ru
Feedback

Не попадитесь на канал ботавода! Telemetrio находит и помечает такие каналы 👉 Хотите видеть метку — оформите подписку

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Закрытый канал

🚩 Channel was restricted by Telegram

Больше
Нет данных
Подписчики
-524 часа
-47 дней
+730 дней
Архив постов
Sindhooram (2023) ⭐IMDB: 7.7/10 (2 k Votes) 🎬 #Bollywood #Drama #Thriller #Action 🗓️ 2023 🎞️ Movie 📺 720p 🌎 #India ⏰ 2 နာရီ 13 မိနစ် 58 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Sindhooram(2023) IMDb-7.8/10 ဇာတ်လမ်းအညွှန်း နက်ဇယ်အဖွဲ့တွေနဲ့ ဒေသအာဏာပိုင်တွေ တင်းမာမှုအခက်အခဲတွေရှိနေတဲ့အချိန်လယ်ယာလုပ်ငန်းလုပ်ကိုင်သူလယ်သမားတွေဟာ ကိုယ့်လယ်မှာကိုအလုပ်သမားလိုပြန်လုပ်နေရပြီး လုပ်ခလစာရတာလည်း အရမ်းကိုနည်းပါးကြတယ် ဒီလိုအခက်အခဲဝင်ငွေနည်းမှုတွေနဲ့ လယ်သမားတွေဟာလယ်ထဲမဆင်းနိုင်ခက်ခဲပင်ပန်းပြီးအသက်ဆုံးတာတွေပါရှိလာကြတယ် ဒီချိန်မှာ MROအဖြစ်အသစ်ခန့်လိုက်တဲ့ ရှရီရာကကျေးရွာကိုရောက်လာပြီး လယ်သမားတွေအတွက် ရပ်တည်ဖြေရှင်းပါတော့တယ် ဒေသခံအာဏာပိုင်တွေနဲ့ အပြိုင်ချဲရမယ့်အသစ်ခန့်အမျိုးသမီးငယ်တစ်ယောက် ၊ဒေသခံလယ်သမားတွေဘဝ နဲ့ နက်ဇယ်အဖွဲ့တွေရဲ့အကြောင်း ရှုထောင့်လေးမျိုးကနေ ကြည့်ရှူရမယ့်ကားဖြစ်ပါတယ်

My Dinner with Andre (1981) ⭐IMDB: 7.7/10 (23 k Votes) 🎬 #Comedy #Drama 🗓️ 1981 🎞️ Movie 📺 720p 🌎 #UnitedStates ⏰ 1 နာရီ 52 မိနစ် 36 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 My Dinner with Andre (1981) ~ IMDb – 7.7/10, Rotten Tomatoes – 92% ~ ဒီဇာတ်ကားအကြောင်းပြောမယ်ဆိုရင် ပါတဲ့လူ ၂ ယောက်အကြောင်းက စပြောရပါလိမ့်မယ်။ အမေရိကန် ပြဇာတ်ရေးဆရာ Wallace Shawn နဲ့ ပြင်သစ်-အမေရိကန် ပြဇာတ်ဒါရိုက်တာ Andre Gregory တို့ပေါ့။ ဇာတ်လမ်းထဲမှာလည်း သူတို့နာမည်ရင်းပဲသုံးထားတယ်။ ဒီဇာတ်ကားရိုက်ဖြစ်မယ့်အချိန်တုန်းက Andre ဟာ နှစ်နဲ့ချီခရီးတွေထွက်နေခဲ့လို့ အနုပညာကိစ္စတွေနဲ့ဝေးနေတဲ့အချိန်… အဲဒီမှာသူ့လုပ်ဖော်ကိုင်ဖက်ဟောင်း Wallace Shawn ကိုဆက်သွယ်ပြီး အနုပညာနဲ့ပတ်သက်တဲ့တစ်ခုခုလုပ်ကြဖို့ ပြောခဲ့တယ် (အဲဒီလိုဆက်သွယ်လာတာကို ရုပ်ရှင်ထဲမှာတော့ ညစာစားဖို့ဆက်သွယ်လာခဲ့ကြောင်း ထည့်ရိုက်ထားတယ်) Wallace ကလည်း လက်ခံလိုက်ပေမယ့် ဘာလုပ်ရမှန်းသိခဲ့တာမဟုတ်ဘူး။ သူတစ်ခုသိတာက Andre အနေနဲ့ သူတို့ချင်းမတွေ့ရတဲ့အတောအတွင်းက ဇာတ်ကြောင်းတွေပြန်ပြောပြချင်မယ်ဆိုတာပဲ။ အဲဒါကို တည်ပြီး မိတ်ဆွေနှစ်ယောက် ညစာစားရင်း စကားပြောကြတဲ့ပုံစံမျိုးနဲ့ ရုပ်ရှင်ရိုက်တယ်။ သူတို့နှစ်ယောက်ပဲ ဇာတ်ညွှန်းရေးတယ်။ ဒါရိုက်တာက Louis Malle… 1950 ‌ဝန်းကျင် ပြင်သစ်ရုပ်ရှင်လောက‌အကြောင်းပြောရင် မပြောမဖြစ်ထည့်ပြောရမယ့်၊ ဗင်းနစ်ရုပ်ရှင်ပွဲတော်ရဲ့ ရွှေခြင်္သေ့ဆုကို နှစ်ကြိမ်ရထားတဲ့ ဒါရိုက်တာတစ်ယောက်။ ရိုက်ပုံရိုက်ကွက်တွေက ‌Reality ဆန်တယ်၊ တချိန်တည်းမှာပဲ အနုပညာမြောက်တယ်။ ဒီရုပ်ရှင်က အခုအချိန်ထိ ရုပ်ရှင်လောကမှာလွှမ်းမိုးမှုကြီးနေသေးတာကလည်း သူရိုက်ကူးခဲ့တာကြောင့် တစ်စိတ်တစ်ပိုင်းပါပါလိမ့်မယ်။ ဇာတ်လမ်းအကြောင်းအရာအရဆိုရင် ဒီဇာတ်ကားက ရိုးလည်းရိုး ဆန်းလည်းဆန်း လန်းလည်းလန်း လို့ပြောလို့ရတယ်။ ဇာတ်လမ်းအစမှာတော့ ကိုယ့်ဘဝကိုယ်မကျေမနပ်ဖြစ်နေပြီး ပုံစံခွက်တစ်ခုထဲ ပိတ်မိနေတဲ့ ဝေါလေ့စ် တစ်ယောက် ညစာစားဖို့ အန်ဒရေ ဆီ သွားရာကစထားတယ်။ လမ်းမှာလည်းသူ့ဘဝသူ ငြီးတွားရင်းပေါ့။ စားသောက်ဆိုင်ကို အန်ဒရေရောက်လာတော့ အန်ဒရေက သူပျောက်နေတဲ့အတောအတွင်းအဖြစ်အပျက်တွေကို ရေပက်မဝင်ပြောတော့တာပဲ။ သူ ပိုလန်က တောထဲရောက်သွားပြီး စိတ်လိုလက်ရ စိတ်ထဲရှိတဲ့အတိုင်းလုပ်ခဲ့တဲ့အကြောင်းတွေ…ဆာဟာရထဲသွားပြီး ဘုန်းကြီးတစ်ပါးနဲ့ ပြဇာတ်ရိုက်ဖို့လုပ်ခဲ့ပုံတွေ…စကော့တလန်က ဖင်းန်ဟွန်းဆိုတဲ့အဖွဲ့ဆီသွားခဲ့ပုံတွေ…ဟောလိုးဝင်းမှာအရှင်လတ်လတ် မြေမြုပ်ခံခဲ့ပုံတွေပေါ့။ အဲဒီနေရာတွေကို အန်ဒရေ သွားခဲ့ရတာကလည်း သူ့အနေနဲ့ သူနေထိုင်နေရတဲ့ဘောင်လေးထဲကနေရုန်းထွက်ပြီး တကယ့် လူစစ်စစ်ဖြစ်ဖို့၊ လူလူချင်းအမှန်တကယ်ဆက်နွယ်မိဖို့နဲ့ ပကတိတရားနဲ့ ထိတွေ့ဖို့ အတွက်ဆိုပြီး အကြောင်းပြချက်ပေးတယ်။လူစစ်စစ်ဖြစ်ဖို့ဘာတွေလိုလဲ…လူတွေဟာ အခုလို စက်ရုပ်ကြီးအတိုင်း ကိုယ်လုပ်နေကျကိစ္စတွေကို လုပ်‌ရင်းပဲ သေဆုံးသွားရမှာလား…ပကတိတရား သဘာဝတရားကြီးနဲ့ထိတွေ့မှုရှိမှ လူစစ်စစ်ဖြစ်နိုင်မယ့်အကြောင်းကိုပြောတယ်။ ဝေါလေ့စ်ကတော့ သူ့အမြင်တွေကို သိပ်သဘောမတူဘူး။ လူတိုင်းဟာ ပကတိတရားနဲ့ထိတွေ့ဖို့ အဲဒီလောက်မလုပ်နိုင်ဘူးလို့သူယုံတယ်။ သူ့အမြင်တွေကို သူ လျှပ်စစ်စောင်လေးကိုကြိုက်ပုံ၊ ကော်ဖီအသင့်ဖြစ်နေတာလေးကို ကျေနပ်ပုံတွေနဲ့ ပြန်ရှင်းပြတယ်။အဲဒီလို သူတို့ရဲ့ရှုထောင့်ကိုယ်စီကနေ အဲဒီခေတ်နဲ့ အခုခေတ်လူတွေကြုံတွေ့နေရတဲ့ လစ်ဟာမှုကို အဓိပ္ပာယ်ဖွင့် ဖြေရှင်းချက်ထုတ်ဖို့ကြိုးစားကြတာပေါ့။ စကားလေးတွေ‌ပဲပြောပေမဲ့ ကြည့်နေတဲ့သူက ပုံရိပ်တွေတစ်ကွက်ပြီးတစ်ကွက် ကြည့်နေရသလိုခံစားရတယ်။ လူလူချင်း လက်တွေ့ဆက်နွယ်‌မှုပျောက်နေတဲ့အကြောင်း၊ လူတိုင်းဟာ ကိုယ်ပိုင်စိတ်ကူးယဉ်ကမ္ဘာထဲ နေထိုင်နေတဲ့အကြောင်းတွေ ပြောတဲ့အခါ ကိုယ့်အဖြစ်တွေနဲ့ပါ တိုက်ဆိုင်ဆက်စပ်ကြည့်ရင်း ကိုယ့်ရဲ့လောကအပေါ် ရှုမြင်ပုံတွေပါ တစ်မျိုးလေးပြောင်းသွားနိုင်မယ်လို့ယုံပါတယ်။ ဒီထဲမှာ မင်းသားချောချောလေးမပါဘူး။ မင်းသမီးချောချောလေးလည်းမပါဘူး။ ဗီလိန်ကြီးလည်း မပါသလို စားပွဲထိုးတစ်ယောက်ကလွဲလို့ တခြား ဇာတ်ပို့ဇာတ်ရံတွေလည်းမပါဘူး။ ပျင်းစရာကြီးနေမှာပေါ့ လို့ထင်နေပြီဆိုရင်တော့ “သားကြီးမင်းမှားမယ်နော်” လို့ပဲ ပြောချင်ပါတယ်။ ဒီဇာတ်ကားက ကြည့်‌နေရင်း ဪ ဒီလိုပါလားလို့ ဒဲ့ဒိုးသိလာတာမဟုတ်ဘဲ ကိုယ့်စိတ်ထဲကနေ တစ်ခုခုကို နားလည်လာသလို ခံစားချက်မျိုးပေးနိုင်တဲ့ကားမျိုး။အနုပညာဆိုတာ ဒါပါပဲ… ရုပ်ရှင်တစ်ကားလုံး စကားလေးပြောရင်း ကားချပ်တစ်ခုကိုခြယ်သွားတယ်၊ မယ်လိုဒီ တစ်ပုဒ်ကို စပ်သွားတယ်၊ ပေလိပ်တစ်ခုကိုလှစ်သွားတယ်၊ ပုခုံးပေါ်ကဝန်ထုပ်တွေကို ဘယ်လိုပစ်ချရမလဲ အရိပ်အမြွက်လေးပြသွားတယ်၊ ဖြစ်တည်မှုကို မေးခွန်းထုတ်သွားတယ်၊ မမြဲခြင်းတရားကို မမေ့ဖို့သတိပေးသွားတယ်။ ဒီလိုရသပေါင်းစုံကို ဖန်သားပြင်က ကြည့်နေတဲ့လူတစ်ယောက်ရဲ့ မသိစိတ်ထဲနစ်ဝင်အောင်ရိုက်ပြသွားနိုင်တာကတော့ ဒီရုပ်ရှင်ရဲ့ လေးစားစရာတ

