ru
Feedback

Не попадитесь на канал ботавода! Telemetrio находит и помечает такие каналы 👉 Хотите видеть метку — оформите подписку

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Закрытый канал

🚩 Channel was restricted by Telegram

Больше
Нет данных
Подписчики
-524 часа
-47 дней
+730 дней
Архив постов
The East (2013) ⭐IMDB: 6.8/10 (51 k Votes) 🎬 #Action #Crime #Thriller #Drama 🗓️ 2013 🎞️ Movie 📺 720p 🌎 #UnitedKingdom #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 58 မိနစ် 2 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Imdb – 6.8Rotten Tomatoes – 76% သဘာဝပတ်ဝန်းကျင်ထိန်းသိန်းရေးလှုပ်ရှားသူများ ဟာ ကမ္ဘာကြီးကို ခေတ်အဆက်ဆက်ဒုက္ခပေးသောအရှင်းရှင်ကော်ပိုရိတ်လုပ်ငန်းကြီးများကို တန်ပြန်တိုက်ခိုက်မှုများလုပ်ကြတဲ့အကြောင်းပါ။ နယ်ပယ်အစုံက မင်းမဲ့ဝါဒီလူငယ်တစ်စုစုစည်းပြီး အရှေ့ရပ်ဝန်းဟုခေါ်ဆိုတဲ့ (The East) မြေအောက်အဖွဲ့ကိုဖွဲ့စည်းထားပါတယ်။ The Legend of Tarzan, The Northman, သိပ်မကြာသေးခင်ကထွက်ရှိထားတဲ့ Infinity Pool ရုပ်ရှင်များနဲ့ အောင်မြင်မှုရရှိထားတဲ့ မင်းသား Alexander Skarsgård ကအရှေ့ ရပ်ဝန်းအဖွဲ့ခေါင်းဆောင်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ပရိတ်သတ်တွေနဲ့မစိမ်းတဲ့ Inception, Juno, The Umbrella Academy တို့မှာ ပါဝင်တဲ့ Elliot Page ဟာလည်း အရှေ့ရပ်ဝန်းအဖွဲ့ ရဲ့အဖွဲ့ဝင်တစ်ယောက်အဖြစ် အဆိုပါရုပ်ရှင်တွင် ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အစိုးရနဲ့လုပ်ငန်းကြီးတွေက ပြည်သူတွေကို မညှာမတာသောက်ဂရုမစိုက်စွာပဲ သူတို့ရဲ့အကျိုးမြတ်ရှေ့ထားတဲ့ အပြုမူများကို မကျေနပ်တဲ့လူတစ်စုဟာ တန်ပြန်တိုက်ခိုက်တဲ့အကြောင်းပါ။ ပုဂ္ဂလိကထောက်လှမ်းရေးကုမ္ပဏီတစ်ခုမှာအေ့ဂျင့်အဖြစ်လုပ်ကိုင်နေတဲ့ ဂျိန်းဆိုတဲ့အမျိုးသမီးတစ်ယောက် အရှေ့ရပ်ဝန်းအဖွဲ့ကိုလိုက်လံစုံစမ်း ဖော်ထုတ်ဖို့ တာဝန်ပေးအပ်ခံရတယ်။ လမ်းမတွေပေါ်မှာ အရပ်ဝတ်နဲ့ သူလျှိုလုပ်ပြီး မြေအောက်လောကထဲ လေလွင့်ကာ သတင်းအချက်လက် တွေကို စုဆောင်းနေခဲ့ပါတယ်။ ထို့နောက် အမှတ်မထင်ဘဲ အရှေ့ရပ်ဝန်း အဖွဲ့ထဲ ရောက်သွားခဲ့ပါတယ်။ အရှေ့ရပ်ဝန်းအဖွဲ့သားတွေက ကော်ပိုရေးရှင်းတွေကို ဆော်ပလော်တီးတဲ့အလုပ်တွေကို Jam (တီးပွဲ /တီးတယ်) လို့သုံးနှုန်းပြောဆိုပါတယ်။ အရေးကြီးတဲ့ တီးပွဲတွေမှာ ဂျိန်းတစ်ယောက်ပါဝင်ဆင်နွှဲရင်း အလုပ်နဲ့ဘဝကြား ဘယ်လိုရှေ့ဆက်ဗျာများရမယ်ဆိုတာ

The East (2013) ⭐IMDB: 6.8/10 (51 k Votes) 🎬 #Action #Crime #Thriller #Drama 🗓️ 2013 🎞️ Movie 📺 1080p 🌎 #UnitedKingdom #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 58 မိနစ် 2 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Imdb – 6.8Rotten Tomatoes – 76% သဘာဝပတ်ဝန်းကျင်ထိန်းသိန်းရေးလှုပ်ရှားသူများ ဟာ ကမ္ဘာကြီးကို ခေတ်အဆက်ဆက်ဒုက္ခပေးသောအရှင်းရှင်ကော်ပိုရိတ်လုပ်ငန်းကြီးများကို တန်ပြန်တိုက်ခိုက်မှုများလုပ်ကြတဲ့အကြောင်းပါ။ နယ်ပယ်အစုံက မင်းမဲ့ဝါဒီလူငယ်တစ်စုစုစည်းပြီး အရှေ့ရပ်ဝန်းဟုခေါ်ဆိုတဲ့ (The East) မြေအောက်အဖွဲ့ကိုဖွဲ့စည်းထားပါတယ်။ The Legend of Tarzan, The Northman, သိပ်မကြာသေးခင်ကထွက်ရှိထားတဲ့ Infinity Pool ရုပ်ရှင်များနဲ့ အောင်မြင်မှုရရှိထားတဲ့ မင်းသား Alexander Skarsgård ကအရှေ့ ရပ်ဝန်းအဖွဲ့ခေါင်းဆောင်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ပရိတ်သတ်တွေနဲ့မစိမ်းတဲ့ Inception, Juno, The Umbrella Academy တို့မှာ ပါဝင်တဲ့ Elliot Page ဟာလည်း အရှေ့ရပ်ဝန်းအဖွဲ့ ရဲ့အဖွဲ့ဝင်တစ်ယောက်အဖြစ် အဆိုပါရုပ်ရှင်တွင် ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အစိုးရနဲ့လုပ်ငန်းကြီးတွေက ပြည်သူတွေကို မညှာမတာသောက်ဂရုမစိုက်စွာပဲ သူတို့ရဲ့အကျိုးမြတ်ရှေ့ထားတဲ့ အပြုမူများကို မကျေနပ်တဲ့လူတစ်စုဟာ တန်ပြန်တိုက်ခိုက်တဲ့အကြောင်းပါ။ ပုဂ္ဂလိကထောက်လှမ်းရေးကုမ္ပဏီတစ်ခုမှာအေ့ဂျင့်အဖြစ်လုပ်ကိုင်နေတဲ့ ဂျိန်းဆိုတဲ့အမျိုးသမီးတစ်ယောက် အရှေ့ရပ်ဝန်းအဖွဲ့ကိုလိုက်လံစုံစမ်း ဖော်ထုတ်ဖို့ တာဝန်ပေးအပ်ခံရတယ်။ လမ်းမတွေပေါ်မှာ အရပ်ဝတ်နဲ့ သူလျှိုလုပ်ပြီး မြေအောက်လောကထဲ လေလွင့်ကာ သတင်းအချက်လက် တွေကို စုဆောင်းနေခဲ့ပါတယ်။ ထို့နောက် အမှတ်မထင်ဘဲ အရှေ့ရပ်ဝန်း အဖွဲ့ထဲ ရောက်သွားခဲ့ပါတယ်။ အရှေ့ရပ်ဝန်းအဖွဲ့သားတွေက ကော်ပိုရေးရှင်းတွေကို ဆော်ပလော်တီးတဲ့အလုပ်တွေကို Jam (တီးပွဲ /တီးတယ်) လို့သုံးနှုန်းပြောဆိုပါတယ်။ အရေးကြီးတဲ့ တီးပွဲတွေမှာ ဂျိန်းတစ်ယောက်ပါဝင်ဆင်နွှဲရင်း အလုပ်နဲ့ဘဝကြား ဘယ်လိုရှေ့ဆက်ဗျာများရမယ်ဆိုတာ

