EHS Myanmar
Открыть в Telegram
This is an official channel of Environment, Health and Safety Myanmar (EHS Myanmar). Please visit www.ehsmyanmar.org for more information.
Больше934
Подписчики
Нет данных24 часа
+47 дней
+730 день
Архив постов
934
Biodiversity Conservation and Management Online Recorded Course Batch-1
--------------------------------------------
📣ဇူလိုင် (၁၇)ရက်နေ့မှ စတင်ပြီး အားလုံးစောင့်မျှော်နေကြတဲ့ Biodiversity Conservation and Management Online Recorded Course Batch-1 အတွက် Registration စတင်ပြုလုပ်လို့ရပြီပဲဖြစ်ပါတယ်။
📌EHS Myanmarသည် မြန်မာနိုင်ငံတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်သက်ပြီး ရပ်ရွာလူထုများ၏ပတ်ဝန်းကျင်အသိအမြင်ကိုမြှင့်တင်ရန် ရည်ရွယ်တည်ထောင်ခဲ့ပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှုများနဲ့ ၎င်းတို့ကို လျှော့ချခြင်းနဲ့ သက်ဆိုင်တဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာမြှင့်တင်ခြင်း၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှု၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ပတ်ဝန်းကျင်အကဲဖြတ်ခြင်းနဲ့ Environmental Engineering နှင့် Environmental Sciences ကဲ့သို့သောနယ်ပယ်များမှာ တန်ဖိုးရှိသော အသိပညာများကိုမျှဝေပေးလျက်ရှိတဲ့ ထိပ်တန်း အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။
🎯ဘာတွေသင်မှာလဲ?
- Concept of Biodiversity and Ecosystem
- Context for Biodiversity Conservation
- Monitoring of Biodiversity and Ecosystem
- Biodiversity and its conservation Methods
- Management of Biodiversity and Ecosystems,
- Etc.
🍀ဘယ်သူသင်မှာလဲ?
ဇီဝမျိုးကွဲတွေအကြောင်းကို အနှစ်နှစ်အလလလေ့လာထားပြီး ယခုလက်ရှိလည်း လေ့လာနေဆဲဖြစ်တဲ့ ပညာရပ်တွေကို Biodiversity And Nature Conservation Association (BANCA) မှ ဒေါက်တာသီရိဒေဝီအောင် မှ course material (Lecture video, Lecture slides, ebooks, quiz,etc) ဖြင့်သင်ကြားပေးသွားမှာပဲ ဖြစ်ပါတယ်။
🌟ဘယ်သူတွေတက်သင့်လဲ?
- ဘွဲ့ကြို၊ ဘွဲ့လွန်ကျောင်းသားများ၊
- လုပ်ငန်းခွင်ဝင်ရောက်နေသော လူငယ်များနှင့်
- Biodiversity conservation and management ကို အခုမှစလေ့လာမယ့်သူများ တက်သင့်ပါတယ်။
💻ဘယ်အချိန်တွေသင်မှာလဲ?
Pre-Recorded အတန်းဖြစ်တာကြောင့် သင်ခန်းစာတွေကို မိမိအားလပ်တဲ့ အချိန် မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။ Assessment ပြည့်မှီအောင်မြင်သူတွေကို Certificate ပေးအပ်သွားမှာလဲဖြစ်ပါတယ်။ Learning platform အနေနဲ့ကတော့ Google Classroom ကို အသုံးပြုပြီးလေ့လာရမှာဖြစ်ပါတယ်။
🛡သင်တန်းကြေးကကော? Online ကနေပေးလို့ရရဲ့လား?
သင်တန်းကြေးက ၃၂၀၀၀/- ကျပ်သာဖြစ်ပြီး မိမိအဆင်ပြေတဲ့ online payment တွေနဲ့ပေးချေလို့ရပါတယ်။ EHS Myanmar Alunmi တွေဆိုရင်တော့ 10% discount ရရှိမှာဖြစ်ပါတယ်။
❄️သင်တန်းသားဦးရေ ကန့်သတ်ထားတဲ့အပြင် Pre-recorded အတန်းဖြစ်သော်လည်း သင်ကြားပေးမယ့် ဆရာမနှင့် Lecturer-Students Discussion Zoom Session လဲထည့်သွင်းထားပါသေးတယ်။
