ဇာတ်ညွှန်းများ • FDMN
Закрытый канал
Нет данных
Подписчики
-524 часа
-47 дней
+730 дней
Архив постов
Lego Marvel Avengers: Code Red (2023)
⭐IMDB: 5.4/10 (578 Votes)
🎬 #Action #Animation #Family #Adventure #Comedy #SciFi
🗓 2023 🎞 movie
🌎 #UnitedStates #Denmark #UnitedStatesofAmerica
⏰ 43 မိနစ် 50 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Lego အဗန်ဂျာကာတွန်းကားအသစ်ပါ။ Lego ကာတွန်းတွေရဲ့ ထုံးစံအတိုင်း နာမည်ကျော်ဇာတ်ကောင်တွေ အစုံထည့်သွားထားပြီး ဟာသလုပ်ထားတာတွေကို တွေ့ရမှာပါ။ မူရင်းအဗန်ဂျာတွေအပြင် အခြား ဟီးရိုးတွေ ဗီလိန်တွေအစုံနဲ့ စိတ်ဝင်စားစရာကောင်းအောင် ရိုက်ပြထားတာမို့ လူကြီးရော ကလေးရော ကြည့်လို့ရတဲ့အမျိုးအစားပါပဲ။
ဇာတ်လမ်းအကျဉ်း
ဘလက်ဝစ်ဒိုးရဲ့အဖေ ရက်ဂါဒီယံဟာ ထူးဆန်းတဲ့လူတစ်ယောက်ရဲ့အဖမ်းခံလိုက်ရပြီး ပျောက်ဆုံးသွားခဲ့ပါတယ်။ အဲဒီအမှုကိုစုံစမ်းရင်းနဲ့ ခေါင်းခွံနီတို့ဘာတို့ နာမည်မှာ အနီပါတဲ့သူတွေအကုန် အဖမ်းခံနေရတာကို အဗန်ဂျာတွေသိသွားပါတော့တယ်။ ဒါကြောင့် အဖမ်းမခံရဘဲနောက်ဆုံးကျန်တဲ့ အနီရောင်ဟော့ခ်ဆီကနေ တဆင့် စုံစမ်းဖို့ သွားကြရင်းနဲ့ အန္တရာယ်တွေနဲ့ ရင်ဆိုင်ရပါတော့တယ်။...
National Secret Agent (2023)
⭐TMDB: 0.0% User Score
🎬 #Action
🗓 2023 🎞 movie
🌎 #China
⏰ 1 နာရီ 27 မိနစ် 41 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီတစ်ခါCMကနေ တင်ဆက်ပေးလိုက်တာကတော့ ရှေးပဒေသရာဇ်ခေတ်မှာဘုရင်တွေလျှို့ဝှက်ဖွဲ့စည်းထားတဲ့ သူလျှိုမလေးတွေအဖွဲ့အစည်းအကြောင်းပဲဖြစ်ပါတယ်။
ဒီလျှို့ဝှက်သူလျှိုမလေးတွေကို အထူးလေ့ကျင့်ပေးထားပြီး နေရာအနှံ့လွှတ်ထားပါတယ်။အပေါ်ယံမှာတော့ ဘုရင်မင်းကြီးကိုယ်စား တိုင်းပြည်ရဲ့မတရားမှုတွေကိုစောင့်ကြည့်ပေးသလိုနဲ့ တကယ်တော့ ပုန်ကန်ဖို့ကြံစည်နေတဲ့သူတွေကိုဖော်ထုတ်ရတဲ့အဖွဲ့အစည်းတစ်ခုပဲဖြစ်ပါတယ်။
ဘုရင်ရဲ့ညီတော်ဟာပုန်ကန်ဖို့ကြံစည်နေတဲ့လျှို့ဝှက်စာကို သူလျှိုမလေးလော်ပင်းရသွားပြီးနောက်ဘုရင်မင်းကြီးဆီကိုလျှောက်တင်ဖို့လက်ဆင့်ကမ်းတဲ့အချိန်မှာ သစ္စာဖောက်သူလျှိုနဲ့ကြုံတွေ့လိုက်ရပါတယ်။သစ္စာဖောက်သူလျှိုရဲ့နှုတ်ပိတ်တဲ့ရန်ကနေသီသီလေးလွတ်ပြီးတောင်ပေါ်ကအိမ်လေးတစ်အိမ်ကိုရောက်သွားခဲ့ပါတယ်။
သူ့ကိုကယ်လိုက်တဲ့သူကလဲ သူလျှိုဟောင်းတစ်ယောက်ဖြစ်နေတော့တိုင်းပြည်အတွက်အရေးအရမ်းကြီးတဲ့ဒီလျှို့ဝှက်ကို ဘုရင်ကြီးလက်အပ်နိုင်ဖို့ ကူညီပေးပါတယ်။အဲဒီအချိန်မှာပဲသစ္စာဖောက်တွေရောက်လာပြီး တိုက်ခိုက်ကြတော့သူလျှိုဟောင်းကအသက်ပေးလိုက်ရပါတယ်။ သူမသေခင်မှာသူ့သားကို လော်ပင်းကိုမြို့တော်ကိုဘေးကင်းအောင်လိုက်ပို့ပေးဖို့မှာရင်း အသက်ပျောက်သွားခဲ့ပါတယ်။ဒီလိုနဲ့သူလျှိုမလေးလော်ပင်းနဲ့ တောတွင်းသားလေးတို့ရဲ့စွန့်စားခန်းစတင်ပါတော့တယ်...
Canola (2016)
⭐IMDB: 7.4/10 (1 k Votes)
🎬 #Drama
🗓 2016 🎞 movie
🌎 #SouthKorea
⏰ 1 နာရီ 57 မိနစ် 32 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Zawgyi
*******
IMDb 6.9 ရရှိထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်
ဒီဇာတ်ကားလေးကတော့ ဟေးဂျင်းနဲ့သူမရဲ့အဘွားအပေါ်
ထားရှိတဲ့မေတ္တာတရားတွေကိုဖော်ကျူ းထားသောဇာတ်ကားဖြစ်ပါတယ်
သူတို့မြေးအဘွားဟာ ပင်လယ်ဆိပ်ကမ်းမှာနေထိုင်ပြီး အဘွားတခု
မြေးတခုဘဝနဲ့အေးအေးချမ်းချမ်းနေထိုင်ခဲ့ကြတယ် တနေ့
မင်္ဂလာပွဲသွားဖို့ မြို့တက်သွားချိန် စျေးတခုမှာ မြေးလေး
ဟာလမ်းပျောက်သွားခဲ့ရပါတယ် အဘွားကလဲမြေးလေးပြန်လာဖို့
နည်းလမ်းမျိုးစုံသုံးပြီး ရှာဖွေခဲ့ ပေမယ့် ၁၂နှစ်ကြာပြီးချိန်မှာအထိ
မြေးနဲ့အဘွားက ဘယ်လိုကိစ္စတွေကြောငိ့ ပြန်ဆုံကြမလဲနဲ့
မြေးလေးကရောတကယ်ပဲအဘွားရဲ့မြေးအစစ်လားဆိုတာကို
ဇာတ်လမ်းကြည့်ပြီး အတူတူရင်ခုံကြရအောင် ပြီးတော့ ဒီဇာတ်ကားဟာဆိုရင် မင်းသမီးလေး
Choi Min Ho ပါဝင်တရုတ်ဆောင်ထားတာမို့ ဆက်ဆက်ကြည့်ရှုကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်……
Unicode
*******
IMDb 6.9 ရရှိထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်
ဒီဇာတ်ကားလေးကတော့ ဟေးဂျင်းနဲ့သူမရဲ့အဘွားအပေါ်
ထားရှိတဲ့မေတ္တာတရားတွေကိုဖော်ကျူ းထားသောဇာတ်ကားဖြစ်ပါတယ်
သူတို့မြေးအဘွားဟာ ပင်လယ်ဆိပ်ကမ်းမှာနေထိုင်ပြီး အဘွားတခု
မြေးတခုဘဝနဲ့အေးအေးချမ်းချမ်းနေထိုင်ခဲ့ကြတယ် တနေ့
မင်္ဂလာပွဲသွားဖို့ မြို့တက်သွားချိန် ဈေးတခုမှာ မြေးလေး
ဟာလမ်းပျောက်သွားခဲ့ရပါတယ် အဘွားကလဲမြေးလေးပြန်လာဖို့
နည်းလမ်းမျိုးစုံသုံးပြီး ရှာဖွေခဲ့ ပေမယ့် ၁၂နှစ်ကြာပြီးချိန်မှာအထိ
မြေးနဲ့အဘွားက ဘယ်လိုကိစ္စတွေကြောငိ့ ပြန်ဆုံကြမလဲနဲ့
မြေးလေးကရောတကယ်ပဲအဘွားရဲ့မြေးအစစ်လားဆိုတာကို
ဇာတ်လမ်းကြည့်ပြီး အတူတူရင်ခုံကြရအောင် ပြီးတော့ ဒီဇာတ်ကားဟာဆိုရင် မင်းသမီးလေး
Choi Min Ho ပါဝင်တရုတ်ဆောင်ထားတာမို့ ဆက်ဆက်ကြည့်ရှုကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်...
