ဇာတ်ညွှန်းများ • FDMN
Закрытый канал
Нет данных
Подписчики
-524 часа
-47 дней
+730 дней
Архив постов
Tae Guk Gi: The Brotherhood of War (2004)
⭐TMDB: 80.0% User Score
🎬 #Action #Asian #Drama #War #Adventure #History
🗓 2004 🎞 movie
🌎 #SouthKorea #SouthKorea #UnitedStatesofAmerica
⏰ 2 နာရီ 28 မိနစ်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဇာတ်လမ်းအကျဉ်း အေးချမ်းပြီးပျော်ဖို့ကောင်းတဲ့မိသားစုတခုမှာ
ဂျင်တေး ဂျင်ဆောက်ညီအကို၂ယောက်….
ညီအကို၂ယောက်ကတော့ ဒါရိုက်တာရင်နဲ့ထယ်ဆောက်လို့လူသိများတဲ့
နာမည်ကြီးမင်းသား နှစ်ယောက်ပဲဖြစ်ပါတယ်…
သူတို့နှစ်ယောက်ရဲ့ သရုပ်ဆောင်ချက်တွေကြောင့်လည်း
ဇာတ်ကားဟာ ပိုပြီးတော့ ရသမြောက်ခဲ့တယ်လို့ပဲဆိုရမှာပေ့ါ…..
အဖေမရှိတော့ပေမယ့် သူတို့ကိုချစ်တဲ့စကားမပြောနိုင်တဲ့
အမေရယ် အကိုဂျင်တေးရဲ့စေ့စပ်ထားတဲ့မိန်းမရယ်သူ့မောင်လေး
တွေနဲ့သူတို့မိသားစုကအတော်ကိုအေးချမ်းခဲ့တယ်
ဖိနပ်ချုပ်ဖိနပ်တိုက်တဲ့အကိုဖြစ်သူကစာတော်ပြီးလိမ္မာရေးခြားရှိတဲ့သူ့ညီကိုအတော်ကိုချစ်ခဲ့တယ်… ၁၉၅၀ခုနှစ် ကိုရီးယားစစ်ပွဲကသူတို့မိသားစုကိုမမျှော်လင့်ထားတဲ့ ကံကြမ္မာဆိုးတွေသယ်လာပေးခဲ့တယ်အသက်၁၈နှစ်ကနေ၃၀ကြား ယောက်ျားအားလုံးစစ်မှုထမ်းရမယ်ဆိုတဲ့အမိန့်အောက်မှာညီဖြစ်သူဂျင်တေးအစားလိုက်သွားဖို့တောင်းဆိုရင်းကနေညီအကို၂ယောက်စလုံး စစ်ပွဲထဲပါခဲ့တယ်
စစ်ဖြစ်နေတဲ့ကာလမှာညီဖြစ်သူကိုအိမ်ပြန်နိုင်အောင်ဘယ်လိုကြိုးစားခဲ့လဲ…သူချစ်တဲ့သူ့ဇနီးလောင်း..သူ့မိခင်ကြီးတို့ဘယ်လိုရုန်းကန်ခဲ့ရသလဲ…ဖိနပ်ချုပ်နေရင်းနဲ့သူ့ညီစာသင်ပေးခဲ့တဲ့ ကောင်လေးတယောက်က မြောက်ကိုရီးယားတပ်ထဲအတင်းသွင်းခံရတဲ့အခါမှာ သူတို့ဘယ်လိုတွေရင်ဆိုင်ခဲ့ကြလဲ…စစ်ပွဲသရုပ်ပေါ်လွင်အောင်ရိုက်ထားတဲ့စစ်ကားဖြစ်သလိုအချစ်အမုန်းရသစုံအောင်ဇာတ်အိမ်ဖွဲ့ထားတဲ့ဒီစစ်ကားလေးဟာလည်းအပစ်အခတ်အကြမ်းအတမ်းတွေကြားမှာ ဂရုဏာသက်စရာ သနားစရာ ဇာတ်ဝင်ခန်းတွေကိုရိုက်ပြသွားတဲ့ ရိုက်ကွက်တွေဟာဆိုရင် တကယ်ကိုပြောင်မြောက်လွန်းပါတယ်IMDb rating 8.0 ထိရထားပြီး အတော်လေးကိုကောင်းတဲ့စစ်ကားဖြစ်ကြောင်းညွှန်းပါရစေမဖြစ်မနေကြည့်သင့်တဲ့စစ်ကားတကားဖြစ်တယ်လို့ပဲညွှန်းပါရစေ...
