ru
Feedback
ပန်ဆယ်လို

ပန်ဆယ်လို

Открыть в Telegram

🔺 ဘုရားခေတ်မှာဆိုရင် ရဟန္တာဖြစ်တဲ့အထိ လိမ်မာမယ်။ အမှောင်ခေတ်မှာတော့ အာဏာရှင်ကို ဖီဆန်မယ်။ 🔺

Больше

📈 Аналитический обзор Telegram-канала ပန်ဆယ်လို

Канал ပန်ဆယ်လို (@pencilochannel) языкового сегмента Бирманский является активным участником. Сейчас сообщество объединяет 158 772 подписчиков, занимая 193 место в категории Блоги и 411 место в регионе Мьянма.

📊 Показатели аудитории и динамика

С момента создания невідомо проект демонстрирует стремительный рост, собрав аудиторию из 158 772 подписчиков.

Согласно последним данным от 27 июля, 2026, канал показывает стабильную активность. За последние 30 дней изменение числа участников составило -4 323, а за последние 24 часа — -159, при этом общий охват остаётся высоким.

  • Статус верификации: Не верифицирован
  • Уровень вовлечённости (ER): Средний показатель вовлечённости аудитории составляет 28.49%. В первые 24 часа после публикации контент обычно набирает N/A% реакций от общего числа подписчиков.
  • Охват публикаций: В среднем каждый пост получает 0 просмотров. В течение первых суток публикация набирает 0 просмотров.
  • Реакции и взаимодействия: Аудитория активно поддерживает контент: среднее количество реакций на один пост — 0.

📝 Описание и контентная политика

Автор описывает ресурс как площадку для выражения субъективного мнения:
🔺 ဘုရားခေတ်မှာဆိုရင် ရဟန္တာဖြစ်တဲ့အထိ လိမ်မာမယ်။ အမှောင်ခေတ်မှာတော့ အာဏာရှင်ကို ဖီဆန်မယ်။ 🔺

Благодаря высокой частоте обновлений (последние данные получены 28 июля, 2026) канал поддерживает актуальность и высокий уровень охвата публикаций. Аналитика показывает, что аудитория активно взаимодействует с контентом, что делает его важной точкой влияния в категории Блоги.

158 772
Подписчики
-15924 часа
-1 0307 дней
-4 32330 день
Архив постов
စစ်ရေးအမြင်ဆိုလို့ ငယ်ငယ်တုန်းက ငတိတွေနဲ့ ပါးစပ်သေနတ်ပစ်ရင်း ကစားဖူးတာပဲ ရှိတာ။ ဒါပေမယ့် ရဟက်ယာဉ်ကို ဆော်တဲ့ ဒရုန်းတစ်စင်းနေရာမှာ နှစ်စင်းသာဆို သစ်ပင်ဘေးပုန်းနေတဲ့ ကောင်တွေပါ ဗျင်းခဲ့လို့ရမှာလို့ တွေးပြီး နေမထိ ထိုင်မသာနဲ့။ ရင်ထဲက ယိုဖိတ်ကျနေတဲ့ မေတ္တာတရားတွေပေါ့ ငါရှင်တို့ရယ်။

ရဟက်ယာဉ်ကြီး ဖုန်းခနဲ ကွဲသွားတာကိုကြည့်ရင်း လှိုက်ခနဲ ပျော်သွားတဲ့ အပျော်နဲ့ တစ်ဆက်တည်း အာ့ကျကျ… စက်ချို့ယွင်းတာပါဆိုပြီး လိမ်ပေးမယ့် ဇော်မဲလုံးတောင် သွားသတိရမိတယ်။ ဪ မုန်းစွဲပါတကား။

စခန်းထဲ မိုင်းထောင်တယ်ဆိုတာ ဆုတ်ခွါချိန်မှာ ဝင်လာမယ့်အဖွဲ့ကို အသေသတ်ချင်မှ လုပ်တဲ့ကိစ္စ။ ဘယ်ကောင်မှ ကိုယ့်စခန်းထဲကိုယ် ပလိန်းကြီး မိုင်းမထောင်ဘူး။ အမြဲတမ်း အိပ်ဆောင်ထဲ မိုင်းထောင်ထားပြီး ဆုတ်ခွါမှ ဖြုတ်ဖို့ မမီလိုက်တာပါဆိုတဲ့စကားက ယုံစရာရှိလား မရှိလား။ ပြောတဲ့လူတွေ ကိုယ်တိုင်လည်း ယုံကြလို့လား။ ရဲဘော် ၄ဦး သေဆုံးပြီး ရဲဘော်တွေ အများအပြား ဒဏ်ရာရတဲ့ကိစ္စ တာဝန်ယူတာဝန်ခံမှု ရှိကြစေချင်တယ်။

ငယ်ငယ်ကဆို ကျောင်းခန်းထဲ ဆရာမဆီ အရင်ပြေးပြေးပြီး အရင်တိုင်တဲ့ကောင်ဆိုရင် သေချာတယ် အဲကောင် ပေါက်ကရလုပ်တဲ့ကောင်ပဲ။ 😌

ကိုယ်မြင်တာကတော့ NUD, MOD တပ်ဆိုရင် နေရင်းထိုင်ရင်းကို ဘလိုင်းကြီး ကြိတ်ချင်ကြတာမှ။ စကစဆီ ပူးပေါင်းသွားတဲ့ နဂါးလိုကောင်တောင် မိုဒီကို ခွေး… ချီးနိုင်သလို နိုင်လိုက်တာမှ။ ဦးရည်မွန်ဆိုတာ နဂါးပါးစပ်ထဲမှာ ရစရာကို မရှိတာ။ နောက်ဆုံး နဂါးကနေ တီကောင်ဖြစ်၊ တီကောင်ကနေ လောက်ကောင် ဖြစ်ခါနီးတောင် နဂါးတပ်တွေကို မိုဒီက ဝိုင်းတယ်လည်း သတင်းတက်လာရော မိုဒီတပ်တွေကို ဆဲလိုက်ကြတာမှ။ စစ်ကောင်စီက ဟယ်လီကော်ပတာကြီးနဲ့ တီကောင်ကို မ,သွားမှပဲ အဆဲရပ်တော့တယ်။ ဒါတောင် တီကောင်ကို စကစဆီ တွန်းပို့လိုက်တာဘာညာဆိုပြီး မရအရ ဗျင်းသေးတာ။ အခုလည်း PLA ကို မိုဒီတပ်တွေ ဝိုင်းတော့ မိုဒီပဲ ဆဲကြတာ။ ဘာကြောင့်ဝိုင်းတာလဲဘာတွေဖြစ်တာလဲ စိတ်မဝင်စားဘူး။ NUG, MOD မို့ အော်တိုဆဲတာ။ PDF လေးယောက် မိုင်းဆွဲခံရလို့ ကျတဲ့အထိ PLA က ဗျင်းမှ လှေဦးထိပ်က ဆျာကြီးများ အင်း အဲ ဖြစ်ကုန်ကြတာ။ လိုချင်လိုက်တဲ့ ဒီမိုကရေစီ မိုဒီဆို သူ့အမေရိုးသလိုပ ကိုးဆယ်ဆ ယုတ်လိုက်ကြပါတဲ့ သန္ဓေတွေ။ အံ့ဩပ။

