ဇာတ်ညွှန်းများ • FDMN
Закрытый канал
Нет данных
Подписчики
-524 часа
-47 дней
+730 дней
Архив постов
Fancy Dance (2023) ⭐IMDB: 7.1/10 (392 Votes) 🎬 #Drama 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 32 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Killlers of the flower moon နဲ့ အကယ်ဒမီ ဆန်ကာတင်ခဲ့တဲ့ လီလီဂလက်စတုန်းရဲ့ ရုပ်ရှင်ပါ။ ဒရာမာ အမျိုးအစားဖြစ်ပြီး ပျောက်နေတဲ့ ညီမဖြစ်သူကို လိုက်ရှာတဲ့ ဌာနေ အင်ဒီယန်းတစ်ယောက်အဖြစ် သရုပ်ဆောင်ထားပါတယ်။ စုံထောက်ကားစတိုင်မျိုးနဲ့ တစိမ့်စိမ့်ခံစားရမဲ့ ကားမျိုးပါပဲ။ ဇာတ်လမ်းအကျဉ်း **************** ဂျက်ဇ်ဟာ ဆေးရောင်း၊ အလစ်သုတ် တာတွေ လက်ယဉ်နေတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပြီး သူ့ရဲညီမ တာဝီ ပျောက်ဆုံးနေတာ ၂ ပတ်ရှိပြီမို့ နေရာအနှံ့မှာလိုက်ရှာ နေတာပါ။ တာဝီရဲ့ သမီး သူ့တူမ ရိုကီကိုလည်း စောင့်ရှောက် ထားရပါတယ်။ သူ့ရဲ့ မှုခင်းရာဇဝတ်တွေကြောင့် ရိုကီကို ကလေးစောင့်ရှောက်ရေးဌာနက သူ့အဘိုးအဘွားတွေဆီ အတင်းပို့လိုက်ပါတယ်။ ဒါကို ဂျက်ဇ်က သွားခေါ်ထုတ်လာပြီး သူ့ညီမကိုလိုက်ရှာဖို့ တူဝရီးနှစ်ယောက်ခရီးထွက်လာကြပါတယ်။ သူတို့နောက်ကေန ကလေးပြန်ပေးဆွဲမှုနဲ့ အက်ဖ်ဘီအိုင် တွေ ရဲတွေကပါလိုက်လာတဲ့အခါ ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲ ကြည့်ရမှာပါ။...
Domino Day: Lone Witch (2024) ⭐IMDB: 6.2/10 (548 Votes) 🎬 #Drama #Fantasy 🗓 2024 🎞 tv series 🌎 #UnitedKingdom ⏰ 42 မိနစ် 13 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဗြိတိန်တီဗီစီးရီး Domino Day ဟာ Fantasy ၊ Drama အမျိုးအစားစုန်းကားဖြစ်ပါတယ်။ ၂၀၂၄ ဇန်နဝါရီ ၃၁ ရက်မှာ ထွက်ရှိထားပြီး မတူညီတဲ့စိတ်ဝင်စားစရာ ဇာတ်ကောင်တွေရဲ့ ပေါင်းစပ်မှုနဲ့အတူ ကြည့်မိတာနဲ့စုန်းပြုစားခံလိုက်ရသလို ကြိုက်သွားမှာအသေအချာပါပဲ။ ဒိုမီနိုဒေးဆိုတဲ့စုန်းမလေးဟာ သူကိုယ်တိုင်တောင်ဘာကြောင့်မှန်း မသိဘဲ တခြားစုန်းတွေထက်စွမ်းအားပိုကြီးနေတဲ့ သင်းကွဲစုန်း တစ်ယောက်ဖြစ်ပါတယ်။ နက်နဲတဲ့လျှို့ဝှက်ချက်တွေနဲ့ဒိုမီနိုဟာ မန်ချက်စတာမြို့အတွင်းမှာ ဖုန်းအပလီကေးရှင်းတစ်ခုကတစ်ဆင့် ယောက်ျားတွေနဲ့ချိန်းတွေ့ပြီး အဲဒီယောက်ျားတွေရဲ့အားအင်တွေကို စုပ်ယူတဲ့နည်းနဲ့ ရှင်သန်နေထိုင်လျက်ရှိတာကို တစ်ရက်မှာတော့ စုန်းသိုက်တစ်ခုက ခြေရာခံမိသွားခဲ့ပါတယ်။ ကတ်ဦးဆောင်တဲ့ စုန်းသိုက်ဟာ ဒိုမီနိုက လူတွေကိုအန္တရာယ်ပေးမှာစိုးတာကြောင့် ဒိုမီနိုမသိအောင် လိုက်လံခြေရာခံစုံစမ်းနေခဲ့ကြပါတယ်။ တစ်ချိန်တည်းမှာပဲ ဒိုမီနိုဟာ လီယွန်ဆိုတဲ့လူသားကောင်လေး တစ်ယောက်ကို တကယ်ချစ်ကြိုက်မိသွားခဲ့ပါတယ်။ ဒိုမီနိုအနေနဲ့ သူ့ကိုယ်ထဲကလျှံထွက်နေတဲ့စွမ်းအားတွေကို ထိန်းချုပ်နိုင်သွားမှာလား… သူ့နောက်လိုက်နေတဲ့စုန်းတစ်သိုက်နဲ့ရော ဘယ်လိုရင်ဆိုင်တွေ့မလဲ ဆိုတာတော့ ဆက်လက်ကြည့်ရှု့ရမှာပဲ ဖြစ်ပါတယ်။ File Size – 673 MB / 342 MB Quality –WEB-DL 1080p / 720p Episodes – 6 Eps Duration – 42 min Subtitle – Myanmar Hardsub Format – Mp4 Genre : Drama , Fantasy Translator – JULY , Muse & ThiRi Encoder – Min Wai ( Season 1) Ep-1 (1080p)>>CM App/Usersdrive/YoteShin/Megaup Ep-1 (720p) >>>CM App/Usersdrive/YoteShin/Megaup/StreamSb Ep-2 (1080p)>>CM App/Usersdrive/YoteShin/Megaup Ep-2 (720p) >>>CM App/Usersdrive/YoteShin/Megaup/StreamSb Ep-3 (1080p)>>CM App/Usersdrive/YoteShin/Megaup Ep-3 (720p) >>>CM App/Usersdrive/YoteShin/Megaup/StreamSb Ep-4 (1080p)>>CM App/Usersdrive/YoteShin/Megaup Ep-4 (720p) >>>CM App/Usersdrive/YoteShin/Megaup/StreamSb Ep-5 (1080p)>>CM App/Usersdrive/YoteShin/Megaup Ep-5 (720p) >>>CM App/Usersdrive/YoteShin/Megaup/StreamSb Ep-6 (1080p)>>CM App/Usersdrive/YoteShin/Megaup Ep-6 (720p) >>>...

Orphan Black: Echoes (2023) ⭐IMDB: 6.4/10 (2 k Votes) 🎬 #SciFi #Fantasy #Drama #Mystery #Thriller 🗓 2023 🎞 tv series 🌎 #Canada #UnitedStatesofAmerica ⏰ 43 မိနစ် 37 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Quality_Blu-Ray 1080pFormat_mp4Aired: 2024Original Network: AMCDuration_00:45:00Genre_Mystery, Sci-FiSubtitle_Myanmar Subtitle (Hardsub)Encoder_a haoTranslated by WiRa Aung...
