ru
Feedback
EHS Myanmar

EHS Myanmar

Открыть в Telegram

This is an official channel of Environment, Health and Safety Myanmar (EHS Myanmar). Please visit www.ehsmyanmar.org for more information.

Больше
934
Подписчики
Нет данных24 часа
+47 дней
+730 день
Архив постов
ထို့အပြင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာကျွမ်းကျင်ပညာရှင်အနေဖြင့် - ၁။ မိမိလုပ်ငန်းခွင်၏ ဂုဏ်သိက္ခာနှင့် အရည်အချင်းကို ထိန်းသိမ်းရာတွင် ကူညီပေးရပါမည်။ ၂။ နိုင်ငံတော်၊ ပြည်သူလူထု၊ မိမိလုပ်ဖော်ကိုင်ဖက်များအတွက် ပညာရေးနှင့် သုတေသနနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ နယ်ပယ်နှင့် သက်ဆိုင်သော အသုံးဝင်သော နည်းပညာဆိုင်ရာ သတင်းအချက်အလက်များ ဖွံ့ဖြိုးတိုးတက်ရေးကို တက်စွမ်းသမျှအားပေးကူညီရပါမည်။ ၃။ တစ်စုံတစ်ဦး သို့မဟုတ် အဖွဲ့အစည်းတစ်ခုခု၊ ကုမ္ပဏီတခုခုအတွက် lobbying ပြုလုပ်ခြင်းမပြုရ။ ၄။ လုပ်ငန်းခွင်ကို သိက္ခာကျစေမည့် နည်းလမ်းများကို အသုံးပြုခြင်းမှ ရှောင်ကြဉ်ပြီး မိမိအလုပ်ကိုလုပ်ဆောင်ရန် နှင့် စသည့် ကျင့်ဝတ်များ၊ လုပ်ငန်းစဉ်များကို လိုက်နာရန်လဲလိုအပ်ပါသေးသည်။ ကိုးကားကျမ်း - National Association of Environmental Professionals, USA ရေးသားသူ - နိုင်ကျော်လူ ----------------------------------------------------------------------- EHS Myanmar ၏ ဆောင်းပါးများကို အမြဲမပြတ်ဖတ်နိုင်ဖို့ telegram channel ကိုအခုပဲ join လိုက်ပါ။ https://t.me/ehsmyanmar #EHSMyanmar #Environmental #Professions #ethics

သဘာဝပတ်ဝန်းကျင်ဆိုင်ရာကျွမ်းကျင်ပညာရှင်များတွင်ရှိသင့်သည့်ကျင့်ဝတ်များ (Code of Conducts for Environmental Professionals) ====================================================== EHS Myanmar | 14.6.2022 သဘာဝပတ်ဝန်းကျင်ဆိုင်ရာကျွမ်းကျင်ပညာရှင်များ ၏ ရည်ရွယ်ချက်များမှာ ၎င်းတို့၏ ပုဂ္ဂိုလ်ရေးဆိုင်ရာနှင့် ပရော်ဖက်ရှင်နယ်ဘဝနှင့် လုပ်ငန်းဆောင်တာများကို ကျင့်ဝတ်နှင့်အညီ လုပ်ဆောင်ရန်ဖြစ်သည်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍတွင် အသက်မွေးဝမ်းကြောင်းပြုမည့် လူငယ်များအနေဖြင့် Environmental Professionals များရဲ့ Code of Ethics ဟုခေါ်သည့် အခြေခံကျင့်ဝတ်များကို သိရှိထားဖို့ လိုပြီး လေးစားလိုက်နာဖို့လဲအလွန်အရေးကြီးပါသည်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍဟုဆိုလိုက်လျှင် အလုပ်အကိုင်အမျိုးမျိုးရှိပါသည်။ ဥပမာ - Environmental Officer, Environmental Engineer, ESIA Consultant, Environmental Specialist, Environmental Lawyer, HSE Officer, Environmental Auditor စသည့် အလုပ်အကိုင်ပေါင်းများစွာရှိပါသည်။ တစ်ခုချင်းစီ၏ JD များမတူနိုင်သော်လည်း ဒီကဏ္ဍတွင် လုပ်ကိုင်နေသူများ၏ အခြေခံဝတ္တရားကျင့်ဝတ်များကိုတော့ လိုက်နာရမည်သာဖြစ်ပါသည်။ အကျင့်စာရိတ္တကောင်းမွန်ခြင်း၏ အဓိကကျသောအချက်မှာ ဂုဏ်သိက္ခာရှိခြင်းဖြစ်သောကြောင့် ပတ်ဝန်းကျင်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များသည် ၎င်းတို့၏တာဝန်များကို အများပြည်သူ၊ ၎င်းတို့၏အလုပ်ရှင်များ၊ ဖောက်သည်များအားလုံးအား တရားမျှတ၍ သမာသမတ်ကျစွာဖြင့် သစ္စာရှိစွာ ထမ်းဆောင်မည်ဖြစ်ပါသည်။ ပြည်သူ့အကျိုးပြုလုပ်ငန်းကို သူတို့ကိုယ်သူတို့ စိတ်ပါဝင်စားဖို့နဲ့ သူတို့ရဲ့ အထူးအသိပညာတွေကို လူသားတွေနဲ့ သူတို့ရဲ့ပတ်ဝန်းကျင်အကျိုးအတွက် အသုံးချဖို့ အဆင်သင့်ရှိနေဖို့က