Japino (2023)
⭐IMDB: 4.6/10 (21 Votes)
🎬 #Adult #Drama
🗓 2023 🎞 movie
🌎 #Philippines
⏰ 1 နာရီ 10 မိနစ် 35 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Japino (2023)
အာယူးနဲ့ အကီတို့ဟာ ဘားကချေသည်နဲ့ အနှိပ်သည်မလေးတွေဖြစ်ပြီး ဆင်းရဲမွဲတေမှုဒဏ်ကနေ လွတ်မြောက်ဖို့၊ မျှော်လင့်ရာမှာ အခြေကျဖို့ အိပ်မက်တွေနဲ့ကြိုးစားနေကြသူတွေဖြစ်ပါတယ်။ အာယူးမှာ ယူကိုဆိုတဲ့ သူငယ်ချင်းမက ချစ်သူမကျကောင်လေးရှိပြီး အကီမှာလည်းချုပ်ချယ်သဝန်တိုတတ်တဲ့ ဒေါသကြီးတဲ့ တာကာဆိုတဲ့ ချစ်သူရှိပါတယ်။
အကီ့ဘဝကို လုံခြုံအောင်မစောင့်ရှောက်နိုင်ပေမဲ့ သူ့ရဲ့အနှိပ်သည်အလုပ်သဘောသဘာဝအရ ဖောက်သည်တွေနဲ့ဆက်ဆံရေးကိုတော့ တားမြစ်ပြဿနာရှာလေ့ရှိတဲ့အပြင် မတော်တဆကိုယ်ဝန်ရှိလာတဲ့အခါ အကီကို အိပ်မက်တွေ အနာဂတ်တွေခဏထားခိုင်းပြီး ကလေးကိုရအောင်မွေးဖို့ အကျပ်ကိုင်ပါတော့တယ်။ အဲဒီအဖြစ်အပျက်တွေကနေစတင်ပြီး မသက်ဆိုင်ဘူးလို့ထင်ထားရတဲ့ အာယူးနဲ့ အကီတို့ရဲ့ဘဝတွေဟာ လမ်းချင်းယှက်ဆုံဖို့ဖြစ်လာခဲ့ပါတယ်။
တလောက ထွက်ထားတဲ့ Hosto ဇာတ်ကားနဲ့တစ်ဆက်တည်းရိုက်ကူးခဲ့တာဖြစ်ပြီး အဲဒီဇာတ်ဆောင်တွေပဲပြန်လည်ပါဝင်ထားပါတယ်။ ဒါပေမဲ့ ပေါ့ပေါ့ပါးပါးကြည့်လို့ကောင်းတဲ့ ဇာတ်ကားတစ်ကားပါပဲ။
(ဒီဇာတ်ကားနဲ့အညွှန်းကိုAliasမှ ပြန်ဆို ရေးသားထားပါတယ်)...
