ru
Feedback
EHS Myanmar

EHS Myanmar

Открыть в Telegram

This is an official channel of Environment, Health and Safety Myanmar (EHS Myanmar). Please visit www.ehsmyanmar.org for more information.

Больше
934
Подписчики
Нет данных24 часа
+47 дней
+730 день
Архив постов
photo content

[English Below] EHS Myanmar အနေဖြင့် "A study on environmental impacts of Internet Emissions: a case study of Yangon, Myanmar" ခေါင်းစဥ်ဖြင့် အသေးစား သုတေသနစာတမ်း တစ်ခုကို Self-Funded ဖြင့် ၂၀၂၂ ခုနှစ် ဧပြီလတွင် ပြုစုရေးသားထုတ်ဝေနိုင်ခဲ့ပါသည်။ . ကျွန်ုပ်တို့ စာတမ်း၏ရည်ရွယ်ချက်များမှာ - ၁။ မြန်မာနိုင်ငံသားများ၏ အင်တာနက်သုံးစွဲပုံအခြေအနေ နှင့် အမြင်များအားလေ့လာရန်၊ ၂။ မြန်မာနိုင်ငံနှင့်အာဆီယံနိုင်ငံများ၏ အင်တာနက်နည်းပညာကဏ္ဍ နှင့် အလုပ်လုပ်ပုံများကို လေ့လာရန်၊ ၃။ အင်တာနက်အသုံးပြုခြင်းကြောင့် လူသားများ နှင့် သဘာဝပတ်ဝန်းကျင်အပေါ် ဖြစ်ပေါ်လာသည့် အကောင်းအဆိုးများကိုလေ့လာရန်၊ ၄။ အင်တာနက်အသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသည့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများကို လျှော့ချနိုင်မည့်နည်းလမ်းများကို အကြံပြုရန်၊ တို့ဖြစ်ကြပါသည်။ . သုတေသနစာတမ်းအပြည့်အစုံကို Academia.edu တွင်လည်း ဖတ်ရှုနိုင်ပါပြီ။ https://www.academia.edu/s/3e82c00092?source=link ......................................................................................................................... In April 2022, EHS Myanmar had authored and published a self-funded Research Paper titled "A Study on Environmental Impacts of Internet Emissions: A Case Study of Yangon, Myanmar". The objectives of our Research Paper are - 1) To study the Information ato examine Myanmar citizens' behaviors toward the internet and how they use it, 2) To learn more about how the internet works in Myanmar and ASEAN Countries, 3) To review the internet emissions affects to the environment, 4) To determine the positive and negative effects on people and the environment, and 5) To recommend better ways to avoid environmental issues. If you would like to read the full report, please visit the academia.edu website or go to this link. https://www.academia.edu/s/3e82c00092?source=link ----------------------------------------------------------------------------------------- Don't forget to follow us on LinkedIn - https://www.linkedin.com/company/ehsmyanmar #EHSMyanmar #MIMU #SLCAdvocates #researchpaper #internetemissions

photo content

World Migratory Bird Day, May 14 ======================================= World Migrating Bird Day (WMBD) is an annual awareness-raising effort that emphasizes the importance of migratory bird conservation and habitat preservation. It has a global reach and is an excellent instrument for raising global awareness of migratory bird problems, ecological value, and the need for international cooperation to protect them. Light Pollution will be the focus of the World Migratory Bird Day 2022 campaign. Ref - www.worldmigratorybirdday.org #EHSMyanmar #world #migratoryBird #2k22

