EHS Myanmar
الذهاب إلى القناة على Telegram
This is an official channel of Environment, Health and Safety Myanmar (EHS Myanmar). Please visit www.ehsmyanmar.org for more information.
إظهار المزيد868
المشتركون
لا توجد بيانات24 ساعات
+27 أيام
+230 أيام
أرشيف المشاركات
868
လူမသိသေးတဲ့ Environmental Jobs Website များစုစည်းမှု (၁)
=============================================
သဘာဝပတ်ဝန်းကျင်ဆိုင်ရာအလုပ်အကိုင်များ၊ အစိမ်းရောင်အလုပ်များ နှင့် sustainability ဆိုင်ရာအလုပ်အကိုင်များကိုရှာဖွေနေသူများအတွက် နိုင်ငံတကာအလုပ်အကိုင်ဆိုင်ရာ website များကိုစုစည်းဖော်ပြပေးသွားပါမယ်။
၁။ Green Jobs Network - GJN Website က သုံးရလွယ်ကူပြီးအထူးသဖြင့် U.S မှာအလုပ်အကိုင်ရှာနေသူများအတွက် ပိုမိုသင့်တော်ပါတယ်။ လေ့လာလိုလျှင် - https://greenjobs.net/
၂။ Conservation Job Board - ဂေဟစနစ်နဲ့ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းခြင်းပညာရှင်များအတွက် ဒီ website က တကယ်ကိုသင့်တော်ပါတယ်။ လေ့လာလိုလျှင် - https://www.conservationjobboard.com/
၃။ Good Work - ကနေဒါနိုင်ငံမှာအလုပ်လုပ်ချင်တဲ့သူများအတွက် ဒီ website ကတကယ်ကိုသင့်လျှော်ပါတယ်။ လေ့လာလိုလျှင် - https://www.goodwork.ca/jobs
၄။ Environment Jobs - ဒီ website ကလဲလူသုံးများသောအလုပ်အကိုင်ရှာဖွေရေး website တစ်ခုလဲဖြစ်ပါတယ်။ လေ့လာလိုလျှင် - https://www.environmentjobs.com/
၅။ Indeed - Indeed Website ကတော့လူသိများပြီး တကမ္ဘာလုံးအတိုင်းအတာမှာအသုံးပြုနေတဲ့ website တစ်ခုပဲဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင်ဆိုင်အလုပ်တွေကိုတပေါင်းထည်းတွေ့နိုင်မှာဖြစ်ပါတယ်။ လေ့လာလိုလျှင် -https://th.indeed.com/?r=us
-----------------------------------------------------------------------
Don't forget to follow us on LinkedIn - https://www.linkedin.com/company/ehsmyanmar
#EHSMyanmar #greenjobs #environmentaljobs
868
Roaring in celebration on International Jaguar Day! 🐆💚 Let's raise awareness and support the conservation of these magnificent big cats and their habitats. Together, we can protect the natural wonders of our world.
#EHSMyanmar #InternationalJaguarDay #wildlifeconservation
868
🌐EHS Myanamar နှင့် Parami University (ပါရီမတက္ကသိုလ်) တို့ပူးပေါင်း၍ လူငယ်အလုပ်သင်ပရိုဂမ်တစ်ခုကိုဖော်ဆောင်လျက်ရှိ ပါသည်။
🇲🇲Parami University မှ ဘွဲ့ကြိုကျောင်းသားလူငယ်များအတွက် သက်ဆိုင်ရာပညာရပ်နယ်ပယ်များတွင် ပြင်ပလက်တွေ့လုပ်ငန်းခွင်အတွေ့အကြုံများကိုရရှိစေရန်ရည်ရွယ်၍ Partner Service Organizations (PSO) များ၌ Volunteer (သို့မဟုတ်) Intership ဆင်းခိုင်းတဲ့ ပရိုဂရမ်တစ်ခုဖြစ်ပါသည်။
🧿EHS Myanamar အနေဖြင့်လဲ Partner Organizations အနေဖြင့် သဘာဝပတ်ဝန်းကျင်နှင့်ရေရှည်တည်တံ့ခြင်းဆိုင်ရာပညာရပ်များနှင့်သုတေသနလုပ်ငန်းများတွင်အတွေ့အကြုံများရရှိစေရန် မကြာခင်အချိန်အတွင်း Parami University ရှိကျောင်းသားကျောင်းသူများကိုလက်ခံသွားမှာဖြစ်ပါသည်။
Read more at www.ehsmyanmar.org and www.parami.edu.mm.
