EHS Myanmar
前往频道在 Telegram
This is an official channel of Environment, Health and Safety Myanmar (EHS Myanmar). Please visit www.ehsmyanmar.org for more information.
显示更多868
订阅者
无数据24 小时
+27 天
+230 天
帖子存档
868
EHS Myanmar က Environmental Free Online Course တွေကို အမြဲတမ်းဝေမျှပေးလျက်ရှိပါတယ်။ ယခုတခေါက်တော့ စွန့်ပစ်အမှိုက်စီမံခန့်ခွဲခြင်းနဲ့ပတ်သတ်ပြီး ဘာသာရပ်တွေကို လေ့လာလို့ရမယ့် Free Online Course တွေကို သီးသန့် ပြောပြပေးသွားပါမယ်။
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
EHS Myanmar | 15.8.2023
Face to Face သင်တန်းတွေတက်ဖို့အချိန်မပေးနိုင်ဘူး၊ နိုင်ငံခြားတက္ကသိုလ်ကြီးတွေက Certificate လဲရချင်တယ်ဆိုလျှင်တော့ အောက်ဖော်ပြပါ Online Class တွေကို အခမဲ့ဖြင့် လေ့လာဖို့ တိုက်တွန်းပါရစေ။
✅ 1. World Bank Group
World Bank ကနေဖွင့်လှစ်ပေးထားတဲ့ "Solid Waste Management" online course ဖြစ်ပါတယ်။ SWM ကိုအခုမှစတင်လေ့လာမယ့် လူငယ်တွေအတွက်အထူးသင့်တော်ပါတယ်။ သင်တန်းရဲ့ syllabus ထဲမှာဆိုရင် Overview of Solid Waste Management, Solid Waste Management Chain, Financial Aspects of Solid Waste Management, Policies, Institutions, and the Informal Sector အပြင် Circular Economy and Innovations in the SWM Sector တို့ကိုပါ edX ကနေတဆင့်သင်ကြားပေးနေတာပဲဖြစ် ပါတယ်။ စိတ်ဝင်စားတယ်ဆိုလျှင်တော့ အောက်ဖော်ပြပါလင့်ကနေတဆင့် လေ့လာလိုက်ပါ။
❗View here - https://www.classcentral.com/course/edx-solid-waste-management-18989
✅ 2. Indian Institute of Technology Guwahati
Municipal Solid Waste Management ခေါင်းစဉ်နဲ့ Indian Institute of Technology Guwahati ကနေ ဖွင့်လှစ်ပေးတဲ့ သင်တန်းဖြစ်ပါတယ်။ သူ့ကိုလဲ edX platform ကနေလေ့လာရမှာဖြစ်ပါတယ်။ ဒီသင်တန်းမှာဆိုလျှင်တော့ Evolution of Solid Waste Management, Sources/Types and Characteristics of Solid Waste, Generation of Solid Waste, Waste Handling, Separation, storage, and Processing, Collection of Solid Waste, Transfer and Transport စတဲ့သင်ရိုးညွှန်းတန်း ၁၂ ခုနဲ့သင်ကြားပေးမှာဖြစ်ပါမယ်။ စလေ့လာမယ့်သူတွေအတွက် Best Recommended ပါ။
❗View here - https://www.classcentral.com/course/swayam-municipal-solid-waste-management-19954
✅ 3. Swiss Federal Institute of Technology Lausanne
Swiss Federal Institute of Technology Lausanne သို့မဟုတ် École Polytechnique Fédérale de Lausanne ကနေဖွင့်လှစ်ပေးနေတဲ့သင်တန်းဖြစ်ပါတယ်။ သင်တန်းနာမည်ကတော့ Municipal Solid Waste Management in Developing Countries ပဲဖြစ်ပါတယ်။ ဒီသင်တန်းကတော့ SWM ကိုအခြေခံသိထားပြီးသားသူတွေအတွက် သင့်တော်ပါတယ်။ သူ့မှာ Module ၁၀ ခုထိပါဝင်ပြီး ၂ပတ်ကြာလေ့လာရမှာဖြစ်ပါတယ်။
❗View here - https://www.coursera.org/learn/solid-waste-management
✅ 4. Alison Website
"Business Process Improvement: Waste Reduction" အမည်ရ အွန်လိုင်းသင်တန်းကိုတော့ Alison.com မှာလေ့လာရမှာဖြစ်ပါတယ်။ သင်တန်းက CPD Accreditation ရရှိပြီးဖြစ်သလို Assessment Exam တွေလဲပါဝင်ပါတယ်။ ဒီသင်တန်းမှာတော့ စီးပွားရေးလုပ်ငန်းတွေက ထွက်ရှိလာတဲ့စွန့်ပစ်အမှိုက်တွေကိုစီမံခန့်ခွဲနည်း၊ လျှော့ချနည်းတွေနဲ့ ဘယ်လိုပြန်လည်အသုံးချမလဲ၊ ရေရှည်တည်တံ့သောလုပ်ငန်းတစ်ခု ဖြစ်လာအောင်အခြေခံ concept တွေသင်ကြားပေးမှာဖြစ်ပါတယ်။ သင်တန်းကြာချိန်ကတော့ ၃-၄ နာရီပဲဖြစ်ပါတယ်။
❗ View here - https://alison.com/course/business-process-improvement-waste-reduction
✅ 5. University of Zurich
Switzerland နိုင်ငံရဲ့ နာမည်ကြီးတက္ကသိုလ်ဖြစ်တဲ့ University of Zurich ကနေ Coursera ကနေတဆင့်ဖွင့်လှစ်ထားတဲ့ "Asian Environmental Humanities: Landscapes in Transition" Course ဖြစ်ပါတယ်။ ဒီသင်တန်းကတော့ SWM နဲ့တိုက်ရိုက်သင်ကြားပေးတာမျိုးမဟုတ်ပဲ အာရှနိုင်ငံတွေရဲ့ ရိုးရာဓလေ့စရိုက်တွေကိုအခြေခံပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာစီမံခန့်ခွဲမှုတွေလုပ်ဆောင်နည်းလမ်းများ၊ လူမှုစီးပွားရေးတို့အပေါ် ထိခိုက်မှုမရှိအောင် စဉ်းစားပုံစဉ်းစားနည်းလမ်းများ၊ ဘာသာရေးအခြေခံလူထုပါဝင်လာစေခြင်း၊ အရှေ့အာရှရဲ့ Environmentalism စသည်တို့ကို module ၅ ခုနဲ့လေ့လာနိုင်မှာဖြစ်ပါတယ်။
❗View here - https://www.coursera.org/learn/asian-environmental-humanities
ဒီတခေါက်တော့ website ၅ ခုကိုမျှဝေပေးလိုက်ပါတယ်။ enroll လုပ်တဲ့အခါမှာ အခက်အခဲရှိရင်လဲ Page မှာလာမေးလို့ရပါတယ်။ တခြား လေ့လာလို့ရမယ့် website တွေကိုလဲ နောက် ဝေမျှပေးသွားဦးမှာဖြစ်လို့ စောင့်မျှော်ပေးပါဦး။ ☺️
သင့်အတွက် အကျိုးရှိမယ်ဆို အခြားသူတွေကိုလဲ ပြန်လည် မျှဝေဖို့ မမေ့ပါနှင့်။ ☺️
....................................................................................
"Gaining knowledge is the first step to wisdom. Sharing it is the first step to humanity."