Sindhooram (2023) ⭐IMDB: 7.7/10 (2 k Votes) 🎬 #Bollywood #Drama #Thriller #Action 🗓️ 2023 🎞️ Movie 📺 1080p 🌎 #India ⏰ 2 နာရီ 13 မိနစ် 58 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Sindhooram(2023) IMDb-7.8/10 ဇာတ်လမ်းအညွှန်း နက်ဇယ်အဖွဲ့တွေနဲ့ ဒေသအာဏာပိုင်တွေ တင်းမာမှုအခက်အခဲတွေရှိနေတဲ့အချိန်လယ်ယာလုပ်ငန်းလုပ်ကိုင်သူလယ်သမားတွေဟာ ကိုယ့်လယ်မှာကိုအလုပ်သမားလိုပြန်လုပ်နေရပြီး လုပ်ခလစာရတာလည်း အရမ်းကိုနည်းပါးကြတယ် ဒီလိုအခက်အခဲဝင်ငွေနည်းမှုတွေနဲ့ လယ်သမားတွေဟာလယ်ထဲမဆင်းနိုင်ခက်ခဲပင်ပန်းပြီးအသက်ဆုံးတာတွေပါရှိလာကြတယ် ဒီချိန်မှာ MROအဖြစ်အသစ်ခန့်လိုက်တဲ့ ရှရီရာကကျေးရွာကိုရောက်လာပြီး လယ်သမားတွေအတွက် ရပ်တည်ဖြေရှင်းပါတော့တယ် ဒေသခံအာဏာပိုင်တွေနဲ့ အပြိုင်ချဲရမယ့်အသစ်ခန့်အမျိုးသမီးငယ်တစ်ယောက် ၊ဒေသခံလယ်သမားတွေဘဝ နဲ့ နက်ဇယ်အဖွဲ့တွေရဲ့အကြောင်း ရှုထောင့်လေးမျိုးကနေ ကြည့်ရှူရမယ့်ကားဖြစ်ပါတယ်