🐘သင်တန်းလျှောက်လွှာကို အောက်ဖော်ပြပါ Link မှတစ်ဆင့် ဖြည့်ပြီးလျှောက်ထားနိုင်ပါပြီ။ သင်တန်းကြေးပေးသွင်းထားသူစာရင်းနှင့်သာ သင်တန်းသားအရေအတွက်ကိုစဥ်းစားမည်ဖြစ်သောကြောင့် မကျန်ခဲ့အောင် registration ပြီးလျှင် သင်တန်းကြေးမြန်မြန်ပေးသွင်း ဖို့တော့လိုပါမယ်နော်။
📌Registration Form - https://docs.google.com/forms/d/e/1FAIpQLSc92FGxmpOafhoQCvs97_p-mE7kkfHDWb2QxODzdR0GkhYWeg/viewform?usp=sf_link
🍀Biodiversity Conservation and Management Online Recorded Course ရဲ့လျှောက်လွှာတွေကိုတော့ ဇူလိုင်လ (၂၇) ရက်နေ့အထိ လက်ခံပေးသွားမှာ ဖြစ်ပါတယ်။
☎️အသေးစိတ်သိချင်တာတွေရှိလျှင် EHS Myanmar Facebook Page သို့အချိန်မရွေးဆက်သွယ်မေးမြန်းနိုင်ပါတယ်။ ဖုန်းဆက်ချင်တယ်ဆိုလျှင်တော့ ရုံးချိန်အတွင်း (+95) 09770501186 ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။
------------------------------------------------------
EHS Myanmar Telegram Channel - https://t.me/ehsmyanmar
#EHSMyanmar #OnlineLearning #BiodiversityConservation #EducationForAll #PersonalGrowth
934
🦈🌊 Dive into the depths with EHS Myanmar as we celebrate Shark Awareness Day on July 14th! Let's shed light on the beauty and significance of these magnificent creatures, debunk myths, and promote their conservation. Sharks play a crucial role in maintaining the balance of our marine ecosystems, and it's our responsibility to protect them. Join us in raising awareness and advocating for the preservation of these fascinating predators. Together, we can ensure a thriving ocean for generations to come. 🌊🦈
#EHSMyanmar #SharkAwarenessDay #protectoursharks
934
အားလုံးပဲ မင်္ဂလာပါ။ 🙏
📌မကြာခင်မှာဖွင့်လှစ်တော့မယ့် ညီမတို့ရဲ့ Biodiversity Conservation and Management Online Pre-recorded Course မှာသင်ကြားပေးမယ့် ဆရာမ နဲ့ မိတ်ဆက်ပေးချင်ပါတယ်။
🌿 Online Pre-recorded course မှာ သင်ကြားပေးမယ့် ဆရာမနာမည်ကတော့ ဒေါက်တာ သီရိဒေဝီအောင် ဖြစ်ပါတယ်။ ဆရာမက ယခုလက်ရှိမှာတော့ Biodiversity And Nature Conservation Association (BANCA) မှာ စီမံခန့်ခွဲရေးဒါရိုက်တာ အဖြစ်တာဝန်ထမ်းဆောင်လျက်ရှိပါတယ်။ ဒါ့အပြင် ဆရာမသည် Myanmar Environmental Rehabilitation-conservation Network (MERN) ရဲ့ Chief Executive Committee member လည်းဖြစ်ပါတယ်။ ဆရာမဟာဆိုရင် Ph.D (Zoology), M.Res.(Zoology), MSc.(Zoology) စတဲ့ ဘွဲ့များစွာကိုလည်း ရရှိထားသူတစ်ယောက်ဖြစ်ပါတယ်။ ဒါပြင့် ဆရာမဟာ ပတ်ဝန်းကျင်ဆိုင်ရာ Certificate များစွာကိုလည်း ပိုင်ဆိုင်ထားပါတယ်။ ဒဂုန်တက္ကသိုလ်၊ ပခုက္ကူတက္ကသိုလ်တွေမှာဆိုရင်တော့ ဆရာမက Bird Watching နဲ့ ပတ်သတ်တဲ့ training တွေကိုပေးလေ့ရှိပါတယ်။ အရင်က ရန်ကုန်နဲ့ မန္တလေးတက္ကသိုလ်တွေမှာလဲ ဟောပြောပွဲတွေ ပြုလုပ်ခဲ့ပါတယ်။ ဇီမျိုးစုံမျိုးကွဲ နဲ့ ပတ်ဝန်းကျင်ဆိုင်ရာလုပ်ငန်းတွေမှာဆိုရင် ဆရာမက (၂၀၀၈) ခုနှစ်မှစတင် ဝင်ရောက်လုပ်ကိုင်ခဲ့ရာ ယခုဆိုလျှင် လုပ်သက် (၁၅)နှစ် ပင်ရှိနေပြီဖြစ်ပါတယ်။
