cookie

Мы используем файлы cookie для улучшения сервиса. Нажав кнопку «Принять все», вы соглашаетесь с использованием cookies.

avatar

Dagon Seikkan News

ဒဂုံဆိပ်ကမ်းသတင်းများ အဓိကတင်ပေးသည်။ (သတင်းပေးရန်-@Dagon_Seikkan_Scout)

Больше
Рекламные посты
1 422
Подписчики
-224 часа
-27 дней
-930 дней
Время активного постинга

Загрузка данных...

Find out who reads your channel

This graph will show you who besides your subscribers reads your channel and learn about other sources of traffic.
Views Sources
Анализ публикаций
ПостыПросмотры
Поделились
Динамика просмотров
01
🟧 ဒဂုံဆိပ်ကမ်း * စခ DC ၂စီး၊ ယုဇနဥယျဉ်မြို့တော်သွားတဲ့ဘက် နှင်းဆီအိမ်ယာရှေ့နားမှာ မီးတန်းဖွင့်ပြီးရပ်ထား * 9:10 PM 📬 @Inform_RSN
400Loading...
02
ရန်ကုန်မှတ်တမ်း (မေ ၂၉ - ၃၀၊ ၂၀၂၄) •••••••••••••••®••••••••••••••• မေလ ၂၉ ရက်နေ့ညက တောင်ဥက္ကလာမြို့နယ်တွင်း၌ ဗုံးပေါက်ကွဲမှု ၃ ကြိမ်ခန့် ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ ည ၆ နာရီ ၄၅ မိနစ်ခန့်တွင် တောင်ဥက္ကလာမြို့နယ်ရှိ စစ်ကောင်စီ၏ မြဝတီဘဏ်အနီးတွင် ဗုံးပေါက်ခဲ့ပြီး Yangon Army တပ်ဖွဲ့နှင့် ရန်ကုန် အနောက်ပိုင်းခရိုင် ပကဖတပ်ဖွဲ့တို့မှ အဆိုပါဘဏ်တွင် ကင်းစောင့်နေသည့် စစ်ကောင်စီတပ်သားများအား လက်ပစ်ဗုံးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။ ထို့နောက် ည ၁၁ နာရီခန့်၌လည်း ကျယ်လောင်သည့် ဗုံးပေါက်ကွဲသံများ ထပ်ကြားလိုက်ရပြီး Operation Flame (OF) မှ ည ၁၀ နာရီ ၅၀ မိနစ်ခန့်တွင် တောင်ဥက္ကလာ ၁၄ ရပ်ကွက်ရုံး၌ တစ်ကြိမ်နှင့် ည ၁၁ နာရီ ၃ မိနစ်ခန့်တွင် တောင်ဥက္ကလာ ၃ ရပ်ကွက်ရုံး၌ တစ်ကြိမ် ဗုံးဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။ မေလ ၃၀ ရက်နေ့ မနက် ၈ နာရီခန့်က မှော်ဘီမြို့နယ်၊ တက်ကြီးကုန်းကျေးရွာ၊ ပြည်လမ်းနှင့် ကျောင်းကြီးလမ်းထောင့်အနီးတွင် ဗုံး ၂ လုံးတွေ့လို့ဟုဆိုကာ အကြမ်းဖက်တပ်သားများ ရောက်လာပြီး ဖောက်ခွဲဖျက်ဆီးလိုက်ကြောင်း စစ်ကောင်စီ လော်ဘီမီဒီယာတွင် ဖော်ပြထားသည်။ မေလ ၃၀ ရက်နေ့ ည ၇ နာရီခန့်တွင် အင်းစိန်မြို့နယ်၊ ကြို့ကုန်းတဝိုက်၌ သေနတ်ပစ်ခတ်သံ ၆ ချက်ခန့်ကြားလိုက်ရကြောင်း သတင်းရရှိသည်။ ဘောလုံးကွင်းအနီးရှိ အနောက်ကြို့ကုန်းရပ်ကွက်ရုံး၌ ပစ်ခတ်မှုများဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ကနဦးသိထားရပြီး နောက်ဆက်တွဲဖြစ်စဉ်ကို စုံစမ်းနေဆဲဖြစ်သည်။ ဒလမြို့နယ်၊ အနီးချောင်းရွာ၌ စစ်မှုထမ်းအတွက် အမျိုးသမီးများပါ မဲနှိုက်ရမည်ဟု အုပ်ကြီးမှ ခြိမ်းခြောက်ပြောဆိုနေကာ မဲမနှိုက်လိုပါက တစ်ဦးလျှင် ကျပ် ၁၂၀,၀၀၀ ဆီ ပေးဖို့ တောင်းနေကြောင်း MPA မှ သိရှိရသည်။ ယခုရက်ပိုင်းအတွင်း ရန်ကုန်၌ လူအဖမ်းအဆီးများနေပြီး စစ်မှုထမ်း တတိယသုတ်အတွက် လူစုဆောင်းနေပုံရသည်။ အိမ်လိပ်စာအတိအကျဖြင့် လိုက်လံဖမ်းခေါ်နေသည်များလည်း ရှိသကဲ့သို့ လမ်းမပေါ် သွားလာနေသူများကို အကြောင်းမဲ့ ဖမ်းဆီးသွားသည့်ဖြစ်စဉ်များလည်း အများအပြားရှိနေသည်။ NLD ပါတီ နာယက ဦးတင်ဦး ကျန်းမာရေးအခြေအနေစိုးရိမ်နေရပြီး ရန်ကုန်ဆေးရုံကြီး အထူးကြပ်မတ်ဆောင်တွင် ဆေးကုသနေရကြောင်း သိရှိရသည်။ မေလ ၃၀ ရက်နေ့ညက ဦးတင်ဦး သေဆုံးသွားပြီဟူသည့် သတင်းများလည်း ထွက်ပေါ်ခဲ့သေးသည်။ #rangoonscoutnetwork
430Loading...
03
⚠️ အထူးသတိပြုရန် ⚠️ 📌 လက်ရှိအခြေအနေတွင် VPN နှင့်ချိတ်ဆက်၍ မရသောကြောင့် VPN ပေါင်းများစွာကို Download ဆွဲ၍ အသုံးပြုနေရသည့် အနေအထားဖြစ်နေပါတယ်။ ❌ ဒီချိန်မှာ လူတိုင်းက ဟိုဟာလေးရတယ် ဒီဟာလေးကောင်းတယ်ဆိုပြီး အချင်းချင်း ညွှန်းဆိုနေကြတာတွေလဲ အခြေအနေအရ ရှိနေတာမို့ အထူးသတိပေးလိုတာက တွေ့ကရာ VPN တိုင်းကို Download ဆွဲတာမျိုးနဲ့ လူတိုင်းလိုအပ်နေတာကို အသုံးချပြီး မသမာတဲ့လူတွေက VPN ဆိုပြီးချပေးတဲ့ Link တွေကို အလွယ်တကူ မနှိပ်ဖို့ လိုအပ်ပါတယ်။ ❌ ဒီအချိန်ကို အခွင်ကောင်းယူပြီး Phishing တွေ , အွန်လိုင်းလိမ်လည်မှု တွေကို လုပ်ဖို့ စောင့်နေကြမှာ အသေချာမို့ အထူး အထူး ❗️ သတိထားပြီးမှ Software တွေကို Down ပါ ။ link တွေကို Virustotal လို link စစ်လို့ရတဲ့နေရာမှာ စစ်ပေးပြီး စိတ်ချရမှ နှိပ်ဖို့ မှာချင်ပါတယ်။ 📣 နောက်ရက်တွေမှာ ဒီလိုအခြေအနေကို ဆက်လက်ကြုံတွေ့နေရဦးမယ်ဆိုရင် သုံးလို့အဆင်ပြေတဲ့ VPN တွေကို အမြဲမပြတ် ဆန်းစစ်ပြီး မျှဝေပေးပါဦးမယ်....
420Loading...
04
Part - 3 VPN - US နဲ့ UK, Canada ထားပြီး ကလစ်ပါခင်ဗျာ။ ⚠️ Location စစ်ရန် https://ip8.com/ ✅ Happy Circle မှာ ကြော်ငြာတစ်ခုလောက်ကလစ်ပါဗျ။ 1. https://happy-circle.xyz/?page_id=182 2. https://happy-circle.xyz/?page_id=186 3. https://happy-circle.xyz/?page_id=193 ✅ Eurotimes မှာ ကြော်ငြာတစ်ခုလောက်ကလစ်ပါခင်ဗျာ 1. https://eurotimes.club/index.php/investing-in-a-v…le-environment-1/ 2. https://eurotimes.club/index.php/how-committed-ar…eting-business-1/ 3. https://eurotimes.club/index.php/how-to-build-net…-facebook-live-1/
600Loading...
