ru
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Закрытый канал

🚩 Channel was restricted by Telegram

Больше
Нет данных
Подписчики
-524 часа
-47 дней
+730 дней
Архив постов
Venom: The Last Dance (2024) ⭐TMDB: 68% User Score 🎬 #Action #Adventure #SciFi #Thriller #ScienceFiction 🗓 2024 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 49 မိနစ် 11 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မာဗယ် စူပါဟီးရိုးမကျဗီလိန်မကျ ဇာတ်ကောင်ဖြစ်တဲ့ ဗဲနွမ် သုံးကားမြောက်လာပြီ။ ဒါရိုက်တာက ၁ တုန်းကလိုပဲ Kelly Marcel ပါ။ မင်းသားကလည်း တွမ်ဟာဒီ ပါပဲ။ ဗဲနွမ် အသံသရုပ်ဆောင်အဖြစ်လည်း တွမ်ဟာဒီပဲ လုပ်ပေးထားတာပါ။ ဆိုနီအတွက် နောက်ဆုံး ဗဲနွမ်ရုပ်ရှင်လို့လည်း ဆိုပါတယ်။ ဇာတ်လမ်းအကျဉ်း ************* စကြဝဠာကြီးထက်တောင် ရှေးကျတဲ့ နောလ် ဆိုတဲ့ ဆင်ဘီအုတ်တွေရဲ့ ဖန်တီးရှင်ကြီးဟာ ဆိုးသွမ်းလွန်းလို့ ဆင်ဘီအုတ်တွေ ကိုယ်တိုင်က ပြန်အကျဉ်းချထားရတာပါ။ သူသာလွတ်လာရင် ဂြိုလ်တွေအကုန် ဖျက်ဆီးပစ်မှာမို့ပါပဲ။ သူလွတ်လာဖို့ကလည်း ကိုဒက်စ်ဆိုတဲ့ သော့ချက်ကိုလိုပြီး အဲဒီသော့ကတော့ ထုံးစံအတိုင်း အက်ဒီ နဲ့ ဗဲနွမ်တို့ နှစ်ကောင်ဆီ ရောက်နေပြန်ပါတယ်။ ဒါကို လိုက်ရှာဖို့အတွက် ဇယ်နိုဖာ့ဂျ် ဆိုတဲ့ မုဆိုးကိုလွှတ်လိုက်ပါတယ်။ ဒီတော့ ကိုဒက်စ်ကိုမရအောင် ဆင်ဘီအုတ်တစ်သိုက်နဲ့ ဗဲနွမ်တို့ ဘယ်လို လွတ်အောင် ပြေးရင် ပြန်တိုက်ခိုက်ကြမလဲဆိုတာ ဒီမှာ တွေ့ရပါလိမ့်မယ်။
...

Life and Love (2024) ⭐IMDB: 6.7/10 (189 Votes) 🎬 #Drama #Romance 🗓 2024 🎞 movie 🌎 #Estonia ⏰ 1 နာရီ 59 မိနစ် 38 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Life and Love (2024) Elu ja armastus IMDb Rating (6.8) 1933 ခုနစ်ကာလမှာ Irma ဆိုတဲ့ မိန်းမပျိုလေးတစ်ယောက်ဟာ သူ့ဇာတိ ကျေးလက်ကိုစွန့်ခွာပြီး အိပ်မက်တွေနောက်ကိုလိုက်ဖို့ မြို့ကိုတက်လာခဲ့တယ်။ မြို့က သူ့ရဲ့ဝမ်းကွဲဖြစ်သူ Lonni ရဲ့ အကူအညီနဲ့ ပုံနှိပ်တိုက်တစ်ခုမှာ သန့်ရှင်းရေးအဖြစ် ဝင်လုပ်ရင်း ကံကြမ္မာဖန်တော့ ပုံနှိပ်တိုက်ပိုင်ရှင်ရဲ့အိမ်မှာ အိမ်ဖော်လုပ်ဖို့ ဖြစ်လာခဲ့ပါတယ်။ ဒီ အသက်လတ်ပိုင်း လူပုံခန့်ခန့်နဲ့ ဆိုရှယ်ကောင်းတဲ့ ပုံနှိပ်တိုက်ပိုင်ရှင် Rudolf ဟာ မကြာခင်မှာပဲ အိမ်ဖော်မလေး Irma ကို စိတ်ဝင်တစားနဲ့ ချဉ်းကပ်လာတယ်။ ခေတ်ကာလက စီးပွားပျက်ကပ်ဆိုက်ပြီး နိုင်ငံရေးရှုပ်ထွေးနေချိန်ဆိုတော့ အချစ်က အဲဒီလောက် အရေးမပါတဲ့ကာလ ဖြစ်နေခဲ့တယ်။ ဒါပေမဲ့ Irma က Rudolf ရဲ့အချစ်ကိုလက်ခံပြီး နှစ်ဦးသား လက်ထပ်ခဲ့ကြတယ်။ လက်ထပ်ပြီး သိပ်မကြာခင်နောက်ပိုင်းမှာပဲ သိပ်မြတ်နိုးလှပါတယ်ဆိုတဲ့ Rudolf ရဲ့ အမူအယာတွေဟာ ပြောင်းလဲလာခဲ့တယ်။ Rudolf ကို သိပ်ချစ်မိသွားတဲ့ Irma ဟာတော့ အကြောင်းရင်းကို ရှာဖွေရင်း ဒီအချစ်ဇာတ်လမ်းရဲ့ဇာတ်သိမ်းလေး ဘယ်လိုပြီးဆုံးသွားမလဲ ကြည့်ရှုလိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Khey Ki ဖြစ်ပါတယ်။)
...

Saturn Return (2024) ⭐IMDB: 6.7/10 (861 Votes) 🎬 #Drama #Music 🗓 2024 🎞 movie 🌎 #Spain #France ⏰ 1 နာရီ 52 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Saturn Return aka Segundo premio (2024)IMDb 6.8/10“တစ်ခဏတာရပ်တန့်သွားပြီးနောက်…ငါတို့ပြန်လာခဲ့တယ်” ဂီတဟာလူတွေအပေါ်ကို ဘယ်လောက်ထိလွှမ်းမိုးနိုင်စွမ်းရှိပါသလဲ။ ဘဝရဲ့အဆိုးရွားဆုံးအခြေအနေတွေကို ကျော်ဖြတ်ပြီးတဲ့နောက်မှာဂီတက လူတွေကိုဘယ်လိုမျိုး ပြန်လည်ရပ်တည်စေခဲ့လဲ။၁၉၉၀ခုနှစ်နှောင်းပိုင်းမှာ အယ်လ်ဘမ်အသစ်ထုတ်ဝေဖို့ကြိုးစားနေတဲ့ဂီတအဖွဲ့တစ်ဖွဲ့ရှိပါတယ်။ အယ်လ်ဘမ်အသစ်ထုတ်ဝေနိုင်ဖို့ကြိုးစားနေတဲ့အဲဒီအဖွဲ့လေးက အဆိုးရွားဆုံးအခြေအနေတွေကိုကျော်ဖြတ်ပြီးတဲ့နောက်ဘာတွေဆက်ဖြစ်လာခဲ့လည်းဆိုတာကိုဒီဇာတ်ကားလေးမှာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။
...