#EHSMyanmar #ParamiUniversity #environmental #sustainability #volunteer #internships
868
Hello . . . Plastic Pollution ပြဿနာနဲ့ပတ်သက်ပြီး စိတ်ဝင်စားတဲ့သူတွေရှိကြလား? 🌱
လာလာတူတူပါဝင်ကြရအောင် . . .
ဒါဆိုရင် Event လေးတစ်ခုနဲ့ မိတ်ဆက်ပေးမယ်ဆိုရင်ရော . . .
✨ Event လေးကို ဘယ်သူတွေက စီစဉ်တာလဲ? 🍃
~ ZeeKwat Academy Organization ကပြုလုပ်တဲ့ EPSD Program မှာတက်ရောက်ခဲ့ပြီး Service Learning Project လုပ်နေတဲ့လူငယ်အဖွဲ့ (🌟 Sustainable Stars 🌟) ကနေပြီးတော့ Event လေးကိုစီစဉ်ထားတာပဲဖြစ်ပါတယ်။
✨ ဘယ်လို Event မျိုးဖြစ်မလဲ? 🥂
~ သူတို့လုပ်နေတဲ့ Project ကို "Zero Plastic Impact Project" လို့အမည်ပေးထားပြီးတော့ Plastic နဲ့ပတ်သက်ပြီး Awareness လုပ်ပေးတဲ့ Online Workshop တွေ In-Person Workshop တွေဆောင်ရွက်ခဲ့ပြီးပြီပဲဖြစ်ပါတယ်။
~ အခုအခါမှာတော့ Plastic Waste တွေကိုအသုံးချပြီးတော့ Upcycle လုပ်ထားတဲ့ Product တွေကို ဒီ Event လေးမှာ ပြသပေးသွားမှာပဲဖြစ်ပါတယ်။
✨ Event လေးမှာဘာတွေလုပ်သွားကြမှာလဲ? 🌿
✅ Partner Organization တွေပါလို့ Networking ချဲ့ထွင်နိုင်မယ်။
✅ ပလတ်စတစ်နဲ့ပတ်သက်ပြီး ဘယ်လိုလျှော့ချရမလဲ?၊ ပတ်ဝန်းကျင်မှာအသုံးမရပ်တဲ့ ပလတ်စတစ်တွေကို ဘယ်လိုကိုင်တွယ်ရင်ပိုအဆင်ပြေလောက်မလဲ? ဆိုတာတွေကို Enviromental နဲ့ပတ်သက်ပြီး စိတ်ဝင်စားသူအချင်းချင်း Sharing လုပ်နိုင်တယ်။
✅ ပြီးတော့ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာဖြစ်နေတဲ့ Plastic အမှိုက်ပြဿနာနဲ့ ပတ်သက်ပြီး Awareness ရရှိနိုင်မဲ့အပြင် Fun Activities လေးတွေဖြစ်တဲ့ Game Session တွေရောပါမှာဆိုတော့ . . . .