🎯 ဆရာမရဲ့ ပညာအရည်အချင်းနဲ့ များပြားလှသောအတွေ့အကြုံကောင်းတွေ နဲ့ပေါင်းစပ်ပြီးသင်ကြားပေးသွားမှာဖြစ်လို့ Biodiversity Conservation and Management Online Pre-recorded course Batch 1 ကိုမကြာခင်မှာ သက်သာသော သင်တန်းကြေးဖြင့် ဖွင့်လှစ်သွားတော့မှာဖြစ်တဲ့အတွက် EHS Myanamar Facebook Page နဲ့ Telegram တို့ကို Follow လုပ်ထားဖို့ မမေ့ပါနဲ့နော်။
EHS Myanmar Telegram Channel - https://t.me/ehsmyanmar
#EHSMyanmar #biodiversityconservation #biodiversitymanagement #online #recordedcourse
934
World Population Day, July 11
Every person has the power to shape our world's future. On this World Population Day, let's embrace the responsibility of sustainable development, ensuring a prosperous and harmonious world for all. Together, we can create a brighter tomorrow for generations to come. 🌍🌱
#EHSMyanmar #WorldPopulationDay #SustainableFuture #PowerofChange
934
မင်္ဂလာပါရှင့်။ 🙏
🍀ကျွန်မတို့ EHS Myanmar သည် မြန်မာနိုင်ငံသူနိုင်ငံသားတွေအတွက် အထူးသဖြင့် လူငယ်မျိုးဆက်သစ်များအတွက် ဦးတည်ပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာပညာရပ်များမျှဝေခြင်း၊ အလုပ်သင်အတွေ့အကြုံများခေါ်ယူသင်ပေးခြင်း နှင့် သုတေသနလုပ်ငန်းများလုပ်ဆောင်ခြင်း စသည့် program ကောင်းများစွာတို့ကို စဉ်ဆက်မပြတ်လုပ်ဆောင်ပေးလျက်ရှိပါတယ်။ ယခုပြောပြပေးမယ့် "EHS Myanmar Scholarship" ဆိုတာလဲ ဒီ Program တွေထဲကတစ်ခုပါပဲ။
📣EHS Myanmar Full Scholarship ဆိုတာကတော့ EHS Myanmar မှ cost-effective ဖြစ်အောင် ဖွင့်လှစ်သင်ကြားပေးနေသည့် အွန်လိုင်းသင်တန်းတွေကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ခြင်းပညာရပ်တွေမှာ စိတ်အားထက်သန်ပြီးသင်ယူလိုစိတ်ရှိတဲ့သူ၊ ကိုယ့်ပတ်ဝန်းကျင်ကိုပြန်လည်အကျိုးပြုလိုစိတ်ရှိတဲ့ တိုင်းရင်းသားလူငယ်တွေအတွက် သင်တန်းကြေး ရာနှုန်းပြည့်အခမဲ့ပညာသင်ဆုများ ပေးအပ်သွားမယ့် အစီအစဉ်ပဲဖြစ်ပါတယ်။ SDG Goal 4 အရ အရည်အသွေးပြည့်မှီသောပညာရပ်များကိုလူတိုင်းလက်လှမ်းမှီနိုင်အောင်လုပ်ဆောင်ပေးချင်တဲ့ စေတနာရည်ရွယ်ချက်တွေနဲ့ စီစဉ်ပေးထားခြင်းဖြစ်ပါတယ်ရှင့်။ ဒီ Scholarship Program မှာ လျှောက်ထားတဲ့ ကျောင်းသားကျောင်းသူတွေကတော့ ပညာရပ်ပိုင်းဆိုင်ရာကိုအမှန်တကယ်တက်မြောက်လိုစိတ်ရှိပြီး သင်တန်းတွေကိုအစအဆုံးတက်ရောက်နိုင်မယ့်သူတွေဖြစ်ဖို့တော့လိုပါတယ်နော်။ ရာနှုန်းပြည့်ပညာသင်ဆုသဘာတရား ဖြစ်တဲ့အတွက် အခြားသင်တန်းသူသင်တန်းသားတွေထက်တော့ သင်တန်းအောင်မှတ်ကိုမြှင့်ထားမှာဖြစ်ပြီး အမြဲမပြတ်ကြိုးစားဖို့တော့လိုပါလိမ့်မယ်။
📣EHS Myanmar Scholarship ကို မြန်မာနိုင်ငံအနှံ့မှ အသက် ၂၅ နှစ်အောက်ကျောင်းသားကျောင်းသူတွေ လျှောက်ထားနိုင်မှာဖြစ်ပြီး Scholarship ရရှိပြီးပြီးမြောက်သွားသူတွေကိုလဲ အလုပ်အတွေ့အကြုံများရရှိနိုင်ရန် ကျွန်မတို့ EHS Myanmar မှာအလုပ်သင် (intern) အနေဖြင့်လဲခေါ်ယူသွားမယ့်အခွင့်အရေးလဲရရှိမှာဖြစ်ပါတယ်။
