ဇာတ်ညွှန်းများ • FDMN
Закрытый канал
Нет данных
Подписчики
-524 часа
-47 дней
+730 дней
Архив постов
Sex and Fury (1973) ⭐TMDB: 62% User Score 🎬 #Action #Adult #Crime 🗓 1973 🎞 movie 🌎 #Japan ⏰ 1 နာရီ 30 မိနစ် 43 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Sex and Fury (1973) IMDb Rating (6.7) မလှည့်ဖြစ်တာကြာပြီဖြစ်တဲ့ ဂျပန်ဂန္ဓဝင် Pink Film လေးတွေဆီပြန်လှည့်ကြရအောင်ပါ။ Pink Film ဆိုပေမယ့် ဇာတ်လမ်းဇာတ်ကွက်ခိုင်ခိုင်မာမာ ဇာတ်ကောင်အင်အားတောင့်တောင့်တင်းတင်းနဲ့တည်ဆောက်ထားတဲ့ဇာတ်ကားကောင်းဖြစ်ပါတယ်။ ၁၈၈၆ ဂျပန်နိုင်ငံရဲ့မေဂျီခေတ်မှာ ကျိုကိုဆိုတဲ့ကလေးမလေးရယ် ရဲဖြစ်သူ သူ့ဖခင်ဟာ အတူတူ လမ်းလျှောက်လာကြရင်း သူတို့လူစုကွဲချိန်မှာ သူ့ဖခင်ကို လူ သုံးယောက်က သတ်ဖြတ်သွားတာခံခဲ့ရပါတယ်။ သူ့ဖခင်အလောင်းဆီကို သူရောက်ချိန်မှာတော့ လက်ထဲမှာတင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားတဲ့ ဖဲချပ်သုံးခုကိုတွေ့ရှိခဲ့ရပြီး အဲ့ဒီဖဲချပ်တွေမှာ ဝက်ဝံ၊ သမင်နဲ့ လိပ်ပြာတို့ ပါဝင်နေတာကိုတွေ့လိုက်ရပါတယ်။ နောက်ဆယ့်ကိုးနှစ်အကြာမှာတော့ ကျိုတိုဟာ နာမည်ကျော် ဖဲဝိဇ္ဇာ ခါးပိုက်နှိုက်ဝိဇ္ဇာတစ်ယောက်ဖြစ်နေခဲ့ပြီ ဖြစ်ပြီး သူ့ဖခင်အတွက် သွေးကြွေးဆပ်ဖို့ကြိုးစားမှုတွေကို ခေတ်ကာလ နောက်ခံ၊ အဲ့ဒီခေတ်က ခြေရှုပ်နေတဲ့ နိုင်ငံရဲ့အကြီးပိုင်းထဲက မသမာသူတစ်စု၊ ဂိုဏ်းဂဏပြိုင်ဆိုင်မှုတွေနဲ့ ကြမ်းကြမ်းရမ်းရမ်းရှုစားကြရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)...
My Father and I are Deskmates (2024) ⭐TMDB: 0% User Score 🎬 #Comedy #Drama #Family 🗓 2024 🎞 tv movie 🌎 #China ⏰ 1 နာရီ 25 မိနစ် 55 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်လမ်းလေးရဲ့အဓိကဇာတ်ဆောင်ကတော့ အနာဂတ်အတွက်ဘာအစီအစဉ်မှမရှိတဲ့ အရာအားလုံးကိုပုန်ကန်ချင်နေတဲ့ဆယ်ကျော်သက်အရွယ် အထက်တန်းကျောင်းသားလေပဲဖြစ်ပါတယ်။ သူကငယ်ငယ်ကတည်းက အဖိုးအဖွားတွေနဲ့ကြီးလာခဲ့ရတယ်။အဖေကအမြဲအပြင်မှာပဲအလုပ်လုပ်နေပြီး အိမ်သိပ်ပြန်မလာပါဘူး။တစ်နေ့မှာတော့ အပြင်မှာပဲနေတဲ့သူ့အဖေက ရုတ်တရက်အိမ်ကိုပြန်လာပြီးသူ့ကိုတင်းတင်းကြပ်ကြပ်ထိန်းပါတော့တယ်။ အလွဲလွဲအချော်ချော်နဲ့အဖေနဲ့သားအတူ ကျောင်းမှာတစ်စားပွဲထဲစာအတူတူသင်ဖို့ဖြစ်လာပါတယ်။ ဒီလိုနဲ့ရယ်စရာအဖြစ်အပျက်တွေဖြစ်လာပြီး အထင်လွဲမှုတွေနဲ့စိမ်းကားနေတဲ့ သူတို့သားအဖနှစ်ယောက်ရဲ့ဆက်ဆံရေးကတဖြည်းဖြည်းပြေလည်လာတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။...
The Enigma of Arrival (2024) ⭐TMDB: 80% User Score 🎬 #Action #Crime 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 25 မိနစ် 36 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အခုတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် မှုခင်းအက်ရှင်ရုပ်ရှင်ကောင်းလေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့- မူးယစ်ဖမ်းဆီးရေးတပ်ဖွဲ့က အဖွဲ့ခေါင်းဆောင် ယုံကျန့်ကိုမူးယစ်ဆေးအမှုတစ်ခုကို စုံစမ်းဖို့ တာဝန်ပေးအပ်ခဲ့ပါတယ်။မှုခင်း စုံစမ်းနေတဲ့အချိန်မှာ သူငယ်ချင်းယွီကျီထုံကမူးယစ်ဂိုဏ်းနဲ့ ပတ်သက်နေတယ်လို့ သံသယဖြစ်စရာတွေ ပေါ်လာခဲ့ပါတယ်။ ယွီကျီထုံဟာ လက်ဝှေ့ချန်ပီယံတစ်ယောက်ဖြစ်ပြီး နေမကောင်းတဲ့သားကိုကုသဖို့အတွက် မူးယစ်ဂိုဏ်းထဲ ဝင်ခဲ့သူ ဖြစ်ပါတယ်။မူးယစ်ဂိုဏ်းမှာ တစ်ဦးတည်းသော အမျိုးသမီးလူယုံအနေနဲ့သူ့ကို မနာလိုမုန်းတီးသူတွေလည်း အများအပြားရှိနေပါတယ်။ ဒီလို သူငယ်ချင်းဟောင်းနှစ်ယောက်က ပြန်တွေ့တဲ့အချိန်မှာ ရန်သူတွေ ဖြစ်သွားကြမလား……မူးယစ်ဂိုဏ်းကို ချေမှုန်းဖို့ ပူးပေါင်းကြမလား…… ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။...
