ru
Feedback

Не попадитесь на канал ботавода! Telemetrio находит и помечает такие каналы 👉 Хотите видеть метку — оформите подписку

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Закрытый канал

🚩 Channel was restricted by Telegram

Больше
Нет данных
Подписчики
-524 часа
-47 дней
+730 дней
Архив постов
Tiger Nageswara Rao (2023) ⭐IMDB: 6.9/10 (2 k Votes) 🎬 #Action #Bollywood #Crime #Drama #Uncategorized #History #Thriller 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 42 မိနစ် 40 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Tiger Nageswara Rao 2023 ( လူဆိုးဗိုလ် ကျားကြီး) ဘောလီးဝုဒ်ပရိသတ်တွေ မျှော်နေကြတဲ့ ဆလူးဘိုင်ရဲ့ မြောက်ပိုင်းတိုက်ဂါးမလာခင်မှာဒါကတော့ တောင်ပိုင်းပရိသတ်တွေအကြိုက် မင်းသားကြီး ရာဗီတီဂျာရဲ့ တောင်ပိုင်းကျားကြီးပဲဖြစ်ပါတယ် ရဲမှူးကြီး တိုက်ဂါးကဘယ်လိုလူလဲ?…. သူသာ နိုင်ငံရေးလုပ်ရင် အမတ်ဖြစ်နိုင်တဲ့ ဉာဏ်ရည်ရှိတယ်…..သူသာ အားကစားသမားဆို နိုင်ငံအတွက် ရွှေတံဆိပ်တွေ ပလူပျံနေမှာ… သူသာ စစ်တပ်ထဲဝင်ရင် သူ့သတ္တိနဲ့တင် စစ်ပွဲတွေနိုင်ကုန်မှာ…. ဒါပေမဲ့ ကံဆိုးချင်တော့ သူကရာဇဝတ်သားဖြစ်နေတယ်… မသိဘဲယူတာ သူခိုးတဲ့ လုယူသွားရင် ဓားပြတဲ့ ဒဲ့စိန်ခေါ်ပြီး ယူသွားရင် တိုက်ဂါးပဲ…. ဒီစာသားတွေကို ကြည့်လိုက်ရုံနဲ့ တိုက်ဂါးဘာကောင်လဲဆိုတာ ပရိသတ်ကြီးတို့ ရိပ်စားမိလောက်ပါပြီ လူဆိုးဗိုလ်ကြီး တိုက်ဂါးရဲ့ ကလေးဘဝကနေ လူဆိုးကြီးဖြစ်လာတဲ့ ဘဝအကြောင်းတွေ ရဲတွေကို မလိမ့်တပတ်နဲ့ ကတုံးပေါ်ထိပ်ကွက်ပုံတွေကို ဉာဏ်ချင်းပြိုင်တာတွေကို အက်ရှင်အစုံနဲ့ တောင်ပိုင်းကားပီပီ ဇာတ်အိမ်ကောင်းကောင်းနဲ့ ရိုက်ပြပေးထားတာမို့ တောင်ပိုင်းကျားကြီးကို ပရိသတ်ကြီးအတွက်တင်ဆက်ပေးလိုက်ရပါတယ် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲဖြစ်ပါတယ် ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...

Miss Fortune (2023) ⭐TMDB: 0.0% User Score 🎬 #Comedy #Drama 🗓 2023 🎞 movie 🌎 #SouthKorea #SouthKorea ⏰ 2 နာရီ 1 မိနစ် 23 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Miss Fortune(2023) ****************** ဂျီဟဲဆိုသောအမျိုးသမီးဟာ လက်နှိပ်စက်ခေတ်ကတည်းက နာမည်ကြီး ပစ္စည်းတွေပတ်ခိုးလာတဲ့ နာမည်ကျော် သူခိုးတစ်ယောက်ပါ… သို့သော် မျက်မှောက်ခေတ်တိုးတက်လာတဲ့နည်းပညာတွေ ကြောင့် မြင့်မားတဲ့ လုံခြုံရေးစနစ်တွေကြောင့် ခိုးရပြုရတာ အရင်လိုမလွယ်ကူတော့… သူ့အနေနဲ့ ဒီဘက်ခေတ်နည်းစနစ်တွေကို အမှီလိုက်ဖို့ကလည်း အတော်ခက်.. ဒါ့ကြောင့် သူခိုးတဲ့အချိန်မှာ အထောက်အကူဖြစ်စေဖို့ သမီးဖြစ်သူကို ဆွဲခေါ်လေ့ရှိတယ်… သမီးဖြစ်သူကလည်း ထက်မြက်တဲ့သူဆိုတော့ သော့တွေလုံခြုံရေးစနစ်တွေCCTVတွေနဲ့ အခြား Hackingပိုင်းတွေမှာပါ ကူညီပေးလေ့ရှိတယ်..ဒါပေမဲ့ ဂျီဟဲက သမီးဖြစ်သူကိုလည်း ဒီလောကကြီးထဲမှာ သူ့လို မရပ်တည်စေချင်ဘူး..ဒါ့ကြောင့် နောက်ဆုံးပိတ်အနေနဲ့ ၆၀ဘီလျံတန်ဘိုးရှိတဲ့ ပစ္စည်းတစ်ခုက ခိုးယူပြီး စောရလောကကနေ အပြီးတိုင်နားဖို့ အချီကြီးကြံပါတော့တယ်.. သို့သော် သူမ ထင်ထားသလို မလွယ်ကူတဲ့အခါမှာတော့… နာမည်ကြီးသရုပ်ဆောင်များစွာပါဝင်ထားတာမို့ ကြည့်ကြပါကုန်...

Vendetta Road (2023) ⭐IMDB: 4.8/10 (54 Votes) 🎬 #Thriller 🗓 2023 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 22 မိနစ် 12 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီဇာတ်ကားက မာဖီးယားတွေလက်ကနေ ထွက်ပြေးလာတဲ့ရာဇဝတ်သား Ivanဆိုတဲ့ကောင်လေးတစ်ယောက်အပေါ်ကို ဇာတ်အိမ်တည်ထားပြီး ဒါရိုက်တာNathanLightက ရိုက်ကူးခြယ်မှုန်းထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ် ဒီဇာတ်ကားမှာမင်းသားChristianWatkins နဲ့မင်းသမီးMaic Engleတို့က ပါဝင်အားဖြည့်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းအစမှာDakota Brooks ဆိုတဲ့ သမင်တွေကို အမဲလိုက်ရတာဝါသနာပါတဲ့ ကောင်မလေးတစ်ယောက်က Campgroundမှာ အမဲလိုက်ဖို့ အချိန်ပိုင်းအလုပ်ဝင်လုပ်တဲ့အချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင်ပဲ အခန်းနံပါတ် ၅ က Mr.LoganMcleanဆိုတဲ့ သူတစ်ယောက်က အသတ်ခံထားရပါတယ် အဲ့အချိန်မှာပဲမာဖီးယားဂိုဏ်းကအဖွဲ့သားတွေက Campgroundမှာ လာရောက်ပုန်းအောင်းနေတဲ့ Ivanလို့ခေါ်တဲ့ ကောင်လေး တစ်ယောက်ကိုဖမ်းဆီးဖို့ရောက်ရှိလာပါတော့တယ် အဲ့ဒီနောက်ထူးထူးဆန်းဆန်းပဲ Campgroundမှာတည်းနေကြတဲ့ သူတွေအားလုံးကို ခရစ်ဒစ်ကတ်အချက်အလက် တွေကို လိုက်တောင်းတဲ့ ဖုန်းတစ်လုံးဝင်လာပါတယ် Dakotaဆိုတဲ့ ကောင်မလေး တစ်ယောက်ဒီပြဿနာကိုလိုက်ဖြေရှင်းရင်းIvan ဆိုတဲ့ မာဖီးယားဂိုဏ်းက အလိုရှိနေတဲ့ကောင်လေးနဲ့ဆုံမိပြီးတဲ့နောက် ဘာတွေဆက်ဖြစ်လာမလဲ Campground ကဧည့်သည်တွေကိုဖုန်းဆက်ပြီး ခရစ်ဒစ်ကတ်အချက်အလက်တွေကို လိုက်တောင်းနေတာကရော ဘယ်သူ ဖြစ်မလဲ Mr.LoganMclean ဆိုတဲ့ သူကရော ဘယ်သူလဲ သူကဘာကြောင့်အသတ်ခံလိုက်ရတာလဲ Ivanဆိုတဲ့ ကောင်လေးကရောဘယ်သူလဲ ဘာကြောင့်သူ့ကို မာဖီးယားဂိုဏ်းကအလိုရှိနေတာလဲ သူကရော မာဖီးယားတွေလက်က လွတ်အောင်ပြေးနိုင်ပါ့ မလားဆိုတာကို ဒီဇာတ်ကားလေးထဲမှာ စီးမျှောလိုက်ပါဦး ဒီဇာတ်ကားဟာ ဇာတ်ညွှန်းရေးဆရာရဲ့ မြှပ်ကွက် လှည့်ကွက်တွေကြောင့် ကြည့်ရှုသူပရိတ်သတ်ရဲ့စိတ်ကို ကြည့်နေရင်း ထမသွားချင်လောက်အောင် စွဲဆောင်ထားနိုင်ပြီး Thriller အမျိုးအစားကြိုက်နှစ်သက်တဲ့ သူတွေအတွက် မလွတ် စတမ်းကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်...

