fa
Feedback

فریب کلاهبرداران را نخورید! تل‌متریو این کانال‌ها را شناسایی و برچسب‌گذاری می‌کند 👉 برای مشاهده برچسب، اشتراک تهیه کنید

EHS Myanmar

EHS Myanmar

رفتن به کانال در Telegram

This is an official channel of Environment, Health and Safety Myanmar (EHS Myanmar). Please visit www.ehsmyanmar.org for more information.

نمایش بیشتر
868
مشترکین
اطلاعاتی وجود ندارد24 ساعت
اطلاعاتی وجود ندارد7 روز
+230 روز
آرشیو پست ها
World Maths Day, March 8 =========================================== How is math used in environmental engineering? Environme
World Maths Day, March 8 =========================================== How is math used in environmental engineering? Environmental practitioners should be proficient in basic math definitions and the formulation of problems, as daily operations require calculation of percentages, averages, simple ratios, geometric dimensions, threshold odor numbers, force, pressure, and head, as well as the application of dimensional analysis and advanced math. They use mathematics and science to clean up our messes and prevent new ones from occurring. For instance, they may devise a method for removing toxic substances that have seeped into the ground at an old gas station or create an efficient method for treating wastewater. #EHSMyanmar #internationaldays #maths

၅။ အကာအကွယ်မဲ့မီးရှို့ခြင်းကိုရှောင်ရပါမယ်။ Open Burning ကတော့ နွေရာသီမှမဟုတ်ပါဘူး၊ မည့်သည့် အခြေအနေမျိုးမဆို မလုပ်ဆောင်သင့်ပါ။ အကာအကွယ်မဲ့မီးရှို့ခြင်းကြောင့် particulate matter များ၊ ကာဗွန်မိုနောက်ဆိုဒ်များ၊ Volatile organic compounds (VOCs) များ၊ Polycyclic aromatic hydrocarbons (PAHs) များ နဲ့ အခြားအန္တရာယ်ရှိလေထုအမှုန်အမွှာများ Hazardous air pollutants (HAPs) များကိုထုတ်လွှတ်ပြီး သဘာဝပတ်ဝန်းကျင်ကိုသာမက လူသားတွေရဲ့ ကျန်းမာရေးကိုပါ ဆိုးရွားစေ ပါတယ်။ ၆။ သစ်ပင်ပန်းမာန်များကို စိုက်ပျိုးပါ။ စာဖတ်သူတို့သိပြီးဖြစ်သည့် သစ်ပင်တွေက ကာဗွန်ဒိုင်အောက်ဆိုဒ် နဲ့ မကောင်းတဲ့ pollutants တွေကိုစုပ်ယူပြီး လေကိုသန့်စင်ပေးပါတယ်။ ဒါကြောင့် တနိုင်တပိုင်စိုက်ပျိူးခြင်း များကိုပိုမိုလုပ်ဆောင်သင့်ပါတယ်။ ၇။ သတင်းအချက်အလတ်စုဆောင်းပါ။ အပြင်ထွက်ခါနီးတိုင်း AQI level ကိုစစ်ပါ။ လိုအပ်လျှင် PM2.5 ကိုကာကွယ်ပေးနိုင်သည့် mask များကိုဝတ်ဆင်ပါ။ ဒီနည်းလမ်းများဖြင့် နိုင်ငံတွင်းရှိ Summer Pollution များကိုလျှော့ချကြပါစို့။ ။ ရေးသားသူ - နိုင်ကျော်လူ -------------------------------------------------------- ဆောင်းပါးများကို အမြဲမပြတ်ဖတ်ရှုနိုင်ဖို့ EHS Myanmar Telegram Channel ကိုအခုပဲ အခမဲ့ join လိုက်ပါ။ https://t.me/ehsmyanmar #EHSMyanmar #SummerPollution #AirPollution #EnvironmentalPollution #article