Space Oddity (2022) ⭐IMDB: 5.5/10 (505 Votes) 🎬 #Comedy #Romance #Sci-Fi #ScienceFiction #SciFi 🗓️ 2022 🎞️ Movie 📺 720p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 34 မိနစ် 43 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Space Oddity (2022)=============== စကြဝဠာကြီးထဲမှာ နဂါးငွေ့တန်းဂလက်ဆီ‌ပေါင်း ၁၀၀ထရီလီယံရှိတယ်။ ကျွန်တော်တို့ကမ္ဘာကြီးတည်ရှိတဲ့ MilkyWay ဂလက်ဆီကြီးမှာ ဂြိုဟ်‌‌ပေါင်း ၁၀၀ဘီလီယံကျော်ရှိနေတာပါ။ ကျွန်တော်တို့နေထိုင်ရာကမ္ဘာကြီးမှာ လူဦးရေအဆမတန်တိုးပွားလာတယ်။ ရာသီဖောက်ပြန်မှုတွေက ပိုပြီးဆိုးရွားလာတယ်။ ဒီတော့လူသားတွေက နေထိုင်လို့ရမယ့် တခြားဂြိုဟ်တစ်ခုကို‌ရှာဖွေနေကြဆဲပါ။ ဒီဇာတ်လမ်းမှာ အဲလက်စ်က မားစ်ကိုသွားဖို့အစီအစဉ်တွေချထားတဲ့သူပါ။ သွားရမယ့်ခရီးက ပြန်လမ်းမဲ့နေရာဖြစ်နေတော့မိသားစုဝင်တွေနဲ့ညှိနှိုင်းတဲ့အခါ အဆင်မပြေမှုတွေဖြစ်လာတယ်။အဖေဖြစ်သူက သူရဲ့ပန်းစိုက်ခင်းကို လက်လွှဲယူစေချင်တယ်။ဒါပေမယ့် အဲလက်စ်က လုပ်ချင်တာကိုဖြစ်အောင်လုပ်တတ်တဲ့လူစားဖြစ်နေတယ်။ ဘော်ဒါတို့လည်း ကြယ်တွေကို‌ငေးရင် အဲဒီကြယ်တွေဆီကို သွားချင်စိတ်ဖြစ်မိလား ကမ္ဘာ‌‌ပေါ်မှာ မကုန်ခမ်းနိုင်တဲ့ အသစ်‌အဆန်းတွေရှိနေပါရဲ့ အဲလက်စ်က ဘာလို့ထွက်သွားချင်လဲဆိုတာတော့… (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ZWT ဖြစ်ပါတယ်)

Space Oddity (2022) ⭐IMDB: 5.5/10 (505 Votes) 🎬 #Comedy #Romance #Sci-Fi #ScienceFiction #SciFi 🗓️ 2022 🎞️ Movie 📺 1080p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 34 မိနစ် 43 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Space Oddity (2022)=============== စကြဝဠာကြီးထဲမှာ နဂါးငွေ့တန်းဂလက်ဆီ‌ပေါင်း ၁၀၀ထရီလီယံရှိတယ်။ ကျွန်တော်တို့ကမ္ဘာကြီးတည်ရှိတဲ့ MilkyWay ဂလက်ဆီကြီးမှာ ဂြိုဟ်‌‌ပေါင်း ၁၀၀ဘီလီယံကျော်ရှိနေတာပါ။ ကျွန်တော်တို့နေထိုင်ရာကမ္ဘာကြီးမှာ လူဦးရေအဆမတန်တိုးပွားလာတယ်။ ရာသီဖောက်ပြန်မှုတွေက ပိုပြီးဆိုးရွားလာတယ်။ ဒီတော့လူသားတွေက နေထိုင်လို့ရမယ့် တခြားဂြိုဟ်တစ်ခုကို‌ရှာဖွေနေကြဆဲပါ။ ဒီဇာတ်လမ်းမှာ အဲလက်စ်က မားစ်ကိုသွားဖို့အစီအစဉ်တွေချထားတဲ့သူပါ။ သွားရမယ့်ခရီးက ပြန်လမ်းမဲ့နေရာဖြစ်နေတော့မိသားစုဝင်တွေနဲ့ညှိနှိုင်းတဲ့အခါ အဆင်မပြေမှုတွေဖြစ်လာတယ်။အဖေဖြစ်သူက သူရဲ့ပန်းစိုက်ခင်းကို လက်လွှဲယူစေချင်တယ်။ဒါပေမယ့် အဲလက်စ်က လုပ်ချင်တာကိုဖြစ်အောင်လုပ်တတ်တဲ့လူစားဖြစ်နေတယ်။ ဘော်ဒါတို့လည်း ကြယ်တွေကို‌ငေးရင် အဲဒီကြယ်တွေဆီကို သွားချင်စိတ်ဖြစ်မိလား ကမ္ဘာ‌‌ပေါ်မှာ မကုန်ခမ်းနိုင်တဲ့ အသစ်‌အဆန်းတွေရှိနေပါရဲ့ အဲလက်စ်က ဘာလို့ထွက်သွားချင်လဲဆိုတာတော့… (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ZWT ဖြစ်ပါတယ်)

The Trials of Cate McCall (2013) ⭐IMDB: 6.2/10 (7 k Votes) 🎬 #Crime #Drama 🗓️ 2013 🎞️ Movie 📺 1080p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 34 မိနစ် 59 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Genre – Crime, DramaIMDB – 6.2/10 ဇာတ်ကားအကြောင်းမပြောခင် မမ ကိတ်ဘက်ကင်ဆေးရဲ့ အလှတော်လေး ချီးမွမ်းခန်းဖွင့်ချင်လို့ပါ။ သူဟာ အင်္ဂလိပ်မဆိုပေမဲ့ အဖေရဲ့အဖွားက မြန်မာမစစ်စစ် မနှင်းဖြစ်လို့ မြန်မာသွေးကို ၈ ပုံ ၁ ပုံလောက် ပါလာလို့လားမသိ အတော်ချောမောလှပတဲ့ မင်းသမီးဖြစ်ပါတယ် ဒီကားထဲမှာဆို ဖွာလန်ကျဲနေရာတွေပါတာတောင် သူ့အလှကို ခံစားကြရဦးမှာပါ အသက်ငယ်လို့ ငယ်ဂုဏ်မောက်တာမျိုးလည်း မဟုတ်ပါဘူး ကြီးတဲ့ထိ ကျက်သရေရှိရှိ လှနေတာမျိုးပါ။သူ့ရဲ့ နာမည်ကြီးကားတွေဆို Underworld ကားတွေတို့ Van Helsing တို့ ရှိကြပါတယ် ကြည့်ဖူးကြမှာပါ အားလုံးလည်း။ ကဲ ဒီတော့ ဇာတ်လမ်းအကြောင်း ဆက်လိုက်ရအောင် “အသက်တစ်ရာ မနေရ အမှုတစ်ရာပွေရ” ဆိုသလို ဇာတ်ကားနာမည်က ကိတ်မက်ကောရဲ့ တရားခွင်များတဲ့ ပြောရမယ်ဆို မမရဲ့ ရှုပ်ထွေးပွေလီ ပြဿနာများပေါ့။ ရှေ့နေဖြစ်တဲ့မမဟာ အရက်စွဲနေတဲ့ပြဿနာရှိပြီး ရှေ့နေရုံးကနေလည်း ဆိုင်းငံ့ခံထားရတယ် နောက်ပြီး ခံဝန်နဲ့ နေနေရတယ်။ မိသားစုရေးမှာလည်း သမီးဖြစ်သူကို ဂရုစိုက်မပေးနိုင်လို့ ဖခင်ဖြစ်သူက အုပ်ထိန်းခွင့်ရဖို့ အမှုစွဲထားတာမျိုး ကြုံနေရပါတယ် ဒါက သူ့ ကိုယ်ရေးကိုယ်တာအမှု တစ်ခုပေါ့လေ။ အဲဒီမှာ ရှေ့နေရုံးကနေ အပြစ်ကို ပြန်လည်ပေးဆပ်စေချင်လို့ အမှုတစ်ခုကို ပြန်လိုက်ခိုင်းပါတယ်။ ဒီအမှုကတော့ ချစ်သူဖြစ်သူက မုဒိမ်းကျင့်တာခံရ ရဲတွေမုဒိမ်းကျင့်တာခံရ ထောင်ကျတော့လည်း အစောင့်က မုဒိမ်းကျင့်တာခံရပြီး ချစ်သူနဲ့ရထားတဲ့ ကိုယ်ဝန်ရှိနေချိန် ချစ်သူကို အီစီကလီ လာလုပ်တဲ့ကောင်မလေးကို အဖော်တစ်ယောက်နဲ့ သွားဖြဲရာကနေ လူသတ်မှုဖြစ်ခဲ့ပါတော့တယ်။ အဲဒီမှာ သူသတ်တာသေချာ ပါတယ်ဆိုတဲ့အမှုကို မမတစ်ယောက် လိုက်ရာကနေ လွဲမှားနေတာတွေ စတွေ့လာတဲ့အခါ… အမှုကို ဘယ်လိုမျိုး လိုက်ပေးမလဲ၊ မိသားစုရေးရာမှ ာ သမီးလေးကို အုပ်ထိန်းခွင့်ပြန်ရပါ့မလား၊ နောက်ထပ် ဘာပြဿနာတွေ ကြုံရဦးမလဲ စသဖြင့် တဖြည်းဖြည်းနဲ့ ဇာတ်ရှိန်တက်ပြီး ခေါ်သွားမယ့် တရားဥပဒေရုပ်ရှင်မျိုး ဖြစ်ပါတယ်။ လူတစ်ယောက်ဘဝတွေပျက် ခွေးဖြစ်လုနီးပါး ဖြစ်ခဲ့တာတောင် အဖော်ကောင်းတွေရှိပြီး သေသေချာချာလေး ကြိုးစားရင် ပြန်ထူထောင်နိုင်ပါတယ်ဆိုတဲ့ စိတ်ခွန်အားလည်း ပေးသွားတဲ့ ဇာတ်ကားကောင်းလေးပါ။