အခြေအနေက အာပေါင်အာရင်းသန်သန် စောက်စကားများတဲ့ဟာတွေကိုပဲ ယုံနေကြတဲ့သဘော။ PLA က သူတို့ကို NUGရဲ့ တပ်တွေက ဝိုင်းနေပါပြီဆိုပြီး Online ပေါ် အရင်တက်အော်တယ်။ မီဒီယာတွေများစွာမှာ တင်တယ်။ ပြောလိုက်သေးတယ်။ သူတို့ဘက်က ကျည်စမပေါက်ရစေပါဘူးတဲ့။ ဒီစကားလေးက လူကြိုက်တာပေါ့။ NUG ကို ဝိုင်းဆဲလိုက်ကြတာ သောင်းသောင်းဖျဖျ။ စစ်တိုက်တမ်း ကဂျားကြမယ်ဆိုပြီး အပျင်းပြေ သွားဝိုင်းစရာမှ မဟုတ်တာ။ PLAက ပြည်သူတစ်ယောက်ကို ဒလန်သတင်းပေးဆိုပြီး အိမ်ထိသွားဖမ်းတဲ့အပြင် ကားတွေ ဆိုင်ကယ်တွေ အိမ်ဂရံတွေကအစ ယူတယ်။ သိန်းနှစ်ထောင်နဲ့ လာမရွေးရင် သတ်မယ်ဆိုတာမျိုးလုပ်လို့ ဒီအမှုက NUG ဆီ ရောက်တယ်။ ဒီကိစ္စနဲ့ NUG ဆီ လွှဲဖို့တောင်းဆိုတာကနေ အခုလို ဝိုင်းတဲ့ကိစ္စ ဖြစ်တယ်။ ဒီနေရာမှာ PLA ဘက်က ပြောကြားချက်နဲ့ NUG ဘက်က ပြောကြားချက်က သူမှန်တယ်၊ ကိုယ်မှန်တယ်ဆိုတာမျိုးဖြစ်နေတော့ အဲ့ကိစ္စကတော့ပြောရင် ငြင်းရမယ်ပဲ ရှိတယ်။ ထားလိုက်တော့။ ရှင်းရှင်းလင်းလင်း လက်မခံနိုင်တာက တစ်ခုပဲ ရှိတယ်။ PLA ဘက်က ကျည်မပေါက်စေရပါဘူးလို့ အသံကောင်းဟစ်ပြီး အိပ်ဆောင်ထဲ မိုင်းထောင်ပြီး ခွဲတာကြောင့် PDF ရဲဘော်(၄)ဦး သေဆုံးပြီး ရဲဘော်တွေ အများကြီး ဒဏ်ရာရရှိသွားတဲ့ ကိစ္စပဲ။ PLA ဘက်က ကျဆုံးသူမရှိဘူး။ PDF တွေ ကျတယ်။ ဒါဆို ကျည်မပေါက် စေတာ ဘယ်ဘက်ကလဲ။ PLA လား၊ NUG PDFတွေလား။ မြေပြင်အခြေအနေတွေ ရှုပ်ထွေးတာမို့ မှန်သည်မှားသည် ဘာမှမပြောချင်ပေမယ့် ဒီတော်လှန်ရေးမှာ ရဲဘော်တွေရော၊ တော်လှန်ပြည်သူတွေရော ရင်အနာရဆုံးကိစ္စက ရန်သူကိုတိုက်ရင်း ကျဆုံးရတာမဟုတ်ဘဲ တော်လှန်ရေးတပ်အချင်းချင်းကြောင့် ကျဆုံးရတဲ့ကိစ္စပဲ။ တော်လှန်ရေး အောင်မြင်ချင်လို့၊ စစ်အာဏာရှင်ကျဆုံးစေချင်လို့ ဘဝတွေ အိပ်မက်တွေ ပစ်ချပြီး အသက်ပေးတိုက်ပွဲဝင်နေတဲ့ ဒီလူငယ်တွေအပေါ် ခင်ဗျားတို့ လုပ်ရက်လိုက်ကြတာ။ သူတို့မှာ သူတို့ ရွံမုန်းတဲ့ စစ်အာဏာရှင်ကို တိုက်ရင်း၊ ရန်သူကို တိုက်ခိုက်ရင်း မြင့်မြတ်စွာ ကျဆုံးရတာမျိုး မဟုတ်ဘဲ ကိုယ့်တော်လှန်ရေးဘက်သားချင်းကိုမှ အိပ်ဆောင်ထဲ မိုင်းထောင်ထားခဲ့လို့ ကျဆုံးရတယ်လို့။ တစ်ခုခုဆို ကိုယ်ကလည်းလုပ်သေး၊ ကိုယ်ကလည်း လိုင်းပေါ် ဦးအောင် တက်အော်ကြသေး။ တော်လှန်ရေး ရဲဘော်အချင်းချင်းတောင် အများအပြားသေအောင် ကျည်ပေါက်တာထက်ဆိုးတဲ့ မိုင်းထောင်တဲ့ အခြေအနေဆိုတော့ လူကိုဖမ်း၊ တန်ဖိုးကြီးတာတွေယူ၊ သိန်းနှစ်ထောင်နဲ့ ရွေးခိုင်းတာ မဟုတ်ပါဘူးဆိုတာ ဘယ်လို ယုံပေးရတော့မလဲ။ ကျဆုံးသွားတဲ့ ရဲဘော်တွေအတွက် တာဝန်ယူ တာဝန်ခံမှုနဲ့ တရားမျှတမှုကို ဘယ်လိုဆောင်ရွက်ပေးမလဲ။ လိုင်းပေါ် အရင်ပန်းနုသွေးနိုင်လိုက်တာနဲ့ ရဲဘော်၄ဦး ကျဆုံးအောင် မိုင်းခွဲလို့ ရပြီထင်သွားတာဆိုရင် တစ်ဖက်တည်းစကားနားယောင်ပြီး တင်တဲ့ မီဒီယာတွေ၊ ဇွတ်ဆဲကြတဲ့ကောင်တွေလည်း တာဝန်မကင်းဘူးဆိုတာပဲ။ ကျည်မပေါက်စေရဘူး မိုင်းတော့ဆွဲမယ်ဆိုတာမျိုး။ အတော်ကို ရုပ်ပေါက်ချက်ပဲ။

အမေသိရင် ဝမ်းနည်းနေရှာမှာ။ RIP ပါ တိုက်ချီဒိုလေးရေ 😢
အမေသိရင် ဝမ်းနည်းနေရှာမှာ။ RIP ပါ တိုက်ချီဒိုလေးရေ 😢

နှင်းဆီပန်တာတောင် နိုင်ငံတော်အကြည်ညိုပျက်စေမှု မြောက်ရင် ၂၀၁၃ ကနေ ၂၀၂၆ အထိ ဆဲလာတဲ့ မိမိဆို တစ်ပိုစ့်ကို ထောင်တစ်ရက်ပဲ တွက်တောင် အရိမေတ္တယျဘုရားရှင် ပွင့်တဲ့အထိ လွတ်လမ်းမမြင်ဘူး။ ဒီကောင့်ကို ဆဲကြတဲ့အထဲ အိုင်အတန်ဆုံးပဲ။ 😌

ရောဂါနဲ့ ဆုံးပါးတယ်။ ဆုံးပါးကြောင်း သတင်းတက်လာတယ်။ တော်လှန်ရေးသူရဲကောင်းကြီးအဖြစ် အလေးပြုကြဆိုပြီး ဘယ်သူကမှ ပြောနေတာလည်း မဟုတ်။ BC, BC ဆိုလည်း သူက ဘာမှ မသိနိုင်တော့ဘူး။ မသိခဲ့ကြလို့ သူရှင်းမပြလို့ ဘောမတံဆိပ်ကပ်ကြတာလည်း နားလည်တယ်။ သူသည် တော်လှန်ရေးအတွက် ဘာမှမလုပ်ပေးခဲ့တာမို့ တော်လှန်ရေးသူရဲကောင်းလို ဂုဏ်ပြုစရာမရှိတာလည်း သဘောတူတယ်။ စာရေးဆရာတစ်ယောက် ကွယ်လွန်တယ်ဆိုတာမျိုးလောက်ပဲ.. ရပြီမဟုတ်လား။ မင်းခိုက်စိုးစန်ဟာ တော်လှန်ရေးမှာ ကိုယ်တွေ ပါဝင်စေချင်သလို မပါဝင်ခဲ့ပေမယ့် စစ်တပ်အတွက် အလုပ်မလုပ်ပေးခဲ့ဘူးဆိုတာ မသိလို့ အထင်လွဲကြသူတွေကို ရှင်းပြတာ။ ငါက ဘောမလို့ ထင်တာမို့ အမှန်အမှားအစစ်ထက် ငါထင်တဲ့အရာကပဲ အမှန်ဖြစ်ရမယ်ဆိုတဲ့သူတွေ နားလည်သွားပါစေလို့ ကိုယ်မရည်ရွယ်ဘူး။ ဒီလောက်ပါပဲ။ ပန်ဆယ်လိုသည်လည်း ဒီနေ့ဒီအချိန်ထိ တော်လှန်ရေးထဲ တသားတည်း ပါဝင်နေသူဖြစ်တာမို့ ဘောမကို ရွှေချမနေဘူးဆိုတာလောက် နားလည်ရင်ပဲ ရပါပြီ။ ၂၀၂၁ နောက်ပိုင်း စစ်တပ်အတွက် အလုပ်လုပ်ပေးခဲ့တယ်ဆိုတဲ့ အချက်အလက်အမှားကြောင့် ဆဲနေကြသူတွေကိုပဲ ဒီအချက်အလက်မဟုတ်ကြောင်း ရှင်းပြတာ။တော်လှန်ရေးမှာ မပါဝင်ခဲ့တာကြောင့် မင်းခိုက်စိုးစန်ကို ဆဲချင်တာဆိုရင်တော့ ဆက်ဆဲပါ။ အဲ့နှစ်ခုကို ကွဲပြားရင် ရပြီ။