05
DAILY HIGHLIGHTS (30 May 2024) •••••••••••••••®••••••••••••••• 📰 စစ်ရေးထူးခြားသတင်းများ မတူပီ ခရိုင်ရုံးကို CDF-မတူပီ သိမ်းပိုက်၊ ဝိုင်းမော် ခလရ ၆၈ နှင့် မြို့မရဲစခန်းကို KIA တိုက်ခိုက် – DVB ဖားဆောင်းနှင့်ဖာပွန်ရှိ လက်ကျန်စစ်စခန်းများကို အပြီးသိမ်းရန် တော်လှန်ရေးအင်အားစုများ ကြိုးပမ်း – DVB ရှမ်းမြောက်နှင့်ကချင်အစပ် ရွှေလီချိုင့်ဝှမ်းဒေသ၌ KIAက တပ်မဟာအသစ်တစ်ခု တိုးချဲ့ဖွဲ့စည်း – PS တိုင်းစစ်ဌာနချုပ်နယ်မြေ ၈ ခုတွင် တာဝန်ထမ်းနေသည့် စစ်ကောင်စီတပ်ဖွဲ့အားလုံးကို ၂၄ နာရီ စစ်ဆင်ရေးအတွက် အမြဲ အသင့်ရှိရမည့် တန်းပြည့်စစ်မှုထမ်းများအဖြစ် မင်းအောင်လှိုင်က သတ်မှတ်ဟု အမိန့်ထုတ် – KT ဗိုလ်လောင်းများ ထွက်မပြေးအောင် ထိန်းကျောင်းအုပ်ချုပ်ရန် စစ်ခေါင်းဆောင်ပြော – DVB လွိုင်ကော်မြို့ကို စစ်ကောင်စီတပ်က ပြန်လည်ထိုးစစ်ဆင် – RFA ကလေးမြို့တွင် ပစ်ခတ်မှုဖြစ်ပြီး တော်လှန်ရေးတပ်ဘက်က ဒုတပ်ရင်းမှူး အသေဖမ်းဆီးခံရ – MZM 📰 နိုင်ငံရေးထူးခြားသတင်းများ ချင်းပြည်နယ်၊ ကန်ပက်လက်၊ မင်းတပ်၊ မတူပီနှင့် ပလက်၀မြို့နယ်တို့မှ ဒိုင်ရ်နယ်မြေများကို ပေါင်းစည်အုပ်ချုပ်ရန် ဒိုင်ရ်ဒေသန္တရကောင်စီ ဖွဲ့စည်း၊ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ (ဒိုင်ရ်)ကိုလည်း ဖွဲ့စည်းထူထောင်မည် – KT 📰 နိုင်ငံခြားရေးထူးခြားသတင်းများ ရုရှားက မြန်မာနဲ့ကာဂျစ္စတန်မှာ အသေးစား နျူကလီးယားဓာတ်အားပေးစက်ရုံတွေ တည်ဆောက်ဖို့ ဖြစ်နိုင်ချေလေ့လာမှုတွေ ပြုလုပ် – AT မလေးရှားရောက် မြန်မာတစ်ထောင်ကျော် ဖမ်းဆီးခံထားရ – RFA 📰 စီးပွားရေးထူးခြားသတင်းများ ခေတ်မမီတော့သည့် ကုန်ပစ္စည်း ဖလှယ်သည့် Barter စနစ် စစ်ကောင်စီ ပြန်ကျင့်သုံး – DVB စစ်ကောင်စီက နိုင်ငံခြားငွေ မသုံးလို၍ Barter စနစ်ကို အသုံးပြုလိုသော်လည်း ကုန်သွယ်ဖက်နိုင်ငံလက်ခံမှသာ ကုန်စည်ဖလှယ်စနစ်အသက်ဝင်နိုင်မည် – AT အာဆီယံတွင် လူတဦးချင်း ဝင်ငွေအနိမ့်ဆုံးနိုင်ငံအဖြစ် မြန်မာ ရပ်တည် – DVB တရုတ်-မြန်မာနယ်စပ်မှာ တရုတ်ယွမ်တစ်ရာကို မြန်မာကျပ်ငွေ ခြောက်သောင်းကျော်အထိမြင့်တက် – RFA အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၄၉၁၀ နှင့် ၅၀၁၀ အကြား ရောက်ရှိပြီး အခေါက်ရွှေတစ်ကျပ်သားလျှင် ၅၈ သိန်း ၈ သောင်းခွဲသို့ ရောက်ရှိ – KT အမေရိကန်တစ်ဒေါ်လာလျှင် ၄၆၅၀ ကျပ် စျေးတက် လာချိန် စစ်ကောင်စီဗဟိုဘဏ်က အွန်လိုင်းပေါ်မှ ငွေလဲလှယ်နှုန်းများကို မယုံကြည်ကြရန်နှင့် မကြည့်ကြရန် ကြေညာပြန် – KT စစ်ကောင်စီ၏ အဖမ်းအဆီးများကြောင့် ရွှေနှင့်ဒေါ်လာစျေး တပြိုင်နက်တည်း ကျဆင်းပြီး အခေါက်ရွှေစျေး ၅၇ သိန်းဝန်းကျင်နှင့် ဒေါ်လာစျေး ၄၅၅၀ ဝန်းကျင်အထိ စျေးပြန်ကျ – KT မြန်မာ့ရွှေဈေး ဆယ်ရက်အတွင်း ကျပ်ရှစ်သိန်း မြင့်တက် – RFA နိုင်ငံတော်၏ ဘတ်ဂျက်လိုငွေပြမှု အနည်းဆုံး ငွေကျပ်ဘီလီယံ ၁ သောင်းအထက်ရှိနေချိန် ဗဟိုဘဏ်က ငွေစက္ကူအသစ်များစွာ ထုတ်ပေး ထွက်ရှိ လည်ပတ်နေမှု ပုဂ္ဂလိကဘဏ်တချို့နှင့် စီးပွားရေးအသိုင်းအ၀ိုင်း အတည်ပြု – KT 📰 အခြားထူးခြားသတင်းများ ဦးတင်ဦး ကျန်းမာရေးအခြေအနေ စိုးရိမ်ရ – RFA မြန်မာပြည်တွင်းတွင် VPN များ ချိတ်ဆက်မရတော့ဘဲ လူမှုကွန်ရက် Facebook စာမျက်နှာနှင့် မက်ဆင်ဂျာများ သုံးစွဲမရ ဖြစ်နေ – KT SSPP တပ်ဖွဲ့ဝင်များကို TNLA က မူဆယ်ဘက်သို ပြန်လည်ပို့ဆောင်ခြင်းသည် နှစ်ဖက်ဆွေးနွေးမှုအရ ပို့ဆောင်ခြင်းဖြစ် – AT လမ်း၊တံတားကြေးများ တိုးမြှင့် ကောက်ခံရန် စစ်ကောင်စီ ညွှန်ကြား – PS လူငယ်ထိန်းသိမ်းရေး သင်တန်းကျောင်း သုံးခုရှိ နိုင်ကျဉ်းသူများ လိင်ပိုင်းဆိုင်ရာ ဖိနှိပ်ခံနေရ – MPA #rangoonscoutnetwork
630Loading...
06
⭕ဒဂုံဆိပ်ကမ်း (Delayed) စခ Faw ကားနှစ်စီး ပဲခူးမြစ်လမ်းအတိုင်း တောင်ဒဂုံဘက်သို့ ဦးတည်။ 8:10 AM @Dagon_Seikkan_Scout 👉သတင်းပေးရန်။
4244Loading...
07
အရင်ကထက် လူသုံးများလာတဲ့ VPN တွေ တခြား website တွေရဲ့ IP ကို ဘန်းလိုက်တယ်လို့သိရပါတယ်
1282Loading...
08
မြန်မာပြည်တွင်းတွင် VPN များ ချိတ်ဆက်မရတော့ဘဲ လူမှုကွန်ရက် Facebook စာမျက်နှာနှင့် မက်ဆင်ဂျာများ သုံးစွဲမရ ဖြစ်နေ ရန်ကုန်၊ မေ ၃၀ မြန်မာပြည်တွင်းတွင် VPN များ ချိတ်ဆက်မရတော့ဘဲ လူမှုကွန်ရက် Facebook စာမျက်နှာနှင့် မက်ဆင်ဂျာများ သုံးစွဲမရ ဖြစ်နေကြောင်း ရန်ကုန်မြို့နှင့် မန္တလေးမှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။ "ဒီမနက်က စပြီး VPN တွေချိတ်မရဘူး။ ပုံမှန်သုံးနေတဲ့ VPN ကို ချိတ်မရတာ။ Wifi ပေးတဲ့ ကုမ္ပဏီကို ဆက်တော့ အခြား VPN တစ်ခု သုံးခိုင်းတယ်။ ချိတ်လို့ရပေမယ့် Facebook ဖွင့်တာ ဘာမှ ကြည့်မရဘူး။ ဓာတ်ပုံရော စာသားရော မပေါ်တာ။ မက်ဆင်ဂျာကလည်း စာပဲ ရိုက်လို့ရတယ်။ ဖုန်းပြောမရဘူး" ဟု မရမ်းကုန်းမြို့နယ်မှ ပြည်သူတစ်ဦးက ပြောဆိုသည်။ ရန်ကုန်ခေတ်သစ်သတင်းဌာနက ရန်ကုန်အခြေစိုက် အင်တာနက်ဖိုက်ဘာလိုင်းဝန်ဆောင်မှုပေးသော ကုမ္ပဏီတစ်ခုကို ဆက်သွယ်မေးမြန်းရာ တရုတ်နိုင်ငံမှ ဆော့ဝဲများဖြင့် VPN များ အသုံးပြုမရစေရန် လုပ်ဆောင် ပိတ် ဆို့ထားသည်ဆိုသော သတင်းများသိရှိထားကြောင်း၊ ယခု ပြည်သူများ အကျွမ်းတဝင် အသုံးပြုနေသော VPN များ သုံးမရဖြစ်နေသည်ဆိုသော ဖုန်းဆက်မေးမြန်းမှုများ ယနေ့ နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတွင် အလွန်များပြားကြောင်း ပြောဆိုသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့်နီးစပ်သော သတင်းရင်းမြစ်တစ်ခုကမူ ယခုနှစ် ဖေဖော်ဝါရီလမှစတင်ပြီး တရုတ်နိုင်ငံမှ ကုမ္ပဏီတစ်ခုထံသို့ စစ်ကောင်စီက VPN များကို ပိတ်ပင်နိုင်သည့် Great Firewall တစ်ခု တည်ဆောက်ရန် တင်ဒါပေးလိုက်ကြောင်း၊ ယင်းတရုတ်ကုမ္ပဏီက နေပြည်တော်နှင့်ရန်ကုန်တွင် အခြေ စိုက်ပြီး Great Firewall များ တည်ဆောက်နေသည်ဆိုသော သတင်းများ ကြားသိထားကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ယခုနှစ် မတ်လ ၁၄ ရက်နေ့တွင် ပြောဆိုခဲ့သည်။ "တရုတ်လို Great Firewall တွေ လုပ်မယ်လို့ သတင်းတွေ ထွက်နေတာကြာပြီ။ အတိအကျတော့ ဘယ်တရုတ်ကုမ္ပဏီလဲဆိုတာ မသိရဘူး" ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့်နီးစပ်သော သတင်းရင်းမြစ်က ယခုနှစ် မတ်လ ၁၄ ရက်နေ့တွင် ပြောဆိုခဲ့သည်။ စစ်ကောင်စီက မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် ဖေ့ဘုတ်စ် Facebook လူမှုကွန်ရက်အသုံးပြုမှုများကို တရားဝင်ပိတ်ပင်လိုက်သဖြင့် ပြည်သူများမှာ VPN အသုံးပြု၍ Facebook လူမှုကွန်ရက်ကို သုံးစွဲနေကြရခြင်းဖြစ်သည်။ ဓာတ်ပုံ- ထိုင်းနိုင်ငံရောက် မြန်မာတစ်ဦးက ဖေ့ဘုတ်စ်သုံးစွဲနေစဉ်။
1101Loading...
09
Media files
880Loading...
10
Part - 3 ဆက်ဝုန်းကြမယ်ခင်ဗျာ။ မကြာပါဘူး။ VPN - US နဲ့ UK, Canada ထားပြီး ကလစ်ပါခင်ဗျာ။ ⚠️ Location စစ်ရန် https://ip8.com/ ✅ Happy Circle မှာ ကြော်ငြာတစ်ခုလောက်ကလစ်ပါဗျ။ 1. https://happy-circle.xyz/?page_id=100 2. https://happy-circle.xyz/?page_id=104 3. https://happy-circle.xyz/?page_id=108 ✅ Eurotimes မှာ ကြော်ငြာတစ်ခုလောက်ကလစ်ပါခင်ဗျာ 1. https://eurotimes.club/index.php/sports-affiliate-partner-program-1/ 2. https://eurotimes.club/index.php/comparing-traditional-and-digital-marketing-1/ 3. https://eurotimes.club/index.php/what-gives-you-more-business-online-mobile-app-or-website-1/
1140Loading...
11
⚠️ VPN တွေ သုံးမရတဲ့ ပြဿနာကိုဘယ်လိုဖြေရှင်းမလဲ ⚠️ ======================= 🔻 VPN တစ်ခုတည်း သုံးနေတယ်ဆိုရင် ဒီချိိန်မှာ အဆင်ပြေမှာ မဟုတ်ပါဘူး။ 🔻 VPN တစ်ခု အလုပ်မလုပ်ရင် နောက်တစ်ခု ပြောင်းသုံးနိုင်ဖို့ VPN တွေ ပို ဒေါင်းထားပါ။ 🔻 VPN များအသုံးပြုနည်းလမ်းညွှန် ကို အောက်မှာပို့ထားတဲ့ pdf file လေးကို Download ဆွဲပြီးကြည့်နိုင်ပါတယ် ....👇👇👇 လက်ရှိအချိန်မှာ အသုံးပြုလို့ရတဲ့ VPN နဲ့ မရနေတဲ့ VPN တွေကိုလည်း Comment ထဲမှာ ပြောပြသွားပေးကြပါဦး .....