It Follows (2014)
⭐IMDB: 6.8/10 (262 k Votes)
🎬 #Adult #Horror #Mystery #Thriller
🗓 2014 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 40 မိနစ် 50 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
It Follows (2014)Horror, Mystery.— Storyline —It Follows က ကျွန်တော်ကြည့်ဖူးတဲ့ Horror ကားတွေထဲကမှ ကြောက်ဖို့အကောင်းဆုံးကားတွေထဲက ပါပါတယ်။ တခြားကားတွေလို audience မကြောက်ကြောက်အောင် ဖြဲခြောက်တာမျိုးမဟုတ်ဘဲ ကိုယ့်အတွေးနဲ့ကိုယ် ကိုယ့်အမြင်နဲ့ကိုယ် သူ့ဟာသူရူးသွပ်နေအောင် လုပ်ထားတဲ့ကားပါ။.Teenager ကောင်မလေးတစ်ယောက် တစ်ညမှာ သူ့ဘဲနဲ့ ကားထဲ ဇာတ်လမ်းတွေဖြစ်သွားတယ်။ ဒါက သူတို့ဆီမှာ ဘာမှမထူးဆန်းပါဘူး။ ဘာသွားဖြစ်လဲဆိုတော့ ကောင်လေးဆီက ကျိန်စာ curse လိုမျိုးတစ်ခုက ကောင်မလေးဆီရောက်လာတယ်။ အဲဒီမှာ လူနဲ့တူတဲ့ သရဲ/အကောင် ဘာမှန်းညာမှန်းမသိတဲ့ လူတစ်ယောက်က ကောင်မလေးနောက်လိုက် follow လုပ်ပါတယ်။ အစက ကောင်လေးဆီလိုက်ပေမဲ့ နှစ်ယောက်သား sex လုပ်လိုက်တဲ့အတွက် ကောင်မလေးနောက် လိုက်လာတာပါ။ အဲဒီ လိုက်တဲ့အကောင်ကို အလိုက်ခံရတဲ့လူတွေပဲမြင်ရပါတယ်။ Follow လုပ်တယ်ဆိုပေမဲ့လည်း လမ်းလျှောက်တဲ့ speed က zombie လောက်ပဲရှိတယ်။ အရမ်းနှေးလို့ ရှောင်ပြေးလို့တော့လွယ်ပေမဲ့ ဘယ်နေရာသွားသွား ရောက်အောင်လိုက်ပါတယ်။ မိရင် အသတ်ခံရမှာဖြစ်ပြီးတော့ အသတ်ခံခဲ့ရင် အရင် ဟိုကောင်လေးဆီလိုက်မှာပါ။ အဲဒီအတွက် ဒီဟာကိုရှောင်ပြေးနိုင်ဖို့ဆိုရင် ကောင်မလေးဟာ တစ်ခြားတစ်ယောက်နဲ့ အိပ်ပြီး အဲဒီတစ်ယောက်ကို ဒီ curse လွှဲပေးလိုက်ဖို့ပါ။ ပြီးရင် အဲကောင်ကလည်း တစ်ခြားတစ်ယောက်နဲ့ ဆက်လုပ် ဆက်လုပ်နဲ့ မပြီးတော့မဲ့ပုံပါပဲ။ ဒါကိုကောင်မလေး လွတ်အောင် ရုန်းရတဲ့ ဇာတ်လမ်းပါ။.— Review —Story က ကြည့်လိုက်ရင် တော်တော်အူကြောင်ကြောင်နိုင်ပါတယ်။ Sex အသားပေးကားလို့ထင်ရတယ်။ ဒါပေမဲ့မဟုတ်ပါဘူး။ အဲကိစ္စတွေက ပါတယ်ဆိုရုံလောက် သဘောလောက်ပဲပါပါတယ်။ ဇာတ်လမ်းက သေချာစဉ်းစားကြည့်ရင် တော်တော်ကြမ်းပါတယ်။ ကိုယ့်နောက်ကို လူတစ်ယောက်က ကိုယ့်ကိုမမိမချင်း လိုက်နေတယ်။ ဘယ်သူနဲ့တူမှန်းလည်း မသိဘူး။ ဘယ်အချိန်ရောက်လာမယ်မှန်းလဲမသိဘူး။ ဥပမာ ကိုယ်တစ်ယောက်ယောက်နဲ့စကားပြောနေတုန်း နောက်ကရောက်လာရင်ဘယ်လိုလုပ်မလဲ။ သူများတွေလဲမြင်ရတာမဟုတ်။ ညအိပ်နေတုန်း ရောက်လာရင်ရော။ ကိုယ်နောက်တစ်ယောက်နဲ့အိပ်လိုက်လို့လည်း ဒီကိစ္စက အေးသွားတာမဟုတ်ပါဘူး။ တကယ်လို့ အဲလူကိုမိသွားရင် ကိုယ့်ဆီပြန်လာနိုင်တယ်။ တွေးစရာတွေ တော်တော်များပါတယ်။.ဒီကားက တစ်ကားလုံးမှ ဒေါ်လာ (၂)သန်း budget နဲ့ရိုက်ထားတဲ့ကားပါ။ ရိုက်သွားတာ တော်တော်မိုက်ပါတယ်။ ဇာတ်လမ်းအရ သရဲ/အကောင်က မှောင်မှ လိုက်သတ်တဲ့ တခြားကားထဲက သရဲမဟုတ်လို့ ညဘက်ကြီး မီးရုတ်တရက် ပြတ်သွားတာမျိုးမရှိဘူး။ ချောင်းကြည့်ပြီး ကြောက်အောင် ခြောက်နေတာမျိုးလည်း မပါဘူး။ Follow လုပ်ပြီး မိရင်သတ်တယ်ဆိုလို့ နေ့ခင်းကြောင်တောင်ကြီး လူတစ်ယောက် ဖြေးဖြေး ပုံမှန်နဲ့ လမ်းတည့်တည့်ကြီးလျှောက်လာတာတွေ့ရရင်ကို ကြည့်တဲ့ကောင်က ကြက်သီးထနေပြီ။ တီးလုံးကလည်း instrumental လိုမျိုးမဟုတ်ဘဲ Ex Machina ထဲကလိုမျိုး Electro လိုမျိုးတွေ သွားထားတယ်။ တော်တော်လည်း ကျောချမ်းဖို့ကောင်းတယ် တီးထားတာ။.It Follows က low budget film တစ်ကားပါ။ နာမည်ကြီး ဒါရိုက်တာ မင်းသားမင်းသမီးတွေမဟုတ်ဘဲ ရိုက်ထားတယ်ဆိုပေမဲ့ တော်တော်ကြီးကို ကောင်းတဲ့ကားပါ။ နာမည်လည်းမကြားဘူး၊ cove ကြည့်တော့လည်း ဘာလိုလို ညာလိုလိုထင်ရတယ်။ International rating တွေကြည့်လိုက်တော့မှ တော်တော်ကြမ်းမှန်းသိရတယ်။ Horror ကားကောင်းကောင်း ကြိုက်တဲ့လူတွေ ကြည့်သင့်တယ်။ ကြည့်ပြီးတဲ့ပိတ်သတ်တွေရှိရင်လဲ ဒီဇာတ်ကားလေးအပေါ် အမြင်လေးတွေမန့်သွားကြပါဦး။ 🙂.— Info —Director : David Robert MitchellStarring : Maika Monroe , Keir Gilchrist , Daniel Zovatto , Jake Weary , Olivia Luccardi , Lili SepeProduction company : Northern Lights Films , Animal Kingdom , Two FlintsRunning time : 100 minutesBox office : $20.6 million.— Ratings —Datshin: 4/5IMDB: 6.9/10Rotten Tomatoes: 96%Admin KPK
(ရုပ်ရှင်အညွှန်းကိုDatShin Facebook Pageမှ ကူးယူဖော်ပြပါသည်။)...
Naan Kadavul Illai (2023)
⭐IMDB: 8.6/10 (38 Votes)
🎬 #Bollywood #Drama #Uncategorized
🗓 2023 🎞 movie
🌎 #India
⏰ 2 နာရီ 14 မိနစ် 21 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Naan Kadavul Illai 2023 (သို့) တစ်ကျော့ပြန်ကလဲ့စား
ကြမ်းကြမ်းရမ်းရမ်း တမီလ်ကားတွေကြိုက်တဲ့ စီအမ်ပရိသတ်ကြီးအတွက် Leoမင်းသားကြီးဗီဂျေးရဲ့အဖေ ဒါရိုက်တာ SAC ရိုက်ကူးပုံဖော်ပြီးတမီလ်မင်းသားကြီး Samuthirakani ပါဝင်ထားတဲ့ အက်ရှင်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ IMDb 8.6ရထားပြီး critic review ကောင်းတွေလည်းပိုင်ဆိုင်ထားတာဆိုတော့ revenge dramaကြိုက်သူတွေ လက်မလွတ်သင့်တဲ့ရုပ်ရှင်ကားတစ်ကားပါပဲ။
ဗီရာပန် ၅ နှစ်တာကာလအတွင်း လူသတ်မှု ၉ မှုကို လက်မရွံ့တမ်းကျူးလွန်ခဲ့တဲ့ နာမည်ကြားရုံနဲ့ လူတကာကြောက်ရတဲ့ ကွင်းဆက်လူသတ်သမားတစ်ယောက်၊ နိုင်ငံရေးအဆက်အသွယ်တွေလည်းရှိတော့ တော်ရုံလူမထိရဲတဲ့အပြင် သက်သေတောင်လာမထွက်ရဲကြတဲ့အထိ ဩဇာညောင်းတဲ့ ရာဇဝင်ထဲကလူမိုက်ကြီးပေါ့။
ဒါပေမဲ့ တောင်တစ်လုံးထက် နောက်တောင်တစ်လုံးက ပိုမြင့်နေတတ်တယ်ဆိုတဲ့အတိုင်း ရာဇဝင်လူဆိုးကြီး ဗီရာပန်ကိုလက်ရဖမ်းဆီး သက်သေအခိုင်အလုံနဲ့ ရုံးတင်ပြီး တစ်သက်တစ်ကျွန်းကျအောင် လုပ်နိုင်တဲ့ အင်စပက်တာကြီးဆန်သိုရန်
ဖြစ်ချင်တော့ဗီရာပန်တစ်ယောက် ထောင်ဖောက်ပြေးပြီးတော့ သူ့ကိုထောင်ဒဏ်တစ်သက်တစ်ကျွန်းကျအောင်လုပ်ခဲ့တဲ့ တရားသူကြီးတွေ ရှေ့နေတွေနဲ့အတူ အဓိကရန်သူတော်ကြီးဆန်သိုရန်ကို တစ်ချိန်ကကြုံးဝါးခဲ့တဲ့အတိုင်း ချွန်းဖွင့်ပြီး လက်စားချေဖို့ပြန်လာတဲ့အခါမှာတော့….
