းလဲပြီး ဒီကျောင်းမှာ ရှိနေတာကို သိလိုက်တဲ့ အချိန်မှာ ဒီနယ်မြေကို ဝင်ရောက်ဖို နည်းမျိုးစုံနဲ့ ကြိုးစားပါတော့တယ်။ အာဒါတစ်ယောက် ကလက်စ်အကယ်ဒမီမှာ တက်ရောက်ရင်း သူမရဲ့ ပျောက်ဆုံးနေတဲ့ ဖခင်ဖြစ်သူရဲ့ သဲလွန်စတချိုနဲ့အတူ မိသားစု လျှိဝှက်ချက်ကိုပါ သိရှိလိုက်ရတဲ့ အချိန်မှာတော့...
Drawing Closer (2024) ⭐IMDB: 7.1/10 (130 Votes) 🎬 #Drama #Romance 🗓 2024 🎞 movie 🌎 #Japan ⏰ 2 နာရီ 11 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 “အချစ်ဟာ ကံဆိုးတဲ့လူတစ်ယောက်ရဲ့ကမ္ဘာကြီးထဲက အနက်ရောင်စုတ်ချက်တွေကိုတောင် မျက်စိကျိန်းလောက်အောင် တောက်ပတဲ့အရောင်တွေအဖြစ်ပြောင်းလဲပေးနိုင်ပါတယ်” တဲ့။ ဇွန်လ ၂၇ ရက်ကမှထွက်ရှိထားတဲ့ Drawing Closer ရုပ်ရှင်ဟာ Romance ၊ Drama အမျိုးအစားဖြစ်ပါတယ်။ အသက်ရှင်ဖို့တစ်နှစ်ပဲ ကျန်တော့တယ်ဆိုတာသိလိုက်ရတဲ့ အသက် ၁၇ နှစ်အရွယ်ကောင်လေးအာကီတိုအတွက် ဘဝက ရုတ်တရက်အဓိပ္ပါယ်မဲ့သွားပြီး သူအကြိုက်ဆုံးပန်းချီဆွဲတဲ့ ဝါသနာကိုတောင် စွန့်လွှတ်ခဲ့ပါတယ်။ အာကီတိုက ကျန်ရှိတဲ့ အချိန်တွေမှာ မိသားစုနဲ့တခြားသူတွေအတွက်ဝန်ထုပ်ဝန်ပိုး မဖြစ်အောင်နေသွားပြီးပဲ ဘဝကိုအရှုံးပေးလိုက်တော့မယ်လို့ ဆုံးဖြတ်ထားခဲ့ပါတယ်။ တစ်ရက်မှာတော့ ဆေးရုံမှာ ခြောက်လသာအသက်ရှင်ရတော့မယ့် သက်တူရွယ်တူကောင်မလေးဟာရူနာနဲ့တွေ့ဆုံခဲ့ပါတယ်။ ဘဝမှာနေရမယ့်အချိန်သိပ်မကျန်တော့တဲ့ ဘဝတူတွေချင်း အတူတူဖြစ်နေတာကြောင့် အာကီတိုက ဟာရူနာမသေခင်မှာ ဟာရူနာဖြစ်ချင်တာအားလုံးလုပ်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ အာကီတိုထင်မထားခဲ့တာက ဟာရူနာရဲ့နောက်ဆုံး ဆန္ဒတွေကိုလိုက်လံဖြည့်ဆည်းပေးခဲ့တာတွေက သူ့အတွက်ရှေ့ဆက် အသက်ဆက်ရှင်အောင်အတတ်နိုင်ဆုံးကြိုးစားကြည့်ချင်စိတ် ဖြစ်ပေါ်လာစေဖို့ ဘဝရဲ့အဓိပ္ပါယ်ကိုရှာဖွေတွေ့ရှိသွားစေခဲ့တာပဲ ဖြစ်ပါတယ်။...
A Shine of Rainbows (2009) ⭐IMDB: 7.1/10 (2 k Votes) 🎬 #Drama #Family 🗓 2009 🎞 movie 🌎 #Canada #Ireland ⏰ 1 နာရီ 42 မိနစ် 6 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 သက်တန့်အလင်းရောင် “A Shine of Rainbows” ရတော့ ကြည်နူးစရာဇာတ်ကားလေးတကားဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ အိုင်ယာလန်က မိဘမဲ့ကလေး တောမတ်စ်ဟာ စရိုက်ကြမ်းတဲ့ မိဘမဲ့ဂေဟာတခုမှာ အထီးကျန်ဆန်စွာနေထိုင်ပြီး ဘဝကို ရင်ဆိုင်နေရတာပါ။ သူက လူကောင်သေးပြီး ရှက်ရွံ့တတ်သလို စကားထစ်တာကြောင့် ဂေဟာမှာ အနိုင်ကျင့်ခံနေရပါတယ်။ ဒါပေမဲ့ အပြုံးအလှပိုင်ရှင် မိုင်ယာဆိုတဲ့ အမျိုးသမီးနဲ့ တွေ့ဆုံတဲ့အခါမှာတော့ တောမတ်စ်ရဲ့ဘဝက တဆစ်ချိုး ပြောင်းလဲသွားခဲ့ပါတယ်။ သူ့ရဲ့စိတ်ဝိညာဉ်နဲ့ နှလုံးသားကို တောက်ပစေတဲ့ မိုင်ယာဟာ သူ့ကို သဘာဝကျွန်းတခုမှာ ခေါ်ယူမွေးစားပြီး ခင်မင်ရင်းနှီးမှု၊ လက်ခံမှုနဲ့ ချစ်ခြင်း မေတ္တာရဲ့စွမ်းအားတွေကို ရှာဖွေတွေ့ရှိစေခဲ့ပါတယ်။ သဘာဝတရားနဲ့ သက်တန့်အလင်းရောင်ရဲ့ သာယာအေးချမ်းတဲ့ အလှအပတွေထဲမှာ တောမတ်စ်ဟာ အတိတ်က ဒဏ်ရာတွေကို ကုစားတတ်ဖို့ သင်ယူပြီး ပိုမိုတောက်ပတဲ့ အနာဂတ်အတွက် မျှော်လင့်ချက်ကို ရှာဖွေနေပုံကို ကြည်နူးဆွတ်ပျံ့စွာခံစားရမယ့် မိသားစုဒရာမာဇာတ်ကားကောင်းတခုဖြစ်ပါတယ်။...
