ru
Feedback

Не попадитесь на канал ботавода! Telemetrio находит и помечает такие каналы 👉 Хотите видеть метку — оформите подписку

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Закрытый канал

🚩 Channel was restricted by Telegram

Больше
Нет данных
Подписчики
-524 часа
-47 дней
+730 дней
Архив постов
Everyday Relationship (2018) ⭐TMDB: 0.0% User Score 🎬 #Adult #Drama 🗓 2018 🎞 movie 🌎 # ⏰ 1 နာရီ 17 မိနစ် 1 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ********************************’ ဒီကားက ဇာတ်လမ်းတိုလေးအများကြီးကိုပေါင်းထားတဲ့ပုံစံဖြစ်ပါတယ်… ဒါ့ကြောင့်မင်းသမီးတွေအများကြီး တစ်ပြိုင်တည်း ငေးရမှာဖြစ်သလို မတူညီတဲ့အိပ်ရာခန်းများစွာကိုလည်း လေ့လာရမှာဖြစ်ပါတယ်… အကုန်လုံးလှလှပပ ပြည့်ပြည့်ဖြိုးဖြိုး ကွီးယားမလေးတွေဖြစ်လို့ လူကြီးမင်းတို့အတွက် စံချိန်မှီ ဇာတ်ကားလေးဖြစ်မှာပါ...

Nada Que Ver (2023) ⭐IMDB: 5.8/10 (132 Votes) 🎬 #Comedy #Drama #Romance 🗓 2023 🎞 movie 🌎 #Mexico ⏰ 1 နာရီ 28 မိနစ် 43 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Maxico ဇာတ်ကားလေးတစ်ကားဖြစ်တဲ့ “ဘာမှမမြင်ရဘူး” ဆိုတဲ့ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် ပိုလာ ဆိုတဲ့ သူဌေးသမီး မိန်းမချောလေးရဲ့ ရုတ်တရက်မျက်စိကွယ်သွားတာကနေစတာပေါ့နော် သူနာပြုအလုပ်နဲ့အသက်မွေးဝမ်းကြောင်းနေတဲ့ ကားလို့စ် ဟာ လောင်းကစားမက်တဲ့သူတစ်ယောက်ပေါ့ မတူညီတဲ့ ဘဝနှစ်ခုနဲ့ရှင်သန်နေကြတဲ့ သူတို့နှစ်ဦးရဲ့ တွေ့ဆုံမှုကနေ လောကကြီးကိုစိတ်ကုန်၊ ကြေကွဲအထီးကျန်ပြီး လူတွေကို ကန့်လန့်တိုက်နေတဲ့ ကောင်မလေးကို အပြန်အလှန်လေးစားမှု၊ ကိုယ့်ကိုယ်ကိုတန်ဖိုးထားတတ်ဖို့၊ လောကကြီးမှာ ပျော်ပျော်နေတတ်ဖို့ ပြုစုသင်ကြားပေးရင်နဲ့ မေတ္တာနှောင်ကြိုးလေးတွေ တွယ်ငြိသွားရတဲ့ ဇာတ်အိမ်ကလေးကို ဇာတ်လမ်းလေးထဲမှာပဲ ကြည်နူး ခံစားကြည့်လိုက်ကြပါဦးနော်……… ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ်...

Last Call for Istanbul (2023) ⭐IMDB: 5.5/10 (2 k Votes) 🎬 #Drama #Romance 🗓 2023 🎞 movie 🌎 #Turkey ⏰ 1 နာရီ 32 မိနစ် 15 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 RT 100% နဲ့ IMDb 5.6 ရထားတဲ့ Netflix အသစ်ထွက် တူရကီ အချစ်ဇာတ်ကားလေး ဖြစ်ပါတယ်။ အိမ်ထောင်ရှိတဲ့ လူနှစ်ယောက် နယူးယောက် လေဆိပ်မှာ ဆုံကြတယ်။ ကောင်မလေးရဲ့ ခရီးဆောင်အိတ်ကို တခြားသူက မှားယူးသွားလို့ ကောင်လေးက လိုက်ကူညီပေးရင်းကနေ သူတို့ဘဝအတွက် ရင်ခုန်၊ စိတ်လှုပ်ရှားစရာ၊ တစ်သက်မမေ့နိုင်စရာ ညလေးတစ်ညကို ပိုင်ဆိုင်ခဲ့ကြတယ်။ ဒါပေမဲ့ တကယ်တမ်းမှာ သူတို့ရဲ့ အိမ်ထောင်ကိုယ်စီဆိုတာ ဘာတွေလဲ။ ဇာတ်လှည့်ကွက် ကောင်းကောင်းတွေနဲ့ ရင်ခုန်စွာ ကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းလေး ဖြစ်ပါတယ်။...

Nganù (2023) ⭐TMDB: 70.0% User Score 🎬 #Drama 🗓 2023 🎞 movie 🌎 #Cameroon ⏰ 1 နာရီ 42 မိနစ် 2 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီတစ်ခေါက်မှာတော့ IMDB 6.9/10 ရရှိထားတဲ့ အသစ်ထွက် Drama ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကားနာမည်က ဂန်နူဖြစ်ပြီး ဇာတ်လမ်းကလည်း ကင်မရွန်းက ရွာလေးတစ်ရွာမှာ အချိန်ရှိတိုင်း မိန်းမကိုနှိပ်စက် လက်ပါတတ်တဲ့ ဂန်နူဆိုတဲ့ လူတစ်ယောက်ရဲ့ဘဝအချိုးအဆစ် အကြောင်းလေးပါပဲ။ နောင်တဆိုတာ နှောင်းမှ ‘တ’တယ်လို့ ဆိုကြသလို အမှားသိလို့ အမှန်ပြင်လိုက်ချိန်မှာ တစ်ချိန်က ဆိုးမိုက်ခဲ့သမျှက သင်ပုန်းချေ ကျေနိုင်ပါ့မလား။ ‘လက်ဦးဆရာမည်ထိုက်စွာ ပုဗ္ဗာစရိယ မိနဲ့ဘ’ ဆိုသလို ကလေးတစ်ယောက်ရဲ့ဘဝကို ထုဆစ်သူတွေက မွေးဖွားသူ မိဘနှစ်ဦးဆိုရင် နုနယ်တဲ့ကလေးအရွယ်မှာ အတုမြင် အတတ်သင်သလိုဖြစ်ပြီး ကြမ်းကြုတ်ရက်စက်ခြင်းကို မသင်ဘဲ တတ်မြောက်ခဲ့သူက ဂန်နူပါ။ ဒါကို တချို့က သွေးကစကားပြောတယ်လို့ ဆိုမလား၊ အဖေတူသားလို့ပဲ ခေါ်ကြလေမလား၊ ဂန်နူကတော့ ဘယ်သူ့ကိုမှဂရုမစိုက် ရက်စက်စွာ ဆိုးမိုက်တတ်သူပေါ့။ မိန်းမကို တစ်ချိန်လုံးနှိပ်စက် အားနေ ရွာကလူတွေနဲ့ ပတ်ပြီးရန်ဖြစ်နေတာကြောင့် အစိုးရက စစ်တပ်အတွက် လူသစ်စုဆောင်းရေးလုပ်တဲ့အချိန်မှာ “မင်း ဘယ်လောက်သန်မာလဲ စစ်ထဲဝင်ပြီး ပြလိုက်ပါလား”, “နိုင်ငံက မင်းရဲ့အင်အားကို လိုအပ်နေပြီ” စတဲ့ ရွာကလူတွေရဲ့ မြှောက်ပင့်စကားတွေကြောင့် ဂန်နူက စစ်သင်တန်းသွားတက်ခဲ့ပါတော့တယ်။ စစ်သင်တန်းမှာ လူသားဆန်တဲ့ လူတစ်ယောက်နဲ့ မိတ်ဆွေဖြစ်ခဲ့ရာက ဂန်နူတစ်ယောက် အပြောင်းလဲကြီး ပြောင်းလဲခဲ့ပေမဲ့ သင်တန်းပြီးလို့ ရွာကိုပြန်ရောက်ချိန်မှာ သူ့ကို ကြိုဆိုနေတဲ့အရာတွေကတော့.. (ဒီဇာတ်လမ်းရဲ့ ဇာတ်ညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ)...