လယ်ပြင်မှာကျားနဲ့ဆင်တို့တွေ့ကြသလို သူသေကိုယ်သေတိုက်ခိုက်ကြမယ့် ဆန်သိုရန်နဲ့ဗီရာပန်တို့ ဘာဆက်ဖြစ်ကြမလဲ။ အရှင့်ဆီကို စာရေးပြီးပို့ရင် ဆုတောင်းတွေပြည့်တယ်လို့ ကြားသိလိုက်ရချိန်မှာ အူမာဆိုတဲ့ကလေးမလေးတစ်ယောက် အရှင့်ဆီကို သူ့ရဲ့မိသားစုကိုကယ်တင်ဖို့ စာရေးပို့တာကို အရှင့်ကိုယ်စား ဆုတောင်းတွေဖြည့်ပေးနေတဲ့ ကြင်နာတတ်တဲ့စီးပွားရေးလုပ်ငန်းရှင်ကြီးကရော ဘယ်လိုကူညီသွားမလဲဆိုတာ အားလုံးအတူ ကြည့်ရှုရအောင်ပါ။
(အညွှန်းနဲ့ဘာသာပြန်ကတော့ Thaik San ~ BpL ~ V ~ Alex ~ Yunniတို့ပဲဖြစ်ပါတယ်)
( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
Die'ced (2023)
⭐IMDB: 4.0/10 (59 Votes)
🎬 #Horror
🗓 2023 🎞 movie
🌎 #UnitedStates
⏰ 1 နာရီ 44 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဟောလိုးဝင်းကာလမှာ ကြောက်စရာကောင်းတဲ့သွေးသံတရဲရဲ
ဇာတ်ကားတွေကိုကြည့်ချင်တဲ့လူတွေအတွက် Die’ced ဆိုတဲ့
ဇာတ်ကားနဲ့မိတ်ဆက်ပေးလိုက်ပါတယ်။
Budget Movie ဖြစ်နေတဲ့အတွက် IMDb Rating က 4.5 နဲ့နည်းနေတာ
ကိုတော့ အပြစ်ပြောလို့မရပါဘူး။ဒါပေမယ့် ကိုယ်က Thriller ကားချစ်သူမလို့
ကြည့်စရာ ဇာတ်ကားတွေကုန်ပြီး လှန်လှောရှာဖွေနေရတယ်ဆိုရင်တော့
ဒီကားလေးကမဆိုးဘူးလို့ ပြောလို့ရပါတယ်။
ဇာတ်ကြောင်းကတော့ ဟောလိုးဝင်းညရောက်ခါနီးတစ်ရက်မှာ ဘန်ဂျမင်နယူးမန်းဆိုတဲ့
လူတစ်ယောက်က စိတ်ကျန်းမာရေးဆေးရုံကနေလွတ်မြောက်သွားခဲ့ပါတယ်။
သူကသာမန် စိတ်ဖောက်ပြန်နေတဲ့ လူမဟုတ်ဘဲ အရမ်းကြောက်စရာကောင်းတဲ့
ကွင်းဆက် လူသတ်သမား တစ်ယောက်ဖြစ်နေပါတယ်။ဒါပေမယ့် ကိုယ့်ရဲ့ပေါ့ဆမှုကြောင့်
လွတ်မြောက်သွားတဲ့ ဆေးရုံဝန်ထမ်းတွေက ရဲတိုင်ရင်ထောင်ကျမှာ ကြောက်တဲ့
အတွက် ဖုံးကွယ်ထားလိုက်ပါတော့တယ်။ဒီလိုနဲ့ ဟောလိုးဝင်းညမတိုင်ခင် တစ်ညမှာတော့
ကဆန်ဒရာဆိုတဲ့ ကောင်မလေးတို့ အိမ်နားကလူတစ်ယောက်အသတ်ခံလိုက်ရပါ
တော့တယ်။အဲ့ဒီအပြင်ကိုမှ သူ့အိမ်ကဓားတွေနဲ့ ဟောလိုးဝင်းဝတ်စုံတွေကိုလည်း
ယူသွားကြောင်းကို ကဆန်ဒရာတို့ရဲ့အဖေဖြစ်သူက ပြောပြနေပါတော့တယ်။ဒါပေမယ့်
လူငယ်ပီပီ ကဆန်ဒရာတို့က အဲ့ဒါကိုသိပ်ဂရုစိုက်မနေပဲ ညကျသွားရမဲ့ ဟောလိုးဝင်း
ပါတီကိုပဲ စိတ်ရောက်နေပါတယ်။ဒီလိုနဲ့ အဲ့ဒီဟောလိုးဝင်းဝတ်စုံ ဝတ်ထားတဲ့လူကြီးက
တစ်ယောက်ပြီး တစ်ယောက်လိုက်သတ်ရင်းနဲ့ ကဆန်ဒရာနဲ့ ထိပ်တိုက်တွေ့လာတဲ့
အချိန်မှာတော့ သူတို့နှစ်ယောက်ကြားမှာ ဆက်နွယ်နေတဲ့အရာရှိတာကို သိခဲ့ရပါ
တော့တယ်။အဲ့ဒါကဘာဖြစ်မလဲ ကဆန်ဒရာကရောသူများတွေလိုပဲ အသတ်ခံရပြီး
သေဆုံးသွားမလားဆိုတာကို သည်းထိတ်ရင်ဖိုကြည့်ရှုရမှာပဲဖြစ်ပါတယ်။...
Masterpeace (2023)
⭐TMDB: 0.0% User Score
🎬 #Drama #Comedy
🗓 2023 🎞 movie
🌎 #India
⏰ 42 မိနစ် 36 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Masterpeace (2023)Master Peace (TV Series)(2023)
IMDb-6.4/10Disney+ Hotstarကနေ ထုတ်လွှင့်ခဲ့တဲ့ အပိုင်းငါးပိုင်းနဲ့
မိသားစုဟာသဇာတ်မြူးစီးရီးလေးကိုတင်ဆက်ပေးချင်ပါတယ်။
လင်မယားနှစ်ယောက်ပြဿနာကြားမှာ မိဘတွေပါလာရာကစ
အလွဲလွဲအချော်ချော်တွေနဲ့ ဟာသနှောရိုက်ကူးတင်ဆက်ထားတာပါ။
Your browser does not support the video tag.ဒီဇာတ်လမ်းကို ကြည့်ရှူသူတွေဆီ ပြောပြနေသူကတော့ ဧည့်ခန်းမှာချိတ်ထားတဲ့
ပန်းချီကားထဲက မိုနာလီဇာကြီးဖြစ်နေပါရောလား။
ဓားတစ်ချောင်းကနေ စတဲ့ဇာတ်လမ်း။လင်ဖြစ်သူကို ဓားနဲ့ရွယ်ရာကစလို့ ဘေးမှာလူသူလေးပါးလည်းမရှိပါဘဲနဲ့
ယောက္ခမဖြစ်သူသိသွားပါလေရော။သိသွားတော့ နှစ်ဖက်မိဘတွေတိုင်ပင်ကြပြီး သူတို့သားသမီးတွေနေထိုင်ရာ တိုက်ခန်းဆီကို
လိုက်လာရာကစ လင်မယားနှစ်ယောက်ကို ပြေလည်ရာပြေလည်ကြောင်း ဆုံးမမယ့်အစီအစဉ်ကနေ
ဘယ်လိုတွေ သဘောထားကွဲလွဲ အချင်းများကြမလဲဆိုတာ ပြုံးရင်းရယ်ရင်း ခံစားကြည့်ရှုလိုက်ကြပါဦး။
(အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ CM Bollywood Teamမှပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့
ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
最后的法师 (2023)
⭐TMDB: 100.0% User Score
🎬 #Drama #Thriller
🗓 2023 🎞 tv movie
🌎 #China
⏰ 1 နာရီ 29 မိနစ် 22 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
” အန့်ယန့်ရွာမှာထူးဆန်းတဲ့ကိစ္စတွေဖြစ်လာတာချိန်ရှစ်တစ်ယောက် သေရွာကနေပြန်လာကတည်းကပဲတဲ့ ”
The last Mage ဇာတ်ကားကတော့ ဇာတ်ကြောင်းလှည့်ကွက်မျိုးစုံနဲ့ရင်တဖိုဖိုကြည့်ရမဲ့ ရှေးခေတ်မှော်ပညာနဲ့ထူးဆန်းတဲ့လူသေမှုတွေအကြောင်း ရိုက်ကူးထားတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ် ။
တစ်ခါက အန့်ယန်ရွာမှာ ချိန်ရှစ်ဆိုတဲ့လူတစ်ယောက်ရှိပြီး အပြင်းဖျားနာခဲ့ပါတယ် ။ချိန်ရှစ်မှာ ကံဆိုးစွာနဲ့ သမားေတာ်နဲ့ေတာင် မပြရသေးခင် သေဆုံးသွားခဲ့ပါတယ် ။ဒါပေမဲ့ ထူးထူးဆန်းဆန်း သူ့ကိုသဂြိုလ်ဖို့လုပ်နေချိန်မှာပဲအကောင်းကြီးရှိတဲ့မျက်လူံးနှစ်လုံးက ကန်းသွားပြီးအခေါင်းထဲကနေတစ်ဖန်ပြန်ထလာခဲ့ပါတော့တယ် ။သူသေရွာကပြန်လာပြီးနောက်မှာ ရွာထဲမှာလည်းထူးဆန်းတဲ့လူသေမှုတွေဆက်တိုက်ဖြစ်လိုက်ပါတော့တယ်။
ချိန်ရှစ်တစ်ယောက်ဘယ်လိုဖြစ်လို့ သေရွာကပြန်လာခဲ့တာလဲ ?ရွာထဲကလူသေမှုတွေကသူနဲ့ဆက်စပ်နေမလား ?သူတို့ရွာကိုကယ်တင်ဖို့ဘယ်သူရောက်လာမလဲဆိုတာကိုဇာတ်လမ်းထဲမှာရင်တဖိုဖို စိတ်လှုပ်ရှားစရာကောင်းစွာနဲ့ကြည့်ကြဖို့ တိုက်တွန်းလိုက်ပါရစေ...
