ဇာတ်ညွှန်းများ • FDMN
Закрытый канал
Нет данных
Подписчики
-524 часа
-47 дней
+730 дней
Архив постов
A Christmas Spark (2022)
⭐IMDB: 6.0/10 (431 Votes)
🎬 #Comedy #Drama #Romance #TVMovie
🗓 2022 🎞 movie
🌎 #UnitedStates #Canada #UnitedStatesofAmerica
⏰ 1 နာရီ 25 မိနစ် 12 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီတစ်ခါမှာတော့ ကြည်နူးစရာကောင်းတဲ့ ခရစ္စမတ်အချစ် ဇာတ်လမ်းလေး တစ်ပုဒ်ကို တင်ဆက်ပေးသွားမှာပါ။
မိုလီဆိုတဲ့အမျိုးသမီးဟာ အပြောင်းအလဲကို မကြိုက်တဲ့ အမျိုးသမီးတစ်ယောက်ပါ သူရဲ့ ခင်ပွန်းဟာလည်း လွန်ခဲ့တဲ့ ၂နှစ်က ဆုံးပါးသွားတာဖြစ်ပြီး သူ့သမီးဟာလည်း တခြားမြို့မှာ သူ့မိသားစုနဲ့ အတူနေထိုင်နေတာပါ။ မိုလီတစ်ယောက် အတိတ်ကို လက်မလွှတ်နိုင်ဘဲ နေအိမ်မှာ တစ်ယောက်တည်း အထီးကျန်စွာ နေထိုင်နေရတာပေါ့။
တနှစ်မှာတော့ မိုလီရဲ့ သမီးမိသားစုဟာ သူ့အိမ်ကိုလာပြီး ခရစ္စမတ်ပွဲကို မကျင်းပနိုင်တာကြောင့် သူကိုယ်တိုင် သမီးဖြစ်သူရဲ့ နေအိမ်ကိုသွားဖို့ အကြောင်းဖန်လာပါတော့တယ်။ လေဆိပ်မှာ မိုလီနဲ့ တွေ့ခဲ့သူကတော့ ဂျာနယ်လစ်ဟောင်းတစ်ယောက်ဖြစ်ပြီး အသစ်အဆန်းတွေ အမြဲလုပ်ချင်နေတဲ့ ဟန့်ခ်ဆိုတဲ့သူပါ။ အကြောင်းအမျိုးမျိုးနဲ့ သမီးရဲ့မြို့မှာ ကျင်းပမယ့် ခရစ္စမတ်ပြဇာတ်အတွက် မိုလီဟာ ဒါရိုက်တာ တာဝန်ယူလိုက်ရပြီး သက်ကြီးပိုင်းထဲမှာ ရေပန်းစားနေတဲ့ ဟန့်ခ်နဲ့ ထပ်တွေ့ရပါတော့တယ်။
အပြောင်းအလဲမကြိုက်တဲ့ မိုလီတစ်ယောက် အသစ်အဆန်းတွေ စိတ်ဝင်စားတဲ့ ဟန့်ခ်နဲ့တွေ့ပြီး ရှောင်လွှဲလို့မရတဲ့ အပြောင်းအလဲတွေ ကြုံလာရင်း သူကိုယ်တိုင်ရော ပြောင်းလဲနိုင်ပြီး အတိတ်ကို လွှတ်ချနိုင်မလားဆိုတာကိုတော့ စောင့်ကြည့်ပေးကြပါဦးခင်ဗျာ။...
You're Not Alone (2023)
⭐IMDB: 4.8/10 (275 Votes)
🎬 #Thriller
🗓 2023 🎞 movie
🌎 #UnitedStates
⏰ 1 နာရီ 25 မိနစ် 40 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
2023 ခုနှစ်ထွက် mystery,thriller အမျိုးအစား အမေရိကန်ရုပ်ရှင်လေးတင်ဆက်ပေးလိုက်ပါတယ်
ဇာတ်လမ်းအကျဉ်းကတော့ စီးပွားရေးသမားကိမစ်ချယ်ဟာ အလုပ်ကိစ္စနဲ့ခရီးသွားဖို့လေယာဉ်ပေါ်ရောက်နေပါတယ်။ သူ့မိန်းမဟာလွန်ခဲ့တဲ့နှစ်အနဲငယ်က စိတ္တဇလူသတ်သမားတစ်ဦးသတ်လိုက်လို့သေဆုံးခဲ့ရတာပါ။ ဒါကြောင့်သူ့ရဲ့တစ်ဦးတည်းသောသမီးကိုလည်း တယောက်ထဲရှိနေချိန်ပြန်လည်ခုခံနိုင်ဖို့ကိုယ်ခံပညာသင်ပေးခဲ့ပါတယ်။ထို့အပြင် သူခရီးသွားတဲ့အချိန်မှာ သူ့သမီးကိုအိမ်ထဲမှာပဲနေစေပြီးဖုန်းကနေတဆင့်သူ့အိမ်ကိုစောင့်ကြည့်နေပါတယ်။
စိတ္တဇလူသတ်သမားအကြောင်းပြောရရင်တော့ သူကအိမ်မှာတယောက်ထဲရှိနေတဲ့မိန်းမတွေကိုလိုက်သတ်တာပါ။အွန်လိုင်း chat room တွေကနေတဆင့်သူ့ရဲ့ပစ်မှတ်ကိုရှာဖွေပါတယ်။ ဒီလိုနဲ့ ကိမစ်ချယ်ခရီးသွားနေတဲ့အချိန် အိမ်မှာတယောက်ထဲကျန်နေခဲ့တဲ့သမီးကိုသတ်ဖို့ စိတ္တဇလူသတ်သမားရောက်လာပါတော့တယ်။ဘာဆက်ဖြစ်သွားမလဲ..စိတ္တဇလူသတ်သမားကိုဘယ်လိုရှာဖွေဖမ်းစီးကြမလဲဆိုတာကိုဆက်လက်ရှုစားကြပါခင်ဗျာ။...
Navigating Christmas (2023)
⭐IMDB: 6.6/10 (405 Votes)
🎬 #Romance #TVMovie #Comedy #Drama
🗓 2023 🎞 tv movie
🌎 #UnitedStates #Canada
⏰ 1 နာရီ 24 မိနစ် 26 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Navigating Christmas (2023)
ခရစ္စမတ်လည်းနီးလာတာနဲ့အမျှ နှင်းတွေနဲ့အတူ တဖွဲဖွဲထွက်ရှိလာတဲ့ Holiday Movie တွေထဲကမှ ဇာတ်အိမ်လေးလည်းကောင်း ကြည်နူးစရာလည်းကောင်းတဲ့ မိသားစုဒရာမာကားကောင်းလေး Navigating Christmas ကို ညွှန်းလိုက်ပါတယ်ခင်ဗျာ။
~ ဇာတ်လမ်းအညွှန်း ~
မိဘနှစ်ဦး ကွာရှင်းထားလို့ စိတ်ညစ်နေတဲ့ ဂျေဆန်ဆိုတဲ့ သားလူပျိုလေးအတွက် ခရစ္စမတ်အားလပ်ရက်မှာ အချိန်ပေးပျော်ရွှင်အောင်လုပ်ပေးဖို့ စီစဥ်နေတဲ့ မယ်လန်နီတစ်ယောက် အပန်းဖြေခရီးနေရာကို စိန့်နီကိုးလတ်ကျွန်းကိုသွားဖို့ ဆုံးဖြတ်မိရာကနေ ကျွန်းရဲ့ မီးပြတိုက်ကို တာဝန်ယူဖို့ပါ ရုတ်တရက်ဖြစ်လာခဲ့ပါတယ်။
တစ်ဖက်မှာလည်း ဖခင်ဆုံးသွားပြီးကတည်းက ကျွန်းကနေထွက်ခွာသွားပြီး ရုတ်တရက် ကျွန်းကိုပြန်ရောက်လာတဲ့ မီးပြတိုက်ပိုင်ရှင် ပီတာဆန်ဒါဆမ်တစ်ယောက် မယ်လန်နီနဲ့တွေ့ဆုံပြီး သူတို့နှစ်ဦးကြား အချစ်ပန်းတွေပေါက်ဖွားလာတာတွေ…
ကျွန်းရဲ့ ခရစ္စမတ်ဓလေ့တွေ ကျွန်းပေါ်က လူတွေအတွက် ခရစ္စမတ်နေ့ဟာ အရေးပါပုံတွေကို ကြည်ကြည်နူးနူး ပျော်ပျော်ရွှင်ရွှင်ပုံစံလေးနဲ့ ရိုက်ပြထားတာကြောင့် တကယ်ကိုကြည့်လို့ကောင်းတဲ့ ခရစ္စမတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုDBမှ ပြန်ဆို ရေးသားထားပါတယ်)...
