cookie

Мы используем файлы cookie для улучшения сервиса. Нажав кнопку «Принять все», вы соглашаетесь с использованием cookies.

avatar

Book Paradise Myanmar 📚📚

စာဖတ်ဝါသနာရှင်များ အတွက် စာအုပ်များ မျှဝေရာ 📚📚 https://www.bookparadisemm.com

Больше
Мьянма1 605Бирманский1 520Книги305
Рекламные посты
48 128
Подписчики
+5424 часа
+3477 дней
+1 03130 дней

Загрузка данных...

Прирост подписчиков

Загрузка данных...

Фото недоступноПоказать в Telegram
ဆရာကြီး ရွှေဉဒေါင်း စာအုပ်များ https://drive.google.com/drive/u/0/folders/1UHVwgBlhKjReDLe3cwRLlKpegomNSBaJ
Показать все...
19🥰 1
❝ သားပြန်လာပြီ အမေ ❞ သားက အိမ်ကို ကောင်းကောင်းပြန်လာတာပါအမေ သားပြန်လာတဲ့ လမ်းမှာ အနှောက်အယှက် အခက်အခဲတွေက အများကြီးပဲ အမေရဲ့ သစ်ပင်ကြီးတွေကလည်း ကောင်းကောင်း မပေါက်ကြဘူး စောင်းစောင်းကြီးတွေ ပေါက်လို့ လယ်ကွင်းကြီးတွေကလည်း လွမ်းဆွတ်စရာတွေ ခူးလို့ ဆွတ်လို့ မကုန်အောင် သီးပွင့်နေသလိုပါပဲ အမေရယ် လေတွေကလည်း သားပြန်လာမှာ သိလို့ ထင်ပါရဲ့ ခါတိုင်းထက် ပိုပြီး ရူးရူးနှမ်းနှမ်း တိုက်ကြလို့ သားအတွက် ခလုတ်တိုက်စရာ ခဲလုံးတွေကိုလည်း တမင် ချထားကြသေးတယ် အမေ ကောင်းကင်ကြီးကလည်း ဒီနေ့ကျမှ ပိုပြီး အုံ့အုံ့ဆိုင်းဆိုင်း ညို့မှိုင်းလို့ လမ်းမှာ ဖွင့်နေတဲ့ သီချင်းကတောင် "သေအောင်သာ ရွာပါမိုး"တဲ့ အဲဒါ သားကို တမင် စောင်းဆိုနေတာပေါ့အမေရဲ့ မြည်းတစ်ကောင်နဲ့ သားအဖနှစ်ယောက်ကို အပြစ်ပြောဖို့ စောင့်နေတဲ့ ပတ်ဝန်းကျင်ကလည်း ရှိပါသေး ဒါပေမယ့် ဒီနေရာမှာတော့ သားကပဲ သား သားကပဲ အဖေ သားကပဲ မြည်း ပိုပြီး ပြောလို့ ကောင်းကြပြီပေါ့ အမေ သားထွက်သွားတုန်းက ၁၉၇၀ ( အမေ့အသက် ၄၇ ဒီနေ့ သားအသက် ၅၄ နှစ်ထက် ၇ နှစ် ငယ်သေးတယ် ) အဲဒီတုန်းက သားက ဆံပင်ရှည်နဲ့ ဂျင်းဘောင်းဘီနဲ့ "ဂျွန်လ၏ မိုးရေများ"အသစ်စက်စက်နဲ့ ပိုက်ဆံတော့ မပါဘူးအမေ သား ဘူတာရုံမှာ အိပ်တယ် လမ်းပေါ်မှာ စာအုပ်ရောင်းတယ် အမေ့အိမ်မှာ တစ်နေ့ လက်ဖက်ရည် ၃ ခွက် စိတ်အေးလက်အေး သောက်နိုင်ခဲ့တဲ့ သားဟာ သူများတိုက်မှပဲ လက်ဖက်ရည်တစ်ခွက်ကို အနိုင်နိုင် သောက်နိုင်တော့တယ် အမေ အဲဒါ နွေဆယ်ခု မိုးဆယ်ခု ဆောင်းဆယ်ခု ရာသီဥတုတွေ အများကြီး အကြာကြီးပါ အမေ အဖြစ်အပျက်တွေကလည်း အများကြီးပါပဲ အမေ တစ်ဘဝတည်းနဲ့ ဘဝပေါင်း ငါးရာ့ငါးဆယ် တစ်ခါတည်း တင်ဆက်ရတာလားလို့ သားအသံထွက်ခဲ့ဖူးပါတယ် ဒါပေမယ့် အားလုံးချုပ်လိုက်တော့ မြတ်စွာဘုရားရဲ့ အနိစ်စ၊ ဒုက်ခ၊ အနတ်တ သုံးမျိုးထဲမှာပါပဲ အမေ။ ကဲ အခု သားပြန်လာတော့ ၂၀၀၂ (အမေ မရှိတော့ဘူး အမေရှိရင် အသက် ၈၀) သားနဖူးပေါ်က ဆံပင်တွေ ဘယ်သူယူသွားကြပြီလဲ (မတတ်နိုင်ဘူး အမေ) ဗိုက်ပူတာကိုတော့ ကိုယ်တိုင် မကြိုက်လို့ ၁၉၈၀ လောက်ကတည်းက ဆင်ဆင်ခြင်ခြင်နေမိလို့ သိပ်တော့ မဆိုးပါဘူး သား အခုထိ ကြိုက်လို့မရဘဲ သုံးလို့ကောင်းတဲ့ ပိုက်ဆံတွေကိုလည်း သား တော်တော် ရှာတတ်လာပါပြီ အမေ အမေ့မြို့ကလေးမှာတော့ ဦးလေးကိုလှမောင် ဆံပင်ညှပ်ဆိုင် မရှိတော့ဘူး အမေ ငယ်သူငယ်ချင်း ရဲမြင့်ကြီးက ဘူတာမှာ စံပယ်ပန်းတွေ ရောင်းလို့။ ကမ္ဘာကြီးကလည်း နည်းပညာအသစ်အဆန်းတွေနဲ့ ပိုကြီးလို့၊ ပိုထွားလို့ မိုးထိတိုက်ကြီးတွေ မိုးပျံလမ်းမကြီးတွေ ပိုကြီး ပိုထွားသွားတော့ လူသားဘဝကလည်း ပိုပြီး သေးငယ် သေးသိမ်သွားရပြီပေါ့ သားက အဲဒါကို မခံနိုင်တာပါ အမေ ကမ္ဘာကြီးကို ချိတ်ဆက်ထားတဲ့ ကွန်ရက်လမ်းမကြီးတွေ ပိုရှည် လူသားဘဝတွေကို တန်ဖိုးကျစေတဲ့ စတော့ရှယ်ယာ ဈေးနှုန်းတွေ ပိုရှည် ကမ္ဘာကြီးကို လူသားဘဝတွေကို နေ့စဉ်ခြောက်လှန့်နေတဲ့ စစ်အေး၊ စစ်ပွဲကြီးတွေ ပိုရှည် သား မျှော်လင့်မှုတွေ ဟိုးတုန်းကထက် ပိုရှည် သား ဆံပင်တွေတော့ တိုသွားခဲ့ပြီ အမေ သားက နိုင်ငံရေးသမား မဟုတ်ပါဘူး အမေ သားလည်း ပျော်ချင်သလို သူများတွေလည်း ပျော်ချင်မှာပဲလို့ ကိုယ်ချင်းစာစိတ်လောက်ပဲ ထားနိုင်သူပါ အမေ။ သား အရက်တွေကို ကြိုက်ချင်လာတယ် အမေ ဒါပေမယ့် သားမကြိုက်ရဲဘူး အမေ ဆက်ပြီး ဝန်ခံရဦးမှာပါပဲ သူယောင်မယ်လေးတွေကို ကြိုက်ချင်စိတ်တွေကလည်း သားတစ်ကိုယ်လုံး ချစ်ချစ်တောက်နေတာပါ အမေ ဒါပေမယ့် ဒါလည်း သားမရွေးရဲပါဘူး အမေ ကျွန်တော်နေတဲ့ ကမ္ဘာကြီးကို ချစ်တယ် ကျွန်တော်နဲ့ တူတဲ့ လူသားတွေကို ချစ်တယ် ဒါကြောင့် ဝင်ပြီး မျှယူကူထမ်းဖို့ဆိုတာ ပြောတော့လွယ်တယ် တော်တော်ခက်တာပဲ အမေ အံမယ် ဒါပေမယ့် မဟုတ်တာတွေ လုပ်ချင်ရင် ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးချင်ရင်တော့ မခက်ဘူး လွယ်လိုက်တာ အမေရေ ... ဒါပေမယ့် လောလောဆယ်တော့ အခက်အခဲတွေကိုပဲ သား ရွေးချယ်ထားဆဲပါ အမေ (တစ်ခါတလေတော့ မကောင်းမှု နည်းနည်းလေးတွေကို လူမသိ သူမသိ သား လုပ်တတ်ပါသေးတယ် သားမကြိုက်တာက ဒါကို သားကိုယ်တိုင် သိနေတာကိုပါ)။ ထွက်သွားတာက နှစ် ၃၀ ကျော် ကြာသွားပြီ အဖြစ်အပျက်တွေက ၃ ဘီလျံ မကတော့ဘူး သားအတွက် အမေဂုဏ်ယူစရာကတော့ ၃ ခုလောက်ပဲ ရှိပါတယ် အမေ ၁။ ဂျွန်လ၏ မိုးရေများ။ ၂။ အရှုံးချည်းပဲ ဖြစ်ရမယ့် နှစ် ၃၀ မှာ ပိုက်ဆံနဲ့ လဲခဲ့ရတဲ့ ဘဝထဲက ငွေကြေးတန်ဖိုး မဖြတ်နိုင်တဲ့ သားရဲ့ သီချင်းစာသားတချို့နဲ့ ရုပ်ရှင်၊ ချစ်သူ၊ ပင်လယ် နောက်ထပ် ကဗျာတိုနံ့နံ့လေးတချို့။ ၃။ နှစ် ၃၀ ရဲ့ အလွမ်းတွေ၊ အချစ်တွေ အားလုံးပါအောင် တင်ဆက်နိုင်လိုက်တဲ့ သားရဲ့ "ပင်လယ်စီးခြင်း" ပန်းချီကား ၂၀။ ကိုယ့်ရွေးချယ်မှုနဲ့ ကိုယ် ဘဝဟာ သေဆုံးရလောက်အောင် ပျက်စီးရချိန်မှာ အချစ်စိတ်နဲ့ အသက်ရှင်ရခြင်း တန်ဖိုးနည်းနည်းလေးကိုပဲ သား ဂုဏ်ယူမိတာပါ အမေ အရေအတွက် နည်းလို့တော့ တော်တော် ရှက်စရာကောင်းတဲ့သားပါ အမေ။ ဒါပေမယ့် သားကို ဂုဏ်ယူပါ အမေ သားကို ဂုဏ်မယူပါနဲ့ (အဆိုးများအတွက်) ကမ္ဘာကြီးကို ဂုဏ်ယူပါ အမေ ဂုဏ်မယူပါနဲ့ (သားအတိုင်းပါပဲ)။ အမေ့မြို့လေးထဲက ဆံပင်ရှည် ဂျင်းဘောင်းဘီနဲ့ ထောင့်မကျိုးတဲ့ လူငယ်လေးတစ်ယောက် ထွက်လာတယ်။
Показать все...