Wolfwalkers (2020) ⭐IMDB: 8.0/10 (41 k Votes) 🎬 #Adventure #Animation #Fantasy #Family #Action #Drama #Thriller 🗓 2020 🎞 movie 🌎 #Ireland #Luxembourg #France #China #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 45 မိနစ် 7 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Wolfwalkers(2020) IMDb..8.0 Wolfwalkers ဇာတ်ကားလေးက စိတ်ကူးယဉ် စွန့်စားခန်း animation ရုပ်ရှင်လေးပဲ ဖြစ်ပါတယ် လူသားနဲ့ ဝံပုလွေကြားထဲက တင်းမာတဲ့ ဆက်ဆံရေးတွေ ၊ မိန်းကလေးငယ်ငယ်လေး နှစ်ယောက်ရဲ့ ခိုင်မာတဲ့ သံယောဇဉ် အကြောင်းလေး နဲ့ မိဘနဲ့ သားသမီး ကြားမှာရှိတဲ့ ချစ်ခြင်း မေတ္တာတို့ကို တစ်ခန်းနဲ့ တစ်ခန်း မရိုးသွားအောင် ရိုက်ပြထားတဲ့ Drama ဆန်ဆန်ကားလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ အေဒီ နှောင်းပိုင်းကာလမှာ လူသားတွေက ဝံပုလွေကို အရမ်း မုန်းတီးနေကြပါတယ်။ မိန်းကလေးဆိုရင် အိမ်မှူ ကိစ္စပဲ လုပ်ရမယ်ဆိုတဲ့ ခေတ်ကြီးမှာ ရောဘင်လို့ ခေါ်တဲ့ ကလေးမလေးက သူ့အဖေနဲ့ အတူ ဝံပုလွေေတွေကို လိုက်သတ်ချင်တယ်။ အဲ့ဒါနဲ့ တစ်နေ့မှာ အဖေ့နောက် ခိုးလိုက်ရင်း တောထဲမှာ သူနဲ့အသက်သိပ်မကွာတဲ့ မေ့ဆိုတဲ့ ဝံပုလွေစောင့်ရှောက်သူနဲ့ ခင်သွားတယ်။ တစ်တိုင်းပြည်လုံးက ဝံပုလွေတွေကို မုန်းတီးနေတာကြောင့် အန္တရာယ်ကင်းအောင် ထွက်သွားဖို့မေ့ကပြောပါတယ်… အဲဒီနောက် ရောဘင် လေးဟာ မမျှော်လင့်ဘဲသိလိုက်ရတာက မေ့ရဲ့အမေဟာ ပြန်မလာတော့ဘဲ ထူးဆန်းစွာနဲ့ပျောက်ဆုံးသွားပါတယ်… မနေနိုင်လွန်းတဲ့ ရောဘင်ဟာ မေ့ရဲ့ အမေကို ပြန်ရှာပေးဖို့ ကတိပေးလိုက်တယ်။ အဲဒီနောက်တော့ ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့…..ဇာတ်လမ်းကောင်းကောင်းနဲ့ စွန့်စားခန်း Animation ကားတွေကိုမှ သဘောကျတဲ့သူတွေအတွက် လက်မလွှတ်သင့်ပါကြောင်း… (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Theint Theint ပဲဖြစ်ပါတယ်...
Dark Parasite (2023) ⭐IMDB: 2.3/10 (184 Votes) 🎬 #Drama #Horror #SciFi #ScienceFiction 🗓 2023 🎞 movie 🌎 #Italy ⏰ 1 နာရီ 25 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Dark Parasite (2023)———————————-Genre – Drama/ Horror/ Sci-fi လက်ဆွဲအိတ်တလုံးကိုဓားပြအုပ်စုတစုကလုယူပြီးတဲ့နောက်မြို့အစွန်ဖျားကဘယ်သူမှမနေတဲ့တိုက်အိမ်ထဲမှာလက်ဆွဲအိတ်ကိုပိုက်ဆံနဲ့လဲလှယ်ဖို့အတွက်စောင့်ဖို့ရာဖြစ်လာခဲ့ပါတယ် အဲ့အိမ်ကြီးရဲ့ထူးဆန်းမှုနဲ့မြေအောက်ခန်းမှာဘယ်လိုသတ္တဝါမျိုးတွေရှိနေမလဲလက်ဆွဲအိတ်ထဲမှာထဲရောဘယ်လိုအရာကရှိနေတာလဲဆိုတာကိုသည်းထိပ်ရင်ဖိုကြည့်ရမယ့်ဇာတ်လမ်းမျိုးဖြစ်ပါတယ်...
Schlitter (2023) ⭐IMDB: 5.6/10 (256 Votes) 🎬 #Horror #Thriller 🗓 2023 🎞 tv movie 🌎 #France #Belgium ⏰ 1 နာရီ 14 မိနစ် 15 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါမှာတော့ 2023 ခုနှစ်ထွက် Schlitter ပြင်သစ်သည်းထိတ်ရင်ဖိုရုပ်ရှင်တစ်ခုကို တင်ဆက်ပေးချင်ပါတယ်။ သစ်ဖြတ်သမားသားတွေဖြစ်ကြတဲ့ လူကာနဲ့ မတ်ထီးယာ့စ်တို့ဟာ အချစ်ဆုံးသူငယ်ချင်းတွေပါ။ တစ်နေ့မှာ ကားမောင်းနေတဲ့လူကာရဲ့အဖေဟာ စက်ဘီးစီးနေတဲ့ မတ်ထီးယာစ့်ကို တိုက်မိခဲ့ပါတယ်။လူကာဟာ အသက်မဲ့နေတဲ့ သူ့သူငယ်ချင်းရဲ့ခန္ဓာကိုယ်ကို သူ့အဖေအစဖျောက်လိုက်တာကားနောက်မှာထိုင်ကြည့်နေခဲ့ရပါတယ်။ သူ့သူငယ်ချင်းသေဆုံးမှုကို ဝန်ထုတ်ဝန်ပိုးကြီးတစ်ခုလိုတစ်သက်လုံးရေငုံနှုတ်ပိတ်လာရင်း နှစ် ၂၀ ကြာတဲ့အခါလူကာဟာ သူ့မိဘတွေရဲ့ အသုဘအတွက် မွေးရပ်မြေကို ပြန်ရောက်လာပါတယ်။ လိပ်ပြာမလုံတဲ့ လူကာဟာ မေ့မေ့ပျောက်ပျောက်နေဖို့ ကြိုစားပေမယ့်သူမသိတာက သူ့အတိတ်ကလုပ်ရပ်ကို အပြစ်ပေးမယ့်အရာကစောင့်ကြိုနေတယ်ဆိုတာပါပဲ။ လူကာ ၊ သူ့ကောင်မလေး နဲ့သူငယ်ချင်း သုံးယောက်သား ဒီအဖြစ်ဆိုးကြားထဲဘယ်လိုရင်ဆိုင်ရုန်းကန်မလဲဆိုတာ ရင်တမမနဲ့ ကြည့်ရမှာပါ။ သည်းထိတ်ရင်ဖိုနဲ့ လှည့်ကွက်တွေကြိုက်တဲ့ CM ပရိတ်သတ်တွေအတွက်Schlitter ပြင်သစ်ရုပ်ရှင်ကို တင်ဆက်လိုက်ရပါတယ်။...