Kadaisi Vivasayi (2021) ⭐IMDB: 8.8/10 (5 k Votes) 🎬 #Bollywood #Drama 🗓 2021 🎞 movie 🌎 #India ⏰ 2 နာရီ 25 မိနစ် 45 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Kadaisi Vivasayi (2021)IMDb 8.8 2021ခုနှစ်က ထွက်ရှိခဲ့တဲ့ ရုပ်ရှင်ကားကောင်းတကားကို တင်ဆက်ပေးချင်ပါတယ်ဗီဂျေးစည်သူပတီတို့ ယိုဂီဘာဘူကြီးတို့လို နာမည်ကြီးတွေလည်းပါတာမို့ ကြည့်ရတာ တန်နေမှာပါ မိုးခေါင်ရေရှားတဲ့ရွာလေးတစ်ရွာနဲ့..ချိုးဖို့ရေရရင်တောင် ပျော်နေရှာတဲ့ရွာသားတွေ ဒီလိုမိုးခေါင်နေတာက နှစ်အတော်ကြာပြီဖြစ်ပြီး ဘုရားတွေလည်းစုံအောင်ပတ်ဆုတောင်းလည်း ဘာမှထူးမလာတဲ့သူတို့ ..ဖြစ်ချင်တော့ မိုးမရွာဘဲ ရွာရဲ့အထည်ဝါဆုံးသစ်ပင်ကြီးကို မိုးကြိုးပစ်ချလိုက်လို့ မီးကျွမ်းသွားလေရဲ့ ဒါနဲ့ ရွာထဲကရှေ့မီနောက်မီတွေက နတ်ဘုရားမစိတ်ဆိုးနေလို့ ရိုးရာကန်တော့ပွဲလုပ်ရမယ်ဆိုပြီးစီစဉ်ခိုင်းပါတော့တယ် ဗီဂျေးစည်သူပတီကတော့ ချစ်ရတဲ့ကောင်မလေးကအဆိပ်သောက်သေသွားလို့ တစ်ဝက်ရူးချင်နေတဲ့လူပေါ့ အရူးစကားမှန်တတ်တယ်ဆိုတဲ့အတိုင်း ရူးပေမဲ့ ပြောသမျှကအမှန်တွေ.. ရွာကိုဘီလ်ဂိတ်ရောက်လာတယ်ပြောတော့ ဘယ်သူမှမယုံကြပေမဲ့ တကယ်သတင်းထဲပါလာမှ လူတိုင်းကိုအံ့ဩသွားစေတဲ့ ပညာရှိအရူးပေါ့ နတ်မင်း အရှင်တွေနဲ့တောင် စကားစမြည်ပြောနိုင်တဲ့ သူ့ပါဝါကတော်ရုံမဟုတ်.. ဆိုတော့ မိုးခေါင်တဲ့ရွာကိုရောက်လာတဲ့ဗိဂျေးနဲ့ ဒီရိုးရာပွဲ ဘာဆက်ဖြစ်သွားမလဲ မိုးခေါ်ပွဲရော အဆင်ပြေပြေပြီးနိုင်ပါ့မလား ကြားထဲ Plot twist တွေလည်း ပါတာဖြစ်လို့ အပြေးသာဒေါင်းကြည့်လိုက်ပါတော့ (အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ BpL ~ Alex ~ ToMo ~ V )တို့ပဲဖြစ်ပါတယ် ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...

Hellaro (2019) ⭐IMDB: 8.6/10 (2 k Votes) 🎬 #Bollywood #Drama 🗓 2019 🎞 movie 🌎 #India ⏰ 2 နာရီ 2 မိနစ် 3 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Hellaro (2019)”အဖိနှိပ်ခံဘဝမှသည်”============================ IMDb 8.6/10 Rotten tomatoes 100% စီအမ်ရဲ့ ပရိသတ်တွေအတွက် ၂၀၁၉ တုန်းကထွက်ရှိခဲ့တဲ့ ဂူဂျာရတ်စကားပြော ရုံတင်ကားကောင်းလေးတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ဟာဆိုရင် rating တွေ ရှယ်ကောင်းတဲ့အပြင် box office မှာလည်း ဘက်ဂျက်ထက် ၇ ဆကျော် ပြန်ရခဲ့ပြီး ဆုတွေလည်း အများကြီးဝင်ခဲ့တဲ့ ရုပ်ရှင်ပဲဖြစ်ပါတယ်။ ဂူဂျာရတ်ပြည်နယ်ရဲ့ ကန္တာရ လွင်တီးခေါင်ပြင်ထဲက ရှေးရိုးစွဲရွာတစ်ရွာမှာ မိုးခေါင်တာ ၃ နှစ်ရှိသွားပြီပဲဖြစ်ပါတယ်။ အဲဒီရွာထဲက ယောက်ျားတွေဟာဆိုရင် ရွာထဲက မုဆိုးမကနေ နိုင်ငံတော် ဝန်ကြီးချုပ်အထိ မိန်းမတိုင်းဟာ ယောက်ျားတွေထက် နိမ့်ကျသူတွေ၊ မိန်းမဖြစ်နေရင် စာဖတ်တတ်ဖို့တောင်မလို.. မီးဖိုထဲမှာပဲ နေသင့်တဲ့သူတွေလို့ယုံကြည်ကြတဲ့ ဖိုဝါဒီသမားတွေပါ။ တစ်နေ့တော့ သူတို့ရွာထဲက ရွာသားတစ်ယောက်က ၇ တန်းထိ ကျောင်းနေဖူးတဲ့ မြို့ပေါ်က မိန်းကလေးတစ်ယောက်နဲ့ အိမ်ထောင်ကျသွားရာကနေ ရွာထဲက ဖိနှိပ်ခံ အမျိုးသမီးတွေအတွက် အလှည့်အပြောင်းတွေဖြစ်ပေါ်လာခဲ့ပါတယ်။ ဒီရုပ်ရှင်ဟာဆိုရင် ဇာတ်အိမ်ခိုင်မာတဲ့အပြင် Cinematography လှလှတွေနဲ့ ကျေးလက်ဒေသတွေက အမျိုးသမီးတွေဖိနှိပ်ခံရမှုကို မီးမောင်းထိုးပြထားတဲ့ ရုပ်ရှင်ကောင်းတစ်ပုဒ်ဖြစ်လို့ ပရိသတ်တွေအတွက် ချန်နယ်မြန်မာကနေ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…။ ( ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူတွေကတော့ Alex, ToMo, BpL နဲ့ Zwe Yan တို့ပဲ ဖြစ်ကြပါတယ်။ ) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...

Half Girlfriend (2017) ⭐IMDB: 4.6/10 (8 k Votes) 🎬 #Bollywood #Drama #Romance 🗓 2017 🎞 movie 🌎 #India ⏰ 2 နာရီ 10 မိနစ် 1 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Half Girlfriend(2017)(သူငယ်ချင်းချစ်သူ) မချစ်ရဲတဲ့သူတစ်ယောက်နဲ့ သူ့ကိုမှ ချစ်ပါတယ်ဆိုတဲ့သူတစ်ယောက်ငေးကြည့်ရုံကလွဲရှေ့မတိုးတဲ့ဇာတ်လမ်းမှာ ဘာဆက်ဖြစ်ကြမလဲ…။ဒီတစ်ခါတော့ မင်းသား အာရွန်းကပူးနဲ့ ရှက်ဒရာကပူးတို့ရဲ့ ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ကံကြမ္မာဟာ ထူးဆန်းပါတယ်။ အရာရာမှာ ဘက်စုံတဲ့ ကောလိပ်ရဲ့နာမည်အကြီးဆုံးကောင်လေးနဲ့ ရွာကတက်လာပြီး ရိုးသားမှု၊ကြိုးစားမှုနဲ့ ရွာကအမေရဲ့ ကျောင်းသေးသေးလေးကလွဲ ဘာမှမရှိတဲ့ ကောင်လေးကိုမှ ဆုံပေးခဲ့ပါတယ်။ ဘတ်စကတ်ဘောဆော့ဖော် သူငယ်ချင်းဘဝကနေ သံယောဇဉ်တွေ တစ်စတစ်စတိုးလာလည်း သူတို့ရဲ့ဆက်ဆံရေးကို ကောင်မလေးက သူငယ်ချင်းဆိုတာထက် အဆင့်တက်ခွင့် မပေးခဲ့ပါဘူး။ ဘာလို့များလဲ..။ ဒဏ်ရာရနေတဲ့နှလုံးသားဟာ ကိုင်တွယ်ရခက်တတ်ပါတယ်။ဒါကို ဇာတ်လမ်းအဆုံးမှာ ကောင်လေးသေချာကိုင်တွယ်နိုင်ပြီး သူတို့ဆက်ဆံရေးလေး အဆင့်တက်သွားနိုင်မလား ဘာတွေဖြစ်သွားမလဲ..။အချစ်ဆိုတာ ဘယ်လောက်နူးညံ့လဲဆိုတာကို သိမ်သိမ်မွေ့မွေ့လေးတင်ဆက်ထားတဲ့အပြင် လူငယ်ကျောင်းသားဒရာမာကားလေးမို့ ကြည့်ရတာမပျင်းပဲ ရင်ထဲရောက်သွားမှာ အသေချာပဲမို့ အားပေးကြည့်ရှုလိုက်ပါဦးနော်။ အညွှန်းနဲ့ ဘာသာပြန်ကတော့ CM BOLLYWOOD TEAM ရဲ့ Aditi~ Cherry~ KKKZ နဲ့ Thaik San တို့ပဲ ဖြစ်ပါတယ်။ ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...