13 Reasons Why (2017) ⭐IMDB: 7.5/10 (318 k Votes) 🎬 #Drama #Mystery #Thriller 🗓 2017 🎞 tv series 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 39 မိနစ် 8 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီစီးရီးကိုတော့ လူအတော်များများ ကြားဖူးပြီးနေလောက်ပါပြီ။ Netflix ရဲ့ ကမာၻတစ်၀ွမ်းမှာ ကျော်ကြားသွားတဲ့ စီးရီးပါပဲ။ IMDb နဲ့ RT တွေမှာ rating 9 ကျော်နေပြီး ေ၀ဖန်ရေးဆရာတွေရဲ့ ချီးကျူးသံတွေ ဆက္တိုက္ရရိွခဲ့တဲ့ စီးရီးေလးပါ။ ၂၁ ရာစု အကောင်းဆုံး High School Drama တွေထဲက တစ်ခုလို့ ချီးကျူးကြတယ်။ စလယ်ဆုံး ဇာတ်ရိွန်မကျဘဲ ဆွဲခေါ်သွားနိုင်တယ်။ ခံစားချက်မျိုးစုံကို ပေးနိုင်တယ် စသည်ဖြင့် မှတ်ချက်တွေပြည့်နေခဲ့ပါတယ်။ ေ၀ဖန္ခံရတဲ့ အခ်က္ကေတာ့ ဇာတ္လမ္းရဲ႕ အဓိကဇာတ်ဆောင်ဟာ မိမိကိုယ်ကို သတ်သေခဲ့ပြီးမှ သူ့ရဲ့ နောက်ဆက်တွဲတွေကို ခမ်းနားစွာ ဖော်ပြထားတဲ့ ဇာတ်ကြောင်းဖြစ်နေလို့ သတ်သေမှုတွေကို တနည်းအားဖြင့် အားပေးနိုင်တယ်ဆိုပြီး ပြောသူတွေတော့ ရိွပါတယ်။ ဒါပေမယ့် ဒီစီးရီးရဲ့ အကြောင်းအရာတွေမှာ အထက်တန်းကျောင်းသားတွေရဲ့ စိတ်ဖိအား၊ခံစားချက်တွေတွေကို နားလည်ဖို့နဲ့ ဆရာေတြမိဘေတြ ပိုျပီး သတိထားမိလာစေဖို့၊ ကျောင်းသားသူတွေကြားထဲက ကိုယ်ချင်းစာတရားတွေ ပိုကောင်းမွန်လာဖို့ အားပေးတဲ့အချက်တွေ အများကြီးပါပါတယ်။ ဒီစီးရီးရဲ့ အဓိက သရုပ်ဆောင် ၂ ယောက်ဟာလည်း တကယ်ကောင်းမွန်ခဲ့တာမို့ ချီးကျူးမှုတွေ အများအပြားရရိွထားပြီး သူတို့ သရုပ်ဆောင်ဘ၀လမ်းကတော့ ပိုပြီးတောက်ပြောင်လာလိမ့်မယ် ထင်မိပါသေးတယ်။ ဇာတ်လမ်း အကျဥ်းပြောရရင် အစမှာ ဟန်နာ ဆိုတဲ့ အထက်တန်းကျောင်းသူလေး မိမိကိုယ်ကို သေကြောင်းကြံသွားခဲ့တာက စပါတယ်။ အဲဒီအဖြစ်ရဲ့ ရိုက်ခတ်မှုတွေဟာ ဆရာတွေ၊ကျောင်းသားတွေ နဲ့ မိဘတွေကြားမှာနည်းမျိုးစုံနဲ့ သက်ရောက်နေခဲ့တယ်။ ကျောင်းသားတွေထဲမှာမှ ဟန်နာနဲ့ထူးထူးခြားခြားသိကျွမ်းခဲ့တဲ့ ကလေးရ်(Clay) ဆိုတဲ့ ကောင်လေးကတော့ ပိုျပီးသူ႕ကို သတိရေနခဲ့သူပါ။ တစ်ညမှာတော့ ကလေးရ်ဆီကို ဟန်နာ အသံသွင်းထားတဲ့ တိတ်ခွေလေးတွေ ရောက်လာခဲ့တယ်။ တိတ်ခွေမှာ အကြောင်း ၁၃ ပိုင်း ပါ၀င်ပြီး သူသတ်သေခဲ့ရတဲ့ ၁၃ ချက်သောအကြောင်းရင်းတွေကို ပြောပြထားခဲ့တယ်။ တိတ်ခွေအစမှာ ဒီတိတ်ခွေတွေကို သူသေဆုံးခဲ့ရမှုအတွက် တာ၀န်ရိွတဲ့ လူအားလုံးကို တစ်ယောက်ပြီး တစ်ယောက် လက်ဆင့်ကမ်းပြီး နားထောင်ဖို့ ပြောထားခဲ့ပြီး ဒီစည်းကမ်းကို မလိုက်နာရင်တော့ သူတာဝန်ပေးခဲ့တဲ့ တစ်ယောက်သောသူဟာ ဒီအခွေတွေကို လူတှကွေားထဲကို ချပြလိုက်လိမ့်မယ်လို့ ချိန်းခြောက်ထားပါတယ်။ Clay ရဲ့ အရင်ရှေ့မှာ နားထောင်ပြီးတဲ့သူတွေဟာ ဟန်နာကို သစ္စာဖောက်ခဲ့သူတွေ၊ အနိုင်ကျင့်ခဲ့သူတွေ စသည်ဖြင့် အကြောင်းအရာမျိုးစုံပါ၀င်နေပါတယ်။ သက်ဆိုင်သူအားလုံးနည်းပါးက ဒီတိတ်ခွေတွေကို တစ်ညတည်း အကုန်နားထောင်နိုင်ကြပေမယ့် Clay အတြက္ေတာ့ မတူခဲ့ပါဘူး။ သူ့အတွက် ဒီတိတ်ခွေတွေက ပေးတဲ့ ခံစားချက်တွေက ပြင်းထန်လွန်းလို့ အပိုင်းပိုင်းလေးတွေပဲ နားထောင်နိုင်စွမ်းရိွနေပါတယ်။ က်န္တဲ့ သူေတြအားလံုးကေတာ့ ကလေးရ် ဒါတွေအကုန်နားထောင်ပြီးချိန်မှာ ဘယ်လိုတုံ့ပြန်လာမလဲ ရင်တမမနဲ့ စောင့်နေရပါပြီ။ တချို့လည်း သူဆက်နားမထောင်နိုင်အောင်၊ သူဘယ်တော့မှထုတ်မပြောရဲအောင်၊ ဟန်နာပြောတာတွေကို မယုံအောင် နည်းမျိုးစုံကြိုးစားလာကြပါတော့တယ်။ ဟန္နာေသဆံုးရတဲ့ တရားခံေတြထဲမွာ Clay လို အေးဆေးပြီး စိတ်ထားကောင်းတဲ့ သူက ဘာလို့ပါနေရတာလဲ။ သူလည်း ဘာတွေလုပ်ခဲ့သလဲ။ ကျန်တဲ့သူတွေကရော ကလေးရ်နားထောင်မိသွားမယ့်အကြောင်းအရာတွေအတွက် ဘာလို့ ကြောက်လန့်နေကြသလဲဆိုတဲ့ အဖြေတွေကိုတော့ တစ်ပိုင်းချင်းစီမှာ ပြသသွားပါလိမ့်မယ်။ ဒီစီးရီးမှာ ကြောက်စရာ လူသတ်ကောင်တွေ ရက်စက်လွန်းတဲ့ ဖြစ်ရပ်တွေတော့ မပါ၀င်ပါဘူး။ ဒါပေမယ့် သာမာန် Horror ကားတွေထက် ပိုကြောက်စရာကောင်းပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ဒီထဲက တရားခံဆိုတဲ့သူေတြလူေတြ လုပ္ခဲ့တဲ့ အရာတွေဟာ ကျွန်တော်တို့ကိုယ်တိုင် သတိမမူရင်၊ အခြေအနေတစ်ခုမှာ လုပ်လိုက်မိနိုင်တဲ့ အပြစ်တွေ ဖြစ်နေတဲ့အတွက် ဇာတ်လမ်းထဲမှာ စိတ်နှစ်ပြီး ခံစားမိရင်တော့ အပိုင်းတိုင်းဟာ ကြောက်စရာကောင်းပြီး စိတ်လှုပ်ရှားစရာတွေ ပြည့်နေပါလိမ့်မယ်။ ဘယ်လိုခံစားရလည်း ဆိုတာကိုတော့ ကိုယ်တိုင်ကြည့်ပြီးမှ ဆုံးဖြတ်ကြည့်လိုက်ပါတော့။...