Pagalariyaan (2024) ⭐IMDB: 8.2/10 (654 Votes) 🎬 #Bollywood #Thriller 🗓 2024 🎞 movie 🌎 #India ⏰ 1 နာရီ 58 မိနစ် 6 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Pagalariyann 2024 မှောင်ရိပ်အလွန် IMDb-8.4/10 ငယ်နုစဉ်အချိန်မှာ အချစ်ကိုယုံမှတ်လို့ ပုံအပ်မိတဲ့အခါ၊တဒင်္ဂဆုံးဖြတ်ချက်အမှားအတွက် တန်ကြေးကြီးကြီး ပေးဆပ်ရတဲ့ မိန်းကလေးတွေကျွန်တော်တို့ပတ်ဝန်းကျင်မှာလည်း အတော်ကိုများပါတယ်။ အခုဒီဇာတ်ကားလေးကလည်း အချစ်ကိုအနှစ် ချစ်သူကို ဘဝရဲ့အလင်းရှင်လို့သတ်မှတ်မိတဲ့မိန်းကလေးရဲ့အကြောင်းပေါ့။ အဖေရော သူငယ်ချင်းတွေက တားနေတဲ့ကြားကနေအချစ်ကိုရှေ့တန်းတင်ပြီးတော့ ချစ်သူဝုဖ်ခေါ်ဆောင်ရာကို မိုင်သီလီတစ်ယောက်ကောက်ကောက်ပါအောင် ခိုးရာလိုက်သွားတာပေါ့။ တစ်ဖက်က အစ်ကိုဖြစ်သူလူမိုက်ဂိုဏ်းခေါင်းဆောင်ကလည်း ဒီညီမလေးတစ်ယောက်ရှိတာဆိုတော့ အသည်းအသန်သူ့လူတွေကိုလွှတ်ရင်းနဲ့လိုက်ရှာ၊ အဖေကလည်း ဒီသမီးလေးကိုစိုးရိမ်စိတ်နဲ့ဗျာများနေရတဲ့အချိန်… တစ်ဖက်ကလည်း အခွင့်ကြုံတာနဲ့ တွယ်ချင်တဲ့ ပြိုင်ဘက်ဂိုဏ်းတွေက ငယ်သားတွေ မရှိနေတဲ့ ဆိုင်းလန့်ဆီကိုလုပ်ကြံရေးသမားတွေလွှတ်လိုက်တာပေါ့။ ဒါပေမဲ့ မိုင်သီလီတစ်ယောက် ဘဝရဲ့အလင်းရှင်ရယ်လို့သတ်မှတ်ထားတဲ့ဝုဖ်က တကယ်တော့ နာမည်နဲ့လိုက်အောင် မင်းသားခေါင်းဆောင်းထားတဲ့ဘီလူးဖြစ်နေတဲ့အခါမှာတော့ဘာတွေဆက်ဖြစ်ကြမလဲ။ မထင်မှတ်ထားတဲ့ ဘယ်လိုplot twistတွေပါဦးမလဲဆိုတာ ရှုစားလိုက်ရအောင်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamမှပဲ ဖြစ်ပါတယ်)...
A Fistful of Dollars (1964) ⭐TMDB: 78% User Score 🎬 #Action #DollarsTrilogy #Drama #Western 🗓 1964 🎞 movie 🌎 #Germany #Italy #Spain #WestGermany ⏰ 1 နာရီ 40 မိနစ် 39 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 A Fistful of Dollars (1964) ~ IMDb – 8/10, RT – 98% ~ ဇာတ်ကား သုံးကားမှာ အဓိက သရုပ်ဆောင်ဖြစ်ပေမယ့် ဇာတ်ကားထဲမှာ သူ့နာမည်ကို ဘယ်သူမှ မသိကြဘူး။ သိတဲ့သူတွေကလည်း သူ့နာမည်ကို မခေါ်ကြဘူး။ ဒီတော့ ကောင်းဘွိုင်ရုပ်ရှင်ချစ်ပရိသတ်က သူ့ကိုချစ်စနိုးခေါ်ကြတာ Man with No Name တဲ့။ နာမည်မရှိတဲ့လူသားကြီး၊ လူကြမ်းကြီး၊ ခြေသလုံးအိမ်တိုင်၊ လေနှင်ရာလွင့်၊ ရောက်တဲ့အရပ်မှာ ဘဝကို ကုလားဖန်ထိုး၊ မတရားတာတွေ့ရင် ဓားခုတ်ရာ လက်ဝင်လျှိုတတ်သေး။ အမေရိကန်မြောက်ပိုင်းသား ယန်းကီး၊ မြင်းနဲ့ မြည်း စပ်ပြီးကျလာတဲ့ mule တစ်ကောင်နဲ့၊ ပွိုင့် 45 ပစ္စတို (ခြောက်လုံးပူး) တစ်လက်နဲ့၊ ဘယ်အချိန်မဆို ဘိုင်ကျ အိတ်ကပ်ခါလီသမား။ ခါးကြားကဗျောက်ကိုထုတ် တစ်စက္ကန့်အတွင်းမှာ 6 rounds (ကျည်ခြောက်တောင့်) လုံးကို ကုန်အောင်ပစ်ပြနိုင်တဲ့သူ။ သူတို့ခေတ်က ပစ္စတို (ခြောက်လုံးပူး) ဆိုတာက တစ်ချက်ပစ်ပြီးရင် ပြောင်းရင်းကမောင်းကို ပြန်ဆွဲချရသေးတာနော်။ အဲ ကျည်ခြောက်တောင့်ထွက်ရင် အနည်းဆုံး လူလေးယောက်ပဲ။ မင်းသားကြီး Clint Eastwood ရဲ့ ဇာတ်ကားသုံးကား။ A Fistful of Dollars (1964), For a Few Dollars More (1965), The Good The Bad and The Ugly (1966)။ ဝက်ဝက်ကွဲအောင်မြင်ခဲ့ပြီး Clint Eastwood ဆိုတဲ့ စစ်ထွက်ချာတိတ်လေးကို အရှိန်အဝါကြီးလှတဲ့ မင်းသားကြီး ဖြစ်စေခဲ့တာပေါ့။ အခုတင်ဆက်ပေးမယ့် A Fistful of Dollars (1964) ရယ်၊ အရင်က တင်ပေးထားတဲ့ The Good The Bad and The Ugly (1966) ရယ်ဆိုရင် two down one to go ပေါ့နော့။ ဇာတ်လမ်းအကျဉ်းကတော့ စီးပွားပြိုင်ဖက် အုပ်စုကြီးနှစ်စု မြို့ငယ်လေးတစ်မြို့မှာ အားပြိုင်နေကြ။ အူတူတူလိုလို ဆရာကြီးလိုလိုပုံစံနဲ့ နာမည်မရှိတဲ့ အမေရိကန်သား ကောင်းဘွိုင်လေးဝင်လာ။ ခါးကြားကဗျောက်ကိုဆွဲထုတ် တစ်စက္ကန့်အတွင်း လူလေးယောက် ငရဲပြည်ပို့ပြလိုက်တော့ အုပ်စုကြီးနှစ်ခုလုံးကစိတ်ဝင်စားသွား။ ဟိုဘက်သားလိုလို ဒီဘက်သားလိုလိုနဲ့ ကုလာဖန်ထိုး လွန်းလိုနှစ်ဖက်ချွန်မက၊ စမူဆာလို သုံးဖက်ချွန်မက၊ ဆိုင်ကယ်စပေါ့ကတ်လို နေရာတကာချွန်တဲ့ကောင်ဆိုတော့လည်း နှစ်ဖွဲ့လုံးကို ရန်တိုက်ပြီး လိုချင်တာယူသွားရောတဲ့။ အညှီအဟောက်မပါ မိန်းမဇာတ်ကောင်ကို ငါးမိနစ်ပြည့်အောင်မထည့်ဘဲ အတောင်ခြောက်ဆယ်ဝတ် မင်းယောက်ျားကြီးတွေ ရမ်းကားပစ်ခတ် လူ့အသက်ကို ကွမ်းရွက်လေးလို ဝါးပြီးထွေးကြပုံတွေ၊ ငါသတ်မင်းသေ မင်းသတ်ငါသေ လမ်းအလယ်မှာ မပြေးတမ်း ကြမ်းပြတာတွေကတော့ ကောင်းဘွိုင်ကားမှ ကောင်းဘွိုင်ကားပါပဲပေါ့။ လေရှည်ပါတယ်ဗျာ။ Download and watch and let it makes your day ပါပဲ ရုပ်ရှင်ချစ်ပရိသတ်တို့။ (ဇာတ်ကားအညွှန်းကို Arr Khun Winchester မှ ရေးသားပေးထားပါတယ်) Size – 1.55GB, 962MBQuality – Bluray 1080p, 720pDuration – 1Hr 39minsSubtitles – Myanmar HardsubFormat – MP4Genre – Action, Drama, WesternTranslated byArr Khun WinchesterEncoded by Y Dollars Trilogy သုံးကားတွဲ ကြည့်ရှုရန်...