Cholo Zombies (2024) ⭐TMDB: 0% User Score 🎬 #Action #Comedy #Horror 🗓 2024 🎞 movie 🌎 # ⏰ 1 နာရီ 36 မိနစ် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဇွန်ဘီကားလည်း ကြည့်ချင်တယ် .. ဟာသလည်း ကြည့်ချင်တယ်ဆိုရင်တော့ ဒီကားလေးကို ညွှန်းပေးပါရစေ။ ဇာတ်လမ်းအကျဉ်း +++++++++++ ဂျက်စီဆိုတဲ့ ဘီယာဆိုင်မှာ အလုပ်လုပ်တဲ့ ကောင်လေးတစ်ယောက်ဟာ တစ်ရက်မှာ သေတ္တာ တစ်ခုကို ခြံရှင်းရင်း တွေ့သွားပါတယ်။ အဲဒီသေတ္တာက နတ်ဆိုးရဲ့ သေတ္တာဖြစ်ပြီး အဲဒီသေတ္တာထဲက အစိမ်းရောင် အငွေ့တွေကိုကို ရှုမိတဲ့သူတိုင်း မသေမျိုး ဇွန်ဘီတွေ ဖြစ်သွားကြပါတယ်။ ဒီလိုနဲ့ အကြောင်းတစ်ခုကြောင့် သေတ္တာထဲက အငွေ့တွေဟာ တစ်ပြည်နယ်လုံးကို ဖြန့်တဲ့ ဘီယာဗူးတွေထဲကို ရောက်သွားတဲ့အခါ အဲဒီ ဘီယာကို သောက်သုံးမိသူတိုင်းဟာ ဇွန်ဘီတွေ ဖြစ်သွားကြပါတယ်။ တစ်ရပ်ကွက်လုံး .. တစ်နိုင်ငံလုံးလိုလို ဇွန်ဘီဖြစ်သွားပြီး ဇွန်ဘီဥပဒေတွေပါ ပေါ်ပေါက်လာတဲ့အခါ .. ဘာတွေ ဆက်ဖြစ်မလဲ။ ဂျက်စီဆိုတဲ့ကောင်လေးကရော အဲဒီ သူအစပြုခဲ့တဲ့ ဇာတ်လမ်းကို ဘယ်လို အဆုံးသတ်မလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ ဟာသဆန်ဆန် ကြည့်ရမှာ ဖြစ်ပါတယ်။ (Cholo ဆိုတာက လော့စ်အိန်ဂျလိမှာ အစပြုခဲ့တဲ့ Chicano နဲ့ Latino အုပ်စု ယဥ်ကျေးမှုကို ကိုယ်စားပြုတဲ့ လူ့အဖွဲ့အစည်းထဲက ကွဲထွက်နေတဲ့ အုပ်စုကို ဆိုလိုတာဖြစ်ပါတယ်) ( ဘာသာပြန်နဲ့ အညွှန်း BZW ဖြစ်ပါတယ်...
The Shade (2023) ⭐IMDB: 4.3/10 (375 Votes) 🎬 #Crime #Drama #Horror #Thriller 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 8 မိနစ် 11 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 cm ပရိသတ်ကြီးကို Psychological horror ဇာတ်ကား တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားဟာ St.Louis နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ Nomination ဆယ်ခုအထိ ရခဲ့ပြီး ဆုရှစ်ဆုတောင် ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။ Horror ဆိုပေမယ့် တခြားဇာတ်ကားတွေကို ပြူးပြူးပြဲပြဲ ခြောက်လှန့်ပြနေတာမျိုး မဟုတ်ဘဲ လူတွေအတော်များများ ဂရုမစိုက်မိကြတဲ့ စိတ်ဒဏ်ရာတွေ… စိတ်ဖိစီးမှုတွေနဲ့ ကြီးပြင်းလာတဲ့သူတွေရဲ့ ဘဝမှာ ရုန်းကန်ရမှုတွေနဲ့ စိတ်ကျန်းမာရေး အရေးပါပုံကို တစ်စေ့တစ်စောင်း ထောက်ပြ ပေးနိုင်ခဲ့တာကြောင့် ဒီလိုမျိုး ဆုတွေအများကြီး ရခဲ့တာလို့ မြင်မိပါတယ်။ ဇာတ်ကြောင်းကတော့ ရိုင်ယန်ဆိုတဲ့ ကောင်လေးဟာ ခြောက်နှစ်သားအရွယ်မှာ ဖခင်ဖြစ်သူ သေကြောင်းကြံတာကို ကြုံဆုံခဲ့ရပြီး နောက်ပိုင်းမှာ အိပ်မက်ဆိုးတွေနဲ့ ကြီးပြင်းလာရတဲ့ ၂၀နှစ်အရွယ် ကောင်လေးတစ်ယောက် ဖြစ်ပါတယ်။ သူဟာ ညီအစ်ကိုသုံးယောက်ထဲမှာ အလတ်ဖြစ်ပြီးတော့ ဖအေဆုံးပါးပြီး နောက်ပိုင်းမှာ စိတ်ကုထုံးဆရာနဲ့ ပုံမှန်ပြ နေပေမယ့်လည်း သိပ်ပြီးမထူးခြားလှပါဘူး။ မိခင်ဖြစ်သူက စားသောက်နေထိုင်ဖို့အတွက် ရုန်းကန်ရှာဖွေနေရတာမို့ သားတွေကို သိပ်ပြီး လှည့်ကြည့် မအားတာကြောင့် အငယ်လေးဖြစ်တဲ့ ဂျေမီကို ရိုင်ယန်ပဲ အနီးကပ် စောင့်ရှောက် နေရတာ ဖြစ်ပါတယ်။ တစ်ရက်တော့ သူ့ရဲ့အစ်ကိုဖြစ်သူ ဂျေဆင်ဟာ ကောလိပ်ကျောင်းတက်ရင်း တစ်ပိုင်းတစ်စနဲ့ အိမ်ပြန်ရောက်လာခဲ့ပါတယ်။ ရိုင်ယန်အနေနဲ့ အမှောင်ထုထဲက အရာတစ်ခုခုက သူတို့ဖခင်ဆီကနေ သူတို့ညီအစ်ကိုတွေကို ချဉ်းကပ်လာတယ်လို့ သံသယဖြစ်လာတဲ့အခါမှာ ဒီအရာကို ဘယ်လိုမျိုး တွန်းလှန် တိုက်ခိုက်မလဲဆိုတာကတော့...