The Boy and the Heron (2023) ⭐IMDB: 7.6/10 (54 k Votes) 🎬 #Action #Adventure #Animation #Fantasy #Drama #Family 🗓 2023 🎞 movie 🌎 #Japan ⏰ 2 နာရီ 4 မိနစ် 40 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 (Digital အကြည် ထွက်လာလို့ ပြန် Update ပေးလိုက်ပါတယ်) IMDb – 7.6/10Rotten Tomatoes – 97% Studio Ghibliရဲ့နောက်ဆုံးထွက်ဇာတ်ကားလည်းဖြစ်ပြီး Spirited Awayဇာတ်ကားအပြီး ဒုတိယမြောက် Oscarရထားတဲ့ဇာတ်ကားလည်းဖြစ်တဲ့ ဒီကားဟာ ပြောရရင် နည်းနည်းဆန်းတယ်ပြောရမလားပဲ။ ဒီကားကိုရုံတင်ခါနီးအထိ marketingနဲ့ပတ်သတ်ပြီး ဘာမှထွေထွေထူးထူးမလုပ်ခဲ့သလို trailerတောင်မကောင်းတတ်လို့ ထုတ်ပေးလိုက်တဲ့ပုံစံမျိုး ချေပြခဲ့တာပါ။ ပြောရမယ်ဆိုရင် ငါတို့Studio Ghibliကထုတ်တာမလို့ ဘာမှထွေထွေထူးထူးmarketingဆင်းစရာမလိုဘူး။ ကောင်းကိုကောင်းစေရမယ်။ လာကြည့်ကြဆိုတဲ့အထာမျိုးပေါ့။ တခြားstudioတွေသာ အဲ့အကွက်လုပ်ရင် ပေါက်သင့်သလောက်မပေါက်ပဲ ဖြစ်မှဖြစ်ပေမဲ့ Studio Ghibliက ဆရာကြီးမှ တကယ့်ဆရာကြီးဆိုတော့ ရုံလည်းတင်ရော သူတို့studioက တင်တင်ချင်းရက်မှာ ဝင်ငွေစံချ်န်ချိုးခဲ့တဲ့ Howl’s moving castleရဲ့ အဖွင့်ရက်ဝင်ငွေကိုတောင် ပြန်ချိုးခဲ့ပြီး Japan box officeမှာ အောင်ပွဲခံခဲ့ပါတယ်။ ဇာတ်လမ်းအမျိုးအစားကတော့ Studio Ghibliရဲ့ အော်စကာဆုရ Spirited awayလို နတ်ဖွက်တဲ့ဇာတ်လမ်းပါပဲ။ ဒါပေမဲ့ တူတော့မတူဘူးဗျ။ alice in wonderlandလို အရသာမျိုးလည်း ကြည့်နေရင်း ရပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ မဟိတိုဆိုတဲ့ကောင်လေး အမေဟာ ဆေးရုံမီးလောင်မှုမှာဆုံးပါးသွားခဲ့ပါတယ်။ မဟတိုဟာ နောက်တော့ သူ့အဖေနဲ့အတူ တိုကျိုမြို့ကနေထွက်ခွာပြီး နယ်မြေလေးကိုပြောင်းရွှေ့ခဲ့တာပါ။ အဲ့ဒီနယ်မြို့လေးမှာက မဟိတိုရဲ့မိထွေးဖြစ်သူဟာ နေထိုင်နေတာလေ။ တရက်ကျတော့ ငဟစ်ငှက်ကြီးတစ်ကောင်ပေါ်လာပြီး မဟိတိုရဲ့အမေမသေသေးကြောင်း မဟိတိုကိုလာပြောပါတယ်။ အမေကိုပြန်တွေ့ချင်ရင် သူ့နောက်လိုက်ခဲ့ဖို့ပါထပ်ပြောတယ်လေ။ နောက်ရက်အနည်းငယ်ကြာတော့ မဟိတိုရဲ့မိထွေးဟာ ပျောက်သွားခဲ့တယ်။ အဲ့လိုနဲ့မဟိတိုဟာ မိထွေးဖြစ်သူကိုလိုက်ရှာရင်းကနေ ငဟစ်ငှက်ကြီးနဲ့ပြန်ဆုံပါတယ်။ ငဟစ်ငှက်ကြီးဟာ တကယ်တော့……. အညွှန်းကိုဒီလောက်နဲ့ရပ်လိုက်ပါမယ်။ ဇာတ်လမ်းကောင်းတာလေးနဲ့အချိန်ကုန်ဆုံးချင်သူတွေကတော့ ကြည့်ကိုကြည့်သင့်ပါတယ်။ ရုပ်ရှင်ကားကို ဘာသာပြန်ပြီး ဇာတ်လမ်းအညွှန်းကို Dr.Nyan ကပဲ ကိုယ်တိုင်ရေးပေးထားပါတယ်။...
Chang An (2023) ⭐IMDB: 7.5/10 (1 k Votes) 🎬 #Animation #History 🗓 2023 🎞 movie 🌎 #China ⏰ 2 နာရီ 48 မိနစ် 23 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Chang’an (2023) =========== အန်းရှိတွေရဲ့ပုန်ကန်မှုအပြီး နှစ်အနည်းငယ်အကြာမှာ တူဘိုအင်အားစုတွေက အနောက်တောင်အရပ်ကိုတိုက်ခိုက်လာပါတော့တယ်။ ရန်သူတွေဝန်းရံခံထားရတဲ့ တန်းမင်းဆက်ဘုရင်ခံဂေါင်ရှိဆီကို မိန်းမစိုးတစ်ယောက်ကရောက်လာပြီး ဂေါင်ရှိရဲ့ငယ်သူငယ်ချင်းဟောင်းဖြစ်တဲ့ လီဘိုင်းအကြောင်းကို မေးမြန်းလာတယ်။ ဂေါင်ရှိနဲ့လီဘိုင်း ဘယ်လိုတွေ့ခဲ့ကြောင်း တစ်ယောက်ကိုယ်တစ်ယောက်ဘယ်လိုရင်းနှီးချစ်ခင်သွားကြောင်းကို ကြမ်းကြုတ်တဲ့စစ်ပွဲတွေကြားကနေ လှလှပပပုံဖော်ထားပုံကိုကြည့်ရှူရမှာပဲဖြစ်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့...
Kambodja (2022) ⭐TMDB: 70% User Score 🎬 #Drama #Romance 🗓 2022 🎞 movie 🌎 #Indonesia ⏰ 1 နာရီ 15 မိနစ် 00 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 File size_(600MB)Quality_Blu-Ray 1080p / 720pFormat_mp4Duration_01:19:00Genre_Drama, RomanceSubtitle_Myanmar Subtitle (Hardsub)Encoder_a haoTranslated by WiRa Aung...