Day of the Woman (1978) ⭐TMDB: 60% User Score 🎬 #Adult #Horror #Thriller 🗓 1978 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 41 မိနစ် 27 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 I Spit on Your Grave/ Day of the Woman (1978) I Spit on Your Grave ဟာ အဓမ္မမှုကိုရက်ရက်စက်စက်လက်စားပြန်ချေတဲ့ဇာတ်ကားတွေထဲမှာ အထင်ကရဖြစ်ဆုံးဇာတ်ကားတွေထဲကတစ်ကားဖြစ်ပြီး 2010 မှာပြန်ရိုက်ခဲ့တဲ့ remake ဇာတ်ကားတွေဟာလည်းအောင်မြင်မှုရခဲ့ပါတယ်။ခုတင်ဆက်လိုက်တာကတော့ မူရင်း အော်ရဂျင်နယ် ၁၉၇၈ ခုနှစ်က ရုပ်ရှင်ကားဖြစ်ပါတယ်။ ပထမဆုံးဇာတ်ကားစတင်ထွက်ရှိချိန်မှာ သူ့ရဲ့ကြမ်းတမ်းရက်စက်မှုတွေ၊ဝတ်လစ်စားလစ်ဇာတ်ဝင်ခန်းပေါင်းမြောက်များစွာတွေကြောင့် ရုံမတင်ခင်ကတည်းက အငြင်းပွားမှုတွေပြဿနာတွေမျိုးစုံရင်ဆိုင်ခဲ့ရပြီး ဇာတ်ကားရုံတင်ချိန်မှာလည်းဝေဖန်ရေးဆရာတွေရဲ့ရှုံ့ချမှုတွေကိုအပြင်းအထန်ခံခဲ့ရပါတယ်။ဒါပေမယ့် အခုချိန်မှာတော့cult classic ဇာတ်ကားတစ်ကားအဖြစ် ရပ်တည်နေခဲ့ပါပြီ။ ဇာတ်လမ်းအကျဉ်းကတော့…စာရေးဆရာမပေါက်စလေး ဂျနီဖာဟေးလ်ဟာ နယ်စွန်နယ်ဖျားက လူသူဝေးလံတဲ့တောအုပ်ထဲက အိမ်တစ်လုံးကို စာရေးဖို့ရည်ရွယ်ချက်နဲ့ငှားရမ်းခဲ့ပါတယ်။မြို့အဝင်ဆီဆိုင်မှာတွေ့ခဲ့ရတဲ့လူရွယ်တစ်စုကို မြို့ကြီးသူပီပီ မိတ်ဖွဲ့ပြီးရင်းရင်းနှီးနှီးစကားဆိုခဲ့မိရာကနေ တောသားငစနူတွေက သူ့ရဲ့ဖော်ရွေမှုကိုအထာပေးတယ်လို့ယူဆပြီး သူငှားနေတဲ့ အိမ်ကိုလာအုပ်စုဖွဲ့မုဒိမ်းကျင့်ရာကနေ နောက်ဆုံးလက်စဖျောက်ပစ်ဖို့အထိကြိုးစားခဲ့ကြပါတယ်။ဒါပေမယ့် ကံကောင်းထောက်မစွာသေကံမရောက်ခဲ့တဲ့ဂျနီဖာဟာ သူ့ကိုအဓမ္မကျင့်ခဲ့တဲ့မုဒိမ်းကောင်တွေကို ရက်ရက်စက်စက်ပြန်ပြီးကလဲ့စားချေပါတော့တယ်။ Horror,Thriller အမျိုးအစားဖြစ်ပြီး ကြမ်းတမ်းရက်စက်တဲ့သတ်ခန်းဖြတ်ခန်း ဝတ်လစ်စားလစ်ဇာတ်ဝင်ခန်းတွေပါဝင်တဲ့အတွက် မိသားစုနဲ့ကြည့်ဖို့မသင့်ပါ။...
Bad Times at the El Royale (2018) ⭐IMDB: 7.1/10 (166 k Votes) 🎬 #Crime #Drama #Mystery #Thriller 🗓 2018 🎞 movie 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 22 မိနစ် 40 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Bad Times at the El Royale (2018)IMDb – 7.1/10_____Rotten – 75% အခုမိတ်ဆက်ပေးမယ့် ဇာတ်ကားကတော့ 2018 မှာ ထွက်လာတဲ့ အသစ်စက်စက်ရုံတင်ကား Bad Times At The El Royale ဆိုတဲ့ ဇာတ်ကားလေးပါ El Royale ဆိုတဲ့ ဟိုတယ်ရှေ့မှာ ဖာသာဒန်နီယယ်ဖလင်းဆိုတဲ့ ဘုန်းတော်ကြီးတစ်ပါးနဲ့ အဆိုတော်ပေါက်စခါလင်းဆွိတို့ တွေ့ဆုံတဲ့နေရာကနေ ဇာတ်လမ်းလေးကို စတင်ထားပါတယ် ဒါလင်းကတော့ ကယ်လီဖိုးနီးယားကနေ သီချင်းဆိုဖို့ လာခဲ့တာဖြစ်ပါတယ် ဒါပေမဲ့ ငွေကြေးသိပ်မပြည့်စုံလို့ ဒီဟိုတယ်မှာလာတည်းတာပါ ဖာသာဖလင်းကတော့ သူ့ညီဖြစ်သူ ဖွက်ထားခဲ့တဲ့ ငွေတွေကို ပြန်ယူဖို့ ဟိုတယ်ကို ရောက်လာခဲ့တာပါ သူတို့အရင် ဟိုတယ်မှာ ရောက်နေနှင့်တဲ့သူကတော့ ဖုန်စုပ်စက်အရောင်းဝန်ထမ်းဟန်ဆောင်ထားတဲ့ အေးဂျင့်ဘရော့ဘက်ပါ သူ့မှာလည်း လူတွေသိပ်မတည်းကြတော့တဲ့ El Royale ကို လာတည်းရတဲ့ အကြောင်းတစ်ခုရှိနေပါတယ် ဟိုတယ်တစ်ခုလုံးမှာ ဝန်ထမ်းဆိုလို့ မိုင်စ်မီလာဆိုတဲ့ ကောင်လေးတစ်ယောက်ပဲ ရှိပါတယ် သူကလဲ ဆေးကြောင်နေတာလိုလို တစ်ခုခုကိုပဲ လန့်နေတာလိုလိုနဲ့ လျှို့ဝှက်ချက်တွေနဲ့ပါ နောက်ဆုံးမှ ရောက်လာတာကတော့ အမ်မလီဆိုတဲ့ ဟစ်ပီလေးပါ သူကတော့ ဟိုတယ်မှာ ဘယ်လိုအခန်းပဲတည်းရတည်းရဆိုပီး အခန်းတစ်ခန်းကို ငှားလိုက်ပါတယ် သူကရော ဘာတွေ လျှို့ဝှက်ထားတာလဲ အကြောင်းကိုယ်စီ လျှို့ဝှက်ချက်ကိုယ်စီနဲ့ ရောက်လာကြတဲ့ သူစိမ်းတွေအားလုံး ဒီဟိုတယ်ထဲမှာ ဘယ်လိုအဖြစ်အပျက်တွေ ကြုံတွေ့ရမှာလဲဆိုတာတော့ သည်းထိပ်ရင်ဖိုနဲ့ စိတ်ဝင်စားဖွယ် ကြည့်ရှုရမယ့် ဇာတ်ကားလေးပါ IMDB rating က 7.1 ထိရထားနဲ့ ထိုက်တန်သလို ကြည့်ရအတော်ကောင်းတဲ့ ဒရမ်မာကားလေးပါ ဒါ့အပြင် ဒီထဲမှာ အော်စကာဆုရမင်းသားကြီး Jeff Bridges, Thor မင်းသား Chris Hemsworth နဲ့ Fifty Shades Of Grey မင်းသမီး Dakota Johnson တိုနဲ့အတူ တခြားနာမည်ကြီးသရုပ်ဆောင်တွေပါဝင်သရုပ်ဆောင်ပေးထားပါတယ် လက်မလွတ်တမ်း ကြည့်သင့်တဲ့ ဇာတ်ကားလေးလို့ ညွှန်းပေးပါရစေ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ မေသရဖီလွင်ပါ) ————————————————————– အခုမိတ်ဆက်ပေးမယ့် ဇာတ်ကားကတော့ 2018 မှာ ထွက်လာတဲ့ အသစ်စက်စက်ရုံတင်ကား Bad Times At The El Royale ဆိုတဲ့ ဇာတ်ကားလေးပါ El Royale ဆိုတဲ့ ဟိုတယ်ရှေ့မှာ ဖာသာဒန်နီယယ်ဖလင်းဆိုတဲ့ ဘုန်းတော်ကြီးတစ်ပါးနဲ့ အဆိုတော်ပေါက်စခါလင်းဆွိတို့ တွေ့ဆုံတဲ့နေရာကနေ ဇာတ်လမ်းလေးကို စတင်ထားပါတယ် ဒါလင်းကတော့ ကယ်လီဖိုးနီးယားကနေ သီချင်းဆိုဖို့ လာခဲ့တာဖြစ်ပါတယ် ဒါပေမဲ့ ငွေကြေးသိပ်မပြည့်စုံလို့ ဒီဟိုတယ်မှာလာတည်းတာပါ ဖာသာဖလင်းကတော့ သူ့ညီဖြစ်သူ ဖွက်ထားခဲ့တဲ့ ငွေတွေကို ပြန်ယူဖို့ ဟိုတယ်ကို ရောက်လာခဲ့တာပါ သူတို့အရင် ဟိုတယ်မှာ ရောက်နေနှင့်တဲ့သူကတော့ ဖုန်စုပ်စက်အရောင်းဝန်ထမ်းဟန်ဆောင်ထားတဲ့ အေးဂျင့်ဘရော့ဘက်ပါ သူ့မှာလည်း လူတွေသိပ်မတည်းကြတော့တဲ့ El Royale ကို လာတည်းရတဲ့ အကြောင်းတစ်ခုရှိနေပါတယ် ဟိုတယ်တစ်ခုလုံးမှာ ဝန်ထမ်းဆိုလို့ မိုင်စ်မီလာဆိုတဲ့ ကောင်လေးတစ်ယောက်ပဲ ရှိပါတယ် သူကလဲ ဆေးကြောင်နေတာလိုလို တစ်ခုခုကိုပဲ လန့်နေတာလိုလိုနဲ့ လျှူိ့ဝှက်ချက်တွေနဲ့ပါ နောက်ဆုံးမှ ရောက်လာတာကတော့ အမ်မလီဆိုတဲ့ ဟစ်ပီလေးပါ သူကတော့ ဟိုတယ်မှာ ဘယ်လိုအခန်းပဲတည်းရတည်းရဆိုပီး အခန်းတစ်ခန်းကို ငှားလိုက်ပါတယ် သူကရော ဘာတွေ လျှူိ့ဝှက်ထားတာလဲ အကြောင်းကိုယ်စီ လျှူိ့ဝှက်ချက်ကိုယ်စီနဲ့ ရောက်လာကြတဲ့ သူစိမ်းတွေအားလုံး ဒီဟိုတယ်ထဲမှာ ဘယ်လိုအဖြစ်အပျက်တွေ ကြုံတွေ့ရမှာလဲဆိုတာတော့ သည်းထိပ်ရင်ဖိုနဲ့ စိတ်ဝင်စားဖွယ် ကြည့်ရှုရမယ့် ဇာတ်ကားလေးပါ IMDB rating က 7.1 ထိရထားနဲ့ ထိုက်တန်သလို ကြည့်ရအတော်ကောင်းတဲ့ ဒရမ်မာကားလေးပါ ဒါ့အပြင် ဒီထဲမှာ အော်စကာဆုရမင်းသားကြီး Jeff Bridges, Thor မင်းသား Chris Hemsworth နဲ့ Fifty Shades Of Grey မင်းသမီး Dakota Johnson တိုနဲ့အတူ တခြားနာမည်ကြီးသရုပ်ဆောင်တွေပါဝင်သရုပ်ဆောင်ပေးထားပါတယ် လက်မလွတ်တမ်း ကြည့်သင့်တဲ့ ဇာတ်ကားလေးလို့ ညွှန်းပေးပါရစေ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ မေသရဖီလွင်ပါ)...