Tis the Season to Be Irish (2024) ⭐IMDB: 6.3/10 (939 Votes) 🎬 #Romance #TVMovie 🗓 2024 🎞 tv movie 🌎 #UnitedStates #UnitedStatesofAmerica #Ireland ⏰ 1 နာရီ 25 မိနစ် 1 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ခရစ်စမတ်ကာလနီးကပ်လာချိန်မှာ ခရစ်စမတ်ရုပ်ရှင် အေးအေးလေးနဲ့ chill ကြရအောင်လားခင်ဗျာ။ ရိုစ့်ဟာ အိမ်အဟောင်းတွေကို ဝယ်ပြီး ပြန်ပြုပြင်ကာ ရောင်းချပြီး တစ်နေရာဆီကနေ တစ်နေရာကို လှည့်လည် သွားလာနေတဲ့ ခြေသလုံးအိမ်တိုင်တစ်ယောက်ပါ။ တစ်နေ့မှာတော့ သူ့အမေ ငယ်ငယ်က သွားလည်ခဲ့တဲ့ အိုင်ယာလန်က ဒွန်ကလဲဒေသက အိမ်လေးတစ်အိမ်ကို ဝယ်ဖို့ဖြစ်လာခဲ့တယ်။ အဲဒီလိုနဲ့ပဲ ရိုစ့်တစ်ယောက် အိုင်ယာလန်ကိုရောက်ခဲ့ပြီး ဒွန်ကလဲက အိမ်ခြံမြေအေးဂျင့် ရှောင် နဲ့ တွေ့ဆုံပါတော့တယ်။ ဒီဇာတ်ကားလေးကတော့ တစ်ကားလုံး ရိုးရိုးအေးအေးလေးပဲ သွားထားပြီးတော့ အိုင်ယာလန် နဲ့ အိုင်းရစ်လူမျိုးတွေရဲ့ ယဉ်ကျေးမှုတွေ၊ ရိုးရာအစဉ်အလာတွေနဲ့ သဘာဝရှုခင်း အလှအပတွေကို ခံစားရင်းကြည့်ရှုကြရမှာပါ။ ခြေသလုံးအိမ်တိုင်သမား ရို့စ် နဲ့ ဒွန်ကလဲမှာ ကော်လိုကပ်နေတဲ့ ရှောင်တို့ရဲ့ ဇာတ်လမ်းလေး ဘယ်လိုဖြစ်သွားမလဲဆိုတာကို စောင့်ကြည့်ရင်း မိသားစုနဲ့အတူလည်း ကြည့်ရှုလို့ရတဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။...
A Nonsense Christmas with Sabrina Carpenter (2024) ⭐TMDB: 66% User Score 🎬 #Comedy #Documentary #Music 🗓 2024 🎞 movie 🌎 #UnitedStatesofAmerica ⏰ 50 မိနစ် 46 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 A Nonsense Christmas with Sabrina Carpenter (2024) IMDb Rating (6.8) 2024 မှာ viral ဖြစ်သွားတဲ့ Espresso ဆိုတဲ့ သီချင်းကို ကြားဖူးနားဝ မရှိသူဆိုတာ မရှိသလောက်တောင် ဖြစ်မယ်လို့ထင်ပါတယ်။ ဒီသီချင်းနဲ့အတူ Sabrina Carpenter ဆိုတဲ့ အမျိုးသမီးလေးဟာလည်း သူ့ရဲ့ အနုပညာနဲ့ အရည်အချင်းကို အရင်ကထက်ပိုပြီး အသိအမှတ်ပြုခံခဲ့ရပါတယ်။ Short n’ Sweet era ကျမှ သူ့ကို စရင်းနှီးသူဆိုရင်တော့ သူ့ရဲ့ သီချင်းတွေ နားထောင်ပြီး ဒီကောင်မလေး nasty ဖြစ်လိုက်တာဆိုပြီး ပြောကောင်းပြောနိုင်ပါတယ်။ ဒါပေမဲ့ ဒီလို အဓိပ္ပါယ်နှစ်ခွဖြစ်စေပြီး witty ဖြစ်တဲ့ စာသားလေးတွေ ရေးတတ်တာက Sabrina Carpenter ရဲ့ အထာပါပဲ။ ဘာသာပြန်ကတော့ ဒီလိုစကားလုံးတွေကို လှပအောင် ကြွယ်တတ်တဲ့ သူ့စတိုင်လ်ကို အတော်သဘောကျပါတယ်။ အခုချိန်မှာ Sabrina Carpenter ဟာ Short n’ Sweet tour လုပ်နေပါတယ်။ Christmas Holiday မှာလည်း ပရိတ်သတ်တွေ မပျင်းရလေအောင် ဆရာမလေးက Netflix နဲ့အတူ A Nonsense Christmas ဆိုတဲ့ musical comedy holiday special လေး ထွက်ရှိထားပါတယ်။ ဆိုလိုတဲ့အတိုင်းပဲ သီချင်းတွေလည်းဆိုရင်း ဟာသတွေလည်း လုပ်ရင်း SNL ကြည့်နေရသလိုပါပဲ။ အစက သီချင်းတွေပဲ တန်းစီဆိုသွားမယ်ထင်ထားပေမဲ့ တင်ဆက်ထားပုံက ဆန်းသစ်ပြီး ကြည့်လို့ကောင်းပါတယ်။ ဒါ့အပြင် နာမည်ကျော်တေးဂီတရှင်အမျိုးသမီးတွေလည်း Guest အနေနဲ့ လာရောက်တင်ဆက်ထားပါသေးတယ်။ ဒီတော့ TV-14 rating လို့ သတ်မှတ်ပေးထားတဲ့ Netflix ရှိုးမှာ အဆဲသန်တဲ့ မမဆဘရီနာတို့ သူ့ကိုယ်သူ ဘယ်လိုတွေ ချုပ်တည်းပြီး တင်ဆက်သွားမလဲဆိုတာ ရှုစားပေးကြပါဦး။ **P.S – ကျန်တဲ့သီချင်းတွေ English လို စာတန်းထိုးထားပေမဲ့ ရှိုးမိတ်ဆက်သီချင်းလေးကတော့ မပြန်မဖြစ်မလို့ ဘာသာပြန်လိုက်ရပါတယ်။** (အညွှန်းနဲ့ဘာသာပြန်ကတော့ A 5ft Tall Girl ဖြစ်ပါတယ်။)...