🌟"EHS Myanmar Scholarship" Program ကို Environmental Management and Planning Online Course Program (Batch-2) မှာ စတင်ခဲ့ပြီးဖြစ်ပါတယ်။ Full Scholarship လျှောက်ဖို့စိတ်ဝင်စားတဲ့ ညီ ညီမတို့ တွေ နောင်ဖွင့်မည့် EHS Myanmar သင်တန်းတွေမှာ မဖြစ်မနေ ဝင်ရောက်လျှောက်ထားဖို့တော့လိုပါမယ်နော်...အားလုံးပဲ သဘာဝပတ်ဝန်းကျင်ဆိုင်ရာပညာရပ်များကိုအခက်အခဲကန့်သတ်ချက်မရှိပဲ လေ့လာနိုင်ကြပါစေရန် ရည်ရွယ်ရင်း ကျွန်မတို့ "EHS Myanmar Scholarship" Program လေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်နော်။
#EHSMyanamr #FullScholarship #100%free #EnvironmentalEducation #SDGs
934
🌬️🏜️ On July 9th, EHS Myanmar stands together to raise awareness on The International Day of Combating Sand and Dust Storms. Let's unite in the fight against these natural phenomena that affect our health, environment, and livelihoods. By working together, we can develop sustainable solutions and practices to mitigate the risks and safeguard our communities. Join us in promoting awareness and taking action to combat sand and dust storms for a safer and healthier future. 🌎🤝
#EHSMyanmar #SandAndDustStormsDay #protectourenvironment
934
ပလပ်စတစ်ညစ်ညမ်းမှုပြဿနာကို ဖြေရှင်းဖို့အတွက်ဆိုရင် ကမ္ဘာနဲ့အဝန်း ပလပ်စတစ်လျှော့သုံးခြင်းကို မဖြစ်မနေလုပ်ဆောင်ဖို့လိုပါတယ်။ ပလပ်စတစ်ရဲ့ ဆိုးကျိုးတွေကို သိပေမယ့် ဘာကြောင့် ပလပ်စတစ်အသုံးပြုကို မလျှော့ချနိုင်ရတာလဲဆိုတဲ့ မေးခွန်းကို ကိုယ့်ကိုကိုယ်ပြန်မေးခွန်းထုတ်ရပါလိမ့်မယ်။ နေ့စဉ်ဘဝရဲ့ လုပ်ဆောင်မှုတိုင်းမှာ ပလပ်စတစ်အသုံးပြုမှုကို အသားကျလာတဲ့ ကျွန်တော်တို့တွေအတွက် ဒီအကျင့်ကို ဖျက်ဖို့ တော်တော်လေးတွန့်ဆုတ်တတ်ကြတာ သဘာဝကိုး။ တကယ်တမ်းတော့ ကောင်းမွန်တဲ့ပြောင်းလဲမှုတစ်ခုစတင်ဖို့ဆိုတာလည်း ထင်သလောက် မခက်ခဲပါဘူး။ ဒါကြောင့် ပလပ်စတစ်အသုံးပြုခြင်းရဲ့ အကျိုးဆက်တွေနဲ့ ဘာကြောင့် ပလပ်စတစ်ညစ်ညမ်းမှုကို တိုက်ဖျက်ဖို့အရေးကြီးတယ်ဆိုတဲ့အကြောင်းတွေကို မိမိနဲ့နီးစပ်ရာ မိသားစု၊ မိတ်ဆွေ၊ သူငယ်ချင်းများမှတဆင့် community တစ်ခုလုံး နားလည်သဘောပေါက်အောင် awareness တွေ ဖြန့်ချိပေးဖို့ လိုအပ်ပါတယ်။
လူတစ်ဦးတစ်ယောက်ချင်းစီကပဲ ပလပ်စတစ်လျှော့သုံးတာက လုံလောက်ရဲ့လားလို့မေးရင် မလုံလောက်သေးဘူးလို့ပဲ ဖြေရပါလိမ့်မယ်။ ပလပ်စတစ်ထုတ်လုပ်မှုကို လျှော့ချဖို့၊ မလိုအပ်တဲ့တစ်ခါသုံးပလပ်စတစ်တွေအသုံးပြုမှုကို တားမြစ်ပိတ်ပင်ဖို့၊ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုစနစ် ပိုမိုအားကောင်းလာဖို့နဲ့ စီးပွားရေးလုပ်ငန်းတွေအနေနဲ့လည်း သူတို့စွန့်ထုတ်လိုက်တဲ့ ပလပ်စတစ်စွန့်ပစ်ပစ္စည်းတွေအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိဖို့ရန် ဥပဒေရေးဆွဲပြဌာန်းဖို့လည်း သိပ်ကိုအရေးကြီးပါတယ်။ ပြဌာန်းလိုက်တဲ့ ဥပဒေတွေကိုလည်း အားလုံးက လေးစားလိုက်နာမှုရှိဖို့ လိုအပ်တာပေါ့။ ပလပ်စတစ်ညစ်ညမ်းမှုလျှော့ချဖို့ အင်တိုက်အားတိုက်လုပ်ဆောင်ပေးနေတဲ့ ပြည်တွင်း ပြည်ပ အဖွဲ့အစည်းတွေကိုလည်း ထောက်ပံ့ပေးခြင်းဖြင့် ပလပ်စတစ်ညစ်ညမ်းမှုပြဿနာကို အတူပူးပေါင်းဖြေရှင်းကြရမှာဖြစ်ပါတယ်။