How Much Do You Love Me? (2005) ⭐TMDB: 59% User Score 🎬 #Adult #Comedy #Drama #Romance 🗓 2005 🎞 movie 🌎 #France #Italy ⏰ 1 နာရီ 34 မိနစ် 15 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ပုရိသအပေါင်းတို့ အကြိမ်ကြိမ်ကြွေခဲ့ရသော Malena ဇာတ်ကားထဲက မမကြီး Monica Bellucci ကို အမှတ်ရကြဦးမလား…. ဒီဇာတ်ကားမှာလဲ မမကြီးဟာ ကျွန်တော်တို့ကို အကြိမ်ကြိမ်ထပ်ခြွေဦးမှာပါ…သိဘို့။ မမရဲ့ဖြစ်တည်မှုတွေက ပြင်းရှတဲ့ နှစ်ချို့ဝိုင်တစ်ခွက်လို …။ ဇာတ်လမ်းကိုသွားရမယ်ဆိုရင်တော့ဖြင့်…. ဖရန်ဆွာ့ဇ်ဟာ ဟာ အထီးကျန်ဘဝနဲ့ သူ့ရဲ့ ပျင်းရိစရာ ရုပ်အလုပ်တို့ကို ငြီးငွေ့နေတဲ့ ပြင်သစ်သားတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာတော့ ဘားတစ်ခုကိုသွားရင်း လှပတဲ့ မိန်းမပျက်ကလေးတစ်ဦးဖြစ်တဲ့ ဒင်နီယယ်လာ နဲ့ ဆုံခဲ့တယ်။ မြင်မြင်ချင်းဒင်နီယယ်လာကိုစွဲလန်းမိရင်းက သူဟာ မီလျံချီ ထီပေါက်ထားတဲ့သူဖြစ်ကြောင်း နဲ့ သူနဲ့ အတူနေမယ်ဆိုရင် တစ်လကို ယူရို ၁၀၀.၀၀၀ငွေမကုန်မချင်းပေးမယ်လို့ ကမ်းလှမ်းလာတဲ့အခါ ဒင်နီယယ်လာကလဲ သဘောတူခဲ့တယ်။ သဘောမတူနိုင်တာကတော့ သူ့ သူငယ်ချင်းလဲဖြစ် သူ့ ဆရာဝန်လဲဖြစ်တဲ့ အန်ဒရေးပါ။ အန်ဒရေးက ဖရန်ဆွာ့ဇ်ရဲ့ နှလုံးအားနည်းရောဂါဟာ ဒီလိုလိင်မှု ကိစ္စတက်ကြွပုံမျိုးနဲ့ သင့်တော်မှာ မဟုတ်ဘူးလို့ သတိပေးပါတယ်။ စားသောက်ဆိုင်မှာ ညစာစားကြရင်း ဒင်နီယယ်လာ အစာအဆိပ်သင့်သလိုဖြစ်တော့ အန်ဒရေးကို လှမ်းခေါ်ခဲ့တယ်။ အခန်းထဲမှာ နှစ်ယောက်တည်းစမ်းသပ်နေရင်း ဒင်နီယယ်လာက အဝတ်အစားချွတ်ပေးရမလားလို့မေးတယ်။ သူက မလိုအပ်ကြောင်းပြောပေမယ့် ဒင်နီယယ်လာကဇွတ်အဝတ်အစားချွတ်လိုက်ချိန်မှာတော့ ရင်ဖိုလှိုက်မောစရာကောင်းလောက်အောင်လှပတဲ့ သူ့ခန္ဓာကိုယ်ကောက်ကြောင်းရဲ့ဆွဲဆောင်မှုကို မခံနိုင်တော့ပဲ..။ လူရိုးလူအေးကြီး တစ်ယောက်ဖြစ်တဲ့ ဖရန်ဆွာ့ဇ်ရဲ့ ဘဝကို ဒင်နီယယ်လာ တစ်ယောက် ဘယ်လိုကမောက်ကမ ကျွမ်းထိုးမှောက်ခုံတွေဖြစ်အောင် မွှေနှောက်မလဲဆိုတာ ဆက်လက်ရှုစားကြပါ။ဒင်နီယယ်လာ အဖြစ် သရုပ်ဆောင်ထားတဲ့ ကမ္ဘာအလှဆုံး အမျိုးသမီးစာရင်းအကြိမ်ကြိမ်ဝင်ခဲ့တဲ့ မမကြီး Monica Bellucci ရဲ့မိမွေးတိုင်း ဖမွေးတိုင်း အလှအပတွေနဲ့ကြည့်လို့တန်စေမှာပါ။ (မိသားစုနဲ့တော့ ကြည့်လို့မပြေလောက်ပါဘူး။)...