ကိုယ်တွေ တော်လှန်ရေးကို မျက်ချေပြတ်သွားပုံ ရတယ်။ ဖိနှိပ်မှုတွေကြောင့် အပြင်မှာနီခွင့်မရဘဲ အတွင်းကြိတ်လေး နီနေရှာတဲ့ လူရှင်တွေကို ဘောမတံဆိပ်ကပ်ပြီး ဟိုဘက်ကို တွန်းပို့နေရာကနေ ဘောမမ,တဲ့ လူသေကိုပါ ဘောမတံဆိပ် အတင်းကပ်ပြီး ဟိုဘက်ကို တွန်းထုတ်တဲ့ လယ်ဗယ်အထိ မြင့်သွားကြပြီ။ စစ်တပ်က ကြောက်အောင် ဖိနှိပ်တယ်။ ကြောက်ကြောက်နဲ့ အတွင်းကြိတ် ပါဝင်နေသူတွေကို လက်သီးလက်မောင်းမတန်းရကောင်းလားဆိုတဲ့ အပြစ်နဲ့ တော်လှန်ကျပ်မပြည့်တွေက ဘောမတံဆိပ်ကပ်ပြီး စိတ်ပျက်အောင် တွန်းထုတ်တယ်။ သတိထားမိကြလားမလား တော်လှန်ရေး ငါးနှစ်အကြာမှာ တကယ်အလုပ်လုပ်သူတွေ စိတ်ပျက်လက်ပျက် အသံတိတ်လာကြသလောက် တော်လှန်ရေးထဲ လေပေါရုံကလွဲပြီး ဘာမှစောက်သုံးမကျတဲ့ကောင်တွေပဲ အာကျယ်ပါကျယ် တွင်ကျယ်ကျန်ခဲ့တယ်ဆိုတာ။ အားလုံးကောင်းပါသည်ခင်ဗျားပေါ့။ အဟက်

photo content

ဒီနောက်ပိုင်း သူပြည်ပထွက်ဖို့ Passport လေး ရဖို့ကို အတော်ကြိုးစားလိုက်ရပြီး US ရောက်လာခဲ့တယ်။ လူတွေကို ရှင်းပြရတာ မကြိုက်တဲ့ဆရာ့ကို ဒီကိစ္စတွေ ရှင်းပြစေချင်ခဲ့ပေမယ့် သူ့စိုးရိမ်မှုက သူရှင်းပြလိုက်ကာမှ သူတန်ဖိုးထားရတာတွေနဲ့ အကြပ်ကိုင်ပြီး သူ့ကို ပြည်တွင်းပြန်လာဖို့ ဖိအားပေးလာနိုင်တာမို့ ဆိုရှယ်မီဒီယာမှာ ကျယ်ကျယ်လောင်လောင် ရှင်းပြဖို့ မပြောနဲ့၊ သူနေထိုင်သွားတဲ့ ပတ်ဝန်းကျင်မှာတောင် တိတ်တိတ်ဆိတ်ဆိတ်လေးပဲ ဘယ်သူနဲ့မှမတွေ့ဘဲ ရှင်သန်သွားခဲ့တာ။ အခု သူလည်း စစ်အာဏာရှင်လက်အောက်မဟုတ်တဲ့ နေရာမှာ သူ့ရဲ့ နောက်ဆုံးနေ့ရက်တွေကို ဖြတ်သန်းပြီး ထွက်သွားခဲ့ပြီ။ လူတွေကို ရှင်းမပြခဲ့တဲ့ မင်းခိုက်စိုးစန်ကို ဘောမလို့ ဆဲရေးနေသူတွေကိုလည်း သူ့ထုံးစံအတိုင်း အရေးမပါသလိုပဲ ပြုံးနေဦးမှာဆိုပေမယ့်၊ ကိုယ်တွေကတော့ သူမလိုချင်ပေမယ့် သူ့အတွက် တရားမျှတစေချင်တယ်။ သူမရှိတော့ဘူးဆိုတော့ သူစိုးရိမ်တဲ့ သူ့ကို ဖိအားပေး ပြန်ခေါ်တာမျိုးလည်း မလုပ်နိုင်တော့တာမို့ ကိုယ်တွေလည်း အမှန်တရားအတိုင်း ကိုယ်သိသလောက် ပြောပြခွင့်ရှိတယ် ယုံကြည်တယ်။ လူတွေ သိပ်မပြောကြတာက မင်းခိုက်စိုးစန်ဟာ ၁၉၈၈ ဝန်းကျင်မှာလည်း နိုင်ငံရေးအကျဉ်းသားတစ်ဦး ဖြစ်ခဲ့သလို ၂၀၂၁ နောက်ပိုင်းမှာလည်း စစ်တပ်အတွက် ဘာအနုပညာ ဘာတစ်ခုမှ လုပ်မပေးခဲ့ဘူးဆိုတာပဲ။ ၂၀၂၁ နောက်ပိုင်းမှာ (စစ်တပ်က သူ့ဂုဏ်သိက္ခာကို ဆွဲချပစ်ခဲ့ပြီး နောက်ပိုင်းမှာ) ဘာအနုပညာ ဘယ်အလုပ်ကိစ္စကိုမှ မလုပ်တော့သလို သူ့ဘဝကို သူပစ်ချလိုက်တယ် ထင်တယ်။ US ရောက်ပြီးနောက်ပိုင်း တစ်နှစ်ကျော်အကြာမှာ သူကျန်းမာရေးထိခိုက်လာတယ်။ တစ်နှစ်လောက် ဆေးရုံတက်ရင်းဆင်းရင်း အခု သူဆုံးပါးသွားတယ်။ ကိုယ်က သူ့ဘဝရဲ့ရှေ့ပိုင်းတွေ၊ သူအောင်မြင်စဉ်ကာလတွေမှာ့ သူ့စာတွေကို နှစ်သက်ခဲ့တာကလွဲပြီး သူ့ကို မသိခဲ့ပေမယ့် သူ့ဘဝရဲ့ နောက်ဆုံးသုံးနှစ်ကိုတော့ သိခဲ့တယ်။ ချစ်ခြင်းမေတ္တာကို အရေးတကြီးပုံစံ မခံယူတတ်တဲ့ ဒီစာရေးဆရာဟာ သူရဲ့ နောက်ဆုံးအချိန်တွေမှာ အမျိုးသမီးတစ်ယောက်ကို တရားဝင် လက်ထပ်ခဲ့တယ်။ ဒီအမျိုးသမီးရဲ့ ပြုစုစောင့်ရှောက်မှု ကြင်နာခြင်းတွေကြားမှာ သူခေါင်းချသွားခဲ့တယ်။ ပြီးတော့ အခုလူတွေ တံဆိပ်ကပ်ရေးနေကြတဲ့ စစ်တပ်အတွက် ဇာတ်ညွှန်းတွေ ဆက်ရေးပေးနေတယ်ဘာညာ ပြောဆိုခံနေရတဲ့ ဒီလူဟာ ဒီကာလထဲမှာ “သေတွင်းစစ်” အမည်ရ စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာလူငယ်တွေရဲ့ လွင့်စင်ကြေမွသွားတဲ့ဘဝတွေ အိပ်မက်တွေအကြောင်း ဝတ္ထုရှည်တစ်ပုဒ်ကို အင်္ဂလိပ်/မြန်မာ နှစ်ဘာသာနဲ့ ရေးသားသွားခဲ့တယ်။ ဒါဟာ မင်းခိုက်စိုးစန်ဆိုတဲ့ ခေတ်တစ်ခေတ်ကို လွှမ်းမိုးခဲ့တဲ့ စာရေးဆရာတစ်ယောက်ရဲ့ နောက်ဆုံးအနုပညာ နောက်ဆုံးဖန်တီးမှုပါပဲ။ မနေ့က Social Media ပေါ် မင်းခိုက်စိုးစန် ကွယ်လွန်ပြီဆိုပြီး ဝမ်းနည်းပေးကြ၊ ပြီးတော့ ဘောမတဲ့လူသေတာဆိုပြီး ဝိုင်းပြောဆိုနေကြချိန်မှာ ဆရာ့ Body က ကိုယ်တွေရှေ့မှာ အနွေးဓါတ်မပျောက်သေးပါဘူး။ ဆရာရေးခဲ့တဲ့ “ဒီစစ်ပွဲပြီးရင် ကျောင်းတက်ချင်တယ်” ဆိုတဲ့ကဗျာကိုလူရှေ့ရွတ်ကြ၊ ပြီးရင် ဒီကဗျာရေးသူရဲ့ ခံစားချက် ခံယူချက်ကို မေ့လျော့ပြီး ရှင်းမပြနိုင်တော့သူကို သူတို့ထင်မြင်သလို စွတ်စွဲဆဲရေးကြ။ ရယ်ရတဲ့လောကပါပဲ။ ဆရာ့စာတွေထဲ ခဏခဏပါတဲ့ လူတွေရဲ့ ရက်စက်တဲ့ကမ္ဘာကြီးကို မျက်မြင်တွေ့ခဲ့ရတာပါပဲ။ မင်းခိုက်စိုးစန်ကို တော်လှန်ရေးသူရဲကောင်းကြီးလို ဂုဏ်ပြုနေတာ မဟုတ်သလို အဲ့လိုဂုဏ်ပြုပေးမှုကိုလည်း မျှော်လင့်နေ တောင်းဆိုနေတာလည်း မဟုတ်ဘူး။ အရည်အချင်းရှိတဲ့ စာရေးဆရာတစ်ယောက် ကွယ်လွန်သွားတယ်၊ ဒီလောက်လေးဆို ရပါပြီ။ ရှင်းမပြခဲ့ဘူးဆိုတဲ့အပြစ် ရှိခဲ့ရင်တောင် အခုလိုအုပ်ဂူထိ တံဆိပ်ကပ်နေကြတဲ့ အရှက်ရစရာမျိုး သူမလုပ်ခဲ့ဘူးဆိုတာ ကိုယ်သိခဲ့တဲ့ သူ့စာမျက်နှာကို ပြောပြရုံပါပဲ။ “အမှန်တရားထက် ကိုယ့်ထင်မြင်ယူဆချက်ကိုပဲ အမှန်ဖြစ်စေချင်ကြတဲ့” အချို့သော လူတွေဆီက အမြင်ကြည်မှုကိုလည်း မင်းခိုက်စိုးစန်က တစ်စက်လေးမှ လိုချင်မသွားဘူးဆိုတာ ယုံကြည်နေတာမို့ ကိုယ်ကတော့ ဒီပိုစ့်နဲ့တင် ကိုယ့်တာဝန်ကျေပြီလို့ ယူဆပါတယ်။ ရှင်းမပြတာ (သို့မဟုတ်) ရှင်းမပြနိုင်ခဲ့တာဟာ အမှန်တရား ရှိမနေခဲ့တာ မဟုတ်ဘူးဆိုတာပါပဲ။ စစ်တပ်က ဖန်တီးခဲ့တဲ့ မင်းခိုက်စိုးစန်လို စာရေးဆရာက ငါတို့ဘောကိုမတာကွဆိုတဲ့ လုပ်ကြံဖန်တီးမှုကို တော်လှန်ရေးဘက်သားတွေက အပြည့်အဝ ယုံကြည်ပေးကြတယ်ဆိုတာ ဆရာမြင်မသွားလိုက်တာလည်း တမျိုးကောင်းပါတယ်။ မင်းခိုက်စိုးစန်အကြောင်းကို ပန်ဆယ်လို့ဆီက သိရတာ ဆက်စပ်မရ ဖြစ်သွားနိုင်ပေမယ့် အခုအချိန်မှာ ဒီအကြောင်းတွေကို အခုအချိန်မှာ ပွင့်ပွင့်လင်းလင်း ပြောပြနိုင်တဲ့အခြေအနေက ကိုယ်ပဲ ရှိတာမို့ပါ။ ငြိမ်းချမ်းရာ ရောက်ပါစေဆရာ။ ဒီဘဝရဲ့ အတွေးအခေါ်၊ အရေးအသားတွေအတိုင်း နောင်ဘဝဆက်တိုင်း ကောင်းမွန်စွာ အနုပညာဖန်တီးနိုင်တဲ့ စစ်အာဏာရူးတွေမရှိတဲ့နိုင်ငံမှာ ပြန်လည်မွေးဖွားပြီး စာတွေရေးနိုင်ပါစေ ဆုတောင်းပါတယ်။ “သေတွင်းစစ်” ထဲက ဆရာလွတ်မြောက်သွားခဲ့ပါပြီ။ စာကြွင်း- ဓါတ်ပုံကတော့ သူနောက်ဆုံးရေးသားသွားတဲ့ “သေတွင်းစစ်” စာမူ မူရင်းပါ။