#EHSMyanmar #environmental #freeonline #course #website
868
သင်တန်းလျှောက်လွှာပိတ်ရန် (2) ရက်သာ လိုပါတော့တယ် ‼️
August လ 19 ရက်နေ့မှာ စတင်တော့မှာဖြစ်တဲ့ Environmental Sustainability Online Course (Batch 6) အတွက် သင်တန်းလျှောက်လွှာလက်ခံခြင်း ပြီးဆုံးဖို့ (2) ရက်သာ လိုပါတော့တယ်။ ဒါကြောင့် အချိန်မဆွဲဘဲ အမြန်လေး စာရင်းပေးသွင်းဖို့ တိုက်တွန်းပါရစေ။
မီးပျက်တာ၊ လိုင်းမကာင်းတာတွေကြောင့် သင်ခန်းစာတွေလွတ်သွားမှာ မစိုးရိမ်နဲ့နော်။ သင်တန်းသားတွေအတွက် သင်တန်းရဲ့ Recording video နဲ့အတူ Lecture Slides တွေ စီစဉ်ပေးထားတာကြောင့် အလွယ်တကူ ပြန်လည်လေ့လာနိုင်မှာဖြစ်ပါတယ်။
အချိန်။ ။ ညနေ ၆:၃၀ မှ ည ၈:၃၀ နာရီ အထိ
နေ့ရက်။ ။ ဩဂုတ်လ ၁၉ ရက်နေ့မှ စက်တင်ဘာလ ၃ ရက်နေ့အထိ (စနေနေ့ နှင့် တနင်္ဂနွေနေ့များ)
သင်ကြားရေးစနစ်။ ။ ZOOM Video Conferencing
သင်တန်းအသေးစိတ်ကို ဒီမှာလေ့လာလိုက်ပါ။
https://www.facebook.com/100064794640578/posts/675665511269931/
☎️ အသေးစိတ်သိရှိလိုပါက EHS Myanmar Facebook Page သို့အချိန်မရွေးဆက်သွယ်မေးမြန်းနိုင်ပြီး ဖုန်းနံပါတ် (+95) 09780870309 သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။
---------------------------------------------------------------------------
Don't forget to follow us on Instagram - https://www.instagram.com/ehsmyanmar/
#EHSMyanmar #onlinecourse #environmental #Sustainability
868
Environment, Health & Safety Myanmar ( EHS Myanmar ) မှ “အမှိုက်၊ စွမ်းအင်နှင့် စိမ်းလန်းသော ဖွံ့ဖြိုးတိုးတက်မှု” ခေါင်းစဉ်ဖြင့် Webinar ကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။
—-------------------------------------------------------------------------------------------------
EHS Myanmar - 14-08-2023
ညီမတို့ EHS Myanmar မှ ဦးစီး၍ October 22 တွင် ကျရောက်မည့် World Energy Day ကို ဂုဏ်ပြုသောအားဖြင့် “အမှိုက်၊ စွမ်းအင်နှင့် စိမ်းလန်းသော ဖွံ့ဖြိုးတိုးတက်မှု” ခေါင်းစဉ်ဖြင့် Webinar တစ်ခုကို August 6 ရက်နေ့တွင် ပြုလုပ်ခဲ့ပါတယ်ရှင့်။ Webinar တွင် ဆရာဦးစည်သူလွင်မှ Guest Speaker အဖြစ် မျှဝေဆွေးနွေးပေးသွားခဲ့ပြီး တက်ရောက်သူများထံမှ မေးခွန်းများကိုလည်း ဖြေကြားဆွေးနွေးပေးသွားခဲ့ပါတယ်ရှင့်။ Webinar တွင် ပါဝင်ပေးခဲ့သော ဆရာဦးစည်သူလွင်ကိုရော တက်ရောက်ခဲ့တဲ့ participant တစ်ဦးချင်းစီကိုရော ညီမတို့ EHS Myanmar မှ ကျေးဇူးအများကြီးတင်ရှိပါတယ်ရှင့်။
Webinar မတက်လိုက်ရတဲ့သူတွေအတွက် ပြန်လည် နားထောင်လို့ရအောင် Podcast အနေနဲ့ပြန်လည်တင်ပေးသွားမှာ ဖြစ်ပြီး နားထောင်နိုင်သော Channels များကို မကြာခင်မှာ Post တင်ပေးသွားမှာ ဖြစ်လို့ EHS Myanmar Page လေးကို စောင့်ကြည့်ပေးထားပါရှင့်။
#EHSMyanmar #Podcast #WorldEnergyDay
868
🔥💔 ထိန်ပင်အမှိုက်ပုံမီးလောင်ခြင်းက သဘာဝပတ်ဝန်းကျင်အပေါ် ဘယ်လိုသက်ရောက်မှုတွေရှိနိုင်လဲ 🌍🔥
------------------------------------------------------------------------------
EHS Myanmar | 29.7.2023
အမှိုက်ပုံမီးလောင်ခြင်းဟာ ကျွန်တော်တို့ရဲ့ သဘာဝပတ်ဝန်းကျင်အပေါ်မှာ ကြီးမားတဲ့သက်ရောက်မှုတွေ ဖြစ်စေတယ်ဆိုတာ သင်သိပါသလား? အခုကတော့ ဒီစိုးရိမ်ဖွယ်ရာ ကိစ္စရပ်နဲ့ အန္တရာယ်ဖြစ်စေတဲ့ အကျိုးသက်ရောက်မှုတွေကို မီးမောင်းထိုးပြရမယ့် အချိန်ပဲဖြစ်ပါတယ်။ အမှိုက်ပုံတွေကို မီးရှို့ခြင်းကြောင့် ပတ်ဝန်းကျင်ပေါ်ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေနဲ့ ရေရှည်တည်တံ့ နိုင်မယ့် အမှိုက်စီမံခန့်ခွဲရေး အလျင်လိုအပ်ချက်တွေကို ရှာဖွေဖော်ထုတ်နေတာကြောင့် ကျွန်တော်တို့နဲ့ အတူလာရောက်ပူးပေါင်းလိုက်ပါ။ 💔🌿
🌬️လေညစ်ညမ်းမှု - အမှိုက်ပုံတွေကို မီးရှို့ခြင်းဟာ အဆိပ်အတောက်ဖြစ်စေတဲ့ ဓာတ်ငွေ့တွေနဲ့ အမှုန်အမွှားတွေကို လေထုထဲ ထုတ်လွှတ်ခြင်းကြောင့် လေထုညစ်ညမ်းမှုကိုဖြစ်စေပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုဒ်၊ မီသိန်း၊ ဆာလဖာဒိုင်အောက်ဆိုဒ်နဲ့ အငွေ့ပြန်လွယ်သော ဓာတ်ပေါင်းတွေပါဝင်တဲ့ အဲ့ဒီမီးခိုးတွေဟာဆိုရင် အနီးနားမှာရှိတဲ့ လူမှုအသိုင်းအဝိုင်းရဲ့ ကျန်းမာရေးကို အလွန်ထိခိုက်စေရုံသာမက ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲမှုတွေကိုပါ ပိုမိုဆိုးရွားစေပါတယ်။
🚧မြေညစ်ညမ်းမှု - အမှိုက်ပုံမီးရှို့ခြင်းဖြင့် အန္တရာယ်ဖြစ်စေနိုင်တဲ့ ပစ္စည်းတွေဖြစ်တဲ့ သတ္တုတွေ၊ အဆိပ်အတောက်တွေ၊ အနံ့ရှိတဲ့ polycyclic hydrocarbons (PAHs) အရာတွေကြောင့် အနီးနားမှာရှိတဲ့ မြေတွေကို ညစ်ညမ်းစေနိုင်ပါတယ်။ အဲ့ဒီအညစ်အကြေးတွေဟာ မြေအောက်ရေထဲကို စိမ့်ဝင်သွားပြီး ရေအရင်းအမြစ်ညစ်ညမ်းမှုကို ဖြစ်စေရုံသာမက ရေနေသက်ရှိဝန်းကျင်နဲ့ လူ့ကျန်းမာရေးတို့အပေါ်မှာ အကျိုးရေရှည်သက်ရောက်မှုတွေ ဖြစ်စေပါတယ်။
🌊ရေညစ်ညမ်းမှု - အမှိုက်မီးရှို့ရာမှ ထွက်ပေါ်လာတဲ့ ပြာတွေနဲ့ အကြွင်းအကျန်တွေဟာ အနီးမှာရှိတဲ့ ရေထုကိုညစ်ညမ်းစေပြီး ရေနေ သတ္တဝါတွေနဲ့ ဇီဝမျိုးကွဲတွေကို အန္တရာယ်ဖြစ်စေပါတယ်။ အန္တရာယ်ဖြစ်စေတဲ့ ဓာတုပစ္စည်းတွေနဲ့ အညစ်အကြေးတွေဟာဆိုရင် ရေနဲ့အတူမျောပါလာပြီး ရေစုန်မှာနေထိုင်တဲ့ လူတွေရဲ့ သောက်သုံးရေအရင်းအမြစ်ကို ညစ်ညမ်းစေပြီး ကျန်းမာရေးကို ထိခိုက်စေပါတယ်။