Sita Ramam (2022) ⭐IMDB: 8.6/10 (64 k Votes) 🎬 #Action #Bollywood #Drama #Mystery #Romance 🗓 2022 🎞 movie 🌎 #India ⏰ 2 နာရီ 38 မိနစ် 43 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Action, Drama, MysteryIMDB 8.2/ 14k ဒီတစ်ခေါက် CM က တင်ဆက်ပေးမှာကတော့အားလုံးရဲ့အချစ်တော် မင်းသမီး ရက်ရှ်မီကာ ပါဝင်အားဖြည့်ပေးထားတဲ့အိန္ဒိယ ပါကစ္စတန်ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ် အက်ဖရင်း (ရက်ရှ်မီကာ) ဟာ ပါကစ္စတန်လူငယ်ဥက္ကဌဖြစ်ပြီးအိန္ဒိယတွေကို တအားမုန်းတဲ့သူဖြစ်ပါတယ် အိန္ဒိယကျောင်းသားနဲ့ ပါကစ္စတန်ကျောင်းသားတွေအဓိကရုဏ်းဖြစ်ပြီး အိန္ဒိယဘက်က ပါကစ္စတန်အလံကိုမီးရှိခဲ့တဲ့အတွက်သူဟာ အိန္ဒိယအကြီးအကဲတစ်ယောက်ရဲ့ကားကိုပြန်ပြီး မီးရှိခဲ့ပါတယ် အဲဒီအတွက် ဟိုဘက်က သူ့ကို တောင်းပန်ရင်ပန်မဟုတ်ရင် လျော်ကြေး ၁ သန်းပေးရမယ်လို ပြောပါတယ် ဒါနဲ့ပဲ အိန္ဒိယတွေကို တအားမုန်းတဲ့ အက်ဖရင်းဟာအိန္ဒိယတစ်ယောက်ကို တောင်းပန်မယ့်အစား လျော်ကြေးပဲပေးမယ်လိုဆုံးဖြတ်ပြီး အဘိုးဖြစ်သူဆီက ပိုက်ဆံတောင်းလိုက်ပါတယ် ဒါပေမယ့် သူ့အဘိုးဖြစ်သူဟာ သေဆုံးသွားပြီဖြစ်ပြီးသေတမ်းစာထဲမှာ သူ လွန်ခဲ့တဲ့နှစ် (၂၀) က မတည်နိုင်ခဲ့တဲ့ကတိတစ်ခုကို “အက်ဖရင်း” က တည်အောင်လုပ်ပေးရမယ်အဲဒီလိုလုပ်ပေးမှ အမွေတွေပေးမယ်လို ရေးထားခဲ့ပါတယ် အဲဒီကတိကတော့ သူ့သူငယ်ချင်းဖြစ်သူ “ရမ်” ရဲ့ကောင်မလေး “ဆီတာ” ဆီ မပိုဖြစ်ခဲ့တဲ့ စာတစ်စောင်ကို ပိုပေးရမှာပဲဖြစ်ပါတယ်…ခက်တာက အဲဒီ “ရမ်” နဲ့ “ဆီတာ” ဟာ အိန္ဒိယလူမျိုးဖြစ်နေတာပါပဲ ဒါပေမယ့်လည်း ပိုက်ဆံလိုနေတဲ့ “အက်ဖရင်း” ဟာသူ့အဘိုးခိုင်းထားတဲ့အလုပ်ကို သဘောတူလိုက်ပြီးသူ မဆက်ဆံချင်ဆုံး အိန္ဒိယလူမျိုးတွေနဲ့ ဆက်ဆံဖို ဖြစ်လာပါတော့တယ် အဲဒီလိုနဲ့ လွန်ခဲ့တဲ့ နှစ် (၂၀) က “ဆီတာ” ဆိုတဲ့ ကောင်မလေးကိုသူဘယ်လိုလိုက်ရှာမလဲ“ဆီတာ” နဲ့ “ရမ်” တိုရဲ့ ဇာတ်လမ်းလေးကရောဘယ်လိုဖြစ်ခဲ့တာလဲဆိုတာ.. အိန္ဒိယနဲ့ ပါကစ္စတန်တိုရဲ့ အာဃာတတွေကြားကဆွတ်ပျံ့ဖွယ် အချစ်ဇာတ်လမ်းတစ်ပုဒ်ကိုမေတ္တာသာစစ်ရင် အမုန်းတရားတွေပြေငြိမ်းနိုင်တဲ့အကြောင်းရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ် ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...

If I Stay (2014) ⭐IMDB: 6.7/10 (127 k Votes) 🎬 #Drama #Romance #Fantasy #Music #SciFi 🗓 2014 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 47 မိနစ် 16 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 If I Stay (2014)IMDb-6.7/10 အထက်တန်းကျောင်းပြီးသွားလို့ ကောလိပ်ရွေးချယ်ရတော့မဲ့ ဆယ်လိုပညာရှင် ဆယ်ကျော်သက်မလေး မီယာဟော တစ်ယောက် သူ့ရဲ့ အချစ်ဆုံးကောင်လေးဖြစ်သူအဒမ်နဲ့ အတူဆက်ရှိ‌နေမလား၊ ဒါမှမဟုတ် သူ့အိပ်မက်ဖြစ်တဲ့ ဂီတလမ်းကြောင်းကို ရွေးချယ်ဖို့ မွေးရပ်မြေနဲ့ မိုင်သုံးထောင်ကျော်ဝေးတဲ့ နယူးယော့ခ်မြို့မှာ ကောလိပ်တက်ရမလားဆိုပြီးရွေးချယ်ဖို့ ခက်ခဲနေခဲ့ပါတယ်။ တစ်ဖက်မှာလည်း ဂျူးလိယက်ကောလိပ်ဝင်ခွင့် ရ၊ မရ စာကရောက်လာတော့မှာဖြစ်လို့ မီယာတစ်ယောက် ပိုလို့တောင် စိတ်တွေရှုပ်ထွေးနေခဲ့ပါပြီ။ ကောလိပ်ဝင်ခွင့်စာရောက်လာမဲ့နေ့မှာ ဆီးနှင်းတွေကျနေတာကြောင့် မီယာတို့မိသားစုလည်း မိတ်ဆွေတွေဆီအလည်သွားကြရင်း လမ်းချော်ပြီး ကားမှောက်သွားခဲ့ပါတယ်။ မတော်တဆမှုကြောင့် မီယာရဲ့ ခန္ဓာကိုယ်က ကိုမာဝင်သွားခဲ့ပြီး သတိရှိမနေပေမဲ့ မသိစိတ်ဝိဉာဉ်ကတော့ ဝိဉာဉ်အနေနဲ့ ခန္ဓာကိုယ်အပြင်ဘက်ရောက်သွားပြီး လောကကြီးမှာ ဆက်ရှင်သန်မလား၊ ဒါမှမဟုတ် ဒီတိုင်းလက်လျော့ပြီး သေဆုံးလိုက်မလားဆိုတာကိုတော့ မီယာတစ်ယောက်ရွေးချယ်ရပါတော့မယ်။ 2014 ခုနှစ်မှာထွက်ရှိခဲ့ပြီး Kiss Ass (2010) မှာပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးချော Chloë Grace Moretz ကဇာတ်လိုက်အနေနဲ့ သရုပ်ဆောင်ထားတဲ့ စိတ်ကူးယဉ် ဒရာမာကားကောင်းလေးဖြစ်တာမို့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။...