My Dinner with Andre (1981) ⭐IMDB: 7.7/10 (23 k Votes) 🎬 #Comedy #Drama 🗓️ 1981 🎞️ Movie 📺 1080p 🌎 #UnitedStates ⏰ 1 နာရီ 52 မိနစ် 36 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 My Dinner with Andre (1981) ~ IMDb – 7.7/10, Rotten Tomatoes – 92% ~ ဒီဇာတ်ကားအကြောင်းပြောမယ်ဆိုရင် ပါတဲ့လူ ၂ ယောက်အကြောင်းက စပြောရပါလိမ့်မယ်။ အမေရိကန် ပြဇာတ်ရေးဆရာ Wallace Shawn နဲ့ ပြင်သစ်-အမေရိကန် ပြဇာတ်ဒါရိုက်တာ Andre Gregory တို့ပေါ့။ ဇာတ်လမ်းထဲမှာလည်း သူတို့နာမည်ရင်းပဲသုံးထားတယ်။ ဒီဇာတ်ကားရိုက်ဖြစ်မယ့်အချိန်တုန်းက Andre ဟာ နှစ်နဲ့ချီခရီးတွေထွက်နေခဲ့လို့ အနုပညာကိစ္စတွေနဲ့ဝေးနေတဲ့အချိန်… အဲဒီမှာသူ့လုပ်ဖော်ကိုင်ဖက်ဟောင်း Wallace Shawn ကိုဆက်သွယ်ပြီး အနုပညာနဲ့ပတ်သက်တဲ့တစ်ခုခုလုပ်ကြဖို့ ပြောခဲ့တယ် (အဲဒီလိုဆက်သွယ်လာတာကို ရုပ်ရှင်ထဲမှာတော့ ညစာစားဖို့ဆက်သွယ်လာခဲ့ကြောင်း ထည့်ရိုက်ထားတယ်) Wallace ကလည်း လက်ခံလိုက်ပေမယ့် ဘာလုပ်ရမှန်းသိခဲ့တာမဟုတ်ဘူး။ သူတစ်ခုသိတာက Andre အနေနဲ့ သူတို့ချင်းမတွေ့ရတဲ့အတောအတွင်းက ဇာတ်ကြောင်းတွေပြန်ပြောပြချင်မယ်ဆိုတာပဲ။ အဲဒါကို တည်ပြီး မိတ်ဆွေနှစ်ယောက် ညစာစားရင်း စကားပြောကြတဲ့ပုံစံမျိုးနဲ့ ရုပ်ရှင်ရိုက်တယ်။ သူတို့နှစ်ယောက်ပဲ ဇာတ်ညွှန်းရေးတယ်။ ဒါရိုက်တာက Louis Malle… 1950 ‌ဝန်းကျင် ပြင်သစ်ရုပ်ရှင်လောက‌အကြောင်းပြောရင် မပြောမဖြစ်ထည့်ပြောရမယ့်၊ ဗင်းနစ်ရုပ်ရှင်ပွဲတော်ရဲ့ ရွှေခြင်္သေ့ဆုကို နှစ်ကြိမ်ရထားတဲ့ ဒါရိုက်တာတစ်ယောက်။ ရိုက်ပုံရိုက်ကွက်တွေက ‌Reality ဆန်တယ်၊ တချိန်တည်းမှာပဲ အနုပညာမြောက်တယ်။ ဒီရုပ်ရှင်က အခုအချိန်ထိ ရုပ်ရှင်လောကမှာလွှမ်းမိုးမှုကြီးနေသေးတာကလည်း သူရိုက်ကူးခဲ့တာကြောင့် တစ်စိတ်တစ်ပိုင်းပါပါလိမ့်မယ်။ ဇာတ်လမ်းအကြောင်းအရာအရဆိုရင် ဒီဇာတ်ကားက ရိုးလည်းရိုး ဆန်းလည်းဆန်း လန်းလည်းလန်း လို့ပြောလို့ရတယ်။ ဇာတ်လမ်းအစမှာတော့ ကိုယ့်ဘဝကိုယ်မကျေမနပ်ဖြစ်နေပြီး ပုံစံခွက်တစ်ခုထဲ ပိတ်မိနေတဲ့ ဝေါလေ့စ် တစ်ယောက် ညစာစားဖို့ အန်ဒရေ ဆီ သွားရာကစထားတယ်။ လမ်းမှာလည်းသူ့ဘဝသူ ငြီးတွားရင်းပေါ့။ စားသောက်ဆိုင်ကို အန်ဒရေရောက်လာတော့ အန်ဒရေက သူပျောက်နေတဲ့အတောအတွင်းအဖြစ်အပျက်တွေကို ရေပက်မဝင်ပြောတော့တာပဲ။ သူ ပိုလန်က တောထဲရောက်သွားပြီး စိတ်လိုလက်ရ စိတ်ထဲရှိတဲ့အတိုင်းလုပ်ခဲ့တဲ့အကြောင်းတွေ…ဆာဟာရထဲသွားပြီး ဘုန်းကြီးတစ်ပါးနဲ့ ပြဇာတ်ရိုက်ဖို့လုပ်ခဲ့ပုံတွေ…စကော့တလန်က ဖင်းန်ဟွန်းဆိုတဲ့အဖွဲ့ဆီသွားခဲ့ပုံတွေ…ဟောလိုးဝင်းမှာအရှင်လတ်လတ် မြေမြုပ်ခံခဲ့ပုံတွေပေါ့။ အဲဒီနေရာတွေကို အန်ဒရေ သွားခဲ့ရတာကလည်း သူ့အနေနဲ့ သူနေထိုင်နေရတဲ့ဘောင်လေးထဲကနေရုန်းထွက်ပြီး တကယ့် လူစစ်စစ်ဖြစ်ဖို့၊ လူလူချင်းအမှန်တကယ်ဆက်နွယ်မိဖို့နဲ့ ပကတိတရားနဲ့ ထိတွေ့ဖို့ အတွက်ဆိုပြီး အကြောင်းပြချက်ပေးတယ်။လူစစ်စစ်ဖြစ်ဖို့ဘာတွေလိုလဲ…လူတွေဟာ အခုလို စက်ရုပ်ကြီးအတိုင်း ကိုယ်လုပ်နေကျကိစ္စတွေကို လုပ်‌ရင်းပဲ သေဆုံးသွားရမှာလား…ပကတိတရား သဘာဝတရားကြီးနဲ့ထိတွေ့မှုရှိမှ လူစစ်စစ်ဖြစ်နိုင်မယ့်အကြောင်းကိုပြောတယ်။ ဝေါလေ့စ်ကတော့ သူ့အမြင်တွေကို သိပ်သဘောမတူဘူး။ လူတိုင်းဟာ ပကတိတရားနဲ့ထိတွေ့ဖို့ အဲဒီလောက်မလုပ်နိုင်ဘူးလို့သူယုံတယ်။ သူ့အမြင်တွေကို သူ လျှပ်စစ်စောင်လေးကိုကြိုက်ပုံ၊ ကော်ဖီအသင့်ဖြစ်နေတာလေးကို ကျေနပ်ပုံတွေနဲ့ ပြန်ရှင်းပြတယ်။အဲဒီလို သူတို့ရဲ့ရှုထောင့်ကိုယ်စီကနေ အဲဒီခေတ်နဲ့ အခုခေတ်လူတွေကြုံတွေ့နေရတဲ့ လစ်ဟာမှုကို အဓိပ္ပာယ်ဖွင့် ဖြေရှင်းချက်ထုတ်ဖို့ကြိုးစားကြတာပေါ့။ စကားလေးတွေ‌ပဲပြောပေမဲ့ ကြည့်နေတဲ့သူက ပုံရိပ်တွေတစ်ကွက်ပြီးတစ်ကွက် ကြည့်နေရသလိုခံစားရတယ်။ လူလူချင်း လက်တွေ့ဆက်နွယ်‌မှုပျောက်နေတဲ့အကြောင်း၊ လူတိုင်းဟာ ကိုယ်ပိုင်စိတ်ကူးယဉ်ကမ္ဘာထဲ နေထိုင်နေတဲ့အကြောင်းတွေ ပြောတဲ့အခါ ကိုယ့်အဖြစ်တွေနဲ့ပါ တိုက်ဆိုင်ဆက်စပ်ကြည့်ရင်း ကိုယ့်ရဲ့လောကအပေါ် ရှုမြင်ပုံတွေပါ တစ်မျိုးလေးပြောင်းသွားနိုင်မယ်လို့ယုံပါတယ်။ ဒီထဲမှာ မင်းသားချောချောလေးမပါဘူး။ မင်းသမီးချောချောလေးလည်းမပါဘူး။ ဗီလိန်ကြီးလည်း မပါသလို စားပွဲထိုးတစ်ယောက်ကလွဲလို့ တခြား ဇာတ်ပို့ဇာတ်ရံတွေလည်းမပါဘူး။ ပျင်းစရာကြီးနေမှာပေါ့ လို့ထင်နေပြီဆိုရင်တော့ “သားကြီးမင်းမှားမယ်နော်” လို့ပဲ ပြောချင်ပါတယ်။ ဒီဇာတ်ကားက ကြည့်‌နေရင်း ဪ ဒီလိုပါလားလို့ ဒဲ့ဒိုးသိလာတာမဟုတ်ဘဲ ကိုယ့်စိတ်ထဲကနေ တစ်ခုခုကို နားလည်လာသလို ခံစားချက်မျိုးပေးနိုင်တဲ့ကားမျိုး။အနုပညာဆိုတာ ဒါပါပဲ… ရုပ်ရှင်တစ်ကားလုံး စကားလေးပြောရင်း ကားချပ်တစ်ခုကိုခြယ်သွားတယ်၊ မယ်လိုဒီ တစ်ပုဒ်ကို စပ်သွားတယ်၊ ပေလိပ်တစ်ခုကိုလှစ်သွားတယ်၊ ပုခုံးပေါ်ကဝန်ထုပ်တွေကို ဘယ်လိုပစ်ချရမလဲ အရိပ်အမြွက်လေးပြသွားတယ်၊ ဖြစ်တည်မှုကို မေးခွန်းထုတ်သွားတယ်၊ မမြဲခြင်းတရားကို မမေ့ဖို့သတိပေးသွားတယ်။ ဒီလိုရသပေါင်းစုံကို ဖန်သားပြင်က ကြည့်နေတဲ့လူတစ်ယောက်ရဲ့ မသိစိတ်ထဲနစ်ဝင်အောင်ရိုက်ပြသွားနိုင်တာကတော့ ဒီရုပ်ရှင်ရဲ့ လေးစားစရာ

The Aristocats (1970) ⭐IMDB: 7.1/10 (109 k Votes) 🎬 #Adventure #Animation #Comedy #Family #Musical 🗓️ 1970 🎞️ Movie 📺 720p 🌎 #UnitedStates ⏰ 1 နာရီ 18 မိနစ် 55 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The AristoCats (1970) ~ IMDb – 7.1/10, Rotten Tomatoes – 63% ~ Disney ရဲ့ တွဲဖက်တည်ထောင်သူ Roy O. Disney မသေဆုံးခင် နောက်ဆုံးထုတ်လုပ်ခဲ့တဲ့ Animated Movie လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Disney ရဲ့ ကား 20 မြောက်ပေါ့။ ကာတွန်းကားတစ်ခုကို ပေးတဲ့ Rating ကတော့ ဒီဇာတ်ကားမှာ တအံ့တဩဖြစ်ရတယ်ဗျို့။ ဇာတ်လမ်းသွားကတော့ အဟုတ်ကြီး မဖြစ်လှပေမဲ့ Animation လက်ရာကတော့ တော်တော်လက်ရာမြောက်တယ်ဗျ။ ဇာတ်ကားနာမည်လိုပဲ ဇာတ်ကောင်ကြောင်လေးတွေရဲ့ အမူအရာဟာ သိပ်အထက်တန်းဆန်တာပဲ။ သိမ်မွေ့လှသလို မာန်ကြီးတဲ့၊ အတင်းလုပ်ယူထားရတဲ့ ယဉ်ကျေးတဲ့ဟန်အမူအရာ စကားလုံး၊ အထက်တန်းစားဖြစ်ဖို့ အထက်တန်းလွှာဟန်တွေနဲ့ အထက်တန်းစကားလုံးတွေနဲ့ အထက်တန်းစားကြောင်တွေပေါ့ဗျာ။ လမ်းဘေးကြောင်ကြီးကိုလည်း တိတိပပ ဖန်တီးထားပြန်ရောဗျို့။ ဒီဘက်ခေတ် Animated Movie တွေလို အရောင်စိုစို ပန်းချီလှလှတွေနဲ့ အဓိကဖမ်းစားတာမျိုးမဟုတ်ဘူး။ သပ်ရပ် တိကျ ဇာတ်ကောင်သရုပ်ပေါ်တဲ့ အရုပ်ရေးနည်းတွေ။ ပန်းချီကို နကန်းတစ်လုံးမှ နားမလည်တဲ့ ကျွန်တော်တောင် ဒီဘက်ခေတ်ရဲ့ ဇွတ်လှထားတဲ့ ကာတွန်းဇာတ်ကောင်တွေကြား ဒီကားထဲက သရုပ်ဖော်ပန်းချီဟာ အဆင့်မြင့်မှန်း သိနေတယ်။ အဘွားကြီးတစ်ယောက်၊ အဖော်ဆိုလို့ ကြောင်တွေပဲရှိတဲ့သူဟာ သေတမ်းစာ ချန်ခဲ့မလို့ ရှေ့နေခေါ်ပါသတဲ့။ သေတမ်းစာမှာ အမွေအားလုံးကို ကြောင်တွေအတွက် ထားခဲ့ပြီး ကြောင်တွေသေရင် လူယုံအိမ်ထိန်းကြီးဆီ ရောက်မယ်ပေါ့‌ဗျာ။ သေတမ်းစာကို အမှတ်မထင်သိလိုက်တဲ့ အိမ်တော်ထိန်းက ကြောင်တွေကိုအိပ်ဆေးခပ်၊ ပဲရစ်မြို့အပြင်ဘက် ဝေးဝေးလံလံလယ်ကွင်းတစ်ခုထဲ ပစ်ထားခဲ့သတဲ့။ အထက်တန်းစားနေခဲ့ရတဲ့ ကြောင်မလေး ဒါးချစ် နဲ့ သူ့သားသမီးသုံးကောင်တို့ ပဲရစ်မြို့ကိုဦးတည်တဲ့ အိမ်အပြန်ခရီးကြမ်းကို လမ်းဘေးကြောင်ကြီးအကူအညီနဲ့ ပြန်ကြတဲ့ဇာတ်လမ်း။ ဂီတအသားပေးရုပ်ရှင်ဖြစ်လို့ ဂီတကို အရိုးသားဆုံး ကြားရမယ်ဗျ။ ဒီဘက်ခေတ်ကားတွေလို ဘယ်သူပဲဆိုဆို အသံက နတ်စောင်းတမျှ သောက်ရမ်းကောင်းနေတဲ့ ဇွတ်ကောင်းဂီတတွေမဟုတ်ဘူး။ ကြောင်ပေါက်စတစ်ကောင် သီချင်းဆိုရင် ကြောင်ပေါက်စဆိုသလောက်ပဲ ကောင်းနိုင်မယ့် ဂီတရဲ့ရိုးသားမှု၊ လမ်းဘေးကြောင်တွေရဲ့တီးဝိုင်းက လမ်းဘေးတီးဝိုင်းလောက်ပဲ စည်းဝါးညီမယ်ဆိုတဲ့ တိပမှုကို ခံစားကြည့်ပါ လူကြီးမင်းတို့။ (ဒီဇာတ်ကားနဲ့အညွှန်းကိုArr Khun Winchesterမှ ပြန်ဆို ရေးသားထားပါတယ်)

The Aristocats (1970) ⭐IMDB: 7.1/10 (109 k Votes) 🎬 #Adventure #Animation #Comedy #Family #Musical 🗓️ 1970 🎞️ Movie 📺 1080p 🌎 #UnitedStates ⏰ 1 နာရီ 18 မိနစ် 55 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The AristoCats (1970) ~ IMDb – 7.1/10, Rotten Tomatoes – 63% ~ Disney ရဲ့ တွဲဖက်တည်ထောင်သူ Roy O. Disney မသေဆုံးခင် နောက်ဆုံးထုတ်လုပ်ခဲ့တဲ့ Animated Movie လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Disney ရဲ့ ကား 20 မြောက်ပေါ့။ ကာတွန်းကားတစ်ခုကို ပေးတဲ့ Rating ကတော့ ဒီဇာတ်ကားမှာ တအံ့တဩဖြစ်ရတယ်ဗျို့။ ဇာတ်လမ်းသွားကတော့ အဟုတ်ကြီး မဖြစ်လှပေမဲ့ Animation လက်ရာကတော့ တော်တော်လက်ရာမြောက်တယ်ဗျ။ ဇာတ်ကားနာမည်လိုပဲ ဇာတ်ကောင်ကြောင်လေးတွေရဲ့ အမူအရာဟာ သိပ်အထက်တန်းဆန်တာပဲ။ သိမ်မွေ့လှသလို မာန်ကြီးတဲ့၊ အတင်းလုပ်ယူထားရတဲ့ ယဉ်ကျေးတဲ့ဟန်အမူအရာ စကားလုံး၊ အထက်တန်းစားဖြစ်ဖို့ အထက်တန်းလွှာဟန်တွေနဲ့ အထက်တန်းစကားလုံးတွေနဲ့ အထက်တန်းစားကြောင်တွေပေါ့ဗျာ။ လမ်းဘေးကြောင်ကြီးကိုလည်း တိတိပပ ဖန်တီးထားပြန်ရောဗျို့။ ဒီဘက်ခေတ် Animated Movie တွေလို အရောင်စိုစို ပန်းချီလှလှတွေနဲ့ အဓိကဖမ်းစားတာမျိုးမဟုတ်ဘူး။ သပ်ရပ် တိကျ ဇာတ်ကောင်သရုပ်ပေါ်တဲ့ အရုပ်ရေးနည်းတွေ။ ပန်းချီကို နကန်းတစ်လုံးမှ နားမလည်တဲ့ ကျွန်တော်တောင် ဒီဘက်ခေတ်ရဲ့ ဇွတ်လှထားတဲ့ ကာတွန်းဇာတ်ကောင်တွေကြား ဒီကားထဲက သရုပ်ဖော်ပန်းချီဟာ အဆင့်မြင့်မှန်း သိနေတယ်။ အဘွားကြီးတစ်ယောက်၊ အဖော်ဆိုလို့ ကြောင်တွေပဲရှိတဲ့သူဟာ သေတမ်းစာ ချန်ခဲ့မလို့ ရှေ့နေခေါ်ပါသတဲ့။ သေတမ်းစာမှာ အမွေအားလုံးကို ကြောင်တွေအတွက် ထားခဲ့ပြီး ကြောင်တွေသေရင် လူယုံအိမ်ထိန်းကြီးဆီ ရောက်မယ်ပေါ့‌ဗျာ။ သေတမ်းစာကို အမှတ်မထင်သိလိုက်တဲ့ အိမ်တော်ထိန်းက ကြောင်တွေကိုအိပ်ဆေးခပ်၊ ပဲရစ်မြို့အပြင်ဘက် ဝေးဝေးလံလံလယ်ကွင်းတစ်ခုထဲ ပစ်ထားခဲ့သတဲ့။ အထက်တန်းစားနေခဲ့ရတဲ့ ကြောင်မလေး ဒါးချစ် နဲ့ သူ့သားသမီးသုံးကောင်တို့ ပဲရစ်မြို့ကိုဦးတည်တဲ့ အိမ်အပြန်ခရီးကြမ်းကို လမ်းဘေးကြောင်ကြီးအကူအညီနဲ့ ပြန်ကြတဲ့ဇာတ်လမ်း။ ဂီတအသားပေးရုပ်ရှင်ဖြစ်လို့ ဂီတကို အရိုးသားဆုံး ကြားရမယ်ဗျ။ ဒီဘက်ခေတ်ကားတွေလို ဘယ်သူပဲဆိုဆို အသံက နတ်စောင်းတမျှ သောက်ရမ်းကောင်းနေတဲ့ ဇွတ်ကောင်းဂီတတွေမဟုတ်ဘူး။ ကြောင်ပေါက်စတစ်ကောင် သီချင်းဆိုရင် ကြောင်ပေါက်စဆိုသလောက်ပဲ ကောင်းနိုင်မယ့် ဂီတရဲ့ရိုးသားမှု၊ လမ်းဘေးကြောင်တွေရဲ့တီးဝိုင်းက လမ်းဘေးတီးဝိုင်းလောက်ပဲ စည်းဝါးညီမယ်ဆိုတဲ့ တိပမှုကို ခံစားကြည့်ပါ လူကြီးမင်းတို့။ (ဒီဇာတ်ကားနဲ့အညွှန်းကိုArr Khun Winchesterမှ ပြန်ဆို ရေးသားထားပါတယ်)

Superman IV: The Quest for Peace (1987) ⭐IMDB: 3.7/10 (50 k Votes) 🎬 #Action #Adventure #Sci-Fi #SciFi 🗓️ 1987 🎞️ Movie 📺 720p 🌎 #UnitedKingdom #UnitedStates ⏰ 1 နာရီ 30 မိနစ် 37 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Superman IV: The Quest for Peace (1987)============================== စူပါမန်း 4 က 1980 ကျော်ကာလတွေက စူပါမန်းကားတွေရဲ့အဆုံးသတ်ဖြစ်ပါတယ်။ စူပါမန်း 2 မှာ အဖမ်းခံခဲ့ရတဲ့ လက်စ်လူသာက ထောင်ကပြန်လွတ်လာပြီး စူပါမန်းဆံချည်မျှင်ကနေDNA ယူကာ နယူးကလီးယားမန်းဆိုတဲ့ Villain ကိုတည်ထွင်လိုက်ပါတယ် ။ စူပါမန်းကို ဖျက်စီးပြီး ကမ္ဘာကိုအုပ်စိုးဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့လက်စ်လူသာတီထွင်လိုက်တဲ့ နယူးကလီးယားမန်းက နောက်ပိုင်းမှာ သူကိုယ်တိုင်မထိန်းချုပ်နိုင်တော့ဘဲ အနိုင်ယူဖြေရှင်းဖို့ကစူပါမန်းရဲ့တာ၀န်ဖြစ်လာပါတယ်။ #Christopher Reeve (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thiha Yan Naing ဖြစ်ပါတယ်)

