EHS Myanmar
Открыть в Telegram
This is an official channel of Environment, Health and Safety Myanmar (EHS Myanmar). Please visit www.ehsmyanmar.org for more information.
Больше934
Подписчики
Нет данных24 часа
+47 дней
+730 день
Архив постов
934
Reference - ISO.org,ISO Global, Greenly.Earth, Quality(The Green Business Standard)
------------------------------------------------------------------------------
Instagram မှာ EHS Myanmar ရှိနေပြီဗျို့ - https://www.instagram.com/ehsmyanmar/
#EHSMyanmar #ISO14001:2015 #Article
934
ပတ်၀န်းကျင်ဆိုရင်စီမံခန့်ခွဲမှုစနစ်ဖြစ်သည့် ISO 14001:2015 အကြောင်း တစေ့တစောင်း
====================================================
EHS Myanmar | 24.1.2023
ISO ဆိုတာ International Organization for Standardization ရဲ့ အတိုကောက်ပဲ ဖြစ်ပါတယ်။ ISO ကတော့ ၁၉၄၆ခုနှစ် လန်ဒန်မြို့မှာ ဖြစ်ပေါ်လာခဲ့ပါတယ်။ နိုင်ငံပေါင်း ၂၅နိုင်ငံမှ ကိုယ်စားလှယ် ၆၅ယောက်ဟာ အနာဂတ် နိုင်ငံတကာစံသတ်မှတ်ခြင်းနဲ့ပက်သက်ပြီး ဆွေးနွေးဖို့တွေ့ဆုံရင်း ဖြစ်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ ၁၉၄၇ခုနှစ်မှာတော့ ISO ဟာ ကျွမ်းကျင်သူတွေပါ၀င်တဲ့ နည်းပညာကော်မတီ ၆၇ခုနဲ့ တရား၀င်ဖွဲ့စည်းခဲ့ပါတယ်။
ဆက်ပြီးတော့ ISO 14000 အုပ်စုအကြောင်း အနည်းငယ်ဝေမျှပေးချင်ပါတယ်။ ဒီအုပ်စုဟာ ပတ်၀န်းကျင်နဲ့ဆိုင်တဲ့ စီမံခန့်ခွဲမှုတွေ၊လမ်းညွှန်ချက်တွေနဲ့ စံချိန်စံညွှန်းတွေဘက်ကို အဓိက အသားပေးတဲ့အုပ်စုပဲဖြစ်ပါတယ်။ ဒီအုပ်စုထဲမှာမှ ISO 14001 ဖြစ်တဲ့ ပတ်၀န်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှုစနစ် (Environmental Management System)၊ ISO 14010-14015 ဖြစ်တဲ့ ပတ်၀န်းကျင်ဆိုင်ရာ စာရင်းစစ်ခြင်း (Environmental Audits)၊ ISO 14020-14025 ဖြစ်တဲ့ ပတ်၀န်းကျင်ဆိုင်ရာ တံဆိပ်ကပ်ခြင်း (Environmental Labeling) နဲ့ ISO 14040/14044 ဖြစ်တဲ့ သက်တမ်းစက်၀န်းအား အကဲဖြတ်ခြင်း (Life Cycle Assessment) တို့ပဲဖြစ်ပါတယ်။ ဒီထဲမှာမှ ပြောမယ့်အကြောင်းကတော့ ISO 14001 ပတ်၀န်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှု စနစ်အကြောင်းပဲ ဖြစ်ပါတယ်။
International Organizations For Standardization (ISO) 14001 ဟာ ထိရောက်တဲ့ ပတ်၀န်းကျင်ဆိုင်ရာစီမံခန့်ခွဲမှုစနစ်အတွက် လိုအပ်ချက်တွေကို ရှင်းပြထားတဲ့ ကမ္ဘာလုံးဆိုင်ရာ စံသတ်မှတ်ချက်တစ်ခုဖြစ်ပါတယ်။ ISO 14001 မှာတော့ အဓိက အကြောင်းအရာ ၅ခု ပါ၀င်ပါတယ်။
1. ပတ်၀န်းကျင်ဆိုင်ရာ မူဝါဒ (Environmental Policy)
2. စီစဉ်ဆောင်ရွက်ခြင်း (Planning)
3. အကောင်အထည်ဖော်ခြင်း (Implementing)
4. သင့်လျော်သော လုပ်ဆောင်ချက် (Corrective Action) နှင့်
5. စီမံမှုပြန်လည်ဆန်းစစ်ခြင်းအောက်တွင် စောင့်ကြည့်ခြင်း (Monitoring Under Management Review) တို့ပဲဖြစ်ပါတယ်။
ISO 14000 အုပ်စုထဲမှာပါတဲ့ ISO 14001 Environmental Management System ပတ်၀န်းကျင်စီမံခန့်ခွဲမှုစနစ်ဆိုတာ ဘာလဲ?
ပတ်၀န်းကျင်ဆိုင်ရာစီမံခန့်ခွဲမှုစနစ်ဆိုတာ အဖွဲ့အစည်းတစ်ခုရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးဖို့အတွက်နဲ့ ရေရှည်တည်တံ့မှုကို အကျိုးပြုစေဖို့အတွက် စနစ်တစ်ခုဖြစ်ပါတယ်။ EMS ကတော့ ကုမ္ပဏီတစ်ခုကနေထွက်တဲ့
1. Carbon footprint တွက်ချက်ခြင်း (Calculating Carbon Footprint)
2. ခွဲခြမ်းစိတ်ဖြာခြင်း (Analysis) တွေအပြင်
3. သဘာ၀ပတ်၀န်းကျင်ဆိုင်ရာရည်မှန်းချက်အသစ်တွေကို ပြီးမြောက်စေဖို့ လိုအပ်တဲ့ လုပ်ဆောင်ချက်တွေကိုပါ တွက်ချက်ပေးခြင်း (Calculation for the functions that need to be done for new environmental goals) တို့ပဲ ဖြစ်ပါတယ်။
ISO 14001:2015 စံနှုန်းက ဘာလဲ?