Susie Searches (2022)
⭐IMDB: 6.1/10 (418 Votes)
🎬 #Comedy #Drama #Mystery #Thriller
🗓 2022 🎞 movie
🌎 #UnitedKingdom #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 46 မိနစ်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Susie Searches (2022)
~ IMDb – 6.1/10, Rotten Tomatoes – 51% ~
ခုမိတ်ဆက်ပေးချင်တဲ့ ကားကတော့ လျှို့ဝှက်ဆန်းကြယ် မြှုပ်ကွက်လေးတွေပါတဲ့ စုံထောက်ဆန်ဆန် Thriller ကားဖြစ်ပါတယ်။
ငယ်စဉ်တည်းက စုံထောက်၀တ္ထုတွေ သူ့အမေက ဖတ်ပြရင် အမြဲ တရားခံကို ကြိုသိနေတတ်တဲ့… ဆူဇီ
ကြီးလာတော့ Social ပြသာနာရှိနေပြီး အပေါင်းအသင်းမရှိဘဲ “Susie Searches” ဆိုတဲ့ Podcast မှာ မဖြေရှင်းနိုင်တဲ့ ရာဇ၀တ်မှုတွေ ဖြေရှင်းတာကို တင်ပြီး အချိန်ပိုင်း ကောလိပ်တက်နေတဲ့သူ။ သူ့ရဲ့ Podcast အင်တာနက်မှာ လူသိများသွားတဲ့ အခွင့်အလမ်းပေါ်လာတာကတော့ ဆူဇီတို့ကျောင်းက ဆယ်လီ သူဌေးသား ဂျက်စီပျောက်သွားတာကနေ စပါတယ်။ ဂျက်စီက ကိုယ်ပိုင် YouTube Channel ထောင်ထားပြီး တရားထိုင်တဲ့ ဗီဒီယိုတွေတင်တဲ့ နာမည်ကျော်ကောင်လေးပါ။
ဂျက်စီပျောက်သွားတာကြာနေပြီး ဘာမှသတင်းမထူးတဲ့အခါ ဆူဇီက သူ့နည်းသူ့ဟန်နဲ့ စုံစမ်းပြီး ဂျက်စီကို ရှာနိုင်ခဲ့ပါတယ်။ သူ့ရဲ့ Popularity လည်း တက်လာပြီး အခွင့်အလမ်းကောင်းတွေရလာတာပေါ့။ ဒီမှာတင် ကိစ္စတွေ မပြီးသေးပါဘူး…
ဂျက်စီကို အမှန်တကယ် ပြန်ပေးဆွဲတဲ့သူက ဘယ်သူလဲ… ဒီအမှုမှာ ဘာတွေ ထပ်ပေးဆပ်ရဦးမလဲ…စတဲ့ လှည့်ကွက်လေးတွေကို ခန့်မှန်းအားပေးကြည့်ရအောင်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုShune Lai KKမှ ပြန်ဆို ရေးသားထားပါတယ်)...
Hasee Toh Phasee (2014)
⭐IMDB: 6.8/10 (16 k Votes)
🎬 #Bollywood #Comedy #Romance
🗓 2014 🎞 movie
🌎 #India
⏰ 2 နာရီ 21 မိနစ် 16 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Hasee Toh Phasee (2014)***********************ဒီဇာတ်ကားလေးကတော့ ၂၀၁၄ ခုနှစ်က ထွက်ရှိထားတဲ့ပရိတ်သတ်အသဲစွဲ မင်းသား မင်းသမီးတွေဖြစ်ကြတဲ့ ဆစ်ဒါးသ်မယ်လိုတရာ၊ ပရီနီသီးချိုပရာနဲ့ အာဒါးရှရ်မာတို့ရဲ့Romance/Comedy အမျိုးအစား ဘောလိဝုဒ်ဇာတ်ကားလေးတစ်ကားဖြစ်ပြီး IMDb rating (6.8) နဲ့ Rotten Tomatoes (80%)ထိရရှိထားပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့…နစ်ခေးလ်က တက်သစ်စစီးပွားရေးသမားတစ်ယောက်ဖြစ်ပြီးတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့ လူငယ်တစ်ယောက်ပါ။သူ့မှာ ကာရစ်ရှ်မာဆိုတဲ့ တွေ့တိုင်းရစ်တဲ့ ရစ်စိန်ချစ်သူလေးတစ်ယောက်ရှိပါတယ်။နစ်ခေးလ်က ကာရစ်ရှ်မာ ဘယ်လောက် ရစ်ရစ် မပြတ်နိုင်ခဲ့ပါဘူး။လူကလဲရုပ်ချော စီးပွားရေးသမားလဲဖြစ်ဆိုတော့ နစ်ခေးလ်ကို ကာရစ်ရှ်မာက အမြဲသဝန်တိုပြီး အမြင်ကမကြည်ပါဘူး။နစ်ခေးလ်ကတော့ မိန်းကလေးတစ်ယောက်ဆို တစ်ယောက်ပဲတွဲမယ်လို့ သံဓိဌာန်ချထားတဲ့လူပါ။
ဒါပေမယ့် သူတို့ရဲ့ ချစ်သူသက်တမ်း ၇ နှစ်တာကာလက သံယောဇဉ်တွေက သူတို့နှစ်ယောက်ကို အဆုံးမှာရွှေလက်တွဲသွားစေမလား….တစ်ယောက်ဆိုတစ်ယောက်ပဲဆိုတဲ့ နစ်ခေးလ်အတွက်ရော နောက်တစ်ယောက်ပေါ်လာဦးမလား…ကာရစ်ရှ်မာဆိုတဲ့ ရစ်စိန်လေးကရော နစ်ခေးလ်နဲ့ အပ်စပ်ရဲ့လားဆိုတာ….။
“ကမ္ဘာမှာတန်ဖိုးအကြီးဆုံးအရာ မေတ္တာမဟုတ်ဘူးလား”တစ်ယောက်ကိုတစ်ယောက်မေတ္တာနဲ့နှောင်ကြိုးဖွဲ့သီကြမယ့်ချစ်သူတွေဆိုတာ ဘယ်လိုမျိုးလဲဆိုတာ လိုက်ပါခံစားကြည့်ကြပါဦး။
(ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Thaik Sanနဲ့ KKKZ တို့မှ တင်ဆက်ထားပါတယ်။)...