Kingdom of Heaven (2005) ⭐TMDB: 69.0% User Score 🎬 #Action #Adventure #Drama #History #War 🗓 2005 🎞 movie 🌎 #Germany #Morocco #Spain #USA #UnitedKingdom #UnitedStates #Italy #France #UnitedKingdom #UnitedStatesofAmerica ⏰ 3 နာရီ 15 မိနစ် 48 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Kingdom of Heaven (2005) Director’s Cut Roadshow Version IMDb Rating (7.2) နှစ်ပေါင်း ၂၀၀ ကျော် ကြာမြင့်ခဲ့တဲ့ ခရစ်ယာန်-မူဆလင် ခရူးဆိတ်စစ်ပွဲကြီးတွေအတွင်းက ကာလ တစ်ခုကို အခြေခံထားတဲ့ နာမည်ကျော်ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ သမိုင်းရုပ်ရှင်နဲ့သိပ္ပံစိတ်ကူးယဉ်လောကရဲ့ ဆရာကြီးတစ်ပါးဖြစ်တဲ့ Sir Ridley Scott ရိုက်ကူးထားတာဖြစ်ပါတယ်။ Ridley Scott ရဲ့လက်ရာတွေကိုတော့ လူတိုင်းအနည်းဆုံး တစ်ကားလောက်တော့ ရင်းနှီးကြမှာပါ၊ Blade Runner, Alien, Gladiator, Thelma & Louise, Hannibal, Black Hawk Down, The Martian နဲ့ ယခုရုံတင်နေတဲ့ Napoleon အပါအဝင် နာမည်ကြီးရုပ်ရှင် တစ်ရာကျော်ရိုက်ခဲ့ပါတယ်။ ရုပ်ရှင်လောကမှာရတဲ့အောင်မြင်မှုကြောင့် ဆာဘွဲ့ပါ ရခဲ့တဲ့သူလည်းဖြစ်ပါတယ်။ အဓိက ဇာတ်ဆောင်အဖြစ် အော်လန်ဒိုဘလွန်း၊ အီဗာဂရင်းတို့ပါဝင်ထားပြီး မင်းသားကြီး လီယန်နီဆန်လည်း ဇာတ်ပို့အဖြစ်ပါဝင်ထားပါသေးတယ်။ဒီရုပ်ရှင်ကို ရုံတင်ဗားရှင်း(Theatrical Version)ကို လုံးဝမကြည့်သင့်ပါဘူး၊ အရေးကြီးတဲ့အချက်တွေ နေရာတွေကို ဖြတ်ပြီး တင်ခဲ့တာမို့၊ အမြတ်အစွန်းနည်းခဲ့တဲ့အပြင် အတော်လည်း အဆဲခံခဲ့ရပါတယ်။ ခရစ်ယာန်တွေကလည်းဆဲ၊ မူဆလင်တွေကလည်း ဆဲနဲ့မို့ မိုရိုကိုဘုရင်က သက်တော်စောင့် လေးယောက်စီစဉ်ပေးထားလိုက်ရပါသေးတယ်။ Director’s Cut Roadshow Version ကို ထုတ်လိုက်မှပဲ တကယ့်ရုပ်ရှင်ကောင်းဆိုတာ လက်ခံသွားကြတာပါ။ ဒါတောင် အတော်ဝေဖန်ခံရပါသေးတယ်။ သမိုင်းလောကရဲ့ အိုစမာဘင်လာဒင်လို့တောင် သမုတ်ခံရဖူးပါတယ်။ ရစ်ဒလီစကော့ကလည်း ရုံတင်ဗားရှင်းဟာ ငါ့လက်ရာမဟုတ်ဘူးလို့တောင် ကြေညာပြီးအပြီးစွန့်လွှတ်လိုက်တာပါ။ ဒါကြောင့် Director’s Cut Roadshow Version ဖြစ်တဲ့ ၃ နာရီကျော်ကြာမြင့်တဲ့ Version ကိုပဲ တင်ဆက်လိုက်ပါတယ်။ သမိုင်းနောက်ခံ ခရူးဆိတ်စစ်ပွဲ ( 1095 -1291 )(အရမ်းရှုပ်ထွေးပြီး နိုင်ငံများစွာ တိုက်ပွဲများစွာရှိလို့ ရှင်းပြဖို့မဖြစ်နိုင်ပါဘူး အကြမ်းတော့ ရေးပြထားပါတယ်) ခရူးဆိတ်စစ်ပွဲဟာ အကြိမ်များစွာဖြစ်ပွားခဲ့ပြီး ပင်မ ခရူးဆိတ်စစ်ပွဲကြီး ၈ ခုရှိခဲ့ပါတယ်။ ကမ္ဘာ့သက်တမ်းအရှည်ဆုံးမြို့ထဲက တစ်ခုဖြစ်တဲ့ အထွတ်အမြတ်မြေ Holy Land ခေါ် ဂျေရုဆလင်ကို တိုက်ခိုက်သိမ်းပိုက်တာတွေကနေ အစပြုခဲ့တာပါ။ ဂျေရုဆလင်ဟာ 3000 BCE လောက်ကတည်းက (လွန်ခဲ့သော နှစ်ပေါင်း 5000) ရှိခဲ့တာဖြစ်ပြီး ဘာသာပေါင်းစုံလူမျိုးပေါင်းစုံ သူတပြန် ကိုယ်တပြန် သိမ်းပိုက်ခဲ့ကြတာ ကြာပါပြီ။ တမန်တော် မိုဟာမက် ပေါ်ပေါက်လာပြီး ၆၂၂ ခုနှစ်နောက်ပိုင်းမှာ မူဆလင်ဘာသာရေးစစ်ပွဲတွေကနေတဆင့် နယ်မြေတွေရရှိလာခဲ့ပြီး ဂျေရုဆလင်ကိုလည်း ဘိုင်ဇန်တိုင်းခရစ်ယာန်တွေလက်ကနေ သိမ်းပိုက်ခဲ့ပါတယ်။ ဂျေရုဆလင်ကို ၆၃ ဘီစီလောက်မှာ ရောမအင်ပါယာက သိမ်းပိုက်ခဲ့ပြီး 30 A.D. လောက်မှာ ခရစ်တော်ကို ကားစင်တင်ခဲ့တာပါ၊ 614 ခုနှစ်မှာ ပါရှန်းတွေက သိမ်းပိုက်ခဲ့ပြီး 629 ခုနှစ်မှာ ဘိုင်ဇန်တိုင်းခရစ်ယာန်တွေ ပြန်သိမ်းပိုက်ခဲ့ပါတယ်။ အဲဒီကမှ မူဆလင်နိုင်ငံတွေလက်အောက်ကိုရောက်သွားခဲ့ပြီး ပထမဆုံးခရူးဆိတ်ဖြစ်တဲ့ (1096–1099) ကာလမှာ ခရစ်ယာန်တွေက သိမ်းပိုက်ထားခဲ့တာပါ။ ခရူးဆိတ်အပြီးမှာ တည်ထောက်ခဲ့တဲ့ County of Edessa ဟာ ဆီးရီးယား Zengid မင်းဆက်လက်အောက်ကို ကျသွားတဲ့နောက် ဒုတိယခရူးဆိတ် (1145–1149) စတင်ခဲ့ပြီး ဂျေရုဆလင်ကို ဆက်သိမ်းပိုက်ထားနိုင်ပေမဲ့ အခြားနယ်တွေမှာခရစ်ယာန်တွေ စစ်ရှုံးခဲ့ပါတယ်။ အဲဒီကနေ ဂျေရုဆလင်ကို အုပ်ချုပ်တဲ့ King Baldwin IV လက်ထက်မှာ ဆီးရီးယားနဲ့ အီဂျစ်ကို စည်းရုံးထားနိုင်တဲ့ ဘုရင် ဆာလာဒင်နဲ့ စစ်ပြေငြိမ်းထားပြီး ယှဉ်တွဲနေထိုင်စေခဲ့ပါတယ်။ ဒီရုပ်ရှင်က ဒီနေရာက ဆက်တာပါ။ ဘုရင် နတ်ရွာစံပြီးနောက် ဆာလာဒင်က ဂျေရုဆလင်ကို သိမ်းပိုက်တဲ့တိုက်ပွဲမှာ မြို့ကိုခုခံခဲ့တဲ့ အစ်ဘလင်မြို့စား ဘေလီရန်အကြောင်းကို ပြသထားတာဖြစ်ပါတယ်။ ဒီဇာတ်လမ်းအဆုံးမှာတော့ တတိယခရူးဆိတ် (1189–1192) ကိုစတင်ဖို့ အင်္ဂလန်၊ ပြင်သစ်၊ ဂျာမန်ဘုရင်တို့ စစ်ချီလာတဲ့သမိုင်းနဲ့ အဆုံးသတ်ပေးခဲ့တာပါ။ တတိယခရူးဆိတ်မှာ အရေးပါတဲ့မြို့တွေကို ခရစ်ယာန်တွေပြန်ရခဲ့ပြီး စစ်နိုင်တယ်လို့ ပြောလို့ရပေမဲ့ ဂျေရုဆလင်ကိုတော့ မရခဲ့ပါဘူး။ ဇာတ်လမ်းအကျဉ်း ဒုတိယခရူးဆိတ်စစ်ပွဲကာလအပြီး တတိယခရူးဆိတ်စစ်ပွဲကို စတင်စေခဲ့တဲ့ သမိုင်းနောက်ခံကို အခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ ခရူးဆိတ်သူရဲကောင်း နယ်စားကြီး ဂေါ့ဖရေးရဲ့ သားဖြစ်သူ ဘေလီရန်ဟာ ဆာရာဆန်(မူဆလင်) ဘုရင် ဆာလာဒင်လက်ထဲကို ဂျေရုဆလင်မြို့ကြီးမကျဆုံးခင် အစွမ်းကုန်ကာကွယ်ခဲ့ပြီး မြို့ကျပြီးနောက်မှာ မြို့တွင်းက လူတွေကို အသက်ရှင်လျက် ထွက်လာနိုင်အောင် လုပ်နိုင်ခဲ့တဲ့သူလည်းဖြစ်ပါတယ်။ (အသက်ရှင်လျက်ထွက်လာနိုင်အ...