ISO 14001 မှာ နှစ်မျိုးရှိပါတယ်။ ISO 14001:2004 နဲ့ ISO 14001:2015 ပဲ ဖြစ်ပါတယ်။ အခုစာရေးသူက 2015 အကြောင်းလေးပြောပြချင်ပါတယ်။ ISO 14001:2015 မှာတော့
1. ခေါင်းဆောင်မှုပိုင်းဆိုင်ရာအတွက် လိုအပ်ချက်အသစ်တွေ (New requirements for leadership engagement)
2. ပြင်ပအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ (Interactions with third parties)
3. အန္တရာယ်စီမံခန့်ခွဲမှုအတွက် လိုအပ်တာချက်များ (Necessity for risk-management)နဲ့
4. လိုအပ်တဲ့စာရွက်စာတမ်းတွေ ထည့်သွင်းခြင်း (Adding essential documentations) တို့ ပါ၀င်ပါတယ်။
ISO 14001 လက်မှတ်ကို ဘာကြောင့် ကုမ္ပဏီတိုင်း ဆောင်ထားသင့်တာလဲ?
ISO 14001 လက်မှတ်ရရှိထားတဲ့ကုမ္ပဏီဟာ သင့်ကုမ္ပဏီရဲ့ပတ်၀န်းကျင်အပေါ် ကောင်းတဲ့ အကျိုးသက်ရောက်ပုံတွေကြည့်ပြီးတော့ ရင်းနှီးမြှုပ်နှံသူတွေ၊ အလုပ်သမားတွေနဲ့ ပတ်၀န်းကျင်ကသူတွေရဲ့ ယုံကြည်မှုကိုပါ ရရှိစေမှာ ဖြစ်ပါတယ်။
ISO 14001 လက်မှတ်ရရင် ဘယ်လိုအကျိုးကျေးဇူးတွေရရှိမှာလဲ?
ISO လက်မှတ်ရခြင်းက သင့်လုပ်ငန်းကို ပိုမိုထိရောက်ပြီး အောင်မြင်အောင် လုပ်ဆောင်နိုင်ပါတယ်။ ဒါ့အပြင် အမှိုက်တွေကို အများအပြား လျှော့ချနိုင်မှာဖြစ်ပြီးတော့ ကုမ္ပဏီကနေ ထွက်လာတဲ့ Carbon footprint တွေကိုလဲ လျော့နည်းစေမှာဖြစ်ပါတယ်။ ISO 14001:2015 မှာတော့ ကုမ္ပဏီကထွက်တဲ့ စွန့်ပစ်ပစ္စည်းတွေကို သိသိသာသာလျှော့ချဖို့ လိုအပ်ပါတယ်။ ဥပမာ မလိုအပ်ပဲ စက်ယန္တရားကြီးတွေအသုံးပြုတာလျှော့ချဖို့နဲ့ တတ်နိုင်တဲ့အခါ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အသုံးပြုခြင်း (ဥပမာ Solar Power)တို့ပဲ ဖြစ်ပါတယ်။
ISO 14001 လက်မှတ်ကို ဘယ်ကနေ ရနိုင်မလဲ?
American Standards Institute, the International Accreditation Forum (IAF) နဲ့ BSI(Business Standard Company) Group တွေမှာ ရနိုင်ပါတယ်။ သုံးနှစ်အထိသက်တမ်းတိုးနိုင်ပြီးတော့ နောက်ဆက်လုပ်မယ့်အချိန်မှာလဲ သက်တမ်းတိုးနိုင်ပါတယ်။
ယောနသန်မှ ရေးသားသည်။
934
Environmental Management and Planning (EMP01) Batch 1 မှ သင်တန်းသူသင်တန်းသားများ၏ review အချို့ကိုဖော်ပြလိုက်ရပါတယ်။
EMP Batch 1 နှင့် မကြာခင်ဖွင့်မည့် Batch 2 အကြောင်း ဖတ်ချင်လျှင် - https://www.facebook.com/ehsmyanmar/posts/pfbid0buBmUUCpKmwigrADmzw3Vc1CbEgu6FbFGshDcgdfxGvrviu4LhF8EmzNoRk684xql
------------------------------------------------------------------------------
Instagram မှာ EHS Myanmar ရှိနေပြီဗျို့ - https://www.instagram.com/ehsmyanmar/
#EHSMyanmar #environmentalmanagementplan #eia #myanmar #onlinecourse
934
အနီ နှင့် လိမ္မော်ရောင်အဆင့်ရောက်နေသည့် ရန်ကုန် AQI level
--------------------------------------------------------------------------------
EHS Myanmar | 18.1.23
IQ Air ၏ အစီရင်ခံစာများအရ ရန်ကုန်မြို့၏ PM2.5 level သည် WHO guideline ထက် (၉.၆) ဆ ပိုမိုများနေပြီး 47.8µg/m3 ထိရှိနေကြောင်းသိရသည်။ ထို့အပြင် AQI level ကိုလေ့လာကြည့်သည့်အခါမှာလဲ ဇန်နီဝါရီ (၁၅) ရက်နေ့တွင် 151 ဖြင့် အနီရောင်အဆင့်၊ (၁၆) ရက်နေ့တွင် 139 ဖြင့် လိမ္မော်ရောင်အဆင့် နှင့် (၁၇) ရက်နေ့တွင် အနီရောင်အဆင့်တို့အထိရှိခဲ့ပါသည်။ နောက်ရက်များကို ခန့်မှန်းကြည့်သည့်အခါ ဇန်နဝါရီလ (၁၉) ရက်နေ့တွင် ၁၁၃၊ (၂၀) ရက်နေ့တွင် ၁၁၀၊ (၂၁) ရက်နေ့တွင် ၁၁၂၊ (၂၂) ရက်နေ့တွင် ၁၁၀ နှင့် (၂၃) ရက်နေ့တွင် ၁၀၂ AQI ညွှန်းကိန်းများဖြစ်လာနိုင်ပါသည်။ AQI ညွှန်းကိန်းများအရ လိမ္မော်ရောင်အဆင့်သည် ထိခိုက်လွယ်သော ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ နှင့် ရောဂါအခံရှိသူများအတွက် အန္တရာယ်ရှိသော လေထုအရည်အသွေးဖြစ်ပါသည်။ အနီရောင်အဆင့်သည် ထိခိုက်လွယ်သော ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ နှင့် ရောဂါအခံရှိသူများအပါအဝင် သာမာန်ကျန်းမာသော လူအုပ်စုအတွက်ပါ အန္တရာယ်ရှိနိုင်တဲ့ အနေအထားတစ်ခုဖြစ်ပါသည်။
.