Apurva (2023)
⭐IMDB: 8.0/10 (63 Votes)
🎬 #Bollywood #Drama #Thriller #Uncategorized #Crime
🗓 2023 🎞 movie
🌎 #India
⏰ 1 နာရီ 36 မိနစ် 4 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Apurva 2023 (အမြန်လမ်းမှ ကြမ္မာဆိုး)
ဘောလီးဝုဒ်ဇာတ်ကားတွေထဲမှာ အရမ်းကိုမှရှားပါးတဲ့ Thriller ဇာတ်လမ်းကောင်းလေးတစ်ခုကိုDisney plus က Streaming လုပ်လုပ်ချင်းမှာပဲ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်
ဒီထဲက မင်းသမီးက heopanti 2 Student of the tear 2 Marjaavaav ဇာတ်ကားတို့နဲ့လူသိများမှာဖြစ်တဲ့ညှို့အားပြင်း လုံးကြီးပေါက်လှ မင်းသမီးလေး Tara Sutaria (တာရာ) ပဲ ဖြစ်ပါတယ်
မင်းသမီးလေးက လှသလောက် ဇာတ်ကတော့ ပိုးစိုးပက်စက်နာပါတယ်I spit on your grave လိုမျိုးလူဆိုးဓားပြတွေကြား ရောက်သွားလို့ အနှိပ်စက်ခံအနိုင်ကျင့်ခံရတာကို လက်လွတ်ထွက်ပြေးပြီး လက်စားပြန်ချေရမယ့် ဇာတ်လမ်းလေးပါ
အဓိကဇာတ်ဆောင် အပရူဗာအဖြစ် မင်းသမီးချောလေးတာရာက အထူးသရုပ်ဆောင်ပေးထားပြီးသူ့ရဲ့စေ့စပ်ထားတဲ့ သတို့သားလောင်း ဆစ်ဒါ့သ်ရှိရာသို့အသွားမှာ အဝေးပြေးလမ်းမှာ သူခိုးဂျပိုးတွေဓားပြတိုက်ဖမ်းခေါ်တာခံလိုက်ရကာ ဘယ်လိုလွတ်အောင် ကြိုးစားမလဲဆိုတာ survival အရသာအပြည့်အဝခံစားရမဲ့thriller ကားကောင်းလေးလို့ ချက်ချင်းပြေးကြည့်ကြပါလို့ လက်တို့ပေးပါရစေ အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood team ကပဲဖြစ်ပါတယ်
( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
Ardh (2022)
⭐IMDB: 7.6/10 (4 k Votes)
🎬 #Bollywood #Drama #Romance #Uncategorized #Comedy
🗓 2022 🎞 movie
🌎 #India
⏰ 1 နာရီ 24 မိနစ် 42 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Ardh (2022)
IMDb- 7.6/10 ဟာသမင်းသားကြီး Rajpal Yadav ရဲ့ အတည်တစ်ကွက်အောက်မှာမျက်ရည်ဝေလိုက်ကြပါဦး
ချစ်ခြင်းမေတ္တာ ဘဝသရုပ်ဖော်တွေနဲ့ ရင်ထဲထိရတဲ့ ဇာတ်လမ်းရှာနေသူတွေ အကြိုက်တွေ့မဲ့ကားလေးတင်ဆက်ပေးလိုက်ပါတယ်အိမ်မက်ဆိုတဲ့အရာက တချို့အတွက်လှေကားတစ်ထစ်ချင်းလျှောက်လှမ်းသွားရင်း ပိုင်ဆိုင်လာရပေမဲ့ တချို့အတွက်တော့ဘဝတွေအသက်တွေရင်းခဲ့တာတောင် ရမသွားရှာတဲ့လူတွေအပုံကြီးပဲမလား အလှမ်းကွာတဲ့ အိမ်မက်နဲ့ လက်တွေ့ဘဝကို အမိအရဆွဲညှိပြီးဘဝကိုဆက်ရှင်သန်နိုင်သူတွေနဲ့ကြုံတွေ့လာခဲ့ရင်တော့ ကောင်းကောင်းကြီးအတုယူသင့်တဲ့သူတွေလို့ပြောရင်လည်း မှားမယ်မထင်ဘူး
သရုပ်ဆောင်ရရင်ကိုပျော်နေတဲ့ မင်းသားရူးရှီဗာ ကျရာဇာတ်ရုပ်ကို ပီပြင်အောင်လုပ်နိုင်တဲ့ရှီဗာ သူဘယ်လောက်ထူးချွန် ၊ ကြိုးစားနေပါစေ အခွင့်အရေးက သူ့ဆီရောက်မလာခဲ့ဘူး တစ်ဖက်မှာလည်း မိသားစုစားဝတ်နေရေးဆိုတဲ့အရာကရှိနေသေးတယ် အိမ်မက်နောက်ကိုပဲ ရူးရူးမူးမူးဆက်လိုက်ရမလား မိသားစုတာဝန်ပဲကျေပွန်အောင်လုပ်ရတော့မလား ဗျများနေချိန် ရှီဗာချလိုက်တဲ့ဆုံးဖြတ်ချက်တစ်ခု…
နဂိုတည်းက ခက်ခဲကြမ်းတမ်းပြီးသားသူ့ဘဝမှာ အများအမြင်နဲ့ ဆန်ကျင်ထူးခြားနဲ့ သူ့ရဲ့ဆုံးဖြတ်ချက်အတွက် ရင်ဆိုင်တိုက်ခိုက်ရတဲ့အရာတွေကို တကယ့်လက်တွေ့မှာလည်းသရုပ်ဆောင်ပီပြင်လှတဲ့ မင်းသားကြီးရဲ့ သရုပ်ဆောင်မှုတွေအောက် စီးမျောခံစားကြည့်ပါဦး အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ CM Bollywood Team ဖြစ်ပါတယ်
( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
Adult Trainee (2021)
⭐TMDB: 76.0% User Score
🎬 #Comedy
🗓 2021 🎞 tv movie
🌎 #SouthKorea
⏰ 44 မိနစ် 28 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Adult Trainee (2021) [Complete]Adult Trainee (2021)
********************
အပိုင်း (၁ မှ ၇) စ / ဆုံး
Your browser does not support the video tag.Twinkling Watermelon ထဲက ဟာအွန်းဂယောနဲ့(G)I-DLE ထဲက Miyeonတို့ ပါဝင်ထားတဲ့ web drama လေးပါ။တစ်ကိုယ်ရည်အာသာဖြေမှုကို စွဲလမ်းနေတဲ့ Jae Minရှေးရိုးစွဲ မိန်းကလေးဖြစ်တာကြောင့် ချစ်သူရဲ့ စွန့်ပစ်ခြင်းခံလိုက်ရပြီးတကယ်အချစ်စစ်နဲ့ တွေ့လာတဲ့အခါ ရှေးရိုးစွဲဝါဒီကို ပြုပြင်ဖို့ ကြိုးစားတဲ့ Yu Raရည်းစားတစ်ခါမှ မထားဖူးတဲ့ အဝလွန်နေတဲ့ ကောင်မလေး Na Eunဆယ်ကျော်သက်လေးတွေရဲ့ နေ့စဉ် ကျောင်းသားဘဝ၊ အချစ်ရေး၊ ကြုံတွေ့လာရမယ့် စိတ်ပူပန်မှုတွေနဲ့ဟော်မုန်းဓာတ်ကြောင့် ခန္ဓာကိုယ်ဖြစ်စဉ်တွေ ပြောင်းလဲလာတဲ့အခါ စူးစမ်းချင်လာတတ်ကြတဲ့အထန်ကောင်လေးတွေအကြောင်းကို part 3 ပိုင်းခွဲပြီးတော့ ဖြစ်လေ့ဖြစ်ထရှိတဲ့သဘာဝအတိုင်း ပေါ့ပေါ့ပါးပါး ဟာသနှော ရိုက်ကူးထားတာဖြစ်ပါတယ်။ (အညွှန်းကိုတော့ AHtet မှ ရေးသားပေးထားပါတယ်။)...
The Search for Secret Santa (2022)
⭐IMDB: 5.7/10 (145 Votes)
🎬 #Mystery #TVMovie #Comedy #Drama #Romance
🗓 2022 🎞 tv movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 24 မိနစ် 39 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
“လျှို့ဝှက်ဆန်တာရှာပုံတော်”
ခရစ်စမတ်အားလပ်ရက်မှာ အလွတ်တန်းသတင်းထောက်မလေးဆိုဖီယာက တိုက်ခန်းတစ်ခန်းမှာငှါးနေဖြစ်ခဲ့ပါတယ်၊တနေ့ဆိုဖီယာဟာ ပစ္စည်းတွေကို စတိုခန်းထဲသွားထားရင်း အဲ့မှာ မဖောက်ရသေးတဲ့ခရစ်စမတ်လက်ဆောင်လေးကိုတွေ့လိုက်ရပါတယ်။ အက်ဘီဂေးလ်အတွက်လျှို့ဝှက်ဆန်တာကပေးထားတာလေးပါ။
ဒါပေမဲ့လက်ဆောင်ကနှစ်ပေါင်းအတော်ကြာထိပိုင်ရှင်ဆီလည်းမရောက်သေးတော့သတင်းထောက်ပြီပြီစူးစမ်းရင်းဆောင်းပါးလေးပါရေးဖြစ်ပါတော့တယ်၊လက်ဆောင်ထဲမှာဘာတွေပါလဲ၊ လျို့ဝှက်ဆန်တာကဘယ်သူလဲ၊အက်ဘီဂေးလ်ဆိုတာဘယ်သူလဲ၊ ဘာလို့လက်ဆောင်ကဒီအတိုင်းရှိနေရသေးတာလဲစသဖြင့်မေးခွန်းတွေကိုအဖြေရှာသွားမှာဖြစ်ပါတယ်။
ရှာပုံတော်ခရီးစဉ်ကိုပါဝင်အားဖြည့်ပေးတာတော့ရှေးဟောင်းပစ္စည်းတွေကိုစိတ်ဝင်စားတဲ့ဂျက်ဆင်ဖြစ်ပြီး နှစ်ဦးသားအဖြေရှာရင်းနှလုံးသားရေးရာအဆင့်တွေဘယ်လိုတက်သွားမလဲဆိုတာ ခရစ်စမတ်အငွေ့အသက်နဲ့ ရိုမန့်စ်ဆန်ဆန်ကြည့်ရမှာပါ။...