✨ ကဲကဲ အခုပဲ Register လိုက်တော့နော် 👇
📎 - https://forms.gle/hjXej6biTEjke7j89
📍 Venue ~ Prestige Myanmar Business Center - PMM
110, 5th Floor, Than Thu Mar Road, South Oakkalapa Township, Yangon
⌚ Time - 10:30AM to 1:30PM
📆 Day- 30th November 2023
#ZeroPlasticImpact #EPSD #ZeeKwatAcademy
868
နိုဝင်ဘာလ ၁၇ရက်နေ့ EHS Myanmar မှ ပြုလုပ်ခဲ့တဲ့ World Toilet Day Campaign မှာ ပါဝင်ပြီး Quiz ဖြေခဲ့တဲ့ တစ်ဦးစီတိုင်းကို Certificate Email ပေးပို့ပြီးဖြစ်လို့ မိမိတို့ရဲ့ Mail ကို စစ်ကြည့်လို့ ရပါပြီရှင့်။
နောက်လည်း EHS Myanmar မှ သဘာဝပတ်ဝန်းကျင်နဲ့ သက်ဆိုင်တဲ့ Campaign တွေ Webinar တွေ လုပ်ဖို့လည်း ရှိတာကြောင့် Facebook Page ကို အမြဲစောင့်ကြည့် ပေးကြပါအုံးနော်။🤗
ပြီးတော့ EHS Myanmar ကို ဘယ်လိုအကြောင်းအရာတွေနဲ့ ပတ်သတ်ပြီး Podcast၊ Webinar တွေ လုပ်စေချင်တယ် ဆိုတာလဲ Comment မှာ ရေးပေးသွားပါအုံးရှင့်🥰
#EHSMyanmar #WorldToiletDay #Campaign
868
⏰ Only 1 DAY LEFT to seize this incredible opportunity! Don't miss out on applying for the home-based internship at EHS Myanmar. 🌟
📅 Application Deadline: November 26, 2023
🌐 Location: Home-based in Myanmar
🔍 Internship Focus: Social Green Influencers Team 3 Posts and Eco-Awareness Initiator Team 2 Posts
To apply or learn more, click the link below before the deadline hits: https://drive.google.com/file/d/1N4Wk8LJ49jUBxBgENXgbBjrS3UG4NfZg/view?usp=sharing
Apply now before it's too late!
#EHSMyanmar #InternshipOpportunity #ApplyNow #CareerGrowth
868
🐒ခြိမ်းခြောက်ခံနေရသော မြန်မာနိုင်ငံတွင်းရှိ ဇီဝမျိုးကွဲများ
ကျွန်တော်တို့ နိုင်ငံတွင် မျိုးစုံသော ဇီဝမျိုးကွဲများသည် လူတို့၏ လုပ်ဆောင်မှုကြောင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အကျိုးသက်ရောက်မှုများကို ခံစားနေရပါသည်။ အချို့မျိုးစိတ်များဆိုလျှင် မျိုးသုဉ်းသွားသည်အထိ ပျောက်ကွယ်မှုများရှိနေပါသည်။ အချို့မျိုးစိတ်များသည် ထိန်းသိမ်းစောင့်ရှောက်ဖို့ အလွန်အရေးကြီးသည့် အနေအထားသို့ ရောက်ရှိနေပါပြီ။
ဇီဝမျိုးကွဲများအပေါ် ခြိမ်းခြောက်မှုရှိနေသော အကြောင်းရင်းတရားများစွာ ရှိသည့်အထဲမှ အဓိကကျသော အကြောင်းရင်း ၅ချက်ကို ဖော်ပြလိုက်ပါသည်။