🌳သစ်တောများပြုန်းတီးခြင်း - များသောအားဖြင့် အမှိုက်ပုံမီးရှို့ခြင်းမှ မီးခိုးငွေ့နဲ့ ပြာအတော်များများထုတ်လွှတ်ပါတယ်။ အဲ့ဒီထုတ်လွှတ်မှုဟာ အနီးမှာရှိတဲ့ စိုက်ခင်းတွေအပေါ်မှာ သက်ရောက်မှုရှိနိုင်ပြီး သစ်တောများပြုန်းတီးမှုကိုဖြစ်စေသောကြောင့် ဇီဝမျိုးကွဲများနဲ့ သက်ရှိဝန်းကျင်တည်တံ့မှုတို့အတွက် မရှိမဖြစ်လိုအပ်တဲ့ အပင်တွေရဲ့ ဖြစ်တည်မှုကို ဒုက္ခဖြစ်စေပါတယ်။
👥 လူ့ကျန်းမာရေးအပေါ်သက်ရောက်မှု - အမှိုက်မီးရှို့ရာမှထွက်လာတဲ့ အဆိပ်ဖြစ်စေတဲ့အခိုးအငွေ့တွေဟာ အနီးနားပတ်ဝန်းကျင်မှာ နေထိုင်တဲ့ လူတွေအပေါ်မှာ များစွာထိခိုက်စေပါတယ်။ အကျိုးဆက်အနေနဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါတွေ၊ ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာရောဂါတွေအပြင် အခြားဆိုးရွားတဲ့ ရောဂါပြသနာတွေကိုပါ ဖြစ်စေပါတယ်။ အထူးသဖြင့် သက်ကြီးရွယ်အိုနဲ့ ကလေးသူငယ်တွေအတွက် ပိုမိုထိခိုက်စေပါတယ်။
🌱ရေရှည်တည်တံ့သော အမှိုက်စီမံခန့်ခွဲမှု - အပေါ်မှာဖော်ပြခဲ့တဲ့ ပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှုတွေကို လျော့ချနိုင်ဖို့အတွက် ရေရှည်တည်တံ့သောစီမံခန့်ခွဲရေးလေ့ကျင့်မှုတွေဟာ အရေးပါပါတယ်။ အမှိုက်ထုတ်လုပ်မှုကိုလျော့ချခြင်း၊ recycling နဲ့ မီးဖိုချောင်ကထွက်တဲ့ စွန့်ပစ်ပစ္စည်းကနေ မြေဆွေးပြုလုပ်တဲ့ နည်းလမ်းတွေကိုပိုမိုဆောင်ရွက်ခြင်း၊ ထုတ်လုပ်သူတွေမှ တာဝန်ယူမှု တာဝန်ခံမှုရှိစေရန် ဆောင်ရွက်ခြင်း၊ waste to energy လိုမျိုး နည်းလမ်းတွေမှာ ပိုမိုရင်းနှီးမြုပ်နှံခြင်း အစရှိတဲ့နည်းလမ်းတွေဟာ ကျွန်တော်ရဲ့ သဘာဝပတ်ဝန်းကျင်ကြီးကို အရင်ကထက်ပိုပြီး သန့်ရှင်းလှပစေမှာပါ၊
🌍ကျွန်တော်တို့အားလုံး အတူတူဆိုရင် ပြောင်းလဲမှုတွေကို လုပ်ဆောင်နိုင်ပါတယ်။ အမှိုက်ပုံမီးရှို့ခြင်းကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုတွေကို အသိသတိမြှင့်တင်ပြီး ရေရှည်တည်တံ့တဲ့ အမှိုက်စီမံခန့်ခွဲမှုနည်းတွေကို ပိုမို လုပ်ဆောင်ကြပါစို့။ ကျွန်တော်တို့ကမ္ဘာကြီးနဲ့ မျိုးဆက်သစ်တွေအတွက် လှပတဲ့အနာဂတ်ကို ပေးဖို့အချိန်ရောက်ပါပြီ။ 🌿💚
The Environment, Health and Safety Myanmar (EHS Myanmar) မှရေးသားသည်။
#EHSMyanmar #EnvironmentalImpacts #LandfillBurning #SustainableWasteManagement #ProtectOurPlanet
868
On this special day, August 13th, we're howling with joy as we honor the majestic and mysterious wolves. Join us as we celebrate their vital role in ecosystems, their intelligence, and their incredible resilience. 🌿🌕 Let's work together to dispel myths and misconceptions about these magnificent creatures and promote their conservation. 🌎💙
#InternationalWolfDay #EHSMyanmar #WolfConservation #ProtectWildlife #embracethewild
868
📚 သဘာဝပတ်ဝန်းကျင်ဆိုင်ရာအသိပညာတိုးတက်ဖို့အတွက် မဖြစ်မနေလေ့လာရမည့် Website (၅) ခု 🌿💚
Environmental Sustainability Online Course - https://www.facebook.com/ehsmyanmar/posts/pfbid02sFUC7bsyswM6FJ5DXXai6bpYafUr2AaETBkBgXkLTq3PvJSumLxVYGDTXQWY2NrLl
#EHSMyanmar #environmental #sustaianability #websites
868
Intern Member အသစ်များအားမိတ်ဆက်ခြင်း
=========================================
EHS Myanmar သည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရပ်ကိုစိတ်ဝင်စားသည့် မြန်မာနိုင်ငံအနှံ့မှ လူငယ်များအတွက်ရည်ရွယ်ပြီး အွန်လိုင်းအလုပ်သင်အစီအစဉ်များ (Remote Internship Program) များကိုဖော်ဆောင်ပေးလျက်ရှိရာ ယခုဆိုလျှင် အပတ်စဉ် (၇) သို့ရောက်ရှိလာပါပြီ။ အွန်လိုင်းအလုပ်သင်အစီအစဉ်များကို ၆လ၁ခါနှုန်းဖြင့် စီစဉ်ပေးပြီး သင့်တော်သည့် လူငယ်များကိုရွေးချယ်ကာ ၃လ (သို့မဟုတ်) ၆လ internship အဖြစ်လက်ခံပေးလျက်ရှိပါသည်။
ယခု အပတ်စဉ် (၇) တွင် Operations Intern (၃) ဦး နှင့် Volunteer (၁) ဦးတို့ပါဝင်လုပ်ဆောင်လျက်ရှိပါတယ်။ ၎င်းတို့ (၄) ဦးရဲ့ ကိုယ်ရေးအကျဉ်းများကို ပုံတစ်ပုံချင်းဆီထောက်ပြီးလေ့လာနိုင်ပါတယ်။
https://m.facebook.com/story.php?story_fbid=pfbid0qsCmqGtPzqAxKBrrK5WpvDQXgC91EgoaGs6HfsMpeLpw73zwdy3MXLeRyBoMZrhJl&id=100064794640578&mibextid=2JQ9oc
#EHSMyanmar #internshipprogram #internshipopportunity
868
We're excited to honor and protect these magnificent creatures on August 12th, as we raise awareness about the importance of preserving their habitats and promoting elephant welfare. 🌳🐘 Let's come together to learn more about these gentle giants and take action to ensure their survival for generations to come. 🌍💚
#WorldElephantDay #EHSMyanmar #ElephantConservation #protectwildlife
868
နေ့စဉ်အသုံးပြုနေရတဲ့ ပစ္စည်းတစ်ခုချင်းစီက သဘာဝပတ်ဝန်းကျင်အပေါ်ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိနေနိုင်သလဲ?