Pin/Ya (2024) ⭐IMDB: 6.3/10 (42 Votes) 🎬 #Adult #Drama 🗓 2024 🎞 movie 🌎 #Philippines ⏰ 1 နာရီ 1 မိနစ် 6 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Pin/Ya (2024) IMDb Rating (3.8) ပင်နဲ့အာယာတို့ဟာ ဆယ်ကျော်သက်အရွယ်မှာဆုံစည်းခဲ့ကြပြီး အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ခဲ့ကြတာပါ။ တစ်စစအရွယ်ရောက်လာ အချစ်ကို လိင်ကိစ္စကို စပြီး စိတ်ဝင်စားလာတဲ့အချိန်မှာ တစ်ဦးနဲ့တစ်ဦးဖွင့်မပြောရဲပေမယ့် ခံစားချက်တွေ သူငယ်ချင်းထက်ပိုလာတဲ့ နောက်ပိုင်းမှာ ကွာခြားတဲ့ မိသားစုအခြေအနေအဆင့်အတန်းတွေ၊ လိင်တူချင်းဖြစ်နေတာကြောင့် ပတ်ဝန်းကျင်ရဲ့ရိုက်ခတ်မှုတွေကြား သူတို့အချစ်တွေခိုင်မြဲအောင် ဘယ်လိုကြိုးစားရုန်းကန်ကြမလဲ၊ကံကြမ္မာက သူတို့အတွက် ဘယ်လိုဇာတ်သိမ်းမျိုးဖန်တီးထားမလဲ စတာတွေကို ရှုမြင်ရမယ့် GL ကားသစ်လေးဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)...
Kabitan (2024) ⭐TMDB: 0% User Score 🎬 #Adult #Drama 🗓 2024 🎞 movie 🌎 #Philippines ⏰ 1 နာရီ 3 မိနစ် 48 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Kabitan (2024) IMDb Rating (7.7) Vivamax နယ်ပယ်ချဲ့လိုက်တဲ့ BL,GL ဇာတ်လမ်းတွေထဲက အသစ်ထွက် GL ဇာတ်လမ်းလေးဖြစ်ပါတယ်။ Vivamax ထွက်ဇာတ်လမ်းတွေဖြစ်တဲ့အတွက် မြင်နေကျ နုနုရွရွ လှလှပပလေးတွေမဟုတ်ပဲ အမှောင်ဇာတ်ကြမ်းတွေဖြစ်ကြောင်းသိကြမှာပါ။ ဒီဇာတ်ကားမှာတော့ Athena Red နဲ့ Alessandra Cruz တို့ကိုကွန်ဒိုမျက်နှာချင်းဆိုင်အိမ်နီးချင်းတွေဖြစ်တဲ့ အဲလစ်စ်နဲ့မီကာအဖြစ်တွေ့မြင်ရပါလိမ့်မယ်။ အဲ့ဒီထက်ပိုတိုက်ဆိုင်တာကတော့ နှစ်ဦးလုံးဟာ အိမ်ထောင်သည်တွေရဲ့အငယ်အနှောင်းဘ၀ကိုမရောက်ချင်ပဲရောက်နေကြတာပါပဲ။ အမြဲတမ်း ကြေကွဲဝမ်းနည်းရိပ်စွန်းနေတဲ့ မီကာကို အဲလစ်စ်က စိတ်ဝင်တစားစပ်စုရင်း အကြောင်းရင်းကိုသိရတဲ့အချိန်မှာတော့ သူတတ်ထားတဲ့ပညာတွေကို အိတ်သွန်ဖာမှောက်သင်ပေးဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ ပညာတွေသင်ရင်းနဲ့ သူတို့နှစ်ယောက်အချင်းချင်းစိတ်ပါလက်ပါ နယ်ကျွံသွားမိချိန်မှာ ဇာတ်လမ်းကိုဘယ်လိုရှေ့ဆက်မလဲဆိုတာ အကြမ်းအရမ်းအကွက်ဆန်းတွေနဲ့ရှုစားရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)...
