ဇာတ်ညွှန်းများ • FDMN
Закрытый канал
Нет данных
Подписчики
-524 часа
-47 дней
+730 дней
Архив постов
Forbidden Desire (2024) ⭐IMDB: 6.1/10 (16 Votes) 🎬 #Adult #Drama 🗓 2024 🎞 movie 🌎 #Philippines ⏰ 1 နာရီ 10 မိနစ် 57 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Forbidden Desire (2024) အာဂါသာနဲ့အူဘယ်တို့ဟာ ငယ်စဉ်ကတည်းက သူငယ်ချင်းတွေဖြစ်ခဲ့ပြီး၊ အရွယ်ရောက်လာချိန်မှာတော့ တိတ်တိတ်ကလေး ချစ်သူတွေဖြစ်နေခဲ့ကြပါပြီ။ အာဂါသာရဲ့ဖခင်ဟာ ငယ်စဉ်ကတည်းက မိဘမဲ့တစ်ယောက်ဖြစ်တဲ့ အူဘာကိုတာဝန်ယူထောက်ပံ့ခဲ့တာဖြစ်ပြီး သမီးအရင်းထက်ပိုပြီး ပစားပေးထားပါတယ်။ အဲ့ဒီကိစ္စဟာ အာဂါသာအတွက် ဆူးတစ်ချောင်းလိုဖြစ်နေခဲ့တဲ့နောက် ဖခင်ဖြစ်သူက သူ့ကို အမျိုးသားတစ်ယောက်နဲ့စပ်ဟပ်လာချိန်မှာတော့ အဲ့ဒီအမျိုးသားကို ချက်ချင်းလက်ခံခဲ့သလို ငယ်ချစ်ဦးလိင်တူချစ်သူ အူဘယ်ကိုလမ်းခွဲလိုက်ပါတော့တယ်။ အာဂါသာရဲ့ဆုံးဖြတ်ချက်ဟာ မှန်ကန်ရဲ့လား? ဒီဆုံးဖြတ်ချက်ကိုအူဘယ်က အသာတကြည်လက်ခံပါ့မလား? သူ့ဆီမှာဘယ်လိုအကြံအစည်လျှို့ဝှက်ချက်တွေ ရှိနေနိုင်မလဲအစရှိတာတွေကိုဇာတ်လမ်းထဲမှာ ဆက်လက်ရှုစားကြရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)...
Breaking Olympia: The Phil Heath Story (2024) ⭐IMDB: 7.1/10 (248 Votes) 🎬 #Documentary 🗓 2024 🎞 movie 🌎 #UnitedStates #Canada #UnitedStatesofAmerica ⏰ 1 နာရီ 55 မိနစ် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Phil Heath ဆိုတာကတော့ ကာယဗလတစ်ခေတ်မှာ တော်တော်လေးကိုအောင်မြင်ခဲ့တဲ့လူတစ်ယောက်ဖြစ်ပါတယ်။ ကာယဗလ လောကမှာမစ္စတာ အိုလမ်ပီယာဆိုတဲ့ ဆုဟာတော်တော်လေးကိုအရေးပါပါတယ်။ အဲဒီလိုမျိုးတစ်ခါရဖို့တောင်မလွယ်ပါဘူး။ ဒါပေမယ့် Phil Heath ဆိုတဲ့လူကတော့ ၇ ကြိမ်တောင်ရခဲ့ပါတယ်။ Phil Heath တစ်ယောက် ဘယ်လိုမျိုးဘဝကိုဖြတ်သန်းခဲ့ရလဲ။ ၇ ကြိမ်တောင်ဒီဆုရအောင် ဘယ်လိုများကြိုးစားခဲ့ရလည်းဆိုတာကို ရိုက်ပြထားတဲ့ Documentry တစ်ကားဖြစ်တာကြောင့် ကြည့်လို့ကောင်းပါတယ်။...
No More Bets (2023) ⭐TMDB: 70% User Score 🎬 #Crime #Drama 🗓 2023 🎞 movie 🌎 #China ⏰ 2 နာရီ 9 မိနစ် 56 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မြန်မာနယ်စပ်တွေမှာရှိတတ်တဲ့ အွန်လိုင်းငွေကြေးလိမ်လည်တဲ့ကျားဖြန့်ဇာတ်လမ်းကိုအခြေခံရိုက်ကူးထားတယ်ဆိုပြီး ဟိုးလေးတစ်ကျော်ဖြစ်သွားတဲ့ဇာတ်ကား ကျားဖြန့်လို့အများသိကြတဲ့ အွန်လိုင်းငွေလိမ်တဲ့လုပ်ငန်းမှာလူတွေကိုဘယ်လိုအကွက်ကျကျ လိမ်ခေါ်ပြီး ဘယ်လိုကျွန်ပြုပြီးတော့အတင်းအကြပ်ခိုင်းစေကြလဲဆိုတာကို ကွက်ကွက်ကွင်းကွင်းရိုက်ပြထားတာဖြစ်ပါတယ်။ အဓိကဇာတ်ဆောင်မင်းသားကပရိုရမ်မာတစ်ယောက်ဖြစ်ပြီးတော့ ဂိမ်းကုမ္ပဏီယောင်ဆောင်ပြီးအလုပ်ခေါ်ခံရပြီး အွန်ကြေးလိမ်လည်တဲ့ကုမ္ပဏီကိုခေါ်သွားခံရပါတယ်။မင်းသမီးကတော့ မော်ဒယ်တစ်ယောက်ဖြစ်ပြီးတော့ သူငယ်ချင်းရဲ့လှည့်ဖြားတာကိုခံရပြီးဒီကုမ္ပဏီကိုရောက်လာတာပဲဖြစ်တယ်။ ဒေသခံအာဏာပိုင်တွေနဲ့ပူးပေါင်းပြီးတော့လူမဆန်တဲ့လုပ်ရပ်နဲ့ ပြစ်မှုတွေကိုကျယ်ကျယ်ပြန့်ပြန့်ကျူးလွန်တာတွေ၊လောဘစိတ်ကြောင့် အန္တရာယ်ကိုမမြင်နိုင်ပဲ မသမာသူတွေရဲ့ထောင်ချောက်ထဲကိုဝင်သွားတတ်တဲ့လူတွေရဲ့ဒုက္ခတွေကိုမြင်ရမှာဖြစ်ပြီးတော့ ဒီလူမဆန်တဲ့လုပ်ရပ်တွေကြားကရုန်းထွက်ဖို့ ကြိုးစားတဲ့ လူငယ်၂ယောက်ရဲ့ ခက်ခဲတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။...