Moneyboys (2021) ⭐IMDB: 6.4/10 (960 Votes) 🎬 #Drama 🗓️ 2021 🎞️ Movie 📺 720p 🌎 #Austria #France #Belgium #Taiwan ⏰ 2 နာရီ 16 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Moneyboys (2021) ~ IMDb – 6.4/10, Rotten Tomatoes – 92% ~ C.B. Yi လို့ခေါ်တဲ့ ထိုင်ဝမ်ဒါရိုက်တာတစ်ယောက်‌ရဲ့ ပွဲဦးထွက်ရုပ်ရှင်ပါ။ နာမည်ကိုက Moneyboys ဆိုတော့ ဘာကားလဲတော့ သိပ်ပြောစရာမလိုလောက်ပါဘူး။ ယောက်ျားချင်း သာယာမှုယူရတဲ့ ယောက်ျားဂီဂလိုတွေရဲ့ ဘဝကို ပြထားတဲ့ကားကိုမှ BL ဆန်ဆန်ဇာတ်လမ်းရောထားတာပါပဲ။ ပုံမှန်ဆိုရင်တော့ ယောက်ျားပခြုပ်သည်ဆိုရင် ဘွားတော်ကြီးတွေနဲ့ ပတ်အိပ်ရတဲ့ဇာတ်လမ်းတွေကိုသာ အရိုက်များပြီး ယောက်ျားချင်းပခြုပ်သည်လုပ်တဲ့ ဇာတ်လမ်းကတော့ ကျွန်တော့်အတွက် ဒါဦးဆုံးပါပဲ။ ကိန်းရုပ်ရှင်ပွဲတော်မှာတောင် အရွေးခံထားရတဲ့ကားဆိုတော့ Art House ရုပ်ရှင်လို့ပြောရမှာပါပဲ။ မင်းသားကတော့ မြန်မာပရိသတ်တွေကြား နာမည်အကြီးဆုံးထိုင်ဝမ်ရုပ်ရှင်ဖြစ်တဲ့ You are the Apple of My Eye က မင်းသားပါ။ ဒါရိုက်တာရော မင်းသားရော ဆုပေးပွဲတွေမှာ ဆန်ခါတင်ဝင်ထားတဲ့ ရုပ်ရှင်မို့ မကောင်းမှာတော့ ပူစရာမလိုပါဘူး။ ထိုင်ဝမ်က ယောက်ျားပခြုပ်သည်တွေ ဘယ်လိုအခြေအနေတွေနဲ့ ရှင်သန်နေရလဲ။ ငွေရဖို့ ဘယ်လောက်ထိ အနိုင်ကျင့်ခံရလဲဆိုတာတွေပြပြီး တင်ပြခဲလှတဲ့ လိင်တူကြိုက် ယောက်ျားပခြုပ်သည်ဘဝကို ဒါရိုက်တာဟာ ပွဲဦးထွက်မှာတင် ရှားရှားပါးပါး တင်ပြထားပါတယ်။ မင်းသားတွေကလည်း visual ကောင်းသလို ဇာတ်လမ်းကလည်း Heart touching ဖြစ်တဲ့အပြင် မအေးလည်းမအေးလှတာမို့ အတော်များများ အကြိုက်တွေ့ကြမယ့် ထိုင်ဝမ်ဒရာမာကားအသစ်‌ပေါ့။ You are the Apple of My Eye မင်းသားကိုလည်း ကြုံတောင့်ကြုံခဲထပ်မြင်ရမယ့် ကားကောင်းပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုWမှ ပြန်ဆို ရေးသားထားပါတယ်)

Bellflower (2011) ⭐IMDB: 6.3/10 (8 k Votes) 🎬 #Action #Drama #Romance 🗓️ 2011 🎞️ Movie 📺 1080p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 46 မိနစ် 49 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 အေဒင်နဲ့ဝုဒ်ရိုးဆိုတာ ကမ္ဘာပျက်မဲ့အချိန်ကိုစိတ်ကူးယဉ်ရင်းနဲ့ မီးသေနတ်တွေဖန်တီး ကားအလန်းစားတွေတည်ဆောက်ရင်း ဘဝကိုပေါ့ပေါ့လေးဖြတ်သန်းနေတဲ့သူငယ်ချင်းနှစ်ယောက်. တစ်ည ဘားမှာ မိုင်လီဆိုတဲ့စော်လေးကို ဝုဒ်ရိုးကကြွေသွားရင်း ဒိတ်ဖို့အထိပြောရာကနေ ရည်းစားတွေဖြစ်သွားခဲ့ပါတယ်။ နှစ်ယောက်စလုံးက ဘဝတွေကိုယ်စီနဲ့မလို့ အဆင်ပြေဖို့ခက်တာမလို့ အဆုံးသတ်မှာ ဘယ်လိုဖြစ်လာမလဲဆိုတာတော့ ရုပ်ရှင်အဆုံးသတ်မှာ ရှာဖွေရမှာပါ. ၂၀၁၁ကထွက်တာတဲ့ဇာတ်ကားဖြစ်ပြီးတော့ Indie စတိုင်ဇာတ်ကားဖြစ်ပြီး ဘဝမှာရှင်သန်ဖို့အတွက် ဘာတွေကိုရွေးချယ်ပြီး ဘာကိုပစ်ချထားခဲ့ရမယ် ဆိုတာကို စဉ်းစားစရာထွက်လာတာပါပဲ။ ထပ်ပြောရရင် ဘဲထားမယ်ဆိုလဲ မီးဟုန်းဟုန်းတောက်စေတဲ့သေနတ်မရှိတဲ့ ဘဲမျိုးကို ရွေးဖို့လိုမယ်ဆိုတာပါပဲ။