Sanju (2018) ⭐IMDB: 7.6/10 (59 k Votes) 🎬 #Biography #Bollywood #Comedy #Drama 🗓 2018 🎞 movie 🌎 #India #UnitedStatesofAmerica ⏰ 2 နာရီ 41 မိနစ် 9 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဂုဏ်သရေရှိ အမျိုးသမီး အမျိုးသားအပေါင်းတို့ ခင်ဗျာဒီနေ့ဟာဆိုရင် ကျွန်တော့်အတွက် အင်မတန်မှ ပျော်ရွှင်ဖွယ်ကောင်းတဲ့ နေ့တစ်နေ့ပါဘာကြောင့်လဲဆိုတော့ ဒီနေ့မှာ ကျုပ်ရဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ စာအုပ် ထွက်ရှိမှာ မို့လို့ပါ ကျွန်တော့်လောက် ကဏ္ဌစုံတဲ့လူ တစ်ယောက်ကို ဘယ်မှာမှတွေ့နိုင်ဖို့မရှိဘူးဗျကျွန်တော်က အရက်သမား၊ ဆေးသမား၊ မိန်းမပွေလွန်းတဲ့လူဗျဒါပေမဲ့ အကြမ်းဖက်သမားတော့ မဟုတ်ပါဘူး AK 56 ရိုင်ဖယ်တွေလက်ဝယ်တွေ့ရှိမှု၊ RDX တွေရှိနေလားဆိုတဲ့ မေးခွန်းပေါင်းများစွာကြောင့် အများအမြင်မှာ အကြမ်းဖက်သမားတစ်ယောက်ဖြစ်နေတဲ့ နာမည်ကျော်မင်းသားကြီး ဆန်ဂျေးဒတ်ဟာ ထောင်နန်းစံရတော့ပါမယ် အဲဒီအတွက်ကြောင့် ပြည်သူတွေကိုအမှန်တိုင်း သိစေဖို့ ရည်ရွယ်ပြီးနာမည်ကျော် စာရေးဆရာမတစ်ယောက်ဖြစ်တဲ့ ဝင်နီဒိုက်(ဇ်)ကိုသူ့ဘဝဇာတ်ကြောင်းရေးပေးဖို့ အကူညီတောင်းခဲ့ရပါတော့တယ် ဆန်ဂျေးဒတ်ရဲ့ ဘဝဇာတ်ကြောင်းက ဘာတွေလဲ …တကယ်ပဲ သူက အကြမ်းဖက်သမား တစ်ယောက် ဟုတ်မဟုတ်ဆိုတာကိုတော့ … နာမည်ကျော်မင်းသားကြီး ဆန်ဂျေးဒတ်ရဲ့ ဘဝဇာတ်ကြောင်းကို မင်းသား ရန်ဘီးကပူးရ်က အကောင်းဆုံးသရုပ်ဆောင်ထားပြီးပါလေသမျှ သရုပ်ဆောင်တိုင်းက ကဏ္ဌအသီးသီးကနေ အကောင်းဆုံးပုံဖေါ်ထားနိုင်လွန်းလို့ အင်မတန်မှ ကောင်းမွန်တဲ့ Bio, Drama ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ် ဒါရိုက်တာကလည်း 3 Idiots, PK နဲ့ Munna Bhai ရုပ်ရှင်ကားကြီးတွေကို ရိုက်ကူးထားတဲ့ Rajkumar Hirani ဖြစ်နေတာကြောင့် ပြောစရာမလိုလောက်အောင် ပြီးပြည့်စုံနေပါပြီ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကိုZaw Htoo&Nyi Nyi Koeမှ တင်ဆက်ထားပါတယ်။) ++++++++++++++++++++ Sanju ရုပ်ရှင်ရဲ့ ပရိတ်သတ်တစ်ယောက်ဖြစ်တဲ့Aung Zin Phyoရဲ့ Review ကိုလဲ မိတ်ဆက်ပေးခဲ့ပါရစေ။ Sanju (2018) “ငါ့သားက ပြန်မလာနိုင်ရအောင်ကုန်ဆုံးသွားတဲ့အချိန်တွေမှမဟုတ်တာတစ်နေ့မှာ ဆန်ဂျေးဒတ်ပြန်လာလိမ့်မယ်”ဆူနေးလ်ဒတ်အပြောင်းအလဲများစွာနဲ့ မင်းသားကြီး ဆန်ဂျေးဒတ်ရဲ့ဘဝဇာတ်ကြောင်းကို ပြန်ရိုက်ထားတဲ့ရုပ်ရှင်!သူ့အကြောင်းကို စာအုပ်ရေးပြီးထုတ်ဖို့လာပြတော့ အလွဲပေါင်းများစွာပါနေတာမို့ ရေးတဲ့ကောင်ကိုပညာပေးပြီး စာအုပ်တွေကိုလည်း မီးရှို့ပစ်လိုက်တယ်…တစိတ်ကို တစ်အိတ်လုပ်ပြောတဲ့ အရပ်စကားတွေရယ် ၊ နည်းနည်းဆိုများများဖွချင်တဲ့ မီဒီယာသမားတွေရယ်ကြောင့် ပရိသတ်တွေ ပြည်သူတွေက သူ့အပေါ် အထင်အမြင်လွဲကြတယ်… အဲ့ဒီအမြင်လေးတွေမှားနေတဲ့အကြောင်းကို သူ ပြောပြချင်တယ်…သိပ်မကြာခင်မှာဘဲ သူဟာ AK 56 လက်ဝယ် ကိုင်ဆောင်ထားမှုနဲ့ ထောင်ကျရတော့မှာလေ..ဒီတော့ ထောင်ထဲမဝင်ခင် သူ့ဘဝအကြောင်းကိုစာအုပ်ရေးဖို့ နာမည်ကြီးစာရေးဆရာမတစ်ယောက်ကို ကမ်းလှမ်းတယ်…ပြောရရင် အကူအညီတောင်းတယ်ပေါ့ဒါဟာ Sanjuရဲ့ ဇာတ်လမ်းအဖွင့်ပဲ…ရုပ်ရှင်စရိုက်တော့ တချို့အိုက်တင်တွေ သူ မလုပ်တတ်ဘူး… ဒီတော့ အဖေဖြစ်သူ ဆူနေးလ်ဒတ်က ရိုက်ကွင်းမှာ သူကိုယ်တိုင်သရုပ်ဆောင်ပြတယ်… သရုပ်ဆောင်တဲ့အချိန်မှာ ဘယ်လိုစိတ် ထားရမလဲဆိုတာမျိုးပေါ့… ဖအေဖြစ်သူက အိုက်တင်သင်ပေးနေတဲ့အချိန်မှာ ဆရာသမားက ဆေးလိပ်ခိုးသောက်တယ်… ဆူနေးလ်ဒတ်သိသွားတော့ တစ်ခွန်းပဲပြောတယ်… `မင်း ဆေးလိပ်ကို ရပ်မလား… ငါ့ ရိုက်ကွင်းကိုရပ်ရမလား´တဲ့… ဆူနေးလ်ဒတ်က ဆန်ဂျေးဒတ်ကို သိပ်ကိုအောင်မြင်တဲ့လူတစ်ယောက်ဖြစ်စေချင်ခဲ့တယ်…နောက်တော့ ဘိန်းဖြန့်တဲ့သူငယ်ချင်းနဲ့ပေါင်းမိပြီး သူပါ ဘိန်းသမားဖြစ်ခဲ့တယ်… ဆန်ဂျေးဒတ်က ပြောတယ်…ပထမ – အဖေ့ကိုစိတ်ဆိုးလို့ ငါ ဆေးသုံးတယ်ဒုတိယ – အမေ့ကျန်းမာရေးကြောင့် ငါ ဆေးသုံးတယ်တတိယ – ငါ ဆေးသမားဖြစ်သွားလို့ ဆေးသုံးတယ် တဲ့…ဆန်ဂျေးဒတ်ဟာ တကယ့်ကို ဘိန်းစားလုံးလုံးဖြစ်ခဲ့တယ်…သူ လုပ်ချင်ရာကိုပဲ လုပ်ခဲ့တဲ့အချိန်တွေများတယ်… တစ်နေ့တော့ မမျှော်လင့်ဘဲ သူသိလိုက်ရတာက သူ့အမေမှာ ကင်ဆာရောဂါဖြစ်နေပြီဆိုတာပဲ… သားဖြစ်သိမှာစိုးလို့ ရောဂါမရှိဟန်ဆောင်ပြီး သားရှေ့မှာ တက်တက်ကြွကြွနေပြနေရှာတဲ့ အမေတစ်ယောက်ကိုကြည့်ပြီး ကျွန်တော့်မှာ မျက်ရည်ဝဲမိသေးတယ်…ငါ့သားရဲ့ဇာတ်ကားရုံတင်ရင် Press Showနေ့မှာ သားအဖနှစ်ယောက်ကြားမှာ အမေ ထိုင်ပြီးကြည့်မယ်တဲ့… ဒါပေမဲ့ ကံဆိုးချင်တော့ ဆန်ဂျေးဒတ်ရဲ့ဇာတ်ကား ရုံတင်ဖို့ (၃) ရက်အလိုမှာ အမေဖြစ်သူဆုံးပါးသွားခဲ့တယ်…၁၉၉၃လောက်မှာ ဗုံးပေါက်ကွဲမှုဖြစ်တော့ အဲ့ဒီကိစ္စမှာ ဆန်ဂျေးဒတ်ပါ ပါဝင်နေတယ်ဆိုပြီး အဖမ်းခံခဲ့ရတယ်… ဒီနေရာမှာ အရေးပါလာတာက အဖေတစ်ယောက်ရဲ့ အခန်းကဏ္ဍပဲ… ဆူနေးလ်ဒတ်ဟာ အချိန်များစွာ ကြုံလာသမျှဒုက္ခတွေကို သူတစ်ယောက်တည်းရင်ဆိုင်ခဲ့တယ်… မိန်းမဖြစ်သူဆေးရုံတက်ရတုန်းကလည်း တစ်ဖက်က ရောဂါသည်မိန်းမ တစ်ဖက်က ဘိန်းစွဲနေတဲ့ သား…ဆူနေးလ်ဒတ်ဟာ ဖခင်ကောင်း ယောကျာ်းကောင်းတစ်ယောက်ဖြစ်ခဲ့တယ်… သားဖြစ်သူ ထောင်ထဲရောက်တော့ အာမခံရဖို့ ဝန်ကြီးတွေကိုအောက်ကျို့ခဲ့ရတာတွေလည်း ရင်နင့်စရာ…ဆန်ဂျ...