25👍 11🤩 2🤔 1😢 1
အမေ့မြို့လေးထဲကို ဆံပင်တို ကျိုးတိကျဲတဲ ပုဆိုး ဖိုသီဖတ်သီနဲ့ ကျန်ရှိနေသေးတဲ့ အသက် ၈၈ နှစ် အဖေ့ကို ကန်တော့စရာ ပစ္စည်းပစ္စယတွေနဲ့ ဒီလောက်အဆော်အတီးခံထားရတာတောင် ထောင့်မကျိုးသေးတဲ့ ငနဲကြီးတစ်ကောင် ပြန်ဝင်လာတယ်။ အမေဆူမှာ မဟုတ်ဘူးဆိုတာ သားသိပါတယ် သား ကဗျာကို ချစ်လျက်ပါ အမေ သား ထွက်သွားတုန်းကလည်း ဒီအတိုင်း သားပြန်လာတော့လည်း ဒီအတိုင်း (ကမ္ဘာကြီးလှနေနိုင်သေးတာ ကဗျာကြောင့်လို့ ယုံကြည်လို့ပါ အမေ) ဒါကိုတော့ သားကိုယ်တိုင် ဂုဏ်ယူပါတယ် အမေ။ အမေရေ ... အကောင်းတွေရော အဆိုးတွေရော ကမ္ဘာကြီးက ပိုပြီး ပြောင်လက် တိုးတက်လာတာ အမှန်ပါပဲ အမေ့ကို ကျွေးချင်တဲ့ မုန့်အဆန်းအပြားတွေလည်း အများကြီး ပေါ်ထွက်လာလျက်ပါပဲ အမေ ဒါပေမယ့် ကြက်မကြီးက ကြက်ဥတွေကိုပဲ ဥလျက်ပါပဲ နွားမကြီးကလည်း နွားကလေးတွေကိုပဲ မွေးလျက်ပါပဲ မကောင်းတာတွေ့ရင် ကောင်းအောင်လုပ်ရမယ့် အခြေခံတရားကတော့ အမေရှိစဉ်ကအတိုင်း မပြောင်းလဲဘူးဆိုတာ ပြောချင်တာပါ အမေ အမေ့ကို တိုင်တည်ပြီး သားရေးချင်တာတွေ လျှောက်ရေးထားတဲ့ ဒီကဗျာဟာ အမေ့ကို မတိုင်တည်လို့ မဖြစ်ပါဘူး အမေ ဒါကတော့ သားရဲ့ ခွန်အားတွေဟာ အမေ့နောက်ကို လိုက်လာဖို့မှာသာ အတွန့်အဆုတ်မရှိ အားကောင်းမောင်းသန် စိတ်ညွှတ်နေခဲ့လို့ပါပဲ။ ။ -သုခမိန်လှိုင်
Показать все...
78👍 12🥰 1🎉 1
Фото недоступноПоказать в Telegram
The Complete Photoshop CC Course Beginner To Advanced Welcome to “The Complete Photoshop CC Course: Beginner To Advanced,” your all-inclusive guide to becoming a proficient and versatile user of Adobe Photoshop CC. Whether you’re stepping into the world of digital design, photography, or simply looking to enhance your Photoshop skills, this course is designed to take you from a novice to an advanced user, unlocking the full potential of this powerful graphic editing software. Free Enroll - https://tinyurl.com/369z7e7f
Показать все...
