ru
Feedback

Не попадитесь на канал ботавода! Telemetrio находит и помечает такие каналы 👉 Хотите видеть метку — оформите подписку

Hana: Anime & Cartoons

Hana: Anime & Cartoons

Открыть в Telegram

📈 Аналитический обзор Telegram-канала Hana: Anime & Cartoons

Канал Hana: Anime & Cartoons (@ctmvc) языкового сегмента Бирманский является активным участником. Сейчас сообщество объединяет 31 836 подписчиков, занимая 8 967 место в категории Фильмы и 4 620 место в регионе Мьянма.

📊 Показатели аудитории и динамика

С момента создания невідомо проект демонстрирует стремительный рост, собрав аудиторию из 31 836 подписчиков.

Согласно последним данным от 14 октября, 2026, канал показывает стабильную активность. За последние 30 дней изменение числа участников составило -381, а за последние 24 часа — 0, при этом общий охват остаётся высоким.

  • Статус верификации: Не верифицирован
  • Уровень вовлечённости (ER): Средний показатель вовлечённости аудитории составляет 2.70%. В первые 24 часа после публикации контент обычно набирает 0.33% реакций от общего числа подписчиков.
  • Охват публикаций: В среднем каждый пост получает 862 просмотров. В течение первых суток публикация набирает 104 просмотров.
  • Реакции и взаимодействия: Аудитория активно поддерживает контент: среднее количество реакций на один пост — 1.

📝 Описание и контентная политика

Автор описывает ресурс как площадку для выражения субъективного мнения:
“For Business Contact 👉 @heinoothwin”

Благодаря высокой частоте обновлений (последние данные получены 15 октября, 2026) канал поддерживает актуальность и высокий уровень охвата публикаций. Аналитика показывает, что аудитория активно взаимодействует с контентом, что делает его важной точкой влияния в категории Фильмы.

31 836
Подписчики
Нет данных24 часа
-297 дней
-38130 дней
Архив постов
ချုပ်ရာခေါင်းကလေး (၂၀၂၅) မိစ္ဆာတွေရှိတယ်ဆိုပြီး လူတွေကြောက်ရွံ့နေကြတဲ့ ဂရော့တက်စ်ကျူ ရဲတိုက်မှာ ဖန်တီးရှင် ပါမောက္ခ မှ ပထမဆုံ
ချုပ်ရာခေါင်းကလေး (၂၀၂၅) မိစ္ဆာတွေရှိတယ်ဆိုပြီး လူတွေကြောက်ရွံ့နေကြတဲ့ ဂရော့တက်စ်ကျူ ရဲတိုက်မှာ ဖန်တီးရှင် ပါမောက္ခ မှ ပထမဆုံးဖန်တီးထားတဲ့ ချုပ်ရာခေါင်းလေးဟာပါမောက္ခ က ဖန်တီးမွေးထုတ်နေတဲ့ မိစ္ဆာအသစ်တွေကို စောင့်ရှောက်ရင်းအထီးကျန်စွာနေနေပါတယ်။ ပါမောက္ခ ဟာ ကြောက်စရာအကောင်းဆုံး မိစ္ဆာကို ဖန်တီးဖို့ပဲ ခေါင်းထဲရှိနေကြောင်းကြောင့် ချုပ်ရာခေါင်းလေးဟာ သူ့ဆီကအသိအမှတ်ပြုမှုကို တောင့်တမိနေပါတော့တယ်။ ဒီလိုနဲ့ တစ်နေ့မှာ ဖူးလ်ဘတ် ဖရိလ်ဖိုင်ဒါ ဆိုတဲ့ ဆပ်ကပ်ပိုင်ရှင်ဟာ ရဲတိုက်ကို ရောက်ရှိလာပြီး ချုပ်ရာခေါင်းလေးကို ချစ်ခြင်းမေတ္တာတွေ၊ အသိမှတ်ပြုမှုတွေ၊ ကျော်ကြားမှုတွေ ရရှိရမယ်ဆိုပြီး ခေါ်သွားပါတော့တယ်။ မြို့ကို ရောက်ရှိပြီးနောက် ချုပ်ရာခေါင်းလေးဟာ ချစ်ခြင်းမေတ္တာတွေ၊ အသိမှတ်ပြုမှုတွေ၊ ကျော်ကြားမှုတွေ ရရှိနေတဲ့အချိန်မှာ သူ့အချစ်ဆုံးသူငယ်ချင်း သတ္တဝါ ဆိုတဲ့ မိစ္ဆာလေးဟာ ချုပ်ရာခေါင်းလေးကို လူသားတွေလက်ထဲက ကယ်ပေမယ့် ချုပ်ရာခေါင်းလေးက ပြန်သွားငြင်းဆန်ခဲ့ပါတယ်။ ဒါပေမယ့် အာရဘယ်လာ ဆိုတဲ့ လူသားမလေးကြောင့် သူဟာ စိတ်တွေ ဘယ်လိုပြန်ပြောင်းလဲလာမလဲဆိုတာ၊ ဖူးလ်ဘတ် ဖရိလ်ဖိုင်ဒါ ရဲ့ ယုတ်မာပုံတွေ ဘယ်လိုပေါ်ထွက်ပြီး ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ဆက်လက် ကြည့်ရှုခံစားရမှာပါ။

စကားလုံးဥယျာဉ် (၂၀၁၃) အာကီဇုကီ တာကာအို ဆိုတာက ဖိနပ်လုပ်သမားဖြစ်ချင်တဲ့ ၁၅ နှစ်အရွယ်ကောင်လေး။ သူ့စိတ်ထဲ ဖိနပ်တွေဖန်တီးဖို့ပဲ ရ
စကားလုံးဥယျာဉ် (၂၀၁၃) အာကီဇုကီ တာကာအို ဆိုတာက ဖိနပ်လုပ်သမားဖြစ်ချင်တဲ့ ၁၅ နှစ်အရွယ်ကောင်လေး။ သူ့စိတ်ထဲ ဖိနပ်တွေဖန်တီးဖို့ပဲ ရှိတယ်။ ဘယ်လိုဖန်တီးရမလဲဆိုတာပဲ စိတ်ကူးနေ တွေးနေတတ်တဲ့သူ။ မိုးရွာတဲ့နေ့တွေဆို ကျောင်းပြေးပြီး သူထိုင်နေကြနေရာမှာ ဖိနပ်ဒီဇိုင်းတွေ ထိုင်ဆွဲနေကြ။ တစ်နေ့ အဲ့ဒီနေရာမှာပဲ မမ တစ်ယောက်နဲ့ စတွေ့လေရဲ့။ မမနာမည်က ယူကီနို ယူကာရီ တဲ့၊ ၂၇ နှစ်အရွယ် အစ်မကြီးပေါ့။ စတွေ့တုန်းကတော့ မသိလိုက်မသိဘာသာနေပေမဲ့ တွေ့ပါများတော့ ရင်းနှီးသွားကြတယ်။ နှစ်ယောက်စလုံးက ကိုယ့်အပူနဲ့ ကိုယ်ရှိနေကြတဲ့သူတွေ။ ရင်းနှီးလာတာနဲ့အမျှ တစ်ယောက်ကိုတစ်ယောက် ဖေးမဖို့ ကူညီပေးဖို့ စူးစမ်းဖို့ လုပ်လာကြတယ်။ ဒီနေရာမှာ သူတို့ရဲ့ကဗျာတွေ စကားလုံးတွေက အဖြေတွေရှာဖို့ ဖြစ်လာခဲ့တယ်။ ပြန်ခါနီး နှုတ်ဆက်တဲ့အခါ ကဗျာတစ်ပုဒ်လောက်ကို ချန်ထားပြီး အဖြေရှာစေခဲ့တယ်။ သူတို့နှစ်ယောက်ကြားက ပတ်သက်မှုက စကားလုံးတွေအများကြီးပေါက်ဖွားလာခဲ့ကြတယ်။ ဒါပေမဲ့ လောကကြီးက ဘယ်အရာမှ ကိုယ်ဖြစ်စေချင်သလိုဖြစ်နိုင်တာမဟုတ်ဘူးလေ။ ဒါကို ဒီလူသားနှစ်ဦးလည်း ကြုံတွေ့လာခဲ့ရတဲ့အခါမှာတော့ ထိရှပြင်းထန်တဲ့ စကားလုံးတွေ ပွင့်အန်လာကြပြီး။