Summer Pollution ဆိုတာဘာလဲ။ ------------------------------------------------------------------ EHS Myanmar | 6.3.2023 "လက်ပံပွင့်တွေ ရဲရဲနီ နွေဦးပေါက် ရာသီ။ ပလီပလာ တောင်လေရူး ရော်ရွက်ဝါကို ခူး။ မြူးလိုက်ပါတဲ့ မြူမင်းလွင် အရပ်ထက်ဝန်းကျင်။ ကြည်ကြည်လင်လင် သဲသောင်ကမ်း မောင်တို့ ကြည့်ပါစမ်း။" နွေရာသီရောက်လာတဲ့အခါ ဆရာတင်မိုးရဲ့ နွေဦးပေါက် ကဗျာလေးကိုအမှတ်ရမိပါတယ်။ နွေရာသီရောက်ပေမယ့် တချို့အရပ်ဒေသတွေမှာဆိုလျှင်တော့ အအေးဓာတ် အငွေ့အသက်လေးက မပျောက်သေးပါ။ သစ်ပင်ကြီးရိပ်အောက်မှာ ထိုင်ပြီး လေရူးလေးတွေရဲ့အရာသာကိုခံစားနေရသည်မှာလဲ စာဖွဲ့လို့မပြောပြနိုင်အောင်ပင်။ တဖက်မှာလည်း နွေရာသီရဲ့သဘာဝအလှတရား နဲ့အတူ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ညစ်ညမ်းမှု ကလဲ တပါးထည်းပါလာသည်ကိုသတိပြုဖို့လိုအပ်ပါလိမ့်မယ်။ ဒါကြောင့် ယခုဆောင်းပါးမှာ Summer Pollution အကြောင်းရေးသားသွားပါမယ်။ 🏜 Summer Pollution ဆိုတာဘာလဲ။ မြန်မာလိုတိုက်ရိုက်ဘာသာပြန်ရသော် "နွေရာသီညစ်ညမ်းမှု" ဟုဆိုရမည်။ နွေရာသီ (Summer Time) တွင် ဖြစ်ပေါ်လေ့ရှိသော ဖုန်မှုန့်သဲမှုန့်များလေနှင့်အတူပါလာခြင်း၊ လောင်စာစွမ်းအင်သုံး ယာဉ် စက်ပစ္စည်းတို့မှ emission များထွက်ရှိခြင်း၊ စက်ရုံအလုပ်ရုံများ စီမံကိန်းများ မှ emission များ၊ Ground-level ozone များ၊ သစ်ခြောက်နှင့်အမှိုက်များမီးရှို့ခြင်းတို့မှ emissionများထွက်ရှိခြင်းစတဲ့ နွေရာသီတွင်ဖြစ်သည့် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းခြင်း သို့မဟုတ် လေထုညစ်ညမ်းခြင်းဆိုင်ရာကိစ္စရပ်များကို Summer Pollution ဟု အဓိပ္ပာယ်ဖွင့်ရပါလိမ့်မယ်။ ပူပြင်းလွန်းလှတဲ့အပူချိန်နဲ့အတူ နွေဦးရာသီကို တိတ်တဆိတ်နဲ့ ဝင်ရောက်လာတာကတော့ summer pollution ပါပဲ။ Summer Pollution ဖြစ်စေတဲ့ pollutants တွေထဲမှာ PM နဲ့ Ground level Ozone တို့က အဓိကပါဝင်နေတာပါတယ်။ နွေရာသီမှာ Ground Level Ozone (သို့မဟုတ်) Bad Ozone ကဲ့သို့သော လေထုညစ်ညမ်းမှုအချို့သည် နေသာပြီး ပူပြင်းသော ရာသီဥတု နှင့် ပူးပြင်းသော မြန်မာပြည်အလယ်ပိုင်းဒေသတို့တွင် သာမာန်ထက်ပိုမိုများပြားနေတာကိုတွေ့ရပါလိမ့်မယ်။ ကျွန်ုပ်တို့ရဲ့လေထုအတွင်းမှ အန္တရာယ်ရှိသော အိုဇုန်းဓာတ်ငွေ့များကို ဖန်တီးသည့် တုံ့ပြန်မှုများ (reaction) ဖြစ်ရန် နေရောင်ခြည် လိုအပ်ပါတယ်။ နွေရာသီနှင့် အထူးသဖြင့် ပြင်းထန်သော အပူလှိုင်းများ (Heat Wave) ကြောင့် မကောင်းသောအိုဇုန်းသည် မြို့ပြကြီးများ သာမက အနီးနား ကျေးလက်တောရွာဒေသများတွင်ပါအန္တရာယ်ရှိသော အခြေအနေအဆင့်သို့ မကြာခဏရောက်ရှိတက်ပါတယ်။ ဒါကြောင့် မကြာခဏ Air Quality Index (AQI) များကို မကြာခဏကြည့်ထားဖို့လဲလိုအပ်ပါမယ်။ ကံကောင်းသည့်အချက်ကတော့ စိုထိုင်းဆ (Humidity) က အိုဇုန်းညစ်ညမ်း (Bad ozone Pollution) ကို လျော့ချပေးနိုင်ပါတယ်။ နေ့ခင်းဘက် မိုးကြိုးတိမ်တိုက်များက နေရောင်ခြည်ရရှိမှုကို ပိတ်ဆို့ကာ အိုဇုန်းထုတ်လုပ်မှုကို နှေးကွေးစေပြီး မုန်တိုင်း (Storm) မှ အစိုဓာတ်က မကောင်းသောအိုဇုန်းများဖြစ်တည်မှု ကို ဖျက်ဆီးပစ်ပေးပါတယ်။ အပူလှိုင်းများ (Heat Wave) ကြောင့်လဲ လေထုအရည်အသွေးကို ကျဆင်းစေတက်ပါတယ်။ အပူလှိုင်းတစ်ခုဖြစ်ပေါ်လာပြီဆိုလျှင် ပြင်းထန်သောအပူ (Extreme heat) နဲ့ ငြိမ်သက်နေသောလေ (Stagnant Air) တို့နှစ်ခုပေါင်းဆုံပြီး Bad Ozone နှင့် PM အမှုန်အမွှားများကို ပိုမိုဖြစ်ပေါ်စေပါတယ်။ မိုးခေါင်ရေရှားခြင်းလဲ အပူလှိုင်းတစ်ခု (Heat Wave) အတွင်း ဖြစ်ပေါ်နိုင်ပါတယ်၊ တနည်းအားဖြင့် မြေဆီလွှာများလဲ အလွန်ခြောက်သွေ့ပြီး ရေများခမ်းခြောက်လာနိုင်ခြင်းကြောင့်ဖြစ်ပါတယ်။ ယခုလို နွေရာသီတွင်လဲတောမီးလောင်မှုများက ပိုမိုအဖြစ်များပြီး ၎င်းတို့ကြောင့် လေထုထဲသို့ ကာဗွန်မိုနောက်ဆိုဒ်နှင့် အမှုန်အမွှား အများအပြားပျံ့လွင့်စေကာ Summer Pollution ကို ဖြစ်လာစေပါတယ်။ 🏜 မြန်မာနိုင်ငံမှာ Summer Pollution ကို ဘယ်လိုလျှော့ချမလဲ။ ၁။ ကားအသုံးပြုမှုကိုလျှော့ချရပါမယ်။ ကိုယ်ပိုင်မော်တော်ယာဉ်များအသုံးပြုခြင်းထက် Public Transportation ကိုပိုမိုအသုံးပြုသင့်ပါတယ်။ မြို့ပြကြီးတွေမှာပါ Public Transportation စနစ်မှာအားနည်းချက်တွေရှိနေသေးတဲ့ အတွက်ကြောင့် ဒါကတော့ လက်တွေ့မှာတော့ အခက်အခဲတွေရှိနေနိုင်ပါ တယ်။ ၂။ အကယ်၍ ကားအသုံးပြုမှရမယ်ဆိုလျှင်လဲ ဓာတ်ဆီဒီဇယ်သုံးကားများထက် လျှပ်စစ်ကား (Electric Vehicle) နှင့် လျှပ်စစ်-ဓာတ်ဆီစွမ်းအင်သုံးကား (Hybrid Vehicle) များကိုပိုမိုသုံးစွဲစေဖို့ တွန်းအား ပေးသင့်ပါတယ်။ ၃။ ကားမောင်းသူများအနေနှင့်လဲ idling လုပ်ခြင်းကိုရှောင်ရှားရပါမယ်။ Engine idling လုပ်ခြင်းက လေထုထဲသို့ အန္တရာယ်ရှိ pollutant အများအပြားရောက်ရှိစေနိုင်ခြင်းကြောင့်ဖြစ်ပါတယ်။ ၄။ လျှပ်စစ်စွမ်းအင်အသုံးပြုမှုကိုတက်နိုင်သမျှလျှော့ချရပါမယ်။ ဒါပေမယ့် စာရေးသူတို့ နိုင်ငံမှာကတော့ မီးကမမှန်တဲ့အတွက် ကောင်းတဲ့အချက်ကဖြည့်တွေးရင်တော့ energy conservation ကိုတဖက်တလှမ်းကနေ လုပ်ပေးနေသလိုဖြစ်နေပါတယ်။