Inga Naan Thaan Kingu (2024) ⭐IMDB: 5.8/10 (119 Votes) 🎬 #Bollywood #Comedy #Thriller 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 10 မိနစ် 42 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Inga Naan Thaan Kingu 2024 (ငါသည်သာ တစ်ဦးတည်းသောဘုရင်) IMDb- 5.9/10 ဒီတစ်ခါမှတော့ မိန်းမရှာပုံတော်ထွက်ရင်း တလွဲတွေဖြစ်ရတဲ့ဟာသဇာတ်မြူးကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မွမ်ဘိုင်းမှာ ဗုံးပေါက်ကွဲမှုတွေဖြစ်ပြီးတော့ လူရာနဲ့ချီသေဆုံးရပြီး ဒဏ်ရာရရှိသူတွေလည်း အများအပြားရှိနေပါတယ်။ဒီဖြစ်စဉ်ဟာ အကြမ်းဖက်သမားတွေကြောင့်ဖြစ်တာလို့ ရဲဘက်မှ ကြေညာထားပြီးနောက်ထပ် ဗုံးပေါက်ကွဲမှုက ချန်နိုင်းမှာ ဖြစ်လာမယ်လို့ ခန့်မှန်းထားကြပါတယ်။ဒီလိုကိစ္စတွေ ဖြစ်နေတဲ့အချိန်မှာ အိမ်တစ်လုံးပိုင်ဆိုင်ပြီးရင် အိမ်ထောင်ပြုရတယ်ဆိုတဲ့အဆိုစကားကြောင့် ဗီထရီဟာ သူငယ်ချင်းဖြစ်သူဆီကနေ ပိုက်ဆံ၂၅သိန်းချေးပြီးအိမ်ဝယ်လိုက်ပေမယ့် လူပျိုကြီးပဲဖြစ်နေတုန်းပါပဲ။ အိမ်ထောင်ပြုတဲ့အခါ ခန်းဝင်ပစ္စည်းအနေနဲ့ အိမ်ဝယ်လို့ အကြွေးတင်နေတဲ့၂၅သိန်းရမှဖြစ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အိမ်ထောင်ဘက်လိုက်ရှာပေမယ့် အဆင်မပြေခဲ့ပါဘူး။ဒီလိုနဲ့ အောင်သွယ်နဲ့ရှာတာ အဆင်မပြေတဲ့နောက် ကိုယ်တိုင်အောင်သွယ်အေဂျင်စီတစ်ခုမှာအလုပ်ဝင်ရင်း ရှာခဲ့ပါတော့တယ်။ ဒီလိုနဲ့ တစ်ရက်မှာတော့ အောင်သွယ်ဆီကနေရာသီနာပူရီဂျာမင်က တော်ဝင်မိသားစုဆီကနေ ကမ်းလှမ်းချက်ရလာတယ်ပြောလို့ သွားတွေ့ရာကနေ ချက်ချင်းပဲ အိမ်ထောင်ပြုဖို့ ဖြစ်လာရင်းနဲ့ ……. ဗီထရာရဲ့ အိမ်ထောင်ဖက်နဲ့ရော ဘယ်လိုဆက်ဖြစ်မလဲ …. ဗုံးပေါက်ကွဲမှုတွေနဲ့ ဗီထရီက ဘယ်လိုဆက်စပ်သွားမှာလဲ ….. ရုတ်တရက်ကြီး ဆောင်လိုက်ရတဲ့ အိမ်ထောင်ရေးကရော အဆင်ပြေပါ့မလား… ဆိုတာတွေကိုဟာသလေးတွေနှောပြီးတော့ ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ်)...
Uyir Thamizhukku (2024) ⭐IMDB: 7.1/10 (55 Votes) 🎬 #Bollywood #Drama 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 9 မိနစ် 31 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Uyir Thamizhukku (2024)တမီးလ် အဓွန့်ရှည်စေသော် ဒီတစ်ခါ တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ IMDb rating 7.3 အထိရရှိထားတဲ့ တမီးလ်ဘာသာစကားပြော နိုင်ငံရေးဒရာမာဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကို Adam Bhava ရိုက်ကူးပေးထားပြီးတော့ Ameer Sultan, Imman Annachi,Chandini Sreedharan တို့က အဓိက ပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ ဒီဇာတ်လမ်းလေးမှာဆိုရင်တော့ တမီးလ်နာဒူရဲ့ လူမှုရေး နိုင်ငံရေးကို အခြေခံထားပြီး ယဉ်ကျေးမှုနဲ့ နိုင်ငံရေးလှည့်ကွက်တွေစတဲ့ အကြောင်းအရာတွေကို ဖော်ထုတ်တင်ဆက်ပေးထားတာမလို့ စိတ်ဝင်စားစရာကောင်းမှာကတော့ သေချာပါတယ်။ ဒီဇာတ်လမ်းထဲမှာဆိုရင် သစ္စာဖောက်မှုတွေ ပူးပေါင်းကြံစည်မှုတွေက ဝါရင့်နိုင်ငံရေးသမားတစ်ယောက်ကို လွှမ်းမိုးနေတဲ့အခါသူကိုယ်တိုင်ကလည်း အမှန်တရားကို ဖော်ထုတ်ဖို့ ကိုယ်ရဲ့ အသက်မွေးဝမ်းကြောင်းကို ကာကွယ်ဖို့ဆိုပြီး စိန်ခေါ်မှုတွေ ပြုလုပ်ခဲ့ပေမဲ့ဉာဏ်ပညာနဲ့ ကိုယ့်ရဲ့ မဟာမိတ်တွေကို အသုံးချရင်း တရားမျှတမှုနောက် လိုက်ရာကနေ ဘယ်လို အခက်အခဲ အတားအဆီးမျိုးစုံကို ကျော်ဖြတ်ရမလဲ ဆိုတာကိုတော့ ဒီဇာတ်ကားလေးထဲမှာပဲ စောင့်မျှော် ကြည့်ရှုအားပေးကြပါဦးရှင် အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်...