Syriana (2005) ⭐TMDB: 64.0% User Score 🎬 #Drama #Thriller 🗓 2005 🎞 movie 🌎 #UnitedStatesofAmerica ⏰ 2 နာရီ 8 မိနစ် 57 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီဇာတ်ကားကတော့ အရှေ့အလယ်ပိုင်းဒေသမှာရှိတဲ့ အာရေးဗျနိုင်ငံနှင့် အီရတ်နိုင်ငံတို့ရဲ့ သဘာဝသယံဇာတဖြစ်တဲ့ ရေနံထွက်ရှိတဲ့နယ်မြေတွေကို လက်ဝါးကြီးအုပ် ပိုင်ဆိုင်ချုပ်ကိုင်နိုင်ဖို့အတွက် နိုင်ငံချင်းအားပြိုင်ရုံတင်မကဘဲ နောက်ကွယ်မှာ အမေရိကန်တို့လို အင်အားကြီးနိုင်ငံတွေပါ ကြိုးကိုင်ခြယ်လှယ်နေတယ်ဆိုတာကိုပါ ရိုက်ပြထားတာပါ ဒီဇာတ်လမ်းမှာ ပါဝင်တဲ့ဇာတ်ကောင်တွေဖြစ်တဲ့ အာရပ်တော်ဝင်စော်ဘွားတွေ၊ ရေနံတူးဖော်ရေးကုမ္ပဏီနှစ်ခု ပေါင်းစည်းနိုင်ဖို့ကြိုးပမ်းနေတဲ့ ရှေ့နေဖြစ်သူ ဘင်းနက်ဟောလီးဒေး၊ ဆွစ်ဇာလန်အခြေစိုက်စွမ်းအင်ကုမ္မဏီရဲ့ လေ့လာဆန်းစစ်ရေးပညာရှင် ဘရိုင်ယန်ဝုဒ်မန်းတို့ဟာ နောက်ကွယ်မှာပါဝင်ကြိုးကိုင်နေတဲ့ စီအိုင်အေ၊ အကျိုးအမြတ်ပဲကြည့်တဲ့ ရေနံကုမ္မဏီကြီးတွေအစရှိတဲ့ အင်းအားကြီးအစုအဖွဲ့ကြားမှာ ဘယ်လိုမြေစာပင်ဖြစ်သွားကြလဲ ဘယ်လိုနယ်ရုပ်ကလေးတွေလိုရွှေ့ခံရလဲ ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ဖွံ့ဖြိုးပြီးနိုင်ငံတွေရဲ့လွှမ်းမိုးချုပ်ကိုင်မှုက ဘယ်လောက် အင်အားကြီးလဲ၊ မဖွံ့ဖြိုးသေးတဲ့နိုင်ငံရဲ့သယံဇာတတွေကို ဘယ်လောက်နှိုက်ထုတ်ရလွယ်လဲဆိုတာကို ဗဟုသုတရဖွယ် ကြည့်ရှုခံစားရမှာဖြစ်ပြီး သမိုင်းကြောင်း၊ နိုင်ငံရေးရာစိတ်ဝင်စားတဲ့သူတွေဆို အကြိုက်တွေ့မှာအသေအချာပါပဲ။ IMDb Rating 6.9/10 ရရှိထားပြီး Tomatoes Metre မှာ Rating 73% ရရှိထားတဲ့ အတွက် တော်တော်လေးကြည့်ပျော်မဲ့ကားလေးလို့ဆိုရပါမယ်။...

Rabbit Hole (2010) ⭐TMDB: 67.0% User Score 🎬 #Drama 🗓 2010 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 31 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 အခုတစ်ခါမှာတော့ Rabbit Hole ဆိုတဲ့ Drama အမျိုးအစာဇာတ်ကားလေးတင်ဆက်ပေးချင်ပါတယ် ဒီဇာတ်ကားလေးမှာ မင်းသမီး Nicole Kidman နဲ့ The Spectacular Now ထဲကမင်းသား Miles Teller တို့ပါဝင်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းလေးကတော့ ဘက်ကာနဲ့ဟောင်ဝီတို့ဟာ ဒန်နီဆိုတဲ့သားလေးနဲ့အတူ ပျော်ရွှင်စရာမိသားစုလေးကိုပိုင်ဆိုင်ထားကြပါတယ်။ ဒါပေမဲ့ တစ်နေ့မှာ ဒန်နီလေးဟာ သူ့ရဲ့ခွေးလေးနောက်ကိုလိုက်ရင်း ကားတိုက်ခံလိုက်ရပြီး ဆုံးသွားပါတယ် အဲဒီအချိန်ကစပြီး ဘက်ကာတို့ဘဝဟာ ပျော်ရွှင်မှုမရှိ ပြောင်းလဲသွားပါတော့တယ် ဟောင်ဝီက ပူဆွေးဝမ်းနည်းမှုတွေကိုအချင်းချင်းဝေမျှတဲ့အဖွဲ့မှာ အဖွဲ့ဝင်ထားပါတယ် ဘက်ကာကတော့ အဲ့ဖွဲ့ကိုသဘောမကျလှတာကြောင့် သိပ်မလိုက်ပါဘူး ဟောင်ဝီက သူ့သားရဲ့အရင်ကဗီဒီယိုလေးတွေပြန်ကြည့်ရင်း အတိတ်မှာပဲပျော်မွေ့နေပါတယ် ဘက်ကာကတော့ အဲ့အတိတ်က ပူဆွေးမှုတွေကနေရုန်းထွက်နိုင်ဖို့​ကြိုးစားနေတာပါ တစ်နေ့ သူ့သားကိုကားနဲ့တိုက်ခဲ့တဲ့ကောင်လေး ဂျေဆန်နဲ့စကားပြောမိကြရာကနေ ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာ ခံစားကြည့်ရှုရမှာဖြစ်ပါတယ် ဘက်ကာက သူ့သားကို ကားနဲ့တိုက်မိခဲ့တဲ့ ဂျေဆန်ကို ခွင့်လွှတ်နိုင်ပါ့မလားဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ်။...