photo content

World Wildlife Day, March 3 ================================================= 2023's World Wildlife Day will commemorate thos
World Wildlife Day, March 3 ================================================= 2023's World Wildlife Day will commemorate those who are making a difference by focusing on partnerships for animal conservation. Partnerships can encompass a lot of people, a small number of kids, or an entire school. It might be planning a school sale to generate money for a conservation organization for some people, or it might be sharing pictures of endangered creatures online to spread the word. These are all equally valid. The 50th anniversary of the Convention on International Trade in Endangered Species of Wild Fauna and Flora will be commemorated by the UN in the following year (CITES). Source - United Nations #EHSMyanmar #internationaldays #wildlife

photo content

EHS Myanmar's Monthly Theme: What is it for March? -------------------------------------------------- 🇲🇲 EHS Myanmar မှ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်မှုပန်းတိုင် (Sustainable Development Goals) များကို အထောက်အကူပြုစေရန် ရည်ရွယ်၍ တစ်လနှင့်တစ်လ မတူညီသော ခေါင်းစဥ် (Theme)များကို အလှည့်ကျဖြင့် Knowledge Sharing များ ပြုလုပ်ပေးနေပါသည်။ ⛰ မတ်လ (၂၂) ရက်နေ့တွင်ကျရောက်သည့် "World Water Day" ကိုဂုဏ်ပြုကြိုဆိုသောအားဖြင့် ယခု မတ်လအတွက် theme ကိုတော့ "Water Conservation" Theme ကိုရွေးချယ်ထားပါသည်။ 🏭 ကမ္ဘာ့ရေချိုများ နှင့် မြေအောက်ရေတို့ နှင့်သက်ဆိုင်သည့်အကြောင်းအရာများ၊ ထိန်းသိမ်းစောင့်ရှောက်သင့်ပုံတို့ သိရှိစေရန် ပညာပေးဆောင်းပါးများရေးသားတင်ဆက်ခြင်း၊ free online course များလမ်းညွှန်ပေးခြင်း၊ Podcast အစီအစဉ်များထုတ်လွှင့်ခြင်း၊ နှင့် စာအုပ်ကောင်းများ မျှဝေခြင်းတို့ကို ပြုလုပ်ပေးသွားပါမည်။ ✌️ Water Conservation Theme နှင့်ပတ်သတ်ပြီး စိတ်ဝင်စားလို့ လေ့လာသင်ယူချင်တယ်ဆိုရင်တော့ EHS Myanmar page ကို see first လုပ်ထားဖို့မမေ့ပါနဲ့ဦး။ ----------------------------------------------------------------------- "𝙂𝙖𝙞𝙣𝙞𝙣𝙜 𝙠𝙣𝙤𝙬𝙡𝙚𝙙𝙜𝙚 𝙞𝙨 𝙩𝙝𝙚 𝙛𝙞𝙧𝙨𝙩 𝙨𝙩𝙚𝙥 𝙩𝙤 𝙬𝙞𝙨𝙙𝙤𝙢. 𝙎𝙝𝙖𝙧𝙞𝙣𝙜 𝙞𝙩 𝙞𝙨 𝙩𝙝𝙚 𝙛𝙞𝙧𝙨𝙩 𝙨𝙩𝙚𝙥 𝙩𝙤 𝙝𝙪𝙢𝙖𝙣𝙞𝙩𝙮." #EHSMyanmar #WaterConservation #CleanWater #GroundWater #WaterResources #March #SDG

Myanmar Information Management Unit (MIMU) မှ ဖွင့်လှစ်သင်ကြားသော "Basic GIS Training Using QGIS Software" သင်တန်းအား EHS Mya
+2
Myanmar Information Management Unit (MIMU) မှ ဖွင့်လှစ်သင်ကြားသော "Basic GIS Training Using QGIS Software" သင်တန်းအား EHS Myanmar မှ team member တစ်ဦး တက်ရောက်ခဲ့ပြီး သင်တန်းပြီးမြောက်ကြောင်း certificate ပါ ရရှိခဲ့ပါတယ်။ ဒီဇင်ဘာလ ၁၉ ရက်နေ့မှ ၂၃ ရက်နေ့အထိ ငါးရက်တာကြာမြင့်ခဲ့ပြီး Geographic Information System (GIS) ​၏ အခြေခံသဘောတရားများ၊ QGIS software အသုံးပြု၍ Layer များ လေ့လာခြင်းနှင့် မြေပုံရေးဆွဲခြင်းတို့အား သင်ယူခဲ့ပြီး mini-project presentation ပါ ဆောင်ရွက်ခဲ့ပါတယ်။ GIS နည်းပညာအသုံးပြုပုံကို စနစ်တကျ စိတ်ရှည်လက်ရှည် သင်ကြားပေးပါသော ဆရာဦးဇော်ဝင်းနှင့် MIMU မှ ဆရာ၊ ဆရာမများအား ကျေးဇူးအထူးတင်ရှိပါတယ်။ #EHSMyanmar #GISTraining #GeographicInformationSystem #QGISsoftware

International Polar Bear Day, February 27 ============================================================= Every year on Februar
International Polar Bear Day, February 27 ============================================================= Every year on February 27, people worldwide honor polar bears. It is observed to bring attention to the difficulties polar bears face as the arctic warms and to promote initiatives that will protect them in the future. The primary dangers to their survival include noxious pollution, oil drilling, climate change, and habitat loss due to sea ice. The occasion of International Polar Bear Day offers a chance to raise awareness of and express concern for the fate of these adorable polar animals. #EHSMyanmar #internationaldays #polarbear