Take Shelter (2011)
⭐IMDB: 7.3/10 (106 k Votes)
🎬 #Drama #Horror #SciFi #Thriller
🗓 2011 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 2 နာရီ 1 မိနစ် 51 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
IMDb 7.3 အထိရရှိခဲ့တဲ့ မင်းသားကြီး မိုက်ကယ်ရှန်နန်ရဲ့ ၂၀၁၁ထွက် ဒရာမာရုပ်ရှင်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီရုပ်ရှင်ဟာ ဆုပေါင်း ၄၂ ခု နဲ့ ဆန်ကာတက်ရွေးချယ်ခံရမှု ၄၆ ခု တို့ကိုလည်း ရရှိထားပါသေးတယ်။
မိုက်ကယ်ရှန်နန်က “ကားတစ်”အဖြစ် သရုပ်ဆောင်ထားပါတယ်။ ကားတစ်ဟာ လူလတ်တန်းစားမိသားစုတစုရဲ့ အိမ်ထောင်ဦးစီးတဦးဖြစ်ပြီး ပိုက်လိုင်းတူးဖော်နဲ့ကုမ္ပဏီတခုမှာ လုပ်ကိုင်နေသူပါ။ ကားတစ်မှာ သမီးလေးတဦးရှိပြီး ဟန်နာဆိုတဲ့သမီးလေးတဦးရှိပြီး ဟန်နာဟာ မွေးရာပါဆွံ့အနားမကြားသူတဦးပါ။
ဒီလိုနဲ့ ကားတစ်တို့ရဲ့ ပျော်ရွှင်နေတဲ့မိသားစုဘ၀လေးထဲကို တနေ့မှာတော့ အဖြစ်ဆိုးတခု မမျှော်လင့်ဘဲရောက်ရှိလာခဲ့ပါတယ်။ ကားတစ်ဟာ ညတိုင်းအိပ်မက်ဆိုးတွေမက်လာပြီး ဆိုးရွားတဲ့ လေဆင်နှာမောင်းမုန်တိုင်းတခု ဖြစ်ပွားတော့မယ်လို့ ထင်ယောင်ထင်မှားဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ ကားတစ်ရဲ့ ထင်မြင်မှုတွေဟာ မိသားစုနဲ့ ပတ်၀န်းကျင်ကိုပါ ထိခိုက်လာခဲ့အခါမှာတော့ ကားတစ်တယောက် ဒီအခက်အခဲတွေထဲက ဘယ်လိုရုန်းထွက်မလဲ ကားတစ် မြင်တွေ့ခံစားမိနေတဲ့အရာတွေကရော အမှန်တကယ်ဟုတ်ရဲ့လား ကားတစ်ရဲ့ နောက်ကွယ်ကအကြောင်းအရာကရော ဘာများလဲ သူများတွေမမြင်နိုင် မခံစားမိနိုင်တဲ့အရာတွေကို သူတဦးတည်းက ဘာလို့ခံစားမိနေလဲဆိုတာကိုတော့ စိတ်၀င်စားဖွယ် ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။
ဒီရုပ်ရှင်ထဲက ကားတစ်ရဲ့ သမီးလေးဖြစ်သူ ဟန်နာအဖြစ် သရုပ်ဆောင်ထားတဲ့ မိန်းကလေးငယ်လေးဟာ အပြင်လောကမှာလည်း ဆွံ့အနားမကြားသူတဦးဖြစ်ပြီး ၎င်းရဲ့မိဘနှစ်ဦးဟာလည်း ဆွံ့အနားမကြားကြသူများလို့ဆိုပါတယ်။ ဒီရုပ်ရှင်ဟာ လက်တွေ့လောကက ကျန်းမာရေးပြဿနာတွေအပေါ်မှာ အခြေခံထားပြီး ဇာတ်လမ်းပြီးသွားတဲ့တိုင်အောင် ကြည့်ရှုသူကို အတွေးတခုနဲ့ကျန်ရစ်နေစေခဲ့မယ့် ရုပ်ရှင်ဇာတ်ကားကောင်းလေးဖြစ်ကြောင်း ညွှန်းဆိုရင်းနဲ့ပဲ အညွှန်းကိုဒီမှာပဲရပ်လိုက်ပါတယ်။...
Fingernails (2023)
⭐IMDB: 5.9/10 (4 k Votes)
🎬 #Drama #Romance #SciFi #ScienceFiction #Comedy
🗓 2023 🎞 movie
🌎 #UnitedKingdom #UnitedStates #Australia #UnitedStatesofAmerica
⏰ 1 နာရီ 53 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Fingernails (2023)
Fingernails ရဲ့ ဒါရိုက်တာ Christos Nikou က Dogtooth (2009) လို နာမည်ကျော်ကားမျိုးတွေမှာ Assistant Director လုပ်ရင်းကနေ ဒါရိုက်တာအဖြစ် Apples (2020) နဲ့ ပွဲဦးထွက်ခဲ့တယ်။ သူက ဂရိလူမျိုးဆိုတော့ အဲဒီရုပ်ရှင်ကလည်း ဂရိရဲ့ အော်စကာရွေးချယ်ခံကားအဖြစ် ရွေးချယ်ခံခဲ့ရတယ်။ Apples ဟာ အလိုက်အထိုက်တော့ အောင်မြင်ခဲ့တယ်။ ဒီနှစ်မှာတော့ သူ့ရဲ့ ဒုတိယကားဖြစ်တဲ့ Fingernails ကို ကိတ်ဘလန်းချက်လို နာမည်ကျော်မင်းသမီးက ပရိုဂျူဆာလုပ် ထုတ်လုပ်ပေးခဲ့ပြီး ၂၀၁၉တုန်းက Sound of Metal နဲ့ မင်းသားဆုအော်စကာဆန်ခါတင်ဝင်ခဲ့တဲ့ Riz Ahmed နဲ့ ၂၀၂၂ တုန်းက The Lost Daughter နဲ့ အမျိုးသမီးဇာတ်ပို့ဆု ဆန်ခါတင်ဝင်ခဲ့တဲ့ Jessie Buckley တို့ကို သုံးနိုင်ခဲ့တယ်။ နောက်နာမည်ကြီးထဲကပဲ အိုဝင်ဝီလ်ဆန်ရဲ့ညီ လုခ်ဝီလ်ဆန်နဲ့ ဂျယ်ရမီအယ်လန်ဝှိုက်တို့ကို သုံးထားသေးတယ်။
ဇာတ်လမ်းအမျိုးအစားကတော့ Sci-Fi / Romance ဆိုတဲ့အတိုင်း ဒရာမာဇာတ်လိုဇာတ်ကိုမှ Sci-Fi အမြင်သစ်တွေနဲ့ ခပ်ဆန်းဆန်းတင်ပြထားတယ်။ ပြောရရင် သိပ်မကြာသေးခင်က ထွက်ခဲ့တဲ့Foeနဲ့တောင်ဆင်တယ်။ A24 က ထုတ်တာမဟုတ်ပေမဲ့ A24 ကားတွေလို့ ကျွန်တော်တို့လက်ခံထားတဲ့ ပုံစံမျိုးတွေနဲ့လည်းဆင်တယ်။ သူ့နာမည်အတိုင်းပဲ ဒီရုပ်ရှင်ထဲကလူတွေဟာ ချစ်သူစုံတွဲတွေကြားက အချစ်ကို စစ်မစစ် အကဲဖြတ်ဖို့အတွက် ချစ်သူနှစ်ဦးရဲ့ လက်သည်းခွံကို ခွာထုတ်ပြီး စက်ထဲထည့် စက်ကချပေးတဲ့ရာခိုင်နှုန်းကိုကြည့်ပြီး အတည်ပြုကြတယ်။ ပေါ့စတစ်ထွက်ရင် အပြန်အလှန်ချစ်နေကြတဲ့ အချစ်စစ်ဖြစ်ပြီး နဂ္ဂတစ်ထွက်ခဲ့ရင်တော့ မစစ်ဘူးပေါ့။ ဒီလိုနဲ့ ချစ်သူတွေစုံတွဲတွေဟာ သူတို့ကြားက အချစ်ကို စစ်မစစ်ကြည့်ဖို့ အဲဒီလိုအကဲဖြတ်ခဲ့ကြတယ်။ သိပ်အဆင်ပြေနေတဲ့ အိမ်ထောင်ရေးဖြစ်နေရင်တောင်မှ စက် မစစ်ဘူးလို့ ထွက်လာရင် အကြောင်းအမျိုးမျိုးနဲ့ကွဲပြဲကြတယ်။
ဒီလိုစက်က ပေါ့စတစ်ထွက်နိုင်ခြေဆိုတာလည်း တစ်ရာမှာ တစ်ဆယ်ကျော်ပဲရှိတဲ့အထိ အတော်နည်းပေမဲ့ စစ်ချင်တဲ့လူတွေကလည်း သိပ်များခဲ့တယ်။ ဒီလိုနဲ့ အချစ်ရဲ့ ဆုတ်ကပ်ခေတ်ကြီးဖြစ်လာခဲ့တယ်။ ဒါပေမဲ့ ဒါကိုကျော်လွှားဖို့ ချစ်သူတွေကြား ပိုရင်းနှီးကျွမ်းဝင်လာစေဖို့ လေ့ကျင့်ခန်းသဘောဆန်ဆန်တွေ လုပ်ပေးတဲ့ အချစ်စာမေးပွဲဖြေဖို့ ကျူရှင်တက်ရသလို အချစ်ကျူရှင်သဘောမျိုးတွေလည်း ပေါ်လာခဲ့တယ်။ ဒါပေမဲ့ ဒါတွေဟာ တကယ်ရော အဓိပ္ပာယ်ရှိရဲ့လား…။ အချစ်တွေကို ဒီလိုကန့်သတ်လို့ရနိုင်ရဲ့လား…။ ဒီရုပ်ရှင်မှာ ခင်ဗျားတို့ ကိုယ်တိုင်ပဲ ဓာတ်ခွဲကြည့်လိုက်ကြပေါ့။
(ဒီဇာတ်ကားနဲ့အညွှန်းကိုWiRa Aungမှ ပြန်ဆို ရေးသားထားပါတယ်)...