870Loading...
12
🔺 ဒဂုံဆိပ်ကမ်း စခ + ပျူစောထီး တစ်ဖွဲ့ (သိမ်းငှက်အဖွဲ့ဟု ယူဆရ) ဘေးတွဲ ဆိုင်ကယ် ၇/၈ စီးခန့် ဆိုင်ကယ်တွေ တားစစ်ဖမ်းဆီးပြီး ဧရာဝဏ်လမ်းအတိုင်း ရွှေလီလမ်းဆုံဘက်သို့ အဖွဲ့လိုက်ပြန်ထွက်သွား။ 1:42 PM @Dagon_Seikkan_Scout 👉သတင်းပေးရန်။
4562Loading...
13
🛑 ဒဂုံဆိပ်ကမ်း (ကားအစစ်အဆေး သတ်ပြုရန်) စခ + ပျူစောထီး တစ်ဖွဲ့ (သိမ်းငှက်အဖွဲ့ဟု ယူဆရ) ဘေးတွဲ ဆိုင်ကယ် ၇/၈ စီးခန့် ဧရာဝဏ်လမ်းမပေါ်၊ PT Power ဆီဆိုင်အကျော်တွင် ဆိုင်ကယ်တွေတားစစ်နေ။ 1:40 PM @Dagon_Seikkan_Scout 👉သတင်းပေးရန်။
4652Loading...
14
DAILY HIGHLIGHTS (29 May 2024) •••••••••••••••®••••••••••••••• 📰 စစ်ရေးထူးခြားသတင်းများ KIA စစ်ဦးစီးချုပ်သစ်အဖြစ် ယခင် ဒုစစ်ဦးစီးချုပ်တာဝန် ၉နှစ်နီးပါးထမ်းဆောင်ခဲ့သည့် ဗိုလ်ချုပ်အောင်ဆိုင်းလာအား ခန့်အပ် – PS ၀ိုင်းမော်မြို့နယ်ရှိ ၊ နောင်စီပေါရွာ စစ်တပ်စခန်းကို KIA က တိုက်ခိုက်သိမ်း ပိုက်ပြီး ၀ိုင်းမော်မြို့စောင့်တပ် ခလရ ၅၈ တပ်ရင်းကို တိုက်ခိုက်နေ – KT အပစ်ရပ်ထားသည့် ရှမ်းတပ်ဖွဲ့နှစ်ခုကြား ပြဿနာထပ်ဖြစ်။ မိုင်းကိုင်ရှိ SSPP စစ်ယာဉ်တန်းကို RCSSက မိုင်းဆွဲတိုက်ခိုက်ဟု ထုတ်ပြန် – PS တီးတိန်မြို့သိမ်းစစ်ဆင်ရေး ချင်းညီနောင်အဖွဲ့ဝင်များက ဖိတ်ခေါ်ပါက ပါဝင်တိုက်ခိုက်ရန် အသင့်ရှိဟု CNAပြော – PS 📰 နိုင်ငံရေးထူးခြားသတင်းများ ဒဏ်ခတ်ပိတ်ဆို့မှုများ ပြန်ရုပ်သိမ်းပေးရန် ကြံ့ခိုင်ရေးပါတီအပါအဝင် ၂၅ ပါတီ တောင်းဆို – DVB 📰 နိုင်ငံခြားရေးထူးခြားသတင်းများ ငါးနှစ်အထိ သက်တမ်းတိုးခွင့်ရှိတဲ့ ဗီဇာအမျိုးအစားသစ် ထိုင်းအစိုးရကြေညာ – RFA 📰 စီးပွားရေးထူးခြားသတင်းများ ဗဟိုဘဏ်က နိုင်ငံခြားငွေလဲလှယ်နှုန်းကို ထိန်းချုပ်ထား၍ ဒေါ်လာအဝယ်လိုက်‌ပြီး ရောင်းသူမရှိ၊ ၁ ဒေါ်လာ ၄၆၅၀ ကျပ် ဖြစ်လာပြီး အခေါက်ရွှေဈေး ၅၈ သိန်း ကျော်လာ – AT AD လိုင်စင်ရဘဏ်များ ထုတ်ပြန်သည့် ငွေလဲနှုန်းကိုသာ ယုံကြည်ကြရန် ဗဟိုဘဏ်တိုက်တွန် – DVB 📰 ကျားဖြန့် မြန်မာစစ်ကောင်စီက အွန်လိုင်း ကျားဖြန့် သံသယရှိသူ ၄၉၀၀၀ ကျော်ကို တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့ – KT ရှမ်းပြည်နယ်စစ်ကောင်စီ အတွင်းရေးမှူး စိုင်းသော်ဝင်းကို ကျားဖြန့်လုပ်ငန်းများနှင့် ဆက်စပ်မှုဖြင့် စစ်ကောင်စီက ဖမ်းဆီးတရားစွဲ – KT 📰 အခြားထူးခြားသတင်းများ AA ထိန်းချုပ်နယ်မြေတွင် လူငယ်များ အလုပ်လျှောက်ထားသူ များပြားလာ – DVB မှတ်ပုံတင်တွင် လူမျိုး ဗမာဟု ရေးထားသူများကို MNDAA က ဝင်ထွက်ခွင့် ကန့်သတ် – DVB မင်းအောင်လှိုင်က တိုင်းမှူးများ၊ လက်ရုံးတပ်ညွှန်ကြားရေးမှူး ဗိုလ်ချုပ်များနှင့် ဗိုလ်မှူးကြီး ၃၆ ဦးကို ရာထူးမှအနားပေးခြင်း၊ ရာထူးတိုး အပြောင်းအရွှေ့များ ပြုလုပ်၊ ဗိုလ်ချုပ်တချို့ တရားစွဲဆို ထောင်ချခံရမည် – KT အရှေ့တောင်အာရှဒေသတွင်း စိတ်ကြွမူးယစ်ဆေးဝါးထုတ်လုပ်မှု စံချိန်တင်မြင့်တက် – DVB #rangoonscoutnetwork
840Loading...
15
DAILY HIGHLIGHTS (28 May 2024) •••••••••••••••®••••••••••••••• 📰 စစ်ရေးထူးခြားသတင်းများ ပူတာအိုတွင် ခလရ ၁၃၇ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ချမ်းဇေဟိန်းကို ဒဏ်ရာများဖြင့် အရှင် ဖမ်းမိပြီး ဆေးကုပေးစဉ် သေဆုံး – KT ရှေ့တန်းတွင် သေဆုံးပါက ကျပ်သိန်း ၁၀၀ နှင့် မြေ ၁ ကွက်ပေးမည်ဟု စစ်ခေါင်းဆောင် မက်လုံးပေး – DVB 📰 နိုင်ငံရေးထူးခြားသတင်းများ ရက္ခိုင်ပြည်နယ်အရေး မလိုလားအပ်သော လူမျိုးရေးအမုန်းတရားများ မပေါ်ပေါက်စေရေး ဝိုင်းဝန်းကြိုးစားကြရန် NUG ယာယီသမ္မတ တိုက်တွန်း – PS 📰 နိုင်ငံခြားရေးထူးခြားသတင်းများ ထိုင်းကွန်ဒိုဝယ်ယူမှုတွင် မြန်မာ ဒုတိယအများဆုံးဖြစ်လာ – DVB ထိုင်း-မြန်မာနယ်စပ် တရားမဝင် မှောင်ခိုကုန်သွယ်ရေး ပိုများလာ – DVB ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးများတွင် Visa တုံးထုထားခြင်းမရှိသည့် Passport များအတွက် သက်တမ်းမတိုးပေး – MPA 📰 စီးပွားရေးထူးခြားသတင်းများ မြန်မာ့အခေါက်ရွှေတစ်ကျပ်သားလျှင် ၅၅ သိန်း ၅ သောင်းအထိ စျေးတက်သွားပြီး ရန်ကုန်နှင့်မန္တလေး ရွှေစျေးကွက်တွင် အခေါက်ရွှေ ရောင်းချမှု ရပ်တန့်သွား – KT 📰 ကျားဖြန့် မြ၀တီတွင် တရုတ်နိုင်ငံသား လင်မယား ၂ ဦးကို တရုတ်ငွေ ယွမ် ၁ သိန်းဖြင့် ကျားဖြန့်လုပ်ငန်းထံသို့ ရောင်းစားခံရမှု တရုတ်ရဲများက အမှုဖွင့် စုံစမ်းနေ – KT ကျားဖြန့် လုပ်ငန်းများ လာအိုနှင့် ကမ္ဘောဒီးယားတွင် တိုးချဲ့လုပ်ကိုင်နေ – DVB 📰 အခြားထူးခြားသတင်းများ နမ့်ခမ်းမြို့ နယ်စပ်ဂိတ်အနီး SSPP တပ်ဖွဲ့ဝင် ၁၀၀ ကျော်ကို TNLA ဖယ်ရှား – MN တရုတ်ကျားဖြန့်လုပ်ငန်းနှင့် ဆက်နွယ်၍ ဖမ်းဆီးထောင်ချ အရေးယူခံရသော ကာကွယ်ရေးဒုဝန်ကြီး ဗိုလ်ချုပ် အောင်လင်းထွန်း ၏နေရာတွင် ဒုတိယ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဗိုလ်ချုပ် ကိုလေးကို အစားထိုးခန့်အပ် – KT မြစ်ကြီးနားထောင်တွင် တိုက်ပိတ်ခံနေရသူများ ထောင်သုံးနှစ်ခွဲစီ ထပ်ချခံရ – MN #rangoonscoutnetwork
930Loading...
16
Part - 3 VPN - US နဲ့ UK, Canada ထားပြီး ကလစ်ပါခင်ဗျာ။ ⚠️ Location စစ်ရန် https://ip8.com/ ✅ Happy Circle မှာ ကြော်ငြာတစ်ခုလောက်ကလစ်ပါဗျ။ 1. https://happy-circle.xyz/?page_id=112 2. https://happy-circle.xyz/?page_id=116 3. https://happy-circle.xyz/?page_id=120 ✅ Eurotimes မှာ ကြော်ငြာတစ်ခုလောက်ကလစ်ပါခင်ဗျာ 1. https://eurotimes.club/index.php/digital-marketing-agency-1/ 2. https://eurotimes.club/index.php/what-is-bitcoin-1/ 3. https://eurotimes.club/index.php/the-future-of-forex-trading-1/
1020Loading...