1. ကျက်စားရာနေရာများ ဆုံးရှုံးခြင်း (Habitat Loss)
2. မြေ၊ရေ၊လေ ညစ်ညမ်းမှုများ (Pollution)
3. အလွန်အမင်း သယံဇာတတူးဖော်ထုတ်ယူမှုများ (Overexploitation)
4. ကျုးကျော်ဝင်ရောက်လာသော မျိုးစိတ်သစ်များ (Invasive Species)
5. ရာသီဥတုပြောင်းလဲမှုများ (Climate Change)
ဇီဝမျိုးစုံမျိုးကွဲများ ပျက်စီးဆုံးရှုံးသွားသည်နှင့်အမျှ ကျွန်တော်တို့နေထိုင်နေကြသော ဂေဟစနစ်ပေါ်တွင်လည်း အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်ပါသည်။ သို့ဖြစ်ရာ ကျွန်တော်တို့အနေနှင့် ဇီဝမျိုးစုံမျိုးကွဲများကို ထိန်းသိမ်းရန်မှာ လိုအပ်လာပါသည်။
👩🏫ကျွန်တော်တို့ EHS Myanmar မှ ဇီဝမျိုးစုံမျိုးကွဲများ နှင့်ပတ်သတ်ပြီး ထိန်းသိမ်းစောင့်ရှောက်လိုသူများနှင့် ဇီဝမျိုးစုံမျိုးကွဲများနှင့် ဂေဟစနစ်တို့၏ အခြေခံကြောင်းအရာများကို သိရှိလိုသူများအတွက် “Biodiversity Conservation & Management” အတန်းကို ကြိုတင် recorded ယူထားသော ဗီဒီယိုဖိုင်များနှင့် ဖွင့်လှစ်ပေးထားပါသည်။
BCM အတန်းကို တက်ရောက်သင်ယူပြီးမြောက်သွားတဲ့ အခါမှာတော့ ဇီဝမျိုးစုံမျိုးကွဲများနှင့် ဂေဟစနစ်တို့ ကြုံတွေ့နေရသော ခြိမ်းခြောက်မှုများကို သိရှိနားလည်လာပြီး ထိန်းသိမ်းစောင့်ရှောက်ရန် နည်းလမ်းများကိုပါ နားလည်သိရှိလာမည်ဖြစ်ပါသည်။
BCM အတန်းအကြောင်းကို အသေးစိတ်သိရှိလိုပါက>>>>>>>>>>>>>
https://facebook.com/ehsmyanmar/posts/pfbid0RN164Xu4Fwx7Z1W2EzaYfijQ8hFzgw7ZxSXYuhHmVLbin7PiCDtDEWbJZs7V8oM9l
#EHSMyanmar #BCM #Biodiversity #Conservation #RecordedCourse
868
ပင်လယ်ရေမျက်နှာပြင်မြင့်တက်ခဲ့လျှင် ဘာတွေဆက်ဖြစ်မလဲ။
---------------------------------------------------------
EHS Myanamr | 23.11.23
အကယ်၍သာ ရာသီဥတုပြောင်းလဲမှုနဲ့ကမ္ဘာကြီးပူနွေးလာမှုကြောင့် ယခုရှိနေသောပင်လယ်ရေမျက်နှာပြင်ထက် ၁ မီတာ သို့မဟုတ် လက်မ ၄၀ သာ မြင့်တက်လာမယ်ဆိုလျှင် ကမ္ဘာ့နိုင်ငံတော်တော်များကိုသက်ရောက်စေမှာဖြစ်ပါတယ်။ အထူးသဖြင့် ကမ်းရိုးတန်းဒေသတွေ နဲ့ ပင်လယ်ကမ်းရိုးတန်းနဲ့နီးတဲ့ နိုင်ငံတွေအပေါ်မှာ ပြောင်းလဲမှုတွေဖြစ်လာစေမှာဖြစ်ပါတယ်။
(က) ကျွန်းနိုင်ငံများ - ပစိဖိတ်သမုဒ္ဒရာနဲ့အိန္ဒိယသမုဒ္ဒရာ မှာရှိတဲ့ကျွန်းနိုင်ငံတွေက ထိပ်ဆုံးကနေသက်ရောက်မှာဖြစ်ပါတယ်။ ပင်လယ်ရေမြင့်တက်လာတဲ့အတွက် Maldives, Kiribati, Tuvalu နဲ့ the Marshall ကျွန်းနိုင်ငံတော်တော်များများ ပင်လယ်ရေအောက်ရေနိုင်ကြောင်းပညာရှင်များကခန့်မှန်းထားကြပါတယ်။