Defoe (2024) ⭐TMDB: 54% User Score 🎬 #Documentary 🗓 2024 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 31 မိနစ် 00 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Defoe: For the Love of the Game (2024) ကို ရှေ့ရက်အတော်များများအထိ England ကပရိသတ်တွေတော်တော်များများအားပေးများကြပါတယ်။ ဒါရိုက်တာ James Ross မှ ရိုက်ကူးထားတဲ့ ဘောလုံးကစားသမား Jermain Defoe ၏ ဘဝနောက်ခံနှင့် ကစားသမားတစ်ယောက်အနေနဲ့သူဖြတ်သန်းခဲ့တဲ့ဘဝအခြေအနေအရပ်ရပ်ကိုရိုက်ကူးထားတာဖြစ်ပါတယ် ။ မိသားစုနဲ့ဆက်ဆံရေးတွေ Bradley Lowery နဲ့ သူရဲ့စွန့်စား မှု တွေ သူရဲ့စိတ်ဒဏ်ရာရစရာတွေမြင်ရမယ်။ Harry Redknapp, Peter Crouch နဲ့ Harry Kane အစရှိသော ကျော်ကြားတဲ့သူတွေရဲ့ ပြောတဲ့အကြောင်းအရာတွေပါပါမယ်။ မှတ်တမ်းအနေနဲ့ ရိုက်ကူးပေမယ့်ဒါရိုက်တာက စိတ်ခံစားချက်နဲ့ရင်းနှီးမှုကို အားလုံးထင်ရုံသာမက ဘောလုံးကစားသမား Defoe ၏ ကိုယ်ပိုင်ဘဝခံစားချက်တွေလည်းပါဝင်အောင်ရိုက်ကူးထားပါတယ်။ ဒီရုပ်ရှင်လေးကတော့ defoe ရဲ့ မှတ်တမ်းတစ်ခုအနေနဲ့ defoe fan တွေ သဘောတွေ့မှာဖြစ်ပါတယ်။...
Shallow Hal (2001) ⭐TMDB: 62% User Score 🎬 #Comedy #Romance 🗓 2001 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 54 မိနစ် 4 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb rating – 6/10 Awards – 3 Nominations အခုတင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ 2001 ခုနှစ်ထွက် romance ဇာတ်ကားလေးဖြစ်ပါတယ် အားလုံးသိတဲ့ Jack Black မင်းသားနဲ့ Iron manရဲ့အချစ်တော်လေး Gwyneth Paltrow မင်းသမီးတို့ သရုပ်ဆောင်ထားတဲ့နာမည်ကြီးဇာတ်ကားလေးပဲဖြစ်ပါတယ် ဒီကားထဲမှာဆိုရင် အဖေ့ရဲ့နောက်ဆုံးစကားအတိုင်း ငယ်ရွယ်ပြီးလှပတဲ့မိန်းကလေးတွေနဲ့တွဲပြီး လူတိုင်းကိုရုပ်ရည်ပေါ်မှာပဲကြည့်ပြီး ဆုံးဖြတ်တတ်တဲ့ ဟဲလ်ဆိုတဲ့သူတစ်ယောက်ရှိပါတယ် အဲဒီလိုနဲ့တိုနီရောဘင်ဆိုတဲ့သူနဲ့ ဆုံပြီးနောက်မှာ လူတွေနဲ့တွေ့တဲ့အခါမှာ သူတို့ရဲ့အတွင်းစိတ်အတိုင်းပဲမြင်ရပါတော့တယ် အဲဒီလိုနဲ့ ရိုစ့်မယ်ရီဆိုတဲ့ စိတ်ထားလှတဲ့ကောင်မလေး သူ့မျက်စိထဲမှာ သူမြင်ဖူးသမျှထဲမှာ အလှဆုံးမိန်းကလေးတစ်ယောက်ဖြစ်နေပါတယ် တကယ်တော့ဒီမိန်းကလေးကပြည့်ပြည့်ဖြိုးဖြိုးကောင်မလေးဖြစ်နေတာပါပဲ အဲဒါဆိုရင်တော့ ဟဲလ်တစ်ယောက် တကယ့်ပဲ ရိုစ့်မယ်ရီကိုချစ်လာနိုင်ပါ့မလား ဘယ်လိုတွေအလွဲလွဲအချော်ချော်ဖြစ်မလဲ ဆိုတာ ဇတ်ကားလေးကြည့်ရင်း အပန်းဖြေလိုက်ကြပါဦး ဒီဇာတ်ကားလေးကတော့ တကယ့် အလှတရားဆိုတာ စိတ်ထားကောင်းတာက အဓိကပဲလို့ ပြသသွားတဲ့ကားကောင်းလေးဖြစ်လို့ အားလုံးပဲ အားပေးကြပါဦး...
Malam Pertobatan (2024) ⭐TMDB: 55% User Score 🎬 #Crime #Drama #Thriller 🗓 2024 🎞 movie 🌎 #Indonesia ⏰ 1 နာရီ 22 မိနစ် 6 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Malam Pertobatan (2024) ဆာမာရန်ဆိုတဲ့မြို့လေးမှာ ထူးဆန်းတဲ့အမှုတစ်ခုဖြစ်နေပါတယ်ဒါကတော့ အိတ်တွေထဲထည့်ပြီးစွန့်ပစ်ထားတဲ့ လူမိုက်တွေအလောင်းကိုအစုလိုက်အပြုံလိုက်တွေ တွေ့ရလို့ပါပဲ သတင်းစာတွေထဲမှာပါပါလာရတဲ့ဒီသတင်းကို အများစုကတော့လူမိုက်ဂိုဏ်းအချင်းချင်းရန်ဖြစ်လို့လုပ်တယ်ထင်ကြတာပေါ့သူတို့ထင်နေကြသလို ဒီကိစ္စကရိုးရှင်းပါ့မလား… ဘာရွန်.. လောကမှာအကြောက်တရားဆိုတာကိုမသိတဲ့လူ ဈေးထဲမှာအနိုင်ကျင့်အကုန်ကြောက်ရပါတယ်ဆိုတဲ့လူမိုက်တွေတောင် တစ်ယောက်တည်းအနိုင်ယူလာတဲ့လူဒါပေမဲ့လူပေါင်းမှားတော့ လူမိုက်ဖြစ်လာပြီး ထောင်ကျတဲ့အထိဖြစ်လာခဲ့တယ် ထောင်ကလွတ်လာပြီး ကောင်မလေးရဲ့လမ်းပြမှုနဲ့ အတတ်နိုင်ဆုံးလမ်းမှန်လျှောက်ခဲ့ပေမဲ့ဘော်ဒါတွေပါထောင်ကလွတ်လာပြီးတဲ့နောက်တော့ ပြဿနာတွေထဲ ပါခဲ့ရပြန်တယ်ဘော်ဒါတွေကောင်းမှုနဲ့ နာမည်ကြီးလူသတ်မှုထဲ သူတို့ဘယ်လိုပတ်သက်သွားမလဲအသက်ကိုရင်းရတဲ့ကစားပွဲထဲ ဘယ်သူတွေသေပြီး ဘယ်သူတွေရှင်ကျန်ရစ်မယ်ဆိုတာကိုတော့… ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ ToMo တို့ပဲဖြစ်ပါတယ်...