ဒရာဂွန်ဘော (၂၀၁၉) ဘရိုလီ ဟာ တိုက်ခိုက်ရေးမှာ တော်တော်ကြမ်းပြီး မွေးကတည်းက အကန့်မဲ့စွမ်းအားနဲ့ မွေးဖွားခဲ့တဲ့ ဆိုင်းယန် တစ်ယော
ဒရာဂွန်ဘော (၂၀၁၉) ဘရိုလီ ဟာ တိုက်ခိုက်ရေးမှာ တော်တော်ကြမ်းပြီး မွေးကတည်းက အကန့်မဲ့စွမ်းအားနဲ့ မွေးဖွားခဲ့တဲ့ ဆိုင်းယန် တစ်ယောက်ပါ။ သူ့လို စွမ်းအားကြီးတဲ့ ဆိုင်းယန် တစ်ယောက်က ဘာကြောင့် အခုမှ ပေါ်လာတာလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာ ရှင်းပြသွားပါတယ်။ ဘရိုလီ ကမ္ဘာပေါ်ကို ရောက်လာခဲ့တာကလည်း ဖရီဇာ ဆိုတဲ့ ဗီးလ်လိန်း နဲ့ ပေါင်းပြီး ဗီဂျီတာ ဆီကို လက်စားချေဖို့ ရောက်လာခဲ့တာပါ။ ပြီးတော့ ဂိုကိုး နဲ့ ဗီဂျီတာ တို့ရဲ့ စွမ်းအားဟာ ထိပ်တန်းမှာရှိနေတဲ့သူတွေပါ။ ဒါပေမယ့် သူတို့တောင် ခက်ခက်ခဲခဲ တိုက်ခိုက်ခဲ့ရပါတယ်။ တိုက်ခိုက်ရေးမှာ အကြမ်းဆုံးဆိုတဲ့ ဘီရပ်စ် ထက် ပိုကြမ်းသလားဆိုတာကတော့ မြုပ်ကွက်အနေနဲ့ တမင်သက်သက်ကြီး ချန်ထားခဲ့တယ်။ ဒရာဂွန်ဘောလ် ဆိုရင် ဂိုကိုး ကိုပဲပြေးမြင်မိမှာပါ။ ဒီဇာတ်ကားထဲမှာတော့ ဂိုကိုး ကို သဘောကျတဲ့ ပရိသတ်တွေ သူ့အတွက် စိတ်မကောင်းဖြစ်လောက်အောင်လည်း လုပ်ပြထားပါသေးတယ်။ နိဂုံးချုပ်အနေနဲ့ ပြောပြရရင်တော့ ပရိသတ်အခိုင်အမာရထားပြီးဖြစ်တဲ့ ဒီ အနီမေးရှင်း ဇာတ်ကားလေးဟာ အထူးညွှန်းဆိုစရာမလိုလောက်အောင် ရသစုံ ခံစားရစေမယ့် ဇာတ်ကားကောင်း တစ်ကားပဲဖြစ်ပါတယ်။

အော်ဂီနှင့် ပိုးဟပ်များ (၂၀၂၃) အိုဂျီ ဆိုတာ ဘာနဲ့ သွားတူလဲဆိုတော့ ကြောင်နဲ့ ကြွက်လိုပါပဲ။ တစ်ခု ထူးခြားတာကတော့ copy ထားတယ်လို
အော်ဂီနှင့် ပိုးဟပ်များ (၂၀၂၃) အိုဂျီ ဆိုတာ ဘာနဲ့ သွားတူလဲဆိုတော့ ကြောင်နဲ့ ကြွက်လိုပါပဲ။ တစ်ခု ထူးခြားတာကတော့ copy ထားတယ်လို့ မခံစားရပဲ တကယ်ကို အူလိုက် သည်းလိုက်ကို ရယ်ရပါတယ်။ ဇာတ်လမ်းဇာတ်ကွက်ကလဲ အပြောင်အလှော်တွေနဲ့ မထစတမ်း ကြည့်ချင်လောက်ပါတယ်။ အိုဂျီ က ဉာဏ်ကောင်းပြီး ရိုးသားတဲ့ ကြောင်၊ သူ့အကိုက ခပ်တုံးတုံး ခပ်အအ တစ်ကောင်လဲ ရှိတယ်။ သူတို့ညီအကိုကို ဒုက္ခမတရားပေးတဲ့ ပိုးဟပ် ညီအကို ၃ ကောင်လဲ ရှိတယ်။ အကုန် တလွဲတွေ လုပ်ပြီး ကြောင်တွေကို ဒုက္ခမပေးရင် စားမဝင် အိပ်မပျော်တဲ့ တကယ့် ငပြောင်တွေပေါ့။ ဒီ ကာတွန်းရုပ်ရှင်ကို စာတမ်းထိုးပေးချင်ပေမယ့် ဘာစကားမှ မပြောတဲ့ အတွက် ဘာစာမှ မထိုးပေးထားပါဘူး။