သူတို့ရဲ့တာဝန်ပါ။ . သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအရာရှိများအတွက်အခြေခံကျင့်ဝတ်များမှာ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကွဲပြားလျက်ရှိပါသည်။ စာရေးသူကတော့ အဓိက (၃) မျိုးကိုပဲဦးစားပေးသွားပါမည်။ ၁။ သဘာဝပတ်ဝန်းကျင်အပေါ်ထိခိုက်ပျက်ဆီးမှုတို့ကို တက်နိုင်သမျှ ထိန်းသိမ်းကာကွယ်ရန်၊ (Environmental Protection) ၂။ လူသားအားလုံး၏ကျန်းမာရေးနှင့်လူ့အခွင့်အရေးတို့ကို တန်ဖိုးထားလေးစားလိုက်နာရန်၊ (Respect for Human Rights) ၃။ တည်ဆဲဥပဒေများအပါအဝင် ဒေသန္ဒရအမိန့်များ၊ လုပ်ငန်းခွင်စည်းကမ်းချက်များစသည့် (Laws and Regulations) ကိုလိုက်နာကျင့်သုံးရန် (Compliance with laws and regulations) တို့ဖြစ်ကြပါသည်။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာကျွမ်းကျင်ပညာရှင်များတွင်ရှိသည့်ကျင့်ဝတ်များ နှင့်ပတ်သတ်ပြီး အမေရိကန်နိုင်ငံအခြေစိုက် National Association of Environmental Professionals အဖွဲ့အစည်းကြီးမှထုတ်ပြန်ထားသော အချက်အလတ်များသည် သင့်တော်ကောင်းမွန်ပြီးရှင်းလင်သည်ဟုယူဆသည့်အတွက် ထိအချက်အလတ်များကို ကိုးကားကာဖော်ပြပေးသွားပါမည်။ ၁။ မိမိတာဝန်ယူထားသော (သို့မဟုတ်) လုပ်ကိုင်ထားသော စုစောင်းထားသော၊ ခွဲခြမ်းစိတ်ဖြာထားသော ဒေတာအချက်အလတ်များကို တာဝန်ယူရပါမည်။ မိမိအသက်မွေးဝမ်းကျောင်းလုပ်ငန်းတွင် တာဝန်ယူတက်စိတ်ဖြင့် ကျင့်ဝတ်သိက္ခာရှိရပါမည်။ ၂။ သုတေသနပြုခြင်း၊ စီစဉ်ခြင်း၊ ဒီဇိုင်းဆွဲခြင်း၊ စီမံခန့်ခွဲခြင်းနှင့် လုပ်ဆောင်ချက်များအား သိပ္ပံနည်းကျနှင့် နည်းပညာအရ ဦးတည်ချက်ရှိသော နည်းလမ်းဖြင့် ပြန်လည်သုံးသပ်ခြင်းကို အားပေးရပါမည်။ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု လျော့ပါးစေရန်နှင့် ပတ်ဝန်းကျင် အရည်အသွေး မြှင့်တင်ရန်အတွက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သိပ္ပံ၏ အကောင်းဆုံး အခြေခံမူများကို ပေါင်းစပ်ပေးရပါမည်။ ၃။ မိမိ၏လမ်းညွှန်မှုအောက်တွင် လုပ်ဆောင်ခဲ့သော သဘာဝပတ်ဝန်းကျင်ဆိုင်ရာကိစ္စရပ်များကို မှားယွင်းစွာတင်ပြခြင်း၊ မဟုတ်မမှန်ရေးသားခြင်း၊ ထိန်ချန်ခြင်းတို့အား (လုံးဝ) မပြုလုပ်ရပါ။ ၄။ မိမိ၏ နိုင်ငံတော်၊ ပြည်သူလူထု၊ ဖောက်သည်များ နှင့် မိမိအလုပ်ရှင်များအပေါ် ဆိုးကျိုးပဋိပက္ခဖြစ်ပေါ်စေနိုင်ခြင်းရှိမရှိတို့ကိုစစ်ဆေးရပါမည်။ ၎င်းတို့အပေါ် တိုက်ရိုက်သော၎င်းတို့ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ဖြစ်စေ ပါဝင်သည့် လှုပ်ရှားမှုများတွင် ငွေကြေး သို့မဟုတ် ကိုယ်ရေးကိုယ်တာ စိတ်ဝင်စားမှုရှိသည့် မည်သည့်အခြေအနေမျိုးတွင်မဆို၊ မိမိ၏အလုပ်ရှင်၊ ဖောက်သည် သို့မဟုတ် အခြားထိခိုက်နစ်နာသည့်ပါတီများဘက်သို့ အပြည့်အဝရပ်တည်ကာ ပညာရှင်ဆန်စွာထုတ်ဖော်ပါမည်။ ၅။ ပညာရှင်ဆန်စွာဆုံးဖြတ်ချက်များ၊ စီရင်ချက်များ (Professional Judgement) များ နှင့် ကွဲလွဲနေသည့် အစီရင်ခံစာများ၊ ရလာဒ်များ၊ အချက်အလတ်ဒေတာများစသည်တို့ကို အခကြေးငွေအကျိုးကြည့်၍ မဟုတ်မမှန်ပြောဆိုရေးသားခြင်းမှ ရှောင်ကျဥ်ရမည်။ တနည်းအားဖြင့် ဘက်မလိုက်မူဝါဒကို လက်ကိုင်ထားရမည်။ ၆။ မရိုးသားမှု၊ လိမ်လည်မှု၊ လှည့်ဖြားမှု၊ သို့မဟုတ် လွဲမှားစွာတင်ပြမှုတို့ပါ၀င်သည့် အပြုအမူတို့တွင် မပါဝင်ရပါ။ တဖက်ဖက်သို့ အသာပေး၊ အလေးပေးမှုတို့မလုပ်ဆောင်ရပါ။ ၇။ တန်းတူညီမျှမှုနှင့် သက်ဆိုင်သူများအားလုံးပါဝင်မှုနှင့် အပြန်အလှန်လေးစားမှုတို့ကို ရောင်ပြန်ဟပ်သည့် အပြုသဘောဆောင်သော အလေ့အကျင့်ကို လက်ကိုင်ထားရမည်။