Lust, Caution (2007) ⭐TMDB: 72% User Score 🎬 #Adult #Drama #Romance #Thriller #History #War #Action 🗓 2007 🎞 movie 🌎 #USA #Taiwan #UnitedStates #HongKong #China #UnitedStatesofAmerica ⏰ 2 နာရီ 39 မိနစ် 👑 Channel Myanmarဇာတ်ညွှန်း 📜 Lust, Caution (2007) IMDb Rating (7.6) / Rotten Tomatoes (73%) အန်းလီဟာ သူ့ရဲ့ အင်တာနေရှင်နယ်အနေနဲ့ အအောင်မြင်ဆုံးရုပ်ရှင်လို့ဆိုလို့ရနိုင်တဲ့ Brokeback Mountains ရုပ်ရှင်အောင်မြင်ပြီးတဲ့နောက် Eileen Changရဲ့ Lust, Caution ကို ရုပ်ရှင်အဖြစ် အသက်သွင်းခဲ့တယ်။ Lust , Cautionရဲ့ မူရင်းဝတ္တုကိုက တကယ့်အပြင်မှာရှိခဲ့တဲ့ တရုတ်စပိုင် ကျန်းဖင်းယု (Zheng Pingru)ကို အခြေခံထားတယ်။ Eileen Changကို အန်းလီမှတ်ချက်ပေးတာက Eileen Changလောက် တရုတ်စကားလုံးတွေကို ရက်ရက်စက်စက်သုံးတဲ့ စာရေးဆရာမျိုး သူမတွေ့ဖူးဘူးတဲ့။ ဒါကြောင့်ပဲထင်ပါတယ်။ အန်းလီရဲ့ Lust, Caution ဟာလည်း လိင်မှုခန်းတွေရဲ့နောက်ကွယ်မှာ တော်တော်လေးရက်စက်တဲ့အသွင်ကိုဆောင်နေတယ်။ Lust, Caution ဟာ ဘယ်လိုရုပ်ရှင်မျိုးလဲဆို နိုင်ငံရေးနဲ့ ကိုယ်ပိုင်ခံယူချက်တွေရဲ့ မျဉ်းပေါ် နှလုံးသားရေးရာတွေရဲ့ ဆုံမှတ်တစ်နေရာကို ပြထားတဲ့ရုပ်ရှင်လို့ဆိုရမယ်။ ဒါပေမဲ့လည်း သစ္စာဖောက်တွေကို အမွှန်းတင်တဲ့ကားဖြစ်နေတာကြောင့်ရော လိင်မှုခန်းတွေ အသက်ဝင်လွန်းတာကြောင့်ရော တရုတ်အစိုးရက သဘောမကျခဲ့သလို ထျန်းဝေကိုယ်တိုင်လည်း တရုတ်မှာ နှစ်ပါင်းများစွာ ရုပ်ရှင်ရိုက်ခွင့်အပိတ်ခံခဲ့ရတယ်။ ဇာတ်အိမ်တည်ထားတာက ၁၉၃၈ဟောင်ကောင်နဲ့ ၁၉၄၂ရှန်ဟိုင်းမှာ။ ဒုတိယကမ္ဘာစစ်မတိုင်ခင်တစ်နှစ်နဲ့ မပြီးသေးခင်ကာလပေါ့။ ၁၉၃၇မှာ တရုတ်ပြည်ကို ဂျပန်တွေ ဝင်ကျူးကျော်ခဲ့ပြီးတစ်နှစ်အကြာ ၁၉၃၈မှာ ဟောင်ကောင်က လင်းနန်တက္ကသိုလ်မှာ ဝမ်ကျားချီဆိုတဲ့ ကောင်မလေးက ကျောင်းလာတက်တယ်။ ဒီအချိန်မှာ ဝမ်ကျားချီဟာ ယင်ဖိုတောင်မသန်းဖူးသေးတဲ့ ဘာအတွေ့အကြုံမှ မရှိသေးတဲ့ ရိုးသားတဲ့ ကောင်မလေးတစ်ယောက်ပဲ။ ဝမ်ကျားချီဟာ တက္ကသိုလ်မှာ မျက်စိပွင့်နားပွင့်အမြင်ကျယ်လာသလို အပေါင်းအသင်းတွေလည်းရလာတယ်။ ဒီလိုနဲ့ သူ့သူငယ်ချင်းမတစ်ယောက်ကနေတစ်ဆင့် တက္ကသိုလ်ပြဇာတ်ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ ကွမ်ယုမင်နဲ့ ချိတ်မိသွားတယ်။ ကွမ်ယုမင်က ဝမ်ကျားချီကို မင်းသမီးတင်ပြီး မျိုးချစ်ပြဇာတ်တစ်ပုဒ်ကရာမှာ တော်တော်လေးအောင်မြင်သွားခဲ့တယ်။ မျိုးချစ်စိတ်ဓာတ်တွေလည်း ပိုများလာခဲ့တယ်။ ဒီလိုနဲ့ ကွမ်ဟာ သူ့အစ်ကိုရဲ့သူငယ်ချင်းဖြစ်တဲ့ တရှိုနဲ့သွားတွေ့တယ်။ တရှိုက အဲဒီအချိန်မှာ ဂျပန်အလိုတော်ရိဖြစ်နေတဲ့ ဝမ်ကျင်းဝေရဲ့ ထိပ်တန်းအေးဂျင့်ဖြစ်တဲ့ မစ္စတာရီဆိုတဲ့လူဆီမှာ အလုပ်လုပ်နေတာသိတော့ သူတို့တွေ ဂျပန်အလိုတော်ရိ မစ္စတာရီအိမ်ထဲ ချည်းဝင်ပြီး လုပ်ကြံဖို့ကြံကြတယ်။ ပြဇာတ်လောက်နဲ့တင်းတိမ်မနေဘဲ တကယ့်သစ္စာဖောက်တွေကို သတ်ရမယ်ဆိုတဲ့ စိတ်နဲ့ပေါ့။ ဒီလိုနဲ့ သူတို့ တရှိုရဲ့အချိတ်အဆက်ကိုသုံးပြီး မစ္စတာရီနဲ့ ရင်းနီးလာအောင်လုပ်ကြတယ်။ ပြဇာတ်သမားတွေဆိုတော့ သူတို့ချည်းကပ်ပုံကလည်း ပြဇာတ်ဆန်ဆန်ပါပဲ။ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မစ္စတာမာနဲ့ သူ့မိန်းမ မဒမ်မာအနေနဲ့ သရုပ်ဆောင်ပြီး ရှန်ဟိုင်းက လာတာမို့ ဟောင်ကောင်ကို သိပ်မကျွမ်းသေးတဲ့ မစ္စတာရီ့ဇနီးကို ဟောင်ကောင်ကို လိုက်ပတ်ပြပေးမယ်ဆိုပြီး ချဉ်းကပ်ခဲ့တယ်။ မဒမ်ရီနဲ့ ရင်းနှီးသွားတဲ့နောက် မဒမ်မာတစ်ဖြစ်လဲ ဝမ်ကျားချီဟာ မစ္စတာရီတို့အိမ်ကို အမြဲလိုမာကျောက်သွားကစားပြီး သူတို့ကြားပိုရင်းနှီးလာအောင်လုပ်ခဲ့တယ်။ အောင်မြင်ခဲ့ပါတယ်။ ဝမ်ကျားချီဟာ မစ္စတာရီ သူ့အပေါ် အတိုင်းအတာတစ်ခုအထိ စိတ်ဝင်စားလာအောင် ကောင်းကောင်းလုပ်နိုင်ခဲ့တယ်။ မစ္စတာရီက သူ့ကိုစိတ်ဝင်စားလာတဲ့နောက် သူ့ခန္ဓာကိုပါ ဆက်ရင်းဖို့ လုပ်ခဲ့တယ်။ ဒီနေရာမှာ သူက မဒမ်မာအနေနဲ့ နေနေတာဆိုတော့ အပျိုဖြစ်နေလို့မရသလို အတွေ့အကြုံမရှိမဖြစ်နေလို့လည်း မရတာကြောင့် သူတို့ထဲက တစ်ယောက်နဲ့ သူပန်းဦးခြွေခဲ့တယ်။ ဒီအခန်းရဲ့ရက်စက်မှုကတော့ ဝမ်ကျားချီရဲ့နောက်ပိုင်း ရမ္မက်ကြီးမှုတွေမှာ ဖုံးသွားသလိုလိုရှိပေမဲ့ သူချစ်တဲ့သူရှေ့မှာတင် တခြားတစ်ယောက်ဆီ ခန္ဓာပေးခဲ့ရတဲ့အထိ ရက်စက်မှုမျိုးဟာ ဒီအပြာရောင်သန်းတဲ့အခန်းတွေနောက်မှာ ကွယ်ဝှက်နေခဲ့တယ်။ ဒီလောက်ထိ လုပ်ခဲ့ကြပေဲ့လည်း အထက်က အမိန့်မရတာကြောင့် ဘာမှဆက်မလုပ်နိုင်နေတဲ့အချိန် မစ္စတာရီက ရှန်ဟိုင်းကိုပြန်ရဖို့အကြောင်းဖန်လာပြီး သူတို့ရဲ့ တော်လှန်ရေးအိပ်မက်ဟာ ပျက်သုဉ်းသွားတယ်။ ဇာတ်ရဲ့နောက်ထပ်ကာလက လေးနှစ်အကြာ ၁၉၄၂မှာ ရှန်ဟိုင်းမှာ ဝမ်ကျားချီပြန်ရောက်နေတာက စတယ်။ ဒုတိယကမ္ဘာစစ်ဖြစ်နေတဲ့အချိန်ပေါ့။ ဂျပန်တွေက တရုတ်ကိုသိမ်းထားတုန်းပဲ။ ဝမ်ကျင်းဝေကလည်း ရုပ်သေးအစိုးရရဲ့ သမ္မတဖြစ်နေပြီ သူ့အောက်က မစ္စတာရီကလည်း ထောက်လှမ်းရေးခေါင်းဆောင်ဖြစ်နေပြီ။ ချိန်ကေရှိတ်တို့ ပြည်တွင်းစစ်ရှုံးပြီး ထိုင်ဝမ်ကို မကူးခင်ကာလပေါ့။ ဝမ်ကျင်းဝေရဲ့ အဓိကရန်ဘက်က ချန်ကေရှိတ်ရဲ့ ကူမင်တန်တွေ။ ရှန်ဟိုင်းက ပြည်သူတွေ နိုင်ငံခြားသားတွေကတော့ ဒုက္ခတွေ ပေါင်းစုံနေအော...
