EHS Myanmar
Открыть в Telegram
This is an official channel of Environment, Health and Safety Myanmar (EHS Myanmar). Please visit www.ehsmyanmar.org for more information.
Больше934
Подписчики
Нет данных24 часа
+47 дней
+730 день
Архив постов
934
🙋Augustine (EHS Myanmar) မှ ရေးသားပြုစုသည်။
Reference- https://education.nationalgeographic.org/resource/fossil-fuels/
-------------------------------------------------------------------------------------------------------------------
EHS Myanmar ၏ ဆောင်းပါးများကို အမြဲမပြတ်ဖတ်နိုင်ဖို့ telegram channel ကိုအခုပဲ join လိုက်ပါ။
https://t.me/ehsmyanmar
#EHSMyanmar #Renewableenergy #Solarpanel #fossilfuel #Energy #cleanenergy
934
ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် (renewable energy) ကို ကျောက်ဖြစ်ရုပ်ကြွင်းလောင်စာဆီ (fossil fuels) အစားထိုး ဘာကြောင့်အသုံးပြုသင့်ပါသလဲ???
________________
EHS Myanmar | 18.10.2023
💢ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် (Renewable energy) ဆိုတာဘာလဲ။
ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဆိုသည်မှာ ဘယ်သောအခါမှ မကုန်ခမ်းနိုင်သောသဘာဝအရင်းအမြစ်များဖြစ်သည့် နေရောင်ခြည်၊ လေ၊ ရေ၊ အော်ဂဲနစ်ပစ္စည်းများဖြစ်သော သစ်သား၊ တိရိစ္ဆာန်နှင့်အပင်များမှဖြစ်လာသည့်
စွန့်ပစ်ပစ္စည်းများ စသည့် သဘာဝအရင်းအမြစ်များမှ ဆင်းသက်လာသည့် စွမ်းအင်ဖြစ်ပါသည်။
💢ကျောက်ဖြစ်ရုပ်ကြွင်းလောင်စာဆီ (fossil fuels) ဆိုသည်မှာ အပင်နှင့် တိရိစ္ဆာန်များ သေဆုံးပြီး ပုပ်သိုးဆွေးမြေ့ပြီးမှ ရရှိကာကမ္ဘာမြေကြီး၏ မျက်နှာပြင်လွှာတွင် တွေ့ရှိရပြီး ၎င်းတို့ လောင်ကျွမ်းမှုဖြစ်ရာမှထွက်ရှိလာသည့် စွမ်းအင်ဖြစ်ပါသည်။ ကျွန်ုပ်တို့နေ့စဉ်အသုံးပြုနေသည့် ကျောက်မီးသွေး၊ ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့များသည် တစ်ကြိမ်ထုတ်ယူသုံးစွဲပြီးလျှင် နောက်တစ်ကြိမ်ပြန်ဖြစ်ရန် နှစ်သန်းပေါင်းများစွာ စောင့်ရသည့် ကျောက်ဖြစ်ရုပ်ကြွင်းလောင်စာဆီများဖြစ်ပါသည်။
💢ယနေ့ခေတ်တွင် အကျော်ကြားဆုံး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အမျိုးအစားများမှာ
၁။ နေရောင်ခြည်သုံးစွမ်းအင် (solar energy)
၂။ လေအားသုံးစွမ်းအင် (wind energy)
၃။ ရေအားသုံးစွမ်းအင် (hydro energy)
၄။ ဒီရေလှိုင်းအားသုံးစွမ်းအင် (tidal energy)
၅။ မြေအောက်အပူအားသုံးစွမ်းအင်(geothermal energy)နှင့်
၆။ ဇီဝလောင်စာသုံးစွမ်းအင်(biomass energy) စသည်တို့ ဖြစ်ကြပါသည်။
🤷ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် (renewable energy) ကို ကျောက်ဖြစ်ရုပ်ကြွင်းလောင်စာဆီ (fossil fuels) အစား ဘာကြောင့်အသုံးပြုသင့်ပါသလဲ။
🌼 သဘာဝပတ်ဝန်းကျင်အပေါ်ကောင်းကျိုးပြုခြင်း
ကျောက်ဖြစ်ရုပ်ကြွင်းလောင်စာဆီ တစ်နည်းအားဖြင့် ကျွန်ုပ်တို့ နေ့စဉ်ကူးသန်းသွားလာရန်အသုံးပြုနေသည့် မော်တော်ယာဥ်များအတွက် လိုအပ်သောဓာတ်ဆီ၊ ဒီဇယ်ဆီများမှ ထုတ်လွှတ်သည့် ဓာတ်ငွေ့များသည် ဖန်လုံအိမ်ဓာတ်ငွေ့ဟုခေါ်သော Greenhouse gas များ ဖြစ်သည်။ ထိုဓာတ်ငွေ့များသည် ကမ္ဘာကြီးကို စောင်သဖွယ်လွှမ်းခြုံပေးထားပြီး ယင်းဓာတ်ငွေ့များ မူလရှိသင့်သည့်ပမာဏထက်ပို၍များလာသောအခါ ၎င်းတို့သည် အပူကို ပို၍စုပ်ကာ ကမ္ဘာကြီးပူနွေးမှု၊ လေထုညစ်ညမ်းမှု ဖြစ်စေသည့်အပြင် ထိုဓာတ်ငွေ့များကို ရှူရှိုက်မိပါက လူသားများ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါသည်။ ထို့အတွက် ရေ၊လေ နှင့် နေရောင်ခြည်မှရသော ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် (renewable energy)ကို အစားထိုးအသုံးပြုလျှင် greenhouse gas ထွက်ရှိမှုပမာဏ လုံးဝမရှိတော့သည်အထိ လျော့နည်းသွားပြီး ကျွန်ုပ်တို့ ရင်ဆိုင်ကြုံတွေ့နေရသည့် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကိုလည်း လျော့ချနိုင်မှာဖြစ်ပါသည်။
🌼 စွမ်းအင်ကုန်ခမ်းမှုမဖြစ်တော့ခြင်း
ပြန်လည်ပြည်ဖြိုးမြဲ စွမ်းအင်များသည် တစ်ကြိမ်သုံးစွဲပြီးလည်း နောက်တစ်ကြိမ်ပြန်လည်သုံးစွဲရန်လွယ်ကူပြီး ကျောက်ဖြစ်ရုပ်ကြွင်းလောင်စာဆီကဲ့သို့ သဘာဝအရင်းအမြစ်များ ဆုံးရှုံးခြင်း မဖြစ်ပေါ်စေဘဲ ရေရှည်ထုတ်ယူအသုံးပြုနိုင်ပါသည်။ ထို့အပြင် ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံအသီးသီးအနေဖြင့် ပြည်ပကတင်ပို့မှုကို အားကိုးစရာမလိုဘဲ မိမိမိတို့ပြည်တွင်းမှာတင် ထုတ်ယူသုံးစွဲနိုင်သည့်အတွက် ငွေကုန်ကြေးကျလည်းသက်သာကာ တစ်နိုင်ငံမှတစ်နိုင်ငံသယ်ယူပို့ဆောင်ရေးမလိုတော့သည့်အတွက် သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်မှုမရှိနိုင်တော့ပါ။ မိမိတို့တစ်ကိုယ်စာမဟုတ်ဘဲ နောင်မျိုးဆက်သစ်များအထိပါ ထုတ်ယူသုံးစွဲနိုင်သည့်အတွက် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုဆီဦးတည်နိုင်မှာဖြစ်ပါသည်။