Cadejo Blanco (2021) ⭐IMDB: 6.6/10 (204 Votes) 🎬 #Drama #Thriller #Crime 🗓 2021 🎞 movie 🌎 #Guatemala #UnitedStates #Mexico #UnitedStatesofAmerica ⏰ 2 နာရီ 6 မိနစ် 55 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Cadejo Blanco (2021) IMDb Rating (6.6) / Rotten Tomatoes (89%) မတည့်အတူနေ ညီမနှစ်ယောက် ကလပ်သွားရင်း ရန်ဖြစ်ကြတဲ့ အခါ အစ်မဖြစ်သူက အိမ်ကို အရင် စောစောပြန်လာခဲ့ပါတယ်။ မနက်ကျ သူ့ညီမက အိမ်ပြန်မရောက်တဲ့အပြင် ပြောက်ချင်းမလှပြောက်သွားခဲ့ပါတယ်။ ရဲသွားတိုင်ခဲ့ပေမဲ့ မထူးခဲ့ပါဘူး။ သူ့ညီမကို သူကိုယ်တိုင်ရှာဖွေမှဖြစ်မယ်ဆိုတာ သဘောပေါက်သွားပြီးနောက် သူတစ်ယောက်တည်းအရဲစွန့်ပြီး ဂိုဏ်းနယ်မြေထဲ ဝင်ရတဲ့အခါ ထိန့်လန့်ဖွယ် ရွံရှာဖွယ် အခြေအနေတေွကို သူဘယ်လိုရင်ဆိုင်မလဲ နောက်ဆုံးအပြီးထိ ရင်တမမနဲ့ ကြည့်ရမယ့် action ကားကောင်းပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Emma ဖြစ်ပါတယ်။)
...

Hotsureru (2023) ⭐IMDB: 5.8/10 (139 Votes) 🎬 #Drama #Romance 🗓 2023 🎞 movie 🌎 #Japan #France ⏰ 1 နာရီ 25 မိနစ် 11 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Fly On (2023) Hotsureru IMDb Rating (5.8) ဒရာမာအမျိုးအစား အချစ်ရုပ်ရှင်အိမ်ထောင်ရေး ဇာတ်လမ်းကောင်းလေးတစ်ကားပါ။ ဝါတာကိုဆိုတဲ့ မိန်းကလေးဟာ သူ(မ)ရဲ့ ချစ်ရသူဖြစ်တဲ့ ကီမူရာကို တိုကျိုက အက်ဆီးဒန့်တစ်ခုမှာ ဆုံးရှုံးခဲ့ရတယ်။ ဒီမိန်းကလေးဟာ ဒီဝမ်းနည်းမှုကို မေ့ပျောက်ပြီး ဘဝကို သူ့ယောက်ျားနဲ့ပဲ အေးအေးဆေးဆေး ဖြတ်သန်းတော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့ မေ့ချင်ယောင်ဆောင်ပြီးနေခဲ့ပေမဲ့ ကီမူရာကို ဆုံးရှုံးလိုက်ရတာကြီးက သူ့(မ) ဘဝမှာ အမှတ်သားကြီး တစ်ခုအနေနဲ့ထားခဲ့ပြီး သူ့နဲ့အတူရှိခဲ့ဖူးတဲ့ အမှတ်တရတွေဆီက မလွှတ်မြောက်နိုင်တဲ့အခါ.. (အညွှန်းနဲ့ဘာသာပြန်ကတော့ Lin Thurein ဖြစ်ပါတယ်။)
...

The Book Thief (2013) ⭐TMDB: 75% User Score 🎬 #Drama #War 🗓 2013 🎞 movie 🌎 #Germany #UnitedStates #UnitedKingdom #UnitedStatesofAmerica ⏰ 2 နာရီ 12 မိနစ် 59 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Book Thief (2013) *********************** IMDb….7.5 စာရေးဆရာ Markus Zusak ရေးသားခဲ့တဲ့ The Book Thief စာအုပ်ဟာ Bestseller စာရင်းဝင်ခဲ့ပြီး ဘာသာစကေားပေါင်းများစွာစွာနဲ့ ပြန်လည်ထုတ်ဝေခဲ့ပါတယ်… လက်ရာမြောက်ဒီစာအုပ်ကို ရုပ်ရှင်အသွင် ၂၀၁၃ မှာပြန်လည်ရိုက်ကူးခဲ့ပါတယ်. .. ဝတ္ထုဇာတ်လမ်းလေးကို ရုပ်ရှင်အဖြစ်ပြောင်းလဲရာတွင်လည်း ဆုပေါင်းများစွာဆွတ်ခူးနိုင်ခဲ့ပါတယ် … ဒုတိယကမ္ဘာစစ်အတွင်း  ဂျာမနီနိုင်ငံရဲ့ စစ်တစ်လင်းအောက်မှာရှိခဲ့တဲ့ သာမန်လူတစ်စုကိုအခြေခံပြီးရိုက်ကူးထားပါတယ်… လင်မယား (၂)ယောက်ရှိတယ်…သားသမီးမရခဲ့တဲ့သူတို့လင်မယား(၂)ယောက်ဟာ လီဆယ်မီမင်ဂါဆိုတဲ့ ကောင်မလေးကိုမွေးစားခဲ့ပါတယ် ..စာမရေးတတ် မဖတ်တတ်တဲ့ လီဆယ်ကို မွေးစားဖခင်က ဝတ္ထုစာအုပ်တွေဖတ်ပြပြီး သင်ပေးခဲ့ရာမှ လီဆယ်တစ်ယောက် စာအုပ်တွေကိုသဘောကျသွားခဲ့တယ်. ..ဒီကလေးမလေးရဲ့ပတ်ဝန်းကျင်မှာ စစ်ဘေးဒဏ်ခံနေရတဲ့လူတွေအများကြီး.. .သူမဟာ အသက်ငယ်ပေမဲ့ ဒီလူတွေကိုတတ်နိုင်တဲ့ဘက်က အားပေးနှစ်သိမ့်ပေးချင်တယ်.. .ဒီတော့ အဲဒီကလေးမလေးဟာစာအုပ်တွေအများကြီးပိုင်တဲ့ မြို့တော်ဝန်အိမ်က စာအုပ်တွေခိုးယူဖတ်ပြီး စစ်ဘေးဒဏ်ခံလူတွေကို ပုံပြင်လေးတွေပြောပြရင်း အားပေးနှစ်သိမ့်ပါတယ်….နောက်ပြီး လီဆယ်တို့ မိသားစုဟာ ဂျူးလူမျိုးတစ်ယောက်ကို ကယ်တင်မိပြီး သံယောဇဉ်တွယ်ခဲ့ရာမှ အခက်အခဲတွေကြုံတွေ တစ်သီကြီးကြုံရပါတော့တယ်…. ဒီကားထဲက ကလေးသရုပ်ဆောင်Sophie Nélisse ဟာ ၂၀၁၃ခုနှစ်ရဲ့ အကောင်းဆုံးကလေးသရုပ်ဆောင်ဆုကိုဒီကားနဲ့ရရှိခဲ့ပါတယ်. ..အခြားဆု(၈)ခုရရှိခဲ့ပြီး ဆန်ကာတင်ဆုစာရင်းမှာ (၁၄)ခုတောင်ဝင်ခဲ့ပါသေးတယ်.. ..ကိုင်းခံစားကြည့်လိုက်ပါဦးခင်ဗျ…. (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Lyric Lynn Khant ဖြစ်ပါတယ်
...