=====================================================
EHSMyanmar | 11.8.2023
သင်အသုံးပြုနေတဲ့ ပစ္စည်းတစ်ခုချင်းစီက သဘာဝပတ်ဝန်းကျင်အပေါ်ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိနေနိုင်သလဲဆိုတာကို တွေးကြည့်ခဲ့ဖူးပါသလား? ဥပမာ - ဈေးကနေ သွားပွတ်တံတစ်ချောင်းဝယ်လာရင်း ဒီသွားပွတ်တံက eco-friendly ဖြစ်ရဲ့လားဆိုတဲ့ အတွေးမျိုးပေါ့။ ဒီလိုအတွေးတွေအတွက် အဖြေကို ရှာဖွေကြည့်မယ်ဆိုရင် အဖြေဟာ Life Cycle Assessment (LCA) မှာ တည်ရှိနေပါတယ်။
Life Cycle Assessment (LCA) ဆိုတာကတော့ ကုန်ပစ္စည်းတစ်ခု၊ လုပ်ငန်းတစ်ခုရဲ့ သက်တမ်းတစ်လျှောက် သဘာဝပတ်ဝန်းကျင်အပေါ် ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိနေလဲဆိုတာကို စိစစ်အကဲဖြတ်တဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။ သဘာဝသယံဇာတအရင်းအမြစ်တွေကနေ ကုန်ကြမ်းပစ္စည်း ထုတ်ယူတာကစလို့ ကုန်ချောပစ္စည်းဖြစ်အောင် ထုတ်လုပ်တာ၊ ဈေးကွက်မှာ တင်ပို့ရောင်းချနိုင်ဖို့ ထုတ်ပိုးမှုအဆင့်ဆင့်နဲ့ ဖြန့်ဝေရေး၊ အဲ့ဒီ့နောက် ကုန်ပစ္စည်း အသုံးပြုမှုကနေ နောက်ဆုံး စွန့်ပစ်အမှိုက်ဖြစ်သွားတဲ့တိုင်အောင် ယန္တရားလည်ပတ်မှုတစ်လျှောက်လုံးမှာ LCA က ပါဝင်ပတ်သတ်နေမှာပါ။
Life Cycle Assessment (LCA) က အခန်းကဏ္ဍတွေအများကြီး ပါဝင်တာမို့ ထင်သလောက် ရိုးရှင်းတဲ့ လုပ်ငန်းစဉ်တစ်ခုတော့ မဟုတ်ပါဘူး။ ဒါပေမယ့် LCA ကနေတစ်ဆင့် ကျွန်တော်တို့ မြင်တွေ့နေတဲ့ ကုန်ပစ္စည်း၊ လုပ်ငန်းတွေရဲ့ မတူညီကွဲပြားမှုတွေကို လေ့လာနိုင်မှာဖြစ်ပြီး ကမ္ဘာမြေအပေါ် သက်ရောက်နေတဲ့ အကျိုးဆက်တွေကိုလည်း လျော့ကျအောင် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
Life Cycle Assessment (LCA) အကြောင်း အသေးစိတ်လေ့လာသင်ယူချင်တယ်ဆိုလျှင်တော့ မကြာခင်ဖွင့်လှစ်တော့မယ့် Environmental Sustainability Course (Batch 6) ကို တက်ရောက်လေ့လာဖို့ဖိတ်ခေါ်ချင်ပါတယ်။ သင်တန်းအသေးစိတ်ကို ဒီမှာလေ့လာလိုက်ပါ။
https://www.facebook.com/100064794640578/posts/675665511269931/
☎️ အသေးစိတ်သိရှိလိုပါက EHS Myanmar Facebook Page သို့အချိန်မရွေးဆက်သွယ်မေးမြန်းနိုင်ပြီး ဖုန်းနံပါတ် (+95) 09780870309 သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။
---------------------------------------------------------------------------
Don't forget to follow us on Instagram - https://www.instagram.com/ehsmyanmar/
#EHSMyanmar #onlinecourse #environmental #Sustainability #LifeCycleAssessment
868
စီးပွားရေးနယ်ပယ်ဆိုတာ Demand ရှိလို့ ထုတ်နေတာပါ။ တစ်သန်းဖိုးရောင်းရရင် တစ်သန်းဖိုးထုတ်နေမှာပါပဲ။ ဆင်ခြင်ရမှာက ဒီ Demand ထဲ ကိုယ်မပါဖို့ပေါ့။ ဒါကလူတစ်ယောက်ချင်းစီရဲ့ စဥ်းစားချင့်ချိန်တတ်မှုနဲ့ဆိုင်တယ်။ ပလက်စတစ်အရေးလိုပေါ့။ မလိုအပ်ဘဲ ပလက်စတစ်အိတ်မတောင်းတဲ့ လူဦးရေများလာတဲ့အခါ ကမ္ဘာပေါ်က ပလက်စတစ်ထုတ်နှုန်းက အလိုလိုလျော့ကျလာမှာပဲ။ ခင်ဗျားက တိရစ္ဆာန်သားရေနဲ့ အင်္ကျီတွေကို ခေါင်းခါလိုက်တဲ့အခါ ခင်ဗျားလိုလူတစ်သန်းရှိနေရင် တိရစ္ဆာန်တစ်သန်းရဲ့အသက်က အလိုလိုကယ်ပြီးသား ဖြစ်နေလိမ့်မယ်။ " ငါမလုပ်လည်း တခြားလူ လုပ်မှာပဲ၊ ငါမဝယ်လည်း တခြားလူဝယ်မှာပဲ" ဆိုတဲ့ အယူအဆကို ပြန်သုံးသပ်ကြည့်ပါ။ စီးပွားရေးနယ်ပယ်က အဲဒီအယူအဆကို ပိုကြိုက်လို့ကို အခုလိုလူ့အဖွဲ့အစည်းပုံစံ ဖြစ်လာတာပေါ့။ လူတစ်ယောက်ချင်းစီ ပြောင်းလဲသုံးသပ်မှု ဆင်ခြင်မှုတွေ ကနေပဲ ကမ္ဘာကိုပြောင်းလဲနိုင်မှာပါ။ အဆုံးသတ်ပြောရရင် လက်ရှိ ၂၁ ရာစုလူ့အဖွဲ့အစည်းကြီးက သောက်တလွဲပေါင်း များစွာနဲ့ ပျက်လို့ပျက်မှန်းမသိ ဖြစ်နေပြီ။ သာမန်လူတွေက ပွန်းရုပ်တွေလို စီးပွားရေးနယ်ပယ်၊ လူ့အဖွဲ့အစည်းရဲ့ စံသတ်မှတ်ချက်နဲ့ အာဏာပိုင်တွေက ရွှေ့ထားသမျှ လိုက်ရွေ့နေရတယ်။ တစ်ခါတစ်ခါကျမှ ထအော်တတ်ကြတယ်။ တရားမဝင် Wildlife မှောင်ခိုသမားတွေကိုတော့ အကြီးအကျယ် ရှုံ့ချကြပေမယ့်၊ တိရစ္ဆာန်လေးတွေဆို သနားတတ်ကြ ချစ်တတ်ကြပေမယ့် Cosmetic နဲ့ Fashion နယ်ပယ်က တရားဝင်လိုသတ်ဖြတ်နေတဲ့ Biodiversity အရေးကိုတော့ မေ့လျော့နေကြတဲ့ လူ့အဖွဲ့အစည်းဆိုပါတော့။ ဘာနဲ့တူလဲဆို တိချစ်သူများ Group ထဲ ကိုယ့်ခွေးလေးတွေကို " ဒီနေ့ငါ့သားလေးတွေကို ရေချိုးပေးရင်း သူတို့ပျော်နေတာများ ချစ်စရာလေး" ဆိုပြီး ယုန်သားမွှေးအင်္ကျီကြီးနဲ့ ပုံရိုက်တင်သလိုပေါ့။