The Wedding Veil Expectations (2023) ⭐IMDB: 6.7/10 (1 k Votes) 🎬 #Comedy #Romance #TVMovie 🗓 2023 🎞 tv movie 🌎 #Canada #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 25 မိနစ် 17 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Wedding Veil: Expectation ဆိုတဲ့ ဇာတ်ကားလေးကတော့ The Wedding Veil trilogy ရဲ့နောက်ဆုံးကားလေးပါ ဒီဇာတ်ကားလေးထဲမှာတော့ အေဗရီနဲ့ပီတာတို့နှစ်ယောက်ဟာ ရဲတိုက်လိုမျိုးခမ်းနားတဲ့ အိမ်အိုကြီးကိုဝယ်လိုက်ပါတယ် ဒါပေမဲ့ အိမ်ကိုပြန်လည်ပြုပြင်ဖို့ ဆမ်ဆိုတဲ့ကန်ထရိုက်တာကို ငှားပြီး ပြန်ပြင်ဖို့လိုတဲ့နေရာတွေကို စစ်ဆေးခိုင်းတဲ့အခါမှာ ဒီအိမ်ကြီးဟာ ကောင်းတာထက် ပြန်ပြုပြင်ရမယ့် လိုအပ်ချက်တွေအများကြီးရှိနေပါတယ် အေဗရီရဲ့အလုပ်ဖြစ်တဲ့ ပြတိုက်မှာလည်း ဇီဇာကြောင်ပြီး အတ္တကြီးတဲ့ မေဆင်ဆိုတဲ့ ဒါရိုက်တာချုပ်ပြောင်းလာပြီး အေဗရီတို့ သူငယ်ချင်းသုံယောက်ရဲ့ မင်္ဂလာခေါင်းပုံပါတဲ့ အာမီချီပန်းချီကားကို တခြားပန်းချီတွေနဲ့လဲပစ်ဖို့လုပ်ပါတော့တယ် ပီတာရဲ့အလုပ်မှာလည်း သူနှစ်သက်တဲ့ အနုပညာပရိုဂရမ်အတည်ပြုပေးဖို့အတွက် ကျောင်းကဘုတ်အဖွဲ့နဲ့ ရင်ဆိုင်နေရပါတယ် တစ်ချိန်တည်းမှာပဲ အေဗရီမှာ ကိုယ်ဝန်ရှိနေတာကိုသိလိုက်ရပြီး ပီတာကို ရိုမန်းတစ်အဆန်ဆုံးနည်းလမ်းနဲ့ဖွင့်ပြောဖို့ကြိုးစားပါတော့တယ်။ ဒါပေမဲ့ အေဗရီကိုယ်တိုင်ကလည်း အလုပ်မှာ ကိစ္စတွေရှုပ်နေ ပီတာကလည်း အလုပ်ကိစ္စနဲ့ခေါင်းရှုပ်နေပြီး အိမ်​ပြင်ဖို့ကိစ္စကလည်းရှိနေပြန်ဆိုတော့ အေဗရီက သူ့ကိုယ်ဝန်အကြောင်းကို ပီတာကိုဘယ်လိုမျိုးဖွင့်ပြောမလဲ သူနှစ်သက်ရတဲ့ အာမီချီပန်းချီကားကြီးကို ပြတိုက်မှာပဲဆက်ရှိနေဖို့ သူဘယ်လိုကြိုးစားမလဲဆိုတာကြည့်ရှုရမှာဖြစ်ပါတယ်...

Nikamma (2022) ⭐IMDB: 2.7/10 (2 k Votes) 🎬 #Action #Bollywood #Comedy #Drama 🗓 2022 🎞 movie 🌎 #India #UnitedStatesofAmerica ⏰ 2 နာရီ 27 မိနစ် 58 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Nikamma (2022) (မရီးဇိုးလေး အာဗ်နီ) ဒီတစ်ခါ တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ ဖိုက်တင်ခန်းလေးတွေပါမယ့်ဟာသဒရာမာကားလေးတစ်ကားပဲ ဖြစ်ပါတယ် ” တစ်ခုခုကို ကြားမိ မြင်မိပြီးတာနဲ့ ဘယ်တော့မှမေ့မသွားမဲ့မှတ်ဉာဏ်မျိုးပိုင်ဆိုင်ထားတဲ့ အာဒီ..မိဘတွေဆုံးသွားပြီးနောက်ပိုင်း အဖေလိုတစ်မျိုး အမေလိုတစ်မျိုး စောင့်ရှောက်ပေးခဲ့တဲ့အပြင်သူငယ်ချင်းပေါင်းပေါင်းခဲ့တဲ့ အစ်ကိုကြီးရာမာန် အရမ်းချစ်ကြတဲ့ အာဒီတို့ ညီအစ်ကိုကြားထဲကိုဝင်ရောက်လာသူ အာဒီရဲ့မရီး အာဗ်နီ။ အရမ်းလည်း လှသလို ရဲတစ်ယောက်ဖြစ်လို့ စည်းကမ်းလည်း ကြီးတဲ့အတွက်အာဒီကတော့ မရီးဖြစ်သူကို “ကမ္ဘာမှာ အလှဆုံးနတ်ဆိုး” လို့‌‌တောင် သတ်မှတ်ထားသူ။ သူတို့ ညီအစ်ကို နှစ်ယောက်ဘဝထဲကို မရီးဖြစ်သူ ဝင်လာပြီးနောက်ပိုင်း အာဒီတစ်ယောက် ဦးလေးရဲ့ အိမ်ကို ပြောင်းပြီး နေခဲ့ပါတော့တယ်။ဒီလိုနဲ့တစ်နေ့ အာဒီရော မရီးရဲမေဖြစ်သူကပါ ကြမ်းပေ့ရမ်းပေ့ဆိုတဲ့ ဂန်းစတားတစ်ယောက်ကိုမှ ၂ယောက်စလုံးသွားပတ်သက်မိပြီးအစ်ကိုဖြစ်သူပါ အသက်အန္တရာယ်ကြုံလာရတဲ့အခါမှာတော့….သူ့စွမ်းရည်တွေကို ဘယ်လိုအသုံးချသွားမလဲ နောက်ပိုင်းမှာရောဘယ်လိုတွေ ကြုံတွေ့ကြရဦးမလဲ …….. ဆိုတာတွေကို ကြမ်းကြမ်းတမ်းတမ်းဖိုက်တင်ခန်းတွေနဲ့အတူတူ ရယ်စရာဟာသလေးတွေကြည့်ရှုရမယ့် ဒရာမာဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ် (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...

68 Kill (2017) ⭐IMDB: 6.0/10 (6 k Votes) 🎬 #Comedy #Crime #Thriller 🗓 2017 🎞 movie 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 33 မိနစ် 👑 Channel Myanmar ဇာတ်ညွှန်း 📜 68 Kill (2017)IMDb-6/10 Horrorကားတွေနဲ့ နာမည်ကျော်တဲ့ ဒါရိုက်တာကြီးTrent Haagaရဲ့ကားကောင်းတွေထဲက တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။အသတ်အဖြတ်ကြမ်းပြီး အဖော်အချွတ်တွေပါတဲ့အတွက် အသည်းငယ်သူများ သတိထားကြည့်စေလိုပါတယ်။ 68 Killဆိုတဲ့အတိုင်း ဒေါ်လာခြောက်သောင်းရှစ်ထောင်အတွက်နဲ့သတ်ကြဖြတ်ကြတာတွေကို ရှုစားကြရမှာပါ။ ချစ်ပ်တစ်ယောက် စမူအကြောင်လွန်ပြီးချစ်လှပါချည်ရဲ့ဆိုတဲ့စော်က လူတွေ တစ်ယောက်ပြီးတစ်ယောက် သတ်ပြနေတာမြင်ပြီးသွား မချစ်တော့ဘူးဖြစ်ကရော။အသည်းနုတတ်လွန်းတော့လည်း နောက်ထပ်တစ်ယောက်နဲ့တွေ့လို့ချစ်မိသွားပြန်ပေမယ့် အရင်စော် လူကြမ်းမကြီးက နင်ရော နင့်ကောင်မရောအရှင်မထားဘူးဆိုပြီးလိုက်သတ်တဲ့အခါမှာတော့…။ အသက်ဘေးကလွတ်အောင် ပြေးရင်းနဲ့ဘဲ ဒေါ်လာခြောက်သောင်းရှစ်ထောင်နဲ့ ဘယ်လိုတွေပတ်သက်ပြီးဘယ်လိုဒုက္ခတွေရင်ဆိုင်ရမလဲဆိုတာ ရှုစားကြပါဦး။(အညွှန်းနဲ့ ဘာသာပြန်ကတော့ V ဖြစ်ပါတယ်)...