(ခ) မြစ်ဝကျွန်းပေါ်ဒေသကြီးများ - ကမ်းရိုးတန်းဒေသပိုင်ဆိုင်သောနိုင်ငံများ သို့မဟုတ် မြစ်ဝကျွန်းပေါ်ဒေသကြီးများရှိသော နိုင်ငံများ အတွက်ရေကြီးရေလျှံမှု နှင့်အတူ ကျေးရွာများမြို့ပြများပင်လယ်ရေအောက်သို့ရောက်လာနိုင်ပါတယ်။ အထူးသဖြင့် စာရေးသူတို့ မြန်မာနိုင်ငံမှာဆိုလျှင် ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ် နှင့် တနင်္သာရီတိုင်းဒေသကြီးတို့ဆိုလျှင် ရေကြီးမှုဒဏ်ကို ယခုအချိန်ထည်းကခံစားနေရပါတယ်။ ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ်၊ ထိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်နိုင်ငံတို့ကိုလဲ ခြိမ်းခြောက်လာနိုင်ပါတယ်။
(င) ဖွံ့ဖြိုးပြီးနိုင်ငံကြီးများ - အမေရိကန်နိုင်ငံ (ဖလော်ရီဒါ)၊ တရုတ် (ရှန်ဟိုင်း) နှင့် အီဂျစ် (နိုင်းမြစ်ဝကျွန်းပေါ်ဒေသ) ကဲ့သို့သော နိုင်ငံများတွင် ရေလွှမ်းမိုးမှုအန္တရာယ် ပိုများလာနိုင်ပါတယ်။
(ဃ) နယ်သာလန်နိုင်ငံ - နယ်သာလန်နိုင်ငံက ပင်လယ်ရေကြီးမှုဒဏ်ကိုကာကွယ်ဖို့အတွက် နှစ်ပေါင်းချီကြိုးစားကာ ရေလွှမ်းမိုးမှု ထိန်းချုပ်ရေး အစီအမံများကို အကောင်အထည်ဖော်လာခဲ့ကြပါတယ်။ သို့သော်လည်း ပင်လယ်ရေမျက်နှာပြင် ၁ မီတာ မြင့်တက်လာမှုသည် နယ်သာလန်အတွက်တောင် စိန်ခေါ်မှုများ ရှိနေဦးမှာဖြစ်ပါတယ်။
ယခုဖော်ပြချက်များက ယေဘုယျခန့်မှန်းချက်များသာဖြစ်ပါတယ်။ အမှန်တကယ်အကျိုးသက်ရောက်မှုတွေကိုတော့ ကမ်းရိုးတန်းမြေမျက်နှာသွင်ပြင်၊ ရှိပြီးသားအခြေခံအဆောက်အအုံနဲ့ ဒေသအလိုက်လိုက်လျောညီထွေမှုအစီအမံများကဲ့သို့သော အချက်များပေါ်တွင်များစွာမူတည်နေမှာဖြစ်ကြောင်း ပညာရှင်များကသုံးသပ်ထားကြပါတယ်။ ။
ရေးသားသူ - နိုင်ကျော်လူ
---------------------------------------------------------------------------
Don't forget to follow us on Instagram - https://www.instagram.com/ehsmyanmar/
#EHSMyanamr #climatechange #globalwarming #sealevelrise #global
868
🌟 Hurry Up! Only 3 Days Left to Apply for Our Home-based Internship in EHS Myanmar! 🌟
f you're passionate about making a difference and gaining valuable experience in Environmental and Sustainability field, this internship is perfect for you.