Moneyboys (2021) ⭐IMDB: 6.4/10 (960 Votes) 🎬 #Drama 🗓️ 2021 🎞️ Movie 📺 1080p 🌎 #Austria #France #Belgium #Taiwan ⏰ 2 နာရီ 16 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Moneyboys (2021) ~ IMDb – 6.4/10, Rotten Tomatoes – 92% ~ C.B. Yi လို့ခေါ်တဲ့ ထိုင်ဝမ်ဒါရိုက်တာတစ်ယောက်‌ရဲ့ ပွဲဦးထွက်ရုပ်ရှင်ပါ။ နာမည်ကိုက Moneyboys ဆိုတော့ ဘာကားလဲတော့ သိပ်ပြောစရာမလိုလောက်ပါဘူး။ ယောက်ျားချင်း သာယာမှုယူရတဲ့ ယောက်ျားဂီဂလိုတွေရဲ့ ဘဝကို ပြထားတဲ့ကားကိုမှ BL ဆန်ဆန်ဇာတ်လမ်းရောထားတာပါပဲ။ ပုံမှန်ဆိုရင်တော့ ယောက်ျားပခြုပ်သည်ဆိုရင် ဘွားတော်ကြီးတွေနဲ့ ပတ်အိပ်ရတဲ့ဇာတ်လမ်းတွေကိုသာ အရိုက်များပြီး ယောက်ျားချင်းပခြုပ်သည်လုပ်တဲ့ ဇာတ်လမ်းကတော့ ကျွန်တော့်အတွက် ဒါဦးဆုံးပါပဲ။ ကိန်းရုပ်ရှင်ပွဲတော်မှာတောင် အရွေးခံထားရတဲ့ကားဆိုတော့ Art House ရုပ်ရှင်လို့ပြောရမှာပါပဲ။ မင်းသားကတော့ မြန်မာပရိသတ်တွေကြား နာမည်အကြီးဆုံးထိုင်ဝမ်ရုပ်ရှင်ဖြစ်တဲ့ You are the Apple of My Eye က မင်းသားပါ။ ဒါရိုက်တာရော မင်းသားရော ဆုပေးပွဲတွေမှာ ဆန်ခါတင်ဝင်ထားတဲ့ ရုပ်ရှင်မို့ မကောင်းမှာတော့ ပူစရာမလိုပါဘူး။ ထိုင်ဝမ်က ယောက်ျားပခြုပ်သည်တွေ ဘယ်လိုအခြေအနေတွေနဲ့ ရှင်သန်နေရလဲ။ ငွေရဖို့ ဘယ်လောက်ထိ အနိုင်ကျင့်ခံရလဲဆိုတာတွေပြပြီး တင်ပြခဲလှတဲ့ လိင်တူကြိုက် ယောက်ျားပခြုပ်သည်ဘဝကို ဒါရိုက်တာဟာ ပွဲဦးထွက်မှာတင် ရှားရှားပါးပါး တင်ပြထားပါတယ်။ မင်းသားတွေကလည်း visual ကောင်းသလို ဇာတ်လမ်းကလည်း Heart touching ဖြစ်တဲ့အပြင် မအေးလည်းမအေးလှတာမို့ အတော်များများ အကြိုက်တွေ့ကြမယ့် ထိုင်ဝမ်ဒရာမာကားအသစ်‌ပေါ့။ You are the Apple of My Eye မင်းသားကိုလည်း ကြုံတောင့်ကြုံခဲထပ်မြင်ရမယ့် ကားကောင်းပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုWမှ ပြန်ဆို ရေးသားထားပါတယ်)

The Sadness (2021) ⭐IMDB: 6.5/10 (15 k Votes) 🎬 #Asian #Horror #Thriller 🗓️ 2021 🎞️ Movie 📺 720p 🌎 #Taiwan ⏰ 1 နာရီ 40 မိနစ် 28 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Sadness (2021) (Uncut Version) Virus​တွေ ကပ်​ရောဂါ​တွေနဲ့ Zombie movie​တွေဟာ ဒီဘက်​ခေတ်မှာ လူကြိုက်များ​နေသလို ကား​တွေလည်းအရိုက်များလာပါတယ်၊ဒီရုပ်ရှင်က​ အသစ်ထွက်ရှိထားတဲ့ ထိုင်ဝမ် disasterရုပ်ရှင်ဖြစ်ပြီး IMDb rating6.6နဲ့ Rotten Tomatoes 95%ထိ Ratingခပ်မြင့်မြင့်ရရှိထားပါတယ်။ ကတ်နဲ့ ဂျင်က ထိုင်​ပေမြို့​တော်မှာ​နေထိုင်ကြတဲ့ အတူ​နေချစ်သူ​​တွေပါ၊ အများသူငါလို အလုပ်ကိုယ်စီနဲ့ ဘဝ​ခရီးလမ်းကို တူတူ ​လျှောက်လှမ်း​နေသူ​တွေ​ပေါ့၊သူတို့​နေထိုင်ရာ ထိုင်​​ပေမြို့​ကြီးမှာ အဲဒီအချိန်က အယ်ဗင်ဗိုင်းရပ်ဆိုတဲ့ တုပ်​​ကွေးပိုးတစ်မျိုး ပျံ့နှံ့​နေတဲ့အချိန်​ပါ၊ အဆိုပါဗိုင်းရပ်ဟာ မျိုးဗီဇ​ပြောင်းနိုင်တယ်လို့ ကျန်းမာ​ရေးနယ်ပယ်က ပညာရှင်​တွေက သတိ​ပေးကြ​ပေမယ့် ထိုင်ဝမ်​ရွေး​ကောက်ပွဲရှိတာကြောင့် ​အစိုးရက ​လော့​ဒေါင်းချခွင့် မ​ပေးခဲ့ပါဘူး။ တစ်​နေ့မှာ ပညာရှင်​တွေစိုးရိမ်ခဲ့သလို ဗိုင်းရပ်ဟာ မျိုးဗီဇ​ပြောင်းသွားပြီး လူ​တွေကို ရူးနှမ်းသလိုဖြစ်သွား​စေပါတယ်၊ဒီဗိုင်းရပ်က Zombieအဖြစ်​ ​ပြောင်းလဲပစ်တာမျိုးမဟုတ်ဘဲ လူ့ဦး​နှောက်ကိုတိုက်ခိုက်ပြီး ဟိရိဩတ္တပတရားမဲ့​အောင် လုပ်ပစ်လိုက်တာမျိုးပါဆင်ခြင်တုံတရား မရှိ​​တော့တဲ့သူ​တွေက မ​​ကောင်းမှု​တွေလုပ်ရမှာ မရှက်​တော့ဘဲ လူသတ်ခြင်း၊ မုဒိန်းကျင့်ခြင်း၊ သတ်​​​​သေခြင်းလို ကိစ္စ​တွေ အကုန်လုပ်လာကြပါတယ်၊ဒီလိုအသိစိတ်မဲ့​​နေတဲ့ လူထုကြီးရန်နဲ့ ကူးစက်မှုမြန်တဲ့ ဗိုင်းရပ်ပိုးရန်ကို ဂျင်နဲ့ကတ်တို့ ဘယ်လို ရင်ဆိုင်​ကျော်လွှားကြမလဲ၊သူတို့လွတ်​မြောက်ပါ့မလားဆိုတာကိုအသည်းတယားယား ရင်တဖိုဖိုနဲ့ ကြည့်ရှုရမှာပါ။ သတိ​ပေးလိုတာက ဒီရုပ်ရှင်က ​​Uncut version ဖြစ်တာ​ကြောင့်သွေးထွက်သံယိုအခန်း​​တွေအရမ်းများသလို အ​တော်ပီပြင်ပါတယ်၊ ​လိင်ပိုင်းဆိုင်ရာထိပါးကျူးလွန်တာ​တွေကို ရိုက်ပြတာလည်း အရမ်းကြမ်းတာ​​ကြောင့် ​မိသားစုနဲ့အတူ ကြည့်ရှုဖို့ မသင့်​တော်​သလို ​သွေး​ ကြောက်တတ်သူ​တွေအတွက် ကြည့်ရှူဖို့အဆင်မ​ပြေနိုင်မယ့် အခန်း​တွေအရမ်းများတာကို သတိချပ်​​စေချင်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်း ‌ရေးသားထားသူကတော့ Jim X ပါ )