မွန်းစတားဇုန် (၂၀၂၀) ဉာဏ်ကောင်းတဲ့ ချာတိတ်လေးတစ်ယောက်ဖြစ်တဲ့ ဒန်နီက မမျှော်လင့်ဘဲနဲ့ ဉာဏ်ကြီးရှင်တွေစုဝေးနေတဲ့ ခရန်စတန် သိပ္ပ
မွန်းစတားဇုန် (၂၀၂၀) ဉာဏ်ကောင်းတဲ့ ချာတိတ်လေးတစ်ယောက်ဖြစ်တဲ့ ဒန်နီက မမျှော်လင့်ဘဲနဲ့ ဉာဏ်ကြီးရှင်တွေစုဝေးနေတဲ့ ခရန်စတန် သိပ္ပံကျောင်းကို တက်ဖို့ ပညာသင်ဆုရခဲ့တယ်။ ဒါပေမယ့် သူ့ရဲ့ဆရာ ပါမောက္ခစတန်ကတော့ ဒန်နီရဲ့ တီထွင်မှုတွေကို အထင်မကြီးဘဲ အမြဲနှိမ်ချဆက်ဆံလေ့ရှိတယ်။ ဒန်နီ တစ်ယောက် မခံချင်စိတ်နဲ့ ပရောဂျက်အကြီးကြီးလုပ်ပြဖို့ နည်းလမ်းရှာတော့ လွန်ခဲ့ဆယ်နှစ်လောက်က ရုတ်တရက်ပျက်စီးသွားလို့ ပိတ်ထားခဲ့ရတဲ့ အဏုမြူဓာတ်ပေါင်းဖိုကို သွားတွေ့ပါတယ်။ ပျက်စီးနေတဲ့ ဓာတ်ပေါင်းဖိုကို အသစ်ပြန်မွမ်းမံဖို့ ကြိုးစားရင်းကနေ ကြောက်ဖို့ကောင်းလှတဲ့ မွန်းစတားသတ္တဝါမျိုးစုံ နေထိုင်တဲ့ နေရာတစ်ခုရဲ့ ဝင်ပေါက်ကို မတော်တဆ ဖွင့်မိသွားတဲ့အခါမှာတော့... ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။

2D - 80 ဆ 😱 3D - 700 ဆ 😱 အသဲလေး တို့ရေ ဒီနေ့ကော ထိုးပြီးပြီလား 🤔 တစ်လ (၂) ကြိမ် ထဲ ထိုးလို့ရပြီး များများ ကံစမ်းမယ် 😍😍😍
2D - 80 ဆ 😱 3D - 700 ဆ  😱 အသဲလေး တို့ရေ ဒီနေ့ကော ထိုးပြီးပြီလား 🤔 တစ်လ (၂) ကြိမ် ထဲ ထိုးလို့ရပြီး များများ ကံစမ်းမယ် 😍😍😍 မထိုးရသေးရင် မြန်မြန်လာထိုးကြနော် ချစ်တို့ရေ🥰 2D ၊ 3D ထိုဖို့ဆို "Sein City" ကို အစဉ်အမြဲ သတိရလိုက် ပါရှင့်🥰 Seincity Download link👇 https://www.mmhotapp.com/seincity_download/ တိုက်ရိုက်ဆော့ကစားရန်Link🎮 https://www.seincity.com/ Viber( 24/7 hr )☎ 09756198290 Telegram Admin  ဆက်သွယ်ရန် @thazin_sein, @seincity2 SeinCity telegram Link👇 https://t.me/seincitygaming Facebook Page📱 https://www.facebook.com/share/19DfB3eDez/ #SeinCityGaming

မှော်မျက်နှာဖုံး (၂၀၂၀) မူဂယ်ဆိုတဲ့ကောင်မလေးက သူ့ရဲ့အတန်းဖော် ဟီနိုဒယ်ကို တစ်ဖက်သတ်ကြိုက်နေတယ်။ ဟီနိုဒယ်ကတော့ သူ့ကို အဖတ်တောင
မှော်မျက်နှာဖုံး (၂၀၂၀) မူဂယ်ဆိုတဲ့ကောင်မလေးက သူ့ရဲ့အတန်းဖော် ဟီနိုဒယ်ကို တစ်ဖက်သတ်ကြိုက်နေတယ်။ ဟီနိုဒယ်ကတော့ သူ့ကို အဖတ်တောင်မလုပ်ရှာဘူး။ မူဂယ်ဟာ အခွင့်အရေးတစ်ခုရခဲ့တယ်။ အဲ့ဒါကတော့ မှော်ဆန်တဲ့ မျက်နှာဖုံးတစ်ခုကို ရခဲ့တာ။ မျက်နှာဖုံးစွပ်လိုက်ရင် မူဂယ်ဟာ တာရိုဆိုတဲ့ ကြောင်ကလေးအဖြစ် အသွင်ပြောင်းသွားပါတယ်။ ပိုပြီးကံကောင်းတာက မူဂယ်ချစ်ရတဲ့ ဟီနိုဒယ်ဟာ မူဂယ်ဆိုတဲ့ လူသားအသွင်နဲ့ ကောင်မလေးကို အဖတ်မလုပ်ပေမယ့် တာရိုဆိုတဲ့ ကြောင်မလေးအဖြစ်နဲ့ဆိုရင်တော့ သိပ်ကိုချစ်ပါတယ်။ ဒီလိုနဲ့ မူဂယ်ဟာ ကြောင်မလေးအသွင်နဲ့ နေ့တိုင်းအချိန်မှန် ဟီနိုဒယ်ဆီကို သွားပါတော့တယ်။ မိသားစုနဲ့ပတ်သက်ပြီး စိတ်ဒဏ်ရာရှိတဲ့ မူဂယ်ဟာ ကြောင်ဘဝနဲ့ပဲ နေချင်တယ်လို့ ဆန္ဒတစ်ခုပြုလိုက်ရာကနေ လူအသွင်ကို ပြန်ပြောင်းမရဘဲ ဖြစ်သွားပါတော့တယ်။ လူပြန်ဖြစ်ဖို့ဆိုရင် သတ်မှတ်ထားတဲ့အချိန်အတွင်း သူ့ရဲ့ လူသားမျက်နှာဖုံးကို ပြန်ရှာဖို့ ကြိုးစားရပါတော့မယ်။ ဟီနိုဒယ်ကို သူ့ရဲ့ခံစားချက်တွေ ဖွင့်ပြောဖို့ရ သူလူပြန်ဖြစ်မှရမှာပါ။ တစ်ဖက်မှာလဲ မျက်ဖုံးရောင်းသွားတဲ့သူက မူဂယ်ရဲ့အသက်ကို လူဖြစ်ချင်တဲ့ ကြောင်တစ်ကောင်နဲ့ မျှပြီး အလဲအလှယ်လုပ်လိုက်ပါတော့တယ်။