photo content

Biodiversity Conservation နှင့်ဆိုင်သည့် Free Online Class များလမ်းညွှန် (၁) ============================================ EHS Myanmar | 12.5.2022 National Geographic Channel (သို့မဟုတ်) NatGeo ဟုဆိုလျှင်မသိသူမရှိ။ စာရေးသူငယ်ငယ်တုန်းကဆိုလျှင် NGC တို့ Discovery Channel တို့ မြန်မာဘာသာပြန်လာပြီဆိုလျှင် စောင့်ပြီးကြည့်ခဲ့ရတာပေါ့။ ထားပါတော့...အခုပြောပြပေးချင်တာက NGC မှဦးစီးပြီး အပင်လေးများ၊ တောရိုင်းတရိစ္ဆာန်များစသည်တို့ကို ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် ရည်ရွယ်ပြီး National Geographic Channel ၏ website တွင် အခမဲ့လေ့လာလို့ရနိုင်မည့် Free Online Courses များကိုလမ်းညွှန်ပေးချင်ပါတယ်။ မြန်မြန် Enroll လုပ်ဖို့တော့တိုက်တွန်းလိုပါတယ်...ဘာလို့ဆို Course တစ်ခုချင်းဆီအလိုက် သင်တန်းသားအရေအတွက်ကန့်သတ်ထားတာကြောင့်ပါ။ သတ်မှတ်အရေအတွက်ပြည့်သွားလျှင် Enroll လုပ်လို့မရတော့ပါ။ Assessment ပြီးမြောက်သွားလျှင် Certificate ပါရဦးမှာမို့ လက်မလွှတ်သင့်ပါ။ . 🟩 Prioritizing Species and Spaces Course ကြာချိန် - ၃ နာရီ နှင့် ၄ နာရီကြား Keywords များ - National geographic society, Exploring conservation, Species and spaces, United for wildlife, Zoological society of london သင်တန်းလင့် - https://account.nationalgeographic.org/.../prioritizing.../ . 🟩 Understanding Illegal Wildlife Trade Course ကြာချိန် - ၃ နာရီ နှင့် ၄ နာရီကြား Keywords များ - National geographic society, Illegal wildlife trade, Zoological society of london, United for wildlife, Conservation သင်တန်းလင့် - https://account.nationalgeographic.org/.../understanding.../ . 🟩 Ocean Challenges and Solutions Course ကြာချိန် - ၃ နာရီ နှင့် ၄ နာရီကြား Keywords များ - Exploring conservation, National geographic society, United for wildlife, Zoological society of london သင်တန်းလင့် - https://account.nationalgeographic.org/.../ocean.../ . 🟩 Scientific Expeditions for Conservation Course ကြာချိန် - ၃ နာရီ နှင့် ၄ နာရီကြား Keywords များ - National geographic society, Scientific expeditions, United for wildlife, Zoological society of london, Exploring conservation သင်တန်းလင့် - https://account.nationalgeographic.org/.../scientific.../ . 🟩 Conservation Project Planning Course ကြာချိန် - ၃ နာရီ နှင့် ၄ နာရီကြား Keywords များ - National geographic society, Project planning, United for wildlife, Zoological society of london, Conservation သင်တန်းလင့် - https://account.nationalgeographic.org/.../conservation.../ Enroll လုပ်တဲ့အခါမှာ အခက်အခဲရှိရင် Page Chat မှာလာမေးလို့ရပါတယ်။ တခြား လေ့လာလို့ရမယ့် Free Online Courses တွေကိုလဲ နောက် ဝေမျှပေးသွားဦးမှာဖြစ်လို့ See First လုပ်ထားပါဦး။ သင့်အတွက် အကျိုးရှိမယ်ဆို အခြားသူတွေကိုလဲ ပြန်လည် မျှဝေဖို့ မမေ့ပါနှင့်။ ☺️ ----------------------------------------------------------------------- EHS Myanmar ၏ ဆောင်းပါးများကို အမြဲမပြတ်ဖတ်နိုင်ဖို့ telegram channel ကိုအခုပဲ join လိုက်ပါ။ https://t.me/ehsmyanmar #EHSMyanmar #biodiversity #conservation #free #onlineCourse #NatGeo

photo content

မြန်မာအပါအဝင် တောင်အာရှနိုင်ငံများ၏ အပူချိန်သည် လာမည့်နှစ်များအတွင်း ယခုထက်ပိုဦးမည်ဟု ခန့်မှန်းထားပါသည်။ဥပမာ - ပါကစ္စတန်နိုင်ငံတွင် (၅၀) ဒီဂရီစင်တီဂရိတ်အထိမြင့်တက်နိုင်သည် ဟု ရာသီဥတုပညာရှင် Scott Duncan က သူ၏ Facebook တွင်ရေးသားထားသည်။ #EHSMyanmar #climatechange #weather #scottDuncan

photo content

Especially during COVID-19 era, this number of internet emissions could be expected to peak due to the global high usage. According to data, Myanmar has high internet usage, which is expected to increase by roughly 12% between 2020 and 2021. Nonetheless, there has been little national study on this subject to far. Thus, in April 2022, EHS Myanmar had authored and published a self-funded Research Paper titled "A Study on Environmental Impacts of Internet Emissions: A Case Study of Yangon, Myanmar". The objectives of our Research Paper are - 1) To study the Information ato examine Myanmar citizens' behaviors toward the internet and how they use it, 2) To learn more about how the internet works in Myanmar and ASEAN Countries, 3) To review the internet emissions affects to the environment, 4) To determine the positive and negative effects on people and the environment, and 5) To recommend better ways to avoid environmental issues. Since we want to publish this article with an environmental perspective, we hope to think that it will also help the social and economic sides of the problem, in line with our mission to create "A Sustainable Nation." If you would like to know more about our Research Paper, please do not hesitate to contact us via ehsresearch.projects@gmail.com. If you would like to read the full report, please visit the Myanmar Information Management Unit (MIMU) website or go to this link. http://themimu.info/assessments-and-publications ----------------------------------------------------------------------------------------- Don't forget to follow us on LinkedIn - https://www.linkedin.com/company/ehsmyanmar #EHSMyanmar #MIMU #SLCAdvocates #researchpaper #internetemissions