💥 ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အသုံးပြုနိုင်ရန်စိန်ခေါ်မှုတွေက ဘာဖြစ်မလဲ။
နေရောင်ခြည်စွမ်းအင်သုံးဆိုလာပြားများကို ဥပမာကြည့်ကြပါစို့။ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်မှန်သော်လည်း တပ်ဆင်အသုံးပြုရန်မှာ ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့်ကြည့်မည်ဆိုလျှင် ကုန်ကျစရိတ်များသည့်အတွက် လူတိုင်းလက်လှမ်းမီအသုံးပြုရန်မလွယ်ကူပါ။ ထို့အတွက် ကုန်ကျစရိတ်များကို လျှော့ချနိုင်ပြီး ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ထုတ်လုပ်နိုင်သည့် နည်းပညာများကို ကမ္ဘာတစ်ဝန်း ဖြန့်ဝေခြင်းပြုနိုင်လျှင် လူတိုင်းအသုံးပြုနိုင်ကာ အလုပ်အကိုင်အခွင့်အခွင့်လမ်းများလည်းဖန်တီးပေးနိုင်သည့်အတွက် စီးပွားရေးဖွံဖြိုးတိုးတက်မှုလည်းဖြစ်စေနိုင်ပါသည်။
🌱အနှစ်ချုပ်ဆိုရလျှင် ကျောက်ဖြစ်ရုပ်ကြွင်းလောင်စာဆီနှင့်နှိုင်းယှဉ်သော် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များသည် ပို၍သန့်စင်သော၊ သဘာဝပတ်ဝန်းကျင်ကိုထိခိုက်ပျက်စီးမှုမဖြစ်စေဘဲ ရေရှည်ဖွံဖြိုးတိုးတက်မှုကိုဦးတည်သော၊ စီးပွားရေးတိုးတက်ကောင်းမွန်စေသော အနာဂတ်ကို ဖော်ဆောင်ပေးနိုင်သည့်အတွက် ကျွန်ုပ်တို့၏ နောင်လာနောက်သားများအကျိုးကို မျှော်မှန်းကာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို အစားထိုးအသုံးပြုကြပါစေကြောင်း တိုက်တွန်းလိုက်ရပါသည်။
934
မကြာခင်ကျင်းပမည့် Science Film Festival Myanmar တွင် Volunteer အဖြစ် ပါဝင်ဆောင်ရွက်မည့် လူငယ်များအား EHS Myanmar နှင့် Goethe-Institut Myanmar တို့ ပူးပေါင်းကာ TOT Training အဖြစ် သဘာဝပတ်ဝန်းကျင်ဆိုင်ရာသင်ခန်းစာများကို 4 ရက်တာ သင်ကြားပို့ချပေးခဲ့ပါတယ်။
Training Day-1 တွင် EHS Myanmar ၏ Vice-president ဆရာမဇွဲယဉ်ဖြူမှ Circular Economy နှင့် Life Cycle Assessment အကြောင်းကိုလည်းကောင်း၊ မယွန်းနန္ဒာခိုင်မှ Introduction to Climate Change အကြောင်းကိုလည်းကောင်း ဆွေးနွေးရှင်းပြခဲ့ပါတယ်။ Day-2 တွင် Life Cycle Assessment Group Work Activity ကို EHS Myanmar မှ မခိုင်စုဝေနှင့် ကိုအံ့ဖုန်းသာတို့က Goethe-Institut Myanmar သို့ Onsite သွား၍ volunteers များနှင့်အတူ တက်ကြွစွာဆွေးနွေးခဲ့ကြပါတယ်။ Day-3 တွင် မခိုင်စုဝေမှ Introduction to Organic Waste ခေါင်းစဉ်ဖြင့် ဆွေးနွေးမျှဝေပေးခဲ့ပြီး မယွန်းနန္ဒာခိုင်မှ Environmental Pollutions အကြောင်းကို ဆွေးနွေးပေးခဲ့ပါတယ်။ Training Day-4 တွင် ကိုအံ့ဖုန်းသာမှ Biodiversity & Ecosystem အကြောင်းကို Volunteers များနှင့်အတူ Group activity များပြုလုပ်ကာ 4ရက်တာ Training အောင်မြင်စွာ ပြီးဆုံးခဲ့ပါတယ်။
Science Film Festival Myanmar အကြောင်းကို အသေးစိတ်သိရှိလိုပါက https://www.facebook.com/ScienceFilmFestivalMyanmar နှင့် www.sciencefilmfestival.org တို့တွင် ဝင်ရောက်လေ့လာနိုင်ပါတယ်။
#EHSMyanmar #ScienceFilmFestival #sffmyanmar #generationrestoration #volunteertraining
934
🎓EHS Myanmar ၏ Capacity Building Program အနေဖြင့် Mukah HSE - Training and Consultancy မှဖွင့်လှစ်သည့် ISO 14001 Environmental Management System Certificate Course အား Ko Htet Myet Tun (Secretary General)နှင့် Ma Khaing Su Wai (Project Assistant) တို့ကို Scholarship ဖြင့် အောက်တိုဘာလ (၇) - (၈) ရက်နေ့အထိ တက်ရောက်သင်ယူစေခဲ့ပြီး အောင်မြင်စွာသင်တန်းဆင်းနိုင်ခဲ့ပါသည်။
Environmental Management System (EMS) နှင့်ပက်သက်၍ အသိပညာနှင့် အတွေ့အကြုံများကိုသင်ကြားပေးပါသော Mukah HSE - Training and Consultancy ကိုလဲကျေးဇူးတင်ရှိပါသည်။
---------------------------------------------------------------------------
Don't forget to follow us on LinkedIn - https://www.linkedin.com/company/ehsmyanmar
#EHSMyanmar #iso #14001 #environmental #managementsystem
934
🌍🤝 On this International Day for Natural Disaster Reduction 2023, EHS Myanmar stands united in the fight against inequality for a resilient future! 🌪️💪 Let's work together to bridge gaps, build communities, and empower those most vulnerable to natural disasters. Our commitment to a safer, more equitable world is unwavering. Theme of the Day: Fighting inequality for a resilient future 🌱💚
#ResilienceForAll #NaturalDisasterReduction #InclusivityMatters #EHSMyanmar #togetherstronger