📅 Application Deadline: November 26, 2023
🌐 Location: Home-based in Myanmar
🔍 Internship Focus: Social Green Influencers Team 3 Posts and Eco-Awareness Initiator Team 2 Posts
To apply or learn more, click the link below before the deadline hits: https://drive.google.com/file/d/1N4Wk8LJ49jUBxBgENXgbBjrS3UG4NfZg/view?usp=sharing
Apply now before it's too late!
#EHSMyanmar #InternshipOpportunity #ApplyNow #CareerGrowth
868
မြန်မာ့ကြယ်လိပ်ကောင်ရေ ၁,၀၀၀ အား မူရင်းဒေသ သဘာဝတောတွင်းသို ပြန်လွှတ်ပေးမည်
=============================================
ရွှေစက်တော် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောရှိ ဒေသမျိုးရင်း မြန်မာ့ကြယ်လိပ် ကောင်ရေ ၁,၀၀၀ အား မူရင်းဒေသ သဘာဝတောတွင်းသို ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း သိရသည်။
ရွှေစက်တော် ဘေးမဲ့တောရှိ ကြယ်လိပ်များသည် မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသတွင်သာ တွေ့ရသည့် ဒေသရင်းဖွားမျိုးစိတ်ဖြစ်ပြီး မြန်မာ့ကြယ်လိပ် (ခ) ပင့်ကူလိပ် Burmese Star Tortoise များဖြစ်ပြီး ဒေသသုံးအမည်များအဖြစ် မြလိပ်၊ ဆီချိုလိပ်၊ တောင်ပုံလိပ်နှင့် နတ်လိပ်ဟူ၍လည်း ခေါ်ဆိုကြကြောင်း သိရသည်။
Read more - https://www.popularmyanmar.com/?p=136476
#EHSMyanmar #burmese #startortoise
868
Dive into the deep blue with us as we celebrate World Fisheries Day! 🌊🎣 Let's honor the vital role fisheries play in our world's ecosystems and communities. Together, we can ensure sustainable fishing practices for a brighter, more bountiful future. 🐟💙
#EHSMyanmar #WorldFisheriesDay #SustainableSeafood
868
⁉️ 𝘼𝙧𝙚 𝙮𝙤𝙪 𝙥𝙖𝙨𝙨𝙞𝙤𝙣𝙖𝙩𝙚 𝙩𝙤 𝙬𝙤𝙧𝙠 𝙬𝙞𝙩𝙝 𝙀𝙃𝙎 𝙈𝙮𝙖𝙣𝙢𝙖𝙧 ⁉️
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
🌟 𝗘𝗛𝗦 𝗠𝘆𝗮𝗻𝗮𝗺𝗿 𝗶𝘀 𝘀𝗲𝗲𝗸𝗶𝗻𝗴 𝘂𝗻𝗱𝗲𝗿𝗴𝗿𝗮𝗱𝘂𝗮𝘁𝗲𝘀 𝘁𝗼 𝗰𝗮𝗿𝗿𝘆 𝗼𝘂𝘁 𝗵𝗼𝗺𝗲-𝗯𝗮𝘀𝗲𝗱 𝗶𝗻𝘁𝗲𝗿𝗻𝘀𝗵𝗶𝗽𝘀 𝘄𝗶𝘁𝗵 𝘁𝗵𝗲 𝗦𝗼𝗰𝗶𝗮𝗹 𝗜𝗻𝗳𝗹𝘂𝗲𝗻𝗰𝗲𝗿𝘀 𝗧𝗲𝗮𝗺 𝗮𝗻𝗱 𝘁𝗵𝗲 𝗔𝘄𝗮𝗿𝗲𝗻𝗲𝘀𝘀 𝗜𝗻𝗶𝘁𝗶𝗮𝘁𝗼𝗿𝘀 𝗧𝗲𝗮𝗺 𝘂𝗻𝗱𝗲𝗿 𝘁𝗵𝗲 𝗢𝗽𝗲𝗿𝗮𝘁𝗶𝗼𝗻𝘀 𝗗𝗲𝗽𝗮𝗿𝘁𝗺𝗲𝗻𝘁.