ကျွန်တော်တို့ မှီတင်းနေထိုင်ရာ ကမ္ဘာမြေကြီး ပြန်လည်ကျန်းမာဖို့ ကျွန်တော်တို့အားလုံးမှာ တာဝန်ရှိပါတယ်။ ဒါကြောင့် တစ်ဦးတစ်ယောက်ချင်းစီကစပြီး ပလပ်စတစ်တွေ လျှော့သုံးရင်း သဘာဝပတ်ဝန်းကျင်ကို တစ်ထောင့်တစ်နေရာကနေ ထိန်းသိမ်းကာကွယ်ကြရအောင်။
ယွန်းနန္ဒာ (EHS Myanmar) မှ ရေးသားသည်။
ကိုးကား - Plastic Soup Foundation, United Nations Environment Programme
----------------------------------------------------------------------------
Don't forget to follow us on Instagram - https://www.instagram.com/ehsmyanmar/
#EHSMyanmar #plasticpollution #plasticwaste #plasticfreejuly #beatplasticpollution
934
ကမ္ဘာကို ဝါးမျိုနေသော ပလပ်စတစ်အမှိုက်များ
======================================
EHS Myanmar | 8.7.2023
ကမ္ဘာမြေကြီးရဲ့ နေရာတိုင်းမှာ ပလပ်စတစ်တွေ ဖုံးလွှမ်းလျက်ရှိတယ်လို့ပြောရင် ယုံကြမလား? ကမ္ဘာ့အမြင့်ဆုံး ဧဝရတ်တောင်ကစလို့ သမုဒ္ဒရာရေအောက်ကြမ်းပြင်အထိ ပလပ်စတစ်အမှိုက်တွေ နေရာယူလို့ထားတယ်ဆိုတဲ့အကြောင်းက ယုံတမ်းစကားတော့ မဟုတ်ပါဘူး။ လက်ရှိမှာ အမှန်တကယ်ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေပါ။
ပလပ်စတစ်သွားပွတ်တံကို အသုံးပြုပြီး သွားတိုက်ကာ နေ့တစ်နေ့ကို အစပြုရာကစလို့ လူသားတွေရဲ့ နေ့စဉ်ဘဝ လုပ်ဆောင်မှုတိုင်းမှာ ပလပ်စတစ်က သိသိသာသာနေရာယူလာပါတယ်။ ဈေးသက်သာခြင်း၊ အသုံးပြုရလွယ်ကူခြင်း၊ ရေရှည်အသုံးပြုလို့ရခြင်း ... စတဲ့ အချက်တွေကြောင့် အခြားသော ဖန်၊ စက္ကူနဲ့ သတ္တုပစ္စည်းတွေအစား ပလပ်စတစ်ကို ပြောင်းလဲ အသုံးပြုလာကြတာဖြစ်ပါတယ်။ အထူးသဖြင့် ပလပ်စတစ်အသုံးပြုမှုအများဆုံးလုပ်ငန်းတစ်ရပ်ဖြစ်တဲ့ ကုန်ပစ္စည်းထုတ်ပိုးမှုလုပ်ငန်းတွေမှာပေါ့။ 1950 ခုနှစ်ကစလို့ တစ်ဟုန်ထိုးမြင့်တက်လာခဲ့တဲ့ ပလပ်စတစ်ထုတ်လုပ်မှုက 2021 ခုနှစ်မှာတော့ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ခန့်မှန်းခြေ 390.7 million metric tons အထိ ထုတ်လုပ်လာခဲ့ပါတယ်။ ပလပ်စတစ်ထုတ်လုပ်ဖို့ရာ ကုန်ကြမ်းပစ္စည်းတွေအတွက် ရုပ်ကြွင်းလောင်စာ (fossil fuel) တွေအပေါ် မှီခိုနေရတာဖြစ်လို့ ကာဗွန်ထုတ်လွင့်မှုပမာဏမြင့်တက်ကာ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုအပေါ်လည်း တိုက်ရိုက်သက်ရောက်မှုတွေ ရှိပါတယ်။ ဝယ်လိုအားများလာတဲ့အလျောက် ပလပ်စတစ်ထုတ်လုပ်မှုကလည်း တစ်နှစ်ပြီးတစ်နှစ် ဆက်လက်မြင့်တက်လာတာကြောင့် ဓာတုဖွဲ့စည်းတည်ဆောက်ပုံအရ ဆွေးမြည့်ဖို့ မလွယ်ကူတဲ့ ပလပ်စတစ်အမှိုက်တွေက ကမ္ဘာကြီးကို တစ်စထက်တစ်စ ဖုံးလွှမ်းလို့လာပါတယ်။