疾速反击 (2023) ⭐TMDB: 90.0% User Score 🎬 #Action #Crime 🗓 2023 🎞 movie 🌎 #China ⏰ 1 နာရီ 24 မိနစ် 21 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 အင်တာနက်ခေတ်ကြီးမှာ အင်တာနက်ဒုစရိုက်မှုတွေလည်း များပြားလာတာ မဆန်းပါဘူး။ဒုစရိုက်သမားတွေကြောင့် ဘဝပျက်ရတဲ့ လူတွေလည်း မနည်းပါဘူး။ဒီရုပ်ရှင်လေးကတော့ ဒုစရိုက်မှုတွေကို သရုပ်ဖော်ထားတဲ့ အက်ရှင်ရုပ်ရှင်လေးပဲ ဖြစ်ပါတယ်။ အာဖရိကမှာ လုံခြုံရေးအလုပ်လုပ်နေတဲ့ မာရွှိတုန်းဟာ သမီးဖြစ်သူ ပျောက်သွားတဲ့ သတင်းကို ကြားသိခဲ့ရပါတယ်။ တရုတ်နိုင်ငံကိုပြန်ပြီးသူ့သမီးကို လိုက်ရှာတဲ့အချိန်မှာ ဒုစရိုက်ဂိုဏ်းကြီးတစ်ခုနဲ့ ဆက်နွယ်နေတာ သိလိုက်ရပါတယ်။သမီးကို ကယ်ဆယ်ဖို့အတွက် မာရွှိတုန်းတစ်ယောက် အန္တရာယ်များစွာနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ မိန်းကလေးတွေကို လိမ်လည်ပြီး ငွေချေးတာကနေ တစ်ဆင့် ဒုစရိုက်ဂိုဏ်းတွေရဲ့လုပ်ငန်းလည်ပတ်ပုံအဆင့်ဆင့်ကို ရိုက်ပြထားတာဖြစ်ပြီးအက်ရှင်ကားပီပီ သွေးထွက်သံယိုများကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။မာရွှိတုန်းတစ်ယောက် သူ့သမီးကို ကယ်နိုင်ပါ့မလား……ဒုစရိုက်ဂိုဏ်းကြီးကိုရော ရဲတပ်ဖွဲ့ကနေရော အပြတ်ရှင်းနိုင်ပါ့မလား……ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ပါဦးနော်။...

Dinner for Schmucks (2010) ⭐TMDB: 57.0% User Score 🎬 #Comedy 🗓 2010 🎞 movie 🌎 #UnitedStates #India #UnitedStatesofAmerica ⏰ 1 နာရီ 54 မိနစ် 34 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 လောကကြီးမှာ လူတစ်စုက တစ်ပါးသူရဲ့ ကံဆိုးမှုတွေကို လှောင်ပြောင်ဖို့သက်သက်နဲ့ တကူးတကပိုက်ဆံအကုန်ကျခံပြီး ပွဲလုပ်ကြတဲ့သူတွေရှိတဲ့အကြောင်းကို Comedy နှောပြီး မီးမှောင်ထိုးပြထားတဲ့ ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ကောင်မလေးဖြစ်သူ ဂျူလီကို သူ့အပေါ် အထင်ကြီးလာအောင် ဒါမှ သူ့လက်ထပ်ခွင့်ကို လက်ခံမှာဆိုပြီး တွေးတဲ့ တင်မ်ဟာ ရာထူးတိုးဖို့အတွက် အထက်လူကြီးတွေ စီစဉ်နေကျ “Dinner for Winners” ဆိုတဲ့ ညစာစားပွဲကို သူတို့အခေါ် ထူးခြားကွဲပြားတဲ့သူ (အတည်ကတော့ အရူးတွေပေါ့) ဆိုတဲ့သူတစ်ယောက်ကို ခေါ်လာဖို့ ဆုံးဖြတ်ခဲ့တယ်။ အဲအကြောင်းကို ကောင်မလေးဖြစ်သူသိသွားတဲ့အခါမှာတော့ မလုပ်ဖို့ တားရာကနေ ကတောက်ကဆဖြစ်ကြတော့တယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ အဲနေ့မှာ တင်မ်က ဘာရီဆိုတဲ့ ကြွက်တွေကို ရုပ်လုံးကြွဖန်တီးတဲ့ သူကို ကားနဲ့ တိုက်မိသွားခဲ့ရာကနေ ဘာရီဟာ သူ့ရဲ့ ဒင်နာကို ခေါ်သွားနဲ့ “ထူးခြားကွဲပြားတဲ့သူ” ဖြစ်လာခဲ့တယ်။ ဒီထဲမှာတော့ ဘာရီရဲ့ အလွဲလွဲအချော်ချော်လုပ်ရပ်တွေ ဆိုပေမဲ့ မိတ်ဆွေဖြစ်သူအပေါ်ထားတဲ့ မိတ်ဆွေကောင်းတစ်ယောက်ရဲ့ စိတ်ထားကို တွေ့ရမှာပဲဖြစ်ပြီး ကိုယ်တွေမမြင်နိုင်တဲ့ တစ်ဖက်ခြမ်းက အသိုင်းအဝိုင်းတချို့ရဲ့ ရူးနှမ်းလွန်းတဲ့ လုပ်ရပ်တွေအကြောင်း‌ကိုလဲ သံဝေဂရစရာ တွေ့ရအုံးမှာလဲ ဖြစ်ပါတယ်။ ဘာချို့ယွင်းချက်ပဲရှိရှိ၊ ဘယ်အရာကပဲ မတူညီကွဲပြားနေပါစေ လူက လူပါပဲ။ အဲအရာတွေက ကိုယ်ပျော်ဖို့သက်သက်နဲ့ လှောင်ပြောင်စရာကိစ္စရပ်တစ်ခုမဟုတ်ပါဘူး။...

ReBroken (2023) ⭐IMDB: 5.3/10 (427 Votes) 🎬 #Drama #Horror #Thriller 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 33 မိနစ် 57 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးကတော့ Los Angeles မှာကျင်းပတဲ့ Playhouse West Film Festival မှာဆုနှစ်ခုဆွတ်ခူးထားတဲ့ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ Rotten tomatoes မှာလည်း Audience score 90%အထိရရှိထားတဲ့ budget အရမ်းမများတဲ့ဇာတ်ကားလေးတစ်ကားပါ။ ဇာတ်လိုက်ကြီး Will က ကွယ်လွန်သွားတဲ့လူတစ်ယောက်ကို လွမ်းဆွတ်နေရသူတစ်ဦးပါ။ သူဟာအကြောင်းကြောင်းကြောင့် တရားရုံးအမိန့်အရ ပူဆွေးနေသူတို့ဖို့ အုပ်စုဖွဲ့ကုထုံးတစ်ခုကို မတက်မဖြစ်တက်ရောက်နေရသူပါ။ ထိုကုထုံးမှာသူ လျှို့ဝှက်ဆန်းကြယ်တဲ့သူစိမ်းနှစ်ယောက်နဲ့ဆုံတွေ့ပြီးနောက် သူ့အတွက်ပြောင်းလဲမှုတွေဖြစ်ပေါ်လာပါတော့တယ်။ ထိုပြောင်းလဲမှုတွေဟာ ကောင်းသောပြောင်းလဲမှုတွေလား ဆိုးသောပြောင်းလဲမှုတွေလားဆိုတာတော့ သူကိုယ်တိုင်တောင်နားမလည်နိုင်ခဲ့ဘူး။ ဆန်းကြယ်တဲ့သူစိမ်းတွေရဲ့လမ်းညွှန်မှုအောက် Will တစ်ယောက်သူရှာနေတာကို ပြန်တွေ့နိုင်မှာလားဆိုတာကို ဇာတ်ကွက်အလှည့်အပြောင်းလေးတွေနဲ့ကြည့်ရှုခံစားရမယ့် psychological thriller ဇာတ်ကားလေးဖြစ်ပါတယ်။ Psychological thriller တို့ထုံးစံအတိုင််း လည်ထွက်သွားမယ့် plot twist လေးတွေနဲ့ပါ။...