Bhagavanth Kesari (2023)
⭐IMDB: 7.2/10 (3 k Votes)
🎬 #Action #Bollywood #Drama #Thriller #Uncategorized
🗓 2023 🎞 movie
🌎 #India
⏰ 2 နာရီ 46 မိနစ် 21 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Bhagavanth Kesari (2023) “ခြင်္သေ့မလေးဗီဂျီ”IMDb – 7.3/10
ဘိုင်ရာဗာမင်းသမီးလေး ကာဂျဲလ်နဲ့ တီလဂူးကားတွေရဲ့ အက်ရှင်မင်းသားကြီး Nandamuri Balakrishnaမင်းသမီးချောလေး Sreeleela တို့ အဓိကပါဝင်ထားပြီး Ra.One နဲ့ Om Shanti Om ရဲ့ ဗီလိန် ခန့်ချောကြီးArjun Rampal လည်းပါဝင်ထားတာတဲ့ အက်ရှင်ကြမ်းကြမ်း ပလော့လန်းလန်းနဲ့ ရုံကားကြီးတင်ဆက်ပေးလိုက်ပါတယ်ရုံတင်ငွေလည်း ကုဋေ ၁၃၀ ထိရထားတာမို့ အကြိုက်တွေ့ကြမဲ့ကားပါ
နီလာကွန်ဒါဘာဂဗန်ကေဆရီလို့ ခေါ်တဲ့ လုပ်ငန်းရှင်တစ်ဦး၊ အရင်အစိုးရကို ရံပုံငွေထောက်ပံ့တဲ့အတွက်ကြောင့် အခုတက်လာတဲ့အစိုးရကနေ အမှုဖွင့်ပြီး ထောင်ထဲကို ပို့ခံထားရသူ။တရားမှုကို မြတ်နိုးပြီးတော့ အနိုင်ကျင့်တာကိုလည်း မျက်ကွယ်ပြုမထားနိုင်သူတစ်ယောက်။
တစ်ရက်မှာတော့ ဘာဂဗန်ရဲ့ မိခင်ဖြစ်သူဟာ သေခါနီးဆဲဆဲ သူ့သားကို မမြင်ရရင် မသေနိုင်ဘူးဆိုပြီး တင်းခံနေတဲ့အတွက်ကြောင့်နဲ့ သူ့ရဲ့မိခင်ကို တွေ့ဖို့ သူတို့ရဲ့ ထောင်မှူးကိုတောင်းဆိုရာကနေ ထောင်မှူးရဲ့ ခွင့်ပြုချက်နဲ့ မိခင်ဖြစ်သူရဲ့ နောက်ဆုံးထွက်သက်ကို အနားမှာ ရှိပေးလိုက်နိုင်ခဲ့ပါတယ်။ဒီလို ကျေးဇူးတွေကြောင့်နဲ့ ဘာဂဗန်ဟာ ထောင်မှူးစီရီခန့်သ်ကို တစ်ဘဝလုံးစာ အကြွေးတင်နေတယ်လို့ သတ်မှတ်ထားလိုက်ပါတော့တယ်။ဒီနောက်ပိုင်းမှာတော့ ထောင်မှူးစီရီခန့်သ်ရဲ့ သမီးလေး ဗီဂျီနဲ့လည်း ဘာဂဗန်ဟာ ရင်းနှီးလာခဲ့ပြီးနောက်မှာတော့ ထောင်မှူးကြီးကိုရုံးခန်းမှာ မတွေ့ရတာ ရက်အတော်ကြာနေပြီဖြစ်တဲ့အတွက် မေးကြည့်လိုက်တဲ့အချိန်မှာတော့ သူ့မိခင်ကို တွေ့ခွင့်ရဖို့အတွက်ထောင်စည်းကမ်းကို ဖောက်ဖျက်ပေးခဲ့တဲ့ အမှုနဲ့ ထောင်မှူးဟာ ရာထူးကနေ အနားခံလိုက်ရတဲ့အကြောင်းကို သိလိုက်ရပါတော့တယ်။
ဒါ့အပြင် ထောင်မှူးဟာ သူရာထူးကနေ ထွက်မသွားခင်မှာ သူ့ကို ထောင်ကနေ လွှတ်ပေးမယ့်စာရင်းထဲကို ထည့်ပေးခဲ့တာကိုလည်း သိိလိုက်ရပါတော့တယ်။ထောင်ကနေ ထွက်လာတဲ့နောက်မှာ ဘာဂဗန်ဟာ ထောင်မှူးတို့ကို သွားတွေ့ရင်းနဲ့ ထောင်မှူးက အပြင်သွားစရာရှိတာနဲ့ သမီးလေး ဗီဂျီကို စောင့်ကြည့်ပေးနေတုန်းမှာပဲထောင်မှူးဟာ အပြင်သွားရင်း လမ်းမှာ ကားအက်စီးဒန့်ဖြစ်ပြီးတော့ ဒဏ်ရာအပြင်းအထန်နဲ့ ဆေးရုံမှာတင်ပဲ ဆုံးပါးသွားခဲ့ပါတယ်။သူ့အဖေရဲ့ သတင်းကိုရုတ်တရက်ကြီး ကြားသိလိုက်ရတဲ့ ဗီဂျီလေးဟာ စိတ်ဒဏ်ရာရပြီးတော့ အလန့်တကြားဖြစ်သွားရင်း ရှော့ရတတ်တဲ့ရောဂါကို ခံစားနေရပါတော့တယ်။မိဘတွေမရှိတော့တဲ့ ဗီဂျီလေးကို ဘာဂဗန်ကပဲ သန်မာလာအောင် ပြုစုစောင့်ရှောက်ပေးရင်းနဲ့ နောက်ပိုင်းမှာရော ဘယ်လိုတွေ ဆက်ဖြစ်လာဦးမလဲဆိုတာကိုကြည့်ရှူရမယ့် အက်ရှင်ဒရာမာကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်။
(အညွှန်းနဲ့ ဘာသာပြန်ကတော့ Thaik San~Dee~V~BpL~Yunni~ToMo တို့ပဲ ဖြစ်ပါတယ်)
( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
夺命狙击3破晓 (2023)
⭐TMDB: 0.0% User Score
🎬 #Action #Drama #History #War
🗓 2023 🎞 movie
🌎 #China
⏰ 1 နာရီ 33 မိနစ် 31 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
တရုတ်နိုင်ငံ ပီကင်းမြိုရဲ့ 1948 ခုနှစ် က ပြည်သူ့လွတ်မြောက်ရေးအတွက်ကြိုးပမ်းခဲ့တဲ့ အကြောင်းကို ရိုက်ကူးပြသထားတဲ့ဇာတ်လမ်းကောင်းလေးတစ်ခုပါပဲ….လွတ်လပ်ရေးအတွက် ကြိုးပမ်းနေကြတဲ့ ကွန်မြူနစ်ပါတီဝင် တွေဆွေးနွေးပွဲတစ်ခုမှာ အတွင်းသူလျိုရဲ့ လုပ်ကြံမှုကြာင့် ယန်ဟောက်ထျန်းက အသက်ဆုံးရှုံးခဲ့ပါတယ်
သူ နဲ့ သံယောဇဥ်တွေပိုခဲ့ဖူးတဲ့ တပည့်လေး Ace စနိုက်ပါသမာလေးရွှီစန်းရှီ က သူ့ကိုယ်စားနောက်ဆုံး တာဝန်ဖြစ်တဲ့စေ့စပ်ညှိနှိင်းရးကိုယ်စားလှယ်ဖြစ်သူ လူကြီးမင်းလီ ကိုစောင့်ရှောက်ကာမြိုထဲ ပြန်ဖိုနိုင်ဖို လွှဲအပ်တာဝန်ယူခဲ့တယ်…
သူက ဆရာ့ရဲ့နောက်ဆုံးတာဝန်ကို ဘယ်လိုဆောင်ရွက်ပြီးသူလျိုကိုထုတ်ဖော်လက်တုန့်ပြန်မလဲ…တာဝန်ကိုရော ကျေပွန်အောင်ဆောင်ရွက်ပေးနိုင်ပါ့မလားဆိုတာကိုဇာတ်လမ်းလေးနဲ့ လိုက်ပါခံစားကြည့်ရအောင်...