Fingernails (2023)
⭐IMDB: 5.9/10 (4 k Votes)
🎬 #Drama #Romance #SciFi #ScienceFiction #Comedy
🗓 2023 🎞 movie
🌎 #UnitedKingdom #UnitedStates #Australia #UnitedStatesofAmerica
⏰ 1 နာရီ 52 မိနစ် 57 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Fingernails (2023)
Fingernails ရဲ့ ဒါရိုက်တာ Christos Nikou က Dogtooth (2009) လို နာမည်ကျော်ကားမျိုးတွေမှာ Assistant Director လုပ်ရင်းကနေ ဒါရိုက်တာအဖြစ် Apples (2020) နဲ့ ပွဲဦးထွက်ခဲ့တယ်။ သူက ဂရိလူမျိုးဆိုတော့ အဲဒီရုပ်ရှင်ကလည်း ဂရိရဲ့ အော်စကာရွေးချယ်ခံကားအဖြစ် ရွေးချယ်ခံခဲ့ရတယ်။ Apples ဟာ အလိုက်အထိုက်တော့ အောင်မြင်ခဲ့တယ်။ ဒီနှစ်မှာတော့ သူ့ရဲ့ ဒုတိယကားဖြစ်တဲ့ Fingernails ကို ကိတ်ဘလန်းချက်လို နာမည်ကျော်မင်းသမီးက ပရိုဂျူဆာလုပ် ထုတ်လုပ်ပေးခဲ့ပြီး ၂၀၁၉တုန်းက Sound of Metal နဲ့ မင်းသားဆုအော်စကာဆန်ခါတင်ဝင်ခဲ့တဲ့ Riz Ahmed နဲ့ ၂၀၂၂ တုန်းက The Lost Daughter နဲ့ အမျိုးသမီးဇာတ်ပို့ဆု ဆန်ခါတင်ဝင်ခဲ့တဲ့ Jessie Buckley တို့ကို သုံးနိုင်ခဲ့တယ်။ နောက်နာမည်ကြီးထဲကပဲ အိုဝင်ဝီလ်ဆန်ရဲ့ညီ လုခ်ဝီလ်ဆန်နဲ့ ဂျယ်ရမီအယ်လန်ဝှိုက်တို့ကို သုံးထားသေးတယ်။
ဇာတ်လမ်းအမျိုးအစားကတော့ Sci-Fi / Romance ဆိုတဲ့အတိုင်း ဒရာမာဇာတ်လိုဇာတ်ကိုမှ Sci-Fi အမြင်သစ်တွေနဲ့ ခပ်ဆန်းဆန်းတင်ပြထားတယ်။ ပြောရရင် သိပ်မကြာသေးခင်က ထွက်ခဲ့တဲ့Foeနဲ့တောင်ဆင်တယ်။ A24 က ထုတ်တာမဟုတ်ပေမဲ့ A24 ကားတွေလို့ ကျွန်တော်တို့လက်ခံထားတဲ့ ပုံစံမျိုးတွေနဲ့လည်းဆင်တယ်။ သူ့နာမည်အတိုင်းပဲ ဒီရုပ်ရှင်ထဲကလူတွေဟာ ချစ်သူစုံတွဲတွေကြားက အချစ်ကို စစ်မစစ် အကဲဖြတ်ဖို့အတွက် ချစ်သူနှစ်ဦးရဲ့ လက်သည်းခွံကို ခွာထုတ်ပြီး စက်ထဲထည့် စက်ကချပေးတဲ့ရာခိုင်နှုန်းကိုကြည့်ပြီး အတည်ပြုကြတယ်။ ပေါ့စတစ်ထွက်ရင် အပြန်အလှန်ချစ်နေကြတဲ့ အချစ်စစ်ဖြစ်ပြီး နဂ္ဂတစ်ထွက်ခဲ့ရင်တော့ မစစ်ဘူးပေါ့။ ဒီလိုနဲ့ ချစ်သူတွေစုံတွဲတွေဟာ သူတို့ကြားက အချစ်ကို စစ်မစစ်ကြည့်ဖို့ အဲဒီလိုအကဲဖြတ်ခဲ့ကြတယ်။ သိပ်အဆင်ပြေနေတဲ့ အိမ်ထောင်ရေးဖြစ်နေရင်တောင်မှ စက် မစစ်ဘူးလို့ ထွက်လာရင် အကြောင်းအမျိုးမျိုးနဲ့ကွဲပြဲကြတယ်။