934
"ဘေထုပ်အထည်တွေက ကမ္ဘာမြေကြီးကို အကျိုးပြုပါသလား" Podcast 📻
+++++++++++++++++++++++++++++++++
🧥 မတူညီတဲ့ ခေတ်ရေစီးကြောင်းတွေအလိုက် လူသားတွေရဲ့ ဝတ်စားဆင်ယင်ပုံတွေကလည်း အမျိုးမျိုးပြောင်းလဲလို့လာပါတယ်။ ဘေထုပ်လို့ခေါ်တဲ့ second-hand အထည်တွေဝတ်ဆင်တဲ့ ဖက်ရှင်ကလည်း လူအများကြား ရေဗန်းစားလာတဲ့ ဖက်ရှင်တစ်ခုလို့တောင် ဆိုနိုင်ပါတယ်။
🌍 ဒါပေမယ့် ဒီဘေထုပ်အထည်တွေ ဝတ်ဆင်တာက တချို့လူတွေ သတ်မှတ်နေကြသလို တကယ်ပဲ ရှက်စရာလား၊ ဘေထုပ်တွေက သဘာဝပတ်ဝန်းကျင်နဲ့ လူသားတွေအပေါ်ရော ဘယ်လိုသက်ရောက်မှုတွေ ရှိနိုင်မလဲ စတဲ့အကြောင်းအရာတွေကို ဒီ podcast ကနေတစ်ဆင့် အဖြေရှာတွေ့နိုင်မှာ ဖြစ်ပါတယ်။
📟 အခု podcast ကိုတော့ EHS Myanmar မှာ intern အဖြစ်လုပ်ကိုင်နေတဲ့ ကိုအံ့ဘုန်းနဲ့ volunteer အနေနဲ့ လုပ်ဆောင်နေတဲ့ Noble တို့ကနေပြီး သူတို့တွေလေ့လာထားတဲ့ အချက်တွေအပေါ် အခြေခံပြီး ဆွေးနွေးထားကြပါတယ်။
🔊 EHS Myanmar ရဲ့ website (www.ehsmyanmar.org) အပြင် Spotify, Apple Podcast, Google Podcast, Anchor FM, Amazon Music, Pocket Casts, Radio Public စတဲ့ podcast platform တွေမှာ သွားရောက်နားဆင်နိုင်ပါတယ်။
Website: https://www.ehsmyanmar.org/podcast-1
Spotify: https://open.spotify.com/show/7d7SwaSQgzgkJDe7UkjwMq
Apple Podcast: https://podcasts.apple.com/.../ehs.../id1554795854…
Google Podcast:
https://www.google.com/podcasts?feed=aHR0cHM6Ly9hbmNob3IuZm0vcy80ZGIyM2M2NC9wb2RjYXN0L3Jzcw==
Amazon Music: https://music.amazon.com/.../c7d725f7-4521-4fec-9886…
#EHSMyanmar #Environment #ThriftShopping #SecondHandClothes
934
ထိုကဲ့သို့သော ပေါ့ဆသည့် စီမံကိန်းများကြောင့်ပင် ရပ်ရွာအခြေချ နေထိုင်သူများအကြား လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အကျိုးသက်ရောက်မှုများစွာ ရှိစေသောကြောင့်လည်း ဓာတ်အားပေးစက်ရုံများနှင့် ထိုသူများအကြား အငြင်းပွားစရာ ပဋိပက္ခများ ဖြစ်ပွားစေနိုင်ပါသည်။
_______________________________
ဤအချက်များကြောင့်ပင် ရေအားလျှပ်စစ်နှင့် နေစွမ်းအင်သည် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်များဖြစ်သော်လည်း သဘာဝပတ်ဝန်းကျင်အတွက် အပျက်သဘောဆောင်သော သက်ရောက်မှုများလည်း ဖြစ်စေနိုင်သောကြောင့် ၎င်းတို့သည် အချိန်ပြည့် သန့်စင်သော၊ စိမ်းလန်းသော စွမ်းအင်အရင်းအမြစ်များ မဟုတ်ကြချေ။
ထိုကဲ့သို့သော သက်ရောက်မှုများကို ဟန်ချက်ညီညီ ထိန်းကျောင်းနိုင်ရန်အတွက်
ထိရောက်သော စွမ်းအင်သိုလှောင်မှု ဖြေရှင်းချက်များကို ဖော်ဆောင်ခြင်း၊ စီမံကိန်းများအတွက် လိုအပ်သောပစ္စည်းများ၏ ထုတ်လုပ်ခြင်းဆိုင်ရာ အလေ့အကျင့်များကို သေချာစီမံခန့်ခွဲခြင်း၊ အသုံးပြုပြီးသော ပစ္စည်းများ (ဥပမာ - ဆိုလာပြားများ) ကို အလွယ်တကူမစွန့်ပစ်ဘဲ ထပ်မံအသုံးပြုနိုင်ရန် ပြုပြင်မွန်းမံခြင်း၊ လူမှုရေးဆိုင်ရာ အနှောင့်အယှက်များကို လျှော့ချနိုင်ရန် စီမံကိန်းနေရာများကို ဂရုတစိုက် ရွေးချယ်ခြင်းတို့ လုပ်ဆောင်ရန် အထူးလိုအပ်သည်။
ရပ်ရွာလူထု၏ ပူးပေါင်းပါဝင်မှုတို့ဖြင့် ရေအားလျှပ်စစ်နှင့် နေစွမ်းအင်တို့၏ အကျိုးကျေးဇူးများနှင့် အားနည်းချက်များကို ဟန်ချက်ညီညီ ထိန်းညှိပေးခြင်းသည် ၎င်းစွမ်းအင် ထုတ်လုပ်ရေးလုပ်ငန်းများ၏ ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုကို အာမံခံချက် ပေးစွမ်းနိုင်မည်ဖြစ်သည်။
=============================
ပုရွက်ဆိတ် (EHS Myanmar) မှ သင့်လျော်စွာ ဘာသာပြန် ရေးသားသည်။
Reference:
United Nations
U.S. Department of Energy
The Welding Institute
-------------------------------------------------------------------------------------------------------------------
EHS Myanmar ၏ ဆောင်းပါးများကို အမြဲမပြတ်ဖတ်နိုင်ဖို့ telegram channel ကိုအခုပဲ join လိုက်ပါ။
https://t.me/ehsmyanmar
#EHSMyanmar #RenewableEnergy #CleanEnergy #Electricity #Hydropower #SolarEnergy
934
ရေအားလျှပ်စစ်နှင့် နေစွမ်းအင်တို့သည် သန့်စင်ပြီး ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အရင်းအမြစ်များ ဖြစ်တာကြောင့် ကုန်ခမ်းသွားခြင်း မရှိပေ။ ထုတ်လုပ်သည့် နည်းလမ်းများပေါ်မူတည်၍ ကာလပတ်လုံးနီးပါး အကန့်အသတ်မရှိ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုလုပ်ငန်းစဉ်များကို ရေရှည်တည်တံ့စွာ လုပ်ဆောင်နိုင်ပါသည်။
စွမ်းအင်ထုတ်လုပ်သည့် စက်ရုံများမှ ပိုလျှံသော ဓာတ်အားများကို သိုလှောင်နိုင်သောကြောင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ ရှိခဲ့လျှင်လည်း သိုလှောင်ထားသည့် စွမ်းအင်များကို အရန်ဓာတ်အားပုံစံအဖြစ် ပင်မလျှပ်စစ် ဓာတ်အားလိုင်းသို့ ချက်ချင်းလွှဲပြောင်းပေးနိုင်ပါသည်။