The Sadness (2021) ⭐IMDB: 6.5/10 (15 k Votes) 🎬 #Asian #Horror #Thriller 🗓️ 2021 🎞️ Movie 📺 1080p 🌎 #Taiwan ⏰ 1 နာရီ 40 မိနစ် 28 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Sadness (2021) (Uncut Version) Virus​တွေ ကပ်​ရောဂါ​တွေနဲ့ Zombie movie​တွေဟာ ဒီဘက်​ခေတ်မှာ လူကြိုက်များ​နေသလို ကား​တွေလည်းအရိုက်များလာပါတယ်၊ဒီရုပ်ရှင်က​ အသစ်ထွက်ရှိထားတဲ့ ထိုင်ဝမ် disasterရုပ်ရှင်ဖြစ်ပြီး IMDb rating6.6နဲ့ Rotten Tomatoes 95%ထိ Ratingခပ်မြင့်မြင့်ရရှိထားပါတယ်။ ကတ်နဲ့ ဂျင်က ထိုင်​ပေမြို့​တော်မှာ​နေထိုင်ကြတဲ့ အတူ​နေချစ်သူ​​တွေပါ၊ အများသူငါလို အလုပ်ကိုယ်စီနဲ့ ဘဝ​ခရီးလမ်းကို တူတူ ​လျှောက်လှမ်း​နေသူ​တွေ​ပေါ့၊သူတို့​နေထိုင်ရာ ထိုင်​​ပေမြို့​ကြီးမှာ အဲဒီအချိန်က အယ်ဗင်ဗိုင်းရပ်ဆိုတဲ့ တုပ်​​ကွေးပိုးတစ်မျိုး ပျံ့နှံ့​နေတဲ့အချိန်​ပါ၊ အဆိုပါဗိုင်းရပ်ဟာ မျိုးဗီဇ​ပြောင်းနိုင်တယ်လို့ ကျန်းမာ​ရေးနယ်ပယ်က ပညာရှင်​တွေက သတိ​ပေးကြ​ပေမယ့် ထိုင်ဝမ်​ရွေး​ကောက်ပွဲရှိတာကြောင့် ​အစိုးရက ​လော့​ဒေါင်းချခွင့် မ​ပေးခဲ့ပါဘူး။ တစ်​နေ့မှာ ပညာရှင်​တွေစိုးရိမ်ခဲ့သလို ဗိုင်းရပ်ဟာ မျိုးဗီဇ​ပြောင်းသွားပြီး လူ​တွေကို ရူးနှမ်းသလိုဖြစ်သွား​စေပါတယ်၊ဒီဗိုင်းရပ်က Zombieအဖြစ်​ ​ပြောင်းလဲပစ်တာမျိုးမဟုတ်ဘဲ လူ့ဦး​နှောက်ကိုတိုက်ခိုက်ပြီး ဟိရိဩတ္တပတရားမဲ့​အောင် လုပ်ပစ်လိုက်တာမျိုးပါဆင်ခြင်တုံတရား မရှိ​​တော့တဲ့သူ​တွေက မ​​ကောင်းမှု​တွေလုပ်ရမှာ မရှက်​တော့ဘဲ လူသတ်ခြင်း၊ မုဒိန်းကျင့်ခြင်း၊ သတ်​​​​သေခြင်းလို ကိစ္စ​တွေ အကုန်လုပ်လာကြပါတယ်၊ဒီလိုအသိစိတ်မဲ့​​နေတဲ့ လူထုကြီးရန်နဲ့ ကူးစက်မှုမြန်တဲ့ ဗိုင်းရပ်ပိုးရန်ကို ဂျင်နဲ့ကတ်တို့ ဘယ်လို ရင်ဆိုင်​ကျော်လွှားကြမလဲ၊သူတို့လွတ်​မြောက်ပါ့မလားဆိုတာကိုအသည်းတယားယား ရင်တဖိုဖိုနဲ့ ကြည့်ရှုရမှာပါ။ သတိ​ပေးလိုတာက ဒီရုပ်ရှင်က ​​Uncut version ဖြစ်တာ​ကြောင့်သွေးထွက်သံယိုအခန်း​​တွေအရမ်းများသလို အ​တော်ပီပြင်ပါတယ်၊ ​လိင်ပိုင်းဆိုင်ရာထိပါးကျူးလွန်တာ​တွေကို ရိုက်ပြတာလည်း အရမ်းကြမ်းတာ​​ကြောင့် ​မိသားစုနဲ့အတူ ကြည့်ရှုဖို့ မသင့်​တော်​သလို ​သွေး​ ကြောက်တတ်သူ​တွေအတွက် ကြည့်ရှူဖို့အဆင်မ​ပြေနိုင်မယ့် အခန်း​တွေအရမ်းများတာကို သတိချပ်​​စေချင်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်း ‌ရေးသားထားသူကတော့ Jim X ပါ )

The Super Mario Bros. Movie (2023) ⭐IMDB: 7.3/10 (96 k Votes) 🎬 #Action #Adventure #Comedy #Animation #Family #Fantasy 🗓️ 2023 🎞️ Movie 📺 720p 🌎 #UnitedStates #Japan #UnitedStatesofAmerica ⏰ 1 နာရီ 29 မိနစ် 11 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Super Mario Bros Movie (2023) စူပါမာရီယိုဟာ သမိုင်းတလျှောက်ရောင်းအားအကောင်းဆုံး ဂိမ်းပဲဖြစ်ပါတယ်။ဂိမ်းအမျိုးအစားနဲ့ ပလက်ဖောင်းများလွန်းလို့ လူသန်းပေါင်းဘယ်လောက်ကစားဖူးလဲတောင် ပြောရခက်ပါတယ်။အခုတခေါက်ကတော့ ဒီဂိမ်းကို ကာတွန်းအဖြစ်အသက်သွင်းထားတာပါပဲ။မာရီယိုအဖြစ် ခရစ်ပရက်၊ မင်းသမီးလေးအဖြစ် အာညာတေလာဂျွိုင်း၊လူဝီးဂျီအဖြစ် ချာလီဒေး နဲ့ လိပ်ကြီးဘောင်ဆာအဖြစ် ဂျက်ဘလက်တို့လို နာမည်ကျော်တွေ သရုပ်ဆောင်ထားပါတယ်။ထွက်ခဲ့ဖူးတဲ့ မာရီယိုဂိမ်းမျိုးစုံထဲက ကာရိုက်တာတွေ၊ လက်နက်တွေ၊ တီးလုံးတွေ၊ နေရာတွေကို သူ့နေရာနဲ့သူ ပြန်သုံးပေးထားပါတယ်။ကြည့်ရတာ အပန်းပြေတဲ့ ကာတွန်းကားလေးပါပဲ။ ဇာတ်လမ်းအကျဉ်း မာရီယိုနဲ့လူဝီးဂျီတို့ ညီအစ်ကိုဟာ လူတိုင်းက အထင်သေးရတဲ့ ဘရွတ်ကလင်းရဲ့ ရေပိုက်ပြင်သမားညီအစ်ကိုနှစ်ယောက်ဖြစ်ပါတယ်။တစ်နေ့မှာတော့ ရေပိုက်တစ်ခုကနေ မှော်တိုင်းပြည်ထဲကို‌ရောက်သွားပါတော့တယ်။ လူဆိုးဘုရင်ကြီး ဘောင်ဆာဟာ စူပါကြယ်ကြီးကို ပိုင်ဆိုင်ပြီး သူတို့ရဲ့ မှော်လောကထဲကို တိုင်းပြည်အားလုံးကို သိမ်းပိုက်ဖို့ ကြံစည်ထားတဲ့သူဖြစ်ပါတယ်။ဒါပေမဲ့ သူက မှိုတိုင်းပြည်က မင်းသမီးလေးမက်မွန်သီးကို အရမ်းချစ်နေတာမို့ သူနဲ့အတူ ကမ္ဘာကြီးကိုသိမ်းပိုက်ဖို့ မင်းသမီးလေးကို လက်ထပ်ခွင့်တောင်းဖို့လာခဲ့ပါတယ်။မင်းသမီးက လက်မခံခဲ့ရင်တော့ မှိုတိုင်းပြည်ကိုဖျက်ဆီးပစ်မှာပါပဲ။ဒါကိုသိတဲ့ မင်းသမီးလေးဟာ မာရီယိုနဲ့ပူးပေါင်းပြီး ဒန်းကီးကောင်တို့ရဲ့တိုင်းပြည်ကိုစစ်ကူသွားတောင်းခဲ့ပါတယ်။ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ ကာတွန်းထဲမှာ ရှုစားလိုက်ပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့Mr.Andersonပဲ ဖြစ်ပါတယ်။