UFO (2018) ⭐IMDB: 6.2/10 (12 k Votes) 🎬 #Drama #Mystery #SciFi #ScienceFiction #Action #Thriller 🗓 2018 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 29 မိနစ် 47 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီစကြ၀ဠာကြီးထဲမှာ သက်ရှိဆိုလို့ ကျွန်တော်တို့ လူသားတွေပဲ ရှိနေတယ်လို့ ယုံကြည်နေကြတဲ့ လူတွေရှိသလို တခြားဂြိုလ်က ဂြိုလ်သားတွေလိုမျိုး သက်ရှိတွေလည်း ရှိနေဦးမယ်ဆိုပြီး ယုံကြည်တဲ့ လူတွေအများကြီး ရှိနေပါတယ်။အဲ့ဒါကတော့ ၂၀၂၄ ခုနှစ်အထိ ရောက်လာခဲ့တာတောင် အဖြေမပေါ်သေးတဲ့ ငြင်းခုံစရာ ကိစ္စရပ်တစ်ခု ဖြစ်နေတုန်းပါပဲ။သေချာရေရာတဲ့ အဖြေတွေ မထုတ်နိုင်သေးသလို ဂြိုလ်သားတွေနဲ့ ပတ်သတ်ပြီး ကြားခဲ့ဖူးတဲ့ ဟိုသတင်းဒီသတင်းတွေလည်း ရှိပါသေးတယ်။ အဖြေမထုတ်နိုင်ရသေးတဲ့ အဓိကအကြောင်းပြချက်တွေထဲမှာ အစိုးရတွေက အဲ့လိုသတင်းတွေ ထွက်လာရင်ချက်ချင်းဖုံးဖိ တတ်တာမျိုးကလည်း အဓိကဖြစ်နေပါတယ်။အခုတင်ဆက် ပေးမဲ့ဇာတ်ကားကတော့ ၂၀၀၆ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့ ညနေ ၄ နာရီ ၁၅ လောက်မှာချီကာဂိုအိုဟဲလေဆိပ်အပေါ်မှာ UFO(ပန်းကန်ပြားပျံ)တွေ့ခဲ့ရတယ်လို့ဆိုတဲ့အဖြစ်အပျက် အကြောင်းကိုအသေးစိတ်ပြန်လည် ရိုက်ကူးတင်ဆက်ထားတာပဲ ဖြစ်ပါတယ်။ဇာတ်ကားနာမည်ကတော့ UFO ပဲဖြစ်ပြီး IMDb Rating 6.2 အထိရရှိထားပါတယ်။ ဒဲရက်ဆိုတဲ့ တက္ကသိုလ်က သင်္ချာကြောင် ကျောင်းသား တစ်ယောက်က တစ်နေ့မှာတော့ အထက်မှာပြောခဲ့တဲ့ UFO တွေ့ရှိခဲ့တယ်ဆိုတဲ့ သတင်းကိုကြားခဲ့ပြီး ကျောင်းစာတွေကို ပစ်ကာ အဲ့ဒီအကြောင်းကို လိုက်လံစုံစမ်းပါတော့တယ်။ အစိုးရကတော့ အဲ့ဒီတွေ့ရှိခဲ့ရတဲ့အရာက ဒရုန်းတို့ လေယာဉ်ပျံ တို့လို့ပြောပြီး လိုက်ဖုံးဖိနေသလောက် သူကတော့သူ့ရဲ့သင်္ချာ ဉာဏ်ကြီးရှင်ဦးနှောက်နဲ့ လိုက်လိုက်ဖော်နေတော့တာပါပဲ။ ကျောင်းစာတွေအပြင် ကောင်မလေးနဲ့ သူငယ်ချင်းတို့ကို ပါပစ်ထားပြီး နေ့မအိပ်ညမအိပ်ကြိုးစားခဲ့တဲ့ ရလာဒ်တွေက သူလိုချင်တဲ့အတိုင်း ဖြစ်လာပါ့မလား နောက်ဆုံးမှာအဲ့ဒီ UFO ဆိုတာကြီးက တကယ်ရှိလားဆိုတာကို အဖြေရှာသွားနိုင်ပါ့ မလားဆိုတာကို ခက်ခဲနက်နဲတဲ့ သင်္ချာတွေရူပဗေဒသဘော တရားတွေကိုသုံးပြီး အဖြေရှာသွားပုံတွေကို ကြည့်ရှုရမဲ့ ဖြစ်ရပ်မှန် ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။...