photo content

[English Below] 🌏 သင့်ရဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာအကျိုးပြုအမှတ်တရများကို မျှဝေခြင်းဖြင့် World Environment Day, 2022 Campaign မှာပါဝင် အားဖြည့် လိုက်ပါ 🔔 🌍 ဇွန်လ ၅ ရက်နေ့ဟာဆိုရင် ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ World Environment Day ဖြစ်ပါတယ်။ ယင်းနေ့ကိုဂုဏ်ပြုသောအားဖြင့် ကျွန်မတို့ EHS Myanmar မှ "Our Earth Online Campaign" ကိုပြုလုပ်ရခြင်းဖြစ်ပါတယ်။ ယခု Campaign ကို UN Environment Programme (UNEP) နှင့် World Environment Day Global တို့မှ အသိမှတ်ပြုထားပြီးဖြစ်ပါတယ်။ ☘️ Campaign မှာဘယ်လိုပါဝင်ရမလဲ? 1️⃣လူကြီးမင်းတို့အနေနဲ့ ဇွန်လ ၄-၅ ရက်နေ့အတွင်းတွင် ကိုယ်တိုင်ပါဝင်ပြုလုပ်ထားသော (environmental activities) သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လှုပ်ရှားမှုများ၊ အမျိုးမျိုးသောဖန်တီးမှုများကို ဓာတ်ပုံ သို့မဟုတ် ဗီဒီယိုမှတ်တမ်းအဖြစ် ရိုက်ကူးထား၍ မိမိတို့၏လူမှုကွန်ရက်တွင် ပြန်လည်မျှဝေပေးရမှာဖြစ်ပါတယ်။ 🌿 Environmental activities ဟုဆိုရာမှာ 1. Environmental Conservation 2. Beat Plastics Pollution 3. Fight Climate Change and Global Warming 4. Reduce Emissions and advocate Clean Air 5. Environmental Awareness 6. 3Rs and promote Sustainability Living ဟူသော themes ၆ ခုနှင့်သက်ဆိုင်သော မည့်သည့် activity ကိုမဆို ပြုလုပ်ဖန်တီးနိုင်ပါတယ်။ ( ဥပမာ - မိမိနေအိမ်တွင်အပင်စိုက်နေသည့်ပုံ၊ recycle ပစ္စည်းများပြုလုပ်နေသည့်ပုံ၊ မိသားစုဝင်များအား environmental awareness ပေးနေသည့် ဗီဒီယို ...စသဖြင့် ကိုယ်ပိုင် idea ဖြင့်ဖန်တီးနိုင်ပါတယ် ) 2️⃣ထို့နောက် မိမိတို့ ရိုက်ကူးထားသော ဗီဒိုယိုများ(သို့မဟုတ်)ပုံများကို မိမိတို့ရဲ့ Facebook platform မှာ public နဲ့ share ပေးရမှာဖြစ်ပါတယ်။ (share တဲ့အခါမှာ "World Environment Day ကိုဂုဏ်ပြုသောအားဖြင့် ယခုကဲ့သို့ Environmental Activity ကိုပြုလုပ်၍ Our Earth Online Campaign တွင်ပါဝင်ခြင်းဖြစ်ပါသည်။" #OnlyOneEarth #WorldEnvironmentDay #EHSMyanmar #OurEarthCampaign #2022 ဆိုတဲ့ caption လေးနဲ့hashtag လေးတွေကိုထည့်သွင်းရေးသားပြီး share ပေးရပါမယ်။) 🖇 မိမိတို့ post များ share ထားသည်ကို Screenshot ရိုက်၍ EHS Myanmar - page messenger တွင်သော်လည်းကောင်း၊ ယခု post အောက်တွင် comment အဖြစ်ပေးပို့ထားခြင်းဖြင့်သော်လည်းကောင်း လာရောက်ပေးပို့ထားနိုင်ပါတယ်။ ပို့ပေးတဲ့အခါ certificate ပေးအပ်နိုင်ရန်အတွက် လူကြီးမင်းတို့ Email ကိုပါပို့ပေးထားဖို့လိုပါတယ်။ 📝အပေါ်မှာပြောထားတဲ့ အချက်တွေနဲ့ပြည့်စုံပြီဆိုရင်တော့ EHS Myanmar မှ ပေးအပ်သော certificate ကိုရရှိနိုင်မှာဖြစ်ပါတယ်။ 🎁ဒါ့အပြင် လူကြီးမင်းတို့ Share ထားသည်များထဲမှ အကောင်းဆုံးသော ဓာတ်ပုံ (သို့) ဗီဒီယို ၃ ခုကိုရွေးချယ်ပြီး ထို ၃ ဦးအား Phone Bill ဆုလက်ဆောင်ပေးသွားမှာဖြစ်ပါတယ်။ 🥇First prize - 15,000 ph bill 🥈Second prize - 10,000 ph bill 🥉Third prize - 10,000 ph bill 🕰 ဤ campaign ကို 4 - 5 June အထိသာပြုလုပ်မှာဖြစ်တဲ့အတွက် အမြန်ဆုံးပါဝင်ပေးကြဖို့ တိုက်တွန်းလိုပါတယ်။ 📨 သတ်မှတ်ချက်များနှင့်အညီ campaign တွင်ပါဝင်ထားသူများကို EHS Myanmar မှ ၅ ရက်အတွင်း Email မှတစ်ဆင့် Certificate များပေးပို့ပေးသွားမှာဖြစ်ပါတယ်။ . 🌍 Environmental, Health, and Safety Myanmar (EHS Myanmar), a non-governmental organization in Myanmar, has launched the web campaign titled "Our Earth." The campaign has been acknowledged by United Nations Environment Programme and World Environment Day Global which is advocay as an Earth Action Number. The primary goals of the campaign are to encourage public participation and raise community awareness about World Environment Day in order to promote the love of our planet. The online campaign aims to share their participation in environmental activities related to the following topics: Environmental Conservation, Beating Plastics Pollution, Fighting Climate Change and Global Warming, Reducing Emissions and Promoting Clean Air, Environmental Awareness and 3Rs, and Promoting Sustainable Living. Individuals who participate in the campaign will receive a certificate of participation, and EHS Myanmar will pay the phone top-up bills of those who have created the most innovative World Environment Day activities. #OnlyOneEarth #WorldEnvironmentDay #EHSMyanmar #OurEarthCampaign #2022