ရန်ကုန်လေထုညစ်ညမ်းမှုကြောင့် ကျန်းမာရေးထိခိုက်မှုရှိအောင် ဘယ်လိုလုပ်သင့်သလဲ။
၁။ အပြင်သွားတိုင်း PM2.5 ကိုစစ်ထုတ်ပေးနိုင်သည့် အရည်အသွေးမြင့် Mask များတပ်ဆင်ပါ။
၂။ လေအရည်အသွေးဆိုးရွားနိုင်သည့်ဟုထင်သည့် ကားလမ်းနှင့်နီးကပ်သည့် နေအိမ်များတွင် တံခါးတွေပိတ်ထားပါ။
၃။ အိမ်အတွင်း နှင့် လုပ်ငန်းခွင်တို့တွင် လေသန့်စင်စက် (Air Purifier) များအသုံးပြုပါ။
၄။ တက်နိုင်လျှင်အပြင်မထွက်ပါနှင့်။
နိုင်ကျော်လူ ရေးသားသည်။
ကိုးကား - IQair Yangon Report 2023
------------------------------------------------------------------------------
Instagram မှာ EHS Myanmar ရှိနေပြီဗျို့ - https://www.instagram.com/ehsmyanmar/
#EHSMyanmar #Airquality #aqi #yangon #airpollution
934
သင်သိပြီးပြီလား?!
______________________
[English Below] မြန်မာနိုင်ငံမှာ Instagram အသုံးပြုသူပေါင်း (၁.၅) သန်းနီးပါရှိပါတယ်။ ဒီထဲမှာ အသက် (၁၈) နှစ်ကနေ (၃၄) ကြား လူငယ် လူလတ်ပိုင်း user တွေက (၇၆) ရာခိုင်နှုန်းကျော်ရှိပါတယ်။ ဒီ User တွေကို Target ထားတဲ့အနေနဲ့ EHS Myanmar မှ Instagram Profile အသစ်စတင် launch လုပ်လိုက်ပြီဖြစ်ပါတယ်။ EHSMyanmar Instagram Profile မှာဆိုလျှင်တော့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာအသိပညာပေးခြင်း တွေကို Facebook၊ Telegram နှင့် LinkedIn တို့မှာတင်တာတွေနဲ့ မတူညီတဲ့ ဆန်းသစ်တီထွင်မှုအသစ်များနှင့်တင်ဆက်သွားမှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော် ကျွန်မတို့ရဲ့ Instagram ကို ယခုပဲ follow လုပ်လိုက်ပါ။ Instagram "ehsmyanmar" ဆိုပြီး search လုပ်ပြီလဲ follow လုပ်လို့ရပါတယ်။
EHS Myanmar Instagram Account - https://www.instagram.com/ehsmyanmar/
.
According to data from 2021, there are around 1.5 million Instagram users in Myanmar, more than 76% of whom are youthful middle-aged users between the ages of 18 and 34. EHS Myanmar has developed a new Instagram profile aimed at these individuals. Environmental and Sustainability awareness will be given on the EHSMyanmar Instagram profile with fresh innovations and modernized presentations distinct from those shared on Facebook, Telegram, and LinkedIn. Please now follow our Instagram. You can also type as "ehsmyanmar" on instagram search bar and follow.
EHS Myanmar Instagram Account - https://www.instagram.com/ehsmyanmar/
Source: NapoleonCat.com
#EHSMyanmar #instagram #launching
934
Environmental Management and Planning (EMP) Course Batch 1
-----------------------------------------------------
EMP Course ပထမဆုံး တန်းခွဲသစ် ကို ၂၀၂၂ ခုနှစ် အောက်တိုဘာ (၁) ရက်နေ့မှ (၂၃) ရက်နေ့ မှ ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား သင်တန်းသူ (၁၈) ယောက်ကို သင်တန်းဆင်းလက်မှတ်များအောင်မြင်စွာပေးအပ်နိုင်ခဲ့ပါသည်။ EMP သင်တန်းတွင် Environmental Mangement Plan နှင့်ဆိုင်သည့် ဥပဒေများ၊ နည်းဥပဒေများ နှင့် လုပ်ထုံးလုပ်နည်းများ၊ EMP Report ရေးသားရာတွင် ပါဝင်ရမည့် အချက်အလတ်များ အင်္ဂါရပ်များ၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း (environmental impact assessment) ဆိုင်ရာလုပ်ထုံးလုပ်နည်းနှင့် methods များ၊ Risk Assessment စဉ်းစားပုံစဉ်းစားနည်းနှင့်တွက်ချက်နည်းများ၊ ပတ်ဝန်းကျင်ထိခိုက်မှုလျှော့ချရေးနည်းလမ်းများ စသည့်တို့ပါဝင်ခဲ့ပြီး EMP Report တစ်ခုရေးသားနိုင်သည်အထိသင်ကြားပေးနိုင်ခဲ့ပါသည်။ Batch (2) ကိုလဲ ဖွင့်လှစ်ဖို့စီစဉ်ထားတဲ့အတွက် သင်တန်းတက်ဖို့စိတ်ဝင်စား လျှင် ကျွန်တော်တို့ Page Chat သို့ email လေးလာပေးလိုက်ပါနော်။
#EHSMyanmar #environmentalmanagementplan #eia #myanmar #onlinecourse
934
ဒါကြောင့် “စေတနာကောင်းရင် ကံကောင်းတယ်” ဆိုတဲ့စကားအတိုင်းပဲ ကိုယ့်လက်အောက်ငယ်သားဝန်ထမ်းတွေအပေါ် စေတနာထားပြီး လုပ်ငန်းခွင် ကျန်းမာရေးနဲ့ ဘေးကင်းလုံခြုံရေး (OHS) ကို သေချာဆောင်ရွက်ပေးတဲ့အခါ သင့်လက်အောက် ဝန်ထမ်းတွေကို ကာကွယ်ပေးရာလည်းရောက်သလို သင့်လုပ်ငန်းစီးပွားရေးလည်း တိုးတက်လာမှာ အမှန်ပါပဲ။
ရေးသားသူ - အက်သီနာ
Sources – HASpod, European Agency for Safety and Health at Work, IOSH, hellonimbl
EHSMyanmar ရဲ့ Environmental Managment and Planning (EMP) online course Batch 2 ကိုစိတ်ဝင်စားမယ်ဆိုလျှင် ဒီမှာ www.ehsmyanmar.org လေ့လာလိုက်ပါ။
--------------------------------------------------------
EHS Myanmar ၏ ဆောင်းပါးများကို အမြဲမပြတ်သိရှိနိုင်ဖို့ telegram channel ကိုအခုပဲ အခမဲ့ join လိုက်ပါ။
https://t.me/ehsmyanmar
#EHSMyanmar #ESIA #OHS
934
သင့်လုပ်ငန်းက အဖွဲ့သားတွေဟာ လုပ်ငန်းခွင်မှာ ဘာထိခိုက်ဒဏ်ရာမှ ရနိုင်ခြေမရှိဘဲ ပျော်ရွှင်မှု၊ လုံခြုံမှုကို ခံစားရမှသာ သူတို့ရဲ့ လုပ်ဆောင်နိုင်စွမ်း ပိုကောင်းလာမှာဖြစ်ပြီး ရလဒ်အနေနဲ့ သင့်စီးပွားရေး ကောင်းမွန်တိုးတက်လာစေမှာပါ။ သင့်ရဲ့ လက်အောက်ငယ်သားတွေကို ဒဏ်ရာအနာတရ ဖြစ်ခြင်းမှ ကာကွယ်ခြင်းဟာ သူတို့ကိုသာမက သင့်ရဲ့စီးပွားရေးလုပ်ငန်းကိုပါ အကျိုးအမြတ်ရရှိလာစေမှာဖြစ်ပါတယ်။
ပြီးတော့ စိတ်ဝင်စားစရာကောင်းတဲ့ နောက်တစ်ချက်က OHS ဟာ လုပ်ငန်းရှင်ဖြစ်တဲ့ သင့်ကို ပိုက်ဆံအကုန်အကျသက်သာစေပါတယ်။ ဝန်ထမ်းတွေရဲ့ ကျန်းမာရေးနဲ့ဘေးကင်းလုံခြုံမှုအတွက် လုပ်ဆောင်ပေးရတာတွေဟာ ပိုက်ဆံထွက်စေတဲ့ အပိုအလုပ်တွေလို့ သင့်အနေနဲ့ ထင်ကောင်းထင်နိုင်ပေမဲ့ တကယ်တမ်းတော့ ဒါဟာ အကျိုးအမြတ်ရရှိစေမဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခုပါပဲ။
သင်က OHS ကဏ္ဍထဲ ငွေကြေးရင်းနှီးမြှုပ်နှံလိုက်တဲ့အခါ လုပ်ငန်းခွင်မှာ အက်စီးဒင့်ဖြစ်ပွားနိုင်ခြေ လျော့ကျသွားပါတယ်။ ရလဒ်အနေနဲ့ အက်စီးဒင့်တစ်ခုဖြစ်ရင် ကုန်ကျမဲ့ တနင့်တပိုး လျော်ကြေးငွေတွေ၊ ဒဏ်ကြေးတွေ၊ အာမခံကြေးတွေ ဘာမှကုန်တော့မှာမဟုတ်ဘဲ သင့်လုပ်ငန်းကို အပူအပင်ကင်းကင်းနဲ့ ဆက်လက် လည်ပတ်နိုင်မှာဖြစ်ပါတယ်။
ဒါတင်မကသေးဘဲ သင့်ရဲ့ဝန်ထမ်းတွေဟာ သင် သူတို့အပေါ် ဂရုစိုက် အလေးထားမှန်း သိရတဲ့အတွက် သင့်ကို အလုပ်ရှင်ကောင်းအဖြစ်နဲ့ လေးစားပြီး လုပ်ငန်းခွင်မှာ ကြိုးစားလုပ်ကိုင်ကြမှာဖြစ်လို့ ဝန်ထမ်းအသစ်ထပ်ခန့်ရမဲ့၊ လူသစ်တွေကို လေ့ကျင့်ပေးရမယ့် စရိတ်စကတွေကို အများကြီးလျှော့ချပစ်နိုင်မှာဖြစ်ပါတယ်။