Rickerl (2023) ⭐IMDB: 7.5/10 (466 Votes) 🎬 #Comedy #Drama 🗓 2023 🎞 movie 🌎 #Austria #Germany ⏰ 1 နာရီ 44 မိနစ် 47 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ရစ်ကာဆိုတဲ့လူဟာ အောင်မြင်တဲ့အဆိုတော်တစ်ယောက် ဖြစ်ဖို့အတွက် ကြိုးစားနေတဲ့လူတစ်ယောက်ဖြစ်ပြီး အစိုးရရဲ့အလုပ်ရှာဖွေရေးဌာနကရှာပေးတဲ့ အလုပ်မှန်သမျှ ကိုလည်း တစ်ခုပြုတ်ရင်တစ်ခုထပ်လုပ်နေရတာပါ။ မလုပ်လို့လည်းမရပါဘူး အဲလိုမှမလုပ်ရင် သူရနေတဲ့ ထောက်ပံ့ကြေးတွေအဖြတ်ခံရမှာမို့လို့ပါ။ ဒီတော့ရစ်ကာဟာ သီချင်းကိုပဲအာရုံစိုက်လုပ်ချင်တာမို့ အလုပ်တွေမှာပြဿနာတမင်ရှာပြီးအလုပ်ဖြုတ်ခံရအောင် လုပ်နေခဲ့တာပါ။ ရစ်ကာမှာ ဒိုမီနစ်ဆိုတဲ့သားတစ်ယောက် ရှိပြီးတော့ ရစ်ကာဟာသူရဲ့အတူနေချစ်သူဗီကီနဲ့ကွဲထားတာကြောင့် ဒိုမီနစ်လေးဟာ အမေဖြစ်သူနဲ့ပဲနေနေတာပဲဖြစ်ပါတယ်။ လူကသာပေပေတေတေနေပေမယ့် ဖခင်စိတ်အပြည့်ရှိသူ ရစ်ကာဟာ သားဖြစ်သူကိုအတော်လေးချစ်ရှာပြီး ပိတ်ရက်တိုင်းသားဖြစ်သူနဲ့အချိန်ကုန်ဆုံးလေ့ရှိပါတယ်။ ဒီလိုနဲ့အောင်မြင်မှုလမ်းကြောင်းကိုရှာနေတဲ့ရစ်ကာတစ်ယောက် ဘာတွေဆက်ကြုံတွေ့ပြီးတော့ ဘဝကိုဘယ်လိုမျိုးဆက် ဖြတ်သန်းသွားမလဲဆိုတာကတော့ ဆက်ကြည့်လိုက်ရအောင်ပါ။...
Team Bride (2023) ⭐TMDB: 67% User Score 🎬 #Romance #TVMovie #Comedy 🗓 2023 🎞 movie 🌎 #Canada ⏰ 1 နာရီ 31 မိနစ် 45 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီကားကိုတော့ ဒါရိုက်တာ Josiah David Warren ရိုက်ကူးထားပြီး ဂီတနဲ့အချစ်သံယောဇဉ်ရဲ့ဆက်နွယ်မှုတွေကို လှပတဲ့သံစဉ်လေးတွေ နားဆင်ရင်း ကြည့်ရှုရမှာဖြစ်ပါတယ်။ အန်ဒရီနဲ့ဂျိန်းတို့ဟာ အရမ်းချစ်ကြတဲ့စုံတွဲတွေဖြစ်ပြီး သမီးလေး ဂျိန်းမွေးဖွားလာဖို့ကို စောင့်ဆိုင်းနေကြတာပါ။ သူတို့နှစ်ယောက်လုံးက ဂီတပညာရှင်တွေဖြစ်ကြပြီး ငယ်ချစ်စုံတွဲတွေလည်း ဖြစ်ပါတယ်။ အန်ဒရီခရီးသွားနေတဲ့ချိန် မတော်တဆတစ်ခုကြောင့် ဂျိန်းဟာ ကလေးမွေးရင်းနဲ့ သေဆုံးသွားတဲ့အပြင် အန်ဒရီကလဲကား မတော်တဆမှုဖြစ်ခဲ့ပါတယ်။မျှော်လင့်ခဲ့ရတဲ့ သမီးလေးဂျိန်းကမွေးဖွားလာခဲ့ပေမဲ့ အန်ဒရီဟာ ဇနီးဖြစ်သူဂျိန်းကို ဆုံးရှုံးခဲ့ရတဲ့အတွက် နာကျင်နေခဲ့ရပြီး သူ့ရဲ့ဂီတဝိဉာဏ်ကလဲသူမနဲ့အတူသေဆုံးသွားခဲ့ပါတယ်။ ဒီအရှုပ်အထွေးတွေရဲ့ကြား အိမ်ထိန်းအမျိုးသမီးဟန်နာရဲ့သမီးဖြစ်သူက သူမရဲ့ကလေးနစ်ကိုး နဲ့ကလေးလေးဂျိန်းကို နေရာလဲလိုက်တဲ့အခါ ကလေးနှစ်ယောက်ရဲ့ ကံကြမ္မာတွေဟာလဲ ပြောင်းလဲသွားပါတော့တယ်။ နှစ်ပေါင်းများစွာကြာပြီးတဲ့နောက် ဂျိန်းတစ်ဖြစ်လဲဒေစီဟာ သူမအမေရင်းလိုပဲ တယောထိုးပညာရှင်ဖြစ်လာခဲ့ပါတယ်။ လမ်းဘေးမှာတယောထိုးရင်း ပိုက်ဆံရှာနေတဲ့ ဒေစီကို ဂီတရဲ့ ဆက်သွယ်မှုကတစ်ဆင့် အန်ဒရီကရှာတွေ့သွားတဲ့အခါ… ဂီတရဲ့ဆက်နွှယ်မှုကနေ အဖေနဲ့သမီးအချင်းချင်း သိသွားနိုင်မလား… နစ်ကိုးတစ်ဖြစ်လဲဂျိန်းကရော သူမရဲ့ပြည့်စုံတဲ့ဘဝမှာ တကယ်ပဲ ပျော်ရွှင်နေရဲ့လား… အန်ဒရီကရော နှစ်တွေကြာပြီးနောက် ဇနီးဖြစ်သူအတွက် ပူဆွေးမှုတွေကိုလွှတ်ချနိုင်ပြီး အချစ်သစ်ကိုထပ်တွေ့မှာလား… ဒါတွေကို ဒီဇာတ်ကားလေးထဲမှာ ကြည့်ရှုရင်းအဖြေရှာရမှာပါ။ အချစ်နဲ့သံယောဇဉ်တွေကို ပေါ်လွင်အောင် ဂီတသံလေးတွေရဲ့ကြား အသေအချာရိုက်ကူးထားတာကြောင့် လက်မလွတ်တမ်းကြည့်ရှုသင့်တဲ့ ကားလေးပါပဲ။...