🌟 𝗔𝗽𝗽𝗹𝗶𝗰𝗮𝘁𝗶𝗼𝗻 𝗗𝗲𝗮𝗱𝗹𝗶𝗻𝗲: 𝗡𝗼𝘃𝗲𝗺𝗯𝗲𝗿 𝟮𝟲, 𝟮𝟬𝟮𝟯
📢 𝗔𝗻𝗻𝗼𝘂𝗻𝗰𝗲𝗺𝗲𝗻𝘁 𝗽𝗱𝗳: https://drive.google.com/file/d/1N4Wk8LJ49jUBxBgENXgbBjrS3UG4NfZg/view?usp=sharing
📢 𝗦𝘂𝗯𝗺𝗶𝘁 𝗮𝘁: 𝗵𝗿.𝗲𝗵𝘀𝗺𝘆𝗮𝗻𝗺𝗮𝗿@𝗴𝗺𝗮𝗶𝗹.𝗰𝗼𝗺
📢 𝗠𝗼𝗿𝗲 𝗶𝗻𝗳𝗼𝗿𝗺𝗮𝘁𝗶𝗼𝗻: 𝘄𝘄𝘄.𝗲𝗵𝘀𝗺𝘆𝗮𝗻𝗺𝗮𝗿.𝗼𝗿𝗴
-----------------------------------------------------------------------------------------
"𝙂𝙖𝙞𝙣𝙞𝙣𝙜 𝙠𝙣𝙤𝙬𝙡𝙚𝙙𝙜𝙚 𝙞𝙨 𝙩𝙝𝙚 𝙛𝙞𝙧𝙨𝙩 𝙨𝙩𝙚𝙥 𝙩𝙤 𝙬𝙞𝙨𝙙𝙤𝙢. 𝙎𝙝𝙖𝙧𝙞𝙣𝙜 𝙞𝙩 𝙞𝙨 𝙩𝙝𝙚 𝙛𝙞𝙧𝙨𝙩 𝙨𝙩𝙚𝙥 𝙩𝙤 𝙝𝙪𝙢𝙖𝙣𝙞𝙩𝙮."
#𝗘𝗛𝗦𝗠𝘆𝗮𝗻𝗺𝗮𝗿 #𝗜𝗻𝘁𝗲𝗿𝗻𝘀𝗵𝗶𝗽 #𝗣𝗿𝗼𝗴𝗿𝗮𝗺
868
🚽🌍 EHS Myanmar is excited to join the global movement on World Toilet Day 2023, accelerating change one flush at a time! 💧💫 Let's raise awareness, promote sanitation, and work together for a brighter, cleaner future. This year theme is Accelerating Change. 🌟🚽
#WorldToiletDay #AcceleratingChange #EHSMyanmar
868
World Toilet Day:Accelerating Change နဲ့ပက်သက်တဲ့ Quizz ဖြေပြီးcertificateယူလိုက်ပါ
------------------------------------------------------------
ကမ္ဘာပေါ်မှာရှိသောလူဦးရေ၏၃.၅သန်း သည် ကျန်းမာရေးနှင့်အညီ ဘေးကင်းလုံခြုံသော အိမ်သာများ မရှိပဲ နေထိုင်နေရတယ်ဆိုတာ သင်သိပါသလား?? ထိုကဲ့သို့ သန့်ရှင်းလုံခြုံသော အိမ်သာများမရှိသည့်အတွက် ရောဂါပိုးများပျံ့နှံ့ကူးစက်ကာ နေ့စဉ် အသက်ငါးနှစ်အောက်ကလေး အယောက်တစ်ထောင်ခန့် သေဆုံးနေပါတယ်။ ကမ္ဘာနှင့်တစ်ဝန်းဖြစ်ပွားနေသော ထိုကပ်ဆိုးကြီးသည် သဘာဝပတ်ဝန်းကျင်နှင့် ပြည်သူ့ကျန်းမာရေး အထူးသဖြင့် အမျိုးသမီးများ၊ မိန်းကလေးငယ်များနှင့် အခြားအားနည်းသောအုပ်စုများ ကိုခြိမ်းခြောက်နေပေသည်။ ထို့ကြောင့် ကျွန်မတို့သည် မိလ္လာ၊ရေဆိုးစနစ်နဲ့ ပက်သက်၍ ယခင်ကထက် ငါးဆမြန်သောအရှိန်နှုန်းဖြင့် မြှင့်တင်မောင်းနှင်ရပေမည်။