Superman IV: The Quest for Peace (1987) ⭐IMDB: 3.7/10 (50 k Votes) 🎬 #Action #Adventure #Sci-Fi #SciFi 🗓️ 1987 🎞️ Movie 📺 1080p 🌎 #UnitedKingdom #UnitedStates ⏰ 1 နာရီ 30 မိနစ် 37 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Superman IV: The Quest for Peace (1987)============================== စူပါမန်း 4 က 1980 ကျော်ကာလတွေက စူပါမန်းကားတွေရဲ့အဆုံးသတ်ဖြစ်ပါတယ်။ စူပါမန်း 2 မှာ အဖမ်းခံခဲ့ရတဲ့ လက်စ်လူသာက ထောင်ကပြန်လွတ်လာပြီး စူပါမန်းဆံချည်မျှင်ကနေDNA ယူကာ နယူးကလီးယားမန်းဆိုတဲ့ Villain ကိုတည်ထွင်လိုက်ပါတယ် ။ စူပါမန်းကို ဖျက်စီးပြီး ကမ္ဘာကိုအုပ်စိုးဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့လက်စ်လူသာတီထွင်လိုက်တဲ့ နယူးကလီးယားမန်းက နောက်ပိုင်းမှာ သူကိုယ်တိုင်မထိန်းချုပ်နိုင်တော့ဘဲ အနိုင်ယူဖြေရှင်းဖို့ကစူပါမန်းရဲ့တာ၀န်ဖြစ်လာပါတယ်။ #Christopher Reeve (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thiha Yan Naing ဖြစ်ပါတယ်)

Picture Perfect Romance (2022) ⭐IMDB: 6.6/10 (67 Votes) 🎬 #Romance #TVMovie #Comedy 🗓️ 2022 🎞️ Movie 📺 720p 🌎 #Canada #UnitedStatesofAmerica ⏰ 1 နာရီ 32 မိနစ် 29 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Picture Perfect Romance (2022) ~ IMDb rating – 6.6/10 ~ အခုတင်ဆက်ပေးမှာကတော့ ပေါ့ပေါ့ပါးပါးကြည့်ရမယ့် လူငယ် Fancy အချစ်ဇာတ်လမ်းလေးပါ။ Main Lead နေရာမှာ​တော့ Titans စီးရီးထဲမှာ Phil ဇာတ်ကောင်နေရာကနေပါဝင်ခဲ့တဲ့ Jon McLaren နဲ့ Celeste Desjardins တို့ကပါဝင်ထားပါတယ်။ ဇိုအီဆိုတဲ့ကောင်မလေးက အချစ်ဦးနဲ့လမ်းခွဲပြီး အချိန်အကြာကြီး Single ဖြစ်နေတဲ့သူပေါ့။ မင်္ဂလာပွဲမတိုင်ခင်တစ်ပတ်အလိုမှာ ရည်းစားဟောင်းရဲ့ Ghost လုပ်သွားတာကိုခံခဲ့ရပြီးနောက်ပိုင်း ဇိုအီလည်း Trauma ရသွားပြီး သူအရမ်းချစ်တဲ့မင်္ဂလာဆောင်ဓာတ်ပုံရိုက်တဲ့အလုပ်ကိုစွန့်လွှတ်ခဲ့တယ်။ ဒီလိုနဲ့တနေ့မှာ အပန်း​ဖြေစခန်းပိုင်ရှင် အချစ်ဆုံးသူငယ်ချင်းရဲ့ မင်္ဂလာဆောင်မှာ Photographer လုပ်ပေးဖို့ဖြစ်လာတယ်။ အပန်းဖြေစခန်းကိုရောက်တဲ့အချိန်မှာ မမျှော်လင့်ဘဲ ရည်းစားဟောင်းနဲ့ပြန်တွေ့လိုက်ရတယ်။ ခပ်အေးအေးနေချင်တဲ့ဇိုအီတစ်ယောက် ရည်းစားဟောင်းရဲ့ လက်ရှိရည်းစားစပ်ဆလူးစိန်ကြောင့်လည်း အာရုံနောက်ရပြန်တယ်။ ဒီအခြေအနေကနေ ဇိုအီကိုကယ်တင်ပေးမယ့်သူကတော့ ဒေါက်တာကလာ့ခ်ဆိုတဲ့လူငယ်ဆရာဝန်လေးပေါ့… (ဒီဇာတ်ကားနဲ့အညွှန်းကိုHnin Ei Paiမှ ပြန်ဆို ရေးသားထားပါတယ်)

Picture Perfect Romance (2022) ⭐IMDB: 6.6/10 (67 Votes) 🎬 #Romance #TVMovie #Comedy 🗓️ 2022 🎞️ Movie 📺 1080p 🌎 #Canada #UnitedStatesofAmerica ⏰ 1 နာရီ 32 မိနစ် 29 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Picture Perfect Romance (2022) ~ IMDb rating – 6.6/10 ~ အခုတင်ဆက်ပေးမှာကတော့ ပေါ့ပေါ့ပါးပါးကြည့်ရမယ့် လူငယ် Fancy အချစ်ဇာတ်လမ်းလေးပါ။ Main Lead နေရာမှာ​တော့ Titans စီးရီးထဲမှာ Phil ဇာတ်ကောင်နေရာကနေပါဝင်ခဲ့တဲ့ Jon McLaren နဲ့ Celeste Desjardins တို့ကပါဝင်ထားပါတယ်။ ဇိုအီဆိုတဲ့ကောင်မလေးက အချစ်ဦးနဲ့လမ်းခွဲပြီး အချိန်အကြာကြီး Single ဖြစ်နေတဲ့သူပေါ့။ မင်္ဂလာပွဲမတိုင်ခင်တစ်ပတ်အလိုမှာ ရည်းစားဟောင်းရဲ့ Ghost လုပ်သွားတာကိုခံခဲ့ရပြီးနောက်ပိုင်း ဇိုအီလည်း Trauma ရသွားပြီး သူအရမ်းချစ်တဲ့မင်္ဂလာဆောင်ဓာတ်ပုံရိုက်တဲ့အလုပ်ကိုစွန့်လွှတ်ခဲ့တယ်။ ဒီလိုနဲ့တနေ့မှာ အပန်း​ဖြေစခန်းပိုင်ရှင် အချစ်ဆုံးသူငယ်ချင်းရဲ့ မင်္ဂလာဆောင်မှာ Photographer လုပ်ပေးဖို့ဖြစ်လာတယ်။ အပန်းဖြေစခန်းကိုရောက်တဲ့အချိန်မှာ မမျှော်လင့်ဘဲ ရည်းစားဟောင်းနဲ့ပြန်တွေ့လိုက်ရတယ်။ ခပ်အေးအေးနေချင်တဲ့ဇိုအီတစ်ယောက် ရည်းစားဟောင်းရဲ့ လက်ရှိရည်းစားစပ်ဆလူးစိန်ကြောင့်လည်း အာရုံနောက်ရပြန်တယ်။ ဒီအခြေအနေကနေ ဇိုအီကိုကယ်တင်ပေးမယ့်သူကတော့ ဒေါက်တာကလာ့ခ်ဆိုတဲ့လူငယ်ဆရာဝန်လေးပေါ့… (ဒီဇာတ်ကားနဲ့အညွှန်းကိုHnin Ei Paiမှ ပြန်ဆို ရေးသားထားပါတယ်)

Young People and Their Youth of China (2023) ⭐TMDB: 0.0% User Score 🎬 #Drama 🗓️ 2023 🎞️ Movie 📺 1080p 🌎 #China ⏰ 1 နာရီ 41 မိနစ် 54 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Exo Lay ၊Wang Yibo ၊Zhou Yu Tongတို့အဓိကသရုပ်ဆောင်ထားပြီးနာမည်ကြီးသရုပ်ဆောင်ကောင်းတွေအများကြီးအားဖြည့်ပါဝင်ထားတဲ့လူငယ်ဇာတ်လမ်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဒီရုပ်ရှင်ကို အပိုင်း(၃)ပိုင်းခွဲပြီးတင်ဆက်ထားပါတယ်။ ၁၉၃၈ခုနှစ် တရုတ်ပြည်ရဲ့အငတ်ဘေးဒုက္ခကိုဖြေရှင်းဖို့အတွက်ရာသီဥတုအလွန်အေးတဲ့မြောက်ပိုင်းခယောင်းမြေကိုထွန်ယက်ဖို့ကြိုးစားတဲ့လူငယ်လေးတွေအကြောင်း ၁၉၉၃ခုနှစ်အခြေခံထားပြီး ဂီတဆရာလေးတစ်ယောက်ဟာရွာသူရွာသားတွေကိုသီချင်းဆိုသင်ပေးရင်း ဂီတနဲ့အကကိုပေါင်းစပ်ခဲ့ပြီးဆရာနဲ့တပည့်တွေကြားကဆက်ဆံရေးကိုတက်ဆက်ပြခဲ့ပြီးဝေးလံခေါင်သီတဲ့နယ်တို့ကို ယဉ်ကျေးမှုပြန့်ပွားအောင်ကြိုးစားခဲ့ပုံ ၂၀၁၈ခုနှစ်မှာ ကွန်မြူနစ်လူငယ်အဖွဲ့အစည်းကနေပြီးဆင်းရဲတဲ့မိသားစုတွေကိုပညာရေးပံ့ပိုးမှုနဲ့ အလုပ်အကိုင်အကူအညီတွေပေးပြီး ဆင်းရဲတွင်းမှလွတ်မြောက်အောင်ကူညီပေးကြပုံစတဲ့တရုတ်လူငယ်တွေရဲ့ခေတ်အဆက်ဆက်ဆင့်ကမ်းလာတဲ့နွေးထွေးမှုနဲ့အင်အားတွေကိုတင်ဆက်ပြသွားတာပဲဖြစ်ပါတယ်