The Social Dilemma (2020) ⭐IMDB: 7.6/10 (91 k Votes) 🎬 #Documentary #Drama 🗓 2020 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 36 မိနစ် 29 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Social Dilemma (2020) ************************************* IMDb rating ……. 8.1/10 Rotten tomatoes ……. 87% Social Media တွေထဲမှာ အသုံးအများဆုံးဖြစ်တဲ့ Facebook ကိုတော့ လူတိုင်းနီးပါးသိကြမှာပါ… အခုဆို လူတစ်ယောက်တင်တဲ့ပိုစ်တစ်ခုကအစ သင့်တင့်တဲ့ Reaction ,emoji တွေပါ အလိုအလျှောက်ပေါ်လာလို့ ကျွန်တော်တို့ပြုံးခဲ့ကြဖူးတယ်မလား…. ဒါတောင် အသေးအဖွဲလေးပဲရှိသေးတယ်… အကြီးမားဆုံးဖြစ်တဲ့ ရွေးကောက်ပွဲတွေ ဆန္ဒပြမှုတွေ တတိယကမ္ဘာစစ်အထိတောင်ဖြစ်နိုင်တဲ့ သတင်းတွေSocial Media ထက်မှာ နည်းမျိုးစုံနဲ့ပျံနှံနေတယ်…ဘယ်လိုတွေသုံးနေကြတယ်.. ဘယ်လိုတွေသိမ်းသွင်းခံနေရတယ် စသည်တို့ကိုSocial Media နဲ့ပတ်သက်ပြီး ကျွမ်းကျင်တဲ့ နားလည်တဲ့ ပညာရှင်တွေနဲ့ အမေးအဖြေတွေ နည်းစနည်းများစွာကို ရိုက်ကူးပြထားတယ်…Documentary ကြီးဆိုပြီး ပျင်းစရာကြီးလို့မထင်လိုက်နဲ့…ကျွန်တော်တို့နဲ့အနီးဆုံးမှာရှိတဲ့ အရာတွေဖြစ်သလို ရိုက်ပြထားတာတွေကလည်း ဗဟုသုတမျိုးစုံရတဲ့အပြင် ပါးစပ်အဟောင်းသားနဲ့ဖြစ်စေတဲ့ ကျွန်တော်တို့မသိတဲ့ ကိစ္စများစွာလည်းပါတယ်…ပြီးတော့ “မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး …Coronavirus အကြောင်းနဲ့ .. တစ်ကမ္ဘာလုံးက အာရုံစိုက်ခံရတဲ့ ရခိုင်က ရိုဟင်ဂျာတွေအထိ” ပါထားသေးတယ်… ဒီ Documentary ကိုတော့ ဘယ်သူ့မှ လက်မလွှတ်သင့်ပါကြောင်း… (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Thar Htet ပဲဖြစ်ပါတယ်...
Summer Rain (2024) ⭐IMDB: 3.2/10 (51 Votes) 🎬 #Drama #Music 🗓 2024 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 40 မိနစ် 25 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီကားကိုတော့ ဒါရိုက်တာ Josiah David Warren ရိုက်ကူးထားပြီး ဂီတနဲ့အချစ်သံယောဇဉ်ရဲ့ဆက်နွယ်မှုတွေကို လှပတဲ့သံစဉ်လေးတွေ နားဆင်ရင်း ကြည့်ရှုရမှာဖြစ်ပါတယ်။ အန်ဒရီနဲ့ဂျိန်းတို့ဟာ အရမ်းချစ်ကြတဲ့စုံတွဲတွေဖြစ်ပြီး သမီးလေးဂျိန်းမွေးဖွားလာဖို့ကို စောင့်ဆိုင်းနေကြတာပါ။ သူတို့နှစ်ယောက်လုံးက ဂီတပညာရှင်တွေဖြစ်ကြပြီး ငယ်ချစ်စုံတွဲတွေလဲဖြစ်ပါတယ်။ အန်ဒရီခရီးသွားနေတဲ့ချိန် မတော်တဆတစ်ခုကြောင့် ဂျိန်းဟာ ကလေးမွေးရင်းနဲ့ သေဆုံးသွားတဲ့အပြင် အန်ဒရီကလဲကားမတော် တဆမှုဖြစ်ခဲ့ပါတယ်။ မျှော်လင့်ခဲ့ရတဲ့ သမီးလေးဂျိန်းကမွေးဖွားလာခဲ့ပေမဲ့ အန်ဒရီဟာ ဇနီးဖြစ်သူဂျိန်းကို ဆုံးရှုံးခဲ့ရတဲ့အတွက် နာကျင်နေခဲ့ရပြီး သူ့ရဲ့ ဂီတဝိဉာဏ်ကလဲသူမနဲ့အတူသေဆုံးသွားခဲ့ပါတယ်။ ဒီအရှုပ်အထွေးတွေရဲ့ကြား အိမ်ထိန်းအမျိုးသမီးဟန်နာရဲ့ သမီးဖြစ်သူက သူမရဲ့ကလေးနစ်ကိုး နဲ့ကလေးလေးဂျိန်းကို နေရာလဲလိုက်တဲ့အခါ ကလေးနှစ်ယောက်ရဲ့ ကံကြမ္မာတွေဟာလဲ ပြောင်းလဲသွားပါတော့တယ်။ နှစ်ပေါင်းများစွာကြာပြီးတဲ့နောက် ဂျိန်းတစ်ဖြစ်လဲဒေစီဟာ သူမအမေရင်းလိုပဲ တယောထိုးပညာရှင်ဖြစ်လာခဲ့ပါတယ်။ လမ်းဘေးမှာတယောထိုးရင်း ပိုက်ဆံရှာနေတဲ့ ဒေစီကို ဂီတရဲ့ ဆက်သွယ်မှုကတစ်ဆင့် အန်ဒရီကရှာတွေ့သွားတဲ့အခါ… ဂီတရဲ့ဆက်နွှယ်မှုကနေ အဖေနဲ့သမီးအချင်းချင်း သိသွားနိုင်မလား… နစ်ကိုးတစ်ဖြစ်လဲဂျိန်းကရော သူမရဲ့ပြည့်စုံတဲ့ဘဝမှာ တကယ်ပဲ ပျော်ရွှင်နေရဲ့လား… အန်ဒရီကရော နှစ်တွေကြာပြီးနောက် ဇနီးဖြစ်သူအတွက် ပူဆွေးမှုတွေကိုလွှတ်ချနိုင်ပြီး အချစ်သစ်ကိုထပ်တွေ့မှာလား… ဒါတွေကို ဒီဇာတ်ကားလေးထဲမှာ ကြည့်ရှုရင်းအဖြေရှာရမှာပါ။ အချစ်နဲ့သံယောဇဉ်တွေကို ပေါ်လွင်အောင် ဂီတသံလေးတွေရဲ့ကြား အသေအချာရိုက်ကူးထားတာကြောင့် လက်မလွတ်တမ်းကြည့်ရှုသင့်တဲ့ ကားလေးပါပဲ။...