[English Below] သင်ပို့လိုက်တဲ့ email တစ်ခုကြောင့် 4g of Carbon emission ထွက်တယ်ဆိုတာသိပါသလား။ -------------------------------------------------------------------- EHS Myanmar | 8.5.2022 စက်မှုတော်လှန်ရေးကနေအစပြုလိုက်ခြင်းက ယနေ့ခေတ်လို ခေတ်မှီတိုးတက်သည့် နည်းပညာခေတ်ကိုရောက်ရှိလာရခြင်းဖြစ်ပါသည်။ ဒီလိုဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ သဘာဝပတ်ဝန်းကျင်အပေါ် မကောင်းသောသက်ရောက်မှု (impacts) အနည်းအများဖြစ်ပေါ်လာခဲ့ရပါသည်။ ဒီလို impact တွေကြောင့် Nature Environment၊ ဇီဝမျိုးစုံမျိုးကွဲ (biodiversity) တို့ နှင့် လူသားတို့ဩ ကျန်းမာရေးအပေါ် သက်ရောက်မှုတွေဖြစ်ပေါ်လာရပါသည်။ ဥပမာအားဖြင့်ဆိုသော် ကျွန်ုပ်တို့တွေ နေ့စဥ်အသုံးပြုနေသည့် Social Media, Google Services, Email, Youtube စသည့် အင်တာနက် platform များကို အသုံးပြု နေခြင်းကြောင့် ကာဗွန်ထုတ်လွှင့်မှုတွေဖြစ်ပေါ်ပြီး ရာသီဥတုပြောင်းလဲခြင်း (Climate Change) နှင့် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှု (Pollution) တွေကိုဖြစ်စေနိုင်ကြောင်းကို လူအများစုက သတိမပြုမိကြပါ။ Mr. Jens Malmodin ဦးဆောင်သည့် သုတေသီပညာရှင်များက (၂၀၁၈) ခုနှစ်တွင် သုတေသနကျမ်းတစ်ခုကိုပြုစုခဲ့ပါသည်။ ထိုကျမ်းထဲတွင် သတင်းအချက်အလတ်နှင့်နည်းပညာကဏ္ဍ (Information and Communication)များမှ တစ်နှစ်ကို (၇၃၀) မက်ထရစ်တန် ထုတ်လွှတ်နေပြီး ဒီပမာဏက တစ်ကမ္ဘာလုံး Carbon Footprint ၏ (၁.၄) % ရှိနေကြောင်းထောက်ပြထားပါသည်။ ယခုလို ကိုဗစ်-၁၉ ကာလမှာဆိုလျှင် ICT အင်တာနက်သုံးစွဲမှုအရေအတွက် အလွန် များပြားလာခဲ့ပြီး Internet Emission ထွက်ရှိမှုလဲ ပိုမိုနိုင်ကြောင်းခန့်မှန်းနိုင်ပါသည်။ ကျွန်ုပ်တို့ မြန်မာနိုင်ငံမှာလဲထိုနည်းတူပင် (၂၀၂၀) ခုနှစ် နှင့် (၂၀၂၁) ခုနှစ် ကာလအတွင်း အင်တာနက်သုံးစွဲသူပေါင်း (၁၂) ရာခိုင်နှုန်း တိုးတက်လာ ကြောင်းစစ်တမ်းတွေမှာဖော်ပြထားပါသည်။ သို့သော် ကျွန်ုပ်တို့ နိုင်ငံကိုအခြေပြုပြီး Internet Emission အကြောင်းသုတေသနပြုလုပ်ထားသည့် သုတေသနစာတမ်းများမှာ လွန်စွာနည်းပါးနေသေးသည်။ ထိုကြောင့် ကျွန်ုပ်တို့ EHS Myanmarအနေဖြင့် "A study on environmental impacts of Internet Emissions: a case study of Yangon, Myanmar" ခေါင်းစဥ်ဖြင့် အသေးစား သုတေသနစာတမ်း တစ်ခုကို Self-Funded ဖြင့် ၂၀၂၂ ခုနှစ် ဧပြီလတွင် ပြုစုရေးသားထုတ်ဝေနိုင်ခဲ့ပါသည်။ . ကျွန်ုပ်တို့ စာတမ်း၏ရည်ရွယ်ချက်များမှာ - ၁။ မြန်မာနိုင်ငံသားများ၏ အင်တာနက်သုံးစွဲပုံအခြေအနေ နှင့် အမြင်များအားလေ့လာရန်၊ ၂။ မြန်မာနိုင်ငံနှင့်အာဆီယံနိုင်ငံများ၏ အင်တာနက်နည်းပညာကဏ္ဍ နှင့် အလုပ်လုပ်ပုံများကို လေ့လာရန်၊ ၃။ အင်တာနက်အသုံးပြုခြင်းကြောင့် လူသားများ နှင့် သဘာဝပတ်ဝန်းကျင်အပေါ် ဖြစ်ပေါ်လာသည့် အကောင်းအဆိုးများကိုလေ့လာရန်၊ ၄။ အင်တာနက်အသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသည့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများကို လျှော့ချနိုင်မည့်နည်းလမ်းများကို အကြံပြုရန်၊ တို့ဖြစ်ကြပါသည်။ . ယခုသုတေသနစာတမ်းသည် သဘာဝပတ်ဝန်းကျင်ရှုထောင့်မှ ရေးသားထုတ်ဝေထားခြင်းဖြစ်ပါသည်။ သို့သော် ကျွန်ုပ်တို့ EHS Myanmar ၏ Mission တွင်ပါသည့်အတိုင်း "Sustainable Nation" ဖြစ်လာစေရန်အတွက် Environment တစ်ခုထည်းတင်မလုံလောက်ပဲ၊ Social နှင့် Economics