17
မိဘပြည်သူများခင်ဗျာ... မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေသော အကြမ်းဖက်စစ်တပ်ရဲ့ ပြည်သူများအပေါ် ရက်စက်ယုတ်မာမှုများဟာ တစ်နေ့ထက်တစ်နေ့ ပြောင်ပြောင်တင်းတင်းနိုင်လာတာကို မျက်မြင်တွေ့လာကြပြီဘဲဖြစ်ပါတယ်။ ကျွန်တော်တို့ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတိုက်ခိုက်ရေးတပ်ဖွဲ့ (၂)ဟာဆိုရင် ပြည်သူများအပေါ် အမျိုးမျိုးနှိပ်စက်နေသော အကြမ်းဖက်စစ်အာဏာရှင်ကို တော်လှန်တိုက်ထုတ်နေသော အဖွဲ့များထဲမှ တစ်ဖွဲ့ဖြစ်ပါတယ်။ အခုလို တော်လှန်တိုက်ခိုက်နေကြသည့် ကျွန်တော်တို့ရဲဘော်များမှာ လိုအပ်ချက်များစွာ ရှိ့သည့်ထဲမှ စစ်အသုံးဆောင်ပစ္စည်းများ လိုအပ်လျက်ရှိနေပါတယ် ခင်ဗျာ။ ရဲဘော်များရဲ့ (uniform၊ ဦးထုတ်၊ ခါးပတ်၊ ဖိနပ်၊ လက်အိတ်၊ ဒူးကာ၊ တံတောင်ကာ) အစုံ ၇၀ ၀န်းကျင်၊ ကာလတန်ဖိုးအားဖြင့် တစ်စုံ ၂၅၀,၀၀၀ (နှစ်သိန်းခွဲ) ၀န်းကျင် ကျသင့်မှာဖြစ်ပါတယ်ခင်ဗျာ။ ပြည်တွင်းပြည်ပ ပြည်သူများအနေနဲ့ ကျွန်တော်တို့ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေး တိုက်ခိုက်ရေး တပ်ဖွဲ့ (၂) ကို ပါဝင်ကူညီလှူဒါန်းပေးကြဖို့အတွက် မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျာ။ ... 👉 NUG Pay {သို့} နွေဦးဘဏ် တို့ဖြင့်ပါ၀င်လှူဒါန်းနိုင်ပါသည်။ Facebook - https://www.facebook.com/profile.php?id=61558420344077&mibextid=ZbWKwL 👉 Telegram chatbox - @YGNCOFO2 👈 #ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေး #တိုက်ခိုက်ရေးတပ်ဖွဲ့(၂) #peopledefenceforce #pdf #လိုအပ်ချက်များ #accessories
930Loading...
18
ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေး တိုက်ခိုက်ရေးတပ်ဖွဲ့(၂)
900Loading...
19
ဆိုင်ကလုန်းမုန်တိုင်း REMAL အားပျော့ပျက်ပြယ်သွားပြီဖြစ်ကြောင်း မိုးလေဝသဌာနများမှ ထုတ်ပြန်ကြေငြာထားပြီးဖြစ်ပါသည်။ မုန်တိုင်းအကြွင်းအကျန်တိမ်တိုက်များ ဝင်ရောက်လျှက်ရှိသည့်အခြေအနေ မေလ ၂၈ ရက် နံနက်၊ ၄ နာရီ ၅၂ မိနစ်မှ ၁၀ နာရီ ၅၂ မိနစ်အထိ တွေ့မြင်ရသည့် ဂြိုဟ်တုပုံများရွေ့လျားသည့်အနေအထားအရ - မုန်တိုင်းအကြွင်းအကျန် တိမ်တိုက်များသည် မြန်မာနိုင်ငံအထက်ပိုင်း ဒေသများသို့ရွေ့လျားဝင်ရောက်လျှက်ရှိကြောင်းတွေ့ရပါမည်။ မုတ်သုံတိမ်တိုက်များဝင်ရောက်သည့်အခြေအနေ မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင် အနောက်တောင်မုတ်သုံလေဝင်ရောက်လျှက်ရှိပြီး ဘင်္ဂလားပင်လယ်အော်ဘက်မှ တိမ်တိုက်များဆက်လက်ရွေ့လျားဝင်ရောက်လျှက်ရှိပါသည်။ MMWeather Website Weather Widgets' Page ပြည်နယ်တိုင်းမြို့များ၏ နောက်လာမည့် ၄ ရက်အတွက် မိုးလေဝသအခြေအနေများကို ဤစာမျက်နှာမှတဆင့် ကြည့်ရှုပေးပါရန်။ https://www.mmweather.org/divisional-cities-weather
1310Loading...
20
DAILY HIGHLIGHTS (27 May 2024) •••••••••••••••®••••••••••••••• 📰 နိုင်ငံရေးထူးခြားသတင်းများ ရခိုင်အခြေအနေအပေါ် တော်လှန်ရေးနှင့် အဖွဲ့ ၁၉၅ ဖွဲ့၏ သဘောထား ထုတ်ပြန်ချက်တွင် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ (GSC) က မပါဝင်တော့ဘဲ နုတ်ထွက် – KT 📰 နိုင်ငံခြားရေးထူးခြားသတင်းများ မြန်မာနယ်စပ်မှာရှိနေတဲ့ မော်ရိုကိုနိုင်ငံသား နှစ်ရာကျော်လွတ်ဖို့ အစိုးရကိုတောင်းဆို – RFA မြန်မာ့နိုင်ငံရေး ဖြေရှင်းဖို့ ကြိုးပမ်းလုပ်ဆောင်နေကြောင်း ထိုင်းဝန်ကြီးချုပ်ပြော – MZM မြန်မာက တိုင်းရင်းသားအဖွဲ့တွေနဲ့တွေ့ခဲ့ကြောင်း ထိုင်းဝန်ကြီးချုပ်ဟောင်း အတည်ပြု – RFA 📰 စီးပွားရေးထူးခြားသတင်းများ အမေရိကန်ဒေါ်လာ စျေးမြင့်တက်မှု မထိန်းနိုင်တော့ သော စစ်ကောင်စီဗဟိုဘဏ်က နိုင်ငံခြားငွေအဝယ်အရောင်းနှင့် စျေးကစားသည့် Facebook Page နှင့် အင်တာနက်စာမျက်နှာ ၁၆ ခုကို ဖော်ထုတ်အရေးယူမည်ဟုဆို – KT သက်တော်ရှည်စီးပွားရေးဝန်ကြီး ဦးအောင်နိုင်ဦးရာထူးမှအနားပေးခံရ – MZM 📰 ကျားဖြန့် စစ်ကောင်စီ လက်အောက်ခံ BGF ထိန်းချုပ်ထားသည့် နယ်မြေအတွင်းမှ နှစ်စဉ် အမေရိကန်ဒေါ်လာ ၃ ဒသမ ၈ ဘီလီယံ လိမ်လည်နေပြီး BGF က ဒေါ်လာ သန်း ၇၀၀ ကျော်ရရှိဟု USIP ပြော – KT #rangoonscoutnetwork
1080Loading...
21
Part - 4 VPN - US နဲ့ UK, Canada ထားပြီး ကလစ်ပါခင်ဗျာ။ ⚠️ Location စစ်ရန် https://ip8.com/ ✅ Happy Circle မှာ ကြော်ငြာတစ်ခုလောက်ကလစ်ပါဗျ။ 1. https://happy-circle.xyz/?go=49feb5f6 2. https://happy-circle.xyz/?go=c8e661ac 3. https://happy-circle.xyz/?go=a95e470d ✅ Eurotimes မှာ ကြော်ငြာတစ်ခုလောက်ကလစ်ပါခင်ဗျာ 1. https://eurotimes.club/index.php/investment-lesso…-warren-buffet-1/ 2. https://eurotimes.club/index.php/3-tips-to-succes…iate-marketing-1/ 3. https://eurotimes.club/index.php/why-you-need-a-website-1/
1440Loading...
22
ဆိုင်ကလုန်းမုန်တိုင်း REMAL UPDATE မေလ ၂၇ ရက် ညနေ ၅ နာရီ ========= ဆိုင်ကလုန်းမုန်တိုင်း REMAL သည် ကုန်းတွင်းမုန်တိုင်းအဖြစ်အားလျော့လာပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲတွင်ဆက်လက်ရွေ့လျားလျှက်ရှိပါသည်။ မုန်တိုင်းဗဟိုသည် - ဘင်္ဂလားဒေ့ရှ်နိုင်ငံမြို့တော် ဒါကာ၏ အနောက်ဘက် မိုင်၆၀ ခန့်ကိုရောက်နေပြီး အရှေ့-အရှေ့မြောက်ဘက်ကို ဆက်ရွေ့လျှက်ရှိသည်။ ဒါကာမြို့ပေါ်မှ ကုန်းတွင်းမုန်တိုင်းအဖြစ်ဖြတ်ကျော်စဉ် - လေတိုက်နှုန်း ၄၆ mph နှင့် ဗဟိုဖိအား 976 hPa ရှိနေမည်ဖြစ်ကြောင်း ECMWF ခန့်မှန်းချက်တွင်တွေ့ရသည်။ မေ ၂၈ ရက် ညနေ ၆ နာရီခွဲတွင် အိန္ဒိယနိုင်ငံ မက်ဟာလာယာပြည်နယ်နှင့် အာသံပြည်နယ်နယ်စပ်အရောက်၊ ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းအဖြစ်အားလျော့လာချိန်(လေတိုက်နှုန်း 34 mph, 983 hPa)မှာ အရှေ့-အရှေ့မြောက်ဘက်ကိုချိုးကွေ့ ရွေ့လျားမည်ဖြစ်ကြောင်း တွေ့ရသည်။ မေလ ၂၉ ရက် မနက် ပိုင်းတွင် မုန်တိုင်းအကြွင်းအကျန်များသည်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း နာဂတောင်တန်းများကိုဖြတ်ပြီး တနိုင်းမြို့တောင်ဘက်နားအထိရောက်လာနိုင်ကြောင်းတွေ့ရသည်၊ မုန်တိုင်းကြွင်းအကျန် လေဖိအားနည်းရပ်ဝန်းသည် လေတိုက်နှုန်း 20mph ရှိပြီး၊ ဗဟိုဖိအား 997 hPa ရှိနိုင်ကြောင်းလည်း ECMWF က ခန့်မှန်းထားသည်။ ဤအခြေအနေကြောင့်ဖြစ်လာနိုင်သည့် စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ကချင်ပြည်နယ်မိုးလေဝသအခြေအနေများ - မိုးသည်းထန်နိုင်ခြင်း၊ တောင်ကျရေရုတ်တရက်ကျဆင်းနိုင်ခြင်းနှင့် လေပြင်းတိုက်နိုင်တာတွေရှိနိုင်ပါမည်။ ကျန်တဲ့ ပြည်နယ်တိုင်းဒေသများအတွက် သတိထားသင့်တာတွေအရင်တင်ပေးတဲ့ post များအတိုင်းဖြစ်ပြီး၊ အနောက်တောင်မုတ်သုံလေက ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်မှာ အားအသင့်အတင့်မှ အားကောင်းနေမည်ဆိုတာ မမေ့သင့်ပါ။ မိုးရာသီမိုး၊ မုတ်သုံမိုးများက စ နေပါပြီ။ အိန္ဒိယကရော မိုးဇလကရော မုတ်သုံဝင်တဲ့ အခြေအနေများကို တင်ပေးထားပါသည်။
1140Loading...