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့တွင် သင်လုပ်နိုင်မည့် အရာ (၅) ခု ------------------------------------------------------------ EHS Myanmar | 4.6.2022 ဇွန်လ (၅) ရက်နေ့တွင် တကမ္ဘာလုံးရှိ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားမှုတက်ကြွသူအားလုံးပါဝင်ဆင်နွဲကြမှာဖြစ်ပါတယ်။ ဒါကြောင့် သင့်အနေဖြင့် ဘယ်လိုဆင်နွှဲရမလဲ မသိသေးလျှင်တော့ ဒီအချက်လေးတွေလုပ်ကြည့်ပါ။ ၁။ သစ်ပင်စိုက်ပါ - သစ်ပင်စိုက်ခြင်းက အကောင်းဆုံးသောအရာတွေက ထိပ်ဆုံးမှာဖြစ်ပါလိမ့်မယ်။ အကြီးကြီးတွေမလုပ်နိုင်လျှင်တောင် တနိုင်တပိုင် စိုက်ကြည့်ပါ။ မိမိအိမ်တွင်းမှာ Indoor Plant စိုက်တာမျိုး၊ အိမ်နောက်ဖေးမှာ သီးပင်စားပင်စိုက်တာမျိုးလေးတွေလုပ်ကြည့်လို့ရနိုင်ပါတယ်။ သစ်ပင်များက လေကောင်းလေသန့်ပေးရုံသာမက အရိပ်များလဲရစေနိုင်ပါတယ်။ ကာဗွန်ထုတ်လွှင့်မှုများကိုလဲ လျှော့ကျစေနိုင်ပြီး ရာသီဥတုပြောင်းလဲမှုကိုလဲထိန်းညှိုစေနိုင်ပါတယ်။ ဒါကြောင့်သစ်ပင်စိုက်ပါ...ကြီးထွားတဲ့အထိ တော့စိုက်ဖို့လိုပါမယ်နော်။ ၂။ မိမိအိမ်နှင့်ရပ်ရွာသန့်ရှင်းရေးပြုလုပ်ပါ - မိမိရပ်ရွာဝန်းကျင် (Community) ကိုသန့်ရှင်းရေးပြုလုပ်ခြင်း၊ အမှိုက်ကောက်ခြင်း၊ သစ်ပင်များရေလောင်းခြင်း၊ ရေမြောင်းရှိအမှိုက်များ နုန်းများဆယ်ယူခြင်း၊ စသည်တို့လုပ်ခြင်းဖြင့်လဲ WED ကိုကြိုဆိုလို့ရနိုင်ပါသည်။ ဒီလိုတွေလုပ်တဲ့အခါမှာလဲ တစ်ယောက်ထည်းမဟုတ်ပဲ သူငယ်ချင်းများကိုလဲပါအောင်ခေါ်ဖို့တော့လိုပါမယ်။ မြို့ပြဒေသတွေမှာဆို အမှိုက်ကောက်ခြင်း နှင့် စနစ်တကျစွန့်ပစ်ခြင်းတို့ကို ပြုလုပ်ဖို့လိုအပ်ပါလိမ့်မယ်။ ထို့အတူ ပင်လယ်ကမ်းခြေနှင့် နီးတဲ့ ဒေသမှာနေတဲ့သူတွေ ဥပမာ ရခိုင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ပုသိမ်မြို့နယ် တို့မှာနေတဲ့သူတွေဆို ဒီ activities မျိုးတွေ လုပ်လို့ရပါလိမ့်မယ်။ ၃။ အသိပညာမျှဝေပါ - EHS Myanmar ၏ ဆောင်ပုဒ်အတိုင်း "Gaining Knowledge is the first step to wisdom. Sharing it, is the first step to community" မိမိသိထားသောအသိပညာများကိုမျှဝေခြင်းက လူသားဆန်ခြင်းပင်ဖြစ်ပါတယ်။ ဒါကြောင့် သဘာဝပတ်ဝန်းကျင်နှင့်ပတ်သတ်ပြီး သိထားတဲ့ အသိပညာများကို ကိုယ့်အနီးအနားပတ်ဝန်းမှာကျင်ရှိတဲ့မိတ်ဆွေ၊ ညီအကိုမောင်နှမ နှင့် မိဘတွေကိုပါမျှဝေပါ။ အထူးသဖြင့် ကလေးငယ်တွေကို မျှဝေခြင်းက အရေးကြီးပါတယ်။ ကလေးငယ်တွေရဲ့ နေ့စဉ်အကျင့်တွေမှာ Sustainable Ways လေးတွေပါသွားပြီဆို သဘာဝပတ်ဝန်းကျင်အတွက်များစွာအကျိုးရှိမှာအသေအချာပါပင်။ ၄။ ကာဗွန်ထုတ်လုပ်မှုကိုလျှော့ချပါ - ဇွန် (၅) ရက်နေ့တစ်ရက် သင် ကားအသုံးမပြုဘူး ဆိုလျှင်ပင် ကာဗွန်ထုတ်လုပ်မှုလျော့ကျမည်။ သင်လိုလူတွေများလာလျှင် ဘယ်လောက်အကျိူးရှိနိုင်လဲမှန်းဆနိုင်ပါသည်။ ဒီ့အတွက် ထိုတစ်ရက်တော့ ကားအသုံးမပြုပါနှင့်။ စက်ဘီးစီးပါ၊ လမ်းလျှောက်ပါ။ ခရီးဝေးသွားရမယ်ဆိုလျှင်တောင် Public Transportation တွေကိုသာအသုံးပြုပါ။ ဘက်စ်ကားစီးပါ။ ၅။ လှုပ်ရှားမှုများတွင်ပါဝင်ပါ - WED နေ့ကို တကမ္ဘာလုံးအတိုင်းအတာအရကျင်းပနေကြပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂလိုအဖွဲ့အစည်းကြီးမှကျင်းပတဲ့ Online Camapign များလဲရှိနေသလို၊ UNEP နှင့် အခြားသော နိုင်ငံတကာအဖွဲ့အစည်းများမှလဲ ပုံစံမျိုးစုံဖြင့် ကျင်းပဆင်နွှဲလျက်ရှိပါတယ်။ မြန်မာနိုင်ငံမှာလဲထိုနည်းတူပါပဲ။ INGO နှင့် NGO အဖွဲ့အစည်းကြီးတွေကပြုလုပ်တဲ့ Public Engagement ပွဲတွေ၊ Talk-Show တွေ၊ Online Event နှင့် On-Ground event တွေစသဖြင့် ပြုလုပ်လျက်ရှိကြပါတယ်။ စာရေးသူတို့ EHS Myanmar ဆိုလျှင်လဲ UNEP နှင့် World Environment Day Global တို့၏ အသိအမှတ်ပြု Online Campaign တစ်ခုကို ပြုလုပ်လျက်ရှိပါတယ်။ Campaign အကြောင်းမသိသေးလျှင် ဒီမှာ အသေးစိတ်ဖတ်ကြည့်ပါ - https://web.facebook.com/ehsmyanmar/posts/pfbid02c47zoxYt2zPwMgm5EdtpB5922KVf5gBDqafVHwKyDxH8FVVtjNpWy1PiPaKnsEYMl ဒီလိုလှုပ်ရှားမှုတွေမှာပါဝင်ခြင်းကြောင့် မိမိကိုယ်တိုင် အသိပညာဗဟုသုတွေရမယ်၊ မိတ်ဆွေအသစ်တွေနဲ့မိတ်ဖွဲ့နိုင်မယ် တနည်းအားဖြင့် Network ချဲ့နိုင်မယ်၊ နောက် မိမိပတ်ဝန်းကျင်ကသူတွေ WED နေ့အကြောင်း စိတ်ဝင်စား လာမယ်၊ သဘာဝပတ်ဝန်းကျင်ကိုတန်ဖိုးထားတက်လာမယ် စသည့် အကျိုးကျေးဇူးများရနိုင်ပါတယ်။ ဒါကြောင့် အခုပဲ မိမိနီးစပ်ရာ activity များတွင်ပါဝင်ဆင်နွှဲလိုက်ပါ။ ရေးသားသူ - နိုင်ကျော်လူ ----------------------------------------------------------------------- EHS Myanmar ၏ ဆောင်းပါးများကို အမြဲမပြတ်ဖတ်နိုင်ဖို့ telegram channel ကိုအခုပဲ join လိုက်ပါ။ https://t.me/ehsmyanmar #OnlyOneEarth #WorldEnvironmentDay #EHSMyanmar #OurEarthCampaign #2022

[English Below] မြန်မာနိုင်ငံ၏ NGO များထဲတွင် ပထမဆုံး နှင့် တစ်ခုထည်းသော UN Environment Programme နှင့် World Environment Day
[English Below] မြန်မာနိုင်ငံ၏ NGO များထဲတွင် ပထမဆုံး နှင့် တစ်ခုထည်းသော UN Environment Programme နှင့် World Environment Day Global တို၏ အသိမှတ်ပြုခြင်းခံထားရသည့် EHS Myanmar ၏ Online Campaign ကိုမကြာခင်မိတ်ဆက်သွားမည်ဖြစ်ပါသည်။ ဇွန်လ (၅) ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ (World Environment Day) ကိုဂုဏ်ပြုသောအားဖြင့် အားလုံးပူးပေါင်းပါဝင်နိုင်မည့် Online Campaign တစ်ခုဖြစ်ပါသည်။ ထိုကြောင့် စိတ်ဝင်စားသည့် မည်သူကိုမဆို ဖိတ်ခေါ်အပ်ပါသည်။ . EHS Myanmar's Online Campaign, which was the first and only initiative in Myanmar to be acknowledged by the UN Environment Program and the World Environment Day Global, will shortly be released. This is a comprehensive internet campaign for June 5's World Environment Day. Therefore, all interested parties are invited. Browse the map to find out more about actions being taken near you - https://www.worldenvironmentday.global/.../earth-action... #EHSMyanmar #OnlyOneEarth #WorldEnvironmentDay #UNEP #2022

photo content
+6

ဇွန်လ (၅) ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ၂၀၂၂ နှင့်ပတ်သတ်ပြီး သိထားသင့်သည့် အချက် (၅) ချက် (တပုံချင်းစီ ထောက်ဖတ်ပေးပါ။) #EHSMyanmar #worldenvironmentday #onlyoneearth #UNEP #2022