ABCD (Any Body Can Dance) (2013) ⭐IMDB: 6.3/10 (7 k Votes) 🎬 #Bollywood #Drama #Music #Romance 🗓 2013 🎞 movie 🌎 #India ⏰ 2 နာရီ 17 မိနစ် 12 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ABCD: Any Body Can Dance (2013) အိပ်မက်ဟူသည် (IMDb Rating – 6.3/10) ပထမဆုံးအကြိမ်အနေနဲ့ ၂၀၁၃ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး Netflix ကပါ ထုတ်လွှင့်ထားတဲ့ABCD: Any Body Can Dance ဇာတ်ကားကောင်းလေးကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ ” ကိုယ်နှစ်ချီလများ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရတဲ့ အိပ်မက်တစ်ခုကို ငွေအင်အားကြီးတဲ့သူတွေကဖိနှိပ်လို့ ရှုံးနိမ့်သွားတဲ့အခါမှာ လက်လျှော့လိုက်မှာလား…” ဒီကားလေးထဲမှာတော့ ဂီတသံစဉ်ကို အရူးအမူးဖြစ်ကာ လေထဲက သစ်ရွက်လေးတွေ လှုပ်ရှားတာ ငါးလေးတွေရေကူးတာ ငှက်ကလေးတွေပျံသန်းတာ ရေလေးတွေစီးဆင်းတာကအစ သံစဉ်လေးတွေနဲ့ လှုပ်ရှားကခုန်နေတယ်လို့ ခံယူထားတဲ့ ဗစ်ရှနူ။ဒီလိုအကရူးသွပ်တဲ့ဗစ်ရှနူကို JDCသူဌေးက အကနည်းပြနေရာကို လူအသစ်ကို အစားထိုးလိုက်ပါတယ်။ဒါ့အပြင် တွဲဖက်အလုပ်မလုပ်ခိုင်းဘဲ အက်မင်မန်နေဂျာရာထူးကို ပေးလိုက်တဲ့အခါမှာတော့ အလုပ်ကနေ နုတ်ထွက်ဖို့သာ အကြောင်းဖန်လာပါတော့တယ်။ ဒီလိုဆိုရင်တော့ဖြင့် ရွာကိုပြန်ပြီး ကောက်ပဲစိုက်ရင်းသေဆုံးသွားမလား အိပ်မက်တစ်ခုကြောင့် ရောက်လာတဲ့မွန်ဘိုင်းမှာပဲရည်မှန်းချက်တွေနောက်ကိုလိုက်ဖို့ ဒုတိယအခွင့်အရေးရောက်ရှိလာမလားဆိုတာကိုတော့ ဆက်လက်ကြည့်ရှူပေးကြပါဦးရှင်။ ဒီဇာတ်လမ်းလေးကိုတော့ Dee~ Aditi~ Yoon ~ KKKZ မှ ဘာသာပြန်ဆိုပြီး အညွှန်းရေးပေးထားပါတယ်။ ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...

Street Dancer 3D (2020) ⭐IMDB: 3.7/10 (8 k Votes) 🎬 #Bollywood #Drama #Music 🗓 2020 🎞 movie 🌎 #India #UnitedKingdom ⏰ 2 နာရီ 21 မိနစ် 56 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 (Unicode) အခုတစ်ခေါက်ညွှန်းပေးချင်တဲ့ ဇာတ်ကားလေးကတော့ . . .ဟင်ဒီစကားပြောဇာတ်ကားတစ်ကားဖြစ်ပီး . . .လူငယ်တွေ အကပြိုင်ပွဲမှာ နိုင်ငံချစ်တဲ့စိတ် ၊နိုင်လိုစိတ်ထက်သန်မှုတွေနှင့်အတူ တက်ညီလက်ညီ . . .အပြိုင်အဆိုင် ကြိုးစားကြသည့် အဖြစ်အပျက်လေးကို အခြေခံရိုက်ကူးထားတဲ့ ဇာတ်ကားသစ်တစ်ကားပါ . . . အမှန်တကယ်တော့ ဒီဇတ်ကားဟာ ABCD(2015) အကကားရဲ့Sequel ဇာတ်ကားအဖြစ်ထွက်ရှိဖို့ လျာထားပေမဲ့ . . .Disney Company နဲ့ အကြောင်းမညီညွတ်တာကြောင့် Street Dancer ဆိုပီး သီးခြားနံမည်နဲ့ထွက်လာတာဖြစ်ပါတယ် . . . လန်ဒန်မှာနေတဲ့ အင်နာယာဆိုတဲ့ ပါကိစ္စတန်သူလေးနဲ့ ဆဟဂျ်ဆိုတဲ့ပန်ဂျာဗ်မြို့သားလေးတို့က မတူညီတဲ့အမြင်နဲ့ဝါသနာတစ်ခုတည်းကိုစိုက်စိုက်မတ်မတ်လုပ်ကြတယ် . . .တစ်နေ့မှာအင်နာယတ်ဟာ အိန္ဒိယနဲ့ပါကိစ္စတန်ကနေရွှေ့ပြောင်းလုပ်သားအနေနဲ့လာတဲ့ ဒုက္ခသည်တွေကို သူတို့နိုင်ငံပြန်ပို့ပေးဖို့ လန်ဒန်ရဲ့ အကြီးမားဆုံး အခန်းနားဆုံး ပြိုင်ပွဲကိုဝင်ပြိုင်ဖို့လုပ်ရင်း ကိုယ့်အတွက်ကိုယ်ကြည့်တဲ့ဆဟဂျ်နဲ့ သူများအတွက်တွေးပေးတဲ့မေတ္တာရှင်မလေးအင်နာယာတို့ပူးပေါင်းပြီး လူသားချင်းစာနာမှုအတွက်ဘယ်လို့ကြိုးစားယှဉ်ပြိုင်မလဲဆိုတာ . . .ဘောလိဝုဒ် နာမည်ကျော်မင်းသား၊မင်းသမီးတွေဖြစ်တဲ့ . . Varun Dhawan, Nora Fatehi , Shraddha Kapoor တို့အဓိကခေါင်းဆောင်ပါဝင်ထားပီး အကအလှဝေေ၀ဆာဆာနဲ့ကြည့်ရှုခံစားရမဲ့ နာမည်ကြီး ရုံတင်ဇာတ်ကားကောင်းတစ်ကားမို့မလွတ်တမ်ခံစားကြည့်ရှုသင့်တဲ့ . . .ဇာတ်ကားတစ်ကားဖြစ်ပါကြောင်း . . .?ဇာတ်လမ်းအညွှန်းကို MLMC မှ ကူးယူဖေါ်ပြထားဖြစ်ပါတယ်ဘာသာပြန်သူကတော့ Zaw Htoo ပဲဖြစ်ပါတယ်…. ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...

The Constant Gardener (2005) ⭐TMDB: 70.0% User Score 🎬 #Drama #Mystery #Romance #Thriller 🗓 2005 🎞 movie 🌎 #UnitedKingdom #Germany #Kenya #France #UnitedStates #Switzerland #China #UnitedKingdom #UnitedStatesofAmerica ⏰ 2 နာရီ 9 မိနစ် 14 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 အခုတစ်ခါမှာတော့ ပရိတ်သတ်ကြီးကို The Constant Gardener ဆိုတဲ့ဇာတ်ကားကောင်းလေးနဲ့မိတ်ဆက်ပေးချင်ပါတယ် ဒီဇာတ်ကားလေးမှာတော့ Harry Potter ထဲက ဗိုဒါမော့ကြီးနဲ့အတူ The Mummy ထဲက မင်းသမီးလေးတို့က ပါဝင်သရုပ်ဆောင်ထားပါတယ် ဒီဇာတ်ကားလေးက Drama Mystery လေးပါ IMDB rating လည်း 7.4 အထိရရှိထားတဲ့ဇာတ်ကားကောင်းလေးပါ ဇာတ်လမ်းအကျဥ်းလေးကတော့ကန်ယာမြောက်ပိုင်းကဝေးလံလှတဲ့နေရာမှာ တက်ကြွလှုပ်ရှားသူ တက်ဆာနဲ့သူမရဲ့သူငယ်ချင်း ဒေါက်တာအာနိုးဘလွန်းတို့အသတ်ခံခဲ့ရပါတယ်အဲ့နောက်မှာ တက်ဆာရဲ့ခင်ပွန်းဖြစ်သူ ဂျင်စတင်ဟာသူ့ဇနီးသည်သေဆုံးမှုကို လိုက်လံစုံစမ်းကြည့်တဲ့အခါမှာ တက်ဆာဟာ အာဖရိကမှာ ဘေးဖြစ်စေတဲ့ဆေးတွေကိုစမ်းသပ်နေတဲ့အတွက် ​ဆေးကုမ္ပဏီတွေကို တိုင်ကြားစာရေးခဲ့တာကိုသိခဲ့ရပါတယ် သူ့ဇနီးရဲ့သေဆုံးမှုဟာ အဲ့ဆေးကုမ္ပဏီတွေနဲ့ပက်သက်နေမလားဆိုတာကို ဂျက်စတင်တစ်ယောက် အန္တရာယ်တွေကြားကနေ မရပ်မနားစုံစမ်းပါတော့တယ် ဂျက်စတင်တစ်ယောက်အမှုမှန်ကိုရှာဖွေနိုင်မလား ရှာမဖွေနိုင်ခင်မှာပဲ သုတ်သင်ခံလိုက်ရမလားဆိုတာကိုဇာတ်ကားလေးထဲမှာကြည့်ရှုနိုင်မှာပါ ဒီဇာတ်ကားလေးမှာ ဂျက်စတင်နဲ့တက်ဆာရဲ့ချစ်ခြင်းမေတ္တာနဲ့ ဆေးဖြန့်ချီရေးကုမ္ပဏီတွေရဲ့ အကျိုးအမြတ်ရဖို့ဘာကိုမှမငဲ့ကြည့်တာတွေ အာဖရိကလူမည်းတွေအပေါ်မှာ ဘယ်လိုရက်စက်ကြလဲဆိုတာကိုကြည့်ရှုရမှာဖြစ်ပါတယ်။...