(၂) လေထုညစ်ညမ်းမှုကို လျှော့ချပေးခြင်း။
၎င်းစွမ်းအင်နှစ်မျိုးသည် စွမ်းအင်ထုတ်လုပ်သည့် လုပ်ငန်းစဥ် အလေ့အကျင့်ပေါ် မူတည်၍ လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေသော ဖန်လုံအိမ်ဓာတ်ငွေ့ နှင့် ပတ်ဝန်းကျင်အတွက် အဆိပ်အတောက်ဖြစ်စေသော ဓာတ်ငွေ့များကို တိုက်ရိုက်ထုတ်လွှတ်ခြင်းမပြုချေ။ ထို့ကြောင့် ကာဗွန်ထုတ်လွှတ်မှု လျှော့ချရန်နှင့် လေထုသန့်စင်ရေးများကို မြှင့်တင်ပေးပါသည်။
(၃) သဘာဝပတ်ဝန်းကျင်နှင့် လူ့အဖွဲ့အစည်းတို့အား အကျိုးကျေးဇူးများ ဖြစ်ထွန်းစေခြင်း။
အချို့သော ရေအားလျှပ်စစ် ရေလှောင်ကန်ကြီးများသည် ရေကို သိုလှောင်နိုင်သောကြောင့် ရေကြီးရေလျှံ ထိန်းချုပ်ခြင်းဆိုင်ရာ အကျိုးကျေးဇူးများကို ပေးစွမ်းသည့်အပြင် ရေချိုထိန်းသိမ်းရန် ဆည်မြောင်းနှင့် သောက်သုံးရေအပါအဝင် လူတို့၏ အမျိုးမျိုးသော ရေအသုံးပြုမှုအတွက် ကောင်းကျိုးများစွာရှိပါသည်။
ဆိုလာဓာတ်အားပေး စနစ်များသည်လည်း ပြုပြင်ထိန်းသိမ်းမှု အနည်းငယ်သာ လိုအပ်ပြီး လောင်စာဆီ ကုန်ကျစရိတ်မရှိသည့်အပြင် အိမ်ပိုင်ရှင်များနှင့် လုပ်ငန်းများအတွက် လျှပ်စစ်မီတာခများကို သိသိသာသာ လျှော့ချပေးနိုင်ပါသည်။
ထို့အပြင် နေရောင်ခြည်စွမ်းအင်နှင့် ရေအားလျှပ်စစ် စက်မှုလုပ်ငန်း စီမံကိန်းများ ဆောက်လုပ်ရန်နှင့် ပြုပြင်မွန်းမံရန်အတွက် လူအင်းအား လိုအပ်သောကြောင့် ထိုစီမံကိန်းများသည် အလုပ်အကိုင်များစွာကိုလည်း ဖန်တီးပေးလျက်ရှိပါသည်။
_______________________________
● ရေအားလျှပ်စစ်လုပ်ငန်းများနှင့် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ်တို့၏ လိုအပ်ချက်များနှင့် သက်ရောက်မှုဆိုးကျိုးများ။
(၁) အရင်းအမြစ်များသည် သဘာဝမှပေးအပ်သောကြောင့် စွမ်းအင်စဥ်ဆက်မပြတ်ရရှိရန် ခက်ခဲခြင်း။
အကောင်းနှင့် အဆိုးဒွန်တွဲနေသည် ဆိုသည့်အတိုင်း ရေအားလျှပ်စစ်နှင့် ဆိုလာစနစ်တို့၏ သိသာထင်ရှားသော အားနည်းချက်တစ်ခုမှာ စွမ်းအင်အရင်းအမြစ် ပြတ်တောက်နိုင်မှုပင် ဖြစ်ပါသည်။
ရာသီဥတု အပြောင်းအလဲများကြောင့် မိုးခေါင်ခြင်းဖြစ်ပြီး ရေအားလျှပ်စစ် ထုတ်လုပ်ရာတွင် ရေရှားမှုပြဿနာများ ဖြစ်စေသောကြောင့် ရေအားလျှပ်စစ်သည် ပုံမှန်မိုးရွာသွန်းမှု ပုံစံများအပေါ် အမှီပြုနေရပါသည်။ ဆိုလာစနစ်သည်လည်း နေအလင်းရောင် တောက်ပနေချိန်အတွင်းသာ လျှပ်စစ်ဓာတ်အားများကို ထုတ်ပေးနိုင်သောကြောင့် ညအချိန်တွင် စွမ်းအင်ထုတ်လုပ်နိုင်စွမ်း မရှိချေ။
(၂) စွမ်းအင်ထုတ်လုပ်ရန် စီမံကိန်းမြေနေရာများ ရွေးချယ်ရာတွေ အကန့်အသတ်များခြင်း။
ရေအားလျှပ်စစ်နှင့် နေစွမ်းအင် ထုတ်လုပ်ရန် လိုအပ်သော အခြေခံ အဆောက်အဦများဖြစ်သည့် ဆည်မြောင်းများ၊ ရေကာတာများနှင့် ဆိုလာပြားစိုက်ခင်းများ ဆောက်လုပ်ရာတွင် မြေနေရာများစွာ လိုအပ်ပါသည်။
နိုင်ငံအလိုက် နေရောင်ခြည်စွမ်းအင် ရရှိမှုနှုန်းထားများ မတူညီကြသောကြောင့် နေစွမ်းအင်ကို ထိရောက်စွာ အသုံးချနိုင်ရန် နေရောင်ခြည်တိုက်ရိုက်ရသော မြေနေရာများအပြင် ရေအားလျှပ်စစ်လုပ်ငန်းများ အခြေချရန် ရေစီးဆင်းမှုပုံမှန်ရှိသော မြေနေရာဒေသများ လိုအပ်ပါသည်။
(၃) တောရိုင်းတိရစ္တာန်များအား အန္တရာယ်ဖြစ်စေခြင်းနှင့် သဘာဝသယံဇာတများ ရှားပါးလာခြင်း။
စွမ်းအင်ထုတ်လုပ်ရန် မြေနေရာများသည် သတ္တဝါတို့နေထိုင်ရာ နေအိမ်များဖြစ်ကြပြီး ဆောက်လုပ်ရေး စီမံကိန်းများနှင့် လုပ်ငန်းများမှ ဓာတုစွန့်ပစ်ပစ္စည်းများကြောင့် တောရိုင်းတိရစ္ဆာန်တို့၏ ရွှေ့ပြောင်းနေထိုင်ရာ နေရာများ ဆုံးရှုံးခြင်းနှင့် ဇီဝမျိုးစုံမျိုးကွဲများ ကျဆင်းခြင်းစသည့်ဖြင့် သတ္တဝါတို့၏ ဂေဟစနစ်ကြီးများကို အနှောင့်အယှက်ပေးနိုင်ပါသည်။
စွမ်းအင်ထုတ်လုပ်ခြင်း လုပ်ငန်းများတွင် အသုံးပြုသည့် ပစ္စည်းများ (ဥပမာ - ဆိုလာပြား၊ တာဗိုင်) ပြုလုပ်ရန် ရှားပါးသော သတ္တုပစ္စည်းများကို လိုအပ်ပါသည်။ ထို့ကြောင့် သတ္တုတူးဖော် လုပ်ငန်းစဥ်များကို ကောင်းမွန်စွာ စီမံခန့်ခွဲမှုမရှိပါက သဘာဝသယံဇာတများ တဖြည်းဖြည်း ရှားပါးလာနိုင်သည်။
(၄) လူ့အဖွဲ့အစည်းအတွင်း ကျန်းမာရေးနှင့် လူမှုရေးပြဿနာများ ပေါ်ပေါက်ခြင်း။
ဓာတ်အားပေးစက်ရုံတို့၏ ပေါ့ဆမှုကြောင့် လုပ်ငန်းများမှ မီသိန်းဓာတ်ငွေ့ထုတ်လွှတ်မှု များစွာရှိနိုင်ပြီး ထွက်ရှိလာသော အဆိပ်သင့်ဓာတ်ငွေ့များကို ထိုစက်ရုံတို့အနီးအနားတွင် နေထိုင်ကြသော တိရစ္ဆာန်နှင့် လူတို့သာ ရှုရှိက်မိလျှင် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများ၊ အဆုတ်ကင်ဆာနှင့် နောက်ဆုံး အသက်ထိခိုက်ဆုံးရှုံးမှုများအထိ ဖြစ်စေနိုင်ပါသည်။
934
ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်များသည် အများအားဖြင့် သန့်စင်ကြပါသည်။ လူတို့၏ စွမ်းအင်ထုတ်လွှတ်မှု အပေါ်မူတည်၍ ကမ္ဘာမြေကြီးအား ပူနွေးလာစေသော ဖန်လုံအိမ်ဓါတ်ငွေ့များနှင့် အခြားညစ်ညမ်းစေသော ဓာတ်ငွေ့များကို ထုတ်လွှတ်ခြင်း အနည်းအကျဥ်းမျှသာရှိသည်။ ထို့ကြောင့် ၎င်းအရင်းအမြစ်များသည် မကုန်ခမ်းနိုင်သလို သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှု အနည်းအငယ်မျှသာ ဖြစ်စေသော စွမ်းအင်အရင်းအမြစ်ကြီးများ ဖြစ်ကြပါသည်။
ထိုကြောင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်များသည် ပတ်ဝန်းကျင်အတွက် ရေရှည်တည်တံ့စေသော စွမ်းအင်သုံးစွဲမှု တစ်ခုအနေဖြင့် သတ်မှတ်နိုင်သော်လည်း ၎င်းတို့၏ ရေရှည်တည်တံ့မှုသည် တာဝန်ခံမှုရှိသော အရင်းအမြစ် စီမံခန့်ခွဲမှုများ၊ နည်းပညာပိုင်းဆိုင်ရာ ဆန်းသစ်တီထွင်မှုများ၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ ထည့်သွင်းစဉ်းစားမှုများ အားလုံးအပေါ် မူတည်နေပါသည်။
_______________________________
မြန်မာနိုင်ငံသည်လည်း ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်များဖြစ်သည့် ရေအားလျှပ်စစ်ကို အဓိကထား အသုံးပြုနေသည့်အပြင် နေ၏ အလင်းစွမ်းအင်နှင့် အပူစွမ်းအင်ကို အသုံးပြု၍ လျှပ်စစ်ထုတ်လုပ်သည့် ဆိုလာစနစ်များဖြင့်လည်း လျှပ်စစ်စွမ်းအင်များကို အသုံးပြုနေကြပြီဖြစ်သည်။
ရေအားလျှပ်စစ်နှင့် နေစွမ်းအင်ကို မြန်မာနိုင်ငံအပြင် နိုင်ငံအနှံ့အပြားတွင် ကျယ်ပြန့်စွာ အသုံးပြုနေပြီ ဖြစ်သောကြောင့် "ရေအားလျှပ်စစ်နှင့် နေစွမ်းအင် (ဆိုလာစနစ်) ဆိုသည်မှာ အဘယ်နည်း" နှင့် "ယင်းစွမ်းအင်များကို မည်ကဲ့သို့ ထုတ်လုပ်ပြီး ၎င်းတို့၏ အားသာချက်၊ သက်ရောက်မှုနှင့် လိုအပ်ချက်များမှာ အဘယ်နည်း" စသည်တို့အား စာဖတ်သူတို့ ဗဟုသုတများရစေရန် ဆက်လက်၍ မျှဝေပေးလိုက်ရပါသည်။
_______________________________
၁။ ရေအားလျှပ်စစ် (Hydropower)
ရေအားလျှပ်စစ်သည် လျှပ်စစ်ကဏ္ဍတွင် ရှေးအကျဆုံးဖြစ်ပြီး ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်များ၏ အကြီးမားဆုံး အရင်းအမြစ်ကြီးများထဲမှ တစ်ခုအပါအဝင်ဖြစ်ပါသည်။
ရေမှတစ်ဆင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် မြင့်မားသောအမြင့်မှ အောက်သို့ရွေ့လျားနေသော ရေတံခွန်မှရေများ သို့မဟုတ် သဘာဝအတိုင်း ရွေ့လျားနေသော မြစ်ချောင်းအတွင်းမှ ရေများ စသည်တို့၏ စီးဆင်းမှုအားများဖြင့် တာဗိုင်တို့ကို လည်ပတ်စေပြီး လျှပ်စစ်စွမ်းအင်ကို ထုတ်လုပ်ကြပါသည်။
ရေအားလျှပ်စစ်ကို ရေလှောင်ကန်ကြီးများ၏ ရေမှတစ်ဆင့်လည်း ထုတ်ယူပေးနိုင်ပါသည်။ ရေလှောင်ကန် ရေအားလျှပ်စစ် စက်ရုံများသည် စီးဆင်းလာသောရေများကို တားဆီးပြီး ရေလှောင်ကန်အတွင်း သိုလှောင်ထားကာ လိုအပ်လျှင် လိုအပ်သလို သိုလှောင်ကန်ထဲမှရေကို အသုံးပြု၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပါသည်။
မြန်မာနိုင်ငံသည် ရေအားကို အများဆုံးအသုံးပြု၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နေသော နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ အဓိကမြစ်ကြီးလေးစင်းဖြစ်သည့် ဧရာဝတီ၊ ချင်းတွင်း၊ သံလွင်၊ စစ်တောင်းအပြင် လောပိတရေတံခွန်နှင့် အခြားရေတံခွန်ကြီးများသည် မြန်မာနိုင်ငံ၏ ရေအားလျှပ်စစ် ထုတ်လုပ်ရန်အတွက် သဘာဝစွမ်းအင် အရင်းအမြစ်ကြီးများ ဖြစ်ကြသည်။
_______________________________
၂။ နေစွမ်းအင် (Solar Energy)
နေစွမ်းအင်သည် စွမ်းအင်အရင်းအမြစ်များ အားလုံးတွင် အပေါများဆုံးဖြစ်ပြီး လျှပ်စစ်စွမ်းအင် ထုတ်လုပ်ရန်အတွက် သဘာဝမှ အကန့်အသတ်မရှိ ပေးစွမ်းထားသော အရင်းအမြစ်တစ်ခု ဖြစ်ပါသည်။ နေစွမ်းအင်ကို တိမ်ထူထပ်သော ရာသီဥတုတွင်ပင် လျှပ်စစ်ဓာတ်အား ရရှိရန်အတွက် အသုံးချနိုင်ပါသည်။
ကျွန်ုပ်တို့နေထိုင်ရာ ကမ္ဘာမြေကြီးပေါ်သို့ တစ်နာရီခွဲအတွင်း နေရောင်ခြည်ပမာဏ ကျရောက်သည့် နှုန်းထားသည် ကမ္ဘာတစ်ဝန်းလုံး၏ စွမ်းအင်သုံးစွဲရန် တစ်နှစ်ဆာမက ဖူလုံသည်ဟု သိရပါသည်။ တစ်နည်းအားဖြင့် ကမ္ဘာ့မြေမျက်နှာပြင်အား ရိုက်ခတ်လာသော နေရောင်ခြည်အတိုင်းအတာသည် ထိုစွမ်းအင်ကို လူသားတို့ အမှန်တကယ်သုံးစွဲနေသည့် နှုန်းထားထက် အဆ (၁) သောင်းခန့် များသည်ဟု ဆိုလိုခြင်းဖြစ်ပါသည်။
ဆိုလာနည်းပညာများဖြစ်သည့် နေရောင်ခြည်ကို photovoltaic (PV) ပြားများမှတဆင့် ဖမ်းယူပြီး လျှပ်စစ်ထုတ်လုပ်သည့် စနစ်ဖြင့်လည်းကောင်း၊ Floating Photovoltaics (FPV) ဟုခေါ်သော
ဆိုလာစိုက်ခင်းများကို ရေလှောင်ကန်၊ ဆည်မြောင်းများပေါ်တွင် ဆောက်လုပ်၍လည်းကောင်း စွမ်းအင်များ ထုတ်လုပ်နိုင်ပါသည်။ လျှပ်စစ်စွမ်းအင် ထုတ်လုပ်ရန်အတွက် ဆိုလာပြားတို့အား ခေါင်မိုးများ၊ စိုက်ခင်းများ၊ ရေမျက်နှာပြင်များနှင့် ပင်မလျှပ်စစ်ဓာတ်အားလိုင်းမရရှိသည့် ဝေးလံခေါင်သီသော နေရာဒေသများတွင် တပ်ဆင်အသုံးပြုကြသည်။
ခေါင်မိုးများပေါ်တွင် တပ်ဆင်သော တစ်အိမ်သုံး ဆိုလာစနစ်ပြားများသည် အိမ်တစ်အိမ်ဆာ မီးထွန်းရန်အတွက်သာ လျှပ်စစ်ဓာတ်အားများ ပေးစွမ်းနိုင်ပါသည်။ အခြား ရေတင်ရန်၊ တီဗီကြည့်ရန် စသည့် ကိစ္စရပ်များ လုပ်ဆောင်နိုင်ရန် ပိုမိုကြီးမားသော ဆိုလာစနစ်များ လိုအပ်ပါသည်။
