cookie

Мы используем файлы cookie для улучшения сервиса. Нажав кнопку «Принять все», вы соглашаетесь с использованием cookies.

avatar

ပန်ဆယ်လို

🔺 ဘုရားခေတ်မှာဆိုရင် ရဟန္တာဖြစ်တဲ့အထိ လိမ်မာမယ်။ အမှောင်ခေတ်မှာတော့ အာဏာရှင်ကို ဖီဆန်မယ်။ 🔺

Больше
Мьянма121Бирманский121Политика203
Рекламные посты
219 557
Подписчики
-424 часа
-457 дней
+2 75430 дней

Загрузка данных...

Прирост подписчиков

Загрузка данных...

မင်းအောင်လှိုင်လည်း အလောင်းဘုရားနောက် လိုက်မေးချင်နေလောက်မယ်။ ယိုးဒယားကို ဝါးရင်းတုတ်နဲ့ တက်သိမ်းတယ်ဆိုတဲ့အချိန်တုန်းက ဒေါနတောင်ကို ဘယ်လို ကျော်သွားလဲလို့။ အခု ဒင်းရဲ့ အောင်ဇေယျက ဒေါနမှာ ပေါင်တွေကွနေလို့တဲ့။ 😂
Показать все...
😁 2334 390👏 219🔥 13😱 6💔 6😢 3
ဂျမ်မာခြုံလို့ မလုံရင် ထမိန်ခြုံမလား စောက်ပု လိပ်စာ ကိုဩဒိနိတ်အတိအကျလေးပေး ဒရုန်းနဲ့ ပို့လိုက်မယ်။ 😌
Показать все...
2620😁 992👏 376🔥 14💔 12😢 4
နေပူတော်မှာ တရုတ်ထုတ်ဂျမ်မာတွေ ထပ်ဆင်နေတယ်ဆိုပဲ။ ဂျမ်မာခြုံ လုံပါ့မလား ခေါင်းသေးရဲ့ မကြောက်လို့ ရမလား သားရီး ငါတို့မှာလည်း ဒရုန်းတွေနဲ့။ 😂
Показать все...
2601😁 687👏 370🔥 13💔 13😢 8
ဒီတစ်လ ဘာပရော့ဂျက်မှ မလုပ်ပါဘူးနော်။ ရှာခိုင်းကြသူတွေကို မနည်းကို တောင်းပန်ပြီး နားထားရတာပါ။ တစ်လ တစ်လ လအစဆိုရင် ပရော့ဂျက်တစ်ခုမဟုတ်တစ်ခု လုပ်ပြီး ရှာဖွေပေးနေရတာ ကြာလာတော့ ကိုယ်ဘာပရော့ဂျက်လုပ်လုပ် လှူကြကူကြသူတွေကို အားနာလာသလို ကိုယ့်ကိုယ်ကိုယ်လည်း စိတ်အားငယ်လာလို့ပါ။ ကိုယ်ကျိုးစီးပွါးအတွက်ဆို စျေးရောင်းတဲ့ပိုစ့်တောင် ပေ့ချ်သက်သက်ဖွင့်ထားပေမယ့် နေ့တိုင်းမတင်ဖြစ်ပါဘူး။ ကိုယ်က ပရော့ဂျက်လုပ်ပြီဆို ကိုယ်က စိတ်ဇောကြီးပါတယ်။ အောင်မြင်ချင်ပါတယ်။ မဖြစ်မနေ ကြိုးစားပါတယ်။ ဒါ့ကြောင့် လှုံ့ဆော်တဲ့ ပိုစ့်တွေ နေ့တိုင်း