Ray (2004) ⭐TMDB: 74.0% User Score 🎬 #Biography #Drama #Music 🗓 2004 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 33 မိနစ် 38 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 အော်စကာ ၂ ဆု ၊ အခြား ဆုပေါင်း ၅၃ ခုနဲ့ ဆန်ကာတင်ရွေးချယ်ခံရမှု စုစုပေါင်း ‌၅၅ အခုထိရရှိခဲ့တဲ့ အမေရိကန် ဂန္တ၀င် တေးရေး တေးဆိုနဲ့ စန္ဒရားပညာရှင်တစ်ယောက်ဖြစ်တဲ့ ရေးချားလ်စ်ရဲ့ ဂီတအတ္ထုပတ္တိ ဒရာမာရုပ်ရှင်ကားတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်းအကြောင်းမပြောချင်မှာ ရေးချားလ်စ်ရော်ဘင်ဆန် အကြောင်းကို အနည်း‌ငယ် ပြောပြချင်ပါတယ်။ ရေးချားလ်စ်ရော်ဘင်ဆန်ကို စက်ဘင်တာလ ၂၃ ရက်နေ့ ၁၉၃၀ ခုနစ်မှာ အမေရိကန်နိုင်ငံ ဂျော်ဂျီယာပြည်နယ်က အယ်လ်ဘာနီမြို့မှာဖွားမြင်ခဲ့ပြီး အသက် ၇၃ နှစ်အရွယ်မှာ ကယ်လီဖိုးနီးယားပြည်နယ် ဘာဗလီဟေးစ်မှာ ဆုံးပါးခဲ့ပါတယ်။ ရေးချားလ်စ်ဟာ အသက် ၇ နှစ်ကတည်းက ရေတိမ်ရောဂါနဲ့ မျက်စိကွယ်ခဲ့ရပါတယ်။ ရေးလ်ချားလ်စ်ဟာ စန္ဒရားတီးခတ်တဲ့နေရာမှာ တစ်ဖက်ကမ်းခတ်အောင်ကျွမ်းကျင်ပြီး သူ့ရဲ့သီဆိုဟန်ကိုတော့ ထိုခေတ်အခါက နာမည်ကြီး အမေရိကန် ဂျက်ဇ်အဆိုတော်တစ်ဦးဖြစ်တဲ့ Nat King Cole ကို အဓိကလွှမ်းမိုးမှုအဖြစ် ကိုးကားခဲ့တယ်လို့ဆိုပါတယ်။ ဒါ့အပြင် ရေးချားလ်စ်ဟာ နာမည်ကြီးအဆိုတော်တွေရဲ့ အသံတွေကိုပါ တုပပြီးသီဆိုနိုင်စွမ်းရှိပါတယ်။ ရေးချားလ်စ်ဟာ Soul ဂီတအမျိုးအစားကို စတင်ထီထွင်ခဲ့ပြီး သူ့ရဲ့သီချင်းတွေဟာ အဓိကအားဖြင့် Blues , Jazz , Gospel စတိုင်လ်တွေကို ပေါင်းစပ်ထားတာဖြစ်ပါတယ်။ ရေးချားလ်စ်ဟာ တေးသံသွင်းကုမ္ပဏီကြီးတွေက တစ်ကိုယ်တော်အမ်လ်ဘမ်ထုတ်‌ပေးပြီး စာချုပ်ချုပ်ငှားရမ်းတာခံခဲ့ရတဲ့ ပထမဆုံး လူမည်းဂီတပညာရှင်တစ်ဦးလည်းဖြစ်ပါသေးတယ်။ ဇာတ်လမ်းကိုတော့ ရေးချားလ်စ်တစ်‌ယောက် စီရက်တယ်မြို့မှာ အလုပ်လုပ်ဖို့ ကြုံရာဘတ်စ်ကားစီးပြီးရောက်လာခဲ့တာနဲ့ စထားပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ ရေးချားလ်စ်ဟာ ကြုံရာ ဘားအသေးလေးတွေ ကပွဲရုံအသေးလေးတွေမှာ ၀င်ရောက်တီးခတ်ရင်း ဘ၀ကို အောက်ခြေကနေစတင်ခဲ့ပြီး အသံသွင်းကုမ္ပဏီကြီးတွေဆီက ထိုခေတ်အခါက မည်သည့်ဂီတပညာရှင်မှ မရရှိခဲ့ဖူးတဲ့ အခွင့်အရေးတွေ ကမ်းလှမ်းမှုတွေနဲ့ ကမ်းလှမ်းခံရတဲ့အဆင့်အထိရောက်အောင် တက်လှမ်းနိုင်ခဲ့ပါတယ်။ ဇာတ်လမ်းအကြောင်းကိုတော့ အများကြီးထပ်မပြောတော့ပါဘူး။ အော်စကာနှစ်ဆုတောင်ရရှိခဲ့ပြီး ရုပ်ရှင်ပရိတ်သတ်တိုင်း အကြိုက်တွေ့စေမဲ့ရုပ်ရှင်ဖြစ်တာကြောင့် Jazz, County, Blues နဲ့ တခြားသော တေးဂီတသံတွေကို နားဆင်ခံစားရင်း ရေးလ်ချားလ်စ်ကြီးတစ်ယောက် ဘ၀ရဲ့အနိမ့်အမြင့်အတက်အကျတွေကို ဖြတ်သန်းရင်း အောင်မြင်မှုတွေဆွတ်ခူးနိုင်ခဲ့ပုံကို ကြည့်ရှုလိုက်ကြပါဦး။...