The Super Mario Bros. Movie (2023) ⭐IMDB: 7.3/10 (96 k Votes) 🎬 #Action #Adventure #Comedy #Animation #Family #Fantasy 🗓️ 2023 🎞️ Movie 📺 1080p 🌎 #UnitedStates #Japan #UnitedStatesofAmerica ⏰ 1 နာရီ 29 မိနစ် 12 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Super Mario Bros Movie (2023) စူပါမာရီယိုဟာ သမိုင်းတလျှောက်ရောင်းအားအကောင်းဆုံး ဂိမ်းပဲဖြစ်ပါတယ်။ဂိမ်းအမျိုးအစားနဲ့ ပလက်ဖောင်းများလွန်းလို့ လူသန်းပေါင်းဘယ်လောက်ကစားဖူးလဲတောင် ပြောရခက်ပါတယ်။အခုတခေါက်ကတော့ ဒီဂိမ်းကို ကာတွန်းအဖြစ်အသက်သွင်းထားတာပါပဲ။မာရီယိုအဖြစ် ခရစ်ပရက်၊ မင်းသမီးလေးအဖြစ် အာညာတေလာဂျွိုင်း၊လူဝီးဂျီအဖြစ် ချာလီဒေး နဲ့ လိပ်ကြီးဘောင်ဆာအဖြစ် ဂျက်ဘလက်တို့လို နာမည်ကျော်တွေ သရုပ်ဆောင်ထားပါတယ်။ထွက်ခဲ့ဖူးတဲ့ မာရီယိုဂိမ်းမျိုးစုံထဲက ကာရိုက်တာတွေ၊ လက်နက်တွေ၊ တီးလုံးတွေ၊ နေရာတွေကို သူ့နေရာနဲ့သူ ပြန်သုံးပေးထားပါတယ်။ကြည့်ရတာ အပန်းပြေတဲ့ ကာတွန်းကားလေးပါပဲ။ ဇာတ်လမ်းအကျဉ်း မာရီယိုနဲ့လူဝီးဂျီတို့ ညီအစ်ကိုဟာ လူတိုင်းက အထင်သေးရတဲ့ ဘရွတ်ကလင်းရဲ့ ရေပိုက်ပြင်သမားညီအစ်ကိုနှစ်ယောက်ဖြစ်ပါတယ်။တစ်နေ့မှာတော့ ရေပိုက်တစ်ခုကနေ မှော်တိုင်းပြည်ထဲကို‌ရောက်သွားပါတော့တယ်။ လူဆိုးဘုရင်ကြီး ဘောင်ဆာဟာ စူပါကြယ်ကြီးကို ပိုင်ဆိုင်ပြီး သူတို့ရဲ့ မှော်လောကထဲကို တိုင်းပြည်အားလုံးကို သိမ်းပိုက်ဖို့ ကြံစည်ထားတဲ့သူဖြစ်ပါတယ်။ဒါပေမဲ့ သူက မှိုတိုင်းပြည်က မင်းသမီးလေးမက်မွန်သီးကို အရမ်းချစ်နေတာမို့ သူနဲ့အတူ ကမ္ဘာကြီးကိုသိမ်းပိုက်ဖို့ မင်းသမီးလေးကို လက်ထပ်ခွင့်တောင်းဖို့လာခဲ့ပါတယ်။မင်းသမီးက လက်မခံခဲ့ရင်တော့ မှိုတိုင်းပြည်ကိုဖျက်ဆီးပစ်မှာပါပဲ။ဒါကိုသိတဲ့ မင်းသမီးလေးဟာ မာရီယိုနဲ့ပူးပေါင်းပြီး ဒန်းကီးကောင်တို့ရဲ့တိုင်းပြည်ကိုစစ်ကူသွားတောင်းခဲ့ပါတယ်။ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ ကာတွန်းထဲမှာ ရှုစားလိုက်ပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့Mr.Andersonပဲ ဖြစ်ပါတယ်။

Muoi: The Curse Returns (2022) ⭐IMDB: 5.4/10 (91 Votes) 🎬 #Drama #Horror 🗓️ 2022 🎞️ Movie 📺 720p 🌎 #Vietnam ⏰ 1 နာရီ 35 မိနစ် 44 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Muoi : The Curse Returns (2023) လင်းက မြို့ပေါ်က ပန်းချီပြခန်းမှာ အလုပ်လုပ်ကိုင်နေတဲ့သူတစ်ယောက်ဖြစ်ပါတယ်တစ်နေ့မှာ သူမရဲ့သူငယ်ချင်းကောင်လေးဟာ ရုတ်တရက်ဆုံးသွားခဲ့လို့ စျာပနအခမ်းအနားကို တက်ရောက်တဲ့အချိန်မှာငယ်ငယ်က သူမရဲ့အချစ်ဆုံးသူငယ်ချင်း ဟမ် နဲ့ပြန်ဆုံခဲ့ပါတော့တယ်။ဟမ် က အနီးနားမှာရှိတဲ့ မြို့ဟောင်းတစ်ခုရဲ့အိမ်အိုကြီးမှာနေပြီး ပန်းချီဆွဲရင်း အချိန်ကုန်ဆုံးနေခဲ့တာပါ။စျာပနအခမ်းအနားမှာ လင်း နဲ့ဆုံတွေ့ပြီးနောက် ဟမ်ဟာ သူမရဲ့နေရာကို အလည်လိုက်ဖို့ လင်းကို တောင်းဆိုခဲ့ပါတယ်။ဒီလိုနဲ့ လင်းက နှစ်ပေါင်းများစွာ သရဲခြောက်နေတဲ့မူအွိုင်ရဲ့ပုံတူပန်းချီနဲ့ ကျိန်စာကို ရှာဖွေတွေ့ရှိပြီးလင်းဟာ သူမရဲ့သူငယ်ချင်းကောင်လေးနဲ့ဖောက်ပြန်မိတာကို ဝန်ခံရင်း ထွက်ပြေးဖို့ကြိုးစားရာကနေသူမရဲ့သူငယ်ချင်းခန္ဓာကိုယ်ဟာ မူအွိုင်ဝင်ပူးတာခံရတာကို သိရှိခဲ့ပါတယ်။လင်းက သူမရဲ့သူငယ်ချင်းကိ ကယ်ဖို့ထွက်ပြေးမှာလား ဒါမှမဟုတ် ကျိန်ဟာနဲ့ရင်ဆိုင်ဖို့အတွက် အသက်ပေးမလားဆိုတာကို ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ဒီသရဲခြောက်တဲ့ပုံတူပန်းချီရဲ့နောက်ကွယ်က အမှောင်မိုက်ဆုံးလျှို့ဝှက်ချက်ကို ဖြည်းညှင်းစွာဖော်ထုတ်ရင်းသူမ သိရသလောက် လင်းက ကြောက်မက်ဖွယ်အကောင်းဆုံးထောင်ချောက်ထဲကို နက်ရှိုင်းစွာ ကျရောက်သွားခဲ့တော့တယ်လင်းက သူမရဲ့သူငယ်ချင်းကို ကယ်တင်နိုင်မှာလား ဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာကိုတော့ ကြည့်ရှုခံစားပေးကြပါဦး အညွှန်း နဲ့ ဘာသာပြန်ကတော့Myo Myoပဲ ဖြစ်ပါတယ်။

Girl in the Closet (2023) ⭐IMDB: 5.5/10 (339 Votes) 🎬 #Drama #TVMovie 🗓️ 2023 🎞️ Movie 📺 1080p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 27 မိနစ် 51 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Girl in the Closet (2023) “အိမ်တွင်း အကြမ်းဖက်မှု” ဆိုတာ ကြောက်စရာကောင်းပါတယ်အိမ်တွင်းအကြမ်းဖက်မှုတွေဟာ လူမဆန်တဲ့လုပ်ရပ်တွေဖြစ်ပြီးလူသားတွေဟာဒီလောက်တောင်ရက်စက်တတ်ကြပါလားဆိုတာ မေးခွန်းထုတ်စရာပါပဲ။ အိမ်တွင်းအကြမ်းဖက်မှုကျူးလွန်သူတွေဟာဆိုရင်ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်သူတွေနဲ့ ပညာတတ် နေနိုင်စားနိုင်သူတွေအများစု ဖြစ်နေကြပါတယ်။နောက်ပိုင်းမှာလဲ အိမ်တွင်းအကြမ်းဖက်မှုတွေများလာတဲ့အတွက် အိမ်တွင်းအကြမ်းဖက်မှု ကာကွယ်ရေး အဖွဲ့တွေဖွဲ့ပြီး ပညာပေးလုပ်ဆောင်နေကြရပါတယ်။ဒါဟာလူတွေရဲ့ကိုယ်ကျင့်တရားပျက်ပြားလာမှုတွေဖြစ်ပြီး တချို့တွေအတွက် တွေးတောင်မတွေးရဲလောက်တဲ့ အမှုတွေဖြစ်ပါတယ်။မြန်မာနိုင်ငံမှာလဲ နိုင်ငံခြားထွက်ပြီအလုပ်လုပ်တဲ့သူတွေ များလာတဲ့နောက် အိမ်တွင်းအကြမ်းဖက်မှုတွေကိုဘယ်လိုကာကွယ်တိုက်ဖျက်ရမလဲ ဆိုတဲ့ ကိစ္စအတွက် ကူညီပေးမဲ့အာဏာပိုင်အဖွဲ့တွေ လူမှုကူညီရေးအဖွဲ့တွေမှပညာပေး လုပ်ငန်းတွေ တိုးမြင့်လုပ်ဆောင်ပြီးနိုင်ငံတကာ မှလူမှုကူညီရေးအဖွဲ့များရဲ့ အကူညီရယူနိုင်ရန်ပညာပေးဖို့ပိုမိုလိုအပ်လာနေပါပြီ။ ယခုဒီကားလေးမှာလဲ အိမ်တွင်းအကြမ်းဖက်မှုရဲ့အကြောင်းတွေ ကလေးငယ်တွေကို ဘယ်လိုအသုံးချပြီး လုပ်စားကြလဲဆိုတာတွေလူတွေရဲ့ အမှောင်ခြမ်းကို ရှင်းရှင်းလင်းလင်း ရိုက်ပြထားတဲ့ ပညာပေးကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးက မီယာဆိုသူ မိန်းမတစ်ယောက်ဟာ အကြောင်းအမျိုးမျိုးနဲ့ ကလေးငယ်တွေကိုသွေးဆောင်ပြီး လေဝင်လေထွက်မရှိ အိမ်သာမရှိ ရေချိုးစရာမရှိ တဲ့မြေအောက်ခန်းလေးထဲမှာပိတ်လှောင်ပြီးနှိပ်စက် အစာရေစာ မကျွေး မိန်းကလေးငယ်လေးတွေကိုပြည့်တန်ဆာလုပ်ငန်းပါ အတင်းကျပ်ခိုင်းစေတဲ့ သူတစ်ယောက် ဖြစ်ပြီးအဖမ်းခံထားရတဲ့ ကလေးငယ်တွေရဲ့ဘဝကို ရိုက်ပြထားပြီး ဘယ်လိုမျိုး လွတ်မြောက်အောင် ကြိုးစားကြသလဲဆိုတာ ကြည့်ရှုလိုက်ကြပါဦး။အိမ်တွင်းအကြမ်းဖက်မှုတွေဖြစ်တဲ့ အတွက် ကလေးငယ်တွေအတွက် ကြည့်ရှုဖို့ မသင့်တော်ဘူးဆိုတာ သတိချပ်စေလိူပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့K.Heinပဲ ဖြစ်ပါတယ်။