_______________________________
● ရေအားလျှပ်စစ်လုပ်ငန်းနှင့် နေစွမ်းအင် (သို့မဟုတ်) ဆိုလာစနစ်တို့၏ အားသာချက်များနှင့် အကျိုးကျေးဇူးများ။
(၁) စွမ်းအင်အရင်းအမြစ်များ ပေါများ၍ ပိုလျှံသော ဓာတ်အားများကို သိုလှောင်ထားနိုင်ခြင်း။
934
လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အရင်းအမြစ်ကြီးများ။
==============================
EHS Myanmar | 9.10.2023
ကမ္ဘာဦးကျောက်ခေတ်မှစ၍ ယခုမျက်မှောက်ခေတ်အဆက်ဆက်အထိ လူသားတိုင်း၏ လုပ်ငန်းဆောင်တာများကို ပြီးမြောက်အောင် လုပ်ကိုင်နိုင်ရန်အတွက် စွမ်းအင်လိုအပ်ပါသည်။ စွမ်းအင်များအနက် လျှပ်စစ်စွမ်းအင်သည် လူသားတို့တစ်နေ့တာအတွက် မရှိမဖြစ်လိုအပ်သည့် စွမ်းအင်တစ်ခုဆိုလျှင်လည်း အမှန်ပင်ဖြစ်ပါသည်။
ကျွန်ုပ်တို့နေထိုင်ရာ (၂၁) ရာစုတွင် လျှပ်စစ်စွမ်းအင်များကို တွင်ကျယ်စွာ အသုံးပြုနေကြပြီဖြစ်သော်လည်း ကမ္ဘာဦးအစတွင် နေထိုင်ခဲ့ကြသည့် ကျောက်ခေတ်လူသားများ၏ ပထမဦးဆုံး အရင်းခံစွမ်းအင်မှာ နေစွမ်းအင်ပင် ဖြစ်ပါသည်။ ၎င်းတို့သည် နေ့ဘက်တွင် နေမှရရှိသည့် အလင်းအကူအညီဖြင့် အစားအသောက်ရှာဖွေ စားသောက်ကြပြီး ညအခါတွင် ကြယ်များနှင့် လသည်သာလျှင် ကမ္ဘာဦးလူသားတို့အတွက် အလင်းပေးစွမ်းခဲ့ကြပါသည်။ မီးသည်လည်း ထိုခေတ်အချိန်က အလင်းစွမ်းအင်နှင့် အပူစွမ်းအင်အတွက် အဓိကကျသောအရင်းအမြစ် ဖြစ်ခဲ့ပါသည်။ ထိုခေတ်က အလွန်အေးသောညများတွင် အနွေးဓာတ်ဖြင့် မီးလှုံရန်အတွက် သစ်ကိုင်းခြောက်များကို ပွတ်တိုက်ပြီး ထွက်ရှိလာသည့်မီးစကို ထင်းပေါ်တွင်လောင်ကျွမ်းစေကာ မီးကိုဖန်တီးကြပါသည်။
နှစ်ကာလ ကြာမြင့်လာသည်နှင့်အမျှ လူ့အဖွဲ့အစည်းတွင် နည်းပညာဆိုင်ရာနှင့် လူနေထိုင်မှုစနစ် ဖွံ့ဖြိုးတိုးတက်မှုများစွာ ဖြစ်ထွန်းလာပါသည်။ ဤသို့ဖြင့် စွမ်းအင်ထုတ်လုပ်ရန် အရင်းအမြစ်များနှင့် စွမ်းအင်သုံးစွဲမှုပုံစံများ ခေတ်အလိုက် တစ်စတစ်စပြောင်းလဲလာပြီး ယခုပစ္စုပ္ပန်တွင် နေစွမ်းအင်ဖြင့်သာမက ခေတ်မှီနည်းပညာများဖြင့် နေစွမ်းအင်အပြင် လျှပ်စစ်စွမ်းအင်များကိုပါ နည်းစနစ်မျိုးစုံဖြင့် အများအပြား ထုတ်လုပ် အသုံးပြုလာကြပြီ ဖြစ်ပါသည်။
ကျွန်ုပ်တို့နေအိမ်များတွင် တပ်ဆင်ထားသည့် မီးများထွန်းလင်းရန် ဓာတ်အားပေးခြင်း၊ အီလထရွန်နစ်စက်ပစ္စည်းများ အသုံးပြုခြင်းနှင့် အားသွင်းခြင်းတို့ လုပ်ဆောင်ရန်အပြင် အသီးအနှံ အသားအငါးများကို အအေးခံသိမ်းဆည်းရန် ရေခဲသေတ္တာများ၊ ကုန်ပစ္စည်းများထုတ်လုပ်ရန် စက်ယန္တရားများ အစရှိသည်တို့ကို လျှပ်စစ်ဓာတ်အားကပင် စွမ်းအင်ပေးစွမ်းပါသည်။ ထိုခေတ်မှီနည်းပညာများကြောင့် ကမ္ဘာ့နိုင်ငံဒေသအသီးသီးတွင် နေ့ဘက်တွင်သာမက ညများတွင်လည်း လမ်းမီးရောင်စုံလင်စွာဖြင့် အိမ်တိုင်းအလိုလိုကပင် လျှပ်စစ်စွမ်းအင်ဖြင့် မီးရရှိကြပြီး မြို့ကြီးများသည် ထိန်လင်းမြဲ ထိန်လင်းနေကြပြီဖြစ်ပါသည်။
_______________________________
လျှပ်စစ်စွမ်းအင် ထုတ်လုပ်ရန်အတွက် အသုံးပြုသည့် စွမ်းအင်အရင်းအမြစ်များအပေါ် မူတည်၍ ထုတ်လုပ်သည့် နည်းလမ်းများစွာ ရှိပါသည်။ ထုတ်ယူသည့်ပုံစံအလိုက် ကောင်းကျိုး၊ ဆိုးကျိုးများနှင့် သဘာဝပတ်ဝန်းကျင်အား သက်ရောက်မှုများစွာလည်း ရှိနိုင်ပါသည်။
လျှပ်စစ်စွမ်းအင်ထုတ်လုပ်သည့် နည်းလမ်းများအနက် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အရင်းအမြစ်များမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း အကြောင်းအရာများအား ယခုဆောင်းပါးတွင် တစေ့တစောင်း ဝေမျှပေးလိုက်ရပါသည်။
_______________________________
● ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အရင်းအမြစ်များမှတစ်ဆင့် လျှပ်စစ်စွမ်းအင် ထုတ်လုပ်ခြင်း။
ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဆိုသည်မှာ သဘာဝအလျောက် ပြန်လည်ဖြည့်တင်းနိုင်သော အရင်းအမြစ်များကို အသုံးပြုပြီး ထုတ်ယူရသည့် စွမ်းအင်တစ်မျိုးဖြစ်ပါသည်။
ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အရင်းအမြစ်များကို အသုံးပြု၍ ထုတ်လုပ်သည့် စွမ်းအင်ပုံစံများကို-
(၁) နေရောင်ခြည်ကို အသုံးပြု၍ ထုတ်လုပ်သည့်
နေစွမ်းအင် (ခေါ်) ဆိုလာစွမ်းအင်
(၂) လေအားကို အသုံးပြု၍ တာဗိုင်များကို
လည်ပတ်စေကာ ထုတ်လုပ်သည့် လေစွမ်းအင်
(၃) ရေစီးဆင်းမှုအားကို အသုံးပြု၍ ထုတ်လုပ်သည့်
ရေအားလျှပ်စစ်
(၄) ကမ္ဘာ့မျက်နှာပြင်အောက်မှ ထွက်ရှိသည့်
ရေနွေးငွေ့များကို အသုံးပြု၍ ထုတ်လုပ်သည့်
ဘူမိစွမ်းအင် နှင့်
(၅) အပင်နှင့် တိရစ္ဆာန်တို့မှ ထွက်ရှိသော သဘာဝ
ပစ္စည်းများကို အသုံးပြု၍ ထုတ်လုပ်သည့်
ဇီဝလောင်စာစွမ်းအင် ဟူ၍ခွဲခြားနိုင်ပါသည်။
ထိုစွမ်းအင်များ ထုတ်လုပ်ရန် အရင်းအမြစ်များကို သဘာဝမှ ပေါပေါများများ ပေးအပ်ထားပြီး