Any Body Can Dance 2 (2015) ⭐IMDB: 5.4/10 (7 k Votes) 🎬 #Biography #Bollywood #Drama #Music 🗓 2015 🎞 movie 🌎 #India #UnitedStatesofAmerica ⏰ 2 နာရီ 35 မိနစ် 12 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ABCD 2 (2015)“လက်စ်ဗီးဂတ်စ် အိပ်မက်ကမ္ဘာ ဆီသို့” ဒစ်စနေးက ထုတ်လုပ်တဲ့ ဟင်ဒီ drama ရုပ်ရှင် ဖြစ်ပြီး 2013 တုန်းက ထွက်ရှိခဲ့တဲ့ ABCD ရဲ့ နောက်ဆက်ကားဖြစ်ပါတယ်ရုံတင်ငွေ ရူပီး 1.6 ဘီလျံပြန်ရခဲ့တဲ့ ကားပါABCD (2013) က မင်းသား Prabhu Deva က ဗစ်ရှနူ အဖြစ် ပြန်လည်ပါဝင်ထားပါတယ်အရင်ကားကိုလည်း တင်ပေးထားပါတယ် ဒါပေမယ့်ဒီကားက သီးခြားဇာတ်လမ်းဖြစ်တာမို့ အရင်ကားမကြည့်ထားလည်း ကြည့်လို့ရပါတယ် ဇာတ်လမ်းအကျဥ်းကတော့ စားပွဲထိုး ဆူရက်ရှ်ဆိုတဲ့ ကောင်လေးက သေသွားတဲ့ သူ့အမေရဲ့ ဆန္ဒအတိုင်း နာမည်ကြီး dancer တစ်ယောက်အဖြစ် အိပ်မက်မက်သူပါသူငယ်ချင်းဖြစ်သူ ပီဇာပို့တဲ့ ဗာနွန်နဲ့ ဆံပင်ညှပ်တဲ့ ဗင်နီတို့နဲ့ပေါင်းပြီး “Mumbai Stunners” ဆိုတဲ့ အကအဖွဲ့နဲ့ အိန္ဒိယ ဒိတ်ဒိတ်ကြဲအကပြိုင်ပွဲမှာ ယှဥ်ပြိုင်ကြပါတယ် အိန္ဒိယပရိသတ်ကြိုက်အဖွဲ့ဖြစ်နေပြီး တခဲနက် အားပေးမှုကို ရပေမယ့်လည်း ဒိုင်လူကြီးက “ဖိလစ်ပိုင်စတားများ” ဆိုတဲ့ အဖွဲ့ကို ကူးချတယ်ဆိုပြီးထောက်ပြလိုက်ချိန်မှာတော့ အရှက်တကွဲအကျိုးနည်းဖြစ်သွားပါတော့တယ်နောက်ဆက်တွဲအနေနဲ့ အလုပ်နဲ့ ပတ်ဝန်းကျင်မှာပါ ရှုံ့ချလှောင်ပြောင်ခံရတဲ့ သူတို့တွေ နောက်တစ်ကြိမ် ကြိုးစားဖို့ ကြံပါတော့တယ်ဒီတစ်ခါကတော့ အမေရိကန်နိုင်ငံ Las Vegas က နိုင်ငံတကာ ဟစ်ဟော့ပြိုင်ပွဲကို သွားရောက်ယှဥ်ပြိုင်ဖို့ဖြစ်ပြီး အရက်သမားဖြစ်နေတဲ့ပထမကားက ပြန်ပါတဲ့ အကဆရာကြီး ဗစ်ရှနူကို အပူကပ်ပါတော့တယ် သူတို့တွေရဲ့ အိပ်မက်မြို့ Las Vegas ကို အရောက်သွားနိုင်မလား ဇာတ်လိုက်ကျော် ဗစ်ရှနူနဲ့ ဘယ်လို ညှိကျမလဲဆိုတာ ကြည့်ရှုခံစားပေးကြပါဦးProduction design နဲ့ Choreography အသားပေး ဇာတ်ကားဖြစ်လို့ ကြည့်ပျော်မှာပါ အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က Thaik San ~ Aditi ~ KKKZ ~ Dee ~ Cherry တို့ပဲ ဖြစ်ပါတယ် ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...

Leo (2023) ⭐IMDB: 7.6/10 (43 k Votes) 🎬 #Action #Bollywood #Crime #Drama #Adventure #Thriller 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 42 မိနစ် 24 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Leo (2023) “လီယို”IMDB-7.9/10 King Khanရဲ့ Jawan(2023)နဲ့အတူပဲ အများမျှော်လင့်ထားကြတဲ့Leo(2023)ရုံတင်ကားကြီးက ခုချိန်မှာတော့  WEB DLကြည်ရှင်းဗားရှင်အနေနဲ့ထွက်ရှိလာပြီမို့ Quality Updateလေးကို တင်ဆက်ပေးလိုက်ပါတယ်… LCUဆိုပြီး ဒါရိုက်တာကြီး Lokesh Kanagarajရဲ့ Lokesh Kanagaraj’s Cinematic Universeအဖြစ်နဲ့Kaithi(2019)၊ Vikram (2022)ရုပ်ရှင်တွေနဲ့အချိတ်အဆက်ဖြစ်တဲ့ အခုLeo(2023)ထွက်ရှိလာတာကိုတင်ဆက်ပေးလိုက်ပါတယ်။ မင်းသားတွေကတော့ အားလုံးသိပြီးဖြစ်တဲ့ ဗီဂျေး၊ မင်းသားကြီး ဆန်ဂျေးဒတ်တို့အပြင် ဗီလိန်ဇာတ်ရုပ်နဲ့ နာမည်ကြီးလှတဲ့ဘာဘူအန်တိုနီတို့နဲ့အတူ ဒါရိုက်တာလိုကတ်ရှ်ရဲ့ ထုံးစံအတိုင်း အက်ရှင်ခန်းတွေကို ရင်တလှပ်လှပ်ကြည့်ရှုခံစားရမှာပါ။ ဇာတ်လမ်းအညွှန်း မြို့ထဲကို ဝင်လာတာကတော့ ဂေါ်ဇီလာကြီးမဟုတ်ပေမယ့် အတော်လေးဆိုးတဲ့ ဟိုင်အီးနားခေါ် ခွေးအကြီးပေါ့။ပါဝါရိန်းဂျားတောင်မနိုင်ဆိုသလို ရဲတွေ တောခေါင်းတွေလည်းမနိုင်တော့ပါဘူး၊ အဲဒီအချိန်မှာပဲ ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော် မင်းသားတစ်ဖြစ်လဲသောက်ကြမ်းကြီးမစ္စတာလီယိုရောက်ရှိ ထိန်းသိမ်းသွားပါတော့တယ်။ လီယိုက အေးချမ်းတဲ့မြို့လေးမှာ မိသားစုလေးနဲ့အတူအေးအေးချမ်းချမ်းဖြတ်သန်းနေသူ ကော်ဖီဆိုင်ပိုင်ရှင်ပေါ့။သေနတ်ဆိုတာ တာဝန်ရှိတဲ့သူတွေပဲအသုံးပြုကိုင်တွယ်တတ်တဲ့ ဒီမြို့လေးမှာသေနတ်ကြောင့်သေတဲ့လူသတ်မှုဖြစ်ပါတော့တယ်။ ဒီလိုလူဆိုးတွေရှိလာတာကို ကြားသိရတဲ့ ကော်ဖီဆိုင်ပိုင်ရှင် လီယိုတစ်ယောက်သူ့ကော်ဖီဆိုင်လေးထဲကိုပဲ လူဆိုးတွေကတန်းတန်းမတ်မတ်ကြီး ရောက်လာတဲ့အခါမှာတော့။ဘာတွေဆက်ဖြစ်မလဲ ဘယ်လိုတွေ ကြမ်းပြရမ်းပြမလဲဆိုတာကိုအိမ်မှာတင် အေးဆေးကြည့်ရှုအပန်းဖြေလို့ရအောင်ကျွန်တော်တို့ ချန်နယ်မြန်မာကနေ တင်ဆက်ပေးလိုက်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ CM Bollywood Teamမှပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...

The Office Plain Girl-Sakura Miura [MIDV-504-Decensored] ⭐- 🎬 #Asian #Adult 🗓 - 🎞 movie 🌎 #Japan ⏰ 1 နာရီ 57 မိနစ် 40 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Sakura Miura ဆိုတဲ့ JAV မင်းသမီးလေးက ဂျပန်ပြည်ရဲ့ ဆာကူရာပန်းတစ်ပွင့်ပါပဲ။ ဂျပန်မလေးတစ်ယောက်ရဲ့ အလှတရားတွေနဲ့ပြည့်စုံတာမလို့  ချစ်စရာကောင်းပြီးသဘောကောင်းသူလေးပါ။ MIDV-504-Decensored ဒီဇာတ်လမ်းမှာတော့ သူမကို မျက်မှန်လေးနဲ့လိုက်ဖက်စွာရှုစားကြရမှာဖြစ်ပြီး သဘောကောင်းတဲ့ဝန်ထမ်းကောင်မလေးတစ်ယောက်အဖြစ် တွေ့မြင်ရမှာပါ။ Decensored Version နဲ့မလို Sakura Miura ရဲ့ ပန်းတစ်ပွင့်လိုအလှတရားတွေကို ဘဝင်ကျကျ ခံစားရမှာလဲဖြစ်ပါတယ်။ (Dark Side Production မှ တင်ဆက်သည်။)...