Indecent Proposal (1993) ⭐TMDB: 64% User Score 🎬 #Drama #Romance 🗓 1993 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 58 မိနစ် 57 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Indecent Proposal (1993) *********************************** ငွေနဲ့အရာအားလုံးကို တကယ်ပဲ ဝယ်နိုင်လား ငွေရှိရင် အရာအားလုံးက ရောင်းကုန်တွေပဲလား… ဒီဇာတ်ကားကတော့ ဒါရိုက်တာ Adrain Lyne ရိုက်ကူးထားပြီး လူသိများတဲ့သရုပ်ဆောင်တွေဖြစ်တဲ့ Woody Harrelson, Robert Redford နဲ့ မင်းသမီးချော Demi Moore တို့က အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ Romance/Drama ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်ပြီး အနာဂတ်ကောင်းကိုလည်း ပိုင်ဆိုင်ထားတဲ့ ဒေးဗစ်မာဖီ (Woody Harrekson) နဲ့ ဒိုင်ယာနာမာဖီ (Demi Moore) တို့ လင်မယားဟာ စီးပွားရေးကျဆင်းမှုနဲ့ကြုံပြီး အကြွေးပူမိနေချိန်မှာ လူချမ်းသာတစ်ဦးဖြစ်သူ ဂျွန်ဂေ့ဂျ်(Robert Redford)နဲ့ဆုံပြီး ဒိုင်ယာနာကိုဝယ်ဖို့ကမ်းလှမ်းလာတဲ့အခါ… (ချစ်တင်းနှောခန်းနဲ့ ဝတ်လစ်စားလစ်ခန်းများပါဝင်တာကြောင့် မိသားစုနဲ့အတူ မကြည့်သင့်ပါဘူးခင်ဗျ...
Sweethearts (2024) ⭐IMDB: 5.6/10 (3 k Votes) 🎬 #Comedy #Romance 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 38 မိနစ် 17 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဘင်နဲ့ဂျင်မီဆိုတဲ့အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ဟာ ကိုယ်စီရှိကြတဲ့အနေဝေးချစ်သူတွေကြောင့် ကောလိပ် ကျောင်းသားဘဝဟာ မွန်းကြပ်စရာကောင်းနေတဲ့အတွက် ကျောင်းအားရက်အိမ်ပြန်ချိန်မှာ ချစ်သူတွေနဲ့လမ်းခွဲလိုက်ကြဖို့ အတူတူကြံစည်ခဲ့ကြပါတယ်။ ဒါပေမဲ့ ဘင်ရဲ့ချစ်သူကလဲရီက ဘင်နဲ့ဂျင်မီကို ကြိုက်နေ ကြတာလို့ပြန်စွပ်စွဲခဲ့ချိန်မှာတော့ ငယ်စဥ်ကတည်းက ဘာလုပ်လုပ်အတူတူလုပ်လာခဲ့ကြတဲ့ဘင်နဲ့ဂျင်မီကြားက သူငယ်ချင်းသံယောဇဥ်က အရောင်ပြောင်းဖို့ဖြစ်လာခဲ့ပါတယ်။ ယောကျ်ားလေးနဲ့မိန်းကလေးဆိုတာ သူငယ်ချင်းမဖြစ်နိုင်ဘူးလို့ ပြောကြပေမယ့် ဂျင်မီဆိုတဲ့ကောင်မလေးနဲ့ဘင်ဆိုတဲ့ကောင်လေးဟာ တစ်ယောက်အတွက်တစ်ယောက် ချစ်သူမကျ သူငယ်ချင်းထက် ပိုတဲ့ Sweethearts တွေဖြစ်တယ်ဆိုတာသိရှိသွားကြပုံကို ရိုက်ကူးပုံဖော်ပြထားတာဖြစ်ပါတယ်။...
Exhibiting Forgiveness (2024) ⭐IMDB: 7.0/10 (846 Votes) 🎬 #Drama 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 57 မိနစ် 50 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 “ တစ်ခါတလေမှာ မေ့ပစ်ခြင်းက ခွင့်လွှတ်ခြင်းထက် ပိုပြီးတော့ ခက်ခဲတတ်ပါသတဲ့ “ဒါကတော့ Exhibiting Forgiveness ရုင်ရှင်ထဲက တာရယ်လ် နဲ့ လာရွန်တို့ သားအဖကို ဖော်ကျူးနိုင်တဲ့ အကိုက်ညီဆုံးသော စကားပါပဲ ။ “ပြုသူအသစ် ဖြစ်သူ အဟောင်း” ဆိုတဲ့အတိုင်းပဲ စိတ်ဒဏ်ရာတွေက မေ့ပျောက်နိုင်ဖို့ ခက်ပါတယ် ။ ဆေးကြောင်နေခဲ့တဲ့ အဖေဖြစ်သူကတော့ တစ်ချိန်က သူ့အမှားတွေအတွက် ခွင့်လွှတ်ပေးဖို့ တကောက်ကောက် လိုက်တောင်းပန်ပေမဲ့ အသက်နဲ့ မလိုက်အောင် ရခဲ့တဲ့ စိတ်ဒဏ်ရာတွေကို တာရယ်လ်က မေ့ပျောက်နိုင်ပါ့မလား ။ ဒီရုပ်ရှင်မှာတော့ တာရယ်လ်ရဲ့ သူ့အဖေအပေါ် ခွင့်လွှတ်ဖို့ရော သူ့ရင်ထဲက ဒဏ်ရာတွေ အနာကျက်ဖို့ရော ခရီးစဥ်တစ်လျှောက် လုံးကို ကြည့်ရှူသူတွေပါ မျက်ရည်ကျရင်း အတူတူ လိုက်ပါ ခံစားရမှာဖြစ်ပါတယ် ။ ဒုက္ခတွေ တစ်လှေကြီးပေးခဲ့တာတောင် အဖေဖြစ်သူကို ချစ်နေဆဲပါ ဆိုတဲ့ တာရယ်လ်ရဲ့အမေကရော သားဖြစ်သူကို ခွင့်လွှတ်ခြင်းကို ဘယ်လိုသင်ကြားပေးမလဲ ရင်ထဲက ဒဏ်ရာတွေကို မြိုသိပ်ပြီး နေခဲ့ရတဲ့ တာရယ်လ်က သူ့ဒဏ်ရာတွေကို ကင်းဗတ်စပေါ်မှာ ဘယ်လိုပုံဖော်ခဲ့သလဲ ဒါတွေကိုပါ တစ်ရှူးဘူးဆောင်ရင်း အတူတူကြည့်ရှူလိုက်ရအောင်ပါ ။ ဒီရုပ်ရှင်ကတော့ IMDb မှာ rating 7.1 ရရှိထားတာဖြစ်ပြီး rotten tomatoes rating ကတော့ 95% ဖြစ်ပါတယ် ။ ဒါ့အပြင် ဝေဖန်ရေးဆရာတွေကလည်း ဒီရုပ်ရှင်ဟာ “ခံစားချက်ကောင်းစေမဲ့ ရုပ်ရှင်”မျိုးမဟုတ်ဘဲ “အမှန်တရားကို ခံစားရမဲ့ ရုပ်ရှင်မျိုး” ဖြစ်တယ်လို့ ညွှန်းထားကြပါသေးတယ်...