သုံးစွဲပြီး အချိန်အတိုင်းအတာ ခဏအတွင်း ချက်ချင်းလျင်မြန်စွာ ပြန်လည်ပြည့်ဖြိုးနိုင်သောကြောင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အရင်းအမြစ်များအဖြစ် သတ်မှတ်နိုင်ပါသည်။
၎င်းစွမ်းအင်များမှတစ်ဆင့် လျှပ်စစ်ဓာတ်အားကို အဓိကထား ထုတ်လုပ်သည့်အပြင် လျှပ်စစ်အသုံးပြုပြီး သွားလာသည့် ပို့ဆောင်ဆက်သွယ်ရေး ယာဥ်များနှင့် စက်ရုံအလုပ်ရုံကြီးများတွင် အသုံးပြုသောရေများ အပူခံခြင်း၊ အအေးခံခြင်းနှင့် အခြား စွမ်းအင်အသုံးပြုရသည့် လုပ်ငန်းကြီးများ၌လည်း တွင်ကျယ်စွာ အသုံးပြုနေကြပြီ ဖြစ်သည်။
934
Clean Energy သို့မဟုတ် Renewable Energy ဘာသာရပ်ကိုလေ့လာချင်တဲ့ သူတွေအတွက် 2023-2024 ပညာသင်ဆုများ
----------------------------------------------
၁။ Future Global Leaders Scholarships >>> UK တက္ကသိုလ်များမှာ မာစတာနဲ့ဘွဲ့ကြို လေ့လာချင်တဲ့သူများအတွက် လျှောက်ထားနိုင်မယ့် ပညာသင်ဆုဖြစ်ပါတယ်။ Fully Funded ဖြစ်တဲ့အတွက် လျှောက်ဖို့တိုက်တွန်းလိုက်ရပါတယ်။
Learn More - https://www.scholarshipsads.com/future-global-leaders-scholarships/
၂။ Manaaki New Zealand Scholarships 2024 >>> ဒီပညာသင်ဆုကတော့ New Zeland က တက္ကသိုလ်များမှာ ပညာသင်နိုင်ဖို့ ပေးတဲ့ ပညာသင်ဆုဖြစ်ပါတယ်။ ဘွဲ့ကြိုကျောင်းသားများနဲ့ဘွဲ့လွန်ကျောင်းသားများကို Fully Funded ပေးမယ့် ပညာသင်ဆုဖြစ်ပါတယ်။
Learn More - https://www.scholarshipsads.com/manaaki-new-zealand-scholarships-2024-/
၃။ Hungary Government (Stipendium Hungaricum) Scholarship 2024 >>> ဒီပညာသင်ဆုကတော့ မာစတာဘွဲ့ အတွက်ပေးတဲ့ပညာသင်ဆုဖြစ်ပြီး Hungary တက္ကသိုလ်များမှာပညာသင်ကြားနိုင်မယ့် အခွင့်အရေးဖြစ်ပါတယ်။
Learn More - https://www.scholarshipsads.com/hungary-government-stipendium-hungaricum-scholarships-2024/
၄။ 2023 New Zealand Aid Program for International Students >>> ဘွဲ့ကြို ကနေ ပါရဂူဘွဲ့အထိပါပေးမယ့် ပညာသင်ဆုဖြစ်ပါတယ်။ University of Auckland, Auckland University of Technology, Lincoln University New Zealand, Massey University, University of Otago, University of Waikato, Victoria University of Wellington တို့မှာ ရာနှုန်းပြည့်ပညာသင်ဆုနဲ့သင်ကြားနိုင်မယ့်အခွင့်အရေးဖြစ်ပါတယ်။
Learn More - https://www.scholarshipsads.com/2023-new-zealand-aid-program-for-international-students-apply-now/
၅။ Vogue Australia 50% Scholarship >>> Torrens University Australia မှာ ဘွဲ့ကြိုကျောင်းသားများ အတွက် ဦးတည်ခေါ်ယူတဲ့ပညာသင်ဆုဖြစ်ပါတယ်။ Renewable Energy ဘာသာရပ်အပြင် Interior Design, Visual Communication, visual communication design, Marketing Communication, User Experience and User Interface, Fashion Marketing, Fashion Management, Fashion Design, Animation, film production, Film, Film Studies ပညာရပ်များကိုပါလျှောက်ထားနိုင်မှာဖြစ်ပါတယ်။ ဒီပညာသင်ဆုကတော့ Partial Funding ပဲပေးမှာ ဖြစ်ပါတယ်။
Learn More - https://www.scholarshipsads.com/billybluevoguescholarship/
-------------------------------------------------------------------------------------------------------------------
EHS Myanmar ၏ ဆောင်းပါးများကို အမြဲမပြတ်ဖတ်နိုင်ဖို့ telegram channel ကိုအခုပဲ join လိုက်ပါ။
https://t.me/ehsmyanmar
#EHSMyanmar #CleanEnergy #RenewableEnergy #SDG7 #sustainabledevelopment
934
အသုံးပြုသူများ ပိုမိုသိရှိလာသည်နှင့်အမျှ eco-conscious brands များကို ပံ့ပိုးပေးခြင်းဖြင့် ကမ္ဘာမြေအတွက် လူ့အဖွဲ့အစည်းအတွက် ကောင်းမွန်သာ ရွေးချယ်မှုများကို ဂုဏ်ယူစွာပြုလုပ်ခြင်းဖြင့် ရေရှည်လှပတည်တံ့သောကမ္ဘာတစ်ခုဖြစ်လာစေရန် အားလုံးအတူပူးပေါင်းဖော်ဆောင်နိုင်မည်ဖြစ်ပါသည်။
Noble (EHS Myanmar) မှ ပြုစုရေးသားသည်။
ကိုးကား - emeritus.org, wikipedia, harpersbazaar, ecofriendlyhabits.com
--------------------------------------------------
Follow us on instagram - https://www.instagram.com/ehsmyanmar/
#EHSMyanmar #SustainableFashion #EcofriendlyFashion #FastFashion #SlowFashion
934
ခေတ်စားလာသော sustainable ဖက်ရှင်အဝတ်အစားများ ___________
EHS Myanmar | 5.10.2023
ယနေ့ခေတ်ကမ္ဘာကြီးတွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာကိစ္စရပ်များကို လူအများ အာရုံစိုက်စိတ်ဝင်စားလာသည်နှင့်အမျှ အဝတ်အထည်နှင့် ဖက်ရှင်ပိုင်းဆိုင်ရာတွင်လည်း sustainable ဖြစ်သောဖက်ရှင်ဆီသို့ ဦးတည်ကာ ပြောင်းလဲမှုများစွာ ဖြစ်ပေါ်လျက်ရှိသည်။ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်စေမည့် Eco-friendly အဝတ်အစားကို ရွေးချယ်ဝတ်ဆင်ခြင်းသည် အမြင်အားဖြင့်ကြည့်ကောင်းနေရုံသာမက၊ ကျွန်ုပ်တို့အတွက်ရော ကျွန်ုပ်တို့၏ ကမ္ဘာမြေအတွက်ပါ အကျိုးများစွာဖြစ်ထွန်းစေပါသည်။