photo content

EHS Myanmar's Monthly Theme: What is it for June? -------------------------------------------------- 🇲🇲 EHS Myanmar မှ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင် (Sustainable Development Goals) များကို အထောက်အကူပြုစေရန် ရည်ရွယ်၍ တစ်လနှင့်တစ်လ မတူညီသော ခေါင်းစဥ် (Theme)များကို အလှည့်ကျဖြင့် Knowledge Sharing များ ပြုလုပ်နေပါသည်။ 🐬 ယခု ဇွန်လအတွက် theme ကတော့ "Environmental Justices and Ethics" ဖြစ်ပါသည်။ 🇲🇲 ‌သဘာဝပတ်ဝန်းကျင်အတွက် တရားမျှတမှု၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ဆက်စပ်သည့် လုပ်ငန်းများအတွက် ကျင့်ဝတ်သိက္ခာများ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အရာရှိများတွင် ရှိသင့်သည့် ကျင့်ဝတ်သိက္ခာများ စသည့်ပညာပေးဆောင်းပါးများ ရေးသားတင်ဆက်ခြင်း၊ free online course များလမ်းညွှန်ပေးခြင်း နှင့် စာအုပ်ကောင်းများ မျှဝေခြင်းတို့ကို ပြုလုပ်သွားပါမည်။ ✌️ Environmental Justics and Ethics နှင့်ပတ်သတ်ပြီး စိတ်ဝင်စားလို့ လေ့လာသင်ယူချင်တယ်ဆိုရင်တော့ EHS Myanmar page ကို see first လုပ်ထားဖို့မမေ့ပါနဲ့ဦး။ ----------------------------------------------------------------------- "Gaining knowledge is the first step to wisdom. Sharing it is the first step to humanity." #EHSMyanmar #Justice #Ethics #SDGs #sustainability

photo content

🌲လှပသော ဂေဟစနစ်ဝန်ဆောင်မှုများအား ကောင်းမွန်စွာရရှိနိုင်ရန်အလို့ငှာ ဂေဟစနစ်တစ်ခုအား ကျန်းမာအောင်ထားရှိကန်လိုအပ်ပါသည်။ ထို့သို့ထားရှိနိုင်ရန်အလို့ငှာ ဂေဟစနစ်တစ်ခု၏ ကျောရိုး‌ဖြစ်သော ဇီဝမျိုးစုံမျိုးကွဲများ (Biodiversity) မှာလွန်စွာအရေးပါလှပါသည်။ ဇီဝမျိုးစုံမျိုးကွဲ (Biodiversity) အားအဓိပ္ပါယ်ဖွင့်ဆိုရာတွင် ဂေဟစနတ်တစ်ခုအတွင်းမှီတင်းနေထိုင်နေကြသော အမျိုးမျိုးသော သက်ရှိသတ္တဝါများကိုဆိုလိုပါသည်။ ထိုဇီဝမျိုးစုံမျိုးကွဲများ ကျန်းမာစေရန်အတွက်လည်း ဂေဟစနစ်များကွဲပြားမှု (Ecosystem Diversity)၊ မျိုးစိတ်များကွဲပြားမှု (Species Diversity)၊ မျိုးရိုးများကွဲပြားမှု (Genetic Diversity) တို့အား ကြည့်ဖို့လိုအပ်ပါသည်။ ဂေဟစနစ်ကွဲပြားမှုတွင် ဂေဟစနစ်တစ်ခုအတွက် အမျိုးအစားစုံလင်သော ဂေဟစနစ်အသေးအလေးများတည်ရှိမှု၊ မျိုးစိတ်များကွဲပြားမှုတွင် မျိုးစိတ်တစ်ခုနှင့် တစ်ခုအကြား အမျိုးအစားစုံလင်မှုနှင် မျိုးရိုးများကွဲပြာမှူ‌တွင် မျိုးရိုးများအကြားကွဲပြားမှုတို့ဖြစ်ပါသည်။ ထိုသို့သောကွဲပြာမှုများရှိမှာမှ ဇီဝမျိုးစုံမျိုးကွဲများ များပြား၍ ဂေဟနစ်တစ်ခုသည်လည်း ကျန်းမာမည်ဖြစ်ပါသည်။ လူသားတစ်ဦး၏ ခန္ဓာကိုယ်တွင် အရိုး၊ သွေး၊ သား၊ အူကလီစာ စသည်တို့အများအပြားရှိပြီး အရေးကြီးသကဲ့သို့ ဂေဟစနစ်တစ်ခု၊ ဇီဝမျိုးစုံမျိုးကွဲမှုတွင်လည်း မည်သို့ပင် သေးငယ်စေပါမှု အရေးကြီးပါသည်။ Hector မှရေးသားသည်။ ကိုးကားချက် - The Earth Day Network Myanmar ----------------------------------------------------------------------- EHS Myanmar ၏ ဆောင်းပါးများကို အမြဲမပြတ်ဖတ်နိုင်ဖို့ telegram channel ကိုအခုပဲ join လိုက်ပါ။ https://t.me/ehsmyanmar #EHSMyanmar #biodiversity #Myanmar