Nutcrackers (2024) ⭐IMDB: 5.5/10 (9 k Votes) 🎬 #Comedy #Drama 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 45 မိနစ် 17 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီရုပ်ရှင်ကားကတော့ Comedy တစ်ဖြစ်လဲ မိသားစု Drama ရုပ်ရှင်ကားပါ… Night at the Museum, Tower Heist, The Watch ရုပ်ရှင်တွေနဲ့ လူသိများတဲ့ မင်းသားကြီး Ben Stiller က ပင်တိုင်ပါဝင် သရုပ်ဆောင်ထားပြီး ညီအစ်ကိုနေရာမှာ သရုပ်ဆောင်ထားတဲ့ ကလေးလေးယောက်ကလည်း လက်တွေ့ဘဝမှာပါ တကယ့် ညီအစ်ကိုရင်းတွေဖြစ်တာမို့လို့ Chemistry မိမိနဲ့ ဟာသနှောထားတဲ့ မိသားစုရုပ်ရှင်ကားလေးကို ခံစားကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်… ချီကာဂိုက Millican Group ဆိုတဲ့ ကုမ္ပဏီမှာ အကြီးတန်း ဖွံ့ဖြိုးတိုးတက်ရေးမန်နေဂျာအနေနဲ့ လုပ်နေတဲ့ မိုက်ကယ် မက်စ်ဝဲလ် သူ ၆ နှစ်တာလောက် အသည်းအသန်ပြင်ဆင်နေတဲ့ အစိုးရ ပရောဂျက်ကြီးအတွက် တခြားကုမ္ပဏီနဲ့အပြိုင် ယှဉ်လုနေရတဲ့ အရေးကြီးအချိန်မှာမှ… အချိန်အတော်ကြာ စကားမပြောဖြစ်တော့တဲ့ ညီမဖြစ်သူနဲ့ သူ့ယောကျ်ားက ကားမှောက်ပြီး သေဆုံးသွားတဲ့အတွက် သူတို့ရဲ့နေအိမ် အိုဟိုင်းယိုးက ယာတောမှာ ကျန်ရစ်ခဲ့သူ ကလေးလေးယောက်ကို မွေးစားအိမ်ရှာပေးဖို့ သူ့ခေါင်းပေါ် တာဝန်ကျလာပါတော့တယ်… သူ့အထင်တော့ မွေးစားအိမ်ရှာတွေ့ပြီးလို့ စာချုပ်မှာလက်မှတ် ထိုးရုံလောက်ပဲ ပြီးရင်အိမ်ပြန်မယ်လို့ တွေးထားခဲ့ပေမဲ့ သူထင်ထားသလို ဖြစ်မလာခဲ့ဘဲ မွေးစားမိဘရှာဖို့ အခက်အခဲ ဖြစ်နေတာကိုမှ တူတော်လေးတွေကလည်း အမွှေစိန်တွေ ဖြစ်နေတဲ့အခါ အရေးတကြီး ပြန်သွားဖို့လိုတဲ့ အလုပ်ကိုပဲ ဦးစားပေးမလား… သူ့ရဲ့အမွှေစိန်တူလေးတွေကို ဦးစားပေးမလားဆိုတာနဲ့ သူတို့ကို ခေတ္တစောင့်ရှောက်ပေးနေစဉ်အတွင်း တူဝရီးတွေကြား ဖြစ်ပျက်သမျှ အလွဲတွေကို ဒီရုပ်ရှင်မှာ ကြည့်ရှုခံစားပြီး ရယ်မောနိုင်မှာ ဖြစ်ပါတယ်...