လူတွေနဲ့ အငြင်းအခုံလုပ်ရတဲ့ကိစ္စကို တိတိပပစိတ်ကုန်ခဲ့တာ ကြာခဲ့ပြီ။ ဒါကြောင့်မို့ ဝင်မပြောတော့ဘူး စဉ်းစားပေမယ့် မိတ်ဆွေတစ်ယောက်အနေနဲ့ ပြောသင့်တာကို ပြောသင့်သလောက် ဝင်ပြောဖို့ ဝတ္တရားရှိပါတယ်။ အခုကွယ်လွန်သွားတဲ့ စာရေးဆရာမင်းခိုက်စိုးစန်ဟာ စစ်တပ်ဘောမတစ်ယောက်ဖြစ်တယ်၊ ဒါကို တော်လှန်ရေးဘက်သားတွေက ဝမ်းနည်းနေရလားဆိုတဲ့ ကိစ္စပါ။ နင်က ဘာသိလို့ဝင်ပြောတာလဲဆိုတဲ့ကိစ္စကို အရင်ပြောပါမယ်။ ဆရာမင်းခိုက်စိုးစန်ဟာ USကို စရောက်တဲ့အချိန်ကစပြီး အခုနောက်ဆုံးအချိန်အထိ လက်ပွန်းတတီး နေထိုင်ခဲ့ပြီး ကိုယ်တွေလက်ထဲပဲ ကွယ်လွန်နိစ္စ ရောက်ခဲ့တာမို့ ဆရာ့အကြောင်း အခု Social Media မှာ ရေးနေတဲ့သူတွေထက် ဆရာ့အကြောင်း သိခဲ့ရပါတယ်။ စကားမစပ် San Francisco မှာ သေဆုံးတယ်ဆိုတာ မီဒီယာတွေက အချက်အလက်မှားယွင်းဖော်ပြမိတာဖြစ်ပါလိမ့်မယ်၊ ကိုယ်နေထိုင်ရာ Sacramento မြို့မှာ ဆုံးပါးတာပါ။ ဆရာမင်းခိုက်စိုးစန်ကို အခုလူတွေ ဝေဖန်နေတဲ့ ကိစ္စရပ် နှစ်ခုပဲ ရှိတယ်။ ပထမတစ်ခုက ၂၀၂၀ ရှေ့ပိုင်းကာလမှာ စစ်တပ်ကရိုက်တဲ့ စစ်ကားနှစ်ကားမှာ ဇာတ်ညွှန်းရေးသားခဲ့တဲ့ကိစ္စ၊ ဒုတိယကိစ္စက ၂၀၂၂ နိုဝင်ဘာမှာ စစ်တပ်က အမျိုးသားစာပေဆုပေးတာကို တက်ယူခဲ့တဲ့ကိစ္စ။ ကိုယ်ကိုယ်တိုင်က အဲ့ကိစ္စနှစ်ခုကြောင့် ဆရာ့ကို အထင်လွဲခဲ့သူပါ။ အကြောင်းသင့်လို့ ၂၀၂၃ အကုန်လောက်ကစပြီး ဆရာနဲ့ တစ်မြို့တည်းနေ၊ ခင်ခင်မင်မင် နေထိုင်ရချိန်မှာ ဆရာ့ကို အဲ့ကိစ္စတွေ တိုက်ရိုက်မေးမြန်းဖြစ်ခဲ့တာမို့ သိခဲ့ရတာပါ။ ၂၀၂၀ ရှေ့ပိုင်းမှာ စစ်ကားနှစ်ကားဇာတ်ညွှန်းရေးခဲ့တဲ့ကိစ္စက အဲ့အချိန်ကာလဟာ စစ်တပ်က အာဏာမသိမ်းခင်အချိန်ဖြစ်ပြီး အဲ့အချိန်ကာလက NLD အစိုးရနဲ့ ပြည်သူလူထုနဲ့ စစ်တပ်နဲ့အကြား ရင်ကြားစေ့ရေးဆိုတဲ့ အခြေအနေတစ်ခု တွင်ကျယ်ခဲ့တဲ့အချိန်ကာလပါ။ အခု တော်လှန်ရေးမှာ စိတ်နှစ်ကိုယ်နှစ် ပါဝင်နေကြတဲ့ အနုပညာရှင်တွေ၊ သရုပ်ဆောင်တွေလည်း အဲ့အချိန်ကာလက စစ်တပ်ပေါ်လစီကားတွေမှာ ဝင်ရောက်ပါဝင်ပေးခဲ့ရတဲ့ သဘောတရားနဲ့ အတူတူပါပဲ။ ပြီးတော့ ဆရာကိုယ်တိုင် အခုအသက်ရှင်နေတဲ့သူတွေနဲ့ ပတ်သက်တဲ့ကိစ္စမို့ သေသည်အထိ ရှင်းမပြခဲ့သလို မပြောစေချင်တဲ့ကိစ္စတစ်ခုလည်း ရှိနေတာမို့ အဲ့တစ်ခုကိုတော့ သိပေမယ့် ထည့်သွင်းရေးသားလို့ မရတဲ့အတွက် ချန်လှပ်ထားခဲ့ပါ့မယ်။ ဆိုလိုတာက မင်းခိုက်စိုးစန်က ၂၀၂၀ ရှေ့ပိုင်းမှာ စစ်ကားဇာတ်ညွှန်းရေးပေးခဲ့လို့ ဘောမလို့ သတ်မှတ်မယ်ဆိုရင် အဲ့ဒီ့စစ်ကားမှာ ပါဝင်ခဲ့တဲ့ အခုတော်လှန်ရေးဘက်က နာမည်ကြီး အနုပညာရှင်တွေကိုလည်း ဘောမလို့ တံဆိပ်ကပ်လို့ ရလား။ ကိုယ့်အမြင်ကတော့ မရပါဘူး။ ဒါဆို ၂၀၂၂ မှာ စစ်တပ်ပေးတဲ့ အမျိုးသားစာပေဆု တက်ယူခဲ့တာက ဘောမလို့ပေါ့လို့ ပြောစရာရှိပါတယ်။ ဆရာ့ရဲ့ Kyaw Soe အမည်နဲ့ Personal Facebook Account ကို အခုသွားကြည့်လို့ရပါတယ်။ သူ့ Facebook Account မှာ နောက်ဆုံးတင်ခဲ့တာ ၂၀၂၁ က တင်ခဲ့တဲ့ “သံလွင်ခက်တို့ မျိုးဆက်” ဆိုတဲ့ ၂၀၂၁ တော်လှန်ရေးကို ရေးစပ်ခဲ့တဲ့ကဗျာပါ။ စစ်တပ်က သူတို့ကို ဆန့်ကျင်တဲ့ အနုပညာရှင်တွေကို ၂၀၂၁နှောင်းပိုင်း ၂၀၂၂ ဝန်းကျင်မှာ မျိုးစုံဖိအားပေးချိန်မှာ ဒီကဗျာကြောင့် မင်းခိုက်စိုးစန်လည်း စက်ကွင်းမလွတ်ခဲ့ပါဘူး။ စစ်တပ်ဟာ လူငယ်တွေရဲ့ ခေတ်ကို လွှမ်းမိုးခဲ့တဲ့ ဒီလိုစာရေးဆရာအပေါ် သုံးခဲ့တဲ့ ယုတ်မာရက်စက်တဲ့အကွက်က မင်းတို့လေးစားအားကျရတဲ့ ဒီပိုစ့်မော်ဒန်စာရေးဆရာက ငါတို့ကိုဘောမနေတာကွဆိုတာမျိုး ပရိတ်သတ်အထင်လွဲအောင် လုပ်ပြလိုက်တာပါ။ ၂၀၂၂ မှာ မင်းခိုက်စိုးစန်ကို ၂၀၂၁ ရဲ့ ဝတ္ထုတိုအမျိုးသားစာပေဆုဆိုတာကြီးကို ပေးချပစ်လိုက်တာပါပဲ။ ၂၀၂၂ လို အကယ်ဒမီပေးပွဲတက်ရင် တနိုင်ငံလုံးဝိုင်းဆဲနေတဲ့အချိန်ကာလမှာ မင်းခိုက်စိုးစန်လို ဘယ်ဆုတံဆိပ်ကိုမှ စောက်ဂရုမစိုက်တဲ့လူက စစ်တပ်ကပေးတဲ့ အမျိုးသားစာပေဆုကြီးဆိုတာကို ရချင်လွန်းလို့ စစ်တပ်ကို ဘောမခဲ့တယ်ဆိုတာ ဖြစ်နိုင်လားဆိုတာ တွေးတောကြည့်ကြစေချင်တယ်။ အမျိုးသားစာပေဆုမပေးခင် ရက်ပိုင်းမှာ စစ်တပ်က ဆရာ့ကို ခေါ်သွားခဲ့တယ်။ ပြီးတော့ ဆုပေးပွဲမှာ တက်ယူတဲ့ အဝတ်အစား (ပုဆိုးပန်းရောင်ကြီးကအစ) စစ်တပ်ရဲ့ အစီအစဉ်နဲ့ပဲ။ သူတက်ယူခဲ့ရတယ်။ နောက်နေ့ မင်းခိုက်စိုးစန် ပုဆိုးပန်းရောင်ကြီးဝတ်ပြီး အမျိုးသားစာပေဆု တက်ယူတဲ့ပုံတွေ သတင်းစာမှာ ဝေဝေဆာတာပါလာတယ်။ တစ်နိုင်ငံလုံး ဝိုင်းဆဲကြတယ်။ သူကိုယ်တိုင်က ပြည်တွင်းမှာမို့ ဘာဖြေရှင်းခွင့်မှ မရခဲ့သလို သူကိုယ်တိုင်က လူတွေကို ဖြေရှင်းရတာ မကြိုက်တဲ့သူဆိုတာ သူ့စာဖတ်ပရိသတ်တွေ အသိပဲ။ သူပြောပြတဲ့ စကားအတိုင်း အတိအကျပြန်ပြောရရင် “မင်းခိုက်စိုးစန်က ပုဆိုးပန်းရောင်ကြီး ဝယ်ပြီး စစ်တပ်ပေးတဲ့ အမျိုးသားစာပေဆုကြီးကို တက်ယူဖို့ စိတ်လိုလက်ရမျှော်နေမယ့်သူမို့လား” တဲ့။ သူ့ထုံးစံအတိုင်း ရယ်ရယ်မောမော ပေါ့ပေါ့ပါး ဒရာမာမရှိ ပြောခဲ့တာ။