စမောဖု (၂၀၁၈) ဟိမဝန်နာထဲက တောင်ထိပ်တစ်ခုအပေါ်မှာ နှင်းလူတွေ နေထိုင်ကြတဲ့ ရွာလေးတစ်ရွာရှိပါတယ်။ အဲ့ဒီရွာမှာ နှင်းလူတိုင်းက သူ့
စမောဖု (၂၀၁၈) ဟိမဝန်နာထဲက တောင်ထိပ်တစ်ခုအပေါ်မှာ နှင်းလူတွေ နေထိုင်ကြတဲ့ ရွာလေးတစ်ရွာရှိပါတယ်။ အဲ့ဒီရွာမှာ နှင်းလူတိုင်းက သူ့တာဝန်ကို ထမ်းဆောင်ကြရင်းရွာအကျိုးသယ်ပိုးကြရတာပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ရွာက ကျွန်းတစ်ကျွန်းပေါ်မှာဖြစ်ပြီး တိမ်ပင်လယ်ကြားမှာ လွင့်မျောနေတာ၊ အောက်ကို ပြုတ်မကျအောင် ဆင်တွေက ထိန်းထားပေးတာပါ။ နောက်ပြီး ဒီကားရဲ့ ဇာတ်လိုက် ဖြစ်တဲ့ မီဂို ဆိုတဲ့ နှင်းလူရဲ့ အဖေက ရွာရဲ့ မောင်းတီးသမား ဖြစ်ပါတယ်။ တစ်နေ့တော့ အဖေဖြစ်သူရဲ့ အလုပ်ကို ဆက်ခံဖို့အတွက် မီဂို တစ်ယောက် မောင်းတီးလေ့ကျင့်ရမယ့် ရက်ကို ရောက်လာပါတော့တယ်။ ဒါပေမယ့် ဖြစ်ချင်တော့ မီဂို မောင်းတီးတာ လွဲသွားပြီး တောင်အောက်ကို ကျသွားတဲ့အချိန်မှာ လေယာဉ်ပျံတစ်စီး သူ့နားမှာ ပျက်ကျတာနဲ့ တိုက်တိုက်ဆိုင်ဆိုင် တွေ့ကြုံရပါတယ်။ လေယာဉ်ထဲက လေယာဉ်မှူးကို သူတွေ့လိုက်တဲ့အခါမှာတော့ သူလုံးဝ အလန့်တကြား ဖြစ်သွားပါတယ်၊ ဘာလို့လဲဆိုတော့ လူဆိုတာ သူတို့ရွာထဲမှာ စမောဖု လို့ ခေါ်တဲ့ ဒဏ္ဍာရီဆန်ဆန် သတ္တဝါမျိုးဖြစ်နေလို့ပါပဲ။

ခိုကလေးများ (၂၀၀၅) ဒုတိယကမ္ဘာစစ်အတွင်း တိရစ္ဆာန်လေးတွေက လူ့အသက်ပေါင်းများစွာကိုကယ်တင်နိုင်ခဲ့ပါတယ်။ သူတို့ရဲ့ ရဲစွမ်းသတ္တိရှိ
ခိုကလေးများ (၂၀၀၅) ဒုတိယကမ္ဘာစစ်အတွင်း တိရစ္ဆာန်လေးတွေက လူ့အသက်ပေါင်းများစွာကိုကယ်တင်နိုင်ခဲ့ပါတယ်။ သူတို့ရဲ့ ရဲစွမ်းသတ္တိရှိမှုအတွက် အမြင့်ဆုံးဆုတံဆိပ်က Dickin Medal ဖြစ်ပြီး စစ်ပွဲအတွက် ယင်းဆုပေါင်း ၅၄ ဆု ချီးမြှင့်ခံရခဲ့သည့်အထဲမှာ ၁၈ ဆုကို ခွေးလေးတွေက ရရှိခဲ့ပြီး မြင်းလေးတွေ ၃ ဆု၊ ကြောင်လေး ၁ ဆုနှင့် ခိုလေးတွေ ၃၂ ဆု ရရှိခဲ့ပါတယ်။ ဒီဇာတ်လမ်းလေးက ဒုတိယကမ္ဘာစစ်အတွင်း စစ်သားတွေကို ကူညီပေးခဲ့တဲ့ ရာနဲ့ချီတဲ့ ခိုလေးတွေရဲ့ အကြောင်းကို အားပေးထူးခြားမှု Inspire ယူပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းမှာ ၁၉၄၄ ခုနှစ် ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွားစဉ်ကာလကို အခြေတည်ထားပြီးဇာတ်လမ်းအစပိုင်းတွင် Royal Homing Pigeon Service က ခိုလေး ၃ ကောင်ဟာ အလွန်အရေးပါတဲ့ စာတစ်စောင်ကို သယ်ကာ အင်္ဂလိပ်ရေလက်ကြားကို ဖြတ်ပျံရင်း ဗြိတိန်နိုင်ငံထံသို့ အရောက်ပြန်နေကြပါတယ်။ ညဖက်အချိန်ဆိုးဝါးလှသည့် ရာသီဥတုကြားမှ အားတင်းကာ ပျံသန်းကြရင်း ဒိုဗာ အဖြူရောင်ကမ်းပါးကို မြင်နေရပြီး သူတို့ရဲ့ ဦးတည်သည့်နေရာ သို့မဟုတ် သူတို့ရဲ့ အိမ်ကို ရောက်ရှိတော့မှာ ဖြစ်ပါသည်။ သို့သော် အညွှန်း ဆက်ဖတ်ရန်နှိပ်ပါ။ Movie ➡️

နေရာမှန် (၂၀၁၅) နက်စထရီယန်မျိုးစိတ်ဖြစ်တဲ့ ဖင်နီ တစ်ယောက် အဖေဖြစ်သူနဲ့ နေရပ်အမှန်ကို လိုက်ရှာနေခဲ့ပါတယ်။ ဖင်နီ မှာ မိတ်ဆွေဖွဲ
နေရာမှန် (၂၀၁၅) နက်စထရီယန်မျိုးစိတ်ဖြစ်တဲ့ ဖင်နီ တစ်ယောက် အဖေဖြစ်သူနဲ့ နေရပ်အမှန်ကို လိုက်ရှာနေခဲ့ပါတယ်။ ဖင်နီ မှာ မိတ်ဆွေဖွဲ့တတ်တဲ့ စိတ်လေးရှိပေမယ့် နေရပ်အမှန်ကို လိုက်ရှာရတာကြောင့် ခဏခဏ နေရာပြောင်းနေရလို့ သူငယ်ချင်းမရဖြစ်နေပါတော့တယ်။ တစ်ဖက်မှာလည်း တောကြောင်မျိုးရိုးက ပေါက်ဖွားလာတဲ့ လီယာ တစ်ယောက် မိမိမျိုးစိတ်ဓလေ့အရ အုပ်စုဖွဲ့မနေရဘူး၊ အကြောက်တရားမရှိရဘူးလို့ မိခင်က ဆုံးမထားတာကြောင့် အတွင်းစိတ်က ပျော့ပြောင်းနေပေမယ့် အပြင်ပိုင်းမှာ မိခင်အလိုအရ ခက်ထန်ပြနေရပါတယ်။ တစ်နေ့ ကမ္ဘာကြီး ရေလွှမ်းမိုးမှုအောက်ကို ရောက်မယ့်အချိန် သတ္တဝါအားလုံးကို ကယ်တင်ဖို့ သဘော်ဆီ ဖိတ်ခေါ်လိုက်ပါတယ်။ ကံမကောင်းစွာနဲ့ ဖင်နီ တို့ သားအဖနှစ်ယောက် သဘော်ပေါ် တက်ရမယ့် စာရင်းထဲမှာ မပါခဲ့ပါဘူး။ သားဖြစ်သူကို သဘော်ပေါ် တက်စေဖို့ ကတိကြောင့် တောကြောင်အဖြစ် အယောင်ဆောင်ကာ သဘော်ပေါ် တက်ရင်း လီယာတို့ သားအမိနဲ့ သွားဆုံကြပါတယ်။ လီယာ တစ်ယောက် မိခင်စကားကို မယုံလို့ ရေတကယ်ကြီးမကြီးကို သွားကြည့်ရင်း ကံဆိုးစွာပဲ။ အညွှန်း ဖတ်ရန်နှိပ်ပါ။ Movie ➡️