ရှုထောင့်များနှင့်ပေါင်းစပ်အဖြေရှာနိုင်ရန်အတွက်လဲတွန်းအားတစ်ခုဖြစ်စေမည့် စာတမ်းတစ်ခုဖြစ်မည်ဟုယုံကြည် ပါကြောင်း ပြောကြားလိုပါသည်။ စာတမ်းနှင့်ပတ်သတ်ပြီး သိချင်တာများရှိပါက ဖော်ပြပါ ehsresearch.projects@gmail.com သို့ဆက်သွယ်နိုင်ပါသည်။ စာတမ်းအပြည့်အစုံကို Myanmar Information Management Unit (MIMU) Website တွင်လည်းကောင်း၊ ယခုလင့်တွင်လည်းကောင်း ဒေါင်းလုပ်လုပ်ကာဖတ်ရှုနိုင်ပါသည်။ http://themimu.info/assessments-and-publications .................................................................................................................... Since the industrial revolution in the 18th century, the world has become far more modernised than ever before from modern medicine to space travel, reaching the epitome of comfort and prosperity. However, along with it, negative impacts on the natural environment, biodiversity and people's lives and well being have occurred unfortunately. For instance, most people tend not to notice that our carbon footprints on the internet, caused by the billions of people using social media, Email and Google searches around the globe everyday, can consequently and massively contribute to Climate Change and Pollution. According to a research paper by the Mr. Jens Malmodin and his team, the Information and Communication Technology sectors, emit 730 Metric Tons of Carbon Dioxide into the atmosphere every single year, accounting for about 1.4% of global carbon footprint.

photo content

We, EHS Myanmar, are now a member of the Global Waste Cleaning Network (GWCN) as an international organization and one of the Southeast Asia Region's non-governmental organizations. What is Global Waste Cleaning Netowrk? The Global Waste Cleaning Network (GWCN) is an international non-profit organization made up of non-governmental organizations (NGOs), educational institutions, and private and public sector businesses that are involved in environmental issues related to waste management and reduction, whether solid, liquid, or gaseous. From this end, EHS Myanmar will conduct the following activities to become a sustainable regions along with not only GWCN but also with other international communities. 1) Create of a global network of active environmental organizations and experts, 2) Spread awareness of the harmful impacts of waste on the environment for both people and nature, 3) Encourage of appropriate and effective waste management practices in society, and 4) Contribute to the modernization of waste management research, both in Myanmar and beyond the country. Learn more at - www.gwcnweb.org (or) www.ehsmyanmar.org ----------------------------------------------------------------------------------------- Don't forget to follow us on LinkedIn - https://www.linkedin.com/company/ehsmyanmar #EHSMyanmar #GWCN #member