နောက်ပြီး စီးပွားရေးလောကမှာ ဂုဏ်သတင်းက အရမ်းအရေးကြီးပါတယ်။ စားသုံးသူတွေ၊ ဝန်ထမ်းတွေကို ဆွဲဆောင်နိုင်ဖို့၊ အခြားသော စီးပွားရေးလုပ်ငန်းတွေ သင်နဲ့ လက်တွဲလုပ်ဆောင်လာချင်အောင်လုပ်ဖို့ဆိုရင် သင့်ကုမ္ပဏီ၊သင့်စက်ရုံ၊သင့်စီးပွားရေးလုပ်ငန်းဟာ ဂုဏ်သတင်းမွှေးပျံ့နေဖို့လိုပါတယ်။ ဒီလို ဂုဏ်သတင်းမွှေ့းပျံချင်တယ်ဆိုရင်တော့ အပြင်ပိုင်းသာမက အတွင်းပိုင်းကိုပါ အလေးထား ဂရုစိုက်ပေးဖို့ အရေးကြီးပါတယ်။
သင့်လုပ်ငန်းခွင်ရဲ့ ကျန်းမာရေးနဲ့ ဘေးကင်းလုံခြုံမှုဆိုင်ရာ စံနှုန်းတွေနိမ့်ကျနေရင် အက်ဆီးဒင့်တွေဖြစ်မယ်၊ သင့်ဝန်ထမ်းတွေရဲ့ ကိုယ်ကျန်းမာရေးနဲ့ စိတ်ကျန်းမာရေးထိခိုက်လာမယ်၊ ဝန်ထမ်းတွေက သင့်လုပ်ငန်းခွင်ကို ငရဲလို့မြင်လာမယ်၊ အဆင်မပြေရင် ဝန်ထမ်းတွေ အလုပ်ထွက်ကုန်ကြမယ်၊ အကြောင်းကြောင်းကြောင့် အလုပ်ထွက်လို့မဖြစ်လို့ ကျန်နေခဲ့ရသူတွေကလည်း အလုပ်လုပ်ရတာ မပျော်တော့တဲ့အတွက် အလုပ်တွင်တော့မှာမဟုတ်ပါဘူး။ အဲဒီတော့ သင့်ဘက်ကနေ ဘယ်လိုမှ ကြံရာမရတဲ့အဆုံး တင်းကျပ်တဲ့ စည်းမျဉ်းတွေ၊ ဒဏ်ကြေးတွေနဲ့ သူတို့ကို ဖိအားပေး အလုပ်ခိုင်းစေမိလာနိုင်ပါတယ်။ ဒါဆိုရင် သင့်စီးပွားရေးလုပ်ငန်းရဲ့ ပုံရိပ်ဟာ ဘယ်လိုမှ မကောင်းနိုင်တော့ပါဘူး။ ဒါကြောင့်မို့ မလိုလားအပ်တဲ့ ဂုဏ်သိက္ခာကျဆင်းမှုတွေမဖြစ်စေဖို့အတွက် OHS ကိုလုပ်ဆောင်ဖို့ အရေးပါလှပါတယ်။
ပြီးတော့ ပြိုင်ဆိုင်မှုများတဲ့ အခုလိုခေတ်ကြီးမှာ သင့်စီးပွားရေးနယ်ပယ်က အခြား ပြိုင်ဖက်တွေထက် သာလွန်ဖို့အတွက်ဆို ဈေးနှုန်းဆိုတဲ့ အချက်တစ်ခုတည်းနဲ့ ယှဉ်ပြိုင်လို့မရတော့ပါဘူး။ အရည်အသွေးမြင့်တဲ့ ထွက်ကုန်နဲ့ ဝန်ဆောင်မှုတွေကိုပေးရတော့မှာဖြစ်တဲ့အပြင် အများပိုင်နဲ့ ပုဂ္ဂလိက ပိုင်အခန်းကဏ္ဍတွေက စီမံကိန်းအကြီးစားတွေကို ပိုင်ဆိုင်နိုင်ဖို့အတွက် ပြိုင်ဘက်တွေနဲ့ ယှဉ်လုရမဲ့အခါ သင့် ကုမ္ပဏီရဲ့ လုပ်ငန်းခွင်ကျန်းမာရေးနဲ့ လုံခြုံရေးဆိုင်ရာ မှတ်တမ်းတွေဟာ အရေးပါလာပါပြီ။ သင့်ကုမ္ပဏီဟာ လုပ်ငန်းခွင် ကျန်းမာရေးနဲ့ ဘေးကင်းလုံခြုံရေးဆိုင်ရာ အရည်အသွေးမှတ်တမ်းကောင်းတွေရှိထားတယ်၊ သင့်လုပ်ငန်းခွင်မှာ လုပ်ကိုင်နေတဲ့ လက်အောက်ငယ်သားတွေရဲ့ ကျန်းမာရေးနဲ့ ဘေးကင်းလုံခြုံမှုအတွက် လိုအပ်တာတွေ အကုန်ပြင်ဆင် ဆောင်ရွက်ပေးထားတယ်ဆိုတဲ့ သက်သေအထောက်အထားတွေသာရှိနေရင် သင့်စီးပွားရေးနယ်ပယ်မှာ အခြားပြိုင်ဘက်တွေထက် အမြဲတမ်းခေါင်းတစ်လုံးသာနေမှာ အမှန်ပါပဲ။
ကိုယ့်လုပ်ငန်းခွင်မှာ OHS ကိုအလေးထားဆောင်ရွက်ခြင်းဟာ ဝင်ငွေစီးဆင်းလည်ပတ်မှုကို ပိုမိုကောင်းမွန်အောင်ဖန်တီးပေးပါတယ်။ International Social Security Association က ၂၀၁၁ ခုနှစ်မှာ လုပ်ဆောင်ခဲ့တဲ့ သုတေသနအရ OHS ကိုအသုံးပြုခြင်းအားဖြင့် ပြန်ရလာတဲ့ အကျိုးအမြတ် တန်ဖိုးဟာ 2.2 ရှိတယ်လို့ လေ့လာတွေ့ရှိခဲ့ရပါတယ်။ ဆိုလိုရင်းက OHS မှာ 1 ဒေါ်လာ ရင်းနှီးမြှုပ်နှံလိုက်တိုင်း 2.2 ဒေါ်လာ ပြန်ရလာခြင်းဖြစ်ပါတယ်။
ဒီလေ့လာမှုဟာ OHS အပေါ် လူအများစုထားတဲ့ အဆိုးမြင်သဘောထားတွေကို တပ်လှန့်လိုက်သလိုပါပဲ။ လုပ်ငန်းရှင်အတော်များများဟာ OHS ကို အပိုကုန်ပေါက်အဖြစ် ရှုမြင်တတ်ကြပါတယ်။ အဲဒါကြောင့် OHS ကဏ္ဍကို ငွေသိပ်မထည့်ဘဲ ချွေတာကြပါတယ်။ ဒါပေမဲ့ အဲဒီလို လုပ်ဆောင်မှုကြောင့် အဆုံးသတ်မှာ လုပ်ငန်းခွင်တွင်း အက်စီးဒင့်တွေ၊ ဒဏ်ရာအနာတရဖြစ်မှုတွေ၊ သေဆုံးမှုတွေ ပိုမိုဖြစ်လာပါတော့တယ်။ လုပ်ငန်းရှင်အနေနဲ့လည်း ဂုဏ်သတင်းကျဆင်းတာတွေ၊ တရားတဘောင်ရင်ဆိုင်ရတာတွေ၊ ဝန်ထမ်းတွေ အများကြီးထွက်ကုန်ပြီး turnover rate မြင့်လာတာတွေ ကြုံတွေ့လာရပါလိ့မ်မယ်။
934
EIA မှာ Occupational Health and Safety (OHS) က ဘာကြောင့် အရေးကြီးသလဲ?