Muoi: The Curse Returns (2022) ⭐IMDB: 5.4/10 (91 Votes) 🎬 #Drama #Horror 🗓️ 2022 🎞️ Movie 📺 1080p 🌎 #Vietnam ⏰ 1 နာရီ 35 မိနစ် 44 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Muoi : The Curse Returns (2023) လင်းက မြို့ပေါ်က ပန်းချီပြခန်းမှာ အလုပ်လုပ်ကိုင်နေတဲ့သူတစ်ယောက်ဖြစ်ပါတယ်တစ်နေ့မှာ သူမရဲ့သူငယ်ချင်းကောင်လေးဟာ ရုတ်တရက်ဆုံးသွားခဲ့လို့ စျာပနအခမ်းအနားကို တက်ရောက်တဲ့အချိန်မှာငယ်ငယ်က သူမရဲ့အချစ်ဆုံးသူငယ်ချင်း ဟမ် နဲ့ပြန်ဆုံခဲ့ပါတော့တယ်။ဟမ် က အနီးနားမှာရှိတဲ့ မြို့ဟောင်းတစ်ခုရဲ့အိမ်အိုကြီးမှာနေပြီး ပန်းချီဆွဲရင်း အချိန်ကုန်ဆုံးနေခဲ့တာပါ။စျာပနအခမ်းအနားမှာ လင်း နဲ့ဆုံတွေ့ပြီးနောက် ဟမ်ဟာ သူမရဲ့နေရာကို အလည်လိုက်ဖို့ လင်းကို တောင်းဆိုခဲ့ပါတယ်။ဒီလိုနဲ့ လင်းက နှစ်ပေါင်းများစွာ သရဲခြောက်နေတဲ့မူအွိုင်ရဲ့ပုံတူပန်းချီနဲ့ ကျိန်စာကို ရှာဖွေတွေ့ရှိပြီးလင်းဟာ သူမရဲ့သူငယ်ချင်းကောင်လေးနဲ့ဖောက်ပြန်မိတာကို ဝန်ခံရင်း ထွက်ပြေးဖို့ကြိုးစားရာကနေသူမရဲ့သူငယ်ချင်းခန္ဓာကိုယ်ဟာ မူအွိုင်ဝင်ပူးတာခံရတာကို သိရှိခဲ့ပါတယ်။လင်းက သူမရဲ့သူငယ်ချင်းကိ ကယ်ဖို့ထွက်ပြေးမှာလား ဒါမှမဟုတ် ကျိန်ဟာနဲ့ရင်ဆိုင်ဖို့အတွက် အသက်ပေးမလားဆိုတာကို ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ဒီသရဲခြောက်တဲ့ပုံတူပန်းချီရဲ့နောက်ကွယ်က အမှောင်မိုက်ဆုံးလျှို့ဝှက်ချက်ကို ဖြည်းညှင်းစွာဖော်ထုတ်ရင်းသူမ သိရသလောက် လင်းက ကြောက်မက်ဖွယ်အကောင်းဆုံးထောင်ချောက်ထဲကို နက်ရှိုင်းစွာ ကျရောက်သွားခဲ့တော့တယ်လင်းက သူမရဲ့သူငယ်ချင်းကို ကယ်တင်နိုင်မှာလား ဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာကိုတော့ ကြည့်ရှုခံစားပေးကြပါဦး အညွှန်း နဲ့ ဘာသာပြန်ကတော့Myo Myoပဲ ဖြစ်ပါတယ်။

SNAG (2023) ⭐IMDB: 4.8/10 (111 Votes) 🎬 #Action #Mystery #Thriller #Crime 🗓️ 2023 🎞️ Movie 📺 1080p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 27 မိနစ် 45 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Snag (2023) ဒီတစ်ခါတော့ ၂၀၂၃ ခုနှစ်ထွက် အက်ရှင်ဇာတ်ကြမ်းကားသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေ။ Snagဟာ ဩစတေးရီးယားလူမျိုး Assassinတစ်ဦးဖြစ်ပြီး မကောင်းမှုတွေရဲ့အဝေးမှာ သိုသိုသိပ်သိပ် ခြေရာဖျောက်နေထိုင်နေခဲ့သူပါ။ တစ်နေ့မှာတော့ သူခြေရာဖျောက်နေနေတဲ့နေရာကို မိတ်ဆွေဟောင်းတစ်ယောက်ရောက်လာပြီး သတင်းတစ်ခုကိုပါ ယူလာခဲ့ပါတယ်။အဲ့ဒီသတင်းကတော့ တစ်ချိန်ကသူချစ်ခဲ့တဲ့မိန်းကလေးဟာ မသေဆုံးသေးဘဲအသက်ရှင်နေသေးတယ်ဆိုတဲ့သတင်းဖြစ်ပြီးအဲ့ဒီမိန်းကလေးကိုလည်း Snagနဲ့ရန်ငြိုးရှိခဲ့ဖူးသူက ဖမ်းဆီးထားတယ်ဆိုတဲ့သတင်းပါ။ သတင်းကြားတာနဲ့ Snagတစ်ယောက် သူ့ချစ်သူကောင်မလေးကိုသွားကယ်ဖို့ကြိုးစားတာတွေကို ရိုက်ကူးပြထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့10 x 05ပဲ ဖြစ်ပါတယ်။

The Mother (2023) ⭐IMDB: 5.4/10 (509 Votes) 🎬 #Action #Thriller 🗓️ 2023 🎞️ Movie 📺 1080p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 58 မိနစ် 5 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Mother (2023) နက်ဖလစ်နဲ့ ဖန်စီကားလေးတွေမှန်မှန်ရိုက်နေတဲ့ ဂျေလိုတစ်ယောက် ဒီတစ်ခါတော့ အက်ရှင်ကားကိုအတည်ရိုက်လိုက်ပါပြီ။ဟာသမပါပါဘူး။ အတော်လည်းကောင်းပါတယ်။ဒါရိုက်တာကတော့ Mulan တို့ Anna with an E တို့ရဲ့ ဒါရိုက်တာ မမကြီး Niki Caro ပါပဲ။ ဇာတ်လမ်းအကျဉ်း ဇာတ်လမ်းနာမည် The mother ဆိုတဲ့အတိုင်း ဂျေလိုက ကလေးအမေပါ။ဇာတ်ကားတစ်ကားလုံးမှာ သူ့နာမည်ကို မပြောသွားပါဘူး။သူဟာ အာဖဂန်နဲ့အီရန်မှာ စနိုက်ပါအဖြစ် စစ်ဆင်ရေးတွေလုပ်ခဲ့သူဖြစ်ပြီးစစ်တပ်ကထွက်ပြီးနောက်ပိုင်းမှာ ကျူးဘားနဲ့မက္ကဆီကို လူဆိုးဂိုဏ်းတွေနဲ့ ပတ်သတ်ခဲ့ပါတယ်။ဒါပေမဲ့ ကိုယ်ဝန်ရလာပြီးမှာ သူတို့တွေကို ရဲဆီသတင်းပေးပြီး ဒီလောကထဲကနေ အလွတ်ရုန်းဖို့ ကြိုးစားခဲ့ပေမဲ့အတိတ်ရဲ့ရန်သူတော်တွေက လျို့ဝှက်ထားတဲ့ သူ့သမီးကို ရန်ပြုလာတဲ့အခါအမေကလည်း ပုန်းနေရာကနေထွက်လာပြီးတော့ ရန်သူဟောင်းအားလုံးကို ရင်ဆိုင်ရပါတော့တယ်…. အညွှန်း နဲ့ ဘာသာပြန်ကတော့Mr.Andersonပဲ ဖြစ်ပါတယ်။