Congrats My Ex! (2023) ⭐IMDB: 9.3/10 (7 Votes) 🎬 #Comedy #Romance 🗓 2023 🎞 movie 🌎 #Thailand ⏰ 1 နာရီ 38 မိနစ် 22 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဂုဏ်ယူပါတယ် ရည်းစားဟောင်းရယ် (၂၀၂၃) တကယ်လို့ ကိုယ်က ရည်းစားဟောင်းရဲ့မင်္ဂလာပွဲကို စီစဉ်ပေးရတာဆို ဘယ်လိုနေကြမလဲ??? လီဆာဆိုတဲ့ကောင်မလေးက သူ့အဖွဲ့ဝင် အော့ဖီနဲ့ကျန်တို့နဲ့အတူ မင်္ဂလာပွဲစီစဉ်ပေးတဲ့ ကုမ္ပဏီဖွင့်ထားပါတယ်တစ်ရက်ကျတော့ အီန္ဒိယစုံတွဲ အာရွန်နဲ့မိုနီကာတို့ရဲ့မင်္ဂလာပွဲကို ထိုင်းမှာကျင်းပဖို့ သူတို့ဆီလာအပ်ပါတယ်လီဆာကလည်း ရည်းစားဟောင်းဖြစ်သူအာရွန်ရဲ့ပွဲကိုလက်ခံခဲ့သလိုပွဲအတွက် ကင်မရာမန်းကလည်း လီဆာရဲ့ရည်းစားဟောင်း ထင်က တာဝန်ယူပေးထားရပါတယ်၁၅၀၀ / မုမအွန် (နိုင်) လီဆာ ကတော့ ဒီပွဲစီစဉ်ချိန်မှာ ရည်းစားဟောင်းနဲ့ ပြန်ပတ်သက်မှုရှိသွားမလား လီဆာကို မမေ့နိုင်တဲ့ထင်တစ်ယောက်လည်း ဒီပွဲအပြီးထိ လီဆာနဲ့အတူအလုပ်တွဲလုပ်နေရတာကြောင့်ထင် နဲ့ လီဆာတို့ ဘယ်လိုဆက်ဖြစ်မလဲအာရွန်နဲ့မိုနီကာကရော မင်္ဂလာပွဲကို ပြီးမြောက်စွာကျင်းပနိုင်မလားဆိုတာကတော့ P’Bright နဲ့ P’Bella တို့ရဲ့ ဓာတုဗေဒ မိမိလေးနဲ့ အရိုခန်းတွေကို“ဂုဏ်ယူပါတယ် ရည်းစားဟောင်းရယ်” ဇာတ်ကားထဲမှာ ကြည့်လိုက်ရအောင်ပါ အညွှန်း နဲ့ ဘာသာပြန်ကတော့Lei Wutyi Tunပဲ ဖြစ်ပါတယ်။...

About Elly (2009) ⭐IMDB: 7.9/10 (56 k Votes) 🎬 #Drama #Mystery 🗓 2009 🎞 movie 🌎 #Iran #France ⏰ 1 နာရီ 59 မိနစ် 5 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 “အယ်လီ့အကြောင်း”လို့အမည်ရတဲ့ IMDb 7.9 နဲ့ Rotten Tomatoes 99% အထိ ရရှိခဲ့ပြီး ဆုပေါင်း ၂၃ ခုနဲ့ ဆန်ကာတင်ရွေးချယ်ခံရမှု ၁၇ ခု ကိုပါ သိမ်းပိုက်နိုင်ခဲ့တဲ့ ၂၀၀၉ ခုနစ်ထွက် အီရန်ဒရာမာရုပ်ရှင်ကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအစမှာတော့ တက္ကသိုလ်တုန်းက သူငယ်ချင်းဟောင်းတွေဟာ မိသားစုစုံစုံလင်လင်နဲ့ ပိတ်ရက်မှာ ကက်စ်ပီယံပင်လယ်ကမ်းခြေဆီကို ၃ရက်တာ ပျော်ပွဲစားခရီး ထွက်လာခဲ့ကြပါတယ်။ ဒီအဖွဲ့ထဲမှာ လူလတ်တန်းစားမိသားစု သုံးစုပါ၀င်ပါတယ်။ ခရီးကိုစီစဉ်ခဲ့သူကတော့ “ဆယ်ပီဒေ”ဖြစ်ပြီးတော့ ဆယ်ပီဒေဟာ သမီးဖြစ်သူရဲ့ မူကြိုဆရာမဖြစ်သူ “အယ်လီ”ကို ဂျာမနီကပြန်လာတဲ့ သူငယ်ချင်းဖြစ်သူ “အာမတ်”နဲ့ မိတ်ဆက်ပေးဖို့ရာ ခရီးကိုခေါ်ခဲ့ပါတယ်။ ဒီလိုနဲ့ ပင်လယ်ကမ်းခြေဘေးက ငှားရမ်းထားတဲ့ အိမ်လေးမှာ အပန်းဖြေအနားယူနေကြရင်း ကံမကောင်း အကြောင်းမလှစွာနဲ့ “အယ်လီ” တစ်ယောက် ပျောက်ချင်းမလှပျောက်သွားခဲ့ပြီး သောကပင်လယ်လှိုင်းတွေဟာ ဒီခရီးသွားအုပ်စုလေးဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိလာတဲ့နောက်မှာတော့… “ဆယ်ပီဒေ”တစ်ယောက် နာမည်ရင်းကိုတောင်သေချာမသိဘဲ ခေါ်လာခဲ့တဲ့ “အယ်လီ”ဆိုတဲ့မူကြိုဆရာမလေးရဲ့ တကယ့်သရုပ်မှန်က ဘာများလဲ ဘယ်လိုအကြောင်းကိစ္စကြောင့် ရုတ်တရက် အားလုံးကိုထားခဲ့ပြီး ပျောက်ဆုံးသွားခဲ့ရတာလဲ ဆက်လက်စုံစမ်းရှာဖွေကြရပါတော့တယ်။ ဒါရိုက်တာဖြစ်သူ “ဖာဟာဒီ”ဟာ ၅၉ကြိမ်မြောက် ဘာလင်နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ About Elly ရုပ်ရှင်နဲ့ Silver Bear for Best Director ဆုကိုဆွတ်ခူးခဲ့ပါတယ်။ အီရန်ရုပ်ရှင်သုံးသပ်သူတချို့ကတော့ About Elly ဟာ ဒါရိုက်တာဖာဟာဒီရဲ့ အော်စကာရရှိခဲ့တဲ့ A Separation 2011 ထက်တောင် ပိုကောင်းတယ်လို့ သုံးသပ်ထားကြတာမလို့ အချိန် ၂ နာရီပေးပြီး ကြည့်ဖို့ရာ သေချာပေါက်ထိုက်တန်တဲ့ ဒရာမာကားကောင်းလေးဖြစ်ကြောင်း ညွှန်းဆိုရင်းနဲ့ပဲ...