-------------------------------------------------------------------------
EHS Myanmar | 9.1.2023
ESIA, EIA, IEE အစရှိတဲ့ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာလုပ်ငန်းစဉ်တွေကို လုပ်ဆောင်ရာမှာ ကိုယ့်ရဲ့ စီမံကိန်းက သဘာဝပတ်ဝန်းကျင်အပေါ် အနုတ်သဘောနဲ့ အပြုသဘောဆိုင်ရာ ဘယ်လိုသက်ရောက်မှုတွေရှိလဲ၊ ဘယ်လိုဘယ်ပုံထိခိုက်မှုရှိလဲ၊ အဲဒီဆိုးကျိုးသက်ရောက်မှုတွေကို ဘယ်လိုမျိုးလျှော့ချမလဲ၊ ကောင်းကျိုးသက်ရောက်မှုတွေကိုရော ဘယ်လိုမျိုးတိုးမြှင့်မလဲ ဆိုတာတွေကို လုပ်ငန်းရှင်တွေအနေနဲ့ သေချာလေး ဆန်းစစ်လေ့လာမှုတွေ ပြုလုပ်ကြပေမဲ့ ကိုယ့်ရဲ့ စီမံကိန်း လုပ်ငန်းခွင်အတွင်းမှာ ပါဝင်ပတ်သက်လုပ်ကိုင်နေကြရသူတွေရဲ့ အဖွဲ့အစည်းတွင်းဆိုင်ရာ ကျန်းမာရေးနဲ့ ဘေးကင်းလုံခြုံမှု (Occupational Health and Safety) အခန်းကဏ္ဍကိုတော့ အရေးမပါဘူးဆိုပြီး ယူဆတာကြောင့်ဖြစ်စေ၊ တခြားအကြောင်းတစ်ခုခုကြောင့်ဖြစ်စေ အလေးအနက်ထားပြီး ထည့်သွင်းဖို့ အားနည်းတတ်ကြပါတယ်။ ဒါကြောင့်မို့ သင့်ရဲ့ စီးပွားရေးလုပ်ငန်း တိုးတက်ဖို့အတွက် Occupational Health and Safety (OHS) က ဘာကြောင့် အရေးကြီးသလဲဆိုတာကို ဒီနေ့မှာ ဆွေးနွေးတင်ပြပေးသွားပါမယ်။
စီးပွားရေး လုပ်ငန်းတစ်ခု အောင်မြင်တယ်၊ ကျရှုံးတယ်ဆိုတာဟာ အဲဒီလုပ်ငန်းထဲမှာ ပါဝင်လုပ်ကိုင်နေတဲ့ ဝန်ထမ်းတွေအပေါ် အများကြီး မူတည်နေပါတယ်။ သင့်လုပ်ငန်းက ဝန်ထမ်းတွေ ဘေးကင်းလုံခြုံပြီး ကျန်းမာရေးကောင်းမွန်နေမှသာ သင့်စီးပွားရေးရဲ့ လုပ်ငန်းစဉ်တိုင်းမှာ နှေးဖင့်မှုမရှိဘဲ လုပ်ငန်းကောင်းစွာလည်ပတ်နိုင်မှာဖြစ်ပါတယ်။
အကယ်၍ လုပ်ငန်းရှင်အနေနဲ့ လုပ်ငန်းခွင်ကျန်းမာရေးနဲ့ ဘေးကင်းလုံခြုံမှု စီမံချက်တွေကို သေချာမလုပ်ဆောင်ထားဘူးဆိုရင် လုပ်ငန်းခွင်အက်စီးဒင့် ဖြစ်ပွားနိုင်ခြေများလာပါလိမ့်မယ်။ အက်စီးဒင့်တစ်ခုခုဖြစ်လာပြီဆိုရင် လုပ်ငန်းလုပ်ဆောင်မှုတွေကို ရပ်တန့်လိုက်ရပြီး အက်စီးဒင့် ဘာကြောင့်ဖြစ်လဲ၊ ဘယ်လိုဖြစ်လဲ စုံစမ်းစစ်ဆေးရပါတော့မယ်။ ပြီးရင် နဂိုအခြေအနေအတိုင်း ပြန်လည်ပတ်နိုင်အောင် လိုအပ်တာတွေပြုပြင်ဖို့၊ ကုစားဖို့တွေ လိုအပ်လာပါတယ်။ လုပ်ငန်းခွင်မှာ အက်စီးဒင့်ဖြစ်သွားတဲ့ ဝန်ထမ်းဟာ ဒဏ်ရာ ဆိုးဆိုးဝါးဝါးရသွားတယ်ဆိုရင် လုပ်ငန်းရှင် ကိုယ့်မှာ တစ်ပူပေါ် နှစ်ပူဆင့်ကုန်ပြီး ကုသစရိတ်ပေးရတာနဲ့ ၊ ဝန်ထမ်းအစားထိုးရှာရတာနဲ့ အလုပ်တွေပိုရှုပ်ကုန်ပါလိမ့်မယ်။ ပစ္စည်းပစ္စယ ပျက်စီးသွားတယ်ဆိုရင်လည်း အစားထိုးတပ်ဆင်ရတာတွေ၊ ပြုပြင်တာတွေ လုပ်ရတော့မှာမို့ အချိန်ရော၊ ငွေရော ဆုံးရှုံးမှုတွေဖြစ်လာပါလိမ့်မယ်။ အဆုံးစွန်ဆုံး အခြေအနေဖြစ်တဲ့ လူသေမှုပါဖြစ်ရင်တော့ ပိုတောင် အမှုတွေကြီးကုန်ပါလိမ့်မယ်။
သင်အပင်ပန်းခံပြီး လေ့ကျင့်ပေးထားတဲ့၊ သင့်လုပ်ငန်းနဲ့လည်း အသားကျနေပြီဖြစ်တဲ့၊ သင့်အတွက်အရေးပါတဲ့ ဝန်ထမ်းတစ်ယောက်ယောက်သာ သင့်ရဲ့ Occupational Health and safety စီမံဆောင်ရွက်ချက်တွေ ပေါ့လျော့မှုကြောင့် အက်စီးဒင့်တစ်ခုခုဖြစ်သွားခဲ့တယ်ဆိုရင် သူ့လို အရည်အချင်းရှိတဲ့သူတစ်ယောက်ကို ညတွင်းချင်း လိုက်ရှာအစားထိုးဖို့ဆိုတာမဖြစ်နိုင်ပါဘူး။