Chaver (2023) ⭐IMDB: 7.7/10 (2 k Votes) 🎬 #Bollywood #Crime #Thriller #Uncategorized #Action 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 5 မိနစ် 47 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Chaaver 2023 (ပတ်ပြေးကြသူများ)Crime/ThrillerIMDb 8.2/10 ဒီတစ်ခါမှာတော့ ပဟေဠိဆန်ဆန်ကြည့်ရှုကြရမယ့် ဇာတ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ နိုင်ငံရေးနဲ့ပတ်သက်နေတဲ့ လူသတ်မှုတစ်ခုကို ကျူးလွန်ပြီးတဲ့နောက်မှာ မူစသူကာဦးစီးတဲ့ ဂိုဏ်းတစ်ခုဟာကားတစ်စီးနဲ့ ထွက်ပြေးတိမ်းရှောင်နေပါတယ်။ ဂိုဏ်းထဲကသူတစ်ယောက် ဒဏ်ရာရသွားတဲ့အခါ ဘယ်ဆေးရုံမှာမှ ပြလို့မရပဲရဲတွေကိုပတ်ရှောင်နေရတဲ့သူတို့ဟာ ဆေးကျောင်းသားတစ်ယောက်ဖြစ်တဲ့အာရွန်ကို ဒဏ်ရာဆေးထည့်ပေးဖို့ခေါ်လိုက်ပါတယ်။ ဘာမှမသိတဲ့အာရွန်တစ်ယောက် ဒီအမှုထဲ မဆီမဆိုင်ပါသွားဖို့ အကြောင်းဖန်ပါတော့တယ်။သူတို့တွေ ဘာဆက်ဖြစ်ကြမလဲ။ အမှုကရော အမှန်တိုင်းပေါ်လာဦးမှာလားဆိုတာကိုဆက်လက်ကြည့်ရှုပေးကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V ~ Bpl ~ Yunni ~ ToMo ~ Cherry တို့ပဲဖြစ်ကြပါတယ်။) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...

The Bodyguard (2023) ⭐IMDB: 2.8/10 (31 Votes) 🎬 #Thriller #Action #Romance 🗓 2023 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 16 မိနစ် 24 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 အသစ်ထွက် Action/Romance ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကန်ဒေ့စ်က နာမည်ကြီး influencer တစ်ယောက်ဖြစ်ပြီး မကြာခဏ သူမအသက်ကို ခြိမ်းခြောက်ခံနေရတဲ့ အခြေအနေနဲ့ရင်ဆိုင်နေရသူပါ။ အပြင်ပန်းကကြည့်ရင်တော့ တောက်ပပြီး လှပလှတဲ့သူ ဖြစ်ပေမယ့် သူမရဲ့အတွင်းစိတ်ထဲမှာတော့ ကြောက်လန့်မှုတွေ၊ စိုးရွံမှုတွေနဲ့ပဲနေ နေရသူတစ်ယောက်ပါ။ အသက်အန္တရာယ်ထိခိုက်စေနိုင်တဲ့အထိ လုပ်ကြံမှုကို ခံခဲ့ရတာကြောင့် သူမရဲ့ခင်ပွန်းလောင်းက သူမကို သက်တော်စောင့်တစ်ယောက် ငှားရမ်းပေးခဲ့ပါတော့တယ်။ ဒီလိုနဲ့ အဲဒီသက်တော်စောင့်က သူမကို နားလည်ပေးပြီး အစစအရာရာ ဂရုစိုက်ပေးခဲ့တာမို့ သူမက အဲဒီသက်တော်စောင့်အပေါ် ပုံမှန်ထက်ပိုပြီး တွယ်တာလာခဲ့မိတာပေါ့လေ။ ဒီလိုနဲ့ တစ်နေ့မှာတော့ မထင်မှတ်ဘဲ အဲဒီသက်တော်စောင့်ရဲ့ အကြောင်းကို သူမရဲ့ခင်ပွန်းလောင်းက သူမကို အသိပေးလာခဲ့ပြီး သက်တော်စောင့်ရဲ့သရုပ်မှန်က သူမ ထင်ထားသလိုမဟုတ်တဲ့အခါမှာတော့.. အဲဒီသက်တော်စောင့်က ဘယ်သူလဲ.. ဘာအကြောင်းနဲ့များ သူမကို ချဉ်းကပ်ခဲ့တာလဲ.. နောက်ဆုံးမှာရော သူမ အသက်ဘေးကနေ ကင်းလွတ်နိုင်ပါ့မလား.. ဆိုတာကတော့ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ (ဒီကားရဲ့အညွှန်းနဲ့ ဘာသာပြန်ကတော့ Emilyပါ)...

The Cost (2022) ⭐IMDB: 6.3/10 (262 Votes) 🎬 #Drama #Thriller #Uncategorized 🗓 2022 🎞 movie 🌎 #Australia ⏰ 1 နာရီ 52 မိနစ် 6 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ရာဇဝတ်သားတစ်ယောက်ကိုဥပဒေက ထိုက်သင့်တဲ့ပြစ်ဒဏ်မပေးနိုင်လို့ အပြင်လူတွေက သူတို့နည်းနဲ့အပြစ်ပေးတဲ့ကားမျိုးကြိုက်သူတွေအတွက် The Cost ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ် စတက်ဖနီဆိုတဲ့ကောင်မလေးတစ်ယောက် မုဒိန်းကျင့်ပြီး ရက်ရက်စက်စက်အသတ်ခံခဲ့ရတယ် တရားခံထရိုင်းဟာလည်း ထောင်ဒဏ်နှစ်၃၀ကျော်ချမှတ်ခံရပေမဲ့ ၁၀ နှစ်တည်းနဲ့ပြန်လည်လွတ်မြောက်လာခဲ့ပါတယ် ဒါပေမဲ့ တစ်ရက်မှာ သူ့ကို ဒေးဗစ်နဲ့အာရွန်ဆိုတဲ့လူနှစ်ယောက်က အတင်းအဓမ္မဖမ်းဆီးပြီး လူသူမရှိ ဝေးလံခေါင်ဖျားလှတဲ့နေရာတစ်ခုကိုခေါ်ဆောင်သွားပြီး နှိပ်စက်ပါတော့တယ် စတက်ဖနီဆိုတဲ့ကောင်မလေးရဲ့သေဆုံးမှုအပြီးမှာ ကောင်မလေးရဲ့အဖေနဲ့အမေဟာလည်း သမီးစိတ်နဲ့ရှေ့ဆင့်နောက်ဆင့်ဆုံးသွားကြပါတယ် ထရိုင်းလုပ်ရက်ကြောင့် မိသားစုတွေ ပြိုကွဲခဲ့ရတယ် အဲ့တော့ ထရိုင်းကို ဖမ်းဆီးသွားတဲ့ ဒေးဗစ်နဲ့အာရွန်ဆိုတဲ့လူနှစ်ယောက်ကဘယ်သူတွေလဲ စတက်ဖနီနဲ့​ရော ဘယ်လိုပက်သက်တာလဲထရိုင်းကိုရော ဘယ်လိုတွေပြစ်ဒဏ်ပေးမလဲဆိုတာ ခံစားကြည့်ရှုရမှာဖြစ်ပါတယ်...