photo content

၁။ ရေ၀ပ်ဒေသတွေကို အကျိုးရှိစွာအသုံးချခြင်းအပေါ် အတူတကွ လုပ်ဆောင်ခြင်း။ ၂။ နိုင်ငံတကာရေတိမ်ဒေသများစာရင်းအတွက် သင့်လျော်သော ရေတိမ်ဒေသများ သတ်မှတ်ခြင်းနဲ့ ၎င်းရေတိမ်ဒေသများအား ထိရောက်စွာစီမံခန့်ခွဲနိုင်အောင် အားပေးဆောင်ရွက်ခြင်း။ ၃။ နယ်နိမိတ်ခြင်းထိစပ်နေသော ရေ၀ပ်ဒေသများအေပါ် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ခြင်း နဲ့ ၄။ ရေ၀ပ်ဒေသများအား သီးသန့်နယ်မြေများအဖြစ် သတ်မှတ်ခြင်း တို့ပဲဖြစ်ပါတယ်။ စာချုပ်ရဲ့ရည်ရွယ်ချက်ကတော့ တဖြည်းဖြည်းနဲ့ပျောက်ဆုံးလာတဲ့ ရေ၀ပ်ဒေသတွေကို ကာကွယ်ဖို့အတွက် နိုင်ငံတကာရဲ့ အာရုံစိုက်မှုကို ရရှိဖို့အတွက် နည်းလမ်းတစ်ခုဖြစ်ပါတယ်။ စာချုပ်၀င်ပါတီ ၁၅၈ပါတီနဲ့ ၁၇၅၈ခုသော ရေ၀ပ်ဒေသများပါ၀င်ပါတယ်။ ဒီစာချုပ်ဟာ ရေ၀ပ်ဒေသတွေပေါ်မှာဖြစ်ပျက်နေတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ တစ်ခုတည်းသော ကမ္ဘာလုံးဆိုင်ရာ စာချုပ်လဲဖြစ်ပါတယ်။ နိုင်ငံ့ထိန်းသိမ်းရေးကြိုးပမ်းမှုများ။ အိန္ဒိယနိုင်ငံဟာ ရေ၀ပ်ဒေသတွေပေါများတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှ ရေ၀ပ်ဒေသတွေဟာ ဟိမ၀န္တာတောင်တန်းတွေကနေ တောင်ပိုင်းကျွန်းဆွယ် ဒတ်ကန်ဒေသအထိ ကျယ်ပြန့်စွာတည်ရှိပါတယ်။ အိန္ဒိယနိုင်ငံရဲ့ သဘာ၀ရေ၀ပ်ဒေသတွေမှာ ကုန်းမြင့်ဒေသတွေမှ ရေ၀ပ်ဒေသများ၊ မိုးနည်းရေရှားဒေသတွေမှာရှိတဲ့ ယာယီရေ၀ပ်ဒေသများ နဲ့ ကမ်းရိုးတန်းရေ၀ပ်ဒေသတွေပါ၀င်ပါတယ်။ ဒါ့အပြင် လူလုပ်ရေ၀ပ်ဒေသတွေဟာလဲ အင်မတန်မှ များပြားပါတယ်။ အိန္ဒိယနိုင်ငံမှာရှိတဲ့ ရေ၀ပ်ဒေသအများစုဟာ ဒီရေတောတွေနဲ့ ဖုံးလွှမ်းထားပါတယ်။ National Wetland Conservation Programme (NWCP) အိန္ဒိယအစိုးရဟာ ၁၉၈၅-၈၆ ခုနှစ်မှစ၍ ပြည်နယ်နဲ့ ပြည်ထောင်စုနယ်မြေတွေနဲ့ ပူးပေါင်းပြီး NWCP ကို အကောင်အထည်ဖော်ခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ ရေ၀ပ်ဒေသတွေကို အကျိုးရှိရှိအသုံးချပြီး ထိန်းသိမ်းဖို့နဲ့ မပျက်စီးအောင် ကာကွယ်ဖို့အတွက်ပဲ ဖြစ်ပါတယ်။ စီမံကိန်းရည်ရွယ်ချက်တွေကတော့ ၁။ နိုင်ငံအတွင်း ရေ၀ပ်ဒေသစီမံခန့်ခွဲမှုအတွက် မူဝါဒလမ်းညွှန်ချက်များ ချမှတ်ခြင်း။ ၂။ ဦးစားပေးရေ၀ပ်ဒေသတွေအတွက် အထူးထိန်းသိမ်းရေး အစီအမံများ‌ ရေးဆွဲခြင်း။ ၃။ အကောင်အထည်ဖော်ထားတဲ့အစီအစဉ်တွေကို စောင့်ကြည့်ခြင်း နှင့် ၄။ အိန္ဒိယရေ၀ပ်‌ဒေသတွေကို စာရင်းပြုစုခြင်း တို့ပဲ ဖြစ်ပါတယ်။ ရှေ့အနာဂတ် ရေ၀ပ်ဒေသတွေကို ထိန်းသိမ်းဆောင်ရွက်ခြင်းဟာ ဘက်ပေါင်းစုံမှ ချဉ်းကပ်မှုမျိုးတွေ လိုအပ်ပါတယ်။ လူထုရဲ့ ပူးပေါင်းပါ၀င်မှုနဲ့အတူ ဖွံ့ဖြိုးတိုးတက်ရေးလှုပ်ရှားမှုတွေ ထားရှိသင့်ပါတယ်။ စီမံခန့်ခွဲမှုတွေမှာ ဇီ၀မျိုးစုံမျိုးကွဲတွေကို ကာကွယ်ဖို့နဲ့ ဒေသခံတွေကို မထိခိုက်အောင် ရေးဆွဲထားတဲ့ ရေရှည်တည်တံ့မှု အစီအစဉ်တွေထားရှိဖို့လိုပါတယ်။ ရေ၀ပ်ဒေသတွေကို ထိန်းသိမ်းဖို့အတွက် သိပ္ပံနည်းကျ လေ့လာမှု၊ နည်းပညာပိုင်းဆိုင်ရာ ချဉ်းကပ်မှုနဲ့ လူမှုစီးပွားရေးပိုင်းနဲ့ဆိုင်တဲ့ လေ့လာမှုတွေကို ပေါင်းစပ်ပြီး ထိန်းသိမ်းရမှာ ဖြစ်ပါတယ်။ ဒီလိုပေါင်းစပ် စီမံခန့်ခွဲမှုဟာ ရည်ရွယ်ထားတဲ့ပန်းတိုင်ကို ရောက်ရှိအောင် လမ်းခင်းပေးနိုင်မှာ ဖြစ်ပါတယ်။ ယောနသန် မှ ရေးသားသည်။ ကိုးကား - IAS Express, Ecosystem on the Edge, UNEP -------------------------------------------------------- EHS Myanmar ၏ ဆောင်းပါးများကို အမြဲမပြတ်သိရှိနိုင်ဖို့ telegram channel ကိုအခုပဲ အခမဲ့ join လိုက်ပါ။ https://t.me/ehsmyanmar #EHSMyanmar #Wetland #Conservations