ဒီလိုစက်က ပေါ့စတစ်ထွက်နိုင်ခြေဆိုတာလည်း တစ်ရာမှာ တစ်ဆယ်ကျော်ပဲရှိတဲ့အထိ အတော်နည်းပေမဲ့ စစ်ချင်တဲ့လူတွေကလည်း သိပ်များခဲ့တယ်။ ဒီလိုနဲ့ အချစ်ရဲ့ ဆုတ်ကပ်ခေတ်ကြီးဖြစ်လာခဲ့တယ်။ ဒါပေမဲ့ ဒါကိုကျော်လွှားဖို့ ချစ်သူတွေကြား ပိုရင်းနှီးကျွမ်းဝင်လာစေဖို့ လေ့ကျင့်ခန်းသဘောဆန်ဆန်တွေ လုပ်ပေးတဲ့ အချစ်စာမေးပွဲဖြေဖို့ ကျူရှင်တက်ရသလို အချစ်ကျူရှင်သဘောမျိုးတွေလည်း ပေါ်လာခဲ့တယ်။ ဒါပေမဲ့ ဒါတွေဟာ တကယ်ရော အဓိပ္ပာယ်ရှိရဲ့လား…။ အချစ်တွေကို ဒီလိုကန့်သတ်လို့ရနိုင်ရဲ့လား…။ ဒီရုပ်ရှင်မှာ ခင်ဗျားတို့ ကိုယ်တိုင်ပဲ ဓာတ်ခွဲကြည့်လိုက်ကြပေါ့။
(ဒီဇာတ်ကားနဲ့အညွှန်းကိုWiRa Aungမှ ပြန်ဆို ရေးသားထားပါတယ်)...
Raatchasi (2019)
⭐IMDB: 7.4/10 (2 k Votes)
🎬 #Bollywood #Drama #Thriller
🗓 2019 🎞 movie
🌎 #India
⏰ 2 နာရီ 12 မိနစ် 49 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဂီသာရာနီဆိုတဲ့ ဆရာမဟာ ဘယ်လိုတော်ကြောင်း ဘယ်လိုထက်ကြောင်း ဘယ်လိုရဲရင့်ကြောင်းဆိုတာကြားဖူးကြမှာပါ..ဟုတ်ပါတယ် ဒီရုပ်ရှင်က သူမရဲ့ဇာတ်ကားပါပဲ။
ပညာရေးမှာ ပြစ်ချက်တစ်ခုရှိလာရင် အကြောင်းပြချက်က မလုံလောက်တဲ့ ဆရာ/မ အင်အားနဲ့ စနစ်ဆိုး..ဒါတွေဟာ လက်ညှိုးထိုးပြစရာ။ ဘယ်အစိုးရမှ လောက်ငှတဲ့ ငွေပမာဏမပေးမထားတော့ ဝန်ထမ်းတွေလည်း အပြင်စီးပွားရှာတယ်။အထက်လူကြီးတွေက အာဏာရပါတီကဆိုပြီး မြို့တိုင်းမှာ ပါတီအလံလွှင့်ထူဖို့လောက် ကျောင်းတွေမှာ လစ်လပ်နေတာကို သူတို့ စိတ်မဝင်စားဘူး။မဲဆွယ်တုန်းခဏပဲ ပြည်သူကို ကြည့်ကြတာပါ။အဲ့ဒီလို မြို့မျိုးမှာဆို လူသတ်မှုလည်း ထွန်းကားတယ်ဗျ။ဒီကျောင်းက ထူးဆန်းတယ်။ကျောင်းမှာ ရာထူးအကြီးဆုံးက ဘဲကြီးက နှာဘူးထတယ်။ဆရာမတွေကို ရိုသေလေးစားမှုမရှိ။ကျောင်း အထွေထွေလုပ်သားတွေက အစ လက်မှတ်ထိုးပြီး အိမ်ပြန်စီးပွားလုပ်တယ်။ဆရာမတွေဟာ ကျောင်းသားတွေရဲ့ အနာဂတ်ထက် ပါးပေါ်က မိတ်ကပ်မပျက်ဖို့ ပိုဂရုစိုက်တယ်။ကလေးတွေရဲ့ စာဖတ်သံထက် နားထောင်နေတဲ့ နားကြပ်က သီချင်းသံကို ပိုကြားရဖို့ အာရုံစိုက်တယ်။ဆရာတွေက အရည်အချင်းမရှိဘဲ သင်ပြနေသူတွေ။ခေတ်နောက်ကျန်ခဲ့ပြီး ခေတ်သစ်ပညာရေးနဲ့အလှမ်းဝေးနေသူတွေ။ရာထူးတိုးဖို့ လစာတိုးဖို့ပဲ အာရုံစိုက်ပြီး ကိုယ်ကိုယ်တိုင် မသိတဲ့ စာတွေကို ကလေးတွေရှေ့ ဖြီးဖြန်းတယ်။သင်္ချာဆရာက သင်္ချာရဲ့ အကျိုးကျေးဇူးကို မသိ။သမိုင်းဆရာက သူပြောမှ သမိုင်းတွေ အသစ်ပေါ်လာ။ဓာတုဗေဒဆရာက လက်တွေ့ခန်းမမြင်ဖူး။အင်္ဂလိပ်ဆရာက ကိုယ်ကိုယ်တိုင် အင်္ဂလိပ်လိုမပြောတတ်။ရာထူးနောက်ကို လိုက်ပြီး အရည်အချင်းမပြည့်ဝတဲ့ ဒီလို ဆရာတွေ။“ကျောင်းသားတွေကို စာမေးပွဲနဲ့ အမှတ်ပေး အရည်အချင်းစစ်၊အတန်းတင်ပေးကြပေမဲ့ ဘယ်ဆရာ/မကိုမှ အရည်အချင်းစစ်တာမျိုးမှ မရှိဘဲ” ကာယဆရာကတော့ ဗိုက်ရွှဲရွှဲနဲ့။ သူ့ပုံစံက အချိန်ပြည့် နားနေခန်းမှာ စားသောက်ဇိမ်ယစ်လွန်းလို့ ဝပြဲနေတဲ့ပုံနဲ့။ကျောင်းပတ်ဝန်းကျင် အိမ်တွေက ကျောင်းခြံထဲကို အမှိုက်ပစ်ချတယ်။ကျောင်းအနီးမှာ ဆေးလိပ်ကွမ်းယာ ရောင်းနေကြတာလည်း ရှိတယ်။ခြံစည်းရိုးအအပြင်ဘက် ခိုးထွက်နေတဲ့ ကလေးတွေကို တားဆီးမယ့်သူ မရှိ။ဒီလို ကျောင်းဆိုးမျိုး…. အဲ့လိုစနစ်ပျက်နေတဲ့ ခပ်ဆိုးဆိုး ကျောင်းကို… ခုတော့ ‘သူမ’ ရောက်လာခဲ့ပါပြီ။ကျောင်းကို သူမ ဘယ်လို စီမံမလဲ။ဒီကျောင်းရဲ့ပညာရေးကို ဘယ်လို ကောင်းမွန်အောင် လုပ်မလဲ။ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ရမလဲ သူက ဘာလို့ ဒီကျောင်းကိုမှ ရွေးချယ်ခဲ့လဲ ဆိုတာကို စိတ်ဝင်တစား ကြည့်စေမိမှာပါ။———————————————–ဒီဇာတ်ကားဟာ ပညာရေးလောကသားတွေ၊ ဆရာ/မတွေတင် မဟုတ်ဘဲ အားလုံး ကြည့်သင့်တယ်လို့ထင်ပါတယ်။ပညာရေးနယ်ပယ်ထဲ အဆိုးဆုံးတွေကို တွန်းလှန်တဲ့ မိန်းမတစ်ယောက်ရဲ့ ပညာရေးဦးစားပေး ဇာတ်ကားတစ်ကားပါ။ကိုယ်ဖြတ်သန်းလာခဲ့ရတဲ့ ပညာရေးစနစ်ကို လည်ပြန်ကြည့်မိရင်ပဲဖြစ်ဖြစ်၊ ရသတစ်ခုခု ရစေရင်ပဲဖြစ်ဖြစ် ကျွန်တော်တို့ တင်ပေးရကျိုးနပ်ပါပြီ။ကျွန်တော် ဒီဇာတ်ကားကို ကြည့်ပြီးချိန်မှာ ကိုယ်ဟာ ကျောင်းဆရာတစ်ယောက်ဖြစ်ပေမဲ့ ကျောင်းဆရာ အရည်အချင်း ရှိရဲ့လားဆိုပြီး မေးမိပါတယ်။ ေတာ်တော်လေးတောင် ရှက်မိပါတယ်။(မှတ်ချက်- အထက်ပါ ရေးသားချက်များသည် ဇာတ်လမ်းတွင်းမှ အဖြစ်အပျက်များ ဖြစ်ပြီး မည်သည့်ဌာန၊မည်သည့်အဖွဲ့အစည်းကိုမှ မထိခိုက်စေလိုပါ)