Watchmen: Chapter II (2024) ⭐IMDB: 7.0/10 (2 k Votes) 🎬 #Action #Animation #Drama #SciFi #Mystery #ScienceFiction 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 29 မိနစ် 46 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Watchmen Chapter II animated movie လေးကတော့ Chapter 1 ရဲ့အဆက်ဖြစ်ပါတယ် Chapter 1 မှာ Comedian အသတ်ခံရလို လိုက်စုံစမ်းနေတဲ့ Rorschach တစ်ယောက် ချောက်ချခံရပြီး ထောင်ကျနေတာကနေ စပါတယ်။ ဒီလို လုပ်ကြံမှုတွေရဲ့ နောက်ကွယ်မှာ ဘယ်လိုအကြောင်းအရာတွေ ရှိနေတာလဲ. တစ်ချိန်တည်းမှာပဲ ကမ္ဘာကြီးရဲ့ အရှေ့အနောက်အားပြိုင်မှု တွေကနေ တတိယကမ္ဘာစစ် ပေါ်လာခါနီးပြဿနာတွေကရော ဘယ်လိုဆက်စပ်နေမလဲ အဆုံးသတ်မှာ ဘယ်လိုတွေ ဖြစ်ကြမလဲ ဆိုတာကို ပညာသားပါပါ ရိုက်ပြထားတဲ့ အမိုက်စား animation movie တစ်ကားပဲ ဖြစ်လို Chapter 1 မကြည့်ရသေးရင် ၂ ခုလုံးကြည့်ဖို Chapter 1 ကြည်ပြီးသူတွေလည်း ဒါကို ဆက်ကြည့်ဖို တိုက်တွန်းလိုက်ပါတယ်...
Vermiglio (2024) ⭐IMDB: 7.0/10 (2 k Votes) 🎬 #Drama #History 🗓 2024 🎞 movie 🌎 #Italy #France #Belgium ⏰ 1 နာရီ 59 မိနစ် 50 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Vermiglio 2024 “စစ်ပွဲဆိုတာ တိုက်ရိုက်ပတ်သက်နေတာမဟုတ်ရင်တောင်အနည်းနဲ့အများတော့ သက်ရောက်မှုရှိတာပါပဲ။ ဒါပေမဲ့ စစ်ကြီးတစ်ခုဖြစ်လာပြီးဆိုရင် ဒီအပြစ်ကဘယ်သူ့ကြောင့်မှမဟုတ်သလို ဘယ်သူမှလည်းသေနတ်ဆွဲတိုက်ခိုက်ရတာ ပျော်ရွှင်နေတာ မဟုတ်ဘူး” အခုတင်ဆက်ပေးချင်တာကတော့ ဒုတိယကမ္ဘာစစ်ပြီးခါနီးကာလတစ်ခုဗာမီလီယိုဆိုတဲ့ တောင်ပေါ်ရွာလေးတစ်ခုကိုအခြေတည်ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးပါ။ ဒုတိယကမ္ဘာစစ်တွင်းကာလဆိုတော့ သန်မြန်တဲ့ယောက်ျားတွေကစစ်ထွက် မိန်းမတွေ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေပဲ နောက်မှာကျန်ခဲ့ပြီးဘဝကို ရှေ့ဆက်ရုန်းကန်ရတာပေါ့။ စစ်ပွဲက အဝေးတစ်နေရာမြို့ထဲမှာ ဖြစ်ပျက်နေတာဆိုပေမဲ့ စစ်ပွဲရိုက်ခတ်မှုဒဏ်ကိုတော့ဒီရွာလေးလည်း အလူးအလဲခံရတာပဲပေါ့။ စားဝတ်နေရေးတောင် ရုန်းကန်နေရတာဖြစ်လို့ ပညာရေးဆိုတာရုန်းကန်နေရချိန်မှာ ရွာကျောင်းဆရာရဲ့ပညာသင်ရမယ်ဆိုတဲ့အတွေးနဲ့ရွာသားတွေကြားက ပညာသင်နေတာထက် စစ်ထဲဝင်တိုက်ဖို့ကိုသာအားသာနေတဲ့ကြား အတွေးအမြင်တွေလည်း ကွဲလွဲလို့ပေါ့။ ဒီလို စစ်တွင်းကာလ ဝေးလံခေါင်ဖျားရွာငယ်လေးရဲ့ တိတ်ဆိတ်နေတဲ့နေ့စဉ်ဘဝထဲကို စစ်ပြေးတပ်သားတစ်ယောက် ရောက်လာချိန်မှာတော့… (အညွှန်းနဲ့ဘာသာပြန်ကတော့ Alex ~ ToMo ~ Yunniတို့ပဲဖြစ်ပါတယ်)...
Trivia at St. Nick's (2024) ⭐IMDB: 5.9/10 (837 Votes) 🎬 #Comedy #Romance #TVMovie 🗓 2024 🎞 tv movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 24 မိနစ် 50 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Trivia at St. Nick’s (2024) IMDb Rating (6.0) စလက်စ့်ဆိုတဲ့ အမျိုးသမီးတစ်ယောက်ဟာ ဗားမို့မြို့ ဟမ်စတက်တက္ကသိုလ်ရဲ့ နက္ခတ်ဗေဒပါမောက္ခတစ်ယောက်ပါ။ သူ(မ)က ကျောင်းကိုအရမ်းချစ်ပေမဲ့ ဘောလုံးကို သူတို့ဌာနထက် ပိုပြီး အားပေးအားမြှောက်ပြုတဲ့အတွက် ဘောလုံးနဲ့ပတ်သက်တဲ့သူတွေကိုရော ကျောင်းကိုပါ နည်းနည်းတော့ စိတ်ပျက်နေခဲ့မိတယ်။ ခရစ်စမတ်ကျောင်းပိတ်ရက်မှာတော့ သူ့(မ)က နှစ်စဥ်ကျင်းပတဲ့ အမေးအဖြေ ပြိုင်ပွဲကို ဂျီရိုပါဒီဉာဏ်စမ်းနှစ်ကြိမ်ဆက်ချံပီယံဖြစ်တဲ့ရစ်ချက်ဆိုတဲ့လူ ရဲ့ အကူအညီနဲ့ ဒီနှစ်မှာ ချံပီယံဖြစ်ဖို့မျှော်လင့်နေခဲ့တယ်။ ဒါပေမဲ့လည်း ရစ်ချက်က ကိစ္စတစ်ခုနဲ့ အာရှကို သွားရဖို့ ဖြစ်လာတဲ့အခါမှာတော့ သူတို့အသင်းအတွက်လိုအပ်နေတဲ့ လူကို ဘယ်သူက ဖြည့်ပေးသွားမလဲ။ အဲဒီလူက ဝင်လာတဲ့လူကရော စလက်စ့်က လက်ခံနိုင်တဲ့သူရောဖြစ်ပါမလား။ အဲဒီလူကရော စလက်စ့်နဲ့ ဘယ်လို ဆက်ဆံရေးတွေအထိ ရှိသွားမလဲဆိုတာကို စိတ်ဝင်စားစရာ ကြည့်ရှုရမှာဖြစ်ပါတယ်။ ခရစ်စမတ်ကာလမှာ ခရစ်စမတ်လေးအငွေ့အသက်လေးရော ဟာသလေးပါရောပြီး ရိုမန်တစ်ဆန်ဆန်လေးပါကြည့်ချင်တယ်ဆိုရင်တော့ ဒီကားလေးက ကြည့်သင့်တဲ့အထဲမှာပါပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Lin Thurein ဖြစ်ပါတယ်။)...