This Train (2023) ⭐IMDB: 5.5/10 (48 Votes) 🎬 #Drama #Music 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 42 မိနစ် 11 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ရစ်ကီဟာ အဖြစ်ဆိုးအချို့ကို ကြုံတွေ့ပြီးချိန်မှာ မြို့ကနေ ထွက်သွားပြီး လျှောက်သွားနေခဲ့တဲ့သူ ဖြစ်ပါတယ်။ ဒီလိုနဲ့ သုံးနှစ်အကြာမှာတော့ သူ့ရဲ့ ဇာတိမြို့ကို ပြန်ရောက်လာခဲ့ပါတယ်။ ဒီလိုနဲ့ပဲ သူ့ရဲ့သူငယ်ချင်းဟောင်းနဲ့ ပြန်တွေ့ရင်း သူငယ်ချင်းက သူ့ကို တိုင်လာဆိုတဲ့ လူငယ်တစ်ယောက်နဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ တိုင်လာ ဟာ အရက်သောက် ဆေးသုံးနဲ့ ကလေးအကျဉ်းထောင်ကျပြီး ပြန်လွတ်လာခဲ့သူပါ။ ဒါ့အပြင် တိုင်လာဟာ ရစ်ကီ လွတ်မြောက်ဖို့ကြိုးစားနေတဲ့ အတိတ်ဆိုးနဲ့လည်း ပါတ်သတ်မှုရှိနေပါတယ်။ ရစ်ကီ တစ်ယောက် ရှောင်ပြေးနေတဲ့အရာကဘာလဲ။ သူ ဒီအရာတွေကို ဘယ်လိုရင်ဆိုင်မလဲ။ တိုင်လာ နဲ့ ရစ်ကီရဲ့ ဆက်ဆံရေးကရော ဘယ်လိုဖြစ်လာမလဲဆိုတာ ကြည့်ရှုပေးကြပါဦး။
...

Christmas Eve in Miller's Point (2024) ⭐IMDB: 5.3/10 (1 k Votes) 🎬 #Comedy #Drama 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 47 မိနစ် 59 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Christmas Eve in Miller’s Point (2024) IMDb Rating (5.4) / Rotten Tomatoes (78%) သိပ်မကြာခင်မှာ ခရစ္စမတ်ကို ရောက်တော့မှာဆိုတော့ ကြည်နူးစရာကောင်းတဲ့ ခရစ္စမတ်ကားလေးတစ်ကားကို ညွှန်းပေးချင်ပါတယ်။ ခရစ္စမတ်အကြိုနေ့မှာ အီတလီအမေရိကန်မိသားစုတစ်စုက မိသားစုစုံညီစွာ ကျင်းပဖို့ ကျေးလက်ဒေသလေးကို ပြန်လည်ရောက်ရှိလာကြပါတယ်။ ဒီအိမ်လေးကို ရောင်းချတော့မှာဖြစ်လို့ ဒီနေရာမှာ မိသားစုစုံညီစွာ ခရစ္စမတ်အကြိုကို ကျင်းပတာနောက်ဆုံးမို့ ဝမ်းနည်းဝမ်းသာ ကြည်နူးစရာမိသားစုပုံစံလေးကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီအိမ်လေးထဲမှာ မိသားစုတွေ အတူတူဆုံစည်းစားသောက်ကြတာတွေ၊ ခရစ္စမတ်ကို ပျော်ရွှင်စွာ ဆင်နွှဲကြပုံတွေ၊ ဆယ်ကျော်သက်တွေရဲ့ မိဘနဲ့ ကတောက်ကဆဖြစ်မှုလေးတွေ၊ ခရစ္စမတ်လက်ဆောင်တွေ အချင်းချင်းဖလှယ်ကြပုံတွေကို ကြည်နူးစွာ မြင်တွေ့ရမှာ ဖြစ်လို့ ပျော်စရာကောင်းတဲ့ ခရစ္စမတ်ညလေးမှာ ကြည့်သင့်တဲ့ ဇာတ်လမ်းကောင်းတစ်ခုဖြစ်ပါတယ်။ ကြည့်ရင်းနဲ့ ကိုယ်တိုင် ဒီမိသားစုထဲကို ရောက်ရှိသွားသလို ခံစားရပြီး ပျော်ရွှင်ကြည်နူးစရာတွေ ရရှိမှာဖြစ်လို့ ခရစ္စမတ်ကာလလေးမှာ ဒီကားလေးကို မဖြစ်မနေကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Su Mon ဖြစ်ပါတယ်။)
...