ရေ၀ပ်ဒေသများ (Wetlands) ရဲ့ အနာဂတ်။ ==================================================== EHS Myanmar | 24. 2. 2023 ရေ၀ပ်ဒေသတွေဆိုတာ? ရေ၀ပ်ဒေသ (Wetland) တွေဟာ ယာယီ သို့မဟုတ် အမြဲတမ်း‌ ရေဖုံးလွှမ်းနေသည့် နေရာတစ်နေရာ ဖြစ်ပါတယ်။ ဖုံးလွှမ်းနေတဲ့ရေတွေဟာ ရေချို သို့မဟုတ် ဆားငန်ရေတွေ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ရေ၀ပ်ဒေသဟာ ရေတွေဖုံးလွှမ်းထားတဲ့ ဂေဟဗေဒစနစ်တစ်ခုဖြစ်ပြီး ဒီရေအတက်အကျရှိနိုင်သလို ဒီရေအတက်အကျမရှိနိုင်တဲ့ နေရာလဲ ဖြစ်နိုင်ပါတယ်။ ရေ၀ပ်ဒေသတွေဟာ တိရစ္ဆာန်မျိုးစိတ်တွေအတွက် များပြားတဲ့အစားအစာတွေကို ထုတ်လုပ်ပေးနိုင်တဲ့အတွက် "ဇီ၀စူပါမားကတ်" (Biological Supermarket) ဆိုပြီးတော့လဲ သတ်မှတ်ကြပါတယ်။ ရေ၀ပ်ဒေသအမျိုးအစားများ။ အဓိက အမျိုးအစားတွေအနေနဲ့ စိမ့်တော (Marsh)နဲ့ ရွှံ့နွံမြေ(Swamp) ဆိုပြီးရှိပါတယ်။ ရေ၀ပ်ဒေသများရဲ့ လုပ်ဆောင်ချက်များ။ ၁။ ရေကို သန့်‌စင်ပေးခြင်း။ ရေ၀ပ်ဒေသတွေဟာ သဘာ၀မဟုတ်တဲ့ အာဟာရတွေကို ဖယ်ရှားခြင်း သို့မဟုတ် ထိန်းသိမ်းခြင်းအားဖြင့် ရေအရည်အသွေးတွေကို တိုးတက်စေပါတယ်။ ၂။ရေသံသရာစက်၀န်းတွင် အရေးပါမှု။ ရေ၀ပ်ဒေသတွေဟာ ရေကို အဆင့်သုံးဆင့်ပြုလုပ်ပါတယ်။ ၁။ လက်ခံခြင်း။ ၂။ သိုလှောင်ခြင်း နဲ့ ၃။ နည်းလမ်းအမျိုးမျိုး ထုတ်လွှတ်ခြင်းအားဖြင့် လုပ်ဆောင်ပါတယ်။ ၃။ ကမ်းရိုးတန်းများအား တည်ငြိမ်စေခြင်း။ ရေ၀ပ်ဒေသတွေဟာ ကန်၊ ကမ်းရိုးတန်း၊ မြစ်နဲ့ သမုဒ္ဒရာနဲ့ နီးတဲ့၀န်းကျင်ဒေသတွေမှာ ရှိတဲ့အတွက် ကမ်းရိုးတန်းတွေနဲ့ မြစ်ချောင်းကမ်းပါးတွေကို ရေတိုက်စားခြင်းကနေ ကာကွယ်ပေးပါတယ်။ ရေ၀ပ်ဒေသတွေမှာရှိတဲ့ အပင်တွေနဲ့ သစ်ပင်တွေဟာ သူတို့ရဲ့အမြစ်တွေနဲ့ မြေဆီလွှာကို တင်းတင်းကြပ်ကြပ်ကုတ်ယူထားပြီး ကြီးမားတဲ့ရေစီးကြောင်းတွေကို စုပ်ယူပြီး ဖြိုခွင်းပေးပါတယ်။ ၄။ သက်ရှိများအတွက် နေထိုင်စရာနေရာ ဖန်တီးပေးခြင်း။ ရေ၀ပ်ဒေသတွေဟာ ငါး၊ တောရိုင်းတိရစ္ဆာန် နဲ့ အပင်တွေအတွက် ကောင်းမွန်တဲ့နေထိုင်စရာနေရာအဖြစ်နဲ့ ဆောင်ရွက်ပါတယ်။ အပင်နဲ့ တိရစ္ဆာန်မျိုးစိတ်တော်တော်များများဟာ သူတို့အသက်ရှင်ဖို့အတွက် ရေ၀ပ်ဒေသတွေပေါ်မှာ မှီခိုရပါတယ်။ ၅။ လေထုအား ထိန်းသိမ်းပေးခြင်း။ လေထုထဲကို ကာဗွန်ဒိုင်အောက်ဆိုဒ်တွေလွှတ်မယ့်အစား ရေ၀ပ်ဒေသထဲမှာရှိတဲ့ အပင်ဇီ၀ဒြပ်ထုထဲမှာ ထိန်းသိမ်းတာဖြစ်တဲ့အတွက် ကမ္ဘာ့ရာသီဥတုကိုလဲ ထိန်းညှိပေးပါတယ်။ ၆။ ပတ်၀န်းကျင်ဆိုင်ရာ ပြဿနာများအား ဖြေရှင်းပေးခြင်း။ ရေ၀ပ်ဒေသတွေဟာ အာဟာရလွန်ကဲခြင်းကြောင့် ငါးများသေဆုံးတဲ့ကိစ္စတွေနဲ့ အစိန်းရောင်ရေညှိများ တိုးပွားလာသော ကိစ္စများနဲ့ ဆိုင်တဲ့ ပြဿနာတွေကို ဖြေရှင်းပေးပါတယ်။ ရေ၀ပ်ဒေသတွေကို ဘယ်လိုအရာတွေက ခြိမ်းခြောက်နေလဲ? ၁။ ရေ၀ပ်ဒေသနားမှာ လူဦးရေအဆမတန် တိုးပွားလာခြင်း။ ၂။ မြို့ပြဖြစ်ထွန်းမှု လျင်မြန်လာခြင်း။ ၃။ ရေ၀ပ်ဒေသထဲသို့ ကျူးကျော်မျိုးစိတ်များ ၀င်ရောက်လာခြင်း ဂေဟဗေဒစနစ်ပျက်စီးခြင်း။ ၄။ လူသားများရဲ့လုပ်ရပ်များကြောင့် ရေ၀ပ်ဒေသများ ညစ်ညမ်းလာခြင်း။ ၅။ ရာသီဥတုပြောင်းလဲခြင်း။ ၆။ ရေလှောင်တာတမံများကြောင့် ရေ၀ပ်ဒေသများဆီသို့ စီးဆင်းနေသောရေများ ဖြတ်တောက်ခံရခြင်း။ ဘာကြောင့် ရေ၀ပ်ဒေသတွေကို ထိန်းသိမ်းဖို့ လိုအပ်တာလဲ? ရေ၀ပ်ဒေသတွေဟာ ပတ်၀န်းကျင်အတွက် လွန်စွာ အကျိုးရှိပါတယ်။ သူတို့တွေဟာ ကမ္ဘာပေါ်မှာ အရင်းအမြစ်အပေါများဆုံးထုတ်လုပ်တဲ့နေရာတွေဖြစ်ပြီး ဇီ၀မျိုးစံမျိုးကွဲတွေအတွက် အသက်ရှင်သန်ဖို့ မှီခိုရာနေရာလဲ ဖြစ်ပါတယ်။ ကမ်းစပ်နားမှာရှိတဲ့ ရေ၀ပ်ဒေသတွေဟာ လူသားတွေကို မုန်တိုင်းလှိုင်းလုံးတွေနဲ့ ဒီရေလှိုင်းတွေရဲ့ ရန်တွေကို ကာကွယ်ပေးပြီးတော့ ရေတွေကိုလဲ သန့်စင်အောင် ကူညီပေးပါတယ်။ လောင်စာဆီ၊ ဆေးဖက်၀င်အပင်များ၊ ငါး စသဖြင့် အရင်းအမြစ်တွေအများကြီးထွက်တဲ့အတွက်ကြောင့် ဒီရေ၀ပ်ဒေသတွေကို ဖျက်ဆီးခြင်းနဲ့ အမြတ်ထုတ်ခြင်းတွေဟာ ပတ်၀န်းကျင်အပေါ် ဆိုးရွားစွာ သက်ရောက်စေတဲ့အတွက်ကြောင့် စာရေးသူတို့ ကာကွယ်စောင့်ရှောက်ဖို့ လိုအပ်ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ ထိန်းသိမ်းရေး ကြိုးပမ်းမှုများ။ ရမ်ဆားရေ၀ပ်ဒေသများသဘောတူညီချက် (The Ramsar Convention on Wetlands) ဟာ ၁၉၇၁ အီရန်နိုင်ငံမှာရှိတဲ့ ရမ်ဆားမြို့မှာ ပြုလုပ်ခဲ့တဲ့ အစိုးရချင်းချုပ်ဆိုတဲ့ စာချုပ်ဖြစ်ပြီး ၁၉၇၅ခုနှစ်မှာ အသက်၀င်လာခဲ့ပါတယ်။ ဒီစာချုပ်ဟာ ရေ၀ပ်ဒေသနဲ့ ရေ၀ပ်ဒေသကနေထွက်တဲ့ အရင်းအမြစ်တွေကို အကျိုးရှိရှိကောင်းမွန်စွာ အသုံးချဖို့နဲ့ ထိန်းသိမ်းဖို့အတွက် မူဘောင်တွေသတ်မှတ်ထားတဲ့ စာချုပ်တစ်ရပ်ဖြစ်ပါတယ်။ စာချုပ်ချုပ်ဆိုပြီးကတည်းက ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၀င် ၉၀%ကျော်လောက်ဟာ စာချုပ်၀င်ပါတီတွေအဖြစ်နဲ့ ၀င်ရောက်လာခဲ့ပါတယ်။ ဒီစာချုပ်ဟာ ရေ၀ပ်ဒေသတွေနဲ့ဆိုင်တဲ့ ကျယ်ပြန့်တဲ့ အသုံးနှုန်းတွေကို အသုံးပြုပါတယ်။ ဥပမာ - ကန်နဲ့ မြစ်များ၊ မြေအောက်ရေအောင်းလွှာ၊ ရွှံ့နွံများ၊ မြစ်၀ကျွန်းပေါ်ဒေသ စသဖြင့် စုံလင်စွာ ပါရှိပါတယ်။ စာချုပ်၀င်ပါတီတွေအနေနဲ့ လိုက်နာရမယ့် အဓိကအကြောင်းအရာတွေရှိပါတယ်။