Black Knight (2023- ) ⭐⁉️ 🎬 #Action #Adventure #Sci-Fi #SciFi #Fantasy #Drama 🗓️ 2023- 🎞️ Series 📺 1080p 🌎 #SouthKorea ⏰ 48 မိနစ် 42 စက္ကန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Black Knight(2023)Black Knight(2023)****************** အပိုင်းသစ်(၅)အားလုံးစောင့်မျှော်နေကြတဲ့ Netflix Series အသစ် Black Knight ဟာဆိုရင် 2071 ခုနှစ် မှာဇာတ်အိမ်တည်ထားတာဖြစ်ပြီးလေထုအဆိပ်သင့်မှုပြင်းထန်လာတာနဲ့အညီ ကမ္ဘာကြီးမှာရှိတဲ့ လူဦးရေရဲ့ ၁% ပဲ အသက်ရှင်ကျန်တော့တဲ့ခေတ်ကာလပါ…ဒီလိုခေတ်ကာလမှာတော့ လူတွေက အိမ်ထဲကအိမ်ပြင်မထွက်ကြတော့ပါဘူး…အိမ်အပြင်ကိုထွက်ကြတာနဲ့လည်း အောက်စီဂျင် Mask တွေ တပ်ကြရတာမို့လို့ တစ်ဦးနဲ့တစ်ဦး ပေးပို့ချင်တာ စားနပ်ရိက္ခာပစ္စည်း စတာတွေကို Knight လို့ ခေါ်ကြတဲ့ Delivery သမားတွေက ပို့ပေးကြရပါတယ်….အန္တရာယ်တွေကြား သူခိုးဓါးပြတွေကြားကနေ Delivery လိုက်ပို့ပေးရတဲ့ Knight တွေထဲမှာကိုယ်ခံပညာအကျွမ်းကျင်ဆုံးနဲ့ အတော်ဆုံးကတော့ Knight 5-8 (Kim Woo Bin) ပဲဖြစ်ပါတယ်…ကမ္ဘာပျက်ကာလရဲ့ သူရဲကောင်း 5-8 နဲ့ အပြိုင်ဇာတ်လမ်းမှာပါလာမယ့် ဗီလိန်ကတော့ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ ကမ္ဘာကြီးကိုအုပ်စိုးဖို့ ကြိုးစားနေတဲ့ ဥက္ကဌကြီး Ryu Hae Jin ရဲ့ တစ်ဦးတည်းသောသား Ryu Seok ပဲဖြစ်ပါတယ်…Ryu Seok နေရာမှာတော့ နာမည်ကြီးမင်းသားကြီး Song Seung Heon က ပါဝင်သရုပ်ဆောင်ထားပြီးခေါင်းဆောင်မင်းသမီးနေရာမှာလည်း နာမည်ကြီးမင်းသမီး Esom က ပါဝင် သရုပ်ဆောင်ထားတာမို့လို့အနာဂတ်စိတ်ကူးယဉ်သိပ္ပံ အမျိုးအစားဒီဇာတ်လမ်းတွဲကတော့ ဇာတ်အိမ်ကိုပဲကြည့်ကြည့်သရုပ်‌ဆောင်တွေကိုပဲကြည့်ကြည့် အဖက်ဖက်က အရမ်းမိုက်နေပြီမို့လို့ အားလုံးလည်း၂၀၇၁ ခုနှစ် ခေတ်ပျက်ကာလကြီးမှာ ဘာတွေဖြစ်ကြမလဲဆိုတာ တူတူစောင့်ကြည့်လိုက်ကြပါ…. Episodes: 6Aired On:FridayFile Size:1GB&450MBQuality :Web-DL 1080p,720pGenres: Action, Adventure, Drama, Sci-Fi

Diamond in the Rough (2022) ⭐IMDB: 4.5/10 (157 Votes) 🎬 #Comedy #Romance 🗓️ 2022 🎞️ Movie 📺 720p 🌎 #UnitedStates ⏰ 1 နာရီ 29 မိနစ် 25 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Diamond in the Rough (2022)====================== Rom-com ကြိုက်နှစ်သက်သူများအတွက် ပေါ့ပေါ့ပါးပါးromantic comedy ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ အာရီယာနာအဲလ်ဗရက်စ်ဆိုတဲ့ ဂျစ်ကန်ကန် ကလေးမလေးက မိဘတွေဆုံးပြီးကတည်းက ဘယ်သူနဲ့မှလည်း သဟဇာတမဖြစ်၊ သူငယ်ချင်းလည်းမရှိ၊ အလုပ်လည်းမရှိနဲ့ အိမ်မှာပဲသူ့ကြောင်လေးရိုမီယိုနဲ့အတူ နေနေပါတယ်။ ဒါကိုကြည့်မနေနိုင်တဲ့ သူ့ဦးလေးက သူပိုင်တဲ့အပန်းဖြေကလပ်ကိုလာပြီးအဖွဲ့ဝင်တွေနဲ့ မိတ်ဆွေဖွဲ့ရင် အလုပ်ရှာပေးမယ်လို့ ကတိပေးလိုက်ပါတယ်။ ဒီလိုနဲ့ပဲ မသွားချင်သွားချင်နဲ့ ကလပ်ကိုရောက်သွားတဲ့ အာရီယာနာတို့ ကလပ်ရဲ့များပြားလှတဲ့ စည်းကမ်းတွေကြားမှာဘယ်လိုရုန်းကန်ရင်း သူငယ်ချင်းရှာမလဲ ။ သူငယ်ချင်းအပြင်ဘယ်သူတွေနဲ့ပါ တွေ့ရမလဲ။ IQ ကောင်းပေမဲ့ EQ မရှိတဲ့ သူက အခက်အခဲတွေကို ဘယ်လိုကျော်လွှားပြီး သူနဲ့သက်ဆိုင်တဲ့နေရာကို ရှာဖွေပုံကို ကြည့်ရှုရမှာဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို EL မှ ရေးသားပေးပြီး ဘာသာပြန်ရေးသားပေးသူများကတော့ EL, Khant Sett Naing တို့ဖြစ်ပါတယ်)

Diamond in the Rough (2022) ⭐IMDB: 4.5/10 (157 Votes) 🎬 #Comedy #Romance 🗓️ 2022 🎞️ Movie 📺 1080p 🌎 #UnitedStates ⏰ 1 နာရီ 29 မိနစ် 25 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Diamond in the Rough (2022)====================== Rom-com ကြိုက်နှစ်သက်သူများအတွက် ပေါ့ပေါ့ပါးပါးromantic comedy ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ အာရီယာနာအဲလ်ဗရက်စ်ဆိုတဲ့ ဂျစ်ကန်ကန် ကလေးမလေးက မိဘတွေဆုံးပြီးကတည်းက ဘယ်သူနဲ့မှလည်း သဟဇာတမဖြစ်၊ သူငယ်ချင်းလည်းမရှိ၊ အလုပ်လည်းမရှိနဲ့ အိမ်မှာပဲသူ့ကြောင်လေးရိုမီယိုနဲ့အတူ နေနေပါတယ်။ ဒါကိုကြည့်မနေနိုင်တဲ့ သူ့ဦးလေးက သူပိုင်တဲ့အပန်းဖြေကလပ်ကိုလာပြီးအဖွဲ့ဝင်တွေနဲ့ မိတ်ဆွေဖွဲ့ရင် အလုပ်ရှာပေးမယ်လို့ ကတိပေးလိုက်ပါတယ်။ ဒီလိုနဲ့ပဲ မသွားချင်သွားချင်နဲ့ ကလပ်ကိုရောက်သွားတဲ့ အာရီယာနာတို့ ကလပ်ရဲ့များပြားလှတဲ့ စည်းကမ်းတွေကြားမှာဘယ်လိုရုန်းကန်ရင်း သူငယ်ချင်းရှာမလဲ ။ သူငယ်ချင်းအပြင်ဘယ်သူတွေနဲ့ပါ တွေ့ရမလဲ။ IQ ကောင်းပေမဲ့ EQ မရှိတဲ့ သူက အခက်အခဲတွေကို ဘယ်လိုကျော်လွှားပြီး သူနဲ့သက်ဆိုင်တဲ့နေရာကို ရှာဖွေပုံကို ကြည့်ရှုရမှာဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို EL မှ ရေးသားပေးပြီး ဘာသာပြန်ရေးသားပေးသူများကတော့ EL, Khant Sett Naing တို့ဖြစ်ပါတယ်)