2D - 80 ဆ 😱 3D - 700 ဆ 😱 အသဲလေး တို့ရေ ဒီနေ့ကော ထိုးပြီးပြီလား 🤔 တစ်နေ့(၄) ကြိမ် ထိုးလို့ရပြီး များများ ကံစမ်းမယ် 😍😍😍 မ
2D - 80 ဆ 😱 3D - 700 ဆ 😱 အသဲလေး တို့ရေ ဒီနေ့ကော ထိုးပြီးပြီလား 🤔 တစ်နေ့(၄) ကြိမ် ထိုးလို့ရပြီး များများ ကံစမ်းမယ် 😍😍😍 မထိုးရသေးရင် မြန်မြန်လာထိုးကြနော် ချစ်တို့ရေ🥰 2D ၊ 3D ထိုဖို့ဆို "Sein City" ကို အစဉ်အမြဲ သတိရလိုက် ပါရှင့်🥰 Seincity Download link👇 https://www.mmhotapp.com/seincity_download/ တိုက်ရိုက်ဆော့ကစားရန်Link🎮 https://www.seincity.com/ Viber( 24/7 hr )☎ 09756198290 Telegram Admin  ဆက်သွယ်ရန် @thazin_sein, @seincity2 SeinCity telegram Link👇 https://t.me/seincitygaming Facebook Page📱 https://www.facebook.com/share/19DfB3eDez/ #SeinCityGaming

သုခဘုံ (၂၀၁၀) တိရစ္ဆန်လေးတွေဟာ လူတွေနဲ့ဝေးရာမှာနေပြီး အေးဆေးပျော်ရွှင်စွာ ဖြတ်သန်းနေကြတယ်။ ဘယ်လောက်ပဲ ဝေးအောင်နေရစေ နေရာဒေသအမ
သုခဘုံ (၂၀၁၀) တိရစ္ဆန်လေးတွေဟာ လူတွေနဲ့ဝေးရာမှာနေပြီး အေးဆေးပျော်ရွှင်စွာ ဖြတ်သန်းနေကြတယ်။ ဘယ်လောက်ပဲ ဝေးအောင်နေရစေ နေရာဒေသအမြဲချဲ့ထွင်နေတဲ့ လူတွေကြောင့် တနည်းမဟုတ် တနည်း သူတို့အနားရောက်လာတာပါပဲ။ ကမ္ဘာကြီးပူနွေးလာလို့ ရေခဲတွေအရေပျော်ကုန်တဲ့အပြင် လူအချို့ရဲ့ မဆင်မခြင်လုပ်ရပ်တွေကြောင့် တောမီးတွေလည်း လောင်ကုန်ပြီး သူတို့လေးတွေအတွေ ရေရှား၊ အစားအသောက်ရှား ဒုက္ခနဲ့ ရင်ဆိုင်လာကြရတယ်။ ဒီလိုခုက္ခရောက်နေတဲ့ သူတို့တွေဟာ သုခဘုံ ဆိုတဲ့ အစားအသောက်လည်းများပြီး လူတွေနဲ့ကင်းပြီး အေးချမ်းတဲ့နေရာလေးကို စုပေါင်းရှာဖွေကြတယ်။ သုခဘုံ ဆိုတာ တကယ်ရှိလား၊ တကယ်ပဲ လူတွေနဲ့ကင်းပြီး ဒုက္ခတွေနဲ့ကင်းဝေးမှာလားဆိုတာကိုတော့ ခံစားကြည့်ကြပါဉီး။

မွန်းစတားကာကွယ်ရေး (၂၀၁၃) အန်ဒီ ဟာ သိပ္ပံပညာရပ်ကို စိတ်ဝင်စားပြီး တီထွင်ဖန်တီးမှုတွေလုပ်နေရရင် ထမင်းမေ့ဟင်းမေ့ ဖြစ်နေတတ်တဲ့ က
မွန်းစတားကာကွယ်ရေး (၂၀၁၃) အန်ဒီ ဟာ သိပ္ပံပညာရပ်ကို စိတ်ဝင်စားပြီး တီထွင်ဖန်တီးမှုတွေလုပ်နေရရင် ထမင်းမေ့ဟင်းမေ့ ဖြစ်နေတတ်တဲ့ ကလေးပါ။ ဟောလိုးဝင်းပွဲနေ့မှာ ကျင်းပမယ့် သိပ္ပံပြပွဲမှာ အနိုင်ရဖို့အရေး အတော်ကြိုးစားနေပေမယ့် အိမ်နောက်ဖေး မီးလောင်လိုက် ပေါက်ကွဲလိုက်နဲ့ အဆင်ပြေတဲ့ ဖန်တီးမှုတစ်ခုတောင် မရသေးပါဘူး။ အိမ်တွင်းအောင်း အမှောင်ထဲပဲ နေတဲ့ အန်ဒီ ကို သူ့အဖေက သူနည်းပြလုပ်တဲ့ ဘောလုံးအသင်းမှာ အန်ဒီ အစ်ကိုနဲ့အတူ ဘောလုံးကစားဖို့ အတင်းဆွဲခေါ်တော့ အန်ဒီ ချင်သလို တီထွင်စမ်းသပ်မှု လုပ်ချင်ပေမယ့်အချိန်ကောင်းကောင်း မရနိုင်ဘူး ဖြစ်နေလေတယ်။ ဒီလိုနဲ့ ဖန်တီးမှုကောင်းတစ်ခု ရဖို့ မြို့ပြင်က နာမည်ကြီး သိပ္ပံပညာရှင် ဒေါက်တာ ဖရန်ကန်စတိုင်း ဆီ သွားတွေ့ပေမယ့် မတွေ့နိုင်ဘဲ ဒေါက်တာ ဖရန်ကန်စတိုင်း ဖန်တီးထားတဲ့ အစိမ်းရောင် မွန်းစတားလေးနဲ့ပဲ တွေ့ပါတော့တယ်။ ဘောလုံးတအားကန်ချင်တဲ့ မွန်းစတားလေး ဖရန့်နဲ့ အန်ဒီ တို့ နေရာချင်းလဲပြီး ကိုယ်ကြိုက်တာကိုယ်လုပ် ကြည့်ရှုနေတုန်း မထင်မှတ်ထားတဲ့ မွန်းစတားကြီးတစ်ကောင် အန်ဒီး တို့ မြို့လေးကို ဝါးမြိုဖို့ ဖြစ်လာတဲ့အခါ ဘာတွေ ဘယ်လို ဆက်ဖြစ်ကြမလဲဆိုတာကို ကြည့်ရှုခံစားကြည့်ကြပါဦးနော်။