An Affair (2018) ⭐IMDB: 5.5/10 (3 k Votes) 🎬 #Adult #Drama #Thriller 🗓 2018 🎞 movie 🌎 #Norway ⏰ 1 နာရီ 33 မိနစ် 54 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 An affair (2018) ဟာ IMDb 5.5 ရရှိထားတဲ့ နော်ဝေး drama/suspense အမျိုးအစားဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ ဂျွမ်းဘားမယ်ဟောင်းဖြစ်တဲ့ အနီတာ ဟာအထက်တန်းကျောင်းမှာဆရာမအဖြစ်နဲ့ အလုပ်ရခဲ့ပါတယ်။ အဲ့အချိန်မှာပဲ အတန်းထဲက ကျောင်းသားတစ်ယောက်ဟာ သူ့ကိုစွဲလန်းနေမှန်းသိလိုက်ရချိန်မှာအနီတာ တစ်ယောက်ဘယ်လိုတုန့်ပြန်မလဲ၊ ဂုဏ်သိက္ခာတွေကို စွန့်လွှတ်မလား၊ ကျင့်ဝတ်တွေကို စောင့်ထိန်းမလား၊သူဘယ်လမ်းကိုရွေးမလဲဆိုတာကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။ လိင်အသားပေး အနည်းငယ်ပါဝင်တာကြောင့် မိသားစုနဲ့အတူ ကြည့်ဖို့တော့ အဆင်ပြေမှာမဟုတ်ပါဘူး။လူတွေရဲ့သဘော သဘာဝကို မြင်သာအောင်ရိုက်ပြထားတဲ့ သဘာဝဆန်ဆန်ဇာတ်လမ်းမျိုးကြိုက်သူတို့အဖို့တော့စိတ်အာသာပြေစေမှာပါ...
Dark Forest (2024) ⭐TMDB: 0% User Score 🎬 #Action #Crime 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 36 မိနစ် 14 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါမှာတော့ မူးယစ်နှိမ်နင်းရေး ဇာတ်ကားကောင်းလေးတစ်ခုကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…ဇာတ်လမ်းအကျဉ်းလေးကို ပြောပြရရင် ထုံးစံအတိုင်းပဲပေါ့နော်…မူးယစ်ဆေးဝါးကို ရောင်းဝယ်ဖို့အတွက် နယ်စပ်ဒေသလမ်းကြောင်းကိုဒုစရိုက်သမားတွေက အသုံးပြုတော့ နယ်စပ်ဒေသမှာ ဖြစ်တဲ့ ဇာတ်လမ်းလေးပေါ့… သူတို့သယ်သွားမယ့်ဒေသကိုတော့ မပြောထားပေမယ့်…တရုတ်နယ်စပ်ဒေသဖြစ်ပြီး တောပျော်တွေ အမဲလိုက်ကျက်စားရာ နေရာလေးမှာပေါ့…အဓိကကတော့ ပိုပြင်းပြီး ပိုအရသာကောင်းတဲ့ မူးယစ်ဆေးအမျိုးအစားသစ်ကို ဖော်စပ်ဖို့အတွက် လျို့ဝှက်နည်းကိုရှာဖွေတာမို့ တောပျော်အမဲလိုက်အဖွဲ့ရဲ့ လမ်းပြမှုကို လိုအပ်နေတာကြောင့်ပါ…တိုက်တိုက်ဆိုင်ဆိုင် မူးယစ်ဆေးဒုစရိုက်အဖွဲ့မှာလည်းအဖေနဲ့ မွေးစားသား နှစ်ဦးရဲ့ တင်းမာမှုကြောင့်ကြေးစားလူသတ်သမားအဖွဲ့ပါ ပါဝင်လာခဲ့တာပေါ့… အသေးစိတ်တော့ spoil ရာမရောက်အောင် မပြောတော့ပါဘူးဇာတ်ကားလေးကိုသာ ဇိမ်ခံကြည့်လိုက်ပါတော့...
Bhaje Vaayu Vegam (2024) ⭐IMDB: 7.1/10 (129 Votes) 🎬 #Action #Bollywood #Drama 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 13 မိနစ် 51 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Bhaje Vaayu Vegam (2024) “ဘာမထီ”IMDb – 7.0/10 Netflixကနေ ထုတ်လွှင့်ခဲ့တဲ့ အိန္ဒိယတောင်ပိုင်းအက်ရှင်ဇာတ်ကြမ်းကားကြီးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဗန်ကတ်ဆိုတဲ့ကောင်လေးရဲ့ မိဘတွေက အကြွေးပူတဲ့ဒဏ် မခံနိုင်တဲ့အဆုံးမှာကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်လိုက်ကြတယ်။ ဒီမှာပဲ ဗန်ကတ်အဖေရဲ့ မိတ်ဆွေတစ်ယောက်က စီးပွားရေးအဆင်မပြေတဲ့ကြားထဲကဗန်ကတ်တို့မိသားစုရဲ့ အကြွေးတွေဆပ်ပြီး ဗန်ကတ်ကို သူ့သားနဲ့ တတန်းထဲထားပြီးသားအရင်းတယောက်လို ကျွေးမွေးစောင့်ရှောက်ခဲ့ပါတယ်။ ညီကိုနှစ်ယောက်လုံး အရွယ်ရောက်လာချိန်မှာ အောင်မြင်ဖို့ဆိုတဲ့ရည်မှန်းချက်နဲ့အတူဟိုက်ဒရာဘတ်မြို့ကြီးကိုထွက်လာခဲ့ကြပေမဲ့ ဘ၀က မလွယ်ကူခဲ့။ သူတို့လိုပဲ ဟိုက်ဒရာဘတ်ကိုပြောင်းရွှေ့လာခဲ့ပြီး တန်ခိုးထွားနေတဲ့ မြို့တော်ဝန်တို့ညီကိုနှစ်ယောက်လည်းရှိနေခဲ့ပါတယ်။ဗန်ကတ်တစ်ယောက် သူ့ကို သားအရင်လိုစောင့်ရှောက်ခဲ့တဲ့ ဖခင်အိုကြီးရဲ့ကျေးဇူးကို ပြန်ဆပ်ဖို့ကြိုးစားရင်းနိုင်ငံရေးသမားတွေ၊ ရဲတွေ၊ လူဆိုးဂိုဏ်းတွေကြားထဲမှာ အန္တရာယ်တွေရင်ဆိုင်ရပါတော့တယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)...