23
ရန်ကုန်မှတ်တမ်း (မေ ၂၂ - ၂၆၊ ၂၀၂၄) •••••••••••••••®••••••••••••••• မေလ ၂၅ ရက်နေ့က ရွှေပြည်သာမြို့နယ်၊ အောက်မင်္ဂလာဒုံလမ်း အာမီရမ်စက်ရုံရှိ ကင်းစခန်းကို ပြင်းအားမြင့်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း မြောက်ဥက္ကလာမြို့နယ်၊ ပကဖ တပ်ဖွဲ့ ၂ မှ သတင်းထုတ်ပြန်ထားသည်။ မေလ ၂၅ ရက်နေ့တွင်ပင် "သွေးကြွေးလည်းတောင်း၊ စစ်ခွေးလည်းမောင်း" စာသားပါဘန်နာကို ရွှေပြည်သာမြို့နယ် ဗကသများအဖွဲ့ချုပ်၊ ရွှေပြည်သာမြို့နယ် သပိတ်ကော်မတီနှင့် NGYSC တို့မှ ပူးပေါင်း၍ ရန်ကုန်မြို့တစ်နေရာတွင် ချိတ်ဆွဲလှုပ်ရှားခဲ့ကြကြောင်း သိရှိရသည်။ မေလ ၂၂ ရက်နေ့က ရန်ကုန်မြို့တစ်နေရာ၌ ရွှေပြည်သာ သပိတ်ကော်မတီ၊ AJAY နှင့် တော်လှန်လူငယ်တို့ ပူးပေါင်း၍ လျှပ်စစ်မီးဆိုးဝါးစွာ ပြတ်တောက်မှုအခြေအနေ၊ စစ်မှုထမ်းဥပဒေကို ကန့်ကွက်ဆန့်ကျင်ကြောင်းနှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဆန့်ကျင်ကြောင်း အစရှိသည့် ကြွေးကြော်သံများကို မီးတုတ်များကိုင်၍ ဟစ်ကြွေး လှုပ်ရှားခဲ့ကြသည်။ ဗကသများအဖွဲ့ချုပ်ကလည်း အဆိုပါနေ့တွင် ကဆုန်လပြည့်နေ့အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။ KMD18, MDF, Owl Community နှင့် လင်းရောင်နီ (လူငယ်အဖွဲ့အစည်း) တို့ကလည်း အဆိုပါနေ့တွင်ပင် "တော်လှန်ကဆုန် စစ်တပ်ကုန်"၊ "တော်လှန်ရေးရဲဘော်အပေါင်း ဘေးကင်းပါစေ ဆုမွန်တောင်း" စသည့် ကြွေးကြော်ဆုတောင်းစာများဖြင့် ရန်ကုန်မြို့ ဘုရားတစ်ဆူတွင် လှုပ်ရှားခဲ့ကြကြောင်း သိရှိရသည်။ မေလ ၂၆ ရက်နေ့ နေ့လည် ၁ နာရီခန့်က လှိုင်မြို့နယ်၊ ဗဟိုလမ်း၊ သံလမ်းမှတ်တိုင်အနီးတွင် ဘန်နာတစ်ခု ချိတ်ဆွဲထားသည်ကို တွေ့၍ဟုဆိုကာ အကြမ်းဖက်တပ်သားများမှ လမ်းသွားလမ်းလာ ပြည်သူတစ်ဦးကို သေနတ်ဖြင့် ရမ်းသမ်းပစ်ခတ်ဖမ်းဆီးသွားကြောင်းလည်း သိရှိရသည်။ မေလ ၂၅ ရက်နေ့က လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ အပြင်ပဒံရပ်ကွက်၊ ကျွန်းကြီးကျေးရွာရှိ အိမ်ခြေ ၃၀၀ ကျော်ကို ကျူးကျော်ဟုဆိုကာ စစ်တပ်နှင့် ရဲများမှ အင်အားအများအပြားဖြင့် ဖျက်ဆီးခဲ့ပြီး ဉာဏ်တော် ၂၄ ပေရှိသည့် ထိုင်တော်မူ ရုပ်ပွားတော်ကိုပါ ဘူဒူဇာများဖြင့် ထိုးချဖယ်ရှားခဲ့ကြကြောင်း သိရှိရသည်။ မေလ ၂၃ ရက်နေ့ မနက်ကလည်း မင်္ဂလာဒုံမြို့နယ်၊ ပုလဲ ၃ ရပ်ကွက်ရှိ အိမ်ခြေ ၂၀၀ ကျော်ကို ကျူးကျော်ဟုဆိုကာ ဖျက်ဆီးခဲ့ကြသေးကြောင်း သိရသည်။ စစ်ပွဲ သို့မဟုတ် ပဋိပက္ခအခြေအနေအတွင်း တစ်သီးပုဂ္ဂလအခွင့်အရေးများကို ဆိုးဆိုးရွားရွားချိုးဖောက်မှုများတွင် ပါဝင်ကူညီနေခြင်းက “လက်ခံနိုင်ဖွယ်မရှိသောအန္တရာယ်” ဟုဆိုကာ Adani Ports and SEZ Ltd က စစ်ကောင်စီလက်အောက်ခံ MEC နှင့်အတူ လုပ်ကိုင်နေသော အလုံဆိပ်ကမ်းသစ်တည်ဆောက်ရေးအတွင်းမှ ရင်းနီးမြှပ်နှံမှုများ ပြန်လည်ထုတ်ယူလိုက်သည်ဟု နော်ဝေနိုင်ငံ Norges Bank က မေလ ၁၅ ရက်နေ့တွင် အသိပေးကြေညာလိုက်ကြောင်း သိရှိရသည်။ ယခုရက်ပိုင်း တောက်လျှောက်လည်း လှိုင်မြို့နယ်၊ ဘုရင့်နောင်စစ်ကြောရေးဝန်း၌ Minibus ကားများ အဝင်အထွက်များနေဆဲဖြစ်ကြောင်း သိရသည်။ စစ်ကောင်စီမှ ဖွင့်လှစ်သည့် တန်းမြှင့်လေကြောင်းလူငယ်သင်တန်းမှ သင်တန်းသားများလည်း စစ်ကြောရေးဝန်းသို့ ရောက်ရှိနေခဲ့ကြပြီး ရန်ကုန်မြို့နေရာအနှံ့ လေ့လာရေးခရီးအဖြစ် လည်ပတ်နေခဲ့ကြသည်။ စစ်မှုထမ်း တတိယအသုတ်အတွက် လူစုဆောင်းမှုများကို မဲနှိုက်၍ဖြစ်စေ၊ ခြိမ်းခြောက်၍ဖြစ်စေ၊ ပိုက်ဆံတောင်း လူစားထိုး၍ဖြစ်စေ နည်းလမ်းမျိုးစုံဖြင့် ဆက်တိုက် ဖိအားပေးလုပ်နေကြသည်ကိုလည်း သတင်းရရှိသည်။ #rangoonscoutnetwork
880Loading...
24
DAILY HIGHLIGHTS (26 May 2024) •••••••••••••••®••••••••••••••• 📰 စစ်ရေးထူးခြားသတင်းများ ဖူ့ချီမူစခန်း သိမ်းလိုက်၍ မြို့နယ်လေးခုနှင့်ထိုင်း ဆက်စပ်နေသည့် နယ်စပ်ဒေသအား အပြည့်အ၀ထိန်းချုပ်နိုင်ခဲ့ဟု SOF ပြော – PS ဝိုင်းမော်မြို့နယ်တွင် စစ်ကောင်စီ၏ Y12 ဗုံးကြဲလေယာဉ်ကို KIA ပစ်ချနိုင်ဟု​ဒေသခံနှင့် သတင်းရင်းမြစ်အချို့ပြော – PS ရပ်စောက်တွင် RCSS တပ်ဖွဲ့က မိုင်းဆွဲခြင်း၊ ခြုံခိုတိုက်ခိုက်ခြင်းတို့ကြောင့် SSPP တပ်ဖွဲ့ဝင် ၁ ဦးကျဆုံးပြီး ၃ ဦးဒဏ်ရာရရှိဟု SSPP က ပြော – KT 📰 နိုင်ငံခြားရေးထူးခြားသတင်းများ မြန်မာမှာ တိုက်ပွဲတွေ ပြင်းထန်လာတာကို စိုးရိမ်ကြောင်း တူရကီက ထုတ်ဖော်ပြော – AT 📰 စီးပွားရေးထူးခြားသတင်းများ စစ်ကောင်စီဗဟိုဘဏ်က အမေရိကန်ဒေါ်လာတန်ဖိုး မြင့်တက်လာမှုကို ထိန်းရန် Digital ငွေကြေးများ၊ ဟွန်ဒီများ အရောင်းဝယ်လုပ်လျှင် အရေးယူမည်ဟု ကြေညာသော်လည်း ဒေါ်လာတန်ဖိုး ဆက်လက်ထိုးတက် – KT 📰 အခြားထူးခြားသတင်းများ ထိုင်းနိုင်ငံ ချင်းမိုင်နှင့်ချင်းရိုင်ရှိ မြန်မာများ ချင်းမိုင်မြန်မာကောင်စစ်ဝန်ရုံးတွင် နိုင်ငံကူး လက်မှတ်ကိစ္စဆောင်ရွက်နိုင်မည်ဟု စစ်ကောင်စီပြော – AT BECA ရလဒ်များ ပြန်လည်စစ်ဆေးရန် ငွေသွင်းရမည့်အစီအစဉ်ကို NUGမှ ရပ်ဆိုင်း – MZM စစ်ကောင်စီက အကျဉ်းထောင်အသစ်များ တိုးချဲ့ဆောက်လုပ် – MZM လှိုင်သာယာအနောက်ပိုင်းတွင် ဉာဏ်တော် ၂၄ ပေရှိ ထိုင်တော်မူ အေးငြိမ်းချမ်းသာ ဗုဒ္ဓရုပ်ပွားတော်ကို စစ်တပ်က ဘူဒိုဇာဖြင့် ဖြိုချမှု မဘသနှင့် အမျိုးသားရေးအစွန်းရောက်များ နှုတ်ဆိတ်နေကြ – KT #rangoonscoutnetwork
1030Loading...
25
တောင်ဒဂုံ * စခ ဟိုက်လက် ၁ စီး စခ ၉ ကောင် လက်နက်တွေဖြင့် မောင်းမကန်သာလမ်းအတိုင်း ဧရာဝဏ်ခွေးစခန်းဘက်ကို ရှေ့ရှု့ * 10:22 AM 📬 @Inform_RSN
1701Loading...
26
Part - 3 VPN - US နဲ့ UK, Canada ထားပြီး ကလစ်ပါခင်ဗျာ။ ⚠️ Location စစ်ရန် https://ip8.com/ ✅ Happy Circle မှာ ကြော်ငြာတစ်ခုလောက်ကလစ်ပါဗျ။ 1. https://happy-circle.xyz/?page_id=182 2. https://happy-circle.xyz/?page_id=186 3. https://happy-circle.xyz/?page_id=193 ✅ Eurotimes မှာ ကြော်ငြာတစ်ခုလောက်ကလစ်ပါခင်ဗျာ 1. https://eurotimes.club/index.php/digital-marketing-agency-1/ 2. https://eurotimes.club/index.php/what-is-bitcoin-1/ 3. https://eurotimes.club/index.php/the-future-of-forex-trading-1/
2030Loading...