အက်စီးဒင့်တွေဖြစ်တယ်ဆိုရင် ဒဏ်ရာရနိုင်သလို အသက်ဆုံးရှုံးရမှုတွေလည်းဖြစ်နိုင်ပါတယ်။ ကိုယ့်လုပ်ငန်းအတွက် အဖိုးတန်တဲ့ဝန်ထမ်းတစ်ယောက်ကို ဆုံးရှုံးလိုက်ရတဲ့အချိန်က ခဏတာ ဖြစ်နိုင်သလို ထာဝရလည်း ဖြစ်သွားနိုင်ပါတယ်။ ဒီလိုမျိုး အလုပ်နဲ့ဆက်စပ်တဲ့ ကျန်းမာရေးနဲ့ ဘေးကင်းလုံခြုံမှုဆိုင်ရာ ပြဿနာတွေဖြစ်လာပြီဆိုရင် သူ့ရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေဟာ ပြန်လည်ဖာထေးလို့မရနိုင်တော့တဲ့အထိကို ဆိုးရွားသွားနိုင်ပါတယ်။
အလုပ်တွင်မှုနဲ့ ပတ်သတ်ပြီး စဉ်းစားကြည့်မယ်ဆိုရင်လည်း ကျန်းမာသူတွေနဲ့ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းဟာ productivity မြင့်မားပါတယ်။ ကိုယ့်ဝန်ထမ်းတွေ ကျန်းမာနေဖို့အတွက်ဆိုရင် ကျန်းမာပြီး ဘေးကင်းလုံခြုံမှုရှိစေတဲ့ လုပ်ငန်းခွင်ပတ်ဝန်းကျင်ကို အလုပ်ရှင် ကိုယ်က ဖန်တီးပေးဖို့လိုပါတယ်။ အဲဒီလိုမဟုတ်ဘဲ သင့်ရဲ့ဝန်ထမ်းတွေဟာ လုပ်ငန်းခွင်မှာ ဖုန်မှုန့်တွေ၊ အဆိပ်ဓာတ်ငွေ့တွေကို ရှူရှိုက်ပြီးအလုပ်လုပ်နေရမယ်ဆိုရင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ ဖြစ်လာပြီး အလုပ်လုပ်ဆောင်ဖို့ အနှောင့်အယှက်ဖြစ်လာပါလိမ့်မယ်။
တုန်ခါမှု vibration ဒဏ်ကို ဆိုးဆိုးရွားရွား ခံစားရတဲ့ အလုပ်သမားတွေဟာလည်း စက်ပစ္စည်းတွေကို သေချာ ဆုပ်ကိုင်နိုင်စွမ်းမရှိတာ၊ စက်ခလုတ်တွေကို သေချာနှိပ်မရတော့တာမျိုးတွေဖြစ်လာပြီး နောက်ဆက်တွဲအနေနဲ့ အရည်အသွေးမကောင်းတဲ့ ထုတ်ကုန် ထွက်ရှိလာတာတွေ၊ မလိုလားအပ်တဲ့ လုပ်ငန်းခွင်အန္တရာယ်တွေဖြစ်လာပြီး ပစ္စည်းဆုံးရှုံးမှု၊ လူဆုံးရှုံးမှုတွေ ကြုံလာရပါလိမ့်မယ်။
လုပ်ငန်းခွင်ဆူညံမှုကိုလည်း ဘေးအန္တရာယ်ကင်းရှင်းတဲ့ အခြေအနေဖြစ်အောင် သေချာ မစီမံမခန့်ခွဲထားဘူးဆိုရင် အလုပ်သမားတွေအနေနဲ့ အရေးကြီးတဲ့ လမ်းညွှန်ချက်တွေ၊ သတိပေးစကားတွေ မကြားရဘဲဖြစ်ကုန်ပြီး အင်မတန်မှ အန္တရာယ်ကြီးတဲ့ အခြေအနေတွေဆီ ဦးတည်သွားပါလိ့မ်မယ်။
934
"How can EIA help in Sustainable Development" Podcast by EHS Myanmar
---------------------------------------------------------------------------
EHS Myanmar | 6.1.2023
၂၀၂၃ ခုနှစ် နှစ်သစ်မှာ EHS Myanmar ရဲ့ ပထမဆုံး Podcast လေးလာပါပြီ။ ဒီတခေါက်မှာတော့ environmental နဲ့ မရင်းနှီးတဲ့လူငယ်တွေအတွက် ရည်ရွယ်ထားပါတယ်။ ကျွန်ုပ်တို့နိုင်ငံမှာ စက်ရုံစီမံကိန်းတွေဆောက်တော့မယ်ဆိုလျှင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုတွေကို ဘယ်လိုတားဆီးကြလဲ၊ ဘယ်လိုလျှော့ချလဲ၊ ဥပဒေတွေကောရှိရဲ့လားဆိုတဲ့ မေးခွန်းတွေက လူငယ်တွေကြားမှာ ဝေဝါးနေဆဲပါ။ နောက်ပြီး EIA လုပ်ငန်းစဉ်တွေက ရေရှည်တည်တံ့သောဖွံ့ဖြိုးမှု (Sustainable Development) ကို တကယ်ပဲအထောက်အကူပြုရဲ့လား။ ဒါကြောင့် ဒီလိုအကြောင်းအရာတွေကို ဗဟုသုတအနေနဲ့ သိရှိနိုင်ဖို့ ဒီ Podcast လေးကိုစီစဉ်ထားပါတယ်။