The Mother (2023) ⭐IMDB: 7.4/10 (72 Votes) 🎬 #Action #Thriller 🗓️ 2023 🎞️ Movie 📺 720p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 58 မိနစ် 5 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Mother (2023) နက်ဖလစ်နဲ့ ဖန်စီကားလေးတွေမှန်မှန်ရိုက်နေတဲ့ ဂျေလိုတစ်ယောက် ဒီတစ်ခါတော့ အက်ရှင်ကားကိုအတည်ရိုက်လိုက်ပါပြီ။ဟာသမပါပါဘူး။ အတော်လည်းကောင်းပါတယ်။ဒါရိုက်တာကတော့ Mulan တို့ Anna with an E တို့ရဲ့ ဒါရိုက်တာ မမကြီး Niki Caro ပါပဲ။ ဇာတ်လမ်းအကျဉ်း ဇာတ်လမ်းနာမည် The mother ဆိုတဲ့အတိုင်း ဂျေလိုက ကလေးအမေပါ။ဇာတ်ကားတစ်ကားလုံးမှာ သူ့နာမည်ကို မပြောသွားပါဘူး။သူဟာ အာဖဂန်နဲ့အီရန်မှာ စနိုက်ပါအဖြစ် စစ်ဆင်ရေးတွေလုပ်ခဲ့သူဖြစ်ပြီးစစ်တပ်ကထွက်ပြီးနောက်ပိုင်းမှာ ကျူးဘားနဲ့မက္ကဆီကို လူဆိုးဂိုဏ်းတွေနဲ့ ပတ်သတ်ခဲ့ပါတယ်။ဒါပေမဲ့ ကိုယ်ဝန်ရလာပြီးမှာ သူတို့တွေကို ရဲဆီသတင်းပေးပြီး ဒီလောကထဲကနေ အလွတ်ရုန်းဖို့ ကြိုးစားခဲ့ပေမဲ့အတိတ်ရဲ့ရန်သူတော်တွေက လျို့ဝှက်ထားတဲ့ သူ့သမီးကို ရန်ပြုလာတဲ့အခါအမေကလည်း ပုန်းနေရာကနေထွက်လာပြီးတော့ ရန်သူဟောင်းအားလုံးကို ရင်ဆိုင်ရပါတော့တယ်…. အညွှန်း နဲ့ ဘာသာပြန်ကတော့Mr.Andersonပဲ ဖြစ်ပါတယ်။

The Tomorrow Job (2023) ⭐TMDB: 38.0% User Score 🎬 #Action #Sci-Fi #ScienceFiction 🗓️ 2023 🎞️ Movie 📺 720p 🌎 # ⏰ 1 နာရီ 45 မိနစ် 32 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Tomorrow Job (2023)=================== အကယ်၍ ခင်ဗျားတို့သာ မနက်ဖြန်ကို အချိန်ခုန်ကူးခွင့်ရမယ်ဆိုရင် ဘယ်နှယ့်လုပ်ကြမလဲ။ ဆေးတောင့်လေးကိုသောက်လိုက်။ မနက်ဖြန်ကို တစ်နာရီတိတိအချိန်ခုန်ကူးလို့ရမယ်။ ဒါပေမဲ့ အသိစိတ်ကပဲကူးသွားမှာ။ ခန္ဓာကိုယ်မပါဘူး။ ပြောရရင် ဒီနေ့အချိန်ကခင်ဗျားက မနက်ဖြန်အချိန်က ခင်ဗျားရဲ့အသိစိတ်ထဲရောက်ပြီး အဲဒီမနက်ဖြန်အချိန်ကခင်ဗျားက ဒီနေ့အချိန်ကခင်ဗျားရဲ့ အသိစိတ်ထဲရောက်လာမယ်ပေါ့။ တစ်နာရီတိတိဖလှယ်သွားကြမယ်။စာမေးပွဲမေးခွန်းတို့ ဘာတို့ညာတို့ ကြိုမကြည့်ချင်ကြဘူးလား 😛 ။ လီ တို့အဖွဲ့ကတော့ မကောင်းမှုမှာ အသုံးချနေကြပါတယ်။လီရယ် မာတင်ရယ် ဖင်းရယ် သုံးယောက်သားဟာ မနက်ဖြန်ကိုခုန်ကူးပြီး အချက်အလက်တွေခိုးကြတဲ့အဖွဲ့ပေါ့။သူတို့ကို ခိုင်းနေတဲ့ နောက်ကွယ်က အဖွဲ့အစည်းကြီးလည်းရှိပါသေးတယ်။ အဲဒီအချိန်ကူးဆေးတောင့်တွေကို Z+လို့ခေါ်ပါတယ်။ မသုံးတတ်ရင်တော့ ရူးတဲ့အထိ ဘေးဖြစ်တတ်ပါတယ်။ တစ်နေ့ကျ သုံးယောက်သား မစ်ရှင်တစ်ခုလုပ်ရင်း မာတင်သေသွားတဲ့အချိန်ကစပြီး လီနဲ့ဖင်းတို့ ဒီအလုပ်ကိုရပ်ပစ်လိုက်ပေမဲ့ပြန်စလုပ်ဖို့ အကြောင်းဖန်လာတဲ့အခါ….။ ဒီဆေးတောင့်တွေကရောဘာလဲ။ နောက်ကွယ်ကအဖွဲ့အစည်းကရောဘာလဲ။ လီတို့တွေ ဒီမပြီးနိုင်တဲ့သံသရာကြီးကို အပြီးဖြတ်နိုင်မှာလားဆိုတာ ကြည့်ရှုခံစားလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Ngwe Zin ဖြစ်ပါတယ်)

The Tomorrow Job (2023) ⭐TMDB: 38.0% User Score 🎬 #Action #Sci-Fi #ScienceFiction 🗓️ 2023 🎞️ Movie 📺 720p 🌎 # ⏰ 1 နာရီ 45 မိနစ် 32 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Tomorrow Job (2023)=================== အကယ်၍ ခင်ဗျားတို့သာ မနက်ဖြန်ကို အချိန်ခုန်ကူးခွင့်ရမယ်ဆိုရင် ဘယ်နှယ့်လုပ်ကြမလဲ။ ဆေးတောင့်လေးကိုသောက်လိုက်။ မနက်ဖြန်ကို တစ်နာရီတိတိအချိန်ခုန်ကူးလို့ရမယ်။ ဒါပေမဲ့ အသိစိတ်ကပဲကူးသွားမှာ။ ခန္ဓာကိုယ်မပါဘူး။ ပြောရရင် ဒီနေ့အချိန်ကခင်ဗျားက မနက်ဖြန်အချိန်က ခင်ဗျားရဲ့အသိစိတ်ထဲရောက်ပြီး အဲဒီမနက်ဖြန်အချိန်ကခင်ဗျားက ဒီနေ့အချိန်ကခင်ဗျားရဲ့ အသိစိတ်ထဲရောက်လာမယ်ပေါ့။ တစ်နာရီတိတိဖလှယ်သွားကြမယ်။စာမေးပွဲမေးခွန်းတို့ ဘာတို့ညာတို့ ကြိုမကြည့်ချင်ကြဘူးလား 😛 ။ လီ တို့အဖွဲ့ကတော့ မကောင်းမှုမှာ အသုံးချနေကြပါတယ်။လီရယ် မာတင်ရယ် ဖင်းရယ် သုံးယောက်သားဟာ မနက်ဖြန်ကိုခုန်ကူးပြီး အချက်အလက်တွေခိုးကြတဲ့အဖွဲ့ပေါ့။သူတို့ကို ခိုင်းနေတဲ့ နောက်ကွယ်က အဖွဲ့အစည်းကြီးလည်းရှိပါသေးတယ်။ အဲဒီအချိန်ကူးဆေးတောင့်တွေကို Z+လို့ခေါ်ပါတယ်။ မသုံးတတ်ရင်တော့ ရူးတဲ့အထိ ဘေးဖြစ်တတ်ပါတယ်။ တစ်နေ့ကျ သုံးယောက်သား မစ်ရှင်တစ်ခုလုပ်ရင်း မာတင်သေသွားတဲ့အချိန်ကစပြီး လီနဲ့ဖင်းတို့ ဒီအလုပ်ကိုရပ်ပစ်လိုက်ပေမဲ့ပြန်စလုပ်ဖို့ အကြောင်းဖန်လာတဲ့အခါ….။ ဒီဆေးတောင့်တွေကရောဘာလဲ။ နောက်ကွယ်ကအဖွဲ့အစည်းကရောဘာလဲ။ လီတို့တွေ ဒီမပြီးနိုင်တဲ့သံသရာကြီးကို အပြီးဖြတ်နိုင်မှာလားဆိုတာ ကြည့်ရှုခံစားလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Ngwe Zin ဖြစ်ပါတယ်)