🧵 Sustainable ဖက်ရှင် ခေတ်စားလာခြင်း၏ အကြောင်းအရင်း
လူအများဝတ်ဆင်လျက်ရှိသည့် Fast Fashion အထည်လုပ်ငန်းများသည် အချိန်တိုအတွင်း အရေအတွက်များစွာထုတ်လုပ်နိုင်ရန် Mass Production ကိုအဓိကရည်ရွယ်သဖြင့် သဘာဝအရင်းအမြစ်များကို ကျင့်ဝတ်မဲ့စွာ အလွန်အကျွံ ဖြုန်းတီးမှု အလေ့အကျင့်များကြောင့် ဝေဖန်မှုများ တိုးပွါးလာသည်။ အခြားတစ်ဖက်တွင်မူ Sustainable Fashion (သို့မဟုတ်) Eco-friendly ဖြစ်သောအဝတ်အစားများသည် ထုတ်လုပ်ချိန်အတွင်းသာမက သုံးစွဲမှုပြီးမြောက်သွားသည့်တိုင် အစမှအဆုံး ဂေဟစနစ်နှင့် လိုက်လျောညီထွေဖြစ်စေရန်နှင့် ကျင့်ဝတ်ပိုင်းဆိုင်ရာတွင်လည်း တာဝန်သိသော လုပ်ငန်းတစ်ခုဖြစ်စေရန် သတိထားလုပ်ဆောင်ရမည့်လုပ်ငန်းစဉ်များကို တိတိကျကျချမှတ်ကာ ထုတ်လုပ်သော ထုတ်ကုန်များဖြစ်ပါသည်။ Fast Fashion လုပ်ငန်းများကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးခြင်းနှင့် လူမှုရေးဆိုင်ရာ ပြဿနာများကြောင့်ပင်လျှင် Sustainable ဖက်ရှင်အဝတ်အစားများ တစတစ ထင်ရှားကျော်ကြားလာသည်။
🧵 Sustainable အဝတ်အစား၏ အဓိကအင်္ဂါရပ်များ
Sustainable, eco-friendly အဝတ်အစားများသည် ဝါဂွမ်းနှင့် လျှော်ကဲ့သို့ သဘာဝကုန်ကြမ်းအသစ်များသာမက
ပြန်လည်အသုံးပြု၍ရသော အဝတ်နှင့် အထည်အလိပ်များကို အခြေခံထားခြင်း ဖြစ်ပါသည်။ ထို့အပြင် အန္တရာယ်ရှိသော ဓာတုဆိုးဆေးများ အလွန်အကျွံသုံးစွဲမှုကို လျှော့ချသကဲ့သို့ အဝတ်အထည်ဟောင်းများကို ပြန်လည်ပြုပြင်ချုပ်လုပ်ခြင်းဖြင့် လူသားတို့အတွက်အသစ်တဖန် အသုံးဝင်ခွင့်ရရှိစေသည်။
ကမ္ဘာ့လေထုအတွင်း ကာဗွန်ထုတ်လွှတ်မှုလျှော့ချခြင်းသည် eco-friendly ဖက်ရှင်၏ အရေးပါသော မဏ္ဍိုင်တစ်ခုဖြစ်သည်။ eco-conscious brands များသည် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကိုအသုံးပြုခြင်း၊ သယ်ယူပို့ဆောင်ရေးစနစ်ကို ပိုမိုကောင်းမွန်အောင်ပြုလုပ်ခြင်း၊ တာဝန်ယူမှုရှိသော ထုတ်လုပ်မှုလုပ်ငန်းစဉ်ကို လိုက်နာခြင်းစသည်အားဖြင့် ၎င်းတို့၏ ကမ္ဘာမြေအပေါ်ဆိုးကျိုးသက်ရောက်မှုကို လျှော့ချပေးသည်။ Eco-conscious brands များသည် အလေအလွင့်နှင့်အမှိုက်သရိုက်ထွက်ပေါ်မှု နည်းပါးစေမည့် ကုန်ထုတ်ပိုးမှုနည်းလမ်းများကို အထူးအလေးထားဆောင်ရွက်ကြသည်။
ယနေ့ခေတ်တွင် နာမည်ကျော် လူကြိုက်များသော Eco-conscious brands များမှာ
- House of Marici,
- Pact,
- For Days,
- Brother Vellies,
- Gabriela Hearst တို့ဖြစ်ပါသည်။
၎င်းတို့အနက် Pact Clothing သည် organic clothing brand တစ်ခုအဖြစ် လူအများနှစ်ခြိုက်သဘောကျသော clothing brand ဖြစ်သည်။ Pact မှ ထုတ်လုပ်သော အဝတ်အထည်အားလုံးသည် 100% organic cotton (သဘာဝချည်အမျိုးအစား) ဖြစ်ပြီး GOTS (Global Organic Textile Standard) ထောက်ခံချက်ရရှိထားသည်။ ထို့အပြင် အန္တရာယ်ရှိသော ဓာတုဆိုးဆေးများ အသုံးပြုထားခြင်းမရှိပေ။ လူတိုင်းအတွက် သင့်တော်သည့် ရိုးရှင်းသော ဒီဇိုင်းကိုသာ ထုတ်လုပ်သော Pact သည် ဈေးနှုန်းအားဖြင့်လည်း သင့်တင့်သောကြောင့် သုံးစွဲသူများအကြား စိတ်ကျေနပ်မှုပေးနိုင်သော Eco-conscious brand တစ်ခုအဖြစ် အသိအမှတ်ပြုခြင်းခံရသည်။
🧵 Sustainable ဖက်ရှင် ကို ဘာကြောင့် ရွေးချယ်သင့်ပါသလဲ?
Sustainable အဝတ်အစားများကို ရွေးချယ်ခြင်းသည် အကြောင်းရင်းများစွာအတွက် ဂုဏ်ယူစရာရွေးချယ်မှုတစ်ခုဖြစ်ပါသည်။ ၎င်းသည် ညစ်ညမ်းမှုကို လျှော့ချခြင်း၊ သဘာဝအရင်းအမြစ်များကို ထိန်းသိမ်းခြင်းဖြင့် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ရန် အထောက်အကူပေးသည့်အပြင် အလုပ်သမားများအတွက်လည်း တရားမျှတသော၊ လူမှုတာဝန်ဝတ္တရားများကိုလေးစားလိုက်နာသော
အလုပ်ခွင်တစ်ခုဖြစ်စေပါသည်။ Eco-friendly အဝတ်အစားများသည် ကြာရှည်ခံနိုင်ပြီး ရေရှည်တွင် သင့်အားငွေကုန်သက်သာစေရုံမက ထိုအဝတ်အစားများကိုရွေးချယ်ဝတ်ဆင်ခြင်းကြောင့် ကမ္ဘာမြေကြီးနှင့်လူ့အဖွဲ့အစည်း
နှစ်ခုလုံးအပေါ် ကောင်းမွန်သောအကျိုးသက်ရောက်မှုများ ဖြစ်ပေါ်စေရန် သင်ကိုယ်တိုင်တာဝန်ယူခြင်းဖြစ်သည်။
🧵 Sustainable အနာဂတ်ကို ဖန်တီးခြင်း
ယခုအခါ Sustainable နှင့် eco-friendly ဖြစ်သော ဖက်ရှင်များသည် အထူးအဆန်းအယူအဆများမဟုတ်တော့ဘဲ သုံးစွဲသူများကြား သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်းဆိုင်ရာ လှုံ့ဆော်မှုတစ်ခုအဖြစ် ရေပန်းစားကျော်ကြားလာသည်။ ထို့အပြင် အဝတ်အထည်ချုပ်လုပ်မှုလုပ်ငန်းနယ်ပယ် (Fashion Industry) တွင်လည်း Sustainable fashion concept သည် ခေတ်ပေါ်ရေစီးကြောင်းတစ်ခုအနေနဲ့သာမက မဖြစ်မနေလုပ်ဆောင်သင့်သော အရာတစ်ခုဖြစ်လာသည်။