Rajathanthiram: The Piano (2023)
⭐IMDB: 9.0/10 (36 Votes)
🎬 #Bollywood #Drama #Mystery
🗓 2023 🎞 movie
🌎 #Malaysia
⏰ 2 နာရီ 5 မိနစ် 10 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Rajathanthiram: The Piano (2023) “စန္ဒယားတစ်လုံးရဲ့ လျှို့ဝှက်ချက်”IMDb – 9.5/10
တခါတုန်းက အာရူမူဂမ်ဆိုတဲ့ စန္ဒယားဆရာတစ်ယောက်ကို သူ့ရဲ့စိတ်ထားကောင်းမွန်မှုကြောင့်အင်္ဂလိပ်ကြီးတစ်ယောက်က သစ်သားဘူးလေးတစ်ဘူး လက်ဆောင်ပေးသွားခဲ့တယ်။အာရူမူဂမ်ဟာ အဲဒီသစ်သားဘူးကို စစ်ဆေးကြည့်တဲ့အခါမှာတော့အလွန်တရာတန်ဖိုးကြီးမားလှတဲ့ ပန်းရောင်စိန်တုံးကြီးကို တွေ့ရှိခဲ့တယ်။
သူ့သူငယ်ချင်း စန္ဒယားဒီဇိုင်းပညာရှင်နဲ့ပူးပေါင်းပြီးလျှို့ဝှက်ခန်းပါတဲ့ စန္ဒယားတစ်လုံးဖန်တီးကာ အဲဒီစိန်တုံးကြီးကိုဖွက်ထားခဲ့တယ်။စန္ဒယားက လျှို့ဝှက်ခန်းကိုဖွင့်ဖို့အတွက် ထူးခြားတဲ့တေးသွားတစ်ပုဒ်ဖန်တီးပြီး အပိုင်းလေးပိုင်းခွဲလို့သူ့သားသမီးလေးယောက်ကို တပိုင်းစီ သင်ကြားပေးခဲ့ပေမယ့် စိန်တုံးရှိတဲ့လျှို့ဝှက်ချက်ကိုတော့မပြောခဲ့ပါဘူး။
ဒီလိုနဲ့ နှစ်တွေကြာလာတော့ အာရူမူဂမ်တစ်ယောက် အယ်လ်ဇိုင်းမားရောဂါခံစားလာရပြီးစန္ဒယားထဲက စိန်တုံးကြီးကို သူပါမေ့လျော့သွားခဲ့ပါတော့တယ်။သူတို့မိသားစုကလည်း ပြဿနာတွေ တစ်ခုပြီးတစ်ခုတက်နေတဲ့ကြားမှာမှအန္တရာယ်များလှတဲ့ လူတစ်စုက ဒီလျှို့ဝှက်ချက်ကို သိသွားတဲ့အခါမှာတော့…။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)
( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
风起洛阳之双子追凶 (2023)
⭐TMDB: 0.0% User Score
🎬 #Action #Animation #Mystery
🗓 2023 🎞 movie
🌎 #China
⏰ 1 နာရီ 7 မိနစ် 26 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
လော့ယန်မြို့မှာဖြစ်ပွားခဲ့တဲ့ ဧကရာဇ်ကိုလုပ်ကြံမှုကနေစပြီး ဒီဇာတ်လမ်းလေးအစပြုလာခဲ့ပါတယ်ဧကရာဇ်ကိုယ်တိုင်ကျင်းပတဲ့ဆောင်းဦးရာသီအမဲလိုက်ပွဲမှာလုပ်ကြံသူတစ်စုဟာ ဧကရာဇ်ကိုဦးတည်ကာ တိုက်ခိုက်သတ်ဖြတ်လာခဲ့ပါတယ် ။
ဖြစ်ကြောင်းကုန်စင်ကို စုံစမ်းကြည့်တဲ့အခါမှာ လူသတ်သမားတွေသုံးတဲ့လက်နက်ဟာထူယွိဟွင်းပြည်သားတွေသုံးတဲ့လက်နက်နဲ့တူညီလို့နေတာကိုတွေ့ရှိခဲ့ပါတယ် ။တိုက်တိုက်ဆိုင်ဆိုင်ထိုနေ့မှာ ထူယွိဟွင်းပြည်ရဲ့ ဓားစာခံမင်းသား မုရုန်ကျိကလည်း အဲဒီအမဲလိုက်ပွဲမှာရောက်ရှိနေပါတယ် ။
အဲဒီလိုနဲ့ ပြဿနာရဲ့မြားဦးက မုရုန်ကျိဆီအလှည့်ခံရပြီးလုပ်ကြံသူအဖြစ်ခေါင်းစဉ်တပ်ခံရပါတော့တယ် ။သူ့ကိုကူညီဖို့ ဘယ်သူပေါ်လာမလဲ ? တာ့ထန်နဲ့ ထူယွိဟွင်းရဲ့စစ်ဖြစ်ခါနီးအခြေကရောဘယ်လိုဆက်ဖြစ်မလဲ ?ဒီလုပ်ကြံမှုရဲ့နောက်ကွယ်က တရားခံနဲ့ သူ့ရဲ့ရည်ရွယ်ချက်ကဘာလဲဆိုတာကို ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှု့ကြဖို့ တိုက်တွန်းလိုက်ပါရစေ...
Good Night, and Good Luck. (2005)
⭐TMDB: 71.0% User Score
🎬 #Biography #Drama #History
🗓 2005 🎞 movie
🌎 #UnitedKingdom #France #Japan #UnitedStates #UnitedStatesofAmerica #UnitedKingdom
⏰ 1 နာရီ 33 မိနစ် 33 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဆုပေါင်း ၃၉ ဆု၊ အော်စကာ ဆန်ကာတင် ၆ဆုအပါအဝင် ဆန်ကာတင်ပေါင်းတစ်ရာကျော် ဆွတ်ခူးထားတဲ့ ရုပ်ရှင်ဝါသနာအိုးတွေနဲ့ မစိမ်းတဲ့ဖြစ်ရပ်မှန်သမိုင်းဇာတ်ကားပါ၊
ဇာတ်လမ်းက ၁၉၅၀ ဝန်းကျင်တုန်းကဖြစ်ခဲ့တဲ့ အစီအစဉ်တင်ဆက်သူအက်ဒ်မော်ရိုးနဲ့ ကွန်မြူနစ်တွေကို မြေလှန်ပစ်ချင်နေတဲ့ အမတ် မက်ကာတီတို့ကြားက အပြန်အလှန်ခြေကန်မှုတွေကိုအဓိကထားဇာတ်အိမ်တည်ထားပါတယ်။
မော်ရိုးက ကိုယ့်အလုပ်ရဲ့အားသားချက်ကိုသုံးပြီး လူထုကို နိုင်ငံရေးအတွေးအခေါ်လူမှုရေးစသဖြင့်ပညာပေးတင်ဆက်ပေးနေသူပါ၊ မဟုတ်မမှန် မတရားတာတွေဆို သူနဲ့ သူ့မိတ်ဆွေလုပ်ဖော်ကိုင်ဖက်တွေက ရုပ်မြင်သံကြားကနေတဆင့် အတိုင်အဖောက်ညီညီဖော်ထုတ်ပါတယ် ။ မက်ကာတီကျ ရထားတဲ့အာဏာလေးနဲ့ ကွန်မြူနစ်ရှင်းထုတ်တယ်ဆိုတဲ့အမည်ခံနဲ့ ကိုယ်နဲ့မကြည် မကျေနပ်တဲ့လူတွေကိုပါ ဝါးလုံးယမ်းတာတွေလုပ်တတ်ပါတယ် ၊
ဒီကားမှာ ထိုနှစ်ဦးအပြင် အဲ့ခေတ်ကာလတုန်းက အမေရိကန်ရဲ့ ကွန်မြူးနစ်အယူသီးပုံတွေ ၊ရုပ်မြင်သံကြားအပေါ်လူတွေရဲ့အမြင်၊ မော်ရိုးတို့ သတင်းတင်ဆက်သူတွေရဲ့ခံယူချက်စတဲ့ လက်တွေ့ဖြစ်ရပ်တွေကိုအခြေခံရိုက်ကူးထားတာမို့ သမိုင်းရုပ်ရှင်တွေကိုစိတ်ဝင်စားသူတွေရဲ့ အသည်းစွဲပါပဲ...