လူသားများအတွက် ဇီဝမျိုးစုံမျိုးကွဲများ၏ အရေးပါမှု --------------------------------------------------------------- EHS Myanmar | 30.5.2022 ဆောင်းပါး၏ခေါင်းစဉ်အား ဘာသာပြန်ရာတွင် ဂေဟစနစ် (Ecosystem) တစ်ခုတွင် ဇီဝမျိုးစုံကွဲပြားမှု (Biodiversity) သည် ၎င်း၏ ဂေဟစနစ်တစ်ခုအတွက် ကျောရိုး (Backbone) မျှသကဲ့သို့ လွန်စွာမှအရေးပါလှပါသည်ဟူ၍ဖြစ်ပါသည်။ ဂေဟစနစ်တစ်ခုတွင် မည်သို့ပင်အမျိုးအစားစုံလင်ပါသော်ငြားလည်း၊ မတူညီပါသော်လည်း၊ လမ်းပေါ်ရှိ ရေဗွက်အိုင်လေးမှစ၍ ကမ္ဘာပေါ်ရှိကြီးမားလှသည့် Amazon ကဲ့သို့သော အပူပိုင်းဒေသသစ်တောကြီး (Rainforest) အထိ ဇီဝမျိုးစုံမျိုးကွဲမှုသည် လွန်စွာမှအရေးပါလှသည်။ သို့သော် ထိုသို့ဘာကြောင့် အရေးပါသည် မရှင်းပြခင် ကျွန်ုပ်တို့အနေဖြင့် ဂေဟစနစ်တစ်ခုနှင့် ၎င်း၏အလုပ်လုပ်ပုံအား ပထမဦးစွာ နားလည်ရန်လိုအပ်ပါသည်။ 🌲 ဂေဟစနစ် (Ecosystem) တစ်ခုဆိုသည်မှာ။ ဂေဟစနစ်တစ်ခုအား အဓိပ္ပါယ်ဖွင့်ဆိုရာတွင် သက်ရှိ (Living Components) များ (ဥပမာ တိရိစ္ဆာန်များ၊ အပင်များ)နှင့် သက်မဲ့ (Non-living Components) များ (ဥပမာ ကျောက်ဆောင်များ၊ မြေကြီးများ) တစ်ခုနှင့် တစ်ခုရှုပ်ထွေးစွာ ချိတ်ဆက်နေတဲ့ ကွန်ယက်ကြီးတစ်ခုဖြစ်ပါသည်။ ထိုသို့သော ရှုပ်ထွေးမှုကြောင့်ပင် ဂေဟစနစ်ကြီးတစ်ခု အလုပ်လုပ်ပုံအား လူ၏ သာမှန်မျက်စိဖြင့်ကြည့်ပါက မမြင်နိုင်ပါ။ လေ့လာသူများနှင့် ပညာရှင်များ၏ လေ့လာမှုများ၊ စမ်းသပ်မှုများ၊ စောင့်ကြည့်မှုများလုပ်မှသာ ထိုအလုပ်လုပ်ပုံအားသိမြင်နိုင်မည်ဖြစ်သည်။ ထို့ကဲ့သို့ ဂေဟနစ်ကြီးတစ်ခု၏ အလုပ်လုပ်ပုံအား ပထမဦးစွာရှာဖွေတွေ့ရှိခဲ့သည့်သူမှာ ဂရိရုက္ခဗေဒပညာရှင်တစ်ဦးဖြစ်သည့် Theophrastus ဖြစ်ပါသည်။ ကျွန်ုပ်တို့ သတိမထားမိ‌သော်ငြားလည်း ထိုကမ္ဘာတစ်ဝန်းရှိ ဂေဟစနစ်ကြီးအား ကမ္ဘာပေါ်ရှိလူသားများအားလုံးသည် အနည်းနှင့်အများ မှီတင်းနေထိုင်နေကြသည်သာ။ အဘယ်ကြောင့်ဆိုသော် ထိုဂေဟစနစ်များသည် ကျွန်ုပ်တို့၏ လူသားများအတွက် ဂေဟစနစ်ဝန်ဆောင်မှုများဟုခေါ်သော Ecosystem Services များကို အခကြေးငွေမယူပဲ ထောက်ပံ့ပေးနေသောကြောင့်ဖြစ်ပါသည်။ 🌲ဂေဟစနစ်ဝန်ဆောင်မှုများ (Ecosystem Services) ဂေဟစနစ်ဝန်ဆောင်မှုများ (Ecosystem Services) အား ဖော်ပြရမည်ဆိုပါက ကျွန်ုပ်တို့ လူသားများမှီတင်းနေထိုင်နေကြသည့် ဂေဟစနစ်များမှ အခကြေးငွေမယူပဲ ထောက်ပံ့ပေးနေသော ဝန်ဆောင်မှုများကို ဂေဟစနစ်ဝန်ဆောင်မှုများဟူ၍ အဓိပ္ပါယ်ဖွင့်ဆိုနိုင်ပါသည်။ ဂေဟစနစ်ဝန်ဆောင်မှုများတွင် အမျိုးအစားအားဖြင့် - (၁) လူတို့အတွက် သစ်၊ သတ္တု၊ အစားအသောက်၊ အဝတ်ကဲ့သို့သော သဘာဝသယံဇာတများထောက်ပံ့ပေးသော ဂေဟစနစ်ဝန်‌ ဆောင်မှုများ (Provisioning Ecosystem Services) (၂) လူတို့အတွက် သန့်ရှင်း‌သော သောက်ရေများရရှိနိုင်ရန်အတွက်သော်လည်းကောင်း၊ ကောင်းမွန်စွာနေထိုင်နိုင်ရန် ရာသီဥတုများပုံမှန်ဖြစ်စေရန် စီစစ်ပေးသော၊ ထိန်းညှိပေးသော ဂေဟစနစ်ဝန်ဆောင်မှုများ (Regulating Ecosystem Services) (၃) လူသားတို့အတွက် အပန်းဖြေနိုင်ရန်သော်လည်းကောင်း၊ ဘာသာရေးအတွက်သာ်လည်းကောင်း ထောက်ပံ့ပေးနေသော ဂေဟစနစ်ဝန်ဆောင်မှုများ (Cultural Ecosystem Services) (၄) ထို့သို့သော အပေါ်ရှိဝန်ဆောင်မှုများ ကောင်းမွန်စွာလှည်ပတ်နိုင်ရန်ကူညီထောက်ပံ့ပေးသော ဝန်ဆောင်မှုများ (Supporting Ecosystem Services) ထိုသို့သော ဂေဟစနစ်ဝန်ဆောင်မှုများသည် လူသားများပေါ်တွင်များစွာကိုမှ တန်ဖိုးကြီးလှသည်။ ထိုတန်ဖိုးအား ပိုက်ဆံတန်ဖိုးဖြင့်တွက်ကြည့်ရပါက World Economic Forum အရ တစ်နှစ်ကို 125 trillion အမေရိကန်ဒေါ်လာဖြင့်နှိုင်းယှဉ်နိုင်ပါသည်။ ကမ္ဘာပေါ်ရှိနိုင်ငံတိုင်း၏ GDP တန်ဖိုးတို့အားပေါင်းကြည့်ပါကလည်း ထိုတန်ဖိုးအား မမှီသေးပါ။ ဤကဲ့သော လူသားများအတွက် များစွာတန်ဖိုးရှိလှပါသည်။ .

photo content

(၄) ကျူးကျော် ငါးမျိုးစိတ် - ၁၈မျိုး ရှိကြောင်း လေ့လာတွေ့ရှိရပါသည်။ အချုပ်အားဖြင့်ဆိုရသော် ဇီဝမျိုးစုံမျိုးကွဲများ စုံလင်စွာ တည်ရှိနေခြင်းသည် သဘာဝပတ်ဝန်ကျင်းအတွက် ကောင်းမွန်သော အရာတစ်ခုဖြစ်သော်လည်း ဒေသတစ်ခု၏မျိုးရင်းမဟုတ်သော၊ ဒေသရင်းမျိုးစိတ်များကို အန္တရာယ်ပေးသော ‌ကျူးကျော်မျိုးစိတ်များ ဝင်ရောက်လာခြင်းသည် သဘာဝဂေဟစနစ်နှင့် ဇီဝမျိုစုံမျိုးကွဲများကို ထိခိုက်မှုများရှိစေနိုင်သည်။ သို့ဖြစ်‌ပါသောကြောင့် ထူးဆန်းသော အပင်များ၊ တိရစ္ဆာန်များ ( Exotic Species) မွေးမြူကာ စနစ်မဲ့ တောထဲသို့လွှတ်လိုက်ခြင်းများကို ရှောင်ကြဉ်ကြပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုမရှိစေရန် ထိခိုက်ပျက်စီးမှု အနည်းဆုံး နည်းလမ်းများကို ရွေးချယ်နေထိုင်ဖို့လိုအပ်ကြောင်း အသိပေးလိုပါသည်။ . မေသရ မှ ပြုစုရေးသားသည်။ ကိုးကား - National Geographic, Status Forest Invasive Species in Myanmar ----------------------------------------------------------------------- EHS Myanmar ၏ ဆောင်းပါးများကို အမြဲမပြတ်ဖတ်နိုင်ဖို့ telegram channel ကိုအခုပဲ join လိုက်ပါ။ https://t.me/ehsmyanmar #EHSMyanmar #invasivespecies #introducedspecies #exoticspecies