Wendy (2020) ⭐IMDB: 5.7/10 (4 k Votes) 🎬 #Drama #Fantasy #Thriller 🗓 2020 🎞 movie 🌎 #UnitedStates #France #UnitedStatesofAmerica ⏰ 1 နာရီ 52 မိနစ် 50 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Wendy (2020) Wendy ရုပ်ရှင်ကားလေးက ငယ်ငယ်လေးတုန်းက အရမ်းကို နာမည်ကြီးခဲ့တဲ့ Peter Pan ဇာတ်ကားကို ပုံစတစ်မျိုးနဲ့ ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဝင်ဒီမှာ အရမ်းချစ်ရတဲ့ ဂျိမ်းနဲ့ ဒေါ့ဆိုတဲ့ အမြွှာ အကို နှစ်ယောက်ရှိပါတယ်။ သူတို့ မိသားစုလေးဟာ စားသောက်ဆိုင်လေး ဖွင့်ထားပြီး နေ့ရက်များကို သမရိုးကျ ဖြတ်သန်းကြပါသည်။ ၀င်ဒီလေးဟာ ငယ်ငယ်လေးတုန်းက အိမ်နီနားချင်း ကလေးတစ်ယောက်က ရထားအမိုးပေါ်ကို ပြေးတတ်သွားတဲ့ မြင်ကွင်းကို မြင်ရပြီးနောက် ထူးခြားဆန်းကျယ်မှုများ၊ စွန့်စားခန်းများကို အမြဲတွေးနေခဲ့ပါတယ်။ လွတ်လပ်မှုအရသာကိုခံစားပြီး လေထဲမှာ ပျံဝဲတဲ့ ပုံပြင်လေးတွေကို စွဲလန်းနေတဲ့ ကလေးတစ်ယောက်ပဲဖြစ်ပါတယ်။ အဲဒီလိုနဲ့ တစ်ညမှာ ပြတင်းပေါက်တံခါးကနေ ကောင်လေးတစ်ယောက် ရထားပေါ်ကို ခုန်တတ်သွားတာကို မြင်ရာမှ သူနဲ့ သူ့အကိုတို့ သုံးယောက်သားအတူတူ ထိုကောင်လေးနောက် ကို လိုက်သွားကြပါတယ်။ အဲဒီကောင်လေးဘယ်သူဖြစ်မလဲ။ ပီတာပန်များဖြစ်နေမလား။ အဲဒီအချိန်ကနေစပြီး သူတို့သုံးယောက်ရဲ့စွန့်စားခန်းကြီးစတင်ပါပြီ။ ထူးဆန်းတဲ့ ကျွန်းကို ရောက်ရှိသွားတဲ့ မောင်နှမ သုံးယောက်က အသက်ရှင်ဖို့ ရုံးကန်ကြရပုံ၊ ငယ်ရွယ်သူတို့၏ စိတ်ဓါတ်တို့ကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ တစ်ခန်းနှင့် တစ်ခန်းဘာဆက်ဖြစ်သွားမယ်ဆိုတာ ခန့်မှန်းလို့ မရနိုင်လောက်အောင် နောက်ဆုံးအချိန်ထိ ဆွဲခေါ်သွားနိုင်တဲ့ ရုပ်ရှင်ကားလေးပဲဖြစ်ပါတယ်။ နောက်ဆုံးပိုင်းမှာ ကျွန်းပေါ်က ကလေးတွေထဲက ဘယ်သူက ကပ္ပတိန်ဟုဒ် ဖြစ်သွားလဲဆိုတာ ရင်တမမနဲ့ ကြည့်ရမှာပဲ။ ငယ်ငယ်လေးတုန်းကကြည့်ရတဲ့ ပီတာပန်ဇာတ်ကားလေးလိုမျိုး ဝင်ဒီရဲ့ ရှုထောင့်ဘက်က ပြန်ရိုက်ထားတဲ့ Wendy ဇာတ်ကားလေးဟာဆိုရင်လည်း တစ်မျိုး ဆန်းပြားပြီး ကြည့်လို့ကောင်းတဲ့ကားလေးဖြစ်ပါတယ်… ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Theint Theint ပဲဖြစ်ပါတယ်...
Linda (2024) ⭐IMDB: 4.9/10 (238 Votes) 🎬 #Drama 🗓 2024 🎞 movie 🌎 #Spain #Argentina ⏰ 1 နာရီ 40 မိနစ် 20 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Linda (2024) IMDb – 4.9/10 အသစ်ထွက်ရှိလာတဲ့ အာဂျင်တီးနားဒရာမာရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ လင်ဒါဆိုတဲ့ ညှို့အားပြင်းပြင်းနဲ့ မိန်းမချောလေးတစ်ယောက်၊ ချမ်းသာတဲ့မိသားစုတစ်ခုရဲ့အိမ်ကအိမ်အကူလုပ်နေတဲ့ အစ်မဖြစ်သူနေရာမှာ အစ်မဖြစ်သူမလုပ်နိုင်တဲ့အတွက်အလုပ်ဝင်လုပ်ရာကစပါတယ်။ ဘာမှတတ်ကျွမ်းတာမျိုး မရှိတာမို့ အိမ်ရဲ့သခင်မက အကုန်သင်ပြပေးရင်းမိသားစုဝင်တွေနဲ့ လင်ဒါတစ်ယောက် အဆင်ပြေလာခဲ့ပါတယ်။ အဆင်ပြေလွန်ပြီး မိသားစုဝင်တစ်ယောက်ချင်းဆီနဲ့ လင်ဒါရဲ့ရင်းနှီးမှုကသာမာန်ထက်ပိုလာချိန် ဒီလူကုန်ထံမိသားစုရဲ့ ဖုံးကွယ်ထားတဲ့အမှောင်ဘက်ခြမ်းကိုတဖြည်းဖြည်းသိလာရတဲ့အခါမှာတော့…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Vဖြစ်ပါတယ်။)...
Virgin Bhanupriya (2020) ⭐IMDB: 2.5/10 (4 k Votes) 🎬 #Comedy #Drama 🗓 2020 🎞 movie 🌎 #India ⏰ 1 နာရီ 52 မိနစ် 24 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Virgin Bhanupriya (2020) ************************* ဘာနူးပရီယာဆိုတဲ့မိန်းကလေးဟာ အပျိုတစ်ယောက်ဖြစ်ပြီး သူဟာအပျိုစင် ဘဝကို ဆုံးရှုံးချင်စိတ် စမ်းသပ်ချင်စိတ်ဖြစ်နေတယ်…. သူ့သူငယ်ချင်းတစ်ယောက်ကလည်း ဒီဖြစ်စဉ်ကြီး အောင်မြင်စေဖို့ နင်းကန်ကူညီပါတယ်… သို့ပါသော်လည်း ပိုးသာကုန်မောင်ပုံစောင်းမတတ်ဆိုသလို လွဲပြီးရင်လွဲနေလေရဲ့… တစ်နေ့မှာအူကြောင်ကြောင်ကောင်လေးတစ်ယောက်ကိုစာကြည့်တိုက်မှာချိန်းတွေ့ဖို့ လုပ်ရာကနေ ပြဿနာမျိုးစုံတက်ပါတော့တယ်… ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်ကြပါဉီး… ဘာသာပြန်သူကတော့ Thaik San ပဲဖစ်ပါတယ်။...