1997 ခုနှစ်က Captain Charles Moore ဆိုသူက Hawaii မှ Southern California သို့ ရွက်လွှင့်လာရင်း Pacific သမုဒ္ဒရာကြီးရဲ့အလယ်မှာ ပလပ်စတစ်အပိုင်းအစတွေ ရေထဲပေါလောမျောနေတာကို တွေ့ရှိခဲ့ပါတယ်။ သူကတော့ ပလပ်စတစ်တွေနဲ့ပြည့်နေတဲ့ သမုဒ္ဒရာကြီးကို ပလပ်စတစ်စွပ်ပြုတ် (Plastic Soup) လို့တောင် တင်စားခေါ်ဝေါ်ခဲ့ပါတယ်။ 1990 လောက်ကတော့ ပလပ်စတစ်တွေ ပင်လယ်သမုဒ္ဒရာထဲမှာ မျောပါနေတယ်လို့ပြောရင် ဘယ်သူမှ ယုံမှာတောင် မဟုတ်လောက်ပေမယ့် အခုဆိုရင်တော့ သမုဒ္ဒရာထဲက ပလပ်စတစ်ညစ်ညမ်းမှုအကြောင်းက သတင်းထဲမှာ မကြာခဏဆိုသလို တွေ့နေရပါပြီ။ နှစ်စဉ် ပလပ်စတစ်အမှိုက်တန်ချိန်ပေါင်း 12 million ဟာ ပင်လယ်သမုဒ္ဒရာထဲကို စီးဆင်းဝင်ရောက်လျက်ရှိပါတယ်။ သုတေသနပညာရှင်များကတော့ ဒီပုံစံအတိုင်းသာဆို 2050 ခုနှစ်ရောက်တဲ့အခါ သမုဒ္ဒရာထဲမှာ ငါးတွေထက် ပလပ်စတစ်တွေကတောင် ပိုများနေလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။ ပင်လယ်သမုဒ္ဒရာထဲက ရေနေသတ္တဝါလေးတွေဟာလည်း ပလပ်စတစ်ပစ္စည်းတွေကြား ရစ်ပတ်မိတာ၊ ပလပ်စတစ်အမှိုက်တွေကို အစာထင်ပြီး စားသုံးမိတာတွေကြောင့် သေဆုံးကြရတာ အားလုံးအသိပါပဲ။ 2018 ခုနှစ်က Mexico နိုင်ငံ တောင်ဘက် ကမ်းရိုးတန်းတစ်လျှောက်မှာ ပင်လယ်လိပ်ပေါင်း 300 ခန့်ဟာ ပလပ်စတစ်ပိုက်ကွန်တွေကြား ငြိပြီး သေဆုံးခဲ့တဲ့ဖြစ်ရပ်တစ်ခု ရှိခဲ့ပါတယ်။ [REUTERS News]
ပလပ်စတစ်ညစ်ညမ်းမှုပြဿနာက ပင်လယ်သမုဒ္ဒရာထဲမှာပဲ ဖြစ်တာလားဆိုတော့ မဟုတ်ပါဘူး။ ကုန်းမြေပေါ်မှာ အသက်ရှင်နေထိုင်လျက်ရှိတဲ့ လူသားတွေ အပါအဝင် သက်ရှိသတ္တဝါများနဲ့ အပင်များသည်လည်း ပလပ်စတစ်ညစ်ညမ်းမှုဒဏ်ကို ခံစားလျက်ရှိကြပါတယ်။ ပလပ်စတစ်စွန့်ပစ်ပစ္စည်းတွေကို recycle လုပ်ခြင်းက ညစ်ညမ်းမှုကို လျှော့ချဖို့ရာ ထိရောက်တဲ့လုပ်ငန်းစဉ်တစ်ခုဖြစ်ပေမယ့် လက်တွေ့မှာတော့ ပလပ်စတစ်အမှိုက်တွေရဲ့ 9% လောက်ပဲ recycle အဆင့်ကို ရောက်ရှိတာပါ။ 12% ကို မီးရှို့ဖျက်ဆီးကြပြီး ကျန်တဲ့ 79% ကတော့ landfill သို့ ရောက်ရှိသွားပါတယ်။ ပလပ်စတစ်မှာပါဝင်တဲ့ အဆိပ်ရှိဒြပ်ပေါင်းများကြောင့် မြေဆီလွှာညစ်ညမ်းမှုကို ဖြစ်စေနိုင်သလို ရေရှည်မှာ စိုက်ပျိုးရေးအတွက်လည်း များစွာထိခိုက်စေနိုင်ပါတယ်။ ဒါ့အပြင် မဆင်မခြင်စွန့်ပစ်ထားတဲ့ ပလပ်စတစ်အမှိုက်များကြောင့် ရေမြောင်းများ ပိတ်ဆို့ပြီး ပလပ်စတစ်အမှိုက်များကို မီးရှို့ဖျက်ဆီးခြင်းကလည်း လေထုညစ်ညမ်းစေကာ ကင်ဆာရောဂါကဲ့သို့ နာတာရှည်ရောဂါများ ဖြစ်ပေါ်စေပါတယ်။
အပေါ်မှာပြောခဲ့သလိုပဲ … ပလပ်စတစ်က ကမ္ဘာ့နေရာအနှံ့ကို ရောက်နေပြီဖြစ်တာမို့ ကျွန်တော်တို့ စားနေတဲ့အစားအစာ၊ သောက်သုံးတဲ့ရေ၊ ရှူရှိုက်တဲ့လေထဲမှာကအစ ပလပ်စတစ်အမှုန်အမွှားတွေ ရှိနေတာပေါ့။ ပလပ်စတစ်တွေက အချိန်ကြာလာတာနဲ့အမျှ microplastic လို့ခေါ်တဲ့ အလွန်သေးငယ်တဲ့ အမှုန်အမွှားလေးတွေအဖြစ် ပြိုကွဲသွားပါတယ်။ ဒီလို microplastic တွေ အစာကွင်းဆက်ထဲ ဝင်ရောက်လာလေလေ လူသားတွေရဲ့ ခန္ဓာကိုယ်ထဲကိုပါ microplastic တွေ ဝင်ရောက်နှုန်း ပိုမြင့်တက်လာလေလေဖြစ်ပါတယ်။ ဒါကြောင့် ပလပ်စတစ်ညစ်ညမ်းမှုက လူသားတွေရဲ့ကျန်းမာရေးကိုသာမက ဂေဟစနစ်တစ်ခုလုံးကိုပါ အန္တရာယ်ရှိတဲ့ ပြဿနာတစ်ရပ်ပါ။
934
🌟 Introducing Our New Online Recorded Course: Learn Anywhere, Anytime, at an Affordable Price! 🎓💻
📢 အိမ်မှာနေရင်း ကိုယ့်ရဲ့ အရည်အချင်းတွေနဲ့ ကျွမ်းကျင်မှုတွေကို သက်သောင့်သက်သာနဲ့ စွမ်းရည်မြှင့်တင်နိုင်ဖို့ရန် ကျွန်မတို့ရဲ့ အသစ်ဆုံးသော Video Recorded Online သင်တန်းဖွင့်လှစ်တော့မယ့် အကြောင်းလေးကို ဝမ်းသာစွာဖြင့် မိတ်ဆက်ပေးပါရစေ။🌍🏠
🌿 ဘာကြောင့် Video Recorded Class လဲ?