A Christmas Frequency (2023)
⭐IMDB: 5.2/10 (121 Votes)
🎬 #Romance #TVMovie #Comedy
🗓 2023 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 31 မိနစ် 52 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
နာမည်ကြီး ရေဒီယိုတိုက်ရိုက်အသံလွှင့်တင်ဆက်သူ ဘရွတ်က ခင်ပွန်းနဲ့ကွဲပြီး ပုံမှန်တင်ဆက်နေကျ “ဘရွတ်နဲ့နံနက်စာ” ရေဒီယိုအစီအစဉ်မှာ လုပ်ငန်းစွမ်းဆောင်ရည်တွေကျဆင်းနေခဲ့တယ်။ ဘရွတ်ရဲ့လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ ကန်ဇီကတော့ မကြာခင် “ဘရွတ်နဲ့နံနက်စာ” အသံလွှင့်အစီအစဉ်ဖျက်ချခံရပြီး အလုပ်ပြုတ်တော့မှာကို စိုးရိမ်နေခဲ့တာပေါ့။
ဒီလိုနဲ့ အစီအစဉ်တစ်ခုဆွဲပြီး “ဘရွတ်နဲ့နံနက်စာ”ရှိုးကို ကယ်တင်ဖို့ကြိုးစားခဲ့တယ်။ အစီအစဉ်ကတော့ ဘရွတ်ကို ဘလိုင်းဒိတ်ရှာပေးဖို့ပါပဲ။ ဘရွတ်ကို ဘလိုင်းဒိတ်ရှာပေးနေတဲ့ကန်ဇီရဲ့အချစ်ရေးကရော ဘယ်လိုမျိုးဖြစ်နေလဲ နောက်ဆုံးမှာဘရွတ်နဲ့သင့်တော်တဲ့ဒိတ်ကိုရှာတွေ့ပြီး ရှိုးကိုကယ်တင်နိုင်ပါ့မလားနဲ့ အချစ်ရေးနဲ့ အလုပ်ကြား ပဋိပက္ခနဲ့ဦးစားပေးမှု ရွေးချယ်မှုတွေအကြောင်းကို ကြည့်ရှူရမှာဖြစ်ပါတယ်။...
Carrie (1976)
⭐TMDB: 73.0% User Score
🎬 #Horror #Mystery #Thriller
🗓 1976 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 39 မိနစ် 2 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Carrie (1976)
~ IMDb – 7.4/10, Rotten Tomatoes – 93% ~
Carrie ဟာ စတီဖင်ကင်းရဲ့ ပထမဆုံးဝတ္ထုဖြစ်ခဲ့သလို ကော်ပီပေါင်း 30,000 ရောင်းရတဲ့အထိ ပေါက်ခဲ့တဲ့ ဘတ်ဆဲလ်လား ဝတ္ထုလည်းဖြစ်ခဲ့တယ်။ Carrie ကနေစလို့ စတီဖင်ကင်းဆိုတဲ့နာမည်က မိန်းစထွင်းမှာ နေရာတစ်နေရာ ရလာခဲ့တယ်ဆိုလည်း မမှားဘူး။ Carrie ကို ရုပ်ရှင်အနေနဲ့ လေးခါပြန်ရိုက်ခဲ့ပြီး Carrie (1976), The Rage: Carrie 2 (1999), Carrie (2002) တို့နောက် ၂၀၁၃မှာလည်း Chloë Grace Moretz ကိုသုံးပြီး Remake ထပ်ရိုက်ခဲ့သေးတယ်။ ဒါပေမဲ့ ဒီ ၁၉၇၆ဗားရှင်းဟာ အကောင်းဆုံးဖြစ်သလို ကင်းကိုယ်တိုင်လည်း ထပ်ရိုက်မယ်ကြားတော့ မူရင်းကားက ခြောက်ပြစ်ကင်းနေမင့်ကို ဘာလို့ ထပ်ရိုက်နေဦးမှာလဲလို့ ပြောခဲ့ပါသေးတယ်။ စတီဖင်ကင်းကိုယ်တိုင် ဒီရုပ်ရှင်ရဲ့ ဇာတ်သိမ်းဟာ စာအုပ်ထက်သာတယ်လို့ ချီးကျူးဖူးပါတယ်။ Carrie ဟာ စာအုပ်အနေနဲ့တင်အောင်မြင်ခဲ့တာမဟုတ်ဘဲ ရုပ်ရှင်အနေနဲ့ ပြန်လည်ရိုက်ကူးရာမှာလည်းအောင်မြင်မှုတွေ ရခဲ့ပြီး Horror ဇာတ်ကားတွေထဲမှာ အကောင်းဆုံးဇာတ်ကားတွေထဲက တစ်ကားလို့ သတ်မှတ်ခံခဲ့ရပါတယ်။
Carrie (1976) ရိုက်တဲ့ဒါရိုက်တာကို နာမည်သာ မသိရင်မသိမယ် သူ့ကားတွေတော့ အားလုံးသိကြမှာဖြစ်သလို သူ့ကားတွေဟာ အကောင်းတကာ့ အကောင်းဆုံးကားတွေဆိုတာလည်း ငြင်းမရပါဘူး။ ဂန္ထဝင် ဒါရိုက်တာကြီး Brian De Palma ပါပဲ။ Al Pacino ရဲ့ အကောင်းစားတွေထဲက တစ်ကားဖြစ်တဲ့ Scarface, ကယ်ဗင်ကော်စနာ ရှောင်ကွန်နရီ ရောဘတ်ဒီနဲရိုးတို့ ပါဝင်ထားတဲ့ The Untouchables, ဂျွန်ထရာဗိုတာရဲ့ အကောင်းဆုံးတွေထဲက Blow Out, ဒါ့အပြင် Mission: Impossible, Dressed to Kill, Carlito’s Way တို့လို ကားကောင်းတွေလည်း ရိုက်ခဲ့ပါတယ်။ ရိုက်ခဲ့သလောက် အကုန်ကောင်းခဲ့တဲ့ ဒါရိုက်တာကြီးပါပဲ။ သရုပ်ဆောင်တွေကတော့ Sissy Spacek နဲ့ ဂျွန်ထရာဗိုတာတို့ကို သုံးထားပါတယ်။ ဇာတ်လမ်း ဒါရိုက်တာ သရုပ်ဆောင် အကုန်ပါဖက်ဖြစ်နေတယ်ပြောရပါမယ်။ နောက် ဒီကားနဲ့ အော်စကာမှာ Spacek က Best Actress ဆန်ခါတင်ဝင်ခဲ့သလို Laurie က Best Supporting Actress ဆန်ခါတင်ဝင်ခဲ့ပါတယ်။
ဇာတ်ကတော့ ကင်းရဲ့ ရေးတတ်တဲ့ပုံစံအတိုင်း Supernatural Horror ဇာတ်ပါပဲ။ ကင်းပရိသတ်တွေတော့ ကျိန်းသေ အကြိုက်တွေ့မယ့် ဟော်ရာဇာတ်လို့ပြောရပါမယ်။ Horror ကြိုက်တတ်တဲ့ ပရိသတ်တွေအတွက် လုံးဝ ကြည့်သင့်တဲ့ဇာတ်ကားမျိုးပါပဲ။ Carrie (2013) နဲ့လည်း ကွဲလွဲတာတွေ အများကြီးရှိပေမဲ့ Bright Burn ဆန်ဆန် Carrie မဟုတ်ဘဲ အရာဝတ္ထုတွေကို စိတ်နဲ့စေစားနိုင်တဲ့ အစွမ်းရှိတဲ့၊ ဘာသာရေးအစွန်းရောက် အမေကြောင့် စိတ်ဒဏ်ရာရနေတဲ့၊ လူရာဝင်အောင်ကြိုးစားနေတဲ့ အပယ်ခံ ဆယ်ကျော်သက်လေး Carrie ကိုတွေ့ရတဲ့အတွက် 1976 Version က သဘောကျစရာအကောင်းဆုံးပါပဲ။
(ဒီဇာတ်ကားနဲ့အညွှန်းကို666မှ ပြန်ဆို ရေးသားထားပါတယ်)...