အနုမြူ အန္တရာယ်ကာကွယ်ရေး (၂၀၂၅) CHIIPS ဆိုတဲ့ တပ်ဖွဲ့ရဲ့ အေးဂျင့်တွေဖြစ်တဲ့ ဒိုနို, ကာစီနို, နဲ့ အင်ဒရို တို့ရဲ့ စွန့်စားခန်း
အနုမြူ အန္တရာယ်ကာကွယ်ရေး (၂၀၂၅) CHIIPS ဆိုတဲ့ တပ်ဖွဲ့ရဲ့ အေးဂျင့်တွေဖြစ်တဲ့ ဒိုနို, ကာစီနို, နဲ့ အင်ဒရို တို့ရဲ့ စွန့်စားခန်းမစ်ရှင်များနှင့် အလွဲအမှားတွေကို အခန်းသုံးပိုင်းနဲ့ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ပထမမစ်ရှင်မှာတော့ မြို့တစ်မြို့လုံး ဖုံးလွှမ်းနေတဲ့ သံမှိုတွေကို ရှင်းထုတ်ဖို့ သံမှိုရှင်းလင်းစက်ရုပ်ကို ဖန်တီးကြပါတယ်။ ဒုတိယမစ်ရှင်မှာတော့ မူလတန်းကျောင်းက မေးခွန်းအဖြေလွှာတွေကို ပေါက်ကြားအောင်လုပ်နေတဲ့ မာဖီးယားအဖွဲ့ကို ဖမ်းရမှာ ဖြစ်ပြီး၊ အရယ်ရဆုံးဖြစ်တဲ့ တတိယမစ်ရှင်မှာတော့ အနောက်ကိုရီးယားနဲ့ အင်ဒိုနီးရှားရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘောလုံးကစားသမားတွေအဖြစ် ရုပ်ဖျက်နှောင့်ယှက်ပြီး အနုမြူဗုံးအကြဲခံရမဲ့ဘေးကနေ ကာကွယ်ဖို့ ကြိုးစားကြတာ ဖြစ်ပါတယ်။ ဟာသကားတွေကို ကြိုက်သူများ သို့မဟုတ် အပျင်းပြေ ကာတွန်းကားကြည့်ချင်သူများအတွက် အူနာအောင် ရယ်နေရမဲ့ ဒီကာတွန်းကားလေးကို အကြံပြုနိုင်ပါတယ်။

စူးစမ်းတတ်တဲ့ ကောင်မလေး (၂၀၂၅) တစ်ခါတုန်းက ဗိုက်မှာလပုံပါတဲ့ စနိ့ချ် နဲ့ ဗိုက်မှာကြယ်ပုံပါတဲ့ စနိ့ချ် ဆိုပြီး နှစ်ဖွဲ့ရှိပြီး
စူးစမ်းတတ်တဲ့ ကောင်မလေး (၂၀၂၅) တစ်ခါတုန်းက ဗိုက်မှာလပုံပါတဲ့ စနိ့ချ် နဲ့ ဗိုက်မှာကြယ်ပုံပါတဲ့ စနိ့ချ် ဆိုပြီး နှစ်ဖွဲ့ရှိပြီး အချင်းချင်း မတည့်ကြပါ။ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ “သူသာတယ် ငါသာတယ်” ဆိုပြီး ရန်ဖြစ်နေကြပါတယ်။ သူတို့နှစ်ဖွဲ့ မသင့်မြတ်ကြတော့ ကြယ်ပုံပါတဲ့ စနိ့ချ် တွေက သစ်ပင်ပေါ်မှာနေပြီး လပုံပါတဲ့ စနိ့ချ် တွေကတော့ ပင်လယ်ဘက်ကို ထွက်သွားခဲ့ကြပါတယ်။ စတယ်လာ ဆိုတာကကြယ်ပုံပါတဲ့ စနိ့ချ် ကောင်မလေးတစ်ယောက်ဖြစ်ပြီး အရာရာကို တီထွင်ဆန်းသစ်တဲ့ အမြင်နဲ့ မြင်တဲ့ ကောင်မလေးပါ။ သူက စွန်အတောင်ပံကို တီထွင်ပြီး လေပေါ် ပျံချင်တဲ့ အိပ်မက်ရှိပြီး တစ်နေ့မှာ သူက လပုံပါတဲ့ စနိ့ချ် တစ်ကောင်ရဲ့ ပုံကို မြင်သွားပါတယ်။ ပုံထဲမှာ လပုံပါတဲ့ စနိ့ချ် က ရွက်လှေပေါ်မှာ နေနေပြီး အဲဒီရွက်လှေက စတယ်လာ ရဲ့ အိပ်မက် စွန်အတောင်ပံနဲ့ တူနေပါတယ်။ ကြယ်ပုံပါတဲ့ စနိ့ချ် မျိုးနွယ်စုကလည်း သူတို့ဟာ လပုံပါတဲ့ စနိ့ချ် တွေထက်သာကြောင်း အမြဲပြောနေကြပါတယ်၊ ဒါကို စတယ်လာ က “ဘာလိုသာတယ်” လို့ပဲ ပြောနေကြောင်းကို သိရဖို့ လပုံပါတဲ့ စနိ့ချ် တွေ နေတဲ့ ကမ်းခြေကို ထွက်လာပြီး ပဲလ် ဆိုတဲ့ လပုံပါတဲ့ စနိ့ချ် ကောင်မလေးနဲ့ တွေ့ရင်း သူငယ်ချင်း ဖြစ်သွားကြပါတယ်၊ စူးစမ်းတတ်တဲ့ ကောင်မလေးနှစ်ယောက်ဟာ အသစ်အသစ်တွေကိုစူးစမ်းရင်း ဘာတွေ ဖြစ်သွားကြမလဲ၊ မတည့်ကြတဲ့ စနိ့ချ် မျိုးရိုးနှစ်ဖွဲ့က အဆုံးထိ မတည့်ဘဲနေကြမလား၊ ပြန်တည့်သွားကြမလားဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမယ့် ကာတွန်း ကောင်းလေးတစ်ခုပဲ ဖြစ်ပါတယ်။

2D - 80 ဆ 😱 3D - 700 ဆ 😱 ချဲဖွင့်ရက်နော် ချစ်တို့ 😍 မထိုးရသေးရင် မြန်မြန်လာထိုးကြနော် ချစ်တို့ရေ🥰 2D ၊ 3D ထိုဖို့ဆို "Sei
2D - 80 ဆ 😱 3D - 700 ဆ 😱 ချဲဖွင့်ရက်နော် ချစ်တို့ 😍 မထိုးရသေးရင် မြန်မြန်လာထိုးကြနော် ချစ်တို့ရေ🥰 2D ၊ 3D ထိုဖို့ဆို "Sein City" ကို အစဉ်အမြဲ သတိရလိုက် ပါရှင့်🥰 Seincity Download link👇 https://www.mmhotapp.com/seincity_download/ တိုက်ရိုက်ဆော့ကစားရန်Link🎮 https://www.seincity.com/ Viber( 24/7 hr )☎ 09756198290 Telegram Admin  ဆက်သွယ်ရန် @thazin_sein, @seincity2 SeinCity telegram Link👇 https://t.me/seincitygaming Facebook Page📱 https://www.facebook.com/share/19DfB3eDez/ #SeinCityGaming