မြန်မာနိုင်ငံတွင်း ကျူးကျော်မျိုးစိတ် (Invasive Species) ဘယ်လောက်များများရှိမည်နည်း။ ---------------------------------------------------------------------------------- EHS Myanmar| 28.5.2022 မြန်မာနိုင်ငံတွင်း ဝင်ရောက်လာသော ကျူးကျော်မျိုးစိတ်များ မည်မျှရှိနေသည်ကို မဖော်ပြခင်မှာ ကျူးကျော်မျိုးစိတ် (Invasive Species)ဆိုတာဘာလဲ။ မိတ်ဆက်မျိုးစိတ် (Introduced Species) မှာကော ဘာတွေပါလဲစသည်တို့ကို အရင်ဦးစွာ လေ့လာကြည့်ရအောင်။ 🌴ကျူးကျော်မျိုးစိတ် (Invasive Species) ကျူးကျော်မျိုးစိတ်ဆိုသည်မှာ ဒေသတစ်ခုအတွင်းသို့ ထိုးဖောက်ဝင်ရောက်လာသော မျိုးစိတ်ဖြစ်ပြီး ထိုဒေသတစ်ခုအတွက် ဌာနေရင်းမျိုးစိတ်မဟုတ်ဘဲ အသစ်ဖြစ်သော သက်ရှိတစ်မျိုးဖြစ်သည်။ ကျူးကျော်မျိုးစိတ်ဟုဆိုလျှင် အများအားဖြင့် တိရစ္ဆာန် အကောင်များကို ပထမဦးစွာမြင်တတ်သော်လည်း မှို၊ ဘတ်တီးရီးယား၊ အပင် စသည်တို့လည်းပါဝင်လျက်ရှိပါသည်။ များသောအားဖြင့် ကျူးကျော်မျိုးစိတ်များသည် ထိုဒေသအသစ်အတွက် စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင်ကို ကြီးစွာထိခိုက်စေနိုင်သည်။ သို့သော်လည်း ကျူးကျော်မျိုးစိတ်အားလုံးသည်လဲ အန္တာရာယ် ရှိသည်မဟုတ်ပါ။ ဥပမာအားဖြင့် လူကြိုက်များသော ဂျုံ၊ ခရမ်းချဉ်သီးနှင့် ဆန်များ အပါအဝင် အမေရိကန်တွင် စိုက်ပျိုးသော အစားအစာ သီးနှံအများစုသည် ထိုဒေသအတွက် ဌာနေရင်းမျိုးစိတ်မဟုတ်ပါ။ အန္တရာယ်ရှိသော ကျူးကျော် မျိုးစိတ်တစ်ခုသည် ဧရိယာအသစ်နှင့် အလွယ်တကူ လိုက်လျောညီထွေရှိခြင်း၊ မြန်မြန်မျိုးပွားခြင်း၊ ၎င်းသည် ဒေသတွင်းရှိ ဌာနေရင်းအပင်များနှင့် တိရစ္ဆာန်များကို ထိခိုက်နစ်နာစေခြင်း စသည့် ဂုဏ်လက္ခဏာအင်္ဂါရပ်များ ရှိသည်။ ဥပမာအားဖြင့် မြန်မာနိုင်ငံမှာဆိုရင် စုပ်ခွက်ငါး၊ လိပ်ပါးနီ၊ ကန္တာရနှင်းဆီတို့သည် အန္တရာယ်ရှိသော ကျူးကျော်မျိုးစိတ်များဖြစ်သည်။ . 🐢မိတ်ဆက်မျိုးစိတ် (Introduced Species) မိတ်ဆက်မျိုးစိတ် (Introduced Species) များသည် မကြာခဏဆိုသလို ပိုးမွှားထိန်းချုပ်ရန်၊ အိမ်မွေးတိရစ္ဆာန်များ သို့မဟုတ် အလှဆင်ပြသမှုများပြုလုပ်ရန် ရည်ရွယ်ချက်ရှိရှိ ဒေသအသစ်သို့ ခေါ်ဆောင်ခြင်းခံကြရသည်။ ဤမျိုးစိတ်များကို တင်သွင်းသော လူများနှင့် စီးပွားရေးလုပ်ငန်းများသည် ၎င်းတို့၏အကျိုးဆက်များကို မျှော်မှန်းမထားပေ။ သိပ္ပံပညာရှင်များပင်လျှင် မျိုးစိတ်တစ်ခုသည် ပတ်ဝန်းကျင်အသစ်နှင့် မည်သို့လိုက်လျောညီထွေဖြစ်အောင်နေမည်ကို အမြဲသေချာစွာမသိနိုင်ပါ။ မိတ်ဆက်လိုက်သောမျိုးစိတ်များသည် အလွန်လျင်မြန်စွာ များပြားလာပြီး ဒေသရင်းမျိုးစိတ်များကို အန္တရာယ်ပေးသောအခါ အန္တရာယ်ရှိသော ကျူးကျော်မျိုးစိတ်များဖြစ်လာသည်။ ဥပမာအားဖြင့် 1949 ခုနှစ်တွင် အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းရှိ တောင်အာဖရိက၏အစိတ်အပိုင်းဖြစ်သော Marion ကျွန်းသို့ ကြွက်များကို နှိမ်နင်းရန်အတွက် ကြောင်ငါးကောင်ကို ခေါ်ဆောင်ခဲ့သည်။ 1977 ခုနှစ်တွင် ကျွန်းပေါ်တွင် ကြောင်ဦးရေအဆမတန်တိုးပွားလာကာ ကြောင် 3,400 ခန့် နေထိုင်ခဲ့ပြီး ဒေသခံ ငှက်များကို အန္တရာယ် ဖြစ်စေခဲ့သည်။ မြန်မာနိုင်ငံတွင်လည်း အဝေရာပင်ဟု လူသိများသော ဘောစကိုင်းပင် Leucaena leucocephala, (Bawzagaing) သည် ၁၉၇၈ ခုနှစ်ဝန်းကျင်က ဘက်စုံသုံးနှင့် လောင်စာထင်းအတွက် စတင်မိတ်ဆက်ခြင်းခံခဲ့ရသည်။ ဘောစကိုင်းပင်သည် တစ်နှစ်ပတ်လုံး ၈ လနီးပါး ပန်းပွင့်ပြီး သဘာဝအတိုင်း ပေါက်ရောက်နိုင်ခြင်းအပြင် အခြားအပင်မျိုးစိတ်များနှင့် ပြိုင်ဆိုင်မှု အလွန်ပြင်းထန်ခြင်း၊ ဒေသခံအပင်များကို အနှောင့်အယှက်ဖြစ်စေနိုင်သော အန္တာရယ်ရှိသော မျိုးစိတ်ဖြစ်လာသည်။ . ထို့အပြင် ဖိုင်းကပ်ပင် Ficus spp မျိုးစိတ်သည်လည်း အိန္ဒိယမျိုးစိတ်တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံသို့ ထိုးဖောက်ဝင်ရောက်သည့် မျိုးစိတ်တစ်မျိုးဖြစ်သည်။ ငှက်များသည် ထိုအပင်၏ အသီးအနှံများကို စားသုံးရခြင်းဖြင့် ငှက်များအတွက် အကျိုးကျေးဇူးများစွာရှိသော်လည်း ငှက်မစင်မှတစ်ဆင့်‌သော်လည်းကောင်း ကြွေကျခြင်းဖြင့် တိုက်ရိုက်သော်လည်းကောင်း အစေ့များသည် မြေကြီးသို့ရောက်ရှိပြီး အမြစ်များ ပေါက်ရောက်ပြီး အပင်များ ပေါက်ရောက်သောကြောင့် ဒေသခံ သစ်ပင်များအတွက် ပြိုင်ဆိုင်မှုပြင်းထန်လျက်ရှိသည်။ ထို့အပြင့် အဆောက်အဦများပေါ်တွင် ကြွေကျခြင်းတို့ကြောင့် အဆောက်အဦးများအပေါ်တွင် အပင်များပေါက်ကာ အဆောက်အဦများကိုပင် နောက်ဆုံးတွင် ဖျက်ဆီးပစ်ခဲ့သည်။ သစ်တောဦးစီးဌာန၏ နှစ်စဉ်လုပ်ဆောင်မှုများထဲမှတစ်ခုမှာ ficus ကို ရှင်းလင်းခြင်းဖြစ်သည်။ . မြန်မာနိုင်ငံတွင်းသို့ ရောက်ရှိနေသော ကျူးကျော်မျိုးစိတ်အရေအတွက်များကို လေ့လာကြည့်မည်ဆိုလျှင် (၁) ကျူးကျော် ပေါင်းပင်၊ မြက်ပင်၊ အပင် မျိုးစိတ် - ၆၀မျိုး (၂) ကျူးကျော် အင်းဆက်နှင့် ပိုးမွှား မျိုးစိတ် - ၂၈မျိုး (၃) ကျူးကျော် ငှက်မျိုးစိတ် - ၃မျိုး