photo content

သံလွင်ခက်တို့မျိုးဆက် ----------------------------------------------- မင်းခိုက်စိုးစန် (၁) စစ်မြင်းတွေပြေးလွှား ခွာသံတို့ကြားရပြီ .....။ (၂) သူ့ကျင်းသူ နက်နက်တူးပြီးမိုက်တဲ့ အတ္တကြီးသူတစ်သိုက်ကတော့ ပန်းတွေရဲ့ အရုဏ်ဦးကိုပျက်သုဉ်း သွေးညှီနံ့နဲ့ ဖုံးဘို့ကြိုးစားနေကြတယ် ၊ အဲ့ဒီ အရုဏ်ဦးဟာ ငါတို့မျိူးဆက်သစ်ရဲ့ အနာဂတ် သစ္စာပန်းရနံ့ တွေနဲ့ ဘောင်ခတ်ထားတယ် ....။ (၃) "သစ္စာပန်း" တဲ့ ...... ပန်းတွေတောင်သစ္စာဆိုကြပေါ့ ၊ ဂိမ်းဆော့တဲ့ လူငယ်တွေ ကမ္ဘာမကြေဆိုမှတော့ ပန်းတွေသစ္စာဆိုတာ ဘာဆန်းလဲ ၊ ကျေးဇူးပြု ပြီး ဒီပန်းတွေအားလုံးကို " Z " လို့ခေါ်ပါ ၊ ညစ်ပတ်တဲ့ လက်တွေနဲ့မခူးရ လူသတ်တဲ့ လက်တွေနဲ့ မကိုင်ရ ဟေ့ ! ဘီလူးတွေ နောက်ဆုတ် သင်တို့ရဲ့အညှီအပုပ်ကို ဒီပန်းတွေက မောင်းထုတ်ကြလိမ့်မယ် .....။ (၄) ကာဆီးထားတဲ့ ဥပဒေနံရံတွေကို ဖြတ်ထိုးဉာဏ်ဆိုတဲ့ သော့နဲ့ဖွင့်ဝင် အကြမ်းမဖက်တဲ့ Z တွေရဲ့ နှလုံးရည်ဟာ မော်ကွန်းတင်ခဲ့ပြီ ၊ "Z" ဆိုတာ ...... ဒီနိုင်ငံ ဒီပန်းတစ်ခင်းအတွက် သူတို့ရဲ့ ဘဝအသစ်စက်စက်တွေကို မြေသြဇာ အဖြစ်နဲ့ စိုက်ထားတာ ၊ Z တွေရဲ့ ကွန်ပျူ တာကီးဘုတ် ကမ္ဘာကြီးကို ကိုင်လှုပ်ပစ်လိုက်တယ် ၊ သူတို့ဦးနှောက်ရဲ့တောက်ခေါက်သံ ကမ္ဘာကြီးတစ်ခုလုံး ညံ သွားတယ် ......။ (၅) ကျည်ဆန်တွေမှာ အာဏာရှိပေမယ့် ပန်းတွေဆီမှာသာ အနာဂတ်ရှိတယ် ဆိုတဲ့ ရာဇသံ သေနတ်ပြောင်းတွေထံကို ပို့လိုက်ပြီ ၊ အနာဂတ်မျိုးဆက်ရဲ့သစ္စာပန်းခင်း စစ်မြင်းတွေ ခွာနဲ့ မနင်းစေရ ....၊ ငါတို့ ရွတ်ဆိုမယ့် သစ္စာအလင်းဟာ ဘီလူးတွေလည်ပင်းကို သံလျက်အစင်းစင်း ထိုးဖောက် မီးဟုန်းဟုန်းတောက်စေသတည်း ..........။ #မင်းခိုက်စိုးစန် ၂၀၂၁