သို့ဖြစ်ရာလာမည့်နိုဝင်ဘာလ၁၉ရက်နေ့မှာ ကျရောက်မည့် ကမ္ဘာ့အိမ်သာများနေ့ (World Toilet Day) ၏ ဆောင်ပုဒ် "Accelerating Change" ပြောင်းလဲမှုဆီအရှိန်မြှင့်တင်ကြစို့ ဆိုသည့်အတိုင်း EHS Myanmar နှင့် UN Waterတို့ပူးပေါင်းကာ သင်ကိုယ်တိုင်ပါဝင်ပြီး ပြည်သူအများကိုအသိပညာဖြန့်ဝေပေးနိုင်မည့်အပြင် certificateပါရယူလို့ရမည့် online campaignကိုစီစဉ်ထားပါသည်။
ဘယ်လိုပါဝင်ရမလဲ။
၁။ ပထမဦးစွာ ယခုပို့စ်ကို #WorldToiletDay #EHSMyanmar #19November #sanitation #Opendefecation ဆိုသည့် hastagများအသုံးပြုကာ Public ဖြင့် မိမိတို့၏ Social Media Account တွင် Shareပေးရပါမည်။
၂။ မိမိတို့Shareထားကြောင်းကို Screenshotရိုက်ပြီးယခုပို့စ်အောက်တွင် မန့်ပေးရပါမည်။
၃။ အောက်တွင်ပေးထားသောGoogle Formသို့ဝင်ရောက်၍ World Toilet Dayနှင့်ပက်သက်သည့် quizများကို ဖြေဆိုရပါမည်။
https://docs.google.com/.../1FAIpQLSdojZOTrC0.../viewform...
အထက်ပါအဆင့်၃ခု လုပ်ရုံမျှဖြင့် သင်ကိုယ်တိုင်ပါဝင်ပြီး
👉World Toilet Dayအကြောင်း လူထုစိတ်ဝင်စားမှု မြင့်တက်အောင် လုပ်ဆောင်ပေးနိုင်ရုံမကပဲ
👉UNESCO, AquaFed, WHO နှင့် UNICEF တို့၏တရားဝင်အသိအမှတ်ပြု Certificate of Participation ကို ရယူနိုင်မှာဖြစ်ပါတယ်။
🙋သတိပြုရမည့်အချက်ကတော့ ဒီcampaignကို November 17 မှ 19 ထိ သုံးရက်သာပြုလုပ်မှာဖြစ်တဲ့အတွက် အမြန်ဆုံးပါဝင်ဖို့တော့လိုမယ်နော်။
🙋အထက်ပါစည်းကမ်းချက်များနှင့် ပြည့်စုံသူများကို EHS Myanmar မှ campaignအပြီး တစ်ပတ်အတွင်း emailမှတစ်ဆင့် certificateများ ပေးပို့ပေးမှာဖြစ်ပါတယ်။
🙋သင်ကိုယ်တိုင်မှစပါဝင်ပြီး ပြောင်းလဲမှုဆီ အရှိန်မြှင့်တင်လိုက်ပါ။
#WorldToiletDay #EHSMyanmar
#19November #sanitation #Opendefecation