Tae Guk Gi: The Brotherhood of War (2004)
⭐TMDB: 80.0% User Score
🎬 #Action #Asian #Drama #War #Adventure #History
🗓 2004 🎞 movie
🌎 #SouthKorea #SouthKorea #UnitedStatesofAmerica
⏰ 2 နာရီ 28 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဇာတ်လမ်းအကျဉ်း အေးချမ်းပြီးပျော်ဖို့ကောင်းတဲ့မိသားစုတခုမှာ
ဂျင်တေး ဂျင်ဆောက်ညီအကို၂ယောက်….
ညီအကို၂ယောက်ကတော့ ဒါရိုက်တာရင်နဲ့ထယ်ဆောက်လို့လူသိများတဲ့
နာမည်ကြီးမင်းသား နှစ်ယောက်ပဲဖြစ်ပါတယ်…
သူတို့နှစ်ယောက်ရဲ့ သရုပ်ဆောင်ချက်တွေကြောင့်လည်း
ဇာတ်ကားဟာ ပိုပြီးတော့ ရသမြောက်ခဲ့တယ်လို့ပဲဆိုရမှာပေ့ါ…..
အဖေမရှိတော့ပေမယ့် သူတို့ကိုချစ်တဲ့စကားမပြောနိုင်တဲ့
အမေရယ် အကိုဂျင်တေးရဲ့စေ့စပ်ထားတဲ့မိန်းမရယ်သူ့မောင်လေး
တွေနဲ့သူတို့မိသားစုကအတော်ကိုအေးချမ်းခဲ့တယ်
ဖိနပ်ချုပ်ဖိနပ်တိုက်တဲ့အကိုဖြစ်သူကစာတော်ပြီးလိမ္မာရေးခြားရှိတဲ့သူ့ညီကိုအတော်ကိုချစ်ခဲ့တယ်… ၁၉၅၀ခုနှစ် ကိုရီးယားစစ်ပွဲကသူတို့မိသားစုကိုမမျှော်လင့်ထားတဲ့ ကံကြမ္မာဆိုးတွေသယ်လာပေးခဲ့တယ်အသက်၁၈နှစ်ကနေ၃၀ကြား ယောက်ျားအားလုံးစစ်မှုထမ်းရမယ်ဆိုတဲ့အမိန့်အောက်မှာညီဖြစ်သူဂျင်တေးအစားလိုက်သွားဖို့တောင်းဆိုရင်းကနေညီအကို၂ယောက်စလုံး စစ်ပွဲထဲပါခဲ့တယ်
စစ်ဖြစ်နေတဲ့ကာလမှာညီဖြစ်သူကိုအိမ်ပြန်နိုင်အောင်ဘယ်လိုကြိုးစားခဲ့လဲ…သူချစ်တဲ့သူ့ဇနီးလောင်း..သူ့မိခင်ကြီးတို့ဘယ်လိုရုန်းကန်ခဲ့ရသလဲ…ဖိနပ်ချုပ်နေရင်းနဲ့သူ့ညီစာသင်ပေးခဲ့တဲ့ ကောင်လေးတယောက်က မြောက်ကိုရီးယားတပ်ထဲအတင်းသွင်းခံရတဲ့အခါမှာ သူတို့ဘယ်လိုတွေရင်ဆိုင်ခဲ့ကြလဲ…စစ်ပွဲသရုပ်ပေါ်လွင်အောင်ရိုက်ထားတဲ့စစ်ကားဖြစ်သလိုအချစ်အမုန်းရသစုံအောင်ဇာတ်အိမ်ဖွဲ့ထားတဲ့ဒီစစ်ကားလေးဟာလည်းအပစ်အခတ်အကြမ်းအတမ်းတွေကြားမှာ ဂရုဏာသက်စရာ သနားစရာ ဇာတ်ဝင်ခန်းတွေကိုရိုက်ပြသွားတဲ့ ရိုက်ကွက်တွေဟာဆိုရင် တကယ်ကိုပြောင်မြောက်လွန်းပါတယ်IMDb rating 8.0 ထိရထားပြီး အတော်လေးကိုကောင်းတဲ့စစ်ကားဖြစ်ကြောင်းညွှန်းပါရစေမဖြစ်မနေကြည့်သင့်တဲ့စစ်ကားတကားဖြစ်တယ်လို့ပဲညွှန်းပါရစေ...
Raatchasi (2019)
⭐IMDB: 7.4/10 (2 k Votes)
🎬 #Bollywood #Drama #Thriller
🗓 2019 🎞 movie
🌎 #India
⏰ 2 နာရီ 14 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဂီသာရာနီဆိုတဲ့ ဆရာမဟာ ဘယ်လိုတော်ကြောင်း ဘယ်လိုထက်ကြောင်း ဘယ်လိုရဲရင့်ကြောင်းဆိုတာကြားဖူးကြမှာပါ..ဟုတ်ပါတယ် ဒီရုပ်ရှင်က သူမရဲ့ဇာတ်ကားပါပဲ။
ပညာရေးမှာ ပြစ်ချက်တစ်ခုရှိလာရင် အကြောင်းပြချက်က မလုံလောက်တဲ့ ဆရာ/မ အင်အားနဲ့ စနစ်ဆိုး..ဒါတွေဟာ လက်ညှိုးထိုးပြစရာ။ ဘယ်အစိုးရမှ လောက်ငှတဲ့ ငွေပမာဏမပေးမထားတော့ ဝန်ထမ်းတွေလည်း အပြင်စီးပွားရှာတယ်။အထက်လူကြီးတွေက အာဏာရပါတီကဆိုပြီး မြို့တိုင်းမှာ ပါတီအလံလွှင့်ထူဖို့လောက် ကျောင်းတွေမှာ လစ်လပ်နေတာကို သူတို့ စိတ်မဝင်စားဘူး။မဲဆွယ်တုန်းခဏပဲ ပြည်သူကို ကြည့်ကြတာပါ။အဲ့ဒီလို မြို့မျိုးမှာဆို လူသတ်မှုလည်း ထွန်းကားတယ်ဗျ။ဒီကျောင်းက ထူးဆန်းတယ်။ကျောင်းမှာ ရာထူးအကြီးဆုံးက ဘဲကြီးက နှာဘူးထတယ်။ဆရာမတွေကို ရိုသေလေးစားမှုမရှိ။ကျောင်း အထွေထွေလုပ်သားတွေက အစ လက်မှတ်ထိုးပြီး အိမ်ပြန်စီးပွားလုပ်တယ်။ဆရာမတွေဟာ ကျောင်းသားတွေရဲ့ အနာဂတ်ထက် ပါးပေါ်က မိတ်ကပ်မပျက်ဖို့ ပိုဂရုစိုက်တယ်။ကလေးတွေရဲ့ စာဖတ်သံထက် နားထောင်နေတဲ့ နားကြပ်က သီချင်းသံကို ပိုကြားရဖို့ အာရုံစိုက်တယ်။ဆရာတွေက အရည်အချင်းမရှိဘဲ သင်ပြနေသူတွေ။ခေတ်နောက်ကျန်ခဲ့ပြီး ခေတ်သစ်ပညာရေးနဲ့အလှမ်းဝေးနေသူတွေ။ရာထူးတိုးဖို့ လစာတိုးဖို့ပဲ အာရုံစိုက်ပြီး ကိုယ်ကိုယ်တိုင် မသိတဲ့ စာတွေကို ကလေးတွေရှေ့ ဖြီးဖြန်းတယ်။သင်္ချာဆရာက သင်္ချာရဲ့ အကျိုးကျေးဇူးကို မသိ။သမိုင်းဆရာက သူပြောမှ သမိုင်းတွေ အသစ်ပေါ်လာ။ဓာတုဗေဒဆရာက လက်တွေ့ခန်းမမြင်ဖူး။အင်္ဂလိပ်ဆရာက ကိုယ်ကိုယ်တိုင် အင်္ဂလိပ်လိုမပြောတတ်။ရာထူးနောက်ကို လိုက်ပြီး အရည်အချင်းမပြည့်ဝတဲ့ ဒီလို ဆရာတွေ။“ကျောင်းသားတွေကို စာမေးပွဲနဲ့ အမှတ်ပေး အရည်အချင်းစစ်၊အတန်းတင်ပေးကြပေမဲ့ ဘယ်ဆရာ/မကိုမှ အရည်အချင်းစစ်တာမျိုးမှ မရှိဘဲ” ကာယဆရာကတော့ ဗိုက်ရွှဲရွှဲနဲ့။ သူ့ပုံစံက အချိန်ပြည့် နားနေခန်းမှာ စားသောက်ဇိမ်ယစ်လွန်းလို့ ဝပြဲနေတဲ့ပုံနဲ့။ကျောင်းပတ်ဝန်းကျင် အိမ်တွေက ကျောင်းခြံထဲကို အမှိုက်ပစ်ချတယ်။ကျောင်းအနီးမှာ ဆေးလိပ်ကွမ်းယာ ရောင်းနေကြတာလည်း ရှိတယ်။ခြံစည်းရိုးအအပြင်ဘက် ခိုးထွက်နေတဲ့ ကလေးတွေကို တားဆီးမယ့်သူ မရှိ။ဒီလို ကျောင်းဆိုးမျိုး…. အဲ့လိုစနစ်ပျက်နေတဲ့ ခပ်ဆိုးဆိုး ကျောင်းကို… ခုတော့ ‘သူမ’ ရောက်လာခဲ့ပါပြီ။ကျောင်းကို သူမ ဘယ်လို စီမံမလဲ။ဒီကျောင်းရဲ့ပညာရေးကို ဘယ်လို ကောင်းမွန်အောင် လုပ်မလဲ။ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ရမလဲ သူက ဘာလို့ ဒီကျောင်းကိုမှ ရွေးချယ်ခဲ့လဲ ဆိုတာကို စိတ်ဝင်တစား ကြည့်စေမိမှာပါ။———————————————–ဒီဇာတ်ကားဟာ ပညာရေးလောကသားတွေ၊ ဆရာ/မတွေတင် မဟုတ်ဘဲ အားလုံး ကြည့်သင့်တယ်လို့ထင်ပါတယ်။ပညာရေးနယ်ပယ်ထဲ အဆိုးဆုံးတွေကို တွန်းလှန်တဲ့ မိန်းမတစ်ယောက်ရဲ့ ပညာရေးဦးစားပေး ဇာတ်ကားတစ်ကားပါ။ကိုယ်ဖြတ်သန်းလာခဲ့ရတဲ့ ပညာရေးစနစ်ကို လည်ပြန်ကြည့်မိရင်ပဲဖြစ်ဖြစ်၊ ရသတစ်ခုခု ရစေရင်ပဲဖြစ်ဖြစ် ကျွန်တော်တို့ တင်ပေးရကျိုးနပ်ပါပြီ။ကျွန်တော် ဒီဇာတ်ကားကို ကြည့်ပြီးချိန်မှာ ကိုယ်ဟာ ကျောင်းဆရာတစ်ယောက်ဖြစ်ပေမဲ့ ကျောင်းဆရာ အရည်အချင်း ရှိရဲ့လားဆိုပြီး မေးမိပါတယ်။ ေတာ်တော်လေးတောင် ရှက်မိပါတယ်။(မှတ်ချက်- အထက်ပါ ရေးသားချက်များသည် ဇာတ်လမ်းတွင်းမှ အဖြစ်အပျက်များ ဖြစ်ပြီး မည်သည့်ဌာန၊မည်သည့်အဖွဲ့အစည်းကိုမှ မထိခိုက်စေလိုပါ)
(ရုပ်ရှင်အညွှန်းနဲ့ မြန်မာမှု ပြုထားကြသူတွေကတော့ ညီညီကိုးနဲ့ မြင့်သူတို့ ညီအစ်ကိုဖြစ်ပါတယ်။)...