Hell's Coming for You (2023)
⭐IMDB: 4.5/10 (37 Votes)
🎬 #Thriller
🗓 2023 🎞 movie
🌎 #UnitedStates
⏰ 1 နာရီ 36 မိနစ် 19 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ခြေထောက်မသန်စွမ်းတဲ့ဆုကြေးငွေမုဆိုးတစ်ယောက်ဖြစ်တဲ့ လီယန်ဟာ သူတို့လုပ်ငန်းနယ်ပယ်မှာ အလွန်ထူးချွန်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။
လီယန်တစ်ယောက်အလုပ်မှ အနားယူကာ ရပ်ကွက်ငယ်လေးတစ်ခုမှ အခြေချဖို့ကြိုးစားနေချိန်မှာ အမည်မသိဖုန်းတစ်ခုက လီယန်မဖော်ထုတ်နိုင်ခဲ့တဲ့ သူ၏ဇနီးသေဆုံးမှုအကြောင်းကို သတင်းပေးလာခဲ့ပါတယ်။
သတင်းရပြီးနောက်မှာ လီယန်တစ်ယောက်ဘယ်လိုကိုင်တွယ်ဖြေရှင်းသွားမလဲဆိုတာကို ကြည့်ရှုရမယ့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။...
Dreamgirls (2006)
⭐TMDB: 68.0% User Score
🎬 #Drama #Music #Musical
🗓 2006 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 2 နာရီ 20 မိနစ် 58 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
အခုတစ်ခါ Dream Girls ဆိုတဲ့ ဂီတရုပ်ရှင်တစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ် ဂီတရုပ်ရှင်ဆိုတဲ့အတိုင်း တကားလုံးမှာ သီချင်းတွေတစ်ဝကြီးနားဆင်ပြီးကြည့်ရှုရမှာဖြစ်ပါတယ်
သရုပ်ဆောင်တွေကလည်း Beyonce’ တို့ Jennifer Hudson တို့လို နာမည်ကြီးအဆိုတော်တွေအပြင် Jamie Fox တို့ရော နာမည်ကြီးတွေပါဝင်ထားတာဖြစ်ပါတယ် Beyonce’ ရဲ့ နာမည်ကျော်သီချင်းဖြစ်တဲ့ ”Listen” ကို ဒီဇာတ်ကားအတွက်သီဆိုခဲ့တာဖြစ်ပါတယ်
ဇာတ်လမ်းလေးကတော့ အဆိုတော်ဖြစ်ချင်တဲ့ အိပ်မက်ရှိတဲ့ အက်ဖီ, ဒီနာနဲ့လော်ရယ်တို့သူငယ်ချင်းသုံးယောက်ဟာ ဒရင်းမက်စ်ဆိုတဲ့ နာမည်နဲ့ အဖွဲ့လိုက်သီချင်းပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်ကြပါတယ် တရက်မှာတော့ ကားတစ်တေလာဆိုတဲ့ပရိုဂျူဆာတစ်ယောက်က သူတို့သုံးယောက်ရဲ့ အဆိုပါရမီကိုသိရှိသွားပြီး သူတို့ကို ဒရင်းမ်စ်အဖွဲ့ဆိုတဲ့နာမည်နဲ့မြေတောင်မြှောက်ပေးပါတော့တယ်
အဆိုတော်အနေနဲ့အောင်မြင်ဖို့ကိုမျှော်လင့်ခဲ့ရပြီး တကယ်တမ်းအောင်မြင်လာတဲ့အချိန်မှာတော့ အကြောင်းအမျိုးမျိုးနဲ့ သူတလူငါတမင်းနဲ့စိတ်ဝမ်းကွဲလာကြပါတယ် အကြောင်းကတော့ အရင်က သူတို့အဖွဲ့မှာ အက်ဖီက ခေါင်းဆောင်နေရာကသီဆိုလေ့ရှိပြီး ကျန်တဲ့ ဒီနာနဲ့လော်ရယ်တို့က နောက်လိုက်အနေနဲ့ဆိုရပါတယ်
ဒါကို ကားတစ်က အက်ဖီကို ဖယ်ပြီး ဒီနာကိုခေါင်းဆောင်နေရာပေးပြီး ဆိုခိုင်းတဲ့အခါ သူတို့အဖွဲ့လေးမှာ သဘောထားမတိုက်ဆိုင်တာတွေ မနာလိုမှုတွေရှိလာပြီး အဲ့ဒါတွေအပြင် ကားတစ်တေလာနဲ့ နှလုံးသားရေးရာတွေပါ ပက်သက်လာတဲ့အခါ သူတို့ရဲ့ ဒရင်းမ်စ်အဖွဲ့လေးဟာ အောင်မြင်မှုကို ရေရှည်ခံနိုင်ပါ့မလား ဘယ်လိုအခက်အခဲတွေနဲ့ရင်ဆိုင်ရမလဲ ဒါ့အပြင် သူတို့ဟာ လူမည်းတွေဖြစ်တာကြောင့် လူဖြူတွေရဲ့ကြားမှာအရာဝင်အောင် ဘယ်လိုခက်ခက်ခဲခဲနဲ့ကြိုးစားရမလဲဆိုတာကြည့်ရှုရမှာဖြစ်ပါတယ်
ဒီဇာတ်ကားလေးဟာ အဆိုတော်တွေနဲ့ရိုက်ကူးထားပြီး ဇာတ်ကားကြည့်ရင်းသီချင်းတွေကိုပါတဝကြီးနားဆင်နိုင်မှာဖြစ်ပါတယ်။...
Where the Devil Roams (2023)
⭐IMDB: 5.6/10 (179 Votes)
🎬 #Horror
🗓 2023 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 33 မိနစ် 35 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Where the Devil Roams (2023)
~ IMDb – 5.6/10, Rotten Tomatoes – 100% ~
Rotten Tomatoes မှာ ၁၀၀ရာခိုင်နှုန်းအပြည့်ရထားတဲ့ မြင်ရခဲတဲ့ Horror ကားမျိုးပေါ့။ ဒါပေမဲ့ ဒီကားကို သာမန်ပရိသတ်တွေတော့ သိပ်ကြိုက်တဲ့ထဲမပါဘူး။ ဒါလည်း ဖြစ်သင့်ပါတယ်။ ဘာလို့ဆို ဒီကားက မိန်းစထွင်းဟော်ရာကားဆန်ဆန်လိုင်းကို သွားထားတာမဟုတ်ဘူး။ အင်ဒီဆန်ဆန် ဟော်ရာကားမျိုးလို့ပြောရမယ်။ ဟော်ရာဆိုပေမဲ့ သရဲလိုင်းမဟုတ်ဘဲ နတ်ဆိုးလိုင်းပေါ့။ ဒါပေမဲ့ အဲဒီနတ်ဆိုးကို ထည့်သွင်းထားပုံကလည်း တစ်မူထူးခြားနေတယ်။ နတ်ဆိုးပယောဂဆိုတာထက် လူတွေရဲ့ လောဘတရားကို ပိုဇောင်းပေးသလိုလိုတော့ ဖြစ်သွားမယ်။ ပြောသာပြောရတယ် အဲဒီလောက်ရိုးရှင်းနေတဲ့ ဇာတ်လည်းမဟုတ်ပြန်ဘူး။ ဇာတ်ကိုကလည်း နားလည်ရခက်စွာနဲ့ စိတ်ဝင်စားစရာကောင်းနေသလို အပြတွေကလည်း ဘော်ဒီဟော်ရာဆန်ဆန်ကို ရွံစရာကောင်းတာတွေလည်းပါတယ်။ ဒီကားက သမားရိုးကျဟော်ရာကားတွေကြည့်ရတာ ရိုးနေပြီး ကွဲပြားတာလေးကြည့်ချင်တဲ့လူတွေအတွက်ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ဘာမျှော်လင့်ချက်မှမထားဘဲ ဒီတိုင်းပဲ စိတ်ကိုရှင်းထားပြီးသား ကြည့်လိုက်ပါ။ အနည်းဆုံးတော့ ကြည့်ကောင်းပါလိမ့်မယ်။ ဒီထက်လည်း ပိုပါလိမ့်မယ်။ ဒါပေမဲ့ ခင်ဗျားမြင်နေကျ စံနှုန်းတွေနဲ့ သွားတိုင်းရင်တော့ ဒီရုပ်ရှင်ကို စိတ်ကျေနပ်မယ်လို့တော့မထင်ပါဘူး။ နတ်ဆိုးတောင်မှ အသုံးများတဲ့ နတ်ဆိုးမသုံးဘဲ ဟီဘရူးနတ်ဆိုးကို သုံးသွားတာပါ။ သူ့ကျောရိုးဇာတ်လမ်းကလည်း ဆန်းပြားပါတယ်။ Expressionism, Surrealism ဝတ္တုတောင်ဆန်ပါတယ်။
ဒီကားကို အဒမ်မိသားစုလို့ခေါ်တဲ့ ဂျွန်အဒမ်နဲ့ ဇယ်ဒါအဒမ်တို့က ရိုက်ထားပြီး သူတို့ရဲ့သမိုင်းကြောင်းကို ခြေရာပြန်ကောက်ကြည့်လိုက်ရင်လည်း The Deeper You Dig, Hellbender နဲ့ Halfway To Zen တို့လို ဟော်ရာပေမဲ့ ဝေဖန်ရေးအရအောင်မြင်ခဲ့တဲ့ကားတွေချည်း ရိုက်ခဲ့တဲ့ သူတွေဆိုတော့ ကားကောင်းတွေကြိုက်တတ်တဲ့လူတွေတော့ စိတ်ချလက်ချကြည့်လို့ရပါတယ်။ ထပ်ပြောရရင် သမားရိုးကျ ဟော်ရာကားတွေကို ကြိုက်တတ်တဲ့လူတွေအတွက်တော့ လုံးဝမဟုတ်ပါဘူး။
(ဒီဇာတ်ကားနဲ့အညွှန်းကိုWမှ ပြန်ဆို ရေးသားထားပါတယ်)...