ရန်သူနဲ့ချတဲ့ပွဲဆိုလို့က အားပေးရုံတင်မက ကိုယ်တွေက စင်ပေါ်ထိ တက်ထိုးမယ့်ကောင်တွေ။ ကိုယ့်အချင်းချင်း ဘယ်သူနာနာ တော်လှန်ရေးဘက်ကနာတာမို့ ဝင်မဖြန်ဖြေနိုင်တောင် ဟိုင်းရား ဟိုင်းရား ဝင်လုပ်တဲ့အထဲ ကိုယ်မပါချင်တာ။ ပါသူတွေကိုလည်း အပြစ်ပြောမနေဘူး။ ဒါပေမယ့် ကိုယ်မပါချင်တာ သက်သက်ပဲ။ ကိစ္စရှိလာရင် ထင်မြင်ယူဆချက်ဆိုတာ ရှိတာမို့ ကိုယ့်မှာလည်း ရှိပါတယ်။ အကျိုးမရှိ အပြစ်ပဲဖြစ်စေတာမှာ ဝင်မပြောတာဟာ မင်္ဂလာတရားတော်နဲ့လည်း ညီပါကြောင်း နှာစေးရကောင်းလားဆိုပြီး အရင်တစ်ခေါက်ကလို ပွဲထပ်တည်ခံရမှာစိုးလို့ တင်ပြအပ်ပါတယ်။ ငါ့နှယ် ဝင်မပါရင်လည်း တစ်ပြစ် ပါရင်လည်း တစ်ပြစ်ရယ်။ 😅

လတ်တလောကိစ္စနဲ့ ပတ်သက်ပြီး ရင်ထဲက စကားပါ။ ဘက်ခွဲ ဖန်ခွဲပြီး ကိုယ့်ပါ အချောင်ဝင်ဆဲချင်သူတွေ ဆန္ဒပြည့်မယ့်ပိုစ့်တော့ မဟုတ်ချေဘူး။ ကိုယ်ကတော့ “ဘယ်သူ့အမြင်ကိုမှ စောက်ဂရုမစိုက်ဘူးကွ” ဆိုတဲ့ Mood က မွေးရာပါ Auto On နေတဲ့သူမျိုး။ တစ်ယောက်ယောက်က ကိုယ့်အပေါ် သူတို့ရဲ့ ထင်မြင်ယူဆချက်တွေ ဝေဖန်မှုတွေ မြင်ရင် “အဲ့တော့ ငါက ကပြရမှာလား” ဆိုတာမျိုး တန်းတွေးမိတာ။ တကယ်တော့ ဘယ်သူ့ဘယ်သူရဲ့ ထင်မြင်ယူဆချက်ကိုမှ ကိုယ်ကတော့ စိတ်မဝင်စားနေဘူး။ ကောင်းတာပဲပြောပြော ဆိုးတာပဲပြောပြော တကယ်တော့ ပြောတဲ့လူလည်း အကြာကြီး မှတ်မိနေမှာတောင် မဟုတ်တာ ထဲထဲဝင်ဝင်ကြီး လိုက်ခံစား၊ လိုက်မာန်တက်၊ လိုက်ဝမ်းနည်းနေစရာ မရှိလှဘူး။ အဲ…. ဒါက ကိုယ့်တစ်ကိုယ်စာအတွက်ကျ အဲ့လိုတွေးတာ။ သူများကိစ္စကျ ဝင်ငံလိုက်ရမှ။ မိမိရဲ့ မရင့်ကျက်မှုတွေပေါ့လေ။ ဝေဖန်ရေး လေကန်ရေး ဝင်ပြော ဝင်ကန် ဝင်ကလော်လိုက်ရမှ နေသာထိုင်သာ ရှိတာမျိုး။ ကိုယ်လည်းလေ လောကီသားရယ်မို့ ကိုယ့်ပြောရင်သာ မကြိုက်တာ၊ သူများကိစ္စကျ ဒါက ဒီလိုရှိတယ်၊ ဟိုဟာက ဟိုလိုရှိတယ်၊ ဟိုလူက ဟိုလိုလုပ်တာတော့ ဟိုလူများတယ်၊ ဒီဟာကျ ဒီလူက ဒီလိုပြောတာ ဒီလူ လွန်ပြန်ရော၊ ဘာညာစမာကလာလေး ဝင်ဝင်ငံရတာ တယ်အရသာ ရှိလှတယ် မဟုတ်လား။ ဥပမာ- A နဲ့ B ချကြပြီဆိုပါတော့။ A ကလည်း A မှန်ကြောင်း သက်သေပြမယ်။ B ကလည်း B မှန်ကြောင်း သက်သေပြမယ်။ လူ့အသိုင်းအဝိုင်းက Universal Truth အနေနဲ့ လက်မခံတဲ့ ဆိုးယုတ်တဲ့ကိစ္စမျိုး မဟုတ်တဲ့ သာမန်ဆက်ဆံရေး ပြသနာတွေမှာ Aဘက်ကကြည့်ရင်လည်း A မှန်မှာ။ Bဘက်က ကြည့်ရင်လည်း B မှန်တာပဲ။ A နဲ့ B က Influence ဖြစ်တဲ့သူတွေချည်းပဲ ဆိုရင် A ရဲ့ Fan တွေက A မှန်တယ် ကိုင်ဆွဲသလို B ရဲ့ Fan တွေကလည်း B မှန်တယ် ကိုင်ဆွဲမှာပဲ။ ကိုယ်က A ဘက်ကဆိုပြီး A မှန်တယ်ကွဆိုပြီး ဝင်ပြောရင် Aဘက်ကလူတွေက ထောက်ခံကြမှာပဲ။ B ဘက်ကလူတွေက မုန်းသွားရော။ အဲ့လိုပဲ Bဘက်က မှန်တယ်ကွ ထရေးပြန်ရင် Bဘက်ကလူတွေက ထောက်ခံပြီး Aဘက်က လူတွေက မုန်းသွားရော။ Like တွေရ၊ Reach တွေရောက်၊ Attention တွေတော့ ရတာပေါ့လေ။ ဒါပေမယ့် အဲ့ဒါက အရေးကြီးလို့လားရယ်။ ဟော… ဒါဆို မုန်းမှာစိုးလို့ ဘာမှမရေးရဘူးလားဆိုတော့ အဲ့လိုလည်း မဟုတ်ဘူး။ ကိုယ်ယုံကြည်ရာ မှန်တယ်ထင်ရာဘက် ရပ်တည်သင့်ပေမယ့် ဒီကိစ္စမှာ Aရော B ရော၊ ပြီးတော့ Aဖန်တွေရော Bဖန်တွေရောဟာ ယုံကြည်ရာ ခေါင်းစဉ်တစ်ခုတည်းအောက်က လူတွေချည်း ဖြစ်နေကြတယ်။ ဒီလူတွေ ငြင်းကြခုံကြ မိတ်တွေပျက်ကြလို့ အကျိုးရှိတာ ဘာများရှိလို့ ဒီကိစ္စမှာ အာဝင်မချောင်ရုံ နေလိုက်ရင်လည်း ရတာပဲ မဟုတ်ဘူးလား ဆိုတာပဲ။ ကိုယ်တွေးတာက ဒါပါပဲ။ ဖြစ်စဉ်က တော်လှန်ရေးကို ပျက်စီးထိခိုက်စေမယ့် လုပ်ရပ်တွေ၊ မကောင်းမှုတွေ၊ အမှောင်ခြမ်းတွေ၊ မတရားမှုတွေ ပေါ်ပေါက်လာတဲ့ကိစ္စမို့ Speak Out လုပ်ဖို့ လိုအပ်နေတဲ့ကိစ္စမျိုးလည်း မဟုတ်ဘူး။ ကာယကံရှင်တွေကတော့ အကြောင်းအမျိုးမျိုးနဲ့ ပွင့်ထွက် ပေါက်ထွက်လာကြတဲ့အထိ ဖြစ်ကုန်ကြပြီ၊ ပတ်သက်သူတွေလည်း လိုအပ်လို့ ဝင်ပြောရပြီဆိုပေမယ့် ဒီကိစ္စကို အကြောင်းပြုပြီး ကိုယ့်ဘက်ကလူတွေ အချင်းချင်း ချကြနှက်ကြဆော်ကြအော်ကြ၊ မခေါ်နိုင်မပြောနိုင်တွေ ဖြစ်ကြ၊ ဆက်ငြိကြတာမျိုးတွေ ဖြစ်လာတဲ့အထိမှာ ကိုယ့်တစ်ကိုယ်စာ ထင်မြင်ယူဆချက်တွေကို မပြောလိုက်တာက ပိုကောင်းကျိုးရှိမယ်လို့ ယူဆတယ်။ ကိုယ်တိုင် ပွဲဖြစ်ပြီဆိုရင် ကိုယ်တိုင်လည်း စိတ်ခံစားချက်တွေကို ထိန်းသိမ်းဖို့ ခက်ပါတယ်။ ငါမှန်ပါတယ်… ငါပါပေါ့ လုပ်ပြချင်တာ လူ့သဘာဝပါပဲ။ ကိုယ်လည်း ပွဲဖြစ်ပြီဆို သိကြားမင်း နားကင်းကြီးနဲ့ ဆင်းတားတောင် မရပါဘူး။ ခံစားချက်ကို ထိန်းချုပ်ဖို့ဆိုတာ အပြောလွယ်သလောက် လုပ်ရပ်ခက်ပါတယ်။ ဒါပေမယ့် ကိုယ်တိုင်ဖြစ်တဲ့ပွဲမဟုတ်တဲ့ သူများပွဲမှာ ခံစားချက်ကို ထိန်းသိမ်းရလွယ်တဲ့ ကာယကံရှင် မဟုတ်သူတွေအနေနဲ့ ပြသနာထဲ ထင်မြင်ယူဆချက်တွေ လျှောက်ရေး အတန်းရှင်းမရှာဘဲ ဘေးမတီးဘဲ နေလိုက်တာ ကောင်းပါတယ်။ တော်လှန်ရေးအတွက် ဘာအကျိုးမှ မရှိဘူး မဟုတ်လား။ ဘောမတွေ ဖြစ်တဲ့ပွဲဆို ပိုလောင် ပိုဟိတက်အောင် ဟေးဟားလုပ်ချင်လုပ်မယ်။ လုပ်ရမှာပဲလေ၊ မိမိတို့ တာဝန်ပဲ။ သို့ပေမယ့် တော်လှန်ရေးထဲကလူတွေလည်း ပုထုစဉ်တွေပဲမို့ ထိမိငြိမိ ပွတ်တိုက်မိတာတွေ ရှိလာတဲ့အခါ မဖြန်ဖြေနိုင်တောင် မီးလောင်ရာလေပင့်မလုပ်ဘဲ ကိုယ့်ရဲ့ အာချောင်ချင်စိတ်လေးကို ထိန်းသိမ်းလိုက်တယ်။ ဒါက အခုဖြစ်တဲ့ကိစ္စမှ မဟုတ်၊ တော်လှန်ရေးထဲက Public Figure တွေ ဆူဆူညံညံ ထဖြစ်တိုင်း ကိုယ်နေထိုင်တဲ့နည်းပဲ။ ဘယ်သူနဲ့ဘယ်သူ ချချ၊ ဘယ်သူနိုင်နိုင်၊ ကိုယ့်ဘက်က သန္ဓေမှန်သူတွေချင်းပဲမို့ ကိုယ်တွေတော်လှန်ရေးဘက်က ရှုံးပါတယ်။ ဒါကို ကိုကျော်နဲ့ မဖြူပွဲမှာတုန်းက နှာစေးတာလား၊ အမုန်းမခံချင်တာလား၊ လူလည်ကျတာလားဆိုပြီး ကိုယ့်ကို အတင်းပွဲတည်လို့ ကိုယ့်မှာ တစ်ပွဲနွှဲလိုက်ရသေးတယ်။ သူတို့သာ အမှန်တရားဘက်က ရဲရဲရပ်တည်သူပါဆိုတဲ့အထာတွေနဲ့ ခြေဖျားတစ်ထောက်ထောက် လာလုပ်ကြသေးတာပါ ကြုံရဆုံရဘုံဘဝပါပဲ။