Jingle Bell Run (2024) ⭐IMDB: 6.5/10 (1 k Votes) 🎬 #Comedy #Romance #TVMovie 🗓 2024 🎞 tv movie 🌎 #Canada #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 24 မိနစ် 10 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb Rating – 6.5/10 ဒီကားကိုတော့ ဒါရိုက်တာ Lucie Guest ရိုက်ကူးထားပြီး မင်းသား Andrew Walker နဲ့ မင်းသမီး Ashley Williams တို့ကပါဝင် သရုပ်ဆောင်ထားပါတယ်။ ခရစ်စမတ်ပွဲတော်ချိန်လဲနီးလာပြီဆိုတော့ ခရစ်စမတ်ကားလေးနဲ့ မိတ်ဆက်ပေးပါမယ်။ ဒီကားလေးဟာတော့ အချစ်ဇာတ်လမ်းတစ်ခုကို ဟာသဆန်ဆန်ရိုက်ကူးထားပြီး ခရစ်စမတ်ပွဲတော်အကြောင်းလဲ အများအပြားပါဝင်တဲ့အတွက် ကြည့်ရှုသင့်တဲ့ဇာတ်ကားကောင်းပါ။ အယ်ဗရီဆိုတဲ့မူကြိုကျောင်းဆရာမလေးက ကလေးတွေတွက် စာဖတ်ခန်းလုပ်ဖို့ အလှူငွေရှာနေတာဖြစ်ပြီးတော့ စာဂျပိုး တစ်ယောက်လည်း ဖြစ်ပါတယ်။ သူမကစာအုပ်တွေကို ကြိုက်သလောက် အားကစားကတော့ သုညလို့တောင် ပြောလို့ ရတဲ့ထိပါပဲ။ ဒီလိုနဲ့ gym trainer အမဖြစ်သူရဲ့ကောင်းမှုနဲ့ ခရစ်စမတ်ပြိုင်ပွဲတစ်ခုမှာ ဒေါ်လာတစ်သန်းအတွက် ပါဝင် ယှဉ်ပြိုင်ဖို့ဖြစ်လာပါတယ်။ စာလုံးဆက်ပဟေဠိတွေမှာ အရမ်းတော်တဲ့အယ်ဗရီကတော့ ပြိုင်ပွဲကိုနိုင်ဖို့ထက် အရင်ဆုံး မထွက်ရဖို့ဆိုတဲ့ ပန်းတိုင်နဲ့သွားပြိုင်မှာပါ။ ဝက်စ်ကတော့ ဟော်ကီကစားသမားဟောင်းဖြစ်ပြီး အနားယူပြီး ကတည်းက နာမည်ကျနေတဲ့သူပါ။ ဒီလိုနဲ့ သူ့ကျော်ကြားမှုတွေ ပြန်ရဖို့အတွက် ခရစ်စမတ်ပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့လုပ်ပါတော့တယ်။ အားကစားမှာအရမ်းထူးချွန်ပေမဲ့ ဗဟုသုတကတော့ သုညဖြစ်နေတဲ့ ဝက်စ်ကတော့ ဘာပဲဖြစ်ဖြစ်သူနိုင်ရမယ်ဆိုပြီး ယှဉ်ပြိုင်လိုစိတ် အပြည့်နဲ့ ဆုကိုရဖို့ပြိုင်ပွဲဝင်တာပါတဲ့။ ဒီလိုနဲ့ အရာရာဆန့်ကျင်ဘက်နှစ်ယောက်ဟာ ပြိုင်ပွဲမှာ အသင်း တစ်သင်းတည်းအတွဲခံလိုက်ရတဲ့အခါမှာတော့ ပြဿနာတွေ ရှိလာပါတယ်။ ဒါမဲ့ဦးနှောက်သမားနဲ့ခွန်အားသမားပူးပေါင်းထားတဲ့ သူတို့အသင်းဟာ အလွဲတွေရဲ့ကြားမှာ အချင်းချင်းရဲ့အားနည်းချက် တွေကိုဖြည့်ပေးရင်း အကောင်းဆုံးအသင်းတဖြည်းဖြည်းဖြစ်လာခဲ့ပါတယ်။ ထုတ်လုပ်သူကလဲ ကြည့်ရှုနှုန်းတက်ဖို့ ဝက်စ်ကိုအယ်ဗရီနဲ့ဖလစ်ခိုင်းတဲ့ အခါ ကျော်ကြားမှုကိုလိုချင်တဲ့ ဝက်စ်ကအယ်ဗရီနဲ့နီးစပ်အောင် လုပ်ပါတော့တယ်။ ဒီလိုနဲ့ပြိုင်ပွဲကိုဆက်ပြိုင်ရင်း ဟန်ဆောင်မှုတွေကစစ်မှန်လာတဲ့အခါ ဝက်စ်ကသူအရမ်းရူးသွပ်ရတဲ့ ကျော်ကြားမှုကိုရွေးမှာလား… အားလုံးကိုစွန့်လွှတ်ပြီးအယ်ဗရီ့ကိုပဲရွေးမှာလား… အနိုင်ရဖို့မတွေးတဲ့အယ်ဗရီက ဝက်စ်ဆီက ဘယ်လိုmotivation တွေရမလဲ… ဝက်စ်ကရော အယ်ဗရီ့ဆီက တစ်ကိုယ်ကောင်းမဆန်ဖို့သင်ယူပြီး ဘယ်လိုပြောင်းလဲသွားမလဲ… ဒါတွေကို ခရစ်စမတ်ပြိုင်ပွဲတစ်လျှောက်လုံးကို ရိုက်ကူးထားတဲ့ ဒီဇာတ်ကားမှာ အလွဲလေးတွေကိုကြည့်ရင်း အဖြေရှာရမှာပါ။
...

The Taste of Freedom (2023) ⭐IMDB: 6.6/10 (210 Votes) 🎬 #Family #Romance #Drama #Comedy 🗓 2023 🎞 movie 🌎 #Ukraine ⏰ 1 နာရီ 57 မိနစ် 21 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီကားလေးကတော့ ၂၀၂၃ ကထွက်ရှိခဲ့တဲ့အပြင်မှာတကယ်ရှိတဲ့ ယူကရိန်းဟင်းချက်စာအုပ်ကိုအခြေခံထားတဲ့ Comedy/Romance ရုပ်ရှင်‌လေးဖြစ်ပါတယ် ဇာတ်လမ်းအကျဥ်းကတော့… အဆင့်မြင့်တဲ့စားသောက်ဆိုင်တစ်ခုမှာစာဖိုမှူးဖြစ်ချင်တဲ့ကောင်မလေးတစ်ယောက်ကသူ့ဇာတိရွာသေးသေးလေးကနေထွက်ပြေးလာရင်နဲ့နာမည်ကျော်စာဖိုမှူး Olga Franko ရဲ့ ၁၉၂၉ကရေးခဲ့တဲ့ဟင်းချက်စာအုပ်ကိုရှာတွေ့သွားတာကနေစပြီးတော့ သူကြုံ‌တွေ့လာရတဲ့အခက်အခဲတွေသူ့ဘဝပြောင်းလဲသွားပုံတွေကိုစိတ်ဝင်စားဖွယ်ကြည့်ရူရမယ့်စာဖိုမှူးရုပ်ရှင်ဇာတ်ကားလေးပဲဖြစ်ပါတယ်
...