藏海花之雪夜凶灯 (2024) ⭐TMDB: 80% User Score 🎬 #Action #Adventure #Mystery 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 26 မိနစ် 4 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Secret Lair of the Tibetan Flowerကိုကြည့်ပြီးသူတို့အရှေ့ခရီးစဉ်က ဘာဖြစ်ခဲ့တာလဲလို့ တွေးမိသူတို့ရေ…ထူးခြားဆန်းပြားတဲ့ အရပ်ဆီကို ထပ်မံပြီးခေါ်သွားဖို့ဇာတ်ကားကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ထူးခြားတဲ့သွေးပိုင်ရှင် ကျန်းမိသားစုဝင် ကျန်းခိုင်ဟယ်နဲ့ ကျန်းညန် ညီအစ်ကို ၂ ယောက်က….ဖျံကြပြီး လူလည်ကြ လောင်းကြေးတွေကို အနိုင်ပိုင်းခဲ့ပြီး ကျင်လည်နေတာပေါ့…ဒီလိုနဲ့ပဲ လောင်းကြေးပွဲတစ်ခုမှာ မြေပုံဟောင်းတစ်ခုကိုရလိုက်တယ်…အဲ့မြေပုံကတော့ ကူလော့ရှေးဟောင်းဂူကို ညွှန်နေတာဖြစ်ပြီး…တိုက်တိုက်ဆိုင်ဆိုင် ကျန်းညန်အဖေသေဆုံးတာနဲ့လည်း ဆက်စပ်နေပါတယ်တဲ့… ဒီလိုနဲ့ ကျန်းညီအစ်ကိုနှစ်ဦးရဲ့ စွန့်စားခန်းခရီးလေးစတင်လာတာပေါ့….ဒီခရီးလမ်းအဆင်ပြေချောမွေ့ပါမလား…ကျန်းညီအစ်ကိုနှစ်ယောက် သေဘေးကလွတ်မြောက်ပါ့မလား…ကျန်းညန်အဖေသေဆုံးရတဲ့ အကြောင်းအရင်းမှန်ကို ဖော်ထုတ်နိုင်မှာလားဆိုတာကိုCM မှာ ဇာတ်ကားလေးကြည့်ရင်း နဲ့အတူတူ အဖြေထုတ်ကြရအောင်နော်...
Antique Strategy in the Battle of Longbi (2024) ⭐TMDB: 0% User Score 🎬 #Action #Drama 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 31 မိနစ် 3 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခေါက်ဇာတ်ကားကတော့ ရှေးဟောင်းပစ္စည်းတွေတရားမဝင် တူးဖော်ပြီးမှောင်ခိုဈေးကွက်မှာပြန်ရောင်းချတဲ့ အကိုဖြစ်သူရယ်တရားဝင်လက်ဝှေ့ရုံဖွင့်ပြီး စနစ်တကျပိုက်ဆံရှာချင်တဲ့ညီလေးဖြစ်သူရယ်အကြောင်းကို တင်ဆက်ပြသပေးထားတာဖြစ်ပါတယ် လွန်ခဲ့တဲ့10နှစ်ေကျာ်တုန်းက အကိုဖြစ်သူက သူ့ရဲ့ခြေထောက်တစ်ဖက်ရောအချစ်ရဆုံးချစ်သူကိုရော ဆုံးရှံးထားခဲ့ရတာဖြစ်ပါတယ်ဒီကာလတစ်လျှောက် မှောင်ခိုဈေးကွက်ကနေပဲပိုက်ဆံရှာခဲ့ရပြီးအခက်ခဲကြုံလာတဲ့အချိန်မှာတော့ ညီဖြစ်သူရဲ့လက်ဝှေ့ရုံကလက်ဝှေ့သမားတွေကို အသုံးချဖိုအကြောင်းဖန်လာခဲ့ပါတယ် ညီဖြစ်သူ ဟူကျစ်ကလည်း သူ့ရဲ့လက်ဝှေ့ရုံက တရားမဝင်တာတွေမလုပ်ပဲစနစ်ကျကျသွားချင်တဲ့သူဖြစ်တာမလို သူ့ရဲ့အကိုဖြစ်သူတောင်းဆိုတာတွေကိုငြင်းမှာလား မျက်စိမှိတ်ကူညီပေးမလားဆိုတာကိုတော့စိတ်ဝင်စားဖွယ်ကောင်းစွာကြည့်ရှုရမှာဖြစ်ပါတယ်...
魑龙斩 (2024) ⭐TMDB: 0% User Score 🎬 #Action #Drama #Fantasy 🗓 2024 🎞 tv movie 🌎 #China ⏰ 1 နာရီ 7 မိနစ် 47 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတခါ CM ကနေ ရှေးခေတ်ကားကောင်းလေးတစ်ကားဖြစ်တဲ့Dragon’s splash လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းလေးကတော့ ထန်ခေတ်ပျက်သုဥ်းခါနီးအချိန်တလောကလုံးမအေးချမ်းမငြိမ်သက်ဖြစ်နေတာကို အကြောင်းခံထားပြီးချန်ထန်မြို့ ပင်လယ်စစ်တပ်ညွှန်ကြားရေးစစ်သူကြီးချန်လျိုဟာ ချန်ထန်မြို့ရဲ့မြို့စားမင်း တုန်လူကြီးမင်းအမိန့်ဖြစ်တဲ့ပင်လယ်ဓါးပြကိုချေမှုန်းရန်အမိန့်ကိုတာဝန်ထမ်းဆောင်နေစဥ်မှာပဲပင်လယ်ဓါးပြဂူထဲမှာ မူမမှန်တာရှိနေတာကြောင့်ပင်လယ်ဓါးပြအုပ်စုထဲဝင်ရောက်ခဲ့ပါတော့တယ်။ သို့ပေမဲ့မိသွားပြီး တိုက်ခိုက်တဲ့အချိန်မှာ ပင်လယ်ဓါးပြတွေက ဂူထဲမှာပိတ်လှောင်ထားတဲ့မိစ္ဆာနဂါးကြီးကိုလွှတ်ပေးလိုက်ပြီး ထွက်ပြေးသွားခဲ့တယ်။မိစ္ဆာနဂါးဟာ မြစ်နတ်ဘုရားလိုလူသားတွေကတင်စားကြပြီးဒီနဂါးက ချန်ထန်မြို့ကိုအန္တရာယ်ပြုလာတဲ့အချိန်တုန်အမတ်ကြီးရဲ့တာအိုဆရာ ခုန်းသာဆရာကယွဲ့နာမည်ရှိပြီးမိန်းကလေးလေးယောက်ကိုယစ်ပူဇော်ဖို့ တုန်အမတ်ကြီးကို အကြံပေးခဲ့တယ်။ အကြံပေးလိုက်လို့ရွေးချယ်ခံလိုက်ရတဲ့မိန်းကလေးကဘယ်သူလဲဒီကနေတဆင့်ဘယ်တွေဖြစ်ရပ်တွေဆက်ဖြစ်လာမလဲဆိုတာကိုဇာတ်လမ်းလေးထဲမှာစိတ်ဝင်တစားစောင့်ကြည့်ရမှာဖြစ်ပါတယ်...