(ရုပ်ရှင်အညွှန်းနဲ့ မြန်မာမှု ပြုထားကြသူတွေကတော့ ညီညီကိုးနဲ့ မြင့်သူတို့ ညီအစ်ကိုဖြစ်ပါတယ်။)...
The Imperial Cat (2021)
⭐None
🎬 #Action #Mystery
🗓 None 🎞 movie
🌎 #China
⏰ None
👑 Channel Myanmar
ဇာတ်ညွှန်း 📜
None...
The Imperial Cat (2021)
⭐None
🎬 #Action #Mystery
🗓 None 🎞 movie
🌎 #China
⏰ None
👑 Channel Myanmar
ဇာတ်ညွှန်း 📜
None...
The Imperial Cat (2021)
⭐None
🎬 #Action #Mystery
🗓 None 🎞 movie
🌎 #China
⏰ None
👑 Channel Myanmar
ဇာတ်ညွှန်း 📜
None...
The Imperial Cat (2021)
⭐None
🎬 #Action #Mystery
🗓 None 🎞 movie
🌎 #China
⏰ None
👑 Channel Myanmar
ဇာတ်ညွှန်း 📜
None...
The Imperial Cat (2021)
⭐None
🎬 #Action #Mystery
🗓 None 🎞 movie
🌎 #China
⏰ None
👑 Channel Myanmar
ဇာတ်ညွှန်း 📜
None...
The Imperial Cat (2021)
⭐None
🎬 #Action #Mystery
🗓 None 🎞 movie
🌎 #China
⏰ None
👑 Channel Myanmar
ဇာတ်ညွှန်း 📜
None...
The Imperial Cat (2021)
⭐None
🎬 #Action #Mystery
🗓 None 🎞 movie
🌎 #China
⏰ None
👑 Channel Myanmar
ဇာတ်ညွှန်း 📜
None...
The Imperial Cat (2021)
⭐None
🎬 #Action #Mystery
🗓 None 🎞 movie
🌎 #China
⏰ None
👑 Channel Myanmar
ဇာတ်ညွှန်း 📜
None...
The Imperial Cat (2021)
⭐None
🎬 #Action #Mystery
🗓 None 🎞 movie
🌎 #China
⏰ None
👑 Channel Myanmar
ဇာတ်ညွှန်း 📜
None...
The Imperial Cat (2021)
⭐None
🎬 #Action #Mystery
🗓 None 🎞 movie
🌎 #China
⏰ None
👑 Channel Myanmar
ဇာတ်ညွှန်း 📜
None...
The Imperial Cat (2021)
⭐None
🎬 #Action #Mystery
🗓 None 🎞 movie
🌎 #China
⏰ None
👑 Channel Myanmar
ဇာတ်ညွှန်း 📜
None...