တစ်နေ့နှစ်ပိုစ့်သုံးပိုစ့် တင်ရပါတယ်။ ကြာလာတော့ ကိုယ့်ကိုယ်ကိုယ် အမြဲ တောင်းနေ အလှူခံနေရသလို သိမ်ငယ်လာလို့ပါ။ မြေပြင်ရဲဘော်တွေ တွေ့ဆုံအကူအညီတောင်းလာရင် ရဲရဲဝံ့ဝံ့ကြီး မျက်နှာကြီးမော်ပြီး ကတိပေးပြီးနောက်မှာတော့ မျက်နှာငယ်လေးနဲ့ အလှူခံရတော့တာပဲ။ ပရော့ဂျက်အောင်မြင်ပြီဆိုရင် ရဲဘော်တွေကို ငွေပို့ပြီးတဲ့ အချိန်လေးတော့ အတော်ပျော်ရပေမယ့် ကြားကာလတစ်ခုလုံး လျှာထွက်ပါတယ်။ အဆဲခံရပါတယ်။ စွတ်စွဲခံရပါတယ်။ တစ်လလောက်တော့ စိတ်လွတ်ကိုယ်လွတ်လေး မိုတီရအောင် ပြန်နေချင်တာမို့ပါ။ ဒါပြီးရင်တော့ ပိုမိုအားယူပြီး ပြန်ကြိုးစားပါ့မယ်။ ဒီရက်ထဲတော့ ရှေ့ပရော့ဂျက်က ငွေစီးဆင်းလွှဲပြောင်းရေးတွေနဲ့ နိုင်ရာဝန်ထမ်းနေဆဲပါ။
Показать все...
3388👏 473😁 117😢 21🔥 10😱 3
ဂျော်ဂျီယာဘက်မှာ ငနဲတဗွေ ဖျင်ယားပြီး မီးပွိုင့်အလယ်ကြီးမှာ ကားကို Drift တွေ ဆွဲပြီး ပတ်မောင်းနေတာ။ မေဒိကန်ကိုလှရွှေတို့ကလည်း တယ်ကြမ်းပဲ။ ဝီးရော် ဝီးရော်ဆို ရောက်လာပြီး ကားကိုပါ တိုက်ပစ်တာ။ ပြီးတော့ တနပ်ကြီးနဲ့ချိန် ကားထဲက ဆွဲထုတ်။ လက်ထိပ်ကို နောက်ပြန်ခပ်ပြီး ကားလမ်းမပေါ် ဝမ်းလျားထိုးခိုင်းထားတာ။ ကြိုက်ပြီလေ…. ကိုယ်လည်း Drift ဆွဲ ကျင့်နေပြီ။ ဟိုစောက်ပေါလေးတွေရဲ့ အဖမ်းခံရစေချင်တဲ့ဆန္ဒကို ဖြည့်ပေးဖို့က ဒီတစ်နည်းပဲ ရှိတော့တာ။ ခိခိ
Показать все...
😁 2366 414👏 132😱 11🔥 9😢 9
ဒီရက်ထဲမှာ ပိုးစိုးပက်စက် အကြောတက်ပြမှာမို့ မျက်စိကလောရင်တော့ ခွင့်လွှတ်။ ဒီကာလထဲမှာ နောက်ထပ်အားရကျေနပ်ရတဲ့ကိစ္စကတော့ ကိုယ်နဲ့ စောက်ပြသနာတက်သွားတဲ့ကောင်မှန်သမျှ ဟန်ဆောင်မျက်နှာဖုံးတွေ တလွှာချင်း တထပ်ချင်း ကွာကျကုန်တဲ့ကိစ္စပဲ။ ကိုယ်ကလည်း လူတကာနဲ့ စောက်ပြသနာတက်နေတာတော့ မဟုတ်ပါဘူး။ အချို့ဆို သူ့ဟာသူ စအိုတုတ်ထသလို ပန်ဆယ်လိုဆိုတာနဲ့ ယွစိထနေကြတာ။ ကိုယ်က သူဆိုတဲ့လူ ဒီကမ္ဘာကြီးပေါ် မွေးလာသလား သေသွားသလားတောင် သိတာမဟုတ်ဘူး။ အပြန်အလှန် စောက်ပြသနာတက်တယ်ဆိုတာကလည်း ဒီကောင် အတော်စောက်ချိုးမပြေတာဆိုတဲ့စိတ် အခါတစ်ရာလောက် ဖြစ်လာမှပါ။ သိသာထင်ရှားတဲ့ ဥပမာသုံးခုလောက် ပေးမယ်။ စင်ကြက်မ… အာကြမ်းလျှာကြမ်း ဘယ်ပြောလို့ ဘယ်ရောက်မှန်းမသိ၊ Liveပေါင်းစုံနဲ့ နေ့တိုင်းစောက်စကားတွေ များနေတာမို့ သူမဟုတ်တာလုပ်တာ ခံယူချက်မမှန်တာ သိနေကြပေမယ့် တော်ရုံလူ မပြောချင်ကြဘူး။ ဘယ်သူမှ Live နေ့တိုင်းလွှင့်ဆဲတာ မခံချင်ဘူးလေ။ ကိုယ်နဲ့ ထငြိတယ်။ စခါစမှာ သူ့ဖန်တွေလည်း ကိုယ့်လာဆဲကြတာပါပဲ။ နောက်ပိုင်းတော့ ဒီကောင်မ ဘာဆိုတာ လူတိုင်း သူ့ဖာသာသူ သိသွားကြတယ်။ ခွက်ပျောက် ရူးသွပ် လူရာမဝင်ပဲ။ နောက်တစ်ယောက် ဂါးဂါး။ မြန်မာပြည်ရဲ့ ဒုတိယဗိုလ်ချုပ်အောင်ဆန်းလိုလို ပါစင်နယ်ဘရန်းဒင်းတွေ လုပ်၊ သောက်ရူးတွေ လော်သမျှ နှုတ်ခမ်းမွှေးတသသနဲ့ လုပ်ပွဲတွေနဲ့နာမည်ယူ၊ မီဒီယာအင်အားသုံး နာမည်ကြီး။ မြေပြင်မှာ ဘာစောက်လုပ်မှ မလုပ်တာ သိနေသူတွေက ဂန်းကြောက်ပြီး အသံမထွက်ရဲ။ အွန်လိုင်းမှာလည်း မောင်ဂါးဆို ထိုင်ကန်တော့ရမလိုလို၊ နုကြည်ကိုလည်း ခွေး ချေးနိုင်သလို Liveအားကိုးနဲ့ ဖြဲနေတာ။ ကိုယ်လည်းဝင်ပြောရော ထုံးစံအတိုင်း သူ့ဖန်တွေ ကိုယ့်လာဆဲတာ သတ်တော့ဖြတ်တော့မလိုပဲ။ နောက်တော့ ဒီကောင်ဘာဆိုတာ လူတွေသိလာကြတယ်။ မြေပြင်ကလှိမ့်ခံနေရသူတွေလည်း အသံထွက်ရဲလာတယ်။ နုကြည်ကိုလည်း အရင်လို့ နင်ပဲငဆ မဖြဲရဲတော့ဘူး။ မျက်နှာဖုံးတွေကျွတ် ပလပ်တွေလွတ် င်္သကြန်ယိမ်းတွေ တိုက်။ နောက်တစ်ကောင် မဲဆောက်ခွေးညို။ NUG နဲ့ပြည်သူကို ပါးပါးတစ်မျိုး မခို့တရို့တမျိုး သွေးခွဲနေခဲ့တာ။ Victoria Case ရဲ့ ကယ်တင်ရှင်ကြီး၊ CDM ကြီးဆိုပြီး ပြည်သူတွေဆီမှာ Branding လုပ်ခဲ့တာဆိုတော့ သူပြောလိုက်ရင် နုကြည်မှာ ဟုတ်ဟုတ်မဟုတ်ဟုတ် အပြောခံရ၊ အဆဲခံရ။ ပြည်သူတွေ တော်လှန်ရေးအပေါ် ဝေဝါးကြနဲ့။ ကိုယ်နဲ့ ထငြိတယ်။ ထုံးစံအတိုင်း သူ့စောက်ခွက်နဲ့ မတန်တဲ့ မျက်နှာဖုံးကြီး သူကိုယ်တိုင် တလွှာချင်း တရက်ချင်းကို ဆွဲခွါချနေလိုက်တာ အခုဆိုရင် မဲဆောက်ခွေးညိုဆိုတာနဲ့ လူတွေက ချီးထုတ်လို့ တန်းမြင်တာ။ ဒီကောင် ပြောသမျှ ဟောင်သမျှ အရင်လို ဘာEffective မှ မဖြစ်တော့ဘူး။ ပြည်သူတွေ ရင်ထဲမှာ ဒီကောင်က အဖျက်သမား၊ အောက်တန်းစား၊ မဟုတ်မမှန်တွေ ရေးနေတဲ့ကောင်။ ဒီအမြင်ပဲ ရှိတော့တယ်။ ကိုယ့်အားသာချက်ကလေ စောက်ဆဲခံနိုင်တယ်။ အဲ့ဒါမျိုးမှာ Experience ဆယ်စုနှစ်ကျော်ရှိလာတာဆိုတော့ ခပ်ပြုံးပြုံးပဲ။ ဒီကောင်တွေက ဘဝမှာ သူတို့လုပ်ယူထားတဲ့ Branding မျက်နှာဖုံးကြီးနဲ့ တသက်လုံး လေးစားပါတယ်တို့ ချစ်ခင်ပါတယ်တို့ ဆရာ ဆရာတို့ ချီးကျူးသံတွေကြားမှာ နေလာတာဆိုတော့ တော်ရုံ ဝေဖန်ထောက်ပြတာတွေ အဆဲခံရတာတွေကို စိတ်မခိုင်ဘူး။ ရူးကုန်ကြတာ။ အဲ့မှာ စာကလေး လောင်ချာနဲ့ထုသလို ဖြစ်တော့တာပဲ။ အစကတည်းက ဟန်ဆောင်ပန်ဆောင် လုပ်ပြနေရတာ စောက်ဆဲခံရလို့ စိတ်လည်း ဖောက်ရော၊ ဟန်မဆောင်နိုင်တော့ဘူး။ သူတို့ရဲ့ ဖုံးကွယ်ထားတဲ့ Dark Side တွေကို အားရပါးရ ဖြဲပြကြတော့တာ။ ကိုယ်က အဲ့လိုကောင်တွေ အဲ့အဆင့်ရောက်သွားရင် ပြုံးပြုံးလေး ထိုင်ကြည့်နေတော့တာ။ လူမှန် နေရာမှန် ရောက်သွားပြီ။ ကိုယ့်အပိုင်း ပြီးသွားပြီ။ သူတို့ရဲ့ အဆိပ်ခတ်မှုတွေ ပြည်သူကို မထိတော့ဘူးဆိုရင် ကိုယ့်တာဝန် ကျေသွားပြီ။ အဆဲခံရတာလည်း တန်တယ်လေ။ ဆက်တွင်းတူးကြတာ သူတို့အားထုတ်မှုနဲ့ သူတို့ပဲ။ အတွေးအခေါ် အဆိပ်ခပ်နေတာကို ပြည်သူလက်မခံတာကို သိသွားရင် အကောင်းဘက် ပြင်လာပါစေလို့ ဆုတောင်းပေမယ့် အတွေ့အကြုံအရတော့ ပိုတွင်းတူးသွားတာပဲ မြင်ဖူးတော့တယ်။ ခွေးလုံးလုံးဖြစ်ရုံမက ခွေးဝဲစားဖြစ်ဖို့ထိ ကိုယ့်လမ်းကိုယ် ရွေးကြတော့တာ။ အဲ့ဒါကြောင့် ကိုယ်အမြဲ Confidence ရှိရှိ ပြောနေတာ။ နင်တို့ တစ်ယောက်ချင်းလည်း ငါ့မနိုင်ဘူး။ တဖွဲ့လုံးပေါင်းလည်း ငါ့မနိုင်ဘူးလို့။ ကိုယ့်မှာ အဖွဲ့မရှိဘူး။ အုပ်စု