The Lookout (2007) ⭐TMDB: 67% User Score 🎬 #Crime #Drama #Thriller 🗓 2007 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 39 မိနစ် 59 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Lookout(2007)အညွှန်း *********************** IMDb….7.0 Rotten tomatoes….87% Chrisဟာ ယာဉ်တိုက်မှုတစ်ခုကြောင့် ဆယ်ရက်လောက် ကိုမာဝင်ခဲ့ပြီး အတိတ်မေ့ရောဂါရခဲ့ပါတယ်…. ဒီယာဉ်တိုက်မှုရဲ့အဓိက တရားခံဟာ သူကိုယ်တိုင်ဖြစ်ပြီး ကားပေါ်ပါတဲ့သူငယ်ချင်းတွေဆုံးပါးခဲ့တဲ့အတွက် ယူကြုံးမရဖြစ်ပြီး သူ့အမှားဆိုတဲ့ စိတ်ကြီးနဲ့ပဲ အပြစ်တင်ရင်းနေလာခဲ့တယ်…. သူရဲ့တစ်နေ့တာလုပ်ငန်းစဉ်ကိုတောင် မမှတ်မိနိုင်တဲ့ Chrisအတွက် ဘဝမှာ အဆင်မပြေမှုတွေ များခဲ့တယ်…ဘဏ်တစ်ခုမှာသန့်ရှင်းရေးလုပ်ရင်း တစ်နေ့တာကို ခက်ခဲလေလွင့်စွာဖြတ်သန်းနေရတယ်…တစ်နေ့တော့ အကြီးစားဘဏ်ဖောက်မှုကျူးလွန်တဲ့သူတွေဟာ အမာခံတစ်ယောက်ရအောင် သူ့ကိုချဉ်းကပ်လာပြီး ဘဏ်ဖောက်ဖို့ စည်းရုံးသိမ်းသွင်းလာတဲ့အခါမှာတော့…. ဘဏ်ဓားပြကားတွေကြိုက်တဲ့သူတွေအဖို့ လက်မလွှတ်သင့်ပါကြောင်း… ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Khine Khine Wai ပဲဖြစ်ပါတယ်...
Watchmen: Chapter I (2024) ⭐IMDB: 7.0/10 (5 k Votes) 🎬 #Animation #Drama #ScienceFiction #Action #Mystery #SciFi 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 24 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 **”Watchmen: Chapter I” (2024)** ဟာ Alan Moore နဲ့ Dave Gibbons တို့ရဲ့ အထင်ကရ ဂရပ်ဖစ်ဝတ္ထုကို ကာတွန်းနဲ့ လိုက်လျောညီထွေဖြစ်အောင် ဖန်တီးထားခြင်း ဖြစ်ပါတယ်။ အချိန်ကာလ တလှည့်စီဖြစ်ပျက်နေတဲ့ ၁၉၈၅ ခုနှစ်မှာ လူမှု အသိုင်းအဝိုင်းက သဘောထားမတိုက်ဆိုင်မှုတွေကြောင့် စူပါဟီးရိုးတွေကို တရားမ၀င်သောကမ္ဘာတခုမှာ ဖြန့်ကြက်ထား တာပါ။ ဇာတ်လမ်းရဲ့အဖွင့်မှာတော့ လူရွှင်တော် “The Comedian” လို့ လူသိများတဲ့ အစိုးရကထောက်ပံ့ထားတဲ့ စူပါဟီးရိုးတစ်ဦး သတ်ဖြတ်ခံရမှုနဲ့အတူ စတင်ထားပါတယ်။ Rorschach က ဒီအမှုကိုလိုက်တဲ့အခါမှာ အမှုက ပိုမိုနက်ရှိုင်း လာတာနဲ့အမျှ Nite Owl၊ Silk Spectre၊ Dr. Manhattan နဲ Ozymandias အပါအဝင် သူ့ရဲ့လုပ်ဖော်ကိုင်ဖက်ဟောင်းတွေ ပါ၀င်တဲ့ ရှုပ်ထွေးတဲ့ ပူးပေါင်းကြံစည်မှုတခုကို ဖော်ထုတ်တွေ့ရှိ ခဲ့ပါတယ်။ ဒီစုံစမ်းစစ်ဆေးမှုဟာ သူတို့ရဲ့အသက်ကို ခြိမ်းခြောက်နိုင်ရုံတင်မက သမိုင်းလမ်းကြောင်းကို ပြောင်းလဲစေမည့် အလားအလာရှိပြီစ ကမ္ဘာကြီးတခုလုံးကို ပြာပုံအတိဖြစ်စေမယ့် အကြောင်းအရာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကပဲ ဒီဇာတ်ကားရဲ့အနှစ်သာရကို ဆက်လက်ကြည့်ရှု ခံစားကြည့်ကြပါဦး။ ( အညွှန်းနဲ့ ဘာသာပြန်ကတော့ PHONIX ဖြစ်ပါတယ်...