Within (2016) ⭐IMDB: 5.1/10 (8 k Votes) 🎬 #Horror #Thriller 🗓 2016 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 29 မိနစ် 50 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အမေရိကန် Horror ကားကိုမှ Parasite လို Vibe မျိုးလေးနဲ့ ကြည့်ရှုချင်ရင်တော့ အခုတင်ဆက်ပေးမဲ့ ကားလေးက ကွက်တိပဲဖြစ်မှာပါ။Parasite လိုမျိုးကြီးလုံး၀တူနေတာတော့ မဟုတ်ဘဲနဲ့ အိမ်ထဲမှာ တစ်ယောက်ယောက်ရှိနေတယ်ဆိုတဲ့ ခံစားချက်ကြီးနဲ့ ကျောချမ်းစေမှာကတော့အသေအချာပါပဲ။ ခေါင်းကြီးတွေကတော့ မင်းသမီးချောချောလေးကို ငေးနေတာနဲ့တင် ကြောက်ချိန်ရမယ်မထင်ပါဘူး။ဇာတ်လမ်းနာမည်ကတော့ Within ဖြစ်ပြီး IMDb Rating 5.1 ရရှိထားတဲ့ 2016 တုန်းက ထွက်ရှိခဲ့တဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ အမေရိကန် သည်းထိပ်ရင်ဖို ဇာတ်ကားတွေကတော့ ထုံးစံအတိုင်းပဲ မိသားစုတစ်စုက အိမ်သစ်တစ်လုံးကို ပြောင်းရွှေ့လာရာကနေ စပါတယ်။သူတို့မိသားစုမှာ အဖေ မိထွေးနဲ့ ဆယ်ရာဆိုတဲ့သမီးဖြစ်သူ ဆိုပြီးမိသားစုဝင် ၃ ယောက်ရှိပါတယ်။မိထွေးဆိုပေမဲ့ ဆယ်ရာနဲ့ အရမ်းအဆင်ပြေပြီး သင့်မြတ်ကြပါတယ်။အိမ်ကိုရောက်လာ ခါစမှာတော့ ဘာပြဿနာထွေထွေထူးထူးမှမရှိခဲ့ပေမဲ့ သူတို့ခေါ် ခိုင်းတဲ့ ဘေးအိမ်ကသော့ပြင်ဆရာကတော့ ကြောက်စရာ ကောင်းပြီးတော့ ကြောင်တောင်တောင်နိုင်ပါတယ်။အဲ့ဒီအပြင်ကိုမှ ဆယ်ရာက တစ်ခါတစ်လေအိမ်ထဲမှာ လူရိပ်တွေ့တာတွေ အသံတွေကြားနေရတာတွေ ခဏခဏဖြစ်လာပြီး စိတ်ခြောက်ခြား နေပါတော့တယ်။ ဆယ်ကျော်သက်တစ်ယောက်ရဲ့ စကားဆိုတော့လည်း အဖေနဲ့ မိထွေးဖြစ်သူက သိပ်မယုံချင်ကြပါဘူး။ဒီလိုနဲ့ ဆယ်ရာပြောနေတာ အမှန်တွေဖြစ်တယ်ဆိုတဲ့ အကြောင်းသက်သေထွက်ရှိလာပြီး နောက်မှာတော့ သူတို့ရဲ့အိမ်ထဲမှာသူတို့မထင်မှတ်ထားတဲ့ ဘယ်လို ကြောက်စရာကောင်းတဲ့ အရာတွေရှိနေမယ်ဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။...
24 (2001) ⭐TMDB: 78% User Score 🎬 #Action #Crime #Drama #Thriller #Adventure 🗓 2001 🎞 tv series 🌎 #UnitedStates #UnitedStatesofAmerica #Portugal ⏰ 43 မိနစ် 1 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီစီးရီးကတော့ မသိသူမရှိလောက်အောင် တစ်ချိန်က နာမည်ကျော်ခဲ့တဲ့စီးရီးတစ်ခုဖြစ်ပြီး မသေခင်ကြည့်သွားသင့်တဲ့ စီးရီးတစ်ခုဆိုလည်းမမှားပါဘူး။နိုင်ငံရေး၊အက်ရှင်၊ဒရာမာ အစုံပါတဲ့ 24 Series ဟာ 2001 တစ်ခုကနေ စတင်ထွက်ရှိခဲ့ပြီး စုစုပေါင်း Season 9 ခုရှိပါတယ်။ 24 ဆိုတဲ့အတိုင်း Season တစ်ခုကို 24 ပိုင်းပါလို့ တစ်ဝကြီးကြည့်ရမှာဖြစ်ပြီးSeason တစ်ခုနဲ့တစ်ခု ဖြစ်စဉ်တွေကွဲပြားပါတယ်။ ဒီစီးရီးမှာတော့ အကြမ်းဖက်တိုက်ဖျက်ရေးအေးဂျင့် ဂျက်ခ်ဘောင်ဝါက နိုင်ငံတော်လုံခြုံရေးကိုအန္တရာယ်ပြုလာတဲ့ အကြမ်းဖက်သမားမျိုးစုံကို တစ်ရက်(၂၄ နာရီ)အတွင်း တိုက်ခိုက်ချေမှုန်းပုံကိုစိတ်လှုပ်ရှားစွာကြည့်ရမှာပါ။ ဒီစီးရီးရဲ့ထူးခြားချက်ကတော့ သူတို့ရဲ့ဖြစ်စဉ်တွေကို အချိန်နဲ့တပြေးညီဆောင်ရွက်တဲ့ပုံစံအတိုင်း ၁ ပိုင်းကို တစ်နာရီ စုစုပေါင်း ၂၄နာရီအတွင်းအဖြစ်အပျက်တွေကို ရိုက်ပြထားတာပါ။ ဇာတ်လမ်းဇာတ်အိမ် အသွားအလာအလွန်ကောင်းပြီး လှည့်ကွက်မျိုးစုံနဲ့ ပျင်းစရာအခိုက်အတန့် တစ်ခုမှမပါဘဲ ရသအစုံပေးတဲ့ စီးရီးတစ်ခုဖြစ်ပါတယ်။၂၄နာရီအတွင်း နာရီသံတစ်ချက်ချက်အကြားက စိတ်လှုပ်ရှားစရာတွေကို ကြည့်ရှုခံစားကြပါဦး။...
Bell (2023) ⭐TMDB: 0% User Score 🎬 #Bollywood #Mystery #Thriller 🗓 2023 🎞 movie 🌎 #India ⏰ 1 နာရီ 52 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Bell 2023 တောနက်ကြီးရဲ့လျှို့ဝှက်ချက် Jigarthandarထဲက နာမည်ကျော် Guru Somasundaramပါဝင်တဲ့လျှို့ဝှက်ဆန်းကြယ်ဇာတ်လမ်းလေးတစ်ပုဒ်ကို CM Bollywoodပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါပြီ။ mystery genreပီပီဇာတ်လမ်းထဲမှာပေးထားတဲ့ သဲလွန်စတွေကို ချိတ်ဆက်ရင်းနဲ့အဖြေရှာရမယ့်ဇာတ်ကားလေးဖြစ်ပြီး plot twistလေးတွေလည်း ပါဦးမှာပါ။ လူ့လောကသားတွေရဲ့ လျှို့ဝှက်ချက်ကြီး 6 ချက်ကို တပည့်ရင်း 6 ယောက်ကိုမှာကြားပို့ချခဲ့တဲ့ ရှေ့ပညာရှိဂုရုကြီး အာဂက်စတီနဲ့ ဒီလျှို့ဝှက်ချက်တွေကိုလူသားတွေရဲ့ကောင်းကျိုးအတွက်ပဲ အသုံးချပြီး စောင့်ထိန်းရမယ့်သူ့ရဲ့တပည့်သားတွေနဲ့ နောင်လာနောက်သားတွေ… ဒီလျှို့ဝှက်ချက်တွေထဲမှာ လူစိတ်ဝင်အစားဆုံးအရာကတော့ ဆန်ဂါဗာနမ်သစ်တောကြီးထဲမှာရှိတဲ့ မသေဆေးပင်… အာဏာစည်းစိမ်တွေအကုန် ပိုင်ဆိုင်ထားသူတွေ လောဘတစ်ဆင့်တက်လာတဲ့အခါ မအို မနာ မသေရတဲ့အဖြစ်ကို တောင့်တတတ်ကြတယ်တဲ့။ ဒီထဲမှာ ဂုရုဘရာမာလည်း တစ်ယောက်အပါအဝင်ပေါ့။ ဂုရုဘရာမာတစ်ယောက် မသေဆေးတွေ့ဖို့ တောနက်ထဲမှာ စင်တာတွေဆောက်ရင်း တစ်ယောက်တည်းကြိတ်ပြီးဆေးပင်ရှာနေတုန်း ဒီတောနက်ထဲက လူသေအလောင်း 10 လောင်းရှာတွေ့ပြီး မြို့သားတွေရော ရဲတွေ အုပ်အုပ်ကျက်ကျက်ဖြစ်လာချိန်မှာတော့ ရဲတွေက ပထမဆုံးသံသယဝင်မိသူက မျက်မမြင်တစ်ယောက်ဖြစ်တဲ့ ဘဲလ်ဆိုတဲ့လူထူးဆန်း… လျှို့ဝှက်ချက်တွေနဲ့ပြည့်နေတဲ့ဘဲလ်ရယ် ဆေးပင်ရှာနေတဲ့ ဘရာမာရယ် အမှုလိုက်မယ့်ဒုရဲမင်းကြီးရယ် ဒီလူသုံးယောက်နဲ့ မသေဆေးပင်အရှုပ်တော်ပုံကဘာတွေဆက်ဖြစ်မလဲဆိုတာ ရှုစားလိုက်ရအောင်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood teamမှပဲဖြစ်ပါတယ်)...