Raatchasi (2019)
⭐IMDB: 7.4/10 (2 k Votes)
🎬 #Bollywood #Drama #Thriller
🗓 2019 🎞 movie
🌎 #India
⏰ 2 နာရီ 14 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဂီသာရာနီဆိုတဲ့ ဆရာမဟာ ဘယ်လိုတော်ကြောင်း ဘယ်လိုထက်ကြောင်း ဘယ်လိုရဲရင့်ကြောင်းဆိုတာကြားဖူးကြမှာပါ..ဟုတ်ပါတယ် ဒီရုပ်ရှင်က သူမရဲ့ဇာတ်ကားပါပဲ။
ပညာရေးမှာ ပြစ်ချက်တစ်ခုရှိလာရင် အကြောင်းပြချက်က မလုံလောက်တဲ့ ဆရာ/မ အင်အားနဲ့ စနစ်ဆိုး..ဒါတွေဟာ လက်ညှိုးထိုးပြစရာ။ ဘယ်အစိုးရမှ လောက်ငှတဲ့ ငွေပမာဏမပေးမထားတော့ ဝန်ထမ်းတွေလည်း အပြင်စီးပွားရှာတယ်။အထက်လူကြီးတွေက အာဏာရပါတီကဆိုပြီး မြို့တိုင်းမှာ ပါတီအလံလွှင့်ထူဖို့လောက် ကျောင်းတွေမှာ လစ်လပ်နေတာကို သူတို့ စိတ်မဝင်စားဘူး။မဲဆွယ်တုန်းခဏပဲ ပြည်သူကို ကြည့်ကြတာပါ။အဲ့ဒီလို မြို့မျိုးမှာဆို လူသတ်မှုလည်း ထွန်းကားတယ်ဗျ။ဒီကျောင်းက ထူးဆန်းတယ်။ကျောင်းမှာ ရာထူးအကြီးဆုံးက ဘဲကြီးက နှာဘူးထတယ်။ဆရာမတွေကို ရိုသေလေးစားမှုမရှိ။ကျောင်း အထွေထွေလုပ်သားတွေက အစ လက်မှတ်ထိုးပြီး အိမ်ပြန်စီးပွားလုပ်တယ်။ဆရာမတွေဟာ ကျောင်းသားတွေရဲ့ အနာဂတ်ထက် ပါးပေါ်က မိတ်ကပ်မပျက်ဖို့ ပိုဂရုစိုက်တယ်။ကလေးတွေရဲ့ စာဖတ်သံထက် နားထောင်နေတဲ့ နားကြပ်က သီချင်းသံကို ပိုကြားရဖို့ အာရုံစိုက်တယ်။ဆရာတွေက အရည်အချင်းမရှိဘဲ သင်ပြနေသူတွေ။ခေတ်နောက်ကျန်ခဲ့ပြီး ခေတ်သစ်ပညာရေးနဲ့အလှမ်းဝေးနေသူတွေ။ရာထူးတိုးဖို့ လစာတိုးဖို့ပဲ အာရုံစိုက်ပြီး ကိုယ်ကိုယ်တိုင် မသိတဲ့ စာတွေကို ကလေးတွေရှေ့ ဖြီးဖြန်းတယ်။သင်္ချာဆရာက သင်္ချာရဲ့ အကျိုးကျေးဇူးကို မသိ။သမိုင်းဆရာက သူပြောမှ သမိုင်းတွေ အသစ်ပေါ်လာ။ဓာတုဗေဒဆရာက လက်တွေ့ခန်းမမြင်ဖူး။အင်္ဂလိပ်ဆရာက ကိုယ်ကိုယ်တိုင် အင်္ဂလိပ်လိုမပြောတတ်။ရာထူးနောက်ကို လိုက်ပြီး အရည်အချင်းမပြည့်ဝတဲ့ ဒီလို ဆရာတွေ။“ကျောင်းသားတွေကို စာမေးပွဲနဲ့ အမှတ်ပေး အရည်အချင်းစစ်၊အတန်းတင်ပေးကြပေမဲ့ ဘယ်ဆရာ/မကိုမှ အရည်အချင်းစစ်တာမျိုးမှ မရှိဘဲ” ကာယဆရာကတော့ ဗိုက်ရွှဲရွှဲနဲ့။ သူ့ပုံစံက အချိန်ပြည့် နားနေခန်းမှာ စားသောက်ဇိမ်ယစ်လွန်းလို့ ဝပြဲနေတဲ့ပုံနဲ့။ကျောင်းပတ်ဝန်းကျင် အိမ်တွေက ကျောင်းခြံထဲကို အမှိုက်ပစ်ချတယ်။ကျောင်းအနီးမှာ ဆေးလိပ်ကွမ်းယာ ရောင်းနေကြတာလည်း ရှိတယ်။ခြံစည်းရိုးအအပြင်ဘက် ခိုးထွက်နေတဲ့ ကလေးတွေကို တားဆီးမယ့်သူ မရှိ။ဒီလို ကျောင်းဆိုးမျိုး…. အဲ့လိုစနစ်ပျက်နေတဲ့ ခပ်ဆိုးဆိုး ကျောင်းကို… ခုတော့ ‘သူမ’ ရောက်လာခဲ့ပါပြီ။ကျောင်းကို သူမ ဘယ်လို စီမံမလဲ။ဒီကျောင်းရဲ့ပညာရေးကို ဘယ်လို ကောင်းမွန်အောင် လုပ်မလဲ။ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ရမလဲ သူက ဘာလို့ ဒီကျောင်းကိုမှ ရွေးချယ်ခဲ့လဲ ဆိုတာကို စိတ်ဝင်တစား ကြည့်စေမိမှာပါ။———————————————–ဒီဇာတ်ကားဟာ ပညာရေးလောကသားတွေ၊ ဆရာ/မတွေတင် မဟုတ်ဘဲ အားလုံး ကြည့်သင့်တယ်လို့ထင်ပါတယ်။ပညာရေးနယ်ပယ်ထဲ အဆိုးဆုံးတွေကို တွန်းလှန်တဲ့ မိန်းမတစ်ယောက်ရဲ့ ပညာရေးဦးစားပေး ဇာတ်ကားတစ်ကားပါ။ကိုယ်ဖြတ်သန်းလာခဲ့ရတဲ့ ပညာရေးစနစ်ကို လည်ပြန်ကြည့်မိရင်ပဲဖြစ်ဖြစ်၊ ရသတစ်ခုခု ရစေရင်ပဲဖြစ်ဖြစ် ကျွန်တော်တို့ တင်ပေးရကျိုးနပ်ပါပြီ။ကျွန်တော် ဒီဇာတ်ကားကို ကြည့်ပြီးချိန်မှာ ကိုယ်ဟာ ကျောင်းဆရာတစ်ယောက်ဖြစ်ပေမဲ့ ကျောင်းဆရာ အရည်အချင်း ရှိရဲ့လားဆိုပြီး မေးမိပါတယ်။ ေတာ်တော်လေးတောင် ရှက်မိပါတယ်။(မှတ်ချက်- အထက်ပါ ရေးသားချက်များသည် ဇာတ်လမ်းတွင်းမှ အဖြစ်အပျက်များ ဖြစ်ပြီး မည်သည့်ဌာန၊မည်သည့်အဖွဲ့အစည်းကိုမှ မထိခိုက်စေလိုပါ)
(ရုပ်ရှင်အညွှန်းနဲ့ မြန်မာမှု ပြုထားကြသူတွေကတော့ ညီညီကိုးနဲ့ မြင့်သူတို့ ညီအစ်ကိုဖြစ်ပါတယ်။)...