" မင်းရဲ့ အလှပြင်စားပွဲမှာ တိရစ္ဆာန်ဘယ်နှကောင်ရဲ့ သေဆုံးမှုတွေ ပါနေလဲကို ညအိပ်ရာဝင်ခါနီး တွေးကြည့်ဖူးလား "
ဆီဆာချာဗီ
" ငါတို့ဟာ ဘဝတစ်လျှောက်လုံး အကြမ်းမဖက်ဖူးဘူးဆိုတာ သေချာရဲ့လား? ငါတို့ရဲ့ လုပ်ရပ်တွေကို ငါတို့မတွေးမိသေးတာကလွဲရင် ငါတို့ဟာ အခုထိ အကြမ်းဖက်သမားတွေပဲ "
မက်ကာသီ
" ငါတို့ဟာ ငါတို့ရဲ့ ပြိုလဲမှုကို ကုသဖို့အတွက် ကြိုးစားနေချိန်မှာတောင် တခြားမျိုးနွယ်တွေရဲ့ ပြိုလဲခြင်းကို မေ့လျော့နေတတ်ကြတဲ့ အသိုင်းအဝိုင်းပဲ "
ရှင်းအိချိ
မူရင်းရေးသားသူ - Htet Wa Na မှ ကူးယူဖော်ပြအပ်ပါသည်။
-----------------------------------------------------------------------------------
🌿✨Environmental Health နှင့် Sustainable Development အကြောင်းစိတ်ဝင်စားပါက မကြာခင် ဖွင့်လှစ်တော့မည့် Environmental Sustainability Online Course (Batch 6) ကို တက်ရောက်ဖို့ဖိတ်ခေါ်လိုက်ရပါတယ်ဗျ။ အသေးစိတ်ကို ယခုလင့်တွင် လေ့လာနိုင်ပြီးစာရင်းပေးသွင်းနိုင်ပါတယ်။
https://www.facebook.com/ehsmyanmar/posts/675665511269931
#EHSMyanmar #AnimalAbuse #StopAnimalTesting
868
တိရိစ္ဆာန်စမ်းသပ်မှုကို တားမြစ်ဖို့ Law အသစ်တွေ ချမှတ်ခဲ့တယ်။ ၂၀၁၃ ခုနှစ်မှာ ဥရောပရဲ့ တချို့နိုင်ငံတွေက သူတို့နိုင်ငံထဲ တိရစ္ဆာန်စမ်းသပ်မှုနဲ့ တင်သွင်းလာတဲ့ Cosmetic Showroom နဲ့ စတိုးတွေကို ပိတ်သိမ်းဖို့ ထုတ်ပြန်ခဲ့တယ်။ ဘရာဇီး၊ သြဇီ၊ နယူးဇီလန်၊ နယ်သာလန်၊ အိန္ဒိယနဲ့ ချီလီတို့မှာ ၂၀၁၅ ခုနှစ်တည်းက ရောင်းချခွင့် အပိတ်ခံထားရတဲ့ Cosmetic Brand တွေကို Google မှာ ခေါက်ရှာကြည့်ပေါ့။ ခင်ဗျားသိပ်အထင်ကြီးလွန်းတဲ့ စျေးကြီးကြီး Brand တချို့တောင် ထိပ်ဆုံးကနေ စပါနေပါလိမ့်မယ်။
🐒... ဖြစ်ခဲ့ဖူးတဲ့ ပြဿနာတွေ။
တချို့နိုင်ငံတွေမှာတော့ Cosmetic ထုတ်ကုန်တွေကို တိရိစ္ဆာန်တွေနဲ့ စမ်းသပ်မှုဟာ တရားဝင်ခွင့်ပြုမှုကြီးလို ရှိနေဆဲပါပဲ။ ဒီဆယ်စုနှစ်ထဲ ဖြစ်ခဲ့တဲ့ ပြဿနာတွေလည်း မနည်းလှဘူး။ ဒီအထဲ ကမ္ဘာ့ Biodiversity Association တွေနဲ့ တိရစ္ဆာန်အဖွဲ့အစည်းတွေက ချပြခဲ့တဲ့ listတွေကြောင့်လည်း ပဋပက္ခတွေ ဖြစ်ခဲ့ဖူးတယ်။ PTEPနဲ့ WWE က Environmentalist တချို့ ချပြခဲ့တဲ့ တိရစ္ဆာန်စမ်းသပ်မှုတွေရဲ့ Cosmetic နယ်ပယ်မှာ ဦးဆောင်နေတဲ့ လုပ်ငန်းစုတွေထဲ L'Oreal၊ Bobbi Brown၊ Estee Lauder၊ Clinique၊ Nars၊ Maybelline၊ Makeup Forever၊ Benefit လို နာမည်ကြီး လုပ်ငန်းစုတွေ ပါဝင်နေခဲ့လို့လည်း ပွဲဆူခဲ့တယ်။ တချို့လည်း brand နာမည်ပျက်လာလို့ လက်မှတ်ထိုးပေးခဲ့ကြတယ်။ Campaign တွေကြောင့် L'Oreal က လက်မှတ်ထိုးခဲ့ပေမယ့် တရုတ်မှာ အခြေချထားတဲ့ L'Oreal product တွေကတော့ ဒီနေ့အထိ အရင်အတိုင်းပဲဆိုတာကလည်း တိုင်ပတ်နေဆဲကိစ္စပေါ့။ ( ဒါက ဒီ brandတွေနဲ့ သုံးစွဲသူ၊ ညွှန်းသူတွေကို တိုက်ခိုက်တယ်မထင်နဲ့နော်။ တိုက်ခိုက်ရအောင် အလှကုန်တွေ ကိုယ်လည်းမသုံးပါဘူး။ PTEP ကရော တခြား Association တွေကပါ ဒီlistကို အတိအလင်းကြေညာထားခဲ့ပါတယ်။ တချို့က ၂၀၁၉ ထဲ လက်မှတ်ထိုးပေးခဲ့ပါပြီ။ ) Cruelty Free International အတွက် လက်မှတ်မထိုးပေးသေးတဲ့ လုပ်ငန်းစုတွေထဲလည်း ဒီlist ထဲမှာ ရှိနေဆဲပါ။ နောက်တစ်ခုက FDA။ တိရစ္ဆာန်စမ်းသပ်မှုနဲ့ ထုတ်နေပေမယ့် Cosmetic တွေဟာ FDAလက်မှတ်ရနေတာက စဥ်းစားရခက်စေတယ်။ သဘောက FDAဟာ Biodiversity Law အတွက်ပါ တာဝန်ယူရမယ့် အဖွဲ့အစည်းမဟုတ်တာရယ် အစိုးရတွေဖက်က အရင်ကစကိုင်တွယ်ရမှာရယ်ကြောင့် အပြန်အလှန်ဟာကွက်တွေ ရှိနေတယ်။ သိပ္ပံပညာရှင် Danbee Kim ဦးဆောင်တဲ့ စာတမ်းတစ်ခုမှာတော့ သေချာတိကျတဲ့ နိုင်ငံတကာ Regulations တွေကပဲ လက်ရှိ Cosmetic လုပ်ငန်းစုကြီးတွေကို ဖိအားပေးနိုင်မယ်လို့ ဆိုထားတယ်။