The Corpse Washer (2024) ⭐IMDB: 7.1/10 (269 Votes) 🎬 #Drama #Horror #Thriller 🗓 2024 🎞 movie 🌎 #Indonesia ⏰ 1 နာရီ 46 မိနစ် 54 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Corpse Washer သို့ Pemandi Jenazah 2024 အလောင်းပြင်သူ Imdb 7.1/10 ခုရက်ပိုင်း ထွက်ရှိထားတဲ့သရဲကားတွေထဲ အကောင်းဆုံးလို့ပြောလို့ရလောက်တဲ့အင်ဒိုအသစ်စက်စက်သရဲကားတင်ဆက်ပေးချင်ပါတယ် အသည်းငယ်တတ်သူများအနေနဲ့ကြမ်းပေ့ဆိုတဲ့ဇာတ်ဝင်ခန်းတွေပါတာဖြစ်လို့ မကြည့်ခင်မှာစဉ်းစားစေချင်ပါတယ်ဒီကားကို ရုပ်ရှင်ရုံမှာသွားကြည့်တုန်းကတစ်ရုံလုံး ဝက်ဝက်ကွဲအော်ခဲ့ကြတဲ့ထိ ထိတ်လန့်စရာကောင်းခဲ့ပါတယ် လီလာတို့မိသားစုက ဘိုးစဉ်ဘောင်ဆက် အလောင်းရေချိုးပေးတဲ့အလုပ်ကိုလုပ်ခဲ့ကြတယ်ဒါပေမဲ့လီလာကတော့ ဒီအလုပ်ကိုရွံရှာပြီးမုန်းတီးနေသူပါ တစ်ရွာလုံးမှာလည်းသူ့အမေကလွဲဒီအလုပ်ကိုလုပ်မဲ့လူကမရှိ သူ့အမေမရှိတော့ရင် ဒီအလုပ်ကိုသူပဲဆက်ပြီးလုပ်ကိုင်သွားရမှာကိုတွေးပြီးစိတ်ပူပန်နေခဲ့တာပေါ့ အလောင်းပြင်ရင်လိုက်နာရမဲ့စည်းကမ်းက ပြင်နေချိန်ဝတ်ထားရမဲ့အဝတ်အစားနဲ့သေဆုံးသူနဲ့ဆိုင်တာတွေကို မီးရှို့ပစ်ဖို့ပါ မဟုတ်ရင် ကံဆိုးခြင်းတွေနဲ့အတူ မမြင်အပ်တာတွေပါလာတတ်တယ်လို့အယူရှိတယ်ပေါ့ ဒါပေမဲ့စူးစမ်းချင်စိတ်နဲ့ ပုံမှန်မဟုတ်ဘဲသေဆုံးသွားတဲ့ သူတို့မြို့ထဲကလူရဲ့ပစ္စည်းတစ်ခုကိုလီလာကမီးမရှို့ဘဲသိမ်းထားခဲ့မိတယ် ဒီလိုကနေ မိခင်သေဆုံးတဲ့ထိဖြစ်လာပြီးအလောင်းပြင်ဖို့တာဝန်က လီလာ့လက်ထဲရောက်လာချိန်မှာတော့။။။ ပုံမှန်မဟုတ်တဲ့ သေဆုံးမှုတွေ တစ်မှုပြီးတစ်မှုဖြစ်ပြီး သေဆုံးပုံတွေက တူလာတဲ့အခါဘာတွေဆက်ဖြစ်သွားမလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ပါရှင် ( အညွှန်းကို Yunni မှရေးသားထားပြီး ဘာသာပြန်တွေကတော့ Yunni ~ Alex ~ V ~ KKKZ တို့ပဲဖြစ်ပါတယ်...
Guruvayoor Ambalanadayil (2024) ⭐IMDB: 6.9/10 (1 k Votes) 🎬 #Bollywood #Comedy 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 13 မိနစ် 41 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Guruvayoor Ambalanadayil (2024)“ရည်းစားဟောင်း” IMDb 7.0 ရထားတဲ့ အသစ်ထွက် မလေယာလမ်းဟာသရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ရပါတယ် သရုပ်ဆောင်တွေအဖြစ် Prithviraj Sukumaran နဲ့ Basil Joseph တို့ဦးဆောင်ပါဝင်ပြီး ဟာသသရုပ်ဆောင် ယိုဂီဘာဘူပါ အားဖြည့်ထားတဲ့ ဒီကားလေးမှာဆိုရင်ဗီနူးဟာ တစ်ချိန်ကစွန့်ခွာသွားတဲ့ အဆက်ဟောင်းကို မေ့မရနိုင်နေ့ရက်တွေကို ဖြတ်သန်းခဲ့ရပြီးနောက်မှာတော့ ယောက်ဖလောင်း အာနန်ဒန်ရဲ့ အစ်ကိုလို၊ သူငယ်ချင်းလို ဖေးမအားပေးမှုကြောင့်သူ့ညီမ အန်ဂျလီနဲ့ လက်ထပ်မယ့်အရေး အရာအားလုံး အဆင်ပြေချောမွေ့တော့မယ့်ဟန် ရှိပေမယ့်ကံဆိုးချင်တော့ ချစ်ယောက်ဖရဲ့ ဇနီး တနည်းအားဖြင့် သူ့မရီးဟာဖြင့် သူ့ကိုသိပ်ကိုမုန်းလှချည့်ဆိုတဲ့ရည်းစားဟောင်း ပါဗာသီဖြစ်နေတဲ့ အခါမှာတော့ … အမုန်းတရားတွေကနေ ဖြစ်လာတဲ့ မိသားစုပြဿနာတွေမှသည် ဘယ်လိုတွေဆက်ဖြစ်မလဲပရိသတ်ကြီး ခံစားကြည့်ရှုပေးပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်...
Ghar Banduk Biryani (2023) ⭐IMDB: 6.8/10 (419 Votes) 🎬 #Bollywood #Comedy #Drama #Thriller 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 33 မိနစ် 46 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Ghar Banduk Biryani (2023) IMDb 6.8 ဇာတ်ဝင်ခန်း ၈၀% လောက်ကို တောထဲမှာအခြေတည်ထားတဲ့မာရသီစကားပြော အက်ရှင်ဟာသရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ရပါတယ် မိဘမဲ့ စားဖိုမှူးလေး ရာဂျူးက မိန်းမရဖို့ရာ အိမ်တစ်လုံးမဖြစ်မနေအရင်ဝယ်ဖို့ မိန်းကလေးဘက်က တောင်းဆိုတာကြောင့် စဥ်းစားရကျပ်နေချိန်မှာဓားပြဗိုလ်ဆီရောက်သွားပြီး ဓားပြဗိုလ်က ဆုံးသွားတဲ့ ဇနီးသည်ရဲ့ ဒန်ပေါက်လက်ရာကိုလွမ်းတာကြောင့်ဒန်ပေါက်ချက်ရမယ့် အလုပ်ပေးလာတယ် တစ်ဖက်မှာ ရဲအရာရှိပါတီးလ်ကတော့ ရိုးရာပွဲတစ်ခုမှာ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်တဲ့ကျောင်းသားတစ်စုကို ဆော်ပလော်တီးရာကနေ လွှတ်တော်အမတ်ရဲ့သားကို လုပ်မိလို့ဓားပြတွေရှိရာ နယ်ဘက်ကို တာဝန်ပြောင်းခံလိုက်ရတဲ့အခါမှာ ဘယ်လိုတွေဆက်ဖြစ်မှာလဲ အလွမ်းအဆွေး၊ အက်ရှင်ဇာတ်ကြမ်း၊ ဟာသ၊သီချင်းတို့နဲ့ မြိုင်မြိုင်ဆိုင်ဆိုင်တင်ဆက်ထားတဲ့ ဒီရုပ်ရှင်လေးကို အားပေးကြပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်...