မရှိဘူး။ ဒီနေ့အထိ Psychological Warfare အပွဲပွဲမှာ ကိုယ်တစ်ယောက်တည်းပဲ။ အဖွဲ့လိုက် ဝိုင်းဖဲ့လို့လည်း ငါ့ဘက်ကကူပြောပေးပါလို့ ဘယ်သူ့ကိုမှ စစ်ကူမခေါ်ဘူး။ ဘယ်သူကို ဖြိုဖို့ ဝင်အားဖြည့်ပေးပါလို့လည်း ဘယ်သူ့ကိုမှ မခေါ်ဖူးဘူး။ မြန်မာပြည်မှာ ဖေ့စ်ဘုတ်စပေါ်လာတဲ့အချိန်ကစ ဒီနေ့ ယောက်ပြားအုပ်လိုက်ကြီး ဝိုင်းချိုးဖဲ့ကြတာကို ကိုယ့်လောက် ဘယ်သူဒဏ်ခံရဖူးလို့လဲ။ ကိုယ် ယုံကြည်တာက တစ်ခုပဲ။ ချီးမွန်း ကဲ့ရဲ့ ဘယ်အရာကမှ ကိုယ့်ကို မဖန်တီး မဖျက်စီးနိုင်ဘူး။ ကိုယ့်ကို တကယ်ဖန်တီးနိုင် တကယ်ဖျက်စီးနိုင်တာက ကိုယ့်ရဲ့ ခံယူချက်၊ စိတ်ဓါတ်၊ လုပ်ရပ်ပဲ။
Показать все...
2692👏 568😁 54🔥 11💔 8😢 2😱 1
လူတွေက ထမင်းစား ကြီးလာကြတာ။ လူလို နားလည်တယ်။ လူအလုပ်သာ ဆက်လုပ်နေ၊ လူတွေ အထင်လွဲနေရင်တောင် အချိန်တစ်ခုရောက်လာရင် လူမို့ လူလိုနားလည်လာကြတာပဲ။ ဥပမာ- နင်တို့ ဘယ်လို ငွေရေးကြေးရေးနဲ့ ကိုယ့်ကို တိုက်ခိုက် တိုက်ခိုက်၊ ပရော့ဂျက်တိုင်းမှာ ၁၀၀% မက ၂၀၀% ကျော်တွေထိ ဆက်အောင်မြင်နေတာမျိုးပေါ့။ အခုအချိန် နင့်ကိုယ်နင် ကျွန်တော် လူပါခင်ဗျာလို့ ပြောကြည့်ရင်တောင် ပုခုံးနှစ်ဖက်ကြားခေါင်းပေါက်လို့ လူတူတူတိရိစ္တာန်လို့ ထင်ရတာပဲလို့ အားနာပါးနာ ပြန်ပြောပေးကြမယ့်သူချည်းပဲ။ အဲ့လို ဖြစ်သွားအောင် ဘယ်သူကမှ လုပ်ခဲ့တာ မဟုတ်ဘူး။ နင်တို့ရဲ့ စေတနာဆိုး လုပ်ရပ်ဆိုးတွေကပဲ ရောင်ပြန်ဟပ်ခဲ့တာ။ ဒီလောကက နည်းနည်းတော့ ကြမ်းတယ်။ စိတ်မခိုင်ရင် ဖေ့စ်ဘုတ်ဆယ်လီသက်တမ်း ၁၂ နှစ်ကြာဖို့ဆိုတာလည်း ငှက်ပျောသီးအခွံနွှာသလိုတော့ ဘယ်လွယ်ပါ့မလဲ။ ခံယူချက်ကို ဓါးလို မြအောင်သွေးရင်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ဖို့ကလည်း ခွေးဖြစ်အောင် တွင်းတူးမိုက်တာပဲတတ်တဲ့ နင်တို့ ဇလောက်နဲ့လည်း ဘယ်ဖြစ်မလဲ။ နင်တို့က ဇတော့ ရှိပါတယ်။ ရှိတဲ့ဇက စိတ္တဇ ဖြစ်နေတာ။ အရူးတွေ အဟက်ဟက် 😂
Показать все...