Dear Santa (2024) ⭐IMDB: 5.4/10 (16 k Votes) 🎬 #Comedy #Family #Fantasy #Horror 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 48 မိနစ် 39 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးကတော့ ဟာသမင်းသားကြီး Jack Black ပါဝင် သရုပ်ဆောင်ထားတဲ့ ကြည်နူးချမ်းမြေ့ရယ်ရွှင်ဖွယ် ခရစ်စမတ် ဟာသကားလေးပဲဖြစ်ပါတယ်… Liam Turner ဆိုတဲ့ ကလေးလေးတစ်ယောက် အကြီးမားဆုံး ဆန္ဒတစ်ခု ပြည့်ဝစေဖိုအတွက် ခရစ်စမတ်ဘိုးဘိုးကြီး ဆန်တာကလော့ဆီ ဆုတောင်းစာရေးပိုရာမှ အလွဲအချော် တစ်ခုကြောင့် မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တွေကို ဒီကားလေးမှာ ပြုံးရွှင်ဖွယ်တွေ့မြင်ရမှာဖြစ်ပါတယ်… အဆိုတော် Post Malone ကိုလည်း ဒီကားမှာ Cameo အနေနဲ့ တွေ့မြင်ရမှာဖြစ်လို Postmates ‌တွေလည်း သဘောကျမိမယ်လို မျှော်လင့်ပါတယ်… မိတ်ဆွေက ပေါ့ပေါ့ပါးပါးနဲ့ ချစ်စရာဟာသကားလေးကို သဘောကျသူဆိုရင်တော့ ဒီကားလေးဟာ အချိန်ပေးကြည့်ဖို ထိုက်တန်တဲ့ ကားလေးတစ်ကားဖြစ်ကြောင်း ညွှန်းဆိုလိုက်ရပါတယ်
...

Iron Fighter (2024) ⭐IMDB: 3.8/10 (43 Votes) 🎬 #Action 🗓 2024 🎞 movie 🌎 #UnitedStates #Italy #UnitedStatesofAmerica ⏰ 1 နာရီ 20 မိနစ် 56 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 လက်ဝှေ့ဝါသနာရှင်များအတွက် အကြမ်းစားကြီးရိုက်ကူး ထားတာတော့မဟုတ်ပေမဲ့ အပျင်းပြေကြည့်လို့ကောင်းမဲ့ Iron Fighter ဆိုတဲ့ဇာတ်ကားတစ်ကားကို တင်ဆက်ပေး လိုက်ပါတယ်။ထူးခြားတာတစ်ခုကတော့ ဒီဇာတ်ကားက စိတ်ကူးယဉ်ပုံဖော်ရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်ပေမဲ့ ဒီဇာတ်ကားရဲ့မင်းသားဖြစ်တဲ့လက်ဝှေ့သမားကလောက်ဒီယိုက အပြင်လောကမှာလည်း ဒီနာမည်နဲ့ပဲလက်ဝှေ့နဲ့ကရာတေးချန်ပီယံ ဖြစ်ပြီး သူ့ရဲ့အတွေ့အကြုံတွေကိုဒီဇာတ်ကားထဲထည့်သွင်းပုံဖော် ထားတာပဲဖြစ်ပါတယ်။ ဇာတ်ညွှန်းထဲမှာ ကလောက်ဒီယိုကို မိန်းမဆုံးသွားပြီးတဲ့နောက်မှာ အကြီးအကျယ်စိတ်ထိခိုက်ပြီး လက်ဝှေ့လောကနဲ့ပရိသတ်ရှေ့ကနေ ပျောက်သွားတဲ့ ၁၀၂ ပွဲဆက်တိုက်အနိုင်ရရှိထားတဲ့ချန်ပီယံကြီး အနေနဲ့ပုံဖော်ထားပါတယ်။ ဒါပေမယ့်လည်းဘ၀ကရှေ့ဆက်သွားနေရမှာဖြစ်တဲ့အတွက် သမီးဖြစ်သူနဲ့နောက်မိန်းမနဲ့အတူတူအေးဆေးနေသွားရဖို့အတွက် နောက်ဆုံးတစ်ပွဲအနေနဲ့နာမည်ကြီးလက်ဝှေ့သမားတစ်ယောက်နဲ့ စိန်ခေါ်ထိုးသတ်ခဲ့ပါတော့တယ်။ဆုကြေးကလည်း ဒေါ်လာ ၁၀ သန်းနဲ့ ၃ သန်းတန်တဲ့ဆုဖလားကြီးဖြစ်တဲ့အတွက် အပြင်းအထန်ထိုးသတ်တဲ့ သူတို့နှစ်ယောက်ရဲ့တိုက်ပွဲကိုလည်း ရှုစားရဦးမှာဖြစ်ပါတယ်။ ဒီလိုကြမ်းတမ်းမဲ့ထိုးသတ်ပွဲကြီးမှာ ကလောက်ဒီယိုတစ်ယောက် အနိုင်ရသွားမလား ကြိုး၀ိုင်းအပြင်ကနေစောင့်ကြည့်နေကြတဲ့ ကြေးကြီးလောင်းတဲ့ လောင်းကစားသမားတွေနဲ့ရော ဘာအရှုပ်တွေ ဖြစ်လာဦးမလဲဆိုတာတွေကို အက်ရှင်နဲ့လက်ဝှေ့ အချိုးကျကျ ပေါင်းစပ်ပြီး လှလှပပရှုစားရမဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။
...

Killing All My Sisters (2024) ⭐IMDB: 4.8/10 (174 Votes) 🎬 #Thriller #TVMovie 🗓 2024 🎞 tv movie 🌎 #UnitedStates ⏰ 1 နာရီ 30 မိနစ် 50 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Killing All My Sisters (2024) ဒီဇာတ်ကားလေးကတော့ 2024 ခုနှစ်ထဲမှာ ထွက်ခဲ့တဲ့ လျှို့ဝှက်သည်းဖို ဇာတ်လမ်းလေးဖြစ်ပါတယ်။ မင်းသမီး Isabella Carlsen , Muguet Del Toro နဲ့ Grave Patterson တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပြီး ဒါရိုက်တာကတော့ Haylie Duff ရိုက်ကူးထားပါတယ်။ ဇာတ်လမ်းအကျဉ်း ကောလိပ်ကျောင်းသူလေး Emily ရဲ့အချစ်ဆုံးသူငယ်ချင်းဖြစ်သူ Jenna ဟာအဖွဲ့ဝင်စုဆောင်းရေးအပတ်မှာ ဆန်းကြယ်စွာပျောက်ဆုံးသွားပါတယ်။ အဲ့ဒီ ပျောက်ဆုံးမှုဟာ သူတို့ နှစ်ယောက် အသင်းဝင်ဖို့လုပ်ထားတဲ့ ကျောင်းရဲ့ အထူးအသင်းဖြစ်တဲ့ Beta Kappa Epsilon ရဲ့ လက်ချက်ဆိုတာ သိသွားတဲ့အခါမှာ Emily ဟာ BKE အသင်းရဲ့ ဆိုးရွားတဲ့လျှို့ဝှက်ချက်တွေကို ဘယ်လိုဖော်ထုတ်ပြီးတော့ သူ့သူငယ်ချင်းကို ပြန်ရှာသွားမလဲဆိုတာ စိတ်လှုပ်ရှားဖွယ်စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Nay ဖြစ်ပါတယ်။)
...