photo content

စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုများအတွက် EIA က ဘယ်လောက်ထိအထောက်အကူပြုလဲ။ Podcast -------------------------------------------------------------------------------------- EHS Myanmar | 22.2.23 🎙ဘာကြောင့် ဒီဆွေးနွေးပွဲကိုနားထောင်သင့်သလဲ။ ကျွန်မတို့ နိုင်ငံမှာ စီးပွားရေးဖွံဖြိုးတိုးတက်မှုတွေလုပ်တဲ့အခါ သဘာဝပတ်ဝန်းကျင်အပေါ်ထိခိုက်မှုတွေအပေါ် ဘယ်လို စီမံခန့်ခွဲကြလဲ၊ ဘယ်လိုဥပဒေတွေနဲ့အကာအကွယ်ပေးထားပါသလဲ။ Economic Sustaianbility ဖြစ်အောင်လုပ်ဆောင် ဖို့အတွက် ဘယ်လိုဥပဒေ နည်းဥပဒေ နဲ့ Environmental Governance တွေရှိပါသလဲ။ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုလို့ခေါ်တဲ့ Sustainable Development ဖြစ်လာစေဖို့ Environmental Impact Assessment (EIA) က ဘယ်ကြောင့်အရေးကြီးရတာပါလဲ စတဲ့ အကြောင်းအရာတွေနဲ့ပတ်သတ်ပြီး ပိုမို သိရှိနိုင်ဖို့ ယခု Podcast မှာ ဆွေးနွေးအဖြေရှာထားပါတယ်။ ယခု Podcast ကို EIA ကိုစိတ်ဝင်စားတဲ့လူငယ်တွေ နဲ့ EIA ပညာဖြင့် အသက်မွေးဝမ်းကြောင်းပြုလုပ်ချင်တဲ့လူငယ်တွေ အတွက် အထူးရည်ရွယ်ပြီး ဆွေးနွေးတင်ဆက်ထားပါတယ်ရှင့်။ 🎙ဘယ်သူတွေဆွေးနွေးတာလဲ။ ယခု Podcast ကို EHS Myanmar ၏ Environmental Management and Planning (EMP) အတန်းတွင် သင်ကြားပေးနေတဲ့ ဆရာမ မသက်ဝေနှင်း နှင့်အတူ EHS Myanmar ၏ Founder ဆရာကောင်းထက်စွမ်း တို့ မှ ဆွေးနွေးတင်ဆက်ပေးထားပါတယ်ရှင့်။ ဆရာ နှင့် ဆရာမတို့ဟာဆိုလျှင် EIA အကြံပေးဆိုင်ရာနယ်ပယ်မှာ ပြည်တွင်းပြည်ပ အတွေ့အကြုံ ရှိကြသူများလဲဖြစ်ကြပါတယ်။ 🎙ဘယ်မှာနားထောင်လို့ရမလဲ။ EHS Myanmar website (www.ehsmyanmar.org) မှာ နားဆင်လို့ရပါတယ်။ ဒါတင်မက Spotify, Apple Podcast, Google Podcast, Anchor FM, Pocket Casts, Radio Public စသည့် Podcast Platform တော်တော်များများမှာ နားဆင်လို့ရနေပါပြီရှင်။ Website - https://www.ehsmyanmar.org/podcast-1 Spotify - https://open.spotify.com/show/7d7SwaSQgzgkJDe7UkjwMq... Anchor FM - https://anchor.fm/ehsmyanmar... Apple Podcast -https://podcasts.apple.com/.../ehs.../id1554795854... Google Podcast - https://podcasts.google.com/.../aHR0cHM6Ly9hbmNob3IuZm0vc... --------------------------------------------- Don't forget to join our Telegram Channel - https://t.me/ehsmyanmar #EHSMyanmar #EnvironmentalImpactAssessment #SustainableDevelopment #podcast

photo content

စစ်ကိုင်းတိုင်း‌ဒေသကြီး အတွင်း သစ်တောပြုန်းတီးမှု သတိပေးချက် စုစုပေါင်း ၂၂၆၀၇ခု လေ့လာတွေ့ရှိရပါ သည်။ ရေးသားသူ- ဂီတမိုင်ချီ References - 1. Research program on Forests, Trees and Agroforestry 2. Global Forest Resources Assessment FRA- 2020 3. Global Forest Watch GFW 4. Ministry of Natural Resources and Environmental Conservation- NUG --------------------------------------------------------------------------- Don't forget to follow us on Instagram - https://www.instagram.com/ehsmyanmar/ #EHSMyanmar #Environmental #Forest #DeforestationInMyanmar