Baantjer het begin (2019) ⭐IMDB: 6.8/10 (1 k Votes) 🎬 #Action #Crime #Drama #Thriller 🗓️ 2019 🎞️ Movie 📺 720p 🌎 #Netherlands ⏰ 1 နာရီ 51 မိနစ် 8 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Baantjer het begin (2019)==================IMDb Rating – 6.8/10 ဒီရုပ်ရှင်ကတော့ ၁၉၈၀ ခုနှစ် နယ်သာလန်ဘုရင်မကြီးဘီယက်ထရစ်နန်းတက်ပွဲမတိုင်ခင်ရက်ပိုင်းအနည်းငယ်အချိန်ကို ဇာတ်အိမ်တည်ထားပါတယ်။ ဒီကားရဲ့ အဓိကဇာတ်လိုက်ကျော်ကတော့ ယူရီယန်နယ်ကော့ဆိုတဲ့ ကျေးလက်ဒေသကနေမှ အမ်စတာဒမ်ကိုပြောင်းရွှေ့လာခဲ့တဲ့ စုံထောက်လေးပေါ့။ သူနဲ့အတူတူတွဲလုပ်ရတဲ့စုံထောက်ကတော့ တိုနီမွန်တိုင်းဆိုတဲ့ အမ်စတာဖွားငလည်စုံထောက်တစ်ယောက်။ ယူရီယန်တစ်ယောက် ရောက်ရောက်ချင်းမှာတင်ကိုပဲ ကံဆိုးချင်တော့ လူဆိုးလိုက်ဖမ်းရာကနေလူသေအလောင်းတစ်လောင်းကိုရှာတွေ့သွားခဲ့ပြီး၊ အဲဒီလူသေအလောင်းကနေမှ နန်းတက်ပွဲကိုဝင်တိုက်ခိုက်နိုင်မယ့် သဲလွန်စတွေကိုသိသွားခဲ့ရပါတယ်။ ဒီတော့ နန်းတက်ပွဲကို တိုက်ခိုက်ဖို့ကြံစည်နေကြတာ ဘယ်သူတွေလဲ၊ ယူရီယန်နဲ့ တိုနီတို့နှစ်ယောက် အချိန်မီတားဆီးနိုင်ကြမလား၊ တခြားသူတို့မသိကြသေးတာတွေ ဘာတွေရှိနေနိုင်သလဲဆိုတာကိုတော့ ဒီ Baantjer het begin (2019) ကားထဲမှာဆက်လက်ရှုစားကြည့်လိုက်ပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Fiona Gillen ဖြစ်ပါတယ်)

Simulant (2023) ⭐IMDB: 5.1/10 (972 Votes) 🎬 #Sci-Fi #Thriller #ScienceFiction #SciFi 🗓️ 2023 🎞️ Movie 📺 1080p 🌎 #Canada ⏰ 1 နာရီ 36 မိနစ် 21 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Simulant (2023) AI စက်ရုပ်တွေအကြောင်း ရိုက်ကူးထားတဲ့ Sci-Fi ဇာတ်ကားတစ်ကားကို တင်ဆက်ပေးပါ့မယ်။ခင်ပွန်းသေဆုံးသွားလို့ ပူဆွေးသောကရောက်နေတဲ့ Faye က သူ့ယောက်ျား Evan နဲ့ ပုံစံတူတဲ့ အသွင်တုစက်ရုပ်တစ်ရုပ်ကို ဖန်တီးခဲ့ပြီးတော့မှသူ့ယောက်ျားမဟုတ်တဲ့အတွက် စက်ရုပ်ကို ပြန်ပိတ်ချဖို့ စိတ်ကူးနေပါတယ်။တစ်ဖက်မှာတော့ စက်ရုပ်တွေရဲ့ အခွင့်အရေးအတွက် စက်ရုပ်တွေကို လွတ်မြောက်ဖို့ လုပ်ပေးနေတဲ့ Casey ကိုစက်ရုပ်ထိန်းသိမ်းရေးအဖွဲ့ AICE က လိုက်ဖမ်းနေပါတယ်။AICE အဖွဲ့ က အေးဂျင့် Kessler ကလည်း စက်ရုပ်ရဲ့ပေါ့ဆမှုကြောင့် သူ့ကလေးသေဆုံးရတယ်ဆိုပြီး နာကျင်နေတဲ့သူပါ။Casey နဲ့ Evan တို့ တွေ့သွားကြပြီး စက်ရုပ်တွေကို လွတ်မြောက်အောင် ဘယ်လိုလုပ်ကြမလဲ၊အေးဂျင့် Kessler က သူတို့ကို ဖမ်းဆီးနိုင်သွားမှာလားဆိုတာကို ဇာတ်ကားထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ပါ။စက်ရုပ်တွေလည်း လူသားတွေလို ခံစားတတ်တယ်၊ ချစ်တတ်တယ်၊လူသားတွေနဲ့ အတူနေထိုင်လို့ရတယ်ဆိုတာကို စက်ရုပ်နဲ့ လူသားကြားထဲက အချစ်ဇာတ်လမ်းလေး တစ်ပုဒ်နဲ့လည်း ပုံဖော်ထားပါသေးတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။

Baantjer het begin (2019) ⭐IMDB: 6.8/10 (1 k Votes) 🎬 #Action #Crime #Drama #Thriller 🗓️ 2019 🎞️ Movie 📺 1080p 🌎 #Netherlands ⏰ 1 နာရီ 51 မိနစ် 8 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Baantjer het begin (2019)==================IMDb Rating – 6.8/10 ဒီရုပ်ရှင်ကတော့ ၁၉၈၀ ခုနှစ် နယ်သာလန်ဘုရင်မကြီးဘီယက်ထရစ်နန်းတက်ပွဲမတိုင်ခင်ရက်ပိုင်းအနည်းငယ်အချိန်ကို ဇာတ်အိမ်တည်ထားပါတယ်။ ဒီကားရဲ့ အဓိကဇာတ်လိုက်ကျော်ကတော့ ယူရီယန်နယ်ကော့ဆိုတဲ့ ကျေးလက်ဒေသကနေမှ အမ်စတာဒမ်ကိုပြောင်းရွှေ့လာခဲ့တဲ့ စုံထောက်လေးပေါ့။ သူနဲ့အတူတူတွဲလုပ်ရတဲ့စုံထောက်ကတော့ တိုနီမွန်တိုင်းဆိုတဲ့ အမ်စတာဖွားငလည်စုံထောက်တစ်ယောက်။ ယူရီယန်တစ်ယောက် ရောက်ရောက်ချင်းမှာတင်ကိုပဲ ကံဆိုးချင်တော့ လူဆိုးလိုက်ဖမ်းရာကနေလူသေအလောင်းတစ်လောင်းကိုရှာတွေ့သွားခဲ့ပြီး၊ အဲဒီလူသေအလောင်းကနေမှ နန်းတက်ပွဲကိုဝင်တိုက်ခိုက်နိုင်မယ့် သဲလွန်စတွေကိုသိသွားခဲ့ရပါတယ်။ ဒီတော့ နန်းတက်ပွဲကို တိုက်ခိုက်ဖို့ကြံစည်နေကြတာ ဘယ်သူတွေလဲ၊ ယူရီယန်နဲ့ တိုနီတို့နှစ်ယောက် အချိန်မီတားဆီးနိုင်ကြမလား၊ တခြားသူတို့မသိကြသေးတာတွေ ဘာတွေရှိနေနိုင်သလဲဆိုတာကိုတော့ ဒီ Baantjer het begin (2019) ကားထဲမှာဆက်လက်ရှုစားကြည့်လိုက်ပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Fiona Gillen ဖြစ်ပါတယ်)