27
DAILY HIGHLIGHTS (23 May 2024) •••••••••••••••®••••••••••••••• 📰 စစ်ရေးထူးခြားသတင်းများ မောင်တော၊ ၄ မိုင်တပ်စခန်းကို AA သိမ်းလိုက်ပြီဟု သိရှိရပြီး လက်နက်သိမ်းဆည်းရရှိသော ဗီဒီယို ပြန့်နှံ့နေ – KT ဧရာဝတီတိုင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ခန့်ကို ရခိုင်၊ ဂွမြို့သို့ ပို့ဆောင် – MZM ရေဇွာမြို့အပါအဝင် ဇုံတုန်နယ်မြေတခုလုံး စစ်ကောင်စီယန္တရား ကင်းစင် – DVB ကချင်ပြည်နယ်တွင် နှစ်လခွဲကျော်ကြာ စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီ၏တပ်စခန်း ၁၀၀ ကျော်ကို KIA က သိမ်းပိုက်ရရှိထား။ နယ်စပ်မြို့ လွယ်ဂျယ်မြို့၊ ဆင်ဘိုမြို့၊ ဆွမ်ပရာဘွမ်မြို့ အပါအဝင် မြို့များကို KIO က အပြည့်အ၀ ထိန်းချုပ်ထားပြီး အဓိက လမ်းမကြီးများနှင့် နယ်မြေစိုးမိုးမှုများ KIA လက်အောက်သို့ကျရောက် – KT ၄ လအတွင်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု ၈၀၀ ကျော်ပြုလုပ် – DVB 📰 နိုင်ငံရေးထူးခြားသတင်းများ ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များ အစည်းအရုံးက GSC အထွေထွေ သပိတ်ကော်မတီတွင် ပူးပေါင်းပါဝင်မှုမှ ယာယီရပ်နားမည်ဟု ကြေညာ – KT 📰 စီးပွားရေးထူးခြားသတင်းများ ကမ္ဘာ့ရွှေဈေးကျသော်လည်း မြန်မာ့ရွှေဈေး ဆက်တက် – DVB မြစ်ဆုံစီမံကိန်းပြန်စရန် ရေအားလျှပ်စစ်စီမံကိန်း ဦးဆောင်အဖွဲ့ ဖွဲ့စည်း – DVB ၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၁ ဘီလီယံပင် မပြည့် – DVB 📰 အခြားထူးခြားသတင်းများ အုပ်ချုပ်နယ်မြေမှာ သေဒဏ်နဲ့ တသက်တကျွန်းပြစ်ဒဏ်တွေ MNDAA ထုတ်ပြန် – MKN ခြံအမှတ် ၅၄ နေအိမ် လေလံကြမ်းခင်းဈေး ဦးအောင်ဆန်းဦးဘက်က ဈေးလျှော့တင်ပြ – RFA #rangoonscoutnetwork
1320Loading...
28
Part - 4 VPN - US နဲ့ UK, Canada ထားပြီး ကလစ်ပါခင်ဗျာ။ ⚠️ Location စစ်ရန် https://ip8.com/ ✅ Happy Circle မှာ ကြော်ငြာတစ်ခုလောက်ကလစ်ပါဗျ။ 1. https://happy-circle.xyz/?page_id=125 2. https://happy-circle.xyz/?page_id=129 3. https://happy-circle.xyz/?page_id=133 ✅ Eurotimes မှာ ကြော်ငြာတစ်ခုလောက်ကလစ်ပါခင်ဗျာ 1. https://eurotimes.club/index.php/investment-lesso…-warren-buffet-1/ 2. https://eurotimes.club/index.php/3-tips-to-succes…iate-marketing-1/ 3. https://eurotimes.club/index.php/why-you-need-a-website-1/
1480Loading...
29
ECMWF AI က ခန့်မှန်းချက် အရ - မေလ ၂၄ ရက်မနက်အစောပိုင်းမှာ လေဖိအားနည်းရပ်ဝန်းရဲ့ ဗဟိုဖိအား ၂.၅ ဟက်တိုပါစကယ် လျော့ကျလာပြီး မုန်တိုင်းငယ်အဆင့်အထိ ရောက်လာနိုင်ကြောင်း ခန့်မှန်းနိုင်ပါတယ်။
1460Loading...
30
📣 ကိုယ့်လူတို့ရေ.. 💬 လက်ရှိအချိန်မှာ လူတွေတော်တော်များများ AI နဲ့ အမေးအဖြေလုပ်ကြတယ်..Chatting လုပ်ပြီးစကားတွေပြောနေကြတာဆိုတော့ AI က တော်တော်လေး လူတွေရဲ့ တောင်းဆိုမှု၊ မေးမြန်းမှုတွေကို မြန်မြန်ဆန်ဆန် ထိထိရောက်ရောက်နဲ့ တုံ့ပြန်နိုင်တာ တစ်နည်းအားဖြင့် Response လုပ်နိုင်တာတွေ့ရပါတယ်။ ⁉️ အဲ့ဒါတွေရဲ့ နောက်ကွယ်မှာ AI တွေက ရောင်းရင်းတို့ရဲ့ ဒေတာတွေကို ဘယ်လို ရယူစုဆောင်းပြီး ခွဲခြမ်းစိတ်ဖြာနေလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းသလို အင်မတန်မှ အန္တရာယ်များပြီး ကြောက်ဖို့ကောင်းပါတယ် ⚠️ 👀 ဒီနေ့မှာတော့ AI ကပြောတဲ့ မောင်ဖြူအကြောင်းလေးပြောပြချင်ပါတယ်။ 👀 AI တွေက အင်တာနက်ပေါ်မှာရသမျှ ကိုယ့်လူတို့ရဲ့ အချက်အလက် ဒေတာတွေကို စုဆောင်းတယ်ဆိုတာကိုတော့ အားလုံးသိကြမယ်လို့ ယူဆပါတယ်။ 🔹Public Info ဆိုတာဘာလဲ? 🔹 OSINT နဲ့ Social Media တွေမှာ ကိုယ်ရေး အချက်အလက်တွေ ဘယ်လိုရယူနိုင်လဲ စတာတွေကို ပြန်လေ့လာကြည့်နိုင်အောင် ထပ်မံညွှန်းဆို လိုက်ရပါတယ်။ ✔️Public Information တွေနဲ့ပက်သက်တဲ့ OSINT အကြောင်း ဖတ်ချင်တယ်ဆိုရင်တော့ အောက်က Link တွေမှာဖတ်နိုင်ပါတယ်။ 🔹 https://telegra.ph/AI-and-OSINT-05-23
1360Loading...
31
DAILY HIGHLIGHTS (22 May 2024) •••••••••••••••®••••••••••••••• 📰 စစ်ရေးထူးခြားသတင်းများ ရွှေညောင်ပင် ခမရ ၃၂၁ ကို KIAသိမ်းပိုက်၊ မံစီနှင့်မိုးမောက်စခန်းများမကျရေး စခန်းပြင်ထွက်ပြီး ခုခံနေ – DVB KIO ဌာနချုပ် လိုင်ဇာအနီးကို စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးများကျဲနေပြီး မြစ်ကြီးနားမြို့မှ ၀ိုင်းမော်ဘက်သို့ အတွဲလိုက်ဒုံးများ စစ်ကောင်စီက ပစ်ခတ်နေ – KT ၀ိုင်းမော်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်ပြီးနောက် ကဇူးစခန်းနှင့်ရွှေညောင်ပင် ခလရ ၃၂၁ စခန်းတို့တွင် စစ်သားအလောင်း ၁၄၀ ဝန်းကျင် ပြန့်ကျဲနေကာ အလောင်းကောက်မည့်သူမရှိ – KT 📰 နိုင်ငံရေးထူးခြားသတင်းများ အမှန်တရားထက် အလှူရှင်များအကြိုက် မျက်နှာ ပြောင်တိုက်သော ကြောင်သူတော်မိတ်ဆွေများအတွက် ထိုက်တန်သော နိုင်ငံရေးအနာဂတ်တွင် နေပျော်စေရန် ဆုတောင်းဟု AA စစ်ဦးစီးချုပ် ပြောဆို – KT ပြဿနာအရပ်ရပ်ကို တွေ့ဆုံဆွေးနွေးရေးနည်းလမ်းဖြင့် ဆက်လက်ဖြေရှင်းမည်ဟု RCSS ပြော – DVB 📰 နိုင်ငံခြားရေးထူးခြားသတင်းများ ဂျပန်အစိုးရနှင့်နိပွန်ဖောင်ဒေးရှင်း ဆုံးဖြတ်ချိန်ရောက်ပြီဟု ဂျပန်လွှတ်တော်တွင် NUG ဝန်ကြီး ပြော – DVB ရခိုင်တွင် လူ့အခွင့်အရေးချိုး‌ဖောက်မှုများကျူးလွန်သည့် စစ်ကောင်စီနှင့်အခြားလက်နက်ကိုင်အဖွဲ့များကို အရေးယူမည်ဟု အမေရိကန်ဆို – MZM 📰 စီးပွားရေးထူးခြားသတင်းများ ရွှေစျေးကွက် ပိတ်သော်လည်း ပြင်စျေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သား ၅၂ သိန်း ၂ သောင်းနီးပါးအထိ စံချိန်တင် စျေးထိုးတက်ပြန် – KT 📰 ကျားဖြန့် ဗိုလ်မှူးကြီးစောချစ်သူ(ခ) စံမြင့် မိသားစု အပါအဝင် BGFခေါင်းဆောင်တချို ပါဝင်နေသော နိုင်ငံတကာရာဇဝတ်မှုဖြစ်သည့် တရားမဝင် ကျားဖြန့် ငွေလိမ် ဂိုဏ်း နှင့် အွန်လိုင်းကာစီနို လောင်းကစားလုပ်ငန်းများ – KT 📰 အခြားထူးခြားသတင်းများ ဟားငါးကောင်အဖွဲ့မှ တော်လှန်ဟာသလူရွှင်တော်ဝိုင်းကျော် ကွယ်လွန် – PS စစ်မှုထမ်းအပတ်စဥ် ၃ အတွက် လူစုထားရန် တိုင်းမှူးများကို ညွှန်ကြား – DVB လူငယ် ၃၀ ခန့်အား စစ်တပ်ထံ ရောင်းချမည့် RSO အဖွဲ့ကို ဒုက္ခသည်များက ဝိုင်းဝန်းဖမ်းဆီး – DVB #rangoonscoutnetwork
1420Loading...
32
⬜️ ဒဂုံဆိပ်ကမ်း * ဒဂုံဆိပ်ကမ်းဘက်မှလာရင် ကုလားဝဲတံတားအဆင်းတွင် ဘဲဥ အထီး အမ ၅ ကောင်ခန့်ကားစစ်နေ * 1:36 pm 📬 @Inform_RSN
2190Loading...
33
May21 Khophyu 8PM -ဝိုင်းမော်က စခန်း ၁၂ခုကို KIA သိမ်းယူထား -ကော့ကရိတ် မှ စကစ ၄၁ ဦး KNLA ဖမ်းမိ -ရခိုင်မြောက်မှ ဘေးလွတ်ရာ​ပြောင်းကြဖို့ AA သတိပေး -သံတွဲတိုက်ပွဲ ဆက်ပြင်းထန် -ရိုဟင်ဂျာတွေ အကြမ်းဖက်ခံရမှု စိုးရိမ်ကြောင်း OIC ထုတ်ပြန် -ဘူးသီးတောင်အခြေအနေကို စိုးရိမ်ကြောင်း NUG ထုတ်ပြန် -ကျောက်ထု-ဆောလမ်း PDF ပြန်ဖွင့်​ -စစ်တွေမှာ အစားအသောက် ပြတ်လုပြီ -စက်မှုဇုန်အားလုံး မီး ၁ရက် ၂နာရီသာရ -စျေးကွက်အတွင်း $ ပြတ်လပ်လာ -စကစက ဗိုလ်ချုပ် ၅ဦးကို ကျားဖြန့်ကိစ္စနဲ့ ထောင်ဒဏ်တွေ ချ -စစ်မှုထမ်းရန် ပျက်ကွက်သူတွေကို အရေးယူမည်ဟု စကစပြော
2490Loading...