လက်ရှိကမ္ဘာ့ Cosmetic နယ်ပယ်အရ နိုင်ငံသေးတွေမှာ ဒီလုပ်ငန်းစုကြီးတွေကို တွန်းလှန်နိုင်ဖို့ Regulations အင်အားမရှိသေးသလို ဝယ်လိုအားဒဏ်သင့်နေတဲ့ နိုင်ငံအများစုမှာလည်း ဒီလိုကိစ္စတွေကို မကျယ်လောင်နိုင်သေးပါဘူး။ စစ်တမ်းအရ အမေရိကန်နဲ့ တရုတ်က စီးပွားရေးသမားတွေပိုင်တဲ့ ဒီလိုစမ်းသပ်မှုနဲ့ ထုတ်လုပ်နေတဲ့ Cosmetic တွေဟာ ကမ္ဘာ့နိုင်ငံတချို့မှာ အခြေစိုက်ခဲ့တာ နှစ်ပေါင်းမနည်းတော့ဘူး။ နိုင်ငံတစ်ခုမှာ တားမြစ်ထားရင်တောင် သူတို့အခြေစိုက်ထားတဲ့ တခြားနိုင်ငံမှာ လုပ်နေတဲ့သဘောကလည်း စဥ်းစားစရာပေါ့။ နောက်တစ်ခုက Animal Abuse နဲ့ဆိုင်တဲ့ အပ်ဥပဒေတွေမှာလည်း Cosmetic နဲ့ Fashion နယ်ပယ်က brand အကြီးစားတွေကို မတော်လှန်နိုင်သေးဘူး။ တချို့က ဂုဏ်ပြချင်၊ တစ်ကိုယ်ရေ လှပချင်လို့ Fashion နဲ့ Cosmetic တွေကို အသုံးပြုကြပေမယ့် သူတို့ကိုယ်ပေါ်မှာ တိရစ္ဆာန်အသက်တွေ၊ သွေးတွေ ပါဝင်နေတာကိုတော့ သတိမထားမိတာကလည်း လူ့သောက်ကျင့်ကိုး။ သားမွှေးအဝတ်တစ်ထည်အတွက် တိရစ္ဆာန်အသက်တစ်ချောင်း သေပေးနေရတယ်လို့ ရိုးရိုးလေးတွေးတတ်ကြရင်တောင် ကမ္ဘာပေါ်က နာမည်ကြီး လက်ကိုင်အိတ်၊ အဝတ်အစား လုပ်ငန်းစုတချို့ ဒေဝါလီခံနေလောက်ပြီပေါ့။
အဆုံးသတ်ပြောရရင် လက်ရှိလူ့အဖွဲ့အစည်းမှာ "ကျွန်မက သဘာဝပတ်ဝန်းကျင်ကို ချစ်တယ်၊ တိရစ္ဆာန်လေးတွေ ညှင်းပန်းနှိပ်စက်ခံနေရမှုကို ရှုံ့ချတယ်" ပြောပြီး တိရစ္ဆာန်စမ်းသပ်မှုတွေနဲ့ ထုတ်လုပ်တဲ့ Cosmetic တွေကျ အသဲအသန်ဝယ်လူး၊ တိရစ္ဆာန်သားရေနဲ့လုပ်တဲ့ နာမည်ကြီး အဝတ်အစား brandတွေမှ ဂုဏ်ရှိတယ်ထင်နေတဲ့ လူတွေမှ အများကြီးပါ။ ဒီလိုပဲ ကိုယ်အားပေးတဲ့ နှစ်သက်တဲ့ Celebrity၊ Blogger၊ Influencer တွေ ကြေညာသမျှ ညွှန်းသမျှ product တွေကို အလုအယက်ဝယ်တတ်တဲ့ ခပ်ရိုးရိုးသားသားဆိုတဲ့ လူတွေမှလည်း အများကြီးပါ။ ကိုယ်ဝယ်သုံးတဲ့ ထုတ်ကုန်က Be Cruelty Free ဟုတ်ရဲ့လား မဟုတ်ဘူးလားလည်းမသိ၊ လေ့လည်းမလေ့ဘဲ ကိုယ့်ကိုယ်ကိုယ် အပြစ်ကင်းစင်လွန်းသူလို့ ထင်နေသူတွေလည်း အများကြီးပါ။ နှစ်စဥ် သန်းငါးဆယ်သော တိရစ္ဆာန်အကောင်ရေဟာ Fashion နယ်ပယ်ကြောင့် အသတ်ခံနေရတယ်ဆိုရင်ရော? သားရေဂျာကင်အင်္ကျီတစ်ထည်အတွက် တိရစ္ဆာန်တစ်ကောင် သေပါတယ်။ Be Cruelty Free ဆိုတာ Cosmetic အတွက်တင် မကပါဘူး။ ကိုယ်ဝတ်နေတဲ့ အဝတ်အစား brandက Be Cruelty Free listထဲ မပါရင်လည်း Cosmetic မသုံးဘဲ အဝတ်အစားနယ်ပယ်ကြောင့် တိရစ္ဆာန်တွေ သေပေးနေရတာပါ။ လက်ရှိ Rate ထဲက လူတစ်သန်းလောက်သာ Be Cruelty Free ကို ဂရုစိုက်တယ် ဆိုကြပါစို့။ တိရစ္ဆာန်ဘယ်နှကောင်ကို ကယ်တင်နိုင်မလဲ?
868
ကမ္ဘာ့တိရစ္ဆာန်ပေါင်း သန်းတစ်ရာကျော်ဟာ သုတေသနဓာတ်ခွဲခန်းတွေကြောင့် သေနေရတယ်။ ဒီအထဲ ဆေးဝါးနဲ့ စားသောက်ကုန်ပြီးရင် Fashionနဲ့ Cosmetic နယ်ပယ်က ကပ်လိုက်နေခဲ့တယ်။ ဒါကိုအခုထိလည်း စစ်တမ်းအတိအကျ ကောက်လို့မရသေးဘူး။ Cosmetic စမ်းသပ်မှုတွေအတွက် ယုန်၊ ဝက်၊ ဟန်းစတား၊ မျောက်နဲ့ ခွေးတွေကို အဓိကထားကြတယ်လို့ တွေ့ရှိခဲ့တယ်။ Cosmetic တွေ စမ်းသပ်ရာမှာ အရေပြားထိခိုက်မှု၊ မျက်လုံးယားယံမှု စစ်ဆေးမှုနဲ့ တခြား Side Effects တွေ အတွက် တိရစ္ဆာန်တွေနဲ့ စမ်းသပ်ကြတယ်။ အလွယ်ပြောရရင် ဖန်တီးထားတဲ့ လိုးရှင်း၊ မိတ်ကပ်နဲ့ တခြားအလုကုန်ပစ္စည်းတွေကို တိရစ္ဆာန်တွေနဲ့ အရင်စမ်းသပ်တယ်ပေါ့။ ပါးစပ်ထဲထည့်ပြီး တစ်ပတ်နှစ်ပတ် စောင့်ကြည့်တာမျိုး၊ သူတို့ကိုယ်မှာ စမ်းလူးပေးကြည့်တာမျိုးနဲ့ မျက်လုံးထဲ ထည့်ကြည့်တာမျိုးတွေ လုပ်တယ်။ ဒီလိုစမ်းသပ်ရင်း တိရစ္ဆာန်တွေမှာ မျက်စိကွယ်မှု၊ မျက်လုံးရောင်ရမ်း ပေါက်ထွက်မှု၊ အရေပြားလောင်မှု၊ကိုယ်တွင်းအင်္ဂါပျက်စီးသွားမှုနဲ့ သေသွားတာမျိုးတွေ ဖြစ်လာရင် အလှကုန်ပစ္စည်း Formula က လူနဲ့မတည့်ဘူးပေါ့။
🐿️... တိရစ္ဆာန်တွေနဲ့ Cosmetic ကို စမ်းသပ်မှုက တရားဝင်လား?