Higuita: The Way of the Scorpion (2023)
⭐IMDB: 6.6/10 (363 Votes)
🎬 #Documentary #Sport
🗓 2023 🎞 movie
🌎 #Colombia
⏰ 1 နာရီ 41 မိနစ် 19 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
အခုတင်ဆက်ပေးမှာကတော့ တစ်ချိန်က ဘောလုံးသမားတွေကြားမှာ ထင်ပေါ်ကျော်ကြားခဲ့တဲ့ ကိုလမ်ဘီယာသား ဂိုးသမား ရီနဲ ဟီဂူတရဲ့အကြောင်းကို Documentary အနေနဲ့ ရိုက်ကူးတင်ဆက်ပေးထားတာဖြစ်ပါတယ်
ဂိုးသမားဆိုတဲ့နေရာကို ဂုဏ်ယူစရာကောင်းတဲ့ နေရာတစ်ခုဖြစ်အောင် ပြုလုပ်ပေးခဲ့တဲ့ ရီနဲ အခုအချိန်ထိ ကျော်ဖြတ်ခဲ့ရတဲ့ အခက်အခဲတွေအကြောင်းနဲ့ ကိုလမ်ဘီယာ ဘောလုံးသမိုင်းကြောင်းကို တင်ဆက်ပေးထားတာပါ ဘောလုံးသမိုင်းကို စိတ်ဝင်စားတဲ့သူတွေအတွက် အကြိုက်တွေ့မယ့် Documentary တစ်ပုဒ်ဖြစ်ပါတယ်...
Squealer (2023)
⭐IMDB: 3.5/10 (200 Votes)
🎬 #Action #Horror #Thriller
🗓 2023 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 39 မိနစ် 46 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Squealer (2023)
ဗန်ဒိန်းတို့ အာနိုးတို့နဲ့ တွဲရိုက်ခဲ့ဖူးတဲ့ သရုပ်ဆောင် Andy Armstrong ရဲ့ ဒါရိုက်တာအနေနဲ့ ပွဲဦးထွက်တဲ့ Horror Thriller ရုပ်ရှင်ပါ။ သူကိုယ်တိုင် ဇာတ်ညွှန်းကူရေး ပရိုဂျူဆာလုပ်ရင်း ရိုက်ထားတာပါ။ ကနေဒါ ကွင်းဆက်လူသတ်သမား Robert Pickton ဖြစ်စဥ်ကို Inspired ယူပြီး ရိုက်ထားပါတယ်။ သည်းထိတ်ရင်ဖိုရုပ်ရှင်တွေကြိုက်တဲ့လူတွေအတွက် ဒီလအစကမှ လတ်လတ်ဆတ်ဆတ်ထွက်ရှိထားတဲ့ သည်းထိတ်ရင်ဖို ရုပ်ရှင်အသစ်စက်စက်ပါပဲ။ Fast & Furious နဲ့ Transformers တို့ထဲ အားလုံးရင်းနှီးပြီးသားဖြစ်တဲ့ Tyrese Gibson လို ဘီးကြဲက ဦးဆောင်ပါဝင်ထားပါတယ်။
~ ဇာတ်လမ်းအညွှန်း ~
မြို့မှာ အမျိုးသမီးပျောက်ဆုံးမှုတွေ တိုးလာတာကို မသင်္ကာလို့ ရဲမှူးဂျက်နဲ့ လူမှုဖူလုံရေးဝန်ထမ်း လီဆာတို့ လိုက်စုံစမ်းရင်း မြို့ပြင်က ဝက်မွေးမြူရေးခြံကို စုံစမ်းဖို့ရောက်သွားတဲ့အခါ ဘယ်လိုတွေ ကြုံတွေ့ရမလဲ ဆိုတာတွေကို ထိတ်ထိတ်လန့်လန့်ကြည့်ရှူကြရပါလိမ့်မယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုDBမှ ပြန်ဆို ရေးသားထားပါတယ်)...
The Man from Nowhere (2010)
⭐IMDB: 7.7/10 (73 k Votes)
🎬 #Action #Asian #Drama #Thriller #Crime
🗓 2010 🎞 movie
🌎 #SouthKorea
⏰ 1 နာရီ 59 မိနစ် 18 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
IMDb Rating(7.8) / Rotten Tomatoes (100%)
မြန်မာပရိတ်သတ်ကြီးရဲ့ ငယ်ကျွမ်းဆွေမင်းသားကြီးလဲဖြစ် မြန်မာပြည်သူအသဲနှလုံးကို ရိုက်ခတ်ခဲ့တဲ့ <<<ဆောင်းရွက်ဦးရွက်ကြွေ ချစ်သက်သေ>>>ဇာတ်ကားမှ မင်းသား ထယ်စောက် လို့လူသိများတဲ့မင်းသား(Won Bin) ရဲ့ ကျော်ကြားတဲ့ ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။ဒီဇာတ်ကားဟာဖြင့် ကိုရီးယားမှာ ရုံတင်ပြသရာမှာ ၄ပတ်ထဲနဲ့ ကြည့်ရှူ.သူ ၄,၀၄၇,၂၂၇ ကျော်ခဲ့လို့ စံချိန်တင်ဇာတ်ကားတစ်ကားဖြစ်ရပ်တည်ခဲ့ပါတယ် ။
ခုခေတ်မှာ အောင်မြင်နေတဲ့ John Wick ဟာ ဒီကားကို အတုယူထားတာဖြစ်တယ်လို့ ဒါရိုက်တာမင်းများက ဆိုထားခဲ့ဖူးပါတယ်။ဒီကားထဲမှာ ထယ်စောက်ရဲ့ အက်ရှင်ဇာတ်ကြမ်းကို ကြည့်ရမှာဖြစ်တဲ့အပြင် တစ်ချို့အပိုင်းဒရာမာလေးတွေကလည်း ရင်ကိုထိစေပါလိမ့်မယ်။
ဇာတ်လမ်းအကြမ်းဖျဉ်းကတော့
မင်းသားဖြစ်သူဟာ စစ်ဘက်ထောက်လှမ်းရေးကနေထွက်ပြီး ဇာတ်မြုပ်နေထိုင်သူတစ်ယောက်…သူ့အိမ်လေးဘေးက ကလေးမလေးဟာ တေလေဂျပိုးသူခိုးမလေး။သူက အပေါင်ဆိုင်လေးဖွင့်ထားတော့ ခိုးလို့ရသမျှပစ္စည်းတွေ သူ့ဆီလာပေါင်ရင်း တစ်စွန်းတစ်စ ရင်းနှီးလာကြတယ်။ဒါပေမယ့် ကောင်မလေးရဲ့ အမေက ဆေးသမားဖြစ်နေတော့ မမျှော်လင့်ထားတဲ့ ဇာတ်ရှုပ်တွေက မင်းသားဆီကို ဆက်နွှယ်လာပါတော့တယ်။ ကလေးမလေး အဖမ်းခံရတဲ့အချိန်မှာ ထယ်စောက်တစ်ယောက်က ယခင်အတိတ်ကသူကြမ်းခဲ့တဲ့အတိုင်း ပြန်ကြမ်းလာပြီးကလေးမလေးကို ရေဆုံးမြေဆုံးအထိ လိုက်ကယ်ပါတော့တယ်။
ထယ်စောက် ဝင်ရှင်းခဲ့ရတဲ့ ဇာတ်ရှုပ်က ဘာတွေများဖြစ်မလဲ၊ကိုယ်တွေရဲ့ အရိုမင်းသားကြီး ဘယ်လိုတွေ ဂေါ်နေမလဲ ဆိုတာကိုတော့The Man From Nowhere လေးကို ကြည့်ရှုရင်း ခံစားကြည့်ကြပါလို့ ညွှန်းဆိုပါရစေ။
ကိုရီးယား အကယ်ဒမီပေးပွဲမှာလဲ ဆုတွေတစ်သီကြီးရရှိခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။...