3060👏 854😁 285🔥 9💔 9😢 3😱 2
လျှပ်စစ်မီးတောင် နပ်မမှန်ဘဲ နျူကလီယားတဲ့။ နင့်ဖျင်ခေါင်းထဲ ထည့်ထားပါလား အဲ့နျူကလီးယား ပုသလောက် ဖျင်ယားတဲ့ကောင်။ 😕
Показать все...
😁 2961 469👏 278😢 15😱 14🔥 9💔 7
မဲဆောက်ခွေးညိုတော့ ထပ်ဂွမ်းပြန်ပြီ။ US မှာ ဘယ်ဝန်ကြီးရဲ့ သမီးက အိမ်ဝယ်လိုက်ပြီဆိုပြီး အိမ်ပုံတွေပါ တင်ပြီး ဖွတယ်။ တကယ်တမ်းက အဲ့အိမ်ပိုင်ရှင်အစ်မက ဝန်ကြီးသမီး မဟုတ်ဘူး။ ဝန်ကြီးသမီးနဲ့ နာမည်တူတာ။ အသက်အရွယ်လည်း မတူဘူး။ US ကို ရောက်နေတာလည်း ကြာကြာလှပြီ။ ဒီကောင် ကံမျက်စိလည်ပြီး US ရောက်လာရင်တောင် ရောက်တာနဲ့ တရားစွဲခံရမှာ။ US Citizen တွေကို မဟုတ်တာတွေ ပြောနေတာ မနည်းတော့ဘူး။ အိမ်ပိုင်ရှင် လင်မယားကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး လိုအပ်သလို ဆက်လုပ်သွားမယ်လို့ သိရတယ်။ US မှာ မြန်မာငါးသိန်းလောက် ရှိတယ်။ အလကားရတဲ့ Website တွေကနေ နာမည်တွေ ရိုက်ရှာပြီး နာမည်တူတွေ့တာနဲ့ ရေးချင်တာတွေ လျှောက်ရေး၊ NUG နဲ့ ဝန်းရံသူတွေကို ပုတ်ခတ်ရပြီးရောပုံစံ။ အေးလေ… ဘာစောက်လုပ်စောက်ကိုင်မှ မရှိတာ။ 😂
Показать все...
3009😁 1081👏 591🔥 15😱 14💔 10😢 2
US ရောက်ပြီး သုံးနှစ်အတွင်း ကြီးပွါးချမ်းသာနည်းလေး ပြောပြပါလို့ အရွဲ့တိုက်မေးလာလို့ အတည့်ဖြေပေးပါ့မယ်။ မေးခွန်းက မှားနေတဲ့အတွက် အဖြေမှန် မထွက်နိုင်ပါဘူး။ ဒါ့ကြောင့် အရင်ဆုံး အမှန်ပြင်ပေးပါ့မယ်။ US ရောက်ပြီး သုံးနှစ်မှာ ကြီးပွါးချမ်းသာသွားတယ်ဆိုတာ မှားပါတယ်။ ပိုမွဲသွားတာပါ။ မြန်မာပြည်မှာတုန်းက လုံးချင်းအိမ်တစ်လုံး၊ တိုက်ခန်း ၃ခန်းနဲ့ ကား၃ စီး ပိုင်ခဲ့ပါတယ်။ အကြွေးတစ်ပြားမှ မရှိပါဘူး။ မြန်မာပြည်အနေအထားနဲ့ဆို အောင်မြင်နေတယ်လို့ ပြောလို့ရတဲ့ စီးပွါးရေး ၃ခု