The Wedding Veil Inspiration (2023) ⭐IMDB: 7.0/10 (848 Votes) 🎬 #Comedy #Romance #TVMovie 🗓 2023 🎞 tv movie 🌎 #UnitedStates #Canada #UnitedStatesofAmerica ⏰ 1 နာရီ 25 မိနစ် 55 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဝါကျွတ်ပြီဆိုတော့ မင်္ဂလာဆောင်နဲ့ ပတ်သက်တဲ့ရုပ်ရှင်လေးကို တင်ဆက်ပေးချင်ပါတယ်။ အခု ရုပ်ရှင်က The Wedding Veil ၆ကားထဲက တစ်ကားပါ။ ဒါပေမယ့် ၆ကားလုံးကြည့်ဖူးစရာမလိုပါဘူး ဒီတစ်ခုနဲ့ပဲ ပထမဆုံး စကြည့်လို့ ရပါတယ်။ Castတွေအနေနဲ့လည်း Carlo Marks၊ Paolo Bernardini၊ Autumn Reeserနဲ့ Kacey Rohlတို့လို့ cast အကောင်းစားတွေနဲ့ ပွဲထွက်ထားတဲ့ ရုပ်ရှင်ကောင်း တစ်ခုဖြစ်ပါတယ်။ ရုပ်ရှင်အကြောင်း စလိုက်ရအောင်ဗျာ။ Wedding Veil ( မင်္ဂလာခြုံပုဝါ ) မှာ စွမ်းအား တစ်ခု ရှိတယ်ဆိုပြီး နာမည်ကြီးပါတယ်။ ဘယ်လိုစွမ်းအားလဲဆိုတော့ ခြုံပုဝါကို ပိုင်ဆိုင်ထားတဲ့ သူက အချစ်စစ်နဲ့ ရှာတွေ့မှာဖြစ်ပါတယ်။ အမ်မာက တက္ကသိုလ်မှာ အနုပညာသမိုင်းဘာသာရပ်ကို သင်ကြားပြသနေတဲ့ ပါမောက္ခ တစ်ယောက်ဖြစ်ပါတယ်။ အမ်မာ့မှာ လီလီလို့ ခေါ်တဲ့ သူငယ်ချင်း တစ်ယောက် ရှိပါတယ်။ အမ်မာက ဌာနမှူး ရာထူးကို လိုချင်နေပြီး သူ့ရဲ့ ရှေ့က ဌာနမှူး အနားယူမှာကို စောင့်ရင်း အလုပ်ကို ဇွဲမလျှော့ဘဲ အားတင်းရင်း ဆက်လက်လုပ်ကိုင်နေတာပါ။ အမ်မာရဲ့ ခင်ပွန်းကတော့ အီတလီက ဆွေကြီးမျိုးကြီးဖြစ်တဲ့ စတက်ဖန်နိုအိမ်တော်က အီတလီသားလေး ပါအိုလို ဖြစ်ပါတယ်။ ပါအိုလိုမှာ မာတေအိုလို့ ခေါ်တဲ့ ညီတစ်ယောက် ရှိပါတယ်။ အမ်မာနဲ့ ပါအိုလိုတို့ အီတလီမှာ ခြုံပုဝါကြောင့် ဖူးစာဆုံပြီး ချီကာဂိုမှာ စတက်ဖန်နိုအိမ်တော်ရဲ့စီးပွားရေး တိုးချဲ့ဖို့ ပါအိုလိုက မင်္ဂလာပွဲဝတ်စုံဆိုင်ဖွင့်ပါတော့တယ်။ ဖွင့်ပွဲညမှာ ခြုံပုဝါအကြောင်း အမ်မာပြောပြနေတဲ့ ဗီဒီယိုက ပေါက်သွားတဲ့အခါမှာတော့ ဆိုင်က ပိုပြီးတော့ လူဝင်လာပါတော့တယ်။ ဒါပေမယ့် အစစအရာရာ အဆင်ပြေနေတဲ့အချိန်မှာ ပါအိုလိုရဲ့အဖေဖြစ်သူက နာမကျန်းဖြစ်လို့ အီတလီကို ပြန်သွားရပါတော့တယ်။ ချီကာဂိုမှာ တစ်ယောက်တည်းကျန်ခဲ့တဲ့ အမ်မာ တစ်ယောက် သူ့ရဲ့ career နဲ့ ခင်ပွန်းဖြစ်သူအလုပ်နဲ့ ဒုက္ခများပါတော့တယ်။ ပါအိုလိုက စီးပွားရေးကို ဦးစီးဖို့ အမ်မာ့ကို အီတလီကို လိုက်စေချင်တာပါ။ သူ(မ)အလုပ်ရဲ့ဖိအားနဲ့ ခင်ပွန်းဖြစ်သူရဲ့ လိုအင်ဆန္ဒနဲ့ သူဖြစ်ချင်တဲ့ ဆန္ဒနဲ့ ထပ်တူမကျနေတဲ့အခါမှာတော့ ပိုပြီးတော့ အဆင်မပြေဖြစ်လာပါတယ်။ အမ်မာ တစ်ယောက် ဒီလိုဖိအားတွေကို ဘယ်လိုကျော်သွားမလဲ၊ သူ ဘယ်လိုဆုံးဖြတ်ချက်တွေ ချမလဲဆိုတာကို ကြည့်ရှု့ရမှာဖြစ်ပါတယ်။ ယခု ရုပ်ရှင်က ဇာတ်လမ်း၊ ဇာတ်အိမ်ကောင်းရုံသာ မကပါဘူး၊ main charactersအပြင် side charactersတွေရဲ့ chemistry ကပါ တကယ်ကို ထိမိနေတာပါ။ Plot twist များများစားစားတော့ မပါပေမယ့် တကယ်ကိုကြည့်ပျော်တဲ့ ရုပ်ရှင်လေးပါ။ ရုပ်ရှင်ကိုကြည့်ပြီးသွားရင်တော့ ဘာသာပြန်သူလို မင်္ဂလာဆောင်ချင်စိတ်တွေပါ ပေါက်လာပါလိမ့်မယ်လို့ ပြောရင်း နိဂုံးချုပ်ပရစေ။ အညွှန်းနဲ့ ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။...

Quan Dao: The Journey of a Boxer (2020) ⭐IMDB: 5.9/10 (73 Votes) 🎬 #Action #Drama 🗓 2020 🎞 movie 🌎 #China ⏰ 1 နာရီ 34 မိနစ် 38 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီဇာတ်လမ်းမှာတော့ ရှောင်နျိုဆိုတဲ့ကောင်လေးရဲ့အဖေကသူ့သူငယ်ချင်းကောင်းကို ကာကွယ်ပေးဖို့အတွက် မျက်စိမမြင်ဖြစ်သွားခဲ့တယ်အဲဒီအချိန်ကစပြီး သူ့သူငယ်ချင်းတွေဆီကဝေးကွာပြီး သူ့သားနှင့်အတူတိတ်ဆိတ်အေးချမ်းတဲ့ဘဝကို ဖြတ်သန်းခဲ့တယ် နှစ်ပိုင်းလောက်ကြာပြီးတဲ့အခါမှာ သူငယ်ချင်းနှစ်ယောက်ကပြန်တွေ့ကြပြီးသူ့သားရှောင်နျိုကို သူငယ်ချင်းထံမှာလက်ဝှေ့သင်စေခဲ့တယ်ဆရာဖြစ်သူရဲ့သင်ကြားပေးမှုအောက်မှာ ရှောင်နျိုကထူးချွန်တဲ့လက်ဝှေ့သမားတစ်ယောက် ဖြစ်လာခဲ့တယ်နောက်တော့လက်ဝှေ့သင်တန်းရဲ့ ငွေကြေးအခက်အခဲကြောင့်ရှောင်နျိုနှင့်သူငယ်ချင်းဖြစ်သူမာကျိုင်တို့ကငွေရှာဖို့ကြိုးစားရင်း လမ်းမှားသို့ရောက်ရှိခဲ့ပါတော့တယ်...

You're Not Supposed to Be Here (2023) ⭐IMDB: 5.5/10 (119 Votes) 🎬 #Thriller #TVMovie #Drama #Horror 🗓 2023 🎞 tv movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 26 မိနစ် 7 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီတစ်ခေါက်မှာတော့ အသစ်ထွက် Thriller ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မင်းသမီး Chrishell Stause (A Rose for Her Grave: The Randy Roth Story)နဲ့ Diora Baird (Hot Tamale), မင်းသား Curtis Hamilton (In Broad Daylight) တို့ အဓိကပါဝင်သရုပ်ဆောင်ထားကြတာပါ။ လိင်တူချစ်သူနှစ်ဦးဖြစ်တဲ့ ကန်နဒီနဲ့ ဇိုဝီတို့ နှစ်ဦးက တစ်ဦးနဲ့ တစ်ဦး သစ္စာရှိစွာ ချစ်ခင်ကြသူတွေဖြစ်ပြီး ကံဆိုးစွာနဲ့ ပထမကလေး ပျက်ကျသွားခဲ့တဲ့အဖြစ်ဆိုးကို ရင်ဆိုင်ထားရသူတွေပါ။ သို့ပေမဲ့လည်း ကလေးလိုချင်ကြသူ သူတို့နှစ်ဦးက ဇိုဝီ့သူငယ်ချင်းကောင်လေး အက်ဒမ့်ဆီကနေ သုတ်ပိုးအလှူခံပြီး နောက်တစ်ကြိမ်ကြိုးစားခဲ့ရာကနေ ဇိုဝီက မကြာခင်မွေးဖွားခါနီး နေ့စေ့လစေ့ အခြေအနေကို ရောက်ရှိနေချိန်မှာ သူတို့ဘဝအတွက် အလှည့်အပြောင်းတစ်ခု ဖြစ်ပေါ်လာပါတော့တယ်။ အဲဒါကတော့ ပထမကလေး ပျက်ကျထားမှုရဲ့စိတ်ဒဏ်ရာကြောင့် ဇိုဝီတစ်ယောက် မကြာခဏ သံသယစိတ်တွေနဲ့ ကလေးအတွက် စိုးရိမ်ပူပန်မှုတွေ ကြီးထွားလာတာပါပဲ။ ဇိုဝီ့ရဲ့ကလေးနဲ့ ပတ်သက်တဲ့ ပူပန်မှုတွေက ငါးစက္ကန့်တစ်ကြိမ်လောက် ဖြစ်နေတာမို့ ကန်နဒီတစ်ယောက် အလုပ်ဖြောင့်ဖြောင့် မလုပ်နိုင်ဘဲ အာရုံထွေပြားနေခဲ့တာကြောင့် ကန်နဒီ့ရဲ့သူဌေးက တခြားမြို့တစ်မြို့မှာရှိတဲ့ သူ့ရဲ့တောအုပ်ထဲက အပန်းဖြေအိမ်လေးကို အားလပ်ရက် ခရီးထွက်ဖို့ အကြုံပြုခဲ့ပါတော့တယ်။ သူဌေးရဲ့အကြံပြုချက်အတိုင်း နှစ်ယောက်သား ပျော်ပျော်ရွှင်ရွှင်နဲ့ စိတ်ပြေလက်ပျောက် ခရီးတိုလေးထွက်လာကြပေမယ့် သူတို့ရောက်သွားတဲ့မြို့လေးမှာ မထင်မှတ်ထားတဲ့ အန္တရာယ်တွေက စောင့်ကြိုနေခဲ့ချိန်မှာတော့.. (ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ)...

ဇာတ်ညွှန်းများ • FDMN - Статистика и аналитика Telegram-канала