photo content

International Day for Biological Diversity, May 22 ===================================== "Building a shared future for all life'" is the theme for 2022. The tagline expresses the notion that biodiversity is the foundation upon which we may rebuild better in the context of the ongoing United Nations Decade on Restoration, which stresses that biodiversity is the answer to various sustainable development concerns. #EHSMyanmar #internationalDay #Biodiversity #2k22

ထိုင်းနိုင်ငံ ဆောင်းခလန်ရေကန်အတွင်း ဧရာဝတီလင်းပိုင်အကောင်ရေ (၁၄)ကောင်သာကျန်ရှိတော့သည်။ ထို့ကြောင့် ထိုင်းနိုင်ငံပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက (၁၀) နှစ်အတွင်း အကောင်‌ရေ (၃၀) ထိတိုးတက်လာမည့် ဧရာဝတီလင်းပိုင်ထိန်းသိမ်းစောင့်ရှောက်ရေးအစီအစဉ် (Conservation Plan) ကို အတည်ပြုပြဌာန်းခဲ့သည်။ သုတေသီများ၊ သက်ဆိုင်ရာ အေဂျင်စီများနှင့် အတူ (၂၀၁၅) ခုနှစ်မှ (၂၀၂၁) ခုနှစ်အထိ ဆောင်းခလန်ရေကန်အထက်ပိုင်းရှိ ဧရာဝတီလင်းပိုင်များကို စစ်တမ်းကောက်ယူပြီးနောက် အကောင်ရေ ကျဆင်းလာကြောင်း တွေ့ရှိလာကြသည်။ (၂၀၁၅) ခုနှစ်တွင် (၂၇) ကောင်ခန့်သာရှိကြောင်း သိရသည်။ ယခုလို မျိုးသုဉ်းမှုဖြစ်ပေါ်လာရခြင်း အဓိကအကြောင်းအရင်းမှာ တရားမဝင်ငါးဖမ်းကိရိယာများကြောင့် (၁၄) ကောင်မှ အကောင် (၂၀)ထိသာ ကျန်တော့သည်။ တရားမဝင်ငါးဖမ်းမှုများကို လျှော့ချနိုင်လျှင် ဧရာဝတီလင်းပိုင် ဦးရေသည် (၁၀) နှစ် အတွင်း အကောင်ရေ (၃၀) ကျော် တိုးလာမည်ဟု ခန့်မှန်းထားကြသည်ဟု The Reporters သတင်းဌာနတွင်ဖော်ပြထားပါသည်။ Reference - www.thereporters.com ----------------------------------------------------------------------- EHS Myanmar ၏ ဆောင်းပါးများကို အမြဲမပြတ်ဖတ်နိုင်ဖို့ telegram channel ကိုအခုပဲ join လိုက်ပါ။ https://t.me/ehsmyanmar #EHSMyanmar #irrawaddy #Dolphin #thailand #extinction

လေယာဥ်ပျံသန်းမှုများလျှော့ချပေးရန် သဘာဝပတ်ဝန်းကျင်တက်ကြွသူများမှဆန္ဒထုတ်ဖော် ---------------------------------------------------------------------- EHS Myanmar | 17.5.2022 မေလ (၁၅) ရက်နေ့က နယ်သာလန်နိုင်ငံ Amsterdam မြို့ရှိ Schiphol လေဆိပ်တွင် သဘာဝပတ်ဝန်းကျင်တက်ကြွလှုပ်ရှားသူများက အနီရောင်ဝတ်စုံများဝတ်ကာဆန္ဒထုတ်ဖော်ခဲ့ကြသည်။ "We are flying too much" ဆိုသည့် ခေါင်းစဉ်ဖြင့် ပြုလုပ်ခဲ့ကြပြီး ကမ္ဘာတဝှမ်းရှိအစိုးရများ နှင့် နိုင်ငံတကာအဖွဲ့အစည်းများကိုတောင်းဆိုခဲ့ကြသည်။ လေယာဉ်ပျံသန်းမှုအလွန်အကျွံများခြင်းကြောင့် ဆူညံမှု (Noise Pollution) နှင့် လေထုညစ်ညမ်းမှု (Air Pollution) တို့ဖြစ်ပေါ်နေရခြင်းဖြစ်ကြောင်းပြောဆိုခဲ့ကြသည်။ နှစ်စဉ် ကာဗွန်ထုတ်လုပ်မှု (Carbon Emission) ၏ (၃) ရာခိုင်နှုန်းနီးပါးသည် လေယာဉ်ကဏ္ဍ (Aviation) မှဖြစ်ပါသည်။ သတင်းအပြည့်အစုံဖတ်ရန် - https://www.ruptly.tv/en/videos/20220514-031-Netherlands-We-are-flying-too-much-Environmental-activists-rally-at-Schiphol-Airport ----------------------------------------------------------------------- EHS Myanmar ၏ ဆောင်းပါးများကို အမြဲမပြတ်ဖတ်နိုင်ဖို့ telegram channel ကိုအခုပဲ join လိုက်ပါ။ https://t.me/ehsmyanmar #EHSMyanmar #Netherlands #Amsterdam #noisepollution #airpollution #aviation