A Little Something Extra (2024) ⭐TMDB: 71% User Score 🎬 #Comedy 🗓 2024 🎞 movie 🌎 #France ⏰ 1 နာရီ 41 မိနစ် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဟာသဆိုသော်လည်းဟာသသာမကဂရုဏာပါသက်စေမယ့်အပြင် အခြားရုပ်ရှင်များနဲ့ကွဲထွက်နေတဲ့ နိုင်ငံတကာထိပါ အောင်မြင်နေတဲ့ ဇတ်ကားကောင်းတစ်ခု။ ဒီဇတ်ကားကပြင်သစ်စကားပြောရုပ်ရှင်ကားဖြစ်ပါတယ်။ ရာဇဝတ်မှုကျူးလွန်ထားတဲ့သားအဖနှစ်ယောက်က မမျှော်လင့်ပဲရဲလက်ကနေလွတ်အောင်ပြေးရင်းနွေရာသီစခန်းချအပျော်ခရီးထွက်လာတဲ့မသန်မစွမ်းသူလူငယ်များနဲ့စခန်းချရာအိမ်ကိုလိုက်ပါဖြစ်သွားပါတယ်။ သားကမသန်မစွမ်းသူအဖေကကျောင်း ဆရာအဖြစ်ဟန်ဆောင်ရင်းဂွတီးဂွကျအ ဖြစ်တွေကြုံရတာကိုရိုက်ပြထားသလိုမ သန်မစွမ်းသူလူငယ်အမျိုးသားအမျိုးသမီး လေးများရဲ့ဇတ်ကောင်စရိုက်ကိုလည်းသေချာရိုက်ပြထားပါတယ်။ ခမ်းနားတဲ့သရုပ်ဆောင်တွေမပါပေမယ့် လည်းပြင်ပဘဝကတကယ့်မသန်မစွမ်းလူငယ်အချို့ရဲ့သရုပ်ဆောင်မှုနဲ့ဇတ်ကွက်က သူတို့လေးတွေကိုဂရုဏာသက်ချစ်သွားစေမှာအမှန်ဖြစ်ပါတယ်။ ဆိုးတာတွေရှိနေတာတောင်လူတွေမှာ ကောင်းမြတ်တဲ့စိတ်နှလုံးသားလည်းရှိနေ ပါသေးတယ်ဆိုတာကိုပြချင်တာလည်းဖြစ်တယ်။ သားအဖနှစ်ယောက်ရဲတွေလက်ကလွတ် မလာ။းဘာအလှည့်အပြောင်းတွေကြုံရ မလဲ။ အဖေ(အော်ရပီ)အဖြစ်သရုပ်ဆောင်တဲ့ Clovic Cornillac(ကလိုဗစ်စ် ကော် နီးလ်ယာကာ)ရဲ့သရုပ်ဆောင်ချက်ကလည်းမျက်နှာပေးကအစသဘာဝကျသမ္ဘာကျလှပါတယ်။ သား(ဆီလီဗန်း)အဖြစ်သရုပ်ဆောင်တဲ့ Atus(အေးတပ်စ်)ကဇတ်ကားရဲ့သရုပ် ဆောင်ဒါရိုက်တာဇတ်ညွှန်းရေးသူဖြစ်တယ်။ တစ်ချို့ရိုက်ချက်တွေကစကားအများကြီးပြောစရာမလိုပြစရာမလိုပဲအဖြစ်အပျက်တွေကိုပေါ်လွင်ပြီးနှလုံးသားထိအောင်ရိုက်ပြသွားနိုင်ပါတယ်။ ပြင်သစ်သီချင်းလေးတွေကိုလည်းခံစားနားဆင်ရမှာဖြစ်တယ်။ ၂၀၂၄ ပြင်သစ်နိုင်ငံလက်မှတ်ရောင်း box officeမှာထိပ်ဆုံးပြေးနေတဲ့ဇတ်ကား ဖြစ်ပါတယ် ။ ဘတ်ဂျက်ဒေါ်လာ၆.၅၅သန်းသာကုန်ပေမယ့်ခုချိန်ထိတစ်ကမ္ဘာလုံးဝင်ငွေအနေနဲ့ဒေါ်လာ၈၄သန်းကျော်ရရှိထားတာဖြစ်ပါတယ်။ ဒါကြောင့် သင်လက်မလွှတ်သင့်တဲ့ ဇတ်ကားကောင်းဖြစ်ပါတယ်။
...

Umjolo: The Gone Girl (2024) ⭐TMDB: 68% User Score 🎬 #Comedy #Drama #Romance 🗓 2024 🎞 movie 🌎 #SouthAfrica ⏰ 1 နာရီ 34 မိနစ် 7 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Umjolo: The Gone Girl (2024) တစ်ယောက်နဲ့ တစ်ယောက်အရမ်းချစ်ကြတဲ့ သမီးရည်းစားနှစ်ယောက် သူတိုထဲက တစ်ယောက်ရဲ့ စိတ်အစစ်အမှန်ကို သိလိုက်ရတဲ့အချိန် သူတို ဆက်ဆံရေးမှာ အဖုအထစ်တွေဖြစ်လာပြီး ဘာတွေ ဆက်ဖြစ်ကြမလဲ ဆိုတာ ရိုမတ်တစ်ဆန်ဆန်ကြည့်ရမယ့် ဇာတ်ကားတစ်ကားပါ။ ရည်းစားတွေရဲ့ တယောက်နဲ့ တစ်ယောက်ခိုင်မြဲမှုတွေ နားလည်မှုတွေ ရှိနေဖိုက လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ **18+ အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။** (အညွှန်းနဲ့ဘာသာပြန်ကတော့ Dar Dar ဖြစ်ပါတယ်။)
...