Trigger Warning (2024) ⭐IMDB: 4.5/10 (8 k Votes) 🎬 #Action #Crime #Thriller 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 47 မိနစ် 4 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Netflix ရဲ့အက်ရှင်ဇာတ်ကြမ်းကားသစ်လေးပါ… အမေရိကန်စစ်တပ်ရဲ့ လက်ရွေးစင်စစ်သမီး ပါကာဟာ အာဖဂန်မှာ စစ်မှုထမ်းပြီး ဖခင်ဆုံးသွားတာကြောင့် သူ့အဖေရှိရာ မြို့ငယ်လေးကိုပြန်လာခဲ့ပါတယ် သူ့အဖေရဲ့ ဘားဆိုင်ကို လက်လွှဲယူပြီး အေးဆေးဖြတ်သန်းနေရင်းနဲ့… သူ့ဖခင်ဆုံးသွားတာက သွေးရိုးသားရိုးမဟုတ်ဘဲ …မြို့တွင်းက လက်နက်မှောင်ခိုအကျင့်ပျက်ခြစားနေတဲ့ ရဲဝန်ထမ်းနဲ့ လူမိုက်ဂိုဏ်းတွေ ပါဝင်ပတ်သက်နေကြောင်းသိလိုက်ရတဲ့အခါမှာတော့….ဖခင်ရဲ့သေဆုံးမှုကို လက်စားချေရင်း ဒုစရိုက်မှုတွေကိုဖော်ထုတ်ရှင်းလင်းဖို့ ပါကာရဲ့တာဝန်ဖြစ်လာပါတော့တယ် (အညွန်းနဲ့ဘာသာပြန်ကိုတော့ Thiha Yan Naing ကရေးသားထားပါတယ်)...
Maximum Overdrive (1986) ⭐TMDB: 58% User Score 🎬 #Action #Comedy #Horror #SciFi #ScienceFiction 🗓 1986 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 38 မိနစ် 38 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Maximum Overdrive (1982)Genre – Action, Comedy, Horror IT တို့ The Shining တို့ Carrie တို့အပြင် တခြားနာမည်ကြီး စိတ်ဝင်စားစရာ ထိတ်လန့်ခြောက်ခြားဖွယ် အကြောင်းအရာတွေကို ရေးသားခဲ့ပြီး King of Horror လို့ ဂုဏ်ဘွဲ့ရထားတဲ့ စာရေးဆရာ Stephen King ဆို မသိသူ မရှိလောက်ပါဘူး။ ဒီရုပ်ရှင်ကိုတော့ Stephen King ကိုယ်တိုင် သူ့ဝတ္ထုတို ဖြစ်တဲ့ Truck ဆိုတာကို အခြေခံပြီး ကိုယ်တိုင်ဒါရိုက်တာလုပ် ရိုက်ကူးထားတာပဲ ဖြစ်ပါတယ် (သူ့ဘဝမှာ ဒီကားတစ်ကားပဲ ဒါရိုက်တာ လုပ်ခဲ့တာပါ) ဒါ့အပြင် လာလာချင်းခန်းမှာတောင် Cameo အနေနဲ့ ဝင်ပါထားပါသေးတယ်။ နောက်ထပ် ထူးခြားတဲ့အချက်ကတော့ ဇာတ်ကားရဲ့ ဇာတ်ဝင်တေးတစ်ခုလုံးကို နာမည်ကျော် ရော့ခ်အဖွဲ့ဖြစ်တဲ့ AC/DC က တီးခတ်ပြီး သူတို့သီချင်းတွေချည်းပဲ ရွေး အသုံးပြုထားတာပါ။ ဇာတ်လမ်းအကြောင်းပြောရမယ်ဆိုရင်တော့ သူ့ခေတ်သူ့ဟာနဲ့သူ ခပ်ဆန်းဆန်း ပြောရပါမယ်။ ကမ္ဘာဂြိုလ်ဟာ သင်းကွဲကြယ်တံခွန်တစ်ခုရဲ့ အမြီးနားကို ၈ ရက်လောက် ကပ်မိသွားတာဖြစ်လို့ ကမ္ဘာပေါ်က လျှပ်စစ်ပိုင်းဆိုင်ရာ မော်တာပါ စက်ပစ္စည်းမှန်သမျှဟာ သူ့ဘာသာ အသက်တွေဝင်လာပြီး လူသားတွေကို သတ်ဖြတ်တာမျိုး ဖြစ်သွားတာပါ။ ဒီလို စက်ယန္တရားရန်စွယ်တွေကနေ ဒစ်ဆီဘွိုင်းဆိုတဲ့ ဆီဆိုင် စားသောက်ဆိုင်လေးတစ်ဆိုင်ထဲမှာ ရဲရင့်ဖြတ်လတ်တဲ့ ဝိတ်တာလေးရယ် လမ်းကြုံလေလွင့်လာတဲ့ ကောင်မလေးတစ်ယောက်ရယ် ကြင်စဦး ဇနီးမောင်နှံတို့ရယ် အဖေဖြစ်သူကို လိုက်ရှာနေတဲ့ ကလေးတစ်ယောက်ရယ်နဲ့ ဆိုင်ထဲက တခြားလူတွေရယ် အကုန်စုပေါင်းပြီး ဘယ်လိုတွေ ကာကွယ်တိုက်ခိုက် စွန့်စားကြမလဲဆိုတာကို ကြည့်ရမှာပဲ ဖြစ်ပါတယ်။...
The Movie Emperor (2023) ⭐IMDB: 6.2/10 (269 Votes) 🎬 #Comedy #Drama 🗓 2023 🎞 movie 🌎 #China ⏰ 2 နာရီ 2 မိနစ် 30 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မင်းသားကြီး Andy Lau ရဲ့ဒရာမာရုပ်ရှင်ဇာတ်ကားအသစ်ဖြစ်ပါတယ်။ဒီဇာတ်ကားမှာ အနုပညာသက်တမ်း နှစ်(၄၀)ကျော်ရှိတဲ့အတ္တကြီးတဲ့ နာမည်ကြီးမင်းသားတစ်ယောက်အဖြစ်သရုပ်ဆောင်ထားပါတယ်။သူဟာအောင်မြင်မှုတွေရရှိခဲ့ပြီး လူကြိုက်များတဲ့မင်းသားတစ်ယောက်ဖြစ်ပေမယ့်သူလိုချင်တဲ့ဆုကိုမရခဲ့ပါဘူး။ ရုပ်ရှင်လောကကနေအနားယူဖို့အသင့်ဖြစ်နေပြီဆိုပေမယ့် ဂုဏ်သိက္ခာရှိရှိ ဆုရပြီးမှအနားယူချင်တဲ့သူ့ရဲ့ဆန္ဒကြောင့်လယ်သမားဇာတ်ကောင်နဲ့ရုပ်ရှင်ရိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ သူ့ရဲ့ပြင်းပြတဲ့စိတ်ကြောင့် အကြိုးစားလွန်ရာကနေကမောက်ကမတွေဖြစ်သွားတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။နောက်ဆုံးမှာ သူလိုချင်တဲ့ပန်းတိုင်ကိုရောက်နိုင်ပါ့မလား……ဒီဇာတ်ကားမှာ အင်တာနက်ခေတ်ကို လူကြီးတစ်ယောက်ရဲ့အသားမကျပုံနဲ့ရုပ်ရှင်လောကရဲ့သဘောတရားတွေအများကြီးကို ချပြထားပါတယ်။သရုပ်ဆောင်ဘက်ကရှုထောင့်နဲ့ဝေဖန်သူပရိသတ်တွေရဲ့ရှုထောင့် နှစ်မျိုးလုံးကိုမြင်ရမှာဖြစ်ပါတယ်။...