မြို့ဖျက် အန္တရာယ် (၂၀၂၄) ကမ္ဘာငယ်လေးလို့ ခေါ်တဲ့ သတ္တုတွင်းမြို့ကို တိုင်ဟေ ဆိုတဲ့ စက်မှုလုပ်ငန်းက အုပ်စိုးပြီး ထူးဆန်းတဲ့ မ
မြို့ဖျက် အန္တရာယ် (၂၀၂၄) ကမ္ဘာငယ်လေးလို့ ခေါ်တဲ့ သတ္တုတွင်းမြို့ကို တိုင်ဟေ ဆိုတဲ့ စက်မှုလုပ်ငန်းက အုပ်စိုးပြီး ထူးဆန်းတဲ့ မြေအောက်ပေါက်ကြီးတွေနဲ့ တူးမြောင်းတွေကြောင့် ဝင်္ကပါကြီးလို ဖြစ်နေပါတယ်။ ကာဂရီ နဲ့ ယူယာ ဆိုသူများက အဲဒီ မြေအောက်ပေါက်တွေထဲမှာ လမ်းတွေရှာရင်း မြေပုံဆွဲသူတွေဖြစ်ပေမယ့် ယူယာ ကတော့ မြို့ကနေ ထွက်သွားချင်နေခဲ့ပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာ ကာဂရီ တစ်ယောက် ယူယာ ကိုလိုက်ရှာရင်း မြေအောက်အဖွဲ့အစည်းတစ်ခုက မြို့ကို ပျက်စီးစေနိုင်တဲ့ အရာတစ်ခုကို ကြိတ်ပြီး ကြံစည်နေတယ်ဆိုတာ မြင်ခဲ့ရပါတယ်။ ဒါပေမဲ့ တစ်ခုရှိတာက မြေအောက်ကနေ မြို့ပေါ်ကို ရောက်နိုင်ဖို့ အဓိကလိုအပ်တဲ့အရာက မြေပုံပါပဲ။ ဒီတော့ အဲဒီအတွက် မြေပုံက ဘယ်သူဆီက ရမလဲ။ မြို့ပေါ်က အဖွဲ့အစည်းက အဲဒီတိုက်ခိုက်မှုကြီးကို ခုခံနိုင်ပါ့မလားဆိုတာ မထင်ထားတဲ့ လှည့်ကွက်တွေ၊ ဇာတ်ကောင်တွေနဲ့စိတ်ဝင်စားစွာ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။

ခရစ်စမတ်အတွက် ခွေးတစ်ကောင်လိုချင်တယ် (၂၀၀၃) ရီရန်းလ် ဆိုတဲ့ ကောင်လေးဟာ တစ်နေ့တစ်နေ့ သူ့အမေ စက်ဘီးနောက်ကနေ ရင်တမမနဲ့လိုက်စီးနေ
ခရစ်စမတ်အတွက် ခွေးတစ်ကောင်လိုချင်တယ် (၂၀၀၃) ရီရန်းလ် ဆိုတဲ့ ကောင်လေးဟာ တစ်နေ့တစ်နေ့ သူ့အမေ စက်ဘီးနောက်ကနေ ရင်တမမနဲ့လိုက်စီးနေရတာတွေ၊ သူငယ်ချင်းဖြစ်သူတွေက သူ့ရဲ့ ဘုဂလန့်အစ်မဖြစ်သူ လူစီ နဲ့ စောင်တကားကားနဲ့ အလုပ်ရှုပ်နေတတ်တဲ့ အစ်ကိုဖြစ်သူ လိုင်းနပ်စ် တို့အကြောင်းတွေလိုက်မေးတာပဲခံနေရတာတွေကနေ စိတ်ညစ်ငြီးငွေ့နေရတာပေါ့။ အဲဒီမှာ ချာလီဘရောင်း နဲ့ သူ့ခွေးလေး စနူပီ တို့ကို မြင်တော့အားကျမိပြီး သူနဲ့အတူတူ ဆော့ပေးနိုင်မယ့် ခွေးလေးတစ်ကောင်လိုချင်လာပါတယ်။ ဒီတော့ မကြာခင် ကျရောက်တော့မယ့် ခရစ္စမတ်ပွဲတော်မှာ ဆန်တာကလော့စ် ဘိုးဘိုး ကြီးကို စာရေးပြီးပူဆာဖို့ ကြံမိတယ်ပေါ့။ ပြဿနာက သူ့အမေကလည်း ခွေးတွေဆိုတာက ဒုက္ခများလွန်းတယ်ဆိုပြီး ခွေးမွေးခွင့်ကို ဘယ်လိုမှ မပြုသလို၊ အစ်မ လူစီ ကလည်း ဆန်တာကလော့စ်ဆိုတာ မိဘဖြစ်သူတွေ သဘောမတူတဲ့ အရာကို လာပေးမှာမဟုတ်ဘူး ဆိုပြီး ပြောတော့ ရီရန်းလ် လေးမှာ စိတ်ညစ်ပြန်ရတာပေါ့။ အဲဒါအပြင် ချာလီဘရောင်း ဆီ ခဏခဏ သွားသွားပြီး စနူပီ နဲ့ ဆော့ဖို့ ခေါ်တာများများနေတော့ သူ့ကို ရှောင်ချင်နေကြပြန်သေးတယ်။ ဒီတော့ ရီရန်းလ် တစ်ယောက် ခွေးလေးရသွားမလား၊ ဘယ်လို ဆက်ဖြစ်မယ်ဆိုတာကို ပျော်ပျော်ပါးပါးလေး ကြည့်ရင်း အဖြေရှာကြည့်ကြည့်လိုက်ပါဦး။