🎥 ဘယ်အချိန် ဘယ်နေရာမှာမဆို လေ့လာနိုင်ခြင်း - Record ကြိုတင်ယူထားတဲ့ သင်ခန်းစာတွေကို ဘယ်အချိန် ဘယ်နေရာမှာမဆို အလွယ်တကူလေ့လာနိုင်ပါတယ်။ သင်ဟာ အလုပ်အရမ်းများတဲ့ လုပ်ငန်းရှင်တစ်ယောက်၊ စာသင်ချိန်တွေ အပြည့်နဲ့ ကျောင်းသားတစ်ယောက်၊ ဒါမှမဟုတ် အသစ်အသစ်တွေကို စူးစမ်းချင်တဲ့ လေ့လာသူတစ်ယောက်ပဲဆိုပါစို့ သင်ဟာ ကျွန်မတို့ရဲ့ သင်ခန်းစာတွေကို လေ့လာဖို့ တကယ်ကို ကိုက်ညီပါတယ်။ Video Recorded Class ဖြစ်တဲ့အတွက် ကိုယ်တိုင်လေ့လာနိုင်ပြီး နားမလည်တဲ့ သင်ခန်းစာတွေရှိရင်လည်း အချိန်မရွေးပြန်လည်လေ့လာနိုင်ပါတယ်။
💰 ငွေကြေးကုန်ကျသက်သာခြင်း - Education shouldn't break the bank! အားလုံးသင်ယူအောင် လုပ်နိုင်မယ်လို့ ယုံကြည်တဲ့အတွက်ကြောင့် သင်တန်းကြေးကို သင့်တင့်တဲ့ ပမာဏထားရှိထားပါတယ်။ ယခုဆိုလျှင် ငွေကြေးအများကြီး မကုန်ကျဘဲနဲ့ ကိုယ့်ရဲ့ Professional & Personal Growth အတွက် ရင်းနှီးမြှုပ်နှံနိုင်ပါပြီ။
🌍 ဇီဝမျိုးကွဲတွေကို ထိန်းသိမ်းရေးအတွက်လေ့လာကြည့်ပါ - ဇီဝမျိုးကွဲများရဲ့ သဘာဝအလှတရားနဲ့ ရေရှည်ထိန်းသိမ်းဖို့ အရေးကြီးပုံတို့ကို ရှာဖွေတွေ့ရှိဖို့ သင့်ရဲ့ ပညာရေးခရီးလမ်းကို စတင်လိုက်ပါ။ သက်ရှိတွေရဲ့ ရှုတ်ထွေးတဲ့ ဘဝကွန်ယက်တွေကို သိရှိနားလည်လိုက်ပါ၊ ဂေဟစနစ်ကြီးတစ်ခုလုံး ရင်ဆိုင်နေရတဲ့ ခြိမ်းခြောက်မှုတွေကို သင်ယူလိုက်ပါ၊ နောက်ဆုံးအနေနဲ့ သူတို့တွေကို ထိန်းသိမ်းဖို့အတွက် ထိရောက်တဲ့ နည်းလမ်းတွေကို သိရှိနိုင်ဖို့ Biodiversity Conservation and Management Course ကို လေ့လာသင်ယူဖို့ တိုက်တွန်းလိုပါတယ်။
📢 ကျွန်မတို့ရဲ့ Facebook စာမျက်နှာကို Like & Follow လုပ်ထားပြီးလဲ မျှဝေပေးနေတဲ့ ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာတွေကို လေ့လာလိုက်ပါ။ ဇီဝမျိုးကွဲတွေအကြောင်းကို ပိုမိုသိရှိနားလည်ဖို့ ယခုသင်တန်းလေးကို လက်လွှတ်မခံပါနဲ့။ လေ့လာရလွယ်ကူပြီး အကုန်အကျသက်သာအောင် စီစဉ်ပေးထားတဲ့ သင်တန်းလေးဖြစ်လို့ လက်မလွတ်တမ်းစောင့်ကြည့်ဖို့တော့လိုပါမယ်နော်။
#EHSMyanmar #OnlineLearning #BiodiversityConservation #EducationForAll #PersonalGrowth
934
Environmental Management and Planning (EMP) Course Batch 2
-----------------------------------------------------
EMP Course ပထမဆုံး တန်းခွဲသစ် ကို ၂၀၂၃ ခုနှစ် မေလ(၁၃) ရက်နေ့မှ ဇွန် (၄) ရက်နေ့ ထိ ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား သင်တန်းသူ (၁၀) ယောက်ကို သင်တန်းဆင်းလက်မှတ်များအောင်မြင်စွာပေးအပ်နိုင်ခဲ့ပါသည်။ EMP သင်တန်းတွင် Environmental Mangement Plan နှင့်ဆိုင်သည့် ဥပဒေများ၊ နည်းဥပဒေများ နှင့် လုပ်ထုံးလုပ်နည်းများ၊ EMP Report ရေးသားရာတွင် ပါဝင်ရမည့် အချက်အလတ်များ အင်္ဂါရပ်များ၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း (environmental impact assessment) ဆိုင်ရာလုပ်ထုံးလုပ်နည်းနှင့် methods များ၊ Risk Assessment စဉ်းစားပုံစဉ်းစားနည်းနှင့်တွက်ချက်နည်းများ၊ ပတ်ဝန်းကျင်ထိခိုက်မှုလျှော့ချရေးနည်းလမ်းများ စသည့်တို့ပါဝင်ခဲ့ပြီး EMP Report တစ်ခုရေးသားနိုင်သည်အထိသင်ကြားပေးနိုင်ခဲ့ပါသည်။ Batch (3) ကိုလဲ ဖွင့်လှစ်ဖို့စီစဉ်ထားတဲ့အတွက် သင်တန်းတက်ဖို့စိတ်ဝင်စား လျှင် ယခု Pre-Seating Form မှာ စာရင်းပေးထားနိုင်ပါတယ်။
https://docs.google.com/forms/d/e/1FAIpQLSdUqPNia5KfTpcjG0wu9qD0BYnoxzenoyAjRxuW1bhes30o8g/viewform
#EHSMyanmar #environmentalmanagementplan #eia #myanmar #onlinecourse
934
🌿 Calling all environmental enthusiasts! 🌍
📢 Attention, aspiring eco-warriors! 🌱 Don't miss out on this incredible opportunity to make a difference for our planet! Just a friendly reminder that the deadline to apply for our environmental internship program is rapidly approaching.