Akuma Kun (2023- )
⭐IMDB: 6.6/10 (124 Votes)
🎬 #Animation #SciFi #Fantasy #Mystery #Crime #Adventure #Horror #Thriller
🗓 2023- 🎞 tv series
🌎 #Japan
⏰ 25 မိနစ် 35 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Akuma Kun (2023)Akuma kun 2023ဒီဇာတ်ကားထဲမှာ photosensitive scenes များစွာပါဝင်ပါတယ်
Your browser does not support the video tag.CM anime ပရိသတ်ထဲမှာ supernatural နဲ့ sherlock ဖန်တွေရှိကြလားမသိဘူး
အခုတင်ဆက်ပေးမဲ့ စီးရီးကတော့ အဲ့နှစ်ခုကိုရောထားတဲ့ ဖီလင်မျိုးကို ရရှိမှာဖြစ်ပါတယ်အဓိကဇာတ်ကောင် အာကူးမားကွန်က နတ်ဆိုးကနေ ပြုစုပျိုးထောင်ပေးခဲ့တဲ့လူသားတစ်ယောက်
နှစ်တစ်ထောင်မှာ တစ်ယောက်ပဲပေါ်တဲ့ ဂျီးနီးယပ်စ်
သူနဲ့အတူ လုပ်ဖော်ကိုင်ဖက်လဲဟုတ် မိတိဆွေဆိုလဲဟုတ်တာက
မယ်ဖီသတို သုံး(၃) လို့ခေါ်တဲ့ လူတစ်ပိုင်းနတ်ဆိုးတစ်ပိုင်းကောင်လေးသူတို့နှစ်ယောက်တူတူနေပြီး ဘာလုပ်တာလဲဆိုတော့ သဘာဝလွန်ဖြစ်ရပ်တွေကို ဖြေရှင်းစုံစမ်းပေးတာ
ဘယ်လိုလဲပရိသတ်ကြီး အထာက ဆမ်နဲ့ဒင်းလိုလို ရှားလော့ခ်နဲ့ဒေါက်တာဝပ်ဆင်လိုလိုနဲ့
221B ဘေကာလမ်းကိုတောင် သတိရမိသွားတယ်မလားအဓိကဗီလိန်ကြီးမလာခင် အပိုင်းတိုင်းမှာ ဖြေရှင်းစရာလျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ဖြစ်ပြီး
စိတ်ဝင်စားစရာနဲ့ တစ်ဆင့်ချင်းဆွဲခေါ်သွားတာမို့ ဇာတ်လမ်းကတော့ သောက်ရမ်းလန်းကြောင်း ပြောပါရစေဒီစီးရီးကို Netflix ကနေ တာဝန်ယူဖန်တီးထားပေးတာဖြစ်ပြီး အန်နီမေးရှင်းစတိုင်က လုံးဝကို old school vibe နဲ့
ဟာသလိုလိုကလေးကြည့်လိုလို ဆွဲထားပေမဲ့ နတ်ဆိုးတွေပေါ်လာတဲ့အခန်းတွေကတော့ သွေးထွက်သံယိုဖြစ်တဲ့အပြင်
မိဘက သားသမီးကို သတ်တဲ့အကွက်လို စောင်ဆန်းကြီးဇာတ်ဝင်ခန်းတွေလဲ ပါတာမို့ R Rated မိသားစုနဲ့
မကြည့်ရှုရန်ဖြစ်ကြောင်းပါခင်ဗျာကလေးများကိုလဲ အသက်မပြည့်ရင် အရုပ်လေးတွေချစ်စရာဆိုပြီးသွားမပြပါနဲ့ခင်ဗျာ( CMရဲ့ animeရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့
ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
Mom's Christmas Boyfriend (2023)
⭐TMDB: 0.0% User Score
🎬 #Romance #TVMovie #Comedy
🗓 2023 🎞 tv movie
🌎 #Canada
⏰ 1 နာရီ 28 မိနစ် 2 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Mom’s Christmas Boyfriend (2023)
မကြာခင် ခရစ္စမတ်ရောက်တော့မှာဆိုတော့ ရိုဆန်ဆန် ခရစ္စမတ်ဇာတ်လမ်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သွေးအရင်းအချာမဟုတ်ပေမဲ့ သားအမိနှစ်ယောက်ကြားက ခိုင်မာတဲ့ သံယောစဉ်နဲ့ Bond ကို အချစ်ရေးပါ ထည့်ပြီး လှလှပပ ပုံဖော်ထားတာ ခံစားရမှာပါ။
အမ်မာက လီလီဆိုတဲ့ကလေးမလေးကို တရုတ်ကနေ ခေါ်လာပြီး မွေးစားထားတဲ့ စင်ဂယ်မားသား… သွေးမတော်သားမစပ်ပေမဲ့ သမီးအရင်းလို ချစ်ပေးပြီး နှစ်စဉ် ခရစ္စမတ် ရောက်တိုင်း သူတို့နှစ်ယောက်လုံး သဘောကျတဲ့ ခရစ္စမတ်ရိုးရာတွေ လုပ်ကြတယ်။ အမ်မာ့အတွက်တော့ လီလီဟာ အရာရာဖြစ်ပြီး လီလီကလည်း ၁၀နှစ်ပဲရှိသေးပေမဲ့ သိတတ်နားလည်တဲ့ကလေးတစ်ယောက်ပါ။
ဒီနှစ်ခရစ္စမတ်မှာတော့ အမ်မာတို့ လုပ်အားပေးတဲ့ပရဟိတအဖွဲ့အတွက် လက်ဆောင်တွေကို ဝေါ့သ်ကုန်တိုက်စတိုးမှာ ၀ယ်ရင်း ဆန်းကြယ်တာ အစပြုလာတာပါ။ လီလီက ဝေါ့သ်မှာလုပ်တဲ့ ခရစ္စမတ်ဆုတောင်းပြိုင်ပွဲကို ၀င်ပြိုင်ခဲ့ပါတယ်။ လီလီရဲ့ဆုတောင်းက ထူးခြားတဲ့အတွက် ဆုရသွားပြီး သူ့ဆုတောင်းကို ဖြည့်ဆည်းပေးရတဲ့အခါ…
လီလီရဲ့ဆုတောင်းက ခရစ္စမတ်မှာ သူ့အမေ ချစ်သူရှာတွေ့ဖို့ ဖြစ်နေတဲ့အခါ…
ဝေါ့သ်ကုန်တိုက်စတိုးက ကိုယ်စားလှယ် ဇက်တစ်ယောက် ဆုတောင်းပြည့်အောင် ဘယ်လိုကြံဆောင်ပေးမလဲ… အမ်မာရဲ့ Right Person ကရော တကယ်ပဲ သင့်တော်တဲ့လက်တွဲဖော်ဖြစ်မလား… ဘယ်လို ဆန်းကြယ်မှုတွေ ထပ်ကြုံရဦးမလဲဆိုတာ… အားပေးလိုက်ကြရအောင်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုShune Lai KKမှ ပြန်ဆို ရေးသားထားပါတယ်)...
"Cause The Store Manager Isn't Allowed To Go Home Today..." Reverse NTR Cheating Scenario After Hours At Work. A Secret Between Just Us Two That My Wife Can't Know About. I Give Her Endless Creampie Loads While Holding Her Hips And Fucking Her So Deep. (2021)
⭐TMDB: 0.0% User Score
🎬 #Adult #Asian #Drama
🗓 2021 🎞 movie
🌎 #Japan
⏰ 2 နာရီ 5 မိနစ် 15 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Mina Kitano ရဲ့ အကောင်းဆုံးဇာတ်လမ်းလို့ဆိုရမယ့် MIAA-519 ရဲ့ Decensored Version ထွက်လာလို့ Update လိုက်ပါတယ်။
JAV မင်းသမီးတွေထဲ Mina Kitano ကို သတိထားမိနေတာကြာပါပြီ…
ဖွံ့ထွားတဲ့အစိတ်အပိုင်းတွေအပြင် ဇာတ်လမ်းတိုင်းမှာ Horny ဖြစ်လွန်းပြီး
တက်ကြွလွန်းတဲ့ သူ့ပုံစံက သူများတွေနဲ့ မတူကွဲထွက်နေတာမျိုးပါ…
သူ့အထာကိုမြည်းစမ်းလို့ရအောင် တစ်ကားလောက်တင်ဆက်လိုက်ပါတယ်…
MIAA-519-Decensored ဒီဇာတ်လမ်းမှာတော့…
ဘားဆိုင်လေးမှာရုန်းကန်နေရတဲ့ ဆိုင်ရှင်သူဌေးခင်ဗျာ ကိုဗစ်ရဲ့ထုထောင်းမှုတွေကြောင့် ဆိုင်ကို လည်ပတ်အောင်မနည်းကြိုးစားနေရပါတယ်..ဒါပေမဲ့ သူ့ရဲ့ဆိုင်ဝန်ထမ်းလေးကတော့ အမောပြေနှလုံးအေးလောက်စရာ အလှနဲ့ ကီတာနိုမီရာ လေးပါ..မီရာလေးက သူ့ရဲ့ဘောစ်တစ်ယောက် ဆိုင်ရဲ့ဖိအား အိမ်ကမိန်းမရဲ့ဖိအားတွေကြား ဗျာများနေတာ မကြည့်ရက်တော့ စိတ်အပန်းပြေလေး ဘယ်လိုတွေပြုစုပေးမလဲဆိုတာ…။စီးပွားပျက်ပေမဲ့ အချစ်မငတ်တဲ့ သူဌေးမင်းကို အားပေးကြည့်ရှုလို့ရပါပြီ။
(Dark Side Production မှ တင်ဆက်သည်။)...