34
Telegram Link [ 3PM ] https://bit.ly/49E8Vyr 👈🏻 တည်နေရာစစ်ရန် ⭐ VPN Location ⭐ ✅ United State - Us 🇺🇸 ✅ United Kingdom - Uk 🇬🇧 ----------------------------------------- ⭐ Click Link ⭐ 🙏အဆင့်တခုမှာ ကြော်ငြာတခု နှိပ်ကြည့်ပေးပါခင်ဗျာ🙏 1️⃣ https://t.co/MdvU1OfYtU 2️⃣ https://t.co/k1R5vXgUQa 3️⃣ https://t.co/foWOF8YKGT 4️⃣ https://t.co/SY3WXaKST3 5️⃣ https://t.co/k1R5vXgUQa 6️⃣ https://t.co/mE8uHi1Eon 7️⃣ https://t.co/47Yha9axxk 8️⃣ https://964.go.mglgamez.com -------------------------------------------- ⭐Website Link ⭐ 🙏  စာပိုဒ်ထဲမှာ 1min ခန့် အပေါ်ကနေအောက်အထိဖြည်းဖြည်းဆွဲချပြီး ကြည့်ပေးပါခင်ဗျာ 🙏 1️⃣ https://www.google.com/search?q=site:https://mmloa.xyz/courses/ios-swift-swiftui-complete-ios-app-development/ 2️⃣  https://www.google.com/search?q=site:https://www.shwetawwin.com/free-master-python-beginner-to-pro-with-hands-on-coding-tasks/ 3️⃣ https://www.shwetawwin.com/essential-catering-equipment-for-airline-in-flight-service/ 4️⃣ https://www.google.com/search?q=site:https://mmloa.xyz/courses/japanese-hiragana-japanese-character-1hour-in-english/ 5️⃣ https://www.google.com/search?q=site:https://mmloa.xyz/courses/adobe-photoshop-cc-masterclass-from-beginner-to-advanced/ 6️⃣ https://media.myanmartopnews.com/cover-song/3132/ #click4tuumee #padaythar
2200Loading...
35
⬜️ တောင်ဒဂုံ * ဘဲဥ ၈ ကောင် ဧရာဝဏ်လမ်းနှင့် မောင်းမကန်လမ်းထောင့်၊ ခွေးစခန်းနား ယာဉ်ကြောဘယ်ညာ၊ ကားစစ်၊ ကားဖမ်းနေ။ * 2:44 PM 📬 @Inform_RSN
1520Loading...
🟧 ဒဂုံဆိပ်ကမ်း * စခ DC ၂စီး၊ ယုဇနဥယျဉ်မြို့တော်သွားတဲ့ဘက် နှင်းဆီအိမ်ယာရှေ့နားမှာ မီးတန်းဖွင့်ပြီးရပ်ထား * 9:10 PM 📬 @Inform_RSN
Показать все...
Repost from RSN WEB
Фото недоступноПоказать в Telegram
ရန်ကုန်မှတ်တမ်း (မေ ၂၉ - ၃၀၊ ၂၀၂၄) •••••••••••••••®••••••••••••••• မေလ ၂၉ ရက်နေ့ညက တောင်ဥက္ကလာမြို့နယ်တွင်း၌ ဗုံးပေါက်ကွဲမှု ၃ ကြိမ်ခန့် ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ ည ၆ နာရီ ၄၅ မိနစ်ခန့်တွင် တောင်ဥက္ကလာမြို့နယ်ရှိ စစ်ကောင်စီ၏ မြဝတီဘဏ်အနီးတွင် ဗုံးပေါက်ခဲ့ပြီး Yangon Army တပ်ဖွဲ့နှင့် ရန်ကုန် အနောက်ပိုင်းခရိုင် ပကဖတပ်ဖွဲ့တို့မှ အဆိုပါဘဏ်တွင် ကင်းစောင့်နေသည့် စစ်ကောင်စီတပ်သားများအား လက်ပစ်ဗုံးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။ ထို့နောက် ည ၁၁ နာရီခန့်၌လည်း ကျယ်လောင်သည့် ဗုံးပေါက်ကွဲသံများ ထပ်ကြားလိုက်ရပြီး Operation Flame (OF) မှ ည ၁၀ နာရီ ၅၀ မိနစ်ခန့်တွင် တောင်ဥက္ကလာ ၁၄ ရပ်ကွက်ရုံး၌ တစ်ကြိမ်နှင့် ည ၁၁ နာရီ ၃ မိနစ်ခန့်တွင် တောင်ဥက္ကလာ ၃ ရပ်ကွက်ရုံး၌ တစ်ကြိမ် ဗုံးဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။ မေလ ၃၀ ရက်နေ့ မနက် ၈ နာရီခန့်က မှော်ဘီမြို့နယ်၊ တက်ကြီးကုန်းကျေးရွာ၊ ပြည်လမ်းနှင့် ကျောင်းကြီးလမ်းထောင့်အနီးတွင် ဗုံး ၂ လုံးတွေ့လို့ဟုဆိုကာ အကြမ်းဖက်တပ်သားများ ရောက်လာပြီး ဖောက်ခွဲဖျက်ဆီးလိုက်ကြောင်း စစ်ကောင်စီ လော်ဘီမီဒီယာတွင် ဖော်ပြထားသည်။ မေလ ၃၀ ရက်နေ့ ည ၇ နာရီခန့်တွင် အင်းစိန်မြို့နယ်၊ ကြို့ကုန်းတဝိုက်၌ သေနတ်ပစ်ခတ်သံ ၆ ချက်ခန့်ကြားလိုက်ရကြောင်း သတင်းရရှိသည်။ ဘောလုံးကွင်းအနီးရှိ အနောက်ကြို့ကုန်းရပ်ကွက်ရုံး၌ ပစ်ခတ်မှုများဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ကနဦးသိထားရပြီး နောက်ဆက်တွဲဖြစ်စဉ်ကို စုံစမ်းနေဆဲဖြစ်သည်။ ဒလမြို့နယ်၊ အနီးချောင်းရွာ၌ စစ်မှုထမ်းအတွက် အမျိုးသမီးများပါ မဲနှိုက်ရမည်ဟု အုပ်ကြီးမှ ခြိမ်းခြောက်ပြောဆိုနေကာ မဲမနှိုက်လိုပါက တစ်ဦးလျှင် ကျပ် ၁၂၀,၀၀၀ ဆီ ပေးဖို့ တောင်းနေကြောင်း MPA မှ သိရှိရသည်။ ယခုရက်ပိုင်းအတွင်း ရန်ကုန်၌ လူအဖမ်းအဆီးများနေပြီး စစ်မှုထမ်း တတိယသုတ်အတွက် လူစုဆောင်းနေပုံရသည်။ အိမ်လိပ်စာအတိအကျဖြင့် လိုက်လံဖမ်းခေါ်နေသည်များလည်း ရှိသကဲ့သို့ လမ်းမပေါ် သွားလာနေသူများကို အကြောင်းမဲ့ ဖမ်းဆီးသွားသည့်ဖြစ်စဉ်များလည်း အများအပြားရှိနေသည်။ NLD ပါတီ နာယက ဦးတင်ဦး ကျန်းမာရေးအခြေအနေစိုးရိမ်နေရပြီး ရန်ကုန်ဆေးရုံကြီး အထူးကြပ်မတ်ဆောင်တွင် ဆေးကုသနေရကြောင်း သိရှိရသည်။ မေလ ၃၀ ရက်နေ့ညက ဦးတင်ဦး သေဆုံးသွားပြီဟူသည့် သတင်းများလည်း ထွက်ပေါ်ခဲ့သေးသည်။ #rangoonscoutnetwork
Показать все...
Фото недоступноПоказать в Telegram
⚠️ အထူးသတိပြုရန် ⚠️ 📌 လက်ရှိအခြေအနေတွင် VPN နှင့်ချိတ်ဆက်၍ မရသောကြောင့် VPN ပေါင်းများစွာကို Download ဆွဲ၍ အသုံးပြုနေရသည့် အနေအထားဖြစ်နေပါတယ်။ ❌ ဒီချိန်မှာ လူတိုင်းက ဟိုဟာလေးရတယ် ဒီဟာလေးကောင်းတယ်ဆိုပြီး အချင်းချင်း ညွှန်းဆိုနေကြတာတွေလဲ အခြေအနေအရ ရှိနေတာမို့ အထူးသတိပေးလိုတာက တွေ့ကရာ VPN တိုင်းကို Download ဆွဲတာမျိုးနဲ့ လူတိုင်းလိုအပ်နေတာကို အသုံးချပြီး မသမာတဲ့လူတွေက VPN ဆိုပြီးချပေးတဲ့ Link တွေကို အလွယ်တကူ မနှိပ်ဖို့ လိုအပ်ပါတယ်။ ❌ ဒီအချိန်ကို အခွင်ကောင်းယူပြီး Phishing တွေ , အွန်လိုင်းလိမ်လည်မှု တွေကို လုပ်ဖို့ စောင့်နေကြမှာ အသေချာမို့ အထူး အထူး ❗️ သတိထားပြီးမှ Software တွေကို Down ပါ ။ link တွေကို Virustotal လို link စစ်လို့ရတဲ့နေရာမှာ စစ်ပေးပြီး စိတ်ချရမှ နှိပ်ဖို့ မှာချင်ပါတယ်။ 📣 နောက်ရက်တွေမှာ ဒီလိုအခြေအနေကို ဆက်လက်ကြုံတွေ့နေရဦးမယ်ဆိုရင် သုံးလို့အဆင်ပြေတဲ့ VPN တွေကို အမြဲမပြတ် ဆန်းစစ်ပြီး မျှဝေပေးပါဦးမယ်....
Показать все...
👍 2
Repost from Click4Freedom
Part - 3 VPN - US နဲ့ UK, Canada ထားပြီး ကလစ်ပါခင်ဗျာ။ ⚠️ Location စစ်ရန် https://ip8.com/ ✅ Happy Circle မှာ ကြော်ငြာတစ်ခုလောက်ကလစ်ပါဗျ။ 1. https://happy-circle.xyz/?page_id=182 2. https://happy-circle.xyz/?page_id=186 3. https://happy-circle.xyz/?page_id=193 ✅ Eurotimes မှာ ကြော်ငြာတစ်ခုလောက်ကလစ်ပါခင်ဗျာ 1. https://eurotimes.club/index.php/investing-in-a-v…le-environment-1/ 2. https://eurotimes.club/index.php/how-committed-ar…eting-business-1/ 3. https://eurotimes.club/index.php/how-to-build-net…-facebook-live-1/
Показать все...
IP8 Lookup Tool - ip8

Comprehensive suite for digital diagnostics, offering an array of technical tools designed to enhance your internet security, privacy, and connectivity insights.