⏳ The clock is ticking, and you have until July 6 to submit your applications.
💡 To apply, simply visit our website and complete the application form before the deadline. Read details here - https://www.ehsmyanmar.org/programs-activities?pgid=kp2ch16l-9ca01e62-10ac-4314-a73e-431531338bce
#EHSMyanmar #EnvironmentalInternship #ApplyNow #DeadlineApproaching #GreenFuture #EcoWarrior
934
EHS Myanmar's Monthly Theme: What is it for July?
--------------------------------------------------
🇲🇲 EHS Myanmar မှ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်မှုပန်းတိုင် (Sustainable Development Goals) များကို အထောက်အကူပြုစေရန် ရည်ရွယ်၍ တစ်လနှင့်တစ်လ မတူညီသော ခေါင်းစဥ် (Theme)များကို အလှည့်ကျဖြင့် Knowledge Sharing များ ပြုလုပ်ပေးနေပါသည်။
⛰ ဇူလိုင်လ (၃) ရက်နေ့တွင်ကျရောက်မည့် International plastic bag free day ကို ကြိုဆိုသောအားဖြင့် "Plastics Bag Free Day" Theme ကိုရွေးချယ်ထားပါသည်။
🏭 "Farm to Table June" ၏ ရည်ရွယ်ချက်ကတော့ ပလတ်စတစ်ညစ်ညမ်းမှုသည် ကမ္ဘာ့ပေါ်တွင်ဖြေရှင်းရမည့် ပြသနာများထဲမှအကြီးဆုံးကိစ္စရပ်များထဲတွင် တစ်ခုအပါအဝင်ဖြစ်နေပါပြီ။ တခါသုံးပလတ်စတစ်များကြောင့် သဘာဝပတ်ဝန်းကျင်ဂေဟစနစ်၊ တောရိုင်းတိရစ္ဆာန်များ နှင့် လူ့ကျန်းမာရေးတို့အပေါ်များစွာခြိမ်းခြောက်လျက်ကြောင်း နှင့် မည်ကဲ့သို့ လျှော့ချသင့်ကြောင်း စသည့်အသိပညာများနှင့် နားလည်မှု မြှင့်တင်နိုင်ရန်ရည်ရွယ်ကာ ပညာပေးဆောင်းပါးများ နည်းပညာဆောင်းပါးများရေးသားမျှဝေခြင်း၊ သင်တန်းများမျှဝေခြင်း နှင့် စာအုပ်ကောင်းများဝေမျှခြင်းတို့ကိုလဲပြုလုပ်ပေးသွားပါမည်။
✌️ International Plastic Bag Free day နှင့်ပတ်သတ်ပြီး စိတ်ဝင်စားလို့ လေ့လာသင်ယူချင်တယ်ဆိုရင်တော့ EHS Myanmar page ကို see first လုပ်ထားဖို့မမေ့ပါနဲ့ဦး။
-----------------------------------------------------------------------
"𝙂𝙖𝙞𝙣𝙞𝙣𝙜 𝙠𝙣𝙤𝙬𝙡𝙚𝙙𝙜𝙚 𝙞𝙨 𝙩𝙝𝙚 𝙛𝙞𝙧𝙨𝙩 𝙨𝙩𝙚𝙥 𝙩𝙤 𝙬𝙞𝙨𝙙𝙤𝙢. 𝙎𝙝𝙖𝙧𝙞𝙣𝙜 𝙞𝙩 𝙞𝙨 𝙩𝙝𝙚 𝙛𝙞𝙧𝙨𝙩 𝙨𝙩𝙚𝙥 𝙩𝙤 𝙝𝙪𝙢𝙖𝙣𝙞𝙩𝙮."
Don't forget us to follow us on instagram - https://www.instagram.com/ehsmyanmar/
#EHSMyanmar #PlasticsFree #SayNotoPlastics #EnvironmentalHealth #HumanHealth #July #SDG