I Used to Be Funny (2024) ⭐TMDB: 62% User Score 🎬 #Comedy #Drama 🗓 2024 🎞 movie 🌎 #Canada ⏰ 1 နာရီ 46 မိနစ် 33 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 I used to be funny(2023) ဒီကားလေးကတော့ လူရွှင်တော် အမျိုးသမီး ဆမ် ဟာ လူရွှင်တော်အဖြစ် မရပ်တည်နိုင်လောက်တဲ့ အထိ စိတ်ဒဏ်ရာတွေရခဲ့တဲ့အကြောင်းကို ရိုက်ကူးထားတဲ့ ကားလေးပဲ ဖြစ်ပါတယ်။ ဆမ် ဟာ ဟာသပြောတဲ့နေရာမှာတော်ပြီး အမှန်ကိုတည့်တိုး ပြောတတ်တဲ့မိန်းကလေးတစ်ယောက်ဖြစ်ပါတယ်။ သူဟာ လူရွှင်တော်အပြင် ဆယ်ကျော်သက်တွေကို ထိန်းကျောင်းပေးတဲ့အလုပ်ကိုလဲလုပ်ပါတယ်။ တနေ့မှာတော့မိသားစုမေတ္တာကိုလုံလောက်စွာမရတဲ့ ဆယ်ကျော်သက်ပီပီ စိတ်မငြိမ်ဖြစ်နေတဲ့ ဘရွတ်ကလင်ဆိုတဲ့ ကောင်မလေးကိုထိန်းကျောင်းပေးဖို့ အကြောင်းဖန်လာပါတယ်။ သူတို့နှစ်ယောက်ကလွယ်လွယ်ကူကူနဲ့ပဲ သူငယ်ချင်းဖြစ်လာကြပါတယ်။ တစ်နေ့မှာတော့ တည်ငြိမ်နေတဲ့ရေမျက်နှာပြင်ကိုကျောက်တုံး ပစ်ချလိုက်သလို ဆမ်ဟာ ကံဆိုးမှုနဲ့ ကြုံရပါတော့တယ်။ ကံဆိုးမှုတွေကိုရင်ဆိုင်နိုင်ခဲ့ပေမဲ့လဲ စိတ်ဒဏ်ရာတွေက ကျန်ခဲ့တာမိုလို့ သူမဟာအရင်လိုရယ်စရာကောင်းတဲ့သူတစ်ယောက်မဟုတ်တော့ပါဘူး။ သို့သော်လည်း စိတ်မတင်မကျဖြစ်နေတဲ့အရာကို ဘယ်လိုဆက်ပြီး ဖြေရှင်းမလဲ နောက်ဆုံးမှာ သူမက အရင်လို ရယ်ရတဲ့လူရွှင်တော် ဖြစ်လာမှာလား သူစိတ်ဒဏ်ရတွေက healing ဖြစ်လားမလားဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုနိုင်မဲ့ကားလေးဖြစ်ပါတယ်။ ဒီကားလေးက ဖြည်းဖြည်းချင်းဆွဲဆောင်သွားတဲ့ကားလေးမိုလို့ သေချာကြည့်သွားမယ်ဆိုရင် ဇာတ်ကားထဲနစ်ဝင်သွားနိုင်တဲ့အထိ rating 6.4ရထားတဲ့ကားလေးပဲဖြစ်ပါတယ်
...

Tum Mile (2009) ⭐TMDB: 51% User Score 🎬 #Drama #Romance 🗓 2009 🎞 movie 🌎 #India ⏰ 2 နာရီ 10 မိနစ် 56 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Tum Mile (2009) Emraan Hashmi နဲ့ Soha Ali Khan တို့ရဲ့ Romance/Drama ဇာတ်ကားလေး တစ်ကား ဖြစ်ပါတယ်။ မိုးလေဝသ စောင့်ကြည့်ရေး ဌာနမှ ဝန်ထမ်းတစ်ဦးက မိုးသက်လေပြင်း ကျတော့မယ့် အရိပ်အကဲတွေ့တဲ့အတွက်ကြောင့် လေယာဥ်ကွင်းကို အကြောင်းကြားဖို့ လုပ်ပါတယ်။ ဒါပေမဲ့ တစ်ခြားဝန်ထမ်းတွေက အကြောင်းကြားလည်း ဘာမှ ထူးမှာမဟုတ်ကြောင်း ပြောတာကြောင့် ဒီအတိုင်းပဲထားလိုက်ပါတယ်။ လေယာဥ်ထဲမှာ မွန်ဘိုင်းကိုပြန်ကြမယ့် အက်ရှေးနဲ့ စန်ဂျနာ တို့ ပါလာပါတယ်။ အက်ရှေးနဲ့ စန်ဂျနာက လွန်ခဲ့တဲ့ ၆ နှစ်က ချစ်သူတွေဖြစ်ခဲ့ကြပြီး အကြောင်းအမျိုးမျိုးကြောင့် ပြတ်စဲသွားတဲ့ ချစ်သူဟောင်းတွေပေါ့… သူတို့ရဲ့အချစ် ဇာတ်လမ်း အသစ်တဖန် ပြန်လည် စတင်လာမှာလား…… သူတို့ ဘာကြောင့်ကွဲကွာ သွားခဲ့ကြတာလဲ….. မုန်တိုင်း ဒဏ်ကနေ ဘယ်လို ရှောင်ထွက်ကြမှာလဲ…. ဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှုပေးကြပါလို့ ပြောကြားရင်း….. (ဘာသာပြန်သူကတော့ Thaik San ပဲဖြစ်ပါတယ်
...

Our Little Secret (2024) ⭐IMDB: 5.7/10 (21 k Votes) 🎬 #Comedy #Romance #Drama 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 41 မိနစ် 22 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 နာမည်ကျော် Mean Girls (2004)ထဲကမင်းသမီး Lindsay Lohan ပါဝင်သရုပ်ဆောင်ထားတဲ့ ခရစ္စမတ် Rom/com ဇာတ်ကားသစ်လေးကို တင်ဆက်ပေးလိုက်ချင်ပါတယ်။ လိုဂန်နဲ့အေဗရီတို့ဟာ ကလေးဘဝကတည်းက အမြဲမခွဲ တတွဲတွဲနဲ့ အရွယ်ရောက်လာတော့လည်း ချစ်သူတွေဖြစ်သွားကြတဲ့ soul mateတွေပါ။ အသက်တွေ ကြီးလာလို့ ဘဝလမ်းကြောင်းကို လျှောက်ရမဲ့ အချိန်မှာ အေဗရီဟာ အိမ်မြို့လေးနဲ့ လိုဂန်ကို ထားခဲ့ပြီး လန်ဒန်မှာ အလုပ်သွားလုပ်ဖို့ဖြစ်လာခဲ့ပါတယ်။ အေဗရီကို မသွားစေချင်တဲ့ လိုဂန်ကတော့ ရရာနည်းလမ်းနဲ့ ဆွဲထားမယ်လို့ ကြံရင်းကနေ အလွဲအချော်လေးတွေဖြစ်ပြီး ချစ်သူနှစ်ဦး လမ်းခွဲပြတ်စဲသွားကြပါတော့တယ်။ ဒီလိုနဲ့ ၁၀နှစ်အကြာ ၂၀၂၄ ခရစ္စမတ်မှာတော့ သူတို့နှစ်ဦးလုံး ကြင်သူကိုယ်စီနဲ့ တစ်ယောက်‌တစ်နေရာစီဖြစ်‌လို့နေကြပါပြီ။ ဒါပေမဲ့ ကံကြမ္မာရဲ့ ဆန်းကြယ်ပုံတွေကြောင့် အေဗရီရဲ့ ကောင်လေးနဲ့ လိုဂန်ရဲ့ကောင်မလေးဟာ မောင်နှမတွေဖြစ်နေပါတယ်။ အဲလိုနဲ့ ခရစ္စမတ်ပိတ်ရက်မှာ ချစ်သူရည်းစား‌‌ရဲ့ အိမ်ကို အလည်လိုက် လာကြတဲ့ အေဗရီနဲ့ လိုဂန်တို့နှစ်ယောက် ပြန်လည်‌ဆုံတွေ့ခဲ့ကြပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် သူတို့ တွဲခဲ့တယ်ဆိုတဲ့ကိစ္စကို လျှို့ဝှက်ထားဖို့ ဖြစ်လာတဲ့အခါ ဘယ်လိုအရှုပ်အထွေးတွေ ဖြစ်လာမလဲဆိုတာကို ဟာသလေးပါးပါးနှောပြီးကြည့်ရှုရမဲ့ ဇာတ်ကားလေးပါပဲ။ ခရစ္စမတ်အတွက် ကြည့်ပြီးသား ကားတွေပဲပြန်မကြည့်ချင်လို့ ရုပ်ရှင်အသစ်လိုက်ရှာနေတဲ့ ပရိတ်သတ်များ အတွက်တော့ ဒီကားလေးက ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ပျော်တာမလို့ Christmas watch list ထဲကို ထည့်ထားသင့်တဲ့ ရုပ်ရှင်ဖြစ်ကြောင်း ညွှန်းလိုက်ချင်ပါတယ်။
...