၂၀၂၃ ခုနှစ် ဇန်နဝါရီလ အတွက် Podcast ကို EHS Myanmar ၏ "Environmental Management and Planning (EMP)" Course မှ ဆရာ/ ဆရာမ တို့မှ ဆွေးနွေးတင်ဆက်သွားမှာဖြစ်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ သင်သိချင်တဲ့မေးခွန်းများကို မေးမြန်းလိုပါက အောက်က comment မှာ မေးခွန်းလေးတွေချန်ထားခဲ့နိုင်ပါတယ်။
EHS Myanmar Monthly Podcast ကို www.ehsmyanmar.org အပြင် EHS Myanmar ရဲ့ Google, Apple နဲ့ Spotify Podcast Channel များမှာ ၀င်ရောက်နားဆင်ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။
ဘာကြောင့် Environmental Podcast များကို နားထောင်သင့်သလဲ ဆောင်းပါး - https://m.facebook.com/story.php?story_fbid=pfbid0UcBHaqppsB9eGoCUJHjggLeUpY2zwvS9WHRhMmsCrAVGCXo9m1jwkVCaxfHsp4stl&id=108833677318058
သိရှိလိုသည်များရှိပါက EHS Myanmar Facebook Page သို့ အချိန်မရွေးဆက်သွယ်စုံစမ်းနိုင်ပါတယ်။
---------------------------------------------------------------------
EHS Myanmar ၏ သတင်း များနဲ့ Campaign များကို အမြဲမပြတ်သိရှိနိုင်ဖို့ telegram channel ကိုအခုပဲ အခမဲ့ join လိုက်ပါ။
https://t.me/ehsmyanmar
#EHSMyanmar #Podcast #EIA #SustainableDevelopment
934
ဇန်နဝါရီ (၄) ရက် (၂၀၂၃) ခုနှစ်တွင်ကျရောက်သော် (၇၅) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုအပ်ပါသည်။
#EHSMyanmar #nationalindependenceday
934
နှစ်သစ်မင်္ဂလာဆုတောင်း ၂၀၂၃
ကျန်မာရေး၊ပညာရေး၊စီးပွားရေး၊နိုင်ငံရေး အစရှိတဲ့အရေးကြီးတဲ့ကဏ္ဍတွေမှာ လိုအပ်ချက်များစွာရှိနေဆဲနှစ်ဖြစ်တဲ့ (2022)ကိုလည်း ကျွန်မတို့ဟာ အချင်းချင်းဖေးမကူညီကာ ဖြတ်သန်းလာနိုင်ခဲ့ကြပါပြီ။ ဒီလိုခက်ခဲပင်ပန်းတဲ့အချိန်မှာ ကျွန်မတို့ The Environment, Health and Safety Myanmar (EHSMyanmar) နဲ့ လက်တွဲလုပ်ကိုင်လျှက်ရှိသောသူများအားလုံးနှင့် စာဖတ်သူများအားလုံးကို ဦးစွာကျေးဇူးတင်ရှိပါတယ်။
ယခုလာမယ့် မင်္ဂလာနှစ်သစ် (၂၀၂၃) တွင် မြန်မာပြည်သူပြည်သားအားလုံး -
🙏 စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံ၍ စီးပွားလာဘ်လာဘများတိုးပွားကာ အောင်မြင်မှုတွေပိုင်ဆိုင်နိုင်ပါစေ။
🙏 ပူပန်ကြောင့်ကြကင်းစင်စွာနှင့် ဘေးရန်အပေါင်းကင်းရှင်းစွာ ပျော်ရွှင်ချမ်းမြေ့လိုတရကြပါစေ။
🙏 ကိုယ်စိတ်နှစ်ဖြာသစ်လွင်ဆန်းသစ်ပြီး လုပ်ငန်းမှန်သမျှ အောင်မြင်တိုးတက်ကြပါစေ။
🙏 ၀မ်းနည်းပူဆွေးမှုတွေကို ထားခဲ့နိုင်ကာ နှစ်သစ်တွင် စိတ်သစ်လူသစ်နဲ့ ပျော်ရွှင်စွာနေထိုင်နိုင်ကြပါစေ။
🙏 မိမိချစ်ခင်သောသူများနှင့်တစ်စုတစ်ဝေးထဲပြန်လည်တွေ့ဆုံနိုင်ကြပါစေ။
🙏 ကျွန်မတို့လိုလားတောင့်တနေတဲ့ ရွှေရောင်နေ့ရက်တွေ အမြန်ဆုံးရပါစေကြောင်း
ကျွန်မတို့ EHS Myanmar မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။
#EHSMyanmar #NewYear2023