Per-fect Bl-ue (1997) IMDB - 8/10 Genre - Horror, Mystery တစ်ခါတလေများ ရေသောက်နေရင်းဖြစ်ဖြစ်၊ထိုင်နေရင်းဖြစ်ဖြစ်၊ ဆေးလိပ်သောက
Per-fect Bl-ue (1997) IMDB - 8/10 Genre - Horror, Mystery တစ်ခါတလေများ ရေသောက်နေရင်းဖြစ်ဖြစ်၊ထိုင်နေရင်းဖြစ်ဖြစ်၊ ဆေးလိပ်သောက်နေရင်းဖြစ်ဖြစ်၊ တစ်ချိန်ချိန်မှာ အတွေးဟာ အပြင်ကို မရောက်ဘဲ အတွင်းထဲကို ရောက်သွားတဲ့အခိုက်အတန့်တစ်ခုကို လူအတော်များများ ကြုံဖူးကြမယ်ထင်တာပဲ။ ကျွန်တော်တော့ ရံဖန်ရံခါဆိုသလို ဖြစ်တတ်တယ်။ အဲ့ဒီအခိုက်အတန့်ကလေးမှာ အတွေးဟာ ပြင်ပ အကြောင်းအဖြစ်တွေဆီ ရောက်မသွားဘဲ “ငါ” ဆိုတဲ့ အတွင်းက အရာဆီ ပြန်ရောက်သွားတယ်။ အဲ့ဒီအခိုက်အတန့်ဟာ တကယ့်ကို ခဏလေးပဲ။ ဒါပေမဲ့ အတော်ကြာသလိုလည်း ခံစားရတယ်။ အတိအကျတော့ မပြောတတ်တော့ပေမဲ့ သေချာတာကတော့ အဲ့ဒီအချိန်မှာ ဖြစ်တဲ့ ခံစားမှုဟာ “ငါ” ဆိုတာရဲ့ လုံး၀ကို အဓိပ္ပာယ်မဲ့နေမှုကြီး။ ‌ဒီခန္ဓာဒီနာမည်နဲ့ လူဟာ ငါဟုတ်ရဲ့လား တောင်တွေးမိတဲ့ အထိပဲ။ ကိုယ်ရှင်နေတဲ့ ဘ၀ကြီးကို အရှိတရားရော ဟုတ်ရဲ့လား လို့ သံသယ၀င်မိတဲ့ အခိုက်အတန့်တစ်ခုလို့ ဆိုရမယ်။ အဲ့ဒီလိုအခိုက်အတန့်ကို ခံစားဖူးတဲ့ လူတိုင်း ဒီ Anime ထဲက ဇာတ်ကောင်ရဲ့ ဘ၀ကို နားလည်မယ်လို့ ကျွန်တော်ထင်တယ်။ ဒီထဲက ဇာတ်ကောင်ကို နားလည်သွားရင် ဒီ Anime ဟာ ခင်ဗျားအတွက် တကယ့် Masterpiece တစ်ခုဖြစ်သွားမှာ သေချာတယ်။ သတိထားမိသလောက်ဆိုရင် တစ်ချို့ဒါရိုက်တာတွေဟာ လူ့ဘ၀လို့ ကျွန်တော်တို့အားလုံး ခေါ်ကြတဲ့ အရာဟာ အရှိတရားဟုတ်ရဲ့လား၊ အိပ်မက်တစ်ခုများလား ဆိုတဲ့ တူညီတဲ့ သံသယတစ်ခု သူတို့ခေါင်းထဲရှိနေတာ သူတို့ရုပ်ရှင်တွေမှာ အတော်တွေ့ရတယ်။ ဆာတိုရှီ ကိုန် ဟာလည်း အဲ့ဒီလို အရှိတရားကိုသံသယ၀င်တဲ့ သူတွေထဲက တစ်ယောက်ပဲလို့ ကျွန်တော် ယုံတယ်။ Per-fect Bl-ue မှာ အရှိတရားကို ဝေခွဲဖို့ အတော်ခက်တယ်။‌ လက်တွေ့မှာ အရှိတရားကိုယ်တိုင်ကလည်း ဝေခွဲဖို့ခက်တဲ့အတွက် အရှိတရားကို ဝေခွဲရခက်တဲ့ ရုပ်ရှင်တွေဟာ ကျွန်တော်တို့ စိတ်တွေကို တစ်နည်းတစ်ဖုံနဲ့ ဖမ်းစားထားနိုင်ခဲ့တယ်။ Bl-ack Sw-an တို့ Shut-ter Isl-and တို့ Req-uiem for Dre-am တို့လို နာမည်ကျော်ကားတွေမှာတောင် ဒီထဲက တစ်ချို့အရာတွေ ပြန်ယူသုံးရတဲ့ အထိ ဒီ Anime ဟာ အနောက်တိုင်းရုပ်ရှင်တွေကိုပါ လွှမ်းမိုးထားနိုင်ခဲ့တယ်။ ဆန်းတော့လည်း မဆန်းပါဘူး။ အကောင်းဆုံး လက်ရာတစ်ခုဟာ အမြဲလိုတစ်ပါးသော လက်ရာတွေကို လွှမ်းမိုးမှုတစ်ခုရှိနေမှာပဲမလား။ အရှင်းဆုံး ပြောရရင်တော့ Per-fect Blue ဟာ လူတစ်ယောက်ရဲ့ စိတ်ကူးဖန်တီးနိုင်စွမ်းကို ယုတ္တိဘောင်၊ အထိန်းအကွပ် အဆုံးစွန်အထိလွှတ်ပေးလိုက်တဲ့အခါ ထွက်လာတဲ့ လက်ရာမျိုးပဲ။ “ငါ့ရဲ့ စိတ်ကူးအိပ်မက်ထဲမှာရော၊ ငါ့ရဲ့ အရှိဘ၀မှာရော၊ ငါမရှိတဲ့အခါ ငါက ဘယ်မှာလဲ”။

စူပါဝက်ဝံ (၂၀၁၉) တောရိုင်းထဲမှာ နေထိုင် ကျက်စားနေတဲ့ ဝက်ဝံသား အဖလေးနှစ်ကောင်။ မိခင်ဖြစ်သူက ဆီဟ ဖြစ်ပါတယ်။ ငယ်ငယ်တုန်းက မှောင်
စူပါဝက်ဝံ (၂၀၁၉) တောရိုင်းထဲမှာ နေထိုင် ကျက်စားနေတဲ့ ဝက်ဝံသား အဖလေးနှစ်ကောင်။ မိခင်ဖြစ်သူက ဆီဟ ဖြစ်ပါတယ်။ ငယ်ငယ်တုန်းက မှောင်ခိုသမားတွေလာ ဖမ်းသွားအတွက် မိခင်မဲ့ သားလေးကိုအရမ်းချစ်ပါတယ်။ တစ်နေ့ သူတို့သားအဖနှစ်ယောက်အပေါ် ကံဆိုးမိုးမောင် ကျပါတော့တယ်။ တောရိုင်း မှောင်ခိုသမားတွေ ဆီဟ လေးကို ဖမ်းသွားပါတော့တယ်။ သားကို ဖမ်းသွားတဲ့ ကားနောက်ကို လိုက်ခဲ့ပေမယ့် မမှီခဲ့ပါဘူး။ ဒီလိုနဲ့ လမ်းပေါ်မှာ တောရိုင်း တိရိစ္ဆာန်တွေကို တရားမဝင်မှောင်ခိုလုပ်နေတဲ့ အဖွဲ့ကို လိုက်လံ ဖော်ထုတ်နေတဲ့ အေးဂျင့် ဟွန် ကို မထင်မှတ်ဘဲ တွေ့ဆုံမိပြီး သူ့သား ဆီဟ ကို ဘယ်လို ကယ်ဆယ်မလဲဆိုတာ ဆက်လက် ကြည့်ရှုပေးပါဦး။

Hana: Anime & Cartoons - Статистика и аналитика Telegram-канала @ctmvc