ပိုင်ပါတယ်။ လစဉ် ဝင်ငွေရဲ့ ၂၀% ပဲ ကုန်ကျပြီး ၈၀% အသားတင် စုဆောင်းနိုင်တဲ့ အခြေအနေရှိခဲ့ပါတယ်။ US ရောက်ပြီး ၃ နှစ်အတွင်းမှာ အကြွေး ဒေါ်လာတစ်သန်းနီးပါး တင်သွားပါတယ်။ လုပ်ငန်းကတော့ ရပ်တည်နိုင်ပြီဖြစ်တဲ့ ရပ်ကွက်စတိုးဆိုင်လေး တစ်ဆိုင်နဲ့ အစပြုဆဲ အမြတ်မရသေးတဲ့ လုပ်ငန်းသေးတစ်ခု ရှိပါတယ်။ လတ်တလော လစဉ်ဝင်ငွေရဲ့ 90% လောက် ပြန်လည်ကုန်ကျပါတယ်။ Figure တွေကို ကြည့်ရင်ပဲ US ရောက်ပြီး သုံးနှစ်မှာ ပိုချမ်းသာလာတာလား ပိုမွဲသွားလား သိသာနိုင်ပါတယ်။ ပိုချမ်းသာတယ် ထင်ပေးကြတဲ့အတွက်လည်း ကိုယ့်ရဲ့ နေတတ်ထိုင်တတ်တဲ့ ပုံစံကြောင့် ပိုအထင်ကြီးကြတယ်လို့ ဂုဏ်ယူမိပါတယ်။ မေးခွန်းအမှန်ကို ပြန်ပြင်ပေးပါ့မယ်။ US ရောက်ပြီး သုံးနှစ်အတွင်း ဘာလို့ အခုလို ရပ်တည်နိုင်သလဲ။ အလုပ်ကြိုးစားပါ။ ရတနာရောင်းခဲ့တုန်းက အားထုတ်မှုအတိုင်း ငပိငါးခြောက် ရောင်းချိန်မှာလည်း အားထုတ်မှု မလျော့ခဲ့ပါဘူး။ ထမင်းကျွေးတဲ့အလုပ်ကို တန်ဖိုးထားပါတယ်။ ရတနာဝယ်ဝယ် ငပိဝယ်ဝယ်၊ Customer ဟာ Customer ပါပဲ။ တာဝန်ယူတာဝန်ခံမှု ရှိရပါမယ်။ ဘာအလုပ်ဖြစ်ဖြစ် အိမ်သာပဲ ဆေးဆေး၊ စေတနာထားရင် အနည်းဆုံးတော့ အဲ့အိမ်သာ ပိုပြောင်တယ်။ လာဘ်မြင်ပါ၊ ကြံရည်ဖန်ရည်ရှိပါ။ အမြဲ အလုပ်အကြောင်း စဉ်းစားပါ။ ပိုက်ဆံရဖို့ စဉ်းစားပါ။ အခွင့်အလမ်းတွေကို အမြဲလေ့လာပါ။ တပည့်ခံပါ။ သင်ယူပါ။ ကမ္ဘာ့ဘယ်နေရာရောက်ရောက် သင်ရင် တတ်တာပါပဲ။ မသင်ဘဲ ဘာမှမတတ်ပါဘူး။ သိအောင်လုပ်ပါ၊ သိပြီးရင် အဲ့အသိကို အသုံးဝင်အောင် အသုံးချပါ။ စိတ်ဓါတ်ခိုင်မာပါ။ ဒါက ရှေ့ကအချက်တွေထက် အရေးအကြီးဆုံးအချက်ပါပဲ။ ကိုယ်တို့ ကျရှုံးကြတယ်ဆိုတာ ဖြစ်ရပ်ကြောင့်ထက် စိတ်ဓါတ်ကြောင့်ပါ။ ငါအရှုံးပေးလိုက်ပြီဆိုတဲ့အချိန်မှ တကယ်ရှုံးတာပါ။ ငါကြိုးစားတိုက်ခိုက်နေဦးမှာလို့ တွေးနိုင်နေသရွေ့ ဘယ်တော့မှ အဆုံးမသတ်ပါဘူး။ ဘယ်လိုအခက်အခဲကြုံကြုံ ဘယ်လိုအတိုက်အခိုက်ကြုံကြုံ (ကိုယ်က အမြဲပိုကြုံရပါတယ်) ကိုယ်အမြဲတွေးတာက ငါ ရှေ့ဆက်ကြိုးစားရုန်းကန်နေဦးမှာ ဆိုတာပါပဲ။ ရပ်ကွက်စတိုးဆိုင်ပေါက်စလောက်နဲ့ US မှာ အရမ်းအောင်မြင်ချမ်းသာနေတယ်လို့ ပြောရင် ဒီကမီလျံနာတွေ ဘီလျံနာတွေက ရယ်နေပါ့မယ်။ ဝါးလုံးခေါင်းထဲက အတွေးတွေနဲ့ ကိုယ်ဥာဏ်မမီတဲ့နေရာကို လှမ်းခန့်မှန်းပြောနေတာ အတော်တာဇံဆန်ပါတယ်။ ကိုယ့်အိပ်မက်ကလည်း ဒီGrocery ပိစိလေး မဟုတ်ပါဘူး။ ဒီလောက် ဝင်ငွေလေး မဟုတ်ပါဘူး။ ဘာအခွင့်အလမ်းမှ မရှိတဲ့ မြန်မာပြည်မှာတောင် ဒီလောက်လုပ်နိုင်ခဲ့တာ US လို Land of Opportunities မှာ ကိုယ့်လုပ်နိုင်စွမ်းက ဒီလောက်လေးပဲ ဖြစ်နေခွင့် မပေးနိုင်ပါဘူး။ တစ်လမှာ ရက်၂၀ လောက် တော်လှန်ရေးအတွက် အချိန်ပေးအလုပ်လုပ်နေရလို့ ကိုယ့်မချင့်မရဲစိတ်တွေကို ချိုးနှိမ်ထားရတာပါ။ ဒီလောက်လေးနဲ့ ကိုယ့်ကိုယ်ကိုယ် ရပ်တန့်ခွင့် မပေးပါဘူး။ ဒီနိုင်ငံမှာ အခွန် နင့်နေအောင် ဆောင်ရတယ်။ အဲ့အတွက် ဒီနိုင်ငံကနေ ပြန်ရနိုင်မယ့် အခွင့်အလမ်းကို သင်ယူရှာဖွေနေပါတယ်။ စောက်ကြီးစောက်ကျယ်တွေ မကြွယ်ချင်လို့ ငြိမ်နေတာပါ။ ခြေထိုးခံမယ့်ကောင်တွေကြောင့် ဘယ်ခြေလှမ်းလှမ်းနေတယ် မပြောတာပါ။ တစ်သက်လုံး လိမ်ညာခိုးဝှက် အမြတ်ထုတ်မှ ထမင်းဝခဲ့တဲ့သူ မဟုတ်တဲ့အတွက် ကမ္ဘာ့ဘယ်နေရာရောက်ရောက် ခေါင်းမော့ရင့်ကော့ ကိုယ့်ထမင်းကိုယ်ရှာစားတတ်ပါတယ်။ နင်တို့ကသာ စောက်ထင်တွေ စွတ်ကြီးနေတာ။ ကိုယ်ကတော့ ကိုယ့်ကိုယ်ကိုယ် အားမလိုအားမရနဲ့ စိတ်ဓါတ်တွေ ထိခိုက်နေရတဲ့အထဲ။ ဘာတွေ မေးမှန်း မသိဘူး။ မိန်းမိန်ဆိုင်းဘုတ်
Показать все...
2744👏 448😁 183😱 4