Wendy (2020) ⭐IMDB: 5.7/10 (4 k Votes) 🎬 #Drama #Fantasy #Thriller 🗓 2020 🎞 movie 🌎 #UnitedStates #France #UnitedStatesofAmerica ⏰ 1 နာရီ 52 မိနစ် 50 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Wendy (2020) Wendy ရုပ်ရှင်ကားလေးက ငယ်ငယ်လေးတုန်းက အရမ်းကို နာမည်ကြီးခဲ့တဲ့ Peter Pan ဇာတ်ကားကို ပုံစတစ်မျိုးနဲ့ ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဝင်ဒီမှာ အရမ်းချစ်ရတဲ့ ဂျိမ်းနဲ့ ဒေါ့ဆိုတဲ့ အမြွှာ အကို နှစ်ယောက်ရှိပါတယ်။ သူတို့ မိသားစုလေးဟာ စားသောက်ဆိုင်လေး ဖွင့်ထားပြီး နေ့ရက်များကို သမရိုးကျ ဖြတ်သန်းကြပါသည်။ ၀င်ဒီလေးဟာ ငယ်ငယ်လေးတုန်းက အိမ်နီနားချင်း ကလေးတစ်ယောက်က ရထားအမိုးပေါ်ကို ပြေးတတ်သွားတဲ့ မြင်ကွင်းကို မြင်ရပြီးနောက် ထူးခြားဆန်းကျယ်မှုများ၊ စွန့်စားခန်းများကို အမြဲတွေးနေခဲ့ပါတယ်။ လွတ်လပ်မှုအရသာကိုခံစားပြီး လေထဲမှာ ပျံဝဲတဲ့ ပုံပြင်လေးတွေကို စွဲလန်းနေတဲ့ ကလေးတစ်ယောက်ပဲဖြစ်ပါတယ်။ အဲဒီလိုနဲ့ တစ်ညမှာ ပြတင်းပေါက်တံခါးကနေ ကောင်လေးတစ်ယောက် ရထားပေါ်ကို ခုန်တတ်သွားတာကို မြင်ရာမှ သူနဲ့ သူ့အကိုတို့ သုံးယောက်သားအတူတူ ထိုကောင်လေးနောက် ကို လိုက်သွားကြပါတယ်။ အဲဒီကောင်လေးဘယ်သူဖြစ်မလဲ။ ပီတာပန်များဖြစ်နေမလား။ အဲဒီအချိန်ကနေစပြီး သူတို့သုံးယောက်ရဲ့စွန့်စားခန်းကြီးစတင်ပါပြီ။ ထူးဆန်းတဲ့ ကျွန်းကို ရောက်ရှိသွားတဲ့ မောင်နှမ သုံးယောက်က အသက်ရှင်ဖို့ ရုံးကန်ကြရပုံ၊ ငယ်ရွယ်သူတို့၏ စိတ်ဓါတ်တို့ကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ တစ်ခန်းနှင့် တစ်ခန်းဘာဆက်ဖြစ်သွားမယ်ဆိုတာ ခန့်မှန်းလို့ မရနိုင်လောက်အောင် နောက်ဆုံးအချိန်ထိ ဆွဲခေါ်သွားနိုင်တဲ့ ရုပ်ရှင်ကားလေးပဲဖြစ်ပါတယ်။ နောက်ဆုံးပိုင်းမှာ ကျွန်းပေါ်က ကလေးတွေထဲက ဘယ်သူက ကပ္ပတိန်ဟုဒ် ဖြစ်သွားလဲဆိုတာ ရင်တမမနဲ့ ကြည့်ရမှာပဲ။ ငယ်ငယ်လေးတုန်းကကြည့်ရတဲ့ ပီတာပန်ဇာတ်ကားလေးလိုမျိုး ဝင်ဒီရဲ့ ရှုထောင့်ဘက်က ပြန်ရိုက်ထားတဲ့ Wendy ဇာတ်ကားလေးဟာဆိုရင်လည်း တစ်မျိုး ဆန်းပြားပြီး ကြည့်လို့ကောင်းတဲ့ကားလေးဖြစ်ပါတယ်… ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Theint Theint ပဲဖြစ်ပါတယ်...
Once Upon a Christmas Wish (2024) ⭐TMDB: 73% User Score 🎬 #Drama 🗓 2024 🎞 tv movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 29 မိနစ် 34 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Holiday Romance,Comedy,Drama genreဖြစ်တဲ့ဒီရုပ်ရှင်ဟာဆိုရင် အေးချမ်းလှတဲ့ Long Groveမြို့လေးကိုအခြေခံကာ မြို့ရဲ့အကြီးအကဲ မြို့တော်ဝန်Brian Ortegaရဲ့ မြို့ကိုတန်ဖိုးထားပုံ မြို့သူမြို့သူသားတွေကိုချစ်မြတ်နိုးပုံတို့ကို mysteryဆန်ဆန်တစ်ဖန် romanticဆန်ဆန်တစ်ဖုံအစရှိသဖြင့်ကြည့်ရှုရမှာပဲဖြစ်ပါတယ်...
Arrest Yang Qiangqiang (2024) ⭐TMDB: 0% User Score 🎬 #Crime #Mystery 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 8 မိနစ် 37 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတခါတင်ဆက်ပေးမှာကတော့ မူခင်းရုပ်ရှင်ဇာတ်ကားလေးပါပဲသည်းထိတ်ရင်ဖိုကြိုက်သူတွေ မူခင်းစုံထောက်ကားကြိုက်တဲ့သူတွေအတွက်တော့အကြိုက်တွေ့မဲ့ဇာတ်ကားတစ်ကားလို့ထင်မြင်မိပါတယ်ဇာတ်လမ်းအညွန်းကတော့ ရှင်းပြလို့မရနိုင်တဲ့ မီးလောင်မှုတစ်ခု၊ဘယ်သူမှန်းမသိရတဲ့ အမျိုးသမီး အလောင်းတစ်လောင်း နဲ့ဘယ်ကလာမှန်းမသိတဲ့ ငွေညှစ်စာတစ်စောင်တို့က အပြစ်ကင်းတဲ့ဟိုတယ်ပိုင်ရှင် တုန်းဟုန်လျှန်ရဲ့ ငြိမ်းချမ်းတဲ့ ဘဝကို အဆုံးမရှိတဲ့အနက်ရှိုင်းဆုံး တွင်းထဲကိုဆွဲချသလိုဖြစ်သွားခဲ့တယ် ဒီအမှုကို ရဲအရာရှိ ရဲဝမ်ထောင်ရဲ့ ပါဝင်ပတ်သက်မှုကတဆင့်ပြီးတော့သဲလွန်စတွေက အခုထိကို မဖြေရှင်းရသေးတဲ့ အမှုဟောင်းတခုဆီကိုပါဆက်လက်ဦးတည်သွားခဲ့ပါတော့တယ် ဒီလိုအရှုပ်အထွေးတွေရဲ့ နောက်ကွယ်က အမှန်တရားကဘာများဖြစ်နေမလဲသတ်ဖြတ်မှုတွေကရော အဆုံးသတ်နိုင်ပါ့မလား...