လုံးဝမဝင်ပါဘူး။ Mannfacturing မှာ Lab Testing အတွက် သတ်မှတ်ထားတဲ့ Animal Categories တွေ ရှိပြီးသားပါ။ ဒါပေမဲ့ အခုလိုလုပ်နေမှုကို ဘာလို့အရေးမယူလဲ? ကမ္ဘာ့စီးပွားရေးနယ်ပယ်မှာ မလှိမ့်တပတ်နဲ့ ကွက်ကျော်ရိုက်ထားတဲ့ လုပ်ကွက်တွေမှ အများကြီးပါ။ အမေရိကန်လိုနိုင်ငံမှာတောင် Cosmetic Company တွေကို အရေးယူမှု မလုပ်နိုင်သေးပါဘူး။ Company တွေဖက်ကလည်း ဒီလိုစမ်းသပ်မှုက လိုအပ်လို့လုပ်တာဆိုပြီး ထောက်ခံချက်ပေးတဲ့ Association တချို့နဲ့ လက်ဝါးချင်းရိုက်ထားဆဲပဲ။ ဒီတော့ သူတို့ပြောသလို ဒီလိုစမ်းသပ်မှ Cosmetic တွေ ထုတ်နိုင်မှာလား? ဆိုတဲ့မေးခွန်းကို မေးစရာရှိတယ်။ အာဏာပိုင်တွေဖက်ကသာ တင်းကျပ်နိုင်ရင် မလိုပါဘူး။ သုတေသနမှတ်တမ်းတွေအရ Cosmetic ထုတ်ကုန်တွေသာ ရိုးသားမှုရှိရင် ထုတ်ပြန်ထားတဲ့ Chemical တွေ၊ သဘာဝနည်းလမ်းတွေနဲ့ ထုတ်လုပ်လို့ရတယ်။ ဒါပေမဲ့ ဒီလိုထုတ်လုပ်မှုက လက်ရှိကမ္ဘာ့လူ့အဖွဲ့အစည်းရဲ့ လိုအင်ဆန္ဒတွေအရ အဆင်မပြေပြန်ဘူး။
ခေတ်သစ်လူ့အဖွဲ့အစည်းရဲ့ နေထိုင်မှုပုံစံနဲ့ လိုအင်ဆန္ဒတွေမှာ သောက်တလွဲတွေ များလာတယ်။ တစ်လအတွင်း အသားဖြူချင်တဲ့လူ ရှိသလို၊ သာမန်ထက် ထူးခြားသွားစေမယ့် မိတ်ကပ်အမျိုးအစားတွေကို လိုလားသူရှိတယ်။ ဒီလိုပဲ ဘယ်လိုတာရှည်ခံတယ်၊ ဘယ်နှရက်နဲ့ အချိန်တိုအတွင်း အကျိုးသက်ရောက်တယ်၊ ဘယ်လိုထူးခြားတယ် ဆိုတာတွေကို ကြည့်ပြီးပဲ Cosmetic ထုတ်ကုန်တွေကို ဝယ်လိုအားများလာကြတယ်။ ဒီတော့ အကျိုးသက်ရောက်မှု အချိန်ကြာစေတဲ့ Cosmetic တွေက ဝယ်လိုအားနည်းတယ်။ ဥပမာ- နာမည်ကြီး Cosmetic Brand တစ်ခုကနေ သူတို့ထုတ်ကုန်တစ်ခုကို ကြော်ငြာရာမှာ လူးလိုက်တာနဲ့ မင်းသမီးက ဘယ်လိုပြောင်းလဲသွားတယ်၊ ဝက်ခြံတွေ တစ်လအတွင်းပျောက်ပြီး စင်းလုံးချောကြီး ဖြစ်သွားတယ်၊ အရင်က အရက်သမားတောင် လှည့်မကြည့်ရာက သူတို့ထုတ်ကုန်ကို သုံးပြီးမှ လူတိုင်းငေးကြတယ် စသဖြင့် ကြေညာကြတယ်။ ဒါပေမဲ့ သင့်တော်တဲ့ Chemical နဲ့ သဘာဝပစ္စည်းတွေ ပိုသုံးထားတဲ့ Brandတစ်ခုကတော့ သူတို့လို အကျိုးသက်ရောက်မှု မမြန်ဆန်ဘူး။ ဒီတော့ ပိုမြင်သာမြန်ဆန်တဲ့ ထုတ်ကုန်ကိုပဲ လူအများစုက ဝယ်လိုအားရှိလာကြတယ်။ ဝမ်းနည်းစရာက အဲဒီဝယ်လိုအားတွေရဲ့နောက်မှာ တိရစ္ဆာန်စမ်းသပ်မှုတွေနဲ့ တိရစ္ဆာန်ညှင်းပန်းနှိပ်စက်ခံနေရမှုတွေ တွဲပါနေခဲ့တယ်။
🦝...တိရိစ္ဆာန်တွေနဲ့ စမ်းသပ်မှုဟာ တကယ်ရော အသုံးဝင်ရဲ့လား?
သိပ္ပံနည်းကျ သုတေသနတွေအရ Cosmetic တွေကို တိရစ္ဆာန်တွေနဲ့ စမ်းသပ်မှုဟာ လူသားတွေအပေါ် အပြည့်အဝ အာမခံမှုမပေးပါဘူး။ အကြောင်းက ယုန်တစ်ကောင်ပေါ်မှာ စမ်းသပ်ထားတဲ့ လိုးရှင်းတစ်ခုဟာ လူသားကိုယ်ပေါ်မှာ အာမခံရှိချင်မှရှိမယ်။ မျိုးစိတ်ကွဲပြားခြားနားမှုနဲ့ အချိန်တိုအတွင်း မပြသမှုတွေကြောင့် လတ်တလော ထိခိုက်မှုကိုပဲ ကာကွယ်ပေးနိုင်ပြီး ရေရှည်အတွက် အာမခံချက်မရှိဘူး။ ဒါကြောင့်လည်း Cosmetic တွေဟာ လူကိုအိုမင်းရင့်ရော်လာစေတယ်၊ မသုံးလို့မရတဲ့အထိ အရေပြားလိုအပ်ချက်တွေ ရှိလာစေတယ်၊ တခြား ရေရှည် Side Effects တွေ ရှိလာတယ်လို့ ဆိုကြတာပေါ့။ လက်ရှိမှာ ဒီလိုစမ်းသပ်မှုတွေနဲ့ အစားထိုးဖို့ သဘာဝနည်းလမ်းတွေကို သုတေသနလုပ်ပေးခဲ့ပေမယ့် လူ့အဖွဲ့အစည်းရဲ့ အမြန်လိုချင်တဲ့ လိုအင်ဆန္ဒတွေကြောင့် ပြောင်းလဲလာတဲ့ လုပ်ငန်းစုက အနည်းငယ်ပဲရှိပါသေးတယ်။
🐨... ဒီလိုဖြစ်ရပ်တွေရဲ့ နောက်ကွယ်...
လက်ရှိအထိ တိရစ္ဆာန်စမ်းသပ်မှုမလုပ်ဘဲ ပြောင်းလဲထုတ်လုပ်လာတဲ့ Animal Cruelty-free Cosmetic Company စာရင်းမှာ ကုမ္ပဏီပေါင်း ၆၀၀ ကျော်ပဲရှိပါသေးတယ်။ ဒီအထဲက ၅၄၀ ကျော်ဟာ ကမ္ဘာ့ Cosmetic စျေးကွက်ရဲ့ 25% တောင် Demand မရှိတာကလည်း ဝမ်းနည်းစရာပေါ့။ သဘောက ကမ္ဘာ့အလှကုန်စျေးကွက်ရဲ့ လေးပုံသုံးပုံဟာ တိရစ္ဆာန်စမ်းသပ်မှုတွေနဲ့ ထုတ်လုပ်နေတာတွေပေါ့။ ၂၀၀၉ ခုနှစ်မှာ ဥရောပလူထုရဲ့ #BeCrueltyFree လှုပ်ရှားမှုကြီးကြောင့် ဥရောပနိုင်ငံပေါင်း ၂၈ နိုင်ငံဟာ သူတို့နိုင်ငံမှာထွက်တဲ့ Cosmetic တွေထဲ
868
Are We Free from Cruelty?