The Imperial Cat (2021)
⭐None
🎬 #Action #Mystery
🗓 None 🎞 movie
🌎 #China
⏰ None
👑 Channel Myanmar
ဇာတ်ညွှန်း 📜
None...
The Imperial Cat (2021)
⭐None
🎬 #Action #Mystery
🗓 None 🎞 movie
🌎 #China
⏰ None
👑 Channel Myanmar
ဇာတ်ညွှန်း 📜
None...
The Imperial Cat (2021)
⭐None
🎬 #Action #Mystery
🗓 None 🎞 movie
🌎 #China
⏰ None
👑 Channel Myanmar
ဇာတ်ညွှန်း 📜
None...
The Imperial Cat (2021)
⭐None
🎬 #Action #Mystery
🗓 None 🎞 movie
🌎 #China
⏰ None
👑 Channel Myanmar
ဇာတ်ညွှန်း 📜
None...
The Imperial Cat (2021)
⭐IMDB: 7.4/10 (8 Votes)
🎬 #Action #Mystery
🗓 2021 🎞 movie
🌎 #China
⏰ 1 နာရီ 22 မိနစ် 45 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ပေါင်ချိန်ပရိသတ်တွေကတော့ တော်ဝင်ကြောင်ဆိုတာနဲ့ ကိုလူချောကိုယ်ရံတော်ကျန်ကျောင်းကိုပြောတယ်ဆိုတာ သိကြမယ်ထင်ပါတယ်။ဒီဇာတ်ကားလေးကတော့ ကျန်ကျောင်းတစ်ယောက်ထဲ ခိုင်ဖုန်းမဟုတ်တဲ့တခြားပြည်နယ်တစ်ခုမှာအမှုလိုက်တဲ့အကြောင်းလေးပဲဖြစ်ပါတယ်။
အမှုကတော့ အန်းလီခရိုင်မှာ အမျိုးသမီးပျောက်တဲ့အမှုတွေဆက်တိုက်ဖြစ်နေပါတယ်။ကျန်ကျောင်းဟာ ပန်းပဲဖိုမှာလက်နက်ထားတာသွားယူတဲ့အချိန်မှာပန်းပဲဆရာနဲ့ သူ့မိန်းမဟာပျောက်နေပြီး သမီးငယ်လေးနဲ့ အဖွားအိုတစ်ယောက်ပဲအိမ်မှာရှိတာကိုတွေ့လိုက်ရပါတယ်။ ဒီလိုနဲ့ ကျန်ကျောင်းဟာပန်းပဲဆရာလူပျောက်မှုကိုလိုက်စုံစမ်းရင်း ဒီအမှုဟာအမျိုးသမီးတွေပျောက်တဲ့အမှုနဲ့ပတ်သက်နေတာကိုသိလိုက်ရပါတယ်။
အန်းယန်ကအင်အားကြီးအိမ်တော်တစ်ခုကဒီကိစ္စနဲ့ပါဝင်ပတ်သက်နေလို့သံသယတွေရှိပေမယ့် ဘာသက်သေမှမရနိုင်ဘူးဖြစ်နေပါတယ်။အဲဒီအချိန်မှာပဲ အထက်ကလဲဖိအားပေးလာတော့ကျန်ကျောင်းတို့ဒီအမှုကိုဘယ်လိုပေါ်အောင်စုံစမ်းပြီးဖော်ထုတ်ကြမလဲ။ဒီကားလေးမှာတော့ ကျန်ကျောင်းဟာသူ့ရဲ့ထောက်လှမ်းရေးစွမ်းရည်နဲ့အမှုဖော်တဲ့စွမ်းရည်ကိုထုတ်ပြသွားခဲ့ပါတယ်။ပေါင်ချိန်ဇာတ်လမ်းတွဲအလွမ်းပြေကြည့်ရမယ့် ဇာတ်ကားလေးပါပဲ။...