Repost from RSN WEB
DAILY HIGHLIGHTS (30 May 2024) •••••••••••••••®••••••••••••••• 📰 စစ်ရေးထူးခြားသတင်းများ မတူပီ ခရိုင်ရုံးကို CDF-မတူပီ သိမ်းပိုက်၊ ဝိုင်းမော် ခလရ ၆၈ နှင့် မြို့မရဲစခန်းကို KIA တိုက်ခိုက် – DVB ဖားဆောင်းနှင့်ဖာပွန်ရှိ လက်ကျန်စစ်စခန်းများကို အပြီးသိမ်းရန် တော်လှန်ရေးအင်အားစုများ ကြိုးပမ်း – DVB ရှမ်းမြောက်နှင့်ကချင်အစပ် ရွှေလီချိုင့်ဝှမ်းဒေသ၌ KIAက တပ်မဟာအသစ်တစ်ခု တိုးချဲ့ဖွဲ့စည်း – PS တိုင်းစစ်ဌာနချုပ်နယ်မြေ ၈ ခုတွင် တာဝန်ထမ်းနေသည့် စစ်ကောင်စီတပ်ဖွဲ့အားလုံးကို ၂၄ နာရီ စစ်ဆင်ရေးအတွက် အမြဲ အသင့်ရှိရမည့် တန်းပြည့်စစ်မှုထမ်းများအဖြစ် မင်းအောင်လှိုင်က သတ်မှတ်ဟု အမိန့်ထုတ် – KT ဗိုလ်လောင်းများ ထွက်မပြေးအောင် ထိန်းကျောင်းအုပ်ချုပ်ရန် စစ်ခေါင်းဆောင်ပြော – DVB လွိုင်ကော်မြို့ကို စစ်ကောင်စီတပ်က ပြန်လည်ထိုးစစ်ဆင် – RFA ကလေးမြို့တွင် ပစ်ခတ်မှုဖြစ်ပြီး တော်လှန်ရေးတပ်ဘက်က ဒုတပ်ရင်းမှူး အသေဖမ်းဆီးခံရ – MZM 📰 နိုင်ငံရေးထူးခြားသတင်းများ ချင်းပြည်နယ်၊ ကန်ပက်လက်၊ မင်းတပ်၊ မတူပီနှင့် ပလက်၀မြို့နယ်တို့မှ ဒိုင်ရ်နယ်မြေများကို ပေါင်းစည်အုပ်ချုပ်ရန် ဒိုင်ရ်ဒေသန္တရကောင်စီ ဖွဲ့စည်း၊ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ (ဒိုင်ရ်)ကိုလည်း ဖွဲ့စည်းထူထောင်မည် – KT 📰 နိုင်ငံခြားရေးထူးခြားသတင်းများ ရုရှားက မြန်မာနဲ့ကာဂျစ္စတန်မှာ အသေးစား နျူကလီးယားဓာတ်အားပေးစက်ရုံတွေ တည်ဆောက်ဖို့ ဖြစ်နိုင်ချေလေ့လာမှုတွေ ပြုလုပ် – AT မလေးရှားရောက် မြန်မာတစ်ထောင်ကျော် ဖမ်းဆီးခံထားရ – RFA 📰 စီးပွားရေးထူးခြားသတင်းများ ခေတ်မမီတော့သည့် ကုန်ပစ္စည်း ဖလှယ်သည့် Barter စနစ် စစ်ကောင်စီ ပြန်ကျင့်သုံး – DVB စစ်ကောင်စီက နိုင်ငံခြားငွေ မသုံးလို၍ Barter စနစ်ကို အသုံးပြုလိုသော်လည်း ကုန်သွယ်ဖက်နိုင်ငံလက်ခံမှသာ ကုန်စည်ဖလှယ်စနစ်အသက်ဝင်နိုင်မည် – AT အာဆီယံတွင် လူတဦးချင်း ဝင်ငွေအနိမ့်ဆုံးနိုင်ငံအဖြစ် မြန်မာ ရပ်တည် – DVB တရုတ်-မြန်မာနယ်စပ်မှာ တရုတ်ယွမ်တစ်ရာကို မြန်မာကျပ်ငွေ ခြောက်သောင်းကျော်အထိမြင့်တက် – RFA အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၄၉၁၀ နှင့် ၅၀၁၀ အကြား ရောက်ရှိပြီး အခေါက်ရွှေတစ်ကျပ်သားလျှင် ၅၈ သိန်း ၈ သောင်းခွဲသို့ ရောက်ရှိ – KT အမေရိကန်တစ်ဒေါ်လာလျှင် ၄၆၅၀ ကျပ် စျေးတက် လာချိန် စစ်ကောင်စီဗဟိုဘဏ်က အွန်လိုင်းပေါ်မှ ငွေလဲလှယ်နှုန်းများကို မယုံကြည်ကြရန်နှင့် မကြည့်ကြရန် ကြေညာပြန် – KT စစ်ကောင်စီ၏ အဖမ်းအဆီးများကြောင့် ရွှေနှင့်ဒေါ်လာစျေး တပြိုင်နက်တည်း ကျဆင်းပြီး အခေါက်ရွှေစျေး ၅၇ သိန်းဝန်းကျင်နှင့် ဒေါ်လာစျေး ၄၅၅၀ ဝန်းကျင်အထိ စျေးပြန်ကျ – KT မြန်မာ့ရွှေဈေး ဆယ်ရက်အတွင်း ကျပ်ရှစ်သိန်း မြင့်တက် – RFA နိုင်ငံတော်၏ ဘတ်ဂျက်လိုငွေပြမှု အနည်းဆုံး ငွေကျပ်ဘီလီယံ ၁ သောင်းအထက်ရှိနေချိန် ဗဟိုဘဏ်က ငွေစက္ကူအသစ်များစွာ ထုတ်ပေး ထွက်ရှိ လည်ပတ်နေမှု ပုဂ္ဂလိကဘဏ်တချို့နှင့် စီးပွားရေးအသိုင်းအ၀ိုင်း အတည်ပြု – KT 📰 အခြားထူးခြားသတင်းများ ဦးတင်ဦး ကျန်းမာရေးအခြေအနေ စိုးရိမ်ရ – RFA မြန်မာပြည်တွင်းတွင် VPN များ ချိတ်ဆက်မရတော့ဘဲ လူမှုကွန်ရက် Facebook စာမျက်နှာနှင့် မက်ဆင်ဂျာများ သုံးစွဲမရ ဖြစ်နေ – KT SSPP တပ်ဖွဲ့ဝင်များကို TNLA က မူဆယ်ဘက်သို ပြန်လည်ပို့ဆောင်ခြင်းသည် နှစ်ဖက်ဆွေးနွေးမှုအရ ပို့ဆောင်ခြင်းဖြစ် – AT လမ်း၊တံတားကြေးများ တိုးမြှင့် ကောက်ခံရန် စစ်ကောင်စီ ညွှန်ကြား – PS လူငယ်ထိန်းသိမ်းရေး သင်တန်းကျောင်း သုံးခုရှိ နိုင်ကျဉ်းသူများ လိင်ပိုင်းဆိုင်ရာ ဖိနှိပ်ခံနေရ – MPA #rangoonscoutnetwork
Показать все...
1
ဒဂုံဆိပ်ကမ်း (Delayed) စခ Faw ကားနှစ်စီး ပဲခူးမြစ်လမ်းအတိုင်း တောင်ဒဂုံဘက်သို့ ဦးတည်။ 8:10 AM @Dagon_Seikkan_Scout 👉သတင်းပေးရန်။
Показать все...
Repost from The 𝗩𝗙⁺₊+
အရင်ကထက် လူသုံးများလာတဲ့ VPN တွေ တခြား website တွေရဲ့ IP ကို ဘန်းလိုက်တယ်လို့သိရပါတယ်
Показать все...
Repost from Khit Thit Media
မြန်မာပြည်တွင်းတွင် VPN များ ချိတ်ဆက်မရတော့ဘဲ လူမှုကွန်ရက် Facebook စာမျက်နှာနှင့် မက်ဆင်ဂျာများ သုံးစွဲမရ ဖြစ်နေ ရန်ကုန်၊ မေ ၃၀ မြန်မာပြည်တွင်းတွင် VPN များ ချိတ်ဆက်မရတော့ဘဲ လူမှုကွန်ရက် Facebook စာမျက်နှာနှင့် မက်ဆင်ဂျာများ သုံးစွဲမရ ဖြစ်နေကြောင်း ရန်ကုန်မြို့နှင့် မန္တလေးမှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။ "ဒီမနက်က စပြီး VPN တွေချိတ်မရဘူး။ ပုံမှန်သုံးနေတဲ့ VPN ကို ချိတ်မရတာ။ Wifi ပေးတဲ့ ကုမ္ပဏီကို ဆက်တော့ အခြား VPN တစ်ခု သုံးခိုင်းတယ်။ ချိတ်လို့ရပေမယ့် Facebook ဖွင့်တာ ဘာမှ ကြည့်မရဘူး။ ဓာတ်ပုံရော စာသားရော မပေါ်တာ။ မက်ဆင်ဂျာကလည်း စာပဲ ရိုက်လို့ရတယ်။ ဖုန်းပြောမရဘူး" ဟု မရမ်းကုန်းမြို့နယ်မှ ပြည်သူတစ်ဦးက ပြောဆိုသည်။ ရန်ကုန်ခေတ်သစ်သတင်းဌာနက ရန်ကုန်အခြေစိုက် အင်တာနက်ဖိုက်ဘာလိုင်းဝန်ဆောင်မှုပေးသော ကုမ္ပဏီတစ်ခုကို ဆက်သွယ်မေးမြန်းရာ တရုတ်နိုင်ငံမှ ဆော့ဝဲများဖြင့် VPN များ အသုံးပြုမရစေရန် လုပ်ဆောင် ပိတ် ဆို့ထားသည်ဆိုသော သတင်းများသိရှိထားကြောင်း၊ ယခု ပြည်သူများ အကျွမ်းတဝင် အသုံးပြုနေသော VPN များ သုံးမရဖြစ်နေသည်ဆိုသော ဖုန်းဆက်မေးမြန်းမှုများ ယနေ့ နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတွင် အလွန်များပြားကြောင်း ပြောဆိုသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့်နီးစပ်သော သတင်းရင်းမြစ်တစ်ခုကမူ ယခုနှစ် ဖေဖော်ဝါရီလမှစတင်ပြီး တရုတ်နိုင်ငံမှ ကုမ္ပဏီတစ်ခုထံသို့ စစ်ကောင်စီက VPN များကို ပိတ်ပင်နိုင်သည့် Great Firewall တစ်ခု တည်ဆောက်ရန် တင်ဒါပေးလိုက်ကြောင်း၊ ယင်းတရုတ်ကုမ္ပဏီက နေပြည်တော်နှင့်ရန်ကုန်တွင် အခြေ စိုက်ပြီး Great Firewall များ တည်ဆောက်နေသည်ဆိုသော သတင်းများ ကြားသိထားကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ယခုနှစ် မတ်လ ၁၄ ရက်နေ့တွင် ပြောဆိုခဲ့သည်။ "တရုတ်လို Great Firewall တွေ လုပ်မယ်လို့ သတင်းတွေ ထွက်နေတာကြာပြီ။ အတိအကျတော့ ဘယ်တရုတ်ကုမ္ပဏီလဲဆိုတာ မသိရဘူး" ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့်နီးစပ်သော သတင်းရင်းမြစ်က ယခုနှစ် မတ်လ ၁၄ ရက်နေ့တွင် ပြောဆိုခဲ့သည်။ စစ်ကောင်စီက မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် ဖေ့ဘုတ်စ် Facebook လူမှုကွန်ရက်အသုံးပြုမှုများကို တရားဝင်ပိတ်ပင်လိုက်သဖြင့် ပြည်သူများမှာ VPN အသုံးပြု၍ Facebook လူမှုကွန်ရက်ကို သုံးစွဲနေကြရခြင်းဖြစ်သည်။ ဓာတ်ပုံ- ထိုင်းနိုင်ငံရောက် မြန်မာတစ်ဦးက ဖေ့ဘုတ်စ်သုံးစွဲနေစဉ်။
Показать все...
Repost from Khit Thit Media
Фото недоступноПоказать в Telegram
Repost from Karenni Guys