--------------------------------------
မူရင်းရေးသားသူ - Htet Wa Na
ဥရောပ Publishing တွေနဲ့ Book Store တွေရဲ့ စစ်တမ်းအရ လက်ရှိ 2010-2020 ဆယ်စုနှစ်ဟာ ဥရောပမှာ Greenism စာပေဖက်စာအုပ် အထွက်အများဆုံး Decade လို့ မှတ်တမ်းဝင်ခဲ့တယ်။ သဘောက ကမ္ဘာမှာ ဥရောပသားတွေဟာ Environmentalဖက်ကို အလေးထားဆုံးဖြစ်လာတယ်လို့ ဆိုလိုတဲ့သဘောပဲ။ ဒီနေရာမှာ ပြောချင်တာတစ်ခုရှိတယ်။ Green Anarchism / Greenism / Environmentalism စာရေးဆရာနဲ့ Environmental သုတ စာရေးဆရာ မတူပါဘူး။ မြင်မိသလောက် မြန်မာမှာ တချို့က နားလည်မှုလွဲနေတယ်။ သုတစာရေးဆရာနဲ့ ရသစာရေးဆရာ မတူသလိုပါပဲ။ Dataနဲ့ Research Facts တွေကို အခြေခံရေးထားတဲ့ Environmental စာပေနဲ့ Green Anarchism စာပေက ဘာမှကိုမဆိုင်ပါဘူး။ လီယိုတော်စတွိုင်းအစ မက်ကာသီအဆုံး Green Anarchism စာပေကို ချပြခဲ့ရာမှာ ဘယ်လိုပုံနည်းလဲကို သူတို့စာပေတွေ ချဥ်းကပ်ကြည့်ရုံနဲ့သိနိုင်တယ်။ GAဖက် စာရေးဆရာတွေက Apocalyptic ဖက် တည်ချင်တည်မယ်၊ လူသားမျိုးနွယ်ကို သောက်ဖောင်းထုချင်ထုမယ်၊ Society က လက်မခံချင်စရာ ခပ်စပ်စပ် logic တွေကို ချပြချင်ပြမယ်၊ ဒါတွေက သူတို့စာပေပါ။ ကမ္ဘာမှာ စက်မှုဇုန်တွေကြောင့် တစ်နှစ်ကို CO2 ဘယ်လောက်ထွက်နေပါပြီဆိုတဲ့ Research Fact နဲ့စာအုပ်ကို သူတို့နဲ့သွားယှဥ်လို့မရဘူး။ ပြောချင်တာက ကွဲပြားစေချင်တယ်။ ပညာရှင်တွေမှ ကမ္ဘာကြီးကို ကယ်တင်နိုင်မယ်လို့ မထင်ပါနဲ့။ စာရေးဆရာနဲ့ အနုပညာသမားစစ်စစ်တွေ ပြောင်းလဲလာခဲ့တဲ့ ကမ္ဘာ့သမိုင်းအရွေ့တွေက အထင်အရှားကြီးပါ။ ဒါကကြုံလို့ထည့်ရေးတာပါ။ ပြောချင်တာက တခြားပါ။
ဥရောပမှာ ဒီဆယ်စုနှစ်ထဲ Environmental စာအုပ်တွေပဲ ပိုထွက်ခဲ့တာ မဟုတ်ဘူး။ သိသိသာသာပြောင်းလဲဖို့ ကြံလာကြတဲ့ Activist တွေ၊ Movement တွေ၊ အတိအကျဆော်လာခဲ့တဲ့ Ecocide ကိစ္စတွေ၊ တိုးလာတဲ့ Lawတွေ၊ Campaign တွေမှ မနည်းမနောပဲ။ ဒါက သူတို့ဆီက နိုင်ငံတိုင်းတော့ မဟုတ်သေးဘူး။ နိုင်ငံအနည်းစုပဲ ရှိသေးတယ်။ ဒါပေမဲ့ အပြောင်းအလဲကောင်းတွေ စပေါ်လာခဲ့တာကတော့ သက်သေပေါ့။ အီစလီက ပညာရေးစနစ်တို့၊ ဥရောပနိုင်ငံတချို့က ငါးမန်းမှောင်ခို တားမြစ်လာတဲ့ကိစ္စတို့၊ မြို့ကြီးတွေထဲ Environmental Law အဆန်းတွေတောင် ရှိလာပြီ။ ( စက်ဘီးပဲ စီးရမယ့်လမ်းတို့၊ ကားတွေမှာ CO2 ထုတ်နှုန်း stickerကပ်တာတို့၊ တခြားအရေးယူလာမှုတွေပေါ့။ ) ဒီအထဲ စိတ်ဝင်စားမိခဲ့တာတစ်ခုက တိရစ္ဆာန်အရေးထဲက Cosmetic နဲ့ Fashion နယ်ပယ်ကိုပေါ့။ ဒါကရေးလို့ရလား ရှော့ရှိလားတော့ ကိုယ်လည်းမသိဘူး။ ဒါပေမဲ့ လေ့လာမိခဲ့သလောက်ထဲက မှတ်မိသလောက် ပြန်ရေးချင်လို့ပါ။ နောက်တစ်ခုက အခုလက်ရှိ ကိုယ်တွေမြန်မာမှာ နာမည်ကြီး အလှကုန် Showroom တွေ၊ Cosmetic အကောင်းစားတွေကို ရောင်းချပေးနေတဲ့ Online Shopping Page တွေ၊ ကြေညာပေးတဲ့ နာမည်ကြီး Celebrity နဲ့ Influencer တွေ ပိုများလာတယ်။ သူတို့ကို တိုက်ခိုက်တယ်လို့လည်း မထင်စေချင်ဘူး။ Animal Rights အရေးအနေနဲ့ပဲ မြင်ပါပေါ့။
🐰... ကမ္ဘာ့ Cosmetic Industry နောက်ကွယ်က သွေးပျက်စရာ လုပ်ကွက်များ
လူအများစုက မြင်ကြမယ်။ အလှကုန်ပစ္စည်းဆိုတာ အလှအပရေးရာအတွက် ဖြူဖြူစင်စင်နဲ့ အသုံးပြုနိုင်တဲ့ Product တစ်ခုပေါ့။ နောက်တစ်ခုက သဘာဝပတ်ဝန်းကျင်ကို တန်ဖိုးထားတဲ့ မိန်းကလေးအများစုတောင် အလှကုန်နဲ့ ကမ္ဘာ့ဂေဟစနစ်ကို တွဲတွေးမိမှာမဟုတ်ဘူး။ ဒီလိုမတွေးမိအောင်လည်း Cosmetic စီးပွားရေးသမားတွေက ကမ္ဘာ့စျေးကွက်ကို နှစ်နဲ့ချီ ချုပ်ကိုင်ထားခဲ့တယ်။ Cosmetic နဲ့ တိရစ္ဆာန်ညှင်းပန်းနှိပ်စက်မှုကို လူတွေစသတိထားမိသွားတာက ဘယ်နှစ်ခုနှစ်ကလဲတော့ ကိုယ်လည်းမသိဘူး။ ဒါပေမဲ့ အကျယ်လောင်ဆုံးဖြစ်ခဲ့တာကတော့ ၂၀၀၃ ခုနှစ် ဘာစီလိုနာ ယုန်စျေးကွက်ကိစ္စကနေ စခဲ့တယ်လို့ ပြောလို့ရတယ်။ ဘာစီလိုနာက တောရိုင်းတိရစ္ဆာန်မှောင်ခိုဂိုဏ်းတစ်ခုကို ဖမ်းမိရာက ယုန်အကောင်ရေ သုံးသောင်းကျော်ကိုပါ ဖမ်းဆီးရမိခဲ့တယ်။ သူတို့ထွက်ဆိုချက်အရ အဲဒီယုန်တွေကို Cosmetic Company နှစ်ခုက မှာထားတာလို့ ထွက်ဆိုခဲ့တယ်။ အဲဒီမတိုင်ခင်က Fashion ဖက် Company တွေနဲ့ တိရစ္ဆာန်မှောင်ခိုဂိုဏ်းတွေ ပတ်သက်မှုကိုပဲ လူအများစုက ကြားဖူးခဲ့တယ်ဆိုရမယ်။ ဒါပေမဲ့ Cosmetic နယ်ပယ်မှာ တိရစ္ဆာန်တွေကို ညှင်းပန်းမှုက တော်တော်ကျယ်ပြန့်နေခဲ့တယ်။ ကမ္ဘာ့တိရစ္ဆာန် Black Market နဲ့ သူတို့က ဘယ်လိုကြောင့် ပတ်သက်နေတာလဲ?
🐇... Cosmetic နယ်ပယ်ရဲ့ ဖုံးဖိထားခဲ့မှု
ကမ္ဘာပေါ်က နာမည်ကြီး Cosmetic Company တချို့ဟာ သူတို့ရဲ့ သုတေသနဓါတ်ခွဲခန်းတွေအတွက် တိရစ္ဆာန်တွေကို မှောင်ခိုစျေးကွက်ကနေ မှာယူခဲ့တယ်။ အရင်ကတော့ Lab Testing အတွက် ကြွက်နဲ့ တခြား အကောင်သေးမျိုးတွေ တရားဝင်အသုံးပြုခွင့် ရထားခဲ့ကြပေမယ့် တကယ်တမ်း ခေတ်သစ် Cosmetic စျေးကွက် အားပြိုင်လာမှုတွေမှာ တိရစ္ဆာန်မှောင်ခိုစျေးကွက်နဲ့ပါ မကင်းနေမှန်း ပေါ်ပေါက်လာခဲ့တယ်။ ခန့်မှန်းချေစီစစ်မှုအရ နှစ်စဥ် တိရစ္ဆာန်အကောင်ရေ နှစ်သိန်းနီးပါးဟာ Cosmetic Company တွေမှာ စမ်းသပ်မှုတွေအတွက် အသတ်ခံနေရတယ်။ ဒါပေမဲ့ ဒါကချွေးသိပ်မှု စာရင်းသက်သက်ပါ။ နှစ်စဥ်