9👍 3
Фото недоступноПоказать в Telegram
ကိုယ်ပိုင်အလင်းရောင်နဲ့ တောက်ပနေတဲ့ ပိုးစုန်းကြူးတစ်ကောင်ကို မြွေက ဖမ်းဖို့ ကြိုးစားလိုက်တယ်။ ပိုးစုန်းကြူးက ပျံသန်းတာရပ်လိုက်ပြီး မြွေကို မေးလိုက်တယ်။ "မင်းကို မေးခွန်းသုံးခုမေးလို့ရမလား" မြွေက မေး"လို့ ဖြေတယ်။ "ငါက မင်းရဲ့ အစားအသောက်ကွင်းဆက်မှာ ပါလား။ "မပါဘူး" ငါ မင်းကို တစ္ခုခုလုပ္မိခဲ့လို့လား။ "ဟင့်အင်း" "ဒါဆို မင်းငါ့ကို ဘာလို့ ပေါက်ချင်(မျိုချင်)ရတာလဲ။" မြွေက ဖြေတယ်။ "မင်းဆီက ထွက်တဲ့ အလင်းရောင်(တောက်ပနေတာ)ကို ငါ ကြည့်မရလို့ " အဲဒီလိုပဲလူအချို့က သူ့တို့အပေါ် သင်ဘာမှ လုပ်မထားဘဲနဲ့ သင့်ဘဝတောက်ပနေတာကိုမြင်ပြီး မခံမရပ်နိုင်ဖြစ်နေတတ်ပါတယ်။ သူတို့က မြွေတွေလို တိတ်တိတ်ဆိတ်ဆိတ်နဲ့ သင့်ကို ဖ်က်ဆီးဖို့ အသင့်ပြင်နေတတ်ကြပါတယ်။ ဒါဟာ ခါးသီးတဲ့အမှန်တရားတခုပါပဲ။
Показать все...
👍 87 54👏 5🥰 2
"ကိုယ့်ကိုယ်ကိုယ် မြင်ထားတဲ့အမြင် ကောင်းလာအောင် ဘယ်လိုလုပ်မလဲ" 🔳 နည်းလမ်းတချို့ မျှဝေရရင်တော့ - 📌 ၁။ ကိုယ်ဘယ်လိုလူမျိုး ဖြစ်ချင်လဲဆိုတာ အရင်ဆုံး စိတ်ကူးပုံဖော်ကြည့်ပါ။ ဥပမာ ခုလို စိတ်ကူးပေါက်တိုင်း စားချင်ရာတွေ လျှောက်စားနေတဲ့လူ မဟုတ်တော့ဘဲ သွယ်လျကျစ်လစ်ပြီး ကျန်းမာနေတဲ့လူပုံစံမျိုးလား။ 📌 ၂။ ကိုယ့်ကိုယ်ကိုယ် ကောင်းတဲ့စကားတွေ ပြောပါ။ Positive self-talk လို့ ခေါ်ပါတယ်။ ငယ်ငယ်ကတည်းက အပြစ်တင်စကား၊ အထင်သေးစကားတွေပဲ ကြားနေခဲ့ရသူတွေဟာ Negative self-talk တွေ သိပ်များတတ်ပါတယ်။ အဲဒါကို Counter ပြန်လုပ်ဖို့ပါ။ 📌 ၃။ Toxic ဖြစ်တဲ့သူတွေကို ရှောင်ပါ။ ဥပမာ ကိုယ်က အိမ်ထောင်ကွဲထားတယ်။ အဲဒါကြောင့်ဖြစ်တဲ့ သိမ်ငယ်စိတ်ကို ကြိုးစားဖြေဖျောက်နေတယ်။ ဒါပေမဲ့ အမေဖြစ်သူက နင်က တစ်ခုလပ်နော်၊ အနေအထိုင် အသွားအလာဆင်ခြင်၊ လူပြောစရာဖြစ်မယ် ဆိုတာမျိုး တစ်ချိန်လုံး ပြောနေတယ်ဆို အိမ်ခွဲနေဖို့သာ ကြိုးစားပေတော့ပေါ့။ 📌 ၄။ ခက်ခဲတဲ့ အရာတွေကို လုပ်ပါ။ အပေါ်မှာပြောခဲ့သလို၊ ကိုယ်တိုင် တကယ်ကျော်ဖြတ်ဖူးတော့မှ၊ ခက်ခဲတာ တစ်ခုခုကို အောင်မြင်အောင် လုပ်နိုင်ဖူးတော့မှ Self-identity က ကောင်းလာတာပါ။ ဒါကြောင့် Comfort zone ထဲကနေ ထွက်ပြီး တစ်ခုခု လုပ်ကြည့်ပါ။ ပြောမယ်ဆို ဘာသာရေးအရ အဓိဌာန်ဝင်တာတို့၊ Gym ကစားပြီး Six packs ထွက်အောင် လုပ်တာတို့၊ အစာရှောင်တာတို့၊ Crochet ထိုးနည်း၊ ပန်းချီဆွဲနည်း သင်တာတို့ဟာလည်း ဒီသဘောပါပဲ။ ခက်ခဲပြီး ရေရှည်တစိုက်မတ်မတ် လုပ်ရမှာကို ဖြစ်အောင် လုပ်တယ်။ အောင်မြင်တယ်။ ဒီအခါ ကျေနပ်တယ်။ ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းနိုင်စွမ်း မြင့်တဲ့သူအဖြစ် မြင်လာတယ်။ နောက်ထပ် နောက်ထပ် အခက်အခဲတွေကို