Ferry: The Series (2023- )
⭐IMDB: 7.8/10 (2 k Votes)
🎬 #Crime #Drama #Thriller
🗓 2023- 🎞 tv series
🌎 #Belgium #Netherlands #France
⏰ 46 မိနစ် 46 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Ferry: The Series (2023)RT 80% နဲ့ IMDb 7.8 ရရှိထားတဲ့ နက်ဖလစ်ရဲ့ Crime Drama ဒတ်ချ်စီးရီးအသစ် ဖြစ်ပါတယ်။
၂၀၁၉ ခုနှစ်က ထွက်ရှိထားတဲ့ Undercover စီးရီးရဲ့ Prequel ပါ။ ဟိုဟိုဒီဒီ မူးယစ်ဆေးတွေကို
လိုက်ရောင်းနေရင်းကနေ တစ်ရက်မှာ ပွပေါက်တိုးမိဖို့ အခွင့်ဖန်လာတဲ့ ဖယ်ရီဘိုးမန်း။ ဇနီးချော အသစ်စက်စက်လေးကို ရထားသူ။အလုပ်အကိုင်မဖြစ်လို့ လူတွေမသိအောင် ဟန်ဆောင်နေရချိန်မှာ အန္တရာယ်များမှန်း သိပေမဲ့ ဒီလိုအခွင့်အရေးမျိုးကို
လက်လွတ်မခံဘဲ ဇွတ်တိုးရင်းကနေ မြေအောက်လောထဲ ထဲထဲဝင်ဝင် ရောက်သွားပါတယ်။
Your browser does not support the video tag.အဲဒီကနေမှ ဘယ်လိုဒုက္ခတွေ၊ သုခတွေ ကြုံရမလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုကြရမှာပါ။
မြေအောက်လောကကိစ္စတွေကို စိတ်ဝင်စားသူတွေအဖို့ အကြိုက်တွေ့စေမှာ သေချာပါတယ်။...
Satanic Hispanics (2022)
⭐IMDB: 5.7/10 (340 Votes)
🎬 #Horror #Thriller #Comedy
🗓 2022 🎞 movie
🌎 #UnitedStates
⏰ 1 နာရီ 53 မိနစ် 32 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Satanic Hispanics (2022)
~ IMDb – 5.7/10, Rotten Tomatoes – 91% ~
“Satanic Hispanics” ဆိုတဲ့နာမည်မှာ Hispanics ဆိုတာက စပိန်ဘာသာစကားကို အခြေခံထားတဲ့ လူမျိုးတွေကိုပြောတာပါ။ ဥပမာ ကျူးဘား၊ မက္ကဆီကန် လူမျိုးတွေပေါ့။ ဒီဇာတ်ကားရဲ့ခေါင်းစဉ်ကတော့ စေတန်နှင့်ပတ်သက်သော စပိန်များ လို့ အဓိပ္ပါယ်ဖွင့်လို့ရပါတယ်။
~ ဇာတ်လမ်းအညွှန်း ~
စပိန်နိုင်ငံရဲ့ အယ်လ်ပါဆိုတဲ့ဒေသမှာရှိတဲ့ အိမ်တစ်ခုကိုဝင်စီးတဲ့အချိန်မှာ ရဲတွေဟာအလောင်းပေါင်းများစွာကို တွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ “သွားလေသူ” လို့ သူ့ကိုယ်သူခေါ်တဲ့ အမျိုးသားတစ်ယောက်ပဲ ဘာထိခိုက်ဒဏ်ရာမှမရှိဘဲရှင်ကျန်နေခဲ့ပါတယ်။ ဒီလိုနဲ့ ထုံးစံအတိုင်းပဲ မှုခင်းဖြစ်ပွားတဲ့နေရာမှာ ရှင်ကျန်နေတဲ့သွားလေသူဆိုတဲ့သူကို လူသတ်တရားခံအတွက် သံသယရှိတဲ့သူဆိုပြီး စခန်းကိုဖမ်းသွား၊ မေးမြန်းတာတွေလုပ်ခဲ့ကြပါတယ်။ ဖြစ်ချင်တော့ သေဆုံးသူတွေက သမားရိုးကျပုံစံမျိုးနဲ့သေဆုံးတာမဟုတ်ဘဲ အားလုံးက သွေးတွေခန်းတဲ့အထိစုပ်သတ်ခံရပြီးမှ နဖူးထဲသေနတ်ရာပေါက်ပြီး သေသွားကြရပါတယ်။ ရဲတွေက ဒီဖြစ်ရပ်နဲ့ပတ်သက်တဲ့ မေးခွန်းတစ်ခုကိုမေးလိုက်တိုင်း သူက တခြားအကြောင်းအရာတွေနဲ့ ဆက်စပ်ပြီးပြောပြောလာပါတယ်။ အဲဒီမှာပဲ သွားလေသူဟာ သူ့ရဲ့ဇာတ်လမ်းတွေကို ပြောလာပါတော့တယ်။ တကယ်ပဲ ဒီမှုခင်းဟာ သမာရိုးကျအစွန်းရောက်လူသတ်သမားတစ်ယောက်ရဲ့ လုပ်ရပ်ပဲလား၊ ဒါမှမဟုတ် သွေးရိုးသားရိုးမဟုတ်တဲ့ ဂမ္ဘီရအတတ်၊ အောက်လမ်းနည်းတွေပါနေတဲ့ လူသတ်ကွင်းဆက်ကြီးများလားဆိုတာကို ကြည့်ရှူကြရမှာပဲဖြစ်ပါတယ်။
ဒီဇာတ်ကားကို ပြန်အကျဉ်းချုပ်ရရင်တော့ ရှုထောင့်ပေါင်းစုံနဲ့ ရိုက်ကူးထားတဲ့ဇာတ်ကားတစ်ကားလို့ပြောနိုင်ပါတယ်။ သွားလေသူပြောပြခဲ့တဲ့ ဇာတ်လမ်းတွေဟာ ရယ်ရ၊ မောရတဲ့အပြင် ထိတ်လန့်ချောက်ချားပြီး မထင်မှတ်ထားတဲ့ပုံစံတွေပါဝင်နေတဲ့အတွက် သာမန် Horror ကားတွေလိုမျိုး အမြဲလန့်နေရမှာမဟုတ်ဘဲ ရသမျိုးစုံကိုပေးစွမ်းနိုင်မယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုMarkမှ ပြန်ဆို ရေးသားထားပါတယ်)...