Burning Blood (2024) ⭐TMDB: 43% User Score 🎬 #Action #Crime 🗓 2024 🎞 movie 🌎 #China #HongKong ⏰ 1 နာရီ 29 မိနစ် 2 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 န်မာ ထိုင်း လာအို ၃ နိုင်ငံစုံစည်းရာရွှေတြိဂံနယ်မြေဟာ မူးယစ်ဆေးဝါးရောင်းဝယ်ရေးနဲ့ပတ်သက်ပြီးအင်မတန်မှနာမည်ကြီးတဲ့နေရာပေါ့။ ဒီလိုမူးယစ်ဆေးတွေပေါများတာကြောင့်မူးယစ်ဆေးတိုက်ဖျက်ရေးအဖွဲများစွာရှိသည့်ထဲက အားထန် ထိုက်ဟွ လောင်မီ အားဖုန်းသူတိုလေးယောက်က တရုတ်ပြည်ရဲ့ ရွှေတြိဂံနယ်မြေမူးယစ်ဆေးတိုက်ဖျက်ရေးအထူးတပ်ဖွဲဝင်တွေဖြစ်ကြတယ်။​ လေးယောက်လုံးငယ်စဥ်တည်းကကြီးပြင်းလာကြပြီး အတိုင်အဖောက်ညီစွာနဲ့မူးယစ်ဆေးတိုက်ဖျက်ရေးကိုလုပ်ဆောင်ကြတယ်။တနေ့မှာတော့ရွှေတြိဂံရဲ့မူးယစ်ဆေးရောင်းဝယ်ရေးဘုရင် ခွမ်းဖူကိုဖမ်းဖိုမစ်ရှင်ထမ်းဆောင်ဖိုခွမ်းဖူရှိမယ့်လက်ဝှေ့ရုံနေရာကိုသွားကြတာပေါ့။ သူတိုအဖွဲကိုကြီးကြပ်သူကတော့ ခေါင်းဆောင်လူနဲ့ခေါင်းဆောင်ကျိုးတိုဖြစ်ကြပြီးခွမ်းဖူလက်ဝှေ့ရုံက်ိရောက်လာပြီဆိုတဲ့ သတင်းအမှားကို တမင်ဖြန့်ပြီးခွမ်းဖူဘက်ကလူတွေနဲ့ရဲဘက်တိုတိုက်ခိုက်ကြတဲ့အခါမှာ အားဖုန်းနဲ့ ခေါင်းဆောင်လူအပြင် တခြားရဲတပ်သားတွေအများအပြားကျရူံးခဲ့တဲ့အချိန်မှာအားထန်ကထူးဆန်းစွာနဲ့ပျောက်ဆုံးသွားခဲ့တယ်။ ဒါကိုထိုက်ဟွက အားဖုန်းသေဆုံးတာဟာ အားထန်ရဲ့သစ္စာဖောက်သတင်းပေးမှုကြောင့်ထင်ပြီး၃ နှစ်တိတိအားထန်အကြောင်းစုံစမ်းခဲ့ပေမဲ့ ဘာသတင်းမှမရရှိခဲ့ပါဘူး၃ နှစ်ကြာပြီးနောက်မှာ ခွမ်းဖူ မကြာခင်အနားယူမည့်သတင်းကိုရဲဘက်ကသတင်းရရှိသည့်အပြင် တိုက်တိုက်ဆိုင်ဆိုင် အားထန်သတင်းပါရရှိလာတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမလဲ ဘယ်လိုတွေဖော်ထုတ်ကြမလဲမူးယစ်ဆေးရောင်းဝယ်မှုနယ်ပယ်ရဲ့ကြောက်မယ်ဖွယ်ရာတွေကိုပြသထားတာကြောင့် Burning Blood ဇာတ်ကားလေးကို CM ကနေတင်ဆက်ပေးလိုက်ချင်ပါတယ်။
...

Oasis of Now (2023) ⭐IMDB: 6.3/10 (42 Votes) 🎬 #Drama 🗓 2023 🎞 movie 🌎 #Malaysia #Singapore #France ⏰ 1 နာရီ 30 မိနစ် 6 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Oasis of Now (2023) IMDb Rating (6.4) မလေးရှားနိုင်ငံရဲ့ ကွာလာလမ်ပူမှာ ဆင်းဆင်းရဲရဲ ရုန်းကန်နေထိုင်နေရတဲ့ ဗီယက်နမ်အမျိုးသမီး Hanh က လျှိဝှက်ချက်တစ်ခုရှိပါတယ်။ အဲဒါကတော့ သူကိုယ်တိုင်က ဆင်းရဲလို သူ့ရဲ့သမီးလေးကို လိုအပ်တာတွေဖြည့်ဆည်းပေးနိုင်တဲ့ နယ်ခံမိသားစုဆီမှာ မွေးစားဖိုပေးထားတာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ကလေးမလေးက Hanh ကို သူ့အမေအရင်းမှန်းမသိဘဲ သူတိုအိမ်မှာ အိမ်သန့်ရှင်းရေးလာလုပ်နေတဲ့ အန်တီတစ်ယောက်လိုပဲ သိထားတာပါ။ Hanh က သူ့သမီးလေးနဲ့ အလုပ်အချိန်အားတိုင်း တိုက်ခန်းလှေကားထစ်နားမှာ အတူတူဆော့ပြီး ရင်းနှီးအောင်ကြိုးစားလေ့ရှိပါတယ်။ ဒီဇာတ်လမ်းလေးကတော့ အောက်ခြေလူတန်းစားတွေရဲ့ ပေးဆပ်ရတဲ့ ​ဘဝအကြောင်းကို ပေါ်လွင်အောင်ရိုက်ကူးထားပြီး Busan International Film Festival မှာ ပြသခဲ့တဲ့ ဗီယက်နမ် ဒရမ်မာကားတစ်ကောင်းပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။)
...

ဇာတ်ညွှန်းများ • FDMN - Статистика и аналитика Telegram-канала