Miranda's Victim (2023) ⭐IMDB: 6.5/10 (538 Votes) 🎬 #Biography #Crime #Drama 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 7 မိနစ် 1 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 IMDb 6.6 / Rotten Tomatoes 77% ဒီရုပ်ရှင်ဟာ ဆုပေါင်း၂၇ ခုကို သိမ်းပိုက်နိုင်ခဲ့ပြီး ဖြစ်ရပ်မှန်ကိုအခြေခံပြီး ရိုက်ကူးပုံဖော်ထားတဲ့ မှုခင်း ဒရာမာ ရုပ်ရှင်ကားကောင်းတခုဖြစ်ပါတယ်။ ခေတ်ကာလအနေနဲ့ကတော့ ၁၉၆၀ကျော်မှာ ဇာတ်အိမ်တည်ထားပါတယ်။ ပက်ထရစ်ရှာဝီယာလို့ အမည်ရတဲ့ ၁၈နှစ်အရွယ် ကျောင်းသူလေးဟာ အာနက်စ်တိုမီရန်ဒါလို့ခေါ်တဲ့ လူငယ်တယောက်ရဲ့ ဖမ်း‌ဆီးခေါ်ဆောင် အဓမ္မပြုကျင့်တာကို ခံခဲ့ရပါတယ်။ ဒီလိုနဲ့ ပက်ထရစ်ရှာဟာ ကာရိုးကူလီလို့ အမည်ရတဲ့ စုံထောက်တယောက်ရဲ့အကူအညီနဲ့ မီရန်ဒါကိုဖမ်းဆီးပြီး တရားရင်ဆိုင်ကာ မီရန်ဒါကို ထောင်ထဲကို အရောက်ပို့နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ နှစ်အနည်းငယ်အကြာမှာတော့ အမေရိကန် တရားစီရင်‌ရေးစနစ်မှာ ပြောင်းလဲမှုတခုထပ်မံ ဖြစ်ပွားလာပြီး အာနက်စ်အတွက် အပြစ်ကင်းကြောင်း ထပ်မံချေပပေးမယ့် ရှေ့နေတယောက် ပေါ်ပေါက်လာခဲ့ပါတယ်။ ထိုတရားပြိုင်ရှေ့နေကတော့ တခြားသူမဟုတ်ဘဲ ထိုခေတ်အခါက အမေရိကန်ပြည်ထောင်စုမှာ လျှမ်းလျှမ်းတောက်နာမည်ကြီးတဲ့ ဂျွန်ဖလင်းဆိုတဲ့ရှေ့နေတဦး ဖြစ်နေတဲ့အခါမှာတော့ ပက်ထရစ်ရှာဟာ တရားခွင်ကို ထပ်မံတက်ရောက်ဖို့ အကြောင်းဖန်လာခဲ့ပြီး သူမ မေ့ဖျောက်ဖို့ကြိုးစားခဲ့တဲ့ အတိတ်ကဒဏ်ရာကြီးကို ထပ်မံရင်ဆိုင်ရပါတော့တယ်။ ဒီရုပ်ရှင်ဟာ ပက်ထရစ်ရှာအကြောင်းကိုပဲ အဓိကထား ရိုက်ကူးထားတာမဟုတ်ဘဲ ရဲတွေ စုံထောက်တွေ မြေပြင်မှာ အမှုလိုက်ကြပုံတွေ ရုံးတော်က တရားသူကြီးရှေ့မှောက်မှာ တရားလိုရှေ့နေနဲ့ တရားပြိုင်ရှေ့နေ ကိုယ့်အမှုသည်အတွက် အားပြိုင်ကြပုံတွေ ၁၉၆၀ဆိုတဲ့ ကာလတုန်းက တည်ရှိခဲ့တဲ့ ရှေးရိုးစွဲအယူအဆတွေကိုရုပ်ရှင်ပြသချိန် ၂နာရီအတွင်း ထောင့်စေအောင်ရိုက်ကူးပြသထားတာဖြစ်လို့ အချိန်ပေးကြည့်ရှုဖို့ သင့်တော်တဲ့ ရုပ်ရှင်ကားကောင်းလေးတကားဖြစ်ကြောင်း ညွှန်းဆိုရင်းနဲ့ပဲ နိဂုံးချုပ်လိုက်ပါတယ်။...

The Quantum Devil (2023) ⭐IMDB: 3.4/10 (277 Votes) 🎬 #Fantasy #Horror #ScienceFiction 🗓 2023 🎞 movie 🌎 #Serbia #UnitedStates #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 35 မိနစ် 30 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီဇာတ်လမ်းကတော့ သိပ္ပံပညာနဲ့ပတ်သက်တဲ့ horror, mythology ဖြစ်ပါတယ်။ သိပ္ပံပညာနယ်ပယ်မှာထူးချွန်ကြပေမယ့် မတော်တဆလုပ်မိတဲ့အမှားတွေကြောင့် လူ့အဖွဲ့အစည်းကနေတိမ်းရှောင်နေရတဲ့ အရည်အချင်းရှိ သိပ္ပံပညာရှင်တွေရှိပါတယ် တနေ့မှာ သူတို့ အသီးသီးဆီကို အမည်မသိဖိတ်ကြားစာရောက်လာပြီး နေရာတစ်ခုမှာဆုံစည်းကြဖို့ဖိတ်ခေါ်ထားပါတယ် အဲ့ဒီဖိတ်ကြားစာကိုပို့လိုက်တဲ့သူကလည်း လူ့ကျင့်ဝတ်နဲ့သွေဖယ်တဲ့ လူတွေကိုစမ်းသပ်တဲ့ကိစ္စလုပ်နေတာမလို့ နယ်နှင်ဒဏ်ပေးခံထားရတဲ့ သိပ္ပံပညာရှင်ဖြစ်ပါတယ်။ သူ့ရဲ့ရည်ရွယ်ချက်ကတော့ သိပ္ပံပညာရှင်တွေကိုစုစည်းပြီး သူတို့တွေရဲ့နောင်တရစရာအတိတ်တွေကို ပြန်လည်းဖြည့်ဆည်းနိုင်ဖို့ သံလိုက်စွမ်းအင်အဟန့်အတားကိုချိုးဖောက်ပြီး နောက်လောကတစ်ခုဆီကို စိတ်နဲ့အချိန်ခရီးသွားပြီး ဝင်ရောက်ချင်တာပဲဖြစ်ပါတယ် ။ဒီအရူးသိပ္ပံပညာရှင်တွေ အောင်မြင်သွားကြမလား အတိတ်ကိုပြင်ဆင်ဖို့ဆိုတာကရောဖြစ်နိုင်လို့လား ဒါတွေကိုဒီဇာတ်လမ်းလေးထဲမှာသိရမှာဖြစ်ပါတယ်...

Project Eerie (2023) ⭐IMDB: 4.2/10 (246 Votes) 🎬 #Horror 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 16 မိနစ် 9 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Project Eerie (2023)=============== ဒီရုပ်ရှင်ဟာ Halloween ရာသီအတွက်တော့ ကွက်တိပါပဲ။ Found footageပုံစံ(ရုပ်ရှင်ကို ဇာတ်ကောင်ရဲ့ ကင်မရာကနေ တစ်ဆင့်မြင်ရသလို ကြည့်ရတဲ့အမျိုးအစားပါ)။ ရုပ်ရှင်မို့လို့ ဒါမျိုးကို မကြိုက်တတ်တဲ့၊ ကြည့်ရင် ခေါင်းမူးတတ်တဲ့သူတွေ မကြည့်သင့်ပါဘူး။ ဒါပေမယ့် ကျွန်တော့်အတွက်တော့ ဒီFound footage အမျိုးအစားက horror, thriller တွေကို ပိုပီပြင်ပြီး တကယ်ဖြစ်နေသလိုမျိုး ခံစားစေရလို့ ကြိုက်ပါတယ်။ Rating တွေ ဘာညာကို သိပ်ဂရုမစိုက်ဘူး horror, thriller ကိုမှ found footage အမျိုးအစားကို ကြိုက်ရင်ဒါကို ကြည့်လိုက်ပါ အချိန်ကုန်ရကျိုးနပ်စေမှာပါ။ ဇာတ်လမ်းအကျဉ်းကတော့ ဂျက်ဆီနဲ့ ဂျေကော့ဆိုတဲ့ ကောင်လေး ၂ ယောက်ဟာ ဟောလိုးဝင်းညမှာ လျှောက်လည်ကြရင်း ကျောချမ်းစရာ တစ်ခုခုလုပ်ရအောင်ဆိုပြီး ပိတ်ထားတဲ့ အစိုးရအဆောက်အဦးထဲကို ခိုးဝင်ကြပါတယ်။ အဲမှာစီဒီတစ်ခွေကို ရှာတွေ့ခဲ့ပြီး အိမ်မှာ ပြန်ဖွင့်ကြည့်ပါတယ်။ အဲအခွေဟာ အမေရိကန်နိုင်ငံ တစ်လွှားမှာ ဖြစ်ပျက်ခဲ့တဲ့ ထူးဆန်းတဲ့အဖြစ်အပျက်တွေကို အစိုးရကစုစည်းစုံစမ်းထားတဲ့အခွေ ဖြစ်နေပါတယ်။ မတူညီတဲ့ထူးဆန်းတဲ့ အဖြစ်အပျက်တွေကို ဇာတ်လမ်းတစ်ပုဒ်ချင်းအလိုက် ကြည့်နိုင်မှာပဲ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Leonard Lin ဖြစ်ပါတယ်)...