Vikram Vedha (2022) ⭐IMDB: 7.1/10 (18 k Votes) 🎬 #Action #Bollywood #Crime #Drama #Thriller 🗓️ 2022 🎞️ Movie 📺 1080p 🌎 #India ⏰ 2 နာရီ 32 မိနစ် 15 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Vikram Vedha (2022) ကဲ ဒီကားကိုတော့ ထွေထွေထူးထူး ညွှန်းနေစရာမလိုဘူးထင်ပါတယ်သူ့အရင်ထွက်ထားတဲ့ တောင်ပိုင်းကားကလည်း အတော်ပေါက်ခဲ့တာဆိုတော့…။ ဒိတ်ဒိတ်ကြဲမင်းသားကြီးတွေဖြစ်ကြတဲ့ ရီသစ်ရိုရှန်းနဲ့ ဆေ့ဖ်အလီခန်းတို့ကအဓိကပါဝင်အားပြိုင်ထားပေးကြပြီး မင်းသမီးရာဒီကားအာပ်တေးကပါဝင်သရုပ်ဆောင်ပေးထားပါတယ်… ဇာတ်လမ်းကတော့ ရဲနဲ့ ဂိုဏ်းစတားအားပြိုင်တဲ့ကား…။ ဒါပေမဲ့ ဇာတ်လမ်းလေးက ဆန်းတယ်…။ ဗစ်ကရမ်…။သူဟာ ဖြောင့်မတ်တဲ့ ရဲအရာရှိတစ်ယောက်ဖြစ်ပြီး ရာဇဝတ်သားမြင်ရင်လက်ရွံ့တွန့်ဆုတ်မနေတတ်ဘဲ လက်ရဲဇက်ရဲနိုင်တဲ့ ဌာနဆိုင်ရာအားကိုးရတဲ့ရဲတစ်ယောက်…။ ဗေဒါး…။သူဟာလည်း လက်ခနောင်းမြို့တခွင်မှာ ဒိတ်ဒိတ်ကြဲလူမိုက်ကြီးတစ်ယောက်ဖြစ်ပြီးဘယ်သူမှမော်မကြည့်ရဲကြသလို မြို့နေပြည်သူတွေရဲ့ ချစ်ခြင်းကိုခံနေရတဲ့ဂိုဏ်းစတားတစ်ယောက်…။ လက်ခနောင်းမြို့နယ်အတွင်းက ဂိုဏ်းတွေအချင်းချင်း မသင့်မြတ်ကြရင်းသတ်ဖြတ်မှုတွေဖြစ်ပေါ်လာတော့ မြို့နေပြည်သူများဟာအသက်အန္တရာယ်စိုးရိမ်နေရပါတယ်… ဒီတော့ ဒီဂိုဏ်းတွေကို ရှင်းပစ်ဖို့ ရဲဌာနကနေ အထူးတပ်ဖွဲ့တစ်ဖွဲ့ဖွဲ့စည်းလိုက်တယ်..တပ်ဖွဲ့ရဲ့တာဝန်က ဒီရာဇဝတ်သားတွေကိုလိုက်လံရှာဖွေသတ်ပစ်ဖို့ပဲ အဲ့ဒီမှာပဲ ဗစ်ကရမ်နဲ့ ဗေဒါးဟာ ထိပ်တိုက်တွေ့ရဖို့အကြောင်းဖန်လာပါတော့တယ်… ဆက်လက်ပြီး ဘယ်လိုတွေကြမ်းလာမယ့်အပြင် လှည့်ကွက်လေးတွေနဲ့ကြည့်ရဦးမှာမို့ မပျင်းရစေမှာ အမှန်ပဲဖြစ်ပါတယ်… လူအယောက် 18Kလောက်က IMDb 7.1 vote ပေးထားတာဆိုတော့ကြည့်လို့ကောင်းတဲ့ မှုခင်းအက်ရှင်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်လို့ညွှန်းပေးလိုက်ပါတယ်နော်…။

The Tomorrow Job (2023) ⭐TMDB: 38.0% User Score 🎬 #Action #Sci-Fi #ScienceFiction 🗓️ 2023 🎞️ Movie 📺 1080p 🌎 # ⏰ 1 နာရီ 45 မိနစ် 32 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Tomorrow Job (2023)=================== အကယ်၍ ခင်ဗျားတို့သာ မနက်ဖြန်ကို အချိန်ခုန်ကူးခွင့်ရမယ်ဆိုရင် ဘယ်နှယ့်လုပ်ကြမလဲ။ ဆေးတောင့်လေးကိုသောက်လိုက်။ မနက်ဖြန်ကို တစ်နာရီတိတိအချိန်ခုန်ကူးလို့ရမယ်။ ဒါပေမဲ့ အသိစိတ်ကပဲကူးသွားမှာ။ ခန္ဓာကိုယ်မပါဘူး။ ပြောရရင် ဒီနေ့အချိန်ကခင်ဗျားက မနက်ဖြန်အချိန်က ခင်ဗျားရဲ့အသိစိတ်ထဲရောက်ပြီး အဲဒီမနက်ဖြန်အချိန်ကခင်ဗျားက ဒီနေ့အချိန်ကခင်ဗျားရဲ့ အသိစိတ်ထဲရောက်လာမယ်ပေါ့။ တစ်နာရီတိတိဖလှယ်သွားကြမယ်။စာမေးပွဲမေးခွန်းတို့ ဘာတို့ညာတို့ ကြိုမကြည့်ချင်ကြဘူးလား 😛 ။ လီ တို့အဖွဲ့ကတော့ မကောင်းမှုမှာ အသုံးချနေကြပါတယ်။လီရယ် မာတင်ရယ် ဖင်းရယ် သုံးယောက်သားဟာ မနက်ဖြန်ကိုခုန်ကူးပြီး အချက်အလက်တွေခိုးကြတဲ့အဖွဲ့ပေါ့။သူတို့ကို ခိုင်းနေတဲ့ နောက်ကွယ်က အဖွဲ့အစည်းကြီးလည်းရှိပါသေးတယ်။ အဲဒီအချိန်ကူးဆေးတောင့်တွေကို Z+လို့ခေါ်ပါတယ်။ မသုံးတတ်ရင်တော့ ရူးတဲ့အထိ ဘေးဖြစ်တတ်ပါတယ်။ တစ်နေ့ကျ သုံးယောက်သား မစ်ရှင်တစ်ခုလုပ်ရင်း မာတင်သေသွားတဲ့အချိန်ကစပြီး လီနဲ့ဖင်းတို့ ဒီအလုပ်ကိုရပ်ပစ်လိုက်ပေမဲ့ပြန်စလုပ်ဖို့ အကြောင်းဖန်လာတဲ့အခါ….။ ဒီဆေးတောင့်တွေကရောဘာလဲ။ နောက်ကွယ်ကအဖွဲ့အစည်းကရောဘာလဲ။ လီတို့တွေ ဒီမပြီးနိုင်တဲ့သံသရာကြီးကို အပြီးဖြတ်နိုင်မှာလားဆိုတာ ကြည့်ရှုခံစားလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Ngwe Zin ဖြစ်ပါတယ်)

Vikram Vedha (2022) ⭐IMDB: 7.1/10 (18 k Votes) 🎬 #Action #Bollywood #Crime #Drama #Thriller 🗓️ 2022 🎞️ Movie 📺 720p 🌎 #India ⏰ 2 နာရီ 32 မိနစ် 15 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Vikram Vedha (2022) ကဲ ဒီကားကိုတော့ ထွေထွေထူးထူး ညွှန်းနေစရာမလိုဘူးထင်ပါတယ်သူ့အရင်ထွက်ထားတဲ့ တောင်ပိုင်းကားကလည်း အတော်ပေါက်ခဲ့တာဆိုတော့…။ ဒိတ်ဒိတ်ကြဲမင်းသားကြီးတွေဖြစ်ကြတဲ့ ရီသစ်ရိုရှန်းနဲ့ ဆေ့ဖ်အလီခန်းတို့ကအဓိကပါဝင်အားပြိုင်ထားပေးကြပြီး မင်းသမီးရာဒီကားအာပ်တေးကပါဝင်သရုပ်ဆောင်ပေးထားပါတယ်… ဇာတ်လမ်းကတော့ ရဲနဲ့ ဂိုဏ်းစတားအားပြိုင်တဲ့ကား…။ ဒါပေမဲ့ ဇာတ်လမ်းလေးက ဆန်းတယ်…။ ဗစ်ကရမ်…။သူဟာ ဖြောင့်မတ်တဲ့ ရဲအရာရှိတစ်ယောက်ဖြစ်ပြီး ရာဇဝတ်သားမြင်ရင်လက်ရွံ့တွန့်ဆုတ်မနေတတ်ဘဲ လက်ရဲဇက်ရဲနိုင်တဲ့ ဌာနဆိုင်ရာအားကိုးရတဲ့ရဲတစ်ယောက်…။ ဗေဒါး…။သူဟာလည်း လက်ခနောင်းမြို့တခွင်မှာ ဒိတ်ဒိတ်ကြဲလူမိုက်ကြီးတစ်ယောက်ဖြစ်ပြီးဘယ်သူမှမော်မကြည့်ရဲကြသလို မြို့နေပြည်သူတွေရဲ့ ချစ်ခြင်းကိုခံနေရတဲ့ဂိုဏ်းစတားတစ်ယောက်…။ လက်ခနောင်းမြို့နယ်အတွင်းက ဂိုဏ်းတွေအချင်းချင်း မသင့်မြတ်ကြရင်းသတ်ဖြတ်မှုတွေဖြစ်ပေါ်လာတော့ မြို့နေပြည်သူများဟာအသက်အန္တရာယ်စိုးရိမ်နေရပါတယ်… ဒီတော့ ဒီဂိုဏ်းတွေကို ရှင်းပစ်ဖို့ ရဲဌာနကနေ အထူးတပ်ဖွဲ့တစ်ဖွဲ့ဖွဲ့စည်းလိုက်တယ်..တပ်ဖွဲ့ရဲ့တာဝန်က ဒီရာဇဝတ်သားတွေကိုလိုက်လံရှာဖွေသတ်ပစ်ဖို့ပဲ အဲ့ဒီမှာပဲ ဗစ်ကရမ်နဲ့ ဗေဒါးဟာ ထိပ်တိုက်တွေ့ရဖို့အကြောင်းဖန်လာပါတော့တယ်… ဆက်လက်ပြီး ဘယ်လိုတွေကြမ်းလာမယ့်အပြင် လှည့်ကွက်လေးတွေနဲ့ကြည့်ရဦးမှာမို့ မပျင်းရစေမှာ အမှန်ပဲဖြစ်ပါတယ်… လူအယောက် 18Kလောက်က IMDb 7.1 vote ပေးထားတာဆိုတော့ကြည့်လို့ကောင်းတဲ့ မှုခင်းအက်ရှင်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်လို့ညွှန်းပေးလိုက်ပါတယ်နော်…။