ကျော်ဖြတ်ဖို့အတွက်လည်း ယုံကြည်မှု ရှိလာတယ်။ ◾Self-identity is dynamic တဲ့။ ကိုယ့်ကိုယ်ကိုယ် မြင်ထားတဲ့ ပုံရိပ်ဟာ တရားသေ မဟုတ်ပါဘူး။ ဘယ်တော့မဆို ပြောင်းလဲလို့ ရပါတယ်။ ငယ်ငယ်က တွေ့ကြုံခဲ့ရတာတွေကတော့ ပြင်မရတော့ပေမဲ့ ခုလက်ရှိက ကိုယ့်လက်ထဲမှာပဲ ရှိတာပါ။ ဒါကြောင့် Henry Ford ရဲ့ စကားတစ်ခွန်းနဲ့ ဒီဆောင်းပါးကို အဆုံးသတ်ချင်ပါတယ်။ “Whether you think you can or you can’t, you are right.” မင်းလုပ်နိုင်တယ်ပဲ ထင်ထင်၊ မလုပ်နိုင်ဘူးပဲ ထင်ထင်၊ မင်းမှန်ပါတယ်။ ဘာလို့ဆိုတော့ မင်းထင်တဲ့အတိုင်းပဲ ဖြစ်လာမှာမို့လို့ပါပဲ။ ဒေါက်တာ ဖြိုးသီဟ
Показать все...
93👍 14🥰 5👏 1🤩 1
Фото недоступноПоказать в Telegram
Фото недоступноПоказать в Telegram
Learn to Edit Video in 30 Days with Adobe Premiere Pro Adobe Premiere Pro is a huge piece of software, which can be a scary prospect to think about learning. Here I show you step by step how to use the software in 40 bitesize lectures (30 lecture for the creative parts, so if you did one lecture a day you can learn to edit in 1 month!) so you can learn to edit and learn at your own pace.
Показать все...
9
Фото недоступноПоказать в Telegram
Javascript Projects Course Build 20 Projects In 20 Days Welcome to our comprehensive web development course, where you’ll embark on an exciting journey to master the art of creating dynamic and interactive web applications using the powerful trio of HTML, CSS, and JavaScript. In this immersive learning experience, we don’t just scratch the surface of these fundamental web technologies; we will deep into their complications, ensuring you gain a profound understanding of how they work harmoniously to shape the digital landscape. Free Join - https://tinyurl.com/3tdb3stn
Показать все...
2
Фото недоступноПоказать в Telegram
Flutter REST Movie App: Master Flutter REST API Development In this course, we’ll use the best in Flutter to build a complete RESTful Application known as Flickd from zero to production-ready that you can release on the Google Play Store or iOS App Store. The application will display data regarding movies obtained from TheMovieDB website. Free Enroll - https://tinyurl.com/4wanhfj9
Показать все...
5👍 1