မိန်းမတစ်ယောက်ကို မနာလိုတဲ့ စစ်သားရင့်မာကြီးတွေရဲ့ ဝန်တိုမစ္ဆရိယမှာ သမိုင်းကြောင်းတစ်ခုလုံး ခွေးဖြစ်ခဲ့ ခွေးဖြစ်နေဆဲ နိုင်ငံတော်မှာ ပေါက်ဖွားလာပြီး တစ်ကမ္ဘာလုံးကို ပြန့်ကျဲထွက်သွားကြပေမယ့် ကိုယ်တွေ မြန်မာတွေရဲ့ မစ္ဆရိယနဲ့ ဝန်တိုရန်လိုခြင်းကို ဆွေဂုဏ်မျိုးဂုဏ် တိုင်းပြည်ဂုဏ်ကဲ့သို့ ထိန်းသိမ်းနေကြဆဲဆိုတာကို ဝမ်းသာပီတိ ဂွမ်းဆီထိစွာနှင့် ပြုံးတော်မူ၍ စာကိုစီလိုက်ရပါကြောင်း။ ဟဲဟဲ

မထူးတော့ဘူး။ စောက်ဖောင်းက ပတ်ထုလက်စနဲ့ ဆက်ထုလိုက်ဦးမယ်။ အိုင်တို့ မြန်မာတွေဆိုတာကလေ တကယ်ကို သနားကရုဏာ များကြတာ။ သနားတတ်တာကတော့ တကယ့်စိတ်ရင်း။ ချစ်စရာကောင်းတဲ့ တကယ့်စိတ်ရင်းပဲ။ ခက်တာက ကိုယ်တွေလူများတွေက သနားကရုဏာ ပေါများသလောက် အရှားပါးဆုံးက မုဒိတာပဲ။ ကိုယ့်မိတ်ဆွေသူငယ်ချင်းတစ်ယောက် အဆင်မပြေဘူး၊ ဒုက္ခရောက်နေတယ်ဆိုရင် သနားကရုဏာနဲ့ ကူညီချင်လိုက်တာမှ စက်စက်ယို။ သူငယ်ချင်းမိတ်ဆွေ မပြောနဲ့၊ မဆီမဆိုင်လူဆိုရင်တောင် မရှိရှိတာလေး ပေးချင် လှူချင်လိုက်တာမှ။ (ဒီအချက်ကို အသုံးချပြီး မီဒီယာတွေက လူဆင်းရဲတွေကို သနားအောင်ရိုက်ပြ၊ Like ချူ၊ စင်တင်၊ မျောက်ပြဆန်တောင်းနဲ့ အလိမ်ခံရတာမှ ခဏခဏ) ကိုယ့်ထက် နိမ့်ပါးပြီဆို သနားကရုဏာ ဗျန်းဗျန်းကွဲပါသော ကရုဏာအိုးကွဲကြီးများမှာ ဒီသူငယ်ချင်း ကိုယ့်ထက်နည်းနည်းသာသွားကြည့်။ ချီးပဲပါချင်သလိုလို သေးပဲပေါက်ချင်သလိုလို နေမထိထိုင်မသာ မခေါ်နိုင် မပြောနိုင်တွေ ဖြစ်ကုန်ကြရော။ ဒီ့ထက်ပိုပြီး ဣသာ၊မစ္ဆရိယကို မထိန်းနိုင်ရင် နောက်ကွယ်က ချောက်တွန်းတာ၊ ဒုက္ခပေးတာတွေအထိ ယုတ်ကုန်ကြရော။ ဒဲ့ပဲပြောရရင် စောက်ကရုဏာတွေကအစ အခြေခံအားဖြင့်ကို မူမမှန်နေတာက စတာ။ အခြားလူကို သနားလိုက်ရရင် ကရုဏာသက်လိုက်ရရင်ကို ကိုယ်က အဲ့လူထက် မြင့်မားသွားသလို ဖြစ်ရတဲ့ ခံစားချက်မှာ ငြိနေကြတာ။ ဘိုလိုပြောရရင် Moral High Ground ယူတာကွာ။ တစ်ဖက်လူ ဒုက္ခရောက်နေရင် ငါကူညီပေးထားတဲ့ ငချွတ်လေးတွေပါကွာဆိုပြီး တစ်သက်လုံး ကျေးဇူးရှင် ခေါ်ခံချင်ကြတာ။ အဲ့လူ တစ်သက်လုံး ဒုက္ခရောက်နေ… သူတို့က တစ်သက်လုံး သနားနေ ကူညီနေမယ်ဆိုတဲ့အထိ စိတ်ကောင်းက ရှိတယ်။ ဒါပေမယ့် အေး… မင်း ငါ့ထက်တော့ နည်းနည်း ကျော်လာရင် ပြန်ဆွဲချမှာဆိုတာမျိုး။ ဒါ တော်ရုံဘယ်သူမှ ဝန်မခံရဲကြတဲ့ စိတ်အတွင်းအဇ္စျတ္တပဲ။ လွတ်လပ်ရေးနေ့ ကစားပွဲမှာတောင် တန်းပေါ်ထိုင်ပြီး တစ်ယောက်နဲ့တစ်ယောက် ပြုတ်ကျအောင် ရိုက်ချတဲ့ ကစားနည်းကို နိုင်ငံတော် Trade Mark ကဲ့သို့ ကလေးဘဝကတည်းက သန္ဓေတည်အောင် ပျော်ပျော်ကြီး လက်ခုတ်လက်ဝါးတီးအားပေးကြတဲ့ နိုင်ငံပေပဲတမုံ့။ ပြည်ပများ ရောက်သွားရင် သူများလူမျိုးတွေ စုစုစည်းစည်း စီးပွါးတွေလုပ်ကြ။ အပြင်လူဝင်လာရင် ဝိုင်းကန်ထုတ်ကြ။ ကိုယ်တွေ လူမျိုးကျ ပိုလက်စောင်းထက်တယ်ဗျ။ အချင်းချင်း တိုင်ကြတောကြ ထုကြ နှက်ကြ။ တကယ်ကို ပျော်စရာကြီး။ အမ်မျေး…. ပြည်ပရောက်လို့ လူနေမှုအဆင့်အတန်း မြင့်မားလို့ စိတ်ဓါတ်လေးတွေ မြင့်မားလာမလား မထင်လိုက်နဲ့။ အခြားဟာ အသာထားဦး။ စောက်တင်းပြောတာ တစ်ခုတည်း ကွက်ပြောရင်တောင် ဟိုတောကြိုအုံကြား ဇနပုဒ်က တစ်ယောက်ပေါင်ကြား တစ်ယောက်ခေါင်းညှပ် သန်းတုတ် အတင်းအုပ်ကြတဲ့ အဒေါ်ကြီးတွေနဲ့ နင်လားငါလားပဲ။ တစ်စတိတ်နဲ့ တစ်စတိတ် ကျော်ပြီး ဖုန်းခေါ်ပြီးပါ အတင်းအုပ်ကြတယ်ဆိုလား။ နည်းနည်းလေးများ ထွန်းထွန်းပေါက်ပေါက် နာမည်လေးရ၊ အသံလေး ထွက်မလာနဲ့။ တိုင်မယ် တောမယ် ထုမယ် ထောင်းမယ် သေဝါးမယ် ရှင်ဝါးမယ် မသေမရှင် ဖြစ်ဝါးမယ် ဘာညာ။ မအေလိုး မင်းအောင်လှိုင်လို့ တုတ်နေတဲ့ကောင်ချင်း အတူတူတောင် ငါ့ကြွေးကြော်သံလေးကမှ ပီတာ၊ စည်တာ ထင်တတ်ကြတာ။ အနီခေတ်ဆိုလည်း ငါတို့နီတာက ၁၉၆၂ ကနေ တစ်ပိဿာတိတိ။ နင်တို့လို့ ၈၈ မှာ မမွေးသေးတဲ့ ရွှေဝါရောင်မှာ နှပ်ချေးဗေးထူအရွယ် ၂၀၂၁ တော်လှန်ရေးမှာ တက်ကြွလာတဲ့ ကြက်ဖလေးတွေ ရိုက်သတ်စားမယ်ဆိုတာက တဖုံကွဲ့။ အဟေးဟေး…. ပြောလက်စနဲ့ မထူးဘူး…. တိုက်ဆိုင်မှုရှိရင် တည့်တည့်ပြောတယ်သာမှတ်။ အခုလက်ထက် မေဒိကန်သမဒကြီးရဲ့ လူဝင်မှုကြီးကြပ်ရေး အမိန့်တစ်ပုံတစ်ခေါင်းကြား မြန်မာအချင်းချင်း တအား ဖေးမကြတာ။ ရေခဲတွေ ဖမ်းတော့မယ်ဆိုရင် ဟေးဟားနဲ့ တောခြောက်တာ ဘယ်သူတွေ မှတ်လဲ။ ကိုယ်တွေ မြန်မာတွေပဲ။ မေဒီးကားကို လိမ်ဝင်လာတဲ့သူတွေ မရှိစေချင်တဲ့ လေးစားစရာ နိုင်ငံကြီးသား ပီသလိုက်တဲ့ မြန်မာတွေရယ်ဗျာတို့ရေ။ သူတို့ စီဒဇင်ဖြစ်ပြီးသွားတော့ အခြားလူတွေ စီဒဇင်ဖြစ်မှာ မလိုလားတာ။ နောက်ကြောင်းပြန်ကြည့်လိုက်ဦး… ဒစ်ရာတွေချည်းပဲဆိုတာ သူတို့မှအစစ်။ သူတို့အလှည့်တုန်းကလည်း ခုန်ချ ရေကူး ဒိုင်ဗင်ပစ်၊ အဆိုင်မလန်တဲ့ အဆိုင်လိမ်အစစ်တွေ။ UNHCR မှာ စာရင်းပေါက်တွေဆီက ပိုက်ဆံပေး နာမည်ဝယ်ပြီး ဟော.. ဖြစ်ဟဲ့ ဒုက္ခသည်ဆိုတာကနေ ဖြစ်လာတဲ့ အမေဒိကန်နိုင်ငံသားရွှေမြန်မာကြီးတွေ။ ကိုယ်တွေက ရယ်ချင်လိုက်တာမှ ပက်ကျိ။ မေဒိကန်သမ္မတကြီး ဘယ်သူဖြစ်ဖြစ်၊ မေဒိကန်နိုင်ငံသား သန်းရာချီရဲ့တစ်ဝက်က မဲပေးလို့ သမ္မတဖြစ်လာတာ။ ကြိုက်တာ မကြိုက်တာ မရှိပေါင်။ ဘယ့်နှယ်… သူ့နိုင်ငံသားတွေ အကျိုးရှိမယ်ထင်လို့ ထုတ်ချင်တဲ့ ဥပဒေထုတ်။ ကြားကနေ ကိုယ့်နိုင်ငံသားအချင်းချင်း ဒုက္ခရောက်မလိုလို ဖြစ်တာ၊ တကယ်ဒုက္ခရောက်တာတောင် မဟုတ်သေး၊ မဖုံးနိုင် မဖိနိုင် စိတ်ပုတ်စိတ်ယုတ်တွေ ချခင်းပြီး ဟေးဟားလုပ်ကြတဲ့ အပုတ်အစပ်တွေပဲ စွခွက်ပေါ် ဒဲ့အန်ချချင်တာ။ တွေ့လား ပြည်ပရောက်တာ ငါးနှစ်လောက် ရှိသေး။ ချက်ဆို နားခွက်က မီးတောက်ရုံမက ဗိုက်မှာပါ ပြေးကပ်နေတဲ့ အိုင်လေးတစ်ယောက် နေရင်းထိုင်ရင်း ဘယ်လောက် ပညာတွေ ပြည့်စုံနေပြီလဲဆိုတာ။ ဝန်တိုခြင်း နိုင်ငံတော် မစ္ဆရိယထူပြောသော နိုင်ငံတော်

တော်လှန်မိတ်ဆွေတို့ရေ လအစလေးမှာ ဘယ်ကို ထောက်ပို့ရမယ်မသိမှာစိုးလို့ အာမခံပေးနိုင်တဲ့ တပ်ရင်းတစ်ခုကို ညွှန်ပေးပါရစေ။ Spring Warriors Column ရဲ့ ကမ်းပိန်းလေးဟာ ကိုယ်တစ်ခါ ကြေညာပေးခဲ့ပေမယ့် 35% သာ ပြည့်မီသေးပါတယ်။ တကယ်မြေပြင်မှာ တိုက်ပွဲဝင်နေတဲ့ တပ်ရင်းဖြစ်ပြီး တိုက်ပွဲမပြတ်တဲ့ ဒေသမို့ ထိခိုက်ကျဆုံးရတာတွေလည်း ရှိပါတယ်။ သူတို့ရဲ့ ကျည်ကာကမ်းပိန်းလေးမှာ အသက်ကယ် ဇီဝိတဒါနအလှူအဖြစ် ကျည်ကာလေးတွေ ပါဝင်ပေးကြဖို့ လှုံ့ဆော်ပေးပါရစေ။ တပ်ရင်းက တိုက်ရိုက်ပြုလုပ်တဲ့ Campaign မို့ တပ်ရင်းပေ့ချ်ကို တိုက်ရိုက်ဆက်သွယ် ပါဝင်ပေးကြပါ။ ဒီ Link ကနေ သွားပေးနော်။ 👇 https://www.facebook.com/profile.php?id=61566381605640&mibextid=wwXIfr&mibextid=wwXIfr