Drivers of Deforestation in Myanmar - မြန်မာနိုင်ငံတွင် သစ်တောပြုန်းတီးမှုကို ဖြစ်စေသော အကြောင်းရင်းများ _____________________ EHS Myanmar | 20.2.23 ၂၀၂၀ပြည့်နှစ်၊ ကမ္ဘာ့သစ်တောသယံဇာတ လေ့လာဆန်းစစ်ချက် (FRA 2020) အရ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် သတ္တမမြောက် သစ်တောပြုန်းတီးမှု အများဆုံးနိုင်ငံဖြစ်သည်။ ၂၀၁၀ ခုနှစ်အထိ မြန်မာနိုင်ငံတွင် သဘာဝသစ်တောဧရိယာ 40.1Mha ရှိပြီး နိုင်ငံ၏ 61% ခန့်ကို ဖုံးလွှမ်းနေပါသည်။ FRA 2020 အရ သစ်တောဧရိယာ သည် 28.5Mha သာကျန်ရှိပြီး မြန်မာနိုင်ငံဧရိယာ၏ 42.19% ကိုသာ ဖုံးအုပ်ကျန်ရှိပါတော့သည်။ ၁၀စုနှစ်တစ်ခု အတွင်း သစ်တောပြုန်းတီးမှု ပမာဏသည် ထက်ဝက်နီးပါးခန့်များလာသည်မှာ မြန်မာ့သစ်တောများအတွက် စိုးရိမ် ရေမှတ်ကို ရောက်ရှိနေပြီဖြစ်ပါသည်။ • ဆိုးကျိုးများ သစ်တောများပြုန်းတီးမှုကြောင့် သဘာဝပတ်ဝန်းကျင်နှင့် လူတို့အပေါ်တွင်လည်း များစွာ အကျိုးသက်ရောက်မှုရှိပါသည်။ ပထမဦးစွာ “ဥတုရာသီ တောကိုမှီ” ဆိုသည့်အတိုင်း တောတောင်များပျက်စီး ပြုန်းတီးမှုကြောင့် ရာသီဥတုတွေဖောက်ပြန် လာသည်။ ကျွန်တော်တို့ မြန်မာနိုင်ငံသည် ရာသီဥတုဖောက်ပြန်မှုဒဏ်ကို ကမ္ဘာပေါ်တွင် ဒုတိယအဆိုးရွားဆုံးခံစားနေရသော နိုင်ငံဖြစ်ပါသည်။ သစ်တောများအလွန်ပြုန်းတီးမှုကြောင့် ဂေဟစနစ်များ၊ စိုက်ပျိုးရေး၊ အစားအသောက်ဖူလုံရေး၊ ကျန်းမာရေးတို့အပေါ်တွင် များစွာသော ဆိုးကျိုးများ ကျရောက်လာမည် ဖြစ်ပါသည်။ • သစ်တောပြုန်းတီးမှုကိုဖြစ်စေသော အကြောင်းရင်းများ မြန်မာနိုင်ငံ၏ သစ်တောပြုန်းတီးမှုများကို လေ့လာကြည့်လျှင် Direct Drivers (တိုက်ရိုက်ဖြစ်စေသော အကြောင်းရင်း) နှင့် Indirect Drivers (သွယ်ဝှိုက်၍ဖြစ်စေသော အကြောင်းရင်း) ဟု တွေ့ရှိရပါသည်။ 1️⃣ Direct Drivers တိုက်ရိုက်ဖြစ်စေသော အကြောင်းရင်းများထဲမှ အဓိကအချက်မှာ စိုက်ပျိုးမြေအတွက် သစ်တောများ ခုတ်ထွင်ရှင်းလင်းခြင်းကြောင့် ဖြစ်ပါသည်။ မြန်မာနိုင်ငံမြောက်ပိုင်းရှိ တောင်တန်းကြီးများသည် တချိန်က ထူထဲလှသော အမြဲစိမ်းတောများနှင့် ဖုံးအုပ်နေခဲ့ပါသည်။ ထိုတောကြီးသည် လူဦးရေတိုးပွားလာသည်နှင့်အမျှ စားနပ်ရိက္ခာအတွက် ကောက်ပဲသီးနှံများ စိုက်ပျိုးရန်အတွက် သစ်တောများကို ခုတ်ထွင်ရှင်းလင်းစိုက်ပျိုးရသည့် အတွက် သစ်တောပြုန်းတီးမှုများ ပို၍ဖြစ်ပွားခဲ့ရပါသည်။ ၂၀၀၂-၂၀၁၄ ခုနှစ်အတွင်းတွင် စိုက်ပျိုးမြေချဲ့ထွင်မှုကြောင့် သစ်တောဧရိယာများစွာ ပြုန်းတီးခဲ့ရသည်။ သစ်တောများပျက်စီးစေသော နောက်ထပ်အကြောင်းရင်းတစ်ချက်မှာ အလွန်အကျွံ သစ်ထုတ်လုပ်ခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် သစ်၊ ထင်း၊လောင်စာနှင့် မီးသွေးတို့ကို တရားမဝင် အလွန်အကျွံ ထုတ်ယူ သုံးစွဲနေကြသောကြောင့် သစ်တောပြုန်းတီးမှုများ လွန်စွာဖြစ်ပေါ်နေပါသည်။ ရေအားလျှပ်စစ် ထုတ်ယူခြင်းကြောင့်လည်း သစ်‌ေတာပြုန်းတီးမှုကို ဖြစ်စေနိုင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ရေအားလျှပ်စစ်စွမ်းအင် ထုတ်ယူနိုင်ရန်အတွက် ဆည်များတည်ဆောက်ရန် လိုအပ်သည်။ ထိုဆည်များတည်ဆောက်ခြင်းသည် သစ်တောကြိုးဝိုင်းနှင့် ကြိုးပြင် ကာကွယ်တောများရှိရာ ကချင်၊ ရှမ်းနှင့် ကရင်ပြည်နယ်တို့တွင် တည်ရှိသောကြောင့် သစ်တောပြုန်းတီးမှုကို များစွာဖြစ်ပေါ်စေနိုင်ပါသည်။ 2️⃣ Indirect Drivers သတ္ထုတူးဖော်ခြင်းသည်လည်း သစ်‌ေတာများပြုန်းတီးစေသော အကြောင်းရင်းများထဲမှ တစ်ချက်ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် ကျောက်စိမ်း၊ နီလာ၊ ကြေးနီ၊ အဖြိုက်နက်နှင့် ရွှေစသဖြင့် ဘူမိသယံဇာတများ ပေါကြွယ်ဝရာ သတ္ထုတူးဖော်ရေးလုပ်ငန်းသည် နိုင်ငံ၏အရေးပါဆုံး စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်ပါသည်။ သို့သော် သတ္ထုတူးဖော်ခြင်းသည် သစ်တောပြုန်းတီးမှု၏ တိုက်ရိုက်မကျသော အကြောင်းရင်း ( Indirect driver) တစ်ခုဖြစ်ပါသည်။ တိုက်ရိုက်မဟုတ်သော်လည်း သွယ်ဝိုက်၍ သစ်တောပြုန်းတီးပျက်စီးမှုကို ဖြစ်စေသော အခြားအကြောင်းရင်းများလည်း ရှိပါသေးသည်။ တရားဥပဒေ စိုးမိုးမှုမရှိခြင်း၊ မိရိုးဖလာမြေများကို လုံလောက်စွာ ကာကွယ်ပေးထားခြင်း မရှိသဖြင့် မြေသိမ်းဆည်းမှုများ၊ မျှတပြီး ပွင့်လင်းမြင်သာမှုရှိသော မြေအငြင်းပွားမှု ဖြေရှင်းသည့် လုပ်ငန်းစနစ်နှင့် အဖွဲ့များမရှိခြင်း၊ ဆင်းရဲနွမ်းပါးမှုနှင့် အစားထိုးအသက်မွေးမှုလုပ်ငန်း နည်းပါးခြင်း၊ တိုးပွားလာသော လူလတ်တန်းစား၏ လိုအပ်ချက်များ တိုးပွားလာခြင်း စသည်တို့သည် သွယ်ဝိုက်သောအားဖြင့် သစ်တောပြုန်းတီးမှုကို အရှိန်အဟုန်ဖြင့် တွန်းအားပေးနေပါသည်။ နိဂုံးချုပ်အနေဖြင့် မြန်မာနိုင်ငံသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ပတ်ဝန်းကျင်ထိန်းသိမ်းရေး တို့ကိုပါ ပူးတွဲ စဉ်းစားရမည့် အခြေအနေသို့ ရောက်ရှိနေပါပြီ။ သို့သော် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်နေသော မတည်ငြိမ်မှုများကြောင့် လုပ်ဆောင်ချက်များကို အကောင်အထည်ဖော်ရန် မလွယ်ကူသေးပါ။ သစ်တောပြုန်းတီးမှု များသည်လည်း တိုး၍သာဖြစ်ပွားနေပါသည်။ ကမ္ဘာ့သစ်တောစောင့်ကြည့်ရေး ပလက်ဖောင်း (Global Forest Watch GFW) အရ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁ရက်နေ့ မှ ၂၀၂၂ခုနှစ် အောက်တိုဘာ ၁၃ရက်နေ့ အတွင်း

World Whale Day, February 19 ============================================================= World Whale Day honors these aquat
World Whale Day, February 19 ============================================================= World Whale Day honors these aquatic giants in an effort to spread awareness of their magnificence, majesty, and ecological importance to the earth. World Whale Day greetings! #EHSMyanmar #internationaldays #whale

World Pangolin Day, February 18 ============================================================= The third Saturday in February,
World Pangolin Day, February 18 ============================================================= The third Saturday in February, which falls on February 18 this year, is designated as World Pangolin Day. The day aims to honor pangolins, increase awareness of them, and recommit international nongovernmental organizations to the battle against pangolin poaching in Africa and Asia. #EHSMyanmar #internationaldays #pangolin

photo content